← Chapters

အခန်း (၁၇၀၅-၁၇၁၀)

Vol. 107 Ch. 1705-1710

အခန်း (၁၇၀၅-၁၇၁၀)

Vol. 107 Ch. 1705-1710

အခန်း ၁၇၀၅ လင်ရှောင်းထင်၏ ကျောင်းနေဖက်ဟောင်း

ထို့အပြင် ကုနင်းသည် မသက်မသက်ခံစားရယုံမျှမက သူမကို တစ်စုံတစ်ခုက တစ်နေရာရာသို့ ဆွဲခေါ်နေသလိုလည်း ခံစားခဲ့ရသည်။ အစောပိုင်းက ထွက်သွားရန် သူမအတွက် အဆင်မပြေပေမယ့် ယခုအခါ ထူးဆန်းသော ခံစားချက်နောက်သို့ လိုက်ရန် သူမ ဆုံးဖြတ်လိုက်သည်။

သူမ ‌လျှောက်လာသည်နှင့်အမျှ ခံစားမှုက ပို၍ပြင်းထန်လာပြီး ကုနင်းသည် အကွာအဝေးနှင့် စိတ်လှုပ်ရှားမှုကို ခံစားနိုင်ခဲ့သည်။

သို့သော် ၎င်းက သူမ မထိန်းချုပ်နိုင်သော အရာဖြစ်သောကြောင့် သူမ၏ အသိစိတ်ဖြင့် ဘာမှမလုပ်နိုင်မှန်း သူမ သိခဲ့သည်။

ထို့ကြောင့် သူမ၏ ကျောက်စိမ်းမျက်လုံးဖြင့်လုပ်လို့ရတာ တစ်ခုခု ရှိကောင်းရှိနိုင်သည်ဟု ကုနင်းက တွေးလိုက်သည်။

တစ်နည်းအားဖြင့် သူမသည် ၎င်းကို အဖြေရှာရမည် ဖြစ်သည်။

ခံစားချက်အားဖြင့် ဆွဲဆောင်မှုကြောင့် ကုနင်းသည် ကျောက်စိမ်းပြခန်းနေရာသို့ ရောက်ရှိလာခဲ့သည်။ သူမတွင် ကျောက်စိမ်းမျက်လုံး တစ်စုံရှိသောကြောင့် ကျောက်စိမ်းဝန်းကျင်ရှိ အဖြူရောင်မြူခိုးကို လွယ်လွယ်ကူကူပင် မြင်နိုင်ခဲ့သည်။ ၎င်းက ကျောက်စိမ်းတွင် မှော်အစွမ်းရှိနေကြောင်း ထင်ရှားတော့သည်။

သို့သော် ကုနင်းက အခြားကျောက်စိမ်းများကို လျစ်လျူရှုကာ ကျောက်စိမ်းတုံးတစ်ခုဆီသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။

၎င်းကို ဖီးနစ်နဂါးတိမ်တိုက်ပုံစံရှိသော ကျောက်စိမ်းဟုခေါ်ပြီး ၎င်းကို စစ်ဖက်ပြိုင်နေသော ခေတ်အခြေအနေအတွင်း ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။

ဤကျောက်စိမ်းကို ဟိုထန်၊ ရှင်းကျန်းမှ အဖြူရောင်ကျောက်စိမ်းဖြင့် ပြုလုပ်ထားခဲ့သည်။ ကျောက်စိမ်း၏ နှစ်ဖက်စလုံးရှိ စက်ဝိုင်း ခြောက်ခုအတွက် ရောင်ပြေးပုံစံများဖြင့် တန်ဆာဆင်ထားခဲ့သည်။ အရောင်ပြေးက အနည်းငယ် ပေါ်ထွက်နေပြီး ၎င်းပေါ်တွင် အစင်းကြောင်းတစ်ခုကို ထွင်းထားခဲ့သည်။

သားရဲခန္ဓာကိုယ်၊ ယူနီကွန်းခေါင်း၊ ဘေးတွင်တောင်ပံများနှင့် ကြိုးပုံစံများဖြင့် တန်ဆာဆင်ထားသော အမြီးရှည်တစ်ခုရှိသည့် ချီလုံတစ်ကောင်ကို အပေါက်ထဲတွင် ထွင်းထုထားသည်။

ရှည်လျားသောခန္ဓာကိုယ်၊ ဦးခေါင်းထိပ်တွင် ရှည်လျားသောအမွေးနှင့် ခန္ဓာကိုယ်အောက်တွင် ရစ်ခွေကျနေသော အမြီးရှည်တစ်ချောင်းရှိသည့် ဖီးနစ်ငှက်တစ်ကောင်ကို ကျောက်စိမ်း၏ တစ်ဖက်တစ်ချက်တွင် ထွင်းထုထားခဲ့သည်။

ခံစားချက်က ကုနင်းကို ဖီးနစ်နဂါးတိမ်ပုံစံရှိသော ဤကျောက်စိမ်းအားရှာရန် ဆွဲဆောင်ခဲ့ပြီး သူမ၏ စိတ်လှုပ်ရှားမှုက ၎င်းနှင့်လည်း သက်ဆိုင်သည်ဟု သူမ ခံစားနိုင်ခဲ့သည်။

ထို့ကြောင့် ဤကျောက်စိမ်းက သူမ၏ ကျောက်စိမ်းမျက်လုံးနှင့် သေချာပေါက် ဆက်စပ်မှုရှိမှန်း ကုနင်း ပိုသေချာသွားတော့သည်။

ထိုသို့ဆိုလျှင် သူမသည် ၎င်းကို လိုချင်သည်။ သို့သော် ၎င်းကို ပြတိုက်က ထိန်းသိမ်းထားပြီး ၎င်းအတွက် ငွေပေးလျှင်တောင်မှ သူမအလွယ်တကူ ရနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူမသည် အကူအညီအတွက် လင်ရှောင်းထင်ကိုသာ အားကိုးရပေတော့မည်။

ထို့နောက် ကုနင်းသည် အချိန်မဆွဲတော့ပဲ သူမ၏ဖုန်းကို ထုတ်ယူကာ လင်ရှောင်းထင်အား ခေါ်လိုက်သည်။ စိတ်စောနေမှုနှင့် စိတ်လှုပ်ရှားမှုတို့ကြောင့် သူမ၏ခန္ဓာကိုယ်က အနည်းငယ် တုန်ရီနေခဲ့သည်။

"ရှောင်းထင်… ရှင်အခုအားလား? ကျောက်စိမ်းပြခန်းနေရာကို ရှင် လာနိုင်မလား? ကျွန်မ ရှင့်ဆီက အကူအညီလိုလို့။" ဟု ကုနင်းက အမောတကောဖြင့် ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ လင်ရှောင်းထင်က ကုနင်း ဒုက္ခတွေ့နေပြီဟု ထင်လိုက်ပြီး သူမကို သူ စိတ်ပူသွားတော့သည်။

"ရတာပေါ့… ကိုယ်အဲ့ဒီကို ချက်ချင်း လာခဲ့မယ်။" ဟု လင်ရှောင်းထင်က ပြောကာ ဖုန်းချလိုက်သည်။ ကုနင်းက သူ၏အကူအညီကို လိုအပ်နေကြောင်း ကျင်းယွင်ယောင်ကို ပြောလိုက်သောအခါ ကျင်းယွင်ယောင်က သူနှင့်အတူ ကုနင်းကို သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ကျင်းယွင်ယောင်သည် ဤနေရာတွင် ဘာကိုမှ မမှတ်မိနိုင်သောကြောင့် ဘာပဲဖြစ်ဖြစ် သူတို့အတွက် နေစရာ မလိုတော့ပေ။

သိပ်မကြာမီ လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်တို့သည် ကုနင်းနှင့် ကျောက်စိမ်းပြခန်းနေရာ၌ တွေ့ဆုံခဲ့ပြီး တစ်ချက်မျှ ကြည့်လိုက် ယုံနှင့် သူမ၏ ပုံမှန်မဟုတ်သောအခြေအနေကို သူတို့ သတိထားမိ လိုက်ကြသည်။

"နင်းနင်း… မင်း အဆင်ပြေရဲ့လား..?"

လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်တို့ နှစ်ယောက်စလုံးက စိတ်ပူ သွားခဲ့ကြသည်။

"ကျွန်မ နေကောင်းပါတယ်။"

ကုနင်းသည် လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်တို့၏ စိတ်ပူသော အမူအရာကို တွေ့သောအခါ သူမကိုယ်သူမ စိတ်တည်ငြိမ်လာအောင် အကောင်းဆုံး လုပ်လိုက်ပြီးနောက် သူမက ရှင်းပြလိုက်သည်။

"ဖီးနစ်နဂါးတိမ်ပုံစံရှိတဲ့ ဒီကျောက်စိမ်းက ကျွန်မကို ထူးထူးခြားခြားဆွဲဆောင်ခဲ့လို့ အဲ့ဒါကို ကျွန်မ လိုချင်တယ်။ ရှောင်းထင်၊ အဲ့ဒါကို ရှင်ကူညီနိုင်မလား? အဲ့ဒါကို ကျွန်မတို့ ချက်ချင်းဝယ်နိုင်မလား? ဒါမှမဟုတ် တခြားတန်ဖိုးရှိတဲ့ ရှေးဟောင်းပစ္စည်းနဲ့ ဒါကို လဲနိုင်မလား?"

ကုနင်း၏ စိတ်စွမ်းအင်အာကာပြင်ထဲတွင် ရှေးဟောင်းပစ္စည်းများစွာ ရှိပြီး အချို့က ဖီးနစ်နဂါးတိမ်ပုံစံကျောက်စိမ်းထက် ပိုတန်ဖိုးရှိလေသည်။

"ပြဿနာမရှိပါဘူး။"

လင်ရှောင်းထင်က တုံ့ဆိုင်းခြင်းမရှိပဲ သဘောတူလိုက်သည်။ ၎င်းနှင့်ပတ်သက်ပြီး သူက ရှည်ရှည်ဝေးဝေး မမေးတော့ပဲ ကုနင်းက ၎င်းကို ရိုးရိုးသဘောကျသည်ဟု ထင်ခဲ့သည်။

သို့သော် ၎င်းက ရိုးစင်းသော အကြောင်းပြချက်မဖြစ်နိုင်မှန်း ကျင်းယွင်ယောင်က ထင်ခဲ့ပေမယ့် ၎င်းနှင့်ပတ်သက်ပြီး သူမက ထပ်မမေးခဲ့ပေ။

နောက်တော့ လင်ရှောင်းထင်က ကျန်းကျုံးယွီကို ဖုန်းဆက်လိုက်သည်။

ကျန်းကျုံးယွီက အမျိုးသားပြတိုက်၏ ယခင်ပြတိုက်မှူးဖြစ်ပြီး နန်းတော်ပြတိုက်၏ ခေါင်းဆောင်က သူ့တပည့်ဖြစ်ကာ သူက ရာထူးတိုးပေးထားသောကြောင့် လင်ရှောင်းထင်က အကူအညီတောင်းရန်အတွက် ကျန်းကျုံးယွီကို အားကိုးခဲ့လေသည်။

လင်ရှောင်းထင်သည် ကုနင်းက နဂါးဖီးနစ်တိမ်တိုက်ပုံစံကျောက်စိမ်းကိုလိုချင်ကြောင်း ကျန်းကျုံးယွီကို ပြောလိုက်လျှင် သူတို့အတွက် ၎င်းကို ဖြေရှင်းပေးမည်ဟု သူက ပြာပြာသလဲဖြင့် ကတိပေးခဲ့သည်။

မိနစ်အနည်းငယ်အကြာတွင် လင်ရှောင်းထင်သည် ကျန်းကျုံးယွီ၏ အဖြေကို လက်ခံရရှိခဲ့ပြီး ခေါင်းဆောင်က ကျောက်စိမ်းကို သူတို့အားပေးရန် သဘောတူခဲ့ပေမယ့် ၎င်းကို ဘယ်လိုယူရမလဲဆို တာကိုတော့ သူနှင့် သူတို့ စကားပြောရမှာဖြစ်သည်။

ကုနင်းသည် အဖြေကို ကြားလိုက်ရချိန်တွင် စိတ်ချသွားတော့သည်။

တကယ်တော့ ဤပြတိုက်၏ ခေါင်းဆောင်က ကျောက်စိမ်းအား သူတို့ကိုပေးရန် ငြင်းဆန်ခဲ့လျှင်ပင် ၎င်းကို ဆုံးရှုံးတာက သူမအတွက် အရေးကြီးလွန်းသည်ဟု ခံစားရသောကြောင့် သူ့နည်းသူ့ဟန်ဖြင့် ၎င်းကို ခိုးယူမှာဖြစ်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် လူငယ်စုံတွဲတစ်တွဲသည် ကျောက်စိမ်းပြခန်းနေရာထဲသို့ လျှောက်လာခဲ့သည်။ သို့သော် သူတို့သည် လင်ရှောင်းထင်ကို တွေ့သောအခါ အံ့ဩသွားပုံပေါ်ခဲ့သည်။

လင်ရှောင်းထင်ကို ကြည့်နေသော အမျိုးသမီး၏မျက်လုံးများထဲတွင် သဘောကျခြင်းက ထင်ရှားနေခဲ့သည်။

အခြားတစ်ဖက်တွင်မူ အမျိုးသားသည် အထင်အမြင်သေးဟန်ပြကာ မာရေကျောရေနိုင်သော လေသံဖြင့် ပြောလိုက်လေသည်။

"အိုး… ဒါက ငါတို့ရဲ့ အတန်းဖော်ဟောင်း လင်ရှောင်းထင် မဟုတ်လား။ ငါတို့ မင်းကို မတွေ့ရတာကြာပြီ။"

ထိုသို့ပြောပြီးနောက် သူက လင်ရှောင်းထင်ထံ လျှောက်လာကာ ဆက်ပြောလိုက်သည်။

"နေကောင်းလား? မင်းအခုဘာလုပ်နေလဲ?"

