← Chapters

အခန်း (၁၇၁၁-၁၇၁၆)

Vol. 107 Ch. 1711-1716

အခန်း (၁၇၁၁-၁၇၁၆)

Vol. 107 Ch. 1711-1716

အခန်း ၁၇၁၁ လေလံပွဲတွင် ကြေးခေါင်းလောင်းသံ တစ်စုံကို ရောင်းချခြင်း

ကုနင်း၏ခေါ်ဆိုမှုကိုလက်ခံရရှိပြီးနောက် ချိုက်ဝမ်ဟုန်သည် သူမအား လူကိုယ်တိုင်ကြိုဆိုရန် ထွက်လာခဲ့သည်။

တစ်နာရီအတွင်း ပြန်ရောက်လာတာက ထူးဆန်းတယ်လို့ မထင်‌ပေ။ ချိုက်ဝမ်ဟုန်က ကုနင်းသည် ဤနေရာသို့ ပို့ပေးရန် တစ်စုံတစ်ဦးကို စီစဉ်ခဲ့ပြီး အကွာအဝေးမှာ မကြာလှဟုလည်း ထင်ခဲ့သည်။

ကုနင်းက သူ့ဘာသာသူ ပန်းအိုးပြန်လာပေးတာကို သူ အံ့သြသွားသည်။ နောက်တစ်ယောက်ရှိအုံးမယ်လို့ သူထင်ထားမိသည်။

ချိုက်ဝမ်ဟုန်သည် မကြာမီ ကုနင်းနှင့် တွေ့သည်။ "မစ္စကု မင်းကိုယ်တိုင် ဒီကို ယူလာမယ်ဆိုတာ မသိလိုက်ဘူး" ချိုက်ဝမ်ဟုန်က ကုနင်းကို ယဉ်ကျေးစွာပြောသည်။

“ကျွန်မသူငယ်ချင်း‌တွေ အထဲမှာ လှည့်ကြည့်နေတုန်းပဲ အဲ့တာကြောင့် ဒီကို ယူလာပေးဖို့တစ်ယောက်ယောက်ကို ခေါ်ပြီး အပြင်မှာ‌တွေ့ခဲ့တာပါ” ဟု ကုနင်းက ဆိုသည်။

"မစ္စကု မင်းက အခု ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ရဲ့ သူဌေးဆို တခါတလေ ရှေးဟောင်းပစ္စည်း ကောင်းကောင်း‌တွေရနိုင်တယ်ဆိုတာ ဆရာကြီးကျန်းဆီက ကြားခဲ့ရတယ်။ ကျေးဇူးပြုပြီး နောက်တစ်ခါတွေ့ရင် ဖုန်းဆက်‌ပေးပါလား” ဟု ချိုက်ဝမ်ဟုန်က ပြောသည်။

ချိုက်ဝမ်ဟုန်သည် ကုနင်း၏ရှေးဟောင်းပစ္စည်းကောင်းများ၏ရင်းမြစ်များကို တောင်းခံရန် ဘယ်သောအခါမှ အနှောက်အယှက်ပြုမည်မဟုတ်‌ပေ။ သူမမှာ အစွမ်းထက်တဲ့ အထောက်အပံ့တစ်ခုရှိနေသရွေ့ ရှေးဟောင်းပစ္စည်းတွေကို သင်္ချိုင်းတွင်းတူးပြီး ရခဲ့ရင်တောင် အဆင်ပြေပေသည်။

ထို့အပြင် ကုနင်းသည် လင်ရှောင်းထင်၏ စေ့စပ်ထားသူဖြစ်သည်။ အစိုးရက သူမဘာလုပ်နေတယ်ဆိုတာ သိခဲ့ရင်တောင် မျက်စိမှိတ်ထားလိမ့်မည်။ သူမအပေါ် မည်သူ့တစ်စုံတစ်ရာမှမဖြေရှင်းဘဲ အစိုးရကို အတင်းအကြပ် မကိုင်တွယ်ခိုင်းသရွေ့ သူမ ဘေးကင်းမည်ဖြစ်သည်။

အစိုးရက ရှေးဟောင်းပစ္စည်းများမဟုတ်ဘဲ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များကိုသာ စည်းကမ်းများ တင်းကြပ်ထားသည်။ ယဉ်ကျေးမှုအမွေအနှစ်များသည် ရှေးဟောင်းပစ္စည်းများနှင့် ကွဲပြားသည်။

နာမည်အတိုင်း ယဉ်ကျေးမှုအမွေအနှစ်များသည် ယဉ်ကျေးမှုအရတန်ဖိုးရှိသော အရာများဖြစ်သည်။

လက်ရှိ ပညာရပ်အမြင်အရ အတိတ်က စွန့်ပစ်ထား‌သော အရာဝတ္ထုများကို ရည်ညွှန်းပြီး ပစ္စုပ္ပန်အထိ လက်ဆင့်ကမ်းသင့်သည်။ ၎င်းတို့သည် လက်ရှိလူ့အဖွဲ့အစည်းအတွက် တိကျသေချာသောတန်ဖိုးများရှိပြီး သမိုင်းအရ အမွေဆက်ခံသည့် ယဉ်ကျေးမှုထုတ်ကုန်များဖြစ်သည်။

ယဉ်ကျေးမှု အမွေအနှစ် နယ်ပယ်သည် အလွန်ကျယ်ပြန့်သည်။ ၎င်းတို့တွင် အဆောက်အအုံ အမျိုးမျိုး၊ ခေတ်အမျိုးမျိုး၏ အမွေအနှစ်များ၊ လက်ရှိ ယဉ်ကျေးမှု အမွေအနှစ်များဖြစ်ကြသည့် အောက်မေ့ဖွယ် ယဉ်ကျေးမှု အမွေအနှစ်များ၊ တူးဖော်တွေ့ရှိထားသော ရှေးဟောင်း သင်္ချိုင်းများ၊ ရှေးဟောင်း ဆောက်လုပ်ရေး ကိရိယာများနှင့် အဆောက်အဦးများ၊ မိုင်းခွဲသည့် ကျောက်တုံးများ၊ လက်မှုပစ္စည်းများ၊ သမိုင်းဝင် စာအုပ်များနှင့် ခေတ်သစ်လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုရှိသော မင်းဆက် သို့မဟုတ် ခေတ်တစ်ခုစီ၏ ယဉ်ကျေးမှု ဆိုင်ရာ ပစ္စည်းများ အမျိုးမျိုး ပါဝင်သည်။

ရှေးဟောင်းပစ္စည်းနဲ့ ပတ်သက်၍ သူ့နာမည်အတိုင်း နားလည်နိုင်သည်။ ရှေး‌ယခင်နှစ်များက ထုတ်လုပ်ခဲ့သော အရာများကို ရည်ညွှန်းခြင်းဖြစ်သည်။ ရှေးဟောင်းပစ္စည်းတစ်ခုသည် တန်ဖိုးထားလေးစားမှုနှင့် သုတေသနတန်ဖိုးအတွက် အရည်အသွေးများ ရှိသင့်သည်။ ၎င်းတို့၏ သက်ဆိုင်ရာ အချက်အလက်များအပေါ် အခြေခံ၍ ၎င်းတို့၏ အချိန်၏ အခြေအနေနှင့် လက္ခဏာအချို့ကို ခန့်မှန်းနိုင်သည်။

ရှေးဟောင်းပစ္စည်းများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကြား အကြီးမားဆုံး ကွာခြားချက်မှာ ယဉ်ကျေးမှုအမွေအနှစ်များကို အစိုးရဥပဒေဖြင့် ကာကွယ်ထားပြီး ပုဂ္ဂလိကလက်ဝယ်ကို ခွင့်ပြုထားသော်လည်း ရောင်းချ၍မရပေ။ အခြားတစ်ဖက်တွင် လူများသည် ရှေးဟောင်းပစ္စည်းများကို စုဆောင်း၊ ရင်းနှီးမြှုပ်နှံရန် သို့မဟုတ် အခြားသူများထံ ရောင်းချနိုင်သည်။

"ကိစ္စမရှိပါဘူး၊ ရှေးဟောင်းပစ္စည်းကောင်းတွေ ထပ်ရရင် ရှင့်ကို ဖုန်းဆက်ပေးပါ့မယ်" ဟု ကုနင်းက ဆိုသည်။ ချိုက်ဝမ်ဟုန်က အရင် အဆိုပြု‌သောကြောင့် ၎င်းသည် အခမဲ့ကြော်ငြာသလိုဖြစ်ပြီး ကုနင်းသည် သူ့အဆိုပြုချက်ကို ငြင်းပယ်မည်မဟုတ်ပေ။

"အိုး ပြတိုက်မှူးချိုက်၊ ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး အချက်အလက်တစ်ခုလောက် မေးလို့ရမလား" ကုနင်းက မေးသည်။

"ဘာကိုလဲ?" ချိုက်ဝမ်ဟုန်က ပြောသည်။

“ဘယ်တော့ ရှေးဟောင်းလေလံပွဲကြီးလုပ်မှာလဲ” ကုနင်းက မေးသည်။

“မြို့တော်မှာ နှစ်စဉ် အကြီးမားဆုံး ရှေးဟောင်းလေလံပွဲက အောက်တိုဘာလမှာ ဖြစ်ပေမယ့် အောက်တိုဘာလရဲ့ ဘယ်နေ့လဲဆိုတာကို အတိအကျ မသတ်မှတ်ရသေးဘူး။ ဆုံးဖြတ်ဖို့ တစ်လ‌လောက် ကြာအုံးမယ်။ သက်ဆိုင်ရာ ရှေးဟောင်းလေလံပွဲ‌‌တွေရှိနေသရွေ့ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်အပါအဝင် နာမည်ကြီး ရှေးဟောင်းပစ္စည်းဆိုင်များကို ဖိတ်ကြား‌လေ့ရှိပါတယ်။ ဒါမယ့် ဒီနှစ်တော့ မတူမှာ သေချာတယ်။ အချိန်သတ်မှတ်ပြီးတာနဲ့ ဖိတ်စာကို လူကိုယ်တိုင်ပို့ပေးသွားမှာပါ” ဟု ချိုက်ဝမ်ဟုန် ကပြောသည်။

“အင်း ကျွန်မလေလံပွဲမှာ ပစ္စည်းတစ်ခုရောင်းချင်လို့ စည်းမျဉ်းတွေကို သိလို့ ရမလား” ကုနင်းက မေးသည်။

“ရှေးဟောင်းလေလံပွဲကြီးဖြစ်တဲ့အတွက် လေလံတင်ရောင်းချတဲ့ ပစ္စည်းတွေရဲ့တန်ဖိုးက မနည်းရဘူး။ သူတို့က အနည်းဆုံး ယွမ်သန်းပေါင်းသောင်းနှင့်ချီ တန်ကြေးရှိရမယ်။ ဒါပေမယ့်လည်း လေလံတင်ရောင်းချတဲ့ ပစ္စည်းအရေအတွက်က အကန့်အသတ်ရှိ‌ေတာ့ အရေအတွက်အတိအကျကို ပြောဖို့ခက်ခဲတယ်‌ ပစ္စည်း ၂၀ လောက် ပြသမယ်ဆိုရင် ထိပ်တန်းရှေးဟောင်းပစ္စည်း ၂၀ ကိုပဲ လေလံတင်ဖို့ လက်ခံမှာပါ။ သေချာ‌‌ပေါက် ထိပ်တန်းပစ္စည်း ၂၀ ရဲ့ တန်ဖိုးက ပျမ်းမျှတန်ဖိုးကို မရောက်ရင်တော့ သူတို့ကိုလည်း လက်ခံမှာ မဟုတ်ပါဘူး။ တစ်နည်း‌ပြောရမယ်ဆိုရင် အရေအတွက်နည်းပေမယ့်လည်း တန်ဖိုးနည်းတဲ့ပစ္စည်း‌တွေကို လက်ခံသွားမှာမဟုတ်ဘူး” ဟု ချိုက်ဝမ်ဟုန်ကပြောပြီး ကုနင်းအား ဆက်မေးလိုက်သည်။ “မစ္စကု မင်းဘာကိုလေလံပွဲမှာရောင်းချင်တာလဲ? ဘယ်လောက်တန်လဲ" ကုနင်းသည် ယွမ်သန်းလေးဆယ်ခန့်တန်သော ထန်စန်းချိုက် ပန်းအိုးတစ်လုံးကိုပင် ပေးနိုင်ခဲ့သောကြောင့် ၎င်းသည် ပို၍တန်ဖိုးကြီးသော အရာများ ရှိသည်ဟု ဆိုလိုခြင်းဖြစ်၍ ချိုက်ဝမ်ဟုန် သည် အဖြေကို သိလိုစိတ်ပြင်းပြနေသည်။

