← Chapters

အခန်း (၁၆၇၅-၁၆၈၀)

Vol. 105 Ch. 1675-1680

အခန်း (၁၆၇၅-၁၆၈၀)

Vol. 105 Ch. 1675-1680

အခန်း ၁၆၇၅ ဖန်းယွင်လုံ နှင့် မတော်တဆ တွေ့ဆုံခြင်း

လူတွေက ကိုယ့်အကျိုးစီးပွားကိုပဲ ကြည့်တယ်ဆိုတာ အမှန်ပါပဲ။ သို့သော် ၎င်းသည် ပကတိအမှန်တရားမဟုတ်ပေ။

ဖန်းကျီကျဲ့သည် မိုက်မဲသူဖြစ်သောကြောင့် လူတိုင်းသည် သူ့လို မိုက်မဲသည်ဟု သူယုံကြည်သည်။

ကုနင်းက သူမဒုက္ခရောက်ချိန်တွင် သူ့အသိုင်းအဝိုင်းထဲရှိ လူတွေအားလုံးက သူမကိုကူညီကြလိမ့်မယ်ဆိုတာ မသေချာပေမယ့် ထန်ဟွမ်နဲ့ ရှန်းရှစ်က သူမကို သေချာပေါက်ကူညီပေးလိမ့်မယ်လို့ သူမယုံကြည်သည်။

တစ်ခုမှာ သူမ၏ မိသားစုစီးပွားရေးဖြစ်ပြီး ကျန်တစ်ခုမှာ သူမ၏အနာဂတ်ခင်ပွန်း၏ လုပ်ငန်းဖြစ်သည်။ နှစ်ယောက်စလုံးက သူမကို ဒီကမ္ဘာမှာ အချစ်ဆုံးမို့ သူမကို ကူညီဖို့ တွန့်ဆုတ်နေမှာ မဟုတ်တာ သေချာပါသည်။

ဖန်းကျီကျဲ့က ဒါကို မသိတဲ့အတွက် ကုနင်းကို ပေါ့ပေါ့တန်တန် သဘောထားသည်။

"ရှင့်ရဲ့စကားတွေက အဓိပ္ပာယ်ရှိပေမယ့် ကျွန်မလက်မခံနိုင်ပါဘူး။" လို့ ကုနင်းက ဆိုသည်။

ဖန်းကျီကျဲ့သည် စိတ်မရှည်တော့ဘဲ ကုနင်းကို တိုက်ရိုက်ခြိမ်းခြောက်လိုက်သည်။ "ကုနင်း ငါ့စိတ်ရှည်မှုကို မစမ်းသပ်နဲ့။ မြို့တော်က ယွမ်မိသားစုက ငါ့ဆွေမျိုးတွေ မင်းကို ဒီမြို့ကနေ ပိတ်ပစ်ဖို့ဆိုတာ လွယ်လွယ်လေး"

ဖန်းကျီကျဲ့၏ ခြိမ်းခြောက်မှုကို ကြားသောအခါ ကုနင်းက လုံးဝ စိတ်မဆိုးပေမယ့် ကျင်းယွင်ယောင်ကတော့ မကျေမနပ် ဖြစ်သည်။ သူမ ဘာမှ မပြောဘဲ ဖန်းကျီကျဲ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။

"ယွမ်မိသားစု? သူတို့က ရှင့်လို ဝေးကွာနေတဲ့ ဆွေမျိုးကို ထောက်ပံ့ပေးမှာ သေချာလား?" ကုနင်းကလှောင်ပြောင်‌နေသော လေသံဖြင့် မေးလိုက်သည်။

“မင်း…” ဖန်းကျီကျဲ့ အံ့သြသွားပြီး ဒေါသထွက်သွားသည်။ "မင်းဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကိုစုံစမ်းခဲ့တာလဲ?"

"ရှင်‌ရော ဒီလိုပဲ လုပ်ထားတာ မဟုတ်ဘူးလား?" ကုနင်းက မေးသည်။

ဖန်းကျီကျဲ့သည် စက္ကန့်အတော်ကြာအောင် ထိတ်လန့်သွားပြီး ဘာပြောရမှန်းမသိ ဖြစ်နေသည်။

တကယ်တော့ သူသည် အင်တာနက်ပေါ်တွင် ကုနင်းနှင့်ပတ်သက်သည့် သတင်းအချို့ကို ဖတ်ထားသည်။ သူက သူ့ကိုယ်သူ အမှားမရှိဘူးလို့ ထင်ထားပေမယ့် ကုနင်းကလည်း သူ့ကို ဒီလိုလုပ်တဲ့အခါ စိတ်ဆိုးသွားသည်။

"ဒုဥက္ကဌဖန်း ကျွန်မတို့အစည်းအဝေးကို အဆုံးသတ်လို့ရပြီထင်တယ်"

"ငါ ခိုကျီကို ၀ယ်ဖို့ တွန်းအားပေးရင် ဘာဖြစ်မလဲ?"

"သေချာလား? ရှင်ဒီလိုလုပ်ဖို့ တွန်းအားပေးရင် ကျွန်မကုမ္ပဏီကို ပြိုပျက်မသွားအောင် ကာကွယ်ဖို့ အထူးနည်းလမ်းကို သုံးရမှာ ဆိုးရတယ်။ ကျွန်မက ကွန်ဖူးကို ကြိုက်တဲ့သူဆိုတာ ရှင် သိထားသင့်တယ်နော်။ ကျွန်မ ဒေါသထွက်တဲ့အခါ ကျရင် အကြမ်းဖက်ပြီး ပြဿနာကို ဖြေရှင်းဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူး။” ဟု ကုနင်းက ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် သူမသည် လက်ဆစ်များကို ချိုးလိုက်ပြီး တစ်စုံတစ်ယောက်ကို ရိုက်နှက်ရန် အဆင်သင့်ဖြစ်ပုံရသည်။

ကုနင်းသည် ပျော့ညံ့သော မိန်းကလေးမဟုတ်ကြောင်း ဖန်းကျီကျဲ့က သိထားသောကြောင့် သူမနှင့် တိုက်ခိုက်ရန် တွန့်ဆုတ်နေခဲ့သည်။

"မင်းငါ့ကိုရိုက်ရဲရင်‌တောင် တရားမဝင်ဘူး" ဟု ဖန်းကျီကျဲ့က စိုးရိမ်စိတ်နှင့် ဒေါသတကြီးပြောသည်။

"ရှင် ကျွန်မကုမ္ပဏီကို အတင်းအကြပ် ၀ယ်တာကရော တရား၀င်တယ်တဲ့လား?" ကုနင်းက လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။ "ရှင်က ကျွန်မထက်သာလွန်တယ်လို့ ထင်မနေနဲ့။ ရှင်က ကျွန်မမျက်လုံးထဲမှာ အရူးတစ်ယောက်သာသာပဲ"

ဖန်းကျီကျဲ့ အံ့သြသွားသည်။ မိမိအကျိုးအတွက် ဘာမဆို လုပ်လိုစိတ်ရှိသော်လည်း သေခြင်းတရားကိုတော့ ကြောက်သည်။ သူသည် ကုနင်းနှင့် လုံးဝ မယှဉ်ပါ။

"ရှင် ခိုကျီကို ပျက်စီးအောင်လုပ်ဖို့ သတ္တိရှိရင် မင်း အဲဒါကို ပြန်ပေးဆပ်ရမယ် ကျွန်မနှစ်ခါ မပြောဘူး" ကုနင်းသည် ကျင်းယွင်ယောင်နဲ့ မထွက်ခွာခင် သူ့ကို သတိပေးလိုက်သည်။

ကျင်းယွင်ယောင်လည်း သူတို့ အပြင်မထွက်ခင် ဖန်းကျီကျဲ့ကို မျက်စောင်းထိုးပြလိုက်သည်။

ဖန်းကျီကျဲ့ ဒေါသထွက်နေသော်လည်း သူတို့ကို မတားနိုင်။

ကုနင်းခြံထဲကို လှမ်းကြည့်လိုက်တော့ သူမ ရင်းနှီးနေတဲ့ ဖန်းယွင်လုံကို တွေ့လိုက်ရသည်။ ဖန်းယွင်လုံသည် ယနေ့ စစ်ယူနီဖောင်းဝတ်ထားပြီး လျို့ကျန်းဟွာသည် သူ့အနားတွင် ရှိနေသည်။

"ဟိုင်း ဗိုလ်ချုပ်ဖန်း၊ အတွင်းရေးမှူးလျို့၊ နောက်တစ်ကြိမ် တွေ့ရတာ ဝမ်းသာပါတယ်" ကုနင်းက သူတို့ကို အပြုံးနဲ့ နှုတ်ဆက်လိုက်သည်။

"အို ဟဲလို တွေ့ရတာဝမ်းသာပါတယ် နင်းနင်း တိုက်ဆိုင်လိုက်တာ!" ဖန်းယွင်လုံ သည် ကုနင်း ကိုမြင်သောအခါ ၀မ်းသာသွားသည်။ "မင်းအခုအားလား? ငါတို့အခု အပျော် တစ်ပွဲလောက်ဆင်နွှဲကြရင်ရော"

ကုနင်းပဲ နိုင်မယ်ဆိုတာ သူသိပေမဲ့ ဒါဟာ စိန်ခေါ်မှုတစ်ခုလို့ထင်ပြီး ဒီလိုစိန်ခေါ်မှုကို သူပျော်နေခဲ့သည်။ သို့သော်လည်း ကုနင်းက သူ့ကို အဖြေမပေးခင် ကျင်းယွင်ယောင် ကိုတွေ့လိုက်ရသည်။

