← Chapters

အခန်း (၁၆၅၇-၁၆၆၂)

Vol. 104 Ch. 1657-1662

အခန်း (၁၆၅၇-၁၆၆၂)

Vol. 104 Ch. 1657-1662

အခန်း ၁၆၅၇ ကြမ်းတမ်းတဲ့သူ မဟုတ်ဘူး?

ယခုအချိန်တွင် ချီထျန်းလင်သည် ကားပေါ်တွင်ရှိပြီး ချန်းဟွာမှာ ကားမောင်းသူဖြစ်သည်။ ယွီဟောက်သည် ရှေ့ခရီးသည်၏ ထိုင်ခုံတွင် ထိုင်‌နေပြီး ခေါင်းဆောင်၏ စကားများကြောင့် အံ့အားသင့်သွားသည်။ သူ့ခေါင်းဆောင်က ဘယ်အချိန်ကတည်းက ပြောင်းလဲသွားတာလဲ။

တကယ်တော့ သူသည် ကုနင်းကို အရင်က ကြမ်းကြမ်းတမ်းတမ်း တစ်ကြိမ်ဆက်ဆံဖူး၍ ထိုနောက်ပိုင်းမှ စ၍ ကုနင်းနဲ့တွေ့တိုင်း သူ့အမူအကျင့်ကို ပြောင်းလဲခဲ့သည်။ ဘာကြောင့်လဲဆိုတော့ သူသည် ကုနင်းကို စိတ်၀င်စားမိပြီး သူမကိုလည်း သဘောကျသောကြောင့် ကုနင်းအကြိုက်နေခဲ့ခြင်းဖြစ်သည်။

အမှန်တော့ သူသည် မနက်ဖြန် ထွက်ခွာရမည်ဖြစ်သောကြောင့် ကုနင်းကို တွေ့ရန်အတွက် ဆေးထပ်ယူဖို့ဆိုတဲ့ အကြောင်းပြချက်ကို အသုံးပြုလိုက်သည်။

"ရှင် ဘယ်လိုလူလဲဆိုတာ ကျွန်မဂရုမစိုက်ပါဘူး။ ကျွန်မနဲ့မှ မဆိုင်တာ။ ဒါပေမယ့် ကျွန်မအားတဲ့အခါ ရှင့်ကို ဆေးတွေ လာပေးလို့ရပါတယ်။" ဟု ကုနင်းက ပြောသည်။

သူမသည် ချီထျန်းလင် မည်ကဲ့သို့လူအမျိုးအစားဖြစ်သည်ကို သိရှိရန် အမှန်တကယ် စိတ်မဝင်စား‌ပေ။ သို့သော် သူတို့သည် သူငယ်ချင်းများဖြစ်သောကြောင့် သူမသည် အလွန်ရက်ရောသည်။

“ကောင်းပြီ ညစာစားပြီးတာနဲ့ ငါ့ကိုလာတွေ့လေ။ ငါမင်းဆီ အခုချက်ချင်း ပိုက်ဆံလွှဲပေးလိုက်မယ်။ ငါတို့မနက်ဖြန်မနက်ထွက်မှာမို့ မင်းမြန်မြန်‌တော့လုပ်ရမယ်" လို့ ချီထျန်းလင်ကပြောသည်။

“ဟုတ်ပြီ” ဟု ကုနင်းက ပြောလိုက်သည်။

…

ကျင်းယွင်ယောင်သည် သူမအခန်းထဲပြန်ရောက်သည်နှင့် သူမ၏မှတ်စုစာအုပ်နှင့် အယ်လ်ဘမ်ကို ထုတ်လိုက်ကာ သူမ နောက်တစ်ကြိမ် ငိုချင်သလို ခံစားလိုက်ရသည်။

ဒီည ထမင်းချက်ရမယ်ဆိုတာကို သူမ မမေ့ခဲ့တာမို့ သူမကိုယ်သူမပြင်ဆင်ပြီး ညနေ ၅း၃၀ မှာ အောက်ထပ်ကို ဆင်းလာသည်။

ကုနင်းသည် ကျင်းယွင်ယောင်၏ တံခါးဖွင့်သံကိုကြားသောကြောင့် သူမလည်း ထွက်လာခဲ့သည်။

ကျင်းယွင်ယောင်သည် အိမ်တွင် မျက်နှာဖုံးမတပ်ထားသောကြောင့် ကုနင်းသည် သူမမျက်နှာပေါ်က အမာရွတ်သည် အနည်းငယ်မှိန်သွားသည်ကို မြင်လိုက်ရသည်။ သူမသည် အံ့အားသင့်သွားပြီးနောက် ၎င်းသည် သူမမှော်စွမ်းအား၏ အကျိုးသက်ရောက်မှုကြောင့်ဆိုတာကို သိလိုက်ရသည်။

ကျင်းယွင်ယောင်သည် သူမ၏ တုံ့ပြန်မှုကို သတိထားမိပြီး "ဘာဖြစ်တာလဲ?"

“အမ် အမေ ကျွန်မ…” ကုနင်းသည် မည်သို့စတင်ပြောရမည်ကို မသိပေ။

"ဘာဖြစ်လို့လဲ?" ကျင်းယွင်ယောင် က မေးသည်။

"အင်း အမေ ဘုရားကျောင်းမှာ မေ့သွားတုန်းက အမေ့ကို စွမ်းအင်သလင်း‌ကျောက်နဲ့ ကူညီပေးခဲ့တာ။ အခု အမေ့မျက်နှာပေါ်က အမာရွတ် နည်းနည်း မှိန်သွားပြီ။" ဟု ကုနင်းက ပြောသည်။ ၎င်းသည် သူမမှော်အစွမ်း၏ အကျိုးသက်ရောက်မှုဟု မပြောပြနိုင်သောကြောင့် လိမ်ညာလိုက်ခြင်း ဖြစ်သည်။

"ဟင်?" ကျင်းယွင်ယောင်လည်း အံ့သြသွားသည်။

မနှောင့်နှေးဘဲ မှန်ထဲမှာ သူ့ကိုယ်သူ ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်ရှိ အမာရွတ် အနည်းငယ် မှိန်ဖျော့သွားသည်ကို သူမ အမှန်ပင် တွေ့ရှိခဲ့ရသည်။ စွမ်းအင်သလင်းကျောက်သည် သူမထင်ထားသည်ထက် များစွာအသုံးဝင်သောကြောင့် အံ့ဩနေမိသည်။

သူမ အံ့သြလွန်းသောကြောင့် လက်ခံရန် အချိန်အနည်းငယ်ပင်ယူရသည်။

ကုနင်းသည် ကျင်းယွင်ယောင်ကို ကြည့်ပြီး စိတ်ပူပန်နေပုံပေါက်‌သောကြောင့် ကျင်းယွင်ယောင် သည် သူမကို ချက်ချင်း နှစ်သိမ့်ပေးသည်။ “ငါ့အတွက် စိတ်မပူပါနဲ့။ ငါ မင်းကို အပြစ်မတင်ပါဘူး။ ငါ့ခန္ဓာကိုယ်အတွက်ကူညီချင်လို့ မင်း သလင်းကျောက်ကို သုံးခဲ့တာ ငါသိပါတယ်၊ အဲဒါအတွက်လည်း ငါမင်းကို ကျေးဇူးတင်တယ်။ ဘာပဲဖြစ်ဖြစ် ငါဘယ်သူလဲ၊ ငါ့ရန်သူက ဘယ်သူလဲဆိုတာ သိထားပြီးသားမို့ ဒီအမာရွတ်က သိပ်အရေးမကြီးပါဘူး။”

ကျင်းယွင်ယောင်သည် ကုနင်းကို အပြစ်တင်ရန် ရည်ရွယ်ချက်မရှိ‌ပေ။ သူမ၏ကလဲ့စားချေခြင်းကို လက်မလျှော့‌စေရန် မိမိကိုယ်ကို သတိပေးရန်အတွက် ဒီအမာရွတ်ကို ဒီတိုင်းထားထားခြင်းဖြစ်သည်။

သူမသည် ယခုအချိန်တွင် သိလိုသည်များကို သိပြီးပြီဖြစ်သောကြောင့် အမာရွတ် ပျောက်သွားလျှင်တောင် အရေးမကြီး‌ပေ။

ကုနင်းသည် ကျင်းယွင်ယောင်က အမှန်တကယ် ဂရုမစိုက်ကြောင်း သူမသိလိုက်သောအခါမှ စိတ်လျှော့လိုက်နိုင်သည်။ ဒါက ကြီးကြီးမားမားမဟုတ်ပေမယ့် ကုနင်းသည် ကျင်းယွင်ယောင်ကို တောင်းပန်သင့်တုန်းပဲဟု တွေးလိုက်သည်။

"အဲဒါအတွက် တောင်းပန်ပါတယ်။ အမေ အခုမလိုအပ်တော့ဘူးဆိုရင် အပြီးတိုင်ဖယ်ရှားဖို့ ကျွန်မ ကူညီပေးမှာပါ" ဟု ကုနင်းက ပြောလိုက်သည်။

"ဟုတ်ပါပြီ ဒါပေမယ့် ငါတို့အရင်ချက်ကြတာ‌ပေါ့" ကျင်းယွင်ယောင်က ပြုံးပြီးပြောသည်။

ထို့နောက် အတူတူ ချက်ပြုတ်ရန် သွားကြသည်။ ဟင်းကောင်းကောင်းချက်စားရန် ဆုံးဖြတ်ထားပေမယ့် နှစ်ယောက်ပဲရှိတာကြောင့် အစားအများကြီးတော့ မချက်တော့ပေ။

ကျင်းယွင်ယောင်သည် လက်ရာကောင်းသူတစ်ယောက်ဖြစ်ပြီး မကြာမီပင် မီးဖိုချောင်မှ ခံတွင်းတွေ့စေသော ရနံ့တစ်ခု ထွက်ပေါ်လာသည်။

