အခန်း (၁၇၁၇-၁၇၂၂)
Vol. 107 Ch. 1717-1722
အခန်း ၁၇၁၇ F**K OFF
ထိုအခြေအနေမျိုးတွင် သာမန်လူဆိုးဂိုဏ်းစတားများသည် ကုနင်နှင့် သူမ၏သူငယ်ချင်းများကို လုံးဝထိခိုက်နိုင်မည် မဟုတ်ပေ။
ကျန်းယွမ်သည် သူအနိုင်ရမည်ဟု မယုံကြည်သောကြောင့် ပိုသတိထားသင့်သည်ဟု သူထင်ခဲ့သည်။ ထိုစကားကိုကြားတော့ ကျန်းယွမ် ၏သူငယ်ချင်းများက သဘောတူခဲ့ကြသည်။
"ငါတို့ ဒီတိုင်းငြိမ်နေလိုက်ရတော့မှာလား" တစုံတယောက်ကစိတ်ဆိုးပြီး မေးသည်။
"အခု ဆေးခန်းသွားမယ်။ ငါတို့ အပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီးမှ ဒီအကြောင်းကို ဆွေးနွေးကြတာပေါ့” ဟု ကျန်းယွမ်မှ ပြောကြားခဲ့သည်။ အရှုံးမပေးချင်ပေမယ့် အခုချက်ချင်း ဘာမှ မလုပ်နိုင်သေးပေ။ သူသည် အနာဂတ်မှသာ စဉ်းစားရန် ဆုံးဖြတ်ခဲ့သည်။ သူ့သူငယ်ချင်းက လူနာတင်ကားကို ချက်ချင်းခေါ်လိုက်သည်။
"ကျန်းယွမ်!" ကျန်းယွမ်က လက်လျော့လိုက်ချင်ကြောင်း ကြားလိုက်ရသောအခါ ရှားလင်ယင် ဝမ်းနည်းလာမိသည်။ သူမသည် ချောမောလှပသော မိန်းကလေးတစ်ဦးဖြစ်သော်လည်း ထိုအချိန်က ပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရသည်။ လက်လျှော့ဖို့က သူမအတွက် မဖြစ်နိုင်ပေ!
သို့သော် သူမသည် ပျော့ညံ့သောမိန်းကလေးတစ်ဦးဖြစ်တဲ့အတွက် သူမအတွက် လက်စားချေရန် ကျန်းယွမ်ကို အားကိုးရုံသာရှိတော့သည်။ ကျန်းယွမ်၏မိသားစုသည် ချမ်းသာသောကြောင့် ကုနင်းကို ဖြေရှင်းရန် သူ့အတွက် အလွန်လွယ်ကူသည်ဟု သူမယုံကြည်ခဲ့သည်။ သူမသည် ငွေ၏စွမ်းအားကို ယုံကြည်ပေသည်။
ထို့အပြင် သူမသည် ၀မ်းကွဲညီမသောင်းကျန်းနေတာကို ဒီတိုင်းဘေးတွင်ရပ်နေသော ကုချင်းယွင်ကိုလည်း သင်ခန်းစာတစ်ခုပေးချင်ခဲ့သည်။ သူ့ကို သစ္စာဖောက်ခဲ့ပေမဲ့ ဒီလောက် သွေးအေးမနေသင့်ပေ။
သူမလို တစ်ကိုယ်ကောင်းဆန်သူဟာ ကိုယ်ကိုယ်တိုင်အတွက်သာ အမြဲတွေးနေသောကြောင့် ဒီည သူမကိုကူညီဖို့ ကုချင်းယွင် ကို ခေါ်ခဲ့တာကို လုံးဝမေ့သွားခဲ့သည်။ သို့သော် သူမလိုချင်သော ရလဒ်ကို မရခဲ့ပေ။
ရှားလင်ယင်ရဲ့ အသံကို ကြားတော့ ကျန်းယွမ်က သူမကို လှည့်ကြည့်လိုက်သည်။
သူမသည် သနားစရာပုံပေါက်သော်လည်း ကျန်းယွမ်သည် ယခုအခိုက်အတန့်တွင် သူမအား ရွံရှာနေမိသည်။ သူမ၏ ရောင်ရမ်းနေသော ပါးပြင်များသည် ရုပ်ဆိုးပြီး သူမကြောင့် သူတို့လည်း ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းကိုလည်း ခံခဲ့ရသောကြောင့် ကျန်းယွမ်က ရှားလင်ယင် အား “ဒါအားလုံးက မင်းအပြစ်ပဲ! မင်းကြောင့်သာ မဟုတ်ရင် ငါတို့ ဒီလို အရိုက်ခံရမှာမဟုတ်ဘူး။ F*ck off အခုထွက်သွား! ငါ မင်းကို ထပ်မတွေ့ချင်တော့ဘူး" ရှားလင်ယင်ကို စွန့်ပစ်လိုက်ပေပြီ။
တကယ်တော့ ကျန်းယွမ်က ရှားလင်ယင်ကို သိပ်ကြိုက်တာမဟုတ်ပေ။ သူမသည် ချောမောလှသောကြောင့် သူမနှင့် အိပ်ချင်ရုံပင်။ သူ့မိသားစုက ချမ်းသာတဲ့အတွက် သာမန်မိသားစုက မိန်းကလေးနဲ့ လက်ထပ်ဖို့ဆိုတာ မဖြစ်နိုင်ပါ။
ထို့အပြင် ရှားလင်ယင်သည် မိန်းမကောင်းတစ်ဦးမဟုတ်ပဲ သူမသည် အရာအားလုံးကို ငွေကြေးနှင့် ကျော်ကြားမှုအတွက် ရောင်းချမည့်သူဖြစ်သည်။ ထို့ကြောင့် သူမသည် ပို၍ စွမ်းအားကြီးသော အမျိုးသားတစ်ဦးကိုတွေ့ပါက သူ့ကို သစ္စာဖောက်နိုင်မလားဆိုတာ ဘယ်သူသိမည်နည်း။ ကျန်းယွမ်သည် နုံချာသောသူမဟုတ်ပေ။ သူသည် ချောမောလှပသော မိန်းမများနှင့် ကစားလေ့ရှိသော်လည်း ကောင်းသောသူကိုသာ လက်ထပ်ရမည်။
သူသည် ငတုံးမဟုတ်၊ အရှက်မရှိသူသာဖြစ်သည်။
သူသည် အမျိုးသမီးများနှင့် ကစားရာတွင် သူ့ကိုယ်သူ ကျေကျေနပ်နပ် နှစ်သက်သော်လည်း သူနှင့် အလားတူသော အမျိုးသမီးကို လက်မခံပါ။ သူ့မှာ စံနှုန်းတစ်ခုရှိ၏။ ဒါပေမယ့် သူ့လုပ်ရပ်က မှားတယ်လို့တော့ ဘယ်တုန်းကမှ မထင်ခဲ့ပေ။
"ကျန်းယွမ် ရှင်..." ရှားလင်ယင်သည် ယခုအချိန်တွင် စိတ်မသက်မသာဖြစ်နေပြီဖြစ်သော်လည်း ကျန်းယွမ်၏သဘောထားကြောင့် သူမ ထိတ်လန့်သွားရသည်။ သူမသာ စွန့်ပစ်ခံလိုက်ရလျှင် အရာအားလုံးဆုံးရှုံးသွားလိမ့်မည်။ သို့သော် ကျန်းယွမ်ကို သူမ မဝေဖန်ဝံ့ရဲပေ။
"ရှားလင်ယင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။ ငါ မင်းကို အမှန်အတိုင်းပဲ ပြောမယ် မင်းကို F**k ချင်လို့သာ မင်းကို လိုက်ခဲ့တာ မင်းဟာ ငါ့မျက်လုံးထဲမှာတော့ လိင်ဆက်ဆံတဲ့ကိရိယာသာသာပဲ။ ငါက ငါ့မိသားစုနဲ့ တန်းတူညီမျှတဲ့ လူမှုအဆင့်အတန်းရှိတဲ့ မိသားစုက မိန်းကလေးနဲ့ပဲ လက်ထပ်မှာ။ မင်းက တစ်ကိုယ်ကောင်းဆန်လွန်းပြီး မိုက်မဲလွန်းတဲ့ စျေးပေါတဲ့မိန်းမတစ်ယောက်လေ။ မင်းက ငါနဲ့အိပ်ပြီး ကုချင်းယွင် ကို သစ္စာဖောက်တယ်။ ဒါကြောင့် မင်း နောက်တစ်ယောက်သာထပ်တွေ့ရင် ငါ့ကိုလည်းထပ်ပြီးသစ္စာဖောက်လိမ့်မယ်!" ကျန်းယွမ်က ပြောသည်။
ရှားလင်ယင်နဲ့ပတ်သက်တဲ့ သူ့ရဲ့ တကယ့် အတွေးအမြင်တွေကို ဖုံးကွယ်ဖို့ စိတ်မ၀င်စားပေ။
“ရှင်…” ရှားလင်ယင်သည် ထိုစကားကိုကြားသောအခါ ဒေါသထွက်သွားသော်လည်း သူ့ကို မည်သို့ငြင်းခုံရမည်ကို မသိပေ။ တကယ်တော့ ကျန်းယွမ် ပြောတဲ့စကားတိုင်းဟာ မှန်၏။ ထို့အပြင် ကုချင်းယွင်သည် ကျန်းယွမ်ထက် ပို၍ ရုပ်ချောသည်။ ကျန်းယွမ်သည် ပလေးဘွိုင်းတစ်ယောက်ဖြစ်ပြီး ကုချင်းယွင်သည် သူမကို ရိုးရိုးသားသား နှစ်သက်သဘောကျခဲ့သည်။
ထို့ကြောင့် သူမသည် အနာဂတ်တွင် ကျန်းယွမ်ထက်သာလွန်သော အမျိုးသားတစ်ဦးနှင့် တွေ့ဆုံမည်ဆိုပါက သူမသည် ကျန်းယွမ်ဆီမှ သေချာပေါက် ထွက်ခွာသွားမည်ဖြစ်သည်။ သူမမှာ အခုနာမည်ကျော်ကြားမှု မရှိပေမယ့် ထာဝရ မရှိမှာလို့ မဆိုလိုပေ။ သူမသည် အနာဂတ်တွင် ကြယ်ပွင့်ကြီးတစ်ဦးဖြစ်လာပါက ကျန်းယွမ် သည် သူမနှင့်ထိုက်တန်မည်မဟုတ်ပေ။
"မင်း ပြန်ငြင်းစရာ မလိုပါဘူး။ ငါငတုံးမဟုတ်ဘူး၊ မင်းစိတ်ထဲမှာ ဘာတွေတွေးနေလဲ ဆိုတာ သိတယ်" ကျန်းယွမ် သည် ရှားလင်ယင်နှင့် ငြင်းခုံခြင်းကို ရပ်တန့်လိုက်သည်။ အလိမ်အညာတွေကြားရတာ မုန်းသည်။