"ယွင်-ယွင်ယောင်?" ဖန်းယွင်လုံက ထိတ်လန့်တကြား မျက်လုံးဝိုင်းစက်သွားသည်။

ဒါကိုကြားတော့ ကုနင်းအံ့သြသွားသည်။ ဖန်းယွင်လုံသည် ကျင်းယွင်ယောင်ကို သိလိမ့်မည်ဟု သူမ မျှော်လင့်ခဲ့ပေ။

နောက်တစက္ကန့်တွင် ဖန်းယွင်လုံသည် လင်ယွင်ဟန်၏ သူငယ်ချင်းဟောင်းဖြစ်ကြောင်း သူမ သိလိုက်ရသောကြောင့် ကျင်းယွင်ယောင်ကို ယခင်က မြင်ဖူး‌ေလာက်‌ေကြာင်း သဘောပေါက်သွားသည်။

ကျင်းယွင်ယောင်လည်း အံ့ဩသွားသော်လည်း ဖန်းယွင်လုံသည် ရင်းနှီးနပေုံရသည်ဟု သူမ ခံစားမိသည်။

လျို့ကျန်းဟွာသည် ကျင်းယွင်ယောင်ကို မသိသောကြောင့် သူ့တွင် တုံ့ပြန်မှု မရှိသော်လည်း ဖန်းယွင်လုံ၏ ထိတ်လန့်တုန်လှုပ်သော အမူအရာကို သတိပြုမိပြီးနောက် ရိုးရှင်းမည်မဟုတ်ကြောင်း သူသိသည်။

ကျင်းယွင်ယောင်က သူ့ကို သူစိမ်းတစ်ယောက်လို ကြည့်နေတာကို မြင်လိုက်ရတော့ ဖန်းယွင်လုံက စိတ်ပျက်သွားသည်။ ယွင်ယောင်သည် နှစ်ပေါင်းများစွာ ကွယ်လွန်သွားခဲ့ပြီးဖြစ်ပြီး ကျင်းယွင်ယောင်သည် ယွင်ယောင်ထက် များစွာငယ်သောကြောင့် သူမသည် ယွင်ယောင် မဟုတ်ပေ။

ဖန်းယွင်လုံက ချက်ချင်းတောင်းပန်လိုက်သည်။ "တောင်းပန်ပါတယ် မစ္စ။ ကျွန်‌တော် မင်းကို တခြားလူနဲ့ အထင်မှားသွားတာပါ။"

“မဟုတ်ဘူး ရှင်မမှားပါဘူး။ သူက ယွင်ယောင် ဖြစ်ပေမယ့် မှတ်ဉာဏ်တွေ ဆုံးရှုံးခဲ့ရလို့ သူမသိဖူးတဲ့လူတွေကို မမှတ်မိနိုင်ဘူး" ဟု ကုနင်းမှ ပြောသည်။

"ဘ-ဘာ?" ဖန်းယွင်လုံ အံ့သြသွားပြန်သည်။

"သူမက တကယ် ယွင်ယောင်လား?"

"ဟုတ်တယ် သူက ယွင်ယောင်ပါ။ လင်ယွင်ဟန်ရဲ့ဇနီး၊ လင်ရှောင်းထင်ရဲ့အမပေါ" ဟု ကုနင်းက အတည်ပြုပြောဆိုလိုက်သည်။

ဒါကိုသိလိုက်ရတော့ လျို့ကျန်းဟွာလည်း အလွန်အံ့သြသွားသည်။ လင်ရှောင်းထင်၏မိခင်သည် အသက်ရှင်နေသေးသည်ကို အံ့အားသင့်နေမိသည်။

သူသည် လင်ယွင်ဟန်နှင့် ယွင်ယောင်တို့ကို ယခင်က မမြင်ဖူးသော်လည်း မတော်တဆမှုတစ်ခုတွင် အသက်ဆုံးရှုံးသွားကြောင်း သူကြားသိခဲ့ရသည်။

***

အခန်း ၁၆၇၆ ယွင်ယောင်ကို သဘောကျခဲ့ဖူးသည်

ထို့နောက် သူတို့၏ ရုပ်အလောင်းများကို ပြန်လည်သယ်ယူလာပြီး အတူတကွ မြှုပ်နှံခဲ့သည်။

ဒါဆို ဒီအမျိုးသမီးက လင်ယွင်ဟန်ရဲ့ဇနီး လင်ရှောင်းထင်ရဲ့အမေဖြစ်ခဲ့ရင် လင်ယွင်ဟန်နဲ့ သင်္ဂြိုဟ်ခံရတဲ့ အမျိုးသမီးက ဘယ်သူလဲ?

ဖန်းယွင်လုံသည် ယုံရခက်နေသေးသည်ကို တွေ့လိုက်ရသည်။

"အင်း၊ သူ့အသက်က ဘယ်လောက်လဲ?"

"အမျိုးသမီးတွေက သူတို့ရဲ့ရုပ်ရည်ကို ဂရုစိုက်တယ်လေ ဒါကြောင့် သူ့အသက်အရွယ်ထက် အသက်အများကြီးပိုငယ်ပုံပေါက်နေတာက ပုံမှန်ပါပဲ" လို့ ကုနင်း က ပြောသည်။

ဖန်းယွင်လုံသည် ခေါင်းညိတ်လိုက်သည်။

သူက ကျင်းယွင်ယောင်ကို တစ်ချက်ကြည့်လိုက်ပြီး ခံစားချက်တွေအပြည့်နဲ့ ကုနင်းကို မေးလိုက်သည်။ "မိန်းကလေးကု၊ မင်းတို့ အခုအလုပ်မရှုပ်ရင် ငါတို့ သီးသန့်စကားပြောလို့ရမလား?"

ကုနင်းက ကျင်းယွင်ယောင်ကို ကြည့်လိုက်တော့ သူမ ငြိမ်သက်နေတယ်ဆိုတာကို တွေ့လိုက်ရတာကြောင့် သဘောတူလိုက်သည်။ “ဟုတ်ကဲ့”

ကုနင်းသည်လည်း ဖန်းယွင်လုံထံမှ ကျင်းယွင်ယောင်အကြောင်း ပိုမိုသိချင်ပြီး ကျင်းယွင်ယောင်အား တစ်ခုခုကို မှတ်မိစေရန် ကူညီပေးနိုင်မည်။

ထို့နောက် ကုနင်းနှင့် ကျင်းယွင်ယောင်တို့သည် ဖန်းယွင်လုံနှင့် လျို့ကျန်းဟွာတို့နှင့် အတူသီးသန့်ခန်းတစ်ခုထဲသို့ လိုက်သွားခဲ့သည်။ ခြေလှမ်းအနည်းငယ်လှမ်းလိုက်သောအခါတွင် ဖန်းကျီကျဲ့နှင့် သူ၏ အတွင်းရေးမှုးနှစ်ဦး အပြင်သို့ ထွက်လာခဲ့သည်။

ကုနင်းသည် ဖန်းကျီကျဲ့ကို လျစ်လျူရှုခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် သူသည် သူမ၏ မျက်လုံးထဲတွင် သူသည် သူစိမ်းတစ်ယောက်မျှသာ ဖြစ်သည်။ ခိုကျီကို ဆန့်ကျင်ဖို့ အကြံအစည်တွေ မရပ်နေသရွေ့တော့ သူမ သူ့ကို အာရုံစိုက်ဖို့ အလုပ်ရှုပ်ခံနေမှာမဟုတ်ပေ။

သို့သော်လည်း ဖန်းကျီကျဲ့သည် ဖန်းယွင်လုံနှင့် လျို့ကျန်းဟွာတို့က ကုနင်းနှင့်အတူ ရှိနေသည်ကို မြင်သောအခါ အံ့သြသွားသည်။ ဖန်းကျီကျဲ့သည် ဖန်းယွင်လုံကို မသိသော်လည်း လျို့ကျန်းဟွာကို မှတ်မိသည်။ စီးပွားရေးသမားများသည် အရာရှိများနှင့် ပေါင်းသင်းဆက်ဆံရန် လိုအပ်သောကြောင့် ဖန်းကျီကျဲ့သည် လျို့ကျန်းဟွာ၏မျက်နှာကို မှတ်မိသည်။

ထို့အပြင် ဖန်းယွင်လုံ၏ စစ်ဝတ်စုံသည် သာမန်စစ်သားမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းပြသ‌နေသည်။ ဖန်းယွင်လုံနှင့် လျို့ကျန်းဟွာတို့သည် အရေးပါသော ပုဂ္ဂိုလ်များဖြစ်ကြပြီး ယခုအချိန်တွင် ကုနင်းနှင့် အတူရှိနေကြသည်။

ကုနင်းမှာ အဆက်အသွယ်‌တွေရှိသော်လည်း သူမသည် စီးပွားရေးဘက်တွင်သာ အဆက်အသွယ်ရှိသည်ဟု သူထင်ခဲ့သည်။ ဒါကြောင့်လည်း သူမမှာ နိုင်ငံရေးမှာ အဆက်အသွယ်တွေရှိနေသောကြောင့် အံ့အားသင့်သွားသည်။

ထိုနှစ်ခုက လုံးဝကွဲပြားသည်။

"ဝိုး ကုနင်းက သူတို့နဲ့ ဆက်ဆံရေးရှိတာပဲ!" ဖန်းကျီကျဲ့၏ အတွင်း‌ရေးမှူးတစ်ဦးက အော်ပြောလိုက်သည်။

“သူကိုယ်သူ အရမ်းယုံကြည်ချက်ရှိ‌နေတာ မဆန်းပါဘူး” ဟု အခြားသော အတွင်း‌ရေးမှူးက ဆိုသည်။

ဖန်းကျီကျဲ့သည် စိတ်ပြောင်းကာ ၎င်း၏ ကြီးကြပ်ရေးမှူးထံ ဦးစွာ သတင်းပို့ရ‌တော့မည်။ အခု ကုနင်းကို သူကိုယ်တိုင် မစော်ကားရဲတော့ပေ။