“ကြေးခေါင်းလောင်းသံ တစ်စုံပါ ယွမ်ငွေ သန်းတစ်ရာကျော် တန်ကြေးရှိပေမယ့် အခုချက်ချင်းတော့မပြနိုင်မှာဆိုးရတယ် ပြတိုက်မှူးချိုက် အကဲဖြတ်ဖို့အတွက် ပေးပို့လိုက်တာနဲ့ ရှင်တွေ့နိုင်မှာပါ” ဟု ကုနင်းက ပြောကြားခဲ့ပြီး အသေးစိတ်အချက်များစွာကို ပြောကြားခြင်းမရှိပေ။

ကြေးခေါင်းလောင်းသံ တစ်အုပ်လုံးသည် ယွမ်ဘီလီယံနှင့်ချီပြီး တန်ဖိုးရှိပြီး အစိတ်အပိုင်း အနည်းငယ်သည် ကုန်ကျစရိတ်သက်သာသည်။

"ကြေးခေါင်းလောင်းသံ တစ်စုံ? ယွမ် သန်းတစ်ရာကျော် တန်ကြေးရှိတယ်ဟုတ်လား” အဲဒါကိုကြားတော့ ချိုက်ဝမ်ဟုန် အံ့သြသွားသည်။ ကုနင်းမှာ အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းပစ္စည်းတစ်ခု ရှိ‌နေသည်။ တစ်ချိန်တည်းမှာပင် သူသည် ၎င်းကိုမြင်ချင်လှသော‌်လည်း ကုနင်းသည် ၎င်းကို ယခုချက်ချင်းမပြနိုင်တော့သောကြောင့် သူ့ကိုယ်သူ ထိန်းထားရသည်။

ချိုက်ဝမ်ဟုန်က "လျှောက်လွှာဖွင့်တာနဲ့ မင်းကိုပြောပြပါမယ်"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ပြတိုက်မှူးချိုက်" ဟု ကုနင်းကပြောသည်။

“ရပါတယ်” ချိုက်ဝမ်ဟုန် ကပြောလိုက်သည်။

တစ်ယောက်နဲ့တစ်ယောက် စကားပြောကြရင်း ချိုက်ဝမ်ဟုန်ရဲ့ရုံးခန်းကို ရောက်လာကြပြီး ဒီပြတိုက်ရဲ့ အသက်အရွယ်ကြီးရင့်တဲ့ ပညာရှင်တော်တော်များများက သူတို့ကို စောင့်နေကြသည်။

ချိုက်ဝမ်ဟုန်က လင်ရှောင်းထင်နှင့် ကုနင်းကို မယုံကြည်သောကြောင့်မဟုတ်ဘဲ စည်းမျဉ်းကြောင့်သာ အကဲဖြတ်ခြင်းပြုလုပ်ရန် ၎င်းတို့အား ပြောခဲ့သည်။ ရှေးဟောင်းပစ္စည်းအားလုံးကို ပြတိုက်မသိမ်းမီ အရင်အကဲဖြတ်ရမည်ဖြစ်သည်။ အလကားမဟုတ်ဘဲ အဖိုးတန် ရှေးဟောင်းပစ္စည်းတစ်ခုနဲ့ တစ်ခု လဲလှယ်ခြင်းဖြစ်တာကြောင့်ပင်။

သေတ္တာကို စားပွဲပေါ်တင်လိုက်သောအခါ ကျွမ်းကျင်သူများစွာက ချက်ခြင်းဝိုင်းရံလိုက်သည်။ သူတို့အားလုံး ထန်စန်းချိုက် ပန်းအိုးကိုတွေ့ဖို့ မစောင့်နိုင်ကြတော့ပေ။

သေတ္တာကိုဖွင့်ပြီးတာနဲ့ ပန်းအိုးကို အကဲဖြတ်ကြသည်။ အချိန်တိုလေးအတွင်းမှာ သူတို့ အဖြေရခဲ့ပြီး အဲဒါက အစစ်ပင်။ ထို့နောက် ၎င်းတို့သည် ပစ္စည်းလက်ခံရရှိကြောင်း လက်မှတ်ကို ရေးထိုးကြပြီး ကုနင်းလည်း ထွက်ခွာလာခဲ့သည်။

ချိုက်ဝမ်ဟုန် ရုံးခန်းမှ ထွက်လာသောအခါ သူမသည် လင်ရှောင်းထင်ကိုဖုန်းဆက်ပြီး သူအခုဘယ်မှာလဲဟု မေးသည်။ သူတို့သည် ပြတိုက်ပတ်ပတ်လည်တွင် လမ်းလျှောက်ပြီးပြီးချင်း ခန်းမထဲသို့ ပြန်ဝင်လာကြသည်၊

ထို့ကြောင့် လင်ရှောင်းထင်က သူမကို ၎င်းတို့၏တည်နေရာကို ပြောပြပြီး ကုနင်းက သူတို့ကို တွေ့ဆုံရန် သွားခဲ့သည်။

ခန်းမထဲမှာ တဖန်စုရုံးလာကြတယ်။

"ပြီးပြီလား?" ကျင်းယွင်ယောင်က မေးသည်။

"ဟုတ်ကဲ့" ကုနင်းက ပြန်ဖြေသည်။ "အဲဒီလူကို တွေ့‌သေးလား"

“မ‌တွေ့ဘူး။ ဒါပေမယ့် ငါတို့ထွက်လာရင် သူနဲ့တိုးမလားမသိဘူး။ ငါတို့ ဒီကနေ ထွက်ရင် ခွဲပြီးသွားကြမလား” ကျင်းယွင်ယောင်က မေးလိုက်သည်။

***

အခန်း ၁၇၁၂ အရေးမကြီးတဲ့လူ

ထိုသို့ပြောရင်း ထိုလူကုနင်း၏နောက်သို့ လိုက်ရန် ရည်ရွယ်ထားသောကြောင့် သူမသည် ကုနင်းကို ထိခိုက်စေရန်ပြောသည်ဟု နားလည်မှုလွဲသွားနိုင်ကြောင်းကို ကျင်းယွင်ယောင် ရုတ်တရက် သဘောပေါက်သွားသည်။ "ငါတို့ အဲ့လူနဲ့တွေ့လို့ ငါတို့ရဲ့ဆက်ဆံရေးအကြောင်း သူသိသွားရင် မင်းဒုက္ခပိုကြီးလာမှာကို စိုးရိမ်လို့ပါ"

“ကျွန်မလည်း အဲ့လို စိုးရိမ်တာပဲ အမေတို့ကို မထိခိုက်စေချင်ဘူး။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ပစ်မှတ်က ကျွန်မပဲမို့ ကျွန်မအရင်ထွက်သင့်တယ်ထင်တယ်။ သူ့ကို တွေ့ရင် လမ်းလွှဲသွားလိုက်မယ်။ မ‌တွေ့ရင်တော့ အမေတို့ကို ထွက်လာဖို့ပြောမယ်‌လေ။ ဘယ်လိုထင်လဲ?" ကုနင်းက ပြောသည်။

“အင်း…” ကျင်းယွင်ယောင်က ကုနင်းကို အန္တရာယ်ကျ‌ရောက်မှာမျိူး မဖြစ်စေချင်ပေ။

“အဆင်ပြေသွားမှာပါ။ ကတိပေးပါတယ်” ဟု ကုနင်းက ဆိုသည်။

“ကောင်းပြီ” လင်ရှောင်းထင်က ပြောသည်။

ကုနင်းက သူမစိတ်ထဲမှာ ဆုံးဖြတ်ပြီးသားဆိုတာကို သူနားလည်ပြီး သူမကိုယ်သူမ ကောင်းကောင်းကာကွယ်နိုင်မယ်ဆိုတာ သူသိသည်။

ချူးဖေ့ဟန်နှင့် အခြားသူများမှာ ဘာဖြစ်သွားသည်ကို မသိသော်လည်း တစ်စုံတစ်ယောက်သည် ကုနင်း၏နောက်သို့ လိုက်နေကြောင်းကြားရပြီး ကုနင်းက သူတို့ကို ထိခိုက်စေလိုခြင်းမရှိတာကိုတော့ သိသည်။ သူတို့အတွက် ပြသနာမရှိပေမယ့် ကုနင်းက စီစဉ်ပြီးသားဖြစ်ပြီး သူမပြောတာကို နားထောင်ရမည်။

ထို့နောက် ကုနင်းသည် တစ်ယောက်တည်း ထွက်လာပြီး ကျင့်ကြံသူရှိမရှိ သိနိုင်ရန် သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဂရုတစိုက်ခံစားလိုက်သည်။

ခဏလောက် လှည့်ကြည့်ပြီးနောက် သူမသည် လင်ရှောင်းထင်ကို ဖုန်းဆက်ပြီး အပြင်ထွက်လာရန် ပြောခဲ့သည်။

ထို့နောက် သူတို့အုပ်စုသည် အတူတကွ ထွက်ခွာသွားကြပြီး ရှေ့သို့ လျှောက်သွားကြသည်။

သူတို့သည် ကျင့်ကြံသူကို ကြောက်တာ မဟုတ်သောကြောင့် ထိုလူနှင့် တွေ့ပြီးနောက်တွင်လည်း နန်းတော်ကို ကြည့်ရှုခြင်းအား မရပ်တန့်‌လိုက်‌ပေ။ မလိုလားအပ်သော ပြသနာများကို ရှောင်ချင်ကြရုံသာဖြစ်သည်။

"ဘော့စ် တစ်ယောက်ယောက်က မင်းနောက်ကို လိုက်လာတာဆို ငါတို့ဒီမှာ ဆက်လျှောက်သွားနေရင် အဆင်ပြေပါ့မလား" ချူးဖေ့ဟန် စိတ်ပူစွာမေးလိုက်သည်။

“ဟုတ်တယ် ဘော့စ်။ ငါတို့ မင်းကို ဒုက္ခမပေးချင်ဘူး” ဟု မုခယ် က ဆိုသည်။ တခြားသူတွေကလည်း သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖော်ပြကြသည်။

ကုနင်းက သူတို့ကို ပြုံးပြသည်။

"အဆင်ပြပေါတယ်။ သူက အရေးမကြီးတဲ့ လူသာဖြစ်လို့ ငါတို့ သူ့ကြောင့် မထိခိုက်စေနိုင်ပါဘူး"

ကုနင်းက ဒီလိုပြောတဲ့အတွက် တခြားသူတွေက သူမစကားကိုသာ နားထောင်လိုက်ကြသည်။ ဘာပဲဖြစ်ဖြစ် တခြားလူတွေက ကုနင်းကို နာကျင်အောင်လုပ်ဖို့ဆိုတာ မလွယ်‌ပေ။

…

ကျင့်ကြံသူသည် ကုနင်းဝင်လာပြီး မိနစ်အတော်ကြာမှ ပြတိုက်ထဲဝင်သွားပေမယ့် သူက လင်ရှောင်းထင်နှင့် တခြားသူတွေ၏ ဆန့်ကျင်ဘက်ဘက်ကို ရောက်သွားတဲ့အတွက် သူတို့နှစ်ယောက် မတွေ့ဖြစ်ကြ‌ပေ။