လင်ရှောင်းထင်၏ မိသားစုနောက်ခံအသိုင်းအဝိုင်းကို သူ မသိသည်မှာ သိသာတော့သည်။

သူတို့က အတန်းဖော်ဟောင်းများ ဖြစ်ကြသော်လည်း လင်ရှောင်းထင်က အမြဲတမ်း သိုသိုသိပ်သိပ်နေခဲ့ပြီး သူ၏ ကိုယ်ပိုင်အထောက်အထား အစစ်အမှန်ကို ပြင်ပလူ အမြောက်အမြားက သတိမထားမိခဲ့ကြပေ။ ထို့အပြင် လင်ရှောင်းထင်သည် တက္ကသိုလ်တွင် အချိန်တိုတစ်ခုသာ ကုန်လွန်ခဲ့ပြီး အခြားလူများနှင့် ရင်းရင်း နှီးနှီး ဆက်ဆံခဲသောကြောင့် ယခင်က အတန်းဖော် အတော်များများ ကို သူ မသိခဲ့ပေ။

ရှကျင်းချမ်ကတော့ ခြွင်းချက်ဖြစ်သည်။ သူကလည်း သူ၏ မိသားစုနောက်ခံကို လျှို့ဝှက်ထားသောကြောင့် လူအတော်များများက သူ့ကို မည်သူမည်ဝါဖြစ်မှန်း မသိကြပေ။

ကုနင်းသည် လင်ရှောင်းထင်အားကြည့်သော သူမ၏အကြည့်ကို တွေ့သောအခါ ထိုအမျိုးသမီးက လင်ရှောင်းထင်ကို သဘောကျသူ ဖြစ်မည်မှန်း သူမ သိလိုက်သည်။ ကုနင်းက တစ်ချက်ဝေ့ကြည့်လိုက်ပေမယ့် ဤအချိန်၌ ဘာမှ မပြောခဲ့ပေ။

၎င်းထဲတွင် သူမ ပါဝင်ရန် မလိုအပ်သောကြောင့် ကျင်းယွင်ယောင်ကလည်း တိတ်ဆိတ်နေခဲ့သည်။

ထိုလူက သူ့အား မထီမဲ့မြင်ပြုသောအခါ လင်ရှောင်းထင်က တည်ငြိမ်နေခဲ့သည်။ သူဘယ်သူလဲဆိုတာကို သူ မေ့လျော့နေခဲ့ပြီး ယခင်က သူတို့ တက္ကသိုလ်အတူတူတက်ဖူးတာ ဖြစ်နိုင်သည်ဟု တွေးလိုက်သည်။

"မင်းက ဘယ်သူလဲ?" ဟု လင်ရှောင်းထင်က မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ ထိုလူမှာ ကသိကအောက် ဖြစ်သွားတော့သည်။ လင်ရှောင်းထင်က သူ့အား မေ့နေပြီဖြစ်သောကြောင့် သူ အလွန်အံ့ဩခဲ့ရသည်။ သူက ၎င်းကိုလက်ခံရန် ငြင်းပယ်ခဲ့လေသည်။ ထို့ကြောင့် လင်ရှောင်းထင် ဟန်ဆောင်နေခြင်းဟု သူ တွေးလိုက်သည်။

"ဘာလဲ… မင်း ငါ့ကို မမှတ်မိဘူးလား? ငါတို့ တက္ကသိုလ် အတူတူတက်ခဲ့ကြတာလေ။ အခု မင်းက ခက်ခဲတဲ့ဘဝမှာ နေရလို့ ဒါကို မင်း ဝန်မခံရဲတာလား?" ဟု ထိုလူက ပြောလိုက်သည်။

ထိုလူက အတော်လေး အထက်စီးဆန်ခဲ့သည်။ သူ့မိသားစုက အလွန်ချမ်းသာပြီး ပိုင်ဆိုင်မှုက ယွမ်တစ်ဘီလီယံကျော် ရှိလေသည်။ မြို့တော်တွင် လူချမ်းသာများ များစွာရှိသော်လည်း ဤမြို့ကြီးတွင် ဆင်းရဲသားများက ပိုများလေသည်။

လင်ရှောင်းထင်က သူ့မေးခွန်းကို ပြန်ဖြေရန် ဂရုမစိုက်ခဲ့သောကြောင့် ၎င်းက ထိုလူအား သူမှန်သည်ဟု ယုံကြည်အောင် ပြုလုပ်ခဲ့သည်။

အမျိုးသမီးသည် ထိုအမျိုးသားအတိုင်း တူညီသော ထင်မြင်ချက်ရှိသည်မှာ ထင်ရှားတော့သည်။ ထို့ကြောင့် သူမ၏ မျက်လုံးများထဲတွင် မနှစ်သက်မှုကို ပြသနေခဲ့သည်။

"လင်၊ နင် ငါ့ကိုရော မေ့သွားပြီလား?" ဟု အမျိုးသမီးက ပြောလိုက်သည်။ လင်ရှောင်းထင်က သူမအား မေ့နိုင်မည်ဟု မထင်ထားသောကြောင့် သူမ၏ အသံနေအသံထားက အတော်လေး တင်းမာနေခဲ့သည်။

***

အခန်း ၁၇၀၆ ဖီးနစ်နဂါးတိမ်တိုက်ပုံစံကျောက်စိမ်း

"ငါ မင်းကို လုံးဝမမှတ်မိဘူး" လင်ရှောင်းထင်က ပြောသည်။

ထိုစကားကြားတော့ အမျိုးသမီးက စိတ်ဆိုးသွားသည်။

"လင်ရှောင်းထင် သရုပ်ဆောင်တာကို ရပ်လိုက်စမ်း။ မန့်ယာက ငါတို့ကျောင်းမှာ အလှဆုံး မိန်းကလေး။ သူ မင်းကို လိုက်ခဲ့ပေမဲ့ မင်း သူ့ကို ငြင်းခဲ့တယ်လေ။ သူ့မိသားစုက အရမ်းချမ်းသာတယ်ဆိုတာ မင်းမသိလို့ အဲဒီအချိန်တုန်းက မင်း သူ့ကို ငြင်းခဲ့တာနေမယ်" လို့ အဲဒီလူက ဆိုသည်။

လင်းမန့်ယာသည် လင်ရှောင်းထင်ကို ယခင်က လိုက်ဖူးခဲ့သည်မှာ ရှက်စရာဟု သူမထင်ပေ။ “အင်း မင်းကအောင်မြင်ဖို့ အခွင့်ကောင်းတစ်ခု လွတ်သွားတာပဲ။ အကယ်၍ မန့်ယာက မင်းရဲ့ရည်းစားဖြစ်ခဲ့ရင် မင်းအနည်းဆုံး ၁၀ နှစ်လောက်နဲ့တင် အောင်မြင်လာလိမ့်မယ်"

အမျိုးသမီးတစ်ဦး၏ အပေါ်မှ လူအသိုင်းအဝိုင်း ထဲ၀င်ရခြင်းသည် ဂုဏ်ယူစရာဖြစ်ဟန်ဖြင့်‌ပြော‌နေသည်။ ဒါပေမယ့် လင်ရှောင်းထင်ကို လှောင်ပြောင်ဖို့သာ ပြောနေရုံပင်။

လင်ရှောင်းထင်သည် သူ၏ မျက်လုံးထဲတွင် ဤလူမှာ အရှုံးသမားသာသာ,သာဖြစ်သောကြောင့် လုံးဝစိတ်မဆိုးပေ။ ကျင်းယွင်ယောင် သည်လည်း ဤလူအပေါ် လင်ရှောင်းထင်နှင့်တူညီသော သဘောထားရှိသောကြောင့် အရှက်ကွဲသလို မခံစားရပေ။

"ဟားဟားဟားဟား" ကုနင်းက ရယ်မောလိုက်ပြီး "မစ္စ၊ မင်းမိသားစုမှာ ပိုင်ဆိုင်မှု ဘယ်လောက်ရှိလဲ ငါသိလို့ရမလား?" လို့ မေးလိုက်သည်။

လင်းမန့်ယာသည် လင်ရှောင်းထင်ကိုသာအာရုံစိုက်ထားသောကြောင့် ကုနင်းကို ယခုအချိန်အထိ သတိမပြုမိခဲ့ပေ။ ကုနင်းကို သူမမြင်လိုက်သောအခါ လင်းမန့်ယာသည် သူမ၏အလှကြောင့် အံ့အားသင့်သွားပြီး သူမ၏မျက်လုံးများထဲတွင် ထင်ရှားသော မနာလိုမှုများ ၀င်လာသည်။

ကုနင်းက သူမထက် အများကြီး ပိုလှသည်။ သို့သော် ကုနင်းသည် သူမထက် ပိုဆင်းရဲပုံ‌ပေါက်သောကြောင့် အရေးမကြီးဟု သူမထင်သည်။

ထို့နောက် လင်းမန့်ယာသည် နှိမ့်ချဟန်ဆောင်လိုက်ကာ “သိပ်မများပါဘူး။ ပိုင်ဆိုင်မှု ယွမ် သန်းခုနစ်ရာလောက်ပါပဲ”

သူမသည် ကျိုးနွံပုံပေါက်သော်လည်း၊ သူမ၏ မိသားစု ကြွယ်ဝမှုကို အမှန်တကယ် ကြွားဝါနေခြင်းဖြစ်သည်။

"မင်းပြောတာ မှန်တယ်၊ ဒါက သိပ်တော့မများပါဘူး၊ တကယ်တော့ အရမ်းလည်းနည်းတယ်" ဟု ကုနင်းက အထင်အမြင်သေးစွာဖြင့် ပြောသည်။

“မင်း…” လင်းမန့်ယာက ကုနင်း ဒီလိုတုံ့ပြန်လိမ့်မယ်လို့ မမျှော်လင့်ထားပေ။ ကုနင်း၏ မိသားစုက သူ့ထက် ပိုချမ်းသာပုံရသည်။ သူမ မယုံချင်ပေ။

လင်းမန့်ယာက "မင်းတို့မိသားစုက ငါ့ထက် ပိုချမ်းသာလား?" ကုနင်း၏ မိသားစုသည် သူ့မိသားစုထက် အမှန်တကယ် ချမ်းသာပါက၊ သူမ မိသားစု ထိခိုက်မည်ဆိုး၍ ကုနင်းနှင့် မရှုပ်ဝံ့ပေ။

"အများကြီးမဟုတ်ပါဘူး၊ ယွမ်ဆယ်ဘီလီယံလောက်ပါပဲ" လို့ ကုနင်းလည်း ကျိုးနွံဟန်ဆောင်လိုက်သည်။

“ဘ...ဘာ?" လင်းမန့်ယာနှင့် ထိုလူ နှစ်ယောက်စလုံး အံ့သြသွားကြသည်။ သူတို့နားကို မယုံနိုင်ကြပေ!

