← Chapters

အခန်း (၁၆၉၃-၁၆၉၈)

Vol. 106 Ch. 1693-1698

အခန်း (၁၆၉၃-၁၆၉၈)

Vol. 106 Ch. 1693-1698

အခန်း ၁၆၉၃ နောက်ဆုံးတော့ တစ်ယောက်နဲ့ တစ်ယောက်တွေ့ကြပြီ

"တွေ့ရတာဝမ်းသာပါတယ် မဒမ်" လင်ရှောက်ရှီကလည်း ကျင်းယွင်ယောင်ကို နှုတ်ဆက်လိုက်သည်။ တကယ်တော့ ယွီယင်က မပြောပြထားတာကြောင့် သူမဘယ်သူလဲဆိုတာကို လင်ရှောက်ရှီ နဲ့ လင်ရှောက်ရွှမ်းတို့မသိ‌‌ကြပေ။

“တွေ့ရတာ ဝမ်းသာပါတယ်။” ကျင်းယွင်ယောင်က သူတို့ကို ညင်သာစွာ ပြုံးပြလိုက်သည်။

ကုနင်း၏ကား ခြံထဲ၀င်လာတာနဲ့ လင်ချန်းကျီက သခင်ကြီးလင် တို့ကိုပြောပြသောကြောင့် သခင်ကြီးလင်နှင့် အခြားသူများသည် ခြံဝင်းထဲသို့ ဆင်းလာကြသည်။

"ကောင်းသော မနက်ခင်းပါ!" ကုနင်းနှင့် ကျင်းယွင်ယောင်ကိုတွေ့လိုက်ရသောအခါ သခင်ကြီးလင်သည် ဝမ်းသာအားရဖြင့် ကြည်နူးသွားသည်။

သူတို့ကို ပြန်တွေ့ရန် သူမျှော်လင့်ထားသည်။ သူ့မျက်လုံးထဲတွင် အရာအားလုံးက မယုံနိုင်စရာဖြစ်နေ၍ မနေ့ညက အိပ်လို့‌တောင် မပျော်တဲ့အပြင် နောက်နေ့ အိပ်ရာက နိုးလာသောအခါ အိပ်မက်တစ်ခုပဲ ဖြစ်‌နေမှာကို ကြောက်မိသွားသည်။

ထို့ကြောင့် ယနေ့နံနက် အိပ်ရာထသောအခါ သခင်ကြီးလင်သည် မနေ့ညက ကုနင်းနှင့် ယွင်ယောင်တို့ အမှန်တကယ် လာရောက်ခဲ့သလားဟု လင်ချန်းကျီအား မေးမြန်းခဲ့သည်။

လင်ယွမ်ကျန်းနဲ့ ယွီယင်တို့သည်လည်း အရမ်းနောက်ကျတဲ့အထိ အိပ်မပျော်ခဲ့ကြဘဲ လင်ယွင်ဟန်နဲ့ ယွင်ယောင်အကြောင်းတွေ အများကြီးပြောခဲ့ကြသည်။

သို့သော်၊ လင်ယွမ်ချန်သည် သခင်ကြီးလင်၏ ယွင်ယောင်အပေါ် သဘောထားကို မနှစ်သက်ပေ။ ငယ်စဉ်ကတည်းက သခင်ကြီးလင်သည် သူ့အခြားကလေးများထက် လင်ယွင်ဟန်ကို အမြဲတမ်း နှစ်သက်ခဲ့ပြီး ယခုအခါ လင်ယွင်ဟန်၏ ကလေးများကိုလည်း ပိုဂရုစိုက်လာသည်။ တကယ်တော့ သခင်ကြီးလင်သည် လင်ယွင်ဟန်နဲ့ လင်ရှောင်းထင်ကို အကြောင်းပြချက်တစ်ခုနဲ့ ပိုသဘောကျတာက အလေးအနက်‌တော့ မရှိပေ။ လင်ယွမ်ကျန်းပင်လျှင် သိပ်ဂရုမစိုက်။ လင်ယွမ်ချန်သည် သည်းမခံနိုင်သောကြောင့် မနာလိုဖြစ်ခဲ့သည်။

ငယ်ငယ်ကတည်းက လင်ယွင်ဟန်သည် လင်မိသားစုတွင် ဉာဏ်အကောင်းဆုံးကလေးဖြစ်ပြီး အရာရာကို အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့သည်။ မိဘများသည် ဉာဏ်ထက်မြက်ပြီး ချစ်စဖွယ်ကောင်းကာ ခက်ခက်ခဲခဲ စာကျက်နေသော ကလေးအား သာမာန်အားဖြင့် ပို၍ အာရုံစိုက်ကြသည်။

သခင်ကြီးလင်သည် သူ့သားသုံးယောက်ကို အနည်းငယ် ကွဲပြားစွာ ဆက်ဆံသော်လည်း ကြီးကြီးမားမား ကွာခြားမှု မရှိပေ။ ထို့အပြင် လင်ယွမ်ချန်နှင့် လင်ယွမ်ကျန်းတို့သည် ငယ်စဉ်က သခင်ကြီးလင်ကို ကြောက်ရွံ့ခဲ့ကြသောကြောင့် သူနှင့် နီးကပ်စွာ မနေခဲ့ကြပေ။ လင်ယွင်ဟန်သာလျှင် သခင်ကြီးလင်ကို မကြောက်ဘဲ သူနှင့် နီးစပ်ရန် ဆန္ဒရှိသောကြောင့် သခင်ကြီးလင်သည် လင်ယွင်ဟန်ကို ပို၍ သဘာဝကျကျ ဂရုစိုက်ခဲ့သည်။

ထို့အပြင် သခင်ကြီးလင်သည် စစ်သားတစ်ဦးဖြစ်ခဲ့ဖူး‌သော‌ကြောင့် စစ်သားများအပေါ် အထူးခံစားချက်ရှိသည်။ လင်ယွင်ဟန်သည် တပ်ထဲဝင်ခဲ့သော လင်မိသားစု၏ တစ်ဦးတည်းသော အဖွဲ့ဝင်ဖြစ်ပြီး၊ ထို့အတွက်ကြောင့်လည်း သခင်ကြီးလင်၏ မျက်လုံးထဲတွင် ပိုအရေးကြီးလာရခြင်း ဖြစ်သည်။

ထို့အပြင် လင်ရှောင်းထင်သည် ငယ်စဉ်ကတည်းက ဤကမ္ဘာတွင် သူ့ကို အချစ်ဆုံးဖြစ်‌သော မိဘများကို ဆုံးရှုံးခဲ့ရသောကြောင့် သူ့အဖိုးဖြစ်သော သခင်ကြီးလင်သည် သူ့ကို အထူးဂရုစိုက်ကြောင်း နားလည်နိုင်သည်။

လင်ယွမ်ချန်ရဲ့မိသားစုက လင်ရှောင်းထင်ကို ဘယ်တုန်းကမှ မကြိုက်ခဲ့သလို သူ့ကို ရန်သူအဖြစ်တောင် သတ်မှတ်ထားသည်။ လင်ယွမ်ကျန်း၏မိသားစုသည် လင်ရှောင်းထင်ကို ကောင်းမွန်စွာဆက်ဆံခဲ့သော်လည်း လင်ရှောင်းထင်သည် ၎င်းတို့နှင့် ခပ်ခွာခွာနေခဲ့သည်။ သူ့မိသားစုမှာ သူ့အဘိုးနဲ့သာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသည်။

သခင်ကြီးလင်၏မြေးများထဲတွင် လင်ရှောင်းထင်သည် ဉာဏ်ကောင်းသူဖြစ်ပြီး အသက် ၁၈ နှစ်တွင် စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့ပြီး အောင်မြင်မှုများစွာကို ရရှိခဲ့သည်။ အဘိုးအဘွားတွေက ဒီလိုထူးချွန်တဲ့ မြေးလေးကို မကြိုက်ပဲ မနနေိုင်ကြပေ။ သခင်ကြီးလင်သည် လင်ရှောင်းထင်ကို ပို၍ ဂရုစိုက်ပြီး သူ့မြေးများကိုလည်း ချစ်ပေမယ့် အခြားမြေးများက သူ့ကို အမြဲတစေ ကြောက်ရွံ့နပေြီး အနီးနားတွင် မနေချင်ကြပေ။

လင်ရှောက်ရွှမ်းသာလျှင် လင်ရှောင်းထင်နှင့် အချိန်များစွာ ကုန်ဆုံးသောကြောင့် သခင်ကြီးလင်ကို မကြောက်ဘဲ သခင်ကြီးလင်သည်လည်း သူနှင့် နီးစပ်သည်။

"မင်္ဂလာနံနက်ခင်းပါ သခင်ကြီးလင်!" ကျင်းယွင်ယောင်က သခင်ကြီးလင်ကို လေးလေးစားစား နှုတ်ဆက်သည်။ သူမသည် သူမ၏အထောက်အထားကို သက်သေပြခဲ့ပြီးဖြစ်သော်လည်း သူမ၏မှတ်ဉာဏ်များကို ပြန်မရနိုင်သေးသောကြောင့် လောလောဆယ်တွင် သခင်ကြီးလင်ကို အဖေဟု ဟုမခေါ်ဆိုနိုင်‌သေးပေ။

သခင်ကြီးလင်သည် နားလည်သောကြောင့် စိတ်ရှည်ရန် ဆုံးဖြတ်လိုက်သည်။ ယွင်ယောင်သည် သူမ၏ မှတ်ဉာဏ်များကို ပြန်ရသောအခါ၊ သူမသည် သူ့ကို သဘာဝအတိုင်း အဖေဟု ခေါ်လာမည်။

"ဟိုင်း ယွင်ယောင်!" လင်ယွမ်ကျန်းနှင့် ယွီယင်တို့သည် ကျင်းယွင်ယောင်ကို ပြုံးပြကြသည်။

"မောနင်း ယွမ်ကျန်း၊ ယင်။" ကျင်းယွင်ယောင်က သူတို့နာမည်တွေကို တိုက်ရိုက်ခေါ်လိုက်သည်။

"ယွင်ယောင် ဒါက ငါ့ရဲ့ ဒုတိယသား လင်ယွမ်ချန်" ဟု သခင်ကြီးလင်က ကျင်းယွင်ယောင်ကို ပြောသည်။

"တွေ့ရတာဝမ်းသာပါတယ် ယွမ်ချန်" ကျင်းယွင်ယောင်က လင်ယွမ်ချန်ကို နှုတ်ဆက်သည်။

"ဟိုင်း ယွင်ယောင်" လင်ယွမ်ချန်က သူမကို ဘာမှမထူးခြားတဲ့ တုံ့ပြန်မှုကို ပေးသည်။ လင်ယွမ်ချန်က သူမကို မပြန်လာ‌စေချင်ကြောင်း ကျင်းယွင်ယောင် သတိပြုမိသော်လည်း သူမက သူ့ကို ဂရုမစိုက်ပေ။

လင်ယွမ်ချန်၏မိသားစုသည် လင်ရှောင်းထင်ကိုမကြိုက်ကြောင်း ကုနင်းထံမှသိထားပြီးဖြစ်သောကြောင့် သူမကိုလည်းမတွေ့ချင်သည်မှာ အံ့သြစရာမဟုတ်ပေ။

ကျင်းယွင်ယောင်သည် ကုနင်းနှင့်တူညီသော ကိုယ်ရည်ကိုယ်သွေးရှိပြီး အခြားသူများ သူမကို ဒုက္ခမ‌ပေးလျှင် သူမသည် အခြားသူများအပေါ် ကြင်နာတတ်ပါသည်။ သို့သော် တစ်စုံတစ်ယောက်က သူမကို နှောင့်ယှက်ဝံ့ပါက သူမသည် ကြင်နာနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လင်ယွမ်ချန်သည် သူမကို ပြန်လာစေချင်သည်ဖြစ်စေ၊ မပြန်လာစေချင်သည်‌ဖြစ်‌စေ သူမ ဂရုမစိုက်ပါ။ သူမနှင့် လင်ရှောင်းထင်အတွက် ခက်ခဲသောအရာများကို မပြုလုပ်သရွေ့ အဆင်ပြပေါသည်။

လင်ရှောက်ရှီနှင့် လင်ရှောက်ရွှမ်းတို့သည် တစ်ယောက်နှင့်တစ်ယောက်အပေါ်ထားရှိသော သဘောထားများကို သိချင်သော်လည်း မမေးဝံ့ပေ။

