အခန်း (၁၆၅၁-၁၆၅၆)
Vol. 104 Ch. 1651-1656
အခန်း ၁၆၅၁ မင်း ငါ့ကို ဘာပြောချင်တာရှိလို့လဲ?
လင်ရှောင်းထင်၏အိမ်သို့ရောက်သောအခါ ၁၀ နာရီ ထိုးနေပြီဖြစ်သောကြောင့် ကုနင်းသည် ကျင်းယွင်ယောင်အတွက် အခန်းတစ်ခုစီစဉ်ပေးလိုက်သည်။
အချိန်အတော်ကြာအောင် အခန်းကို သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး ကျင်းယွင်ယောင်သည် မြို့တော်တွင် အချိန်အကြာကြီးနေရန် စိတ်ကူးထားသောကြောင့် သူမအတွက် လိုအပ်သမျှ အရာအားလုံးကို ဖြည့်ဆည်းပေးရမည်။
ကုနင်းသည် ကျင်းယွင်ယောင်ကို စောစောအိပ်ရန်ပြောပြီး သူမလည်း အိပ်ရန် မာစတာခန်းကို သွားလိုက်သည်။ ကျင်းယွင်ယောင် တစ်ခုခုလိုအပ်ပါက ကျင်းယွင်ယောင် ပြောတာမှန်သမျှကို သူမ ကြားနိုင်သည်။
ကုနင်းသည် သူမနေထိုင်သည့်နေရာတွင်လည်း တစ်ယောက်တည်းသာနေသောကြောင့် လက်ရှိတွင် သူမသည် လင်ရှောင်းထင်၏အိမ်တွင်သာ နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။
သူမသည် ကျင်းယွင်ယောင်ကို ကောင်းကောင်း ဂရုစိုက်ချင်ပြီး ယခုအချိန်တွင် သူမမှာ ကိုင်တွယ်ဖြေရှင်းရန် အရေးကြီးသောအရာ မရှိသေးပေ။ သူမသည် ကုမ္ပဏီကိုသွားသည်ဖြစ်စေ မသွားသည်ဖြစ်စေ အရေးမကြီးပေ။ သို့သော် ကျင်းယွင်ယောင်အတွက်တော့ မြို့တော်သည် ထူးဆန်းသောနေရာတစ်ခုပင်ဖြစ်သည်။
ကျင်းယွင်ယောင်သည် ထိုတစ်ညလုံး အိပ်မပျော်နိုင်ခဲ့ပေ။ ယနေ့သူမ၏ခင်ပွန်းနှင့်သားတို့အကြောင်း သိလာရသည်များကို လက်ခံနိုင်ရန် အချိန်ပိုလိုအပ်သည်။
ည ၁၁ နာရီမှာ လင်ရှောင်းထင်သည် ကုနင်းကို ဖုန်းဆက်ပြီး ခဏလောက် စကားစမြည်ပြောကြပေမယ့် ကုနင်းကတော့ ကျင်းယွင်ယောင်အကြောင်း ဘာမှ မပြောခဲ့ပေ။ ကျင်းယွင်ယောင်ကို မပြောဖို့ ကတိပေးတဲ့အတွက် ကတိတည်ရမည်ဖြစ်သည်။
ထိုအချိန်တွင် ကျင်းယွင်ယောင်သည် သူမ၏ မှတ်စုစာအုပ်ကို ဆက်လက်ဖတ်ရှုပြီး အယ်လ်ဘမ်ကို လှန်ကြည့်လိုက်သည်။
ကုနင်းသည်လည်း သူမ၏ စိုးရိမ်ကြောင့် ကျမှုတွေကြောင့် အိပ်မပျော်နိုင်ပေ။ ကျင်းယွင်ယောင်ကိုရှာတွေ့တာ ကောင်းပေမယ့် နောက်ပိုင်းအတွက် စဉ်းစားဖို့ လိုအပ်တာတွေ အများကြီးရှိပါသေးသည်။
ကျင်းယွင်ယောင်ကို ရှာတွေ့ပြီဖြစ်၍ သူတို့၏ လက်စားချေမည့် အစီအစဉ်ကို နီးကပ်လာပြီဖြစ်သည်။
သူမသည် သူတို့နှင့်အတူ ကျင့်ကြံရေးလောကထဲသို့ ဝင်ရောက်ကာ လက်စားချေရန် ကူညီချင်သည်။ သို့သော် ကျင့်ကြံရေးလောကသို့ မဝင်ရောက်မီတွင် သူမကိုယ်သူမ သန့်စင်ပြီး အသွင်ပြောင်းကာ သူမ၏ဘ၀ကိုရင်း၍ ကျင့်ကြံသူဖြစ်လာရန် လိုအပ်သည်။ မအောင်မြင်ရင် သေသွားနိုင်သည်။
သူမသည် လူပြန်ဝင်စားရန်ပင် မလွယ်ကူခဲ့ပေ။ သူမသည် သူမ၏ မိသားစုကို ဂရုစိုက်ပြီး အရမ်းချစ်သည်။
…
ကုနင်းသည် အရမ်း နောက်ကျမှ အိပ်ပျော်သွား၍ နောက်နေ့ သူမနိုးသောအချိန်တွင် မနက် ၇ နာရီ ထိုးနေပြီဖြစ်သည်။ ထို့ကြောင့် ကျင်းယွင်ယောင်အတွက် မနက်စာ ပြင်ဆင်ရန် သွားလိုက်သည်။
ကျင်းယွင်ယောင်သည် မိုးသောက်ချိန်အထိ မအိပ်ရသေးသောကြောင့် ထိုအချိန်တွင် သူမသည် အိပ်ရာထဲတွင် ရှိသေးသော်လည်း သူမသည် အိပ်ရေးဆတ်သောကြောင့် ကုနင်း နိုးလာတဲ့ အသံကို ကြားလိုက်ရသည်။ ကုနင်း မီးဖိုချောင်မှာ အလုပ်ရှုပ်နေတာကို သူမမြင်တာနဲ့ ချက်ချင်းပဲ ကုနင်းထံလျှောက်သွားလိုက်သည်။
"မနက်စာပြင်ဆင်နေတာလား?" ကျင်းယွင်ယောင်က မေးလိုက်သည်။
“ဟုတ်တယ်” ကုနင်း လှည့်ကြည့်လိုက်တော့ ကျင်းယွင်ယောင်၏ မျက်လုံးများ နီရဲနေသည်ကို တွေ့လိုက်ရသည်။
“အမေ၊ မနေ့ညက ကောင်းကောင်းအိပ်မပျော်ဘူးထင်တယ်။ ဘာလို့ ဆက်မအိပ်တာလဲ ဆက်အိပ်ပါအုံးလား?"
"ငါ လုံးဝအိပ်မပျော်ဘူး အဲ့တာကြောင့် ထလာတာပါ" ကျင်းယွင်ယောင်က ပြောလိုက်သည်။ သူမကြည့်ရတာ စိတ်မကောင်းဖြစ်နေပုံပေါက်သည်။
ကုနင်းသည် သူမကို နားလည်သည်။
"ထိုင်နေပါ။ မနက်စာက မကြာခင် အဆင်သင့်ဖြစ်တော့မယ်”
ထွေထွေထူးထူးတော့ မဟုတ်ပဲ ကုနင်းသည် ကြက်ဥပြုတ်၊ မုန့်ပေါင်းနှင့် နို့နှစ်ခွက်ကို ချပေးလိုက်ရုံပင်။
"ငါကူပေးပါမယ်!" ကျင်းယွင်ယောင်က ပန်းကန်ပြားတွေ ယူဖို့ သွားလိုက်သည်။ ဒီတိုင်းထိုင်နေပြီး ဘာမှမလုပ်ပဲနေလျှင် နေရခက်သည်။ ဒီအိမ်သည် သူ့သားနှင့် သက်ဆိုင်တာတောင် သူတို့ သည် အချင်းချင်း မဆုံဖူးသေးသလို ကုနင်းကလည်း သူမနှင့် သိပ်မရင်းနှီးပေ။
ကုနင်းမှာလည်း အလားတူ ခံစားချက်မျိုး ရှိသည်။ လင်ရှောင်းထင်သည် ကျင်းယွင်ယောင်၏သားဖြစ်ပြီး သူတို့သည် သိပ်မရင်းနှီးသော်လည်း ကျင်းယွင်ယောင်သည် သူတို့၏မိသားစုဝင်ဖြစ်သောကြောင့် သူမသည် ကျင်းယွင်ယောင်ကို အိမ်အလုပ်လုပ်ရန် ခွင့်မပြုနိုင်ပေ။
ထို့ကြောင့် ကုနင်းကပြောလိုက်သည်။
"ရပါတယ် အဲ့မှာပဲ ထိုင်နေပါ။ ကျွန်မလုပ်လိုက်ပါမယ်။"
ကုနင်းက ဒီလိုပြော၍ ကျင်းယွင်ယောင် က အတင်းအကြပ်မလုပ်တော့ပေ။
သိပ်မကြာခင်မှာပဲ မနက်စာ အဆင်သင့်ဖြစ်နပေါပြီ။
ကျင်းယွင်ယောင်သည် အစာစားချင်စိတ်သိပ်မရှိသော်လည်း ကုနင်း စိတ်ဆိုးမည်ဆိုး၍ သူမကိုယ်သူမ တွန်းအားပေးကာ စားလိုက်သည်။ ထို့အပြင် သူမသည် ကုနင်း၏ စိတ်ခံစားချက် သို့မဟုတ် အစာစားချင်စိတ်ကို မထိခိုက်စေလိုပါ။
မနက်စာစားနေစဉ် ကုနင်းသည် ကျင်းယွင်ယောင်ကို လှမ်းကြည့်ပေမဲ့ ဘာမှမပြောပေ။
ကျင်းယွင်ယောင်သည် သူမ၏ ပုံမှန်မဟုတ်သော အပြုအမူကို သတိပြုမိပြီး "အမေ့ကို ဘာပြောချင်တာရှိလို့လဲ?"
