← Chapters

အခန်း (၁၆၈၁-၁၆၈၆)

Vol. 105 Ch. 1681-1686

အခန်း (၁၆၈၁-၁၆၈၆)

Vol. 105 Ch. 1681-1686

အခန်း ၁၆၈၁ နောက်ဆုံးတော့ တစ်ယောက်နဲ့တစ်ယောက်တွေ့ရပြီ

စစ်ဟယ်ယွမ်ထဲကို လျှောက်သွားတဲ့အခါ ကျင်းယွင်ယောင်သည် သူ့ပတ်ဝန်းကျင်မှာ အရာအားလုံးကို ရင်းနှီးသလို ခံစားလာရပေမယ့် သူမမှာ ပြင်းထန်တဲ့ ခံစားချက်‌တော့ မရှိခဲ့ပေ။

ဒီစစ်ဟယ်ယွမ်က သေးသေးလေးမဟုတ်တဲ့အတွက် နေရာတိုင်းနဲ့ ရင်းနှီးဖို့ဆိုတာ မဖြစ်နိုင်ပါ။ သူတို့ အိမ်နောက်ဖေးကို သွားလိုက်သည်နှင့် ကျင်းယွင်ယောင်သည် ထိုနေရာနှင့် ရင်းနှီး‌နေမှုကို ခံစားလိုက်ရသည်။ မျက်လုံးမှိတ်ထားရင်တောင် ဘယ်လိုပုံစံလဲဆိုတာ သူမသိ‌နေမှာပင်။

ကုနင်းသည် ကျင်းယွင်ယောင်ကို လှည့်ပတ်ကြည့်ဖို့‌ပေြာပြီး သတိထားဖို့လည်း ပြောလိုက်သည်။

ကျင်းယွင်ယောင်က ခေါင်းညိတ်လိုက်သည်။

ရေကန်ဘေးရှိ မဏ္ဍပ်တွင် လူနှစ်ယောက်ကို ယောင်ဝါးဝါးမြင်လိုက်ရသည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် အချင်းချင်း ဆော့ကစားကြပြီး ဘေးနားမှ ကြည့်ရင်တောင် သူတို့၏ ပျော်ရွှင်မှုကို ခံစားမိနိုင်သည်။

သူတို့ဟာ လင်ယွင်ဟန်နဲ့ သူမတို့၏ အရင်က ပုံရိပ်ဖြစ်ရမယ်လို့ သူမထင်လိုက်သည်။ သို့သော် မရေရာသော ပုံရိပ်များသည် အစစ်အမှန်ဖြစ်ကြောင်း သူမခံစားရစေရန် မြန်ဆန်လွန်းလှသည်။ သူမသည် ရုပ်ရှင်ကားတစ်ကားကြည့်လိုက်ပြီး ဘာမှ မမှတ်မိတော့သလိုပင်။

ကျင်းယွင်ယောင်သည် လှည့်ပတ်ပြီး မက်မွန်တောကို လှမ်းကြည့်လိုက်သည်။ ယခုတွင် မက်မွန်ပွင့်များမရှိသော်လည်း မက်မွန်ပွင့်များနှင့် လှပသောရှုခင်းတစ်ခုကို သူမမြင်နေရသည်။

သို့သော် သူမကို ထိမိဆုံးအရာမှာ ရှုခင်းသာမဟုတ်၊ ထိုနေရာရှိ လူများပင်ဖြစ်သည်။ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့သည် ရယ်မောကာ ဓာတ်ပုံရိုက်‌နေကြသည်။

ထိုယောက်ျားက လင်ယွင်ဟန်၊ အမျိုးသမီးက သူဖြစ်ပြီး ကလေးက လင်ရှောင်းထင် ဖြစ်ရမည်ဟု သူမသိသည်။

ဤမက်မွန်ပွင့်သစ်တော၏ ဓာတ်ပုံအများအပြားသည် သူမ၏အယ်လ်ဘမ်တွင် ပါသော်လည်း အဆိုပါဓာတ်ပုံများသည် သူမ၏ မှတ်ဉာဏ်များကို ပြန်လည်ရရှိစေရန်နှင့် အရာများကို ပိုမိုမှန်ကန်စေရန် မကူညီနိုင်ခဲ့ပေ။

ထို့ကြောင့် ကျင်းယွင်ယောင်သည် သူ့ကိုယ်သူ လေးလေးနက်နက် စဉ်းစားရန် တွန်းအားပေးခဲ့သော်လည်း သူမသည် ထိုအကြောင်းကို လေးလေးနက်နက် တွေးလိုက်သည်နှင့် ခေါင်းကိုက်လာသည်။ ကုနင်းစိတ်ပူလာမည်စိုး၍ သူမသည် အတွေးများကို ချက်ချင်းရပ်လိုက်ပြီး အခုချက်ချင်းတော့ အဲ့တာတွေကဘာလဲဆိုတာ သူမမဖော်ထုတ်နိုင်သေးပေ။

“အမေ တစ်ယောက်ယောက် လာနေတယ်” ဒီအချိန်မှာ ကုနင်းက သူတို့ဆီ လျှောက်လာတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသည်။

"အခုထွက်သွားရအောင်!" ကျင်းယွင်ယောင်က ပြောလိုက်သည်။ သူတို့ဒီမှာ အချိန်ကြာကြာနေဖို့ မလိုအပ်ဘူးလို့ သူမထင်သည်။

ထို့ကြောင့် ကုနင်းနှင့် ကျင်းယွင်ယောင်တို့သည် ထွက်ခွာလာခဲ့သည်။

အပြန်လမ်းတွင် ကျင်းယွင်ယောင်သည် စောစောက မြင်လိုက်ခဲ့ရသော မြင်ကွင်းသည် သူမအပေါ် လွှမ်းမိုးမှုကြီးကြီးမားမားရှိသောကြောင့် တစ်ဖန် တိတ်ဆိတ်နေပြန်သည်။

ရုတ်တရက်ဆိုသလိုပဲ ကျင်းကျီနဉ်ဆီက ဖုန်း၀င်လာပြီး သူက မြို့တော်ကို ရောက်ပြီဖြစ်ပြီး သူမကို တွေ့ချင်တယ်လို့ ပြောလာသည်။

"ခဏလေး" ကျင်းယွင်ယောင်သည် မြို့တော်နှင့် မရင်းနှီးသောကြောင့် ကုနင်းကို တည်နေရာ မေးမြန်းရန် လိုအပ်သည်။

ကုနင်းက "တောင်မြစ်ကမ်းဥယျာဉ်ဘေးက တောင်မြစ်ကမ်း စားသောက်ဆိုင်မှာ တွေ့ဖို့ပြောလိုက်ပါ"

တောင်မြစ်ကမ်းဥယျာဉ်သည် လင်ရှောင်းထင် နေထိုင်သည့်နေရာဖြစ်ပြီး အနီးနားတွင် တောင်မြစ်ကမ်းစားသောက်ဆိုင် ဟုခေါ်သော စားသောက်ဆိုင်တစ်ခုရှိသည်။ သူတို့ကို သူဌေးတစ်ယောက်ထဲက ပိုင်ဆိုင်တာဖြစ်သည်။

အကယ်၍ သူတို့အဲဒီမှာတွေ့ခဲ့မယ်ဆိုရင် ကျင်းယွင်ယောင်နဲ့ ကျင်းကျီနဉ်တို့ဟာ တွေ့ပြီးလျှင် သူတို့‌နေရာကို ပြန်ဖို့ အဆင်ပြပေါလိမ့်မည်။

ကုနင်း၏အသံကိုကြားတော့ ကျင်းကျီနဉ်သည် တစ်စက္ကန့်မျှ အံသြသွားသည်။ ကျင်းယွင်ယောင်သည် ယခု ကုနင်းနှင့် အတူရှိနေသည်ကို အံ့သြသွားမိသည်။

ကျင်းကျီနဉ်သည် ကုနင်းကိုသိသော်လည်း လင်ရှောင်းထင်နှင့်သူမ၏ ဆက်ဆံရေးအကြောင်းကို မသိပါ။ သူ နောက်ကျရင် ကျင်းယွင်ယောင်ကို ကုနင်းနဲ့ ဘယ်လိုတွေ့လဲဆိုတာ မေးဖို့ ဆုံးဖြတ်လိုက်သည်။

ကုနင်းသည် ကျင်းယွင်ယောင်ကို ပြောလိုက်သည်။ "တောင်မြစ်ကမ်း စားသောက်ဆိုင်က တောင်မြစ်ကမ်း ဥယျာဉ်ရဲ့ ရှေ့တံခါးနားမှာတင် ရှိတယ်ဆိုတော့ အမေအိမ်ပြန်ရတာ အဆင်ပြေမှာပါ"

“ကောင်းလိုက်တာ။” ကျင်းယွင်ယောင်က ခေါင်းညိတ်ပြပြီး ကုနင်းသည် အလွန်‌တွေး‌ပေးတတ်ကြောင်း ခံစားလိုက်ရသည်။

ကုနင်းသည် ကျင်းယွင်ယောင်ကို တောင်မြစ်ကမ်း စားသောက်ဆိုင်သို့ မောင်းနှင်လာချိန်တွင် ညနေ ၄ နာရီ ရှိပြီဖြစ်ပြီး သူမသည် ရှမ်းကွမ်းယန်ကို သွားကြည့်ရန် အချိန်တန်ပြီ ဖြစ်သောကြောင့် ကျင်းယွင်ယောင်နှင့်အတူ မနေတော့ပေ။

ကျင်းကျီနဉ်သည် ကျင်းယွင်ယောင်ကိုဖုန်းခေါ်တုန်းက လေယာဉ်ပေါ်ကဆင်းစဖြစ်၍ ကျင်းယွင်ယောင်က သူ့ကို ခဏစောင့်ရဦးမည်။

၁၀ မိနစ်ခန့်အကြာတွင် ကျင်းကျီနဉ်သည် ကျင်းယွင်ယောင် ကြိုတင်မှာယူထားသည့် သီးသန့်အခန်းဆီသို့ တန်းတန်းမတ်မတ်လျှောက်လာသည်။

ကုနင်းကိုတွေ့မယ်လို့ ကျင်းကျီနဉ် တွေးထားပေမယ့် ကုနင်းက မထင်မှတ်ပဲ ရှိမနေပေ။

"ကုနင်းကို သိတာလား?" သူက ထိုင်ပြီးတာနဲ့ ကျင်းကျီနဉ် ကို မေးသည်။

"သိတယ် သူက ရှောင်းထင်ရဲ့ ချစ်သူလေ။ ပြီးတော့ ကျွန်မကို မှတ်မိသွားတဲ့သူပဲ" ဟု ကျင်းယွင်ယောင်က ပြောသည်။

ဒါကိုသိလိုက်ရတော့ ကျင်းကျီနဉ် အံ့သြသွားသည်။ ဘာပဲဖြစ်ဖြစ် ကုနင်းက အရမ်းထူးချွန်တဲ့ မိန်းကလေးမို့ သူမနဲ့ လင်ရှောင်းထင်က အရမ်းလိုက်ဖက်သည်။

ထို့နောက်တွင် ကျင်းကျီနဉ်သည် ကျင်းယွင်ယောင်၏မျက်နှာကို သတိပြုမိလိုက်သည်။ တုန်လှုပ်ခြောက်ခြားစွာဖြင့် မျက်လုံးကို ပြူးကြည့်မိသည်။ "မင်းမျက်နှာ ဘာဖြစ်သွားတာလဲ?"

ကျင်းယွင်ယောင် က “အမာရွတ်ကို ဖယ်လိုက်ပြီ”

"ခွဲစိတ်ပြီး‌တော့လား?"

