← Chapters

အခန်း (၁၆၉၉-၁၇၀၄)

Vol. 106 Ch. 1699-1704

အခန်း (၁၆၉၉-၁၇၀၄)

Vol. 106 Ch. 1699-1704

အခန်း ၁၆၉၉ သူ့ကို ရာထူးကနေဆင်းဖို့ ဖိအားပေးခြင်း

ထန်ပင်းစန်မှာ နှလုံးပြဿနာရှိတဲ့အတွက် ကုမ္ပဏီအစည်းအဝေးကို မတက်နိုင်ခဲ့ပါပေ။ ရလဒ်အနေဖြင့် ထန်ပင်းစန်ထက် ရှယ်ယာအနည်းငယ်သာရှိသော ထန်ချင်းယန်သည် ကုမ္ပဏီအတွင်းရှိ အရာအားလုံးကို စတင်စီမံခန့်ခွဲနိုင်ခဲ့သည်။

ထန်ပင်းစန်သည် ၎င်းကို ကြားသိရသောအခါ သေချာပေါက် တွန့်ဆုတ်နေခဲ့သော်လည်း အဓိက အစုရှယ်ယာရှင်အများစုမှ မဲပေးရွေးချယ်ခဲ့သည့် ရလဒ်ဖြစ်‌နေသည်။ အဓိကရှယ်ယာရှင်အများစုသည် ထန်ချင်းယန်၏အဆိုပြုချက်များကို သဘောတူသောကြောင့် ၎င်းတို့၏ထောက်ခံမှုကိုလည်းရရှိခဲ့သည်။

ထန်ပင်းစန်သည် အစည်းအဝေးသို့ မတက်ရောက်နိုင်လျှင် သူ၏အာဏာကို လွှဲပြောင်းကျင့်သုံးရန် တစ်စုံတစ်ဦးကို ခန့်ထားနိုင်ခြင်းလည်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့လုပ်ရန်အတွက် သူ၏ အစုရှယ်ယာများကို ထိုလူထံသို့ လွှဲပြောင်းပေးရမည်ဖြစ်သည်။ အစုရှယ်ယာကိုင်ထားသူကသာ ကုမ္ပဏီ၏ဆုံးဖြတ်ချက်များကို စွက်ဖက်နိုင်သည်။ ရှယ်ယာမရှိလျှင် ထန်ပင်းစန်နဲ့ အရင်းနှီးဆုံးသူတောင်မှ လုပ်ငန်းကို ဝင်မစွက်ဖက်နိုင်‌ပေ။ ထို့ကြောင့် ထန်ပင်းစန်သည် ရလဒ်ကို လက်မခံလိုသော်လည်း ရွေးချယ်စရာမရှိ‌တော့ပေ။

ထို့အပြင် ထန်ချင်းယန်၏ ဆုံးဖြတ်ချက်များသည် ကုမ္ပဏီ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အမှန်တကယ် ကောင်းမွန်သောကြောင့် ၎င်းကို သူ့တစ်ကိုယ်ထဲ ကောင်းစားရေးအတွက် သဘောမတူမိပါက သူ့တွင် အကြီးမားဆုံးသော ဆုံးရှုံးမှုကို ခံစားရလိမ့်မည်။

"ရှင်ဘာလို့ အပြောင်းအရွှေ့စာချုပ်မချုပ်တာလဲ? ကျွန်မတို့ သူ့ကိုရာထူးကဆင်းခိုင်းလို့ရတယ်။ ထန်ပင်းစန်က နေမကောင်းဖြစ်နေပြီဆိုတော့ ကုမ္ပဏီကို စီမံခန့်ခွဲနိုင်တော့မှာ မဟုတ်‌တော့ဘူး။ သူ့တူဖြစ်တဲ့ ထန်ချင်းယန်က သူ့နေရာမှာ အစားထိုးလို့ရတယ်‌လေ” ကုနင်းကပြောသည်။ “ဘာပဲဖြစ်ဖြစ် ထန်ပင်းစန်က ဒီမိသားစုလုပ်ငန်းကို အမွေဆက်ခံဖို့ သားသမီးမရှိဘူး။ ဒီလိုလုပ်ရင်‌တောင် လုံးဝတရားဝင်ပြီး ကျိုးကြောင်းဆီလျော်ပါတယ်။ ပြောရရင် သူ့ကို ထိခိုက်အောင်နဲ့ လူရယ်စရာဖြစ်အောင် လုပ်တာ ထန်ပင်းစန်ရဲ့သမီးလေ အဲ့တာကြောင့်အပြင်လူတွေက ရှင့်‌ကို သံသယဖြစ်မှာမဟုတ်ဘူး"

"မင်းပြောတာမှန်တယ်!" ထန်ချင်းယန်က သူ့ကို ယုံကြည်တဲ့အတွက် ကုနင်းနှင့် ချက်ချင်း သဘောတူလိုက်သည်။ ရှည်လျားသောဒရမ်မာသည် နောက်ဆုံးတွင် ပြီးဆုံးတော့မည်ကို တွေးပြီး ထန်ချင်းယန် သည် အလွန်စိတ်လှုပ်ရှားနေသည်။ သူမှာ ကလဲ့စားချေလိုစိတ်သာရှိပြီး ပိုင်ဆိုင်မှုကိုတော့ သိပ်ဂရုမစိုက်‌ပေ။

တကယ်တော့ ကုနင်းက ထန်ပင်းစန်ကို ရာထူးက ဆင်းခိုင်းရန်အတွက် တွန်းအားပေးဖို့ အရမ်းလွယ်ကူပေမယ့် သူ့ကို ညှဉ်းပန်းနှိပ်စက်မှု မပြီးမချင်း သူမ မလုပ်ခဲ့ပါ။ သူ့ကို လွယ်လွယ်နဲ့ ရှုံးနိမ့်ခွင့်မပေးနိုင်‌ပေ။ သို့သော် ယခုအချိန်သည် သူမထိုသို့ ပြုလုပ်ရန် အချိန်တန်ပြီဖြစ်သည်။

"ဒီရက်ပိုင်းအတွင်းတော့ ကျွန်မအချိန်မရ‌သေးပေမယ့် အားတဲ့အခါ လုပ်လိုက်ပါမယ်" ဟု ကုနင်းမှ ပြောသည်။

“ဟုတ်ပါပြီ” ဟု ထန်ချင်းယန်က ပြောသည်။

ကုနင်းသည် ကားထဲတွင် နေ‌နေဆဲဖြစ်ပြီ မိနစ်အနည်းငယ်ကြာသောအခါ ဆိုက်ရောက်ခန်းမသို့ သွားလိုက်သည်။

သူမသည် ခန်းမထဲသို့ လျှောက်လာစဉ် သူမ၏ သူငယ်ချင်းများ ရောက်ရှိလာချိန် နီးနေပြီဖြစ်သော်လည်း လေယာဉ်မှ ဆင်းကာ ခရီးဆောင်အိတ် သယ်ယူရန် မိနစ် ၂၀ ခန့် အချိန်ယူရအုံးမည်ဖြစ်သည်။

ထို့ကြောင့် ကုနင်းသည် ထိုနေရာတွင် နေ၍ သူတို့ကို စောင့်ဆိုင်းနေသည်။

စောင့်နစေဉ်အတွင်း ကုနင်းသည် လူအများက သူမကို ကြည့်နေကြသည်ကို ခံစားခဲ့ရပြီး အခြားသူများကလည်း သူမအကြောင်း ပြောနေသံကိုလည်း ကြားခဲ့ရသည်။

သူတို့သည် သူမကို မှတ်မိသွားတာ ဟုတ်ရင်ဟုတ် မဟုတ်လျှင် သူမ၏ ပြောင်မြောက်သော အသွင်အပြင်ကို ချီးကျူး‌နေကြသည်။ ယောက်ျားအချို့သည် ကုနင်းကို စူးစူးစိုက်စိုက်ကြည့်ခြင်းကြောင့် သူတို့၏ ချစ်သူရည်းစားများကပင် ပြစ်တင်ဝေဖန်ခြင်း ခံခဲ့ရသော်လည်း ၎င်းမှာ အလေးအနက်ကြီးတော့ မဟုတ်ပေ။

မိနစ် 20 ခန့်အကြာတွင် ချူးဖေ့ဟန်နှင့် အခြားသူများ ထွက်လာသည်။ ကောင်လေးသုံးယောက်က အိတ်တစ်လုံးစီကို ဆွဲယူလာသည်။ မုခယ်သည် ယွီမီရှီ၏ အိတ်ကိုသယ်လာပြီး၊ ချူးဖေ့ဟန်အတွက် ဟောင်ရန်နှင့် ကျန်းထျန်ပင်း တို့ကိုယ်စီ သယ်လာပေးသည်။

မုခယ်က ဘာလို့ သူ့အိတ်ဆောင်အိတ်ကို တခြားလူဆီထားခဲ့ပြီး ယွီမီရှီ အိတ်ကို သွားကူသယ်‌ပေးတာလဲ? အဖြေက အရမ်းရိုးရှင်းပါသည်။ ယွီမီရှီက သူ့ရည်းစားမို့လို့ပင်။

မုခယ်နှင့် ယွီမီရှီ တို့သည် အစောပိုင်းကာလများထဲက သမီးရည်းစားဖြစ်ခဲ့ကြသော်လည်း မုခယ်၏ဝင်ခွင့်စာမရရှိမီအထိ ယွီမီရှီ သည် မုခယ်က သူမနှင့် တက္ကသိုလ်တစ်ခုတည်းတွင် လျှောက်ထားခဲ့ကြောင်း မသိခဲ့ပေ။ ယွီမီရှီသည် ထိုအချိန်တွင် လေးလေးနက်နက် ရင်ထဲထိမိသွားခဲ့သည်။

မုခယ်၏မိဘများသည်လည်း နောက်ပိုင်းတွင် သူတို့၏ဆက်ဆံရေးအကြောင်း ကြားသိရသည်။ မိသားစုနောက်ခံ ကွာဟချက် ကြီးမားသော်လည်း သူတို့၏ ဆက်ဆံရေးကို သဘောတူကြသည်။ မုခယ်သည် သူနှင့်တူညီသော စီးပွားရေးအဆင့်ရှိ ရည်းစားထားရန် မျှော်လင့် ထားသော်လည်း ယွီမီရှီကို ဘယ်တော့မှ အထင်သေးခြင်း ပြုလိမ့်မည် မဟုတ်ပေ။

ဒါက အတိုင်းအတာတစ်ခုအထိ ကုနင်းကြောင့်ပင်။ ယွီမီရှီသည် ကုနင်း၏ သူငယ်ချင်းကောင်းဖြစ်ပြီး ကုနင်းသည် သူမအား အမြဲကူညီရန် ဆန္ဒရှိသည်။ ယွီမီရှီသည် တောက်ပသော အနာဂတ်ကို ပိုင်ဆိုင်နိုင်စေရန်အတွက် အလုပ်ကို ကြိုးစားလုပ်ဆောင်ခဲ့သည်။

ထို့ကြောင့် မုခယ်၏မိဘများသည် သူတို့၏အနာဂတ်ချွေးမ၏စွမ်းရည်များကို မိသားစုနောက်ခံထက် ပိုတန်ဖိုးထားကြသည်။ မိသားစုကို မှီခိုအားထားနေမည့်အစား ၎င်းတို့၏အနာဂတ်ချွေးမသည် လွတ်လပ်သောမိန်းကလေး ဖြစ်လာနိုင်မည်ဟု မျှော်လင့်ကြသည်။

သူတို့မှာလည်း မုခယ် အတွက် တူညီတဲ့ လိုအပ်ချက်တွေ ရှိသည်။ မုခယ် သည် မုမိသားစု၏ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်သော်လည်း သူ့မိသားစုစီးပွားရေးကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်စွမ်းရှိရန် လိုအပ်သည်။ အဲလိုမှ မလုပ်နိုင်ရင် သူ့မိသားစု စီးပွားရေးက တစ်နေ့ ပျက်မှာပင်။ စီးပွားရေးမှာပဲဖြစ်ဖြစ် နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ လူတိုင်းဟာ အဆုံးမဲ့ပြိုင်ဆိုင်မှုတွေမှာ အနိုင်ရဖို့ ကြိုးစားအားထုတ်ရန် လိုအပ်သည်။

သို့သော် မုခယ်၏မိဘများသည် မုခယ်က ယွီမီရှီကဲ့သို့ တက္ကသိုလ်တစ်ခုတည်းကိုရွေးချယ်ခဲ့ရာတွင် မုခယ်သည် ဒီထက်ပိုမိုကောင်းမွန်သောကောလိပ်သို့တက်လှမ်းနိုင်သောကြောင့် မပျော်မရွှင်ဖြစ်ခဲ့သည်။

ကံမကောင်းစွာပဲ ဝင်ခွင့်စာ ကျလာပြီးသားမို့လို့သာ လက်ခံလိုက်ရသည်။ မုခယ်က ယွီမီရှီအတွက် လုပ်ပေးခဲ့ပေမယ့် ယွီမီရှီကလည်း ဒါကို မသိထားခဲ့တဲ့အတွက် မုခယ်ရဲ့ မိဘတွေက သူမကို အပြစ်မတင်ကြပေ။

"ဘော့စ်!" ချူးဖေ့ဟန်သည် ကုနင်းဆီသို့ ပြေးသွားပြီး သူမကို မြင်လိုက်သည်နှင့် ပွေ့ဖက်လိုက်သည်။

ကုနင်းကို မှတ်မိတဲ့ မိန်းကလေး တော်တော်များများက တစ်ချိန်တည်းမှာပင် မနာလိုစိတ်နဲ့ ပြော‌နေကြသည်။ "ဝိုး ကုနတ်ဘုရားမရဲ့သူငယ်ချင်းဖြစ်ရတာ ကောင်းလိုက်တာ။ သူမကို ကုနတ်ဘုရားမဖက်ပြီးတော့ ကုနတ်ဘုရားမကိုလည်း ပွေ့ဖက်လို့ရတယ်"

"ငါလည်း ကုနတ်ဘုရားမရဲ့ သူငယ်ချင်းဖြစ်ချင်လိုက်တာ"

"ဘော့စ်!"