"အင်း နည်းနည်းတော့ စော်ကားမိမှာ ဆိုးတယ်။" ဟု ကုနင်းက ပြောသည်။
"အဆင်ပြပေါတယ် ကိစ္စမရှိပါဘူး။"
"ဒါဆို အမေ့မျက်နှာက အမာရွတ်ကို ဘာလို့ထားတာလဲ? ဖယ်ရခက်လို့လား?" ကုနင်းက မေးလိုက်သည်။
ထိုစကားကိုကြားတော့ ကျင်းယွင်ယောင်သည် တစ်စက္ကန့်မျှ တွေဝေသွားသည်။ တကယ်တော့ သူမ၏မျက်နှာပေါ်က အမာရွတ်လိုပဲ သူမ၏ နှလုံးသားထဲက အမာရွတ်ကလည်း အလွန်နက်နဲသည်။ ကံကောင်းထောက်မစွာဖြင့် ဒါကသူမပြောချင်သည့်အရာမဟုတ်ပေ။
"အင်း ငါဒါကိုမဖယ်ရှားချင်ဘူး။ ဘာလို့လဲဆိုတော့ ဒါကိုမြင်ရင် ငါကြုံတွေ့ခဲ့ရတဲ့အရာတွေကိုသတိရနိုင်လို့ပဲ" ဟု ကျင်းယွင်ယောင်ကဆိုသည်။ "ငါ့လက်စားချေမှုပြီးရင်တော့ ငါဖယ်လိုက်မယ်။"
အမာရွတ်က လုံးဝ မလှပသလို၊ သူ့သားကို ရုပ်ဆိုးတဲ့ မျက်နှာနဲ့ မတွေ့ချင်ပေ။ ထို့အပြင် လင်ရှောင်းထင်၏ ရုပ်ပျက်ဆင်းပျက်မိခင်နှင့် ပတ်သက်၍ အခြားလူများအား ကောလာဟလများ မဖြန့်စေလိုပါ။
"အမေအောင်မြင်အောင် ဖယ်နိုင်လောက်လား?" ကုနင်းက မေးသည်။
“အင်း ငါ့မှာ ယုံကြည်ချက်တော့ သိပ်မရှိဘူး၊ ဒါပေမယ့် တတ်နိုင်သမျှ ပျောက်အောင် အစွမ်းကုန် လုပ်မှာပါ။ တကယ်တော့ ကံကောင်းစွာနဲ့ပဲ မျက်နှာပေါ်မှာ အမာရွတ်တစ်ခုပဲကျန်ခဲ့တာ။ အစက ငါ့မျက်နှာတစ်ခုလုံး လုံးဝပျက်စီးသွားခဲ့တာလေ။” ဟု ကျင်းယွင်ယောင် က ပြောသည်။
သူမ၏ အကိုဝမ်းကွဲက ထိုအချိန်က သူမ၏ မျက်နှာပြန်လည်ကောင်းမွန်လာစေရန်အတွက် မှော်ဆေးပြားသုံးကာ ကူညီပေးခဲ့သည်။
***
အခန်း ၁၆၅၂ ကျင့်ကြံသူကို ကုသခြင်း
သို့သော် ပြန်လည်ထူထောင်ရေးမှော်ဆေးပြားသည် အရည်အသွေးမမီဘဲ ၎င်း၏အာနိသင်ကို ကန့်သတ်ထားသောကြောင့် သူမ၏မျက်နှာသည် အပြည့်အဝပြန်လည်ကောင်းမွန်လာခြင်းမရှိပေ။ အကယ်၍ သူမတွင် အရည်အသွေးမြင့် မှော်ဆေးပြားတစ်ပြားလောက်သာရှိလျှင် သူမမျက်နှာတွင် အမာရွတ်များ ကျန်ရှိတော့မည် မဟုတ်ပေ။
တကယ်တော့ သူမသည် သူမ၏မျက်နှာ ပြန်လည်ကောင်းမွန်လာမှုနဲ့ ပတ်သက်ပြီး ကျနေပ်ပြီး ၎င်းနှင့်ပတ်သတ်၍ အထွန့်တက်စရာတစ်စုံတစ်ရာ မရှိပါ။ ယခုအချိန်တွင် အဂ္ဂိရတ်ပညာရှင်ကို ရှာတွေ့ရန် ရှားပါးပြီး ကျင့်ကြံရေးလောကတွင် အဂ္ဂိရတ်ဆရာသည် သုံးဦးထက်နည်းသောကြောင့် မှော်ဆေးပြားများကို ရှာရခက်ပါသည်။
ကုနင်းသည် ငရဲတံခါးတွင် သူမမြင်လိုက်ရသောပုံများအရ ကျင်းယွင်ယောင်သည် မြေပြင်ပေါ်သို့ သူမ၏ မျက်နှာနှင့် လဲကျသွားသည်ကို ရုတ်တရက် သတိရသွားမိသည်။
မည်သို့ပင်ဖြစ်စေ ကျင်းယွင်ယောင်၏မျက်နှာသည် ပြန်လည်ကောင်းမွန်လာပြီး ဤသို့ အမာရွတ်တစ်ခုသာကျန်အောင်ပင် လွယ်ကူသည်မဟုတ်ပေ။ ကုနင်း သည် ကျင့်ကြံရေးလောကတွင် ထိရောက်သော မှော်ဆေးပြား အမျိုးမျိုးရှိကြောင်းကိုလည်း သိရှိထားသည်။
“အမာရွတ်ကို အပြီးတိုင် ဖျောက်ချင်တဲ့ အခါကျရင် ကျွန်မကို ပြောလို့ပါတယ်။ ကျွန်မမှာ ဆေးရှိတယ်။ ဒါပေမယ့် ကျင့်ကြံသူကို တစ်ခါမှ မကုသဖူးလို့ ကူညီပေးနိုင်ပါ့မလားတော့မသိဘူး။" လို့ ကုနင်း က ပြောသည်။
ကုနင်းသည် ကျင်းယွင်ယောင်၏မျက်နှာပေါ်က အမာရွတ်ကို ကူညီဖယ်ရှားပေးရန် အမာရွတ်အကြောင်း အသေးစိတ်မေးခဲ့ပါသော်လည်း ကျင်းယွင်ယောင်သည် အခုချက်ချင်းဖယ်ရှားဖို့ ရည်ရွယ်ချက်မရှိသေးတာကြောင့် ကုနင်းသည် ဘာမှ မပြောတော့ပေ။
"ဘာ? မင်းမှာ အမာရွတ်ကို ဖယ်နိုင်တဲ့ ဆေးရှိလား?" ကျင်းယွင်ယောင် အံ့သြသွားသည်။
သာမာန်ဆေးဝါးများသည် အထောက်အကူမဖြစ်ဘဲ မှော်ဆေးပြားများသာ လုပ်ဆောင်နိုင်သည့်အပြင် ၎င်းတို့ကိုလည်း ရှာဖွေရခက်သည်။
“ဟုတ်တယ်။ အဲဒါက မှော်စွမ်းအားရှိတဲ့ စွမ်းအင်သလင်းကျောက်တစ်ခုပါ။ ကောင်းမွန်တဲ့ အာနိသင်တွေရှိပြီးတော့ ရောဂါတွေကို ကုသပေးနိုင်ပါတယ်” ဟု ကုနင်း ကပြောလိုက်သည်။ သူမတွင် စွမ်းအင်သလင်းကျောက်အကြောင်းကို လျှို့ဝှက်မထားသော်လည်း ၎င်း၏အရင်းအမြစ်ကိုတော့ သူမပြောပြပေ။
“အင်း အခြေအနေတိုင်းကို ကုနိုင်တာတော့ မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ကိုယ်တွင်းအင်္ဂါတွေ အကုန်ပျက်စီးသွားရင် ဒါမှမဟုတ် သေစေနိုင်လောက်တဲ့ ရောဂါဖြစ်ရင်တော့ မကနိုင်ဘူး” အပြင်းအထန် ဒဏ်ရာရသူတွေအဖို့ ကုနင်း၏ မှော်အစွမ်းကို သူတို့၏ ခန္ဓာကိုယ်ထဲကို တိုက်ရိုက်ထည့်ထားရန် လိုအပ်ပေသည်။ "ကျွန်မက သာမာန်လူတွေကိုပဲ ကုဖူးတာ အဲ့တာကြောင့် ကျင့်ကြံသူတွေအတွက် အထောက်အကူဖြစ်ပါ့မလားတော့ မသိဘူး။"
"ငါကြည့်လို့ရမလား?" ကျင်းယွင်ယောင်က မေးသည်။ စွမ်းအင်သလင်းကျောက်အကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ တော်တော် မယုံနိုင်စရာပင်။
"ဟုတ်ကဲ့ ခဏလေးပါ" ကုနင်း သည် ကျင်းယွင်ယောင်အတွက် ပါဝါကျောက်ခဲယူရန် သူ့အခန်းသို့ ပြန်သွားရမည်ဖြစ်၍ မတ်တပ်ထရပ်လိုက်သည်။ ၎င်းတို့ကို သူမ၏ စိတ်စွမ်းအင်အာကာပြင်ထဲတွင် သိမ်းဆည်းထားသော်လည်း ကျင်းယွင်ယောင်၏ရှေ့တွင် ထိုအရာကို သူမ မထုတ်ပြနိုင်ပေ။
"မနက်စာ အရင်စားရအောင်!" သူတို့ မနက်စာမစားရသေးတာကို ကျင်းယွင်ယောင် သဘောပေါက်သွားသည်။
“ရပါတယ် ကျွန်မ ဗိုက်ပြည့်နေပြီ။”
ထို့နောက် သူမသည် အပေါ်ထပ်သို့ တက်လာခဲ့သည်။ သူမအခန်းထဲမှာ ကုနင်းသည် စွမ်းအင်သလင်းကျောက်များထည့်ထားသည့် ကြွေပုလင်းကို ထုတ်ယူပြီးနောက် အောက်ထပ်ကိုဆင်းပြီး ထမင်းစားခန်းဆီ ပြန်သွားလိုက်သည်။