သူမသည် နှစ်ပေါင်းများစွာ ချက်ပြုတ်ခဲ့သောကြောင့် သူမ၏ ဟင်းချက်ကျွမ်းကျင်မှုကို ယုံကြည်မှုရှိသည်။

ပင်လယ်စာစားပြီးနောက် ကျင်းယွင်ယောင်သည် ပန်းကန်များကို ကိုယ်တိုင်ဆေးချင်သော်လည်း ကုနင်းက သူမကို တားလိုက်သည်။ ကုနင်းသည် သူမကို အနားယူခိုင်းပြီး သူမဆေးမည်ပြောလိုက်သည်။ ဒီည ညစာကို ကျင်းယွင်ယောင် ချက်ထားတာဖြစ်၍ သူမအနေနဲ့ တစ်ခုခု လုပ်သင့်တယ်ဟု တွေးလိုက်သည်။

ကုနင်းက အတင်းအကြပ်ပြောနေ၍ ကျင်းယွင်ယောင်သည် သူ့မျက်နှာပေါ်က အမာရွတ်ကို ဖြေရှင်းဖို့ ထွက်သွားလိုက်သည်။ ဤတစ်ကြိမ်တွင် ကုနင်း၏ စွမ်းအင်သလင်း‌ကျောက်၏ ကြီးမားပြီး မယုံနိုင်စရာကောင်းသော အကျိုးသက်ရောက်မှုကို သူမ အမှန်တကယ် ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် စွမ်းအင်သလင်းကျောက်၏ အရည်သည် အမာရွတ်ကို ထိလိုက်သည်နှင့် တပြိုင်နက် အမာရွတ်မှာ မှိန်သွားတော့သည်။

ကုနင်းသည် ပန်းကန်ဆေးပြီးနောက် ကျင်းယွင်ယောင်နှင့် ခဏတာ စကားပြောရန် ဧည့်သည်အခန်းသို့သွားလိုက်သည်။

ည ၈ နာရီအချိန်၌ ကုနင်းသည် တစ်ခုခုဖြေရှင်းရန် အပြင်ထွက်ရန် လိုအပ်ကြောင်း ကျင်းယွင်ယောင်ကို ပြောလိုက်သည်။ ကျင်းယွင်ယောင် တစ်ခုခုအကူအညီလိုအပ်လျှင် သူမကို ဖုန်းဆက်နိုင်သည်။

ကုနင်းသည် အိမ်မှထွက်လာ‌သောအခါတွင် ချီထျန်းလင်ကို ဖုန်းခေါ်ပြီး သူသည် ဟွမ်းဒင်ဟိုတယ်တွင် ရှိနေကြောင်း သိလိုက်ရသည်။

ကုနင်းသည် သူ့ကို ဟိုတယ်၏ အပေါ်ဆုံးထပ်က ကော်ဖီဆိုင်တွင် စားပွဲတစ်ခု ကြိုတင်မှာထားဖို့ ပြောလိုက်သည်။ သူတို့အဲဒီမှာဆုံကြမည်။

ဟွမ်းဒင်ဟိုတယ်၏ အပေါ်ဆုံးထပ်ရှိ ကော်ဖီဆိုင်၏ နံရံအများစုသည် မှန်များဖြစ်သောကြောင့် ပတ်ဝန်းကျင်၏ လှပသောရှုခင်းများကို လူများခံစားလို့ရနိုင်သည်။

***

အခန်း ၁၆၅၈ သူ့သားနဲ့ ထွက်ပြေးသွားတယ်

ကော်ဖီဆိုင်တွင် သီးသန့်အခန်းများမရှိသော်လည်း အခန်းအကန့်များရှိသည်။ ထိုသို့သီးသန့်နေရာ များများစားစား မရှိပေမယ့်လည်း သိပ်လည်းမဖွင့်ဖြစ်‌ပေ။

ကားပိတ်ချိန်မဟုတ်သောကြောင့် ကုနင်းသည် ဟွမ်းဒင်ဟိုတယ်သို့ မကြာမီအချိန်အတွင်းရောက်ရှိလာသည်။

သူမသည် လော်ဘီသို့ လှမ်းကြည့်လိုက်သောအခါ ထန်ပင်းစန်သည် အခြားစီးပွားရေးသမားများစွာနှင့် အပြင်ဘက်သို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

ထန်ပင်းစန်သည် သူ့မိသားစု မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကြောင့် မှုန်ကုပ်ကုပ် ဖြစ်နေသော်လည်း သူ့လုပ်ငန်းကို ကိုင်တွယ်ဖြေရှင်းနေရဆဲဖြစ်သည်။ ဖုန်းလင်ကို အာရုံစိုက်ရန် ခွန်အားမရှိ‌သေး၍ ဖုန်းလင်သည် သူ့နောက်ကွယ်တွင် ဘာတွေလုပ်ထားလဲဆိုတာ မသိသေးပေ။

ကုနင်းသည် ယနေ့ "ထန်အိုက်နင်း" အနေဖြင့် ကိုယ်ယောင်ဖျောက်ထားခြင်းမရှိသလို ထန်ပင်းစန်နှင့် ဆန့်ကျင်ပြီး ပဋိပက္ခတစ်စုံတစ်ရာမရှိသဖြင့် ထန်ပင်းစန်သည် သူမအား လျစ်လျူရှုကာ အပြင်ဘက်သို့ တည့်တည့်လျှောက်သွားသည်။ ခဏအကြာတွင် ထန်ပင်းစန်သည် ဖုန်းလင်က သူ၏သားနှင့်အတူ ထွက်ပြေးသွားသော သတင်းဆိုးကိုကြားလိုက်ရသည်။

မယုံနိုင်စွာနဲ့ ဖုန်းချီလဲ့ တက်နေတဲ့ ဆေးရုံကို သွားလိုက်သည်။

…

ချီထျန်းလင်သည် ကုနင်း လာတဲ့အချိန်မှာ သူမကိုစောင့်နေပြီဖြစ်သည်။ ယွီဟောက်နှင့် ချန်းဟွာတို့သည် ကုနင်းကို ယဉ်ကျေးစွာ နှုတ်ဆက်ကြသည်။

“မင်းမှာ ငါနဲ့ ထမင်းစားဖို့ အချိန်မရှိဘူးဆိုတော့ ကော်ဖီ‌တော့ဝယ်တိုက်” ဟု ချီထျန်းလင်က ပြောသည်။

"ပြဿနာမရှိပါဘူး" ကုနင်းက သဘောတူလိုက်ပြီး ကော်ဖီမှာကြားရန် ဝိတ်တာတစ်ယောက်ကို ခေါ်လိုက်သည်။

ယွီဟောက်နှင့် ချန်းဟွာတို့သည် ချီထျန်းလင်၏ ကိုယ်ရံတော်များဖြစ်ကြသော်လည်း သူတို့သည် အတူရှိစဉ်က သူငယ်ချင်းများကဲ့သို့ပင်။ ကုနင်းသည် သူတို့ကို တန်းတူရည်တူဆက်ဆံတဲ့အတွက် သူတို့စိတ်ကြိုက်တွေကိုလည်း မှာပေးသည်။

မိနစ်အနည်းငယ်ကြာတော့ ကော်ဖီခွက်လေးခွက်သည် စားပွဲပေါ်ရောက်လာသည်။

ထို့နောက် ကုနင်းသည် ချီထျန်းလင်ကို ကြွေပုလင်း ပေးလိုက်သည်။

ချီထျန်းလင်သည် သူမနဲ့ဖုန်းဆက်ပြီးနောက် ပိုက်ဆံလွှဲပေးထားပြီးသားဆို‌တော့ သူမ,မလာမှာကို ကြောက်နေပုံပေါ်သည်။

ကုနင်း စိတ်ထဲမှာ သူက ဆေးတွေကိုပဲ ဂရုစိုက်တယ်လို့ ထင်နေသည်။

တကယ်တော့ ချီထျန်းလင်သည် သူမကို တွေ့ချင်ခြင်းပင်။

သူတို့ ကော်ဖီမှာထားသောကြောင့် ကုနင်းသည် ချက်ချင်း မထွက်သွားနိုင်ဘဲ သူမသည် ချီထျန်းလင်နှင့် စကားစမြည်ပြောနေခဲ့သည်။

နာရီဝက်လောက်ကြာ‌သောအခါ ကုနင်းသည် သူမအိမ်မှာ ဆွေမျိုးတစ်ယောက်ရောက်နေပြီး ထိုဆွေမျိုးကို တစ်ယောက်ထဲ အကြာကြီးထားလို့မဖြစ်တဲ့အတွက် ပြန်ရတော့မည်ဖြစ်‌ကြောင်းပြောလိုက်သည်။

ချီထျန်းလင်သည် ကုနင်းက အကြောင်းတစ်ခုခုကြောင့် ထွက်ခွာရမည်ကို သိသောကြောင့် သူမကို ဆွဲမထားတော့ပေ။

…

ထန်ပင်းစန် ဆေးရုံသို့ရောက်ရှိလာသောအခါ ဖုန်းချီလဲ့တို့သားအမိသည် မနေ့နေ့လယ်က ထွက်ခွာသွားပြီဖြစ်ကြောင်းကြားလိုက်ရသည်။

ထန်ပင်းစန်သည် ဒေါသထွက်သွားပြီး ဖုန်းလင်ကို ချက်ချင်းဖုန်းဆက်ခဲ့ပေမယ့် သူမကို မဆက်သွယ်နိုင်ခဲ့‌ပေ။

မဆိုင်းမတွပင် ဖုန်းလင်၏ တိုက်ခန်းသို့ သွားလိုက်သည်။ သူ့မှာ ဖုန်းလင်ရဲ့ တိုက်ခန်းရဲ့သော့ ရှိတာကြောင့် တံခါးကို တန်းဖွင့်လိုက်ပြီး အထဲကို ဝင်သွားလိုက်သည်။ သို့သော် မည်သူမျှမရှိပေ။