"ကောင်းပြီ အခု အိမ်ထဲဝင်ရအောင်!" သခင်ကြီးလင်က သူတို့ကို စိတ်အားထက်သန်စွာနဲ့ အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်သည်။ ထို့နောက် ဧည့်ခန်းတွင် ထိုင်ကြပြီး အိမ်အကူ အများအပြားက လက်ဖက်ရည် တစ်ခွက်စီ တစ်ပြိုင်နက် ချပေးပြီးနောက် အချင်းချင်း စကားစမြည် ပြောကြသည်။

"ယွင်ယောင် လွန်ခဲ့တဲ့ ၁၅ နှစ်က မင်းဘယ်မှာနေခဲ့တာလဲ" သခင်ကြီးလင်က ကျင်းယွင်ယောင် ကို မေးသည်။ သူသည် တစ်စုံတစ်ခုကို စူးစမ်းလေ့လာလိုခြင်းမဟုတ်သော်လည်း သူမအကြောင်း ပိုမိုသိရှိလိုသည်။

"ကျွန်မ သတိရလာပြီးနောက်တော့ ကောမြို့မှာနေတယ်။ သုံးနှစ်ကြာ ကုသမှုခံယူပြီး အပြည့်အဝ ပြန်လည်ကျန်းမာလာခဲ့တယ်။ ကျွန်မ ဝမ်းကွဲအကိုက အဲဒီနေရာမှာ စီးပွားရေးလုပ်ငန်းငယ်တစ်ခုလုပ်ဖို့အတွက် အဆောက်အဦအသေးတစ်လုံးဝယ်ခဲ့ပေမယ့် မကြာခင်က အစိုးရပိုင်မြေကို မြို့တော်ကိုသွားချင်တာကြောင့် ကျွန်မလာခဲ့တာပါ” လို့ ကျင်းယွင်ယောင်က ပြောသည်။

"ကောမြို့? မြို့တော်နဲ့ တော်တော်ဝေးတာပဲ” ဟု သခင်ကြီးလင်က ပြောသည်။ နီးရင် ယွင်ယောင်ကို စောစောစီးစီး ရှာတွေ့နိုင်မှာပင်။

နေ့လည် ၁၁ နာရီခန့်တွင် လင်ရှောင်းထင် ရောက်ရှိလာပြီး ဂိတ်ပေါက်မှ ကားပေါ်မှဆင်းကာ ရှုကျင်းချန်ကို အိမ်ပြန်ရန်ပြောခဲ့သည်။ ရှုကျင်းချန်က အဖြစ်အပျက်ကို အတိအကျ သိလိုသော်လည်း ၎င်းသည် လင်ရှောင်းထင်၏ မိသားစုအရေးဖြစ်သောကြောင့် လင်ရှောင်းထင် စကားကို နားထောင်ပြီး ထွက်ခွာသွားသည်။

လင်ရှောင်းထင်သည် လင်မိသားစု၏ အိမ်ဟောင်းထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ သူသည် ယခင်ကထက် ပိုစိုးရိမ်ပြီး ကြောက်ရွံ့လာသည်။ လင်ချန်းကျီက သူ့ကိုမြင်ပြီး ပြန်လာကြောင်းလူတိုင်းကို ပြောပြရန် ပြေးသွားသည်။

ထိုစကားကိုကြားတော့ ကျင်းယွင်ယောင်က တုန်လှုပ်သွားသည်။ အထူးသဖြင့် လင်ရှောင်းထင်သည် သူမနှင့် ပို၍နီးကပ်လာသည်ကို ခံစားမိသည်။ သူ့လက်ကို ဘယ်မှာထားရမှန်းတောင် မသိတော့‌ပေ။ သခင်ကြီးလင်နှင့် အခြားသူများသည် ပီတိဖြစ်ကြသော်လည်း လင်ရှောင်းထင်ကိုကြိုဆိုရန် မထွက်ကြပေ။

အဲဒီအစား သူ့အထဲကို သူ့ဘာသာသူ ဝင်လာဖို့ စောင့်နေကြသည်။ သူတို့သည် မိသားစုဖြစ်ပြီး လင်ရှောင်းထင်သည် ဧည့်သည်မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် အားလုံးက တံခါးကို လှည့်ကြည့်‌နေကြပြီး လင်ရှောင်းထင်ကို စောင့်နေကြသည်။

လင်ရှောင်းထင်သည် ဧည့်ခန်းအပြင်ဘက်တွင် တစ်စက္ကန့်မျှ ရပ်လိုက်ပြီး အနည်းငယ် တုံ့ဆိုင်းသွားသည်။ တံခါးနောက်တွင် ဝင်ပေါက်တစ်ခုရှိပြီး အခန်းတွင်းရှိလူများက အပြင်ကို မမြင်နိုင်သည့်အပြင် အပြင်ကနေလည်း မမြင်နိုင်ပေ။

သို့သော်လည်း လင်ရှောင်းထင်သည် အခန်းတွင်းရှိ ကျင့်ကြံသူ၏ လေကို ခံစားလိုက်ရသည်။

***

အခန်း ၁၆၉၄ အမနေဲ့သား

"သခင်လေးလင် ပြန်လာပြီလား၊ ကြိုဆိုပါတယ် အထဲကို ဝင်ရအောင်” လို့ လင်ချန်းကျီက စိတ်လှုပ်ရှားပျော်ရွှင်စွာ ပြောသည်။ သူသည် သခင်ကြီးလင်နှင့် တူညီသော ခံစားချက်ရှိပြီး ယွင်ယောင် ပြန်လာသောအခါတွင်လည်း ပျော်ရွှင်မှု ခံစားရသည်။

"ဟုတ်ကဲ့ပါ" လင်ရှောင်းထင်ကပြောပြီး အထဲကို ဝင်သွားကာ လင်ချန်းကျီက နောက်မှလိုက်၀င်သွားသည်။ ဧည့်ခန်းထဲကို ဒုတိယအကြိမ်ဝင်လိုက်တာနဲ့ သူ့အကြည့်တွေက ယွင်ယောင် ပေါ်ရောက်သွားပြီး သူမနှင့် မျက်လုံးချင်းဆုံမိလိုက်သည်။ သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားပြီး ပြင်းထန်သော ရင်းနှီးကျွမ်းဝင်မှုမှ သူ့နှလုံးခုန်မြန်လာသည်။

သို့သော်လည်း သူမဒီမှာရှိမယ်ဆိုတာ သူသိတဲ့အတွက် သူ မအံ့သြသွားပေ။ ကျင်းယွင်ယောင်သည် သူမ၏ မှတ်ဉာဏ်များ ဆုံးရှုံးသွားသည်ကို လင်ရှောင်းထင် မသိသော်လည်း ကျင့်ကြံသူများသည် သွေးချင်းဆက်နွယ်မှုအပေါ် ပြင်းထန်သော ခံစားချက်ရှိသောကြောင့် သူမကို မြင်သည်နှင့် သူ့အမေဖြစ်ကြောင်း သေချာသွားသည်။

သူ့မျက်လုံးထဲမှ မျက်ရည်တွေ စီးကျလာသလို ခံစားလိုက်ရပေမယ့် သူ့ကိုယ်သူ ထိန်းလိုက်ရသည်။ ယွင်ယောင်သည် လင်ရှောင်းထင်ကိုမြင်လိုက်သည့်အခိုက်တွင် မျက်ရည်များကျလာသော်လည်း ကျယ်လောင်စွာမငိုမိစေရန် ပါးစပ်ကိုပိတ်လိုက်သည်။

ကျင်းယွင်ယောင်က မတ်တပ်ရပ်လိုက်ပြီး လင်ရှောင်းထင်သည် သူမဆီသို့ တစ်လှမ်းချင်း လျှောက်လာသည်။ လင်ရှောင်းထင်သည် ယွင်ယောင်ကို မတွေ့တာ ၁၅ နှစ်ရှိပြီဟု သခင်ကြီးလင် တွေးမိပြီး ယွင်ယောင်က သူ့ကို ထားသွားသောအခါ ၁၁ နှစ်သားသာရှိသေးသောကြောင့် သခင်ကြီးလင်က ယွင်ယောင်ကို မိတ်ဆက်ပေးချင်သည်။

သို့သော်လည်း သူထိုသို့မလုပ်ဆောင်မီ လင်ရှောင်းထင်သည် သူ့ပါးစပ်ကို ဦးစွာဖွင့်ပြီး “အမေ” ဟု ခက်ခက်ခဲခဲ ခေါ်သည်။ သူတို့မတွေ့တာ ၁၅ နှစ်ရှိပြီမို့ အခုချက်ချင်းတော့ မရင်းနှီးသေးပေမယ့် သွေးသားတော်စပ်မှုကြောင့် ထိုသို့ခေါ်လိုက်သည်။

လင်ရှောင်းထင်သည် ကျင်းယွင်ယောင်ကို သူ့အမေဟု အလွယ်တကူ ခေါ်သောအခါ သခင်ကြီးလင်နှင့် အခြားသူများ အံ့သြသွားကြသည်။ ၁၅ နှစ်အကြာတွင် တစ်ယောက်နှင့်တစ်ယောက် မတွေ့ဖြစ်ကြတော့ဘဲ လင်ရှောင်းထင်သည် ယွင်ယောင်နှင့် ထပ်မံဆုံတွေ့သောအခါတွင် လက်ခံရန် ငြင်းဆန်မည်ဟု ထင်ခဲ့ကြသည်။

သူတို့၏ အံ့အားသင့်သည်မှာ လင်ရှောင်းထင်သည် ယွင်ယောင် မသေကြောင်းကို သူသိထားပြီးသားကဲ့သို့ တည်ငြိမ်နေသောကြောင့်ဖြစ်သည်။ တကယ်တော့ လင်ရှောင်းထင်သည် ၎င်းအတွက် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီး သူ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ထားသောကြောင့် ပြင်းထန်သော တုံ့ပြန်မှုမျိုး မရှိပေ။

လင်ရှောက်ရွှမ်းနှင့် လင်ရှောက်ရှီတို့သည် လုံးဝ ထိတ်လန့်သွားကြသည်။ ဤသူစိမ်းသည် လင်ရှောင်းထင်၏မိခင်ဖြစ်သည်ကို မယုံနိုင်ခဲ့ကြပေ။ သူတို့၏ အဒေါ် ယွင်ယောင် သည် လွန်ခဲ့သော ၁၅ နှစ်က ကွယ်လွန်သွားခဲ့ပြီဟု ထင်ခဲ့ကြသည်။ ကြည့်ရတာ သူတို့ အထင် မှား‌နေပုံရသည်။

လင်ရှောင်းထင်သည် ထိုအမျိုးသမီးကို သူ့အမေဟု ခေါ်ခဲ့ခြင်းကြောင့် အမှန်ပင်ဖြစ်မည်ဖြစ်သော်လည်း သူတို့၏မျက်လုံးများတွင် မယုံနိုင်လောက်အောင် ဖြစ်နေဆဲပင်။

ကျင်းယွင်ယောင်သည် လင်ရှောင်းထင်၏ခေါ်ဆိုမှုကို မသိစိတ်မှ ဖြေကြားပြီးနောက် ထပ်မံငိုကြွေးခဲ့သည်။

သူမတွင် မှတ်ဉာဏ်များမရှိသော်လည်း ခိုင်မာသောသွေးသားဆက်သွယ်မှုကို သူမခံစားခဲ့ရပြီး လင်ရှောင်းထင်သည် သူမ၏အမေကိုခေါ်သောအခါ သူမမေ့ပျောက်ခဲ့သောမိခင်မေတ္တာကို နှိုးဆွခဲ့သည်။

ကျင်းယွင်ယောင် ငိုသောအခါ လင်ရှောင်းထင်သည် ဘာလုပ်ရမှန်းမသိ။ သူသည် ချက်ခြင်း ရှေ့သို့ လျှောက်သွားပြီး နှစ်သိမ့်ရန် သူမ၏ ပခုံးပေါ်သို့ လက်တင်လိုက်သည်။

"မငိုပါနဲ့" သို့သော် သူမကို နှစ်သိမ့်ရန် လင်ရှောင်းထင် ပြောလိုက်သောအခါ ကျင်းယွင်ယောင်သည် သူ့ကိုယ်သူ ထိန်းမရဖြစ်ကာ ကျယ်လောင်စွာ အော်ဟစ်‌ငို‌ကြွေးတော့သည်။ လင်ရှောင်းထင်သည် ယခုအချိန်တွင် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။

