အခန်း (၁၆၆၉-၁၆၇၄)
Vol. 105 Ch. 1669-1674
အခန်း ၁၆၆၉ ဧည့်သည် သရုပ်ဆောင်
လုကျန်းသည် အကြောင်းအရင်းကို ပြောပြရန် ရည်ရွယ်ချက်မရှိသောကြောင့် လုယိချန်သည် ၎င်းအကြောင်းကို ထပ်မံမမေးဘဲ ရိုက်ကူးရေးအဖွဲ့အား ခဏနားရန် သွားပြောလိုက်သည်။
လုကျန်း သည် တစ်ချိန်တည်းတွင် ထရပ်ကာ ရှေ့တံခါးဆီသို့ လျှောက်သွားလိုက်သည်။ ကုနင်း၏ကားသည် ခရိုင်F အပြင်ဘက်တွင် ရပ်လိုက်ပြီး သူ့ကားမှဆင်းသည်နှင့် တံခါးဝတွင်စောင့်နေသော လုကျန်း ကိုတွေ့လိုက်ရသည်။
"ဟိုင်း အန်ကယ်လု ရှင်ကျွန်မကို လူကိုယ်တိုင်လာခေါ်တာလား? ကျွန်မ အကူအညီလိုနေတယ်ထင်တယ်"ဟု ကုနင်းက ပြုံးပြီး မေးသည်။
လုကျန်း အံ့သြသွားပြီး “မင်းက တကယ်ကို ဉာဏ်ကောင်းတာပဲ။ ငါမင်းရဲ့အကူအညီလိုတယ်။"
"ကျွန်မဘာလုပ်ပေးရမလဲ?" ကုနင်းက မေးသည်။
“အင်း…” လုကျန်းက ကုနင်းကို ဒီနေ့ တွေ့ကြုံရတဲ့ ဒုက္ခအကြောင်းကို ပြောပြပြီး သူမကို ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်နိုင်မယ်လို့ မျှော်လင့်ကြောင်း၊ ဇာတ်ညွှန်းမှာ ဇာတ်ကွက်အနည်းငယ်သာ ပါဝင်တာမို့ သူမ သရုပ်ဆောင်မကောင်းရင်တောင် အရေးမကြီးကြောင်း၊ လုကျန်းက ကုနင်းက သူ့ကို ကူညီနိုင်မယ်လို့ မျှော်လင့်ပေမယ့် သူ အတင်းအကြပ် တောင်းဆိုနေတာ မဟုတ်ကြောင်း ပြောပြလိုက်သည်။
ကုနင်းသည် ခဏလောက်စဉ်းစားပြီး သဘောတူလိုက်သည်။ ဘာကြောင့်လဲဆိုတော့ ဒါက သူ့ကုမ္ပဏီကထုတ်တဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပြီး ဇာတ်ကွက်တော်တော်များများက သူမအတွက် အချိန်အများကြီးမပေးရပေ။
ဘာပဲဖြစ်ဖြစ် လုကျန်းက သူမရဲ့ သရုပ်ဆောင်မှုစွမ်းရည်က အရေးမကြီးဘူးဟု ပြောသည်။
လုကျန်းသည် ခိုင်လုံသောအဖြေကိုကြားလိုက်ရသဖြင့် ဝမ်းသာသွားသည်။
"အမေ ကျွန်မတို့နဲ့ အတူနေချင်လား ဒါမှမဟုတ် အိမ်ပြန်ချင်လား? အမေအိမ်ပြန်ချင်ရင် ကျွန်မ အမေ့ကို အိမ်ကိုမောင်းပို့ပေးဖို့ စီစဉ်ပေးလို့ရပါတယ်" ကုနင်း ကျင်းယွင်ယောင်ကို မေးလိုက်သည်။
သူမအတွက် အချိန်အများကြီးမကုန်သော်လည်း ဤနေရာတွင် တစ်ရက်ကုန်ဆုံးရမည်ဖြစ်ပြီး ယွင်ယောင် ငြီးငွေ့မည်ဆိုးသည်။
"ရပါတယ်၊ စိတ်ဝင်စားဖို့ကောင်းမယ့်ပုံပဲ" ကျင်းယွင်ယောင်က ဒီလိုပြောတဲ့အတွက် ကုနင်းလည်း သဘောတူလိုက်သည်။
ချောက်ကမ်းပါးများ၊ ချိုင့်များ၊ ရေကန်များနှင့် လှပသော တောရိုင်းပန်းပင်များရှိသော ခရိုင် Fသည် အနည်းငယ်ဝေးသောကြောင့် ပြင်ပလူများစွာမရှိပါ။ ထိုကဲ့သို့သော သဘာဝရှုခင်းကို ရှာဖွေရန် ခက်ခဲပြီး ဟန့်ဒျန့်ဝေါလ်စတူဒီယိုသည် ထိုကဲ့သောနေရာတစ်ခုကို ပံ့ပိုးပေးနိုင်သောကြောင့် ၎င်းကို ရှာဖွေရန် အချိန်သိက်မကုန်ခဲ့ပါ။
လုကျန်းသည် ကုနင်းနှင့် ၀င်လာတဲ့အခါ ရိုက်ကူးရေးအဖွဲ့၀င်အားလုံး တုန်လှုပ်သွားကြသည်။
သူတို့သည် ကုနင်းကိုကြောက်တာ မဟုတ်ပေမယ့် ကုနင်းက သူတို့၏ သူဌေးဖြစ်ပြီး ဘယ်သူမှ သူမရှေ့တွင် အမှားမလုပ်ချင်ကြပေ။
"ပြင်ဆင်ထားတော့ ငါတို့ရဲ့ဘော့စ်က ဆေးနတ်ဘုရားမအဖြစ် သရုပ်ဆောင်မှာ" ဟု လုကျန်းမှ လုယိချန်သို့ပြောသည်။
အဲဒါကိုကြားတော့ တခြားအဖွဲ့သားတွေအားလုံး အံ့သြသွားသည်။ တကယ်တော့ ကုနင်းသည် အလွန်လှပပြီး တိုက်ခိုက်ရာတွင် ထူးချွန်ကြောင်း အားလုံးသိကြသည်။ သို့သော် သူတို့ကုမ္ပဏီ၏ သူဌေးဖြစ်သောကြောင့် သူမသည် ဧည့်သည်အဖြစ် သရုပ်ဆောင်ရန် အနည်းငယ် ထူးဆန်းနေသည်။
ဘာပဲဖြစ်ဖြစ် ကုနင်းက လုကျန်းကိုကူညီဖို့အတွက် သဘောတူလိုက်တယ်ဆိုတာ သူတို့သိသည်။
ကုနင်း၏ သရုပ်ဆောင်စွမ်းရည် ဘယ်လောက်ပဲ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ လုကျန်း၏ ဒေါသမျက်နှာကို ထပ်မတွေ့ချင်ကြပေ။ ထို့ကြောင့် စက်ပစ္စည်းကိရိယာများကို စတင်ပြင်ဆင်ကြသည်။
ဇာတ်ဆောင် မင်းသားနဲ့ မင်းသမီးကတော့ ဆက်လက်ရိုက်ကူးရန်အတွက် ဧည့်ခန်းထဲမှာ စောင့်နေကြသည်။
ကုနင်း အထဲကို လျှောက်လာတာကို တွေ့လိုက်ရတော့ အံ့သြသွားပြီး ချက်ချင်း ထရပ်လိုက်သည်။
"ဟိုင်း ဘော့စ်!"