ရှားလင်ယင်သည် သူ့ကိုယ်သူ ခုခံချင်သော်လည်း အခုတော့ ဘာမှ မပြောနိုင်ပေ။
"အခု ထွက်သွားတော့!" ရှားလင်ယင် မတ်တပ်ရပ်နေဆဲဖြစ်တာကိုမြင်သောအခါ ကျန်းယွမ် စိတ်မရှည်စွာ သူမကို ရိုက်လိုက်သည်။
ရှားလင်ယင်ကြောင့် သူတို့ဟာ ဒီညမှာ ပြင်းထန်စွာ ရိုက်နှက်ခြင်းခံခဲ့ရသည်။ ဒီနေ့ ရှားလင်ယင်လည်း ရိုက်နှက်မခံခဲ့ရဘူးဆိုရင် ကျန်းယွမ်က သူမကို လွယ်လွယ်နဲ့ လွှတ်ပေးမှာမဟုတ်ပေ။
ရှားလင်ယင်က တော်တော်စိတ်မကောင်းဖြစ်သွားသည်။ သူမသည် နှုတ်ခမ်းကိုကိုက်ပြီး ကျန်းယွမ်အား သနားစရာကောင်းသည့်အမူအရာဖြင့် စိုက်ကြည့်သော်လည်း သူက သူမကို အထင်အမြင်သေးသော မျက်လုံးများနှင့် ကြည့်နေသည်။
အရင်လိုသာဆိုလျှင် ကျန်းယွမ်ဟာ သူမရဲ့ သနားစရာကောင်းတဲ့ အပြုအမူကြောင့် ပျော့ပျောင်းသွားနိုင်ပေမယ့် အခုတော့ သူ ရွံမုန်းသွားသလို ခံစားလိုက်ရသည်။
ရှားလင်ယင်က ဘယ်လောက်ပဲ ဆန္ဒရှိပါစေ ကျန်းယွမ်သည် သူမအပေါ် ကရုဏာမရှိတော့မှန်း သိတာကြောင့် အခုချက်ချင်း ထွက်သွားရမည်။ ကျန်မိန်းကလေးနှစ်ယောက်ကတော့ ရှားလင်ယင်ရဲ့သူငယ်ချင်းတွေဖြစ်တာကြောင့် သူမနဲ့အတူ ထွက်သွားရပါတော့မည်။
တကယ်တော့ သူတို့သည် ရှားလင်ယင်၏သူငယ်ချင်းများဖြစ်သော်ငြားလည်း သူမကြောင့် အရိုက်ခံရသောကြောင့် သူမကို မုန်းတီးမိကြသည်။ မည်သို့ပင်ဆိုစေကာမူ ရှားလင်ယင်၏ မျက်လုံးထဲတွင် သူတို့သည် သူတောင်းစားသာသာဖြစ်၍ သူတို့ကို အကူအညီများစွာပေးခဲ့သောကြောင့် ယခုအချိန်တွင် သူမကို မထားခဲ့နိုင်ပေ။
ကောင်မလေး သုံးယောက်လုံးရဲ့ မျက်နှာတွေက နီရဲလို့ နေလေသည်။ ကံကောင်းစွာပင်၊ ဤဘား၏ နောက်တံခါးပေါက်တစ်ခုရှိ၍ ၎င်းတို့၏မျက်နှာများကို အိတ်များဖြင့် ဖုံးအုပ်ထားနိုင်သွားနုိင်သည် မဟုတ်ပါက အလွန်ရှက်စရာကောင်းလှမည်။
သူတို့ထွက်သွားတဲ့လမ်းမှာ လူအနည်းငယ်ကသာ သူတို့ကိုတွေ့သောအခါ သူတို့သည် ချက်ချင်းပြေးထွက်သွားကြသည်။
ကျန်းယွမ်နဲ့ သူ့သူငယ်ချင်းတွေလည်း ရှားလင်ယင်တို့ ထွက်ခွာသွားပြီးနောက် ထွက်ခွာသွားကြသည်။
…
ကုနင်းနဲ့ သူ့သူငယ်ချင်းတွေ ကားပြန်တက်လာတဲ့အခါ ကုချင်းယွင်က သူမအား ဘာတွေလုပ်ခဲ့လဲဟု မေးသည်။ သူ့စိတ်ထဲမှာ အဖြေရှိပြီးသားဖြစ်ပေမဲ့ သေချာအောင်လုပ်ဖို့ လိုနေပါသေးသည်။
***
အခန်း ၁၇၁၈ သူက အကိုနဲ့ မတန်ဘူး
"ကျွန်မသူတို့အားလုံးကို ရိုက်ခဲ့တယ်" ဟု ကုနင်းက ပြောသည်။ ကုချင်းယွင်ကို အခင်းဖြစ်ပွားရာ နေရာတွင် ကြည့်ရှုရန် သူမ ခွင့်မပြုသော်လည်း ဖြစ်ပျက်ခဲ့သမျှ အတိအကျကို သူမပြောပြရန် ငြင်းဆန်မည်ဟု မဆိုလိုပါ။
ထို့အပြင် သူမသည် ကုချင်းယွင် ကို မပြောခဲ့လျှင်ပင် ကုချင်းယွင်သည် ၎င်းကို မကြာမီတွင် သိလာလိမ့်မည်ဖြစ်သည်။
"အားလုံး...အားလုံးကိုလား?" ကုချင်းယွင်က မေးသည်။ ရှားလင်ယင် ပါဝင်ခြင်း ရှိမရှိ သိလိုသောကြောင့် ထိုမေးခွန်းကို အဓိက မေးခဲ့ခြင်းဖြစ်သည်။
"ဟုတ်တယ်" ကုနင်းကပြောသည်။ ကုချင်းယွင်မှာ အဖြေရှိပြီးသားဖြစ်ပြီး ကုနင်း၏ပါးစပ်မှ ထိုစကားကိုကြားသောအခါ အံ့ဩခြင်းမရှိသော်လည်း ရှားလင်ယင်သည် မိန်းကလေးဖြစ်သောကြောင့် ခံစားချက်များ ရောထွေးနေမိသည်။
"ဘာလဲ? အဲ့ကောင်မလေးအတွက် နာနေတုန်းလား" ကုနင်းက မကျေမနပ်ဖြစ်သွားသည်။ ကုချင်းယွင် သည် ရှားလင်ယင်ကိုချစ်ကြောင်း သူမ နားလည်သော်လည်း ထိုမိန်းကလေးသည် သူ့အချစ်နှင့် ထိုက်တန်သည်ဟု သူမ မထင်ပေ။
"မဟုတ်ဘူး သေချာပေါက်မဟုတ်ဘူးပေါ့" ကုချင်းယွင်သည် ကုနင်း၏ မကျနေပ်သံကို ကြားသောအခါ ချက်ချင်းငြင်းဆိုလိုက်သည်။ ရှားလင်ယင်သည် မိန်းကလေးဖြစ်သောကြောင့် သူမကို အနည်းငယ်စာနာမိသော်လည်း သူသည် သူတော်ကောင်းမဟုတ်ပါ။ ရှားလင်ယင်က သူ့ကို သစ္စာဖောက်ပြီးကတည်းက သူမအပေါ် ကရုဏာတရားထားစရာ မလိုပေ။ ထို့ကြောင့် ကုနင်းသည် သူ့အတွက်လုပ်ပေးသောကြောင့် သူသည် ကုနင်းကို စိတ်ဆိုးမည်မဟုတ်ပေ။
ကုနင်းကသာ ဒီနေ့ သူ့ကို မကူညီခဲ့ရင် ရှားလင်ယင်က သူ့ကို သစ္စာဖောက်နေတယ်ဆိုတာ သိလိမ့်မည်မဟုတ်တာကြောင့် သူဆီမှာဘာတွေဖြစ်လာမယ်ဆိုတာ မသိနိုင်ပေ။ သူ သူမအတွက် ကျန်းယွမ်ကို တကယ်အနိုင်ယူပြီး သောက်နိုင်ပါ့မလား။
ကုနင်း၏ အကူအညီသာ မပါလျှင် သူတစ်ယောက်တည်းဖြစ်နေလိမ့်မည်။ သူ့မှာ တက္ကသိုလ်က သူငယ်ချင်းတွေရှိပေမယ့် ကျန်းယွမ်ကို ဆန့်ကျင်ဖို့ ဘယ်သူမှ သတ္တိမရှိကြပေ။ ၎င်းတို့သည် ဒီဒေသခံသားများမဟုတ်ကြ၍ မြို့တော်ရှိ ဒေသခံပြည်သူများနှင့် ပြသနာဖြစ်ရန် ကြောက်ရွံ့ကြသည်။
ကုချင်းယွင်သည် သူတို့က သူ့ကို ကူညီဖို့ ငြင်းဆန်တဲ့အခါ စိတ်ပျက်မိပေမယ့် သူတို့ဒုက္ခမှာ မပါဝင်ချင်ဘူးဆိုတာ သူနားလည်တာကြောင့် သူတို့ကို အပြစ်မတင်ခဲ့ပါ။
သူတစ်ယောက်တည်း ကျန်းယွမ်ကို အနိုင်မယူနိုင်မှာ သေချာတာမို့ သူ ရှားလင်ယင်ကို ကျန်းယွမ်ထံမှာ ဆုံးရှုံးလိုက်ရပြီး ကျန်ဘဝတစ်လျှောက်လုံးမှာ သူ့ကိုယ်သူ အပြစ်တင်မိလိမ့်မည်။
ထိုအချိန်တွင် ရွေးချယ်စရာမရှိသောကြောင့် ကုနင်းထံ အကူအညီတောင်းခဲ့ရသည်။ ကံကောင်းစွာပင် ကုနင်းက သူ့ကို အကူအညီပေးခဲ့သည်။
တကယ်တော့ ကုချင်းယွင်က သူ့နောက်ကွယ်မှာ ဖောက်ပြန်ခဲ့တဲ့ မိန်းကလေးတစ်ယောက်အတွက် သူ့ကိုယ်သူ အပြစ်တင်နေတာဟာ ရယ်စရာကောင်းတယ်လို့ ခံစားရသည်။
“ကောင်းတယ် သူက အကိုနဲ့ မထိုက်တန်ဘူး” လို့ ကုနင်းက ဆိုသည်။ ကုချင်းယွင်သည် ရှားလင်ယင်ကို ယခုအချိန်တွင် မေ့ပစ်ရန် ရည်ရွယ်ချက်မရှိသော်လည်း အချိန်ယူရမည်ဖြစ်ကြောင်း သူမသိသည်။ ကုနင်းသည် ကုချင်းယွင်သည် ရှားလင်ယင်က နောင်တစ်ချိန်တွင် သူ့ထံပြန်လာခဲ့လျှင်ပင် သူမကို လုံး၀လက်လွှတ်နိုင်စေရန်အတွက် သူမနှင့် ဆက်ဆံရေးဖြတ်တောက်နိုင်မည်ဟုသာ မျှော်လင့်မိသည်။
ရှားလင်ယင် ဒီလိုတွေလုပ်ခဲ့တာတောင် ကုချင်းယွင်က သူမကို လက်ခံခဲ့သေးရင် သူ့ကို သူမသည် သိပ်ကို မထီမဲ့မြင်ပြုလိမ့်မည်။ မထီမဲ့မြင်ပြုသူများသည် လေးစားမှု သို့မဟုတ် စာနာမှုနှင့် မထိုက်တန်ပါ။