ကျောက်စိမ်းပြပွဲနေရာကို ရောက်သောအခါ လှည့်ပတ်လျှောက်ကြည့်ပြီးနောက် တိမ်တိုက်နဂါးပုံစံ ကျောက်စိမ်းကို ရှာမတွေ့ပေ။ ကုနင်းဘယ်ရောက်သွားမှန်းလည်း မသိသလို ကုနင်းဆီမှာ တကယ်ရှိရဲ့လားလို့ တွေးမိလာသည်။

ကျောက်စိမ်းက သူမလက်ထဲမှာ တကယ်ရှိရင် ဘာလို့ အပြင်ထွက်ပြီး ပြတိုက်ဆီကိုပြန်ယူလာရတာလဲ။

သူက တိမ်တိုက်နဂါးပုံစံကျောက်စိမ်းအကြောင်း လျှို့ဝှက်ချက်ကို တခြား ကျင့်ကြံသူတွေကို မသိ‌စေချင်‌ပေ။ တကယ်တော့ သူက အရင်က ကျင့်ကြံသူတစ်‌ယောက်ရဲ့ သင်္ချိုင်းမှာ မြှုပ်ထားတဲ့ စာအုပ်ကနေသာ ကျောက်စိမ်းအကြောင်းကို လေ့လာခဲ့မိတာကြောင့် ဒီအရာက ဖြစ်နိုင်သည်ဟု မထင်ထားပေ။

တိမ်တိုက်နဂါးပုံစံကျောက်စိမ်းသည် ကျင့်ကြံရေးအတွက် အလွန်အထောက်အကူဖြစ်စေသည့် မှော်စွမ်းအင်များကို စုဆောင်းနိုင်သည်ဟု ဆိုသည်။ သို့သော် ယခုတော့ အစပနပျောက်သွား၍ ဒေါသစိတ်များ ပြည့်နှက်နေမိသည်။ အဲဒီလူက ကုနင်းကို ရှာချင်ပေမယ့် နန်းတော်က ကြီးလွန်းပြီး ပြတိုက်ကနေ ထွက်သွားပြီးနောက် သူဘယ်ကို သွားသင့်တယ်ဆိုတာ မသိပါ။

ကုနင်း၏ကားကို တောင်ဘက်ဂိတ်၏အပြင်ဘက်တွင် ရပ်ထားဆဲဖြစ်သည်ကို သူ ရုတ်တရက် သတိရမိသဖြင့် ကုနင်းကို ထိုနေရာ၌ စောင့်ဆိုင်းရန် သွားလိုက်သည်။

…

ညနေ ၄နာရီ ၅၀ နီးပါးတွင် ကုနင်းနှင့် အခြားခရီးသည်များသည် ညနေ ၅ နာရီမှ ထွက်ခွာတော့မည်ဖြစ်သောကြောင့် သူတို့ ဝင်လာသော တံခါးမှ မထွက်ဘဲ မြောက်တံခါးမှ ထွက်သွားသည်။ တောင်တံခါးသည် ဝေးလွန်းသောကြောင့်ပင်။ ဒါပေမယ့် သူတို့ကားတွေက တောင်ဘက်ဂိတ်မှာ ကျန်နေတော့ အဲဒီကို ပြန်သွားဖို့ လိုပါသေးသည်။

ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ သူတို့၏ကားတွေကို တက္ကစီစီးကာ ပြန်သွားယူပြီး တခြားသူတွေက မြောက်ဂိတ်မှာ စောင့်နေကြသည်။

ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ကျင်းယွင်ယောင်ကို ချူးဖေ့ဟန်နှင့် အခြားသူများနှင့်အတူ ထားခဲ့သည်။ ချူးဖေ့ဟန်နှင့် ဟောင်ရန်တို့သည် စကားပြောဆိုတတ်သောကြောင့် သူမငြီးငွေ့မည်ကို မစိုးရိမ်ခဲ့ကြဘဲ လမ်းပေါ်တွင် ကျင်းယွင်ယောင်နှင့် ရင်းနှီးပြီးသားလည်းဖြစ်သည်။ မုခယ် နဲ့ တခြားသူတွေက ချူးဖေ့ဟန်နဲ့ ဟောင်ရန်လောက် စကားမပြောနိုင်ပေမယ့် ကျင်းယွင်ယောင်နဲ့လည်း မကြာခဏ စကားပြောဖြစ်ခဲ့ကြသည်။

ကျင်းယွင်ယောင်သည် ကုနင်းကဲ့သို့ အနေအေးသူမဟုတ်သလို ချူးဖေ့ဟန်ကဲ့သို့ စကားပြောတတ်သူမဟုတ်‌သော်လည်း သူမသည် ကုနင်း၏သူငယ်ချင်းများနှင့် ကောင်းမွန်စွာဆက်ဆံခဲ့သည်။ သူ့ဘေးနားရှိ လူငယ်တစ်စုနှင့်အတူ ကျင်းယွင်ယောင်လည်း ရွှင်မြူးလာ‌ေတာ့သည်။

ကုနင်းနှင့် လင်ရှောင်းထင်တို့သည် တက္ကစီပေါ်တက်ပြီးနောက် အချင်းချင်း ပေါ့ပေါ့ပါးပါး စကားစမြည်ပြောကြသည်။ တက္ကစီသမားရှိ၍ သတိထား‌ပြောဆိုရမည်။

တက္ကစီသမားသည် အသက် ၄၀ ခန့်ရှိသော အမျိုးသားတစ်ဦးဖြစ်ပြီး နောက်ကြည့်မှန်မှ ကုနင်းကို လှမ်းလှမ်းကြည့်‌နေသည်။ ကုနင်းနှင့် လင်ရှောင်းထင်သည် သူဘာလုပ်နေသည်ကို သတိပြုမိသော်လည်း ထိုအကြောင်းကို ဘာမှ မပြောပေ။

"မစ္စ မင်းက အင်တာနက်မှာ နာမည်ကြီး ကုနင်းမလား" သိချင်စိတ်တွေထိန်းမရတော့တဲ့ တက္ကစီသမားဟာ နောက်ဆုံးမှာ ကုနင်းကိုမေးလိုက်သည်။ တကယ်တော့ သူ သိပ်သေချာတာ မဟုတ်‌ပေ။ တက္ကစီဒရိုင်ဘာက အဲဒီမေးခွန်းကို မေးတဲ့အတွက် ကုနင်းက သူ့ကို လျစ်လျူမရှုနိုင်ခဲ့‌ပေ။

"ဟုတ်တယ်၊ ကျွန်မက ကုနင်းပါ၊ တွေ့ရတာဝမ်းသာပါတယ်" ဟု ကုနင်းက သူ့ကိုယဉ်ကျေးစွာပြောသည်။

အဲဒါကြားတော့ တက္ကစီသမားက စိတ်လှုပ်ရှားသွားသည်။ "ဟားဟား ဒီနေ့ မင်း ငါ့ကားကို စီးတာ ငါ ကံကောင်းလိုက်တာ!" ကုနင်းသည် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ပုံမှန်အားဖြင့် ကိုယ်ပိုင်ကားတစ်စီးရှိသောကြောင့် ထိုသို့တက္ကစီစီးသည်မှာ မဖြစ်နိုင်ပေ။

နောက်မိနစ်များတွင် တက္ကစီဒရိုင်ဘာက ကုနင်း၏ ကြီးကျယ်သောအောင်မြင်မှုများကို ချီးမွမ်း၍ ကုနင်းကလည်း သူ့ကို ကြင်နာစွာ ကျေးဇူးတင်သည်။ သို့သော်လည်း တက္ကစီဒရိုင်ဘာက သူမအကြောင်း လုံလောက်စွာ မပြောမီမှာပင် သူတို့ လိုရာခရီးကို ရောက်ခဲ့သည်။

ကုနင်းနှင့် လင်ရှောင်းထင်တို့က ငွေပေးချေလိုသောအခါတွင် တက္ကစီဒရိုင်ဘာက ပိုက်ဆံမယူရန် ငြင်းဆိုသော်လည်း ကုနင်းသည် သူ့အား အခွင့်ကောင်းယူရန် ဆန္ဒမရှိသဖြင့် အဆုံးတွင် လက်ခံလိုက်ရသည်။

"ဘာလို့ ဒီမှာဆင်းတာလဲ" ကားပါကင်မှ မီတာ ၄၀ ခန့်အကွာတွင် ရောက်နေသောကြောင့် လင်ရှောင်းထင်က စိတ်ရှုပ်ထွေးစွာ မေးမြန်းလိုက်သည်။

ကုနင်းက "ကျင့်ကြံသူက တောင်ဘက်ဂိတ်မှာ ကျွန်မကို စောင့်နေတာ ဖြစ်နိုင်တာကို သတိရသွားလို့ ရှင့်ကို မတွေ့သွားစေချင်ဘူး‌။ ကျွန်မအရင်သွားကြည့်မယ်။ သူမရှိမှ ရှင်ကျွန်မနောက်ကို လိုက်ခဲ့လေ"

***

အခန်း ၁၇၁၃ - အရှက်မရှိတဲ့ လူတွေ

ကုနင်းသည် သူတို့သွားနေတဲ့ လမ်းဖြစ်ကြောင်းသတိရသွားတာနဲ့ ကားပါကင်အ‌ဝေးမှာ တက္ကစီကို ရပ်တန့်ဖို့ တက္ကစီယာဉ်မောင်းကို လှမ်းပြောလိုက်တာပင်။

ဒါကိုသိတော့ လင်ရှောင်းထင်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပြီ သတိထား‌နော်”

ကုနင်းသည် အဝေးမှ ကျင့်ကြံသူ၏ အငွေ့အသက်ကို ခံစားနိုင်ပြီး သူ့တွင် ကျောက်စိမ်းမျက်၀န်းတစ်စုံရှိသည်ကို သူသိသည်၊ ထို့ကြောင့် ကျင့်ကြံသူနှင့် မျက်နှာချင်းဆိုင်‌တွေ့ရန် သူမနှင့် ငြင်းခုံရန် မလိုအပ်ပေ။ လင်ရှောင်းထင် စိတ်ပူမှာမဟုတ်ပါ။

"ရှင်လည်း သတိထား" ကုနင်းက စိုးရိမ်စိတ်နှင့်ပြောလိုက်သည်။ လင်ရှောင်းထင် ကျင့်ကြံသူနှင့် တိုးမည်ကို သူမ ကြောက်ရွံ့‌နေသည်။

"ကိုယ်သတိထားပါမယ်" လင်ရှောင်းထင်ကပြောသည်။ အဲဒီနောက် ကုနင်းက ရှေ့ကို လျှောက်သွားသည်။

သူမ ကားပါကင်နားရောက်သောအခါ ပတ်ပတ်လည်ကို ဂရုတစိုက်ကြည့်ရန် သူမ၏ ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုခဲ့သည်။ သူမသည် ကျင့်ကြံသူ တစ်စုံတယောက်ကိုမျှ မခံစားရသလို ထိုလူကို မတွေ့ရတော့ဘဲ လင်ရှောင်းထင်ကို ခေါ်ကာ လာရန်ပြောခဲ့သည်။

ကျင့်ကြံသူသည် ကုနင်းကို ဒီမှာ အကြာကြီး စောင့်ဆိုင်းနေခဲ့ပေမယ့် ကုနင်းက မရောက်လာ၍ အခြားတစ်ခုခုကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တာကြောင့် နောက်မှ ထွက်သွားခဲ့သည်။

တိုက်ဆိုင်စွာပင် သူသွားပြီး ငါးမိနစ်လောက်ကြာ‌သောအခါ ကုနင်းနှင့် လင်ရှောင်းထင်တို့ရောက်လာသည်။

လင်ရှောင်းထင်၏ကားသည် ကုနင်း၏ကားဘေးတွင်ရပ်ထားသောကြောင့် သူတို့ကားနှင့်အတူတူသွားကြမည်။

ကုနင်းက ကားတံခါးကို ချက်ခြင်းစစ်ဆေးလိုက်သည်။ ကျင့်ကြံသူဟာ ဖျက်ဆီးခဲ့ပြီဟု သူမထင်သည်။ သူမမှန်‌ပေသည်။ နောက်ထိုင်ခုံများ၏ ကားတံခါးကို အလွယ်တကူ ဆွဲဖွင့်လိုက်ရသည်။ ဒါဟာ အံ့သြစရာကောင်းတဲ့ရလဒ်မဟုတ်တာကြောင့် ကုနင်းက လုံးဝစိတ်မဆိုးပေ။ သို့သော်လည်း လင်ရှောင်းထင်က မကျေမနပ်ဖြစ်‌နေသည်။