"ဘော့စ် တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်က ချောင်ဟန်ချန်းပါ" ချောင်ဟန်ချန်း က ကုနင်းကို နှုတ်ဆက်သည်။
ချောင်ဟန်ချန်းသည် ကုနင်းကို ပထမဆုံးတွေ့တာဖြစ်၍ နည်းနည်းတော့ စိတ်ပူသွားသည်။ သူက အသက် ၃၀ ရှိပြီဖြစ်ပြီး အသက် ၂၀ ရှိပြီဖြစ်တဲ့ ကုနင်းဟာ သူ့ထက်ငယ်ပေမယ့် သူမအပေါ် လေးစားမှုကတော့ ရှိနေဆဲပါ။ သူသည် အင်တာနက်ပေါ်တွင် ကုနင်းအကြောင်း သတင်းများစွာကို ဖတ်ခဲ့ပြီး သူမ၏ မယုံနိုင်စရာ စွမ်းရည်များကို သဘောကျခဲ့သည်။
ချောင်ဟန်ချန်းသည် ယခု ဖုန့်ဟွာအင်တာတိန်းမန့် တွင် အလုပ်လုပ်ကိုင်နေပြီဖြစ်ပြီး လုကျန်းနှင့် ကုနင်းကို အလွန်ကျေးဇူးတင်မိသည်။ သရုပ်ဆောင်အလုပ်ကို ဝါသနာပါပြီး နယ်ပယ်အသီးသီးမှာ ရပ်တည်နိုင်ဖို့ စိတ်ပိုင်းဖြတ်ထားသည်။
"ကျွန်မလည်း တွေ့ရတာဝမ်းသာပါတယ်" ကုနင်းက သူတို့ကို အရမ်းသဘောကောင်းစွာ ဆက်ဆံသည်။ သူမသည် သူတို့၏သူဌေးဖြစ်သော်ငြားလည်း သူတို့ကို ကြင်ကြင်နာနာဆက်ဆံသည်။
"ကောင်းပြီ၊ ဆေးနတ်ဘုရားမ အခန်းအတွက် ငါတို့ရဲ့သူဌေးကို မိတ်ကပ်လိမ်းဖို့ မိတ်ကပ်ပညာရှင်ကို ပြောလိုက်ပါ!" လုကျန်းက အချိန်ပိုမဖြုန်းချင်ပေ။
ဒါကိုသိလိုက်ရတော့ အခန်းထဲကလူတွေအားလုံး အံ့သြသွားကြသည်။ သို့သော်လည်း ယခု ဇာတ်ရုပ်သည် ကုနင်းထက် မည်သူကမှ ပိုသင့်တော်မည် မဟုတ်ကြောင်းကိုလည်း သူတို့ သိကြသည်။
ကျင်းယွင်ယောင် ဘေးနားက စောင့်နေချိန်မှာ ကုနင်းက မိတ်ကပ်လိမ်းဖို့ သွားလိုက်သည်။
"ဝိုး ဘော့စ်အသားအရည်က အရမ်းကောင်းတာပဲ။ အောက်ခံမိတ်ကပ်လိမ်းထားတယ်လို့ ထင်နေတာ။ မိတ်ကပ်မပြင်ထားဘူဆိုတာ လုံးဝ မယုံနိုင်ဘူး။” ဟု မိတ်ကပ်ပညာရှင်က ပြောသည်။
"ဟားဟား ကျွန်မက ဒီနှစ် ၁၉ နှစ်ပဲရှိသေးတယ်လေ။ ကျွန်မ ခိုကျီပဲသုံးနေတာ" ဟု ကုနင်း ကပြောသည်။
"ကျွန်မလည်း ခိုကျီ သုံးတယ် အရမ်းကြိုက်တာပဲ" ခိုကျီသည် ကုနင်းမှ ပိုင်ဆိုင်ကြောင်းသိပြီးနောက် မိတ်ကပ်ပညာရှင်သည် သူမကို ပို၍သဘောကျခဲ့သည်။
"သရုပ်ဆောင်တွေအားလုံးက ကင်မရာရှေ့မှာ ပိုကြညကောင်းဖို့အတွက် ခိုကျီကိုပဲ သုံးကြတော့တယ်" ဟု ထန်ရှောင်ရှောင်မှ ပြောသည်။
သရုပ်ဆောင်များသည် ကင်မရာများရှေ့တွင် ကျက်သရေရှိသော်လည်း အလွန်ပင်ပန်းသောဘဝဖြင့် နေထိုင်ကြပြီး တစ်ခါတရံပင် ညလုံးပေါက် အလုပ်လုပ်ရန် လိုအပ်သည်။ ကံကောင်းစွာဖြင့်၊ ခိုကျီ ၏အကူအညီဖြင့် သူတို့သည် ကောင်းမွန်သောအသွင်အပြင်ကို ထိန်းသိမ်းထားနိုင်ကြသည်။
ကုနင်းက မိတ်ကပ်လိမ်းပြီးသောအခါ လုကျန်းသည် သူမကို ဇာတ်လမ်းနဲ့ သရုပ်ဆောင်မယ့် ဇာတ်ကွက်တွေကို မိတ်ဆက်ပေးလိုက်သည်။
***
အခန်း ၁၆၇၀ ခေါင်းဆောင်မင်းသမီးအပေါ် လွှမ်းမိုးနိုင်သည်
ကုနင်းသည် မိတ်ကပ်နှင့် ဆံပင်အသုံးအဆောင်ပစ္စည်းများကို ၀တ်ပြီးသည်နှင့် သူမသည် လျစ်လျူမရှုနိုင်လောက်အောင် အံ့အားသင့်စွာ လှပသွားစေသည်။
"ဘော့စ်က ဒီဇာတ်လမ်းမှာ ထိပ်တန်းမင်းသမီး ဖြစ်သင့်တယ်လို့ ကျွန်မထင်တယ်၊ ဘော့စ်သာ ပေါ်လာရင် ဘယ်သူမှ ကျွန်မကို အာရုံစိုက်တော့မှာ မဟုတ်ဘူး" ဟု ထန်ရှောင်ရှောင်က နောက်ပြောင်ပြောလိုက်သည်။
“ငါလည်း စိုးရိမ်မိတယ်။" လုကျန်းလည်း ပြောလိုက်သည်။
သူက ကုနင်း၏ အသွင်အပြင်ကို အရမ်းကျေနပ်နေပေမယ့်လည်း ဇာတ်လမ်းတွဲရဲ့ ထိပ်တန်းမင်းသမီးကို လွှမ်းမိုးသွားရင်တော့ မကောင်းပါပေ။ သို့သော်လည်း ကုနင်းအား ယခုချက်ချင်း နုတ်ထွက်ရန် မပြောနိုင်သလို သူမ၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည်ဖြစ်သောကြောင့် သူမအား ဇာတ်လမ်းတွင် တမင်တကာ ဆိုးဆိုးရွားရွား ပြုမူရန်လည်း မပြောနိုင်ပေ။
သူမအလုပ်ကို ကောင်းကောင်းမလုပ်လျှင် ပရိသတ်များက သူမကို ဝေဖန်ကြမှာဖြစ်သည်။ ထို့ကြောင့် ကုနင်းသည် အစွမ်းကုန်လိုအပ်နေသေးသည်။
ဘာပဲဖြစ်ဖြစ် ဇာတ်လမ်းတွဲ၏ အရည်အသွေးက ပိုအရေးကြီးသည်။
"အင်း ငါလှတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် မင်းရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ငါ့ကို လွှမ်းမိုးနိုင်မှာကို ငါကြောက်တယ်။" ဟု ကုနင်းက ပြောသည်။ သူမလည်း နောက်နေတာပင်။
သိပ်မကြာခင်မှာပဲ ကုနင်းသည် အဝတ်အစားလဲပြီး အပြင်ကို ထွက်သွားသည်။
သူမသည် ဆေးနတ်ဘုရားမဇာတ်ရုပ်အဖြစ် ဇာတ်ကားတွင် ပါဝင်ရန် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်ဟု လူတိုင်းက ယုံကြည်ကြသည်။
ထန်ရှောင်ရှောင်သည် ယခုအချိန်တွင် အတော်လေး စိတ်ဖိစီးနေသည်။
ထန်ရှောင်ရှောင်သည် ကုနင်းထက် ထင်ရှားမှု မနည်းသော်လည်း သူမသည် မိမိကိုယ်ကို ယုံကြည်မှုများစွာမရှိတော့ပေ။ ကံကောင်းစွာနဲ့ပဲ ဒီနေ့ သူတို့သည် စတိုင်ကွာခြားစွာ ၀တ်ဆင်ထားကြသည်။ ကုနင်းသည် နတ်ဘုရားမတစ်ပါးဖြစ်ပြီး ထန်ရှောင်ရှောင်သည် အမျိုးသမီးဗိုလ်ချုပ်တစ်ဦးဖြစ်သောကြောင့် ၎င်းတို့သည် ကွဲပြားစွာလှပသောအမျိုးသမီးများဖြစ်သည်။
"ဘော့စ်သာ မင်းသမီးဖြစ်ရင် နာမည်ကြီးဖို့ အရမ်းလွယ်တယ်" ဟု လုကျန်းက ပြောသည်။
ဒါရိုက်တာတစ်ဦးအနေဖြင့် လုကျန်းသည် ဖျော်ဖြေရေးနယ်ပယ်ကို ကောင်းစွာသိပြီး ကုနင်းသည် သူမ၏ ပြောင်မြောက်သောအသွင်အပြင်ကို အသုံးပြုရုံဖြင့် ကျော်ကြားမှုများစွာရရှိမည်ဟု သူယုံကြည်သည်။
လုကျန်းသည် လှပသောမျက်နှာထက် ထူးချွန်သော သရုပ်ဆောင်မှုကို ပိုနှစ်သက်သည်။
"ကျွန်မက အခု နာမည်ကြီးပြီးသားထင်တယ်" ဟု ကုနင်းက ပြုံးပြီး ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ဆိုရှယ်မီဒီယာပေါ်တွင် အမြဲအဟော့ဆုံးအကြောင်းအရာများထဲမှ တစ်ဦးဖြစ်နေသောကြောင့်ဖြစ်သည်။
"ဟားဟား မင်းပြောတာမှန်တယ်!" လုကျန်း ရယ်လိုက်သည်။
“ကောင်းပြီ၊ အခုစလိုက်ရအောင်”
"ခဏလေး ဘော့စ်နဲ့ ဓာတ်ပုံရိုက်ရမယ်" ထန်ရှောင်ရှောင်က သူ့လက်ထောက်ကို ဖုန်းပေးလိုက်သည်။ လုကျန်းက သဘောတူပြီး ခဏစောင့်လိုက်သည်။
"ငါရောပဲ!" ချောင်ဟန်ချန်းသည် နောက်ပိုင်းတွင် သူတို့နှင့်ပူးပေါင်းခဲ့သည်။
"ဘော့စ် ရှိုးအသစ်အတွက် ပိုပြီးအာရုံစိုက်လာဖို့ Weibo မှာ မင်းရဲ့ဓာတ်ပုံတွေကို သူတို့နဲ့အတူတင်ရင် စိတ်ဆိုးမှာလား? ဒါက အခွင့်အရေးကောင်းတစ်ခုလို့ ကျွန်တော်ထင်တယ်” ဟု လုကျန်း က ပြောသည်။
"ဘာလို့မရရမှာလဲ!" ကုနင်းက ခေါင်းညိတ်လိုက်သည်။
"အရမ်းကောင်းတယ်၊ ရုပ်ရှင်ရိုက်နေတုန်း မင်းကို ဓာတ်ပုံရိုက်ဖို့ တစ်ယောက်ယောက်ကို ငါစီစဉ်လိုက်မယ်" ဟု လုကျန်း ကပြောသည်။ “ဖြစ်နိုင်ရင် ဘော့စ်Weibo မှာ လူသိရှင်ကြားဖြစ်အောင် ကူညီပေးပါအုံး”
“ပြဿနာမရှိပါဘူး” ဟု ကုနင်းမှ ပြောသည်။ ထို့နောက် သူတို့ ထွက်သွားကြသည်။ အပြင်မှာ အဆင်သင့်ဖြစ်နေပြီဖြစ်၍ အားလုံးက သရုပ်ဆောင်တွေကို စောင့်နေကြသည်။
ဇာတ်ရုပ်အတွက် မိတ်ကပ်အဝတ်အစားတွေ ပြင်ဆင်ထားပြီးနောက် မင်းသမီး ကုနင်း၏ အသွင်အပြင်ကို လူအများက သိချင်ကြသည်။ ထို့ကြောင့် သူမထွက်လာသောအခါတွင် သူမကိုတွေ့နိုင်မည်ဟု မျှော်လင့်ကာ အဝတ်လဲခန်းကို လှမ်းကြည့်နေကြသည်။
လုကျန်းက အရင်ထွက်လာပြီး ကုနင်းလည်း ထွက်လာတော့မှာမို့ အားလုံးက ဝမ်းသာသွားကြသည်။ နောက်တစ်စက္ကန့်မှာ ကုနင်းပေါ်လာပြီး အားလုံးက သူမရဲ့ အလှက အားလုံးကိုအံ့အားသင့်စေခဲ့သည်။ သူမသည် ယခင်ပုံစံနှင့် အတော်လေးကို ကွဲပြားနေသော်လည်း လူအများက သူမကို ချက်ချင်းမှတ်မိနိုင်သေးသည်။
"ဝိုး သူမ အရမ်းလှတယ်!"