သူမသည် ကျင်းယွင်ယောင်ထံသို့ လျှောက်သွားပြီး ကြွေပုလင်းကို သူမထံ ပေးလိုက်သည်။ ပုလင်းထဲတွင် ပါဝါကျောက်ခဲ ၁၀ လုံးခန့်ပါရှိသည်။ ကျင်းယွင်ယောင် ကြွေပုလင်းကိုဖွင့်လိုက်သည်နှင့် သူမသည် သန့်စင်သောမှော်အစွမ်းကို အနံ့ရလိုက်တဲ့အတွက် သူမ၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာသည်။
"ဝိုး အရမ်းကောင်းတယ်! ငါ့မျက်နှာပေါ်က အမာရွတ်တွေကို ဖယ်ရှားဖို့ ဘယ်လောက် အထောက်အကူဖြစ်တယ်ဆိုတာတော့ မသိပေမယ့် အဲဒါက အမာရွတ်အပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှုရှိမယ်လို့တော့ ထင်တယ်။” ထိုသို့ပြောရင်း ကျင်းယွင်ယောင်သည် လေးနက်သောအမူအရာဖြင့် ကြွေပုလင်းကိုပိတ်လိုက်သည်။ "ဒါကို မင်း သေချာဂရုစိုက်ရမယ်၊ တခြား ကျင့်ကြံသူတွေ မသိစနေဲ့ မဟုတ်ရင် မင်း ဒုက္ခရောက်လိမ့်မယ်"
"ဟုတ်ကဲ့ နားလည်ပါတယ်"
ထို့နောက် ကျင်းယွင်ယောင်သည် ကြွေပုလင်းကို ကုနင်းထံ ပြန်ပေးသည်။ စွမ်းအင်သလင်းကျောက်များသည် အလွန်ကောင်းမွန်ပြီး အဖိုးတန်သော်လည်း ၎င်းတို့ကို သူမ ယူဆောင်မည်မဟုတ်ပါ။
သို့သော် ကုနင်းသည် ၎င်းတို့ကို ပြန်ယူရန် ရည်ရွယ်ချက်မရှိပေ။ "အမေ စိတ်မရှိဘူးဆိုရင် ယူသွားလို့ရပါတယ်။ စွမ်းအင်သလင်းကျောက် ၁၀ လုံးက အရမ်းအထောက်အကူဖြစ်မှာတော့ မဟုတ်ပေမယ့်လည်း သူတို့က အမေ့ရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေကိုတော့ တိုးတက်စနေိုင်ပါတယ်။ ကျွန်မမှာ ကျောက်တွေ အများကြီးရှိလို့ စိတ်ပူစရာ မလိုပါဘူး။”
"ဘာကြီး? မင်းမှာ စွမ်းအင်သလင်းကျောက်တွေ အများကြီးရှိတာလား?" ကျင်းယွင်ယောင် အံ့သြသွားသည်။
"ဟုတ်တယ် ဒါပေမယ့် ကျွန်မသူတို့ကို ဘယ်လိုရခဲ့တာလဲဆိုတာကိုတော့ မပြောနိုင်မှာစိုးရတယ် " လို့ ကုနင်းက ပြောသည်။
ကုနင်းသည် သူမကို မပြောပြချင်သောကြောင့် ကျင်းယွင်ယောင်သည် ထိုအကြောင်းကို မမေးတော့ပေ။
"ရပါတယ် ကျေးဇူးပဲနော်!" ကျင်းယွင်ယောင် ကုနင်းကို ပြုံးပြလိုက်သည်။
“အမေ ကိုယ့်ကိုကိုယ် အရမ်းဖိအားပေးစရာ မလိုဘူး။ ဖြည်းဖြည်းလုပ်ပါ။ တစ်ချိန်ချိန်တော့ အမေ့ရဲ့ မှတ်ဉာဏ်တွေကို ပြန်ရပါလိမ့်မယ်။ ကျွန်မတို့ ဒီနေ့အတူတူ အပြင်ထွက်လည်ကြမလား?”
"မနေ့က မတော်တဆ မင်းအကြောင်း သတင်းတွေ အများကြီးဖတ်လိုက်ရတယ်။ အဲ့တာကြောင့် မင်းက အလုပ်များတဲ့ စီးပွားရေးသမားတစ်ယောက်ဆိုတာ သိပါတယ်။ တခြားအရေးကြီးတာတစ်ခုခုရှိရင် ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်လို့ရတယ်နော်။ ငါ ငါ့ကိုယ်ငါ ကောင်းကောင်း ဂရုစိုက်နိုင်ပါတယ်” ဟု ကျင်းယွင်ယောင်က ပြောသည်။ "စကားမစပ် မင်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်ကြီးကျယ်တဲ့ အောင်မြင်မှုတွေ အများကြီး လုပ်နိုင်ခဲ့တာ မယုံနိုင်စရာပဲ။"
"ဟဟ ကျွန်မ ကိုင်တွယ်ဖို့ အရေးကြီးတာ ဘာမှမရှိပါဘူး။ ကျွန်မကုမ္ပဏီတွေကို လည်ပတ်ဖို့အတွက် ကူညီပေးဖို့ ပရော်ဖက်ရှင်နယ် မန်နေဂျာတွေကို ခန့်ထားတယ်။" ဟု ကုနင်းမှ ပြောသည်။ သူမ ဒီနေ့ အလုပ်များနေလျှင် ကျင်းယွင်ယောင်နဲ့ အဖော်ပြုပေးမည် မဟုတ်ပေ။
“အင်း…” ကျင်းယွင်ယောင် အနည်းငယ် စိုးရိမ်နေသေးသည်။
"အမေ ကျွန်မတကယ်ရပါတယ်" ကုနင်းက ကျင်းယွင်ယောင်ကို နှစ်သိမ့်ပေးသည်။
ကုနင်း ပြောလိုက်တော့ ကျင်းယွင်ယောင်သည် စိတ်လျှော့လိုက်သည်။
မနက် ၉နာရီတွင် သူတို့နှစ်ယောက်သည် အတူတူထွက်သွားကြသည်။
***
အခန်း ၁၆၅၃ အစပ်ဟော့ပေါ့
ကုနင်းသည် ကျင်းယွင်ယောင်အား ပတ်၀န်းကျင်အနှံ့ လမ်းညွှန်ခဲ့ပေမယ့် ကျင်းယွင်ယောင်က အခုအချိန်မှာ အရာအားလုံး ကွဲပြားသွားသလို ခံစားရသည်။
မြို့တော်သည် လွန်ခဲ့သည့် ၁၅ နှစ်အတွင်း သိသိသာသာ ပြောင်းလဲမှုများ ပြုလုပ်ထားသောကြောင့် ကျင်းယွင်ယောင်သည် အရာအားလုံး စိမ်းသက်နေပြီး ထူးဆန်းနေသလို ခံစားမိတာကိုနားလည်နိုင်သည်။ ထို့အပြင် ကျင်းယွင်ယောင် သည် မြို့တော်တွင် လွန်ခဲ့သော ၁၂နှစ်ကျော်က နေထိုင်ခဲ့သော်လည်း သူမသည် တပ်ထဲတွင်သာ လင်ယွင်ဟန်နှင့် အချိန်အများစုကို ကုန်ဆုံးခဲ့ရသောကြောင့် မြို့တော်နှင့် သိပ်မရင်းနှီးခဲ့ပေ။
နေ့လည် ၁၂ နာရီထိုးခါနီးတွင် ကုနင်းနှင့် ကျင်းယွင်ယောင်တို့သည် စီးပွားရေးဇုန်သို့ သွားကြသည်။ နေ့လည်စာစားချိန်ရောက်ပြီမို့ ကုနင်း သည် ထမင်းစားပြီးလျှင် ဈေးဝယ်ထွက်ဖို့စီစဉ်ထားသည်။ ကုဖန်း စတိုးဆိုင်ကိုလည်း သူတို့ကြည့်လို့ရမည်။
ကုဖန်း စတိုးဆိုင်ကို သဘက်ခါတွင် ဖွင့်မှာ ဖြစ်ပြီး အင်တာနက်တွင် အာရုံစိုက်မှု အများအပြားလည်း ရရှိနပေြီဖြစ်သည်။
ကုဖန်းကို စတင်တည်ထောင်လိုက်သည်နှင့် သူသည် ဆိုရှယ်မီဒီယာတွင် အကျော်ကြားဆုံးအကြောင်းအရာများထဲမှ တစ်ခုဖြစ်သောကြောင့် ဆိုင်ဖွင့်ပြီးနောက်တွင် လူအများအပြားသည် ၎င်း၏စတိုးဆိုင်တွင် ဈေးဝယ်ရန် စိတ်ကူးထားကြသည်။ ထို့ကြောင့် ကုဖန်းတွင်အလားအလာရှိသော ဖောက်သည်အုပ်စုတစ်စုရှိနပေြီဖြစ်သည်။
အချို့အင်တာနက်အသုံးပြုသူများသည် ကုဖန်း၏တရားဝင်ဝဘ်ဆိုဒ်တွင် စျေးဝယ်ကြပြီး ၎င်းတို့အားလုံးသည် ကုဖန်း၏ဆန်းသစ်သောဒီဇိုင်းများနှင့် အရည်အသွေးကောင်းမွန်မှုကြောင့် သဘောကျကြသည်။