"ဘာလဲကွာ?" ထန်ပင်းစန် ဒေါသထွက်သွားသည်။

ထန်ပင်းစန်သည် ဖုန်းလင်က ခုရက်ပိုင်းသူ ကံဆိုးမိုးမှောင်ကျနေ၍ သားဖြစ်သူနှင့်အတူ ထွက်ပြေးသွားတာလို့ ထင်ပြီး သူမသည် သူအရာအားလုံးဆုံးရှုံးမည်ကို စိုးရိမ်နေပေလိမ့်မည် ဟုတွေးသည်။

"ထန်အိုက်နင်း" ‌နဲ့လည်း ပတ်သတ်ရမယ်! သူ့မှာတရားမ၀င်သားတစ်ယောက်ရှိတယ်ဆိုတဲ့လျှို့ဝှက်ချက်ကို သူမဆီကနေ လျှို့ဝှက်ထားနိုင်မည်ဟု သူမထင်ပေ။

ထို့နောက် ထန်ပင်းစန်သည် ဒေါသတကြီးဖြင့် “ထန်အိုက်နင်း” ကိုဖုန်းခေါ်သော်လည်း ကုနင်းသည် ဖုန်းကို သူမ၏ စိတ်စွမ်းအင်အာကာပြင်တွင် ထည့်ထားသောကြောင့် ဖုန်းခေါ်ဆိုမှုကို လွတ်သွားသည်။

ထန်ပင်းစန်သည် ဒေါသမီးများ တောက်လောင်ကာ ဖုန်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

…

ကုနင်းပြန်ရောက်ချိန်တွင် ကျင်းယွင်ယောင်သည် သူ့အခန်းထဲမှာ ရှိနေတာကြောင့် ကုနင်းသည် သူမကို အနှောက်အယှက်မပေးဘဲ သူ့အခန်းကိုလည်း ပြန်သွားလိုက်သည်။

ခဏကြာတော့ လင်ရှောင်းထင်သည် သူမကို ဖုန်းခေါ်ပြီး ကုနင်းနဲ့ အချိန်အတော်ကြာ စကားစမြည်ပြောခဲ့ပေမယ့် ကျင်းယွင်ယောင်အကြောင်းနဲ့ ပတ်သတ်ပြီး ဘာမှ မပြောသေး‌ပေ။

လင်ရှောင်းထင်နှင့် ဖုန်းခေါ်ဆိုပြီးနောက် ကုနင်းသည် ထန်အိုက်နင်း နာမည်နှင့် ဖုန်းကို ထုတ်လိုက်သည်။ ဖုန်းခေါ်ဆိုမှု သို့မဟုတ် မက်ဆေ့ဂျ်များ လွတ်သွားခြင်းရှိမရှိ သိရန် နေ့တိုင်း ၎င်းကို အကြိမ်ပေါင်းများစွာ စစ်ဆေး‌လေ့ရှိသည်။

တကယ်တော့ ထန်ပင်းစန်က သူမကို ဆက်သွယ်ခဲ့သလားဆိုတာကို သူမ အဓိက သိချင်တာပင်။ သူဒေါသဖြစ်လျှင် သူမအရမ်းပျော်သည်။

ကုနင်းသည် ဟွမ်းဟိုင်ဟောက်အတွက်တော့ စိတ်မပူပေ။ အဘယ်ကြောင့်ဆိုတော့ သူမသည် သူ့အား ကောင်းယိ၏ ဖုန်းနံပါတ်ကို ပေးခဲ့ပြီး ကောင်းယိကတစ်ဆင့် သူမကို ရှာနိုင်တာကြောင့်ဖြစ်သည်။

ကုနင်းဖုန်းကိုထုတ်လိုက်သောအခါ ထန်ပင်းစန်ထံမှ လွတ်သွားသောဖုန်းခေါ်ဆိုမှုများကို သူမမြင်လိုက်ရပြီး သူမပြန်ခေါ်လိုက်သည်။

စက္ကန့်အနည်းငယ်ကြာတော့ ထန်ပင်းစန်က ကောက်ကိုင်လိုက်သည်။

"ကျွန်မ ဘာကူညီ‌ပေးရမလဲ မစ္စတာထန်" ကုနင်းသည် ပျင်းတိပျင်းရွဲအသံနှင့် မေးလိုက်သည်။

ကျင်းယွင်ယောင်၏အခန်းနှင့် ကုနင်းအခန်းကြားတွင် အခန်းတစ်ခန်းသာခြားပြီး ကျင်းယွင်ယောင်သည် အကြားအာရုံကောင်းမွန်သောကြောင့် ကုနင်း၏ ဖုန်းပြောသံကို သူမကြားနိုင်သည်။

ကုနင်းသည် ပထမတစ်ခါဖုန်းပြောတုန်းက သူမ၏အသံကို တမင်တကာ နှိမ့်ထားတာကြောင့် ကျင်းယွင်ယောင်သည် အဲဒါကို ဂရုမစိုက်ပေ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ကုနင်းသည် သူမ၏အသံကို လျှော့ဖို့ စိတ်မ၀င်စားပေ။

ထို့ကြောင့် ကျင်းယွင်ယောင်သည် ကုနင်းအသံပြောင်းသွားပြီး ယောက်ျားတစ်ယောက်နဲ့ စကားပြောနေတာကို ကြားလိုက်ရသည်။

၎င်းသည် ကျင်းယွင်ယောင်၏ စူးစမ်းလိုစိတ်ကို နှိုးဆွပေးသောကြောင့် သူမသည် သူတို့စကားဝိုင်းကို အာရုံစိုက်လိုက်သည်။

ကုနင်းသည် သူမသား၏ရည်းစားဖြစ်ပြီး သူမအကြောင်းကို ပိုသိချင်သည်။

"မင်း ဖုန်းလင်နဲ့ ဖုန်းချီလဲ့ကို ခေါ်သွားတာမလား?" ထန်ပင်းစန်က မဆိုင်းမတွ မေးသည်။

"ဘာလို့ ကျွန်မလို့ထင်တာလဲ?" ကုနင်းက မေးသည်။

***

အခန်း ၁၆၅၉ ထန်ပင်းစန် မှာ နှလုံးရောဂါရှိတယ်

ဖုန်းလင်နှင့် ဖုန်းချီလဲ့တို့မှာ မည်သူဖြစ်သည်ကို သူမ,မမေးတဲ့အတွက် သူမသည် သူတို့ကို သိထားပြီးဖြစ်သည်ဟုဆိုလိုသည်။ ထို့‌ကြောင့် ထန်ပင်းစန်သည် သူတို့အား ပြန်ပေးဆွဲခံရသည်ဟု ထင်လိုက်သည်။

"မင်း မလား?" ထန်ပင်းစန် က မေးသည်။

"ဟုတ်တယ် ကျွန်မပဲ။" ကုနင်းက ဝန်ခံလိုက်သည်။

“မင်း…” ထန်ပင်းစန် ဒေါသထွက်သွားသည်။

"ဘာလို့ဒီလိုလုပ်တာလဲ?" ထန်ပင်းစန်က ဒေါသတကြီး မေးသည်။ "သူတို့က မင်းနဲ့ ဘာရန်ငြိုးမှ မရှိဘူး။"

"ရှင်ပြောတာမှန်ပါတယ်။ ကျွန်မသူတို့ကို ထိခိုက်အောင် မလုပ်ပါဘူး။ ဒါပေမယ့် သူတို့က ကျွန်မလမ်းမှာရှိနေတော့ သူတို့ကိုဖယ်ရှားပစ်ရမယ်လေ။ ကျွန်မက သူတို့ကို ပိုက်ဆံနည်းနည်းပေးပြီး ရှင်နဲ့ ဆက်ဆံရေးဖြတ်ဖို့ ပြောခဲ့ရုံပါ" ဟု ကုနင်းသည် လေသံ‌အေးအေးနဲ့ပြောလိုက်သည်။

ထိုစကားကိုကြားတော့ ကျင်းယွင်ယောင်သည် မျက်မှောင်ကြုတ်လိုက်သည်။

"မင်းဘာလိုချင်တာလဲ?"

"ထန်မိသားစုရဲ့ ချမ်းသာမှုကို လိုချင်တယ်လို့ ပြောပြီးပြီလေ။ ရှင်ကျွန်မကို ‌ပေးဖို့ ဆန္ဒရှိနေသရွေ့ ရှင့်ကို အလွတ်‌ပေးနိုင်ပါတယ်။ မဟုတ်ရင်လည်း ရှင် အပြစ်ပေးခံရဖို့သာ စောင့်နေလိုက်တော့” ဟု ကုနင်းက အေးစက်တဲ့လေသံနဲ့ ပြောလိုက်သည်။

ကုနင်းသည် ဖုန်း၏တစ်ဖက်တွင်ရှိသော မစ္စတာတန်အား ကာလကြာရှည်စွာ အငြိုးထားထားသည်ကို ကျင်းယွင်ယောင်က သဘောပေါက်လိုက်သည်။ သို့သော် သူမသည် ဘာကြောင့်မှန်းတော့မသိ‌ပေ။

မစ္စတာတန်သည် ကုနင်း၏ရည်းစားဟောင်းဖြစ်မည်ကို သူမစိုးရိမ်နေမိသည်။ ကုနင်းမှာ ရည်းစားဟောင်းရှိရုံနဲ့ ကုနင်းကို မဆုံးဖြတ်သင့်သော်လည်း ကုနင်းသည် သူမ၏ရည်းစားဟောင်းနှင့် အဆက်အသွယ်မပြတ်သေးပါက လင်ရှောင်းထင်ကို နာကျင်စေလိမ့်မည်။ ထိုအရာကို သူမအလိုမရှိပါ။