"သူမက အံ့သြစရာပဲ"
"သူက ခေါင်းဆောင်မင်းသမီးထက် ပိုလှတယ်လို့ထင်တယ်"
"သူတို့နှစ်ယောက်လုံးက အလှတွေချည်းပဲ"
“…”
လူတွေက ကုနင်းကို ချီးကျူးကြသည်။
"ကောင်းပြီ၊ တိတ်တိတ်လေးနေကြ စလိုက်ကြရအောင်" လုကျန်းက အသံချဲ့စက်ဖြင့်ပြောပြီး လူအုပ်သည် ချက်ချင်း တိတ်ဆိတ်သွားသည်။
လုကျန်းက အက်ရှင်ဒါရိုက်တာကို ကုနင်းက အောက်ပါပြကွက်များတွင် သူမဘာလုပ်သင့်သည်ကို သင်ပေးရန် ပြောလိုက်သည်။ ကုနင်းသည် တိုက်ခိုက်ရေးတွင် အလွန်ကောင်းသော်လည်း သူမသည် ဇာတ်လမ်းတွင် လှပပုံကို လေ့လာရန် လိုအပ်နေသေးသည်။
ကုနင်းသည် လျင်မြန်စွာ သင်ယူတတ်သူဖြစ်သောကြောင့် သူမ ဘာလုပ်သင့်သည်ကို မကြာမီနားလည်သွားသည်။
လုကျန်းသည် ကုနင်းက ဝိုင်ယာကြိုးကို ပထမဆုံးလုပ်ဖူးတဲ့အတွက် ကုနင်းအား ဝိုင်ယာကြိုးကို စမ်းကြည့်ခွင့်ပေးလိုက်တယ်။
ထန်ရှောင်ရှောင်နှင့် ကုနင်းတို့သည် ရိုက်ကွင်းတစ်ခုထဲတွင် အတူသရုပ်ဆောင်ကြမည်ဖြစ်သည်။ ထန်ရှောင်ရှောင်သည် ချောက်ကမ်းပါးမှ ပြုတ်ကျပြီး ကုနင်းသည် အောက်ခြေမှ ပျံတက်သွားရမည်။
"အက်ရှင်!" အားလုံးအဆင်သင့်ဖြစ်တဲ့အခါ ရိုက်ကူးမှုစတင်ခဲ့သည်။
ကျယ်လောင်သောအော်သံနှင့်အတူ ထန်ရှောင်ရှောင်သည် ချောက်ကမ်းပါးမှ ပြုတ်ကျသွားသည်။ တစ်ချိန်တည်းမှာပင် ကုနင်းသည် အောက်ခြေမှ ပျံသန်းလာပြီး ထန်ရှောင်ရှောင်ကို လမ်းတစ်ဝက်တွင် ဖမ်းမိပြီးနောက် ချောက်ကမ်းပါးထိပ်သို့ တည့်တည့် ပျံသန်းသွားသည်။ ထို့နောက် သူမသည် ချောက်ကမ်းပါးစွန်းတွင် ရပ်နေသည်။
ကင်မရာထဲတွင် အရာအားလုံး ပြီးပြည့်စုံနေသဖြင့် ရိုက်ကွင်းနေရာရှိ လူများက ၎င်းသည် အမှန်တကယ်ဖြစ်သည်ကိုပင် မယုံနိုင်အောင် ဖြစ်စေခဲ့သည်။
ထန်ရှောင်ရှောင်သည် ယခင်က ဝါယာကြိုးဖြင့် အကြိမ်များစွာ လုပ်ဆောင်ခဲ့ဖူးသော်လည်း ၎င်းသည် ကုနင်းနှင့် သူမ၏ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုဖြစ်သောကြောင့် သူမ အလွန်စိတ်လှုပ်ရှားနေသေးသည်။
ကုနင်းက သူမကို လှမ်းဖမ်းလိုက်တဲ့အခါ သူမ သည် အံ့သြသွားပြီး စိတ်အေးလက်အေး ဖြစ်သွားသည်။ တကယ်တော့ ကုနင်း၏မျက်လုံးထဲတွင် ခက်ခဲတဲ့အရာတစ်ခုတော့ မဟုတ်ပါပေ။
“ကောင်းတယ်!” လုကျန်း ကျနေပ်စွာပြောလိုက်သည်။
ပုံသဏ္ဍာန် အနေအထား ရှုထောင့် အများအပြား လိုအပ်သော်လည်း ကင်မရာက တစ်ခုသာ ရှိသောကြောင့် ၎င်းကို နောက်ထပ် နှစ်ကြိမ် ထပ်မံ ရိုက်ကူးရန် လိုအပ်ပါသေးသည်။
***
အခန်း ၁၆၇၁ မတူညီတဲ့အားသာချက်တွေရှိတယ်
ကင်မရာထဲမှာ လှုပ်ရှားပြီး သရုပ်ဆောင်လိုက်တဲ့အခါတိုင်း တစ်ပုံစံထဲ အတူတူဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ကုနင်းနှင့် ထန်ရှောင်ရှောင်တို့သည် အချိန်တိုင်းတစ်ပုံစံထဲဖြစ်အောင် အကောင်းဆုံးကြိုးစားခဲ့ကြသည်။
သူတို့သည် တစ်ခါထဲနဲ့ ရိုက်ကူးသွားသဖြင့် လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
အဲဒီနောက်မှာတော့ ဇာတ်လိုက်မင်းသားက ဒုတိယမြောက် ရိုက်ကွင်းမှာ ပါဝင်လာတော့သည်။
ဒုတိယဇာတ်ဝင်ခန်းတွင် ဇာတ်ပို့မင်းသမီးက ဇာတ်ဆောင်မင်းသားကို မရယူနိုင်သဖြင့် ဇာတ်ဆောင်မင်းသမီးကို မုန်းတီးကာ ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားသည်။ ထို့နောက် ဇာတ်ပို့မင်းသမီးသည် သူမ မရနိုင်သည့်အရာကို ဇာတ်ဆောင်မင်းသမီးကိုလည်း ရယူခွင့်မပြုလိုသောကြောင့် ဇာတ်ဆောင်မင်းသားအား မိမိကိုယ်ကို ထိခိုက်စေရန် အတင်းအကြပ် ကြိုးစားခဲ့သည်။
ဇာတ်ဆောင်မင်းသားက ဇာတ်ဆောင်မင်းသမီးအတွက် သူ့ကိုယ်သူ စတေးလိုစိတ်ရှိပြီး ဇာတ်ဆောင်မင်းသမီးကလည်း တူညီတဲ့ စိတ်ကူးရှိတာကြောင့် ချောက်ကမ်းပါးကနေ ခုန်ချဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဇာတ်ဆောင်မင်းသားသည် ဇာတ်ပို့မင်းသမီးကို ဝမ်းနည်းပူဆွေးနေသော စိတ်ဖြင့် သတ်ပစ်လိုက်သည်။
ဇာတ်ပို့မင်းသမီးသည် ဇာတ်ဆောင်မင်းသမီးကို ပြန်ပေးဆွဲနိုင်ပေမယ့် ဇာတ်ဆောင်မင်းသားနဲ့တော့ မယှဉ်သာပေ။
ဇာတ်ဆောင်မင်းသားက ဇာတ်ပို့မင်းသမီးကို သတ်ပြီးနောက် ဇာတ်ဆောင်မင်းသမီးကို နတ်ဆေးဆရာမက ကယ်တင်ခဲ့ပြီး နောက်ဆုံးတွင် ပြန်လည်ဆုံစည်းခဲ့ကြသည်။ ထို့နောက် နတ်ဆေးဆရာမအား ကျေးဇူးတင်စကားဆိုသည်။
တစ်ချိန်တည်းမှာပင် ဇာတ်ဆောင်မင်းသားသည် နတ်ဆေးဆရာမကို အသိအမှတ်ပြုပြီး ဆေးဘုရင်တောင်ကြားမှ ဆင်းသက်ခြင်းရှိမရှိ မေးမြန်းခဲ့သည်။
နတ်ဆေးဆရာမက ခေါင်းညိတ်ပြပြီး ဇာတ်ဆောင်မင်းသားက သူ့သခင်သည် အဆိပ်မိနေပြီး သမားတော်များကလည်း လက်လျော့ထားသောကြောင့် သူ့ဆရာကို နတ်ဆေးဆရာမအား ကုသပေးရန်အတွက် တောင်းပန်ခဲ့သည်။
နတ်ဆေးဆရာမက စိတ်ဝင်စားသောကြောင့် သဘောတူလိုက်သည်။
စကားဝိုင်းက ရိုးရှင်းပေမယ့် သရုပ်ဆောင်စွမ်းရည် မြင့်မားဖို့ လိုအပ်သည်။