"အကိုသိပါတယ်" ဟု ကုချင်းယွင်က ပြောသည်။ ရှားလင်ယင်ကို ချက်ချင်းလက်လွှတ်ဖို့ သူ့အတွက် ခဲယဉ်းပေမယ့် အခုချိန်မှာတော့ သူမကို မျှော်လင့်မထားပေ။ ဝမ်းနည်းနေပေမယ့်လည်း သူမကို ဘယ်တော့မှ ပြန်လက်ခံမှာမဟုတ်ပါဘူး။ သူ့ဂုဏ်သိက္ခာကို ဘယ်တော့မှ အဆုံးရှုံးခံမှာ မဟုတ်ပေ။
"သူတို့က အကိုကို ထပ်ပြီးဒုက္ခပေးရင်ပဲဖြစ်ဖြစ် ကျွန်မကို တွေ့ချင်တာပဲဖြစ်ဖြစ် ကျွန်မကိုဖုန်းဆက်လိုက်ပါ" ဟု ကုနင်းက ဆိုသည်။
ကုချင်းယွင်သည် ဤအကြိမ်တွင် အနိုင်ရခဲ့သော်လည်း သူ့ကို ပို၍ အန္တရာယ်ရှိသော အခြေအနေသို့ တွန်းပို့ခဲ့မိသည်။ ဒါကိုလိုချင်တာမဟုတ်ပေမယ့် ကုနင်းကတော့ နောင်တမရပါ။
“ဟုတ်ပြီ” လို့ ကုချင်းယွင်က ပြောသည်။ ကုနင်းက သူ့ကို မြို့တော်မှာ ကူညီခဲ့သည်။ ကုချင်းယွင်သည် ပို၍အန္တရာယ်များသော အခြေအနေတွင်ရှိနေသော်လည်း ၎င်းနှင့်ပတ်သက်၍ လုံးဝမညည်းညူခဲ့ပေ။ သူ ကုနင်းကို တကယ်ပဲ ကျေးဇူးတင်မိသည်။
"နင်းနင်း မင်းဒီနေ့လုပ်ပေးခဲ့တာတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ မင်းကြောင့်သာမဟုတ်ရင် ငါ အမှန်တရားကို ရှာတွေ့မှာ မဟုတ်ဘူး။ မင်းကို ညစာသွားဝယ်ကျွေးပါရစေ" ဟု ကုချင်းယွင်က ပြောသည်။ သူ အခု စိတ်အခြေအနေမကောင်းသေးပေမယ့် ကုနင်းနဲ့ သူ့သူငယ်ချင်းတွေကို ကျေးဇူးတင်မိဆဲပင်။
"ရပါတယ် ကျွန်မတို့ အခု ဗိုက်မဆာသေးဘူး၊ ဒါပေမယ့် နောက်တစ်ခါမှ ထမင်းတူတူစားကြတာပေါ့” ဟု ကုနင်းက ဆိုသည်။ ကုချင်းယွင်သည် ယခု အစာစားချင်စိတ်မရှိသည်ကို သူမနားလည်သောကြောင့် သူမကို အစား၀ယ်ကျွေးခိုင်းမည်မဟုတ်ပေ။
“ကောင်းပြီ!” ကုချင်းယွင်က မတောင်းဆိုတော့ပေ။ ကုနင်းသည် သူ့ခံစားချက်များကို နားလည်ကြောင်း သူသိသည်။ အဲဒီနောက် ကုနင်းက ကုချင်းယွင်ကို သူတို့ရဲ့ တက္ကသိုလ်ကို ပြန်မောင်းပို့ပေးပြီး ဟောင်ရန် နဲ့ တခြားကောင်လေးတွေကို ဟိုတယ်ကို ပြန်ပို့လိုက်သည်။
လမ်းခရီးတွင် ဟောင်ရန်သည် ယနေ့ည တိုက်ပွဲတွင် မိမိကိုယ်မိမိ မကျနေပ်မိကြောင်း အထွန့်တက်နေသည်။ ကျန်းယွမ်သည် သူ့အတွက် လုံးဝ မယှဉ်နိုင်သောကြောင့် သူအမှန်အတိုင်းပြောနေခြင်းပင်။
ဟောင်ရန်နဲ့ ကောင်လေးတွေ ဟိုတယ်ကို ရောက်တဲ့အခါ ည ၁၁ နာရီလောက်ရှိပြီမို့ လင်ရှောင်းထင်က ကုနင်းကို ဖုန်းဆက်ပေမယ့် ကုနင်းကတော့ ကားမောင်းနေတုန်းပင်။
သူမက လင်ရှောင်းထင်ကို ဒီညမှာ တခြားအရာတစ်ခုခုကို သွားဖြေရှင်းခဲ့ပြီး အခုလည်း လမ်းပေါ်မှာရှိနေဆဲဖြစ်ကြောင်း အတိုချုံးပြောပြလိုက်သည်။ လင်ရှောင်းထင်က သူမကို သတိထားဖို့ သတိပေးခဲ့ပြီး အိမ်ပြန်ရောက်ချိန်မှာ သူ့ကို ပြန်ခေါ်ဖို့ ပြောခဲ့သည်။
လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်တို့သည် တစ်ယောက်နှင့်တစ်ယောက် လက်ခံထားပြီးဖြစ်သော်လည်း ယခုမှတွေ့ဆုံကြတာဖြစ်ပြီး လင်ရှောင်းထင်သည် စကားသိပ်မပြောသောကြောင့် နှစ်ယောက်တည်းနေသောအခါ အနည်းငယ်နေရခက်နေဆဲပင်။ ထို့ကြောင့် အိမ်ရောက်သည်နှင့် ကိုယ်စီ မိမိတို့အခန်းသို့ သွားကြသည်။
ကုနင်းသည် နောက်မှ ရာစုနှစ်မြို့တော်သို့ ပြန်မောင်းလာပြီး မနက် ၁၂ နာရီခန့်ပင်ရှိပြီဖြစ်သောကြောင့် သူမသည် ယနေ့ည ချူးဖေ့ဟန်နှင့် ယွီမီရှီတို့နှင့် စကားမပြောတော့ပေ။ ရေချိုးပြီးတာနဲ့ တန်းအိပ်ယာဝင်ကြသည်။ နောက်နေ့မနက် စောစောထဖို့ လိုအပ်သည်။
အဲဒီနောက် ကုနင်းက လင်ရှောင်းထင်ကိုဖုန်းဆက်ပြီး မိနစ် ၂၀ လောက် ဖုန်းပြောကြသည်။ လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်တို့သည် မနက်ဖြန်တွင် လင်မိသားစုအိမ်သို့ ပြန်ကြမည်ဖြစ်သည်။
လင်ရှောင်းထင်နှင့်ဖုန်းဆက်ပြီးနောက် ကုနင်းသည် ကျောက်စိမ်းကို ထုတ်ကြည့်မိလျှင် ထူးဆန်းသည့်အရာတစ်ခုဖြစ်လာနိုင်ပြီး မနက်ဖြန်တွင် သူမအစီအစဉ်များကိုထိခိုက်မည်ကိုစိုးရိမ်သောကြောင့် တိမ်တိုက်နဂါးပူံစံကျောက်စိမ်းကိုထုတ်ယူရန်တုံ့ဆိုင်းသွားသည်။
ထို့ကြောင့် ကုနင်းသည် လောလောဆယ်တွင် ၎င်းကို မထုတ်ရန် ဆုံးဖြတ်လိုက်သည်။ သူမသည် မနက်ဖြန် ရှန်းကွမ်းယန်ထံ သွားလည်မှာဖြစ်ပြီး အဲ့ရောက်မှ ထုတ်တော့မည်။
ထိုအခါတွင် သူမထူးထူးဆန်းဆန်းတစ်ခုခုဖြစ်ခဲ့လျှင်တောင် ရှန်းကွမ်းယန်၏အကူအညီဖြင့် သူမဘေးကင်းလိမ့်မည်။
***
အခန်း ၁၇၁၉ ချူးဖေ့ဟန်နှင့် ပိုင်လီကျုံးယန် တွေ့ဆုံခြင်း
ကျင်းယွင်ယောင်သည် အလွန်နောက်ကျသည်အထိ အိပ်မပျော်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမ သေချာမှတ်မိသောအရာများနှင့် သူမမမှတ်မိသေးသော အရာများကို တွေးနေသောကြောင့်ဖြစ်သည်။ သူမရဲ့ မှတ်ဉာဏ်တွေကို ပြန်ရဖို့အတွက် နာကျင်အောင်ကြိုးစားနေပေမယ့် မအောင်မြင်သေးပေ။ အတိတ်အကြောင်းတွေကို အရမ်းတွေးသောအခါ ခေါင်းများကိုက်လာသည်။
ထိုအချိန်တွင်သာ သူမ အိပ်ပျော်သွားနိုင်သည်။
ကျင်းယွင်ယောင်မှာ အိပ်မက်တွေ ထပ်မက်နပေြန်ပြီ။ အိမ်မက်တွေက ပြတ်တောက်ပြတ်တောက်ဖြစ်ပြီး အဆုံးမသတ်ပေ။ ဒီတစ်ခါတော့ သူမအိပ်ရာက နိုးလာပြီးနောက် အားလုံးကို မှတ်မိနိုင်ခဲ့သည်။
…
ကုနင်းနှင့် အခြားမိန်းကလေးများသည် နံနက် ၆ နာရီတွင် အိပ်ရာထကာ အတူတူ ပြေးကြသည်။
ကုနင်းသည် ချူးဖေ့ဟန်နှင့် ယွီမီရှီတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကိုလည်း စမ်းသပ်ခဲ့သည်။ ချူးဖေ့ဟန်သည် နေ့တိုင်း လေ့ကျင့်ခန်းလုပ်သည့် အလေ့အထကို ထိန်းသိမ်းထားသောကြောင့် သူမသည် ကိုယ်ခံပညာတိုးတက်မှုအတွက် အထောက်အကူဖြစ်စေ၍ သူမ၏ခန္ဓာကိုယ်အခြေအနေအား များစွာတိုးတက်ကောင်းမွန်စေခဲ့သည်။
ယွီမီရှီက သူတို့အထဲမှာ အပျော့ဆုံးဆိုပေမယ့် သာမာန်လူတွေနဲ့ ယှဉ်ရင် သူမဟာ သန်မာနေဆဲပါ။ သူမတစ်ယောက်တည်းနဲ့ အနည်းဆုံး လူငါးယောက်ကို အနိုင်ယူနိုင်ပြီး သူမကိုယ်သူမ ကောင်းကောင်းကာကွယ်နိုင်သည်။
ထို့အပြင် အန္တရာယ်သည် နေရာတိုင်းတွင် မရှိပေ။