တစ်ယောက်ကိုတစ်ယောက် မုန်းတီး‌နေကြသော်လည်း ထိုမုန်းတီးမှုသည် စိတ်ခံစားမှုတစ်ခုလည်းဖြစ်သည်။

"ထန်ပင်းစန် ကျွန်မသာ အစောထဲက အမှန်တရားကို သိခဲ့ရင် ရှင်အသတ်ခံရတာကြာ‌နေပြီ။ ရှင့်ရဲ့တစ်ကိုယ်ကောင်းဆန်လွန်းတဲ့စိတ်နဲ့ ရှင့်ပထမဇနီးအိုက်ရှင်းရုန်ကို သစ္စာဖောက်ခဲ့တယ်။ ကားမတော်တဆမှုနဲ့ သူမက သတိပဲလည်ပြီး ဘာကိုမှ မတုံ့ပြန်နိုင်တော့တဲ့ အခြေအနေအထိရောက်ရတာ ရှင်နဲ့ တစ်ခုခုတော့ ပတ်သက်ရမယ်!" ကုနင်းသည် ထန်ပင်းစန်ကို သံသယဖြစ်မိသည်။

အိုက်ရှင်းရုန်သည် ထန်အိုက်နင်း၏မိခင်ဖြစ်ပြီး ထန်အိုက်နင်းသည် သူမမိခင်၏မျိုးရိုးကို အမွေဆက်ခံခဲ့သည်။

ထန်ပင်းစန်သည် ကားမတော်တဆမှုဟာ သူ့အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေတဲ့အတွက် ကုနင်းက ထိုစကားပြောလိုက်တာနဲ့ လန့်သွားသည်။

ကျင်းယွင်ယောင်လည်း ထိုစကားကိုကြားတော့ ကြောက်လန့်သွားသည်။

“ရှင့်ရဲ့ ပထမဇနီး ကားမတော်တဆဖြစ်အောင် လုပ်ပြီးတာနဲ့ ရှင်က ရှင့်မယားငယ်နဲ့ တရားမ၀င်သမီးကို အိမ်ပေါ်ခေါ်တင်ပြီးရှင့်သမီးအရင်းကို ရက်စက်ကြမ်းကြုတ်တဲ့လေ့ကျင့်ရေးစခန်းမှာ ထည့်ခဲ့တယ်။ ရှင်သူ့ကို အပြည့်အ၀အသုံးချပြီး ထန်မိသားစုရဲ့ အကျိုးစီးပွားအတွက် မကောင်းမှုတွေလုပ်ခိုင်းခဲ့တယ်။ ဒါပေမယ့် ရှင်စိတ်ပျက်သွားမှာပေါ့။ ထန်အိုက်နင်းက မသေသေးဘူး‌ဆို‌တော့။ ရှင်လုပ်ခဲ့တာတွေအတွက် ရှင်ပြန်ပေးဆပ်ရမယ်လေ!" ကုနင်းက ရယ်မောကာ ပြောလိုက်သည်။

ကျင်းယွင်ယောင်က ထိတ်လန့်သွားပြီး ကုနင်းက ထန်အိုက်နင်းလို့ သူထင်သည်။ အဲ့တာဆိုလျှင် ကုနင်းသည် ငယ်စဉ်ကလေးဘဝတုန်းက ရက်စက်ကြမ်းကြုတ်သောလေ့ကျင့်ရေးစခန်းသို့ ပို့ခံခဲ့ရကြောင်း ထင်ရှားသည်။ သူမသည် တိုက်ခိုက်ရေးတွင် အလွန်ထူးချွန်သည်မှာ အံ့သြစရာမဟုတ်ပေ။

ရုတ်တရက်ဆိုသလို ကျင်းယွင်ယောင်သည် ကုနင်းကို အရမ်းသနားမိသွားသည်။

“မင်း…” ထန်ပင်းစန် ဒေါသတကြီး ဒေါသထွက်နေသော်လည်း ဘာပြောရမှန်းမသိ။

ကုနင်းက သူ့ကို စကားပြောခွင့် မပေးဘဲ ဖုန်းကို ချလိုက်သည်။ ထိုအချိန်တွင် သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်မှု ပျောက်ဆုံးသွားသော်လည်း မိနစ်အနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။

ထို့နောက်တွင် ကုနင်းသည် ထန်ပင်းစန်နှင့် ဖုန်းပြောဆိုမှုကို ကျင်းယွင်ယောင်မှ ကြားနိုင်သည်ဟု သဘောပေါက်လိုက်သည်။ ကံကောင်းစွာပဲ၊ သူမ အဲ့တာကို ဂရုမစိုက်ပါ။

ကုနင်းသည် ရုတ်တရက် ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်သောအခါ ထန်ပင်းစန်သည် ဒေါသများထွက်ပြီး မူးလဲသွားပြန်သည်။

ကုနင်းနှင့် ဖုန်း‌ပြောနေစဉ်တွင် သူသည် အပြန်ပြန်အလှန်လှန် လမ်းလျှောက်နေသောကြောင့် သူသည် မြေပြင်ပေါ်သို့ ချက်ချင်း လဲကျသွားသည်။ ထန်ပင်းစန်သည် ပြန်ထနိုင်ရန် ရုန်းကန်‌‌နေပြီး ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ဖိထားသည်။ အသက်ရှုရခက်သလို ခံစားလာရသည်။

မကြာမီ သူသည် အလွန်ဆိုးရွားသော အခြေအနေတွင် ရှိနေသည်ကို သိလိုက်ရသောကြောင့် အိမ်ထိန်းကို ဖုန်းဆက်ပြီး သူ့မိသားစု ဆရာဝန်ထံ ဖုန်းဆက်ရန် အမိန့်ပေးခဲ့သည်။

ကုနင်းနဲ့ဖုန်းဆက်ပြီး ရုတ်တရက် မူးလဲသွားတာ ဒါပထမဆုံးအကြိမ်မဟုတ်တာကြောင့် သူ့ကိုပြုစုဖို့ မိသားစုဆရာဝန်ကို ငှားထားသည်။

အိမ်ထိန်းသည် အောက်ထပ်တွင်ရှိသော်လည်း ထန်ပင်းစန်သည် ယခုအချိန်တွင် အော်ခေါ်ပြီး အကူအညီတောင်းရန် ခွန်အားမရှိတော့ပေ။ သူဖုန်းဆက်ဖို့သာ အစွမ်းကုန် လုပ်နိုင်သည်။

ထို့‌‌နောက် အိမ်ထိနိးသည် ထန်ပင်းစန်၏ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီး ဆရာဝန်ဟူသောစကားကိုကြားသောအခါတွင် သူသည်ဆရာဝန်ကိုခေါ်ပြီး အပေါ်ထပ်သို့အတူတူတက်လာသည်။

ထန်ပင်းစန်၏ စာဖတ်ခန်းမှ တောက်ပသော အလင်းရောင်ကို တွေ့လိုက်ရသောကြောင့် ထိုနေရာသို့ ပြေးသွားကြသည်။

"သခင်ကြီးထန်!" အိမ်စောင့်နဲ့ ဆရာဝန်က ထန်ပင်းစန်ဆီ ချက်ချင်းပဲ ပြေးသွားသည်။

ထန်ပင်းစန်မှာ နှလုံးနဲ့ပတ်သတ်ပြီး ပြသနာရှိကြောင်း ဆရာဝန်က တွေ့ရှိတဲ့အတွက် သူ့ကို ချက်ချင်း ဆေးရုံကို ပို့ခဲ့သည်။

ဆေးစစ်ပြီးနောက် ထန်ပင်းစန်တွင် နှလုံးရောဂါရှိပြီး သူ၏သွေးပေါင်လည်း အလွန်မြင့်မားနေကြောင်း တွေ့ရှိရသည်။

ထိုအခြေအနေမျိုးတွင် သူသည် စိတ်တည်ငြိမ်‌နေသင့်ပြီး သူ၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သောကြောင့် သူ၏စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်မှ ရပါမည်။

ထန်ပင်းစန်သည် ကောင်းကောင်းနားလည်တဲ့အတွက် စိတ်တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားသည်။ တစ်ချိန်တည်းမှာပင် သူသည် "ထန်အိုက်နင်း" ကို သေလောက်သည်အထိမုန်းတီး‌နေသည်။

ချမ်းသာလေလေ သေခြင်းကို ပိုကြောက်လေလေဖြစ်သည်။

"ထန်အိုက်နင်း" ကြောင့် ထန်ပင်းစန်သည် နှစ်ကြိမ်တိုင်တိုင် မူးလဲသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်မှာ ယခုအခါ အခြေအနေဆိုးရွားနေပြီဖြစ်သည်။ ထို့ကြောင့် ထန်ပင်းစန်သည် သူမကို လွန်စွာမုန်းတီးသော်လည်း သူမကို ပြန်ဆပ်ရန်အတွက် ဘာမှမတတ်နိုင်သောကြောင့် သူမကို ပို၍ပင်မုန်းတီးခဲ့သည်။

…

ကျင်းယွင်ယောင်သည် မနက် ၃ နာရီအထိ မအိပ်ရသေးသော်လည်း နောက်နေ့မနက်တွင် ကုနင်းအတွက် မနက်စာပြင်ဆင်ရန် စောစောထခဲ့သည်။

မျက်နှာကို ရေဆေးလိုက်သောအခါတွင် အမာရွတ်သည် လုံးဝပျောက်ကွယ်သွားသည်ကို သတိပြုမိပြီး အံ့သြသွားမိသည်။

ကုနင်း၏ စွမ်းအင်သလင်းကျောက်များသည် မှော်ဆေးများကဲ့သို့ပင် ထိရောက်ကြောင်း သူမ နောက်ဆုံးတွင် သဘောပေါက်သွားသည်။