အလွန်ရိုးရှင်းသော ဇာတ်ဝင်ခန်းတစ်ခုဖြစ်သော်လည်း လုကျန်းက ကုနင်းသည် အရည်အချင်းရှိသော မင်းသမီးဖြစ်ကြောင်း သတိပြုမိသည်။ သူမသည် ပရော်ဖက်ရှင်နယ် မင်းသမီးမဟုတ်သလို သရုပ်ဆောင်အတွေ့အကြုံလည်း လုံးဝမရှိသော်လည်း အရည်အချင်းရှိသော မင်းသမီးတစ်ဦးဖြစ်နိုင်ကြောင်း သက်သေပြခဲ့သည်။
လုကျန်းသည် အရမ်းစိတ်လှုပ်ရှားသွားပြီး ကုနင်းကို ရိုက်ကွင်းပြီးချိန်မှာ "ဘော့စ် ဘော့စ်က အရည်အချင်းရှိတဲ့ မင်းသမီးတစ်ယောက်လို့ ထင်တယ်။ ဘာကြောင့် မင်းသမီးလုပ်ဖို့ မစဉ်းစားတာလဲ?” ပြောလိုက်သည်။ သို့သော် လုကျန်းသည် ကုနင်းက အလွန်အောင်မြင်သော စီးပွားရေးသမားဖြစ်ပြီး သူမသည် နေ့တိုင်းအလုပ်များသောကြောင့် နောက်ပြောင်နေခြင်းသာဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ၊ ကုနင်းမှာ ကျော်ကြားမှုများစွာရှိပြီး သူမသည် ပရိသတ်အများအပြားကိုလည်း ဆွဲဆောင်နိုင်သည်။
"ဟားဟား သူတို့အလုပ်အတွက် ကျွန်မမပြိုင်သင့်ဘူးလို့ ထင်တာပဲ၊ ဒါပေမယ့် အနာဂတ်မှာ အခွင့်အလမ်းတွေရှိရင် ကျွန်မ ဧည့်သည်သရုပ်ဆောင်နေရာက ပိုသရုပ်ဆောင်နိုင်ပါတယ်" ဟု ကုနင်းက ပြောလိုက်သည်။ သရုပ်ဆောင်ရတာ အရမ်းစိတ်ဝင်စားစရာကောင်းသည်ဟု သူမထင်သည်။
“ကိစ္စမရှိပါဘူး အဲ့တာကလွယ်ပါတယ်” ဟု လုကျန်းကဆိုသည်။
"ခေါင်းဆောင်သရုပ်ဆောင်တွေကို လွှမ်းမိုးသွားမှာကို ရှင်မကြောက်ဘူးလား?" ကုနင်းက မေးသည်။
"မကြောက်ဘူးလို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ငါ့ရဲ့ဇာတ်လမ်းတွေမှာ မင်းမပါဝင်ချင်တော့မှာကို ပိုကြောက်တယ်။”
ကုနင်းသည် ဇာတ်လမ်းတွင် ဧည့်သည်အဖြစ်သာ ပါဝင်ခြင်းကြောင့် ပြဿနာကြီးကြီးမားမားတော့မဟုတ်ပေ။ ဒါ့အပြင် သူရွေးချယ်ခဲ့တဲ့ ခေါင်းဆောင်သရုပ်ဆောင်တွေ အားလုံးကလည်း သရုပ်ဆောင်ပိုင်းမှာ ထူးချွန်ကြသည်။
…
တတိယဇာတ်ဝင်ခန်းတွင် နတ်ဆေးဆရာမသည် ခေါင်းဆောင်မင်းသား၊ ဇာတ်ပို့မင်းသမီးနှင့်အတူ ဝါးတောအတွင်း သစ်သားအခန်းတစ်ခုသို့ လိုက်ပါသွားခဲ့သည်။
ကုတင်ပေါ်တွင် ဖြူဖပ်ဖြူရော်မျက်နှာနှင့် ခရမ်းရောင်နှုတ်ခမ်းအနည်းငယ်ရှိသော အသက် ခုနစ်ဆယ်ကျော် အဖိုးအိုတစ်ဦး လဲလျောင်းနေသည်။ သို့သော် နတ်ဆေးဆရာမက အဘိုးအိုကိုတွေ့တွေ့ချင်းပင် သူ့အမေနှင့်သူမကို စွန့်ပစ်ခဲ့သော သူမ၏ဖခင်ဖြစ်ကြောင်း သိရှိခဲ့ရသည်။ သူမသည် ချက်ချင်းပင် ဒေါသထွက်လာပြီး သူ့ကိုကုသပေးရန် ငြင်းဆန်ခဲ့သည်။
ကုနင်းသည် သူမ၏ မျက်နှာနှင့် မျက်လုံးများတွင် မုန်းတီးမှု ဒေါသကို ထိထိမိမိ ပြသခဲ့ပြီး လူများက သူမတွင် အမှန်တကယ်ပင် ထိုသို့ခံစားချက်ရှိသည်ဟု ထင်လိုက်သည်။
ထန်ရှောင်ရှောင်နှင့် ချောင်ဟန်ချန်းတို့သည် ကုနင်း၏ သရုပ်ဆောင်စွမ်းရည်ကို သဘောကျကြသည်။
နတ်ဆေးဆရာမသည် အဘိုးအိုကို ကုသရန် ငြင်းဆိုသောအခါ ဇာတ်လိုက်မင်းသားက သူမအား အကြောင်းအရင်းကို မေးမြန်းခဲ့သည်။ သူ့မှာ သူမတို့ တစ်ယောက်နဲ့တစ်ယောက် ရန်ငြိုးရှိနေတယ်ဆိုတဲ့ ခံစားချက်မျိုးရလိုက်သည်။
ထို့နောက် နတ်ဆေးဆရာမသည် သူ့ကို အမှန်အတိုင်း ပြောပြခဲ့ပြီး ခေါင်းဆောင်မင်းသမီးသည် သူမနှင့် သီးသန့်စကားပြောချင်ကြောင်းပြောလာသည်။
အဲဒီနောက်မှာတော့ ခေါင်းဆောင်မင်းသမီးကနတ်ဆေးဆရာမနဲ့ ထွက်သွားပြီး အဲ့တုန်းက ဖခင်ဖြစ်သူနဲ့ သူမကို စွန့်ခွာရတဲ့ အကြောင်းရင်းအမှန်ကို ပြောပြသည်။ ထိုအချိန်တုန်းက လူသတ်သမားသည် သူမ၏ဖခင်ကို လိုက်ရှာနေခဲ့ပြီး သူတို့ကို ကာကွယ်ရန်အတွက် ဇနီးနှင့်သမီးတို့ကို ချန်ထားခဲ့ရသည်။
နတ်ဆေးဆရာမသည် အစပိုင်းတွင် လက်မခံသော်လည်း နောက်ဆုံးတွင် အဘိုးအိုကို ကယ်တင်ရန် စည်းရုံးနိုင်ခဲ့သည်။
ကုနင်းသည် ယခုမတိုင်မီအထိ ကင်မရာရှေ့တွင် သရုပ်ဆောင်ခြင်း အတွေ့အကြုံ မရှိသော်လည်း၊ သူမသည် ပရော်ဖက်ရှင်နယ် လူသတ်သမား ဖြစ်ခဲ့ဖူးသောကြောင့် သူမ၏ လက်တွေ့ဘဝတွင် မကြာခဏ သရုပ်ဆောင်ခဲ့ဖူးသည်။
ထို့ကြောင့် ကုနင်းသည် ဇာတ်လမ်းတွင် နတ်ဆေးဆရာမအဖြစ် ကွက်ကွက်ကွင်းကွင်း သရုပ်ဆောင်နိုင်သည်။
ထို့ကြောင့် ထန်ရှောင်ရှောင်ပင်လျှင် အစပိုင်းတွင် ကောင်းမွန်စွာ မစွမ်းဆောင်နိုင်ခဲ့ပေ။ ကံကောင်းစွာနဲ့ပဲ ထန်ရှောင်ရှောင်ဟာ ထူးချွန်တဲ့ မင်းသမီးတစ်ယောက်ဖြစ်တာကြောင့် သူမ၏ သရုပ်ဆောင်မှုကို အာရုံစိုက်ပြီး သူမ၏ စွမ်းရည်ကို သက်သေပြခဲ့သည်။
ကုနင်းနှင့် ထန်ရှောင်ရှောင်တို့မှာ တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ အားသာချက်များ ရှိသည်။
ဘာပဲဖြစ်ဖြစ် ရိုက်ကူးရေးကတော့ အဆင်ပြေချောမွေ့နေသည်။
နတ်ဆေးဆရာမသည် သစ်သားအခန်းသို့ ပြန်ရောက်သောအခါ သူမသည် အဘိုးအိုကို မကုသမီ ဆေးသောက်ရန် ကူညီပေးခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ အဘိုးအို၏ မျက်လုံးများသည် ပွင့်လာတော့သည်။