ယွီမီရှီဟာ အခုချိန်မှာ ကောင်းကောင်းကာကွယ်နိုင်ပေမယ့် တစ်နေ့မှာ လိုအပ်လာတဲ့အခါ သူမရဲ့ စွမ်းရည်ကို မြှင့်တင်ဖို့ လိုအပ်နေပါသေးသည်။
မနက်ခင်းအပြေးလေ့ကျင့်နစေဉ် ပိုင်လီကျုံးယန်နဲ့ ပိုင်လီကျုံးရွှယ်တို့နှင့်တွေ့သည်။ သူတို့က မနက်ခင်တိုင်းမှာ လေ့ကျင့်ခန်းလုပ်နေကြဖြစ်တဲ့အတွက် ထူးထူးခြားခြား မဟုတ်ပေ။ကုနင်းက သူတို့ကို မကြာခဏ တွေ့ဖူးသည်။
“ဝိုး ရှေ့ကလူရဲ့ အနေအထားကအရမ်းကောင်းတာပဲ။ သူဘယ်လိုပုံစံလဲ သိချင်လိုက်တာ” လို့ ချူးဖေ့ဟန်က ဆိုသည်။ ကုနင်းသည်လည်း ပိုင်လီကျုံးယန်ကိုမြင်ပြီး သူ့ကို ရှောင်ရန် ရည်ရွယ်ချက်မရှိပေ။
"သူ အရမ်းချောတယ်! သူနဲ့တွေ့ချင်လား" ကုနင်းက ရယ်ပြီးပြောနေပေမယ့် ဒါဟာ အမှန်တရားတစ်ခုလည်း ဖြစ်သည်။ ပိုင်လီကျုံးယန်က တကယ့်ကို ထူးထူးခြားခြား ချောမောသည်။ သို့သော်လည်း လင်ရှောင်းထင်သည် သူမ၏မျက်လုံးထဲတွင် ကြည့်ကောင်းဆုံးယောကျာ်းဖြစ်သည်။ တခြား ချောမောတဲ့ ယောက်ျားတွေ ရှိပေမယ့်လည်း သူတို့ကို ဂရုမစိုက်ပေ။
"တကယ်လား?" ချူးဖေ့ဟန်၏ မျက်လုံးများသည် စိတ်ဝင်တစား ပြင်းထန်စွာ တောက်ပလာခဲ့သည်။ "နင် သူ့ကို အရင်က တွေ့ဖူးလား"
"ဟုတ်တယ် ငါ မနက်တိုင်း ပြေးတယ်လေ" ဟု ကုနင်းက ပြောသည်။
"အမ် သူ့ဘေးမှာ မိန်းကလေးတစ်ယောက်ရှိတယ်" ဟု ချူးဖေ့ဟန် က ပြောသည်။
"အဲ့တာ သူ့ညီမ" ကုနင်းကပြောသည်။
"မိုက်ချက်!" ချူးဖေ့ဟန်သည် ပိုင်လီကျုံးယန်နှင့် စကားပြောဆိုရန် အရှိန်မြှင့်လိုက်သည်။
ကုနင်းက အံ့သြသွားပြီး ချူးဖေ့ဟန်ကို ပြန်ဆွဲလိုက်သည်။ "တကယ်ကြီးလား?"
"ဘာလို့လဲ?" ချူးဖေ့ဟန်က ပြောသည်။ ကုနင်းက ဘာကြောင့် သူ့ကို တားတာလဲ သူမ နားမလည်ပေ။ သူမသည် ထိုယောက်ျားနှင့် စကားစမြည်ပြောရန်သာ ဆန္ဒရှိခဲ့သည်။ အဲဒါ ဘာမှ မမှားပေ။
ချူးဖေ့ဟန်က ခေတ္တမျှ စဉ်းစားလိုက်ပြီး "နင် ငါ့ကိုလိမ်နေတာမလား။ တကယ်တော့ သူရုပ်ဆိုးတယ်မလား"
"မဟုတ်ဘူး ငါမလိမ်ပါဘူးဟာ" ကုနင်းက မျက်လုံးဝေ့လိုက်သည်။ "နင်မရှက်ဘူးလား?"
"ဘာလို့လဲ? ငါ သူငယ်ချင်းအသစ် လိုချင်ရုံပဲဟာ ဘာလို့ ရှက်ရမှာလဲ" ချူးဖေ့ဟန်သည် ကုနင်း၏ တုံ့ဆိုင်းမှုကို မကြိုက်ပါ။
"ငါတို့ အခု မလုပ်သေးလို့မရဘူးလား" ယွီမီရှီ က မေးသည်။ ချူးဖေ့ဟန် သည် လူစိမ်းတစ်ယောက်နှင့် စကားစမြည်ပြောလာလျှင် ရှက်စရာကောင်းသည်ဟုလည်း သူမက ထင်ခဲ့သည်။ ချူးဖေ့ဟန် သည် မိန်းကလေးတစ်ဦးဖြစ်ပြီး ၎င်းသည် ယောက်ျားများ၏အလုပ်ဖြစ်သည်ဟု သူမထင်သည်။
“ကောင်းပါပြီ…” ချူးဖေ့ဟန်သည် ကုနင်းနှင့် ယွီမီရှီတို့၏ စိတ်ဆိုးခြင်းကို ခံခဲ့ရသော်လည်း သူတို့ရှက်ရွံ့မည်ကို စိုးရိမ်သောကြောင့် သူမအကြံကို စွန့်လွှတ်လိုက်သည်။ သန်မာလှသော ယောက်ျားများကို သူမ နှစ်သက်သော်လည်း သူမသည် သူတို့ကို စွဲလမ်းခြင်းမရှိပေ။ သူမသည် ယခုအချိန်တွင် စိတ်လှုပ်ရှားနေသောကြောင့် ပိုင်လီကျုံးယန်နှင့် စကားစမြည်ပြောလိုသည်။
"ကောင်းပြီ ငါသူတို့ကိုသိတယ်၊ ငါသူတို့ကိုသွားနှုတ်ဆက်လိုက်မယ်၊ ဒါဆို မင်းသူ့ကိုစကားပြောလို့ရပြီ" ဟု ကုနင်းကပြောသည်။
"ဟမ်? နင်သူတို့ကိုသိတာလား။ ဒါဆို စောနကက နင်ဘာလို့ ငါ့ကို နောက်တာလဲ" ချူးဖေ့ဟန်က စောဒကတက်သည်။
ထို့နောက် သူတို့သည် ရှေ့သို့ ဆက်ပြေးသွားကာ ကုနင်းသည် ပိုင်လီကျုံးယန်နှင့် ပိုင်လီကျုံးရွှယ်တို့ အနီးနားရောက်သောအခါ နှုတ်ဆက်လိုက်သည်။
"မောနင်း ကျုံးယန် နဲ့ ကျုံးရွှယ်" ကုနင်း ရဲ့အသံကိုကြားတော့ ပိုင်လီကျုံးယန် နဲ့ ပိုင်လီကျုံးရွှယ်က ချက်ချင်းလှည့်ကြည့်လာသည်။
သူတို့သည် ကုနင်းကိုတွေ့ရတော့ ဝမ်းသာအားရဖြစ်ပြီး သူမကို ယဉ်ကျေးစွာ နှုတ်ဆက်သည်။
"ဟိုင်း ကုနင်း တိုက်ဆိုင်လိုက်တာ!"
ပိုင်လီကျုံးယန် လှည့်ကြည့်လိုက်သောအခါ ချူးဖေ့ဟန်သည် သူ့မျက်နှာကိုမြင်ပြီး သူ၏ပြောင်မြောက်သောအသွင်အပြင်ကြောင့် အံ့အားသင့်သွားခဲ့သည်။ ဒီလူက ရုပ်ရည်ချောမောပြီး ရုပ်ခံလည်း ကောင်းသည်။ သူလိုလူကို ဒီကမ္ဘာမှာ ရှာရခက်သည်။
"သူတို့က မင်းသူငယ်ချင်းတွေလား" ပိုင်လီကျုံးယန်သည် ချူးဖေ့ဟန်နှင့် ယွီမီရှီကို တစ်ချက်ကြည့်လိုက်သည်။
"ဟိုင်း ကျွန်မက ကုနင်းရဲ့ သူငယ်ချင်း ချူးဖေ့ဟန်ပါ။ တွေ့ရတာဝမ်းသာပါတယ်” ဟု ချူးဖေ့ဟန်က တစ်ခါတည်း နှုတ်ဆက်လိုက်ပြီး ပိုင်လီကျုံးယန်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ သူမလက်ကိုပါ ဆန့်တန်းလိုက်သည်။
တကယ်တော့ ချူးဖေ့ဟန်က သူ့ကို အခွင့်ကောင်းယူချင်ခဲ့တာပင်။ သို့သော် သူမသည် ကြောက်စရာကောင်းသည်မဟုတ်ပါ။ ရုပ်ချောသောလူများကိုသာ နှစ်သက်ရုံပင်။
သူမသည် ချောမောသော ယောက်ျားများကို နှစ်သက်သော်လည်း သူမ၏မျက်လုံးထဲတွင် ယောက်ျားအနည်းငယ်သာ ချောမောသည်။ လက်ရှိတွင် သူမ၏အစ်ကိုဖြစ်သူ၊ စစ်ထူယဲ့၊ လင်ရှောင်းထင်နှင့် ပိုင်လီကျုံးယန်တို့ကိုသာ ရုပ်ချောသည်ဟု ခေါ်နိုင်သည်။
သူမသည် ယခင်က ရုပ်ရည်ချောမောသော ယောက်ျားများစွာနှင့် တွေ့ဖူးသော်လည်း သူတို့သည် ပုံမှန် မထူးမခြားချောမောသူများသာ ဖြစ်သည်။ သူမ၏ မျက်လုံးထဲတွင် ချောမောသောယောကျာ်းတစ်ယောက်၏ စံနှုန်းက မြင့်ပေသည်။
"တွေ့ရတာဝမ်းသာပါတယ် ကျွန်တော့်နာမည် ပိုင်လီကျုံးယန်ပါ" ပိုင်လီကျုံးယန်သည် အလွန်ယဉ်ကျေးသည်။ ချူးဖေ့ဟန်က သူ့အပေါ် သဘောကျမှုကို သတိထားမိလိုက်ပြီး ပြန်လက်ဆွဲနှုတ်ဆက်လိုက်သည်။
ပိုင်လီကျုံးယန်တွင် သူ့ကို သဘောကျသောသူများ မရေမတွက်နိုင်အောင်ရှိသောကြောင့် ၎င်းတို့သည် မျက်စိရှေ့တွင် ပေါ်လာသောအခါတွင် ၎င်းတို့၏တုံ့ပြန်မှုများကို ကျင့်သားရနေပြီဖြစ်သည်။ ထို့အပြင် ချူးဖေ့ဟန်သည် သူ့ကို တည့်တည့်စိုက်ကြည့်နေသော်လည်း သူမတွင် ညစ်ညမ်းသော အကြံအစည်များမရှိသောကြောင့် သူမကို သဘောမကျမဖြစ်ပေ။ ထို့အပြင် သူမသည် ကုနင်း၏ သူငယ်ချင်းဖြစ်သဖြင့် သူမ၏အပြုအမူကို မသိစိတ်က သည်းခံခဲ့သည်။