"ယွမ် ဆယ်ဘီလီယံဟုတ်လား? မင်း သပ်သပ်မဲ့ ကြွားလုံးထုတ်နေတာ!" ထိုလူက ပြောသည်။ ကုနင်း ပြောတာတွေကို သူမယုံနိုင်ပေ။

"ရှင့်ထင်ထားတာထက်တော့ များနေမယ်ဆိုတာ ကျွန်မသိပါတယ်" ကုနင်းက သူ့ကို မျက်စိဝေ့ကာပြောလိုက်သည်။

"ဟားဟား" ကျင်းယွင်ယောင်က ရယ်မောလိုက်သည်။ ကုနင်းက အဲဒီလူကို ပြက်ရယ်ပြုတာက အရမ်းရယ်ရသည်။

“မင်း…” အဲဒီလူက တခြားအရာ ပြောဟန်ပြင်လိုက်တဲ့အခါ လူငါးယောက် အလျင်စလို လျှောက်လာကြသည်။ ရှေ့ကလူက အသက် ၄၀ လောက်ရှိပြီ။ သူသည် ဝတ်စုံနှင့် သားရေဖိနပ်ကို ၀တ်ဆင်ထားပြီး လူလေးယောက် လိုက်ပါလာသည်။ နှစ်ယောက်က လုံခြုံရေးဝတ်စုံဝတ်ထားပြီး နှစ်ယောက်ကတော့ ပေါ့ပေါ့ပါးပါးဝတ်ထားသည်။

ထိုယောက်ျားသည် ရှေ့ကလူကို ချက်ခြင်းမှတ်မိ၏။ သူသည် ဤပြတိုက်၏ တာ၀န်ခံချိုက်ဝမ်ဟုန် ဖြစ်သည်။ ထို့ကြောင့် ချက်ချင်းပင် ရိုသေစွာ နှုတ်ဆက်လိုက်သည်။ "တွေ့ရတာဝမ်းသာပါတယ် ပြတိုက်မှူးချိုက်!"

ဒီလူဟာ ချမ်းသာတဲ့ မိသားစုမှာ မွေးဖွားလာပေမယ့် လူ့အဖွဲ့အစည်းမှာ ချိုက်ဝမ်ဟုန်လောက် ရာထူးကြီးကြီးမားမား မရှိပေ။

ချိုက်ဝမ်ဟုန်က သူ့ကို လျစ်လျူရှုပြီး လင်ရှောင်းထင်ဆီကို တန်းတန်းမတ်မတ် သွားလိုက်သည်။ "ဗိုလ်ချုပ်ကြီး၊ စောင့်နေရတာ တောင်းပန်ပါတယ်"

လင်ရှောင်းထင်သည် မိနစ်အနည်းငယ်မျှသာ စောင့်ခဲ့ရသော်လည်း သူသည် လင်ရှောင်းထင်အ‌ပေါ် အလွန်ယဉ်ကျေးဆဲဖြစ်သည်။

ချိုက်ဝမ်ဟုန်၏အပြုအမူကို မြင်လိုက်ရသဖြင့် ထိုလူနှင့် လင်းမန့်ယာ အံ့အားသင့်သွားသည်။ ချိုက်ဝမ်ဟုန်က လင်ရှောင်းထင်ကို ဗိုလ်ချုပ်ကြီး ခေါ်သည်။ ဗိုလ်ချုပ်အဆင့်နဲ့ အထက်အရာရှိကိုသာ ဗိုလ်ချုပ်လို့ ခေါ်နိုင်တယ်ဆိုတာ သူတို့သိသည်။

အဲဒါကို တွေးရင်းနဲ့ လင်းမန့်ယာနဲ့ လင်းမန်ယာက လင်ရှောင်းထင်ကို ထိတ်လန့်တကြား လှည့်ကြည့်လိုက်သည်။ လင်ရှောင်းထင်သည် တပ်မတော်တွင် အရေးပါသော အရာရှိတစ်ဦးဖြစ်ပြီး ၎င်း၏ရာထူးသည် ဗိုလ်ချုပ် သို့မဟုတ် ၎င်းအထက်တွင် ဖြစ်နိုင်သည်မှာ ထင်ရှားသည်။

သူတို့ မယုံနိုင်ကြပေ! လင်ရှောင်းထင်သည် ဗိုလ်ချုပ်တစ်ဦးဖြစ်ရန် ငယ်လွန်းသည်။ မည်သို့ပင်ဆိုစေကာမူ ချိုက်ဝမ်ဟုန်သည် လင်ရှောင်းထင်ကို ဗိုလ်ချုပ်ဟုသာ ခေါ်ဝေါ်ခဲ့သည်မှာ အမှန်ပင်။ ထိုလူနှင့် လင်းမန့်ယာတို့သည် ယခုအချိန်တွင် ဤနေရာ၌ မနေချင်ကြတော့ပေ။

“ရပါတယ် ပြတိုက်မှူးချိုက်” ဟု လင်ရှောင်းထင်က ပြောလိုက်သည်။

"ကျွန်တော် အခုချက်ချင်း ထုတ်လိုက်မယ်။ ပြီးရင် သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ပြီးအောင် ဖြေရှင်းဖို့ သွားရမယ်" ဟု ချိုက်ဝမ်ဟုန်မှ ပြောကြားသည်။ ပြတိုက်ထဲက ရှေးဟောင်းပစ္စည်းကို ယူဖို့ လုပ်ထုံးလုပ်နည်းတချို့ကို အပြီးသတ်ရန် လိုအပ်သည်။

“ဟုတ်ကဲ့ပါ” လင်ရှောင်းထင်က ပြောသည်။ ထို့နောက် ချိုက်ဝမ်ဟုန်သည် နေရာရှင်းလင်းရန် အမိန့်ပေးခဲ့ပြီး အခြားလူများကို ယခုချက်ချင်း ထွက်ခွာစေသည်။ အရောင်းပြခန်းကိုဖွင့်ရတာ အရမ်းအရေးကြီးပြီး တစ်ခုခုမတော်တဆဖြစ်မလာစေရန်အတွက်ဖြစ်သည်။

သူသည် ဤပြတိုက်၏ အကြီးအကဲဖြစ်ပြီး အာဏာကြီးမားသော်လည်း ဤနေရာသည် သူ့အိမ်မဟုတ်သောကြောင့် ၎င်းကို တာဝန်ယူရမည်ဖြစ်သည်။ ထို့ကြောင့် ကျောက်စိမ်းပြပွဲဧရိယာရှိ အခြားလူများအားလုံးကို ယဉ်ကျေးစွာ ထွက်ခွာရန် တောင်းဆိုခဲ့ရသည်။

လင်းမန့်ယာနှင့် ထိုလူသည် ဖြစ်ပျက်‌နေသမျှကို မယုံနိုင်သေးသော်လည်း အမိန့်ကို နားထောင်ကာ အပြင်သို့ ထွက်လာခဲ့သည်။

ထို့နောက် ချိုက်ဝမ်ဟုန်နှင့် သူ၏လူများသည် တိမ်တိုက်ဖီးနစ်နဂါးပုံစံကျောက်စိမ်းကို ထုတ်ယူရန် အရောင်းပြခန်းကို ဖွင့်လိုက်ကြသည်။

ထို့နောက်ပြခန်းကိုဖွင့်လိုက်သည်နှင့် အနီးတစ်ဝိုက်တွင် ဖုံးလွှမ်းနေသော အဖြူရောင် မြူခိုးများက ကုနင်း၏ မျက်လုံးများဆီ ၀င်လာသည်။ ကုနင်း၏ မျက်လုံးများသည် ချက်ခြင်း စိတ်မသက်မသာ ခံစားလိုက်ရ၍အဖြူရောင် အခိုးအငွေ့များကို ကာရန် သူမ၏ မျက်လုံးများမှိတ်ချလိုက်သည်။

ကျင်းယွင်ယောင်နှင့် လင်ရှောင်းထင်တို့သည် ထိုအဖြူရောင် မြူခိုးများကို သတိပြုမိကြပြီး ကုနင်းကို အံ့သြစွာ ကြည့်‌နေကြသည်။ သူတို့နှစ်ယောက်လုံးက ကျင့်ကြံသူတွေမို့ မှော်အစွမ်းကို မြင်နိုင်ကြသည်။ လင်ရှောင်းထင်သည် ကုနင်း၏လျှို့ဝှက်ချက်ကိုသိသောကြောင့် သူအလွန်အံ့သြခြင်းမရှိသော်လည်း ကျင်းယွင်ယောင်က အလွန်အံ့သြသွားသည်။

သို့သော် အံ့အားသင့်သွားသော်လည်း အများသူငှာ နေရာတွင် ရှိနေသောကြောင့် သူကိုယ်သူ ကိုယ်ဟန်ဖို့လိုက်သည်။

"နင်းနင်း အဆင်ပြေရဲ့လား" လင်ရှောင်းထင်က ကုနင်းကို အသံတိုးတိုးဖြင့် ချက်ချင်းမေးလိုက်သည်။

"ကျွန်မအဆင်ပြပေါတယ်" ကုနင်းကပြောပေမယ့် သူမမျက်လုံးတွေကို ချက်ချင်းမဖွင့်ပေ။

တိမ်တိုက်ဖီးနစ်နဂါးပုံစံကျောက်စိမ်းကို သေတ္တာတစ်ခုထဲသို့ ထည့်လိုက်သောအခါ ကုနင်းသည် မှော်အစွမ်းများ သူမဆီက ခဏတာ ထွက်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် မျက်လုံးဖွင့်ကြည့်လိုက်‌သောအခါ အဆင်မပြေမခံစားရတော့ပါ။

လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်တို့သည် သူမအတွက် စိတ်ပူနေကြသည်ကို သူမမြင်သော်လည်း တစ်ယောက်ကိုတစ်ယောက် ဘာမှမပြောခဲ့ကြပေ။

လိုအပ်သောလုပ်ထုံးလုပ်နည်းများမပြီးမီတွင် တိမ်တိုက်ဖီးနစ်နဂါးပုံစံကျောက်စိမ်းကို ပြတိုက်ရှိဝန်ထမ်းများမှ ထိန်းသိမ်းထားသည်။

***

အခန်း ၁၇၀၇ အတန်းဖော်များအံ့ဩရခြင်း

"ဗိုလ်ချုပ်ကြီး၊ မစ္စ၊ မဒမ်၊ ဒီလမ်းကို လိုက်ခဲ့ပါ" ချိုက်ဝမ်ဟုန်က သူတို့ကို ဖိတ်ခေါ်ရန် လက်ဟန်ပြသည်။ ထို့နောက် သူတို့သည် ချိုက်ဝမ်ဟုန်နှင့်လိုက်၍ ထွက်ခွာသွားကြသည်။

လင်းမန့်ယာနှင့် ထိုလူသည် လင်ရှောင်းထင်သည် ဗိုလ်ချုပ်ကြီးဖြစ်ကြောင်း သေချာလိုက်သည်နှင့် ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။

လင်းမန့်ယာက WeChat Groupရှိ ၎င်းတို့၏ အတန်းဖော်ဟောင်းများကို လင်ရှောင်းထင်ကို အခြားမည်သူမျှ သိခြင်းရှိမရှိ စစ်ဆေးရန် ထိုအမျိုးသားအား ပြောကြားခဲ့ပြီး ထိုလူက ထိုသို့ပြုလုပ်ခဲ့သည်။

“ဟေး ငါပြတိုက်မှာ ရေခဲလင်ရှောင်းထင် ကိုတွေ့ခဲ့တယ် ဒါပေမယ့် ပြတိုက်မှူးချိုက်က သူ့ကို ဗိုလ်ချုပ်ကြီးလင်လို့ ခေါ်တာကို ကြားလိုက်ရတယ်။ ဘာကြောင့်လဲဆိုတာ သိကြလား"

သိပ်မကြာခင်မှာပဲ တစ်ယောက်ယောက်က သူ့ကို ပြန်ဖြေသည်။

"တကယ်လား? ဘယ်လိုဖြစ်နိုင်မှာလဲ?"