…

သီးသန့်ခန်းတွင် ကုနင်း၊ ကျင်းယွင်ယောင်၊ ဖန်းယွင်လုံနှင့် လျို့ကျန်းဟွာတို့သည် စားပွဲတစ်ခုတွင် ထိုင်ကြပြီး လက်ထောက်များသည် အပြင်ဘက်တွင် ရှိနေကြသည်။

"သူက ယွင်ယောင်ဆိုတာကို မင်းဘယ်လိုသေချာနိုင်မှာလဲ?" ဖန်းယွင်လုံက ကုနင်းကိုမေးလိုက်သည်။

“သူ့ရဲ့ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားပေမယ့် စိတ်ထဲမှာ‌တော့ အရိပ်အမြွက်နဲ့ ခြေရာတွေ ကျန်သေးတယ်။ မနေ့တနေ့က လင်မိသားစုရဲ့အိမ်ဟောင်းကိုသွားခဲ့ပြီး သူကိုယ်တိုင်နေခဲ့တဲ့အခန်းကို ရှာနိုင်ခဲ့တယ်။ ကျွန်မတို့ ယဲ့မိသားစုရဲ့ အိမ်ဟောင်းကို သွားလည်တော့လည်း ဒီလိုပဲ” လို့ ကုနင်းကပြောသည်။ "အဲ့တာတွေက တိုက်ဆိုင်တာလို့ မထင်ဘူး"

လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်တို့သည် ကျင့်ကြံသူများဖြစ်ကြောင်း သူမ မပြောနိုင်ပေ။

ဖန်းယွင်လုံ ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် ဖန်းယွင်လုံသည် ကျင်းယွင်ယောင်ကို သူ့မျက်လုံးထဲတွင် ရှုပ်ထွေးသောချစ်ခြင်းမေတ္တာများပြည့်‌နေသည့် အကြည့်ဖြင့်ကြည့်လိုက်သည်။

"ဒါဆို လင်ယွင်ဟန်နဲ့ သေဆုံးသွားတဲ့ အမျိုးသမီးက ဘယ်သူလဲ?" ဖန်းယွင်လုံက စူးစမ်းချင်စိတ်ဖြင့် မေးသည်။

"ကျွန်မတို့မသိသေးဘူး၊ ဒါပေမယ့် လင်ယွင်ဟန်က ယွင်ယောင်ကို ကာကွယ်ဖို့ လုပ်ခဲ့တာလို့ ကျွန်မထင်တယ်" လို့ ကုနင်းက ပြောသည်။

တကယ်တော့ ကုနင်းက ဖန်းယွင်လုံကို ပြောပြဖို့ အကြောင်းပြချက်တစ်ခု ပေးလိုက်တာပါ။ အမှန်မှာ ကျင်းကျီနဉ်သည် ကျင်းယွင်ယောင်ကို အခြားအမျိုးသမီး၏ ခန္ဓာကိုယ်ဖြင့် အစားထိုးခဲ့ခြင်း ဖြစ်သည်။

ဖန်းယွင်လုံသည် ကုနင်းနှင့် သဘောတူလိုက်သည်။

"ဗိုလ်ချုပ်ဖန်း၊ ယွင်ယောင်နဲ့ လင်ယွင်ဟန် အကြောင်း တစ်ခုခုသိလား။ မင်းအပေါ် လေးလေးနက်နက် စွဲမှတ်ထား‌စေတဲ့ အရာတစ်ခုလောက်?" ကုနင်းက မေးသည်။

ဖန်းယွင်လုံသည် ကုနင်း၏ ရည်ရွယ်ချက်ကို နားလည်ပြီး ခေါင်းညိတ်လိုက်သည်။ "အင်း နည်းနည်း"

"ကျွန်မတို့ကို ပြောပြလို့ရမလား?" ကုနင်းက ပြောပါတယ်။

ကျင်းယွင်ယောင်သည် ယဲ့မိသားစု၏ အိမ်ဟောင်းသို့ အလည်အပတ်သွားတုန်းက သူမသည် ယခင်က ယဲ့ကျန်းရီကို တစ်ကြိမ်ကယ်ဆယ်ခဲ့ဖူးကြောင်း သူမသတိရဖူးသည်။

“အင်း... ရိုးရိုးသားသားပြောရရင် လင်ယွင်ဟန်နဲ့ ယွင်ယောင် မတွေ့ခင်ထဲက ငါက ယွင်ယောင်နဲ့ အရင်တွေ့ခဲ့တာပါ" လို့ ဖန်းယွင်လုံ က ပြောပြသည်။

ဇာတ်လမ်းဟောင်းများကို တွေးကြည့်သောအခါတွင် ဖန်းယွင်လုံသည် ပိုမိုရှုပ်ထွေးသော စိတ်ခံစားမှုများ ရှိလာသည်။

ကုနင်းနှင့် ကျင်းယွင်ယောင် သည် အနည်းငယ် အံ့သြသွားသော်လည်း ဖန်းယွင်လုံ သည် ရှေး‌ေဟာင်း‌နေှာင်းဖြစ်များကို ဆက်လက်ပြောပြခဲ့သည်။

ဖန်းယွင်လုံက "ယွင်ယောင်နဲ့ ငါက တိုက်ခိုက်ရင်း တစ်ယောက်နဲ့တစ်ယောက် စတွေ့ခဲ့တာ။ အဲဒီနှစ်မှာ ငါ့အသက်က ၂၁ နှစ်‌ဖြစ်ပြီးတော့ စစ်မှုထမ်းတာ တတိယနှစ်‌ရောက်‌နေပြီ။ အဲဒီနေ့က နှစ်သစ်ကူးပွဲတော်အတွက် အိမ်ပြန်လာပြီး မြို့တော်က ရထားဘူတာမှာ ရထားပေါ်ကဆင်းဆင်းချင်း လုယက်မှုတစ်ခုကို တွေ့လိုက်ရတယ်။ ငါဓားပြကို မဆိုင်းမတွ လိုက်ခဲ့တော့ ဓားပြက သူ့ကို ဖမ်းမိတော့မယ့်အချိန်မှာ လုယက်လာတဲ့ အိတ်ကို ကောင်မလေးတစ်‌ယောက်ရဲ့ လက်ထဲ ရုတ်တရက် ပစ်ထည့်လိုက်ပြီး‌တော့ အဲ့ကောင်မလေးက ယွင်ယောင်လေ"

"ဓားပြက ယွင်ယောင်ကို အိတ်ပေးပြီး ပြေးဖို့ပြောတော့ သူတို့က တစ်အုပ်စုတည်းလို့ထင်ပြီး ယွင်ယောင်ကို တိုက်ခိုက်လိုက်တယ်။ အံ့သြဖို့ကောင်းတာက ယွင်ယောင် က ငါ့ထက် တိုက်ခိုက်ရေးမှာ ပိုကောင်းပြီး စက္ကန့်ပိုင်းအတွင်း ငါ့ကို လွယ်လွယ်ကူကူနဲ့ အနိုင်ယူခဲ့တယ်။ အဲ့ဒီနောက် သူက အိတ်ကို ငါ့ဆီ ပစ်‌ပေးပြီး ဓားပြကို ဖမ်းလိုက်တယ်။ ဓားပြက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံတဲ့အထိ ငါက သူ့မှာ အပြစ်မရှိကြောင်း မသိခဲ့ဘူး။ ငါ ယွင်ယောင်ကိုတောင်းပန်ခဲ့ပေမယ့် ငါတို့ တစ်ယောက်ကို တစ်ယောက် ပထမဆုံးတွေ့ဆုံခြင်းမှာတင် အထင်အမြင် လွဲခဲ့ကြတယ်။ မထင်မှတ်ပဲ ယွင်ယောင်က ငါ့ဝမ်းကွဲရဲ့ သူငယ်ချင်းဖြစ်ပြီး‌တော့ နောက်ပိုင်းမှာ ရင်းနှီးလာခဲ့ပေမယ့် ငါတို့တစ်ယောက်နဲ့တစ်ယောက် မတွဲဖြစ်ခဲ့ကြပါဘူး။"

***

အခန်း ၁၆၇၇ လင်ယွင်ဟန်က ယွင်ယောင် ကို လက်ထပ်ခွင့်တောင်းခဲ့တယိ

"ယွင်ယောင်က ငါနဲ့ သိပြီး တစ်နှစ်ခွဲလောက်ကြာပြီးတော့ လင်ယွင်ဟန်နဲ့တွေ့ခဲ့တယ်။ နွေရာသီရောက်‌တော့ နွေရာသီအားလပ်ရက်အတွက် အိမ်ပြန်ခဲ့တာလေ။ လင်ယွင်ဟန်ကလည်း အဲဒီတုန်းက အိမ်မှာရှိတော့ အတူတူ လျှောက်လည်ခဲ့ကြတယ်။ ယွင်ယောင်က လင်ယွင်ဟန်ကို ပထမဆုံးအကြိမ်‌တွေ့တုန်းက‌တောင် ဟာသလေးတစ်ခုဖြစ်ခဲ့‌သေးတယ်။ အဲဒီတုန်းက လင်ယွင်ဟန်ကို ကြိုက်‌နေတဲ့ အမျိုးသမီးတစ်ယောက်က သူ့ကို နှောင့်ယှက်ခဲ့ပြီး သူတို့က အိပ်ခဲ့တယ်လို့တောင် လူသိရှင်ကြားပြောခဲ့တယ်။ ယွင်ယောင်က တရားမျှတမှု အားကောင်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တော့ အဲ့မိန်းကလေးဘက်ကနေရပ်တည်ပြီး လင်ယွင်ဟန်ကို ရိုက်နှက်ခဲ့တာ‌ပေါ့။ ကံကောင်းစွာပဲ လင်ယွင်ဟန် ဒဏ်ရာအပြင်းအထန်မရခဲ့ဘဲ ယွင်ယောင်က နောက်ပိုင်းမှာ သူနားလည်မှုလွဲသွားတာကို သိလိုက်ရတယ်‌လေ။ သူက လင်ယွင်ဟန်ကို တောင်းပန်လိုက်ပြီး‌တော့ လင်ယွင်ဟန်ကလည်း သူ့ကို ခွင့်လွှတ်ခဲ့ပါတယ်" ဖန်းယွင်လုံသည် ရှေးဟောင်းနှောင်းဖြစ်များကို ပြောပြသည်နှင့်အမျှ ကျင်းယွင်ယောင်၏ မျက်လုံးထဲတွင် ထိုမြင်ကွင်းပုံရိပ်များ မြင်လာရသည်။