“မဟုတ်ဘူး” ကျင်းယွင်ယောင် ခေါင်းခါလိုက်သည်။ "ကုနင်းက ကျွန်မကို မှော်ဆေးတစ်လုံး ပေးပြီး ကုသဖို့ ကူညီပေးခဲ့တယ်။"

ကျင်းယွင်ယောင်သည် ကျင်းကျီနဉ်ကို ယုံကြည်သောကြောင့် သူမသည် ၎င်းကို လျှို့ဝှက်ထားမည်မဟုတ်ပေ။

"ဘာ? ကုနင်းမှာ ထိရောက်တဲ့ မှော်ဆေးပြား ရှိတာလား?" ကျင်းကျီနဉ် အံ့သြသွားသည်။

"ဟုတ်တယ်၊ ဒါပေမယ့် သူဘယ်လိုရလဲ‌တော့မသိဘူး။" ကျင်းယွင်ယောင်သည် ထိုအကြောင်းကို မသိသောကြောင့် ကျင်းကျီနဉ် သည် ၎င်းအကြောင်းကို နောက်ထပ်မမေး‌တော့ပေ။

"သူ မင်းကို ဘယ်လိုရှာ‌တွေ့တာလဲ?" ကျင်းကျီနဉ်က ထပ်မေးသည်။

ထို့နောက် ကျင်းယွင်ယောင် သည် ကုနင်းနှင့် လင်ရှောင်းထင်တို့နှင့် ပထမဆုံးတွေ့ဆုံခြင်းအကြောင်း ပြောပြသည်။

"မင်း ရှောင်းထင်နဲ့တွေ့ဖို့ အစီအစဉ်ရှိနေတာလား?" ကျင်းကျီနဉ် က မေးသည်။

"ဘာလို့မ‌တွေ့ရမှာလဲ" ကျင်းယွင်ယောင်သည် ဖြေမယ့်အစား ပြန်မေးလိုက်သည်။

"အကျိုးဆက်ကို တွေးဖူးလား။ မင်းက ကျင့်ကြံသူဆိုတော့ အသက်ကလည်း တဖြည်းဖြည်းပဲကြီးတာ‌လေ သူ့ကို ဘယ်လိုရှင်းပြရမှာလဲ" ကျင်းကျီနဉ် က မေးသည်။

ကျင်းယွင်ယောင် ပြုံးလိုက်သည်။ "အင်း၊ အခု အဲ့တာက ပြဿနာ မရှိတော့ဘူး။ ရှောင်းထင်က ကျင့်ကြံသူ ဖြစ်နေပြီဆိုတော့"

"ဘာ? ဘယ်တုန်းကလဲ?" ကျင်းကျီနဉ် အလွန်အံ့သြသွားသည်။

လင်ရှောင်းထင်၏မိခင်သည် ကျင့်ကြံသူသာဖြစ်ပြီး သူ့ဖခင်သည် သေမျိုးဖြစ်သောကြောင့် လင်ရှောင်းထင်သည် ကျင့်ကြံသူဖြစ်ရန် မဖြစ်နိုင်ပေ။

ထို့အပြင် လင်ရှောင်းထင်သည် ကျင့်ကြံသူသူဖြစ်နေပြီဆိုလျှင် ကျင့်ကြံရေးလောကမှ သူ့ကို အနှေးနှင့်အမြန်ဆိုသလို ရှာတွေ့သွားမည်ဖြစ်သည်။

ကျင်းမိသားစုကလည်း သူ့ကို ရှာတွေ့လိမ့်မည်။

***

အခန်း ၁၆၈၂ ကျင်းမိသားစုရဲ့ မိသားစု၀င်များ

လင်ရှောင်းထင်၏တည်ရှိမှုကို ကျင်းမိသားစုမှ သိရှိလိုက်သည်နှင့် အထူးသဖြင့် ကျင်းယောင်ရုန်နှင့် လင်ရှောင်းထင်အကြား ပဋိပက္ခသည် ပိုမိုပြင်းထန်လာမည်ဖြစ်သည်။

ကျင်းယောင်ရုန်သည် လင်ရှောင်းထင်၏ဖခင်ကိုသတ်ခဲ့ပြီး လင်ရှောင်းထင်သည် ကျင်းယောင်ရုန်၏မျက်လုံးထဲတွင် အရှက်ရစရာဖြစ်သည်။ အဲဒီအခါမှာ ပြင်းထန်တဲ့ တိုက်ပွဲဖြစ်လာနိုင်သည်။

သို့သော် လင်ရှောင်းထင်သည် ကျင့်ကြံရေးလောကတွင် လူသစ်တစ်ဦးဖြစ်သောကြောင့် ကျင်းယောင်ရုန် နှင့် မယှဉ်နိုင်ပေ။

ထိုအခြေအနတွေင် လင်ရှောင်းထင်သည် ကျင့်ကြံသူမဖြစ်နိုင်ပါစေနဲ့ဟု သူတကယ်မျှော်လင့်ခဲ့သည်။ လင်ရှောင်းထင်သည် ကျင့်ကြံသူသာ မဟုတ်ခဲ့လျှင် ကျင်းယွင်ယောင်ကို တွေ့နိုင်မည် မဟုတ်ဘဲ သူ့ဘဝသည် အလွန်တိုတောင်းနိုင်သော်လည်း အနည်းဆုံးတော့ အန္တရာယ်နည်းပါးသော အသက်ကို ရနိုင်သည်။

“ဖြစ်နိုင်ရင် ရှောင်းထင်ကို ကျင့်ကြံသူမဖြစ်စေချင်ဘူး။ ကျင့်ကြံသူဖြစ်လာရင် ပိုအန္တရာယ်ရှိတဲ့ အခြေအနေထဲ ရောက်သွားလိမ့်မယ်” ဟု ကျင်းကျီနဉ်က ဝမ်းနည်းတဲ့လေသံနဲ့ ပြောသည်။

ကျင်းယွင်ယောင်သည် ကျင်းကျီနဉ်ကဲ့သို့ပင် စိုးရိမ်မှုမျိုးရှိသည်။ “ကျွန်မသိတယ် ဒါပေမယ့် အဲဒါက ကျွန်မတို့ ထိန်းချုပ်နိုင်တဲ့ အရာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ရှောင်းထင်က အရည်အချင်းရှိပြီး တစ်လအတွင်းမှာတင် အဆင့်သုံးဆင့်တက်သွားပြီ။ သူက ချီ ကို စွမ်းအင်အဖြစ် ပြောင်းလဲတဲ့ အစောပိုင်းအဆင့်မှာ ရှိနေပြီး‌တော့ သူက တွေ့ဖူးသမျှတွင် ကျင့်ကြံသူတွေထဲမှာ အထူးချွန်ဆုံး ကျင့်ကြံသူပဲ အနာဂတ်မှာ ထူးခြားတဲ့အရာတွေကို သူအောင်မြင်နိုင်မယ်လို့ ကျွန်မယုံကြည်တယ်” လို့ ကျင်းယွင်ယောင် က ပြောသည်။

"ဘာ?" လင်ရှောင်းထင်သည် ချီကို စွမ်းအင်အဖြစ်သို့ ပြောင်းလဲရန် အစောပိုင်းအဆင့်တွင် ရှိနေပြီဖြစ်သည်ဟူသော သတင်းကြောင့် ကျင်းကျီနဉ်သည် အံ့သြသွားသည်။ သူ့၏ အရည်အချင်းက မယုံနိုင်စရာပင်။

ကျင်းကျီနဉ်သည်လည်း ထိုကဲ့သို့ လျင်မြန်စွာ တိုးတက်အောင် လုပ်ဆောင်နိုင်သော ကျင့်ကြံသူအကြောင်း ပထမဆုံးအကြိမ် ကြားသိရခြင်းဖြစ်သည်။

ထို့ကြောင့် လင်ရှောင်းထင်သည် အနာဂတ်တွင် ထူးကဲသော အရာများကို အမှန်တကယ် ရရှိနိုင်သည်။ အဲဒီလိုဆိုရင် သူ့ကို စိတ်ပူနေစရာ မလို‌ပေ။

"အခုလော‌လောဆယ် ရှောင်းထင်ရဲ့ အဆင့်က အရမ်းနိမ့်နေသေးတယ်၊ ဒါကြောင့် သူ့ကို ကျင့်ကြံရေး‌‌လောကက လူတွေ အထူးသဖြင့် ကျင်းမိသားစုရဲ့ မိသားစု၀င်တွေ ရှာမတွေ့အောင် ကာကွယ်ရမယ်" ဟု ကျင်းယွင်ယောင်က ပြောသည်။

ကျင်းယောင်ရုန် သည် အဆင့်နိမ့်နေသေးသည့်အချိန်တွင် လင်ရှောင်းထင်ကို တွေ့ရှိသွားပါက အန္တရာယ်ရှိလာမည်ဖြစ်သည်။

“ဒါ‌ပေါ့ ဒါပေမယ့် မတော်တဆဆိုတာ ဖြစ်တတ်တယ်” လို့ ကျင်းကျီနဉ်က စိုးရိမ်တကြီးနဲ့ ပြောသည်။

ကျင်းယွင်ယောင်လည်း တိတ်ဆိတ်သွားသည်။ လင်ရှောင်းထင်ကို ကျင့်ကြံရေးလောကမှ ကာကွယ်ရန် ကြိုးစားမည်ဖြစ်သော်လည်း အောင်မြင်အောင် ကာကွယ်နိုင်ပါ့မလားဆိုတာကို မပြောနိုင်ပေ။ ကျင်းမိသားစုက သူ့ကိုတွေ့လျှင် ဘာဖြစ်လာမယ်ဆိုတာကို ဘယ်သူမှမသိပေ။

"အိုး၊ ရှောင်းထင်က ရုတ်တရက် ကျင့်ကြံသူ ဘယ်လိုဖြစ်လာတာလဲ။ သူကျင့်ကြံသူတွေကို သိလို့လား။ သူရုတ်တရက်ပြောင်းလဲသွားပြီး ကျင့်ကြံသူဖြစ်လာအောင် ဘယ်လိုသင်ယူခဲ့တာလဲ။ သူက သေမျိုးလေ တစ်ယောက်ယောက်ရဲ့ လမ်းညွှန်မှု မပါဘဲ ကျင့်ကြံရေးကို ဘယ်လိုမြှင့်တင်ခဲ့တာတဲ့လဲ" ကျင်းကျီနဉ်က မေးသည်။

"ကုနင်းဆီက ကြားတာတော့ ကုနင်းကလည်း ကျင့်ကြံသူမဟုတ်ပေမယ့် ကျင့်ကြံသူတွေရဲ့ အငွေ့အသက်ကို ကောင်းကောင်းခံစားနိုင်တဲ့အပြင် ငါတို့အကြောင်းကိုလည်း နည်းနည်းသိတယ်” လို့ ကျင်းယွင်ယောင် က ပြောလိုက်သည်။

"ဘာ? ကုနင်းက ကျင့်ကြံသူတွေရဲ့ အငွေ့အသက်ကို ခံစားနိုင်တယ်တဲ့လား? အဲ့တာဆို သူက ငါ့ သရုပ်မှန်ကို စောစောထဲက သိပြီးသားဖြစ်မယ်!” ကျင်းကျီနဉ် အံ့သြသွားသည်။ သေမျိုးသည် ကျင့်ကြံသူကို အာရုံခံစားနိုင်သည်ဟူသည်က သူ၏ စိတ်ကူးကို ကျော်လွန်‌နေသည်။

“ဟုတ်တယ်” ကျင်းယွင်ယောင်က ဆက်ပြောသည်။ "သူက ကျွန်မနဲ့ အကို့အကြောင်းလည်း ပြော‌သေးတယ် အဲ့တော့ အခု ငါတို့ရဲ့ဆက်ဆံရေးကို သူသိထားတာပေါ့"

ကျင်းကျီနဉ် ပါးစပ်ကို ဖွင့်လိုက်သော်လည်း ယခုအချိန်တွင် ဘာပြောရမှန်းမသိ ဖြစ်နေသည်။

"ရှောင်းထင်က ညပုလဲကို ရှာတွေ့ပြီး အဲ့တာကို သူ့လက်ထဲမှာ ကိုင်လိုက်တဲ့အခါ သူ့ရဲ့ မှော်အစွမ်းကို စုပ်ယူနိုင်တယ်ဆိုတာကို ကုနင်းက ရုတ်တရက် သတိထားမိခဲ့တယ်တဲ့။ အချိန်ကြာလာတာနဲ့အမျှ မှော်စွမ်းအားတွေကို ပိုပိုပြီးစုပ်ယူလာတော့ သူ့ခန္ဓာကိုယ်က ပြောင်းလဲလာပြီး မှော်စွမ်းအားတွေ ပျံ့နှံ့လာ‌ပြီး‌တော့ ကျင့်ကြံသူဖြစ်လာခဲ့တာ” ဟု ကျင်းယွင်ယောင်က ပြောကြားသည်။

"ရှောင်းထင်က ကျင့်ကြံသူမဖြစ်လာခင်ထဲက ကျင့်ကြံသူ‌တွေရဲ့ တည်ရှိမှုကို သိထားပြီးဖြစ်ပြီး သူတို့က မကောင်းတဲ့ လမ်းစဉ်နဲ့ကျင့်ကြံသူတွေကို ဖမ်းဆီးဖူးတယ်။ သူတို့‌တွေဆီက‌နေ ကျင့်ကြံရေးလောကအကြောင်းနဲ့ ကျင့်ကြံသူများ‌တွေအကြောင်းကို ပိုမိုသိခဲ့ရတယ်တဲ့။ ချန်လင်တောင်မှာ ရှိတဲ့ ၀င်ပေါက်ကသူတို့အတွက် လျှို့ဝှက်ချက် မဟုတ်ဘူး‌လေ။ အဲဒီနောက် ကျွန်မအခန်းဟောင်းမှာ ကျင့်ကြံရေးနဲ့ပတ်သက်တဲ့ စာအုပ်နှစ်အုပ်ကို ရှာတွေ့ခဲ့ပြီးတော့ ရှောင်းထင်က သူ့ရဲ့ ကျင့်ကြံ‌ရေးကို စတင်ခဲ့တယ်”