ကနုင်းသည် လင်ရှောင်းထင်၏ရည်းစားဖြစ်သော်လည်း သူမသည် အပြင်လူတစ်ဦးဖြစ်ပြီး ၎င်းမှာ သူတို့မိသားစုအရေးဖြစ်သောကြောင့် သူမသည် ဘာမှမပြောပေ။

သခင်ကြီးလင်နှင့် အခြားသူများလည်း ထိုမြင်ကွင်းကြောင့် ရင်ထဲခံစားမိသွားကြသည်။ ယွင်ယောင်အား မပြန်လာ‌စေချင်သော လင်ယွမ်ချန်ပင်လျှင် ရင်ထဲထိသွားရသည်။ အမှန်တော့ သူသည် သွေးအေးသူမဟုတ်၊ သူ၏ မနာလိုစိတ်ကြောင့်သာ ဖြစ်သည်။

သခင်ကြီးလင်သည် လင်ယွင်ဟန်ကို သူ့ထက် ပိုဂရုစိုက်တာကြောင့် လင်ယွင်ဟန်ကို မနာလိုဖြစ်ပြီး၊ သူ့သားက လင်ရှောင်းထင်ထက် မဆိုးဘူးဟု ယုံကြည်တဲ့အတွက် လင်ရှောင်းထင်ကို မနာလိုဖြစ်ခဲ့သည်။ လင်ရှောက်မင်သည်လည်း နိုင်ငံရေးတွင် တောက်ပသော အနာဂတ်ရှိသည်။

ကျင်းယွင်ယောင် ငိုတဲ့အခါ ဘယ်သူမှ မနှောင့်ယှက်ကြ‌ပေ။ မည်သို့ပင်ဆိုစေကာမူ ကျင်းယွင်ယောင်သည် သူမလုပ်နေသမျှကို မကြာမီ သဘောပေါက်သွားပြီး ရှက်ရွံ့သွားသည်။ သူ့ကိုယ်သူ ထိန်းနိုင်အောင် အစွမ်းကုန် ကြိုးစားပြီး ငိုတာ တဖြည်းဖြည်း ရပ်သွားသည်။

"တောင်းပန်ပါတယ် ကျွန်မ မထိန်းနိုင်ဖြစ်သွားတယ်" ကျင်းယွင်ယောင်က သူတို့ကို တောင်းပန်လိုက်သည်။

“အဆင်ပြပေါတယ်။ နားလည်ပါတယ်” လို့ သခင်ကြီးလင်က ပြောသည်။ "လာ ထိုင်လေ!" ထို့နောက် အားလုံးထိုင်ကြပြီး လင်ရှောင်းထင်သည် ကျင်းယွင်ယောင်နှင့်အတူ ထိုင်ကြသည်။

လင်ရှောင်းထင်သည် ဤနှစ်များအတွင်း ကုနင်းမှလွဲ၍ မည်သည့်အမျိုးသမီးနှင့်မျှ ဤမျှနီးကပ်စွာမနေခဲ့ရသောကြောင့် အနည်းငယ် စိတ်မသက်မသာဖြစ်ရသည်။ ကျင်းယွင်ယောင်က သူ့အမေဖြစ်ပေမဲ့ သူတို့ မတွေ့တာ ၁၅ နှစ်လောက်ရှိပြီ။

"အော်၊ မင်းအမေကိုတွေ့တာကို မင်းဘာလို့ မအံ့ဩတာလဲ" သခင်ကြီးလင်က သိချင်စိတ်ဖြင့် မေးသည်။

“အင်း ကျင်းချန်နဲ့ ဒီကိုပြန်လာတဲ့လမ်းမှာ သူ့အမေဆီက ဖုန်းရခဲ့တယ် သူ့အမေက ကျွန်တော်အမနေဲ့တူတဲ့သူနဲ့ နင်းနင်းနဲ့ အတူတူရှိနေတာကို ‌တွေ့လိုက်တယ်တဲ့။ အဲ့တာကြောင့် ကျွန်တော်ဒီကိုမလာခင်ကတည်းက သိပြီးသားပါ”

"သူက မင်းအမေဖြစ်မှန်း မင်းဘယ်လိုသိတာလဲ။ မင်းသံသယမရှိဘူးလား?" လင်ရှောင်းထင်က လက်ခံဖို့ လွယ်လွန်းပုံပေါက်တာကြောင့် သခင်ကြီးလင်က ထပ်မေးသည်။

"နင်နင်းကို ကျွန်တော်ယုံတယ်" လင်ရှောင်းထင်က ပြောသည်။ "နောက်ပြီး ကျွန်တော်တို့က သွေးသားတွေနဲ့ ဆက်စပ်နေတာမို့ ကျွန်တော့်ခံစားရတဲ့ ခံစားချက်တွေကို ကျွန်တော်ယုံကြည်တယ်" တကယ်တော့ သူက ကျင့်ကြံသူမို့ယုံတာဖြစ်ပေမယ့် လင်ရှောင်းထင်က သူတို့ကို မပြော‌ပေ။

သူသည် ကျင့်ကြံသူဖြစ်လာပြီး သူ့အမေသည်လည်း ကျင့်ကြံသူဖြစ်ကြောင်း သိလာရသည်။ ကျင့်ကြံသူသေဆုံးဖို့ဆိုတာ မလွယ်တဲ့အတွက် သူ့အမေအသက်ရှင်နေနိုင်တယ်ဆိုတဲ့အချက်အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသည်။

သခင်ကြီးလင်က တစ်ခုခု မူမမှန်ဘူးလို့ ခံစားမိပေမယ့် ဒီအကြောင်းကို ထပ်မမေးတော့ပေ။ ယွင်ယောင်၏အထောက်အထားကို အတည်ပြုပြီးဖြစ်သောကြောင့် သူစိုးရိမ်နစေရာဘာမှမရှိပါ။

မနက် ၁၁ နာရီ ၁၀ မိနစ်မှာ လင်ယွမ်ကျင်းရဲ့ မိသားစု ရောက်လာပြီး အိမ်စောင့်က သူတို့ကို ချက်ချင်း ကြိုဆိုသည်။ ယွင်ယောင် ပြန်ရောက်နေပြီဆိုတာ သူတို့သိပြီးသားဖြစ်ပေမဲ့ နောက်ဆုံးမှာတော့ သူမကိုတွေ့တော့ အံ့သြနေကြဆဲပါပဲ။

သခင်ကြီးလင်ကို နှုတ်ဆက်ဖို့တောင် မေ့သွားပြီး ကျင်းယွင်ယောင်ကို စိုက်ကြည့်နေမိသည်။

"ယွင်ယောင်!"

"မင်းက ယွမ်ကျင်း ဖြစ်ရမယ်၊ ဒါက မင်းရဲ့ခင်ပွန်း ဝမ်ရွှမ် မဟုတ်လား" ကျင်းယွင်ယောင်က သူတို့ကို နှုတ်ဆက်ဖို့ ထရပ်လိုက်သည်။

ကျင်းယွင်ယောင်သည် လင်ယွမ်ကျင်းနှင့် စုန့်ဝမ်ရွှမ်တို့ကို မှတ်မိနေသောကြောင့်မဟုတ်ဘဲ သခင်ကြီးလင်က သူမကို ပြောပြထားသောကြောင့်ဖြစ်သည်။

***

အခန်း ၁၆၉၅ စုန့်ယီနျို

သူတို့ရောက်လာသောအခါတွင် သူတို့သည် သူမကို မြင်မြင်ချင်းပင် မှတ်မိသောကြောင့် သူတို့သည် လင်ယွမ်ကျင်း နှင့် စုန့်ဝမ်ရွှမ် ဖြစ်ရမည်။

"ဟုတ်တယ် ငါတို့ပဲ" လင်ယွမ်ကျင်းကပြောသည်။ ယွင်ယောင်၏ မှတ်ဉာဏ်များ ဆုံးရှုံးသွားသည်ကို သူမ သိသောကြောင့် ဤနေရာသို့ မရောက်မီ တစ်စုံတစ်ယောက်သည် သူမကို ပြောခဲ့တာဖြစ်နိုင်သည်။

"ကျွန်မတစ်ကယ်စိတ်မကောင်းပါဘူး ကျွန်မရဲ့ မှတ်ဉာဏ်‌တွေ ပျောက်ဆုံးသွားပြီးတော့ မင်းနဲ့ပတ်သက်တာ ဘာမှ မမှတ်မိတော့ဘူး။ သခင်ကြီးလင်က မင်းတို့နှစ်ယောက်အကြောင်း ပြောတော့ နာမည်တွေကိုပဲ မှတ်ခဲ့တာ” ဟု ကျင်းယွင်ယောင်က အားနာစွာ ပြောလိုက်သည်။

“အဆင်ပြပေါတယ်။ မင်း မှတ်ဉာဏ်တွေကို ပြန်ရလာပါလိမ့်မယ်၊ မင်းနေကောင်းလာတာကိုပဲ ငါတို့ဝမ်းသာပါတယ်" လင်ယွမ်ကျင်းက သူမကို နှစ်သိမ့်ပေးသည်။ သူ့ဘေးကင်းရေးထက် ဘယ်အရာကမှ ပိုအရေးမကြီး‌ပေ။

စုန့်ဝမ်ရွှမ်သည် ယောက်ျားတစ်ယောက်ဖြစ်ပြီး ယခုအချိန်တွင် ဘာပြောရမှန်းမသိသောကြောင့် ဘာမှမပြောဘဲ လင်ယွမ်ကျင်းကိုသာ စကားပြောခွင့်ပေးလိုက်သည်။

"အိုး ယွင်ယောင် ဒါ ငါ့သမီး စုန့်ယီနျို" လင်ယွမ်ကျင်းသည် ထုံဝေနေသော စုန့်ယီနျိုကို ဆွဲလိုက်ပြီး ကျင်းယွင်ယောင်ကို သူမနှင့် မိတ်ဆက်ပေးသည်။

"ယီနျို ဒါက မင်းရဲ့အန်တီ ယွင်ယောင်"

"တွေ့ရတာဝမ်းသာပါတယ် အန်တီယွင်ယောင်!" စုန့်ယီနျိုသည် ကျင်းယွင်ယောင်ကို ချက်ချင်း နှုတ်ဆက်လိုက်ပြီး သူမ၏ အသံသည် အလွန်ချိုမြိန်ပြီး ချစ်စရာကောင်းသည်။

စုန့်ယီနျိုသည် သူမ၏ ဦးလေးယွင်ဟန်နှင့် အန်တီယွင်ယောင် ကွယ်လွန်သွားပြီဟု သူမကြားထားသောကြောင့် အမှန်တကယ်ပင် စိတ်ရှုပ်သွားသည်။ သူ့ အန်တီယွင်ယောင်က ဘာလို့ ရုတ်တရက် ပြန်လာတာလဲ။ ဖြစ်ပျက်ခဲ့သမျှကို သူမ,မသိသော်လည်း ယခုအချိန်တွင် သူမမေးသင့်သည်ကို သူသိသည်။

"တွေ့ရတာဝမ်းသာပါတယ် ယီနျို" ကျင်းယွင်ယောင်က သူမကို ပြုံးပြသည်။ အဲဒီနောက် သခင်ကြီးလင်က သူတို့ကို ထိုင်ခိုင်းသည်။

စုန့်ယီနျိုသည် ကုနင်းကို စိတ်လှုပ်ရှားစွာ ကြည့်နေသည် ။ အထဲကို လျှောက်လာသောအခါ ကုနင်းရှိနေ၍ အံ့အားသင့်သွားသည်။ ကုနင်း၏ အောင်မြင်မှုတွေအကြောင်း အင်တာနက်ကတစ်ဆင့် သိရှိပြီးနောက် သူမရဲ့အိုင်ဒေါ ဖြစ်လာခဲ့သည်။

ကုနင်းသည် သူမ၏အကြည့်ကို သတိပြုမိပြီးနောက် ပြုံးပြလိုက်သည်။ စုန့်ယီနျို၏အကြည့်မှ ကုနင်းသည် သူမသည်လည်း သူမ၏အမာခံပရိသတ်ဖြစ်သည်ကို သိလိုက်ရသည်။

စုန့်ယီနျိုသည် သူမ၏အိုင်ဒေါက သူ့ကို ပြုံးပြသောအခါ ပီတိဖြစ်သွားသည်။ တကယ်တော့ သူမဟာ ဒီအချိန်မှာ သူ့ရဲ့အိုင်ဒေါနဲ့ စကားပြောရတာ အဆင်မပြေ‌သေးပေ။

သူမ မြို့တော်ကို မရောက်ခင်ထဲက ကုနင်းသည် သူ့ဝမ်းကွဲရှောင်းထင်၏ ချစ်သူမှန်း သိထားပြီးသားဖြစ်ပေမယ့် ကုနင်းကို အရင်က တွေ့ခွင့်မရခဲ့ပါဘူး။ သူ့အမေနဲ့ အန်တီယွင်က ကုနင်းနဲ့ ထမင်းစားပြီးပြီလို့ ကြားတုန်းကလည်း သူမ ညည်းညူခဲ့သည်။

တစ်ယောက်နဲ့တစ်ယောက် စကားစမြည်ပြောကြရင်း လင်ယွမ်ကျင်းက ရုတ်တရက်ပြောလိုက်သည်။ "အို၊ ငါ ယင်နဲ့ ကုနင်းနဲ့ နောက်ဆုံးတစ်ခေါက်က မုန့်အတူတူစားကြတယ်လို့ ယီနျို ကြားတုန်းက‌လေ သူ့ကို မခေါ်သွားလို့ဆိုပြီး ညည်းညူနေတာ။ သူက ကုနင်းရဲ့ သစ္စာရှိ ပရိတ်သတ်လေ!"