"နင်နင်း!" မုခယ်နဲ့ တခြားသူတွေက ကုနင်းဆီကိုသွားပြီး သူမကိုတွေ့တော့ စိတ်လှုပ်ရှားနေကြသည်။

"မတွေ့ရတာကြာပြီ! ဒီရက်ပိုင်း ဘယ်လိုနေလဲ အဆင်ပြေတယ်မလား" ကုနင်းက မေးသည်။

ကုနင်းကလည်း သူတို့သည် အထက်တန်းကျောင်းတုန်းက သူမ၏ သူငယ်ချင်းကောင်းတွေမို့ သူတို့ကို တွေ့ရတာ ဝမ်းသာမိသည်။ အရေးကြီးဆုံးကတော့ သူတို့ဟာ ကိုယ်ကျိုးအတွက် သူငယ်ချင်းဖြစ်လာတာ မဟုတ်တဲ့ သူငယ်ချင်းကောင်းတွပေါပဲ။

"ငါတို့အားလုံးအဆင်‌ပေြပါ့!" ကုနင်းကို ပြုံးပြကြသည်။ ထို့နောက် အတူတူ ထွက်ခွာသွားကြသည်။

"ဘော့စ် နင် ငါတို့ကို နင့်ရဲ့ကုမ္ပဏီကို အရင်ခေါ်သွားပါလား" ချူးဖေ့ဟန်က မေးသည်။

"ရတယ်လေ။ ငါတို့ကုမ္ပဏီကို အခုချက်ချင်းသွားလို့ရတယ်၊ ပြီးရင် အတူတူထမင်းစားပြီး နောက်ရက်တွေအတွက် အစီအစဉ်လည်းချလို့လည်းရတာပေါ့"

“ကောင်းလိုက်တာ!” သူတို့တစ်ယောက်စီသည် အလွန်စိတ်လှုပ်ရှားခဲ့ကြပြီး ကုနင်း၏ကုမ္ပဏီကို တွေ့လိုစိတ်ပြင်းပြခဲ့ကြသည်။ လမ်းမှာ အချင်းချင်း ရယ်မောပြီး စကားစမြည်ပြောကြသည်။

တစ်နာရီခန့်အကြာတွင် ရှန်းနဉ်အဖွဲ့အစည်း၏ဌာနချုပ်သို့ ရောက်ရှိလာကြသည်။ "ဘော့စ် ဒါက ရုံးအဆောက်အဦးလား" ဟောင်ရန်က မေးသည်။

“ဟုတ်တယ်။ အဲဒီ့နောက်မှာ ဆောက်လက်စ ရုံးခန်းအဆောက်အအုံတစ်ခုရှိ‌သေးတယ်” ဟု ကုနင်းက ဆိုသည်။

"အိုး၊ မြို့တော်မှာဆိုတော့ အရမ်းစျေးကြီးမှာပဲ!" ချူးဖေ့ဟန်က အော်‌ပြောလိုက်သည်။

ဒါတွေအားလုံးက Fမြို့ မဟုတ်ပဲ မြို့တော်ဖြစ်တဲ့အတွက် ဒီမှာအိမ်ရာဈေးက အရမ်းမြင့်သည်။ Fမြို့ရှိ ဇိမ်ခံအိမ်တစ်လုံးသည် တစ်စတုရန်းမီတာလျှင် ယွမ်တစ်သောင်းခန့်သာ ကုန်ကျနိုင်သော်လည်း မြို့တော်တွင် ယွမ်တစ်သိန်းကျော် တန်ဖိုးရှိသည်။

ထို့ကြောင့် ကုနင်းသည် ဤရုံးခန်းအဆောက်အအုံနှစ်ခုအတွက် ပေးချေသောငွေသည် Fမြို့တွင် နေထိုင်ရန် ဧရိယာကြီးတစ်ခုကို ဝယ်ယူနိုင်‌ေလာက္မည်။

“အမ် ငါ အဲဒါကို သိပ်မရှင်းဘူး” ဟု ကုနင်းက ပြောသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ဒုတိယရုံးအဆောက်အဦးက အခုထိမပြီးသေးတဲ့အတွက် သူမက ပိုက်ဆံအများကြီးသုံးရန်ကျန်သေးသည်။

“မြို့တော်မှာ မြေ‌ဈေးက တော်တော်ဈေးကြီးပေမယ့် ဆောက်လုပ်ရေးပစ္စည်းတွေက တခြားမြို့တွေနဲ့ အတူတူပဲ။ ဒါပေမယ့် ဒီမြေကွက်တစ်ခုတည်းကတင် ယွမ်သန်းရာနဲ့ချီပြီး ကုန်ကျနိုင်တယ်‌လေ” ဟု မုခယ်က ဆိုသည်။

***

အခန်း ၁၇၀၀ အလွယ်တကူအစားထိုးနိုင်တယ်

"ဒါဟာ အရင်းရှင်စနစ်ဆိုးပဲ!" ဟောင်ရန်က ပြောသည်။

ကားသည် ရုံးခန်းကြီး၏ အပြင်ဘက်တွင် ရပ်တန့်လိုက်ပြီးနောက် သူတို့သည် ကားထဲမှ ထွက်လာသည်။

"တွေ့ရတာဝမ်းသာပါတယ် ဥက္ကဌကြီး" လုံခြုံရေးအစောင့်တစ်ယောက်က ကုနင်းကိုတွေ့တာနဲ့ လေးလေးစားစား နှုတ်ဆက်သည်။

ကုနင်းက ကားသော့ကို ပေးပြီး ကားပါကင်မှာ ရပ်ခိုင်းလိုက်သည်။ မဟုတ်လျှင် ဝင်ပေါက်ကို ပိတ်ဆို့‌နေလိမ့်မည်။

ကုနင်းသည် သူမ၏ သူငယ်ချင်းများနှင့်အတူ အတွင်းသို့ လျှောက်လာစဉ် ဝန်ထမ်းအားလုံးက သူမအား လေးလေးစားစား နှုတ်ဆက်ကြသည်။ "တွေ့ရတာဝမ်းသာပါတယ် ဥက္ကဌကြီး"

ဓာတ်လှေကားထဲသို့ ဝင်လာပြီးနောက် ဟောင်ရန်က စိတ်လှုပ်ရှားစွာ ပြောသည် " အိုး ဘော့စ် အရမ်းမိုက်တာပဲ။ ငါလည်း အနာဂတ်ကျရင် ကုမ္ပဏီထဲကို ၀င်ပြီးတာနဲ့ ငါ့ဝန်ထမ်းတွေကို ဥက္ကဌဟောင်လို့ ခေါ်ဖို့ ပြောရမယ်"

“ရတာပေါ့။ ဒါပေမယ့် အရင်‌တော့ ကြိုးစားရမယ်။ မင်းမှာ မိသားစုစီးပွားရေးကို ချုပ်ကိုင်နိုင်စွမ်းရှိကြောင်း သက်သေပြဖို့ လိုအပ်တယ်။ စီးပွားရေးဆိုတာ မီးခိုးမထွက်တဲ့ စစ်မြေပြင်လိုပဲ။ မင်းမှာ အရည်အချင်းသာမရှိရင် လွယ်လွယ်နဲ့ အစားထိုးသွားလိမ့်မယ်" ဟု ဟောင်ရန်အား အားပေးရန် ကုနင်းက ပြောသည်။

ဟောင်ရန်သည် ယခုနှစ်အတွင်း ကြီးမားသော အပြောင်းအလဲတစ်ခုကို ပြုလုပ်ခဲ့သော်လည်း ၎င်း၏ လေ့လာမှုအပေါ် အာရုံမစိုက်နိုင်သေးပေ။ အကယ်၍ ဟောင်ရန်သည် အောင်မြင်သောစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်လာရန် စိတ်ပိုင်းဖြတ်ထားပါက၊ သူမသည် သူ့ကိုကူညီရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။ သို့သော် သူ့အနာဂတ်အတွက် အလုပ်လုပ်ရန် ငြင်းဆိုပါက သူ့ကိုကူညီချင်လျှင်ပင် အသုံးမဝင်ပေ။ ဟောင်ရန်သည် သူမ၏သူငယ်ချင်းဖြစ်သော်လည်း ပျင်းရိသောလူကို မကူညီနိုင်ပေ။

"ဘော့စ် မင်းအဲဒါကို စိတ်ပူနေဖို့ မလိုဘူး။ မင်းက ငါ့ရဲ့ အိုင်ဒေါပါ။ ငါ မင်းဆီက သင်ယူမယ်" ဟု ဟောင်ရန်က လေးနက်သော အမူအရာဖြင့် ပြောသည်။

ကုနင်းက သူမရုံးခန်းရှိရာ ၁၈ ထပ်ဆီသို့ တန်းတန်းမတ်မတ် ခေါ်သွားသည်။ သူတို့ ကုမ္ပဏီကို လည်ပတ်ဖို့ ရောက်လာပေမယ့် ဝန်ထမ်းတွေကို ထိခိုက်နိုင်လို့ ပေါ့ပေါ့ပါးပါး လမ်းလျှောက်ဖို့ မသင့်တော်ပေ။ တခြားထပ်ကို သွားချင်ရင်တော့ ဝန်ထမ်းက အလုပ်ဆင်းချိန်ဖြစ်တဲ့ ညနေ ၆ နာရီအထိ စောင့်ရမည်။

"ဘော့စ် ဒီတစ်ထပ်လုံးက မင်းရဲ့ရုံးခန်းလား" ဟောင်ရန် က မေးသည်။

"ဟုတ်တယ်" ကုနင်းက ဖြေသည်။

"အကြီးကြီးပဲ!" ဟောင်ရန်က ပြောသည်။ သူ့အဖေ၏ရုံးခန်းသည် ကုနင်းထက် အများကြီး သေးငယ်သည်။ ကုနင်းရုံးခန်း၏ အထပ်သည် စတုရန်းမီတာ တစ်ထောင်ခန့်ရှိသည်။

"အင်း ငါဒီအထပ်မှာ အခန်းတော်တော်များများကိုပဲ သုံးပါတယ်၊ ကျန်တဲ့အခန်းအများစုကတော့ အလွတ်တွေ" ဟု ကုနင်း ဆိုသည်။

တစ်ထပ်လုံးကို သူမတစ်ယောက်ထဲ အသုံးပြုရန် မဖြစ်နိုင်သော်လည်း ၎င်းသည် ဥက္ကဋ္ဌ၏ရုံးခန်းဖြစ်ပြီး အခြားရုံးများနှင့် ခွဲထားသင့်သည်။

“လက်ဖက်ရည်ခန်းက နောက်ကအခန်းပါ။ လက်ဖက်ရည်၊ သစ်သီးဖျော်ရည်၊ ရေနဲ့ ကော်ဖီတို့ ရှိတယ်။ မင်းတို့ လိုချင်တာ ယူလို့ရတယ်” ဟု ကုနင်းက ပြောသည်။

“ကောင်းလိုက်တာ!” သူတို့ဟ။ သူငယ်ချင်းကောင်းမို့ တခြားသူတွေက မသင့်တော်ဘူးလို့ မထင်ပေ။

"ယွီမီရှီ မင်းဘာလိုချင်လဲ" မုခယ်က ယွီမီရှီ ကို မေးသည်။

“ဖျော်ရည်” ထို့နောက် မုခယ်သည် ယွီမီရှီအတွက် ဖျော်ရည်တစ်ခွက်ယူရန် သွားခဲ့သည်။

"ဟောင်ရန် ကျေးဇူးပြုပြီး ကော်ဖီတစ်ခွက်လောက်" ချူးဖေ့ဟန်က ဟောင်ရန်ကိုပြောသည်။

"ပြဿနာမရှိပါဘူး" ဟောင်ရန်သည် ချူးဖေ့ဟန်အတွက် ကော်ဖီတစ်ခွက်ယူဖို့ သွားလိုက်သည်။

ထိုအချိန်တွင် ကုနင်းသည် ချန်စန်းယိထံမှ မက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။ ချန်စန်းယိသည် ယနေ့သူမ၏သူငယ်ချင်းများနှင့်အတူ ရောက်ရှိလာကြောင်းကြားသိရပြီး အကူလိုအပ်ခြင်းရှိမရှိ မေးမြန်း‌နေသည်။ ကုနင်းက အစောင့်အကြပ် မလိုအပ်ဘဲ အရာအားလုံးကို သူတို့ဘာသာသူတို့ လုပ်နိုင်ကြောင်း ပြန်ပြောလိုက်သည်။ သူမပြောပြီးကတည်းက ချန်စန်းယိသည် ထိုအကြောင်းကို ဘာမှထပ်မပြောတော့ပေ။

သူသည် ကုနင်းကို နှောင့်ယှက်ဖို့ အပေါ်ထပ်ကို မတက်ခဲ့‌ပေ။ ကုနင်းနဲ့ စကားပြောဖို့ အရေးကြီးတာ ဘာမှမရှိပါဘူး။

“မြို့တော်မှာ ပျော်စရာကောင်းတဲ့ အင်တာနက်မှာ ရှာကြည့်ကြလေ။ မနက်ဖြန် အတူတူ ပျော်ပျော်ပါးပါး သွားလို့ရတယ်။ ဒီည ညစာ ပြီးရင်တော့ နောက်ကျလိမ့်မယ်။ အဲ့တာကြောင့် ဒီနေ့ အပြင်မထွက်‌တော့ဘူး” ဟု ကုနင်းက ချူးဖေ့ဟန်နှင့် သူမ၏ အခြားသူငယ်ချင်းများကို ပြောသည်။

သူမသည် မြို့တော်တွင် အချိန်အတော်ကြာ နေခဲ့ရသော်လည်း အပြင်တွင် အပျော်အပါး ရှားသောကြောင့် သူမသည် ထိုနေရာများနှင့် ရင်းနှီးခြင်းမရှိပေ။