ယခုခေတ်တွင် အွန်လိုင်းစျေးဝယ်ခြင်းသည် အလွန်အဆင်ပြေသော်လည်း သုံးစွဲသူများစွာသည် စတိုးဆိုင်များတွင် အဝတ်အစားများကို ကိုယ်တိုင်စမ်း၀တ်ကြည့်ရန် နှစ်သက်ဆဲဖြစ်ကြသည်။
ကုနင်းသည် ကျင်းယွင်ယောင်အတွက် ၀တ်စုံကိုရွေးချယ်ရန်အတွက် ကုဖန်းသို့ သွားရောက်လည်ပတ်ချင်သည်။ ကျင်းယွင်ယောင် သည် သူမနှင့်အတူ အဝတ်အစားများ ယူဆောင်လာခဲ့သော်လည်း အမျိုးသမီးများအတွက် အဝတ်အစားများသည် လုံလောက်သည်ဟုမရှိပါ။
…
အဲဒါတွေမလုပ်ခင် အတူတူထမင်းစားရမည်။ ကျင်းယွင်ယောင်သည် အခုမှ စိတ်အခြေအနေပိုကောင်းလာသောကြောင့် အစားအသောက်စားချင်စိတ်ဖြစ်လာသည်။
ကုနင်းနှင့် ကျင်းယွင်ယောင်တို့နှစ်ယောက်လုံးသည် ဇီဇာကြောင်သူများမဟုတ်သောကြောင့် ကုနင်းက ဆုံးဖြတ်ခဲ့သည်။ ကံကောင်းစွာဖြင့် သူတို့သည် စီးပွားရေးဇုန်ရောက်နေသောကြောင့် ရွေးချယ်စရာတွေ အများကြီးရှိသည်။
နောက်ဆုံးမှာတော့ ကျင်းယွင်ယောင်သည် အစပ်ဟော့ပေါ့ကို စိတ်ဝင်စားတာကြောင့် ၎င်းကို စားရန် ဆုံးဖြတ်လိုက်ကြသည်။
ကျင်းယွင်ယောင်၏မျက်နှာပေါ်ရှိ အမာရွတ်ကြောင့် ကုနင်းသည် သူတို့အတွက် သီးသန့်အခန်းကို ကြိုတင်မှာယူလိုက်သည်။ ကျင်းယွင်ယောင်သည်လည်း သူမ၏ အမာရွတ်အကြောင်းကို လူအများဆွေးနွေးနေသည်ကို မကြားချင်သောကြောင့် သူမ၏မျက်နှာအစစ်ကို လူသိရှင်ကြား ပြသရန် ဆန္ဒမရှိပေ။
ကျင်းယွင်ယောင်သည် မနက်တုန်းက မနက်စာ သိပ်မစားလိုက်ပေမယ့် အစပ်ဟော့ပေါ့ကို အရမ်းကြိုက်သည်။
ကုနင်းသည် ကျင်းယွင်ယောင်၏ ကောင်းသော စိတ်အခြေအနေကို သတိပြုမိပြီး သူမအတွက် ပျော်ရွှင်နေသည်။
စားပြီးသောအခါ ကျင်းယွင်ယောင်သည် အမြန်ဘေလ်ပေးချေလိုက်သည်။ မနေ့က ကုနင်းသည် သူ့ထက်အရင် ပေးချေလိုက်တာကြောင့်ပင်။
ကျင်းယွင်ယောင်သည် ထိုအရာကို အခိုင်အမာပြောလာသောကြောင့် ကုနင်းသည် သူမနှင့် ပြိုင်မပြောတော့ပေ။
"အမေ အခု ဈေးဝယ်ထွက်ရအောင်" လို့ ကုနင်းက ပြောသည်။
“ဟုတ်ပြီ!” ကျင်းယွင်ယောင် သဘောတူပြီးနောက် ကုဖန်း စတိုးဆိုင်ဆီသို့ လျှောက်သွားကြသည်။
သို့သော် အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ကုနင်းနှင့် ကျင်းယွင်ယောင် နှစ်ယောက်စလုံးသည် ရုတ်တရက် ရပ်သွားကာ တစ်စုံတစ်ခုကို သိသွားဟန်နှင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
“ကျင့်ကြံသူတွေရှိတယ်။ တခြားလမ်းသွားရအောင်။” လို့ ကုနင်းက ပြောသည်။
ကျင်းယွင်ယောင်လည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် အခြားလမ်းတစ်ခုသို့ လျှောက်သွားကြသည်။
နှစ်ယောက်စလုံးသည် သူတို့၏ရှေ့တွင် ကျင့်ကြံသူတွေကို ခံစားမိပေမယ့် ထိုသူတို့၏ အဆင့်များကို မသိကြပေ။
Gu Ninသည် ထွက်လာပြီးချက်ချင်းပင် သူမ၏ ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုပြီးကြည့်လိုက်သောအခါ ပိုင်လီကျုံးယန်နှင့် ပိုင်လီကျုံးရွှယ်တို့ကို တွေ့လိုက်ရသည်။ ကုနင်းသည် သူတို့၏ အဆင့်များကို မသိသော်လည်း ကျင်းယွင်ယောင်ကိုတော့ သူတို့ မခံစားမိပုံရသည်။
ပိုင်လီကျုံးယန်နှင့် ပိုင်လီကျုံးရွှယ်တို့သည် အခြားသော ကျင့်ကြံသူလည်း သူတို့နှင့် တူညီသောလမ်းပေါ်တွင် ရှိနေသည်ကို မခံစားမိကြပေ။ ပိုင်လီကျုံးယန်သည် ကျင့်ကြံရေးလောကတွင် မျိုးဆက်သစ်လူငယ်များ၏ ထင်ရှားကျော်ကြားသော အရည်အချင်းရှိသော ကျင့်ကြံသူဖြစ်သော်လည်း သူသည် ကျင်းယွင်ယောင်ထက် အဆင့်နိမ့်နေသေးသောကြောင့် သူတို့ကြားတွင် ကွာဟချက်များစွာရှိနေသည်။
"အင်း မြို့တော်မှာ တခြားကျင့်ကြံသူတွနေဲ့ တွေ့မယ်လို့ မမျှော်လင့်ထားဘူး၊ သူတို့က ငါတို့ကို သတိမထားမိဘူးလို့ပဲ မျှော်လင့်ပါတယ်" ဟု ကျင်းယွင်ယောင်က စိုးရိမ်စိတ်ဖြင့် ပြောသည်။
“အဆင်ပြပေါတယ်။ အဲဒါတွေကို ရှောင်လို့ရတာပဲ။ ရှောင်လို့မရနိုင်ဘူးဆိုရင်လည်း သဘာဝကျကျပဲနေကြတာပေါ့” ဟု ကုနင်း က ပြောသည်။
ကျင်းယွင်ယောင်ကို ကျင့်ကြံသူနှစ်ဦးက ဘယ်သူလဲဆိုတာကို သူမပြောပြနိုင်ပေမယ့် သူတို့မှာ ရှမ်းကွမ်းယန်၏အကူအညီရှိပြီး သူမမှာလည်း ကျောင်းလုံရှိတာကြောင့် လုံးဝမစိုးရိမ်ပေ။
သူမသည် ကျောင်းလုံကို ထုတ်ရန် ဆန္ဒမရှိသော်လည်း ကျင်းယွင်ယောင်၏ ဘေးကင်းရေးက ပို၍အရေးကြီးသည်။
"ဟုတ်တယ်" ကျင်းယွင်ယောင်က သဘောတူသည်။
ကုဖန်းစတိုးဆိုင်ကို ရောက်တဲ့အခါ အမျိုးသား၊ အမျိုးသမီး အဝတ်အစား၊ ဖိနပ်၊ အိတ် အားလုံးကို စင်ပေါ် မှာ တင်ထားပြီးသားပင်။
နက်ဖြန်နေ့အထိ မဖွင့်သေးသော်လည်း ဆိုင်တွင် ဖောက်သည်များစွာရှိနေသည်။ အရောင်းသမားက လာတဲ့ဖောက်သည်တွေကိုတော့ မောင်းထုတ်မည် မဟုတ်ပေ။
ယခုစတိုးဆိုင်ရှိ ဖောက်သည်များသည် မိန်းမပျိုများစွာဖြစ်ကြပြီး ၎င်းတို့အားလုံးသည် ကုဖန်းနှင့် ကုနင်းတို့အပေါ် ကောင်းသော အမြင်ရှိကြသည်။
ဒီနေ့လည်း သူတို့ ကုဖန်းဆိုင်ကို တိုက်ဆိုင်စွာ တွေ့လိုက်ရသောကြောင့် အထဲကို ဝင်လာကြည့်ကြခြင်းဖြစ်သည်။
သူတို့ကို ထုတ်ကုန်များက ဆွဲဆောင်နေပြီး ၎င်းတို့ကို ဆက်လက်ကြည့်ရှုနေကြသည်။
***
အခန်း ၁၆၅၄ ကျင်းယွင်ယောင်အတွက် ဈေး၀ယ်ထွက်ခြင်း
ကုဖန်း၏ဝန်ထမ်းများသည် ကုနင်း၏မျက်နှာနှင့်ရင်းနှီးသောကြောင့် သူမပေါ်လာပြီးသည်နှင့် ကြိုဆိုကြသည်။
"တွေ့ရတာဝမ်းသာပါတယ် ဥက္ကဌကု!"