ထိုစကားကိုကြားတော့ စုန့်ယီနျို ရှက်သွားပြီး ခေါင်းကို ချက်ချင်းငုံ့ချလိုက်၍ လင်ယွမ်ကျင်းက နောက်ပြောင်လိုက်သည်။ “ကြည့်ပါအုံး၊ ရှက်နေတာလား? ကုနင်းက မင်းရဲ့အိုင်ဒေါ ဖြစ်သလို မင်းရဲ့ ယောင်းမလည်း ဖြစ်တယ်လေ!"

"အမေ!" စုန့်ယီနျိုက သူ့အမေပြက်ရယ်ပြုတဲ့အခါ မကျေမနပ်ဖြစ်သွားသည်။

"ဟားဟား၊ မင်းအမေပြောတာမှန်တယ်။ နင်းနင်းက မင်းရဲ့ အနာဂတ်‌ယောင်းမလည်းဖြစ်တယ်‌လေ အဲ့တာကြောင့် သူမရှေ့မှာ ရှက်နစေရာမလိုပါဘူး။ သူနဲ့ အချိန်ဖြုန်းသင့်တယ်” ဟုသခင်ကြီးလင်က ပြောသည်။ လင်ယွမ်ချန်မိသားစုမှလွဲ၍ လင်မိသားစုမှ အခြားမိသားစုဝင်များသည် ကုနင်းကို လင်မိသားစု၏ မြေးချွေးမအဖြစ် လက်ခံထားပြီးဖြစ်သည်။ သူတို့ဟာ မိသားစုတစ်ခုဖြစ်တဲ့အတွက် တစ်ယောက်ကိုတစ်ယောက် အချိန်ပိုပေးသင့်သည်။ သန်မာဖို့အတွက် လင်မိသားစုက စည်းလုံးရမည်။

“အဘိုးလင် ပြောတာ မှန်တယ် ယီနျို ငါတို့ ဖုန်းနံပါတ် ဒါမှမဟုတ် ID အကောင့်တွေလဲထားကြမလား" ကုနင်းက စုန့်ယီနျိုကို သဘောကျသည်။ သခင်ကြီးလင်သည် တစ်ယောက်နှင့်တစ်ယောက် အချိန်ပိုယူသင့်သည်ဟု ပြောသောကြောင့် သူမသည် စုန့်ယီနျို၏သူငယ်ချင်းဖြစ်လိုကြောင်း သူမ၏သဘောထားကို ပြသရန်လိုအပ်သည်။

စုန့်ယီနျိုသည် စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့!" ရုတ်တရက် ဒီလိုဖြစ်လာမယ်လို့ သူမမျှော်လင့်ထား‌ပေ။ ကုနင်းသည် သူမ၏ ယောင်မလောင်းဖြစ်ပြီး သူတို့သည် မိသားစုဖြစ်မည်ဖြစ်သော်လည်း ကုနင်းသည် သူမ၏ ပထမဆုံး အိုင်ဒေါ ဖြစ်သောကြောင့် ကုနင်း၏ရှေ့တွင် ကြောက်ရွံ့နေဆဲဖြစ်သည်။

"ကျွန်တော်လည်း လိုချင်တယ်! WeChat မှာ ကျွန်တော် နင်းနင်းရဲ့ သူငယ်ချင်း မဟုတ်သေးဘူး” ဟု လင်ရှောက်ရွှမ်းက မနှောင့်နှေးဘဲ ပြောသည်။

"သမီးရောပဲ! ဖုန်းနံပါတ်နဲ့ WeChat နှစ်ခုလုံးလိုချင်တယ်” လင်ရှောက်ရှီ သည်လည်း ဘေးဖယ်‌နေရန် ဆန္ဒမရှိပေ။ ထို့နောက် သူတို့သည် ၎င်းတို့၏ ဖုန်းကို ထုတ်ကာ ကုနင်း၏ ဖုန်းနံပါတ်နှင့် WeChat အကောင့်ကို လှမ်းတောင်းကာ အခန်းတွင်းရှိ အခြားလူများကို ရယ်မောစေခဲ့သည်။

စုန့်ယီနျိုသည် ကုနင်းနား ထိုင်လိုက်ကာ သူမနှင့် စကားပြောစပြုလာသည်။ သူမပါးစပ်ကိုဖွင့်လိုက်သည်နှင့် ကုနင်းကို လေးလေးစားစား ချီးမွမ်းနေသည်။

"ကုနတ်ဘုရားမ ညီမတို့ အတူတူ ဓာတ်ပုံရိုက်လို့ရမလား" စုန့်ယီနျိုက ကုနင်းကို မျှော်လင့်ချက်ဖြင့် မေးသည်။

“ရတာပေါ့!” ကုနင်းက ပြောသည်။ ကုနင်း၏သဘောတူညီချက်ကိုကြားသောအခါ စုန့်ယီနျိုသည် စိတ်လှုပ်ရှားသွားပြီး "WeChat Moment မှာ တင်လို့ရမလား?" သူမ လုပ်ချင်ပေမယ့် ကုနင်း၏ ထင်မြင်ချက်ကို တောင်းဆိုဖို့ လိုအပ်နေသေးတယ်လို့ သူမထင်သည်။

"ဒါပေါ့!" ကုနင်းက သဘောတူသည်။ စုန့်ယီနျိုနဲ့ ဓာတ်ပုံရိုက်ဖို့ ဆန္ဒရှိတာကြောင့် စုန့်ယီနျိုက ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာ တင်ရင်လည်း စိတ်ဆိုးမည်မဟုတ်ပေ။

"အင်း အမကို ညီမယောင်းမလို့ ပြောလို့ရမလား" စုန့်ယီနျိုက မေးသည်။ စုန့်ယီနျို သည် အသက် ၁၃ နှစ်သာရှိသေးသော်လည်း သူမသည် ထက်မြက်ပြီး ရင့်ကျက်သူဖြစ်သည်။

ကုနင်းသည် ကျော်ကြားသူဖြစ်ပြီး သူမ၏ဂုဏ်သတင်းသည် အရေးကြီးကြောင်း သူမသိသည်။ စုန့်ယီနျို ၏မေးခွန်းများကြောင့် ကုနင်းသဘောကျသွားသည်။

"အမက အနုပညာရှင်မဟုတ်ပါဘူး၊ ဒါကြောင့် အမရဲ့ အချစ်ရေးက လူသိရှင်ကြားဖြစ်ရင်လည်း အဆင်ပြပေါတယ်" စုန့်ယီနျိုသည် စိတ်သက်သာရာရပြီး ကြည်နူးသွားသည်။

"မိုက်တယ်! အတန်းဖော်‌တွေကို ညီမတို့ရဲ့ဆက်ဆံရေးကို ပြောပြချင်တာ။ အတန်းဖော်တော်တော်များများက အမကို ကွန်ဖူးဆရာတစ်ယောက်လို့ ယုံကြည်တာကြောင့် အမရဲ့ပရိသတ်တွေလေ။ ညီမတို့ရဲ့ ဆက်ဆံရေးကို သူတို့ သိရင် ညီမကို အရမ်း မနာလိုလာကြလိမ့်မယ်!” သူတို့သည် ဆယ်ကျော်သက်များဖြစ်သောကြောင့် ကုနင်း၏ ကိုယ်ခံပညာအဆင့်ကို အမှန်တကယ် သဘောကျကြသည်။

စုန့်ယီနျို ပြောပြီးနောက် ကုနင်းက ရယ်ပြန်သည်။ အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်အတူ ဓာတ်ပုံများစွာရိုက်ခဲ့ပြီး စုန့်ယီနျို က သူမရဲ့ WeChat Moment မှာ တင်ခဲ့သည်။

စုန့်ယီနျို- မယုံနိုင်စရာကောင်းပေမယ့် ငါ့ရဲ့ အိုင်ဒေါ က ငါ့‌ယောင်းမပဲ။ ငါ အခုထက် ပိုပျော်ရွှင်နေပြီ ငါတို့ မိသားစုလေး ဖြစ်သွား‌တော့မယ်။ ငါ့ အိုင်ဒေါကို နေ့တိုင်းမြင်ရတော့မယ်

စုန့်ယီနျိုသည် WeChat တွင် ဒါဇင်နှင့်ချီသော အဆက်အသွယ်များသာရှိပြီး အများစုမှာ သူမ၏ ဆွေမျိုးများအပြင် သူမ၏ သူငယ်ချင်းများ သို့မဟုတ် အတန်းဖော်များသာဖြစ်သည်။

***

အခန်း ၁၆၉၆ မင်းဒါကိုဘယ်တော့မှလုပ်နိုင်မှာမဟုတ်ဘူး

သူမ၏ ဆွေမျိုးများနှင့် ရင်းနှီးသော သူငယ်ချင်းများစွာမှလွဲ၍ စုန့်ယီနျိုတွင် သြဇာကြီးမားသော မိသားစုရှိကြောင်း အထူးသဖြင့် သူမ၏မိသားစုနှင့် လင်မိသားစု၏ ဆက်ဆံရေးကို အခြားလူများက မသိကြပေ။ သူမ၏ မိသားစုသည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ကြောင်းဟုသာ အခြားသူငယ်ချင်းများက သိကြသည်။

ထို့အပြင် စုန့်ယီနျို သည် အမြဲတမ်း သိုသိုသိပ်သိပ်နပေြီး မိသားစု နောက်ခံကို ဘယ်တော့မှ မပြခဲ့ပေ။ စုန့်ယီနျိုဟာ ကုနင်းနှင့် သူမ၏ ဓာတ်ပုံတွေကို တင်ပြီး မကြာခင်မှာပဲ လူတော်တော်များများက သဘောကျခဲ့ကြပြီး မှတ်ချက်တွေ ရေးခဲ့ကြသည်။ သူမ၏ အတန်းဖော်တွေအားလုံးက သူမကို မနာလိုဖြစ်ကြတာ အမှန်ပါပဲ။

သို့သော် စုန့်ယီနျို၏ ဝမ်းကွဲအမ ဖြစ်သော စုန့်ယာရူဆီက ပြင်းထန်သော မှတ်ချက်တစ်ခု ထွက်လာခဲ့သည်။

စုန့်ယာရူ: မဖြစ်ဘူး ကုနင်းက သခင်လေးလင်နဲ့ မတန်ဘူး

ထိုမှတ်ချက်ကိုမြင်‌သောအခါ စုန့်ယီနျိုသည် ဒေါသထွက်သွား‌ေလသည်။

စုန့်ယီနျို : ဘာဖြစ်လို့လဲ ကုနတ်ဘုရားမနဲ့ ငါ့အကို ရှောင်းထင်က ပြီးပြည့်စုံအောင် လိုက်ဖက်တယ်။ သူတို့နှစ်ယောက်က အရမ်းကြည့်ကောင်းလွန်းလို့ သူတို့နှစ်ယောက်တူတူရှိရင် မျက်လုံးတွေကို သူတို့ဆီကနေကို မခွာနိုင်ဘူး။