ကုနင်းသည် သူတို့သွားချင်တဲ့ နေရာတိုင်းကို နားထောင်‌ပေးမည်။

“အင်း၊ ငါတို့ ဆုံးဖြတ်ထားကြပြီးသား။ မနက်ဖြန် နန်းတော်နဲ့ ဟန်ဒျန့်ဝေါလ်စတူဒီယိုကို သွားလည်ကြမယ်လေ...” လို့ ချူးဖေ့ဟန်က ပြောရင်း ရုတ်တရက် ကုနင်းကို မျက်စိ‌‌ဆွေကြည့်လိုက်သည်။ သူ့စိတ်ထဲမှာ အကြံတစ်ခု ရှိနေပုံရသည်။ ချူးဖေ့ဟန်က ဆက်ပြောသည် "ဘော့စ် ဖြစ်နိုင်ရင် ‘ဧကရီတစ်ပါး၏စစ်သွေးစစ်မာန်’မှာ ငါတို့ကို တစ်ချို့ အခန်းလေးတွေရအောင် လုပ်‌ပေးလို့ရနိုင်မလား။ ငါတို့ စာသားတွေအများကြီး မလိုအပ်ပါဘူး။ မျက်နှာလေးပဲ ပြလို့ရရင် ရပြီ။ ငါတို့ကို ပိုက်ဆံပေးစရာလည်း မလိုပါဘူး၊ ငါတို့အားလုံးက ရှေးခေတ်က အဝတ်အစားတွေ ဝတ်ရတဲ့ ခံစားချက်ကိုပဲ ခံစားချင်တာပါ”

"ဒါက လွယ်ပါတယ်။ ဒါပေမယ့် ရိုက်ကွင်းက ပြီးတော့မှာမို့လို့ မင်းအတွက် အရေးကြီးတဲ့ ကာရိုက်တာကို‌တော့ မရနိုင်ဘူး။ အရေးမကြီးတဲ့ အခန်းတချို့ကိုတော့ ရနိုင်တယ်” ဟု ကုနင်းမှ ပြောသည်။ ခက်ခဲတယ်လို့ သူမထင်ပေ။

သူ့သူငယ်ချင်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရင် ရပါပြီ။ ထို့အပြင် သူတို့သည် အရေးမပါသော အခန်းကိုသာ လိုချင်ကြသည်။ အရေးကြီးသော ကာရိုက်တာအားလုံးကိုလည်း အရင်ထဲက သတ်မှတ်ထားပြီးလည်း ဖြစ်နေသည်။

ချူးဖေ့ဟန်လည်း စည်းကမ်းများကို သိပါသည်။ အရေးကြီးသော ကာရိုက်တာများအားလုံးကို စာချုပ်များဖြင့် ချုပ်ဆိုထားပြီး သရုပ်ဆောင်များသည် ၎င်းတို့အလိုရှိသည့်အတိုင်း သဘောတူညီချက်ကို အဆုံးမသတ်နိုင်ပေ။ မဟုတ်လည်း ၎င်းတို့အတွက် ငွေကြေးများစွာ ပေးဆောင်ရမည်ဖြစ်ပြီး ၎င်းတို့၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေမည်ဖြစ်သည်။

ထို့ကြောင့် ချူးဖေ့ဟန်သည် ၎င်းကို တွေ့ကြုံခံစားရန် အရေးမကြီးသော အခန်းကဏ္ဍတွင်သာ ပါဝင်ချင်သည်။ ဇာတ်၀င်ခန်းစတွေမှာ အရံတွေ အများကြီးရှိပြီး သူတို့ကို ဘယ်သူမှ ဂရုမစိုက်ပေ။

ကုနင်း၏သဘောတူညီချက်ကြောင့် ချူးဖေ့ဟန် သည် ကျနေပ်စွာပြုံးလိုက်သည်။

ဟောင်ရန်နဲ့ တခြားသူတွေက သရုပ်ဆောင်ဖို့ စိတ်မဝင်စားပေမယ့် ရိုက်ကူးရေးက ပျော်စရာကောင်းတယ်လို့ ထင်ကြပြီး ရက်အနည်းငယ်ကြာတဲ့အထိ အဖွဲ့သားတွေနဲ့ ပူးပေါင်းချင်ကြသည်။ ဒါပေမယ့် နေ့တိုင်းသာ ဒီလိုလုပ်ရင် ရူးသွားလိမ့်မည်။

…

ညနေ ၆ နာရီခန့်တွင် ရှန်းရှစ်ဟိုတယ်သို့ သွားကြသည်။ အစစအရာရာ ကောင်းစွာစီစဉ်ထားသောကြောင့် ကုနင်းသည် မန်နေဂျာထံသို့ တိုက်ရိုက်သွားရမည်။ ရှန်းရှစ်ဟိုတယ် ခန်းမထဲကို ရောက်သွားတာနဲ့ မန်နေဂျာကို ဖုန်းဆက်လိုက်တော့ မန်နေဂျာက သူတို့ကို အချိန်မဆိုင်းဘဲ ဝန်ဆောင်မှုပေးဖို့ ထွက်လာသည်။

သူ့ခေါင်းဆောင်က သူတို့ကို ကောင်းကောင်းပြုစုဖို့ ပြောထားတဲ့အတွက် မနောက်ကျရဲပေ။

"တွေ့ရတာဝမ်းသာပါတယ် မစ္စကု။ ကျွန်တော်က ဒီက မန်နေဂျာပါ ဝူချွမ် လို့ခေါ်ပါတယ်" ဝူချွမ်က ကုနင်းကို ယဉ်ကျေးစွာ နှုတ်ဆက်သည်။

"တွေ့ရတာဝမ်းသာပါတယ် မန်နေဂျာဝူ" ကုနင်းက ပြောသည်။

ထို့နောက် မန်နေဂျာဝူသည် အခန်းသော့ကတ်ကို ထုတ်ကာ ကုနင်းအား ပေးလိုက်သည်။ "မစ္စကု၊ ဒါက အခန်းသော့ကတ်"

“ကျေးဇူးတင်ပါတယ်။” ကုနင်းက ကတ်ကို မုခယ်ကို ပေးခဲ့ပြီး ထမင်းစားခန်း သီးသန့်ခန်းမှာ အစားအသောက်တွေ မှာယူဖို့ သွားစဉ် သူတို့ရဲ့ ခရီးဆောင်အိတ်ကို အခန်းထဲမှာ ထည့်ထားဖို့ ပြောလိုက်သည်။

ယွီမီရှီနှင့် ချူးဖေ့ဟန်တို့သည် ကုနင်းအိမ်တွက် တည်းခိုမည်ဖြစ်၍ သူတို့၏ ခရီးဆောင်အိတ်ကို ကုနင်း၏ကားထဲတွင် ထားခဲ့သည်။

မန်နေဂျာဝူသည် ကုနင်းနှင့် အခြားလူများကို ထမင်းစားခန်းရှိ သီးသန့်ခန်းသို့ လမ်းညွှန်‌ပေးသည်။ သူတို့သည် ကုနင်းတို့အတွက် အကောင်းဆုံးအခန်းကို ပြင်ဆင်ထား‌ပေးသည်။ မုခယ်သည် မကြာမီ ဆင်းလာပြီး သူတို့နှင့် အတူလာထိုင်စားသည်။

ညစာ ပြီးသောအခါ ည ၈း၃၀ နီးပါးရှိပြီးဖြစ်၍ ည ၉ နာရီတွင် လမ်းခွဲခဲ့ကြသည်။ မုခယ် နဲ့ တခြားကောင်လေးတွေက သူတို့အခန်းထဲသွားခဲ့ကြပြီး ချူးဖေ့ဟန်နဲ့ ယွီမီရှီက ကုနင်းရဲ့ ရာစုနှစ်မြို့တော်ကိုလိုက်သွားကြသည်။

***

အခန်း ၁၇၀၁ ခမ်းနားထည်ဝါသောနန်းတော်

ကုနင်း၏အိမ်သို့ သွားရာလမ်းတွင် သူမက ချူးဖေ့ဟန်နှင့် ယုမီရှီတို့အား လင်ရှောင်းထင်၏မိခင်ထံ သွားကြည့်ရန် လိုအပ်ကြောင်း ပြောလိုက်သည်။ ထို့ကြောင့် ယနေ့ညတွင် သူမ ရှိမည်မဟုတ်ပေ။ သူမသည် သူတို့နှင့်အတူ အချိန်ပိုဖြုန်းရန် မနက်ဖြန်မှ ပြန်လာမည်ဖြစ်သည်။

သူမ လင်ရှောင်းထင်၏ မိခင်ကို တွေ့ရန်လိုအပ်သည့် အကြောင်းရင်းမှာ လင်ရှောင်းထင်၏မိခင် နေမကောင်းဖြစ်နေသည်ဟု သူမ လိမ်ညာပြောဆိုခဲ့သောကြောင့် ဖြစ်သည်။

ချူးဖေ့ဟန်နှင့် ယုမီရှီတို့က လင်ရှောင်းထင်၏ မိသားစုနောက်ခံကို မသိသောကြောင့် သူ့မိခင်အကြောင်းကို ကြားသောအခါ သူတို့ မအံ့ဩခဲ့ပေ။ လင်ရှောင်းထင်၏မိခင် နေမကောင်းသဖြင့် သူတို့နှင့်အတူ ကုနင်းကို နေခိုင်းမည် မဟုတ်ပေ။

"ငါ့ရဲ့အိမ်က ဟိုတယ်နဲ့ မဝေးဘူး။ ကားနဲ့သွားရင် (၁၀)မိနစ်လောက်ပဲ ကြာတယ်။ နင်တို့ဟာနင်တို့ မနက်စာ စားချင်လား? ဒါမှမဟုတ် ဟိုတယ်ကိုသွားပြီး ဟောင်ရန် နဲ့ တခြားကောင်လေးတွနေဲ့အတူ စားချင်လား။ ဒါမှမဟုတ် ငါ နင်တို့ကိုဝင်ခေါ်မှာကို စောင့်ချင်လား" ဟု ကုနင်းက မေးလိုက်သည်။

"ငါတို့ ဟိုတယ်မှာ သူတို့နဲ့အတူ မနက်စာ စားထားလိုက်မယ်။ နင် ငါတို့ကို ဟိုတယ်မှာ တန်းခေါ်လို့ရတာပေါ့။" ဟု ချူးဖေ့ဟန်က ပြောလိုက်သည်။ သူတို့က ကလေးများမဟုတ်သလို ချူးဖေ့ဟန်က ပျော့ညံ့သော မိန်းကလေးတစ်ယောက်မဟုတ်ပေ။

ကုနင်းက ချူးဖေ့ဟန်နှင့် ယုမီရှီတို့ကို ရာစုနှစ်မြို့တော် သို့ ကားမောင်းပို့ခဲ့သည်။ သူတို့အတွက် အခန်းများကို အသင့်ပြင်ကာ အခက်အခဲမရှိအောင် သေချာလုပ်ပေးပြီးနောက် ကုနင်း ထွက်လာခဲ့သည်။

သူမ တောင်မြစ်ကမ်းဥယျာဉ်သို့ ပြန်ရောက်လာချိန်တွင် ည(၁၁)နာရီ ထိုးပြီးခဲ့လေပြီ။

လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်က ည(၁၀)နာရီ၌ ရောက်လာခဲ့ပေမယ့် သူတို့က ခုထိ မအိပ်ကြသေးပဲ ဧည့်ခန်းထဲ၌ အချင်းချင်း အာလာပသလ္လာပ ပြောနေခဲ့ကြသည်။

လင်ရှောင်းထင်က စကားများသူ မဟုတ်သော်လည်း လင်ယွမ်ဟန်နှင့် ယွင်ယောင်၏ ရှေးဟောင်းနှောင်းဖြစ်များ အကြောင်းကို သူတို့ အဓိက ပြောနေခဲ့ကြသည်။

ကုနင်း သူမ၏ဘေး၌ မရှိသောအခါ ကျင်းယွင်ယောင်က ကြောက်ရွံ့ သောကြောင့် ကုနင်း ပြန်မလာမချင်း သူမ စိတ်မအေးနိုင်ခဲ့ပေ။

လင်ရှောင်းထင်က သူမ၏သားဖြစ်သော်လည်း သူနှင့်ပတ်သက်သော မှတ်ဉာဏ်များက ပျောက်ဆုံးနေသောကြောင့် သူတို့ချည်း အတူတူ ရှိနေချိန်တွင် သူမ စိတ်မသက်မသာ ခံစားရဆဲဖြစ်သည်။ ထို့ကြောင့် ကုနင်း ပြန်မရောက်မချင်း အနည်းငယ် အားငယ်သောအခြေအနေက ပြေပျောက် မသွားခဲ့ပေ။

"အမေ… မနက်ဖြန် ကျွန်မ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းရမှာမို့လို့ အမနေဲ့ နေလို့ရမှာမဟုတ်ဘူး။ ရှောင်းထင်က အမေ့ကို သူ့အဖေရဲ့အုတ်ဂူဆီ ခေါ်သွားမှာကို ဘာကြောင့် အမေက ခွင့်မပြုတာလဲ?" ဟု ကုနင်းက ပြောခဲ့သည်။

"ကောင်းတာပေါ့" ဟု ကျင်းယွင်ယောင်က ပြောလိုက်သည်။

ကုနင်းက မအားသဖြင့် သူမနှင့်အတူနေရန် ကုနင်းကို သူမ အတင်းအကျပ်ခိုင်းမည်မဟုတ်ပေ။

"မနက်ဖြန် မင်း ဘယ်ကိုသွားမှာလဲ။" ဟု လင်ရှောင်းထင်က မေးလိုက်သည်။

"နန်းတော်..။ ကျွန်မတို့ အဲ့ဒီမှာ တစ်နေ့လုံး နေရင်နေရလိမ့်မယ်။" ဟု ကုနင်းက ပြောလိုက်သည်။