***

အခန်း ၁၆၆၀ လန်နျို

ကျင်းယွင်ယောင် နိုးနေသည်ကို ကုနင်းကြားလိုက်သောအခါ သူမထလာခဲ့သည်။

သူမ အောက်ထပ်သို့ မဆင်းမီ မီးဖိုချောင်မှ အသံများကြားရပြီး ကျင်းယွင်ယောင်သည် မနက်စာ ပြင်ဆင်နေမှန်း သိလိုက်သည်။

ကုနင်းသည် မီးဖိုခန်းထဲကို ချက်ချင်းအလျင်အမြန်ဝင်သွားသည်။

"အမေ ကျွန်မလုပ်လိုက်ပါမယ်"

“အဆင်ပြပေါတယ်။ အမေလုပ်နိုင်တယ်၊ မင်း အပြင်မှာပဲ စောင့်နေလိုက်ပါ” လို့ ကျင်းယွင်ယောင်က ပြောသည်။

ကုနင်းသည် ထပ်မံမတောင်းဆို‌ေတာ့ဘဲ ထွက်သွားသည်။ ကျင်းယွင်ယောင်၏ မျက်နှာမှ အမာရွတ် ပျောက်ကွယ်သွားသည်ကို သူမ သတိပြုမိသော်လည်း အံ့သြစရာ ရလဒ်မဟုတ်ပေ။

သိပ်မကြာခင်မှာပဲ မနက်စာ ပြင်ဆင်ပြီးသွားကာ ကျင်းယွင်ယောင်က ပန်းကန်တွေကို ချလိုက်သည်။

မနက်စာစားနေစဉ်တွင် ကုနင်းသည် ကျင်းယွင်ယောင်၏ မျက်လုံးများမှ စာနာမှု၊ ချစ်မှုနှင့် ဂရုစိုက်မှုတို့ကို ခံစားခဲ့ရသည်။ သူမသည် ရယ်မောနေပြီး ကျင်းယွင်ယောင်သည် သူမကို ဘာကြောင့် ထိုကဲ့သို့ ကြည့်နေသည်ကို သိလိုက်သည်။

"အမေ ဘာဖြစ်လို့လဲ?" ကုနင်းက မေးသည်။

“ဘာမှမဟုတ်ပါဘူး” ကုနင်းထပ်ရင်နာမှာဆိုးရင် မပြောပြချင်သောကြောင့် ကျင်းယွင်ယောင်သည် ခေါင်းခါလိုက်သည်။

"မနေ့ညက ကျွန်မဖုန်းပြောနေတာကို ကြားသွားလား?" ကုနင်းက မေးသည်။

ကျင်းယွင်ယောင်က တစ်စက္ကန့်လောက် တွေဝေသွားပြီး ပြောလိုက်သည်။ "အင် ဟုတ်တယ်"

ကုနင်းက ခေါင်းညိတ်ပြလိုက်ပြီး မအံ့သြပါ‌ပေ။

"ကျွန်မကို ထန်အိုက်နင်းလို့ ထင်လား?" ကုနင်းက ထပ်မေးသည်။

"မင်းမဟုတ်ဘူးလား?" ကျင်းယွင်ယောင် အံ့သြသွားသည်။

တကယ်တော့ ကုနင်းက သူမဟာ ထန်အိုက်နင်း မဟုတ်ဘူးလိုငြင်းတယ်ဆိုတာ သိသာထင်ရှားပါသည်။

“သေချာပေါက် မဟုတ်ဘူးပေါ့။ ထန်အိုက်နင်း က သေသွားပြီ၊ ဒါပေမယ့် သူက အရင်တုန်းက ကျွန်မရဲ့ ဆရာပါ။ ကျွန်မသူ့အတွက် လက်စားချေ‌ပေးပြီး သူ့အဖေကို‌ခြောက်ဖို့ပဲလိုတာပါ”

ကုနင်းသာ အခုချက်ချင်း မရှင်းပြလျှင် နားလည်မှုလွဲသွားနိုင်သည်။ ထန်အိုက်နင်းသည် ကုနင်း၏ ခန္ဓာကိုယ်တွင် တစ်ဖန်မွေးဖွားလာသော်လည်း သူမသည် ယခု ကုနင်းဖြစ်၍ အခြားလူများက ထိုသို့ ယုံကြည်စေရမည်။

"အိုး ငါ အခု နားလည်ပြီ" ကျင်းယွင်ယောင် စိတ်အေးသွားသလို ခံစားရသည်။

မနက်စာစားပြီးနောက် ကျင်းယွင်ယောင်သည် ကုနင်း‌အား "နင်းနင်း၊ သမီး သမီးရဲ့အလုပ်ကို သွားလိုက်ပါ အမေ့ကိုယ့်ဘာသာဂရုစိုက်နိုင်ပါတယ်။"

ကုနင်းသည် သူမ၏ ကုမ္ပဏီကို မသွားပဲ တမင်ဒီမှာ‌နေ‌ပေး‌နေသည်ကို ကျင်းယွင်ယောင်က သတိထားမိသည်။ ကုနင်းသည် သူမအပေါ် အလွန်ကြင်နာတတ်ကြောင်း သူမသိသော်လည်း ကုနင်း၏အချိန်များကို ထပ်မယူနိုင်တော့ပေ။

“ဒီရက်တွေမှာ ကျွန်မအားပါတယ် ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းဖို့လိုတဲ့ ကိစ္စရှိရင်တော့ သွားမှာပါ စိတ်မပူနဲ့နော်” လို့ ကုနင်းက ပြောသည်။

ကျင်းယွင်ယောင်က ခေါင်းညိတ်လိုက်သည်။

ကုနင်းသည် ဘယ်မှမသွားပေမယ့် ကျင်းယွင်ယောင်ကိုလည်း ဂရုတစိုက် ကြည့်‌နေမည်မဟုတ်ပါ။ လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်ဘ၀ရှိဖို့ လိုအပ်သည်။

နေ့ခင်းဘက်တွင် ကုနင်းသည် နဉ်ချန်းခိုင်ထံမှ ဖုန်းလက်ခံရရှိပြီး ကမ္ဘာ့အကြီးဆုံး အလှကုန်ကုမ္ပဏီ လန်နျိုသည် ခိုကျီကို ၀ယ်ယူလိုကြောင်း ပြောပြသည်။ သူတို့၏နိုင်ငံမှာရှိသော ဌာနခွဲ၏ ဒုတိယဥက္ကဌဖြစ်သူ ဖန်းကျီကျဲ့သည် သူ့ကိုအမြဲတမ်းတွေ့လိုသော်လည်း သူငြင်းဆိုသောကြောင့် ဖန်းကျီကျဲ့က သူ့ကိုခြိမ်းခြောက်ပြီး လာဘ်ထိုးရန်ပင်ကြိုးစားခဲ့သည်ဟု ဆိုသည်။

လန်နျိုသည် အလွန်နာမည်ကြီးသော အလှကုန်ကုမ္ပဏီတစ်ခုဖြစ်ပြီး ဆံပင်ဆိုး‌ဆေး၊ အသားအရည်ထိန်းသိမ်းသည့်အလှကုန်များ၊ နေရောင်ကာကွယ်‌ဆေး၊ မိတ်ကပ်၊ ရေမွှေးနှင့် ဆံပင်ထိန်းသိမ်းမှုတို့ကို အာရုံစိုက်လုပ်ဆောင်သည့် လုပ်ငန်းများကို တီထွင်ထားသည်။ ယခု လန်နျိုတွင် မိတ်ကပ်အမှတ်တံဆိပ် ကိုးခုရှိသော်လည်း ၎င်းတို့အနက် နှစ်ခုမှာ ထိပ်တန်းအမှတ်တံဆိပ်များဖြစ်သောကြောင့် ကုနင်းသည် လန်နျိုထံမှ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သည့်အတွက် မအံ့သြ‌ပေ။

ခိုကျီသည် အချိန်တိုတိုအတွင်း လျှင်မြန်စွာ ကြီးထွားလာပြီး အမြတ်အစွန်းလည်း များသည်။

ကုနင်းသည် လန်နျိုက ခိုကျီ ကိုရယူပြီးနောက် ဘာလုပ်မည်ကို သိချင်လာသည်။ မည်သို့ပင်ဖြစ်စေ သူမသည် အကျပ်ကိုင်မှုနှင့် လာဘ်ပေးလာဘ်ယူမှုကို မကြိုက်ပါ။ "သူဘာပြောလဲ?"

“သူက မြို့တော်မှာရှိတဲ့ ယွမ်မိသားစုရဲ့ ဆွေမျိုးလို့ ပြောပါတယ်။ တကယ်လို့ ငါတို့သာ သဘောမတူရင် ကျွန်တော်တို့ မြို့တော်ကို ပိတ်ရလိမ့်မယ်တဲ့” ဟု နဉ်ချန်းခိုင်က ပြောသည်။

ဖန်းကျီကျဲ့သည် သြဇာကြီးမားခြင်းမရှိပါက နဉ်ချန်းခိုင်သည် ကုနင်းကိုဖုန်းခေါ်ကာ တကူးတကပြောပြမည် မဟုတ်ပေ။

ဒါကိုကြားလိုက်ရသောအခါ ကုနင်းက ပိုမ‌ပျော်ဖြစ်သွားသည်။ “အရမ်းကောင်းတယ်၊ သူ ကျွန်မတို့ကို ဘာလုပ်နိုင်မလဲဆိုတာကို မြင်ချင်‌သေးတယ်။ သူ ရှင့်ကို ထပ်ပြီး နှောင့်ယှက်ရဲရင် ကျွန်မဖုန်းနံပတ်ကို ပေးလိုက်ပါ။ ကျွန်မကိုယ်တိုင် ရှင်းမယ်"

“ဟုတ်ကဲ့” နဉ်ချန်းခိုင်က ပြောသည်။

ကုနင်းအတွက် အနည်းငယ် စိတ်ပူနေသော်လည်း သူမသည် ဤပြဿနာကို ဖြေရှင်းနိုင်စွမ်းရှိသည်ဟု သူယုံကြည်သည်။