"မဖြစ်နိုင်တာ! ဗိုလ်ချုပ်လား? ဗိုလ်ချုပ်အဆင့် ဒါမှမဟုတ် အထက်အရာရှိမှသာ အဲ့လိုခေါ်လိုတာမလား”

“ဟုတ်တယ်။ လင်ရှောင်းထင်က စစ်တပ်ထဲဝင်ခဲ့တယ်လို့ ကြားပေမယ့် ဒီနှစ်မှာ အသက် ၂၆ နှစ်ပဲ ရှိပါသေးတယ်။ စစ်တပ်မှာ ဒီလောက် ရာထူးကြီးကြီး ရဖို့ဆိုတာ မဖြစ်နိုင်ဘူး!"

"အင်တာနက်မှာ ရှာကြည့်!"

“အင်တာနက်မှာ ရှာလို့ မရဘူးထင်တယ်။ လင်ရှောင်းထင်က စစ်ဗိုလ်ချုပ်အဆင့် ဒါမှမဟုတ် အထက်အရာရှိတစ်ဦးဖြစ်ရင် အထူးအဖွဲ့တစ်ဖွဲ့မှာ ပါ၀င်လိမ့်မယ် သူ့ရဲ့အချက်အလက်‌တွေကို အရမ်းလျှို့ဝှက်ထားသင့်ပြီး စစ်တပ်က အကြီးတန်းခေါင်းဆောင်‌တွေသာ သိနိုင်လောက်တယ်”

"ဘာလို့လဲ?"

“ဘာလို့လဲဆိုတော့ အထူးအဖွဲ့ထဲက စစ်သားတွေက အန္တရာယ်ရှိတဲ့ အလုပ်တွေကို လုပ်ရတယ်‌လေ။ အလုပ်‌တွေက အရမ်းအန္တရာယ်များပြီး လျှို့ဝှက်ချက်ဆန်ပေမယ့်လည်း မြင့်မားတဲ့ဆုလာဘ်‌တွေ ရရှိနိုင်တယ်။ လင်ရှောင်းထင်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ စစ်ဗိုလ်ချုပ်ကြီးဖြစ်လာဖို့အတွက် ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရခဲ့တာဖြစ်ရမယ်”

"ငါမယုံနိုင်ဘူး။ သူက ငါတို့လို ငယ်သေးတာပဲ!” လူအများစုက မယုံကြည်နိုင်ခဲ့ကြ‌ပေ။

"ကျန်းလီဟုန် မင်း တွေ့တဲ့လူက လင်ရှောင်းထင်ဆိုတာ သေချာရဲ့လား" ကျန်းလီဟုန်သည် ထိုလူ၏အမည်ဖြစ်သည်။

"အရမ်းသေချာတယ်"

"အင်း အရင်က လင်ရှောင်းထင်ကို အရေးပါတဲ့ လူတစ်‌ယောက်လို့ ထင်ခဲ့ဖူးပေမယ့် သူ့ရဲ့ အထောက်အထားအစစ်ကို ငါမသိဘူး"

"လင်ရှောင်းထင် ကသာမန်လူမဟုတ်ဘူးလို့ ငါအမြဲတမ်းခံစားခဲ့ရတယ်"

"လင်ရှောင်းထင်က ဗိုလ်ချုပ်ဟုတ်မဟုတ် မသိပေမယ့် သူ့မိသားစုက သာမန်မဟုတ်ဘူးဆိုတာတော့သိတယ်"

"ငါတို့ကိုပြောပြအုံး!"

"သူ့မိသားစု ဘာလုပ်တာလဲ"

လင်ရှောင်းထင်၏ မိသားစုနောက်ခံကိုသိသော တစ်စုံတစ်ဦးကို တွေ့လိုက်သည်နှင့် သူ့အကြောင်း ပိုသိလာချင်ကြသည်။

"သူ့မိသားစုက မြို့တော်မှာရှိတဲ့ လင်မိသားစုလေ သူက လင်မိသားစုရဲ့ အကြီးဆုံးမြေး"

"ဘာ? လင်မိသားစုက မြို့တော်မှာ ကြီးစိုးတဲ့ မိသားစုလေးခုက ထိပ်တန်းမိသားစုမလား!”

"မဖြစ်နိုငတာ!"

“…”

လူတိုင်းက ထိတ်လန့်တုန်လှုပ်သွားပြီး မယုံနိုင်ပေမယ့် ဘယ်သူမှ သံသယမရှိကြ‌ပေ၊ ဘာကြောင့်လဲဆိုတော့ လင်ရှောင်းထင် ရဲ့ မိသားစုနောက်ခံကို ပြောပြတဲ့ အတန်းဖော်ရဲ့အဖေက မြို့တော်မှာ အကြီးတန်းအရာရှိတစ်ယောက်ဖြစ်လို့ လင်မိသားစုကို သူသိတာ ပုံမှန်ပင်။

ကျန်းလီဟုန်နှင့် လင်းမန့်ယာသည် ယခုအခါတွင် လုံးဝအံ့သြသွားသည်။ သူတို့ အံ့ဩမိသည်မှာ လင်ရှောင်းထင်သည် မြို့တော်ရှိ လင်မိသားစု၏ အကြီးဆုံးမြေးဖြစ်‌နေသည်။

ကျန်းလီဟုန်သည် ယခုထက်ပို၍ နောင်တမရနိုင်တော့ပေ။ အလွန်အစွမ်းထက်သောမိသားစုမှ အတန်းဖော်ဟောင်းတစ်ဦးအား ကျေနပ်စေရန် အခွင့်အရေးကို သူလက်လွှတ်လိုက်တဲ့အပြင် အချင်းချင်းတွေ့ဆုံသောအခါတွင် သူ့ကို လှောင်ပြောင်ခဲ့မိသည်။

လင်းမန့်ယာသည် ထိုနှစ်တွေတုန်းက လင်ရှောင်းထင်ကို လက်လျော့ခဲ့မိတာအတွက် နောင်တရ‌နေသည်။ အကယ်၍ သူမသည် လင်ရှောင်းထင်ကို လက်ထပ်နိုင်ခဲ့ပါက သူမသည် ယခုအချိန်တွင် အခြားသူများထက် ပိုမိုအရေးကြီးလာမည်ဖြစ်သည်။ သူ့ကို လိုက်နေသမျှ ကာလပတ်လုံး လင်ရှောင်းထင်ကို ရနိုင်မည်ဟု သူမယုံကြည်ခဲ့သည်။

တကယ်တော့ လင်ရှောင်းထင်ကိုလိုက်ပြီး သူ့ရည်းစားဖြစ်လိုသော မရေတွက်နိုင်သော မိန်းကလေးများ ရှိခဲ့သည်။ အများစုမှာ လင်းမန့်ယာထက်ပိုလှပြီး ချမ်းသာသော်လည်း လင်ရှောင်းထင်က သူတို့ကို ဂရုမစိုက်ပေ။ လင်ရှောင်းထင်သည် နောက်ဆုံးတွင် ကုနင်းကိုရွေးချယ်ခဲ့ပြီး ၎င်းသည် သူ့မိန်းကလေး၏မိသားစုနောက်ခံ သို့မဟုတ် သူမ၏အသွင်အပြင်ကို ဂရုမစိုက်ကြောင်း သက်သေပြခဲ့သည်။

ကုနင်းသည် အလွန်ရင်သပ်ရှုမောဖွယ်ကောင်းသော်လည်း သူမသည် လင်ရှောင်းထင်ကို ကြိုက်သော မိန်းကလေးများနဲ့ ယှဉ်ရင်တော့ အလှဆုံးမိန်းကလေးမဟုတ်ပေ။ သူမတွင် လင်ရှောင်းထင်ကို ဆွဲဆောင်နိုင်စေသော ကိုယ်ရည်ကိုယ်သွေးရှိသူဖြစ်သည်။

နောက်ဆုံးတွင် ဖြစ်ပျက်ခဲ့သောအရာများကို ဘာမှ မပြောင်းလဲနိုင်‌တော့ပေ။ သူတို့သည် လင်ရှောင်းထင်ကို စော်ကားနေမိပြီဖြစ်သောကြောင့် ယခုချက်ချင်း ထွက်ခွာသွားကာ သူ့ကို ထပ်မတွေ့ဝံ့တော့ပေ။

…

လင်ရှောင်းထင်နှင့် အခြားသူများသည် ပြတိုက်မှ ထွက်ခွာသွားသောအခါ ချိုက်ဝမ်ဟုန် ရုံးခန်းသို့ သွားကြသည်။ သူ့အတွင်းရေးမှူးက သူတို့ဆီရောက်တာနဲ့ လက်ဖက်ရည်ခွက်ချ‌ပေးသည်။

"ဗိုလ်ချုပ်ကြီး ကျောက်စိမ်းကို တန်ဖိုးတူ ရှေးဟောင်းပစ္စည်းနဲ့ လဲလှယ်လို့ရတယ်လို့ ဆရာ့ဆီက ကြားတယ်" ချိုက်ဝမ်ဟုန်က မေးသည်။ ကျန်းကျုံးယွီက သူ့ကို ပြောထားပြီးသားဖြစ်ပေမယ့် သူ့အကြောင်းကို လူကိုယ်တိုင် မေးဖို့ လိုအပ်နေပါသေးသည်။

ချိုက်ဝမ်ဟုန်သည် ပြတိုက်အား တာဝန်ယူရသောကြောင့် ရှေးဟောင်းပစ္စည်းများနှင့် ငွေရှာရန် နှစ်သက်သည်။ သူတို့သည် နေရာတိုင်းတွင် ရှာဖွေခြင်းဖြင့် ရှေးဟောင်းပစ္စည်းများကို စုဆောင်းလေ့ရှိပြီး ရှေးဟောင်းပစ္စည်းများကို လဲလှယ်ရန် နှစ်သက်ကြသည်။

“ဟုတ်တယ်” လင်ရှောင်းထင်က ပြောသည်။

“တိမ်တိုက်နဂါးပုံစံကျောက်စိမ်းက ယွမ် သန်းသုံးဆယ်လောက် တန်တယ်။ ဗိုလ်ချုပ်ကြီးလင်က ဘယ်တန်ဖိုးကြီးတဲ့ ရှေးဟောင်းပစ္စည်းကို ပေးနိုင်မလဲ” ချိုက်ဝမ်ဟုန်က မေးသည်။

လင်ရှောင်းထင်က ထိုမေးခွန်းကို မဖြေဘဲ ကုနင်းကို လှည့်ကြည့်ကာ ကုနင်းက "ကျွန်မမှာ ယွမ် သန်းလေးဆယ်လောက်တန်တဲ့ ထန်စန်းချိုက် ပန်းအိုးတစ်အိုးရှိတယ်"

"ဗျာ? ယွမ်သန်းလေးဆယ်လောက်တန်တဲ့ ထန်စန်းချိုက် ပန်းအိုးလား”

ထိုစကားကိုကြားတော့ ချိုက်ဝမ်ဟုန်သည် ကုနင်းတွင် အဖိုးတန်ရှေးဟောင်းပစ္စည်းရှိသောကြောင့်မဟုတ်ဘဲ ကျောက်စိမ်းပန်းအိုးကို လဲလှယ်လိုစိတ်ရှိသောကြောင့် အံ့သြသွားမိသည်။ စျေးနှုန်းကွာဟချက်မှာ ယွမ်ဆယ်သန်းရှိသည်။

"သေချာရဲ့လား?" ချိုက်ဝမ်ဟုန်က မေးသည်။

“သေချာပါတယ်” ဟု ကုနင်းက ပြောသည်။

“ဖြစ်နိုင်ရင် ကျောက်စိမ်းကို အခုချက်ချင်း သယ်သွားလို့ရမလား။ နောက်မှ ဒီပန်းအိုးကို ပို့ပေးဖို့ တစ်ယောက်ယောက်ကို စီစဉ်ပေးလိုက်မယ်"

“ရပါတယ်” ချိုက်ဝမ်ဟုန်က ပြောသည်။ တခြားလူတွေက ဒီလိုလုပ်ချင်ရင် သူသဘောမတူပေမယ့် လင်ရှောင်းထင်ကတော့ မတူ‌ပေ။ ထို့အပြင် ၎င်းတို့သည် ကျောက်စိမ်းကို မရယူမီ စာချုပ်တွင် လက်မှတ် ရေးထိုးရမည်ဖြစ်သောကြောင့် ငြင်းမည်ကို မကြောက်ပေ။