"ယွင်ယောင်နဲ့ လင်ယွင်ဟန်က တစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံရေးကောင်းခဲ့ပြီး ငါက ရိုးရိုးသားသားပြောရရင် မနာလိုဖြစ်ခဲ့ပေမယ့် သူ့ကို ချစ်မိနေပြီဆိုတာ ဝန်ခံဖို့ ငြင်းဆန်ခဲ့မိတယ်။ ယွင်ယောင်က လင်ယွင်ဟန်ရဲ့ ချစ်သူဖြစ်လာချိန်မှာတော့ ငါ့ဆုံးဖြတ်ချက်မှားသွားပြီဆိုတာ သိလိုက်ရတာပေါ့။ ဒါပေမယ့် အဲ့အချိန်မှာ နောက်ကျသွားပြီလေ။"

ဖန်းယွင်လုံသည် ယွင်ယောင်ကို ယခင်က သဘောကျခဲ့‌ကြောင်းကို ကြားလိုက်ရသောအခါ ကုနင်းသည် အံ့အားသင့်ခဲ့ရသော်လည်း မဖြစ်နိုင်စရာအ‌ကြောင်းမရှိဟု မထင်ခဲ့ပေ။

သို့သော် ကျင်းယွင်ယောင်သည် သူမ၏ မှတ်ဉာဏ်များ ပျောက်ဆုံးသွားတဲ့အတွက် ဖန်းယွင်လုံက သူမကို သဘောကျဖူးကြောင်း ပြောသောအခါ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရပြီး အနည်းငယ် ရှက်သွားသည်။

“ငါတို့ ပြည်နယ်Yကို တစ်ခါ ခရီးထွက်‌တော့ မစ်ရှင်တစ်ခု အလယ်မှာ ရှိနေကြတဲ့ စစ်သားတစ်စုနဲ့ တိုက်ဆိုင်စွာ တွေ့ခဲ့ကြတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်သူ အစုအဝေးကို ဖမ်းဖို့လုပ်နေပြီးတော့ သူတို့ တိုက်ပွဲ ရှုံးခါနီးမှာ ငါတို့က သူတို့နဲ့ ပူးပေါင်းလိုက်တယ်။ ပစ်ခတ်မှုမှာ မူးယစ်ဆေးဝါးရောင်းတဲ့သူ တစ်ယောက်က ယွင်ယောင်ကို သနေတ်နဲ့ချိန်လိုက်တော့ လင်ယွင်ဟန်က သူမကို ကျည်ဆန်ကနေ မတုံ့မဆိုင်းကာကွယ်လိုက်တယ်။ ထိုအချိန်မှာ သူ‌သေလုနီးပါးဖြစ်သွားတော့ နောက်ပိုင်းမှာ ယွင်ယောင်က သူ့ချစ်သူဖြစ်လာခဲ့တယ်။ အဲဒီအချိန်ကစလို့ ငါ ယွင်ယောင် အပေါ်ချစ်ခြင်းမေတ္တာတွေကို နှလုံးသားထဲမှာ ဖုံးကွယ်ထားရ‌တော့မယ်ဆိုတာ သိလိုက်ရတော့တာပဲ" ထိုစကားကိုကြားတော့ ကျင်းယွင်ယောင်သည် ရုတ်တရက် နှလုံးကြေကွဲသွားပြီး ငိုချလိုက်သည်။ သူမ ငိုနေတာကို မမြင်‌စေချင်တာကြောင့် ချက်ခြင်းပဲ ခေါင်းကို လှည့်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပေ။

ကုနင်းက တစ်ရှူးတွေကို ချက်ချင်းဆွဲထုတ်ပြီး ကျင်းယွင်ယောင် ရဲ့လက်ထဲမှာ ထည့်လိုက်သည်။ ကျင်းယွင်ယောင်သည် ချက်ချင်းပင် မျက်လုံးများကို သုတ်လိုက်သည်။

ဖန်းယွင်လုံက ဆက်လက်၍ "လင်ယွင်ဟန်က သူတို့တစ်နှစ်ကြာ ချိန်းတွေ့ပြီး‌နောက် ယွင်ယောင်ကို လက်ထပ်ခွင့်တောင်းခဲ့တယ်၊ သူက သူမအတွက် အရမ်းလှတဲ့ အိမ်ခန်းတစ်ဆောင်ကိုလည်း ဝယ်ခဲ့တယ်" သူသည် လင်ယွင်ဟန်နှင့် ယွင်ယောင်အကြောင်း အချစ်ဇာတ်လမ်းများစွာကို ဆက်လက်ပြောပြနေသော်လည်း ကံမကောင်းစွာဖြင့် ကျင်းယွင်ယောင်သည် ၎င်းတို့အား ရှင်းရှင်းလင်းလင်း မမှတ်မိနိုင်ခဲ့ပေ။

"အခု အဲ့အိမ်က ဘယ်မှာလဲ ရှိသေးလား?" ကုနင်းက မေးသည်။ ဖြစ်နိုင်လျှင် သူတို့ အဲဒီကို သွားချင်သည်။

"မသိတော့ဘူး၊ ဘာလို့လဲဆိုတော့ လင်ယွင်ဟန်နဲ့ ယွင်ယောင် မတော်တဆမှု ဖြစ်ပြီးနောက် ငါ အဲဒီကို ထပ်မသွားတော့ဘူးလေ။ ရှောင်းထင်ကတော့ လိပ်စာကို သိနိုင်တယ်” ဟု ဖန်းယွင်လုံ က ပြောသည်။

ထိုအခြေအနေမျိုးတွင် သူတို့သည် လင်ရှောင်းထင်ကိုသာ မေးနိုင်သည်။

“ဗိုလ်ချုပ်ကြီးဖန်း၊ ရှင့်ရဲ့ညီဝမ်းကွဲက ကျွန်မသူငယ်ချင်းပဲလို့ ပြောဖူးတယ်။ သူ့နာမည်သိလို့ရမလား?" ကျင်းယွင်ယောင်က မေးသည်။

“သူမနာမည်က ဖန်းရှီယင်းပါ၊ ဒါပေမယ့် လွန်ခဲ့တဲ့ငါးနှစ်လောက်က ကင်ဆာရောဂါနဲ့ ဆုံးသွားပြီ” လို့ ဖန်းယွင်လုံက ပြောသည်။ တွေးလိုက်တိုင်း ဝမ်းနည်းနေတုန်းပါပဲ။

ကျင်းယွင်ယောင်လည်း သတင်းဆိုးကြားလိုက်ရတော့ စိတ်မကောင်းဖြစ်မိသည်။ "သူ့သင်္ချိုင်းက ဘယ်မှာလဲဆိုတာ သိလား။ သူ့အုတ်ဂူကို သွားကြည့်လို့ရမလား?" ကျင်းယွင်ယောင် က မေးသည်။

ဖန်းရှီယင်းသည် သူမ၏သူငယ်ချင်းဖြစ်သောကြောင့် သူမကိုသွားတွေ့သင့်သည်ဟု ထင်သည်။

ထို့နောက် ဖန်းယွင်လုံသည် ဖန်းရှီယင်း၏ အုတ်ဂူလိပ်စာကို ကျင်းယွင်ယောင်အား ပြောပြသည်။ ထို့နောက် ထွက်ခွာလာကြသည်။

ကုနင်းသည် ဖန်းယွင်လုံအား "ဗိုလ်ချုပ်ဖန်း၊ ယွင်ယောင် အသက်ရှင်နေသေးတယ်ဆိုတာကို လျှို့ဝှက်ထားပေးပါ။ သူ့မှတ်ဉာဏ်တွေ ပြန်မရခင်မှာ တခြားလူတွေကို သိစေချင်မှာ မဟုတ်ဘူး”

"ပြဿနာမရှိပါဘူး" ဖန်းယွင်လုံ က သဘောတူသည်။

ကုနင်းနှင့် ကျင်းယွင်ယောင်တို့သည် နောက်မှ ထွက်ခွာသွားကြသည်။ သူတို့ထွက်သွားသောအခါ ဖန်းယွင်လုံသည် အချိန်အတော်ကြာ အတွေးထဲတွင် နစ်မြောသွားခဲ့သည်။

ကျင်းယွင်ယောင်လည်း ဝမ်းနည်းစရာကောင်းတဲ့ ခံစားချက်နဲ့ဖြစ်ပြီး ကုနင်းက သူမကို အနှောက်အယှက်မပေး‌ပေ။ ညနေ ၅ နာရီထိုးနေပြီမို့ အိမ်ပြန်လိုက်ကြသည်။

မနက်ဖြန်မှာ ဖန်းရှီယင်းရဲ့ အုတ်ဂူကို သွားကြည့်ရန် စီစဉ်ထားသည်။

အိမ်အပြန်လမ်းတွင် ကုနင်းသည် ရှမ်းကွမ်းယန်ထံမှ ဖုန်းလက်ခံရရှိခဲ့သည်။ ရှမ်းကွမ်းယန်က သူမကို ဒီရက်တွေ အရမ်းအလုပ်များနေလားလို့ မေးတော့ ကုနင်းက ငြင်းလိုက်တဲ့ အတွက် ရှမ်းကွမ်းယန် က အထွန့်တက်လိုက်သည်။ "မင်းအလုပ်မရှုပ်ရင် ငါ့ကိုဘာလို့လာမတွေ့တာလဲ။ ငါ နေ့တိုင်း တစ်ယောက်တည်း!”