"ကောင်းပြီ… မနက်ဖြန်မနက်မှာ ကိုယ့်အဖေရဲ့အုတ်ဂူဆီကို အမေ့ကို ခေါ်သွားပြီးတော့ နေ့ခင်းမှာ နန်းတော်ဆီကို ကိုယ်တို့ အတူတူ လိုက်လာလို့ရတာပဲ။" ဟု လင်ရှောင်းထင်က ပြောလိုက်သည်။

၎င်းက သူမ၏မှတ်ဉာဏ်များ ပြန်ရရန် သူမအတွက် အထောက်အကူ ဖြစ်နိုင်သောကြောင့် ကျင်းယွင်ယောင်ကိုလည်း နန်းတော်သို့ သူ ခေါ်သွားချင်ခဲ့သည်။

ထို့အပြင် လင်ရှောင်းထင်ကလည်း ကုနင်းနှင့်အတူ ပျော်ရွှင်ချင်ခဲ့ သည်။ ထိုနေရာတွင် လူအစုအဝေးများစွာ ရှိမှာဖြစ်သော်လည်း ကုနင်းနှင့်အတူ ရှိသရွေ့ သူပျော်မှာဖြစ်သည်။

"ရတာပေါ့…" ဟု ကုနင်းက ပြောလိုက်သည်။ လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်တို့ သူတို့နှင့်အတူ ပါလာတာက ဘာအမှားမှ ရှိမည်ဟု သူမ မထင်ခဲ့ပေ။

အိပ်ယာမဝင်မီ မနက်(၁၂)နာရီ အထိ အချိန်ကြာမြင့်စွာ သူတို့ စကားစမြည် ပြောနေခဲ့ကြသည်။

ကျင်းယွင်ယောင်က သူတို့နှင့်အတူ အိမ်တွင် နေသောကြောင့် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ယနေ့ညတွင် အတူ မအိပ်နိုင်ခဲ့ပေ။ ကျင်းယွင်ယောင်က ကုနင်းနှင့်အတူ မာစတာ ခန်းတွင်အိပ်ပြီး လင်ရှောင်းထင်က ဧည့်သည်အိပ်ခန်းတွင် အိပ်ခဲ့ သည်။

ကျင်းယွင်ယောင်ကြောင့် လင်ရှောင်းထင်သည် ညဘက်တွင် ကုနင်း၏ အခန်းထဲသို့ ခိုးဝင်ပြီး မသင့်လျော်သော မည်သည့်အရာ ကိုမှ မလုပ်ရဲခဲ့ပေ။ ကျင်းယွင်ယောင်က ကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် တိုးညှင်းသော အသံတိုင်းကို ကြားမှာဖြစ်သည်။ ထို့ကြောင့် လင်ရှောင်းထင်က ကုနင်းနှင့် WeChat ပေါ်မှသာ စကားပြောနိုင်ခဲ့သည်။

ထိုညတွင် ကျင်းယွင်ယောင်က အိပ်မက်အချို့ မက်ခဲ့ပေမယ့် နောက်တစ်ရက်မနက် သူမ နိုးသောအချိန်တွင် ဘာကိုမှ မမှတ်မိတော့ပေ။

နောက်တစ်ရက်မနက်တွင် လင်ရှောင်းထင်က အရင်ထပြီး ကုနင်းနှင့် ကျင်းယွင်ယောင်အတွက် မနက်စာကို ပြင်ဆင်ခဲ့လေသည်။

လင်ရှောင်းထင်က သူတို့အတွက် မနက်စာပြင်ပေးတာကို မှားယွင်းသည်ဟု ကျင်းယွင်ယောင် မထင်မိခဲ့ပေ။ အိမ်အလုပ်က အမျိုးသမီးအလုပ်ဖြစ်ပြီး ချွေးမသည် သူတို့၏သားကို အလုပ်အကျွေး ပြုဖို့ သူနာပြုတစ်ယောက်မျှသာဖြစ်သည်ဟု အချို့လူများက ယူဆကြပေမယ့် ကျင်းယွင်ယောင်တွင်မူ ကွဲပြားသော သဘောထား ရှိခဲ့သည်။

ကျင်းယွင်ယောင်၏ မျက်လုံးထဲတွင် ကုနင်းနှင့် လင်ရှောင်းထင်က ယခုအချိန်၌ သမီးရည်းစားများဖြစ်သောကြောင့် တစ်ယောက်နှင့် တစ်ယောက် ခံစားချက်များနှင့်ပတ်သက်ပြီး ဂရုစိုက်သင့်သည်ဟု မြင်လေသည်။ အိမ်မှုကိစ္စကိုလုပ်ရန် အားလပ်သော (သို့မဟုတ်) လုပ်နိုင်သော မည်သူမဆိုက လုပ်သင့်ပေသည်။

၎င်းက သူတို့ တစ်ယောက်နှင့်တစ်ယောက် အဆင်ပြေသော အနေအထားပေါ်တွင်လည်း မူတည်လေသည်။ လင်ရှောင်းထင်က အိမ်မှုကိစ္စအားလုံးကို လုပ်ခဲ့လျှင်တောင်မှ ၎င်းက ကုနင်းအပေါ် လင်ရှောင်းထင်၏ ချစ်ခြင်းမေတ္တာကို ပြသတာဖြစ်သောကြောင့် ကျင်းယွင်ယောင်က ၎င်းကို လွဲမှားသည်ဟု ထင်မည် မဟုတ်ပေ။

သူတို့ မေတ္တာရှိနေသရွေ့ သူတို့၏ဘဝကို ရှင်သန်ဖို့ ဘယ်လို ရွေးချယ်သည်ဆိုခြင်းက သူတို့၏ ကိုယ်ရေးကိုယ်တာ ဖြစ်သည်။ ကျင်းယွင်ယောင်က လင်ရှောင်းထင်၏ မိခင်ဖြစ်သော်လည်း သူမက ထိုအရာတွင် ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ ယောက္ခမက သူတို့၏ဆက်ဆံရေးတွင် ဝင်ရောက်စွက်ဖက်လျှင် ၎င်းက သဘောထားကွဲလွဲမှုကိုသာ ဖြစ်စေလိမ့်မည်။

မနက်စာစားပြီးနောက် ကုနင်းက ပန်းကန်များကို ဆေးပေး ချင်ပေမယ့် လင်ရှောင်းထင်က သူမကို တားဆီးလိုက်သည်။

သူက သူမအား အနားယူဖို့ ပြောလိုက်ပြီး ၎င်းကို သူ လုပ်ပေးမှာဖြစ်သည်။

…

မနက်(၈)နာရီ ထိုးခါနီးသောအခါ ကုနင်းက အိမ်မှ ထွက်သွား တော့သည်။ အလုပ်သွားချိန်ဖြစ်သောကြောင့် လမ်းပေါ်တွင် ယာဉ်အသွားအလာများနေခဲ့သည်။ ထို့ကြောင့် ကုနင်း ရှန့်ရှစ် ဟိုတယ်သို့ ရောက်သောအခါ မနက်(၉)နာရီ ထိုးလုနီးနီး ဖြစ်နေခဲ့လေပြီ။

ရှေးဟောင်းနန်းတော်သည် မြို့တော်၏ အလယ်ဗဟိုတွင် ရှိသောကြောင့် ကုနင်းသည် မြို့လယ်မှ တောင်ပိုင်းခရိုင်သို့ သွားခဲ့ပြီး တောင်ပိုင်းခရိုင်မှ မြို့လယ်သို့ ပြန်လာခဲ့ရတာဖြစ်သည်။

ကုနင်းသည် သူမ ရောက်ခါနီးတွင် မုခယ်ကို ဖုန်းဆက်ထား သောကြောင့် သူတို့က သူမကို အောက်ဆင်းစောင့်နေခဲ့ကြသည်။

ကုနင်း၏ကား ရောက်လာသည်နှင့် သူတို့သည် ကားထဲသို့ဝင်ကာ အတူတူ ထွက်လာခဲ့ကြသည်။

ကိုးနာရီထိုးပြီးနောက် လမ်းပေါ်တွင် ယာဉ်အသွားအလာ သိပ်မများတော့တာကြောင့် နန်းတော်ကို မိနစ်(၄၀)ဖြင့် သူတို့ ရောက်လာခဲ့ကြသည်။

အင်ပါယာနန်းတော်က ရှေးဟောင်းနန်းတော်တစ်ခုဖြစ်သည်။ ယခုအခါ ၎င်းသည် ကမ္ဘာလှည့်ခရီးသည်များအား ဆွဲဆောင်သော နေရာတစ်ခု ဖြစ်လာခဲ့ပြီး နေ့စဉ် လူအများအပြား လာရောက် လည်ပတ်လေ့ရှိသည်။

အားလပ်ရက်ဖြစ်လျှင် လူအများအပြား စည်ကားလွန်းသောကြောင့် ရှုခင်းများကို ခံစားရန် ခရီးသွားများအတွက် မဖြစ်နိုင်ပေ။ နေရာတိုင်းတွင် လူတွေရှိနေမှာဖြစ်ပြီး လူတိုင်းက ဖြည်းဖြည်းချင်း လမ်းလျှောက်ရမှာဖြစ်သည်။

ကားကို ပါကင်ထိုးပြီးနောက် ကုနင်းသည် လက်မှတ်များကို ဝယ်ယူရန် သွားလိုက်ပြီး အထဲသို့ သူတို့ အတူတူ ဝင်လာခဲ့ကြသည်။

စောသေးသောကြောင့် လူသိပ်မများပေ။ ပုံမှန်အားဖြင့် ခရီးသွားများသည် နေ့လည်စာစားပြီးမှ လာကြတာဖြစ်သည်။

နန်းတော်က အလွန်ကြီးမားပြီး ဆောက်လုပ်ရေးဧရိယာက စတုရန်း မီတာ (၁၅၀၀၀၀)နီးပါးရှိကာ အရွယ်အစားမျိုးစုံရှိသော နန်းတော်က (၇၀)ကျော်ရှိပြီး အိမ်ခြပေေါင်း (၉၀၀၀) ကျော်ရှိလေသည်။ ၎င်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် အကောင်းဆုံး ထိန်းသိမ်းထားသော သစ်သားရှေးဟောင်းအဆောက်အအုံများထဲမှ တစ်ခုဖြစ်လေသည်။

ထို့ကြောင့် တစ်ရက်ထဲနှင့် နန်းတော်၏ ထောင့်အားလုံးကို မြင်ဖို့ ဆိုတာက သူတို့အတွက် မဖြစ်နိုင်ပေ။ တကယ်တော့ ၎င်းကို အပြည့်အဝမဖွင့်ထားခဲ့ပေ။ ခရီးသွားများသည် ၎င်း၏ ရှေ့ဘက်ခြမ်း ကိုသာ မြင်ရမှာဖြစ်သည်။

နန်းတော်ကို သာမန်အားဖြင့် ပြုပြင်ထားပြီး ပြုပြင်မထားသော နေရာများမှာ လူသူကင်းမဲ့ကာ မှောင်မည်းနပေြီး အထူးသဖြင့် မောင်းမဆောင်နှင့် အအေးဓာတ်များလွှမ်းခြုံနေသော နန်းတော်တို့ ဖြစ်ကြသည်။ ထိုနေရာတွင် မည်သူမျှ လျှောက်မသွားရဲသလို ဘယ်သူ့ကိုမှလည်း ထိုနေရာသို့သွားရန် ခွင့်ပြုမထားခဲ့ပေ။

မောင်းမဆောင်သည် ရှေးပဝေသဏီအချိန်များကတည်းက စစ်မြပေြင်တစ်ခုလို ဖြစ်ခဲ့သည်။ ကိုယ်လုပ်တော်များကြားမှ ပြိုင်ဆိုင်မှုက တစ်ယောက်ယောက်သေသည်အထိ အဆုံးမသတ်နိုင် အောင် ဖြစ်ပွားခဲ့ပြီး မရေမတွက်နိုင်သော လူသေများကို ထိုနေရာတွင် မြှုပ်နှံခဲ့သည်။ ပြုပြင်ထားခြင်းမရှိသောကြောင့် နေရာအနှံ့တွင် မြက်ရိုင်းများပေါက်နပေြီး လူသူကင်းမဲ့သောပုံ ပေါက်နေခဲ့သည်။

နန်းတော်ပတ်ပတ်လည်တွင် ဝင်ပေါက်လေးခုရှိပြီး အရှေ့ဘက် ဝင်ပေါက်ကို တောင်ဘက်တံခါးပေါက်ဟု ခေါ်လေသည်။ ကုနင်းနှင့် သူမ၏ သူငယ်ချင်းများသည် တောင်တံခါးပေါက်မှ လျှောက်ဝင်လာခဲ့ကြသည်။

တောင်ဘက်တံခါးပေါက်က မြင့်မားပြီး ကျယ်ဝန်းကာ လှပသော ဒီဇိုင်းများနှင့် အတော်လေးကို အထင်ကြီးလောက်စရာပင် ဖြစ်သည်။

"ဝိုး… ရှေးကဧကရာဇ်မင်းတွေ နေခဲ့တဲ့နေရာက တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ နေရာတစ်ခုပဲ…" ဟု မူခယ်က ပြောလိုက်သည်။

***

အခန်း ၁၇၀၂ ယောက်ျားကောင်းများသည် မိန်းမများနှင့် ငြင်းခုံမည်မဟုတ်ပေ…

"မှန်တာပေါ့… ရှေးပဝေသဏီအချိန်တွေမှာ ဧကရာဇ်မင်းတစ်ပါးဖြစ်ဖို့ ငါ အချိန်တွေကို နောက်ပြန်ဆုတ်ချင်တယ်။ ဟဟ.." ဟု ဟောင်ရန်က ပြောလိုက်သည်။ ဤရက်ပိုင်းတွင် သူက အချိန်ခရီး သွားသော ဝတ္ထုတစ်ပုဒ်ကို ဖတ်နေခဲ့ပြီး အမျိုးသားဇာတ်ကောင်သည် အချိန်ကိုနောက်ပြန်ဆုတ်ကာ အချိန်ခရီးသွားပြီးနောက် ရှေးပဝေသဏီအချိန်တွင် ဧကရာဇ်မင်းတစ်ပါးဖြစ်လာခဲ့သောကြောင့် သူလည်း ထိုအကြောင်းကို စိတ်ကူးယဉ်ခဲ့တာဖြစ်သည်။