အမှန်တော့ ချိုက်ဝမ်ဟုန်သည် ယွမ်သန်းလေးဆယ်ခန့်တန်သော ထန်စန်းချိုက်ပန်းအိုးကို ရရှိသည့်အတွက် အလွန်စိတ်လှုပ်ရှားနေသည်။

ဒီပြတိုက်ရဲ့ ပြတိုက်မှူးအနနေဲ့ လစာမြင့်မြင့်နဲ့ ရာထူးကြီးပေမယ့် သူ့မှာ ယွမ် ဆယ်သန်း‌တော့ မရှိ‌ပေ။ အရာရှိတစ်ဦးသည် အစိုးရတွင် အကျင့်ပျက်ခြစားလျှင်တောင် သူသည် အလွန်ချမ်းသာနိုင်မည် မဟုတ်သည့်အပြင် ချိုက်ဝမ်ဟုန်သည် ဖြောင့်မတ်သော အရာရှိတစ်ဦးဖြစ်သည်။ ထို့ကြောင့် ယွမ်ငွေဆယ်သန်းသည် သူ့မျက်လုံးထဲတွင် များပြားလှသည်။

ထို့ကြောင့် ကျောက်စိမ်းပန်းအိုးကို လွယ်လွယ်ကူကူ လဲလှယ်ရန် ဆုံးဖြတ်ခဲ့‌သော ကုနင်း၏ ဆုံးဖြတ်ချက်ကို သူ အံ့အားသင့်‌နေရသည်။ ဘာပဲဖြစ်ဖြစ် ကုနင်းက ဒီလိုလုပ်ဖို့ ဆန္ဒရှိတာကြောင့် သူ ငြင်းပယ်မှာ မဟုတ်ပေ။

ထို့နောက် လင်ရှောင်းထင်သည် ချိုက်ဝမ်ဟုန်နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။

လင်ရှောင်းထင်၏ သြဇာလွှမ်းမိုးမှုကြောင့် သူ့နာမည်ကို လက်မှတ် ထိုးရလေသည်။

ထို့နောက် လင်ရှောင်းထင်သည် အတွင်းမှ တိမ်တိုက်နဂါးပုံစံကျောက်စိမ်းသေတ္တာကို ယူကာ ကုနင်းအား ပေးလိုက်သည်။ ကုနင်းသည် ၎င်းကိုရသောအခါ စိတ်လှုပ်ရှားမှုအပြည့်နှင့် သူမ၏လက်များတုန်နေသည်။ သို့သော် ၎င်းသည် သူမ၏ကိုယ်ပိုင်ခံစားချက်မဟုတ်ပဲ ကျောက်စိမ်းမျက်ဝန်းမှ ဆင်းသက်လာခြင်းသာဖြစ်သည်။

အခန်း ၁၇၀၈ ကုနင်းကို တိုက်မိလုနီးပါး

ကုနင်းသည် ကျောက်စိမ်းမျက်၀န်းက တိမ်တိုက်နဂါးပုံစံ ကျောက်စိမ်းကို တုံ့ပြန်နေကြောင်း ခန့်မှန်းမိသောကြောင့် စိတ်လှုပ်ရှားနေသည်မှာ သူမ၏ ကျောက်စိမ်းမျက်၀န်း ဖြစ်ရပါလိမ့်မည်။

ယခု ကျောက်စိမ်းမျက်၀န်းသည် သူမ၏မျက်လုံးများနှင့် ရောနှောနေသော်လည်း ၎င်းသည် ကျောက်စိမ်း၏ တစ်ပိုင်းသာဖြစ်သည်။

ကုနင်းသည် ယခုသေတ္တာကိုဖွင့်ရန်အတွက် နာကျင်နေသော်လည်း သူမသည် လူအများရှေ့တွင် သူ့ကိုယ်သူ ထိန်းထားရသည်။

အဲဒီနောက် ကုနင်းနဲ့ တခြားသူတွေက ထွက်သွားရန်ပြင်ကြသည်။ ချိုက်ဝမ်ဟုန်က သူတို့ကို လိုက်ပို့ပေးမည်ဟု ပြောခဲ့သော်လည်း သူတို့က ငြင်းဆိုသောကြောင့် သူလည်း ငြင်းဆန်ခြင်း မပြု‌တော့ပေ။

သူတို့သွားကြပြီးတာနဲ့ ချိုက်ဝမ်ဟုန်က ကျန်းကျုံးယွီ ကို ဖုန်းဆက်လိုက်သည်။ "ဆရာကြီးကျန်း၊ ဗိုလ်ချုပ်လင်က ကျောက်စိမ်းအတွက် ယွမ်သန်းလေးဆယ်လောက်တန်တဲ့ ထန်စန်းချိုက်ပန်းအိုးနဲ့ လဲလှယ်သွားတယ်။ စျေးနှုန်းကွာဟချက်က ယွမ်ဆယ်သန်းရှိတယ်၊ ဒါပေမယ့် သူတို့ လုံးဝမတွန့်ဆုတ်ဘူး” ဟု ချိုက်ဝမ်ဟုန်က စိတ်လှုပ်ရှားစွာပြောသည်။

"ဘာ? ထန်စန်းချိုက် ပန်းအိုး? သြော် ကုမိန်းကလေးမှာ ဒီလိုတန်ဖိုးကြီးတာရှိမှန်း ငါမသိလိုက်ဘူး။ သူ ငါ့ကို ဘာလို့အရင်တွေ့ခွင့်မပေးတာလဲ" ကျန်းကျုံးယွီက စောဒကတက်သည်။ အဖိုးတန်ရှေးဟောင်းပစ္စည်းတွေကို ရှာတွေ့တိုင်း ကုနင်းက သူ့ကို အရင်ခေါ်စေချင်သည်။ ကုနင်းသည် သခင်ကြီးလင်နှင့် သခင်ကြီးရှုကို သူ့ထက်အရင်‌ခေါ်လျှင်တော့ သူ့အတွက်ပြသနာမရှိပါ။

"ကုမိန်းကလေးက ဘယ်သူလဲ" ချိုက်ဝမ်ဟုန်သည် ကျန်းကျုံးယွီနှင့် ကုနင်း၏ဆက်ဆံရေးကို မသိခဲ့ပေ။

"လင်ရှောင်းထင်နဲ့ ပါလာတဲ့မိန်းကလေးက ကုနင်းလေ။ သူက ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ရဲ့ သူဌေး" ဟု ကျန်းကျုံးယွီက ပြောသည်။

လင်ရှောင်းထင်နဲ့ အတူပါလာတဲ့ မိန်းကလေးက နှစ်ယောက်ဆို‌ပေမယ့် မိန်းမငယ်‌လေးကတစ်ယောက်ပဲရှိတော့ ချိုက်ဝမ်ဟုန်က ကုနင်းက ထိုမိန်းကလေးဆိုတာကို သိလိုက်ရသည်။

ကျင်းယွင်ယောင်သည် ငယ်ရွယ်နုပျိုသော်လည်း သူမသည် ရင့်ကျက်သော အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။

"အိုး သူက ရှင်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ရဲ့ သူဌေးပေါ့!" ချိုက်ဝမ်ဟုန် သည် ထိုအချက်ကို သိလိုက်ရတော့ အနည်းငယ် အံ့သြသွားသည်။ သူသည် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင် ၏ယခင်ပိုင်ရှင်၏သူငယ်ချင်းဟောင်းဖြစ်သောကြောင့် အဖြစ်အပျက်မှန်သမျှကို သူကြားသိခဲ့ရသည်။

ကုနင်းအမည်ရှိ မိန်းကလေးသည် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင် ကိုဝယ်ခဲ့သည်ကို သူသိသော်လည်း ကုနင်းသည် သူတွေ့ခဲ့သော မိန်းကလေးဖြစ်သည်ကို မသိခဲ့ပေ။ ဗိုလ်ချုပ်နှင့် လိုက်လာသောကြောင့် မိန်းကလေးသည် သာမန်မဟုတ်ဟုသာ ထင်ရသည်။

"ဗိုလ်ချုပ်ကြီးလင်နဲ့က ဆက်ဆံရေးက ဘယ်လိုလဲ" ချိုက်ဝမ်ဟုန် သိချင်စိတ်ဖြင့် မေးလိုက်သည်။ ကျန်းကျုံးယွီသည် သူ့ဆရာဖြစ်သောကြောင့် သူသိချင်သမျှကို မေးနိုင်သည်။

ကျန်းကျုံးယွီက တခြားလူတွေကို မပြောသင့်ဘူးလို့ မထင်တာကြောင့် "ကုနင်းက လင်ရှောင်းထင်ရဲ့ စေ့စပ်ထားတဲ့သူ"

အဲဒါကိုသိတော့ ချိုက်ဝမ်ဟုန်က ခေါင်းညိတ်လိုက်ပေမယ့် လင်ရှောင်းထင်အကြောင်းကို သိပ်မသိတာကြောင့် ထိတ်လန့်မနေပေ။ လင်ရှောင်းထင်တွင် စေ့စပ်ထားသူရှိခြင်းမှာ အလွန်ထူးဆန်းသည်ဟု သူမထင်ပေ။

"ကုနင်းက မယုံနိုင်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ပဲ။ ငါတို့အားတဲ့‌နေ့ သူ့ကိုတွေ့ဖို့ မင်းကို ငါခေါ်သွားမယ်။ သူ့မှာ ပစ္စည်းကောင်းတွေ အများကြီးရှိတယ်” လို့ ကျန်းကျုံးယွီက ဆိုသည်။

“ဟုတ်ကဲ့” ချိုက်ဝမ်ဟုန်က ပျော်ရွှင်စွာပြောသည်။ အများစုသည် ဤလုပ်ငန်းတွင် ရှေးဟောင်းပစ္စည်းများကို စိတ်ဝင်စားကြပြီး ကောင်းသော အရာများကို တွေ့ရှိပါက သုတေသနအချို့ ပြုလုပ်ကြရသည်။

…

သူတို့ ခန်းမကို ပြန်သွားတဲ့အခါ ကုနင်းက လင်ရှောင်းထင်နဲ့ ကျင်းယွင်ယောင်တို့ကို သူမခဏလောက် အပြင်သွားအုံးမည်ဟု ပြောလိုက်သည်။

သူမသည် ဖီးနစ်နဂါးတိမ်တိုက်ပုံစံကျောက်စိမ်းကို သိမ်းပြီးနောက် ထန်စန်းချိုက်ပန်းအိုးကို ဤနေရာသို့ ယူလာရမည်။

သူ့ကို စိတ်စွမ်းအင်အာကာပြင်ထဲမှာ ထည့်ထားပေမယ့် ကျောက်စိမ်းကို အတွင်းထဲကို တိုက်ရိုက်ထည့်ပြီး ပန်းအိုးကိုလည်း ထုတ်လို့မရပေ။

သူမသည် လူ‌တွေကို ရှောင်ပြီး ထိုသို့လုပ်ဆောင်နိုင်သော်လည်း နေရာတိုင်းတွင် စောင့်ကြည့်ကင်မရာများ ရှိနေသောကြောင့် ၎င်းကို မိသွားပါက ရှင်းပြရန် ခက်ခဲမည်ဖြစ်သည်။

ပုံမှန်အားဖြင့် မည်သည့်အရာမှ အမှားအယွင်းမရှိခဲ့လျှင် စောင့်ကြည့်ဗီဒီယိုများကို ပြန်ကြည့်မည်မဟုတ်သော်လည်း ထောက်လှမ်းရေးစခရင်များကို စိုက်ကြည့်နေသည့်သူရှိသဖြင့် ကုနင်းအတွက် ပြသနာများစေနိုင်သည်။

ထို့အပြင် ကျင်းယွင်ယောင်သည် သူမ၏ စိတ်စွမ်းအင်အာကာပြင်ကို မသိသေးသောကြောင့် အလွန်သတိထားရန် လိုအပ်သည်။

ထို့အပြင် သူတို့သဘောတူညီချက်လုပ်ပြီးကြပြီး‌နောက် သူမအတွက် ထန်စန်းချိုက်ပန်းအိုးကို အချိန်တိုတိုအတွင်း ဤနေရာတွင် ယူဆောင်နိုင်ရန် မဖြစ်နိုင်ပေ။ ထိုသို့ပြုလုပ်ရန် အနည်းဆုံး တစ်နာရီခန့် အချိန်ယူရသောကြောင့် သူမ ဤနေရာသို့ လျင်မြန်စွာ ရောက်လာပါက သံသယများ နှိုးဆွသွားမိမည်ဖြစ်သည်။ ထို့ကြောင့် ကုနင်းသည် ခဏထွက်သွားပြီး အချိန်တန်မှ ပြန်လာရန် လိုအပ်သည်။

ကုနင်းက သူမဘာလုပ်မယ်ဆိုတာကို အတိအကျ မပြောပေမယ့် ကျင်းယွင်ယောင်က သူမအတွက် ထန်စန်းချိုက်ပန်းအိုးကို ဒီသို့ ကူညီ‌ပြီးယူလာပေးပြီး ကျောက်စိမ်းကို ယူသွားပေးမယ့်သူတစ်ယောက်ကို စောင့်‌မလို့ဟု ကျင်းယွင်ယောင်ကထင်မိလိုက်သည်။

ကုနင်းတစ်ယောက်ထဲဆို ပျင်းနေမှာဆိုးတဲ့အတွက် သူမက "ငါ မင်းနဲ့လိုက်ခဲ့လို့ရတယ်လေ!"

"ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်မတစ်ယောက်တည်း လုပ်လို့ရပါတယ်။ ကျွန်မသူငယ်ချင်းတွနေဲ့ ဟိုနားဒီနားလျှောက်လည်လိုက်ပါလား။ သူတို့ကို ဒီမှာ ထားခဲ့ရင် မသင့်တော်‌လောက်ဘူး” ဟု ကုနင်းက ဆိုသည်။

ကုနင်းသည် ကျင်းယွင်ယောင် မသိဘဲ တစ်ခုခုလုပ်ရန် လိုအပ်ပြီး လင်ရှောင်းထင် သည်လည်း သူမနှင့် အတူထွက်သွား၍ မရသောကြောင့် ကုနင်းက လင်ရှောင်းထင်ကိုပါ ဤနေရာတွင်နေရန် ပြောလိုက်သည်။

"ဟုတ်ပြီ" ကျင်းယွင်ယောင်က သဘောတူလိုက်သည်။

“သူတို့ဆီ ဖုန်းဆက်ပြီး အမေ့ရဲ့နံပါတ်ကို ကျွန်မပေးလိုက်မယ်။ ပြီးကျရင် သူတို့ အမေ့ကို ဆက်လိမ့်မယ်။ တစ်နာရီလောက်ကြာရင် ပြန်ဆုံကြတာ‌ပေါ့” ဟု ကုနင်းက ကျင်းယွင်ယောင်ကို ပြောသည်။ သူမ၏သူငယ်ချင်းများသည် လင်ရှောင်းထင်ကိုဆက်သွယ်ရန် စိတ်လှုပ်ရှားနေလောက်မည်ဖြစ်သောကြောင့် ကျင်းယွင်ယောင်ကိုဖုန်းဆက်ရန်သာ ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး" လို့ ကျင်းယွင်ယောင်က ပြောသည်။

ထို့နောက် ကုနင်းတစ်ယောက်တည်း ထွက်ခွာသွား‌တော့သည်။ သူမသည် ချူးဖေ့ဟန်ကို ဖုန်းခေါ်ပြီး အကျိုးအကြောင်း ပြောပြပြီး ချူးဖေ့ဟန်က သဘောပေါက်သွားသည်။

သူမသွားရာလမ်းတွင် ကလေးငယ်များစွာ အချင်းချင်း ဆော့ကစားနေကြပြီး ကုနင်းကို တိုက်လုနီးပါးဖြစ်သွားကြသည်။ ကုနင်းကို ၀င်တိုက်မိလျှင် ကျောက်စိမ်းက ကွဲသွားနိုင်တဲ့အတွက် သူမသည် တစ်စက္ကန့်မျှ ထိတ်လန့်သွားသည်။ ကုနင်းသည် ထိုကလေးများကို ရှောင်ရန် လွယ်ကူသော်လည်း သူမသည် ကျောက်စိမ်းကို အလွန်ဂရုစိုက်သောကြောင့် အလွန် လန့်နေသည်။

သို့သော် ကုနင်းသည် သူမကို တိုက်မိလုနီးပါး ဖြစ်သွားသော ကလေးအား ရှောင်လိုက်နိုင်ပြီးနောက် ကလေးသည် ခြေလှမ်းအနည်းငယ်မျှ ရှေ့သို့ ပြေးလဲကျသွားပြီး မျက်ရည်များ ကျလာသည်။

"အို သား!" ဘေးမှရပ်‌နေသော စုံတွဲတစ်တွဲသည် သူ့ထံ ချက်ချင်းသွားကာ သူ့ကို ချီပိုးလိုက်သည်။

ကုနင်းက သူတို့ကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် ဆက်လက်ထွက်ခွာလာသည်။ ဘာပဲဖြစ်ဖြစ် သူ့အပြစ်မဟုတ်သလို မိဘတွေက ကလေးကို စောင့်ရှောက်ပေးလိမ့်မည်။

ကံမကောင်းစွာပဲ မကြာခင်မှာ လင်မယားနှစ်ယောက်က ပြေးလာပြီး သူမကို တားလိုက်ကြသည်။

***

အခန်း ၁၇၀၉ မင်းမှာရှိတာ ဘယ်လောက်တောင် အရေးကြီးတဲ့ ပစ္စည်း မလို့လဲ

ကုနင်းက မျက်မှောင်ကြုတ်ပြီး ဘာမှ မပြောခင် သူတို့ရဲ့ အမူအရာတွေကနေတစ်ဆင့် သူတို့ ဘာလုပ်ချင်လဲဆိုတာ သိလိုက်သည်။ အရာအားလုံးအတွက် သူမကို အပြစ်တင်ချင်ကြပုံရသည်။

"မင်းဘယ်လိုလူလဲ? ငါ့သားကို တွန်းချပြီး ထွက်ပြေးသွားရတယ်လို့” အမျိုးသမီးက ကုနင်းကို ဒေါသတကြီး ဝေဖန်ခဲ့ပြီး အပြစ်အားလုံး သူမအပေါ်ပုံချခဲ့သည်။

သူမ၏ဝေဖန်သံများကိုကြားတော့ အနီးနားရှိလူများက ကုနင်းကို စိတ်အနှောင့်အယှက်ဖြစ်စေသော အကြည့်ဖြင့်လှည့်ကြည့်ကြသည်။

ကုနင်းက မကျေမနပ်ဖြစ်ပြီး ထိုအမျိုးသမီးကို မေးခွန်းထုတ်သည်။ "ရှင့်ရဲ့သားကို ကျွန်မဘယ်တုန်းက တွန်းချတာလဲ။ ရှင့်သားက ဒီနားကို ပြေးလာပြီး သူ့ဘာသာ လဲကျသွားတာ။ ကျွန်မနဲ့ ဘာမှမဆိုင်ဘူး!"

"မင်းလုပ်ခဲ့တာကို ငါအကုန်သိတယ်! အဲ့တာကို ငြင်းနေသေးတယ်နော်။ အရှက်မရှိချက်!" အမျိုးသမီးက ကုနင်းကို အပြစ်တင်နေတုန်းပင်။ ဒီအမျိုးသမီးအတွက် ဒါကပထမဆုံးအကြိမ် မဟုတ်ဘူးဆိုတာ ထင်ရှားသည်။ သူမသည် သူမ၏အမှားအတွက် အခြားသူများကို အပြစ်တင်လေ့ရှိပြီး လှည့်ကွက်များနှင့်လည်း အတော်လေး ရင်းနှီးပုံရသည်။

“အခုခေတ်လူငယ်တွေက အရမ်းတစ်ကိုယ်ကောင်းဆန်တာပဲ။ သူများကလေးကို အနိုင်ကျင့်ပြီးတော့ မတောင်းပန်ဘူး"

"သူသာ ငါ့သမီးဆိုရင် ငါ အရှက်ရလိမ့်မယ်"

“…”

ကြည့်ရှုသူများသည် ကုနင်းကို ဝေဖန်စပြုလာသည်။

ကုနင်းသည် စိတ်တိုလာပြီး ထိုအမျိုးသမီးကို အေးစက်စွာ စိုက်ကြည့်နေသည်။

"အရှက်မရှိတဲ့သူက ရှင်လို့ ကျွန်မထင်တယ်! ရှင့်ကလေးကို ကျွန်မလုံးဝမထိဘူး၊ ရှင့်ရဲ့ကလေးက ကျွန်မကို တိုက်မိလုနီးပါးဖြစ်ခဲ့လို့ ကျွန်မရှောင်လိုက်ရုံပဲ။ သူက ကျွန်မနဲ့ ခပ်ဝေးဝေးမှာ လဲကျသွားတာ။ အဲဒါအတွက် ရှင် ကျွန်မကို အပြစ်တင်လို့ မရဘူး‌လေ။ ဒီလိုရှင့်အမှားကို တခြားသူတွေကို အပြစ်တင်တာမျိုးက အမြဲလုပ်နေကျထင်တယ်"

“မင်း…” ထိုစကားကြားတော့ အမျိုးသမီးက ရုတ်တရက် ထိတ်လန့်သွားသည်။

အခြားလူများက သူမ၏အမူအရာကို သတိမပြုမိကြသော်လည်း ကုနင်း၏စကားများက သူတို့၏သံသယကို နှိုးဆွပေးခဲ့သည်။ ကုနင်းက ကလေးကို လုံးဝမတွန်းချဘဲ ကလေးက သူ့ဘာသာသူ ပြုတ်ကျသွားတာ ဖြစ်နိုင်သည်။ ထိုအခြေအနေတွင် ကုနင်း၏ အမှားမဟုတ်ပေ။

အမျိုးသမီးသည် ရှက်ရွံ့စိတ်ဖြင့် ဒေါသထွက်ကာ ငြင်းခုံခဲ့သည်။ "အဓိပ္ပာယ်မရှိတာ! ငါ့အမှားမဟုတ်ဘူး" သူမသည် အမှန်တရားကို ရှင်းရှင်းလင်းလင်း သိသော်လည်း ဝန်ခံမည်မဟုတ်ပေ။

မကောင်းမှုပြုလုပ်သောသူများသည် သူတို့ အပြစ်ကို ဝန်ခံရန် အမြဲငြင်းဆိုကြပြီး အခြားသူများကိုလည်း သူတို့ပြုခဲ့သောအရာကို သိခွင့်ပြုမည်မဟုတ်ပေ။

ကုနင်းက ရယ်မောလိုက်ပြီး ဘယ်ဘက်ထောင့်ရှိ စောင့်ကြည့်ကင်မရာများကို ညွှန်ပြလိုက်သည်။ “စောင့်ကြည့်ကင်မရာတွေရှိတယ်။ ဝန်ခံဖို့ ငြင်းနေအုံးမယ်ဆိုရင် ထောက်လှမ်းရေး ဗီဒီယိုကို စစ်ကြည့်လို့ရတယ်နော်" ထိုစကားကြားတော့ အမျိုးသမီးသည် ထောက်လှမ်းရေးကင်မရာများကို ချက်ချင်းလှည့်ကြည့်ကာ ထိတ်လန့်သွားသည်။

ဒီတစ်ခါတော့ ကြည့်ရှုသူတွေက သူမရဲ့ အပြုအမူကို သတိထားမိလိုက်သည်။

“အိုး၊ ကောင်မလေးက ကလေးကို မတွန်းချဘဲ ကလေးက သူ့ဘာသာသူ ပြုတ်ကျသွားတာပဲ။ ဒီအမျိုးသမီးက ကောင်မလေးကို သပ်သပ်မဲ့အပြစ်တင်နေတာ အရှက်မရှိလိုက်တာ!”