ကား ပျက်စီးသွားတာကို ဂရုစိုက်တာ မဟုတ်ဘဲ ကျင့်ကြံသူသည် ကုနင်းကို ထိခိုက်လိုသည်မှာ ထင်ရှားလှသည်။

"အဲ့ကျင့်ကြံသူလုပ်သွားတာမလား" လင်ရှောင်းထင်က မေးသည်။ ကျင့်ကြံသူသည် ဖီးနစ်နဂါးတိမ်တိုက်ပုံစံ ကျောက်စိမ်း‌ကြောင့် ကုနင်း၏ နောက်သို့ လိုက်လာပြီး ကုနင်းသည် ၎င်းကို ကားထဲတွင် ထည့်ထားသည်ဟု သူထင်သွားနိုင်သည်။

"ဟုတ်တယ်၊ ဒီကားထဲမှာ ကျောက်စိမ်းထားထားတယ်လို့ ထင်လို့နေမှာ" ကုနင်းက ပြောသည်။

“ခဏလောက် သည်းခံပေး။ ညစာစားဖို့ တောင်ပိုင်းက ရှန်းရှစ်ဟိုတယ်ကို ပြန်သွားရင်တော့ ဒီကားကို အစားထိုးဖို့ တစ်ယောက်ယောက်ကို စီစဉ်ပေးမယ်‌နော်” ဟု လင်ရှောင်းထင်မှ ပြောလိုက်သည်။

“ဟုတ်ပြီ” ကုနင်းခေါင်းညိတ်လိုက်သည်။

အဲဒီနောက် သူတို့ မောင်းထွက်သွားကြသည်။

ကားတံခါးပျက်စီးသွားသောကြောင့် ကုနင်းသည် ကြိုးဖြင့်သာပိတ်နိုင်ခဲ့သည်။ မြောက်ဂိတ်‌ပေါက်သို့ ပြန်မောင်းလာသောအခါ ကျင်းယွင်ယောင်သည် လင်ရှောင်းထင်၏ကားထဲသို့ ၀င်လိုက်ပြီး ချူးဖေ့ဟန်နှင့် အခြားသူများမှာ ကုနင်း၏ကားထဲတွင် ထိုင်လိုက်သည်။

"ဟာ? ဘော့စ် မင်းရဲ့ကားတံခါးကို တစ်ယောက်‌ယောက်က ဖျက်စီးသွားတာလား" ဟောင်ရန်က ကားတံခါးကိုတွေ့တာနဲ့ အော်သည်။

"ဘော့စ် မင်းဘာလို့ဒီလောက်မြန်မြန်ပြန်လာတာလဲ။ ဘယ်သူလုပ်တာလဲ မတွေ့ခဲ့ဘူးလား" ချူးဖေ့ဟန် က မေးသည်။ သူတို့အားလုံး စိတ်ဆိုးပြီး ကားတံခါးကို ဖျက်စီးတဲ့လူကို ရိုက်နှက်ပစ်ချင်ကြသည်။

“ငါ့နောက်က လိုက်လာတဲ့လူက ဖျက်စီးသွားတာပါ။ ရပါတယ် ငါသူ့ကိုရှာပြီး လျော်ခိုင်းလိုက်မယ်" ဟု ကုနင်းက ဆိုသည်။ ပိုက်ဆံလိုချင်တာ မဟုတ်ပေမယ့် ထိုယောက်ျားကို သင်ခန်းစာပေးရမည်။

"ဘော့စ် အဲဒီလူက ဘာလို့ဒီလိုလုပ်တာလဲ။ မင်းရဲ့ကားထဲမှာ အဖိုးတန်တဲ့အရာတစ်ခုခုရှိတယ်လို့ သူထင်နေတာလား" မုခယ်က မေးသည်။

"ဖြစ်ကောင်းဖြစ်နိုင်တယ်!" ထို့နောက်ကုနင်းက ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်သည်။ "အို မင်းတို့ ဒီည အတူတူပျော်ချင်‌သေးလား ဒါမှမဟုတ် ဟိုတယ်ပြန်မှာလား။ မနက်ဖြန် မနက် ၉ နာရီ မတိုင်ခင် အဆင်သင့်လုပ်မယ်ဆိုတာကိုဒါရိုက်တာကို ငါပြောထားပြီးသား။ အဲ့တာကြောင့် မနက်ဖြန် မနက် ၇ နာရီမှာ အိပ်ရာထပြီး ၇:၃၀ မှာ ရိုက်ကူးရေးကို ထွက်ဖို့ လိုတယ်။ ဟန်ဒျန့်ဝေါလ်စတူဒီယိုက နည်းနည်းဝေး‌တော့ ရုံးချိန်သာဆိုရင် သေချာပေါက် ကားပိတ်မှာ"

“ဒီနေ့ ဟိုတယ် ပြန်သင့်တယ်ထင်တယ် တစ်နေကုန် လမ်းလျှောက်ထား‌တော့ နည်းနည်းပင်ပန်း‌နေပြီ။ ဒီညသာ ဆက်ပျော်နေမယ်ဆိုရင် မနက်ဖြန်မှာ အားအင်‌တွေ ကုန်သွားလိမ့်မယ်” ဟု ချူးဖေ့ဟန် က ဆိုသည်။

သူမသည် အရေးမပါသော အခန်းကဏ္ဍတွင်သာ သရုပ်ဆောင်နိုင်သော်လည်း ၎င်းကို ဂရုစိုက်ရမည်။ ဟောင်ရန်၊ ချူးဖေ့ဟန်နှင့် ကျန်းထန်ပင်းတို့လည်း ပါဝင်မည်ဖြစ်ပြီး မုခယ်နှင့် ယွီမီရှီတို့က ဘေးကနေ စောင့်ကြည့်နေမည်ဖြစ်သည်။ သူတို့က သရုပ်ဆောင်ရမှာ အဆင်မပြေသလို လုပ်ရမှာလည်းရှက်သည်။ ထို့ကြောင့် ညစာစားပြီးနောက် အနားယူရန် ဆုံးဖြတ်လိုက်ကြသည်။

ချူးဖေ့ဟန်နှင့် ယွီမီရှီတို့သည် ကုနင်းနှင့်အတူ ရာစုနှစ်မြို့တော် သို့ပြန်သွားမည်ဖြစ်ပြီး မနက်ဖြန်တွင် ယောက်ျားလေးများထက်စော၍ထရမည်ဖြစ်သည်။

…

လင်ရှောင်းထင်သည် ရှန်းရှစ်ဟိုတယ်သို့ မရောက်ရှိမီ သီးသန့်အခန်းကို ကြိုတင်မှာထားပြီးဖြစ်သောကြောင့် ၎င်းတို့နောက်မှ တိုက်ရိုက်သွားခဲ့ကြသည်။

ညစာစားပြီးသောအခါ ယောက်ျားလေးများသည် သူတို့၏အခန်းသို့ပြန်သွားကာ ကုနင်းသည် ချူးဖေ့ဟန်နှင့် ယွီမီရှီကို ရာစုနှစ်မြို့တော် သို့ပြန်ပို့ခဲ့သည်။

လင်ရှောင်းထင်သည် ကျင်းယွင်ယောင်နှင့်အတူ တောင်မြစ်ကမ်းဥယျဉ်သို့ ပြန်သွားခဲ့သည်။ ပိုင်လီကျုံးယန်နှင့် သူ၏ညီမငယ်တို့သည် ရာစုနှစ်မြို့တော် တွင်ရှိသောကြောင့် ကျင်းယွင်ယောင်နှင့် လင်ရှောင်းထင်တို့သည် ထိုနေရာတွင်နေရန် အဆင်မပြပေေ။

သို့သော် ဟိုတယ်မှ ထွက်ခွာပြီး မကြာမီတွင် ကုနင်းသည် ကုချင်းယွင်၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။

ကုချင်းယွင်ကို သူ့ဖုန်းနံပါတ်ပေးပြီးနောက် သူ့ကို အခုအချိန်အထိ တစ်ခါမှ ဖုန်းမဆက်ဖူးတဲ့အတွက် အရေးကြီးကိစ္စတစ်ခုခုတော့ရှိရမည်။

“ဟလို” ကုနင်းက ဖုန်းကိုင်လိုက်သည်။

“နင်နင်း၊ ငါ-ငါ…” ကုချင်းယွင်က ထစ်ထစ်အအနှင့် ပြောလိုက်သည်။ ထိုစကားကိုကြားတော့ ကုနင်းသည် ကုချင်းယွင် ဒုက္ခရောက်ရမည်ဟု နားလည်လိုက်သည်။

"ဘာဖြစ်တာလဲ? ငါ့ကိုပြော” ဟု ကုနင်းက စိုးရိမ်တဲ့လေသံနဲ့ ပြောပြီး ကုချင်းယွင်က စိတ်ဖိစီးနေမိသည်။

“ငါ...ငါ့ရည်းစားက ဘားတစ်ခုမှာ သူ့သူငယ်ချင်းရဲ့ လှည့်စားတာကိုခံရပြီး သူ့ကို သဘောကျနေတဲ့ ကောင်လေးနဲ့ ကောင်လေးရဲ့ သူငယ်ချင်း‌တွေက အဲဒီမှာ အတင်းနေခိုင်းတယ်။ ပြီးတော့ သူတို့နဲ့ အတူ သောက်ဖို့ ငါ့ကိုပြောတယ်။ ငါအနိုင်ရရင် ငါသူမနဲ့ ထွက်သွားလို့ရတယ်။ မဟုတ်ရင်တော့ ငါ...ငါ့ကောင်မလေးကို မုဒိမ်းကျင့်မယ်တဲ့။ နင်းနင်း ငါအခုဘာလုပ်ရမှန်းမသိတော့ဘူး ငါ့ကိုကူညီပေးလို့ရမလား?" ကုနင်းက သူ့ကို အကူအညီလိုရင် လွတ်လွတ်လပ်လပ် ခေါ်ဖို့ ပြောခဲ့ပေမယ့် ရှက်ရွံ့နေဆဲပင်။

"မင်းရည်းစားက ဘာလို့ဒီလောက်ဒုက္ခပေးရတာလဲ" ကုနင်းက မကျေမနပ်ဖြစ်နေသော်လည်း ကုချင်းယွင်သည် ယခုချိန်တွင် အကူအညီမဲ့နေပြီဖြစ်သောကြောင့် သူမကူညီရန် လိုအပ်နေသေးသည်။ "မင်းဘယ်မှာလဲ?"

"ငါတို့ကျောင်းတံခါးမှာ" ကုချင်းယွင် ကပြောသည်။

"ကောင်းပြီ နာရီဝက်အတွင်း ငါရောက်မယ်" ကုနင်းက ဖုန်းချပြီး ကားကို လမ်းဘေးမှာ ရပ်လိုက်သည်။

"ဘော့စ် ဘာဖြစ်လို့လဲ" ချူးဖေ့ဟန် က မေးသည်။

“ငါ့အစ်ကိုဝမ်းကွဲရဲ့ ချစ်သူက သူ့ကို သဘောကျတဲ့ ကောင်လေးနဲ့ သူ့သူငယ်ချင်းတွေရဲ့ ဘားမှာ အတင်းအကြပ်နေခိုင်းတယ်တဲ့။ သူတို့က ငါ့အကိုဝမ်းကွဲကို သူတို့နဲ့ သောက်ခိုင်းတယ်။ သူအနိုင်ရရင် သူ့ကောင်မလေးနဲ့ ထွက်သွားလို့ရတယ်၊ မဟုတ်ရင် ကောင်မလေးကို မုဒိမ်းကျင့်လိမ့်မယ်” ဟု ကုနင်းက ဆိုသည်။ အတူတူသွားကြရမည်ဖြစ်၍ သူမကို ဖုံးကွယ်ထားစရာ မလိုပေ။

"ဘာ? အရှက်မရှိလိုက်တဲ့လူတွပေဲ!” ချူးဖေ့ဟန်သည် ထိုစကားကိုကြားလိုက်သည်နှင့် ဒေါသထွက်သွားသည်။

"ဘော့စ် ငါတို့ သူ့ကို ကူညီမှာလား"

"ကူညီမှာ" ကုနင်းက ဖြေသည်။

"ကောင်းပြီ၊ ငါသူတို့ကို လိပ်ခေါင်းထွက်တဲ့အထိ အော်အောင်လုပ်ပြမယ်!" ချူးဖေ့ဟန်က ပြောသည်။ ချူးဖေ့ဟန်သည် တရားမျှတမှု အားကောင်းသော မိန်းကလေးတစ်ဦးဖြစ်ပြီး ယခု ကုနင်းဝမ်းကွဲမှာ ဒုက္ခရောက်နေသောကြောင့် တစ်ခုခုလုပ်ကို လုပ်ရမည်ဟု သူမခံစားမိသည်။

***

အခန်း ၁၇၁၄ သူမက တန်လို့လား?