စုန့်ယာရူသည် လင်မိသားစုတွင် အမြဲလက်ထပ်ချင်ကြောင်း သူမသိသည်။ ရှေးယခင်က သူ့ဦးလေးသည် သူမ၏မိဘများကိုပင် ပြောပြခဲ့ပြီး သူမ၏မိဘများသည် စုန့်ယာရူကို လင်မိသားစုတွင်လက်ထပ်ရန် ကူညီပေးနိုင်မည်ဟု မျှော်လင့်ခဲ့သည်။

စုန့်ယာရူသည် လင်ရှောက်မင်ဖြစ်စေ လင်ရှောင်းထင်ဖြစ်စေ မည်သူနှင့် လက်ထပ်နိုင်မည်ကို ဂရုမစိုက်ဘဲ လင်မိသားစု၏ နာမည်နှင့် ပိုမိုအောင်မြင်လာစေရန်သာ လိုလားသည်။ စုန့်ယာရူသည် ယခုနှစ်တွင် ၂၁ နှစ်ရှိပြီဖြစ်ပြီး လင်ရှောက်ရွှမ်းသည် ငယ်လွန်းသောကြောင့် သူသည် သူတို့၏ ရွေးချယ်မှုတွင် မပါဝင်ခဲ့ပေ။

သူမသည် မြို့တော်လေကြောင်းတက္ကသိုလ်တွင် ပညာသင်ကြားနေသော အငယ်တန်းဖြစ်သည်။ စုန့်မိသားစုသည် အလွန်ချမ်းသာသောမိသားစုဖြစ်ပြီး Cမြို့တွင် အရေးပါသောရာထူးတစ်ခုရရှိထားသော်လည်း ၎င်းတို့သည် လင်မိသားစုနှင့် မယှဉ်နိုင်ပါ။

စုန့်ယီနျို၏မိဘများသည် လင်မိသားစု၏မိသားစုအရေးတွင် ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိသောကြောင့် ငြင်းဆိုခဲ့သည်။ မိသားစုနှစ်စုကြား ကြီးမားသောကွာဟချက်ကြောင့် မဟုတ်ဘဲ လင်မိသားစုသည် လူတစ်ဦး၏ အရည်အချင်းနှင့် စရိုက်ကို မိသားစုနောက်ခံထက် တန်ဖိုးထားသောကြောင့် ဖြစ်သည်။

စုန့်ယီနျို၏မိဘများသည် စုန့်ယာရူနှင့် သူမ၏မိဘများကို ကောင်းစွာသိကြ၍ ထိုအကူအညီကို မပေးချင်ကြပေ။ တကယ်တော့ စုန့်ယာရူဟာ လင်မိသားစုနဲ့လည်း ရင်းနှီးရန်အတွက် မြို့တော်မှာ ပညာသင်ကြားခဲ့သည်။

စုန့်ယီနျို၏မိဘများက သူတို့ကိုကူညီရန် ငြင်းဆိုသောကြောင့် စုန့်ယာရူ၏မိဘများက မကျေနပ်ကြသော်လည်း စုန့်ယီနျို၏မိဘများသည် စုန့်မိသားစု၏အထူးချွန်ဆုံး မိသားစုဝင်ဖြစ်သောကြောင့် ၎င်းတို့နှင့်ငြင်းခုံရန်မဝံ့ရဲကြပေ။ ထို့ကြောင့် စုန့်ယီနျိုသည်လည်း စုန့်ယာရူကိုမုန်းတီးပေမဲ့ သူမနှင့်ဆက်ဆံရေးကို ဖြတ်တောက်ခြင်းမရှိခဲ့ပေ။

စုန့်ယီနျို၏အဖြေကို ဖတ်ရင်း စုန့်ယာရူသည် ဒေါသနှင့် အရှက်တရားများ ပြည့်နှက်နေသည်။ သူမလည်း ကုနင်းကို မနာလိုဖြစ်မိသည်။ လင်ရှောင်းထင်သည် လင်မိသားစု၏ အကြီးဆုံးမြေးဖြစ်သည်ကို စုန့်ယာရူက သိထားပြီး၊ သူသည် သူတို့၏ တိုင်းပြည်တွင် အသက်အငယ်ဆုံး ဗိုလ်ချုပ်လည်း ဖြစ်သည်။ အရေးအကြီးဆုံးကတော့ သူက ထူးထူးခြားခြား ချောမောပြီး သူ့ဓာတ်ပုံကို ပထမဆုံးအကြိမ် မြင်လိုက်တာနဲ့ သူမ သဘောကျသွားမိသည်။

သို့သော် စုန့်ယာရူသည် လင်ရှောင်းထင်၏အကြောင်းကို လုံးလုံးမသိဘဲ သူ၏အသွင်အပြင်နှင့် မိသားစုနောက်ခံကိုသာ သဘောကျသည်။

ကုနင်းဟာ သူ့ရည်းစားဖြစ်မှန်း အခုမှ သိလိုက်ရတော့ ကုနင်းကို မနာလိုဖြစ်ပြီး မုန်းတီးမိသည်။ ကုနင်းသည် အလွန်ထူးချွန်သော မိန်းကလေးဖြစ်သည်ကို သူမသိသော်လည်း မနာလိုမှုနှင့် မုန်းတီးမှုတို့သာ ပိုမိုဖြစ်စေပါသည်။ သူမ၏မျက်လုံးထဲတွင် ကုနင်းသည် ထူးချွန်သော်လည်း လင်မိသားစုမှ ယောက်ျားတစ်ယောက်နှင့် မထိုက်တန်သေးပေ။

စုန့်ယာရူ : ကောင်းပြီ မင်းရဲ့‌ယောင်းမပဲ ထားပါတော့ ဒါပေမယ့် သူက မဖြစ်သေးဘူးလေ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိဘူး။ သူက အရမ်းငယ်သေးတယ်

စုန့်ယီနျို- ဘာပဲဖြစ်ဖြစ် မင်းကတော့ ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ဘူး (ငါ့ယောင်းမ ဘယ်တော့မှဖြစ်လာနိုင်မှာမဟုတ်ဘူး)

စုန့်ယီနျိုသည် သူမအမုန်းဆုံးအရာကို ထောက်ပြသောကြောင့် စုန့်ယာရူ ဒေါသထွက်သွားသည်။ သူမသည် လင်မိသားစုတွင် လက်ထပ်ရန် ကြိုးပမ်းခဲ့သော်လည်း လင်ယွမ်ကျင်း၏အကူအညီမပါဘဲ ၎င်း၏မိသားစုဝင်များနှင့်တွေ့ဆုံရန် မျှော်လင့်ချက်မရှိပေ။

ဒါကိုတွေးပြီး စုန့်ယာရူက လင်ယွမ်ကျင်းနဲ့ စုန့်ဝမ်ရွှမ်တို့ကို မုန်းတီးခဲ့သည်။ သူမကို လင်မိသားစုတွင်လက်ထပ်ဖို့ကူညီရန် ငြင်းဆန်သည့်အတွက် သူတို့ကိုမုန်းတီးခဲ့သည်။ သူမအောင်မြင်လျှင် စုန့်မိသားစုအတွက်လည်း ကောင်းကျိုးတွေ ဆောင်ကြဉ်းပေးလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ လင်မိသားစု၏ ယောက်ျားလေးများသည် လင်ယွမ်ကျင်း၏တူများဖြစ်သည်။ သူ့တူတွေကို ဒုက္ခရောက်အောင် လုပ်လို့မဖြစ်နိုင်‌ပေ။

လင်မိသားစုသည် လင်ယွမ်ကျင်း၏မိသားစုလည်းဖြစ်သဖြင့် အားသာချက်များကို သူမလုံးဝစိုးရိမ်နစေရာမလိုပေ။

စုန့်ယာရူသည် စုန့်ယီနျိုက ဒေါသပိုထွက်နေမည်ကို သိသောကြောင့် စာပြန်ခြင်းကို ရပ်လိုက်သည်။ မိနစ်အနည်းငယ်ကြာအောင် စောင့်ပြီးနောက် စုန့်ယီနျိုသည် စုန့်ယာရူ၏ တုံ့ပြန်မှုကို မမြင်ရသေးသဖြင့် စုန့်ယာရူသည် ယခုအချိန်တွင် ဒေါသများ ပြည့်နေတော့မည်ကို သူမ သိလိုက်ရသည်။

…

သိပ်မကြာခင်မှာပဲ ဟင်းပွဲတွေ စားပွဲပေါ်‌ရောက်လာပြီး အတူတူ စားသောက်ကြသည်။ ဤထမင်းစားချိန်အတွင်း၊ လင်ယွမ်ချန်မှလွဲ၍ လူတိုင်းက ၎င်းကို နှစ်သက်ခဲ့ကြသော်လည်း နောက်ဆုံးစက္ကန့်အထိ သူလည်း ဆက်လက်ထိုင်ခဲ့ပြီး သူ၏စိတ်ပျက်မှုကို မပြခဲ့ပေ။

ဒါပေမယ့် သူတို့ဟာ မိသားစုတစ်စုဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် အချိန်တွေ အကြာကြီးနေလာခဲ့တ‌ဲ့အတွက် တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းသိကြသည်။ သူတို့သည် ရိုးရှင်းတဲ့ အပြုအမူလေးနဲ့တင် တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ယောက် သိနိုင်ကြသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် လူတိုင်းကို ပျော်ရွှင်စေရန် တွန်းအားပေး နှောင့်ယှက်မည်မဟုတ်ပေ။

ထမင်းစားပြီးနောက် ဧည့်ခန်းသို့ ပြန်သွားကာ အချင်းချင်း စကားစမြည်ပြောကြသည်။

သို့သော် ကုနင်းသည် အပြင်လူဖြစ်သောကြောင့် သူမ မနေနိုင်ပေ။ ထို့အပြင် သူမသည် ချူးဖေ့ဟန်နှင့် သူမ၏ အခြားသူငယ်ချင်းများကို လေဆိပ်တွင် နှစ်နာရီအတွင်း ပို့ဆောင်ရန် လိုအပ်နေသေးသည်။ ထို့ကြောင့် ကုနင်းသည် ထွက်သွားရန် ခွင့်တောင်းသည်။

ကုနင်းထွက်သွား‌မည်ဟု ကြားသောအခါ ကျင်းယွင်ယောင်သည် ကြောက်ရွံ့သွားသည်။ သူမသည် လင်မိသားစု၏ မိသားစုဝင်တစ်ဦးဖြစ်ခဲ့သော်လည်း သူမသည် မှတ်ဉာဏ်များကို ဆုံးရှုံးခဲ့ပြီး အခြားမိသားစုဝင်များအကြောင်း ဘာမျှမမှတ်မိတော့ပေ။

သူမသည် ကုနင်းနှင့် ရက်အနည်းငယ်သာ ကုန်ဆုံးခဲ့သော်လည်း အနည်းဆုံးတော့ သူတို့သည် သူစိမ်းများမဟုတ်သလို ကုနင်းသည် သူမ၏ အနားတွင်မရှိလျှင် သူမ စိုးရိမ်ပူပန်နေလိမ့်မည်။

တစ်ချိန်တည်းမှာပင် သူမသည် ယခု ကုနင်းနှင့်အတူ မထွက်ခွာနိုင်‌သေးကြောင်း သူမသိသည်။ မည်မျှပင် အဆင်မပြေဖြစ်နေပါစေ သူမသည် နေခဲ့ရန် လိုအပ်သည်။

သူမသည် လင်ရှောင်းထင်ကိုတွေ့ရန်လာခဲ့‌၍ ချက်ချင်းမထွက်ခွာနိုင်‌ပေ။ သူမသည် လင်ရှောင်းထင်နှင့် သူမ၏ဆက်ဆံရေးကို အလွန်ဂရုစိုက်သည်။

ကုနင်းထွက်သွားတော့မည်ဟု လင်ရှောင်းထင် ကြားသောအခါတွင် သူက သူမကို အားမလိုအားမရဖြင့် ကြည့်နေသော်လည်း ယခု သူမနှင့် အတူ မထွက်သွားနိုင်မှန်း သူသိသည်။