နတ်ဆေးဆရာမသည် အဘိုးအိုကြီးသတိမရသေးမီ ထွက်ခွာသွားခဲ့ပြီး သူမသည် ဇာတ်လိုက်မင်းသားနှင့် ဇာတ်ပို့မင်းသမီးအား အဘိုးအိုအား သူမကယ်ဆယ်ခဲ့ကြောင်း မပြောပြရန် ပြောပြခဲ့သည်။
ဒါ ကုနင်း၏ နောက်ဆုံးဇာတ်ဝင်ခန်းပါပဲ။
ဇာတ်ဝင်ခန်းများစွာတွင် သူမပါဝင်ခဲ့သော်လည်း သူမ၏ဧည့်သည်အသွင်အပြင်ကို အပြီးသတ်ရန် အချိန်အတော်ကြာနေသေးသည်။
“အရမ်းကောင်းတယ်။ မင်းမှာ မင်းရဲ့အားသာချက်တွေ ရှိတယ်။” ဟု လုကျန်းက ပြောသည်။
"ဟုတ်တယ်။ ကျွန်မတို့ဘော့စ်က ကျွန်မထက်တောင် ပိုတော်တယ်" ဟု ထန်ရှောင်ရှောင်ကလည်း ဝင်ပြောလာသည်။
"သူက မင်းရဲ့ဘော့စ်ဖြစ်တော့ ကင်မရာတွေရှေ့မှာ မင်းနည်းနည်းစိတ်လှုပ်ရှားနေတာဖြစ်နိုင်ပါတယ်" ဟု ထန်ရှောင်ရှောင်အား ယုံကြည်မှုရှိစေရန် လုကျန်း ကပြောခဲ့သည်။
ထန်ရှောင်ရှောင်နှင့် ကုနင်းတို့သည် သူ့စကားကို နားလည်သောကြောင့် ထိုအကြောင်းအရာကို ဆက်မပြောပဲ ရပ်လိုက်ကြသည်။
***
အခန်း ၁၆၇၂ သူတို့က မနာလိုနေကြတာ
ဘာပဲဖြစ်ဖြစ် ကုနင်းက မင်းသမီးမဟုတ်တဲ့အတွက် သရုပ်ဆောင်ကောင်းဖို့ မလိုအပ်ပေမယ့် ထန်ရှောင်ရှောင်ကတော့ ကွဲပြားပါသည်။
"ကောင်းပြီ၊ ဒီနေ့ ရှူတင်ကတော့ပြီးသွားပြီ။" လုကျန်းကပြောပြီး တခြားလူတွေကလည်း ချက်ချင်း ထုပ်ပိုးလိုက်ကြသည်။
ကုနင်းနှင့် တခြားသရုပ်ဆောင်တွေက အဝတ်လဲခန်းထဲကို ဝင်သွားတဲ့အခါ လုကျန်းက သူမကို မေးလိုက်သည်။ “ဘော့စ် ခနနေ ငါတို့နဲ့ ထမင်းစားဖို့ အချိန်ရှိသေးလား?"
“ခဏလေးနော်” ကုနင်းက လုကျန်းကို ချက်ချင်း အဖြေမပေးဘဲ ကျင်းယွင်ယောင်ဆီကို လျှောက်သွားသည်။
"အမေ ကျွန်မတို့နဲ့ လိုက်ခဲ့မယ်မလား?" သူမသည် ယနေ့ ရုပ်ရှင်ရိုက်ရန်အတွက် အလုပ်များနေပြီး ကျင်းယွင်ယောင်ကိုပင် လျစ်လျူရှုခဲ့မိသည်။
"အင်း လိုက်မယ်လေ" လို့ ကျင်းယွင်ယောင်က ပြုံးပြီး ပြောလိုက်သည်။
“ကောင်းလိုက်တာ” ကုနင်း ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူမသည် လုကျန်းကို ယနေ့ညထမင်းအတူစားရန်ပြောခဲ့သည်။
ထို့နောက် အဝတ်အစားလဲပြီး ဟွမ်းဒင်ဟိုတယ်သို့ အတူတူသွားကြသည်။
လမ်းမှာ လုကျန်းက Weibo တွင် ပို့စ်တစ်ခု တင်လိုက်သည်။
‘ဧကရီတစ်ပါး၏စစ်သွေးစစ်မာန်’၏တရားဝင်အကောင့်- ငါတို့မှာ ငါတို့ကိုကယ်တင်မယ်သူဌေးတစ်ယောက်ရှိပါတယ်။ ဒီနေ့ ဇာတ်လမ်းတွဲမှာ ပါ၀င်သရုပ်ဆောင်တဲ့ မင်းသမီးတစ်ယောက်ရဲ့ လက်ကဒဏ်ရာရသွားခဲ့တယ်။ ငါတို့ သူဌေးမပေါ်လာမချင်း အခြားသင့်တော်တဲ့မင်းသမီး ရှာမတွေ့ခဲ့ပါဘူး။ သူမဟာ ဇာတ်ရုပ်အတွက် ပြီးပြည့်စုံခဲ့ပြီး ငါတို့အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။
ပို့စ်တွင် ကုနင်း၏ ရိုက်ကွင်း နောက်ကွယ်မှ ဓာတ်ပုံများပါရှိသည်။ ပြီးတော့ သူမဟာ ဓါတ်ပုံတွေထဲမှာ တကယ်ကို အံ့မခန်းပုံပေါ်နေသည်။
စစ်သွေးဧကရီ၏တရားဝင် Weibo အကောင့်တွင် Follower များစွာမရှိသော်လည်း ကုနင်းသည် Weibo တွင် ပရိသတ်များစွာရှိခဲ့သည်။ ဒါကြောင့် သိပ်မကြာခင်မှာပဲ ဒီပို့စ်ဟာ လူအများရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။
လုကျန်းကလည်း သူ့ရဲ့ Weibo အကောင့်မှာ ပြန်တင်ခဲ့သည်။ ထန်ရှောင်ရှောင်နှင့် ချောင်ဟန်ချန်းတို့သည်လည်း ဓာတ်ပုံများစွာကို ရွေးချယ်ခဲ့ကြပြီး ၎င်းတို့ကိုယ်တိုင် ပို့စ်တစ်ခု တင်ခဲ့ကြသည်။
ထန်ရှောင်ရှောင်: ငါတို့ဘော့စ်က မယုံနိုင်စရာပဲ။
ချောင်ဟန်ချန်း: ငါတို့ဘော့စ်နဲ့ ပထမဆုံးတွေ့တာ အံ့သြစရာကောင်းတယ်။
ကုနင်းက ကားမောင်းနေတာကြောင့် လောလောဆယ် ပို့စ်မတင်နိုင်သေးပေ။ လုကျန်း ၊ ထန်ရှောင်ရှောင်နှင့် ချောင်ဟန်ချန်းတို့သည် Weibo တွင် Follower သန်းပေါင်းများစွာရှိသောကြောင့် မကြာမီတွင် အဆိုပါပို့စ်သည် ပျံ့နှံ့သွားခဲ့သည်။
"အို ကုနတ်ဘုရားမ က လှလိုက်တာ"
"သူမက တကယ့်နတ်ဘုရားမပဲ"
"မင်းက ငါ့ရဲ့အချစ်၊ ကုနတ်ဘုရားမ!"
"ကုနတ်ဘုရားမက ခေါင်းဆောင်မင်းသမီးဖြစ်သင့်တာ"
"ကျွန်တော်သဘောတူတယ်"
“…”
"ရှောင်ရှောင်က အရမ်းလှတယ်"
"ဟုတ်တယ် ရှောင်ရှောင်လည်း ကုနင်းလိုပဲ အံ့မခန်းပါပဲ။"
" ရှောင်ရှောင် မင်းကိုငါချစ်တယ်!"
“…”
"ဘာလို့ ဟန်ချန်းက ကုနတ်ဘုရားမကို သူ့ရဲ့သူဌေးလို့ ခေါ်တာလဲ? အခု ဖုန့်ဟွာအင်တာတိန်းမန့် မှာ အလုပ်လုပ်နေတာလား?"
"ဟုတ်တယ်... ထင်တယ်"
"ဘာပဲဖြစ်ဖြစ် ငါ ဟန်ချန်းကို ထာဝရထောက်ခံနေမှာပါ"
“…”
လူအများစုသည် အပြုသဘောဆောင်သော မှတ်ချက်များ ထားခဲ့ကြသည်၊ သို့သော် အမြဲလိုလို အပျက်သဘောဆောင်သော မှတ်ချက်များလည်း ရှိသည်။
"ကုနင်းက ကျောင်းသား၊ စီးပွားရေးသမား မဟုတ်ဘူးလား။"
"သူ့အလုပ်နဲ့ စာလေ့လာတာကို အာရုံမစိုက်နိုင်ဘူးလား?"