အဲဒါကိုကြားတော့ ကျင်းကျီနဉ်က ဒါကို ပို၍ နားလည်လာ‌တော့သည်။

"ရှောင်းထင်မှာ ထူးချွန်တဲ့ အရည်အချင်းတွေရှိပေမယ့် အမှားတွေကိုရှောင်ဖို့အတွက် သူ့ကိုကူညီဖို့ ဆရာတစ်ယောက်လိုတော့ မင်းသူ့ကို အမြန်ဆုံးသွားတွေ့သင့်တယ်လို့ ငါထင်တယ်။ မင်းတို့နှစ်ယောက် အနှေးနဲ့ အမြန်တော့ တွေ့ရတော့မှာပဲ သူ့ကို ကျင့်ကြံရေးမှာ ကူညီပေးရတာ ပိုအဆင်ပြေတာ‌ပေါ့” ဟု ကျင်းကျီနဉ် က ဆိုသည်။

"ဒါကို စိတ်ပူဖို့ မလိုပါဘူး ရှောင်းထင်မှာ တော်တဲ့ သီးသန့်ဆရာတစ်ယောက် ရှိပြီးသားပါ။ သူ့အကူအညီနဲ့ ရှောင်းထင်က ပိုမြန်မြန်ဆန်ဆန် တိုးတက်နိုင်မယ်လို့ ယုံကြည်တယ်” လို့ ကျင်းယွင်ယောင်က ပြောသည်။ “အခုလောလောဆယ်မှာ ရှောင်းထင်က အလုပ်တွေရှုပ်နေတော့ ကျင့်ကြံ‌ဖို့လည်း အချိန်သိပ်မရှိဘူး”

ကျင့်ကြံရေးမှာ နေ့ရောညပါ လိုအပ်ကြောင်း သူမသိသော်လည်း လင်ရှောင်းထင် သည် သူ့အလုပ်ကို ထားခဲ့၍မရပေ။

"သူ့ရဲ့ သီးသန့်ဆရာက ဘယ်သူလဲ?" ကျင်းကျီနဉ် က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ကုနင်းနဲ့ ပထမဆုံးတွေ့ဆုံမှုအကြောင်း ကျွန်မပြောဖူးတယ်‌နော်။ အဲဒီတုန်းက သူတို့ ခွန်းလွန်တောင်ကို သွားကြတာ။ ရှောင်းထင်က ခွန်းလွန်ဂိုဏ်းမှာ သူ့အဆင့်ကို မြှင့်တင်လိုက်တယ် အဲ့နောက်ပိုင်းမှာ ခွန်းလွန်ဂိုဏ်းရဲ့ အကြီးအကဲတစ်‌ယောက်ဖြစ်တဲ့ ရှမ်းကွမ်းယန်နဲ့ တွေ့ဆုံခဲ့ပြီး‌တော့ ရှောင်းထင်ရဲ့ သီးသန့်ဆရာဖြစ်လာခဲ့တယ်” လို့ ကျင်းယွင်ယောင်က ပြောပြလိုက်သည်။

"ရှမ်းကွမ်းယန်က အခုထိ အသက်ရှင်နေသေးတာလား? နောက်ပြီး သူက ရှောင်းထင်ရဲ့ သီးသန့်ဆရာဖြစ်နေသေးတယ်!" ရှမ်းကွမ်းယန် အကြောင်း သိတဲ့လူတွေအားလုံးက သူသေပြီလို့ ထင်နေတာကြောင့် ကျင်းကျီနဉ်လည်း အံ့သြသွားပြန်သည်။

တကယ်တော့ ကျင့်ကြံရေးလောက ပေါ်ပေါက်လာချိန်ကစလို့ ကျင့်ကြံသူတွေဟာ အဲဒီမှာပဲ နေခဲ့ကြသည်။ လွန်ခဲ့သည့် နှစ်ရာချီသောကာလတွင် သူတို့သည် ပြင်ပကမ္ဘာတွင် ကျင့်ကြံသူမရှိဟု သူတို့ယုံကြည်ကြသည်။

သူတို့ပြင်ပလောကတွင် ကျင့်ကြံသူကို မတွေ့ဖူးတိုင်း တကယ်ကျင့်ကြံသူများ ပြင်ပလောကမှာ မရှိဟု မဆိုလိုနုိင်သော်လည်း သူတို့သည် အံ့အားသင့်နေကြဆဲပင်။ ထို့အပြင် ရှမ်းကွမ်းယန် သည် ရှောင်းထင်၏ ဆရာဖြစ်လာသည်မှာ အလွန်ကောင်းသည်။

ကျင်းကျီနဉ်သည် ရှမ်းကွမ်းယန်၏ လက်ရှိအဆင့်ကို မသိသော်လည်း ရှမ်းကွမ်းယန်သည် ယွမ်ယင်ခေတ်တွင် အကြီးတန်း ပြုစုပျိုးထောင်သူ ဖြစ်နေပြီ။ ယခုဆိုလျှင် နှစ်ရာနှင့်ချီပြီးသွားပြီဖြစ်၍ ရှမ်းကွမ်းယန်၏အဆင့်သည် ပိုမိုမြင့်မားလာရမည်ဖြစ်သည်။

ရှမ်းကွမ်းယန်သည် ထျန်းတောက်မန်ရှိ အကြီးတန်း ပြုစုပျိုးထောင်သူများထက် အဆင့်အတန်းမြင့်သည်ဟု သူယုံကြည်သည်။

…

ကုနင်းသည် ညနေ 4:30 တွင် စစ်ဟယ်ယွမ် သို့ရောက်ရှိလာသည်။

ထိုအချိန်တွင် ရှမ်းကွမ်းယန်သည် ကျောက်တုံးလေးကို လေ့ကျင့်ပေးနေသော်လည်း ကုနင်းရောက်လာသည်နှင့် ကျောက်တုံးလေးကို ထားခဲ့လေသည်။

ကုနင်းကို သူ့ဆီကနေ သင်ယူခဲ့တာတွေကို ပြန်ပြဖို့ သူမအား‌ပေြာလိုက်သည်။

ကုနင်းသည် သူမ၏နောက်ဆုံး‌ သရုပ်ပြမှုနှင့် နှိုင်းယှဉ်ပါက တိုးတက်မှုများစွာရရှိပြီး ရှမ်းကွမ်းယန်သည် အလွန်ကျနေပ်နေမိသည်။

ထို့နောက် စစ်ဟယ်ယွမ် တွင် ညစာစားကြသည်။

…

ကျင်းယွင်ယောင်သည် ကျင်းကျီနဉ်နှင့် ထမင်းစားပြီးနောက် ထွက်ခွာလာသည်။

ကျင်းယွင်ယောင်သည် တောင်မြစ်ကမ်းဥယျာဉ်တွင်နေထိုင်ကြောင်း ကျင်းကျီနဉ် သိသောအခါ၊ သူသည် အနီးနားရှိ ဟိုတယ်တစ်ခုတွင် တည်းခိုမည်ဖြစ်ပြီး အကူအညီလိုအပ်သည့်အခါတိုင်း သူ့ကို ဖုန်းခေါ်ရန် ကျင်းယွင်ယောင်အား ပြောခဲ့သည်။

***

အခန်း ၁၆၈၃ သူမကို ဓာတ်ပုံနှင့် ယှဉ်ကြည့်ရမယ်

တိုက်တိုက်ဆိုင်ဆိုင် ယွီယင်နှင့် သူမ၏ သူငယ်ချင်းများသည် ယနေ့တွင် တောင်မြစ်ကမ်း စားသောက်ဆိုင်တွင် စားသောက်မည်ဖြစ်ကြသော်လည်း ယာဉ်ကြောပိတ်ဆို့မှုကြောင့် ယခုမှ ရောက်ရှိလာကြသည်။

အခုက ညနေ ၆:၃၀ ပဲရှိသေး၍ အစားအသောက်က အဆင်သင့်မဖြစ်သေး‌ပေ။

ကျင်းယွင်ယောင်နှင့် ကျင်းကျီနဉ်တို့သည် ထမင်းစားပြီးနောက် တံခါးဆီသို့ လျှောက်လာသောအခါတွင် ယွီယင် သည် တောင်မြစ်ကမ်း စားသောက်ဆိုင် အပြင်ဘက်တွင် ကားကို ရပ်လိုက်သည်။ သူမကားထဲက မထွက်ခင်မှာပဲ ကျင်းယွင်ယောင်ကိုတွေ့လိုက်ရသည်။

တခဏချင်းမှာပဲ ယွီယင် အံ့သြသွားတော့သည်။

ဒါ ဒါ ယွင်ယောင် မဟုတ်ဘူးလား။ ဘယ်လိုဖြစ်နိုင်တာလဲ။ ယွင်ယောင် သေပြီမဟုတ်ဘူးလား? ယွီယင်သည် သူမ၏မျက်လုံးများကိုပင် မယုံနိုင်။ သူမ အရမ်းတုန်လှုပ်သွားတာကြောင့် ယွီယင်က ဘာတုံ့ပြန်မှုမှ မရှိတော့ပါ။ သူမနောက်ဆုံးအသိ၀င်သောအခါတွင် ကျင်းယွင်ယောင်သည် မရှိတော့‌ပေ။

ယွီယင်သည် ကျင်းယွင်ယောင်ကိုရှာရန်ကြိုးစားသော်လည်း မအောင်မြင်ပေ။ မှန်ကန်မှု ရှိ၊ မရှိ မသေချာသောကြောင့် ကားဆီသို့ ပြန်သွားကာ Black box ကို ချက်ချင်း စစ်ဆေးလိုက်သည်။ Black box က အရာအားလုံးကို မှတ်တမ်းတင်ထားသည်။

သေးငယ်သော်လည်း၊ အလွန်ရှင်းလင်းသောကြောင့် ယွီယင်သည် ယခုတစ်ကြိမ်တွင် ကျင်းယွင်ယောင်၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်နိုင်ခဲ့သည်။ သူမသည် ယွင်ယောင်နှင့် အလွန်တူသော်လည်း ငယ်ရွယ်ပုံပေါက်သည်။ သို့သော်လည်း ယွီယင်သည် အရင်ကလည်း သူမ၏ အသက်အရွယ်ထက် များစွာ နုပျိုနေပုံရသောကြောင့် သူမသည် ယွင်ယောင် မဖြစ်နိုင်ဟု ကောက်ချက်မချမိပေ။

ယွီယင်သည် ထိုအမျိုးသမီးက ယွင်ယောင် တကယ်ဟုတ်မဟုတ် မသိ‌ပေ။ သူတို့က ရုပ်တူတာလည်း ဖြစ်နိုင်သည်။

ယွင်ယောင်၏ဈာပနကို လင်ရှောင်းထင်၏ဖခင်နှင့်အတူ လွန်ခဲ့သောနှစ်ပေါင်း၁၀နှစ်‌ကျော်က မြင်တွေ့ခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ ယွီယင် သည် ၎င်းကို ဘေးဖယ်ထား၍ မရတော့ဘဲ Black box ရှိ ကျင်းယွင်ယောင် ၏ ပုံရိပ်ကို ဓာတ်ပုံ ရိုက်ယူပြီး အိမ်ပြန်ရောက်သောအခါ သခင်ကြီးလင် နှင့် လင်ယွင်ကျန်းအား ပြသရန် ဆုံးဖြတ်လိုက်သည်။

…

ကုနင်းသည် စစ်ဟယ်ယွမ်တွင် ရှမ်းကွမ်းယန်နှင့် ထမင်းစားပြီးနောက် ည ၈ နာရီတွင် အိမ်သို့ပြန်လာသည်။

ယွီယင်သည် ည ၈ နာရီခန့်တွင် တောင်မြစ်ကမ်း စားသောက်ဆိုင်မှ ထွက်လာခဲ့သည်။

လင်မိသားစု၏ အိမ်ဟောင်းတွင် သခင်ကြီးလင်၊ လင်ရှောက်ရှီ နှင့် လင်ရှောက်ရွှမ်း တို့သည် တီဗီကြည့်ကြပြီး ဧည့်ခန်းထဲတွင် အချင်းချင်း စကားစမြည်ပြောနေကြသည်။

ယွီယင် အိမ်ပြန်ရောက်တာနဲ့ သူမက မေးလိုက်သည်။ "ရှောက်ရွှမ်း မင်းအဖေဘယ်မှာလဲ"

“စာဖတ်ခန်းထဲမှာ” ဟု လင်ရှောက်ရွှမ်းကဆိုသည်။

“သူ့ကို အောက်ထပ်ဆင်းလာဖို့ ပြောပေး ပြောစရာရှိတယ်”

“ဟုတ်” ထို့နောက် လင်ရှောက်ရွှမ်းသည် အပေါ်ထပ်သို့ တက်သွားသည်။

သခင်ကြီးလင်က ဒီနေ့ ယွီယင်နဲ့ ပုံမှန်နဲ့ မတူဘူးလို့ ခံစားမိတဲ့အတွက် မေးလိုက်သည်။ “ဘာဖြစ်လို့လဲ? တစ်ခုခု ဖြစ်လို့လား"

"အဖေနဲ့ ယွင်ကျန်းကို အရေးတကြီး ပြောချင်တာရှိလို့ ကျွန်မတို့ အဖေရဲ့ စာဖတ်ခန်းကို သွားလို့ရမလား" ယွီယင်က ဒီအကြောင်းကို တခြားလူတွေကို မကြား‌စေချင်ပေ။

သခင်ကြီးလင်သည် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားပြီး တစ်ခုခုရှုပ်ထွေးနေရမည်ကို သိလိုက်သောကြောင့် မတ်တပ်ထရပ်လိုက်လေသည်။ "ဟုတ်ပြီ သွားကြစို့!"