“တွေ့ရတာဝမ်းသာပါတယ်၊ မင်းတို့လုပ်စရာရှိတာကို ဆက်လုပ်ကြပါ။ ငါကိုယ်တိုင် လိုက်ကြည့်လိုက်မယ်” ဟု ကုနင်းက ပြောသည်။
“ဟုတ်ကဲ့” ထို့နောက် ဝန်ထမ်းများသည် ကိုယ့်အလုပ်ကိုယ်လုပ်နေကြသည်။ ပြီးနောက် အရောင်းဝန်ထမ်းတစ်ယောက်သည် ကုနင်းနဲ့ ကျင်းယွင်ယောင်အတွက် လက်ဖက်ရည်နှစ်ခွက် ငှဲ့ပေးကာ ထွက်သွားသည်။
ကုနင်းနှင့် ကျင်းယွင်ယောင်တို့သည် စတိုးဆိုင်အတွင်းမှာ လှည့်လည်ကြည့်ရှုကြပြီး မကြာမီမှာပင် အမျိုးသမီးငယ်များစွာ၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။
"ကြည့်အုံး၊ ဒီမိန်းကလေးကို တော်တော်ရင်းနှီးနေသလိုပဲ"
“၀န်ထမ်းတွေက သူ့ကို ဥက္ကဌကုလို့ခေါ်တာကို ကြားလိုက်တယ်။ သူက ကုဖန်းရဲ့ သူဌေးလား၊ ကုနင်းလား?"
"ငါလည်း... အဲ့လိုပဲထင်တယ် ငါတို့ သူ့ကို နှုတ်ဆက်ဖို့ သွားသင့်လား?"
"သွားသင့်တာပေါ့! သူက အရမ်းနာမည်ကြီးတာပဲ။ ပြီးတော့ သူနဲ့ ဓာတ်ပုံတွဲရိုက်လို့ရရင်လည်းကောင်းမှာ” မနှောင့်နှေးဘဲ ကုနင်းဆီသို့ လျှောက်သွားကြသည်။
ဓာတ်ပုံအတူတူရိုက်ဖို့ အဆိုပြုတဲ့အခါ ကုနင်းသည် သဘောတူလိုက်သည်။ ကုနင်း၏ ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်မှုကြောင့် သူတို့သည် သူမအား ပိုမိုကောင်းမွန်သော အမြင်ရှိသွားကြပြီး အဝတ်အစားကို စမ်း၀တ်ကြည့်သောအခါတွင် သူမ၏ ထင်မြင်ချက်ကိုပင် တောင်းဆိုကြသည်။
ကုနင်းကလည်း သူတို့ကို အကြံဉာဏ်ပေးလိုစိတ်ရှိပြီး တကယ်လည်း သူ့အကြိုက်ကို အတူတူ ဝေမျှလိုက်သည်။ ထို့ကြောင့် အမျိုးသမီးငယ်များသည် ဈေးဝယ်လိုစိတ် ပြင်းပြသွားကြသည်။
အဆုံးတွင် သူတို့တစ်ဦးစီသည် ယွမ်ငါးသောင်းအထိ တန်ဖိုးရှိသည့်အဝတ်အစားနှင့် ဖိနပ်သုံးလေးရံကို ဝယ်ယူခဲ့သည်။
ကုဖန်းကို တန်ဖိုးကြီး အဝတ်အစား အမှတ်တံဆိပ်တစ်ခု ဖြစ်လာရန် ရည်ရွယ်ထားသည်။ အလွန်သစ်နေသေးသော်လည်း ၎င်း၏ အရည်အသွေးသည် တူညီသောစျေးနှုန်းအဆင့်ရှိ အခြားအ၀တ်အထည်များထက် မဆိုးပါ။
အမှန်တော့ နိုင်ငံတကာအဝတ်အထည်အမှတ်တံဆိပ်များစွာသည် ၎င်းတို့၏ထုတ်ကုန်များ၏ အရည်အသွေးသည် သူတို့၏စျေးနှုန်းများနှင့် ကိုက်ညီမှုရှိမရှိကို မသေချာနိုင်ပါ။
ကုနင်းသည် ကျော်ကြားမှုထက် အရည်အသွေးကို ပိုအာရုံစိုက်သည်။ ကုဖန်းသည် အနာဂတ်မှာ ရေပန်းစားပြီး နာမည်ကြီးလာလျှင်တောင် သူ့ရဲ့အရည်အသွေးကို ပိုဆိုးလာဖို့ ခွင့်ပြုမည်မဟုတ်ပေ။ သူမသည် ထာဝရတည်မြဲနိုင်သော အမှတ်တံဆိပ်တစ်ခုကိုသာ တည်ဆောက်ချင်သည်။
နိုင်ငံတကာ အမှတ်တံဆိပ်များစွာ၏ ရောင်းအားသည် ယနေ့ခေတ်တွင် မြင့်တက်နေသေးသော်လည်း ၎င်းတို့၏ ကျော်ကြားမှုကို မှီခိုအားထားနေရဆဲဖြစ်သည်။ သို့သော်လည်း အရည်အသွေးပိုကောင်းသည့် အမှတ်တံဆိပ်အသစ်များ ပိုများလာသည်နှင့်အမျှ ၎င်းတို့၏ အားသာချက်များလည်း ဆုံးရှုံးသွားကြသည်။ အမှတ်တံဆိပ်အသစ်များ ကျော်ကြားလာသည်နှင့်အမျှ ဖက်ရှင်လုပ်ငန်းတွင် ၎င်းတို့၏ နေရာများကို ဆုံးရှုံးသွားနိုင်သည်။
ကုနင်းသည် ရည်မှန်းချက်ရှိသော်လည်း ၎င်းမှာ လွယ်ကူသောပန်းတိုင်မဟုတ်ကြောင်း သူမသိသည်။ သူမ၏ စွမ်းရည်မှာ အကန့်အသတ်ရှိပြီး သူမ၏ ရည်မှန်းချက်များ အောင်မြင်ရန် အချိန်ပိုလိုအပ်နေသေးသည်။
အမျိုးသမီးငယ်များစွာ ထွက်ခွာသွားသောအခါတွင် သူတို့သည် ကုနင်းနှင့် သူတို့၏ ဓာတ်ပုံများကို လူမှုကွန်ရက်ပေါ်တွင်တင်ခဲ့ပြီး ၎င်းတို့၏ သူငယ်ချင်းများထံမှ မနာလိုမှုများစွာကို ရရှိခဲ့သည်။
ထို့နောက် ကုနင်းသည် ကျင်းယွင်ယောင်အတွက် အဝတ်အစားများစွာကို ရွေးလိုက်ပြီး ၎င်းတို့ကို စမ်း၀တ်ကြည့်ရန် ပြောခဲ့သည်။
ကျင်းယွင်ယောင်သည် ရှက်ရှက်နှင့် ဤလက်ဆောင်ကို လက်ခံရန် တွန့်ဆုတ်သွားသည်။
ကုနင်းသည် ကျင်းယွင်ယောင် ငြင်းဆိုမည်ကို သိသော်လည်း ကျင်းယွင်ယောင်က သူမတောင်းဆိုသရွေ့ လက်ခံမည်ကို သူမသိသည်။
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျေးဇူးတင်ပါတယ်၊ ငါ့မှာ အဝတ်အစားတွေ လုံလုံလောက်လောက်ရှိတယ်" လို့ ကျင်းယွင်ယောင်က ပြောသည်။
ကျင်းယွင်ယောင်သည် ကုဖန်းကို သဘောကျသော်လည်း ကုနင်းထံမှ လက်ဆောင်ကို သူမအတွက် ဘာမှမလုပ်ဘဲ လက်ခံခြင်းမှာ မသင့်လျော်ဟု ထင်သည်။
ကုနင်းသည် ယနေ့တွင် သူမအား စွမ်းအင်သလင်းကျောက်များစွာ ပေးခဲ့ပြီးပြီဖြစ်၍ လုံလောက်ပြီဟု သူမထင်သည်။
"ဒါက ဘာမှမဟုတ်ပါဘူး! ဘာပဲဖြစ်ဖြစ် ကျွန်မတို့က မိသားစုဖြစ်သွားပြီလေ အမေ့ကို လက်ဆောင်တွေပေးရတာ သဘောကျတယ်"
ကုနင်းသည် သူမအပေါ် အလွန်ကြင်နာတတ်ကြောင်း ကျင်းယွင်ယောင် နားလည်သွားသည်။
"ငါသိပါတယ်။ ငါလည်း မင်းငါ့မိသားစုဝင်ဖြစ်လို့ အရမ်း၀မ်းသာတယ်။"
“ကောင်းလိုက်တာ။ ဒါဆို အမေ ကျွန်မ လက်ဆောင်ကို လက်ခံနော်”
"အင်း မင်းငါ့ကို ဒီမနက် လက်ဆောင်တစ်ခုပေးပြီးပြီဆိုတော့ ငါမင်းဆီက ထပ်ပြီး လက်ဆောင်ကို လက်မခံသင့်တော့ဘူး"
ကျင်းယွင်ယောင်သည် အနည်းငယ်တုံ့ဆိုင်းနေသောကြောင့် ကုနင်းသည် သူမ၏ခံစားချက်များကို ထည့်သွင်းစဉ်းစားသင့်သည်ဟု ထင်သည်။ ကျင်းယွင်ယောင်သည် လင်ရှောင်းထင်၏မိခင်ဖြစ်ပြီး သူမ၏အနာဂတ်ယောက္ခမဖြစ်သော်လည်း ၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး သိပ်မရင်းနှီးကြပေ။
"အင်း ဒါဆို ဒီည ကျွန်မကို ပင်လယ်စာကောင်းကောင်း ဝယ်ကျွေးရင်ရော" ကုနင်းက ပြောလိုက်သည်။ ပင်လယ်စာတစ်နပ်ကလည်း အများကြီးကုန်ကျတာမို့ ကျင်းယွင်ယောင်က ပိုလက်ခံလာနိုင်သည်။
"ဟုတ်ပြီ ဒါပေမယ့် မင်းပင်လယ်စာ အလကားစားဖို့အတွက်နဲ့ ငါ့ကိုအဝတ်အစား အများကြီး ၀ယ်ပေးစရာမလိုပါဘူး" ကုနင်းက သူမကို သက်သာရာရစေဖို့ ကူညီပေးဖို့ အဆိုပြုခဲ့တာကို သူမသိပေမယ့် ကုနင်းက သူမကို အများကြီးပေးတယ်ဟု ထင်သေးသည်။
"ကျွန်မလက်ဆောင်ကို အမေလက်မခံရင် ကျွန်မ စားချင်စိတ်တောင် ပျောက်သွားမှာ ဆိုးရတယ်"