"သူက သူ့ကိုယ်သူ လူရယ်စရာဖြစ်အောင် မလုပ်သင့်ဘူး။"
"ငါသူ့ကိုမုန်းတယ်။"
“…”
ကုနင်း၏သစ္စာရှိပရိသတ်များက သူမအား ချက်ချင်းကာကွယ်ခဲ့သည်။
"ဒါဆို? သူက ကျောင်းသူကောင်းတစ်ယောက်၊ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ တစ်ချိန်တည်းမှာ ထူးချွန်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နိုင်မှာ မဟုတ်ဘူးလား?"
"သူမက မင်းမယုံနိုင်တဲ့အရာကို လုပ်နိုင်တယ်၊ အဲဒါက ငါတို့ရဲ့ ကုနတ်ဘုရားမပဲ"
"မင်းတို့က ဒီတိုင်း မုန်းတီးသူတစ်သိုက်ပဲ"
"မုန်းတီးသူတွေက ရွံဖို့ကောင်းတယ်!"
"မင်းက ရိုးရိုးရှင်းရှင်း မနာလိုဘူး။"
"ကုနတ်ဘုရားမကို အသရေဖျက်တာ ရပ်လိုက်ပါ"
“သူတို့က သူတို့ထက် ပိုထူးချွန်တဲ့သူတွေဆီက သင်ယူလို့မရဘူးလား?”
“…”
အမြဲလိုလို မုန်းတီးသူတွေ ပြင်းပြင်းထန်ထန် ဝေဖန်ခံရတယ်။
…
ဟွမ်းဒင်ဟိုတယ်သို့ မသွားမီတွင် ကုနင်းသည် ထိုနေရာတွင် သီးသန့်အခန်းကို ကြိုတင်မှာယူထားသည်။
ကုနင်းနှင့် ကျင်းယွင်ယောင်တို့သည် လုကျန်းနှင့် အခြားလူများထက် စောရောက်ခဲ့သည်။
"ဘော့စ် ကျွန်တော့် ဇာတ်လမ်းအသစ်မှာ မင်းရဲ့အပိုင်းအကြောင်း ပို့စ်တင်ပြီးပြီ၊ ဒါပေမယ့် မင်းကို အင်တာနက်မှာ တိုက်ခိုက်နေတဲ့ မုန်းတီးသူတွေက အမြဲရှိနေတယ်။" လုကျန်းကပြောပေမယ့် ကုနင်း၏ သစ္စာရှိပရိသတ်တွေက သူမကို ခုခံကာကွယ်ပေးကြတဲ့အခါ သူလည်း အံ့အားသင့်သွားခဲ့သည်။
ထို့နောက် ကုနင်းသည် ‘ဧကရီတစ်ပါး၏စစ်သွေးစစ်မာန်’ ၏ တရားဝင်အကောင့်မှ တင်ထားသော ပို့စ်ကို ပြန်လည်တင်ခဲ့သည်။
ကုနင်း - ကျေးဇူးပြုပြီး ကျွန်မကို ပရော်ဖက်ရှင်နယ် မင်းသမီးတစ်ယောက်ရဲ့ စံနှုန်းတွေနဲ့ မဆုံးဖြတ်ပါနဲ့။ ကျွန်မက အဲဒီ့မှာ ဧည့်သည်သရုပ်ဆောင်အဖြစ်ပဲ သရုပ်ဆောင်ခဲ့တာပါ။
ကုနင်း တင်ပြီးသည်နှင့် သူမပရိသတ်များထံမှ စိတ်အားထက်သန်စွာ တုံ့ပြန်မှုများ ရရှိခဲ့သည်။
"ကုနတ်ဘုရားမ၊ ငါတို့မင်းကိုချစ်တယ်။"
“အဲဒီမုန်းတီးသူတွေကို တစ်ချက်မှဂရုစိုက်မနနေဲ့”
"သူတို့ မင်းကို မနာလိုဖြစ်နေတာ"
"ကုနတ်ဘုရားမ....."
***
အခန်း ၁၆၇၃ ဖန်းကျီကျဲ့နဲ့ တွေ့ဆုံခြင်း
ကုနင်း၏ ပို့စ်အောက်ရှိ မှတ်ချက်အများစုသည် အပြုသဘောဆောင်ပြီး အပျက်သဘောဆောင်သောမှတ်ချက်ကို တွေ့ရခဲပါသည်။
စုထုံနျိုနှင့် အခြားသော ဇာတ်ပို့သရုပ်ဆောင်များသည် ပို့စ်ကို ပြန်လည်တင်ခဲ့ပြီး ကုနင်းကို ထောက်ခံခဲ့သည်။
စုထုံနျို : ငါတို့ဘော့စ်ရိုက်ကူးရေးမှာရှိတယ်ဆိုတာသိရင် ငါလည်း ရိုက်ကွင်းကို လာခဲ့တာပေါ့!
ပိုင်လင်း : သူမရဲ့ သရုပ်ဆောင်ချက်တွေကို ကိုယ်တိုင် မြင်ဖူးချင်တယ်
ဟန်လန်ရွှမ် : ငါလည်း အံ့သြတယ်
…
ကုနင်းနဲ့ ကျင်းယွင်ယောင်တို့ အိမ်ပြန်ရောက်တော့ ည ၉ နာရီထိုးနေပြီမို့ နှစ်ယောက်သား ကိုယ့်အခန်းကိုယ်သွားကြသည်။
ကုနင်းသည် အချိန်အားသောအခါတွင် သူမသည် ဖုန်းကိုထုတ်ကာ မက်ဆေ့ခ်ျအသစ်များကို စစ်ကြည့်သည်။ သူမ၏သူငယ်ချင်းတော်တော်များများကလည်း သူမ၏ သရုပ်ဆောင်သင့်သတင်းကြောင့် အံ့အားသင့်သွားကြတယ်လို့ ဆိုကြသည်။
ကုနင်းသည် ချူးဖေ့ဟန်နှင့် သူ၏ WeChat အဖွဲ့ရှိ အခြားသူငယ်ချင်းများနှင့်လည်း စကားပြောဆိုခဲ့သည်။ ချူးဖေ့ဟန်က ကုနင်းကို ရက်အနည်းငယ်အတွင်း သူမ မြို့တော်ကို ရောက်မယ်လို့ ပြောသည်။
စာသင်ဖို့ ၁၀ ရက်ကျော် လိုသေးသော်လည်း သူမသည် စောစောကုနင်းနှင့် တွေ့ဆုံချင်သည်။ စာသင်နှစ်သည် ဩဂုတ်လနှောင်းပိုင်းတွင်ဖြစ်ပြီး သူတို့၏ တက္ကသိုလ်ဘဝ မကြာမီ စတင်တော့မည်ဖြစ်သည်။
ကုနင်းသည် ယွီမီရှီကိုလည်း အချိန်ရလားဟု မေးလိုက်သည်။ သူမသာ အလုပ်မများလျှင် ချူးဖေ့ဟန်နှင့်အတူ မြို့တော်ကို လာနိုင်သည်။ ထို့ကြောင့် ယွီမီရှီသည် သုံးရက်အကြာတွင် ချူးဖေ့ဟန်နှင့်အတူ မြို့တော်သို့သွားရန် ဆုံးဖြတ်ခဲ့သည်။
ဟောင်ရန်နှင့် တခြားကောင်လေးတွေကလည်း ကုနင်းကို စောစောသွားတွေ့ချင်ကြသည်။
ထို့ကြောင့် ယွီမီရှီ၊ ချူးဖေ့ဟန်၊ မုခယ်၊ ဟောင်ရန် နှင့် ကျန်းထျန်ပင်းတို့သည် ကုနင်းကို အတူတကွ တွေ့ဆုံရန် ဆုံးဖြတ်လိုက်ကြသည်။
ချူးဖေ့ဟန်နှင့် ယွီမီရှီတို့သည် ရာစုနှစ်မြို့တော်ရှိ ကုနင်း၏အိမ်တွင်တည်းမည်ဖြစ်ပြီး ယောက်ျားလေးများသည် ဟွမ်းဒင်ဟိုတယ်တွင် တည်းကြမည်ဖြစ်သည်။
မသွားနိုင်တဲ့သူတွေက မပျော်နိုင်ကြပေမယ့် သူတို့မှာလည်း တခြားအစီအစဉ်တွေရှိသောကြောင့် မဖျက်နိုင်ကြပေ။
…
ည ၁၀ နာရီတွင် ကုနင်းသည် လင်ရှောင်းထင်နှင့် အချိန်အတော်ကြာ ဖုန်းဖြင့် စကားပြောကြသည်။ သူမကို သုံးရက်အတွင်း သူငယ်ချင်းများ လာတွေ့မည်ဟု ပြောခဲ့ပြီး လင်ရှောင်းထင်က ၎င်းနှင့် ပတ်သက်၍ ဘာမှ မပြောဘဲ ရှန်းရှစ်ဟိုတယ်တွင် တည်းရန် ပြောခဲ့သည်။
ကုနင်းသည် လင်ရှောင်းထင် ကို စိတ်မဆိုးစေချင်သောကြောင့် မုခယ် ၊ ဟောင်ရန်နှင့် ကျန်းထျန်ပင်းတို့ကို ရှန်းရှစ်ဟိုတယ်သို့ ပြောင်းရွှေ့ရန် သဘောတူလိုက်သည်။ မုခယ်၊ ဟောင်ရန်နှင့် ကျန်းထန်ပင်း တို့က တစ်ခန်းတည်းအိပ်ချင်ကြသောကြောင့် လင်ရှောင်းထင်သည် ၎င်းတို့အတွက် အိပ်ခန်းသုံးခန်းပါသည့် ဇိမ်ခံအခန်းကို စီစဉ်ပေးခဲ့သည်။