“ဟုတ်တယ်။ သူ့သားက သူ့ဘာသာသူ လဲကျသွားတာ‌လေ။ ကောင်မလေးကို ဘာလို့ အပြစ်တင်‌နေတာလဲ”

“…”

ကြည့်ရှုသူများသည် ထိုအမျိုးသမီးကို စတင်ဝေဖန်ကြပြီး လင်မယားနှစ်ယောက် အရှက်ကွဲသွားကြသည်။

ကံမကောင်းစွာပဲ၊ သူတို့လက်လျှော့ဖို့ငြင်းဆန်ဆဲပင်။ "မင်း ငါ့သားကို မတွန်းထုတ်ရင်တောင် မင်း သူ့လဲကျမသွားအောင် တားပြီး ဘာလို့မကူညီတာလဲ!" ကလေးရဲ့အဖေက ကုနင်းကို အပြစ်တင်နေတုန်းပင်။

"ဘာ? ရယ်စရာပဲ” ကုနင်းက နှုတ်ခမ်းကို တွန့်လိုက်သည်။ "ကျွန်မသာသူ့ကိုမရှောင်ရင် သူကျွန်မကို တိုက်မိလိမ့်မယ်လေ"

"အဲ့တော့ ဘာဖြစ်လဲ? မင်းက သူ့ထက် အရပ်ပိုရှည်တယ်‌လေ” ဟု အမျိုးသမီးက ဆိုသည်။ တခြားလူတွေကလည်း ရယ်စရာလို့ ထင်ကြသည်။ သူ့သားက ကုနင်းကို ဝင်တိုက်မည့် အရေးကို ရှောင်လိုက်လို့ ကုနင်းကို အပြစ်တင်သည်။

"ဟုတ်တယ်၊ ကျွန်မက ရှင်တို့သားထက် ပိုအရပ်ရှည်တယ်၊ သန်မာတယ်၊ ဒါကြောင့် သူငါ့ကို ၀င်တိုက်မိရင် အန္တရာယ်ကြီးကြီးမားမားဖြစ်မှာမဟုတ်ဘူး ဒါပေမယ့်..." ကုနင်းက ဒီအချိန်မှာ သူ့လက်ထဲမှာ သေတ္တာကို မြှောက်လိုက်သည်။

“ဒီပုံးထဲမှာ အရမ်းအရေးကြီးတဲ့ အရာတစ်ခုရှိတယ်။ ပျက်စီးသွားရင် ပြန်လျော်ပေးမှာလား"

"မင်းမှာ ဘယ်‌လောက်အရေးကြီးတဲ့ အရာရှိလို့လဲ" မိန်းမက မထီမဲ့မြင်နဲ့ပြောသည်။

ကုနင်းသည် ရုပ်ရည်ချောမောလှသော်လည်း သူမသည် တန်ဖိုးကြီးသောအဝတ်အစားများ မဝတ်ထားသောကြောင့် အဖိုးတန်သောအရာများ ရှိနိုင်မည်ဟု မထင်ကြပေ။

တကယ်တော့ ကုနင်းဟာ ရိုးရှင်းတဲ့အဝတ်အစားတွေဝတ်ထားပေမဲ့ သူတို့အားလုံးဟာ နိုင်ငံတကာအမှတ်တံဆိပ်တွေဖြစ်ပြီး နွေရာသီဝတ်စုံတစ်ခုဟာ ယွမ်ထောင်ပေါင်းများစွာကုန်ကျသည်။ ထို့အပြင် ကုနင်းသည် ရိုးရှင်းသောအဝတ်အစားများကို ၀တ်ဆင်ထားသော်လည်း သူမသည် အလွန်ထူးခြား‌သော ဆွဲဆောင်မှုရှိသည်။

နိုင်ငံတကာ အမှတ်တံဆိပ်များကို လူများစွာက သိနိုင်ခြင်းမရှိ‌တဲ့အပြင် လူတိုင်းသည် အခြားသူတစ်ဦး၏ ဆွဲဆောင်မှုကို အသိအမှန်ပြုကြမည်လည်းမဟုတ်ပေ။

ကုနင်း၏လက်ထဲတွင် စာချုပ်ပါရှိပြီး ပထမစာမျက်နှာမှာ စစ်မှန်ကြောင်းအထောက်အထားလက်မှတ်ဖြစ်သည်။ ဓာတ်ပုံများ၊ စျေးနှုန်းနှင့် ၎င်းပေါ်တွင် ဖီးနစ်နဂါးတိမ်တိုက်ပုံစံကျောက်စိမ်းအကြောင်း မိတ်ဆက်ထားပြီး ကုနင်းက ၎င်းကို လူတိုင်းအား ပြသရန် မြှောက်လိုက်သည်။

“ဒီစာမျက်နှာမှာ ပြထားတဲ့အရာက ဒီပုံးထဲမှာရှိတယ် အဲ့တာက စစ်ဖက်ပြိုင်နေသော ခေတ်ကာလက ဖီးနစ်နဂါးတိမ်တိုက်ပုံစံကျောက်စိမ်းဖြစ်ပြီး ယွမ်သန်းသုံးဆယ်တန်ဖိုးရှိတယ်။ နန်းတော်ပြတိုက်ကနေ အခုပဲရလာတာ။ ယွမ်သန်းသုံးဆယ်က ဘာမှမဟုတ်ဘူးလို့ ရှင်ထင်ရင်တော့ ကျွန်မမှာပြောစရာမရှိဘူး” ဟု ကုနင်းက ဆိုသည်။ "မယုံရင် နန်းတော်ပြတိုက်မှာ သက်သေပြနိုင်ပေမယ့် ကျွန်မအလုပ်တွေကို နှောင့်နှေး‌စေရင်တော့ ရလဒ်ကို ခံနိုင်ရမယ်နော်"

သူတို့အပြောအဆိုတွေကြောင့် သူမနဲ့အတူ နန်းတော်ပြတိုက်ကို မသွားရဲဘူးဆိုတာ ကုနင်းသိသည်။ တကယ်တော့ သူတို့ဟာ စျေးနှုန်းနဲ့တင် ထိတ်လန့်ကြောက်ရွံ့နေကြပါပြီ။ သူမနဲ့ လိုက်လာမယ်ဆိုရင်တောင် ဘာမှမမှားဘူးဆိုတာ သူမသိတာကြောင့် စိတ်ပူစရာမရှိပေ။

ဖီးနစ်နဂါးတိမ်တိုက်ပုံစံကျောက်စိမ်း၏စျေးနှုန်းကြောင့် ကြည့်ရှုသူများလည်း အံ့အားသင့်ခဲ့ကြသည်။ သေးငယ်ပေမယ့် တော်တော်စျေးကြီးသည်။ ကုနင်းက သူတို့ကို လှည့်ဖြားဖို့ မလိုအပ်ဟု ထင်တာကြောင့် ကုနင်း၏ စကားကို သံသယမရှိခဲ့ကြ‌ပေ။ နောက်ဆုံးတော့၊ အဲဒါက လင်မယားနှစ်ယောက်ရဲ့ ကလေးအမှားဖြစ်ပြီး ကုနင်းကို အပြစ်မတင်သင့်‌ပေ။

ယနေ့ခေတ်တွင် မတော်တဆမှုမှ သင်ခန်းစာမယူပါက နောင်တွင် အပြစ်မဲ့သူများ ပိုမိုဒုက္ခရောက်စေလာမည်ဖြစ်သည်။ ထိုသို့သောလူတွေဟာ သင်ခန်းစာမရရှိခဲ့ရင် ပြောင်းလဲမှာမဟုတ်‌ပေ။

"ဒါဆို? အခု ဘာလုပ်ချင်လဲ။ ရှင်တို့အတွက် ဖြုန်းဖို့ ကျွန်မမှာ အချိန်မရှိဘူး” ဟု ကုနင်းက ဆိုသည်။ လင်မယားနှစ်ယောက်က ဒီအကြောင်းကို ဘာမှ ထပ်မပြောဝံ့ဘဲ တိတ်တိတ်ဆိတ်ဆိတ် ထွက်သွားကြသည်။ သူတို့သည် သာမန်လူများဖြစ်ပြီး ကုနင်းထံမှ ငွေအနည်းငယ်ဖြင့် လှည့်စားချင်သော်လည်း မထင်မှတ်ဘဲ ကုနင်းသည် လုံးဝ မပျော့ညံ့ပေ။

ကုနင်းသည် ထိုနေရာတွင် ဆက်မနေ‌တော့ဘဲ အလျင်အမြန် ထွက်ခွာလာခဲ့သည်။

သို့သော်လည်း ကုနင်းသည် လူစုလူဝေးမှ ထွက်ခွာလာပြီးနောက် ရုတ်တရက် မျက်မှောင်ကျုံ့လိုက်သည်။

***

အခန်း ၁၇၁၀ ကျောက်စိမ်းကြောင့် လိုက်လာခြင်း

သူမ၏နောက်ကနေ ကျင့်ကြံသူ၏ အငွေ့အသက်ကို ခံစားလိုက်ရသည်။

သူမသည် ထိုလူ၏အဆင့်ကို သူ/သူမ၏ လေထုမှတစ်ဆင့် အကြမ်းဖျင်းသိနိုင်သည်။ အကယ်၍ ထိုလူသည် မြင့်မားသောအဆင့်တွင်ရှိနေပါက သူမသည် ပြင်းထန်‌သော‌အငွေ့အသက်ကိုခံစားရနိုင်သည်။ မဟုတ်ပါက ပေါ့ပါးသောလေကို ခံစားရလိမ့်မည်။

သူမ၏အနောက်ရှိ ဤကျင့်ကြံသူသည် အလွန်မြင့်မားသောအဆင့်မဟုတ်ပေ၊ လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်တို့အကြားတွင် ရှိ‌လောက်မည်။ သူမမြင်ဖူးသမျှ ကျင့်ကြံသူများထဲတွင် ဝူရွှမ်းဟွာနှင့် ပိုင်လီကျုံးရွှယ်သာ ထိုအဆင့်တွင် ရှိ‌ပေသည်။ ဒါကြောင့် သူတို့ထဲက တစ်ယောက်ဖြစ်နိုင်သလို မျက်နှာစိမ်းလည်း ဖြစ်နိုင်သည်။

ကုနင်းက သိချင်ပေမယ့် အခု လှည့်ကြည့်လို့ မရ‌သေးပေ။ သူမသည် လူများသောနေရာတွင်သာ သွားလာနိုင်သည်။

ညနေစောင်းနေပြီဖြစ်၍ နေရာတိုင်းတွင် ခရီးသွားများရှိနေသောကြောင့် ထိုလူက သူမအား လူမြင်ကွင်းတွင် တိုက်ခိုက်ရန် ရွေးချယ်လိမ့်မည်ဟု မထင်ပေ။

တစ်ချိန်တည်းမှာပင် ကျင့်ကြံသူသည် တိမ်တိုက်နဂါးပုံစံကျောက်စိမ်းကြောင့် သူမနောက်လိုက်လာခြင်း ဖြစ်မည်ကို စိုးရိမ်သဖြင့် အန္တရာယ်မှကာကွယ်ရန် ကျောက်စိမ်းအား လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ပွေ့ဖက်ထားသည်။

သူမ၏ လှုပ်ရှားမှုများသည် အလွန်သဘာဝကျသောကြောင့် သူမသည် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သည်ကို အခြားသူများက မသိကြပေ။

ကုနင်းသည် သူမလက်ထဲတွင် သေတ္တာကို ပွေ့ဖက်ပြီးနောက် သော့ကိုလည်း ဖွင့်လိုက်သည်။ ကျင့်ကြံသူသည် လူရှေ့သူရှေ့တွင် ရုတ်တရက် တိုက်ခိုက်မည်ကို သူမ စိုးရိမ်နေသေးသဖြင့် ကျောက်စိမ်းကို သူမ၏ စိတ်စွမ်းအင်အာကာပြင်ထဲသို့ ထည့်လိုက်သည်။

သူမ၏လက်ထဲတွင် သေတ္တာကြီးတစ်လုံးရှိပြီး ၎င်းတစ်ခုလုံးကို သူမ၏ စိတ်စွမ်းအင်အာကာပြင် ထဲသို့ တိုက်ရိုက် မထည့်နိုင်‌ပေ။ မဟုတ်လျှင် အခြားသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားလိမ့်မည်။ သို့သော် သူမသည် သေတ္တာအတွင်းရှိအရာများကို သူမ၏ စိတ်စွမ်းအင်အာကာပြင်ထဲသို့ ထည့်နိုင်သည် အကြောင်းမှာ သေတ္တာထဲတွင်မည်သည့်ပစ္စည်းပါရှိကြောင်းနှင့် ပစ္စည်းတစ်ခုခုရှိမရှိကိုပင် မည်သူမျှ မသိသောကြောင့် ဖြစ်သည်။