ကုနင်း အရှုံးမပေးလိုတာကို မြင်လိုက်ရသောအခါ ကျင်းယွင်ယောင်သည် ဘာလုပ်ရမှန်းမသိတော့ပေ။ နောက်ဆုံးတွင် “ကောင်းပြီ၊ ငါသူတို့ကို စမ်း၀တ်ကြည့်လိုက်မယ်။” ဟုပြောလိုက်သည်။
"ကောင်းလိုက်တာ!" ကုနင်းလည်း ၀မ်းသာသွားတော့သည်။
***
အခန်း ၁၆၅၅ ကျင်းယွင်ယောင် မူးလဲခြင်း
ကုနင်း နှင့် ကျင်းယွင်ယောင် တို့၏ တစ်ယောက်နှင့် တစ်ယောက် ပေါင်းသင်းဆက်ဆံပုံကို စတိုးဆိုင်ထဲရှိ ဝန်ထမ်းတော်တော်များများက မြင်ပြီး မနာလိုဖြစ်ခဲ့ကြသည်။ ချွေးမတစ်ယောက်အနေဖြင့် ယောက္ခမ၏ ခွင့်ပြုချက်ရရန်မှာ မလွယ်ကူလှပေ။ ကုနင်း၏ ချစ်သူသည် မည်သူဖြစ်သည်ကို မသိကြသော်လည်း သူသည် သာမန်လူမဟုတ်ဟု ထင်ကြသည်။
ထို့အပြင် ကျင်းယွင်ယောင်သည် သဘာဝအတိုင်း ကျက်သရေရှိသော ဂုဏ်ကို ပိုင်ဆိုင်ထားသောကြောင့် သူမသည် အလွန်ကောင်းမွန်သော မိသားစုတွင် မွေးဖွားလာသည်ဟု လူအများက ယုံကြည်ခဲ့သည်။
ကုနင်းသည် ကျင်းယွင်ယောင်အတွက် အဝတ်အစား၊ အိတ်နှင့် ဖိနပ်သုံးစုံကို ပြင်ဆင်ထားသော်လည်း ကျင်းယွင်ယောင်သည် တစ်စုံသာလိုချင်သည်။
ကျင်းယွင်ယောင်က ငြင်းဆိုရန် ကြိုးစားသော်လည်း ကုနင်းသည် သူမအား ၎င်းတို့အားလုံးကို လက်ခံရန် ဆွဲဆောင်ခဲ့သည်။
ကုဖန်းသည် ကုနင်းမှပိုင်ဆိုင်သော်လည်း သူမသည် ထိုနေရာတွင် ဈေးဝယ်သည့်အခါတွင် ငွေပေးချေရသည်။
ထို့နောက် အတူတူ ထွက်ခွာလာခဲ့ကြသည်။
ကုနင်းသည် သူမကို ကောင်းမွန်စွာ ဆက်ဆံသောကြောင့် ကျင်းယွင်ယောင်သည် အတော်လေးကို ကြည်နူးမိသည်။
သူတို့နောက်ထပ်လှည့်ပတ်ကြည့်ရှုခဲ့ကြပြီး ကျင်းယွင်ယောင်သည် ဘုရားကျောင်းတစ်ခုကိုဖြတ်သွားသောအခါ ကားကိုရပ်တန့်ရန် ကုနင်းကို ပြောလိုက်သည်။
ထို့ကြောင့် ကုနင်းသည် အနီးနားရှိ ကားပါကင်တွင် ကားကိုရပ်လိုက်ပြီး ကျင်းယွင်ယောင်နှင့်အတူ ဘုရားကျောင်းဆီသို့ သွားကြသည်။
၎င်းသည် ထူးခြားသောဥရောပဘုရားကျောင်းတစ်ခုဖြစ်ပြီး မြို့တော်ရှိ အဓိကဘုရားရှိခိုးကျောင်းငါးခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။
ဘုရားကျောင်း၏ ဗိသုကာပုံစံမှာ ၁၃ရာစုမှဗိသုကာပုံစံမျိုးဖြစ်ပြီး ဘုရားကျောင်းတစ်ခုလုံးသည် မြောက်ဘက်မှ တောင်ဘက်သို့ မျက်နှာမူထားသည်။ ဘုရားကျောင်း၏ထိပ်တွင် မြင့်မားသောလက်ဝါးကပ်တိုင်တစ်ခုကို တပ်ဆင်ထားပြီး ဘုရားကျောင်းတစ်ခုလုံးသည် အလွန်လက်ရာမြောက်လှသည်။
ဘုရားကျောင်း၏ရှေ့တွင် ဝင်းငယ်တစ်ခုရှိသည်။ အစိမ်းရောင်နေရာကို လက်ဝါးကပ်တိုင်ပုံသဏ္ဍာန်အဖြစ် ပိုင်းခြားထားသောကြောင့် ယင်းသည် အလှဆင်ထားသောဒီဇိုင်းလား မတော်တဆမှုတစ်ခုလားဆိုသည်ကို မည်သူမျှ မသိကြပေ။ အစိမ်းရောင်နေရာ၏ ဘေးတစ်ဖက်တစ်ချက်တွင် ကျောက်စာတန်းတစ်ခုရှိသော်လည်း လက်ရေးမှာ မှုန်ဝါးနပေြီဖြစ်သည်။
လမ်းအတိုင်းလျှောက်လာရင်း ဘုရားကျောင်းအဝင်ဝသို့ ရောက်သွားသည်။ တောင်ခန်းမ၏ တံခါးသည် လှပပြီး အလယ်ရှိ အဓိကဝင်ပေါက်ကြီးကို လက်ရာမြောက်လှသော အုတ်များဖြင့် ထွင်းထုထားသည်။
ဘုရားရှိခိုးကျောင်းတွင် ခြံဝင်းသုံးခုရှိသည်။ တံခါးသည် ဘုရားကျောင်း၏ ပထမဆုံးသော ခြံဝင်းကို သိမ်းပိုက်ထားသော ရှေးဟောင်းအဆောက်အအုံဖြစ်ပြီး အရှေ့ဘက် ဝင်းသည် ဘုရားကျောင်း၏ အဓိက အဆောက်အအုံဖြစ်ပြီး အနောက်ဘက် ရင်ပြင်မှာ နေထိုင်သည့် နေရာဖြစ်သည်။
ဘုရားကျောင်း၏ အဓိက အဆောက်အဦးမှာ တောင်ဘက်သို့ မျက်နှာမူထားပြီး အုတ်စီကာ တည်ဆောက်ထားသည်။ အရှေ့ဘက်အဆောက်အဦ၏ မျက်နှာစာသည် သာမန် ခန့်ညားထည်ဝါသော ပုံစံဖြစ်သည်။ အဆောက်အအုံမျက်နှာစာတစ်ခုလုံးကို လေးနက်စွာ အလှဆင်ရန် ခမ်းနားထည်ဝါသော အုတ်ခုံးသုံးခုကို ပေါင်းစပ်ထားပြီး လက်ရာမြောက်သော အုတ်များဖြင့်ထွင်းထုထားသည်ကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။
ဘုရားကျောင်းသည် အလွန် တိတ်ဆိတ်နေ၏။ တောင်ဘုရားကျောင်းသည် အရှေ့၊ အနောက်နှင့် မြောက်ဘုရားကျောင်းများနှင့် ကွဲပြားသည်။
ဘုရားကျောင်းအတွင်းရှိ တိုင်များအားလုံးသည် အုတ်များဖြင့် စဉ့်ကူးကာရံထားပြီး တိုင်ထိပ်များကိုလည်း ရွှပေုံစံများဖြင့် စီခြယ်ထားသည်။
ဆယ်နှစ်ကျော်သွားပေမယ့် ဘာမှ မပြောင်းလဲပါပေ။
ကုနင်းသည် စကားတစ်ခွန်းမှ မပြောဘဲ ကျင်းယွင်ယောင်၏ နောက်သို့ တိတ်တဆိတ် လိုက်သွားသည်။ ကျင်းယွင်ယောင် သည် ဤနေရာရှိ အရာအားလုံးကို ကြည့်ကာ ရင်းနှီးသလို ခံစားလိုက်ရသည်။ သိသာပါတယ်၊ သူမဒီမှာရှိခဲ့ဖူးသည်။
သို့သော်လည်း သူမသည် အရာအားလုံးကို ရင်းနှီးသလိုသာ ခံစားခဲ့ရပြီး အခြားဘာမှ မခံစားရပေ။
ခဏလောက် လမ်းလျှောက်ပြီးနောက် ကုနင်းနှင့် ကျင်းယွင်ယောင်တို့သည် ဘုရားကျောင်း၏ ပင်မခန်းမဆောင်တွင် ထိုင်ကြသည်။ ခန်းမထဲမှာ တခြားလူတွေအများကြီးလည်း ထိုင်နေကြသည်။ အများစုမှာ စုံတွဲများဖြစ်သည်။
“ကျွန်မတို့မင်္ဂလာဆောင်ကို ဒီမှာ လုပ်ချင်တယ်” ဟု အမျိုးသမီးတစ်ဦးက ပြောသည်။
ကျင်းယွင်ယောင်နှင့် မနီးမဝေးတွင် စုံတွဲတစ်တွဲ ထိုင်နေသည်။
“ကိုယ့်အဖိုးရဲ့ အတွေးတွေက ခေတ်နောက်ကျသွားပြီ။ သူက လူငယ်တွေကို အနောက်တိုင်းပုံစံ မင်္ဂလာပွဲ ကျင်းပခွင့်မပေးဘူး၊ စိတ်မပူပါနဲ့ မင်းလိုချင်တဲ့ မင်္ဂလာပွဲကို ကိုယ်လုပ်ပေးမယ်။ ဧည့်သည်တွေအနေနဲ့ ကိုယ်တို့ သူငယ်ချင်းတွေနဲ့ပဲ ကျင်းပနိုင်မှာဆိုတော့ ခမ်းနားနေမှာတော့ မဟုတ်ဘူး။ မင်းစိတ်ရှိမှာလား?" ထိုလူကပြောသည်။
"သေချာပေါက် ကိစ္စမရှိဘူးပေါ့။ ကျွန်မတို့နှစ်ယောက်ပဲရှိရင်တောင် ကိစ္စမရှိဘူး” ဟု အမျိုးသမီးက ပြောသည်။
သူတို့စကားပြောတာကိုကြားတော့ ကျင်းယွင်ယောင်သည် အရမ်းရင်းနှီးသလို ခံစားလိုက်ရသည်။ အရင်ကလည်း ဒီလိုပဲပြောခဲ့ဖူးပုံရသည်။ ရင်းနှီးသည်ဟု သူမခံစားမိသောကြောင့်၊ ယခင်ကလည်း သူမကြုံခဲ့ရဖူးလောက်သည်။