…
နောက်နေ့မနက် ၁၁ နာရီတွင် ကုနင်းသည် နဉ်ချန်းခိုင်၏ဖုန်းကို လက်ခံရရှိလိုက်ပြီး ဖန်းကျီကျဲ့က သူ့ကို နောက်ထပ်လာတွေ့တယ်ဟု ပြောသည်။ ထို့နောက် သူသည် ဖန်းကျီကျဲ့အား သူမဖုန်းနံပါတ်ပေးလိုက်ကြောင်းနဲ့ မကြာမီအချိန်အတွင်း သူမထံဖုန်းဆက်မည်ဟုထင်ကြောင်း နဉ်ချန်းခိုင်က ပြောပြသည်။
ကုနင်းက ဒါကို ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်းပြောပြီး ဖုန်းချလိုက်သည်။ တစ်မိနစ်အတွင်းမှာပင် သူ့ဖုန်းက တစ်ဖန်ပြန်မြည်လာသည်။
"ဟိုင်း" ကုနင်းက တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။
"မင်းက ခိုကျီ ပိုင်ရှင် ကုနင်းလား?" ဖန်းကျီကျဲ့က မောက်မာသောလေသံဖြင့် မေးလိုက်သည်။ သူသည် ကိုယ့်ကိုယ်ကိုယ် ကုနင်းထက် သာလွန်သည်ဟု ထင်နေသည်။
ဖန်းကျီကျဲ့သည် အင်တာနက်မှတဆင့် ကုနင်းအကြောင်း အနည်းငယ်လေ့လာခဲ့သော်လည်း သူမသည် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု သူမထင်ပေ။
"ဟုတ်ပါတယ် ဘယ်သူပါလဲ?" ကုနင်းက သူဘယ်သူလဲဆိုတာ သိထားပြီးသားဖြစ်ပေမယ့်လည်း မေးလိုက်သည်။
“ကျွန်တော်က ကျွန်တော်တို့နိုင်ငံက လန်နျို ဌာနခွဲရဲ့ ဒုဥက္ကဋ္ဌ ဖန်းကျီကျဲ့ ပါ။ ကျွန်တော် မင်းကိုဘာလို့ခေါ်တာလဲ မင်းသိနေပြီးသားလို့ ထင်ပါတယ်။ ကျွန်တော်တို့မျက်နှာချင်းဆိုင်ပြီး စကားကောင်းကောင်းပြောနိုင်မယ်လို့ မျှော်လင့်တယ်” လို့ ဖန်းကျီကျဲ့က ဆိုသည်။
“ဟုတ်ကဲ့ပါ ဘယ်အချိန်၊ ဘယ်မှာလဲ?” ကုနင်းက မေးသည်။
"ထန်းယွင်လက်ဖက်ရည်အိမ်တော်ကို သိလား။ ဖြစ်နိုင်မယ်ဆိုရင် အဲ့မှာ ဒီနေ့နေ့လည် ၂ နာရီမှာ တွေ့လို့ရပါတယ် မနက်ပိုင်းနဲ့ ညပိုင်းက ကျွန်တော်အလုပ်များလို့” ဟု ဖန်းကျီကျဲ့မှ ပြောကြားသည်။
ကုနင်းက ရယ်စရာေကာင်းတယ်ဟု ထင်သွားသည်။ ဖန်းကျီကျဲ့သည် သူမနဲ့ စီးပွားရေးအကြောင်း ပြောချင်တဲ့သူမို့ သူ သူမအပေါ်ယဉ်ကျေးသင့်သည်။ ဘာပဲဖြစ်ဖြစ် ကုနင်းက သူ့နှင့် လူချင်းတွေ့ရန် ဆုံးဖြတ်လိုက်သည်။
"ဟုတ်ပြီ နေ့လည် ၂ နာရီမှာ ထန်းယွင်လက်ဖက်ရည်အိမ်တော် မှာတွေ့မယ်။"
သူမ အရင်က ထန်းယွင်လက်ဖက်ရည်အိမ်တော်ကို ရောက်ဖူးတာမို့ သူမ သိလိုက်သည်။
ထို့နောက် ကုနင်းသည် ဖန်းကျီကျဲ့၏ ဖုန်းကို တန်းချလိုက်သည်။
ဖန်းကျီကျဲ့က သူ့ကို အရင်ဖုန်းချလျှင် မကြိုက်မှန်း သူမ သိတာမို့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပင်။
အမှန်ပင်လည်း ဖန်းကျီကျဲ့သည် ကုနင်း သူ့ဖုန်းကို ချလိုက်၍ အလွန်စိတ်ဆိုးသွားသည်။ သူသည် သူ့ကိုယ်သူ လေးစားမှုနဲ့ ထိုက်တန်တယ်ဟု ထင်နေသည်။ သို့သော်လည်း သူကိုယ်တိုင်ကတော့ တခြားလူတွေကို မလေးစားပေ။
နေ့လယ်စာစားပြီးနောက် ကုနင်းက ကျင်းယွင်ယောင် ကို မေးလိုက်သည်။ "အမေ၊ ခနနေကျရင် ကျွန်မအလုပ်ကိစ္စနဲ့ အပြင်သွားဖို့လိုတယ်။ ကျွန်မနဲ့ လိုက်ခဲ့ချင်လား?"
"အလုပ်ကိစ္စနဲ့ဆိုတော့ ငါလိုက်သင့်တယ်လို့ မထင်ဘူး။" ဟု ကျင်းယွင်ယောင်က ပြောလိုက်သည်။ ကုနင်းက သူမတစ်ယောက်တည်း အိမ်မှာနေရရင် ပျင်းနေမှာဆိုးတာကြောင်း သူ့ကိုခေါ်မှန်း ကျင်းယွင်ယောင်သိသည်။
“အဆင်ပြပေါတယ် ကျွန်မက သူ့ကို ကျွန်မရဲ့ အလှကုန်အမှတ်တံဆိပ်ဝယ်ဖို့ စိတ်ကူးကို စွန့်လွှတ်ဖို့ ရိုးရိုးရှင်းရှင်း ခြိမ်းခြောက်ရုံပါပဲ”
"ကောင်းပြီ ငါမင်းနဲ့လိုက်ခဲ့မယ်" ကုနင်းသည် ဆိုးသွမ်းသော မိန်းကလေး လုပ်တော့မည် ဖြစ်သောကြောင့် သူမကို ထောက်ပံ့သင့်သည်ဟု သူမ ထင်သည်။
ထို့ကြောင့် မွန်းလွဲ ၁ နာရီတွင် ကုနင်းသည် ကျင်းယွင်ယောင်နှင့်အတူ ထွက်ခွာလာသည်။ နည်းနည်းစောနပေေမယ့် ကုနင်းက အချိန်မှန်ရန်အတွက် အမြဲကြိုးစားလေ့ရှိသည်။
နေ့လည် ၁:၃၀ တွင် ကုနင်းနှင့် ကျင်းယွင်ယောင်တို့သည် ထန်းယွင်လက်ဖက်ရည်အိမ်တော်သို့ရောက်ရှိလာပြီး ကုနင်းမှ ဖန်းကျီကျဲ့ကို ဖုန်းမခေါ်မီ မွန်းလွဲ ၁:၅၀ နာရီအထိ ကားထဲတွင် စောင့်ဆိုင်းခဲ့ကြသည်။
"ဟိုင်း မစ္စတာဖန်း ကျွန်မ ရောက်နေပါပြီ" ဟု ကုနင်းက ပြောသည်။
“ကျွန်တော် သီးသန့်အခန်းကို ကြိုတင်မှာထားပြီးသားပါ၊ ဧည့်ခံဝန်ထမ်းကို ကျွန်တော့်နာမည်ကို ပြောပြလို့ရပါတယ်။ မိနစ်အနည်းငယ်အတွင်း ကျွန်တော် အဲဒီကို ရောက်မှာပါ။” လို့ ဖန်းကျီကျဲ့က ပြောသည်။
***
အခန်း ၁၆၇၄ မောက်မာသော ဖန်းကျီကျဲ့
“ဟုတ်ကဲ့ပါ” ဟု ကုနင်းက ပြောလိုက်သည်။
ထို့နောက် ကုနင်းနှင့် ကျင်းယွင်ယောင် တို့သည် ဖန်းကျီကျဲ့မှ ကြိုတင်မှာယူထားသော သီးသန့်အခန်းသို့ သွားကြသည်။
ငါးမိနစ်ခန့်အကြာတွင် ဖန်းကျီကျဲ့ ရောက်လာပြီး ချိန်းထားသည့်အချိန်မတိုင်မီ ငါးမိနစ်အလိုတွင် ရောက်ရှိလာခြင်းဖြစ်သည်။
သူ၏ အတွင်းရေးမှူးများဖြစ်သော ယောက်ျား တယောက်နှင့် မိန်းမတယောက်သည် သူ့နောက်သို့ လိုကိလာသည်။
ဖန်းကျီကျဲ့သည် အသက်လေးဆယ်ကျော်အရွယ် အရပ်ရှည်သော အမျိုးသားတစ်ဦးဖြစ်ပြီး ရိုးရှင်းသော မျက်နှာထားဖြင့် သူသည် ဒီနေ့ ပုံမှန်ဝတ်စုံကိုသာ ၀တ်ဆင်ထားသည်။