အဲဒီနောက် ကုနင်းက ဟောင်ရန်ကို ဖုန်းဆက်ပြီး တစ်ခုခုတော့ ဖြေရှင်းဖို့ လိုအပ်တယ်လို့ပြောပြီး သူတို့နဲ့ ပူးပေါင်းချင်လားဟု မေးသည်။

ကုနင်းက ပြဿနာ ကြီးကြီးမားမား ရှာချင်တာကြောင့် မဟုတ်ဘဲ ယောက်ျားလေးတွေက သူတို့ကို မပြောတဲ့အတွက် သူမကို အပြစ်တင်မှာကို စိုးရိမ်တာကြောင့်ပါ။ သူမရှိသရွေ့ သူတို့ လုံခြုံနေမှာမို့လို့ သူတို့ကို ဖုန်းဆက်လိုက်ခြင်းဖြစ်သည်။

ဟောင်ရန်သည် ထိုစကားကိုကြားလိုက်သည်နှင့် တပြိုင်နက် သဘောတူလိုက်သည်။ ထို့နောက် ကုနင်းသည် ကားကိုလှည့်ပြီး ကောင်လေးတွေကို ပြန်သွားခေါ်သည်။ သူမသည် သူတို့ကို နောက်ထိုင်ခုံတွင် ထိုင်ခိုင်းပြီး ရှေ့ခရီးသည်၏ ထိုင်ခုံကို ဟောင်ရန်အတွက် ထားလိုက်သည်။

"ဘော့စ်ဘာဖြစ်တာလဲ" ဟောင်ရန်က ကားပေါ်ရောက်တာနဲ့ သူ့ကိုမေးသည်။

ကုနင်းက သူတို့ကို အကြောင်းစုံပြောပြပြီးနောက် ကောင်လေးတွေလည်း ဒေါသထွက်သွားကြကာ အရှက်မဲ့တဲ့လူတွေကို မမေ့နိုင်တဲ့ သင်ခန်းစာတစ်ခု သင်ပေးမယ်လို့ ကြိမ်းဝါးနေကြသည်။

ကောင်လေးတွေကို ခေါ်လာပြီးနောက် ကုနင်းသည် အရှိန်ပြင်းပြင်းနဲ့ ကုချင်းယွင်၏ကျောင်းသို့ သွားလိုက်သည်။

မိနစ် ၂၀ ကြာပြီးနောက် သူတို့ရောက်လာပြီး ကုနင်းသည် ကုချင်းယွင်၏ ရှေ့တွင် ကားကို ရပ်လိုက်သည်။

ချူးဖေ့ဟန်နှင့် ယွီမီရှီတို့သည် နောက်ထိုင်ခုံတွင် ထိုင်‌နေကြပြီး ကုနင်းသည် အချင်းချင်း စကားပြောဆိုအဆင်‌ပေြနိုင်စေရန်အတွက် ကုချင်းယွင်အား ရှေ့ခရီးသည်၏ထိုင်ခုံတွင် ထိုင်ရန် ပြောကြားခဲ့သည်။

ကုချင်းယွင်သည် ချူးဖေ့ဟန်နှင့် ကားပေါ်ရှိ အခြားလူများကို မသိသလို ကုနင်းကလည်း သူတို့ကို မိတ်ဆက်ပေးရန် စိတ်ကူးမရှိပေ။ “ဘားက ဘယ်မှာလဲ” ဟု တိုက်ရိုက်မေးလိုက်သည်။

"XX လမ်း၊ Dreamland" ဟု ကုချင်းယွင်ကဆိုသည်။

"အဲဒီကို ဘယ်လိုသွားရမလဲ သိလား"ဟု ကုနင်းက မေးသည်။

"သိတယ်" ဟု ကုချင်းယွင် က ပြောသည်။

"လမ်းပြပေး" ဟု ကုနင်းကပြောလိုက်သည်။

"ဟုတ်ပြီ မီတာ ၁၀၀ လောက် တည့်တည့်သွား ပြီးရင် ဘယ်ဘက်ကို ကွေ့လိုက်" ဟု ကုချင်းယွင် ကပြောပြီး ကုနင်းသည် လျင်မြန်စွာ ရှေ့သို့ မောင်းနှင်သွားသည်။

"အကို့ရည်းစားကြောင့် အခုချိန်ထိ ဒုက္ခ‌ရောက်တာ ဘယ်နှစ်ခါလောက်ရှိနေပြီလဲ" ကုနင်းကမေးသည်။

"နည်းနည်းပဲတော့မဟုတ်‌တော့ဘူး" ကုချင်းယွင်က ရှက်ရွံ့စွာဖြင့် ပြောသည်။

"(ပြသနာ)အားလုံးက သူ့ကို သဘောကျကြလို့ဖြစ်တာပဲလား?" ကုနင်းက ထပ်မေးသည်။

"ဟုတ်တယ်" ကုချင်းယွင် ကပြောသည်။ ကုနင်းက အဲ့အကြောင်း မေးတာကို ရပ်လိုက်သည်။

Dreamland သည် ကုချင်းယွင်၏ကျောင်းနှင့်မဝေးလှသဖြင့် ငါးမိနစ်အကြာတွင် သူတို့ရောက်လာသည်။

"သူတို့က ခန်းမထဲမှာလား၊ သီးသန့်ခန်းထဲမှာလား" ကုနင်းက မေးသည်။

“သီးသန့်ခန်း V08” ဟု ကုချင်းယွင် က ပြောသည်။

ထို့နောက် ကုနင်းနှင့် သူမ၏ သူငယ်ချင်းများ အထဲသို့ ဝင်လာခဲ့သည်။ သူတို့သည် V08 အနီးသို့ရောက်သောအခါ ကုနင်းသည် အတွင်းဘက်ကိုကြည့်ရန် သူမ၏ ကျောက်စိမ်းမျက်ဝန်း ကို အသုံးပြုလိုက်သည်။

သီးသန့်ခန်းထဲတွင် မိန်းကလေး သုံးယောက်နှင့် ယောက်ျားလေး ခြောက်ယောက်ရှိသည်။ မိန်းကလေး သုံးယောက်သည် ယောက်ျားလေးများနှင့် လိုက်လျောညီထွေစွာ ဆော့ကစားနေကြပြီး ၎င်းတို့ထဲမှ တစ်ယောက်ယောက်က ဤနေရာတွင် နေရန် အတင်းအကျပ် ခိုင်းစေခံရသော ပုံစံမျိုး မရှိပေ။

ကုနင်းသည် မိန်းကလေး သုံးယောက်ထဲတွင် အလှပဆုံးသော မိန်းကလေးကို အာရုံရောက်သွားသည်။ သူ့အကိုကောင်မလေးက သူတို့ကျောင်းမှာ အလှဆုံး မိန်းကလေးဆိုတော့ သူမပဲဖြစ်ရမည်။ သူမသည် တကယ်ကို လှပပြီး သူမ၏ ဘွဲ့နှင့် ထိုက်တန်ပါသည်။

Dreamland သည် တန်ဖိုးကြီးဘားတစ်ခုဖြစ်သောကြောင့် ၎င်းတို့သည် အတွင်းထဲသို့ မ၀င်ရောက်နိုင်‌ပေ။ စားပွဲထိုးကို အရင်ခွင့်ပြုချက်တောင်းခိုင်းရန် လိုအပ်သည်။ ထို့ကြောင့် အပြင်ဘက်တွင် ရပ်လိုက်ကြပြီး စားပွဲထိုးက ခွင့်ပြုချက်တောင်းရန် အထဲသို့ ဝင်သွားသည်။

အထဲရှိလူများသည်ကို သူတို့ရောက်လာတယ်ဆိုတာ ကြားတာနဲ့ ချက်ချင်းပဲ နေရာပြောင်းသွားကြသည်။ အလှဆုံးတစ်ယောက်အပါအ၀င် မိန်းကလေးနှစ်ယောက်သည် ချက်ခြင်းပင် ထောင့်မှာ ဝင်ထိုင်လိုက်သည်။

ထိုမြင်ကွင်းကိုမြင်တော့ ကုနင်းက ရယ်မောလိုက်သည်။ ကုချင်းယွင်၏ရည်းစားသည် စိတ်ကောင်းမရှိကြောင်း သိသာထင်ရှားပြီး သူမသည် ကုချင်းယွင်ကို မကောင်းသောရည်ရွယ်ချက်ဖြင့် ဤနေရာသို့ လာစေခဲ့သည်။ သို့သော် ကုနင်းသည် ကုချင်းယွင်အား ယခုအချိန်တွင် မပြောနိုင်‌သေးပေ။ သူတို့ဟာ ဒီရှိုးကို အရင်ပြီးအောင် ကစားရမည်။

သိပ်မကြာခင်မှာပဲ စားပွဲထိုးက ထွက်လာပြီး သူတို့ကို ဝင်ခွင့်ပြုလိုက်သည်။

ကုနင်းနှင့် သူ့လူများ အထဲသို့ ဝင်သွားသည်နှင့် တပြိုင်နက် ယောက်ျားလေးများကလည်း မတ်တပ်ရပ်ကာ အချင်းချင်း ရန်ပြုနေကြသည်။

ကုနင်းနှင့် သူမ၏ သူငယ်ချင်းများ အားလုံးသည် ရုပ်ချောသော ယောက်ျားလေးများနှင့် ကောင်မလေးများ ဖြစ်ကြသည်ကို တွေ့လိုက်ရသောအခါ ယောက်ျားလေးများသည် တစက္ကန့်မျှ ကြောင်အသွားကြသည်။

အလှဆုံးမိန်းကလေးက ကုနင်းကို တွေ့သောအခါ သူ့မျက်လုံးထဲမှာ မနာလိုစိတ်တွေပြခဲ့ပြီး ကုနင်းကလည်း အဲ့တာကို တွေ့လိုက်ရသည်။

ကုနင်းသည် မနာလိုလွယ်သော မိန်းမများသည် အလွန်ရက်စက်တတ်သောကြောင့် ထိုလူမျိုးများကို မကြိုက်‌ပေ။

"လင်းယင် မင်းအဆင်ပြေရဲ့လား" ကုချင်းယွင်က အလှဆုံးမိန်းကလေးကို စိုးရိမ်တကြီးနဲ့ မေးသည်။

ရှားလင်ယင် စိတ်ထဲပြန်ဝင်လာပြီး ကုချင်းယွင်ကို ဝမ်းနည်းသည့်အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။

"ကျွန်မ...ကျွန်မအဆင်ပြပေါတယ်"

"ရှင်တို့ထဲက ဘယ်သူက သူ့ကို သဘောကျတာလဲ" ကုနင်းက မေးသည်။

"ငါပဲ" ကောင်လေးတစ်ယောက် မတ်တပ်ရပ်လိုက်သည်။ သူက အရပ်ရှည်ပြီး သန်မာပြီး ရုပ်ဆိုးတာမဟုတ်ပေမယ့် ကုချင်းယွင်က သူ့ထက် ပိုရုပ်‌ချောသည်။ သူသည် ဒီဇိုင်နာအမှတ်တံဆိပ်များကို နေရာအနှံ့ ၀တ်ဆင်ထားသောကြောင့် သူ့မိသားစုသည် အလွန်ချမ်းသာကြောင်း ပြသနေသည်။