ကျင်းယွင်ယောင်၏ အတွေးများသည် ကွေ့ပတ်နေပြီး သူမ မှတ်မိရန် ကြိုးစားသော်လည်း မမှတ်မိသည့်အတွက် နာကျင်ရသည်။ သူမရဲ့မှတ်ဉာဏ်တွေကို ပြန်ရဖို့အတွက် စိတ်ပိုင်းဖြတ်ထားသည်။
အတင်းအကြပ်ဖိအားပေးမှုကြောင့် ကျင်းယွင်ယောင်သည် ရုတ်တရက် နာကျင်ကိုက်ခဲလာပြီး ခေါင်းကို လက်နှစ်ဖက်ဖြင့် ချက်ချင်းအုပ်လိုက်သည်။
"အမေ!" ကုနင်းက လန့်သွားပြီး သူမကို အလျင်အမြန် တွဲလိုက်သည်။
ကုနင်းသည် ကျင်းယွင်ယောင်ကို တွဲလိုက်ပြီး နောက်တွင် ကျင်းယွင်ယောင်သည် မေ့လဲသွားတဲ့အတွက် ကုနင်းက သူမကို မဆိုင်းမတွ လက်နှစ်ဖက်နဲ့ ပွေ့လိုက်သည်။
ကုနင်းက အရမ်းသန်မာပုံပေါ်တာကြောင့် ထိုမြင်ကွင်းသည် ခန်းမထဲရှိ လူတိုင်းကို ထိတ်လန့်စေသွားသည်။
တစ်စုံတစ်ယောက်က သူတို့အတွက် စိတ်ပူပြီး “မစ္စ ကူညီပေးရမလား?” ဟု စိုးရိမ်စိတ်ဖြင့် မေးသည်။
"ကျေးဇူးပါ ကျွန်မ ထိန်းလို့ရပါတယ်"
ကုနင်းသည် ကျင်းယွင်ယောင်ကို သယ်ဆောင်လာသောအခါတွင် သူမသည် ကြောက်စရာကောင်းသည့် တစ်စုံတစ်ရာဖြစ်လာမည်ဆိုး၍ သူမ၏ မှော်အစွမ်းကို သူမ၏ခန္ဓာကိုယ်ထဲသို့ တိတ်တဆိတ် ထည့်နေသည်။
မှော်စွမ်းအားသည် ကျင်းယွင်ယောင်၏ခန္ဓာကိုယ်ထဲသို့ ရွေ့လျားလာသည်နှင့်အမျှ ကျင်းယွင်ယောင်သည် တဖြည်းဖြည်း ငြိမ်သက်သွားသည်။ သူ့ဦးနှောက်ထဲက အာရုံကြောတွေကလည်း ပုံမှန်ပြန်ဖြစ်သွားသည်။ ထို့အပြင် ကျင်းယွင်ယောင်၏ မျက်နှာပေါ်ရှိ အမာရွတ်များလည်း အနည်းငယ် မှိန်သွားခဲ့သည်။
ကုနင်းသည် ကျင်းယွင်ယောင်ကို သူ့ကားဆီ ပြန်သယ်သွားတဲ့အခါ ကျင်းယွင်ယောင် နိုးလာပြီး ကုနင်းက ကျင်းယွင်ယောင်ရဲ့ ခန္ဓာကိုယ်ထဲကို သူမ၏ စွမ်းအား ထည့်ခြင်းကို ရပ်တန့်လိုက်သည်။
"ဘာဖြစ်သွားတာလဲ?" ကျင်းယွင်ယောင်က မေးသည်။
"အမေ ခန်းမထဲမှာ မူးလဲသွားလို့ ကျွန်မ ကားဆီ ပေါ်ပြန်ခေါ်လာတာပါ"
"အိုး ကျေးဇူးတင်ပါတယ်" ကျင်းယွင်ယောင်က ပြောလိုက်သည်။
သူမသည် ချာ့ချ်ကျောင်းတွင် အမှတ်တရများ ပြန်လည်ရရှိရန် ကြိုးစားရင်း ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်လာသည်။
"ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်" ကျင်းယွင်ယောင်က ကုနင်းကို တောင်းပန်လိုက်သည်။
"ဘာဒုက္ခပေးရမှာလဲ။ ကျွန်မ အမေ့ကိုပဲ စိတ်ပူနေတာ"
သူမသည် ရိုးရိုးသားသားပင် ဒါဟာ ကြီးကြီးမားမား မဟုတ်ဘူးဟု တွေးပြီး ကျင်းယွင်ယောင်၏ ကျန်းမာရေးကိုသာ ဂရုစိုက်သည်။
ကျင်းယွင်ယောင်သည် ကျင့်ကြံသူဖြစ်သော်လည်း စိတ်ဒဏ်ရာကို ကုသရန် ခက်ခဲသည်။
***
အခန်း ၁၆၅၆ ရှင့်စကားတွေကို ကွေ့ဝှိုက်ပြောမနပေါနဲ့
ကျင်းယွင်ယောင်သည် သူမ၏အမှတ်တရများကို ပြန်လည်ရယူရန် မကြိုးစားတော့ဘဲ သက်ပြင်းချလိုက်သည်။
"အိမ်ပြန်နားကြရင်ရော" ကုနင်းက ပြောသည်။
"ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ငါအဆင်ပြေတယ်။ ညစားပြီးမှပဲ အိမ်ပြန်လို့ရပါတယ်!" ကျင်းယွင်ယောင်က ပြောပြီး စိတ်ကို ရွှင်လန်းအောင် ကြိုးစားလိုက်သည်။ သူမသည် အခုမှ မေ့လဲထားတာဆိုပေမယ့် အခု ခံစားချက်က ကောင်းမွန်နေသလို ခံစားနေရသည်။
“အင်း ပင်လယ်စာသွားဝယ်ပြီး အိမ်မှာ ကိုယ်တိုင်ချက်စားလို့ရတာပဲ ဘယ်လိုထင်လဲ?" ကုနင်းက အကြံပေးလိုက်သည်။ အချိန်စောနေသေးကာ အိမ်မပြန်မီ အပြင်ထွက်စားရန် ဆုံးဖြတ်ပါက နာရီအနည်းငယ်ကြာအောင် ကားမောင်းရမည်ဖြစ်ပြီး၊ ကုနင်းသည် ကျင်းယွင်ယောင် နောက်တစ်ကြိမ် မူးလဲမည်ကို စိုးရိမ်နေသည်။
"ကိစ္စမရှိပါဘူး။ ဒါပေမယ့် ဒီနေ့ ငါ ချက်မှာမလို့ မင်းဒီတစ်ခါတော့ ပြိုင်လုလို့ မရဘူးနော်"
"ကျွန်မ လက်ထောက်လုပ်ပေးမယ်လေ"
ထို့နောက် ကုနင်းသည် ကျင်းယွင်ယောင် နှင့်အတူ ပင်လယ်စာဝယ်ရန် သွားသည်။ ကုနင်းနှင့် ကျင်းယွင်ယောင်တို့သည် မြို့တော်ရှိ အကြီးဆုံး ပင်လယ်စာကုန်တိုက်သို့ သွားကြသည်။
သို့သော် ပင်လယ်စာကုန်တိုက်သို့ ရောက်သောအခါတွင် အဆင်မပြေမှု တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့သည်။
ကုန်တိုက်တွင် ပင်လယ်စာ အမျိုးအစားအားလုံးရှိသော်လည်း မျိုးစိတ်တိုင်းကို အချိန်တိုင်းမရနိုင်ပါ။ အထူးသဖြင့် ရှားပါးမျိုးစိတ်များဖြစ်သည့် ကဏန်းနီဘုရင်သည် ယခုတွင် အနည်းငယ်သာ ကျန်ရှိတော့သည်။
ကုနင်းနဲ့ ကျင်းယွင်ယောင်တို့သည် အလေးချိန် ၁၀ ကီလိုဂရမ်လောက်ရှိသော ကဏန်းနီဘုရင်တစ်ကောင်ကို တွေ့လိုက်သည်။ ကဏန်းနီဘုရင်သည် ကဏန်းအစစ်မဟုတ်ပေ။ ၎င်းတို့ကို အဓိကအားဖြင့် ရေအေးထဲတွင် မွေးမြူကြပြီး ၎င်းတို့၏ ကြီးမားသောအရွယ်အစားကို အစွဲပြု၍ ကဏန်းဘုရင်ဟု လူသိများကြသည်။
နာမည်ကြီး "ကဏန်းနီဘုရင်" ဖြစ်သောကြောင့် ကုနင်းနှင့် ကျင်းယွင်ယောင်တို့သည် မြည်းစမ်းကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။ ကဏန်းနီသည် အခြားကဏန်းများထက် များစွာစျေးကြီးပြီး ဤကြီးမားသော ကဏန်းနီကြီးသည် ယွမ်ထောင်နှင့်ချီ၍ ကုန်ကျသည်။
ကုနင်းသည် စျေးကြီးလွန်းသောကြောင့် ကျင်းယွင်ယောင်ကို ပေးချေရန် ခွင့်မပြုချင်ပေ။ တကယ်တော့ သူ့တစ်ခုထဲကတင် ပင်လယ်စာကောင်းကောင်း ဟင်းတစ်ခွက်ထက် ပိုစျေးကြီးသည်။
ကျင်းယွင်ယောင်လည်း တတ်နိုင်ပေမယ့် ကုနင်းသည် သူ့ထက်အရင် ငွေပေးချေလိုက်သည်။ သို့သော် ကုနင်းက ကဏန်းနီအတွက် ပိုက်ဆံပေးပြီးပြီးချင်းမှာပဲ အမျိုးသမီးတစ်ယောက်သည် အလျင်အမြန်ရောက်လာပြီး ထိုကဏန်းနီကိုပဲ ယူမည်ဟု ပြောသည်။
ပင်လယ်စာဆိုင်ပိုင်ရှင် အမျိုးသမီးက အနည်းငယ်စိတ်မကောင်းဖြစ်သွားဟန်နှင့် "တောင်းပန်ပါတယ် ဒီကဏန်းနီအတွက် ဒီက အမျိုးသမီးက ငွေပေးချေပြီးသွားပါပြီ"
"ဘာ?" ထိုမိန်းမက စိတ်ဆိုးသွားသည်။ “ဒီကဏန်းကို ငါလိုချင်လို့ ပြောခဲ့တယ်လေ။ ငါဟိုဘက်ကို ခဏလောက်သွားတာနဲ့ ဘာလို့ တခြားလူကို ဘာလို့ရောင်းလိုက်တာလဲ?"