ထို့နောက် သခင်ကြီးလင်သည် စာဖတ်ခန်းထဲသို့ လမ်းလျှောက်၀င်သွားသည်။ ယွီယင်သည် လင်ယွင်ကျန်းကို စောင့်နေသည်။

ခဏအကြာတွင် လင်ယွင်ကျန်း ပေါ်လာပြီး စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။“ဘာလို့ အောက်ထပ်မှာ တွေ့ချင်လာလဲ”

“အခုချက်ချင်း ဆွေးနွေးစရာရှိလို့ ဖေဖေ့စာဖတ်ခန်းထဲသွားရ‌အောင်” ဟု ယွီယင်က ပြောပြီး သခင်ကြီးလင်၏ စာဖတ်ခန်းဆီသို့ လျှောက်သွားသည်။

ထိုစကားကိုကြားတော့ လင်ယွင်ကျန်းသည် အရေးကြီးသောကိစ္စရပ်တစ်ခုနှင့်ပတ်သက်သောကြောင့် သခင်ကြီးလင်နှင့် တွေ့ဆုံရမည်ဟု နားလည်လိုက်သည်။

သူတို့ သုံးယောက်သည် သခင်ကြီးလင်၏ စာဖတ်ခန်းသို့ သွားသောအခါတွင် လင်ရှောက်ရွှမ်းနှင့် လင်ရှောက်ရှီတို့သည် စူးစမ်းချင်စိတ်ဖြင့် ဧည့်ခန်းထဲတွင် ကျန်ခဲ့သည်။

“အဘိုးနဲ့ အဖေနဲ့ကို အမေ ဘာပြောချင်တာလဲ” လင်ရှောက်ရှီက မေးသည်။

"အဖေ တစ်ခုခုအမှားလုပ်ထားတာ မေမေ သိသွားပြီးတော့ သူ့ကို မေးချင်တာ ဖြစ်နိုင်တယ်” ဟု လင်ရှောက်ရွှမ်းက ဆိုသည်။

“မဖြစ်နိုင်တာ!” လင်ရှောက်ရှီ အံ့သြသွားပြီး မယုံနိုင်ဖြစ်သွားသည်။

"တံခါးအပြင်က‌နေ ခိုးနားထောင်မလား?" လင်ရှောက်ရွှမ်းက အဆိုပြုသည်။ သူက ဘာလဲဆိုတာ သိချင်နေသည်။

"မေ့လိုက်ပါ မိသွားရင် ငါတို့ အပြစ်ပေးခံရလိမ့်မယ်” လင်ရှောက်ရှီသည် ရှက်ရွံ့ပြီး ထိုသို့ မလုပ်ဝံ့ပေ။ လင်ရှောက်ရှီ ပြောကတည်းက လင်ရှောက်ရွှမ်းလည်း ထိုအကြံကို ဖျောက်လိုက်သည်။ အများအားဖြင့် သူတို့သည် သူတို့အဘိုးကို ကြောက်ကြသည်။

စာဖတ်ခန်းထဲကို လင်ယွင်ကျန်း ရောက်လာပြီးတာနဲ့ ယွီယင်က သူ့ကို တံခါးပိတ်ခိုင်းလိုက်သည်။

"ဘာဖြစ်လို့လဲ?" ထို့နောက် လင်ယွင်ကျန်းက မေးသည်။

"ဒီနေ့ တောင်မြစ်ကမ်း စားသောက်ဆိုင်မှာ သူငယ်ချင်းတွနေဲ့ ထမင်းစားဖို့ သွားတာ ယွင်ယောင်နဲ့ တော်တော်လေးတူတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့တယ်" လို့ ယွီယင်က ပြောသည်။

"ဘာ?" ထိုစကားကိုကြားတော့ သခင်ကြီးလင်နှင့် လင်ယွင်ကျန်း နှစ်ယောက်လုံး အံ့သြသွားကြသည်။

"ယွင်ယောင်က လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ထဲက ဆုံးသွားခဲ့ပြီဆိုတာ ကျွန်မသိပါတယ်။ ဒါပေမယ့် သူမက မယုံနိုင်စရာကောင်းအောင် ယွင်ယောင်နဲ့တော်တော်တူတယ် တကယ် မယုံနိုင်စရာပဲ စိတ်တွေပူနေတာနဲ့ သူမကို ဓာတ်ပုံရိုက်ထားတယ်။ ဒီမှာ ကြည့်ကြည့်” ဟု ယွီယင်က ပြောပြီး သခင်ကြီးလင်အား ဓာတ်ပုံပြရန် သူမ၏ ဖုန်းကိုထုတ်လိုက်သည်။

သခင်ကြီးလင်က သူ့ဖုန်းကိုယူလိုက်ပြီး လင်ယွင်ကျန်းလည်း နီးကပ်ကာလာကြည့်သည်။ ရိုးရှင်းစွာ တစ်ချက်ကြည့်လိုက်ပြီးနောက် သခင်ကြီးလင်နှင့် လင်ယွင်ကျန်းသည် လုံးဝ အံ့သြသွားခဲ့သည်။

"တူတူပဲကွ!" သခင်ကြီးလင်နှင့် လင်ယွင်ကျန်းတို့သည် ယွီယင်နှင့် သဘောတူခဲ့ကြသည်။

"ယင်၊ မင်း ယွင်ဟန်ရဲ့အခန်းကိုသွားပြီး ယှဉ်ကြည့်ဖို့ သူတို့ရဲ့အယ်လ်ဘမ်ကို ယူခဲ့လိုက်" ဟု သခင်ကြီးလင် က ပြောသည်။

ဓာတ်ပုံတွင် အလွန်ဆင်တူသော်လည်း ၁၅ နှစ်ကြာပြီဖြစ်၍ ယွင်ယောင်၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမှတ်မိနိုင်တော့ပေ။ ထို့အပြင် ဤအမျိုးသမီးသည် ယွင်ယောင် ဖြစ်နိုင်သည်ကို သူမယုံသော်လည်း သခင်ကြီးလင် က ၎င်းကို သေချာစေချင်သည်။

“ပြဿနာမရှိပါဘူး” ဟု ယွီယင် က ပြောသည်။

"သူမက ဒီတိုင်း ယွင်ယောင်နဲ့ ဆင်တာ ဖြစ်နိုင်တာပဲ။ ဒီကမ္ဘာမှာ ရုပ်တူတဲ့သူတွေ အများကြီးရှိတယ်‌လေ။” လို့ လင်ယွင်ကျန်း က ပြောသည်။

ဤအမျိုးသမီးသည် ယွင်ယောင် ဖြစ်နိုင်သည်ဟု သူမယုံခဲ့ပေ။ ထို့အပြင် ဤအမျိုးသမီးသည် ယွင်ယောင် အမှန်တကယ်ဖြစ်ခဲ့ပါက လင်မိသားစုထံ အဘယ်ကြောင့် ပြန်မလာခဲ့သနည်း။

လင်ယွင်ဟန်နဲ့ အတူ သေဆုံးသွားတဲ့ အမျိုးသမီးက ဘယ်သူလဲ။

“ငါသိပါတယ် ဒါပေမယ့် သေချာအောင်လုပ်ဖို့ လိုသေးတယ်” ဟု သခင်ကြီးလင်က ဆိုသည်။

လင်ရှောက်ရွှမ်းနှင့် လင်ရှောက်ရှီတို့သည် တံခါးအပြင်ဘက်က‌နေ ခိုးကြောင်ခိုးဝှက် နေကာ ဘာမှမပြောရဲကြသော်လည်း တစ်ချိန်လုံး စူးစမ်းလိုစိတ်ဖြင့် သခင်ကြီးလင်၏ စာဖတ်ခန်းကို စိုက်ကြည့်နေကြသည်။

ယွီယင် ထွက်လာတာနဲ့ လင်ရှောက်ရွှမ်းက "မေမေ၊ အဘိုးနဲ့ ဘာတွေပြောနေတာလဲ"

"ဒါက လူကြီးတွေရဲ့ ကိစ္စ!" ယွီယင်က သူ့ကို ဆူလိုက်ပြီး အပေါ်ထပ်ကို အမြန်တက်သွားသည်။

"အဖေက အမှားတစ်ခုခုလုပ်မိလို့လား" ယွီယင်သည် မပျော်မရွှင်ဖြစ်နေ၍ အခန်းထဲတွင် ငိုရန် အပေါ်ထပ်သို့ ပြေးတက်သွားတာ ဖြစ်နိုင်သည်ဟု လင်ရှောက်ရွှမ်း တွေးလိုက်မိသည်။

အဲဒါကို တွေးပြီး ယွီယင်ကို စိတ်ပူ၍ လင်ရှောက်ရွှမ်းက ချက်ချင်း လိုက်သွားသည်။ လင်ရှောက်ရှီလည်း အလားတူလုပ်ခဲ့သည်။

ယွီယင်က ဘယ်လိုရှင်းပြရမှန်းမသိဘဲ သူ့ကို လှမ်းပြောလိုက်သည်။ "ဘာလို့လိုက်လာတာလဲ! တီဗီပဲဆက်ကြည့် ငါ့နောက်ကိုမလိုက်ခဲ့နဲ့။ အပေါ်ထပ်မှာ ရှာစရာရှိတယ်" ယွင်ယောင်သည် သူမ၏ ရည်ရွယ်ချက်အစစ်အမှန်ကို မသိစေချင်‌ပေ။ အဘယ်ကြောင့်ဆိုသော် လင်ရှောင်းထင် သိရှိသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

“ဟုတ်!” အဲဒါကိုကြားတော့ လင်ရှောက်ရွှမ်းနဲ့ လင်ရှောက်ရှီတို့လည်း သူမနောက်ဆက်မလိုက်တော့ပေ။

***

အခန်း ၁၆၈၄ အခုပဲ ရင်ဆိုင်လိုက်ပါ

ယွီယင်သည် လင်ယွင်ဟန်၏အခန်းသို့သွားသော်လည်း သူတို့၏အယ်လ်ဘမ်ကို ရှာမတွေ့ခဲ့ပေ။ သူမသည် ယခင်က ယွင်ယောင်နှင့် ဓာတ်ပုံရိုက်ဖူးသည်ကို ရုတ်တရက် သတိရမိသောကြောင့် သူမအခန်းသို့ သွားလိုက်သည်။

သခင်ကြီးလင်ရဲ့ စာဖတ်ခန်းကို ပြန်ရောက်ချိန်မှာ ပြောလိုက်သည်။ “အဖေ ကျွန်မ သူတို့အယ်လ်ဘမ်ကို ရှာမတွေ့ဘူး။ ရှောင်းထင်က တခြားတစ်နေရာရာမှာ ထားထားတာထင်တယ် ဒါပေမယ့် ကျွန်မနဲ့ ယွင်ယောင်ရဲ့ ဓာတ်ပုံတော့ ရှိတယ်"

ယွီယင်က သခင်ကြီးလင်ကို ဓာတ်ပုံပေးလိုက်သည်။

သခင်ကြီးလင်က ပုံကို ယူလိုက်ပြီး ယွင်ယောင်ကို ဖုန်းထဲကအမျိုးသမီးနဲ့ နှိုင်းယှဉ်ကြည့်‌သောအခါ သူတို့၏ ရုပ်တူညီ‌နေမှုကြောင့် အံ့သြသွားသည်။