ကုနင်းသည် မတ်တပ်ထရပ်ပြီး အေးအေးဆေးဆေး နှုတ်ဆက်လိုက်သည်။ "တွေ့ရတာဝမ်းသာပါတယ် ဒုဥက္ကဌဖန်းကျီကျဲ့"
ကျင်းယွင်ယောင်လည်း မတ်တတ်ရပ်လိုက်သော်လည်း ဘာမှပြန်မပြော။ ဘာမှ မလုပ်နိုင်တဲ့အခါ ငြိမ်နေသင့်သည်။
ဖန်းကျီကျဲ့သည် ကုနင်းကို မျက်စိစွေကြည့်လိုက်သည်။
"တွေ့ရတာဝမ်းသာပါတယ် ဥက္ကဌကု"
"ထိုင်ပါ" ဆိုဖာဆီသို့ လျှောက်သွားပြီး ကုနင်းကို ခေါင်းညိတ်ပြလိုက်သည်။ သူက အရမ်း မာနကြီးသည်။
သူတို့ထိုင်ပြီးတာနဲ့ ဖန်းကျီကျဲ့၏ အတွင်းရေးမှူးက စားပွဲထိုးကို လက်ဖက်ရည်မှာလိုက်သည်။
ဖန်းကျီကျဲ့က စားပွဲထိုးမထွက်သွားမချင်း စကားမပြောပေ။
“ဥက္ကဌကုက ဒီနေ့ အစည်းအဝေးရဲ့ ရည်ရွယ်ချက်ကို သိပြီးသားဆိုတော့ ပွင့်ပွင့်လင်းလင်းပြောသင့်တယ်လို့ ကျွန်တော်ထင်တယ်။ လန်နျိုက ခိုကျီကို လိုချင်တဲ့အတွက် အဲဒါကို ယူဖို့ ကျွန်တော်ကို တာဝန်ပေးခဲ့တယ်။ ကျွန်တော်တို့ ဝယ်ယူပြီးတဲ့နောက်မှာ မင်းက ခိုကျီရဲ့ ရှယ်ယာ ၁၀% နဲ့ မန်နေဂျာအဖြစ် ဆက်လက်ရပ်တည်နိုင်ပါတယ်။ ခိုကျီကလည်း လန်နျိုရဲ့အကူအညီနဲ့ တတိယအဆင့်အမှတ်တံဆိပ်ဖြစ်လာလိမ့်မယ်" ပြောပုံက ဆွဲဆောင်မှုရှိပေမယ့် ရိုးရိုးထောင်ချောက်တစ်ခုပင်ဖြစ်သည်။
လန်နျိုသည် ကျော်ကြားသော နိုင်ငံတကာ အလှကုန်ကော်ပိုရေးရှင်းတစ်ခုဖြစ်သောကြောင့် ခိုကျီသည် ၎င်းကိုဝယ်ယူပါက ပိုမိုကျော်ကြားမှုရရှိရန် အလွန်လွယ်ကူမည်ဖြစ်သည်။ ခိုကျီသည် ယခုခေတ်စားနေသော်လည်း ၎င်းသည် လန်နျိုနှင့် မယှဉ်နိုင်သေးပါ။
လန်နျိုသည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်းတစ်ရာကျော်တွင် လှုပ်ရှားနေပြီး တစ်ကမ္ဘာလုံးတွင် ကုမ္ပဏီခွဲ ရာနှင့်ချီရှိခဲ့သော်လည်း ခိုကျီသည် ရှည်လျားသောသမိုင်းကြောင်းမရှိဘဲ အသစ်တည်ထောင်ထားသော အမှတ်တံဆိပ်တစ်ခုသာဖြစ်သည်။
သူတို့ကြားတွင် ကြီးမားသော ကွာဟချက်တစ်ခု ရှိနေသည်။
ကုနင်းသည် ခိုကျီကို လန်နျိုသို့ရောင်းချရန် သဘောတူလိုက်ပါက သူမသည် ၎င်းကို ထိန်းချုပ်မှု လုံး၀ဆုံးရှုံးသွားမည်ဖြစ်သည်။ သို့သော်ငြား ခိုကျီ၏ ထုတ်ကုန်များသည် သူမ၏ မှော်အစွမ်းကြောင့်သာ ထိရောက်မှု ရှိသည်။ အကယ်၍ ၎င်းကို လန်နျိုမှဝယ်ယူခဲ့ပါက ကုနင်းသည် သူမ၏ မှော်အစွမ်းကို ၎င်းထဲသို့ ထည့်သွင်းနိုင်တော့မည် မဟုတ်တော့ပါ။
ကုနင်း လိုချင်တာ ဒါမဟုတ်ပေ။
ခိုကျီသည် လက်ရှိအချိန်တွင် လန်နျိုကဲ့သို့ မအောင်မြင်သေးသော်လည်း ၎င်းသည် အနာဂတ်တွင် အခြားသော နာမည်ကြီး အမှတ်တံဆိပ်တွေကဲ့သို့ နိုင်ငံတကာအမှတ်တံဆိပ်တစ်ခု ဖြစ်လာနိုင်သည်ဟု သူမယုံကြည်သည်။
ကုနင်းသည် ပိုက်ဆံလုံးဝမတတ်နိုင်တာမဟုတ်သောကြောင့် လန်နျိုမှ ကမ်းလှမ်းသောအခြေအနေများကို သူမ မမက်မောပေ။
ကုနင်းက ပြုံးပြီး "အင်း ရှင့်ကို ရိုးရိုးသားသား ပြောရရင် အခုချိန်ထိ ခိုကျီကို၀ယ်ဖို့ စိတ်ကူးရှိတဲ့ လုပ်ဖော်ကိုင်ဖက်အရေအတွက် ဘယ်လောက်ရှိပြီလဲတောင် မသိတော့ဘူး။ ဒါပေမယ့် ကျွန်မ ခိုကျီ ကို ရောင်းဖို့ အစီအစဉ် မရှိပါဘူး။ ကျွန်မက စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကိုပဲ လက်ခံတယ်ဆိုတာ ခိုကျီရဲ့ အထွေထွေမန်နေဂျာက ရှင့်ကို ဒီလိုပြောထားပြီးသားလို့ ကျွန်မထင်ပါတယ်။”
"ဘာ? ဘာကြောင့်လဲ?" ဖန်းကျီကျဲ့ အံ့သြသွားသည်။
ကုနင်းသည် ခိုကျီကိုရောင်းရန်ဆန္ဒရှိသောကြောင့် သူနှင့်တွေ့ဆုံရန်သဘောတူခဲ့သည်ဟုထင်နေသည်။
"ကျွန်မ ခိုကျီကို မရောင်းချင်ရုံပါပဲ" ဟု ကုနင်းကပြောလိုက်သည်။ သူမက စိတ်ပိုင်းဖြတ်ထားသည်။
"ငါ့ကို လှည့်စားတာကို ရယ်စရာလို့ ထင်နေတာလား?" ဖန်းကျီကျဲ့ သည် ကုနင်းကို အေးစက်စွာ စိုက်ကြည့်နေသည်။
"ဘာလို့အဲ့လိုပြောတာလဲ?" ကုနင်းသည် အထင်အမြင်သေးစွာဖြင့် လှောင်ပြောင်လိုက်သည်။ "ရှင် ကျွန်မကုမ္ပဏီကို ခနခနလာရောက်ခဲ့ပြီး ကျွန်မတို့ရဲ့ အထွေထွေမန်နေဂျာက ခိုကျီ မရောင်းချင်ဘူးလို့ ရှင့်ကို ပြောထားတယ်လေ။ ကျွန်မတို့ကို ခြိမ်းခြောက်ပြီး လာဘ်ထိုးဖို့ ကြိုးစားခဲ့တာက ရှင်ပဲ။ အဲ့တာကိုရော မသင့်တော်ဘူးလို့ မထင်ဘူးလား?"
ဖန်းကျီကျဲ့သည် စက္ကန့်ပိုင်းမျှ ကြောင်အသွားသည်။
"ဥက္ကဌကု၊ လန်နျိုက မင်းရဲ့အမှတ်တံဆိပ်ကို ရွေးချယ်ခဲ့တာကို မင်းဂုဏ်ယူသင့်တယ်" ဟု ဖန်းကျီကျဲ့က ပုံမှန်အတိုင်း မောက်မာစွာပြောခဲ့သည်။
"ကျွန်မတော့ မထင်ပါဘူး" ကုနင်းက အေးစက်သောလေသံဖြင့်ပြောသည်။
"ဥက္ကဌကု၊ မင်းက ရင့်ကျက်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ဖို့ ငယ်သေးတယ်" ဖန်းကျီကျဲ့က ပြောလိုက်ပြီး “စီးပွားရေး ပြိုင်ဆိုင်မှုကဘယ်လောက်ပြင်းထန်နိုင်လဲဆိုတာ မသိသေးဘူး။”
"ကျွန်မသိပါတယ်၊ ဒါပေမယ့် ရှင်ကိုယ့်ကိုယ်ကို အဲ့လောက် သိပ်အထင်ကြီးမနေပါနဲ့" ဟု ကုနင်းက ဆိုသည်။
"ဥက္ကဌကု၊ မင်းမှာ အဆက်အစပ်တွေရှိမှန်း ငါသိပါတယ်၊ ဒါပေမယ့် လူတွေက ကိုယ့်အကျိုးအမြတ်ကိုပဲ ကြည့်ကြတာ"