အဲဒါကိုကြားသောအခါ ပင်လယ်စာဆိုင်ပိုင်ရှင်က ဒေါသထွက်သွားသည်။ "အမလိုချင်တယ်လို့ပြောပေမယ့် အရမ်းစျေးကြီးတယ်လို့လည်းပြောခဲ့တယ်လေ။ ၀ယ်သွားတာလည်းမဟုတ်ဘူး။ ဘာလို့ကျွန်မက အမအတွက် သိမ်းထားပေးရမှာလဲ?"
“ငါ…” အမျိုးသမီးသည် စက္ကန့်အနည်းငယ်မျှ တုန်လှုပ်သွားပြီး အနည်းငယ် ထိတ်လန့်သွားသည်။
တကယ်တော့ သူမဟာ စျေးသက်သာတဲ့ ကဏန်းနီကို ရှာဖွေဖို့ ထွက်သွားခဲ့ပေမယ့် ရှာမ တွေ့ခဲ့ပေ။ ထို့အပြင် အခြားသော ကဏန်းနီများသည် သေးငယ်ပြီး သူတို့အိမ်မှ အမျိုးသမီးက ကဏန်းငယ်များကို မကြိုက်ပေ။ ကုနင်း၏လက်ထဲက ဂဏန်းနီကသာ အသင့်တော်ဆုံးဖြစ်သည်။ အကယ်၍ သူမသည် ကဏန်းနီကြီးတစ်ကောင်မ၀ယ်ခဲ့ပါက သူတို့အိမ်မှ အမျိုးသမီးက သူမကို အလွန်ဆူလိမ့်မည်။
“ငါအခုပြန်လာပါပြီလေ။ ငါ၀ယ်မှာပါ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
“ရောင်းပြီးသားဆိုတော့ အသုံးမ၀င်တော့ပါဘူး” ဟု ပိုင်ရှင်က ပြောသည်။
မိန်းမက ကုနင်းကို ရုတ်တရက် လှည့်ကြည့်လိုက်တယ်။ "ဟေ့ မင်း ဒီကဏန်းနီကို ငါ့ဆီပေး။ ငါ မင်းကို ပိုက်ဆံပြန်ပေးလို့ရတယ်။"
သူမ၏ သဘောထားသည် အလွန်ရိုင်းစိုင်းသည်။
"တောင်းပန်ပါတယ် မရပါဘူး။" ဟု ကုနင်းသည် ထိုအမျိုးသမီးရဲ့ သဘောထားကို မနှစ်သက်သောကြောင့် ပြောလိုက်သည်။
“မင်း…” အမျိုးသမီးက စိတ်ဆိုးနေပေမယ့် ဘာမှမတတ်နိုင်။
ကုနင်းသည် ထိုအမျိုးသမီးကို လျစ်လျူရှုပြီး ကျင်းယွင်ယောင်နှင့်အတူ ထွက်ခွာသွားသည်။ ပုစွန်၊ ငါး၊ ခရုနှင့် အခြားပင်လယ်စာ အများအပြားကိုလည်း ဝယ်ယူခဲ့သည်။ နောက်နှစ်ရက်အတွက်လည်း အစားအသောက်နှင့် ပစ္စည်းများ ဝယ်ကြသည်။
အိမ်ပြန်ရောက်သောအခါ ညနေ ၄ နာရီလောက်ရှိနေပြီဖြစ်၍ ကုနင်းသည် ကျင်းယွင်ယောင်ကို အနားယူဖို့ ပြောပြီး ညနေ ၆ နာရီမှာ ချက်ပြုတ်ရန်စီစဉ်လိုက်သည်။
ကျင်းယွင်ယောင်လည်း ခေါင်းညိတ်လိုက်သည်။
ညနေ ၅ နာရီထိုးသောအခါ ကုနင်းသည် ချီထျန်းလင်ထံမှ ဖုန်းလက်ခံရရှိပြီး မြို့တော်တွင် ရှိနေသောကြောင့် အတူတူထမင်းစားရန် ဖိတ်ခေါ်နေသည်။
ကုနင်းသည် သူ့ကို ဒီနေ့ အချိန်မရဟု ပြောလိုက်သည်။ သို့သော် သူမသည်သူ့ကို ဟွမ်းဒင်ဟိုတယ်တွင် တစ်ဝိုင်းကျွေးမည်ဖြစ်ကြောင်း ဟိုတယ်တွင် အလကားသွားစားလို့ရကြောင်း ပြောလိုက်သည်။
ချီထျန်းလင်သည် စိတ်တိုစွာနှင့် အော်ဟစ်လိုက်ပြီး "ငါ့မှာ ထမင်းစားဖို့ ပိုက်ဆံမရှိတာမဟုတ်ဘူး။ ငါ့အတွက် မြို့တော်ကို လာဖို့ဆိုတာ မလွယ်ဘူး။ ငါ မင်းနဲ့ အတူတူ ထမင်းစားချင်ရုံပဲ။ မင်း အခု မြို့တော်မှာ ရှိတာ ငါသိတယ်။ အိမ်ရှင်အနေနဲ့ မင်းသူငယ်ချင်းကို အတူတူထမင်းစားဖို့ မဖိတ်သင့်ဘူးလား?"
သူရုတ်တရက်ကြီး ဒေါသဖြစ်သွားသည်။ "မင်းသူငယ်ချင်းဖြစ်ဖို့ ငါ့မှာအရည်အချင်းမရှိဘူးလို့ မင်းထင်နေတာလား?"
ကုနင်းသည် သူမ၏မျက်လုံးကို တစ်ချက်ဝေ့လိုက်သည်။
"ရှင် ကျွန်မကို သူငယ်ချင်းအဖြစ် တကယ်မှတ်ယူထားရင် ကျွန်မကို နားလည်ပေးသင့်တယ်။ ရှင်နဲ့ ထမင်းအတူစားချင်ပေမယ် ဒီနေ့ ကျွန်မမအားဘူး။"
"ဘယ်တော့အချိန်ရလဲ?" ချီထျန်းလင် ပြန်မေးလိုက်သည်။
"မနက်ဖြန်"
"ဒါဆို ညစာစားပြီးရင် မင်းငါ့ကိုလာတွေ့လို့ရမလား? စကားမစပ်မင်းမှာ ဆေးတွေ ရှိသေးလား?" ချီထျန်းလင် က မေးသည်။
ကုနင်းက ရယ်သည်။ "အခုတော့ ရှင် ကျွန်မကိုဘာလို့တွေ့ချင်တာလဲဆိုတာ နားလည်ပြီ။ ရှင့်စကားကို ကွေ့ဝှိုက်ပြောမနပေါနဲ့!"
ကုနင်းသည် သူ့ကို မယဉ်ကျေးခြင်းမဟုတ်ပေ။ ဒါက သူတို့ အချင်းချင်း ပေါင်းသင်းဆက်ဆံတဲ့ ပုံစံပင်ဖြစ်သည်။
ချီထျန်းလင်သည် တစ်စက္ကန့်မျှ တုံ့ဆိုင်းသွားပြီး "ကောင်းပြီ ငါ ဆေးထပ်လိုသေးတယ်၊ ရိုးရိုးသားသားပြောရရင် မင်းငါ့ကို ကောင်းကောင်းမသိသေးဘူး။ ငါက မင်းထင်သလောက် မကြမ်းတမ်းဘူး။"