"နင်က ထောင်နဲ့ချီတဲ့ တရားဝင်ကိုယ်လုပ်တော်တွေကိုပဲ လိုချင်တာလို့ ငါထင်တယ်။" ဟု ချူးဖေ့ဟန်က အပြောင်အပြက် ပြောလိုက်သည်။

"အဓိပ္ပာယ်မရှိတာပဲ။ ငါက အဲ့လိုလူမျိုး မဟုတ်ဘူး။" ဟု ဟောင်ရန်က သူ လူကောင်းတစ်ယောက်ဖြစ်ကြောင်းကို ညွှန်းဆိုကာ ငြင်းခုံခဲ့လေသည်။

"တကယ်လား။ အဲ့ဒါကို ငါမယုံနိုင်ဘူး။" ဟု ချူးဖေ့ဟန်က တမင်သက်သက် ပြောလိုက်သည်။

"ကောင်းပြီလေ… ယောက်ျားကောင်းတွေက မိန်းမတွေနဲ့ ပြိုင်ငြင်းမှာ မဟုတ်ဘူး။"

ထို့နောက် ဟောင်ရန်က စိတ်ပျက်လက်ပျက်ဖြင့်ကြည့်ကာ ချူးဖေ့ဟန်ကို မသိကျိုးကျွန် ပြုလိုက်လေတော့သည်။

တကယ်တော့ သူသည် ချူးဖေ့ဟန်နှင့် ဘက်ညီသူ မဟုတ်ကြောင်း ကို ဝန်ခံရမှာဖြစ်သည်။ သူသည် သူမကို ဆန့်ကျင်၍ ရန်ပွဲတစ်ခု (သို့မဟုတ်) အငြင်းအခုံတစ်ခုကို အနိုင်မရနိုင်ပေ။ ထိုအရာနှင့် ပတ်သက်ပြီး သူအနည်းငယ် စိတ်မကောင်းဖြစ်ခဲ့ရသည်။ သို့သော် အခြေအနေမှန်ကိုတော့ သူလက်ခံရမည်ဖြစ်လေသည်။

"လိုရင်းကို ထိသွားတယ်ဆိုတာ ငါသိတယ်… ဟဟ။" ဟု ချူးဖေ့ဟန်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ သို့သော် သူမက ကျီစားနေခြင်းသာ ဖြစ်လေသည်။

"ဒီနန်းတော်က ကြည့်ကောင်းပေမယ့် အရမ်းကို အန္တရာယ်များတဲ့ နေရာတစ်ခုပဲ။ နေ့ရက်တိုင်းမှာ လျှို့ဝှက်ပူးပေါင်းကြံစည်တာနဲ့ လိမ်လည်ကောက်ကျစ်တာတွေက အပြည့်ပဲ။ ဧကရာဇ်မင်းက မလုံခြုံဘူး။ အဲ့ဒီအစား ကြီးမားတဲ့ အန္တရာယ်နဲ့ သူ ရင်ဆိုင်ခဲ့ရတယ်။ သူက လုပ်ကြံခံရတာကနေ ကာကွယ်ဖို့ အမြဲတမ်း သတိထားနေခဲ့ရတယ်။" ဟု ကျန်းထျန်ပင်း က ပြောလိုက်သည်။

"နင်က ဧကရာဇ်မင်းတစ်ပါးဖြစ်ချင်တယ်ဆိုရင် လွယ်ပါတယ်။ နောက်ပိုင်း ငါ့ကုမ္ပဏီက ရှေးခေတ်ဒရမ်မာတွေအတွက် ဧကရာဇ်မင်း တစ်ပါး လိုတယ်ဆိုရင် ငါ နင့်ကို ရိုက်ခွင့်ပေးမယ်။ အဲ့ဒီဇာတ်ကောင်က အဓိကဇာတ်ကောင် မဟုတ်ရင်ပေါ့။ အဲ့ဒါက အဓိကဇာတ်ဆောင်ဆိုရင်တော့ ဒါရိုက်တာကို အပြည့်အဝ ထိန်းချုပ် ခွင့်ပေးရမှာ။ နင်က ဇာတ်ကောင်ကို ရချင်တယ်ဆိုရင် နင့့််ရဲ့ ပင်ကိုယ်အရည်အချင်းကို သုံးပြီး အစမ်းလုပ်ပြဖို့ သွားပါ။" ဟု ကုနင်းက ပြောလိုက်သည်။

အရေးကြီးသော ဇာတ်ကောင်တစ်ခုက ထူးချွန်သော သရုပ်ဆောင်မှုကို လိုအပ်ပေမယ့် ဟောင်ရန်က ထူးချွန်ပြောင်မြောက်သော သရုပ်ဆောင် တစ်ယောက် မဟုတ်ခဲ့ပေ။

ကုနင်းသည် သူမ၏ ကုမ္ပဏီက ထုတ်လုပ်သော တင်ဆက်မှုများ၏ အရည်အသွေးကို သေချာပြုလုပ်မှာဖြစ်သည်။ ဟောင်ရန်က သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်သောကြောင့် သူ့အား နောက်ပေါက်မှ သူမက ဝင်ခွင့်ပြုလိုက်မည်ဆိုလျှင် သူမသည် တာဝန်မဲ့သော အကြီးအကဲတစ်ယောက်သာ ဖြစ်လာပေလိမ့်မည်။ ဇာတ်ကောင်က အရေးမကြီးလျှင် ၎င်းက ပြဿနာရှိမည် မဟုတ်ပေ။

"မိုက်တာပေါ့။ ဖျော်ဖြေပွဲက ဇာတ်ကောင်နေရာကို ရက်ပိုင်းအတွင်း ညှိနိုင်ရင် အကောင်းဆုံးဖြစ်လိမ့်မယ်။ အဲ့ဒါက အချိန်ကြာရင် ငါသည်းခံနိုင်မှာမဟုတ်ဘူး။" ဟု ဟောင်ရန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သူတို့သည် ကြီးမားသော စတုရန်းပုံ လေးထောင့်ကွက်တစ်ခုဆီသို့ ဆက်လျှောက်လာခဲ့ကြသည်။ ထိုနေရာရှိ ကျင်းရွှေမြစ်သည် အနောက်မှ အရှေ့သို့ ကွေ့ပတ်ကာ စီးဆင်းနေခဲ့သည်။ ထိုမြစ်ကိုဖြတ်၍ တည်ဆောက်ထားသော ကျောက်တံတားက ငါးစင်းရှိပြီး လေးထောင့်ကွက်၏ နှစ်ဖက်စလုံးတွင် စင်္ကြံလမ်းများကို သေသေသပ်သပ် စီစဉ်ထားခဲ့သည်။

အစောထဲက တောင်ဘက်တံခါးအပြင်ဘက်တွင် ချူးဖေ့ဟန်နှင့် အခြားသူများသည် သူတို့၏ မိုဘိုင်းဖုန်းများကို အဆင်သင့်ပြင်ထား ခဲ့ကြပြီး တစ်လမ်းလုံး ဓာတ်ပုံများကို ရိုက်လာခဲ့ကြသည်။ ပထမတော့ သူတို့က ပတ်ဝန်းကျင်ရှုခင်းများကို ဓာတ်ပုံရိုက်ခဲ့ကြပြီး ယခုအခါ ကုနင်းကို ဆွဲခေါ်ကာ အတူတူ ဓာတ်ပုံရိုက်ခဲ့ကြသည်။

ကုနင်းက စိတ်ရှည်ရှည်ထားခဲ့ပြီး သူတို့လုပ်ချင်သော ဘယ်ဟာမဆို သူတို့အား လုပ်ခွင့်ပြုကာ သူမသည် တကယ့်ကို အကူအညီပေးနေခဲ့သည်။

ရင်ပြင်၏ရှေ့၌ Hall of Supreme Harmony ရှိလေသည်။

Hall of Supreme Harmony သည် လေးထောင့်ကွက်ကြီး ပတ်ပတ်လည်တွင်ရှိသော အဆင့်ထက် မီတာ(၃၀)ခန့် မြင့်ပြီး ၎င်းက အင်ပါယာ၏ အခမ်းအနားကျင်းပရာနေရာ ဖြစ်သည်။

ဥပမာအားဖြင့် ဧကရာဇ်မင်း ထီးနန်းအရိုက်အရာ ဆက်ခံခြင်း လက်ထပ်မင်္ဂလာ ဆင်ယင်ကျင်းပခြင်း၊ မိဖုရားအရာ တင်မြှောက် ခြင်း၊ ဧကရာဇ်မင်းက ပြည်သူများနှင့် စစ်ဘက်ဆိုင်ရာအရာရှိများ ထံမှ ဝမ်းမြောက်စကားများကို လက်ခံခြင်း နှင့် ဝန်ကြီးများကို ဂုဏ်ပြုထမင်းစားပွဲဖြင့် ဧည့်ခံခြင်းများ ပြုလုပ်ရာ၌ ဤခန်းမကို အသုံးပြုခဲ့သည်။

အောက်ခြေ စကျင်ကျောက် အဆင့်သုံးဆင့်အထက်တွင် တည်ဆောက်ထားပြီး ကြေးအမွှေးတိုင်ခွက်များဖြင့် ဝန်းရံထားသည့် Hall of Supreme Harmony သည် နန်းတော်များထဲတွင် အကြီးဆုံး သစ်သားအဆောက်အအုံဖြစ်လေသည်။

၎င်းက (၁၁) bays ကျယ်ဝန်းပြီး ပင်မခန်းက (၉)bays ကျယ်ကာ (၅) bays အနက်ရှိပြီး နံပါတ်(၉)နှင့် (၅)သည် ဧကရာဇ်မင်း၏ ခံညားထည်ဝါသော ဂုဏ်သိက္ခာနှင့် သင်္ကေတအားဖြင့် ဆက်စပ်နေခဲ့ သည်။ ရာဇပလ္လင်နှင့်အနီးဆုံးဖြစ်သော တိုင်ခြောက်တိုင်ကို ရွှေချ ထားပြီး ဧရိယာတစ်ခုလုံးကို နဂါးဒီဇိုင်းဖြင့် အလှဆင်ထားသည်။

အထူးသဖြင့် နဂါးရာဇပလ္လင်တွင် ကျောမှီနှင့် လက်ကိုင်များ၌ နဂါးငါးကောင်က ရစ်ခွေလျှက်ရှိသည်။ ပလ္လင်နောက်ဘက်ရှိ ခန်းဆီးတွင် နဂါးကိုးကောင်က ထင်ရှားနေခဲ့ပြီး ကိုးငါးအမှတ်သညာ ဖြင့် သရုပ်ဖော်မှုကို ထင်ဟပ်‌စေပြန်သည်။

…

ဤအချိန်၌ လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်တို့သည် အမျိုးသားသုဿန်၌ ရောက်ရှိနေခဲ့သည်။ သူတို့လာရာလမ်းတွင် ကျင်းယွင်ယောင်က ပန်းအနည်းငယ်ကို ဝယ်ယူလာခဲ့သည်။

လင်ယွမ်ဟန်၏ အုတ်ဂူကို သူတို့ တွေ့လိုက်ရသည်။ သင်္ချိုင်းဂူကမ္ပည်းကျောက်စာတိုင်ပေါ်တွင် လင်ယွမ်ဟန်နှင့် ယွင်ယောင်၏ ဓာတ်ပုံများ ရှိပေမယ့် အုတ်ဂူထဲမှာတော့ လင်ယွမ်ဟန်နှင့် အခြားအမျိုးသမီးတို့ ရှိနေခဲ့သည်။ လွန်ခဲ့သော (၁၅)နှစ်က သူတို့၏ အလောင်းများအား မီးမသင်္ဂြိုဟ်ခဲ့ပဲ လင်ယွမ်ဟန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို မြှုပ်နှံထားခဲ့တာဖြစ်သည်။

ဤနေရာသို့ မလာမီ ကျင့်ယွင်ယောင်က လင်ယွမ်ဟန်၏ ဓာတ်ပုံကို တွေ့ခဲ့ပြီးဖြစ်သော်လည်း ကမ္ပည်းကျောက်စာတိုင်ပေါ်မှ သူ၏ဓာတ်ပုံကို သူမ တွေ့လိုက်ရသည်နှင့် သူမသည် နှလုံးခုန်မြန်လာကာ တုန်လှုပ်ဆဲဖြစ်လေသည်။ သူမ၏ ခန္ဓာကိုယ်ကလည်း တုန်ရီလာပြီး သူမ၏လက်ထဲမှ ပန်းများမှာ လွတ်ကျလုနီးနီး ဖြစ်ခဲ့ရသည်။

ကျင်းယွင်ယောင်က ဖြည်းညှင်းစွာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး လင်ယွမ်ဟန်၏ ကမ္ပည်းတိုင်ရှေ့တွင် ပန်းများကို ထားလိုက်သည်။ ကမ္ပည်းတိုင်ပေါ်မှ သူနှင့် သူမ၏ ဓာတ်ပုံများကိုကြည့်ပြီး သူမ မထိန်းနိုင်တော့ပဲ ထပ်မံ၍ ငိုချလိုက်တော့သည်။

လင်ရှောင်းထင်က သူ့မိဘများ၏ အုတ်ဂူသို့ မရောက်တာကြာပြီ ဖြစ်သောကြောင့် ဤအချိန်၌ သူလည်း အတော်လေး ဝမ်းနည်းခဲ့ရသည်။ တကယ်တော့ သူ့အဖေကိုလည်း သူ မသေစေချင်ခဲ့ပေ။ သူ့အဖေက သူ့အမေကဲ့သို့ မမျှော်လင့်ပဲ ပေါ်လာဖို့ကို သူတောင့်တမိ ခဲ့သည်။