ဖန်းကျီကျဲ့ သည် ယွမ်မိသားစု၏ ဆွေမျိုးတစ်ဦးမျှသာ ဖြစ်သော်လည်း ကုနင်းသည် မြို့တော်ရှိ လင်မိသားစု၏ ထောက်ပံ့မှု ရရှိထားသည်။

ထို့နောက် ကုနင်းသည် ကေကိုဖုန်းဆက်ပြီး ဖန်းကျီကျဲ့ နှင့်ပတ်သက်သော အချက်အလက်များကို ပိုမိုသိရှိနိုင်စေရန် ကူညီပေးရန်၊ အထူးသဖြင့် မြို့တော်ရှိ ယွမ်မိသားစုနှင့် သူ၏ဆက်ဆံရေးကို စုံစမ်းရန်ပြောပြခဲ့သည်။

စီးပွားရေးတိုက်ပွဲမှာ အနိုင်ရဖို့အတွက် သူ့ရန်သူကို ကောင်းကောင်းသိဖို့ လိုအပ်သည်။

သိပ်မကြာခင်မှာပဲ ကေဆီမှရလဒ်ထွက်လာသည်။ ဖန်းကျီကျဲ့သည် ယွမ်မိသားစုနှင့် ဆက်ဆံရေးရှိခဲ့သော်လည်း နီးစပ်ခြင်းမရှိပေ။ တစ်နည်းဆိုရသော် ဖန်းကျီကျဲ့သည် ယွမ်မိသားစု၏ ဝေးကွာသောဆွေမျိုးဖြစ်သည်။

ဖန်းမိသားစုသည် ယွမ်မိသားစုနှင့် ပေါင်းသင်းဆက်ဆံရန် အခွင့်အလမ်းများ ရှိသော်လည်း ၎င်းတို့သည် လုံးဝမရင်းနှီးခဲ့ပေ။ ကုနင်းသည် ဖန်းကျီကျဲ့မှာ သူနှင့် ယွမ်မိသားစု၏ ဝေးကွာသောဆက်ဆံရေးကို အသုံးပြု၍ သူမကုမ္ပဏီကိုဖိအားပေးသည်မှာ ရယ်စရာကောင်းကြောင်း တွေ့ရှိခဲ့သည်။

သူသည် လန်နျို ၏ဌာနခွဲတွင်အရေးကြီးသောရာထူးကိုရယူထားသော်လည်း လန်နျိုသည် နိုင်ငံခြားကုမ္ပဏီတစ်ခုဖြစ်သောကြောင့် လန်နျို၏ သြဇာလွှမ်းမိုးမှုကိုအသုံးပြုခြင်းဖြင့်သူ၏ရည်မှန်းချက်ကိုအောင်မြင်‌အောင် လုပ်ဆောင်ရန် မလုံလောက်ပေ။

***

အခန်း ၁၆၆၁ ရှန်းရှစ် အဖွဲ့အစည်းသို့သွားလည်ခြင်း

ဖန်းကျီကျဲ့သည် ကုနင်းအကြောင်း အများအပြားကြားသိခဲ့ရခြင်းကြောင့်ဖြစ်နိုင်ပြီး သူသည် သူမကို ယှဉ်ပြိုင်နိုင်ရန်အတွက် ယွမ်မိသားစု၏သြဇာကို အသုံးချရန် ကြိုးစားခဲ့ခြင်းဖြစ်နိုင်သည်။

နေ့လယ်စာစားပြီးနောက် ကုနင်းသည် အိမ်တွင် တစ်နေ့လုံးနေပါက သူမ၏ကျန်းမာရေးအတွက် မကောင်းသောကြောင့် ကျင်းယွင်ယောင်နှင့်အတူ လမ်းလျှောက်ထွင်ရန် ဆုံးဖြတ်ခဲ့သည်။

"အမေ ရှောင်းထင်ရဲ့ ကော်ပိုရေးရှင်းကို သွားကြည့်ကြမလား?" ကုနင်းက ပြောသည်။

ကျင်းယွင်ယောင်သည် သူမအား အလွန်အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ကြောင်း သိထားပြီးဖြစ်သောကြောင့် ယနေ့ သူမ၏ကုမ္ပဏီကိုလည်း သွားကြည့်လို့ရသည်။

“ဟုတ်ပြီလေ!” ကျင်းယွင်ယောင်မှ စိတ်လှုပ်ရှားစွာ‌ပေြာလိုက်သည်။

“ကျွန်မကုမ္ပဏီကတော့ တရားဝင် မတည်ထောင်ရသေးဘူး၊ ရုံးခန်းတွေ ဆောက်နေတုန်းပဲ” ဟု ကုနင်း က ပြောသည်။

"အင်း မင်းက ၁၉ နှစ်ပဲရှိ‌သေးတယ်ဆိုတာကို မယုံနိုင်စရာဖြစ်နေပြီ!" ကျင်းယွင်ယောင်က ပြောသည်။ သူမသည် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ကောမြို့တွင် ရက်အနည်းသာ နေထိုင်ခဲ့သော်လည်း နောက်ဆုံးရသတင်းများကို သူမသိသည်။

“ဟားဟား၊ တကယ်တော့ ရှောင်းထင်က ကျွန်မထက် အများကြီး ပိုအောင်မြင်တယ်။ သူ့မှာ ယွမ်ဘီလီယံရာနဲ့ချီတဲ့ ပိုင်ဆိုင်မှု ကော်ပိုရေးရှင်းတစ်ခုရှိတယ်၊ ဒါပေမယ့် လူသိပ်မသိကြပါဘူး” ဟု ကုနင်းကပြောသည်။

ရှန်းရှစ်အဖွဲ့အစည်းသည် ကျင်းလင်အဖွဲ့အစည်း၊ ထန်ဟွမ်အဖွဲ့အစည်းတို့နှင့် မယှဉ်နိုင်သော်လည်း ၎င်းသည် ၎င်းတို့၏နိုင်ငံရှိ ထိပ်တန်းကော်ပိုရေးရှင်း ၁၀ ခုအတွင်းတွင် အဆင့်သတ်မှတ်ခံရသည်။ အမှန်‌တော့ သူတို့မှာ ပိုင်ဆိုင်မှု ကြီးကြီးမားမား ကွာခြားမှု မရှိသော်လည်း သူတို့အားလုံးသည် သူတို့၏ လုပ်ငန်းနယ်ပယ်တွင် အလွန်အရေးကြီးတဲ့ နေရာတစ်ခုကို ကိုင်စွဲထားကြခြင်းသည်။

"ဟင်?" ကျင်းယွင်ယောင် အံ့ဩသွားသည်။ လင်ရှောင်းထင်၏ စစ်ဗိုလ်ချုပ်ရာထူးသည် သူမအား ထိတ်လန့်တုန်လှုပ်နေပြီဖြစ်သော်လည်း ပိုင်ဆိုင်မှု ယွမ်ဘီလီယံရာနှင့်ချီရှိသော ကော်ပိုရေးရှင်းတစ်ခုလည်း ရှိသည်ကို သူမ ပို၍ပင် အံ့သြသွားမိသည်။

"ရှန်းရှစ်အဖွဲ့အစည်းအကြောင်း ကြားဖူးလား?" ကုနင်းက မေးသည်။

"သိတယ်လေ။ အဲ့တာကို ရှောင်းထင် ပိုင်တာလား" ကျင်းယွင်ယောင် အံ့သြသွားသည်။

“ဟုတ်တယ်” ကုနင်းခေါင်းညိတ်လိုက်သည်။

“ကော်ပိုရေးရှင်းက သူ့အမေဘက်ကအဖိုးရဲ့ ပိုင်ဆိုင်မှုဖြစ်ခဲ့ဖူးတယ်လို့ ရှောင်းထင် ဆီကတော ့ကြားဖူးပေမယ့် သူ့အဘိုးမှာ သူ့အမေဖြစ်တဲ့ သမီးတစ်ယောက်ပဲ ရှိတော့ သူ့အမေက အမွေဆက်ခံခဲ့တာတဲ့။ ဒါပေမယ့် သူ့အဖေရော သူ့အမေရောက မြို့တော်ကို မကြိုက်ကြလို့ နှစ်ယောက်လုံး စစ်အခြေစိုက်စခန်းမှာ အလုပ်သွားလုပ်ကြတော့ သူ့အဘိုးက သူ့နောက်လိုက်တွေကို ကော်ပိုရေးရှင်းကို စီမံခန့်ခွဲဖို့ စီစဉ်ပေးလိုက်တာတဲ့”

"ရှောင်းထင်ရဲ့ အမေရဲ့ အဖေ?" ကျင်းယွင်ယောင် စိတ်ရှုပ်သွားသည်။

"သူက အမေ့ရဲ့ မွေးစားအဖေဖြစ်မယ်ထင်တယ်" ဟု ကုနင်းက ဆိုလိုက်သည်။ ကျင်းယွင်ယောင်သည် သေမျိုးမဟုတ်သောကြောင့် သူမမှာ လူ့လောကတွင် မိသားစုမရှိသော်လည်း လင်ရှောင်းထင်တွင် မိခင်ဘက်မှအဖိုးတစ်ယောက်ရှိနေခြင်း‌ကြောင့် ထိုအဓိပ္ပာယ်မှာ ကျင်းယွင်ယောင်သည် သေမျိုးကမ္ဘာတွင် မွေးစားဖခင်တစ်ဦးရှိခဲ့‌သောကြောင့် ဖြစ်နိုင်သည်။