ထို့နောက် ချူးဖေ့ဟန်၏လက်သည် ပိုင်လီကျုံးယန်၏လက်ကိုထိလိုက်ရာ သူမသည် လျှပ်စစ်ရှော့ခ်ဖြစ်သကဲ့သို့ တစ်စက္ကန့်မျှ ထုံကျဉ်သွားသလို ခံစားရသည်။ နောက်တွင် သူတို့လက်တွေကို လွှတ်လိုက်ကြသည်။
"ဒါကလည်း ကျွန်မရဲ့ သူငယ်ချင်းကောင်းပဲ ယွီမီရှီလို့ ခေါ်ပါတယ်" ကုနင်းသည် ယွီမီရှီကို ပိုင်လီကျုံးယန်နှင့် ပိုင်လီကျုံးရွှယ်တို့နှင့် မိတ်ဆက်ပေးသည်။
"တွေ့ရတာဝမ်းသာပါတယ်။" ယွီမီရှီက သူတို့ကို နှုတ်ဆက်သည်။
"ကျွန်တော်လည်း တွေ့ရတာဝမ်းသာပါတယ်။"
"ကျွန်မနာမည်က ပိုင်လီကျုံးရွှယ်ပါ" ပိုင်လီကျုံးရွှယ်က သူ့ကိုယ်သူ မိတ်ဆက်သည်။
***
အခန်း ၁၇၂၀ သူသွားပြီ
ထို့နောက် လမ်းတလျှောက် စကားစမြည်ပြောရင်း အတူတူ ပြေးကြသည်။
“စာသင်နှစ်သစ်က ရက်ပိုင်းအတွင်း စတော့မယ်။ ကုနင်း နင် ဘယ်တော့ တက္ကသိုလ်တက်မှာလဲ" ပိုင်လီကျုံးရွှယ်က ကုနင်းကို မေးသည်။
“မသိသေးဘူး ကြည့်ရအုံးမယ်” ဟု ကုနင်းက ဆိုသည်။ ပိုင်လီကျုံးရွှယ်နဲ့ အတူတက္ကသိုလ်ကို မသွားချင်တာကြောင့် ထိုသို့ပြောခြင်း မဟုတ်ပေ။ တကယ်တော့ ပိုင်လီကျုံးရွှယ်က သူမနဲ့အတူ တက္ကသိုလ်တက်ချင်ရင်တောင် သူမအတွက် ပြသနာမရှိပါ။ တကယ်တော့ သူမဟာ ရက်အတိအကျ မသတ်မှတ်ရသေးပေ။ စာရင်းသွင်းဖို့က နှစ်ရက်ပဲ လိုတော့သည်။
ကုနင်းသည် ချူးဖေ့ဟန်နှင့် ယွီမီရှီတို့ကို ဦးစွာစာရင်းသွင်းရန် စီစဉ်ခဲ့ပြီး နောက်ပိုင်းမှသာ သူမအတွက် စာရင်းသွင်းရန်စီစဉ်ထားခဲ့သည်။ သူတို့ကို ခရီးဆောင်အိတ်ဖြင့် တက္ကသိုလ်သွားခွင့်မပြုလိုသောကြောင့် ထိုသို့လုပ်ဆောင်ခဲ့ခြင်းပင်။ သူတို့နဲ့ မလိုက်နိုင်ရင်တောင် သူတို့အတွက် တစ်ယောက်ယောက်ကို လုပ်ပေးဖို့ စီစဉ်ပေးလိမ့်မည်။
ပိုင်လီကျုံးရွှယ်က ဒီကိစ္စကို ဘာမှ မပြောပေ။ ထို့အပြင် သူမသည် ကုနင်းနှင့်အတူ တက္ကသိုလ်သွားရန် အစီအစဉ်မရှိပေ။ သူမသည် ကုနင်းနှင့် ရည်ရွယ်ချက်ရှိရှိ ဆက်ဆံရေး တည်ဆောက်ချင်သော်လည်း သူမနှင့် ဝေးကွာနေဆဲပင်။ သူတို့သာ စိတ်မရှည်လျှင် သူတို့ရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို ဖော်ထုတ်မိသွားနိုင်သည်။
သူတို့သည် ကုနင်းထံမှ အသုံးဝင်သောအရာကို ရှာမတွေ့သေးသော်လည်း စိတ်ရှည်ရန် လိုအပ်သည်။ ကုနင်းသည် အလွန်ထက်မြက်ပြီး ထူးချွန်သော မိန်းကလေးဖြစ်သောကြောင့် အထူးသတိထားရမည်ဖြစ်သည်။ သူတို့ အခုလုပ်ရမှာက ကုနင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိဖို့ဖြစ်ပြီး ထို့မှသာ သူတို့လိုချင်တာမှန်သမျှ ရနိုင်မှာပါ။
ကုနင်းသည် ပိုင်လီမိသားစုကို မကူညီနိုင်သော်လည်း သူတို့၏ဆက်ဆံရေးကောင်းကို အသုံးပြုခြင်းဖြင့် အခြားလွှမ်းမိုးကြီးစိုးသောမိသားစုများကို ကူညီခြင်းမှ သူမကို တားဆီးနိုင်သည်။
သူတို့သည် သူတို့၏ပန်းတိုင်ကို အချိတ်အဆက်များဖြင့် သို့မဟုတ် ကောက်ကျစ်သောနည်းဖြင့် လက်တွေ့အကောင်အထည်မဖော်လိုသောကြောင့် ကုနင်းနှင့် ညစ်ပတ်သောလှည့်ကွက်များဖြင့် ညှိနှိုင်းမည်မဟုတ်ပေ။
ခဏအကြာ ပြေးပြီးနောက် ယွီမီရှီသည် ဆက်ပြေးဖို့ အင်အားမရှိတော့သောကြောင့် ရပ်လိုက်ပြီး ကုနင်းလည်း ရပ်လိုက်သည်။ သူမသည် ယွီမီရှီနှင့် ချူးဖေ့ဟန်၏ တိုက်ခိုက်ရေးစွမ်းရည်ကို နောက်ပိုင်းတွင် စမ်းသပ်ရန် လိုအပ်သည်။
ကုနင်းနှင့် သူမ၏ သူငယ်ချင်းများ ရပ်တန့်သွားသောအခါ ပိုင်လီကျုံးယန်နှင့် သူ့ညီမလည်း ရပ်တန့်သွားသည်။
"မင်း အားမရှိတော့ဘူးလား" ပိုင်လီကျုံးယန်က စိုးရိမ်တကြီးနဲ့ မေးသည်။
"ဟုတ်တယ် ရှင်တို့ဆက်ပြေးလေ။ ကျွန်မတို့ခဏနေ အဆင်ပြေသွားလိမ့်မယ်" ဟု ကုနင်းကဆိုသည်။
ပိုင်လီကျုံးယန်က "ငါတို့ မနက်စာ စားကြမလား" ထိုစကားကိုကြားတော့ ချူးဖေ့ဟန်၏ မျက်လုံးများ တောက်ပလာပြန်သည်။ ထိုကဲ့သို့ ချောမောသော ယောက်ျားနှင့် နံနက်စာ ဝေမျှရခြင်းသည် သူမ၏ မျက်လုံးထဲတွင် ဂုဏ်ယူစရာ ကောင်းလှသည်။
သို့သော် ချူးဖေ့ဟန်က ဘာမျှ၀င်မပြောဘဲ ပိုင်လီကျုံးယန်သည် ကုနင်း ၏ထင်မြင်ချက်ကို တောင်းဆိုနေသောကြောင့် ကုနင်းကိုသာကြည့်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ဒါပေမယ့် ဟိုတယ်မှာ မနက်စာအတူတူစားဖို့ စောင့်နေတဲ့ သူငယ်ချင်းတွေရှိလို့ပါ" ဟု ကုနင်းက ပြောလိုက်သည်။
"ကောင်းပြီလေ အဲ့တာဆို ငါတို့နောက်တစ်ခါမှ ဆုံကြတာပေါ့" ကုနင်းက ငြင်းဆိုကတည်းက ပိုင်လီကျုံးယန်က အတင်းအကြပ်မတောင်းဆိုတော့ပေ။
“ဟုတ်ပြီ” ဟု ကုနင်းက ဖြေလိုက်သည်။
ပိုင်လီကျုံးယန်နဲ့ သူ့ညီမလေးကို ရှောင်ဖို့ ဘယ်တုန်းကမှ ရည်ရွယ်ချက်မရှိခဲ့ပေ။ ဒါကြောင့် အချိန်သာရရင် သူတို့နဲ့ ထမင်းအတူစားဖို့ ဆန္ဒရှိပါသည်။ သူမသည် ယခုအချိန်တွင် ကျင့်ကြံရေးလောကအကြောင်းကို ကျင်းယွင်ယောင် သို့မဟုတ် ကျင်းကျီနျဉ်ကို မေးမြန်းခြင်းဖြင့် သိရှိနိုင်သဖြင့် သူတို့မှတစ်ဆင့် ကျင့်ကြံရေးလောကအကြောင်း ထပ်မံလေ့လာရန် မလိုအပ်သော်လည်း သူတို့နှင့် ကောင်းမွန်သောဆက်ဆံရေးလိုချင်ဆဲဖြစ်သည်။
ကျင်းယွင်ယောင်သည် နောင်တစ်ချိန်တွင် ကျင်းမိသားစုအား ပြန်လည်ပေးဆပ်ခိုင်းရန် သွားသောအခါတွင် သူမသည် ၎င်းတို့၏အကူအညီကို လိုအပ်နိုင်သည်။ ကုနင်းသည် သူမ၏ အဆက်အသွယ်များကို အပြည့်အဝ အသုံးချသွားမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ သူတို့သည် ထိုသဘောတူညီချက်ကို ရယူရန် သူမထံမှ တစ်စုံတစ်ခုကို လိုချင်ပါက၊ သူမသည် ၎င်းတို့အား ပေးအပ်ရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။
အဲဒီနောက်မှာတော့ ပိုင်လီကျုံးယန်နဲ့ သူ့ညီမဖြစ်သူ ဆက်ပြေးသွားပြီး ချူးဖေ့ဟန်က သူ့နောက်ကျောကို စိုက်ကြည့်နေသည်။ ပိုင်လီကျုံးယန်ရဲ့ ပုံရိပ်လေး ပျောက်သွားချိန်အထိ သူမမျက်လုံးကမခွာသေးပေ။
"သူသွားပြီလေ! မင်း အခု ချစ်မိသွားပြီလား" ကုနင်းက နောက်ပြောင်သည်။