သူတို့သည် အခြေခံအားဖြင့်တော့ လူတစ်ယောက်ထဲပင်ဖြစ်သည်။

"အိုး၊ သူတို့က အရမ်းတူတာပဲ!" လင်ယွင်ကျန်းက အော်ပြောသည်။

သို့သော် သခင်ကြီးလင်သည် ရုတ်တရက် စိတ်ဆိုးသွားပုံပေါက်သည်။ "ယွင်ကျန်း၊ တောင်မြစ်ကမ်း စားသောက်ဆိုင်ကိုသွားပြီး ဒီအမျိုးသမီးနဲ့ ဒီယောက်ျားရဲ့သရုပ်မှန်ကို ရှာလိုက်။ သူက ယွင်ယောင်နဲ့တူတာပဲလား ဒါမှမဟုတ် နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အရာတစ်ခုခု ရှိနေတာလားဆိုတာ အဖြေရှာဖို့ လိုတယ်" ယွင်ယောင်နှင့် အလွန်ဆင်တူသော ဤအမျိုးသမီး ပေါ်လာခြင်းသည် တိုက်ဆိုင်မှု ဒါမှမဟုတ် အကြံအစည်တစ်ခုဖြစ်သည်ဟု သခင်ကြီးလင်က ထင်ခဲ့သည်။

တကယ်တော့ လင်မိသားစုသည် သာမန်မိသားစုတစ်ခုမဟုတ်ပဲ သူတို့ကို ဆန့်ကျင်ဖို့ ကြံစည်သူတွေ အများကြီးရှိသည်။ အကယ်၍ ဤအမျိုးသမီးသည် ရုတ်တရက်ပေါ်ထွက်လာခြင်းဟာ တိုက်ဆိုင်မှုတစ်ခုမဟုတ်ပါက သူမသည် ရည်ရွယ်ချက်တစ်ခုကြောင့် ယွင်ယောင်အဖြစ် အသွင်ပြောင်းထားတာဖြစ်နိုင်သည်။

တစ်ချိန်တည်းမှာပင် ဤအမျိုးသမီးသည် ကျင်းယွင်ယောင် ဖြစ်နိုင်ကြောင်း ဖြစ်နိုင်ချေရှိသည်ကို သခင်ကြီးလင်လည်း သိခဲ့သည်။ ခိုင်မာ‌‌သော ဖြစ်နိုင်ခြေမဟုတ်ပေမယ့် လျစ်လျူမရှုနိုင်ပေ။

အကြောင်းရင်းမှာ ပထမအနေဖြင့် ထိုမိန်းမသည် ယွင်ယောင်နှင့် ချွတ်စွတ်တူသည်၊ ဤကမ္ဘာပေါ်တွင် ရုပ်ဆင်သူအများအပြားရှိသော်လည်း ဒါကမယုံနိုင်လောက်အောင်ပင်။ ဒုတိယအနနေဲ့ သခင်ကြီးလင် သည် ဟိုးအရင်နှစ်က ယွင်ယောင်၏ အလောင်းကိုတွေ့သောအခါ ယွင်ယောင်၏ မျက်နှာသည် ရုပ်ပျက်ဆင်းပျက်ဖြစ်‌နေသည်ကို သတိရသဖြင့် လင်ယွင်ဟန်နှင့်အတူ ချောက်ကမ်းပါးမှ ပြုတ်ကျသော အမျိုးသမီးမှာ ယွင်ယောင် မဟုတ်နိုင်ပေ။

ထိုသို့သော ဖြစ်နိုင်‌ချေများကြောင့် သခင်ကြီးလင် သည် ၎င်းကို ဆက်လက်တွေးတောရန်သာ ဖြစ်နိုင်တော့သည်။

လင်ယွင်ဟန်နဲ့အတူ သေဆုံးသွားတဲ့ အမျိုးသမီးဟာ ယွင်ယောင် မဟုတ်ဘူးဆိုရင် သူမဟာ ဘယ်သူဖြစ်နိုင်မလဲ။ သူမ ဘာ့ကြောင့် လင်ယွင်ဟန်နဲ့ သေခဲ့ရတာလဲ။ အဲဒီအချိန်တုန်းက ယွင်ယောင်က ဘယ်ရောက်နေတာလဲ။ လင်ယွင်ဟန် သေဆုံးပြီးနောက် သူမ ဘာကြောင့် ပျောက်ကွယ်သွားတာလဲ။ လင်ယွင်ဟန် သေဆုံးမှုက သူမနှင့် ပတ်သက်မှုတစ်ခု ရှိ‌နေတာလား။ ယွင်ယောင်နှင့် လင်ယွင်ဟန်တို့သည် အတိတ်တုန်းက နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့ကြသောကြောင့် သခင်ကြီးလင်သည် ထိုကဲ့သို့ ယွင်ယောင်ကို သံသယမဖြစ်သင့်ပေ။ သို့သော် သူ့တွင် သံသယရှိသောကြောင့် အဖြစ်အပျက်များကို ခွဲခြမ်းစိတ်ဖြာရန် လိုအပ်သည်။

သခင်ကြီးလင် ပြောတာကိုကြား‌သောအခါ လင်ယွင်ကျန်းနဲ့ ယွီယင်တို့ဟာ ယွင်ယောင်နဲ့တူတဲ့ ဒီအမျိုးသမီး ဘာကြောင့် ရုတ်တရက်ပေါ်လာတာလဲဆိုတာကို တွေးတောမိသွားသည်။

“ဟုတ်ကဲ့” လင်ယွင်ကျန်းကပြောလိုက်ပြီး ထွက်ခွာရန်ပြင်လိုက်သည်။

"ခဏလေး" သခင်ကြီးလင်က သူ့ကို တားလိုက်ပြီး "တခြားလူတွေကို လျှို့ဝှက်ထားပါ" လင်ယွင်ကျန်းနဲ့ ယွီယင်ကို ပြောလိုက်သည်။

"ဟုတ်" လင်ယွင်ကျန်းနှင့် ယွီယင်တို့က သဘောတူခဲ့ကြသည်။ ထို့နောက် သခင်ကြီးလင်၏ စာဖတ်ခန်းမှ အတူတူ ထွက်လာကြသည်။

လင်ယွင်ကျန်းသည် အမြန်ထွက်သွားသောအခါ လင်ရှောက်ရွှမ်းက မေးလိုက်သည်။ "အမေ၊ ဘာဖြစ်လို့လဲ"

"မင်းရဲ့ သိချင်စိတ်ကို ထိန်းထား!" ယွီယင်က လင်ရှောက်ရွှမ်းကို လျစ်လျူရှုလိုက်ပြီး အပေါ်ထပ်သို့တက်သွားသည်။

…

လင်ယွင်ကျန်း ရောက်လာသည်နှင့် တောင်မြစ်ကမ်း စားသောက်ဆိုင်၏မန်နေဂျာသည် သူ့အတွက် စောင့်ကြည့်ဗီဒီယိုကို ဖွင့်ပြသည်။

ထိုအမျိုးသမီးကို ဤနေရာသို့ မောင်းပို့သည်မှာ ကုနင်းဖြစ်သည်ကို လင်ယွင်ကျန်း မြင်သောအခါ အလွန်အံ့သြသွားသည်။

သူ့စိတ်ထဲမှာ ပထမဆုံးပေါ်လာတဲ့ အတွေးက ဒီအမျိုးသမီးဟာ ရည်ရွယ်ချက်တစ်ခုနဲ့ ပေါ်လာတာဖြစ်နိုင်ပြီး သူမဟာ ကုနင်းကို အရင်ချဉ်းကပ်ပြီးတော့ ကုနင်းမှတစ်ဆင့် လင်ရှောင်းထင်နှင့် လင်မိသားစုတို့နှင့် ရင်းနှီးအောင် လုပ်မှာဖြစ်နိုင်သည်။

လင်ယွင်ကျန်းသည် ကုနင်း၏နောက်ခံကိုသိသောကြောင့် ကုနင်းနှင့်မိန်းမကြားတွင်ပြောမပြနိုင်သောလျှို့ဝှက်ချက်ရှိနေသည်ဟုသူ မထင်ခဲ့ပေ။ အဲဒီအစား ကုနင်းနဲ့ အရင်ဆုံး မိတ်ဆွေစဖွဲ့တဲ့သူက ထိုအမျိုးသမီးပဲလို့ သူယုံကြည်သည်။ ယခုပြဿနာမှာ လင်ရှောင်းထင်သည် ထိုအမျိုးသမီး၏ဖြစ်တည်မှုကို သတိပြုမိခြင်း ရှိ၊မရှိဖြစ်သည်။

လင်ယွင်ကျန်းသည် သူ့အတွေးကို သခင်ကြီးလင် နှင့် ချက်ချင်းမျှဝေခဲ့ပြီး သခင်ကြီးလင်သည်လည်း သူနှင့်ထပ်တူ တွေးမိသည်။ ထိုမိန်းမသည် ကုနင်းမှတဆင့် လင်ရှောင်းထင်နှင့် နီးစပ်ချင်သည်ဟု နှစ်ယောက်စလုံးက ယုံကြည်ခဲ့ကြသည်။ သို့သော် သူတို့သည် ထိုအမျိုးသမီးသည် လင်ရှောင်းထင် ၏မိခင်နှင့်တူကြောင်း ကုနင်းသိပြီးသားဆိုတာကို မသိကြပေ။

ထို့နောက်တွင် လင်ယွင်ကျန်းသည် ထိုအမျိုးသမီးနှင့်ပတ်သက်သော အချက်အလက်များကို စောင့်ကြည့်ဗီဒီယိုများမှတစ်ဆင့် ဆက်လက်ရှာဖွေခဲ့ရာ ထိုအမျိုးသမီးသည် နောက်ပိုင်းတွင် လင်ရှောင်းထင်၏အိမ်သို့သွားသည်ကို တွေ့ရှိလိုက်ရသည်။ သူချက်ချင်းပင် တွေ့ခဲ့တာကို သခင်ကြီးလင်အား ပြောပြပြီး သခင်ကြီးလင်လည်း တည်ငြိမ်မနေနိုင်တော့ဘဲ ထိုမိန်းမကို အထူးသတိထားဖို့ ပြောလိုက်သည်။

ခဏအကြာတွင် လင်ယွင်ကျန်းသည် ကုနင်းပြန်လာသည်ကိုမြင်လိုက်ရပြီး ထိုအမျိုးသမီးသည် ကုနင်းနှင့်အတူ ရှောင်းထင်၏အိမ်မှ ကားဖြင့်ထွက်လာသည်။

လင်ယွင်ကျန်းကလည်း သူတို့နောက်ကို ချက်ချင်းလိုက်သွားသည်။

သို့ရာတွင် တောင်မြစ်ကမ်း ဥယျာဉ်မှ ထွက်ခွာသွားသောအခါတွင် ကုနင်းနှင့် ကျင်းယွင်ယောင်တို့သည် လင်ယွင်ကျန်းကို သတိပြုမိကြသည်။

လင်မိသားစု၏ကားကို တစ်ချက်ကြည့်ရုံနဲ့မှတ်မိသောကြောင့် ကုနင်းသည် သူမ၏ ကျောက်စိမ်းမျက်၀န်းကို အသုံးပြုရန် မလိုအပ်‌ပေ။ သို့‌သော် ကားမောင်းသူမှာ မည်သူဖြစ်သည်ကို သူမမသိ။

"အမေ ကျွန်မတို့နောက်မှာ လင်မိသားစုအိမ်က ကားပဲ။ အမေ့ကို လင်မိသားစုက ရှာတွေ့သွားပြီထင်တယ်" ကုနင်းကပြောပေမယ့် ပြသနာတစ်ခုလို့မထင်တာကြောင့် အေးအေးဆေးဆေးပါပဲ။ ကျင်းယွင်ယောင်သည် လင်မိသားစုမှ အိမ်သားများကို အနှေးနှင့်အမြန်ဆိုသလိုပင် တွေ့ရမည်ဖြစ်သည်။

ကျင်းယွင်ယောင်သည် စက္ကန့်ပိုင်းမျှ အံအားသင့်သွားသည်။ လင်မိသားစုက သူမကို အမြန်ရှာတွေ့ခဲ့သည်ကို အံ့သြမိသည်။ "အခု ငါတို့ ဘာလုပ်သင့်လဲ"

"သူတို့ အမေ့ကို ရှာတွေ့သွားပြီဆိုမှတော့ အခုပဲ ရင်ဆိုင်လိုက်ရင်ရော? ဖုံးကွယ်ထားလိုက်ရင် နားလည်မှုလွဲသွားလိမ့်မယ်” ဟု ကုနင်းက ပြောသည်။ တကယ်တော့ ကုနင်းသည်လည်း အရင်က သခင်ကြီးလင် လိုမျိုးစိုးရိမ်ပူပန်မှု ရှိခဲ့ဖူးတာမို့ ယွင်ယောင်ဟာ လင်မိသားစုကို စောစောစီးစီး တွေ့နိုင်ရင်‌ကောင်းမယ်လို့ သူမ မျှော်လင့်သည်။

ဒါကိုကြားတော့ ကျင်းယွင်ယောင်က သဘောတူလိုက်သည်။ အကယ်၍ သူမသည် ၎င်းတို့နှင့်တွေ့ဆုံရန် ရှောင်နေသေးပါက၊ သူမကို သံသယဖြစ်နိုင်သည်။ "သမီးပြောတာမှန်တယ်" ကျင်းယွင်ယောင် ခေါင်းညိတ်လိုက်သည်။