ရှမ်းကွမ်းယန်သည် တစ်ယောက်ထဲလည်း လုပ်စရာအများကြီး ရှိပေမယ့် တစ်ခါတစ်လေ တစ်ယောက်ယောက်က သူနဲ့ စကားပြောနိုင်မယ်လို့ မျှော်လင့်သည်။ လောင်ကျန်းနှင့် ကျောက်တုံးလေးတို့သည် သူနှင့် တူညီသော ဝါသနာလည်းမရှိကြဘဲ သူတို့သည် သူတို့ကြားအဆင့်အတန်း ကွာခြားမှုကြောင့် ရှမ်းကွမ်းယန်ကို လေးလေးစားစားသာဆက်ဆံနေ၍ ထိုအရာက သူ့ကို ငြီးငွေ့လာစေသည်။ ထို့ကြောင့် ရှမ်းကွမ်းယန် သည် အချိန်ရသောအခါတွင် သူသည် ပထမအတတ်ပညာကို သင်ကြားခြင်းဖြင့် ကျောက်တုံးလေးကို နှိပ်စက်ခဲ့သည်။

ကံအားလျော်စွာ၊ ကျောက်တုံးလေးသည် အငြိမ်းစားစစ်သားတစ်ဦးဖြစ်ပြီး ခိုင်မာသောတည်ဆောက်မှုတစ်ခုကြောင့် ခက်ခဲကြမ်းတမ်းသောလေ့ကျင့်မှုကို လက်ခံနိုင်ခဲ့သည်။ ရက်အနည်းငယ်အတွင်းမှာပဲ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ဟာ အလွန်တိုးတက်လာပြီး ရှမ်းကွမ်းယန်ရဲ့ သင်ခန်းစာတွေကို သဘောကျစပြုလာသည်။

"တောင်းပန်ပါတယ် အဘိုးရှန်းကွမ်း။ ဒီရက်ပိုင်း အရမ်းအရေးကြီးတဲ့ဟာ လုပ်စရာရှိနေတာ။ မနက်ဖြန် ညနေ အချိန်ရရင် ညစာစားဖို့လာခဲ့လို့ရမလား?" ကုနင်းက ပြောသည်။

ရှမ်းကွမ်းယန်က ကျေနပ်သွားပြီး သဘောတူလိုက်လေသည်။

***

အခန်း ၁၆၇၈ အကို ကျွန်မကို တားချင်တုန်းပဲလား

ရှမ်းကွမ်းယန် နှင့်ဖုန်း‌ပေြာပြီးနောက် ကုနင်းသည် ကျင်းယွင်ယောင်ကို ပြောလိုက်သည်။ "အမေ၊ မနက်ဖြန်မနက် ဖန်းရှီယင်း ရဲ့အုတ်ဂူကို ကျွန်မ လိုက်ပို့‌ပေးမယ် ပြီးတော့ ဒီည အိမ်ကြီးအကြောင်း ရှောင်းထင် ကိုမေးကြည့်လိုက်မယ်။ မနက်ဖြန် ညနေခင်းမှာ အဘိုးရှန်းကွမ်းဆီ သွားရမယ်။ အမေ စိတ်မရှိရင် ကျွန်မတို့ အတူတူ သွားတွေ့လို့ရတယ်"

"အမ်၊ ငါ သူ့ကို အခုတွေ့သင့်တယ်လို့ မထင်‌သေးဘူး" ကျင်းယွင်ယောင်က ပြောသည်။

“ဟုတ်ပါတယ်” ကုနင်းခေါင်းညိတ်လိုက်သည်။

သူတို့အိမ်ပြန်ရောက်တော့ ကုနင်းက ကျင်းယွင်ယောင်ကို အနားယူရန် ပြောပြီး တစ်ယောက်တည်း ညစာချက်ဖို့ သွားလိုက်သည်။

ကျင်းယွင်ယောင်သည် အလွန်စားချင်စိတ်မရှိသောကြောင့် အနည်းငယ်စားပြီးသောအခါ ရပ်လိုက်သည်။

ကုနင်းသည် သူမကို အတင်းမစားခိုင်းတော့သောကြောင့် နောက်တွင် သူမအခန်းကို ပြန်သွားသည်။ သူမအခန်းထဲရောက်တာနဲ့ ကျင်းယွင်ယောင်က ဓါတ်ပုံတွေကိုကြည့်ဖို့ အယ်လ်ဘမ်ကို ထုတ်လိုက်သည်။

ရုတ်တရက် သူမဖုန်းမြည်လာပြီး ဖုန်းခေါ်သူမှာ သူမ အစ်ကိုဝမ်းကွဲဖြစ်သည်။

သူမ ခဏတုံ့ဆိုင်းသွားပြီးနောက် ကောက်ကိုင်လိုက်သည်။ သူ့အစ်ကိုဝမ်းကွဲက သူမကို အရမ်းဂရုစိုက်တယ်ဆိုတာ သူမသိသည်။

"ယွင်ယောင် မင်း အခုဘယ်မှာလဲ?" ကျင်းကျီနဉ်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

ကျင်းယွင်ယောင် သည် သူ့ကို လုံးဝမပြောဘဲ ကောမြို့မှ ထွက်ခွာသွားခဲ့သည်။ သူသည် စီးပွားရေးသမားဖြစ်သောကြောင့် တစ်လလျှင် တစ်ကြိမ်သာ ကျင်းယွင်ယောင်ဆီသို့ သွားရောက်လည်ပတ်နိုင်သည်။

“အမ်၊ အိမ်ကို အစိုးရက သိမ်းလိုက်လို့ ကျွန်မထွက်ခဲ့လိုက်ရတယ်” ဟု ကျင်းယွင်ယောင် က ဆိုသည်။

"ဒါဆို မင်းအခုဘယ်မှာလဲ? ငါမင်းကိုတွေ့ဖို့လိုတယ်" ဟု ကျင်းကျီနဉ်ကပြောသည်။ တခြား ကျင့်ကြံသူတွနေဲ့ တွေ့မှာကို သူ စိုးရိမ်နေသည်။

ကျင်းယွင်ယောင်သည် တိတ်ဆိတ်နေပြီး သူမသည် ကျင်းကျီနဉ်အပေါ် ရိုးသားသင့်သလား မသိပေ။

ကျင်းကျီနဉ်က မကောင်းတာတစ်ခုခုကို ခံစားမိလိုက်ပြီး မေးလိုက်သည်။ "မင်း အခု မြို့တော်ကို ရောက်နေပြီလား?"

ကျင်းယွင်ယောင် သည် စက္ကန့်ပိုင်းမျှ အံအားသင့်သွားသည်။ “ဟုတ် အကိုပြောတာမှန်တယ်။ ကျွန်မအခု မြို့တော်မှာ"

ကျင်းကျီနဉ်က ထိတ်လန့်သွားပြီး သူ့ကို ဆူလိုက်သည်။ "အဲ့မှာ ဘာလုပ်နေတာလဲ။ မြို့တော်ကို မသွားရဘူးလို့ မပြောထားဘူးလား။ တကယ်လို့ …"

သူ ရုတ်တရက် ရပ်တန့်သွားသည်။ သူသည် ကျင်းမိသားစုကို နာမည်ကို ထုတ်ပြောလုနီးပါးဖြစ်သွားသည်။

ကျင်းယွင်ယောင် က စိတ်ပင်ပန်းစွာဖြင့် သက်ပြင်းချလိုက်သည်။ "ကျီနဉ် ကျွန်မ ဘာဖြစ်ခဲ့လဲဆိုတာ သိသွားပြီ။ အဲ့တာကြောင့် အမှန်တရားကိုရှာဖို့ ကျွန်မကိုမတားပါနဲ့"

"ဘာ?" ကျင်းကျီနဉ် အံ့သြသွားသည်။ "မင်း မှတ်ဉာဏ်တွေ ပြန်ရပြီလား?"