ကုနင်းရဲ့အသံကိုကြားတော့ ချူးဖေ့ဟန်သည် အသိစိတ်ပြန်ဝင်လာပြီး "တကယ်မဟုတ်ရပါဘူးဟာ။ ဒါပေမယ့် သူက ထူးထူးခြားခြား ချောတာလို့ ငါထင်တယ်။ သူ့လို ချောမောတဲ့ ယောကျာ်းမျိုးကို တွေ့ရခဲတယ်လေ။” သူမသည် ယောက်ျားတစ်ယောက်ကို ထိုသူ၏ ပြောင်မြောက်သောအသွင်အပြင်ကြောင့်သာ ချစ်မိသွားတဲ့အထိ ဖြစ်လိမ့်မည်မဟုတ်သော်လည်း ထိုကဲ့သို့ ချောမောသောယောက်ျားကို သူမ၏ချစ်သူအဖြစ် ပိုင်ဆိုင်ထားရန်မှာ မဆိုးလှပေ။ မည်သို့ပင်ဆိုစေကာမူ ချူးဖေ့ဟန်သည် တစ်ကိုယ်တည်းနေရခြင်းကို နှစ်သက်ပြီး သူမသည် အလွန်ငယ်သေးသောကြောင့် လောလောဆယ် အချစ်ရေးအကြောင်း မစဉ်းစားမိပေ။
တကယ်တော့ ကုနင်းသည် ချူးဖေ့ဟန်က ပိုင်လီကျုံးယန်ကို သူမ၏ချစ်သူဖြစ်ချင်မိမှာကို စိုးရိမ်နေခဲ့သည်။ သူတို့သည် မတူညီသောကမ္ဘာမှ လာခဲ့ကြပြီး ချူးဖေ့ဟန်သည် သူမ,မရရှိနိုင်သူကို လိုချင်ပါက စိတ်ထိခိုက်သွားလိမ့်မည်ဖြစ်သည်။
ကုနင်းသည်လည်း လင်ရှောင်းထင်သည် ကျင့်ကြံသူဖြစ်သောကြောင့် ယခုပြဿနာကို ကြုံတွေ့နေရသည်။ အရိုးဖြတ်ခြင်းနှင့် ခြင်ဆီဆေးကြောခြင်း လုပ်ငန်းစဉ်ကို ကြုံတွေ့ရသောအခါတွင် သူမသည် ၎င်းကို ရှင်သန်ေကျာ်ဖြတ်နိုင်လိမ့်မည်ဟုသာ မျှော်လင့်ရတော့မည်။
…
ပိုင်လီကျုံးရွှယ်သည် ပြေးရင်း ပိုင်လီကျုံးယန်အား နောက်ပြောင်လိုက်သည်။
"ချူးဖေ့ဟန်လို့ခေါ်တဲ့ မိန်းကလေးက အကိုကို အရမ်းစိတ်ဝင်စားနေတာထင်တယ်"
ပိုင်လီကျုံးရွှယ်သည် သေမျိုးကမ္ဘာတွင် ၁၇ နှစ်နှင့်တူသော်လည်း သူမသည် ကျင့်ကြံရေးလောကတွင် အသက် ၃၀ နီးပါးရှိနေပြီဖြစ်၍ အချစ် သို့မဟုတ် ရိုမန့်တစ်ဆက်ဆံရေးသည် သူမ၏မျက်လုံးထဲတွင် အသစ်အဆန်းမဟုတ်ပေ။ ချူးဖေ့ဟန်သည် ပိုင်လီကျုံးယန်ကို စိတ်ဝင်စားကြောင်း သူမ အလွယ်တကူ မြင်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုအရာက ချစ်ခြင်းမေတ္တာမဟုတ်ပဲ စိတ်၀င်စားမှုမျှသာဖြစ်သည်။
သူမသည် မြင်မြင်ချင်းအချစ်ကို မယုံပေ။ အကြောင်းမှာ ထိုအရာက လူအချင်းချင်း လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုကြောင့် ဖြစ်တတ်သောကြောင့်ပင်။ စိတ်ပါဝင်စားမှုနှင့် စွဲလမ်းမှုက ကွဲပြားသည်။
"ငါ့ကို သဘောကျတဲ့သူတွေက အမြဲမပြတ်ပါဘူး (အမြဲရှိနေကြပဲ) မိန်းကလေးတွေက အကြောင်းအမျိုးမျိုးကြောင့် ငါနဲ့ ရင်းနှီးချင်ကြတာပဲ" ဟု ပိုင်လီကျုံးယန် က ဆိုသည်။ ပိုင်လီကျုံးယန်၏ဖြစ်တည်မှုသည် သူသွားလေရာရာ၌ လျစ်လျူရှုထားနိုင်လောက်အောင် သိသာလွန်းသောကြောင့်ပင်။
"ကုနင်းကရော ဘယ်လိုလဲ" ပိုင်လီကျုံးရွှယ်က မေးသည်။ ကုနင်းသည် ပိုင်လီကျုံးယန်အပေါ် အထူးခံစားချက်မရှိဟု သူမ ခံစားမိသည်။
အဲဒါကိုကြားတော့ ပိုင်လီကျုံးယန် နည်းနည်းရှက်သွားသည်။ "အင်း သူက ထူးခြားတယ်" ကုနင်းက သူ့ကိုမြင်တိုင်း အရမ်းအေးဆေးဖြစ်တာကြောင့် အရမ်းထူးခြားသည်။
တကယ်တော့ ကုနင်းက လင်ရှောင်းထင်နဲ့ မဆုံခင်မှာ ရုပ်ရည်ချောမောတဲ့ ယောက်ျားတွေကို အာရုံစိုက်မိဖူးပေမယ့် လင်ရှောင်းထင်နဲ့တွေ့ပြီးနောက်တော့ လင်ရှောင်းထင်ထက် ပိုချောတဲ့ ယောကျာ်းတွေ့ရင်တောင် သူမဒီလိုလုပ်တော့မှာ မဟုတ်ပေ။ လင်ရှောင်းထင်သည် အလွန်ချောမောသော်လည်း မတူညီသောလူများများရှိသည့် ချောမောသောယောက်ျားကို သတ်မှတ်ကြသည့် စံနှုန်းများက မတူညီကြပေ။
…
ယွီမီရှီသည် ခေတ္တအနားယူပြီးသောအခါ ကုနင်းသည် သူမ၏ တိုက်ခိုက်ရေးစွမ်းရည်ကို စတင်စမ်းသပ်ခဲ့ပြီး သူမ၏ ကြီးကျယ်သောတိုးတက်မှုများကို မြင်တွေ့ခဲ့ရသည်။
***
အခန်း ၁၇၂၁ လောင်ကျန်း ရှုံးသွားခြင်း
သူမဟာ အချိန်အများစုကို အလုပ်သင်ဆင်းရင်းနဲ့ ကုန်ဆုံးခဲ့ပေမယ့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လိုအပ်တာကြောင့် ကိုယ်ခံပညာလေ့ကျင့်ဖို့ ဘယ်တော့မှ မမေ့ခဲ့ပေ။
တကယ်တော့ တစ်ခါက သူမ အလုပ်ဆင်းပြီး အိမ်ပြန်ချိန်မှာ လူသုံးယောက်က လုယက်ဖို့ ကြိုးစားခဲ့တာကို တစ်ခါက ကြုံတွေ့ဖူးပေမယ့် သူမရဲ့သူငယ်ချင်းတွေကို မပြောခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ လွန်ခဲ့သည့်တစ်နှစ်အတွင်း သူမ၏ခန္ဓာကိုယ်အခြေအနေနှင့် ကိုယ်ခံပညာများ အလွန်ကောင်းမွန်လာသောကြောင့် သူမသည် ၎င်းတို့ကို တိုက်ရိုက်အနိုင်ယူခဲ့တဲ့အတွက် ထိုလုယက်သူများ၏ အကြံအစဉ်မအောင်မြင်ခဲ့ပေ။
သူမသည် ယခု လူသုံးယောက်ကို တိုက်ခိုက်နိုင်ခဲ့သော်လည်း နောင်တွင် နောက်ထပ် လူဆိုးများနှင့် ထပ်မံကြုံတွေ့ရနိုင်သည်။ အန္တရာယ်ရှိသော အခြေအနေမျိုးတွင် သူမကိုယ်သူမ ကာကွယ်ရန်အတွက် ယွီမီရှီ သည် သူ့ကိုယ်သူ တိုးတက်အောင် ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူမသည် မထိခိုက်ခဲ့တဲ့အတွက် သူမ၏သူငယ်ချင်းများကို စိတ်မပူစေချင်သောကြောင့် ထိုအကြောင်းကို မပြောပြခဲ့ပေ။
ကုနင်းသည် ယွီမီရှီ၏ တိုက်ခိုက်ရေးစွမ်းရည်ကို စမ်းသပ်သောအခါတွင် သူမခွန်အား၏ သုံးပုံတစ်ပုံကိုသာ အသုံးပြုခဲ့သည်။ ဒါဟာ စမ်းသပ်မှုတစ်ခုသာဖြစ်ပြီး သူမကိုအနိုင်ယူဖို့ မရည်ရွယ်ထားပါ။ သို့သော် ကုနင်းသည် သူမထက် များစွာမြင့်မားသောကြောင့် စမ်းသပ်မှုအတွင်း ယွီမီရှီသည် မည်သည့်အားသာချက်ကိုမှ မရရှိသေးပေ။
သူတို့ဟာ တောအုပ်လေးရှေ့က မြက်ခင်းပြင်မှာ စမ်းနေတာဖြစ်၍ လမ်းဘေးမှာ ဖြစ်သည်။ လမ်းသေးသေးလေးမှာ လူတော်တော်များများက သူတို့အနားမှာ ပြေးနေကြပြီး တချို့က ကုနင်းနဲ့ သူ့သူငယ်ချင်းတွေ ဘာတွေလုပ်နေတယ်ဆိုတာကို သတိပြုမိသွားကြသည်။
"ဝိုး ဒီကောင်မလေးက တော်တော်တော်တာပဲ။ သူ ငယ်ငယ်ထဲက ကိုယ်ခံပညာကို စလေ့ကျင့်ခဲ့တာဖြစ်လောက်တယ်"
"ဟုတ်တယ် ဒါပေမယ့် မိန်းကလေးတွေအနေနဲ့ ဒီလောက် ရက်စက်ကြမ်းကြုတ်သင့်တယ်လို့ မထင်ဘူး"
ထိုစကားကိုကြားတော့ ချူးဖေ့ဟန်သည် မကျေမနပ်ဖြစ်ပြီး ချက်ချင်းပင် ငြင်းခုံလိုက်သည်။ "ရက်စက်တယ်ဟုတ်လား? ကျွန်မတော့ အဲ့လိုမထင်ပါဘူး။ အခုခေတ်မှာ မိန်းကလေးတွေက အန္တရာယ်ရှိတဲ့ ယောက်ျားတွေဆီကနေ ကိုယ်ကို ကာကွယ်ဖို့ သင်ယူရမယ်။ ပျော့ညံ့တဲ့မိန်းကလေးတွနောက်ကို လိုက်လာပြီး မုဒိမ်းကျင့်တဲ့ ကြောက်စရာကောင်းတဲ့ ယောကျာ်းတွေကိုတော့ ရှင်မင်းမမြင်ဘူးလား။ အဲ့လူဆိုးတွေက မကောင်းတာလုပ်ဖို့အတွက် အားနည်းတဲ့မိန်းကလေးတွေကိုပဲ ရွေးချယ်ကြတာလေ။ အဲ့တာကြောင့် မိန်းကလေးတွေက သန်မာဖို့အတွက် သင်ယူရမယ်” ချူးဖေ့ဟန် စကားကို လူအများက သဘောတူခဲ့ကြသည်။