တောင်မြစ်ကမ်း ဥယျာဉ်အနီးတွင် ရှိနေသောကြောင့် ကုနင်းသည် အနီးနားရှိ ရင်ပြင်တစ်ခုတွင် ကားကို ရပ်လိုက်သည်။

လင်ယွင်ကျန်းက သူ့ကို မြင်ပြီးပြီဆိုတာ မသိတဲ့အတွက် သူတို့နောက်ကို လိုက်သွားပြီး ကုနင်းနဲ့ မဝေးတဲ့နေရာမှာ သူ့ကားကို ရပ်လိုက်သည်။

ကုနင်းသည် ကျင်းယွင်ယောင်ကို ကားထဲမှာနေဖို့ပြောပြီး သူမတစ်ယောက်တည်း ထွက်လာကာ လင်မိသားစုပိုင်ကားဆီသို့လျှောက်သွားသည်။

သူမ ရှေ့သို့ လျှောက်သွားရင်း ကားအတွင်းပိုင်းကို ကြည့်ဖို့ သူမ၏ ကျောက်စိမ်းမျက်၀န်းကို အသုံးပြုလိုက်သောအခါ လင်ယွင်ကျန်းကို တွေ့လိုက်ရသည်။ ကုနင်းသည် လင်မိသားစု၏ မိသားစုဝင်ဖြစ်ရမည်ကို သိထားပြီးဖြစ်သောကြောင့် လင်ယွင်ကျန်းကိုတွေ့သောအခါ မအံ့သြမိပေ။

ကုနင်းက သူ့ဆီ လျှောက်လာတဲ့အခါ လင်ယွင်ကျန်းမှာ ကြိုတင်အသိ‌ပေးချက်တစ်ခုရလိုက်ပပြီး သူ့ကို တွေ့ရှိသွားတာ ဖြစ်နိုင်မည်ဟု ခံစားလိုက်ရသည်။

ကုနင်းသည် သူ့ကို တကယ်ကြည့်နေတာကို တွေ့လိုက်ရတော့ လင်ယွင်ကျန်းက သူ့ကို မိသွားခဲ့တာ သေချာသွားပြီ။

ဘာပဲဖြစ်ဖြစ် ကုနင်းဟာ သာမန်မိန်းကလေးမဟုတ်တဲ့အတွက် မကြာခင်မှာပဲ သူ၀န်ခံခဲ့သည်။

ထို့နောက် ကားပြတင်းပေါက်ကို ချလိုက်သော်လည်း အနည်းငယ် ရှက်ရွံ့သောကြောင့် ကုနင်း၏ မျက်လုံးများကို ရှောင်လိုက်သည်။

***

အခန်း ၁၆၈၅ သရုပ်မှန်အတည်ပြုခြင်း

"ဟိုင်း အန်ကယ် ယွင်ကျန်း" ကုနင်းသည် ကားရှေ့သို့သွားကာ လင်ယွင်ကျန်းကို ယဉ်ကျေးစွာ နှုတ်ဆက်သည်။

အကြောင်းပြချက်တစ်ခုကြောင့် သူတို့‌နောက်လိုက်တယ်ဆိုတာကိုသူမသိတာကြောင့် စိတ်မဆိုး‌ပေ။

"အို ဟိုင်း နင်းနင်း!" လင်ယွင်ကျန်း အနည်းငယ်ရှက်သွားသလို ခံစားလိုက်ရသည်။

"အန်ကယ် စိတ်မရှိရင် ကျွန်မတို့ ကားထဲမှာ စကားပြောလို့ရမလား" ကုနင်းက ပြောသည်။

"ရတာပေါ့" လင်ယွင်ကျန်း ခေါင်းညိတ်လိုက်ပြီး ကားတံခါးလော့ကို ဖွင့်လိုက်သည်။

ကုနင်းသည် ကားတံခါးကို ဖွင့်ပြီး အထဲကို ၀င်လိုက်သည်။ "အန်ကယ် ယွင်ကျန်း ဒီနေ့ ဘာလို့ ကျွန်မနောက်လိုက်နေတာလဲ" ကုနင်းက တမင် မေးလိုက်သည်။

သူမသည် အမှန်တကယ်‌တော့ သူမ၏ကံကို စမ်းသပ်ချင်၍ ဖြစ်သည်။ အကယ်၍ လင်ယွင်ကျန်း သည် သူမတို့ကို မသိသေးပါက သူမသည် ၎င်းကို လျှို့ဝှက်ထားမည်ဖြစ်ပြီး ထို့နောက် သူမတို့သည် သင်္ချိုင်းသို့ သွားမည်ဖြစ်သည်။

"အင်း မင်းကားထဲက အမျိုးသမီးက ဘယ်သူလဲ သိချင်တယ်" လင်ယွင်ကျန်းသည် ကွေ့ဝိုက်ပြောရန် စိတ်မ၀င်စားဘဲ လေးနက်သော အမူအရာဖြင့် လိုရင်းကို တန်းပြောလိုက်သည်။

ထိုအခြေအနေမျိုးတွင် ကုနင်းသည် တည့်ပြောလိုက်သည်။ "သူမက ယွင်ယောင်ပါ လင်မိသားစုရဲ့ချွေးမ၊ လင်ယွင်ဟန်ရဲ့ဇနီးနဲ့ လင်ရှောင်းထင် ရဲ့အ‌မေဖြစ်ပါတယ်။ အန်ကယ်ယုံလား ဒါမှမဟုတ် သူက ယွင်ယောင်နဲ့ဆင်တာဖြစ်ပြီးတော့ လင်ရှောင်းထင် နဲ့ လင်မိသားစုတို့နဲ့ ရင်းနှီးဖို့အတွက် ကျွန်မနဲ့ မိတ်ဆွေဖွဲ့တယ်လို့ထင်နေတာမလား" ကုနင်း၏စကားကြောင့် လင်ယွင်ကျန်း သည် အံ့အားသင့်သွားသော်လည်း ကုနင်းသည် အလွန်ထက်မြက်သောမိန်းကလေးဖြစ်သောကြောင့် သူ၏စိုးရိမ်မှုများကို လွယ်ကူစွာ မြင်နိုင်သည်ဟု လက်ခံလိုက်သည်။

"သူက တကယ် ရှောင်းထင်ရဲ့ အမေလို့ ဆိုလိုတာလား" လင်ယွင်ကျန်းက မေးသည်။ ထိုမေးခွန်းကို သူမေးခဲ့ခြင်းမှာ ကုနင်း၏ စကားသည် ရှင်းရှင်းလင်းလင်းမရှိဘဲ လင်ယွင်ကျန်း ယုံကြည်ရန် ခက်ခဲလှသည်။

အကြောင်းအမျိုးမျိုးကြောင့် သူမသည် ယွင်ယောင်နှင့်သာတူသည်ဟု သူယုံကြည်သည်။

"သူက ရှောင်းထင်ရဲ့အမေဆိုရင် သူ့အဖနေဲ့အတူ သေဆုံးသွားတဲ့ အမျိုးသမီးက ဘယ်သူလဲ။ လွန်ခဲ့သည့်နှစ်တွေတုန်းက သူမက လင်မိသားစုကို ဘာကြောင့် မလာခဲ့တာလဲ" လင်ယွင်ကျန်းက မေးသည်။ သူသည် သူမကို သံသယရှိနေဆဲဖြစ်ပြီး သူမကိုလည်း ဝေဖန်ခဲ့သည်။

"ဘာလို့လဲဆိုတော့ သူမက မှတ်ဉာဏ်တွေပျောက်ဆုံးသွားပြီး အတိတ်ကဖြစ်ခဲ့တဲ့ အရာတွေကို မမှတ်မိနိုင်တော့ဘူး ဒါပေမယ့် သူက ရှောင်းထင်ရဲ့အမေဆိုတာတော့သေချာပါတယ်။ ကျွန်မအတည်ပြုပြီးပြီ။ ကျွန်မ မတုံးပါဘူး၊ သူက ရှောင်းထင်ရဲ့အမနေဲ့တူနေတာလေး‌ကြောင့်နဲ့ သူ့ကိုယုံမှာမဟုတ်ပါဘူး။ ဒါပေမယ့် အန်ကယ်သာ ကျွန်မပြောတာကိုမယုံရင် ကျွန်မမှာပြောစရာမရှိဘူး” ဟု ကုနင်းကပြောသည်။

သူမသည် လင်ရှောင်းထင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိသော်လည်း လင်မိသားစုမှ အခြားမိသားစုများနှင့် သိပ်မရင်းနှီးသောကြောင့် လင်ယွင်ကျန်းသည် သူမကို သံသယရှိနိုင်မည်ကို နားလည်ပြီး သူမကလည်း ၎င်းကြောင့်စိတ်ဆိုးမည်မဟုတ်ပေ။

“ဒါ‌ပေါ့ မင်းက ရှောင်းထင်ကို ထိခိုက်‌စေမှာမဟုတ်ဘူးလို့ ငါယုံကြည်ပါတယ်။ ဒါပေမယ့် သူမမှာတော့ အဲ့လိုလုပ်နိုင်စွမ်းရှိမှာကို ငါစိုးရိမ်နေမိတယ်" ဟု လင်ယွင်ကျန်းကပြောသည်။ ဆိုလိုသည်မှာ ထိုအမျိုးသမီးသည် ယွင်ယောင် ဖြစ်သည်ကို သူမယုံသေးဟု ဆိုလိုခြင်းဖြစ်သည်။ ထိုအမျိုးသမီးသည် ကုနင်းကို အောင်မြင်စွာ လှည့်ဖြားနိုင်ခဲ့မှာကို သူကြောက်သည်။

ကုနင်းသည် အလွန်ထူးချွန်သော မိန်းကလေးဖြစ်ကြောင်း သူသိသော်လည်း ဤကမ္ဘာပေါ်တွင် သူမထက် ထက်မြက်သောသူများ ရှိကောင်းရှိနိုင်သည်။

"ယွင်ယောင် အကြောင်း တခြားသူ‌ရောသိသေးလား" ကုနင်းက မေးသည်။

"ဒီနေ့ မင်းရဲ့အန်တီယင်က သူ့ကို တောင်မြစ်ကမ်း စားသောက်ဆိုင်မှာ မတော်တဆတွေ့ပြီး အိမ်ပြန်ရောက်ပြီးတာနဲ့ မင်းအဘိုးလင်နဲ့ ငါနဲ့ ကိုပြောပြတယ်။ ရှောင်းထင် ရဲ့မိဘ‌တွေ ဈာပနကို ကိုယ်တိုင်မြင်တွေ့ခဲ့ရ‌တော့ ငါတို့ရဲ့ရန်သူ‌တွေက ငါတို့အပေါ်မှာ သူမကိုအသုံးချနေတာဖြစ်နိုင်တယ်လို့ထင်ခဲ့တယ် ဒါကြောင့် စုံစမ်းဖို့အတွက် တောင်မြစ်ကမ်း စားသောက်ဆိုင်ကိုရောက်လာပြီး သူ့ကို အဲ့နေရာ မောင်းပို့တဲ့သူက မင်းဖြစ်‌နေတာကို တွေ့လိုက်ရတယ်။ ရှောင်းထင်ရဲ့အမေ ဖြစ်ပျက်ခဲ့တာကို မင်းသိလား မသိဘူးလားဆိုတာ မသိဘူးလေ။ အဲ့ဒါကြောင့် သူမက ရှောင်းထင်နဲ့ လင်မိသားစုကို မင်းကနေတစ်ဆင့် ပိုနီးစပ်‌‌အောင် လုပ်ချင်တာလို့ ထင်ခဲ့တယ်။ ငါ သူမကို စုံစမ်းရင်းကနေ သူမက ရှောင်းထင် ရဲ့အိမ်ကို ၀င်သွားတာတွေ့ပြီးတော့ နောက်က လိုက်ခဲ့တာ။ ဒါကြောင့် မင်းတို့ အတူတူ ဘာလုပ်မယ် ဆိုတာ ငါ သိချင်လို့ အခုလည်း မင်းနောက်ကို လိုက်‌နေတာ”

“အင်း ဒီည ရှောင်းထင်အဖေရဲ့ အုတ်ဂူကို သွားကြည့်ဖို့ စီစဉ်ထားတယ်။ ကျွန်မ သူ့ကို ရင်းနှီးတဲ့နေရာတော်တော်များများကို ခေါ်သွားခဲ့ပြီး‌တော့ ရင်းနှီးတဲ့မျက်နှာတွေနဲ့ တွေ့ဆုံခဲ့တယ်‌လေ။ သူက ရင်းနှီးသူတွနေဲ့ တွေ့ရင်‌တော့ သူတို့နဲ့ ရင်းနှီးတယ်လို့ပဲ ခံစားခဲ့ရပေမယ့် သူမရဲ့ သူငယ်ချင်းဟောင်း ဖန်းရှီယင်းရဲ့ အုတ်ဂူသို့ သွားတုန်းက မှတ်ဉာဏ်အချို့ကို မှတ်မိသွားတယ်။ အဲ့တာကြောင့် ရှောင်းထင်ရဲ့ အဖေသင်္ချိုင်းသို့သွားရောက်လည်ပတ်ပြီးရင်‌ရော နောက်ထပ်အကြောင်းအရာများကို မှတ်မိနိုင်ဦးမလားဆိုတာ ကျွန်မတို့ကြည့်ချင်လို့ပါ” ဟု ကုနင်းမှပြောကြားလိုက်သည်။