ကျင်းယွင်ယောင်က ဘာမှပြန်မပြောသော်လည်း ကုနင်းသည် သူမ၏ မျက်လုံးများမှ စိုးရိမ်သောကကို မြင်လိုက်ရသောကြောင့် သူမသည် ကျင်းယွင်ယောင်အား ပြောလိုက်သည်။ "အမေ၊ နောက်ဆုံးတော့ အမေ့မိသားစုပြန်ဆုံတဲ့နေ့မို့ ပျော်ပျော်လိုက်ပါ။ တကယ်လို့ ဒီမှာ တစ်ညလုံး မနေချင်ရင် ရှောင်းထင်ကို တောင်မြစ်ကမ်းဥယျာဉ်ဆီပြန်ပို့ခိုင်းလို့ရပါတယ်။ ကျွန်မ နေ့လည်ပိုင်းမှာတော့ လုပ်စရာ‌လေးတွေရှိပေမယ့် ဒီညတော့ ‌ပြန်လာခဲ့ပါမယ်"

"ဟုတ်တယ် မင်းရဲ့မှတ်ဉာဏ်တွေကို ပြန်မရသေးဘူးဆို‌တော့ လောလောဆယ် ဒီမှာနေဖို့ အဆင်မပြေလောက်ဘူး။ အဖေ မင်းကိုနေခိုင်းမှာမဟုတ်ပါဘူး၊ ဒါကြောင့် မင်း ရှောင်းထင်ရဲ့အိမ်မှာနေလို့ ရပါတယ်။ မင်းနဲ့ ယွင်ဟန်နေတဲ့ အခန်းကို ရှင်းပြီးပြီ ပြန်လာချင်တဲ့အချိန်တိုင်း လာလို့ရတယ်နော် လင်မိသားစုက မင်းကို အမြဲကြိုဆိုပါတယ်" ဟု သခင်ကြီးလင်က ဆိုသည်။

“ကျေးဇူးတင်ပါတယ်။” ကျင်းယွင်ယောင် ခေါင်းညိတ်လိုက်သည်။

ထို့နောက် ကုနင်းထွက်သွားသည်။ လင်ရှောင်းထင်သည် ယခု ကုနင်းနှင့် တူတူမသွားနိုင်သော်လည်း ကုနင်းမသွားမီတွင် သီးသန့်စကားပြောဆိုရအုံးမည်။

***

အခန်း ၁၆၉၇ ကုနင်း၏လုပ်ငန်း

လင်ရှောင်းထင်သည် ကုနင်းနှင့် သီးသန့်စကားပြောချင်ကြောင်း အခြားလူများက နားလည်ထားသောကြောင့် မည်သူမျှ လိုက်မပို့ကြဘဲ ဧည့်ခန်းတွင် ကုနင်းကို ရိုးရိုးရှင်းရှင်း နှုတ်ဆက်ကြသည်။

"ကိုယ့်အမေကို ဘယ်တုန်းက တွေ့တာလဲ။ ကိုယ့်ကိုဘာလို့မပြောတာလဲ" သူတို့ အပြင်ဘက်ကို ထွက်လာရင်း လင်ရှောင်းထင်က ကုနင်းကို ရှုပ်ထွေးစွာ မေးလိုက်သည်။

ကုနင်းသည် လင်ရှောင်းထင် ဇာတ်လမ်းတစ်ခုလုံးကို အတိုချုံးပြောပြလိုက်ပြီး လင်ရှောင်းထင်သည် သူ့ကို ကုနင်းအမှန်တကယ် ဂရုစိုက်သောကြောင့် အလွန်ပင် စိတ်လှုပ်ရှားသွားသည်။

သူသည် သူမကို ချစ်ခြင်းမေတ္တာမျက်လုံးများဖြင့် စိုက်ကြည့်ကာ သူ့ရင်ခွင်ထဲသို့ ထည့်ထားချင်မိသည်။ သို့သော် သူတို့ပတ်ဝန်းကျင်မှာ လူတွေအများကြီးရှိတာကြောင့် သူမထွက်သွားတာကိုပဲ ကြည့်နေရတော့သည်။

…

ချူးဖေ့ဟန်နှင့်သူမ၏အခြားသူငယ်ချင်းများကို ခေါ်ဆောင်ရန်အသုံးပြုသောကားသည် အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း လင်ရှောင်းထင်သည် ကုနင်းနှင့်အတူ ယခုအချိန်တွင်မသွားနိုင်သောကြောင့် သူမတစ်ယောက်တည်းသာသွားယူရမည်။

ရှန်းရှစ်ဟိုတယ်မှာ ကားထားထားသည်။ လင်ရှောင်းထင်သည် နဂိုက ကုနင်းအတွက် တစ်စုံတစ်ဦးအား ယူလာပေးရန် စီစဉ်ခဲ့သော်လည်း ကုနင်းက ၎င်းအား ငြင်းပယ်ခဲ့ပြီး သူမကိုယ်တိုင် သွားယူနိုင်ကြောင်း ပြောကြားခဲ့သည်။

လင်ရှောင်းထင်သည် သူမနှင့်အတူ မသွားသော်လည်း သူမကိုယ်တိုင် အပါအဝင် လူခြောက်ယောက် ရှိသည်။ ထို့ကြောင့် ကုနင်းသည် လူငါးဦးသာဆန့်သော သူမ၏ကိုယ်ပိုင်ကားကို မမောင်းနှင်နိုင်တော့ပေ။ မြို့တော်မှာ တင်းကျပ်တဲ့ ယာဉ်စည်းကမ်းတွေရှိတာကြောင့် လူအများကြီးကို ကားတစ်စီးထဲ ထည့်မစီးခိုင်းသင့်ပါ။

ထို့ကြောင့် လင်ရှောင်းထင်သည် သူမအတွက် ထိုင်ခုံခုနစ်ခုံပါသော ဖန်စီ MPV ကို ပြင်ဆင်ထားသောကြောင့် လုံလောက်သည်။ စောနေသေးသောကြောင့် ကုနင်းသည် ရှန်းရှစ်ဟိုတယ်သို့ သူမထွက်ခွာမီ ရာစုနှစ်မြို့တော်သို့ ဦးစွာ ကားပြန်မောင်းခဲ့သည်။

ရှန်းရှစ်ဟိုတယ်သည် မြို့တော်ရှိ ခရိုင်တိုင်းတွင် ဌာနခွဲတစ်ခုရှိပြီး လင်ရှောင်းထင်သည် မုခယ်နှင့် အခြားသူများကို ရာစုနှစ်မြို့တော် နှင့်ပိုမိုနီးကပ်သော တောင်ပိုင်းခရိုင်ရှိ ရှန်းရှစ်ဟိုတယ်တွင်နေထိုင်ရန် စီစဉ်ပေးခဲ့သည်။

ကုနင်းသည် သူ့ကားကို ရပ်လိုက်ပြီး တက္ကစီစီးဖို့ လမ်းလျှောက်သွားသည်။ သို့သော် သူမ တံခါးဝသို့ ရောက်ခါနီးတွင် အထဲရှိ ပိုင်လီကျုံးရွှယ်ကို လှမ်းမြင်ရပြီး ပိုင်လီကျုံးရွှယ်သည်လည်း သူမကို သတိထားမိသည်။

ပိုင်လီကျုံးရွှယ်သည် ကုနင်းကို မတွေ့တာကြာနေပြီမို့ သူမကို အခုတွေ့ရတာ အရမ်းစိတ်လှုပ်ရှားနေသည်။

သူမသည် ကုနင်းဆီသို့ ချက်ချင်းလျှောက်သွားပြီး နှုတ်ဆက်လိုက်သည်။ "ဟိုင်း ကုနင်း မတွေ့ရတာကြာပြီနော် ဒီရက်တွေ အရမ်းအလုပ်များနေတာလား"

“မ‌တွေ့ရတာကြာပြီ ဟုတ်တယ် ကျွန်မမကြာသေးခင်ကတင် အလုပ်များနေတာ" ဟုကုနင်းက ပြောသည်။

"အိုး၊ စကားမစပ် ကျွန်မကိုလည်း မြို့တော်တက္ကသိုလ်က လက်ခံလိုက်ပြီ။ ကျွန်မတို့ အတူတူ တက္ကသိုလ်မှာ စာသင်လို့ရပြီ‌ပေါ့” ဟု ပိုင်လီကျုံးရွှယ်က စိတ်လှုပ်ရှားစွာ ပြောသည်။ သူမသည် ကုနင်းနှင့် ပေါင်းသင်းဆက်ဆံရန် ရည်ရွယ်ချက်တစ်ခုဖြင့် ချဉ်းကပ်သော်လည်း သူမနှင့်လည်း မိတ်ဆွေဖွဲ့ချင်သည်။ ထို့အပြင်သူမ၏ရည်ရွယ်ချက်သည် ကုနင်းကိုထိခိုက်စေမည်မဟုတ်ပေ။

"ဟုတ်လား? အံ့သြစရာပဲ!” ကုနင်းသည် အမှန်တကယ်တော့ မအံ့သြခဲ့ပေ။ အကြောင်းမှာ သူမသိထားပြီးဖြစ်ပြီး မျက်နှာပြင်ပေါ်တွင် အံ့သြသွားဟန်တော့ ဟန်ဆောင်လိုက်သည်။

“အင်း ဒါနဲ့လေ လွန်ခဲ့တဲ့ရက်က ကျွန်မလက်ကို မတော်တဆ ဖြတ်မိသွားတာနဲ့ မင်းကုမ္ပဏီကထုတ်တဲ့ ဆေးကို သုံးခဲ့တယ်သိလား။ ဒဏ်ရာက ချက်ချင်းသွေးထွက်တာရပ်သွားပြီးတော့ နာရီပိုင်းနဲ့တင် အမာရွတ်ဖြစ်သွားတယ်။ နှစ်ရက်ကြာတော့ ပျောက်သွားရော အရမ်းအံ့သြစရာကောင်းတာပဲ။ ဒါပေမယ့် အဲ့ထဲမှာ ထူးခြားတဲ့ဒြပ်ပစ္စည်းတွေ မတွေ့ပါဘူး။ အဲဒီထဲမှာ မှော်ဆန်တဲ့ အရာတွေ များထည့်ထားတာလား" ပိုင်လီကျုံးရွှယ် က စိတ်လှုပ်ရှားစွာနဲ့ သဘောကျစွာ မေးခဲ့ပေမယ့် သူမက ကုနင်းရဲ့ အမူအရာကို ဂရုတစိုက် သတိထား‌နေသည်။

ကုနင်း၏ကုမ္ပဏီများမှထုတ်လုပ်သောဆေးဝါးများနှင့်မိတ်ကပ်ထုတ်ကုန်များတွင်မှော်အစွမ်းများပါ၀င်ကြောင်းသူမသတိပြုမိပြီး ကုနင်းကို တမင် ရည်ရွယ်ချက်ရှိရှိပြောလိုက်ခြင်းဖြစ်သည်။

ကုနင်းသည် အနည်းငယ် အပြစ်ရှိသလို သို့မဟုတ် စိတ်မသက်မသာဖြစ်နေပါက မှော်အစွမ်းပါရှိကြောင်း သူမသိရမည်ဖြစ်သည်။ ထို့အပြင် အခြားသူများထံမှ ထိုအရာက လျှို့ဝှက်ထားသင့်‌သောကြောင့် သာမာန်လူများသည် ၎င်းနှင့်ပတ်သက်ပြီး အခြားသူများမေးသောအခါတွင် အပြစ်ရှိခြင်း သို့မဟုတ် စိတ်မသက်မသာဖြစ်တတ်သည်။ ကုနင်းသာ တည်ငြိမ်နေပါက မှော်စွမ်းအားသည် လူသားများ မသိသင့်သော အရာဖြစ်သည်ကို သူမ မသိနိုင်ပေ။

အဲဒါတွေက ပိုင်လီကျုံးရွှယ်ရဲ့ ခန့်မှန်းချက်ပါပဲ။ ကုနင်းသည် သာမန်မိန်းကလေးမဟုတ်ဘဲ သူမမျက်နှာမှ မည်သည့်အရာကိုမျှ မမြင်နိုင်သော်လည်း စမ်းကြည့်ချင်သေးသည်။