ကျင့်ကြံသူနှင့် ပတ်သက်၍မူ ကျင့်ကြံသူသည် ၎င်းကို ရှာဖွေတွေ့ရှိသွားမည်ကို သူမ ဂရုမစိုက်ပေ။ ကျင့်ကြံသူသည် သူမ၏ အထူးကျွမ်းကျင်မှုကြောင့် မအံ့သြ‌လောက်ပဲ သူမတွင် ချန်ခွင်းရှိ‌လောက်မည်ဟု ထင်နေပေမည်။

တကယ်တော့ ကုနင်းသည် ထိုသို့မလုပ်ချင်ပေ။ကျောက်စိမ်းကို သူမရဲ့ စိတ်စွမ်းအင်အာကာပြင်ထဲထည့်လိုက်ပြီးနောက်မှာ‌ တစ်ခုခုဖြစ်လာမှာကို စိုးရိမ်‌သောကြောင့်ပင်။

ကုနင်းက ရှေ့ကို လျှောက်လာရင်းနဲ့ ကျင့်ကြံသူဟာ သူမနောက်ကို လိုက်လာပြီး တစ်ယောက်နဲ့တစ်ယောက် ပိုနီးကပ်လာသည်။ ကုနင်းက အချိန်ပြည့် သတိရှိလျက်နေနေသည်။

ကံကောင်းစွာပဲ ကုနင်းက သူမကားပေါ် ရောက်တဲ့အထိ ကျင့်ကြံသူဟာ ဘာမှ မလုပ်ခဲ့ပေ။ ယင်းအစား ကျင့်ကြံသူသည် သူမနှင့် မနီးမဝေးတွင်နေပြီး သူမကို စိုက်ကြည့်နေသည်။

ကုနင်းက ကားနောက်ခန်းရဲ့ တံခါးကိုဖွင့်လိုက်ပေမယ့် ချက်ချင်းမဝင်ပေ။ ကားတံခါးနှင့် တခြားသူတွေရဲ့အမြင်ကို ပိတ်ဆို့လိုက်ချိန်မှာတော့ ကုနင်းက သေတ္တာကို သူမရဲ့ စိတ်စွမ်းအင်အာကာပြင်ထဲကို ထည့်လိုက်ပြီး နောက်ဆုံးတော့ သူမ စိတ်သက်သာရာရသွား‌တော့သည်။

တိမ်တိုက်နဂါးပုံစံကျောက်စိမ်းသည် သူမအတွက် အလွန်အရေးကြီးသောကြောင့် သတိထားရမည်ဖြစ်သည်။

ထို့နောက် ကုနင်းသည် သူမ၏ စိတ်စွမ်းအင်အာကာပြင် မှ သေတ္တာငယ်လေးကို ထုတ်လိုက်သည်။ ၎င်းတွင် ရှေးဟောင်းပစ္စည်းများကွဲအက်ခြင်းမှ ကာကွယ်ရန် အသုံးပြုသည့် ချည်မျှင်သာရှိပြီး ကုနင်းက ၎င်းကို ထန်စန်းချိုက်ပန်းအိုးအား သိမ်းဆည်းရန်အတွက် အသုံးပြုလိုက်သည်။ သို့သော်လည်း သူမသည် နောင်တွင် ကျင့်ကြံသူနှင့် ပဋိပက္ခဖြစ်မည်ကို စိုးရိမ်သောကြောင့် ထန်စန်းချိုက်ပန်းအိုးကို သေတ္တာထဲသို့ ယခုချက်ချင်း မထည့်သေးပေ။ ပန်းအိုးကို မထိခိုက်စေချင်သောကြောင့် သေတ္တာကို လောလောဆယ် အလွတ်အတိုင်းထားလိုက်သည်။

ပြတိုက်ထဲမဝင်ခင် သန့်စင်ခန်းထဲသွားပြီးမှသာ ပန်းအိုးကို အထဲသို့ ထည့်ရမည်။

ကုနင်းသည် ယခုအချိန်အထိ ပြတိုက်မှထွက်သည့်လမ်းတွင် မိနစ် ၄၀ နီးပါးကြာခဲ့ပြီး သူမပြန်ရန်အချိန်တန်ပြီဖြစ်သည်။

သူမပြန်သွားသောအခါ ကျင့်ကြံသူအား တွေ့လိုက်ရသည်။ မျက်နှာသစ်သူစိ်မ်းဖြစ်သည်။ အသက် ၄၀ ခန့် အမျိုးသားတစ်ဦးပင်။

ကုနင်းက သူ့ကိုကြည့်လိုက်ပေမယ့် သူမက စိုက်ကြည့်နေတာမျိုးမဟုတ်ပဲ တစ်ချက်သာ ကြည့်လိုက်သောကြောင့် ကျင့်ကြံသူဟာ တစ်စုံတစ်ခု မှားယွင်းနေကြောင်း မခံစားရ‌ပေ။

ကုနင်းသည် ကျင့်ကြံသူ၏အငွေ့အသက်ကို ခံစားနိုင်သည်ကို သူမသိသောကြောင့် ကုနင်းသည် သူ့ကို သတိမထားမိဟု သူယုံကြည်ခဲ့သည်။

ကုနင်းထွက်သွားပြီးနောက်တွင် ကျင့်ကြံသူသည် သူမနောက်သို့ လိုက်လာသည်ကို သူမမခံစားမိတော့ပေ။ ကျင့်ကြံသူသည် သူမ၏ကားတံခါးကို ဖွင့်ရန် ကြိုးစားမည်ဟု စိတ်ထဲ၌တွေးနေမိသည်။ သို့သော်လည်း သူမသည် ထိုစိုးရိမ်မှုမျိုးရှိသော်လည်း သူ့ကို လှည့်မကြည့်ပေ။ ဒါဟာ ကြီးကြီးမားမား မဟုတ်ပါ။ ထိုမျှလောက်ကား ပျက်စီးဆုံးရှုံးမှုကို သူမ တတ်နိုင်သည်။

ကျင့်ကြံသူသည် သူ့နောက်သို့ မလိုက်နိုင်တော့သဖြင့် ယခုပင် သူ့ကို ရှောင်ရတော့မည်။

ကုနင်းက သူ လိုချင်တာကို ရှာမတွေ့ရင် သူမနောက်ကို ဆက်လိုက်လာနိုင်တာဖြစ်၍ ဒီနေ့ သူမ အရမ်း သတိထားရမည်ဟု တွေးမိသည်။

ထို့ကြောင့် ကျင်းယွင်ယောင်နှင့် လင်ရှောင်းထင်ကိုလည်း သူမတွေ့ခွင့်မပြုနိုင်ပေ။ ထို့ကြောင့် ကုနင်းသည် ကျင်းယွင်ယောင် ကိုဖုန်းဆက်ပြီး ပြတိုက်တွင်ရှိမရှိကို မေးမြန်းလိုက်သည်။

သူမက ကျင်းယွင်ယောင်ကိုလည်း ထူးဆန်းတဲ့ ကျင့်ကြံရေးသမားတစ်ယောက်နှင့် တွေ့ခဲ့ကြောင်းကိုလည်း ပြောပြလိုက်သည်။

သူသည် အနက်ရောင် ဘောင်းဘီနှင့် မီးခိုးရောင် ကုတ်အင်္ကျီကို ၀တ်ထားသည်။ သူ၏အဆင့်သည် သူမ၏အဆင့်နှင့် လင်ရှောင်းထင်၏အဆင့်ကြားရှိ‌လောက်မည်။

သူက တိမ်တိုက်နဂါးပုံစံကျောက်စိမ်းကြောင့် သူမနောက်သို့ လိုက်လာတာဖြစ်ပြီး နောက်ကျရင်လည်း သူမနောက်သို့ ဆက်လိုက်လာနိုင်သောကြောင့် သူတို့နှင့် မတွေ့ဆုံမိရန်အတွက် ရှောင်နေသင့်သည်။

ကျင်းယွင်ယောင်က ဒီပြတိုက်မှာ မှော်စွမ်းအင်ရှိတဲ့ ရှေးဟောင်းပစ္စည်းတွေ အများကြီးရှိပြီး မှော်အစွမ်းက ကျင့်ကြံသူရဲ့အငွေ့အသက်နှင့် ရောနှောသွားလိမ့်မည်ဟု ဆိုသည်။ တစ်ယောက်နဲ့တစ်ယောက် မနီးစပ်သရွေ့ ဘယ်သူမှ သူတို့ကို ရှာမတွေ့နိုင်သလို ဒီပြတိုက်မှာ သူတို့ လုံခြုံနေမှာပင်။

ထို့အပြင် ထိုယောက်ျားသည် သူ့ထက် နိမ့်ကျသော အဆင့်တွင် ရှိနေသောကြောင့် သူမကို မတွေ့မီ သူ့ကို အရင်ရှာတွေ့နိုင်မည်ဖြစ်သည်။

သို့သော် ကျင့်ကြံသူသည် တိမ်တိုက်နဂါးပုံစံကျောက်စိမ်းကို ရလိုရသည့် အကြောင်းရင်းနှင့်ပတ်သက်၍ သူမ စိတ်ရှုပ်ထွေးနေမိသည်။ ထိုကိစ္စမှာ လျှို့ဝှက်ချက်များ ရှိနေတာလား။

ကုနင်း၏ မှန်းဆချက်က မှန်သည်။ အဘယ်ကြောင့်ဆိုသော် ထိုကျင့်ကြံသူသည် သူမ၏ ကားတံခါးကို ဖျက်ဆီးကာ ဖွင့်နေသောကြောင့်‌ပင်။

သူသည် ကျင့်ကြံသူဖြစ်သောကြောင့် ထိုသို့ပြုလုပ်ရန်မှာ မခက်ခဲဘဲ သူ့ပတ်ဝန်းကျင်ရှိ အခြားလူများက ထူးဆန်းသည်ဟု မထင်ကြပေ။ သူ့ကားလို့သာ ထင်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ကုနင်း၏လက်ထဲတွင်ရှိသော သေတ္တာကြီးကို ရှာမတွေ့‌တဲ့အတွက် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။

သေတ္တာကို တခြားသေတ္တာထဲထည့်ပြီး ယူသွားတာလား။ သူမဘာကြောင့်ဒီလိုလုပ်ရတာလဲ။ ငါသူမနောက်ကိုလိုက်နေမှန်း သူမ သိ‌နေတာလား။

အဲဒီလူက မဖြစ်နိုင်ဘူးလို့ ထင်‌နေပေမယ့် သေတ္တာပျောက်သွားတာတော့ အမှန်ပင်။ ထို့နောက် ကားတံခါးကိုပိတ်ကာ နန်းတော်သို့ပြန်သွားသည်။ သို့သော် ကုနင်းကို ယခုအချိန်တွင် မည်သည့်နေရာမှ မတွေ့ရတော့တဲ့အတွက် ဒေါသများ ပြည့်နှက်သွား‌တော့သည်။

သူက ဒီတစ်ခါ တိမ်တိုက်နဂါးပုံစံကျောက်စိမ်းအတွက် လာခဲ့ပေမယ့် တခြားတစ်ယောက်ကတော့ သူ့ရှေ့မှာ ရသွားသည်။ တစ်ချိန်တည်းမှာပင် သူသည် သေတ္တာထဲတွင် တိမ်တိုက်နဂါးပုံစံကျောက်စိမ်းရှိမရှိ သံသယရှိသဖြင့် ပြတိုက်သို့သွားရန် ဆုံးဖြတ်လိုက်သည်။

ကုနင်းသည် ပြတိုက်သို့ရောက်ခါနီးတွင် သန့်စင်ခန်းသို့သွားကာ ထန်စန်းချိုက်ပန်းအိုးကို ထုတ်ယူလိုက်သည်။ သန့်စင်ခန်းထဲက ထွက်လာပြီးနောက် ချိုက်ဝမ်ဟုန်ကို ဖုန်းခေါ်လိုက်သည်။

ပြတိုက်ထဲသို့မဝင်မီ လုံခြုံရေးစစ်ဆေးမှုကို ကျော်ဖြတ်ရန် လိုအပ်ပြီး သူမနှင့်အတူ ဝန်ထမ်းမရှိပါက ရှေးဟောင်းပစ္စည်းကို သိမ်းဆည်းသွားမည်ဖြစ်သည်။

All Chapters