ကျင်းကျီနဉ်သည် ကျင်းယွင်ယောင်က ကုနင်းကြောင့် တစ်စုံတစ်ခုကို မှတ်မိသွားသည်ကို မသိသေးသောကြောင့် သူမ၏ မှတ်ဉာဏ်များ ပြန်လည်ရရှိနေပြီဟု သူထင်ခဲ့သည်။

"အကို ကျွန်မကို တားချင်သေးလား?" ကျင်းယွင်ယောင် က မေးသည်။

သူမ၏ရန်သူသည် သူမနှင့် သူမ၏ခင်ပွန်းကို သတ်လုနီးပါးဖြစ်ခဲ့ပြီး သူမသည် ၎င်းကို ဘယ်တော့မှ ဒီတိုင်းကျော်လွှားသွားမည်မဟုတ်ပေ။

ကျင်းကျီနဉ်သည် ချက်ချင်းပင် တိတ်ဆိတ်သွားသည်။ သူသည် ကျင်းယွင်ယောင်အကြောင်း ကောင်းစွာသိပြီး သူမကို မတားနိုင်တော့ကြောင်း သိလိုက်သည်။ သူမပြင်ဆင်ပြီးသည်နှင့် လက်စားချေရန် စိတ်ကူးကို ဘယ်တော့မှ စွန့်လွှတ်မည်မဟုတ်ပေ။

သို့သော်လည်း ကျင်းကျီနဉ်သည် သူမ၏ လုံခြုံရေးအတွက် စိုးရိမ်နေသည်။ ကျင်းယွင်ယောင်ကလည်း သူ့အကိုဝမ်းကွဲက သူမကို ဂရုစိုက်ကြောင်းကိုလည်း နားလည်ထားသောကြောင့် သူမထံမှ လျှို့ဝှက်ထားခဲ့ခြင်းအတွက် သူ့ကို အပြစ်မတင်ပေ။ ကျင်းကျီနဉ်ကြောင့်သာ မဟုတ်လျှင် သူမ အသတ်ခံရလိမ့်မည်။

"ယွင်ယောင်၊ ငါမင်းကိုမတားနိုင်တော့ဘူးဆိုတာ သိပါတယ်၊ ဒါပေမယ့် မင်းမှာ သားတစ်ယောက်ရှိသေးတယ်ဆိုတာ မင်းသိထားရမယ်။ မင်း သူ့ကို ထပ်ထားခဲ့ချင်တာလား?" ကျင်းကျီနဉ် က မေးသည်။

ကျင်းကျီနဉ်သည် လင်ရှောင်းထင်ကို အသုံးပြုပြီး သူမ၏အသက်အန္တရာယ်ကို တားဆီးရန် ကြိုးစားဆဲဖြစ်သည်။ ကျင်းကျီနဉ်သည် လင်ရှောင်းထင်၏တည်ရှိမှုကို သိရှိပြီး သူ့အကြောင်းကိုလည်း များစွာသိသော်လည်း လင်ရှောင်းထင်ကို မျက်နှာချင်းဆိုင်မတွေ့ခဲ့ဖူးပေ။

တကယ်တော့၊ ကျင်းကျီနဉ်သည် လင်ရှောင်းထင် အန္တရာယ်ရှိသော အလုပ်များကို လုပ်ဆောင်နေချိန်တွင် လင်ရှောင်းထင်ကို အကြိမ်များစွာ တိတ်တဆိတ် ကူညီခဲ့ဖူးသည်။ လင်ရှောင်းထင်က အဲဒါကို ရိပ်မိပေမယ့် ဘာအထောက်အထားမှ မရှိပေ။

မည်သို့ပင်ဖြစ်စေ ကျင်းကျီနဉ်သည် ကျင်းယွင်ယောင်၏သားကိုဆုံးရှုံးရတဲ့ နာကျင်မှုကို ထပ်မံခံစားစေလိုခြင်းမရှိခဲ့ပေ။ သို့သော်၊ ကျင်းယွင်ယောင် လက်စားချေခြင်းကို တားရန် လင်ရှောင်းထင်ကို ထာဝရအသုံးပြုလို့မရနိုင်ပါ။

ကျင်းယွင်ယောင်သည် ပြင်ဆင်ပြီးသည်နှင့် သူမသည် ကျင်းမိသားစုကို ပြန်ပေးဆပ်ခိုင်းရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။ တကယ်တော့ ကျင်းယွင်ယောင်ဟာ ကျင်းမိသားစုကို အပြစ်ပေးနိုင်စွမ်းရှိသရွေ့ ကျင်းကျီနဉ်က သူမကို တားမှာမဟုတ်ပါဘူး။

ကျင်းယွင်ယောင်က သူ့ဦးလေးဖြစ်တဲ့ သူမအဖေကို သတ်တော့မှာ ဆိုပေမယ့်လည်း သူက သူမကို ထောက်ပံ့ဖို့ ရွေးချယ်တုန်းပင်ဖြစ်သည်။ သူက လွဲပြီး ကျင်းယွင်ယောင် ခံစားခဲ့ရတာများကို အခြားဘယ်သူမှ မသိ‌ပေ။

ထိုအရာသည် လက်မခံနိုင်ဟု ထင်ရသော်လည်း ကျင်းယွင်ယောင် တွင် အရည်အချင်းပြည့်မီသော အဖေမရှိပေ။ ထို့အပြင် ကျင်းယောင်ရုန်သည် သူ့သမီးနှင့် သူ့သမီး၏ခင်ပွန်းကို သတ်ရန် အမိန့်ပေးခဲ့ပြီး သူသည် သွေးအေးကြောင်း သက်သေပြခဲ့သည်။

ကျင်းကျီနဉ်သည် တကယ်တော့ ကျင်းယောင်ရုန်၏ အပြုအမူများနှင့် ကျင်းယွင်ယောင် ခံစားခဲ့ရ‌သော တရားမမျှတသော ဆက်ဆံမှုများကို လုံး၀မနှစ်သက်ပေ။

***

အခန်း ၁၆၇၉ သက်ရောက်မှု

အထူးသဖြင့် ကျင်းယောင်ရုန်သည် ကျင်းယွင်ယောင်နှင့် လင်ယွင်ဟန်ကိုသတ်ရန် အမိန့်ပေးပြီးနောက် သူ့ကို ယခင်ကထက်ပင် ပို၍မုန်းတီးခဲ့သည်။

သို့သော် သူသည် ကျင်းယောင်ရုန်နှင့် မယှဉ်နိုင်သောကြောင့် ထိုကိစ္စနှင့် ပတ်သတ်၍ ဘာမှမတတ်နိုင်ပေ။

အမှန်မှာ၊ ဤနှစ်များအတွင်း ကျင်းမိသားစုသည် ကျင်းယောင်ရုန်၏ ဦးဆောင်မှုအောက်တွင် အားနည်းလာပြီး အခြား ကြီးစိုးသော မိသားစုသုံးစုမှ ကျန်ရစ်ခဲ့သည်။ ကျင်းယောင်ရုန်သည် ကြီးလေးသော ပြစ်ဒဏ်ကို ခံထိုက်သည်။

"အကို ကျွန်မကို စိတ်ပူဖို့မလိုပါဘူး။ ကျွန်မ လက်စားချေဖို့အတွက်နဲ့ အသက်ကို စွန့်မှာမဟုတ်ဘူး။ ကျွန်မဘာမှမလုပ်ခင်မှာ ကောင်းကောင်းပြင်ဆင်ထားရမယ်” လို့ ကျင်းယွင်ယောင်က ပြောသည်။

တကယ်တော့ သူမက ကလဲ့စားချေတော့မယ်ဆိုရင်တောင် သူမက သူ့အဖေကိုသတ်တဲ့ပြစ်မှုကို ခံယူလိုစိတ်မရှိတာကြောင့် ကျင်းယောင်ရုန်ကိုသတ်မှာမဟုတ်ပေ။

ကျင်းကျီနဉ်သည် ပါးစပ်ကိုဖွင့်လိုက်သော်လည်း ဘာပြောရမှန်းမသိ။ ကျင်းယွင်ယောင်သည် ယခင်က သူ့ထက် နိမ့်ကျသော အဆင့်တွင် ရှိခဲ့သော်လည်း ယခု သူ့ထက်ပင် ပိုကောင်းလာခဲ့သည်။ ကျင်းယွင်ယောင်ဟာ သူ့ကိုယ်သူ ဆက်လက်တိုးတက်နေသရွေ့ ကျင်းယောင်ရုန်ကို အပြစ်ပေးနိုင်သည်။

သို့သော်လည်း ကျင်းမိသားစုမှ အကြီးတန်းအဖွဲ့ဝင်များက ပါဝင်မည်မဟုတ်သည့် အခြေအနေအောက်တွင် ရှိနေသည်။ ကျင်းမိသားစုမှာ ကျင့်ကြံရေးလောကတွင် ကျော်ကြားသော အကြီးတန်းကျင့်ကြံသူသုံးဦးရှိသည်။ ကျင်းမိသားစုမှ အကြီးတန်းအဖွဲ့ဝင်များ ပါဝင်ခဲ့လျှင် ကျင်းယွင်ယောင် တစ်ယောက်တည်း ကျင်းယောင်ရုန်ကို ထိခိုက်စေနိုင်မည်မဟုတ်ပေ။

"အိုး လင်ရှောင်းထင်ကို တွေ့ပြီးပြီလား?" ကျင်းကျီနဉ် က မေးသည်။

"မတွေ့ရသေးဘူး။ ကျွန်မအဲဒါအတွက်အဆင်သင့်မဖြစ်သေးဘူး။"

"အော် မနက်ဖြန် မြို့တော်မှာ မင်းကို လာတွေ့မယ်၊ ပြီးတော့ တခြားအကြောင်းတွေ ပြောလို့ရပြီ"

“ဟုတ်ပြီ” ကျင်းယွင်ယောင်က သဘောတူလိုက်သည်။

ကျင်းယွင်ယောင် ဖုန်း‌ပြောနေတယ်ဆိုတာကို ကုနင်းကြားပေမယ့် ကျင်းယွင်ယောင်က အသံတိုးတိုးဖြင့် ပြောနေတာကြောင့် သူတို့ရဲ့ စကားပြောသံကို သူမ မကြားခဲ့ရ‌ပေ။

ထိုညနှောင်းပိုင်းတွင် ကုနင်းသည် လင်ရှောင်းထင်ကို ထပ်မံဖုန်းခေါ်ဆိုခဲ့သည်။ “ဒီ‌နေ့ တိုက်တိုက်ဆိုင်ဆိုင် ထန်းယွင်လက်ဖက်ရည်အိမ်တော်မှာ ဗိုလ်ချုပ်ကြီးဖန်းနဲ့ တွေ့ခဲ့တယ်သိလား? သူက ရှင့်အဖေက အမေကို လက်ထပ်ခွင့်တောင်းပြီး‌တော့ အိမ်တစ်လုံးပေးခဲ့တယ်လို့ ပြောတယ် ဟုတ်လား?"