“သူပြောတာမှန်တယ်။ ဥပဒေနဲ့အညီ အုပ်ချုပ်တဲ့ လူ့အဖွဲ့အစည်းမှာလည်း ရာဇ၀တ်မှုတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေတာပဲ”
“…”
ယွီမီရှီက ပြန်မတိုက်နိုင်တော့တဲ့အချိန်မှာ ကုနင်းက ရပ်လိုက်ပြီး အနားယူလိုက်သည်။
ထိုအချိန်တွင် အသက် ၃၀ ခန့်ရှိ အမျိုးသားတစ်ဦးက ကုနင်းအား "ဟေး မိန်းကလေး၊ ငါတို့ အပျော်တမ်း တစ်ပွဲလောက် တိုက်လို့ရမလား"
ထိုသူ၏ အရပ် ၁.၈၀ မီတာကျော် ရှည်သောအရပ်၊ သန်မာသော ခန္ဓာကိုယ်နှင့် တည်ငြိမ်သော အသက်ရှုမှုတို့ဟာ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ကြောင်း ပြသနေသည်။ ကုနင်းက သူသည် စစ်သား သို့မဟုတ် ရဲသားဖြစ်ရမည် ဟုတွေးမိခဲ့သည်။ ထိုနှစ်ခုလုံးသာမဟုတ်လျှင် ဒီတိုင်း ကိုယ်ခံပညာကို ဝါသနာပါသူလည်း ဖြစ်နိုင်သည်။
"ရတာပေါ့!" ကုနင်းက ကြီးကြီးမားမားမဟုတ်တာကြောင့် သဘောတူလိုက်သည်။
"တကယ်လား? လောင်ကျန်း ၊ မင်းလို အရပ်ရှည်ပြီး သန်မာတဲ့ကောင်က အခု မိန်းမငယ်လေးကို တိုက်ချင်နေတာလား။ မင်းသူ့ကို အခွင့်ကောင်းယူနေတာဘဲ!" လောင်ကျန်း၏ အနားတွင် ရပ်နေသော အခြားလူတစ်ယောက်သည် လောင်ကျန်း မည်မျှသန်မာသည်ကို သိသောကြောင့် ၎င်းသည် မသင့်လျော်ဟု ထင်ခဲ့သည်။
စောစောနက စမ်းသပ်ပွဲမှာ ကုနင်းသည် သူမ၏ အင်အား၏ သုံးပုံတစ်ပုံကိုသာ အသုံးပြုခဲ့သည်။ သူမသည် တိုက်ပွဲတွင် ထူးချွန်သော်လည်း အလွန်ထူးချွန်ပုံမပေါ်သောကြောင့် ထိုယောက်ျားက သူမသည် လောင်ကျန်းနှင့် မယှဉ်နိုင်ဟု ယုံကြည်ခဲ့သည်။
"ဟုတ်တယ် ဒီကောင်မလေးက မင်းထက်ငယ်ပြီး အားနည်းတယ်"
လောင်ကျန်းက ပြုံးပြီး ဘာမှ မပြောပေ။ သူသည် ကိုယ်ခံပညာကို နှစ်သက်သူတစ်ဦးဖြစ်ပြီး ကုနင်းသည် ပျော့ညံ့ခြင်းမရှိကြောင်းနှင့် သူမအား အခွင့်ကောင်းယူနိုင်မည်မဟုတ်ကြောင်း သူမြင်နိုင်သည်။
"အဆင်ပြေပါတယ်" ဟုကုနင်းကပြောသည်။ လောင်ကျန်းသည် အရပ်ရှည်ပြီး သန်မာသော်လည်း ကုနင်းသည် သိုင်းပညာတွင် သူမထက် ပိုကောင်းသည်ဟု မထင်ပေ။
ကုနင်းက ဒါကိုစိတ်မ၀င်စားတဲ့အတွက် အဲဒီလူက ဘာမှဆက်မပြောတော့ပေ။ ဘာပဲဖြစ်ဖြစ် သူနဲ့ ဘာမှမဆိုင်။
ထို့နောက် လောင်ကျန်းသည် ကုနင်းဆီသို့ လျှောက်သွားကာ သဘောတူညီမှုရရှိပြီးနောက် ပြိုင်ပွဲစတင်ခဲ့သည်။
ကုနင်းသည် လောင်ကျန်းက သူမကို အနိုင်ယူရန် မဖြစ်နိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိထားပြီး သူမသည်လည်း သူ့ကို အမြန်အနိုင်ယူရန် ရည်ရွယ်ချက်မရှိသောကြောင့် သူမ၏ ခွန်အားကို အပြည့်အ၀မသုံးဘဲ တစ်ဝက်သာ အသုံးပြုခဲ့သည်။
အစပိုင်းတွင် လောင်ကျန်းသည် ကုနင်းကို မထိခိုက်စေလိုသောကြောင့် အလားတူလုပ်ခဲ့သည်။ ထို့ကြောင့် လောင်ကျန်းသည် ကုနင်းနှင့် ပြိုင်ဆိုင်မှုတွင် တည်ငြိမ်စွာ မခုခံနိုင်တဲ့အတွက် ခွန်အားကို ပိုမိုအသုံးပြုခဲ့ရသည်။
ကံမကောင်းစွာပဲ သူပို၍ခွန်အားကို ဆက်လက်တိုးပြီးအသုံးပြုနေသော်လည်း ကုနင်းကို လုံး၀မကျော်နိုင်တဲ့အတွက် လုံးဝတုန်လှုပ်သွားမိသည်။
ကုနင်းသည် သူမ၏ ခွန်အားကို အပြည့်အ၀အသုံးမပြုကြောင်း သူသိပြီး သူမသည် ယခုအချိန်တွင် ခွန်အားမည်မျှသုံးသည်မသိ။ ထို့နောက်တွင် လောင်ကျန်း သည် ၎င်း၏ ခွန်အား ရှစ်ပုံတစ်ပုံကို အသုံးပြုခဲ့ပြီး ပြိုင်ပွဲကို သရေကျအောင် မစွမ်းဆောင်နိုင်သေးပေ။
လောင်ကျန်း နှင့် ကုနင်းသည် တူညီသည်ဟုသာ ပြင်ပလူများက ထင်ကြပြီး ကုနင်းကို အသာစီးရစေရန်အတွက် လောင်ကျန်းသည် သူ၏ ခွန်အားအပြည့်ကို တမင်အသုံးမချတာဟုသာ ထင်ကြသည်။ အများစုမှာ လောင်ကျန်းနှင့် ရင်းနှီးကြပြီး သူက ကုနင်း ထက် ပိုတော်သည်ဟု ယုံကြည်ကြသည်။
သို့သော်လည်း ကုနင်းသည် ငယ်ငယ်ရွယ်ရွယ်နှင့် ပိန်လှီသော မိန်းကလေးဖြစ်သော်လည်း သူမသည် အခြားမိန်းကလေးများနှင့် အလွန်ကွာခြားသောကြောင့် ကုနင်း၏ စွမ်းရည်ကို သဘောကျကြသည်။ ထို့နောက် လောင်ကျန်းသည် သူ့အင်အား၏ ကိုးပုံတစ်ပုံကို အသုံးပြုခဲ့ပြီးနောက် တစ်ချိန်တည်းမှာပင် ကုနင်းလည်း သူမ၏ခွန်အားကို တိုးလိုက်သောကြောင့် သူသည် ကုနင်းကို အနိုင်မယူနိုင်ခဲ့ပေ။
နောက်ဆုံးတွင် လောင်ကျန်းသည် ခွန်အားအပြည့်သုံးထားသော်လည်း ကုနင်းကို အနိုင်ယူနိုင်မည် မဟုတ်ကြောင်း သဘောပေါက်သွားသည်။
ငယ်ရွယ်တဲ့ ကောင်မလေးကို ရှုံးသွားပေမယ့် ရှက်ရွံ့မနေပါ။ ယင်းအစား ကုနင်း၏စွမ်းရည်ကြောင့် သူအံ့အားသင့်ခဲ့ရပြီး သူမနှင့်ယှဉ်ပြိုင်မှုကိုလည်း နှစ်သက်ခဲ့သည်။ ထို့ကြောင့် သူသည် သူ့ဂုဏ်သိက္ခာကို ဆယ်ရန်အတွက် ပြိုင်ပွဲကို မရပ်တန့်ဘဲ အစွမ်းကုန် ကြိုးစားခဲ့သည်။
ကုနင်းသည် လောင်ကျန်းကို မျက်နှာမပျက်စေရန်အတွက် ရိုးရှင်းစွာ အပြတ်အသတ်အနိုင်မယူလဲ့ပေ။ လောင်ကျန်း အင်အားမရှိသောအခါမှ တိုက်ပွဲကို ရပ်လိုက်လိမ့်မည်။
လောင်ကျန်းသည် ခွန်အားမရှိတော့ပဲ အသာစီးမရနိုင်တော့မယ့်အချိန်မှာ ပြိုင်ပွဲ၏အဆုံးသတ်ရန် ပြောလိုက်သည်။
"ကောင်မလေး ငါရှုံးသွားတာကို ဝန်ခံပါမယ်၊ မင်းက တကယ်ကို မယုံနိုင်စရာပဲ" ဟု လောင်ကျန်းက ပြောသည်။ ဂိမ်းရှုံးပြီးနောက် သူစိတ်မချမ်းမသာမဖြစ်ပေ။ ကုနင်းသည် အစပိုင်းတွင် ထူးထူးခြားခြားဖြစ်သည်ကို သူသိသော်လည်း သူမ၏စွမ်းရည်ကြောင့် အံ့အားသင့်နေဆဲဖြစ်သည်။ သူသည် သာမာန်လူအများစုထက် ပိုတော်သည်ဟု သူယုံကြည်ခဲ့သော်လည်း ကုနင်းသည် သူ့ထက်သာလွန်နေဆဲဖြစ်ပြီး အလွန်ထူးခြားကြောင်း သက်သေပြခဲ့သည်။ သို့သော် အခြားသူများကြားသောအခါတွင် တုန်လှုပ်သွားကာ မယုံနိုင်လောက်အောင် မျက်လုံးများ ဝိုင်းစက်သွားကြသည်။
"ဘာ? မင်းရှုံးတယ် ဟုတ်လား?"