ကျင်းယွင်ယောင်သည်လည်း ကုနင်းနှင့် သဘောတူလိုက်သည်။

ကုနင်းက ဆက်ပြောသည် " ရှောင်းထင်လည်း နောက်ပိုင်း စစ်တပ်ထဲဝင်ခဲ့တယ်၊ ဒါပေမယ့် သူ့စီးပွားရေးကိုလည်း စီမံခန့်ခွဲရတာမို့ နေ့တိုင်းနီးပါး အလုပ်များတယ်။ ရှန်းရှစ်ကို လက်လွှဲယူပြီး ငါးနှစ်အကြာမှာ အဲ့တာက လျင်လျင်မြန်မြန် ကြီးထွားလာပြီးတော့ ပိုမိုအောင်မြင်လာတဲ့အတွက် စီးပွားရေးမှာ ဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့တာပေါ့"

ကျင်းယွင်ယောင်သည် အံ့ဩသွားသော်လည်း သူ့သားဖြတ်သန်းခဲ့ရသည့်အရာများအတွက် စိတ်မကောင်းဖြစ်မိသည်။

ကုနင်း၏ နှလုံးသားသည်လည်း လင်ရှောင်းထင်အတွက် နာကျင်ရသည်။ ကုနင်းသည်လည်း အခုချိန်တွင် သူမ၏ အလုပ်တွနေဲ့ အရမ်းအလုပ်ရှုပ်နေပေမယ့် ပင်ပန်းတယ်လို့‌တော့ သူမ မထင်‌ပေ။

"အခုအရင် ရှန်းရှစ် ကို သွားကြည့်ရအောင်!" ကုနင်းက ပြောသည်။ "ဒီနေရာနဲ့ မဝေးဘူး။"

“ကောင်းပြီ!” ကျင်းယွင်ယောင် ပြုံးလိုက်သည်။

မိနစ်နှစ်ဆယ်ခန့်ကြာသောအခါ ရှန်းရှစ်အဖွဲ့အစည်း၏ ဌာနချုပ်အပြင်ဘက်သို့ ရောက်ရှိလာကြသည်။ ရှန်းရှစ်အဖွဲ့အစည်း၏ ဌာနချုပ်သည် မြို့လယ်အနီးတွင် တည်ရှိသည်။ ဧရိယာစတုရန်းမီတာ နှစ်ထောင်နီးပါး ကျယ်ဝန်းသည့် ၃၂ ထပ် ရုံးခန်း အဆောက်အအုံဖြစ်သည်။

သိပ်ကြီးကြီးမားမားမဟုတ်ဘဲ အမှန်မှာ ရှန်းရှစ်အဖွဲ့အစည်း၏ ဌာနချုပ်ရုံးအဆောက်အဦးဖြစ်သည်။ ရှန်းရှစ်သည် နိုင်ငံတစ်ဝှမ်းရှိ မြို့ကြီးများတွင် အခြားသော ရုံးခွဲများစွာလည်းရှိသည်။

ကျင်းယွင်ယောင်သည် ဤမျှလောက်ကြီးကျယ်ခမ်းနားသော ရုံးအဆောက်အအုံကြီးကို မြင်လိုက်ရသောအခါတွင် သူမသားအတွက် အလွန်ဂုဏ်ယူမိသော်လည်း သူမသားသည် ဤမယုံကြည်နိုင်လောက်အောင် အောင်မြင်မှုအတွက် အလွန်ကြိုးစားခဲ့ရကြောင်းကိုလည်း သူမသိသည်။

…

ကုနင်းသည် ကားရပ်နားရန်နေရာအဖြစ် အသုံးပြုနိုင်သည့် ကျယ်ဝန်းသောစတုရန်း‌နေရာတစ်ခုရှိသောကြောင့် ရုံးခန်းအဆောက်အအုံအပြင်ဘက်တွင် ကားကိုရပ်လိုက်သည်။

ကုနင်းနှင့် ကျင်းယွင်ယောင်တို့သည် ကားထဲတွင်သာ နေပြီး ကားထဲမှ မထွက်ပေ။

၁၀ မိနစ်ခန့်အကြာ သူတို့ထွက်ခွာခါနီးတွင် ကားတစ်စီးသည် ကုနင်း၏ ကားဘေးရှိ ကားရပ်နားရာ‌နေရာသို့ မောင်းနှင်လာသည်။

ကုနင်းသည် ကားမောင်းသူ၏လက်ထဲတွင် အရှည် ၂၀ စင်တီမီတာခန့်ရှိ သစ်သီးလှီးဓားတစ်ချောင်းကို သတိမပြုမိခင်အထိ ထိုသူကို ဂရုမစိုက်ပေ။ ကုနင်းသည် အံ့သြသွားပြီး ချက်ချင်းပဲ သူ့ကို ကျောက်စိမ်းမျက်ဝန်း သုံးပြီး ကြည့်လိုက်သည်။

ကားမောင်းသူသည် အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ဦးဖြစ်သည်။ သူသည် စာပို့သူဝတ်စုံဝတ်ထားသော်လည်း သူ့မျက်နှာ‌ပေါ်တွင် သိသာသော အမုန်းတရားများ ပြည့်နှက်လျက်ရှိသည်။

ကုနင်းသည် သူ့လက်ထဲတွင် ဓားရှည်ကို ဘာကြောင့်ကိုင်ထားသည်ကို မသိသော်လည်း ယခုအခါ လင်ရှောင်းထင ၏ ကော်ပိုရေးရှင်းအပြင်ဘက်တွင် ရှိနေသောကြောင့် တစ်ခုခု‌တော့လုပ်ရမည်။ သူမသည် လင်ရှောင်းထင်၏ ကော်ပိုရေးရှင်းကိုမထိခိုက်စေချင်ပါ။

ရှန်းရှစ်အ‌နေဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်သော်လည်း ကုနင်းသည် လူငယ်အား မည့်သည်အန္တရာယ်မှ မပြုနိုင်စေရန် ရပ်တန့်ချင်သေးသည်။

ထို့ကြောင့် ကုနင်းသည် ကျင်းယွင်ယောင်အား အသံတိုးတိုးဖြင့်ပြောလိုက်သည် "အမေ ကျွန်မတို့ဘေးက ကားဒရိုင်ဘာလက်ထဲမှာ ဓားတစ်ချောင်းကိုင်ထားတယ်။ သူက စာပို့တဲ့သူလိုမျိုး ၀တ်ဆင်ထားပေမယ့် သူ့မျက်နှာပေါ်မှာ အမုန်းတရားတွနေဲ့ဆိုတာ သိသာတာမို့ ကြောက်စရာကောင်းတဲ့ တစ်ခုခုလုပ်မှာကို ဆိုးရတယ်တယ်၊ ဒါကြောင့် ကျွန်မတို့ သူ့ကို ပိုအာရုံစိုက်ရအောင်။"

ထိုစကားကိုကြားသောအခါ ကျင်းယွင်ယောင် စိတ်တိုသွားတော့သည်။

***

အခန်း ၁၆၆၂ ကျင်းယွင်ယောင်ကို သတိထားမိသွားခြင်း

“ဟုတ်ပြီ” ကျင်းယွင်ယောင်က သဘောတူပြီး ကုနင်းနှင့်အတူ ကားပေါ်မှ ဆင်းလိုက်သည်။

ဘာမှမဖြစ်သလို သီးခြားစီ လမ်းလျှောက်လိုက်ကြသည်။

တစ်မိနစ်အကြာတွင် ထိုလူငယ်သည် လက်ထဲတွင် အထုပ်တစ်ထုပ်နှင့်အတူ ကားထဲမှ ထွက်လာပြီး ရှန်းရှစ် ရုံးဆီသို့ တန်းတန်းမတ်မတ် လျှောက်လာသည်။ သူ့ဓားအား အင်္ကျီအိတ်ကပ်ထဲတွင် ဝှက်ထားသည်။

ဒီအခိုက်အတန့်တွင် ကုနင်းသည် အထုပ်ထဲမှာ ဘာတွပေါလဲဆိုတာကိုကြည့်ဖို့အတွက် သူမရဲ့ ကျောက်စိမ်းမျက်၀န်းကို အသုံးပြုလိုက်သည်။

သူနှင့်အတူ ဓားတစ်ချောင်းပင်ရှိသောကြောင့် အထုပ်ထဲတွင် ပိုအန္တရာယ်များတာ ပါနိုင်သည်။ ပေါက်ကွဲစေတတ်သော ပစ္စည်းများ မတွေ့ပါ‌စေနဲ့ဟုသာ သူမ မျှော်လင့်ခဲ့သည်။

ကံကောင်းစွာဖြင့်၊ အထုပ်ထဲတွင် ကျောက်ခဲများစွာသာ ရှိသည်။ ကုနင်းနှင့် ကျင်းယွင်ယောင်တို့သည် ထိုလူငယ်နောက်သို့ တိတ်တဆိတ် လိုက်သွားကြသည်။

စာပို့သူအဖြစ် သူ့ကိုယ်သူ အသွင်ယူထားသော လူငယ်သည် ရုံးအဆောက်အအုံတံခါးဝတွင် ရပ်လိုက်သည်။ အထုပ်ကိုလက်ခံမည့်လူကို စောင့်နေပုံရသည်။

သုံးမိနစ်ခန့်အကြာတွင် အသက် (၃၀)ခန့် အမျိုးသမီးတစ်ဦးသည် သူ့ဆီသို့ ထွက်လာသည်။

အမျိုးသမီးက သူ့နာမည်ကို ရေးထိုးနေချိန်မှာ အမျိုးသားက အထုပ်ကို အမျိုးသမီးကို ပေးရင်း သူ့အင်္ကျီအိတ်ကပ်ထဲကို လက်ထည့်လိုက်သည်။ ကုနင်းနှင့် ကျင်းယွင်ယောင်မှလွဲ၍ အခြားမည်သူမျှ သူဘာလုပ်နေသည်ကို သတိမထားမိပေ။

တစ်ဆက်ထဲမှာပဲ လူငယ်သည် သူ၏ ချွန်ထက်တဲ့ဓားကို ဆွဲထုတ်လိုက်ပြီး‌နောက် ကျင်းယွင်ယောင် သည် ရုတ်တရတ် ထွက်သွားပြီး သူ့ကို ကန်ချလိုက်သည်။ သူ့လက်ထဲမှ ဓားသည် ကြည်လင်သော အသံနှင့်အတူ မြပေြင်ပေါ်သို့ ပြုတ်ကျကာ ပတ်ဝန်းကျင်မှ လူများ၏ အာရုံကို ဖမ်းစားသွား‌တော့သည်။

နာမည်ရေးထိုးနေ‌သော အမျိုးသမီးသည် ကြောက်လန့်ပြီး အထုပ်ကို မြေပြင်ပေါ်သို့ ချက်ချင်း ပစ်ချလိုက်သည်။ တံခါးနားမှာ လုံခြုံရေးအစောင့်တွေက လူငယ်လေးဆီကို ပြေးသွားပြီး ဖမ်းလိုက်သည်။ ထိုလူငယ်၏လုပ်ရပ်ကို မသိကြနိုင်သော်လည်း လူသတ်ရန်ကြံစည်‌နေခြင်းဖြစ်ကြောင်း သူတို့သိလိုက်သည်။

"ဘာဖြစ်တာလဲ?"