"ဟုတ်တယ်၊ မင်းသိချင်ရင် ငါတို့ အဲဒီကို သွားကြည့်လို့ရတယ်လေ" ဟု လင်ရှောင်းထင်က ပြောသည်။ ကုနင်းသာ ဒါကို မပြောဘူးဆိုရင် လင်ရှောင်းထင်ဟာ ထိုအိမ်ကြီးကို မေ့လုနီးပါး ဖြစ်ပြီ။

ကုနင်း စိတ်လှုပ်ရှားသွားသည်။

"အဲဒါ အခုထိရှိသေးလား?"

“ရှိတယ်‌လေ” လင်ရှောင်းထင် က ပြောသည်။

"ဘယ်မှာလဲ?" ကုနင်းက ထပ်မေးသည်။ ကုနင်းက ရည်ရွယ်ချက်နဲ့ မေးတာကို လင်ရှောင်းထင်က မသိတာကြောင့် လိပ်စာကို ပြောပြလိုက်သည်။

"ကောင်းပြီ ရှင် ပြန်လာတဲ့အခါ တူတူသွားကြည့်ကြမယ်" ကုနင်းက ထိုသို့ပြောပေမယ့် သူမသည် ကျင်းယွင်ယောင်နဲ့အရင် သွားဖို့ ဆုံးဖြတ်ချက်ချပြီးသားပင်။

.....

နောက်နေ့မနက်သည် ကျင်းယွင်ယောင်သည် သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီး မနက်စာပြင်ဆင်ရန် သွားလိုက်သည်။ ထို့နောက် သူမအား မနေ့ညက ကျင်းကျီနဉ်ကဖုန်းဆက်ကြောင်း ကုနင်းကို ပြောပြသည်။

ကုနင်းက ပြဿနာတစ်ခုလို့ မထင်ပေ။ အကြောင်းမှာ ကျင်းယွင်ယောင်အတွက် ကျင်းကျီနဉ်ဟာ ရန်သူမဟုတ်ပဲ မဟာမိတ်ဖြစ်သည်။

နံနက်စာစားပြီးနောက် ကုနင်းနှင့် ကျင်းယွင်ယောင်တို့သည် ဖန်းရှီယင်း၏သင်္ချိုင်းသို့သွားကြသည်။ လမ်းမှာ ပန်းတွေဝယ်လိုက်သည်။ ဖန်းရှီယင်း၏ သင်္ချိုင်းကို ရှာတွေ့ရန် အချိန်များစွာ မယူခဲ့ရ‌ပေ။

ကျင်းယွင်ယောင်သည် အုတ်ဂူကျောက်တုံးပေါ်ရှိ ဖန်းရှီယင်း၏ ဓာတ်ပုံကို မြင်သောအခါတွင် သူမ၏မျက်နှာသည် အလွန်ရင်းနှီးနပေုံရသည်။

ကျင်းယွင်ယောင် သည် ပန်းများကို ချလိုက်ပြီး "ရှီယင်း၊ ငါ ယွင်ယောင် ပါ၊ ဒီနေ့ မင်းကို တွေ့ဖို့ လာခဲ့ပေမယ့် မင်းကို မေ့သွားလို့ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီးငါ့ကိုခွင့်လွှတ်ပါ" ကျင်းယွင်ယောင်က သူ့ကိုယ်သူ ပြောလိုက်တဲ့အခါ ပုံရိပ်တွေအစီအရီ ပေါ်လာပြန်သည်။

ကျင့်ကြံရေးလောကကနေ ထွက်ခွာလာပြီး မြို့တော်ကို ပထမဆုံးအကြိမ် ရောက်တဲ့အခါမှာတော့ ဘာမှမသိခဲ့သလို ပိုက်ဆံလည်း မရှိခဲ့ပါ။ သူ့နားကပ်ကို ပိုက်ဆံနည်းနည်းနဲ့ ရောင်းချခဲ့ရသည်။ ကံမကောင်းစွာနဲ့ပဲ သူမဟာ စီးပွားရေးသမားဆိုးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး ယွမ်တစ်ထောင်ကျော်တန်ဖိုးရှိတဲ့ နားကပ်တစ်စုံအတွက် ယွမ်လေးရာသာ ရခဲ့သည်။ လွန်ခဲ့သော အနှစ်နှစ်ဆယ်က ယွမ်တစ်ထောင်သည် ငွေအမြောက်အမြားတန်ဖိုးရှိခဲ့သည်။

အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ၎င်းကို တိုက်ဆိုင်စွာမြင်ပြီး ကျင်းယွင်ယောင်ကို ကူညီ‌ပေးခဲ့သည်။ ကောင်မလေးကတော့ ဖန်းရှီယင်း ပါ။ ကျင်းယွင်ယောင်သည် မြို့တော်ကို အခုမှရောက်လာပြီး ဒီမှာ သူငယ်ချင်းမရှိဘူးဆိုတာကို ဖန်းရှီယင်းက သိလိုက်ရတော့ သူမရဲ့ လွတ်နေတဲ့ တိုက်ခန်းကို ကျင်းယွင်ယောင်ကို ငှားဖို့ ဆုံးဖြတ်လိုက်သည်။

ဖန်းရှီယင်းက သူမကို တိုက်ခန်းကိုကြည့်ဖို့ ခေါ်သွားတဲ့အခါ လမ်းတစ်ဝက်မှာ လူအုပ်ကြီးတစ်စုက သူမတို့ကို တားလိုက်သည်။ မဆိုင်းမတွဘဲ၊ ကျင်းယွင်ယောင်သည် သူတို့ကို လျှပ်စီးလက်သလို ရိုက်ချလိုက်တဲ့အတွက် ဖန်းရှီယင်းက သဘောကျသွားပြီး နောက်ပိုင်းမှာ သူတို့ သူငယ်ချင်း ဖြစ်သွားကြသည်။ ပုံရိပ်တွေက ဒီမှာပဲ ပြီးသွားပြီး ကျင်းယွင်ယောင်ကရုတ်တရက် ခေါင်းကိုက်သွားသည်။

"မေမေ၊ အဆင်ပြေရဲ့လား?" ကုနင်းစိတ်ပူသွားသည်။

"ပြေပါတယ်၊ ရှီယင်းနဲ့တွေ့ခဲ့တာကို မှတ်မိသွားပြီ”

"တကယ်လား? တခြားရော မှတ်မိတာရှိသေးလား" ကုနင်း စိတ်လှုပ်ရှားသွားသည်။

"ဟင့်အင်း ငါတို့ရဲ့ ပထမဆုံးတွေ့ဆုံတာကိုပဲ မှတ်မိသေးတယ်" ကျင်းယွင်ယောင် က စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်သည်။

ကုနင်းက သူမကို နှစ်သိမ့်ပေးလိုက်ပြီး “အဆင်ပြပေါတယ်။ ကျွန်မတို့က ဖြည်းဖြည်းချင်းလုပ်လို့ရပါတယ်"

ကျင်းယွင်ယောင်နှင့် ကုနင်းသည် ထိုနေရာတွင် အချိန်အတော်ကြာအောင်နေခဲ့ပြီးမှ ထွက်ခွာလာခဲ့သည်။

အိမ်အပြန်လမ်းတွင် ကုနင်းသည် အတွေးတစ်ခု ပေါ်လာသည်။ “အမေ အမနေဲ့ရင်းနှီးတယ်လို့ခံစားရတဲ့ ကွယ်လွန်သွားတဲ့ သူတွေရဲ့ဓာတ်ပုံတွေကိုမြင်ပြီးတာနဲ့ အမေ့ရဲ့ မှတ်ဉာဏ်တချို့ကို ပြန်ရနိုင်တာ ဖြစ်နိုင်တယ် ဒါက အရေးကြီးတဲ့ သဲလွန်စလို့ထင်တာပဲ”

ကျင်းယွင်ယောင်၏ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။ "ဟုတ်တယ် ဒါက သဲလွန်စပဲ!"

***

အခန်း ၁၆၈၀ လင်ယွင်ဟန်၏ အိမ်တော်

"ဒါဆို အမေ လင်ရှောင်းထင်ရဲ့ အဖေအကြောင်း တစ်ခုခုမှတ်မိဖို့ဆိုရင် သူ့အုတ်ဂူကို သွားကြည့်ရမယ် ထင်တယ်" ဟု ကုနင်းက ပြောသည်။

"ဒါဆို ကျေးဇူးပြု၍ သူ့အဖေကို မြုပ်ထားတဲ့နေရာကို ရှောင်းထင်ကိုမေးပေးပါ" ဟု ကျင်းယွင်ယောင် ကပြောသည်။

“ကျွန်မတို့နိုင်ငံရဲ့ အကြီးတန်းအရာရှိတစ်ယောက်အနနေဲ့ သူ့အဖေကို အမျိုးသားသင်္ချိုင်းမှာ မြုပ်ထားမယ် ထင်တယ်။ သာမာန်လူတွေကို ဝင်ခွင့်မပြုပေမယ့် ဒီပြဿနာကို ကျွန်မဖြေရှင်းလို့ရတယ်” လို့ ကုနင်းက ပြောသည်။ “အမေ၊ တကယ်တော့ ရှောင်းထင်ကို အခုတွေ့ဖို့ စဉ်းစားသင့်ပြီလို့ ထင်တယ်။ ရှောင်းထင်က အမေ့ရဲ့အတိတ်အကြောင်းကို ပိုသိနိုင်ပြီး‌တော့ သူက အမေ့ရဲ့မှတ်ဉာဏ်တွေကို ပြန်ရဖို့အတွက် အများကြီး ကူညီပေးနိုင်တယ်လေ" ထိုစကားကိုကြားတော့ ကျင်းယွင်ယောင် တိတ်ဆိတ်သွားသည်။