ကံမကောင်းစွာဖြင့် အုတ်ဂူထဲရှိ သေဆုံးနေသော အမျိုးသားက အမှန်တကယ်ပင် သူ၏ဖခင် ဖြစ်နေသောကြောင့် ၎င်းက သူ၏ ဆုတောင်းသာ ဖြစ်ခဲ့ရလေသည်။

တစ်မိနစ်အတွင်းမှာပင် ကျင်းယွင်ယောင်၏ မျက်လုံးများရှေ့၌ ရုတ်တရက် ဓာတ်ပုံများ တသီတတန်း ထွက်ပေါ်လာခဲ့သည်။ ဖန်းယွင်လုံ သူမအား ယခင်က ပြောဖူးခဲ့သော လင်ယွမ်ဟန်နှင့် သူမ၏ ပထမဆုံးအကြိမ် တွေ့ဆုံမှုကို ဓာတ်ပုံများမှ သူမ မြင်လိုက်ရသည်။ ဤအကြိမ်တွင် ၎င်းက သူမ ဖြတ်သန်းခဲ့သော အရာကို မှတ်မိအောင် ကူညီပေးခဲ့သောကြောင့် အရာရာတိုင်းက တကယ်ကို စစ်မှန်ပုံရလေသည်။

သို့သော် လင်ယွမ်ဟန်နှင့် ယွင်ယောင်တို့သည် (၁၃)နှစ်ကြာ အတူရှိခဲ့သောကြောင့် ပုံများမှ အရာရာတိုင်းကို တွေ့ရန်က သူမအတွက် မဖြစ်နိုင်ပေ။ သူမ မှတ်မိသည့် အရေးကြီးသော အရာတချို့ကိုသာ သူမ တွေ့ခဲ့ရသည်။

ကျင်းယွင်ယောင်သည် ပုံများကို ကြည့်ရင်း ဦးခေါင်းက ကိုက်ခဲလာပြီး ခဏအကြာတွင် သူမ မူးမေ့သွားတော့သည်။

"အမေ"

လင်ရှောင်းထင်က ကျင်းယွင်ယောင်ကို အချိန်မီ ထိန်းလိုက်သော ကြောင့် သူမ မြေပြင်ပေါ်သို့ လဲကျမသွားခဲ့ပေ။

ကျင်းယွင်ယောင် သတိလစ်သွားသောကြောင့် လင်ရှောင်းထင်က ထိုနေရာတွင် ကြာကြာမနေတော့ပေ။ သူက သူမကို ပွေ့ချီကာ ချက်ချင်း ထွက်လာခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် လင်ရှောင်းထင်က ကျင်းယွင်ယောင်၏ အသက်ရှူတာကို ခံစားနိုင်ဆဲဖြစ်သောကြောင့် သူမ အသက်အန္တရာယ်မရှိကြောင်း သူသိလိုက်သည်။ တကယ်တော့ ကျင့်ကြံသူတစ်ယောက်အတွက် ထိခိုက်ဖို့ဆိုတာက မလွယ်ကူလှပေ။

လင်ရှောင်းထင်က ကျင်းယွင်ယောင်ကို နောက်ဘက်ထိုင်ခုံများ ပေါ်တွင် လှဲသိပ်လိုက်ပြီး ကားကို မောင်းထွက်လာခဲ့သည်။

ကျင်းယွင်ယောင် နေမကောင်းသောကြောင့် လင်ရှောင်းထင်က ကုနင်းကိုတွေ့ဖို့ မသွားတော့ပဲ အနားယူရန်အတွက် သူမကို အိမ်သို့ ပြန်ခေါ်လာခဲ့သည်။

(၁၀)မိနစ်ဝန်းကျင်ကြာပြီးနောက် ကျင်းယွင်ယောင် သတိပြန်ရ လာပြီး ကားထဲတွင် ရောက်နေမှန်း သိလိုက်သောအခါ သူမ ထပ်၍ သတိလစ်သွားမှန်း သဘောပေါက်သွားခဲ့သည်။

"အမေ အဆင်ပြေရဲ့လား? ဘယ်နေရာမှာ မသက်မသာဖြစ်တာကို ခံစားရလဲ?" ဟု လင်ရှောင်းထင်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

"အမေနေကောင်းပါတယ်။ ကားကိုလမ်းမှာ ဘာလို့ ခဏမရပ် တာလဲ။ အမေ့ဟာအမေ ပြန်ကောင်းလာအောင် အကူအညီဖြစ်ဖို့ အမေ့ခန္ဓာကိုယ်ထဲမှာ စွမ်းအင်ကို လှည့်ပတ်လို့ရတယ်။" ဟု ကျင်းယွင်ယောင်က ပြောလိုက်သည်။

"ရတာပေါ့…" ဟု လင်ရှောင်းထင်က ပြောပြီး လမ်းဘေးတွင် ကားကို ထိုးရပ်လိုက်သည်။

ကားရပ်သွားသောအခါ ကျင်းယွင်ယောင်က ခြေထောက်များကို ယှက်၍ ထိုင်လိုက်ပြီး သူမခန္ဓာကိုယ်အနှံ့ စွမ်းအင်များကို လှည့်ပတ်ရန် စတင်လိုက်သည်။

(၅)မိနစ်ကြာပြီးနောက် ကျင်းယွင်ယောင်က ရပ်လိုက်ပြီး သူမ၏ မျက်နှာက ပုံမှန် ပြန်ဖြစ်လာတော့သည်။

***

အခန်း ၁၇၀၃ ကျွန်တော် တကယ် ဆန္ဒရှိတယ်….

"အမေ နင်းနင်းကို တွေ့ချင်လား။ ဒါမှမဟုတ် အိမ်ပြန်ချင်လား။" ဟု လင်ရှောင်းထင်က မေးလိုက်သည်။ သူက ယခု ကုနင်းကို တွေ့ချင်သော်လည်း ကျင်းယွင်ယောင်၏ ခန္ဓာကိုယ်နှင့် သဘောထား ကို ပိုဂရုစိုက်ခဲ့သည်။

"အမေအဆင်ပြေတယ်။ အခု နင်းနင်းကို သွားတွေ့ကြရအောင်။ အမေလည်း ပြတိုက်ကို သွားလည်ချင်တယ်…" ဟု ကျင်းယွင်ယောင်က ပြောလိုက်သည်။

ကျင်းယွင်ယောင်က တစ်ခုခုကို သတိရသွားခဲ့သည်။ သို့သော် ၎င်းက ဖြစ်စဉ်တစ်ခုလုံးမဟုတ်ခဲ့ပေ။ ၎င်းက အချိန်တိုအတွင်း၌သာ ဖြစ်ခဲ့ပေမယ့် သူမ၏ မှတ်ဉာဏ်များထဲမှာတော့ နန်းတော်မှ ပြတိုက်ကို တွေ့လိုက်ရသည်။

သူတို့က ပြတိုက်ကို အပျော်သွားလည်ခဲ့ကြခြင်း မဟုတ်ပဲ သူခိုး တစ်ယောက်ကို ဖမ်းဆီးရန် သွားခဲ့ကြခြင်းသည်။ ကံမကောင်းစွာဖြင့် သူမသည် ဖြစ်စဉ်၏ တစ်ပိုင်းတစ်စကိုသာ မှတ်မိလိုက်ပြီးနောက် မေ့လဲသွားသဖြင့် ကျန်သောအပိုင်းကို သတိရဖို့ကြိုးစားရန် ပြတိုက်သို့ သူမ သွားလည်ချင်ခဲ့သည်။

"ရတာပေါ့…" ဟု လင်ရှောင်းထင်က ပြောလိုက်သည်။

အတန်ကြာတိတ်ဆိတ်သွားပြီးနောက် လင်ရှောင်းထင်က ကျင်းယွင်ယောင်ကို ပြောလိုက်သည်။

"အခု (၁၁)နာရီထိုးပြီ။ ကျွန်တော်တို့ နန်းတော်ကို ရောက်တဲ့အခါ (၁၂)ထိုးလောက်ပြီ။ နောက်ပြီးကျရင် နေ့လည်စာ အတူတူ စားမယ်လို့ပြောဖို့ နင်းနင်းဆီကို အမေ ဘာလို့ ဖုန်းမခေါ်တာလဲ။"

"ကောင်းတာပေါ့။" ဟု ကျင်းယွင်ယောင်က ပြောကာ ကုနင်းကို ဖုန်းဆက်လိုက်သည်။

ခန်းမက ကြီးလွန်းပြီး လမ်းတလျှောက် သူတို့ ဓာတ်ပုံများ ရိုက်နေကြ သောကြောင့် ဤအချိန်၌ ကုနင်းနှင့် သူမ၏ သူငယ်ချင်းများသည် Hall of Supreme Harmony ထဲတွင် လှည့်ပတ်ကြည့်နေကြဆဲဖြစ်သည်။

ကျင်းယွင်ယောင်က လင်ရှောင်းထင်၏ မက်ဆေ့(ချ်)ကို ကုနင်းထံသို့ ပို့လိုက်သောအခါ ကုနင်းက သေချာပေါက် သဘောတူခဲ့လေသည်။

လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်တို့က မိနစ်(၄၀)တွင် ရောက်မှာဖြစ်ပြီး ကုနင်းနှင့် သူမ၏သူငယ်ချင်းများကလည်း Hall of Supreme Harmony ပတ်လည်ကို လမ်းလျှောက်ခြင်းက (၁၀)မိနစ် အကြာတွင် ပြီးဆုံးမှာဖြစ်သည်။ ထို့ကြောင့် သူတို့သည် အပြင်ဘက်တွင် ထမင်းစားပြီး အထဲသို့ ပြန်လာကြမှာဖြစ်သည်။

သူတို့ ထွက်သွားပြီးလျှင် လက်မှတ်များကို ပြန်ဝယ်ဖို့ လိုမှာဖြစ်သော်လည်း ကုနင်းက ဂရုမစိုက်ပေ။

လင်ရှောင်းထင်လာနေကြောင်း ကြားသောအခါ ကုနင်း၏ သူငယ်ချင်းများက စိတ်လှုပ်ရှားသွားတော့သည်။ သူတို့က သူ့ကို မလာစေချင်တာကြောင့် မဟုတ်ပဲ လေးစားသောကြောင့် ဖြစ်သည်။ တကယ်တော့ လင်ရှောင်းထင်က သူတို့နိုင်ငံတွင် အငယ်ဆုံး ဗိုလ်ချုပ်ကြီးဖြစ်သောကြောင့် သူ့ကိုတွေ့ဖို့ သူတို့ စိတ်လှုပ်ရှားခဲ့ကြသည်။ သူ့ကို လူကိုယ်တိုင်တွေ့နိုင်သောသူက သိပ်မများလှပေ။

ကုနင်းသည် သူမ၏ ယခင်ဘဝတုန်းက နန်းတော်သို့ လည်ပတ်ခဲ့ဖူးပြီး ပြီးခဲ့သောညက အိပ်ယာမဝင်မီ ကြိုတင်ပြင်ဆင်မှုကို ပြုလုပ်ခဲ့သောကြောင့် အရသာရှိသော အစားအစာများ ရှိသောနေရာကို သူမ သိခဲ့သည်။

စတုရန်းပုံ လေးထောင့်ကွက်ကြီး၏ အနောက်ဘက်ခြမ်းတွင် သာမန်အစားအစာများ ရှိသောကြောင့် အစပိုင်း၌ ကုနင်းနှင့် သူမ၏သူငယ်ချင်းများက နန်းတော်ထဲတွင် သာမန်ကာလျှံကာ စားရန် စီစဉ်ထားခဲ့သည်။ သို့သော် လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်တို့က သူတို့နှင့် နေ့လည်စာ အတူစားမှာ ဖြစ်သောကြောင့် အစားအစာ ကောင်းကောင်းကို ရွေးချယ်ရန် သူတို့ ဆုံးဖြတ်လိုက်ကြသည်။

စားသောက်ဆိုင်ကောင်းကောင်းတစ်ခုကို ရောက်ဖို့ မိနစ်အနည်းငယ်ကြာ ကားမောင်းရန် လိုအပ်သဖြင့် သူတို့သည် ကားပါကင်သို့ တန်းသွားခဲ့ကြသည်။

ကုနင်းရွေးချယ်ထားသော စားသောက်ဆိုင်ကို တော်ဝင်စားတော်ပွဲဟု ခေါ်လေသည်။ ၎င်းက ခေတ်မီအဆောက်အအုံဖြစ်သော်လည်း ရှေးခေတ်ပုံစံဖြင့် အလှဆင်ထားသည်။ ၎င်းတွင် သီးသန့်ခြံဝန်း၊ အတုလုပ်ထားသော တောင်များနှင့် ရှုခင်းကြည့်ရန် အဆောက်အအုံ ငယ်များဖြင့် ကောင်းမွန်သော ပတ်ဝန်းကျင်လည်း ရှိလေသည်။

ကုနင်းက ဤနေရာတွင် ယနေ့ ညစာလာစားရန် အမှန်တကယ် စီစဉ်ထားခဲ့ပေမယ့် အစီအစဉ်ကို ရှေ့သို့ ရွှေ့လိုက်လေသည်။ သူမတွင် မနေ့ထဲက အစီအစဉ်ရှိပြီးသားဖြစ်သောကြောင့် အစောက ဖုန်းရလိုက်ချိန်တွင် သူမက ကျင်းယွင်ယောင်အား လိပ်စာကို ချက်ချင်း ပြောလိုက်သည်။

ကျင်းယွင်ယောင်ရော လင်ရှောင်းထင်ပါ အစားဂျီးများသူများ မဟုတ်သောကြောင့် သူတို့မလာမီ ဟင်းပွဲများ ကြိုမှာထားရန် ကုနင်းအား ပြောခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူတို့၏ စားစရာများကို ပြင်ဆင်ချက်ပြုတ်ရန်အတွက် အချိန်အနည်းငယ် ကြာမှာဖြစ်သည်။