"သူကရော ရှင့်ကိုကြိုက်လား?" ကုနင်းက မေးသည်။ အဲဒါကိုကြားတော့ ကောင်လေးက စက္ကန့်ပိုင်းလောက် ဆွံ့အသွားပြီး ဘာပြန်ပြောရမှန်း မသိတော့‌ပေ။

ရှားလင်ယင်လည်း သူ့ကို သဘောကျသည်မှာ သေချာသော်လည်း ယခု အသံထွက်ကာ မပြောနိုင်ပေ။

သူရဲ့ တုံ့ပြန်မှုကိုမြင်ရတော့ ကုနင်းသည် အဖြေရသွားပြီး “ကောင်းပြီ ရှင်မြင်းကို ရေထဲ‌ခေါ်သွားလို့ရပေမယ့် ရှင်သူ့ကို ရေအတင်း‌သောက်ခိုင်းလို့မရဘူးလေ။ ရှင်တို့ နှစ်ယောက်တစ်ယောက်နဲ့ တစ်ယောက် သဘောကျကြတယ်ဆိုရင်တော့ ကုချင်းယွင်က ထွက်သွားသင့်တယ်။ ရှင် သူ့ကို ကြိုက်ပေမယ့် သူက ရှင့်ကို ပြန်မကြိုက်ရင်တော့ ရှင်ပဲထွက်သွားသင့်တာ မဟုတ်ဘူးလား။ ဒီကိစ္စကို ဒီလောက်ထိ အလုပ်ရှုပ်ခံစရာမလိုပါဘူး”

"ငါ သူ့ကို အနိုင်ယူချင်တာပဲ၊ ဘာဖြစ်လဲ? ယောက်ျားသာဆို ငါနဲ့ အတူသောက်ရမယ်!” ကောင်လေးက တော်တော် ကြမ်းကြုတ်သည်။ သူသည် ကုချင်းယွင်ကို အရက်မူးစေရန် ရည်ရွယ်ပြီး ရှားလင်ယင်ကို အနိုင်ရယူရန် ရည်ရွယ်ထားသည်။

"ဒါက လွယ်ပါတယ်၊ ဒါပေမယ့် သူက တန်ရဲ့လားတောင် ကျွန်မ မသိဘူး" ဟု ကုနင်းက သူမရဲ့နှုတ်ခမ်းပေါ် အဓိပ္ပါယ်ရှိတဲ့ အပြုံးနဲ့ ရှားလင်ယင်ကို တစ်ချက်ကြည့်လိုက်သည်။ ရှားလင်ယင်ဟာ ထိုအရာနဲ့ တန်တယ်လို့ သူမ မထင်ဘူးဆိုတာ ထင်ရှားလှသည်။

သူမစကားကို နားမလည်သောကြောင့် အခြားလူများက အံ့ဩသွားကြသည်။

ကုချင်းယွင်ကသိချင်လာ၍ မေးရန်ပြင်လိုက်သည့် အချိန်မှာပဲ ရှားလင်ယင်က အရင်မေးလာသည်။ "မင်းဘာကိုဆိုလိုတာလဲ?"

ကုနင်းဆိုလိုချင်တာကို သူနားမလည်ပေ။ သူမသည် သူတို့၏ကျောင်းတွင် အလှဆုံးမိန်းကလေးဖြစ်ပြီး သူမကို သဘောကျသော ယောကျာ်းများ မရေမတွက်နိုင်‌အောင် ရှိသည်။ သူမသည် ကုချင်းယွင်ကို နှစ်သက်ပြီး သူ့ကို ရွေးချယ်ခဲ့သော်လည်း အကြောင်းရင်းမှာ ကုချင်းယွင်က ချောမောပြီး သူ့မိသားစုက ချမ်းသာသောကြောင့်သာ ဖြစ်သည်။

"မေးပါရစေ၊ မင်း ကုချင်းယွင် ကိုကြိုက်‌လား?" ကုနင်းက မေးသည်။

"ကြိုက်တယ်!" ရှားလင်ယင် က ပြောသည်။

"ဒါဆို မင်းဘာလို့ ဒီဘားကို လာပြီး မင်းကို ကြိုက်တဲ့သူနဲ့ ပျော်နေရတာလဲ" ကုနင်းက မေးသည်။ ရှားလင်ယင် က သူ့ဆန္ဒအတိုင်း ဒီကိုရောက်လာတာကို သူမသိသည်။

“ငါ…” ရှားလင်ယင် အံ့အားသင့်သွားပြီး ငြင်းခုံလိုက်သည်။ "ငါ ငါ့သူငယ်ချင်းနဲ့ ဒီကိုလာခဲ့တာ သူ ဒီမှာရှိမှန်းလည်း ငါမသိဘူး"

"မင်းသူငယ်ချင်းလည်း မသိဘူးမလား" ကုနင်းက မေးသည်။

“ဟုတ်တယ်” ရှားလင်ယင်က ပြောသည်။

"ဒါဆို မင်းကို သူတို့က ဒီမှာ အတင်းအကြပ် ခေါ်ထားတာဆို" ကုနင်းက မေးသည်။

"စကားပြောရင်း အချိန်ဖြုန်းမနေနဲ့!" ရှားလင်ယင်ကို သဘောကျသော သူသည် စိတ်ရှည်သည်းခံမှု ပျောက်ဆုံးသွားသည်။

“သူမကို အကြမ်းဖက်ပြီး ဒီမှာ ခေါ်ထားတာက တရားမ၀င်တဲ့ လုပ်ရပ်ပဲ။ သူ့ကို ကျွန်မတို့နဲ့ သွားခွင့်ပြုရင်ပြု မဟုတ်ရင်တော့ ရဲကို ခေါ်လိုက်ရလိမ့်မယ်” ဟု ကုနင်းက ဆိုသည်။

***

အခန်း ၁၇၁၅ ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော သစ္စာဖောက်ခြင်း

"ရဲခေါ်မယ်?" အဲဒါကိုကြားတော့ ကောင်လေးက ပြုံးစိစိနဲ့။ "ငါကြောက်‌နေမယ်လို့ မင်းထင်နေတာလား? ငါ့ဦးလေးက ဒီနယ်မြေ ရဲစခန်းမှူး။ ငါတို့ ဝန်မခံသရွေ့ မင်းပဲ အမှားလုပ်မိလို့ အပြစ်ပေးခံရလိမ့်မယ်"

"သူက ကုချင်းယွင်ရဲ့ချစ်သူလေ။ သူ မင်းဘက်မှာ ရှိနေမယ်လို့ မင်းထင်လို့လား" ကုနင်းက ရည်ရွယ်ချက်ရှိရှိ မေးသည်။ ထိုစကားကို ပြောရင်း ရှားလင်ယင်ကို လှည့်ကြည့်လိုက်သည်။ "ကျွန်မ ပြောတာမှန်တယ်မလား?"

ဒီတစ်ခါမှာ ရှားလင်ယင်က ထိတ်လန့်သွားသည်။ ကုနင်း၏မေးခွန်းကို သူမဖြေရဲတာကြောင့် ကုချင်းယွင်အား "ကုချင်းယွင် သူက ဘယ်သူလဲ။ ရှင်ဘာလို့ သူ့ကို အကုန်လုပ်ခိုင်း‌နေတာလဲ"

"သူက ငါ့ဝမ်းကွဲပါ" လို့ ကုချင်းယွင် က ပြောသည်။

ကုနင်းဟာ သူတို့အထဲက တခြားကောင်လေးတစ်ယောက်‌ယောက်ရဲ့ ချစ်သူကောင်မလေးလို့ သူမ ထင်ခဲ့မိတဲ့အတွက် ဒါကိုသိလိုက်ရတော့ ရှားလင်ယင် အံ့သြသွားသည်။

"ရှင်ရော တစ်ခုခုပြောလို့မရဘူးလား?" ရှားလင်ယင်က စိတ်ဆိုးစွာဖြင့် မေးလိုက်သည်။

"လင်လင် မင်း စိတ်ပူနေဖို့ မလိုဘူး။ ငါ့ဝမ်းကွဲရှိနေပြီဆိုတော့ ငါတို့အဆင်‌ပြေမှာပါ" ကုချင်းယွင်က ရှားလင်ယင် စိတ်လှုပ်ရှားနေတယ်လို့ ထင်တဲ့အတွက် သူ့ကို နှစ်သိမ့်ပေးသည်။ ရှားလင်ယင်က ဒေါသထွက်ပြီး ဘာပြန်ပြောရမှန်း မသိ။

"ကောင်းပြီ ရှင့်အတွက် ဖြုန်းဖို့ အချိန် ကျွန်မမှာမရှိဘူး။ ရှင့်ဦးလေးက ဒီနယ်မြေရဲစခန်းရဲ့ခေါင်းဆောင်လို့ ရှင်ပြောတယ်နော်။ ကူညီပေးနိုင်မလားဆိုတာ သိဖို့ ပြည်သူ့လုံခြုံရေးဗျူရိုကို ဖုန်းဆက်လိုက်မယ်” ဟု ကုနင်းက စိတ်မရှည်စွာပြောပြီး သူမ၏ဖုန်းကို ထုတ်လိုက်သည်။

“ခဏနေဦး”

ရှားလင်ယင်ကို သဘောကျသူက နောက်ထပ် ပြသနာမများလိုသောကြောင့် သူမအား ချက်ချင်းရပ်တန့်ခိုင်းလိုက်သည်။

"ဒါဆို? သူ့ကို အခု လွှတ်လိုက်လို့ရပြီလား" ကုနင်းက ရပ်တန့်လိုက်သည်။

"သူ့ကို လွှတ်ပေးရမယ်ဟုတ်လား? သူက မင်းတို့နဲ့ သွားဖို့ ဆန္ဒရှိမယ် မထင်ဘူး။” ဟု ကောင်လေးက အထင်အမြင်သေးစွာဖြင့် ပြောသည်။ “ကောင်းပြီ‌လေ၊ စိတ်ဝင်စားဖို့ မကောင်းတော့ဘူး။ ကုချင်းယွင် ငါ မင်းကို အမှန်အတိုင်းပြောမယ်။ ရှားလင်ယင်က ငါနဲ့ အိပ်ဖူးပြီးသား။ အကြောင်းပြချက်ကောင်းကောင်းနဲ့ သူ့ကို မင်းဆီက လုချင်တာကြောင့် ငါမင်းကို ဒီကို ခေါ်ခဲ့တာပဲ" ကောင်လေးသည် ရှားလင်ယင်၏ဂုဏ်သတင်းကို လုံးဝဂရုမစိုက်‌ပေ။ သူသည် တစ်ကိုယ်ကောင်းဆန်ပြီး သူ့အကျိုးစီးပွားကိုသာ ဂရုစိုက်ပေသည်။ အမှန်တော့ သူသည် ရှားလင်ယင်နှင့် အိပ်ဖူးပြီးဖြစ်၍ သူမကို ပိုအားစိုက်ထုတ်ရယူရန် စိတ်မ၀င်စား‌တော့‌ပေ။

ထိုစကားကို ကျယ်လောင်စွာပြောသောအခါ ရှားလင်ယင်၏အမူအရာပြောင်းသွားတော့သည်။

ကုချင်းယွင်က ထိတ်လန့်စွာ မျက်လုံးဝိုင်းစက်ကာ ရှားလင်ယင်ကို စိုက်ကြည့်နေသည်။ ရှားလင်ယင်သည် သူ့မျက်လုံးများကို ရှောင်လိုက်သည်။

ချူးဖေ့ဟန်နှင့် အခြားသူများလည်း အံ့သြသွားကြသည်။ ရှားလင်ယင်၏ သူငယ်ချင်းများနှင့် ကုနင်းကသာ တည်ငြိမ်နေခဲ့သည်။

ဒါဟာ ထောင်ချောက်တစ်ခုဖြစ်ပြီး သူတို့အားလုံး သတိပြုမိကြသည်။

ကုချင်းယွင်သည် ရှားလင်ယင်ဆီသို့ ပြေးသွားပြီး သူမ၏ ပုခုံးကို ဆုတ်ကိုင်လိုက်သည်။

"လင်လင်း ကိုယ့်ကိုပြော သူပြောတာ မဟုတ်ဘူးမလား?"