ကုနင်းပြောသလိုပဲ လင်ရှောင်းထင်က သူ့အတိတ်ကို တခြားသူတွေထက် ပိုသိလောက်သည်။ ထို့အပြင်သူမ၏တစ်ဦးတည်းသောသားကိုမြင်ရမှာ နာကျင်‌နေမိသည်။

"အမေ စဉ်းစားလိုက်ပါ့မယ်။" လို့ ကျင်းယွင်ယောင် က ပြောသည်။

“ကောင်းလိုက်တာ” ကုနင်းကခေါင်းညိတ်လိုက်သည်။

“ဒီည သူ့အဖေရဲ့ အုတ်ဂူဆီသွားရင်ရော? ညဆိုတော့ ကျွန်မတို့ကို ဘယ်သူမှ တွေ့မှာ မဟုတ်ဘူး” လို့ ကုနင်းက ပြောသည်။

ကုနင်းသည် သင်္ချိုင်းတွင်းသို့ ခိုးဝင်ရန် စီစဉ်ထားသည်။

“ဟုတ်ပြီ” ကျင်းယွင်ယောင် သဘောတူသည်။

ဖန်းရှီယင်း၏သင်္ချိုင်းသည် လင်ယွင်ဟန်၏အိမ်နှင့်ဝေးသောကြောင့် တစ်နာရီခန့်ကြာအောင်သွားရသည်။

အရှေ့ပိုင်းခရိုင်ကို ရောက်တဲ့အခါမှာတော့ နေ့လည် ၁၂ နာရီလောက်ရှိပြီမို့ ထမင်းသွားစားကြသည်။

ထမင်းစားနေစဉ်တွင် ကုနင်းသည် ရှန်းဟုန်ဟွေ့၏ခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။

"ဟေ့ မင်းအဲ့မြေကိုဝယ်လိုက်တာလား။ တစ္ဆေအထီးကော ဘယ်လိုလဲ?” ရှန်းဟုန်ဟွေ့က မေးသည်။

"ဟုတ်တယ် ရှင်းလိုက်ပြီးပြီ" ကုနင်း ကပြောသည် ။

“အံ့ဩစရာပဲ။ အထီးတစ္ဆေကို ဖယ်ရှားဖို့ ဘယ်သူက ကူညီပေးခဲ့တာလဲ?” ရှန်းဟုန်ဟွေ့ သိချင်စိတ်ဖြင့် မေးလိုက်သည်။

"အရင်ကတွေ့ဖူးတဲ့လူတစ်ယောက်ပါ အဲ့သရဲက နောက်ပြန်မလာတော့ဘူးလို့ ပြောတယ်" ကုနင်းက လိမ်ညာလိုက်သည်။

"အရမ်းကောင်းတယ်" ရှန်းဟုန်ဟွေ့က စိတ်လျှော့လိုက်ပြီး " အိုး အဲ့ယောက်ျားရဲ့ နံပါတ်ကို ပေးလို့ရမလား? သူ့ဆီကနေ သင်ယူချင်လို့”

"တောင်းပန်ပါတယ်။ ငါ့မှာ သူ့နံပါတ်မရှိဘူး။ သူက နည်းနည်းထူးဆန်းပြီး သူ့အလုပ်ပြီးတာနဲ့ ဟိုဟိုဒီဒီ ပြောင်းတတ်တဲ့လူမျိုး” ဟု ကုနင်းက ပြောသည်။

“ကောင်းပြီ” ရှန်းဟုန်ဟွေ့က မတောင်းဆို‌တော့ပေ။

ကုနင်းသည် ရှန်းဟုန်ဟွေ့နှင့် ဖုန်းခေါ်ဆိုမှုပြီးသောအခါ၊ ကျင်းယွင်ယောင်က မေးသည်။ "ဘယ်သရဲအထီးလဲ?"

အရင်က ကုနင်းသည် တစ္ဆေအထီးတစ်ကောင်နဲ့ တွေ့ခဲ့တာကို ကျင်းယွင်ယောင် အံ့သြသွားသည်။

"ဟိုးအရင်တုန်းက ကျွန်မဝယ်ဖို့စီစဉ်ထားတဲ့ မြေကွက်တစ်ခုမှာ မြှုပ်ထားတဲ့ ရှေးဟောင်းသင်္ချိုင်းတစ်ခုမှာပါ” ဟု ကုနင်းက ပြောသည်။ အခု သူတို့ သီးသန့်အခန်းမှာ ရှိနေတော့ သူတို့ရဲ့ စကားဝိုင်းကို ဘယ်သူမှ မကြားရပေ။

"မင်း သရဲ‌တွေကို တွေ့နိုင်တာလား" ကျင်းယွင်ယောင် အံ့သြသွားသည်။

"ဟုတ်" ဟု ကုနင်းကပြောသော်လည်း သူမသည် သရဲတစ္ဆေများကို အဘယ်ကြောင့်မြင်ရကြောင်း ကျင်းယွင်ယောင်အား မပြောပါ။

ထမင်းစားပြီးနောက် ကုနင်းနှင့် ကျင်းယွင်ယောင်သည် အိမ်‌တော်သို့သွားခဲ့သည်။

ကုနင်းသည် တည်နေရာပုံစံကိုပဲ သိတာမို့ လမ်းရှာရန်လိုသေးသည်။ ကံကောင်းစွာပဲ ထိုအိမ်အနီးတစ်ဝိုက်မှာ စိမ်းလန်းတဲ့အပင်တွေ အများကြီးရှိတာကြောင့် မကြာခင်မှာပဲ သူမတွေ့ရှိလိုက်သည်။

၎င်းသည် သီးသန့်အိမ်ဖြစ်သောကြောင့် ပြင်ပလူများကို ဝင်ခွင့် တားမြစ်ထားသည်။

အိမ်သည် စတုဂံပုံဖြစ်ပြီး နှစ်မီတာမြင့်သော နံရံဖြင့် ဝိုင်းရံထားပြီး နံရံအတွင်း၌ ထင်းရူးပင်များ အဝိုင်းပုံရှိကာ နံရံထက်ပင် ပိုမြင့်သောကြောင့် အပြင်မှ လူများက အထဲကို မမြင်ရပေ။ ထို့အပြင်၊ အနီးနားရှိ ဆောက်လုပ်ရေးများသည် ယခုအခါ လုံးဝကွဲပြားသွား‌သော‌ကြောင့် ကျင်းယွင်ယောင်သည် ၎င်းတို့နှင့် ရင်းနှီးသည်ဟု မခံစားရပေ။

ကုနင်းသည် နံရံကို ကျော်တက်ဖို့ ဆုံးဖြတ်လိုက်သည်။ သူတို့သည် နံရံ‌ပေါ်သို့ ရောက်သောအခါ၊ ကုနင်းသည် သူမ၏ ကျောက်စိမ်းမျက်၀န်းကိုအသုံးပြုလိုက်သည်။

သူမသည် အိမ်အတွင်းပိုင်းကို ခဏတာ ကျောက်စိမ်းမျက်၀န်းနှင့် လိုက်ကြည့်သည်။

ဖန်းယွင်လုံ က သူမကို ပြောပြသည့်အတိုင်း၊ ခြံရှေ့တွင် တောင်များ၊ ရေ၊ ပန်းပင်များ၊ အလယ်တွင် ရှေးကျသော စစ်ဟယ်ယွမ်ရှိပြီး တောင်များနောက်တွင် မက်မွန်တောကြီး ရှိသည်။

မက်မွန်သီးချိန်မဟုတ်၍ မက်မွန်ပွင့်မရှိသော်လည်း ဤအိမ်၏ရှုခင်းသည် လှပနေပြီးသားဖြစ်သည်။

ကုနင်းသည် သူမ၏ ကျောက်စိမ်းမျက်လုံးများဖြင့် လှပသော မြင်ကွင်းကို မြင်နိုင်သော်လည်း ကျင်းယွင်ယောင်သည် သူမ၏ မြင်ကွင်းတွင် အနည်းငယ်သာ မြင်နိုင်သည်။

ခြံထဲမှာ လူလေးယောက်ပဲရှိသည်။ လူလတ်ပိုင်း ယောက်ျား နှစ်ယောက်နှင့် လူလတ်ပိုင်း အမျိုးသမီး နှစ်ယောက်တို့သည် ဤအိမ်ကြီးကို စီမံကြသည်။ ထိုအချိန်တွင် သူတို့အားလုံး ခြံရှေ့တွင် ပန်းပင်များ ညှပ်ကာ စည်းရုံးနေကြသည်။ အိမ်ကြီးနှင့် အိမ်နောက်ဖေးမှာ လွတ်နေသည်။

ကုနင်းနှင့် ကျင်းယွင်ယောင်တို့သည် နံရံမှ ခုန်ဆင်းကာ အထဲသို့ ဝင်လာခဲ့သည်။ သူတို့သည် အိမ်နောက်ဖေးသို့ သွားကာ စောင့်ကြည့်ကင်မရာများကို ရှောင်ရန် စိတ်မ၀င်စားကြပေ။ ကြောက်စရာကောင်းတာ ဘာမှ မဖြစ်သရွေ့တော့ စောင့်ကြည့်ရေး ဗီဒီယိုတွေကို ဘယ်သူမှ ကြည့်မှာ မဟုတ်‌ပေ။

တစ်စုံတစ်ယောက်က ကြည့်ခဲ့ရင်တောင် အိမ်ထဲကို ခိုးဝင်သွားတဲ့ သူစိမ်းတွေက ကုနင်းနဲ့ ကျင်းယွင်ယောင် ဆိုတာကို သိတဲ့အခါ လင်ရှောင်းထင်က သူတို့ကို အပြစ်တင်မည်မဟုတ်ပေ။

All Chapters