ဒီမေးခွန်းကိုကြား‌သောအခါ ပိုင်လီကျုံးရွှယ်သည် သူမကို စမ်းသပ်နေမှန်း ကုနင်းသိလိုက်သည်။ သူမသည် စိတ်မလှုပ်ရှားသွားဘဲ ပုံမှန်အတိုင်း တည်ငြိမ်စွာနေလိုက်သည်။ "ဟုတ်တယ်၊ စာရင်းမှာမရေးထားတဲ့ အထူးပစ္စည်းတစ်ခုရှိတယ်၊ ဒါပေမယ့် အဲဒါက ဘာလဲဆိုတာတော့ မပြောနိုင်မှာဆိုးရတယ်" ကုနင်း၏ တည်ငြိမ်သော မျက်နှာကို မြင်လိုက်ရသဖြင့် ပိုင်လီကျုံးရွှယ်သည် မှော်စွမ်းအား၏ အရေးပါပုံကို သူမ မသိဟု ယုံကြည််လိုက်သည်။

"ကျွန်မနားလည်ပါတယ်။ ဒါ မင်းရဲ့လုပ်ငန်းဖြစ်ပြီးတော့ အသေးစိတ်ကို ငါမသိသင့်ဘူးလေ" ပိုင်လီကျုံးရွှယ်က ကုနင်းက သူမကို သံသယရှိနေရင်‌တောင် ဒီအကြောင်းကို ထပ်မေးဖို့ ရည်ရွယ်ချက်မရှိပေ။ သူတို့ လုံး၀ မရင်းနှီးကြသလို ရင်းနှီးနေရင်တောင်မှ လုပ်ငန်းလျှို့ဝှက်ချက်တွေကို မပြောသင့်‌တာကြောင့် ဖြစ်သည်။

ပိုင်လီကျုံးရွှယ် မသိတာက ကုနင်းက သူမရဲ့ တကယ့်ရည်ရွယ်ချက်ကို သိထားပြီးသားဖြစ်သည်ကိုပင်။ ကုနင်းသည် ပိုင်လီကျုံးရွှယ်က သူမကို မနာကျင်‌စေနိုင်ဘူးဆိုတာ သိတာကြောင့် ကြင်ကြင်နာနာသာ ဆက်ဆံပေးသည်။

"အင်း ကျွန်မလုပ်စရာတစ်ခုရှိသေးလို့ သွားလိုက်အုံးမယ်နော်။ တစ်ရက်ရက် အားတဲ့အချိန်ဆုံကြတာပေါ့” ဟု ကုနင်းမှ ပြောသည်။

“ဟုတ်ပြီ!” ပိုင်လီကျုံးရွှယ်ကပြောပြီး လမ်းခွဲလိုက်ကြသည်။

ပိုင်လီကျုံးရွှယ်သည် တစ်ချက် လှည့်ကြည့်လိုက်ပြီး အနည်းငယ် စိတ်မကောင်းဖြစ်‌နေဟန်ရှိသည်။ အဘယ်‌ကြောင့်ဆိုသော် ဒီလောက်အချိန်အတော်ကြာတာ‌တောင် အသုံး၀င်တာရှာမတွေ့သေးသောကြောင့်ဖြစ်သည်။

သုန်ဖန်းကျီယွီနှင့် ဝူရွှမ်းတို့သည် ကုနင်းကို လိုက်စုံစမ်းခဲ့သော်လည်း ကျင့်ကြံရေးလောကသို့ ရုတ်တရက် ပြန်သွားခဲ့ကြသည်။ အသုံးဝင်တဲ့အရာတစ်ခုကို ရှာတွေ့ခဲ့သလား၊ ဒါမှမဟုတ် သူတို့ရဲ့ ကျင့်ကြံရေးအတွက် ပြန်သွားကြတာလားဆိုတာ ဘယ်သူမှ မသိကြပေ။ ကွန်ဖူးပြိုင်ပွဲကြီး လာတော့မည်ဖြစ်သည်။ သုန်းဖန်းမိသားစုက ဘာမှ အသုံး၀င်တာ ရှာမတွေ့ဖို့ သူမ မျှော်လင့်သည်။ သုန်းဖန်းမိသားစုမှာ မှော်အစွမ်းတွေရဲ့ အကူအညီသာပါလာခဲ့လျှင် ပိုအားကောင်းလာလိမ့်မည်။

…

ကုနင်းသည် လမ်းဘေးသို့ လျှောက်သွားကာ တက္ကစီစောင့်နေချိန်တွင် ကျင့်ကြံသူ၏ အငွေ့အသက်ကို ခံစားလိုက်ရသည်။ ၎င်းသည် ဘယ်ဘက်ခြမ်းမှ သူမထံ ချဉ်းကပ်လာသောကြောင့် ကုနင်းသည် ပိုင်လီကျုံးရွှယ် မဟုတ်ဘဲ ပိုင်လီကျုံးယန် ဖြစ်နိုင်ကြောင်း သိလိုက်သည်။ သူတို့သည် ဤနေရာတွင် နေထိုင်သော နှစ်ဦးတည်းသော ကျင့်ကြံသူများဖြစ်သည်။

သို့သော်ကုနင်း လှမ်းကြည့်လိုက်‌သောအခါ ကျင်းကျီနျဉ်ကိုတွေ့လိုက်ရ၍ သူမ အံ့သြသွားသည်။ ကုနင်းသည် သူ့ကို ဒီမှာတွေ့တာ အံ့သြသွားပေမယ့် အကြောင်းပြချက်တစ်ခုနဲ့ သူပေါ်လာတာဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ကုနင်းသည် ကျင်းကျီနျဉ်က သူ့အတွက် လာသည်ဟု မထင်‌ပေ။ တိုက်ဆိုင်မှုမဟုတ်ပါက သူသည် ပိုင်လီကျုံးရွှယ်ထံသို့ ရောက်လာသည်ဖြစ်ရမည်။

ကျင်းကျီနျဉ် အနီးသို့ လျှောက်လာစဉ် ကုနင်းက သူ့ကို ယဉ်ကျေးစွာ နှုတ်ဆက်သည်။ "ဟိုင်းဦးလေးကျင်း၊ တိုက်ဆိုင်လိုက်တာ!"

“အယ် အခု မင်းအားလား။ ငါမင်းနဲ့ပြောစရာရှိတယ်" ဟု ကျင်းကျီနျဉ်ကပြောသည်။ တကယ်တော့ သူက ကုနင်းဆီလာခဲ့တာ မဟုတ်ဘူးဘဲ ပိုင်လီကျုံးရွှယ်ရဲ့ နောက်သို့ လိုက်လာတာဖြစ်ပြီး ပိုင်လီကျုံးရွှယ်ကလည်း ကုနင်းကို သိတယ်ဆိုတာ သိလိုက်ရတော့ အံ့သြသွားပြီး ကုနင်းကို တစ်ခုခု မေးချင်နေတာဖြစ်သည်။

"ရပါတယ် ဒါပေမယ့် ကျွန်မမှာ မိနစ် ၂၀ ပဲရတယ်" ဟု ကုနင်းက ပြောသည်။ ကျင်းကျီနျဉ်သည် သူမနှင့် ပိုင်လီကျုံးရွှယ်နှင့် စကားပြောနေသည်ကို မိသွားသောကြောင့် ပိုင်လီကျုံးရွှယ် သို့မဟုတ် လင်ရှောင်းထင်အကြောင်း သူမနှင့် စကားပြောချင်တာဖြစ်မည်ဟု သူမ ခန့်မှန်းခဲ့သည်။

"မင်းဘယ်သွားမလို့လဲ? ငါ မင်းကို အဲဒီကို ပို့‌ပေးမယ်‌လေ လမ်းမှာ စကားပြောကြတာ‌ပေါ့” ဟု ကျင်းကျီနျဉ်က ပြောသည်။ ဒီတစ်ခါ သူ ကားမောင်းလာတာဖြစ်ပေမယ့် သူ့ကားက မြို့တော်မှာ မရှိ၍ ဟိုတယ်ကကားမောင်းလာတာဖြစ်သည်။

***

အခန်း ၁၆၉၈ ထန်ပင်းစန်၏လက်ခံနိုင်စွမ်းကို သရော်လိုက်ခြင်း

"ကောင်းပါပြီ" ကုနင်းကပြောပြီး ကျင်းကျီနျဉ်က သူ့ကားဆီကို လျှောက်သွားလိုက်သည်။

"မင်း ပိုင်လီကျုံးရွှယ်ကို သိလား" ကားပေါ်တက်ပြီးနောက် ကျင်းကျီနျဉ်က မေးသည်။ ဒီမေးခွန်းကို သူမေးခဲ့ပေမဲ့ အဖြေရပြီးသားပင်။

"ဟုတ်တယ်" ကုနင်းကပြောသည်။

"သူ့ရဲ့ သရုပ်မှန်ကိုလည်း သိလား" ကျင်းကျီနျဉ်က မေးသည်။ ကျင်းယွင်ယောင် က ကုနင်းဟာ ကျင့်ကြံသူကို ခံစားနိုင်တယ်လို့ ‌ပြောပေမယ့် ကုနင်းက တခြား ကျင့်ကြံသူတွေနဲ့ တွေ့ပြီးပြီလို့ သူမ မပြောခဲ့‌ပေ။

"သိပါတယ်" လို့ ကုနင်းကပြောသည်။

"သူနဲ့ မင်းရဲ့ဆက်ဆံရေးကဘာလဲ" ကျင်းကျီနျဉ်က မေးသည်။ သူနှင့်ဘာမှမဆိုင်သော်လည်း ပိုင်လီမိသားစုဝင်များသည် ကုနင်းအား ရည်ရွယ်ချက်နှင့် ချဉ်းကပ်မည်ကို သူစိုးရိမ်သည်။

ကျင်းကျီနျဉ်သည် ၎င်းကို ဝင်ရောက်စွက်ဖက်ခြင်းမပြုသင့်သည်ကို သိထားတဲ့အတွက် ကုနင်းက မကျေမနပ်ဖြစ်သွားမည်ဆိုး၍ ချက်ချင်းရှင်းပြလိုက်သည်။ "ကျေးဇူးပြုပြီး ငါ့ကို အထင်မလွဲပါနဲ့။ မင်းသူငယ်ချင်းတွေရဲ့ ရွေးချယ်မှုတွေကို ငါအကဲဖြတ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး၊ ဒါပေမယ့် ပိုင်လီမိသားစုက မင်းကိုညရည်ရွယ်ချက်တစ်ခုနဲ့ ချဉ်းကပ်မှာကို ငါစိုးရိမ်တယ်"

“အင်း ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် သိပြီး သူတို့ဘာလုပ်ဖို့ ရည်ရွယ်ထားတယ်ဆိုတာ ကျွန်မသိပါတယ်။ ကျွန်မက ကျောက်စိမ်းလုပ်ငန်းရှင်တစ်ဦးဖြစ်လို့ အစက သူတို့ကျင့်ကြံ‌ရေးအတွက် ကျွန်မကတစ်ဆင့် အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းတွေကို ပိုဝယ်ချင်ကြတယ်။ သူတို့က ကျွန်မ အပေါ်မကောင်းဘူးလို့ မထင်ဘူး၊ သူတို့ကနေတစ်ဆင့် ကျင့်ကြံသူတွေအကြောင်း ပိုလေ့လာချင်တယ်” ဟု ကုနင်းက ဆိုသည်။

ကျင်းယွင်ယောင်သည် ကုနင်းအား ကျင်းကျီနျဉ်က သူမ ကျင့်ကြံသူများအား ခံစားသိရှိနိုင်သည်ကို သိထားပြီဟု ပြောပြထားပြီးဖြစ်သောကြောင့် ကုနင်းအနေဖြင့် ရိုးသားရမည်ဖြစ်သည်။

ကုနင်းက ဒါကို စိတ်မညစ်ညူးမိပေ။ ကျင်းယွင်ယောင်သည် ကျင်းကျီနျဉ်ကို ယုံကြည်သောကြောင့်၊ သူမသည်လည်း သူ့ကို ယုံကြည်ရန် ဆန္ဒရှိသည်။

သို့သော်လည်း ပိုင်လီကျုံးယန်နှင့် ပိုင်လီကျုံးရွှယ်တို့သည် သူမ၏ ကုမ္ပဏီမှ ထုတ်လုပ်သော ဆေးဝါးများရှိ မှော်အစွမ်းကို လိုချင်ကြောင်း ကျင်းကျီနျဉ်အား သူမ မပြောခဲ့ပေ။ အနည်းဆုံးတော့ ကျင်းကျီနျဉ် က သူမကို အဲဒီအကြောင်း မမေးခင်အထိ ကျင်းကျီနျဉ်ကို သူမဘာသာပြောမည်မဟုတ်ပေ။