ကုနင်းက သီးသန့်ခန်းတစ်ခန်းကို ကြိုတင်နေရာယူလိုက်ပြီး သူမ၏ သူငယ်ချင်းများအား သူတို့စားချင်တာမှန်သမျှကို မှာယူရန် ပြောလိုက်သည်။ သူမက ကျင်းယွင်ယောင်ထံသို့ မက်ဆေ့(ချ်)ပို့ကာ သီးသန့်ခန်းနံပါတ်ကို ပြောလိုက်သည်။

မှာပြီးနောက် ကုနင်းက လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်တို့ကို အပြင်ဘက်တွင် သူမ စောင့်နေတုန်း သူမ၏ သူငယ်ချင်းများအား သီးသန့်ခန်းထဲတွင်စောင့်ရန် ပြောလိုက်သည်။

အချိန်(၁၀)မိနစ်နီးပါးကြာပြီးနောက် လင်ရှောင်းထင်၏ကားက ရောက်လာပြီး ကုနင်း၏ကားဘေးတွင် ရပ်လိုက်သည်။

"ဟိုင်း… အမေ… ရှောင်းထင်…"

ကုနင်းက သူတို့ထံ လျှောက်သွားလိုက်သည်။

"မင်းစောင့်နေရတာကို တောင်းပန်ပါတယ်…" ဟု ကျင်းယွင်ယောင်က အနည်းငယ် ကသိကအောက်ဖြစ်ကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့။ ဟင်းပွဲတွေက ခုထိ စားပွဲပေါ် မရောက်သေးပါဘူး။" ဟု ကုနင်းက ပြောလိုက်သည်။

ထို့နောက် သူတို့ အတူတူ ဝင်လာခဲ့ကြသည်။

သီးသန့်ခန်း၏ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ချူးဖေ့ဟန်နှင့် အခြားသူများက တစ်ပြိုင်နက်တည်း ထရပ်လိုက်ကြသည်။ သူတို့သည် ယခင်က လေ့ကျင့်ထားသလို ထင်ရပေမယ့် တကယ်တမ်းကျတော့ သူတို့ စိတ်လှုပ်ရှားနေခဲ့ကြတာဖြစ်သည်။

ထို့နောက် သူတို့က လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်တို့ကို အတူတူ နှုတ်ဆက်လိုက်ကြသည်။

"တွေ့ရတာ ဝမ်းသာပါတယ်… မစ္စတာလင်နဲ့ မစ္စလင်…"

လင်ရှောင်းထင်က ပေါ့ပါးသွက်လက်စွာ တုန့်ပြန်ခဲ့ပေမယ့် နောက်ထပ် ဘာမှ မပြောခဲ့ပေ။

ကျင်းယွင်ယောင်က သူတို့အား ပြုံးပြလိုက်သည်။

" တွေ့ရတာဝမ်းသာပါတယ်…"

နောက်တော့ သူတို့သည် စားပွဲဝိုင်းပတ်လည်တွင် သွားထိုင်ခဲ့ ကြသည်။ လင်ရှောင်းထင်ဘေးတွင် သူတို့ထိုင်ရလျှင် တခြားသူများ အဆင်မပြေဖြစ်မှာကို စိုးရိမ်ကြသောကြောင့် ကုနင်းနှင့် ကျင်းယွင်ယောင်က လင်ရှောင်းထင်၏ ဘေးတစ်ဖက်တစ်ချက်စီတွင်ခွဲထိုင်လိုက်ကြသည်။

တကယ်တော့ လင်ရှောင်းထင်ဘေးတွင် သူတို့မထိုင်သော်လည်း သူတို့က စိတ်လှုပ်ရှားနေဆဲဖြစ်ပြီး လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်တို့ လာပြီးနောက် သူတို့ ငြိမ်ကျသွားခဲ့သည်။

သို့သော် ကျင်းယွင်ယောင်က သူတို့ထက် အသက်ကြီးသူ ဖြစ်သော ကြောင့် သူတို့က သူမ၏ရှေ့တွင် ဣန္ဒြေရရနေရန် သူတို့ကိုယ်သူတို့ ဂရုစိုက်ခဲ့ကြသည်။

စားသောက်နေစဉ်အချိန်အတွင်း လူတိုင်းက ငြိမ်သက်နေခဲ့လျှင် စိတ်ကသိကအောက်ဖြစ်မှာဖြစ်သောကြောင့် ကုနင်းက နောက်ပိုင်းတွင် လွတ်လပ်ပြီး သက်သောင့်သက်သာဖြစ်သော အခြေအနေကို ဖန်တီးယူခဲ့သည်။

ထိုအခါမှ သူတို့လည်း တဖြည်းဖြည်း စိတ်အေးလက်အေး ဖြစ်သွားခဲ့ကြသည်။

"မစ္စတာလင်၊ ကျွန်မတို့ရဲ့ ဘော့စ်နဲ့ လက်ထပ်ဖို့ အစီအစဉ်ရှိလား။" ဟု ချူးဖေ့ဟန်က မေးလိုက်သည်။

"ဒါပေါ့၊ ကျွန်တော် တကယ် ဆန္ဒရှိပါတယ်။" ဟု လင်ရှောင်းထင်က ပြောလိုက်သည်။ ကျင်းယွင်ယောင်က သူ့ဘေးတွင်ရှိနေသော်လည်း သူ ထိုမေးခွန်းကို ရင်ဆိုင်ရသောအခါ သူ လုံးဝ စိတ်မထင့်ခဲ့ပေ။

"အမ်း… နင်းနင်းက လက်ထပ်ဖို့ အရမ်းငယ်လွန်းပေမယ့် ရှင်အရင်ဆုံး စေ့စပ်ထားလို့ရတာပဲ။ ရှင့်မှာ အဲ့ဒီလိုလုပ်ဖို့ အစီစဉ်ရှိလား?" ဟု ချူးဖေ့ဟန်က ထပ်မေးလိုက်သည်။

"ဒါပေါ့… ကျွန်တော့်ရဲ့ အဘိုးက သခင်ကြီးထန်နဲ့ ပြောပြီးပါပြီ။ ကျွန်တော်တို့က ဒါကို ဖြစ်နိုင်သမျှ မြန်မြန်ပြီးချင်ပေမယ့် ကျွန်တော်တို့ရဲ့ မွေးရက်နဲ့ ဇာတာခွင် အက္ခရာရှစ်လုံးကို ကြည့်တော့ ဒီနှစ်ထဲမှာ ကောင်းတဲ့ရက်မရှိဘူးလို့ သခင်ကြီးထန်က ပြောတယ်။" ဟု လင်ရှောင်းထင်က ပြောလိုက်သည်။ ထိုသို့ ပြောလာသောအခါ နောက်နှစ်ကို သူစောင့်ရမှာဖြစ်သောကြောင့် လင်ရှောင်းထင် စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်။

"ဘယ်လို"

ထိုစကားကိုကြားသောအခါ ကုနင်းက သူတို့အား ထိုသို့ တစ်ခါမှ မပြောဖူးသောကြောင့် လူတိုင်းက ကုနင်းကို လှည့်ကြည့် လိုက်ကြသည်။

"ဘော့စ်… ငါတို့ကို ဘာကြောင့် မပြောခဲ့တာလဲ? ငါတို့ကို

လျှို့ဝှက်ထားဖို့ ရှင်စီစဉ်ထားတာလား?" ဟု ချူးဖေ့ဟန်က ကုနင်းကို စိတ်ဆိုးမာန်ဆိုးဖြင့် မေးလိုက်သည်။

"ငါတို့ စေ့စပ်ဖို့ မအောင်မြင်ခဲ့ပါဘူး။ ရက်သတ်မှတ်ပြီးတဲ့အခါ နင့်ကို ငါပြောပါ့မယ်။" ဟု ကုနင်းက ပြောလိုက်သည်။ သူမ ဘာအမှားမှ လုပ်ခဲ့သည်ဟု မထင်ခဲ့ပေ။

ချူးဖေ့ဟန်က ခဏမျှ ငြိမ်ကျသွားနောက် ၎င်းကို လက်ခံခဲ့သည်။

"ကောင်းပြီလေ…"

ကုနင်းက သူတို့အား လျစ်လျူရှုမည်မဟုတ်မှန်းကို သူတို့သိသောကြောင့် ချူးဖေ့ဟန်က မကျေမနပ်ပြောယုံမျှသာ ဖြစ်ခဲ့သည်။

***

အခန်း ၁၇၀၄ ကျွန်မ ရာသီလာနေတယ်…

ကုနင်းက ပြောပြီးသားဖြစ်သောကြောင့် ကျင်းယွင်ယောင်က မအံ့ဩခဲ့ပေ။

ခဏကြာ စကားစမြည်ပြောပြီးနောက် ဟင်းပွဲများအားလုံးက စားပွဲပေါ် ရောက်လာပြီး သူတို့ စတင် စားသောက်ခဲ့ကြသည်။

သူတို့ နန်းတော်သို့ ထပ်မသွားမီ နေ့လည်စာစားပြီးချိန်တွင် သူတို့ ခဏနားခဲ့ကြသည်။ ကျင်းယွင်ယောင်က လင်ရှောင်းထင်၏ ကားထဲ တွင် မလှုပ်မယှက် ထိုင်နေခဲ့ပြီး ကုနင်းက သူမ၏ သူငယ်ချင်းများကို နန်းတော်သို့ ကားမောင်းပို့ခဲ့သည်။

ဤတစ်ခါ သူတို့ နန်းတော်သို့မဝင်မီ လင်ရှောင်းထင်က လက်မှတ်သွားဝယ်ခဲ့သည်။

ကျင်းယွင်ယောင်က ပြတိုက်သို့ သွားရန် ရည်ရွယ်ချက်ဖြင့် နန်းတော်သို့ လာခဲ့ခြင်းဖြစ်သည်။ ကုနင်းနှင့် သူမ၏ သူငယ်ချင်းများ က Hall of Supreme Harmony ထဲတွင် လှည့်ပတ်ကြည့်ရှု ပြီးခဲ့ပြီဖြစ်သည်။ သူတို့၏ နောက်ထပ်မှတ်တိုင်က ပြတိုက် ဖြစ်သော ကြောင့် Hall of Supreme Harmony တွင် မရပ်တော့ပဲ ၎င်းကိုဖြတ်ကာ ပြတိုက်သို့ သွားခဲ့သည်။

လမ်းတွင် ကျင်းယွင်ယောင်က သူမနှင့် လင်ရှောင်းထင်တို့ လင်ယွမ်ဟန်၏ အုတ်ဂူသို့သွားချိန်တွင် သူမ ဖြစ်ပျက်ခဲ့သောအရာကို ကုနင်းအား ပြောပြခဲ့သည်။ ထို့ကြောင့် သူမ သွားမည့်နေရာသို့သာ တန်းသွားမှာဖြစ်ပြီး သူတို့နှင့်အတူ ဖြည်းဖြည်းချင်း ဟိုဟိုသည်သည် သွားမည် မဟုတ်ပေ။

ပြတိုက်က ကြီးမားလွန်းသောကြောင့် နေရာများနှင့် အခန်းများ များစွာရှိလေသည်။ မင်းဆက်တစ်ဆက်က နေရာတစ်နေရာမှာ ဖြစ်ပြီး ခန်းမကြီးတစ်ခုထဲတွင် အရာအားလုံးကို ပြသထားခြင်း မဟုတ်ပေ။

ကျင်းယွင်ယောင်သည် လင်ရှောင်းထင်ကြောင့် လိုက်လာခဲ့ရသော်လည်း သူမသည် ထူးခြားသော အခြေအနေတွင် ရှိသောကြောင့် ကုနင်းက သူမကို တစ်ယောက်ထဲ ထားခဲ့မည် မဟုတ်ပေ။ ထို့ကြောင့် ကုနင်းက ချူးဖေ့ဟန်နှင့် သူမ၏ အခြားသူငယ်ချင်းများကို သူတို့ဟာသူတို့ လှည့်ပတ်ကြည့်ရှုရန် ပြောလိုက်ပြီး သူမက ကျင်းယွင်ယောင်နှင့်အတူ အခြားအရာများကို သွားကြည့်မှာ ဖြစ်သည်။

သူတို့ကြည့်မည့်အရာနှင့်ပတ်သက်ပြီး ကုနင်းက သူတို့အား အသေးစိတ် အများကြီးမပြောပြခဲ့ပေ။ သူမ၏သူငယ်ချင်းများက ပါးနပ်သောကြောင့် ထိုအကြောင်းကို နောက်ထပ် မမေးခဲ့ပေ။

ကုနင်းက သူမ၏ ယခင်ဘဝတုန်းက ဤပြတိုက်သို့ လာခဲ့သောကြောင့် ထိုနေရာ၌ ရှေးဟောင်းပစ္စည်းများ များစွာရှိကြောင်းကို သူမ သိထားခဲ့သည်။ ဤပြတိုက်ရှိ ရှေးဟောင်းပစ္စည်းများဖြင့် နှိုင်းယှဉ်သောအခါ သူမ၏ စိတ်စွမ်းအင်အာကာပြင် ထဲရှိ အရာများက ဖော်ပြဖို့ မထိုက်တန်တော့ပေ။

ဘာပဲဖြစ်ဖြစ် နန်းတော်က ချန်ထားခဲ့သော ယဉ်ကျေးမှု အမွေအနှစ် အများစုကို ဤနေရာတွင် ထိန်းသိမ်းထားပြီး ရှေးခေတ်အချိန်များ ကတည်းက အချမ်းသာဆုံးမှာ နန်းတော်ထဲမှ လူများ ဖြစ်ကြသည်။