ရှင်းရှင်းလင်းလင်း ကြားသိခဲ့ရသော်လည်း သူသည် လက်ခံရန် ငြင်းဆို‌နေမိသည်။ သူသည် သူမကို ကောင်းစွာ ဆက်ဆံ‌ပေးခဲ့သော်လည်း သူမသည် သူ့ကို သစ္စာဖောက်ခဲ့သည်။ သူသည် တစ်ကိုယ်ကောင်းဆန်သော ယောက်ျားလေးမဟုတ်သလို သူ့ကောင်မလေးက သူ့ကို ကျေးဇူးတင်‌နေဖို့လည်း အတင်းအကြပ် လုပ်မှာမဟုတ်ပေ။

အဓိကအချက်ကတော့ သူတို့နှစ်ယောက်ဟာ ဒီနေ့မတိုင်ခင်အထိ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးကောင်းခဲ့သည်။ သူတို့သည် အချင်းချင်း စကားများ ရန်ဖြစ်ခြင်းပင်မရှိခဲ့ကြပေ။ ဤဖြစ်ရပ်မျိုး ရုတ်တရက်ဖြစ်သွား၍ သူ့အတွက် လက်ခံရန်ခက်ခဲမိသည်။

ရှားလင်ယင်သည် ကုချင်းယွင်ကို တွန်းထုတ်လိုက်ပြီး နောက်ပြန်ဆုတ်လိုက်သည်။ သူမသည် လုံးဝ အပြစ်ရှိပုံမပေါ်ဘဲ အေးစက်သော မျက်နှာထားနှင့်။ “ဟုတ်တယ် အဲဒါ အမှန်ပဲ။ ကုချင်းယွင် ရှင်က ငါ့အပေါ် သိပ်ကောင်းတယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမယ့် ရှင် ကျွန်မလိုချင်တာကို မပေးနိုင်‌ဘူး ဒါ့ကြောင့် ကျွန်မတို့ပြီးသွားပြီ"

"မင်း လိုချင်တာဘာလဲ?" ကုချင်းယွင်သည် သူ့ဒေါသကို ဖြေဖျောက်လိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ဖိအားပေးလိုက်သည်။ သူဟာဒေါသတွေ ပြည့်နှက်နပေြီး အသည်းများ ကြေကွဲနပေြီ။

“ကျွန်မရဲ့ အိပ်မက်က မင်းသမီးတစ်ယောက်ဖြစ်ဖို့ဆိုတာ ရှင့်ကိုပြောခဲ့တယ် ဒါပေမယ့် ရှင် ကျွန်မကို မလုပ်စေချင်ဘူးလို့ ပြောခဲ့တယ်‌လေ။ ရှင့်ကြောင့် ကျွန်မအိပ်မက်ကို မစွန့်လွှတ်နိုင်ဘူး။ ကျန်းယွမ်က ဒါကို စိတ်မ၀င်စားဘူးလေ။ သူ့ဦးလေးက ဒါရိုက်တာတစ်ယောက်ပဲ သူက ကျွန်မကို ကူညီနိုင်တယ်” ဟု ရှားလင်ယင်က ပြောသည်။

ကျန်းယွမ်သည် ရှားလင်ယင်ကိုသဘောကျ‌နေသောသူဖြစ်သည်။

"မင်းက အရှက်မရှိပဲ ဆိုးတဲ့မိန်းကလေးပဲ။ မင်း ဘယ်တော့မှ မင်းသမီးမဖြစ်နိုင်ဘူး။ မင်းရဲ့ညစ်ပတ်တဲ့လျှို့ဝှက်ချက်ကို ငါဖော်ထုတ်ပြမယ်။ မင်းကိုဘယ်သူမှ ငှားမှာမဟုတ်ဘူး” လို့ ချူးဖေ့ဟန် က စိတ်တိုတိုနဲ့ပြောသည်။

“မင်း…” ရှားလင်ယင် ဒေါသထွက်ပြီး စိတ်ပူသွားသည်။ သူမ၏ ညစ်ပတ်တဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်လိုက်မယ်ဆိုရင် သူမရဲ့ အနာဂတ်ဟာ ပျက်စီးသွားလိမ့်မည်။

“မင်းပြောသမျှကို လူတွေက ယုံမယ်လို့ ထင်‌နေတာလား။ ရှားလင်ယင်ကို အရင်သစ္စာဖောက်ခဲ့တာ ကုချင်းယွင်ပဲလို့ ငါပြောလို့ရတယ်" ဟု ကျန်းယွမ်မှ ပြောသည်။

ခိုင်လုံသောသက်သေမရှိဘဲ မည်သူမျှ ယုံမည်မဟုတ်သောကြောင့် သူ‌ပြောတာလည်းမှန်သည်။

"ကောင်းပြီ မင်း ဖျော်ဖြေရေးလောကထဲကို ဝင်ချင်တာလား။ ငါလည်းတူတူပဲ ပြီးရင် မင်းကို ဖျက်ဆီးပစ်မယ်လို့ ကတိပေးတယ်။ ချူးဖေ့ဟန်က ပြောသည်။ "ဖျော်ဖြေရေးနယ်ပယ်မှာ အခွင့်ကောင်းရဖို့အတွက်နဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ကို ရောင်းစားတဲ့သူတွေ မရေမတွက်နိုင်အောင် များတာပဲ။ ငါမင်းဆီကနေ ရဖို့ဆိုတာ အလွယ်လေးပါ" ထိုစကားကိုကြားတော့ ရှားလင်ယင်သည် အရှက်ရကာ ဒေါသထွက်သွားသည်။

ဘာပဲဖြစ်ဖြစ် ရှားလင်ယင်ဟာ ဖျော်ဖြေရေးနယ်ပယ်မှာ ထုတ်ဖော်မပြော‌သော စည်းမျဉ်းများကို သိပေမယ့် အရေးကြီးတယ်လို့ သူမ မထင်ခဲ့ပေ။ "ကုချင်းယွင် ရှင် သူတို့ ကျွန်မကို ဒီလိုအရှက်ခွဲဖို့ကို ခွင့်ပြု‌ပေးထားတာလား" ရှားလင်ယင်က ကုချင်းယွင်ကို အပြစ်တင်လိုက်သည်။

ကုချင်းယွင်သည် ရှားလင်ယင်ကို အေးစက်စွာ စိုက်ကြည့်နေသည်။ ချူးဖေ့ဟန် မှားတယ်လို့ သူမထင်ပေ။ ယောက်ျားတစ်ယောက်အနနေဲ့တော့ ထိုအရာကို ဖွင့်ဟပြော၍ မရပေ။

သူ အသည်းကွဲနေပေမယ့် ရှားလင်ယင်က သူ့ကို သစ္စာဖောက်ပြီး သူတို့ရဲ့ ဆက်ဆံရေးက ပြီးသွားပြီ။ သူ့ကို ထပ်ပြီး ကာကွယ်ပေးဖို့ မဖြစ်နိုင်တော့ပေ။ သူက သူမကို လေးစားပြီး သူမ မလုပ်ချင်တဲ့အရာကို ဘယ်တော့မှ အတင်းအကျပ်မလုပ်ခိုင်းခဲ့ပေမယ့် သူမဟာ ကျန်းယွမ်နဲ့ သူ့နောက်ကွယ်မှာ အိပ်ခဲ့သည်။

အဲဒါကို တွေးပြီး ရွံရှာသွားမိသည်။ သူနဲ့ ရည်းစားမဖြစ်ခင် တခြားယောက်ျားလေးတွနေဲ့ အိပ်ခဲ့မယ်ဆိုရင်တောင် ပြသနာမရှိပေမယ့် သူနဲ့ တွဲပြီးမှ သစ္စာဖောက်တာကိုတော့ ဘယ်တော့မှ လက်ခံမှာမဟုတ်ပေ။

“ရှင်…” ကုချင်းယွင်က တိတ်ဆိတ်နေတာကို မြင်တော့ ရှားလင်ယင် စိုးရိမ်မိလာသည်။

“မင်းက တကယ်ကို အတ္တကြီးတာပဲ။ မင်း သူ့ကို သစ္စာဖောက်တုန်းက ဖောက်ပြီး သူ မင်းကို ထပ်ပြီး ကာကွယ်‌ပေးဖို့ မျှော်လင့်နေသေးတာလား" ကုနင်းက သူမကို လှောင်ပြောင်လိုက်သည်။

ကုနင်းသည် ကုချင်းယွင်ကို လေးလေးနက်နက် စာနာမိသည်။ ရှားလင်ယင်ကသာ သူ့ကို မကြိုက်တော့ဘူးဆိုရင် သူမဟာ သူ့ကို နာကျင်အောင် မလုပ်ဘဲ ထားသွားလို့ရသည်။ ဒါပေမယ့် သူမက သူ့ကို သစ္စာဖောက်ဖို့ ရွေးချယ်လိုက်သည်။

သစ္စာဖောက်ခြင်းသည် အမြဲတမ်း စက်ဆုပ်ရွံရှာဖွယ်အကောင်းဆုံး‌သော လုပ်ရပ်ဖြစ်သည်။

***

အခန်း ၁၇၁၆ Sh*t

“မီရှီ၊ ငါ့အကိုနဲ့အတူ ကားပေါ်ပြန်သွားလိုက်။ ငါသူတို့နဲ့ အလေးအနက်ပြောဖို့‌လို‌နေပြီ" ဟု ကုနင်းက ပြောပြီး ယွီမီရှီကို ကားသော့ပေးလိုက်သည်။ သူတို့ ရန်ဖြစ်ကြလျှင် ယွီမီရှီက သူတို့ထဲမှာ အပျော့ဆုံးပင်။ သူမကို မထိခိုက်မိဖို့ သေချာစေရန် ဦးစွာ ထွက်ခွာသွားခိုင်းရမည်။

ကုချင်းယွင်အတွက်တော့ ရှားလင်ယင်က သူ့ကို သစ္စာဖောက်သွားပေမယ့် သူမအရိုက်ခံရတာကို ကြည့်ရမှာ မလွယ်လောက်ပေ။ ဒါကြောင့် သူအရင်ထွက်သွားတာ ပိုကောင်းပါသည်။

ကုနင်းက လွယ်လွယ်နဲ့အဆုံးသတ်မှာမဟုတ်ဘူးဆိုတာကို သိလိုက်ပြီး နောက်ပိုင်းမှာ သူတို့လက်စားပြန်ချေနိုင်ပေမယ့် သူမ မကြောက်‌ပေ။ ဒီနေ့ သူမ အရမ်း‌ဒေါသထွက်နေတော့ တစ်ခုခု‌တော့လုပ်မှရမည်။

သူမသည် သူတို့ကို ကုချင်းယွင်နှင့် ခပ်ဝေးဝေးနေရန်လည်း သတိပေးရမည်။ နားမထောင်လျှင် သူတို့ကို အပြစ်ပေးဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါပေ။

"ဟုတ်ပြီ" ယွီမီရှီက ကားသော့ကို ယူလိုက်သည်။

“နင်နင်း မင်း…” ကုချင်းယွင်က ကြိုတင်သတိပေးချက်တစ်ခု ရလိုက်မိ၏။

“ဒီနေ့ အကိုကျွန်မကို အကူအညီတောင်းတာဖြစ်တဲ့အတွက် အကို ကျွန်မစကားကို အခုပဲ နားထောင်ရမယ်။ မီရှီနဲ့ ထွက်သွားပြီး ကျန်တာကို ကျွန်မပဲ ကိုင်တွယ်လိုက်ပါမယ်” ဟု ကုနင်းက အေးစက်သော အသံဖြင့် ပြောသည်။