ထိုစကားကိုကြားတော့ လင်ယွင်ကျန်း၏ ခန္ဓာကိုယ်သည် အနည်းငယ် ကြောက်ရွံ့တုန်လှုပ်သွားသည်။ သူတို့သည် လူသေတစ်ဦး၏ သင်္ချိုင်းသို့ သွားရောက်ကာ မှတ်ဉာဏ်များ ပြန်လည်ရရှိရန် သွားကြမည်။ လင်ယွင်ကျန်းသည် ယောက်ျားတစ်‌ယောက်ပင်ဖြစ်သော်လည်း ညတွင် သင်္ချိုင်းသို့ သွားကြည့်ရန် သတ္တိမရှိပေ။

"ရှောင်းထင်ရဲ့ မိဘတွေရဲ့ အသုဘအခမ်းအနားတုန်းက သူ့အမေရဲ့ အလောင်းကို တွေ့တုန်းက မျက်နှာက ရုပ်ပျက်ဆင်းပျက် ဖြစ်နေတယ်လို့ ရှောင်းထင် ကျွန်မကို ပြောပြဖူးတယ်၊ ဒါကြောင့် ရုပ်အလောင်းက ယွင်ယောင် မဟုတ်ပါဘူး" လို့ ကုနင်းက ပြောသည်။

ကုနင်းမပြောမချင်း လင်ယွင်ကျန်းသည် အဲဒါကို မမှတ်မိပေ။ ယွင်ယောင်၏ခန္ဓာကိုယ်တွင် ယခင်က မျက်နှာမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်‌နေသော်လည်း သူမ၏လည်ဆွဲသည် ခန္ဓာကိုယ်ပေါ်တွင်ရှိပြီး ရှောင်းထင်၏ဖခင်နှင့်အတူ ဆင်တူဆွဲထားသောကြောင့် လူတိုင်းက ယွင်ယောင်၏ခန္ဓာကိုယ်ဖြစ်မည်ဟု ယုံကြည်ခဲ့ကြသည်။ ဘာပဲဖြစ်ဖြစ် လင်ယွင်ကျန်းကတော့ သံသယရှိနေတုန်းပါပဲ။

"ရှောင်းထင်ကရော သူ့ကို သိလား " လင်ယွင်ကျန်း က မေးသည်။

“မ‌သိသေးဘူး။ သူမက သူ့မှတ်ဉာဏ်တွေပြန်ရပြီးမှသာ ရှောင်းထင်ကိုတွေ့ချင်တယ်ဆိုလို့ ရှောင်းထင်ကို လျှို့ဝှက်ထားပါတယ်။ တကယ်တော့ ရှောင်းထင်က သူမကို မှတ်ဉာဏ်တွေ ပြန်ရဖို့အတွက် အထောက်အကူဖြစ်နိုင်လို့ သူ သူ့အမေကို အရင်ကဖြစ်ပျက်ခဲ့တာတွေကို ပြောပြနိုင်စေဖို့အတွက် သူနဲ့တွေ့ဖို့ အကြံပေးထားတယ်” ဟု ကုနင်းက ပြောလိုက်သည်။

“ငါ‌တော့ အဲလို မထင်ဘူး။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် သူက တကယ် ယွင်ယောင်ဆိုတာကို ငါ မယုံနိုင်သေးဘူး။ အခုချိန်မှာ တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် ရှောင်းထင်ဟာ သူမက သူ့အမေမဟုတ်ဘူးလို့သာ သိလိုက်တဲ့အခါကျရင် ရင်နာရလိမ့်မယ်” လို့ လင်ယွင်ကျန်း က ဆိုသည်။

ကုနင်းလည်း နားလည်တာမို့ သူမ လုံးဝ စိတ်မဆိုး‌ပေ။

"အန်ကယ်တို့အားလုံး သိပြီးသားဆိုတော့ သံသယတွေ ကင်းအောင် ကူညီသင့်တယ်လို့ကျွန်မထင်တယ်။ ယွင်ယောင်က လင်မိသားစု၏ချွေးမဖြစ်ပြီး‌ေတ့ာ သူမက မှင်စုတ်တံနဲ့ စာရေးခဲ့ဖူးတာကို သိတယ်‌နော်။ ဟိုတလောက သူတို့အခန်းကို သွားကြည့်တော့ သူ့မှတ်စုတွေ အများကြီးတွေ့လိုက်ရတယ်။ လင်မိသားစုရဲ့အိမ်ကို အတူတူသွားပြီး အားလုံးရှေ့မှာရေးခိုင်း‌ရင်ရော? သူက တကယ် ယွင်ယောင် ဟုတ်မဟုတ် ကြည့်လို့ရတယ်‌လေ။ အဘိုးလင်ကလည်း လက်ရေးလှရေးရတာကို သဘောကျတဲ့အတွက် ဒါကို သိဖို့က သူ့အတွက် အရမ်းလွယ်ကူပါတယ်” ဟု ကုနင်းက ပြောသည်။

“ဟုတ်ပြီ” လင်ယွင်ကျန်း သဘောတူသည်။ ကုနင်းသည် ထိုအမျိုးသမီးက ယွင်ယောင်ဖြစ်ကြောင်း သေချာ‌နေသောကြောင့် မလိုလားအပ်သော ပြဿနာများကြုံလာမည်ဆိုး၍ သူမကို စမ်းသပ်စစ်ဆေးရန် လိုလားသည်။

ထို့နောက် ကုနင်းသည် ကားထဲမှ ဆင်းကာ သူမ၏ ကားဆီသို့ ပြန်သွားသည်။

သူမကားပေါ်ရောက်သည်နှင့် သူမက ကျင်းယွင်ယောင် အား "အမေ အန်ကယ်ယွင်ကျန်း၊ အန်တီယင်နဲ့ အဘိုးလင်က အမေ့ကို သတိထားမိသွားပြီ ဒါပေမယ့် အမေအသက်ရှင်နေသေးပြီး အမေရဲ့ မှတ်ဉာဏ်တွေ ဆုံးရှုံးသွားတယ်ဆိုတာကို မယုံကြည်နိုင်‌သေးလို့ အမေ့ကို သံသယဝင်‌နေပြီး သူတို့ကိုထိခိုက်အောင်လုပ်ဖို့ လွှတ်ထားတဲ့ရန်သူ ဖြစ်မှာကို ကြောက်နေကြတယ်။ မင်းသရုပ်မှန်ကို သက်သပေြဖို့ လင်မိသားစုရဲ့အိမ်ကို အခုပဲ သွားရမှာ"

"ပြဿနာမရှိပါဘူး" ကျင်းယွင်ယောင်က လိုအပ်ကြောင်း သိသောကြောင့် ခေါင်းညိတ်လိုက်သည်။ သူ့ကိုယ်သူ သက်သေပြဖို့ ဘာမှ မလုပ်ရသေးတဲ့အတွက် လင်မိသားစုဝင်တွေက သူမကို မယုံကြည်တာကို စိတ်မဆိုးပေ။

"အမေ ဘယ်လိုသက်သပေြရမှာလဲ" ကျင်းယွင်ယောင်က မေးလိုက်သည်။

***

အခန်း ၁၆၈၆ ငါ နင်းနင်း ကိုယုံတယ်

“အ‌မေ့ရဲ့လက်ရေးနဲ့ ကျွန်မတို့သက်သေပြလို့ရတယ်။ အမနေဲ့ ရှောင်းထင်ရဲ့အဖေအခန်းမှာ အမေရေးထားတဲ့ မှတ်စုတွေအများကြီးရှိတယ်‌ေလ။ အဲ့လို စာလုံးတွေ ချရေးပြလို့ရတယ်။ အဘိုးလင်က လက်ရေးလှကျွမ်းကျင်သူလေ။ သူက အတူတူလားဆိုတာ သိနုိင်လိမ့်မယ်” ဟု ကုနင်းက ပြောသည်။

“ကောင်းပြီ” ကျင်းယွင်ယောင်က ခေါင်းညိတ်လိုက်သည်။

“သူတို့ မယုံရင်လည်း ထားလိုက်ပါ။ ရှောင်းထင်က အမေ့ကို ယုံကြည်နေသရွေ့တော့ လုံလောက်ပြီ” ဟု ကုနင်းက ပြောသည်။ သူမသည် သူတို့ကို လေးစားသောကြောင့် သက်သေပြရန် ဆန္ဒရှိသော်လည်း မယုံသေးပါက သူမအား ယုံကြည်ရန် တောင်းဆိုမည်မဟုတ်ပါ။ ယွင်ယောင်သည် ကျင့်ကြံသူဖြစ်ကြောင်း သူတို့အား မပြောနိုင်ပေ။

…

ကုနင်းကားထဲက ထွက်သွားတာနဲ့ လင်ယွင်ကျန်းသည် သခင်ကြီးလင်ကို မနှောင့်နှေးဘဲ ဖုန်းဆက်လိုက်သည်။

ကားမောင်းရာတွင် အဆင်ပြေစေရန်အတွက် လင်ယွင်ကျန်းသည် Bluetooth နားကြပ်များကို အသုံးပြုထားသည်။

"ဘယ်လိုလဲ? တစ်ခုခုရှာတွေ့ခဲ့လား?" သခင်ကြီးလင်က လင်ယွင်ကျန်းရဲ့ ဖုန်းကို လက်ခံလိုက်သည်နှင့် အလျင်အမြန် မေးလိုက်သည်။

"အဲ့ဒီ အမျိုးသမီးက ကုနင်းနဲ့ အပြင်ထွက်သွားတာကို ကျွန်တော်တွေ့ခဲ့တယ်၊ ဒါကြောင့် သူတို့နောက်ကို လိုက်ခဲ့ပေမဲ့ ကုနင်းက ကျွန်တော့်ကို မြင်သွားတယ်" လို့ လင်ယွင်ကျန်းက ပြောသည်။

"ဘာ? မိသွားတာလား? ပြီးတော့ရော?" သခင်ကြီးလင် ကမေးသည်။

ကုနင်းက သူ့ကိုဖမ်းမိသွားတာကို သူ မအံ့သြပေမယ့် နောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကို သူ သိချင်နေသည်။ ကုနင်း စိတ်များဆိုးသွားမလား။ ကုနင်းသည် လင်ရှောင်းထင် နဲ့ လင်မိသားစုကို မထိခိုက်စေနိုင်ကြောင်းကို သူယုံကြည်သောကြောင့် သူ၏ပထမဆုံးတုံ့ပြန်မှုသည် လင်ယွင်ကျန်း ကို သူတို့လုပ်ဆောင်ခဲ့သမျှကို မေးမြန်းခြင်းမဟုတ်ဘဲ ကုနင်းစိတ်အနှောင့်အယှက်ဖြစ်သွားမည်ကို ပိုဂရုစိုက်နေခြင်းဖြစ်သည်။

“ကျွန်‌တော်တို့ စကားပြောခဲ့ပြီးတော့ အဲ့အမျိုးသမီးက ယွင်ဟန်ရဲ့ ဇနီး ယွင်ယောင် ဖြစ်တယ်လို့ ကုနင်းက ပြောပြတယ်။ ကုနင်းက သူမကို အတည်ပြုပြီးပြီ၊ ဒါပေမယ့် အဲ့အမျိုးသမီးက သူ့မှတ်ဉာဏ်တွေ ဆုံးရှုံးသွားလို့ ကုနင်းက သူ့ကို မှတ်ဉာဏ်ပြန်ရအောင် ကူညီပေးနေတယ်တဲ့” ဟု လင်ယွင်ကျန်း က ပြောသည်။

"အဲ့အမျိုးသမီးကို ကျွန်တော် သိပ်သံသယမရှိတော့ပါဘူး၊ ဒါပေမယ့် သူက တကယ် ယွင်ယောင်ဆိုတာကို မယုံနိုင်သေးဘူး။ ကုနင်းက ရှောင်းထင် ဒါမှမဟုတ် လင်မိသားစုကို မထိခိုက်စေနိုင်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ နောက်ပြီး ကုနင်းက အဲ့အမျိုးသမီးရဲ့ လက်ရေးနဲ့ သက်သသေပြတယ်လို့ ပြောခဲ့တယ်။ ဖေဖေ လက်ရေးလှအကြောင်းအများကြီးသိတယ်မလား အဲ့ဒါကြောင့် ဒီအမျိုးသမီးနဲ့ ယွင်ယောင်က တကယ်တစ်‌ယောက်ထဲလားဆိုတာ နောက်ကျရင် သိလိမ့်မယ်" အဲဒါကိုကြားတော့ သခင်ကြီးလင်က စိတ်လှုပ်ရှားသွားသည်။

“နင်းနင်းကို ငါယုံတယ်။ ငါသူမကိုယုံတယ်။ အဲ့အမျိုးသမီးက တကယ် ယွင်ယောင် ဖြစ်နိုင်တယ်!"