ထိုနေရာတွင် မျိုးဆက်(၃)ဆက်စာ သက်တမ်းရှိသော စပျစ်ဝိုင်အိုး၊ ရှေးဟောင်း ကျောက်စိမ်းပစ္စည်းများ၊ ထန်၊ စုန့်၊ ယွမ် နှင့် မင်မင်းဆက်များ၏ ကျော်ကြားသော လက်ရေးပန်းချီကားများ၊ စုန့်နှင့် ယွမ် ကြွေထည်မြေထည်ပစ္စည်းများ၊ကြွေရည်သုတ်၊ ယွန်းထည်ပစ္စည်း၊ ရွှနေှင့် ငွေထည်ပစ္စည်း၊ ဝါးနှင့် သစ်သားဘီးစိပ်များ၊ ရွှနေှင့် ကြေးနီဖြင့်လုပ်ထားသော ရုပ်ထု၊ ရုပ်ပွားတော်များ၊ ဧကရာဇ်များနှင့် ကိုယ်လုပ်တော်များ၏ ရှေးခတ်ဝတ်စုံများ၊ အဝတ်အစားနှင့် ပရိဘောဂများ ရှိလေသည်။

အဖိုးတန်သော အရာမျိုးစုံကို ထိုနေရာတွင် စုစည်းထားသည်။ ထို့အပြင် ထိုနေရာ၌ စာအုပ်များ၊ ဂန္တဝင်စာအုပ်စာပေများနှင့် စာရွက်စာတမ်းဖိုင်များ အများအပြား ရှိလေသည်။

ဤအကြောင်းကြောင့် နန်းတော်ပြတိုက်တွင် ရှေးဟောင်းပစ္စည်းများ ပြတိုက်၊ စာကြည့်တိုက်တစ်ခုနှင့် သတင်းမှတ်တမ်းခန်းမတစ်ခုတို့ ရှိပြီး ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များကို ဆက်လက်စုစည်းရန် အတွက် လူအင်အားကို စနစ်တကျ ဖွဲ့စည်းထားခဲ့သည်။

တကယ်တော့ ကုနင်း၏ စိတ်စွမ်းအင်အာကာပြင် ထဲတွင် တန်ဖိုးမဖြတ်နိုင်သော တစ်စုံတစ်ခုလည်း ရှိလေသည်။ ထိုကြေးခေါင်းလောင်းများက ယွမ်ဘီလီယံများစွာ တန်ဖိုးရှိပြီး ၎င်းက ပြတိုက်ထဲတွင်လည်း တန်ဖိုးအရှိဆုံးပစ္စည်းများထဲမှ တစ်ခုဖြစ်ပေလိမ့်မည်။

ကုနင်းက လူမြင်ကွင်းတွင် ကြေးခေါင်းလောင်းအစုံကို ပြလိုက်လျှင် ဂီတနှင့် ရှေးဟောင်းပစ္စည်းများနယ်ပယ်တွင် အကြီးအကျယ် အုတ်အောင်သောင်းတင်း ဖြစ်သွားပေလိမ့်မည်။ ကြီးမားသော ဂီတအဖွဲ့များနှင့် အဓိကကျသော ပြတိုက်များက ၎င်းအတွက် တစ်ဖက်နှင့်တစ်ဖက် ယှဉ်ပြိုင်ကြမှာ သေချာသည်။

ထိုအရာကို တွေးမိပြီး ကုနင်းက ကြေးခေါင်းလောင်းအစုံကို သူမ ရောင်းသင့်သည်ဟု တွေးမိလိုက်သည်။ ထိုအချိန်တွင် ကုနင်းသည် သူမ၏ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်တွင် ကြော်ငြာနိုင်သည်။

သူမက ရှေးဟောင်းပစ္စည်းများကို စုဆောင်းရာ၌ စိတ်မဝင်စားခဲ့ပေ။

သူမတွင် ကျောက်စိမ်းမျက်ဝန်းတစ်စုံရှိသောကြောင့် ဤလုပ်ငန်းတွင် ပါဝင်လာခဲ့ပြီး သူတို့နှင့်အတူ အဖိုးတန်သော အရာများကို ရှာဖွနေိုင်ခဲ့တာဖြစ်သည်။ သူမသည် အဖိုးတန်ရှေးဟောင်းပစ္စည်းများကို ရှာခဲ့ပြီးနောက် ငွေအတွက် သူတို့ကို ရောင်းချရန် လိုအပ်ခဲ့သည်။

အားလုံးကိုခြုံကြည့်ရလျှင် ကုနင်း၏ မျက်လုံးများထဲတွင် ရှေးဟောင်းပစ္စည်းများထက် ငွေကသာ ပိုအရေးကြီးလေသည်။

ကံမကောင်းစွာဖြင့် သူမသည် တစ်ကြိမ်ထဲနှင့် ရှေးဟောင်းပစ္စည်းများစွာကို မရောင်းချနိုင်လျှင် သူမ ဒုက္ခရောက်မှာဖြစ်သောကြောင့် ထိုပစ္စည်းများကို သူမ၏ စိတ်စွမ်းအင်အာကာပြင် ထဲတွင်သာ ထည့်ထားခဲ့ပြီး သူမ၏ ရှေးဟောင်းပစ္စည်းဆိုင်၌ ဖြည်းဖြည်းချင်း ရောင်းချခဲ့သည်။

ကုနင်းသည် ယခု အချိန်အတော်ကြာသည်အထိ ရှန်းယွင်ရှေးဟောင်း ပစ္စည်းဆိုင်သို့ ကုန်ပစ္စည်းများ မပို့ခဲ့တာကို သူမ သတိမထားမိခဲ့ပေ။

သူတို့သည် ရှေးဟောင်းပစ္စည်းများကို နေ့တိုင်း မရောင်းရ သော်လည်း ရှေးဟောင်းပစ္စည်း တစ်ဒါဇင်သည် ဝယ်ယူသူများ၏ လိုအပ်ချက်ကို တစ်ခဏမျှ ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ စင်ပေါ်တွင် ရက်အတန်ကြာ ကျန်ခဲ့သော ရှေးဟောင်းပစ္စည်းများက လူကြိုက် မများခဲ့ပေ။ ထို့ကြောင့် ထိုပစ္စည်းများက ဝယ်သူများအား ပိုဆွဲဆောင်နိုင်ရန် ပစ္စည်းအသစ်များဖြင့် သူတို့ အစားထိုးသင့် သည်ဟု အဓိပ္ပာယ် သက်ရောက်လေသည်။

ကုနင်းက ရက်အနည်းငယ် အားလပ်သောခါ ရှန်းယွင်ရှေးဟောင်း ပစ္စည်းဆိုင်သို့ သွားရန် ဆုံးဖြတ်လိုက်သည်။ ကြေးခေါင်းလောင်းအစုံကိုတော့ လေလံပွဲကြီးတစ်ခု ရှိသောအခါ သူမက လူသိရှင်ကြားကန်ပိမ်းတစ်ခု ပြုလုပ်မှာဖြစ်သည်။

ကုနင်းက ပြတိုက်အနီးသို့ လျှောက်လာစဉ် မှော်စွမ်းအင်ကို ခံစားလိုက်ရပြီး သူမ ပြတိုက်ထဲ ဝင်လိုက်ပြီးနောက် ၎င်းက သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါ မသက်မသာ ခံစားခဲ့ရသည်။ကုနင်းက ဇဝေဇဝါဖြစ်ကာ မျက်မှောင်ကြုတ်လိုက်သည်။ မှော်စွမ်းအင်က အားကောင်းလွန်းပြီး ၎င်းကို သူမ ရုတ်တရက် လက်မခံနိုင်တာကြောင့်လား။

ကုနင်းက မှော်စွမ်းအားကို စုပ်ယူရန် ကြိုးစားလိုက်ပေမယ့် ကျင်းယွင်ယောင်ရှေ့တွင် သူမအကြောင်းကို အများကြီး ထုတ်ဖော် ခဲ့ပြီးသားဖြစ်သောကြောင့် ကျင်းယွင်ယောင်ရှေ့တွင် သူမကိုယ်သူမ များစွာ ဖော်မပြချင်တော့ပေ။ လင်ရှောင်းထင် တစ်ယောက်ထဲသာ သူမ၏ဘေးတွင် ရှိခဲ့လျှင် သူက သူမ၏ ကျောက်စိမ်းမျက်ဝန်းကို သိထားသောကြောင့် သူမ စိုးရိမ်မည် မဟုတ်ပေ။

သူမက အနည်းငယ် ကသိကအောက်ဖြစ်သော်လည်း ၎င်းကို သည်းခံနိုင်သေးသောကြောင့် ဘေးဖယ်ထားလိုက်ပြီး ကျင်းယွင်ယောင် သွားချင်သောနေသို့ လိုက်သွားခဲ့သည်။

ကျင်းယွင်ယောင်က သူမ၏ မှတ်ဉာဏ်တချို့ကို ပြန်ရခဲ့သောကြောင့် ဤပြတိုက်က သူမအတွက် မထူးဆန်းခဲ့ပေ။ ထို့ကြောင့် သူမက လင်ရှောင်းထင်နှင့် ကုနင်းတို့ကို လက်ရေးနှင့်ပန်းချီပြခန်းနေရာသို့ ခေါ်လာခဲ့သည်။

ကျင်းယွင်ယောင်က 'ချင်းမင်ပွဲတော်အတွင်း မြစ်ကြောင်း တစ်လျှောက်' ဟု အမည်ရသော ပန်းချီကားရှေ့သို့ တန်းသွားကာ မေးလိုက်သည်။

"ဒါက လွန်ခဲ့တဲ့ (၂၇)နှစ်က အခိုးခံခဲ့ရတဲ့ဟာလား…"

"ဟုတ်တယ်… ဒါက လွန်ခဲ့တဲ့ (၂၇)နှစ်က အခိုးခံခဲ့ရပြီး နောက်မှ ပြန်ယူလာခဲ့တာပါ…" ဟု လင်ရှောင်းထင်က ပြောလိုက်သည်။

လင်ရှောင်းထင်က ၎င်းကို သတိထားမိပေမယ့် ဘယ်သူ ပြန်ယူလာခဲ့ မှန်းတော့ သူ မသိခဲ့ပေ။ သူက ၎င်းနှင့်ပတ်သက်ပြီး သိပ်ဂရုမစိုက်ချေ။ ၎င်းသည် သူ မမွေးမီက ဖြစ်ပျက်ခဲ့တာဖြစ်သည်။

"ငါ့မှတ်ဉာဏ်ထဲမှာ ဒီနေရာကို ဒီပန်းချီကားအတွက် ငါရောက်လာခဲ့တယ်… ဒါက အခိုးခံရပြီး ပြန်ထားထားပေမယ့် နောက်ထပ် ဖြစ်ခဲ့တဲ့ဟာကို ငါ မမှတ်မိတော့ဘူး…" ဟု ကျင်းယွင်ယောင်က ပြောလိုက်သည်။ သူမသည် ၎င်းကို ယခု ကြည့်နေခဲ့သော်လည်း သူမ ဘာကိုမှ မမှတ်မိနိုင်ခဲ့ပေ။

"နင်းနင်း … မင်း အဆင်ပြေရဲ့လား… မင်းရဲ့ မျက်နှာက ဖြူဖျော့ နေသလိုပဲ… မင်း အနေရခက်နေတာလား…"

ထိုအချိန်၌ လင်ရှောင်းထင်သည် ကုနင်းကို တစ်ချက်ကြည့်ကာ သူမ၏ဖြူဖျော့သောမျက်နှာကို မြင်ခဲ့ရသည်။

ထိုစကားကိုကြားသောအခါ ကျင်းယွင်ယောင်က ကုနင်းကို ချက်ချင်းကြည့်လိုက်သည်။ သူမ၏ ဖြူဖျော့သောမျက်နှာကို တွေ့သောအခါ ကျင်းယွင်ယောင်လည်း စိတ်ပူသွားခဲ့သည်။

"ကျွန်မလား…"

ကုနင်း အံ့အားသင့်သွားခဲ့သည်။

"ကျွန်မ လုံးဝ မသက်မသာ မဖြစ်ပါဘူး…"

ကုနင်းက ထိုသို့ပြောကာ ကောင်းချင်ယောင်ဆောင်လိုက်ပေမယ့် သူမ မဟန်မှန်းကို ကောင်းကောင်းသိခဲ့သည်။ သူမ ဤနေရာသို့ ဝင်ကတည်းက တကယ့်ကို မသက်မသာ ဖြစ်ခဲ့ရသည်။ မှော်စွမ်းအင်က သူမကို တိုက်ခိုက်နေချိန်တွင် သူမ ဖိစီးမှုကို အတော်လေး ခံစားခဲ့ရသည်။

"တကယ်လား…"

လင်ရှောင်းထင်က စိုးရိမ်တကြီးဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

ထိုအခါ ကုနင်းက ချက်ချင်း ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့သည်။

"အမ်း… ကျွန်မရဲ့ အစာအိမ်နည်းနည်း နာလို့ပါ… ဒါပေမယ့် မစိုးရိမ်ရပါဘူး… ကျွန်မ ရာသီလာနေလို့လဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်… ရှင်ဘာလို့ ဒီနေရာတဝိုက်ကို သွားမကြည့်တာလဲ… ကျွန်မ အမျိုးသမီးသန့်စင်ခန်းထဲ သွားလိုက်အုံးမယ်… ပြီးမှ ကျွန်မ ရှင့်ကို ခေါ်လိုက်မယ်…"

ထိုစကားကိုကြားသောအခါ လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်က

ခေါင်းညိတ်လိုက်သည်။ မတူသော မိန်းကလေးများတွင် သူတို့၏ ရာသီလာချိန်၌ မတူညီသောတုန့်ပြန်မှုများ ရှိတတ်သည်။

ထို့ကြောင့် လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်တို့သည် ကုနင်း၏စကားများကို သံသယမဝင်ပဲ လက်ခံခဲ့ကြသည်။ ထို့နောက် ကုနင်းသည် အမျိုးသမီးသန့်စင်ခန်းသို့ ထွက်သွားတော့သည်။ သို့သော် သူမအခန်းအပြင်သို့ ထွက်လိုက်သည်နှင့် သူမ၏ မျက်နှာပေါ်တွင် ပြင်းထန်သော နာကျင်မှုကို ပြသလာခဲ့သည်။

All Chapters