ကျင်းကျီနျဉ်က သူမကို ဒီအကြောင်းမေးခဲ့ရင်‌တော့ အမှန်တရားကို သူမဖုံးကွယ်ထားမည်မဟုတ်ပါ။ ကျင်းယွင်ယောင်သည် ၎င်းအကြောင်းကို အတိအကျသိသောကြောင့် ကုနင်းသည် ကျင်းကျီနျဉ်ကို လှည့်စားရန် မလိုအပ်ပေ။

တကယ်တော့ ကုနင်းက ကျင်းကျီနျဉ်ရဲ့ မှော်အစွမ်းနဲ့ ပတ်သက်ပြီး တစ်ခုခုပြောခဲ့မယ်ဆိုရင်တောင် ကျင်းယွင်ယောင်ကို သူမပြောပြခဲ့တဲ့အတိုင်း တူညီတဲ့အဖြေကို ပေးမှာဖြစ်ပြီး သူ့ရဲ့အရင်းအမြစ်ကိုတော့ ပြောပြမှာ မဟုတ်‌ပါ။

“မင်းက ကျောက်စိမ်းလုပ်ငန်းလည်း လုပ်တာပဲလား။” ကျင်းကျီနျဉ် အံ့သြသွားသည်။

“ဟုတ်တယ် ထန်မြို့က Colourful ကျောက်စိမ်းတင်ပို့မှုလုပ်ငန်းက ကျွန်မကုမ္ပဏီပါ” ဟု ကုနင်းက ဆိုသည်။ ဒါကိုသိလိုက်ရတော့ ကျင်းကျီနျဉ် ပိုအံ့သြသွားသည်။

"မင်းက ထန်မြို့က ဝမ်မိသားစုကို ဖြုတ်ချခဲ့တဲ့သူပဲ!" ကျင်းကျီနျဉ် သည် ကျောက်စိမ်းလုပ်ငန်းရှင်တစ်ဦးဖြစ်သဖြင့် Jing မိသားစုအကြောင်းကို သဘာဝကျကျကြားသိခဲ့ရသည်။ ၎င်းသည် ထန်မြို့ ရှိ ဝမ်မိသားစုကို အစားထိုးသည့် သူမှာ Colourful ကျောက်စိမ်းတင်ပို့မှုလုပ်ငန်း ဖြစ်ကြောင်း သူသိသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် အသေးစိတ်အချက်များကို မသိဘဲ၊ ၎င်းတို့သည် စီးပွားရေးပြိုင်ဘက်များမဟုတ်သောကြောင့် ၎င်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် စိတ်မ၀င်စားခဲ့ပေ။ ထို့ကြောင့် ကုနင်းသည် Colourful ကျောက်စိမ်းတင်ပို့မှုလုပ်ငန်း၏ သူဌေးဖြစ်မှန်း ယခုအချိန်အထိ မသိပေ။ အကယ်၍ သူ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့လျှင် ကုနင်းသည် Colourful ကျောက်စိမ်းတင်ပို့မှုလုပ်ငန်း၏ သူဌေးဖြစ်ကြောင်း သိရှိရပြီး လင်ရှောင်းထင်သည် သူမကြောင့် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးကို ရရှိခဲ့သည်။

“ကျွန်မ ထန်မြို့ ကိုသွားတုန်းက ဝမ်မိသားစုနဲ့ ပဋိပက္ခဖြစ်ခဲ့တယ်။ ဒါသူတို့ရဲ့အမှားပါပဲ ဒါပေမယ့် သူတို့က လက်စားချေချင်တုန်းမို့ ကျွန်မ သူတို့ကို ဖယ်ရှားလိုက်တာ” ဟု ကုနင်းက ပြောသည်။

"မင်းက တကယ်ကို အံ့သြစရာတွေ ပြည့်နှက်နေတဲ့ မိန်းကလေးပဲ။ မင်းနာမည်အောက်မှာ ကုမ္ပဏီတွေ အများကြီးရှိမယ်ထင်တယ် ဟုတ်လား" ကျင်းကျီနျဉ် က ပြောသည်။

သူပြောတာမှန်သည်။

"အင်း ကျွန်မမှာ အိမ်ခြံမြေကုမ္ပဏီလည်း ရှိတယ်၊ ဒါပေမယ့် သိပ်တော့ မကြီးပါဘူး" ဟု ကုနင်းကဆိုသည်။ ကျင်းကျီနျဉ်သည် ဒီအကြောင်းကို ဆက်မေးလျှင် စိတ်အနှောင့်အယှက်ဖြစ်မည်ဆိုတာ သိတာကြောင့်ဆက်မ‌မေးတော့ပါ။

ထို့နောက်တွင် သူတို့သည် လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင် ကြောင်း ဆက်ပြောကြပြီး ရှန်းရှစ် ဟိုတယ် သို့ရောက်သောအခါ ကုနင်းသည် ကား‌ပေါ်မှဆင်းခဲ့သည်။

ကုနင်းသည် လင်ရှောင်းထင် ပေးခဲ့တဲ့ နံပါတ်ကို ခေါ်ပြီး ကားလာဖို့ ပြောလိုက်သည်။ သိပ်မကြာခင်မှာပဲ လူတစ်ယောက်က ကားကို မောင်းထွက်လာပြီး ဟိုတယ်အပြင်ဘက်မှာ ရပ်လိုက်သည်။ သူသည် ကုနင်းကို သော့ပေးပြီး ကုနင်းက မောင်းထွက်လာ‌တော့သည်။

…

ချူးဖေ့ဟန်နှင့် အခြားသူများသည် မြို့တော်လေဆိပ်သို့ ညနေ ၄ နာရီ ၅၀ မိနစ်တွင် ရောက်ရှိမည်ဖြစ်ပြီး လေယာဉ်မဆိုက်မီ တစ်နာရီနှင့် မိနစ်နှစ်ဆယ်ခန့် လောက်လို‌သေးသည်။ လမ်းခရီးမှာ မိနစ် ၅၀ ကြာတာမို့ လေဆိပ်ရောက်ပြီး နာရီဝက်လောက် စောင့်ရဦးမည်။ ဘာပဲဖြစ်ဖြစ် အခု အားနပေြီမို့ စောစောသွားဖို့ ဆုံးဖြတ်လိုက်သည်။

သူမလေဆိပ်ကိုရောက်ပြီးချင်းမှာပဲ ကုနင်းက ထန်ချင်းယန်၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီး "ဟေး မင်း ထန်ပင်းစန်ကို ထပ်ပြီး စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တာလား သူ နှလုံးဖောက်တယ်လို့ ကြားတယ် ကုမ္ပဏီလည်းတော်တော်ကြာ‌နေပြီ မလာဘူး!” ထန်ချင်းယန်က တော်တော် စိတ်လှုပ်ရှားနပေုံရသည်။

ထန်ပင်းစန်က သူ့အဖေကိုသတ်ခဲ့တဲ့အတွက် သူ့ကို လက်စားချေဖို့က သူ့အိပ်မက်ဖြစ်တာမို့ သူစိတ်မလှုပ်ရှားဖို့ဆိုတာ မဖြစ်နိုင်‌ပေ။ ထန်ပင်းစန်သည် ယခုအ‌ခြေအနေမကောင်းသောကြောင့် သူသည် ယခင်ကထက် ပိုမိုပျော်ရွှင်‌နေသည်။

အဲဒါကိုကြားတော့ ကုနင်းက ပြုံးပြီးပြောသည်။

"ဟုတ်တယ် ဖုန်းလင် နဲ့ သူတို့ရဲ့သား ထွက်ပြေးသွားပြီဆိုတာ သိပြီးတာနဲ့ ကျွန်မဆီ ဖုန်းဆက်ပြီး လှမ်းမေးတယ်‌လေ။ ကျွန်မလည်း သူ့ကို စိတ်အနှောင့်အယှက်ဖြစ်နိုင်မယ့် အခွင့်အရေးကို ဆုပ်ကိုင်ထားလိုက်တာ‌ပေါ့ ဒါပေမယ့် သူ့လက်ခံနိုင်စွမ်းရည်က အားနည်းလွန်းတယ်” ကုနင်းသည် ထန်ပင်းစန်၏လက်ခံနိုင်မှုကို သရော်လိုက်သည်။

ထန်ချင်းယန်သည် ထိုစကားကိုကြားသောအခါ ဘာပြန်ပြောရမှန်းကို မသိ‌ပေ။ အဘယ်ကြောင့်ဆိုသော် လူအများစုသည် ကုနင်းကဲ့သို့ ခိုင်မာသောလက်ခံနိုင်စွမ်းရည် မရှိသောကြောင့်ဖြစ်သည်။ သူသာ ထန်ပင်းစန် ဖြစ်လျှင် သူလည်း နာကျင်ရပေလိမ့်မည်။

ထန်ပင်းစန်ကို စာနာစိတ်မရှိသလို သူ့ရဲ့ရှုံးနိမ့်မှုအတွက်တောင် ကျေနပ်နေပေမယ့် ထန်ပင်းစန်ဟာ မကြာသေးမီက တကယ်ကို ခက်ခဲတဲ့နေ့ရက်တွေရှိခဲ့တယ်လို့ ဝန်ခံရပါမည်။

ထန်ယရှင်း ၊ ချီကျီယွဲ့ ၊ ထျန်းယင်ဂိုဏ်းနှင့် ဖုန်းလင်တို့ ဖြစ်ပျက်ခဲ့သမျှ အားလုံးက သူ့ကို ဒေါသထွက်ပြီး ခြိမ်းခြောက်မှု ကြီးကြီးမားမား ဖြစ်စေခဲ့သည်။ ထန်ပင်းစန်သည် ဖုန်းလင် နှင့် ဖုန်းချီလဲ့ ပျောက်ကွယ်သွားကြောင်းကို ကြားသောအခါ၊ သူသည် ၎င်းတို့ကို ရှာဖွေရန် လူများစွာကို စေလွှတ်ခဲ့သော်လည်း ၎င်းတို့သည် Yနိုင်ငံသို့သွားပြီဖြစ်ကြောင်းသာ တွေ့ရှိခဲ့ရသည်။ ထန်ပင်းစန်သည် နိုင်ငံY တွင် သူငယ်ချင်းများ ရှိသော်လည်း သတင်းကြားသောအခါတွင် ဖုန်းလင်နှင့် ဖုန်းချီလဲ့ကိုဖမ်းရန် အခွင့်အရေး လွတ်သွားခဲ့ပြီဖြစ်သည်။

ထန်ပင်းစန် ၏သူငယ်ချင်းများသည် သူ၏မယားငယ်နှင့်တရားမဝင်သားကိုရှာဖွေရန် စောင့်ကြည့်ရေးကင်မရာတိုင်းကို စစ်ဆေးရန် မဖြစ်နိုင်ပေ။ ဖုန်းလင် တို့သည် "ထန်အိုက်နင်း" နောင်တရမည်စိုးသဖြင့် တတ်နိုင်သမျှ ဝေးရာသို့ ထွက်သွားကြသည်။

ဖုန်းလင်သည် ထန်ပင်းစန်၏ ကုမ္ပဏီမှ အကြီးတန်းမန်နေဂျာတစ်ဦးဖြစ်တာက သူတို့၏ ဆက်ဆံရေးကြောင့်သာမက သူမ၏ အရည်အချင်းများကြောင့်လည်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံ Y တွင် ကောင်းမွန်သောဘဝနေထိုင်ရန် သူမအတွက် ပြဿနာမရှိခဲ့ပေ။ ထို့အပြင် ဖုန်းလင်သည် နိုင်ငံ Y တွင် နှစ်နှစ်ကြာလေ့လာခဲ့သောကြောင့် ဘာသာစကား Yကို ကျွမ်းကျင်စွာတတ်မြောက်ခဲ့သည်။

ဖုန်းချီလဲ့အနေနဲ့ကတော့ ထန်အဖွဲ့အစည်းကို အမွေဆက်ခံဖို့ မွေးဖွားလာတာကြောင့် ဘာသာစကား Y ကိုလည်း ကျွမ်းကျင်ပေသည်။

All Chapters