ကုချင်းယွင်က မထွက်ခွာချင်ပေမယ့် ယွီမီရှီက သူ့ကို ဆွဲထုတ်လာခဲ့သည်။

"ဘာလဲ? ချချင်တာလား။ ငါတို့ကကကြောက်နေမယ်ထင်လား" ကျန်းယွမ်သည် ကုနင် ဘာလုပ်ချင်တာကို မြင်ပေမယ့် သူတော်တော် ရန်လိုနေသေးသည်။ အဲဒါကိုကြားတော့ သူ့သူငယ်ချင်းတွေကလည်း တိုက်ခိုက်ဖို့ပြင်သည်။

"ကျွန်မက ကျန်းယွမ်နဲ့ ရှားလင်ယင်ကိုပဲအနိုင်ယူချင်တာ။ သူတို့ကြောင့် အပြစ်ပေးမခံချင်ရင် ဘေးဖယ်‌နေ မဟုတ်ရင်‌ ရှင်တို့တစ်ခုခုဖြစ်လာမှ ကျွန်မအဆိုးမဆိုနဲ့နော်” ဟု ကုနင်းက ဆိုသည်။ သူမသည် သူတို့ကို ဒုက္ခမှ လွတ်မြောက်ရန် အခွင့်အရေးပေးခဲ့သည်။

"F*ck အခု လာစမ်းပါ!" ကျန်းယွမ်၏ သူငယ်ချင်း တစ်ယောက်က ကုနင်းကို စိန်ခေါ်သည်။ သူတို့ ဒီည ကျန်းယွမ်ကို ထောက်ခံဖို့ လာတာမို့ သူတို့ နောက်ဆုတ်မသွား‌ပေ။

“မှန်တယ်!” ကျန်းယွမ်၏ အခြားသူငယ်ချင်းများ အားလုံး သဘောတူကြသည်။

"မင်းတို့နှစ်ယောက်ရော ဘယ်လိုလဲ" ကုနင်းက ရှားလင်ယင်ရဲ့ သူငယ်ချင်းနှစ်ယောက်ကို မေးသည်။

"မင်းမှာ အရည်အချင်းမရှိပဲ ဆိုးရတယ်" ကောင်မလေးနှစ်ယောက်က ဒါဟာပထမဆုံးအကြိမ်မဟုတ်တာကြောင့် လုံး၀မကြောက်ပေ။ ထို့အပြင် သူတို့တွင် ကုနင်းထက် လူပိုများသောကြောင့် သူတို့ရှုံးမည်ဟု မထင်ကြပေ။

"ကောင်းပြီ၊ မင်းတို့တောင်းဆိုတာနော်" ဟု ကုနင်းကဆိုသည်။

"သူတို့ကို အနိုင်ယူ!" သူတို့က ဘေးဖယ်‌နေဖို့ ငြင်းဆိုကတည်းက ကုနင်းက သူတို့ကို သင်ခန်းစာပေးရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။

ဟောင်ရန်နှင့် ကုနင်း၏ အခြားသူငယ်ချင်းများသည် မစောင့်နိုင်တော့ဘဲ ၎င်းတို့ကို ထိုးကြိတ်ရန် အလျင်အမြန် ပြေးသွားကြသည်။

ထို့နောက် ကုနင်းသည် ရှားလင်ယင်၏ရှေ့သို့ တိုးသွားသည်။ ကော်လာကို ဆုပ်ကိုင်ကာ မြှောက်လိုက်ပြီး မျက်နှာကို အခြားလက်ဖြင့် ရိုက်ချလိုက်သည်။ "မင်းက ကုချင်းယွင်ရဲ့ရည်းစားဖြစ်လာကတည်းက သူ့မှာအမြဲတမ်း ပြဿနာတက်ခဲ့ရတယ်။ တစ်ခါက ကားတိုက်ခံရလုနီးပါး‌တောင်ဖြစ်ခဲ့တယ်။ မင်းသူ့ကို မကြိုက်ရင် ပြောလို့ရရဲ့သားနဲ့ သူ့နောက်ကွယ်မှာ တခြားကောင်နဲ့ အိပ်ရဲတယ်‌ပေါ့။ သူအရမ်းသဘောကောင်းမယ်လို့များ မင်းထင်နေတာလား"

ရှားလင်ယင်က နာကျင်စွာအော်လိုက်သည်။ ကုနင်းက သူမကို ပြင်းပြင်းထန်ထန် ပါးရိုက်ခဲ့ပြီး သူ့မျက်နှာကို ထိခိုက်စေတဲ့အထိမဟုတ်‌ပေမယ့် အခုချိန်မှာတော့ ခံနိုင်ရည်ရှိဖို့ သူမ နာကျင်‌နေရသည်။

ချူးဖေ့ဟန်နှင့် အခြားသူများသည် တိုက်ခိုက်ရာတွင် ကျွမ်းကျင်သောကြောင့် အသီးသီး တိုက်ခိုက်နိုင်ကြသည်။ ထို့ကြောင့် ကျန်းယွမ်နှင့် ကျန်းယွမ်၏သူငယ်ချင်းများကို အချိန်တိုအတွင်း အနိုင်ယူရန်မှာ အလွန်လွယ်ကူလွန်းလှသည်။ ဟောင်ရန်နဲ့ ယောက်ျားလေးတွေက မိန်းကလေးတွေကို မရိုက်ချင်ကြတဲ့အတွက် ချူးဖေ့ဟန်က မိန်းကလေးနှစ်ယောက်ကို တစ်ယောက်တည်း ရိုက်နှက်တာ လုံးဝမခက်‌ပေ။

ချူးဖေ့ဟန် သည် အားအများကြီးအသုံးပြုပါက မိန်းကလေးနှစ်ဦးသည် မကြာမီတွင် မေ့လဲသွားမည်ဖြစ်၍ ချူးဖေ့ဟန် က သူတို့ကို ဖြည်းဖြည်းချင်း ညှဉ်းပန်းနှိပ်စက်ရန် ရည်ရွယ်ထားသည်။

၎င်းသည် အသံလုံသောအခန်းဖြစ်သောကြောင့် မည်သူမှ သူတို့ဘာလုပ်နေသည်ကို မကြားနိုင်ပေ။

ကုနင်းသည် လူပိန်းမဟုတ်တဲ့အတွက် လုံလောက်ပြီဟု သူမထင်သောအခါ ရပ်လိုက်သည်။

“ကောင်းပြီ ငါတို့ အခု ရပ်လို့ရပြီ” ဟု ဟောင်ရန် နှင့် သူမ၏ အခြားသူငယ်ချင်းများကို အော်ပြောလိုက်သည်။ သူတို့သည် ယခုအချိန်တွင် ရပ်တန့်ရန် ဆန္ဒမရှိသော်လည်း ကုနင်း၏ အမိန့်ကို နာခံဆဲဖြစ်သည်။ ကျန်းယွမ်နဲ့ ကျန်းယွမ်ရဲ့လူတွေဟာ သူတို့ရဲ့ ပါးရိုက်ခြင်းခံလိုက်ရတာကြောင့် သူတို့ရဲ့မျက်နှာတွေ ရောင်ရမ်းသွားကြသည်။

“အခု ပြီးလိုက်သင့်ပြီထင်တယ်။ ရှင် လက်စားချေရဲပြီး ကုချင်းယွင်ကို နာကျင်အောင်ထပ်လုပ်ရင်‌တော့ နောက်တစ်ခါပေးမယ့် အပြစ်ဒဏ်က ဒီထက်ပြင်းထန်လိမ့်မယ်။ အင်း ရှင် ကျွန်မကိုစိန်ခေါ်ချင်ရင်တော့ လုပ်ပေါ့" ဟုကုနင်း ကပြောသည်။ "ရှင် ဆန္ဒရှိလာတဲ့အချိန်ကျရင် ကျွန်မကို ကုချင်းယွင်ကနေ ပြောခိုင်းလို့ရတယ်။ ကျွန်မက မြို့တော်မှာနေတာ" ကုနင်းသည် သူမ၏ အထောက်အထားကို မပြောပြချင်သေးသောကြောင့် ကုချင်းယွင်မှတဆင့် သူမကို ရှာရန် ပြောခဲ့သည်။ သို့သော်လည်း သူမသည် အင်တာနက်တွင် အလွန်နာမည်ကြီးသောကြောင့် သူမနှင့်ပတ်သက်သည့် အချက်အလက်များကို ပိုမိုမသိရှိ‌စေရန် ၎င်းတို့အား တားဆီးနိုင်မည်မဟုတ်ပေ။ "ကျွန်မပြောတာကြားရဲ့လား?" ကုနင်းက ကျန်းယွမ်ကိုမေးတော့ ကျန်းယွမ်က ကြောက်ရွံ့တုန်လှုပ်သွားသည်။ ကျန်းယွမ်က လက်လျှော့ဖို့ တွန့်ဆုတ်နေပေမယ့် ကုနင်းနဲ့ မယှဉ်နိုင်ဘူးဆိုတာ သူသိသည်။

“ဟု-ဟုတ်ကဲ့” လက်သာမလျှော့လျှင် သူနဲ့ သူ့သူငယ်ချင်းတွေ ထပ်ပြီး အရိုက်ခံရလိမ့်မည်။

"ကောင်းပြီ၊ အခုသွားရအောင်" ကုနင်းကပြောပြီး လှည့်ထွက်သွားသည်။

ကုနင်းသည် ကျန်းယွမ်၏အဖြေကို ဂရုမစိုက်ပေ။ တစ်စက္ကန့်အတွင်းပင် သူ့စိတ်ပြောင်းသွားနိုင်သည်ကို သူမ သိသောကြောင့်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေကာမူ အနာဂတ်တွင် ကျန်းယွမ်သည် မည်သည့်လုပ်ရပ်ပင်လုပ်ပါ‌စေ သူမသည် သူ့အား ပြန်ပေးဆပ်ခိုင်းရန် ယုံကြည်ချက်ရှိသည်။

သူတို့ကို သတ်ပစ်တာ သို့မဟုတ် မသန်မစွမ်းဖြစ်‌အောင် လုပ်လိုက်ရမယ့်အထိ သူတို့မှာ အပြစ်မရှိသောကြောင့် သူမသည် ယခုအချိန်တွင် သူ့ကို မသတ်နိုင်သေးပေ။ ကုနင်းက သူတို့စကားတွေကို သူတို့တည်ဖို့သာ ဆန္ဒရှိသည်။

"F*ck!" ကုနင်းမရှိတော့တဲ့အခါ ကျန်းယွမ်က မကောင်းဆိုးဝါးအမူအရာနဲ့ ကျိန်ဆိုလိုက်သည်။

"ကျန်းယွမ်၊ သူတို့ကို သင်ခန်းစာပေးဖို့ လူတချို့ကို ငါတို့ ငှားသင့်သလား" သူ့သူငယ်ချင်း တယောက်လည်း စိတ်ဆိုးနေသည်။

ကုနင်းရဲ့ စကားတွေကို အလေးအနက်မထားဘူးဆိုတာ သိသာထင်ရှားပြီး ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေက သူ့ကို အရှက်ရစေသည်။ “ဟုတ်တယ် လူဆိုးဂိုဏ်းတချို့ကို ငါသိတယ်၊ သူတို့က ငါတို့ကို ကူညီ‌ပေးလို့ရတယ်” ဟု ကျန်းယွမ်၏ အခြားသူငယ်ချင်းက ပြောသည်။

"Sh*t! သူ(မ)က ဘယ်လောက် ရက်စက်ကြမ်းကြုတ်ကြတယ်ဆိုတာ မင်းမမြင်ဘူးလား။ သူတို့က ငါတို့ထက် တိုက်ခိုက်တာ သိသိသာသာကောင်းတယ်” ဟု ကျန်းယွမ်က ဒေါသတကြီးပြောသည်။ သူသည် မိုက်မဲသောသူမဟုတ်သည့်အပြင် ကုနင်းနှင့် နောက်တစ်ကြိမ် မရှုပ်သင့်သည်ကို သူသိသည်။

All Chapters