သခင်ကြီးလင်သည် လင်ယွင်ကျန်းထက် ကုနင်းနှင့် အချိန်ပိုဖြုန်းဖူးသောကြောင့် ကုနင်းကို ပိုနားလည်သည်။ ကုနင်းက ဒါကို အတည်ပြုပြီးပြီဆိုကတည်းက ဒါဟာ တကယ်လို့ သူယုံကြည်သည်။

မဟုတ်ပါက ကုနင်းသည် ထိုအမျိုးသမီး၏ လက်ရေးဖြင့် သက်သေပြရန် အဆိုပြုမည်မဟုတ်ပါ။

လက်ရေးသည် အတုယူ၍ ရနိုင်ကြောင်း သူသိသော်လည်း သာမန်လူများကိုသာ လှည့်စားနိုင်သည်။ သူ့ကို လှည့်စားဖို့ မဖြစ်နိုင်‌ပေ။ သူသည် လက်ရေးလှနှင့် ပန်းချီကို ဝါသနာပါပြီး လေ့လာထားခဲ့သည်။

လင်ယွင်ကျန်းသည် တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သည်။ သခင်ကြီးလင်အား အရမ်းစောနေသေး၍ ဤမျှစိတ်မလှုပ်ရှားစေချင်‌ပေ မဟုတ်လျှင် သူလိုချင်သည့်ရလဒ်မဟုတ်ပါက သူအလွန်စိတ်ပျက်သွားလိမ့်မည်။ သို့သော်လည်း လင်ယွင်ကျန်းသည် အနည်းငယ်ယုံကြည်သောကြောင့် အဆုံးတွင် ဘာမှ‌မပြောတော့ပေ။ ထိုအမျိုးသမီးသည် တကယ် ကျင်းယွင်ယောင်သာဆိုလျှင်၊ ယခုအချိန်တွင် စိတ်လှုပ်မရှားရန် သခင်ကြီးလင်အားပြောလိုက်လျှင် သူ့စကားက သခင်ကြီးလင်ကို ပျော်ရွှင်စေနိုင်မည် မဟုတ်ပါ။ သခင်ကြီးလင်က သူ့ကို အထင်လွဲသွားပြီး ယွင်ယောင်ကို ပြန်မလာစေချင်ဘူးဟု ထင်သွားနိုင်သည်။

ဘာပဲဖြစ်ဖြစ် သခင်ကြီးလင်ကတော့ ဒီအချိန်မှာ စိတ်လှုပ်ရှားမှုတွေ အပြည့်ပါပဲ။

“အခုတော့ စက္ကူ၊ မှင်၊ စုတ်တံနဲ့ မှင်ကျောက်တွေ ပြင်ဆင်ထားသင့်တယ်။ မိနစ် ၄၀ လောက်ကြာရင် ရောက်ပါမယ်” ဟု လင်ယွင်ကျန်းက ပြောသည်။

“ဟုတ်ပြီ!” သခင်ကြီးလင်က ဖုန်းချလိုက်ပြီး စာရွက်၊ မှင်၊ စုတ်တံနဲ့ မှင်ကျောက်တစ်လုံး ပြင်ဆင်ဖို့ ထွက်လာခဲ့သည်။

ကုနင်းကို သူယုံကြည်သော်လည်း လင်ယွင်ကျန်း၏စကားများသည် အဓိပ္ပါယ်ရှိလှသည်။ အမျိုးသမီးသည် ကုနင်းကို သူမကို ယွင်ယောင်လို့ ယုံကြည်အောင် အောင်မြင်စွာ လှည့်စားခဲ့တာ ဖြစ်နိုင်သည်။ ထို့အပြင်သူမ၏ မှတ်ဉာဏ်များလည်း ဆုံးရှုံးခဲ့‌သေးသည်။

တိုက်ပွဲတစ်ခုအောင်မြင်ဖို့အတွက် ရန်သူတွေကို ကောင်းကောင်းသိထားရမည်။ အမျိုးသမီးသည် လင်မိသားစုကို ထိခိုက်စေရန် ရည်ရွယ်ထားပါက သူမသည် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။ ထို့ကြောင့် သူမသည် ယွင်ယောင် အမှန်တကယ် ဟုတ်မဟုတ်၊ သူမကို လက်ခံခြင်းမပြုမီ သေချာအောင် လုပ်ရပေမည်။

သခင်ကြီးလင်သည် လက်ရေးလှနှင့် ပန်းချီများကို နှစ်သက်သည်။ သူသည် ၎င်းတို့ကို ချစ်မြတ်နိုးရုံသာမက စာရေးခြင်းနှင့် ပန်းချီဆွဲခြင်းကိုလည်း နှစ်သက်သောကြောင့် သူ၏စာဖတ်ခန်းတွင် အရည်အသွေးမြင့် စက္ကူ၊ မှင်များ၊ စုတ်တံများနှင့် မှင်ကျောက်များ ရှိသည်။ မှင်ကျောက်သည် ရှေးဟောင်းပစ္စည်းပင် ဖြစ်သည်။

အချိန်တိုလေးအတွင်းမှာ သခင်ကြီးလင်ဟာ သူတို့လိုအပ်သမျှကို ပြင်ဆင်ခဲ့ပေမယ့် သူတို့ကို အချိန်အကြာကြီး စောင့်ရပါအုံးမည်။

တစ်ချိန်တည်းမှာပင် ယွင်ယောင် မသေ‌သေးသည်ကို ရှောင်းထင်က သတိပြုပြီးသားလားဟု ရုတ်တရက် တွေးမိသည်။

အဲဒါကိုတွေးပြီး သခင်ကြီးလင်က သူ့ဖုန်းကို ချက်ချင်းထုတ်လိုက်ပြီး လင်ယွင်ကျန်းကို ထပ်ခေါ်ချင်ပေမယ့် လင်ယွင်ကျန်းက ကားမောင်းနေတာကို သတိရသွား၍ ပြန်ချလိုက်သည်။

ထို့နောက် စာဖတ်ခန်းထဲမှ ထွက်ခဲ့သည်။ ဧည့်ခန်းထဲတွင် ယွီယင်၊ လင်ရှောက်ရွှမ်းနှင့် လင်ရှောက်ရှီတို့ ရှိနေကြသည်။

လင်ရှောက်ရွှမ်းနှင့် လင်ရှောက်ရှီတို့သည် ‘တိုက်ပွဲကောင်းကင်’ ကစား‌နေကြသည်။ သူတို့သည် သခင်ကြီးလင်၏ မျက်နှာတွင် စိတ်လှုပ်ရှားနေသော အမူအရာကို မြင်သောအခါ လင်ယွင်ကျန်းဆီက သတင်းကောင်း ကြားလာရတာ ဖြစ်နိုင်သည်ဟု ထင်လိုက်သည်။

ထိုအမျိုးသမီးသည် ယွင်ယောင် အမှန်တကယ်ပင်ဖြစ်နိုင်သည်ဟူသော အတွေးသည် ယွီယင် စိတ်ထဲတွင် ၀င်လာခဲ့သည်။ ထိုမေးခွန်းကို သခင်ကြီးလင်အား မေးချင်သော်လည်း လင်ရှောက်ရွှမ်းနှင့် လင်ရှောက်ရှီတို့သည် ထိုနေရာတွင် ရှိနေသောကြောင့် သူ့ကိုယ်သူ ထိန်းလိုက်ရသည်။

"ရှောက်ရွှမ်း၊ ရှောက်ရှီ မင်းတို့နှစ်ယောက် အခု အပေါ်ထပ်ကို တက်တော့" ဟု ယွီယင်က လင်ရှောက်ရွှမ်းနှင့် လင်ရှောက်ရှီအား ပြောသည်။

"ဘာလို့လဲ?" လင်ရှောက်ရွှမ်း နားမလည်။

ယွီယင် ဘာမှမပြောခင် သခင်ကြီးလင် က ပြောလိုက်သည်။ "ခဏနေ ဧည့်သည်‌တွေလာမှာ မင်းတို့ အပေါ်တက်‌နေသင့်တယ်"

ယွင်ယောင် အကြောင်းတခြားလူတွေကို ပြောပြမည်ဆိုး၍ လင်ရှောက်ရွှမ်းနဲ့ လင်ရှောက်ရှီကို အခု အသိမပေးချင်ပေ။

“ဟုတ်ကဲ့!” အဲဒါကိုကြားတော့ လင်ရှောက်ရွှမ်းနဲ့ လင်ရှောက်ရှီတို့ဟာ ဒီနေ့မှာ အရေးကြီးတဲ့ ဧည့်သည်တွေ လာမယ်ဆိုတာ သိလိုက်ကြပြီး ဧည့်ခန်းထဲမှာ နေရင် အဆင်မပြေဖြစ်တာကြောင့် အပေါ်ထပ်သို့ တက်လိုက်ကြသည်။

ဒီ‌လောက်ညနက်နက်မှာ ဘယ်လိုဧည့်သည်တွေလာမယ်ဆိုတာ သိချင်စိတ်ပြင်းပြပေမယ့် အဲဒီအကြောင်းကို မေးခွန်းမထုတ်ရဲကြပေ။ လင်မိသားစုသည် သာမန်မိသားစုမဟုတ်သဖြင့် ဧည့်သည်များသည် ဒီလိုညဘက်ကြီး လာရောက်သည်ဆိုတာက အလွန်အရေးကြီး‌သော ကိစ္စဖြစ်နိုင်သည်။

လင်ရှောက်ရွှမ်း နှင့် လင်ရှောက်ရှီ တို့ အပေါ်ထပ်တက်ပြီးနောက် ယွီယင်က သခင်ကြီးလင်ကို “အဖေ စိတ်လှုပ်ရှားနေတဲ့ပုံပဲ သတင်းကောင်းရှိလို့လား"

သခင်ကြီးလင်က ယွီယင်ကို ဖုန်းထဲမှာ လင်ယွင်ကျန်း ပြောခဲ့တာတွေကို ပြန်ပြောပြလိုက်သည်။ ထိုစကားကိုကြားပြီးနောက် ယွီယင်သည် သခင်ကြီးလင်နှင့် အလားတူတုံ့ပြန်ခဲ့သည်။ သူလည်း ကုနင်းကို ယုံကြည်ရန် ရွေးချယ်ပြီး ထိုအမျိုးသမီးသည် အမှန်တကယ် ယွင်ယောင် ဖြစ်နိုင်သည်ဟု ယုံကြည်သည်။

"သူကတကယ် ယွင်ယောင် ဆိုရင် ဒါအကောင်းဆုံးပဲပေါ့" ယွီယင် ကပြောပေမယ့် နောက်တစ်စက္ကန့်မှာ သူမစိတ်မကောင်းဖြစ်ခဲ့ရသည်။ "သူက ယွင်ယောင် ဆိုရင် ယွင်ဟန်နဲ့ အတူတူ သေဆုံးသွားတဲ့ အမျိုးသမီးက ဘယ်သူလဲ။ ယွင်ဟန် သေဆုံးပြီးနောက် ဘာလို့ ယွင်ယောင်က ရုတ်တရက် ပျောက်ကွယ်သွားတာလဲ။ သူမရဲ့ မှတ်ဉာဏ်တွေကို‌တောင် ဆုံးရှုံးခဲ့ရ‌သေးတယ်”

ယွီယင်သည် ယွင်ယောင်အား လင်ယွင်ဟန် သေဆုံးမှုနှင့် ပတ်သတ်၍ တစ်စုံတစ်ရာ သံသယရှိနေသည်။ ယွင်ယောင်သာ လွတ်မြောက်ပြီး လင်ယွင်ဟန် သေဆုံးခဲ့တယ်ဆိုပါက လင်ယွင်ဟန်သည် သူမကြောင့် သေဆုံးသွားခြင်း ဖြစ်နိုင်သည်။

သခင်ကြီးလင်လည်း စိတ်မချမ်းမသာဖြစ်သွားသည်။ သူ့မှာလည်း ယွီယင်ကဲ့သို့ သံသယရှိမှန်း သိသာသည်။ သို့သော် ယွင်ယောင်နှင့် လင်ယွင်ဟန်တို့သည် ယခင်က နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့ကြသောကြောင့် သူ့အတွက် ယုံရခက်နေသေးသည်။

***

All Chapters