"စာပို့သမားက မန်နေဂျာတင်းကို ဓားနဲ့ထိုးချင်ပုံရတယ်၊ ပြီးတော့ ဟိုအမျိုးသမီးက အမြန်အဲ့လူကို ကန်ချလိုက်တာ"

“အို၊ မယုံနိုင်စရာပဲ”

အမြန်ကန်ချက်နှင့်အတူ ထိုလူငယ်သည် ၎င်းတို့နှင့် သုံးမီတာအကွာသို့ ရောက်သွားတဲ့အတွက် လူအများအပြားက ထိတ်လန့်သွားခဲ့ကြသည်။

"မန်နေဂျာတင်း မင်းအဆင်ပြေရဲ့လား?" တစ်ယောက်ယောက်က မန်နေဂျာတင်းကို စိုးရိမ်တကြီးနဲ့ မေးသည်။

မန်နေဂျာတင်းက ထိတ်လန့်ပြီး စကားမပြောနိုင်သေးပေ။

ထိုအချိန်တွင် ကိုယ်ပိုင်ကားတစ်စီးသည် တံခါးဝတွင်ရပ်လာပြီး လူသုံးယောက် ထွက်လာသည်။ သူတို့သည် လူငယ်နှစ်ဦးနှင့်လူလတ်ပိုင်းတစ်ဦးဖြစ်သည်။ လူလတ်ပိုင်းအရွယ် အမျိုးသားက လေးနက်တဲ့အမူအရာနဲ့ ပြောလိုက်သည်။ “ဒီမှာ ဘာ‌တွေဖြစ်နေတာလဲ”

"ဥက္ကဌဟဲ!"

သူပေါ်လာပြီးတာနဲ့ ရှန်းရှစ်မှာရှိ‌သော ဝန်ထမ်းတွေအားလုံးသည် သူ့ကို လေးလေးစားစား နှုတ်ဆက်ကြသည်။

ကျင်းယွင်ယောင်သည် သူ့ကိုရင်းနှီး‌နေပုံရသည်ဟု ခံစားမိသော်လည်း ဘယ်သူလဲ‌တော့မသိ‌ပေ။ ဟဲချီမင်သည် ကျင်းယွင်ယောင်ကို‌တွေ့လိုက်ရပြီး သူမမျက်နှာကိုမြင်သောအခါ အံ့သြသွားသည်။

"ယွင်-ယွင်ယောင်?" ဟဲချီမင်သည် သူ့မျက်လုံးများကိုပင် မယုံနိုင်။ ကျင်းယွင်ယောင်သည် ဟဲချီမင်ကို စိုက်ကြည့်သော်လည်း ဘာပြန်ပြောရမှန်းမသိပေ။

တခြားလူတွေက ကျင်းယွင်ယောင်နှင့် ဟဲချီမင်ရဲ့ ဆက်ဆံရေးကို မသိတဲ့အတွက် တိတ်တိတ်နေခဲ့ကြသည်။

“မင်း…” ဟဲချီမင်က ကျင်းယွင်ယောင်ဆီကို ချက်ချင်း လျှောက်သွားသည်။

"ဥက္ကဌဟဲ ကျွန်မတို့ သီးသန့်စကားပြောဖို့ ဥက္ကဌကြီးရဲ့ရုံးခန်းကို သွားလို့ရမလား?" ကုနင်းက သူ့ကို ချက်ချင်းတားလိုက်သည်။

ကုနင်းသည် ဤနေရာတွင် ကျင်းယွင်ယောင်ကို မှတ်မိနိုင်သော တစ်စုံတစ်ယောက်နှင့် တွေ့ဆုံရန် မမျှော်လင့်ထားသော်လည်း၊ သူမသည် ကျင်းယွင်ယောင်ကို တွေ့ပြီဖြစ်ကြောင်းကို လင်ရှောင်းထင် ကို နောက်မှသာ ပြောပြသင့်သည်ဟု ထင်သည်။

"အို ဟိုင်း မစ္စကု။" ဟဲချီမင်က ကုနင်းကို အခုအချိန်မတိုင်ခင်အထိ သတိမထားမိပေ။ ကုနင်းသည် လင်ရှောင်းထင်၏ ချစ်သူဖြစ်သည်ကို ဟဲချီမင် သိသောကြောင့် သူသည် သူမအပေါ် အလွန်ယဉ်ကျေးသည်။

"ကျေးဇူးပြုပြီး ငါ့ရုံးခန်းကို လိုက်ခဲ့ပေးပါ" ဟု ဟဲချီမင်ကပြောသည်။

“ဟုတ်ကဲ့” ကုနင်းက သဘောတူလိုက်သည်။

ထို့နောက် ဟဲချီမင်သည် ကုနင်းနှင့် ကျင်းယွင်ယောင်တို့နှင့်အတူ ရုံးခန်းထဲသို့ မ၀င်ရောက်မီ တံခါးပေါက်မှာ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ကိုင်တွယ်ရန် သူ၏ အတွင်းရေးမှူးတစ်ဦးကို ထားခဲ့သည်။

လမ်းတစ်လျှောက်တွင် ဟဲချီမင်သည် ကျင်းယွင်ယောင်ကို တစ်ချက် တစ်ချက် လှမ်းကြည့်သော်လည်း မေးခွန်းများမေးရမည့်အချိန်မဟုတ်သေးကြောင်း သူသိသည်။

ကုနင်းသည်လည်း ဘာမှမပြောဘဲ ကျင်းယွင်ယောင်လည်း ငြိမ်နေသည်။

ထို့နောက် သူတို့သည် ဥက္ကဌရုံးခန်းသို့ ရောက်လာပြီး အတွင်း‌ရေးမှူးသည် ကုနင်းနှင့် ကျင်းယွင်ယောင်တို့အတွက် လက်ဖက်ရည်တစ်ခွက် စီချပေးခဲ့သည်။

ဟဲချီမင်က ချက်ချင်း ပါးစပ်ကို ဖွင့်လိုက်ပြီး "မင်းကတကယ် ယွင်ယောင်လား?"

ကျင်းယွင်ယောင်သည် အရမ်းငယ်‌နေတာကြောင့် ဖြစ်နိုင်တယ်လို့ ဟဲချီမင် မထင်ပေ။ ထို့အပြင် သူမသည် သူ့ကို မသိပုံရသည်။

ကျင်းယွင်ယောင်က ဘာမှပြန်မပြောမီ ကုနင်းသည် "ဟုတ်တယ် သူက တကယ် ရှောင်းထင် ရဲ့အမေ ယွင်ယောင်ပါ။ ဒါပေမယ့် သူ့မှတ်ဉာဏ်တွေ‌တော့ ပျောက်နေတယ်" ခိုင်လုံသောအဖြေကိုကြားတော့ ဟဲချီမင် စိတ်လှုပ်ရှားသွားသည်။

သို့သော် ကုနင်းသည် လင်ရှောင်းထင်၏ရည်းစားဖြစ်သော်ငြားလည်း သူမအကြောင်းကို များများစားစားမသိသောကြောင့် သူမကို အပြည့်အဝယုံကြည်ခြင်းမရှိပေ။

“သူမက တော်တော်ငယ်‌နေသလိုပဲ” ဟု ဟဲချီမင် က ပြောသည်။

"အင်း သူက အသားအရေကို ကောင်းကောင်း ဂရုစိုက်လို့ပါ" ကုနင်းက ရှင်းပြသည်။

ဟဲချီမင်သည် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးဟာ အသက် ၃၀ အရွယ် ငယ်ရွယ်သော အမျိုးသမီးတစ်ဦးကဲ့သို့ ဖြစ်နိုင်ကြောင်း သိသောကြောင့် ခေါင်းညိတ်လိုက်သည်။

“အင်း အဲ့ဒီနှစ်တုန်းက သူတို့ရဲ့ အလောင်းတွေကို ငါ့မျက်လုံးနဲ့ ကိုယ်တိုင် မြင်ခဲ့ရတာပဲ” ဟု ဟဲချီမင် က ထပ်ပြောသည်။

"အဲ့တုန်းက အမျိုးသမီးရဲ့ မျက်နှာက လုံးဝ ရုပ်ပျက်ဆင်းပျက်ဖြစ်‌နေတာ မဟုတ်ဘူးလား?" ကုနင်းက မေးသည်။

“ဟုတ်တယ်” ဟဲချီမင် ခေါင်းညိတ်လိုက်သည်။

လင်ယွင်ဟန်နှင့်အတူ သေဆုံးသွားသော အမျိုးသမီးသည် ယွင်ယောင် မဟုတ်ဟု သူထင်လာသည်။

All Chapters