***
အခန်း ၁၇၂၂ အရံဖြစ်လာခြင်း
"မဖြစ်နိုင်တာ! ဒီကောင်မလေးက မယုံနိုင်စရာပဲ။ လက်ထောက်ညွှန်ကြားရေးမှူးကျန်းကတောင် သူ့ကို အနိုင်မယူနိုင်ဘူး ဟုတ်လား"
"ဘုရားဘုရား၊ ရူးချင်စရာ!"
“…”
"ကျွန်မကံကောင်းသွားတာပါ" ကုနင်းက ယဉ်ကျေးစွာပြောသည်။ သူသည် သူမနှင့် မယှဉ်သာကြောင်း သိသာထင်ရှားသော်လည်း သူမသည် ယဉ်ကျေးသိမ်မွေ့ပြီး လေးလေးစားစား ပြသသင့်သည်။
တစ်ယောက်ယောက်က လောင်ကျန်းကို လက်ထောက်ညွှန်ကြားရေးမှူးကျန်းလို့ ခေါ်သံကြားတော့ ကုနင်းက သူ့အနေနဲ့ ဌာနတစ်ခုရဲ့ လက်ထောက်ဒါရိုက်တာ ဖြစ်နိုင်တယ်လို့ တွေးမိသည်။ ထိုသို့သာဆိုလျှင် သူသည် လူမှုအဆင့်အတန်းမြင့်မားရမည်။ ဘာပဲဖြစ်ဖြစ် ရာစုနှစ်မြို့တော်မှာ နေထိုင်သူတွေဟာ ချမ်းသာသောသူ မဟုတ်လျှင် အာဏာရှိသူများသာဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ ဒီအိမ်လေးတစ်လုံးဟာ အနည်းဆုံး ယွမ်ငွေ သန်းပေါင်းများစွာ ကုန်ကျတာကြောင့်ပင်။ ဒီနေရာမှာ သာမန်လူတစ်ယောက်အတွက် အိမ်တစ်လုံး တတ်ဖို့ဆိုတာ မဖြစ်နိုင်ပါ။
"မိန်းကလေး မင်းနာမည်သိလို့ရမလား" လက်ထောက်ညွှန်ကြားရေးမှူးကျန်းကမေးသည်။
"ကျွန်မနာမည်က ကုနင်းပါ" ကုနင်းကပြန်ဖြေလိုက်သည်။
"မင်းက ကျောင်းသားထင်တယ် ဟုတ်လား" လက်ထောက်ညွှန်ကြားရေးမှူးကျန်းကမေးသည်။
"ဟုတ်ပါတယ် ကျွန်မတက္ကသိုလ်၀င်ခွင့်စာမေးပွဲအောင်ထားပြီး ရက်ပိုင်းအတွင်း တက္ကသိုလ်တက်မှာပါ" ဟု ကုနင်းက ပြောသည်။
ကုနင်းက အရမ်းငယ်သေးလောက်မှန်း သူတို့သိပေမယ့် ငယ်ငယ်လေးနဲ့ ပိုင်ဆိုင်ထားတဲ့ သူမရဲ့ မယုံနိုင်စရာကောင်းတဲ့ စွမ်းရည်ကြောင့် အံ့သြနေကြဆဲပါ။ ကျောင်းသွားတက်ကြသောသူများထဲမှာ အသက်အရွယ်အမျိုးမျိုးရှိသည်။ တချို့က ၁၇ နှစ်၊ တချို့က ၁၂ တန်းမှာ ၁၈ နှစ်။
ကုနင်းသည် ရွယ်တူများထက် နောက်ကျ၍ ကျောင်းတက်ရသောကြောင့် အထက်တန်းကျောင်းပြီးပြီးနောက် သူမသည် အသက် ၁၉ နှစ်ရှိပြီဖြစ်သည်။ ကုနင်း၏ မွေးနေ့သည် မေလတွင် ဖြစ်သော်လည်း သူမသည် သူမ၏ ၁၉ နှစ်မြောက် မွေးနေ့ကို မကျင်းပခဲ့ရပေ။ ယခင်နှစ်ကလည်း မွေးနေ့ပွဲ မကျင်းပခဲ့ဘဲ ယခုနှစ်တွင်လည်း ထပ်မံမေ့သွားခဲ့သည်။
ချူးဖေ့ဟန်နှင့် သူမ၏ အခြားသူငယ်ချင်းများက သူမ၏ မွေးနေ့အကြောင်း မေးမှသာ မှတ်မိသွားသော်လည်း အချိန်လွန်သွားခဲ့ပြီးဖြစ်သည်။ ချူးဖေ့ဟန်က သူမအတွက် မွေးနေ့ပွဲလုပ်ရန်အတွက် အဆိုပြုခဲ့ပေမယ့် ကုနင်းက အဲဒီအချိန်မှာ အလုပ်ရှုပ်နေတာကြောင့် နောက်နှစ်မှလုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။
"မင်း ရဲသင်တန်းကျောင်းမှာ ကျောင်းတက်နေတာလား။ မင်းရဲ့ တိုက်ခိုက်ရေးက အရမ်းကောင်းတယ်” ဟုလက်ထောက်ညွှန်ကြားရေးမှူးကျန်းက ပြောသည်။ ကုနင်းသည် အခြားမိန်းကလေးများထက် သာလွန်ကောင်းမွန်တဲ့အတွက် ဒုတိယညွှန်ကြားရေးမှူးကျန်းသည် သူမသာ ရဲသင်တန်းကျောင်းတွင် ပညာသင်ကြားပါက သူမအား ငှားရမ်းရန် စိတ်ကူးရှိသည်။
ကုနင်းက လက်ထောက်ညွှန်ကြားရေးမှူးကျန်း တွေးနေတာတွေကို နားလည်တဲ့အတွက် သူမက ပြုံးပြီး "မဟုတ်ပါဘူး ကျွန်မ မြို့တော်တက္ကသိုလ်မှာ စီးပွားရေးစီမံခန့်ခွဲမှု အဓိကယူထားတာပါ" အဲဒါကိုကြားတော့ လက်ထောက်ညွှန်ကြားရေးမှူးကျန်းက အံ့သြသွားသည်။
"မြို့တော်တက္ကသိုလ်? မင်းက အရမ်းတော်တဲ့ ကျောင်းသားဖြစ်ရမယ်။ မင်းမိသားစုက စီးပွားရေးနယ်ပယ်ထဲကပဲလား"
လက်ထောက်ညွှန်ကြားရေးမှူးကျန်းက ကုနင်း၏ မိသားစုသည် စီးပွားရေးတွင် ပါဝင်ရမည်ဟု တွေးကာ သူမသည် သူမ၏ မိသားစုလုပ်ငန်းကို အမွေဆက်ခံရလောက္မည်။ မဟုတ်ပါက သူမ၏ ထူးချွန်သော ကိုယ်ခံပညာကြောင့် ရဲသင်တန်းကျောင်းသို့ သွားသင့်ပေသည်။
ကိုယ်ခံပညာအဆင့်မြင့်တဲ့လူတွေက ရဲသင်တန်းကျောင်းကို သွားရမယ်လို့ မဆိုလိုပေမယ့် အခုခေတ် လူ့အဖွဲ့အစည်းမှာ အလုပ်ရှာဖို့ ခက်နပေြီး လူတိုင်းက ကိုယ်ကိုယ်တိုင်ရဲ့အားသာချက်တွေကို အပြည့်အဝအသုံးချတတ်အောင် သင်ယူသင့်သည်။
"ဟုတ်ကဲ့" ကုနင်းက ဖြေသည်။ ဒါကိုသိတော့ လက်ထောက်ညွှန်ကြားရေးမှူးကျန်းက ခေါင်းညိတ်ပြပြီး ဒါဟာ ဆိုးရွားတဲ့ရွေးချယ်မှုလို့ မထင်ပေ။ သူ့မိသားစုနောက်ခံကြောင့် ကွန်ဖူးပညာကို သင်ယူခဲ့တာ ဖြစ်နိုင်သည်။ လက်ထောက်ညွှန်ကြားရေးမှူးကျန်းသည် ကုနင်း၏ မိသားစုအကြောင်း အသေးစိတ်ကို မမေးတော့ပေ။
"မိန်းကလေး မနက်ဆို အမြဲပြေးနေကျလား" လက်ထောက်ညွှန်ကြားရေးမှူး Zhang ကမေးသည်။
“နေ့တိုင်းတော့ မဟုတ်ပါဘူး” ကုနင်းက ပြောသည်။
"ငါတို့ပြန်တွေ့ရင် ငါနဲ့အတူ လေ့ကျင့်ပေးနိုင်မလား" လက်ထောက်ညွှန်ကြားရေးမှူးကျန်းက မျှော်လင့်ချက်ဖြင့် မေးသည်။
သူသည် တိုက်ပွဲကို မနှစ်သက်သည်မှာ ကြာပြီဖြစ်သည်။ သူသည် SWAT အဖွဲ့၏အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်းတို့အဖွဲ့ရှိ အခြားအဖွဲ့ဝင်များအားလုံးသည် သန်မာပြီး ကျွမ်းကျင်သော်လည်း၊ သူနှင့်ယှဉ်နိုင်သောသူ များစွာမရှိပေ။
ထို့ကြောင့် ပွဲကြီးပွဲကောင်းတစ်ပွဲတွေ့ဖို့ သူ့အတွက် မလွယ်ကူသလို သူ့အရည်အချင်းတွေကို လေ့ကျင့်ဖို့ ဒီအခွင့်အရေးကို ဆုပ်ကိုင်ထားချင်ခဲ့သည်။
"ဘာလို့မဖြစ်ရမလဲ! နောက်တစ်ခါ ပြန်တွေ့ရင် ကျွန်မက ပိုတောင်လေ့ကျင့်ချင်သေးပါတယ်” ဟု ကုနင်းက ဆိုသည်။ သူမအတွက်လည်း ကောင်းပေသည်။
ကုနင်း၏အဖြေကိုကြားတော့ လက်ထောက်ညွှန်ကြားရေးမှူးကျန်း စိတ်လှုပ်ရှားသွားသည်။
"အိုး၊ ငါ့မျိုးရိုးနာမည်ကကျန်းပါ မင်းငါ့ကို အန်ကယ်ကျန်းလို့ခေါ်လို့ရတယ်" ဟု လက်ထောက်ညွှန်ကြားရေးမှူးကျန်းက ပြောသည်။
“ဟုတ်ကဲ့ အန်ကယ်ကျန်း” ကုနင်းက သူ့အလိုအတိုင်း ခေါ်သည်။
အဲဒီနောက် လက်ထောက်ညွှန်ကြားရေးမှူးကျန်း ထွက်သွားပြီး ကုနင်း၏ဖုန်းနံပါတ်ကိုတော့ မတောင်းခဲ့ပေ။ ဒါသူတို့ရဲ့ ပထမဆုံးတွေ့ဆုံမှုဖြစ်ပြီး အခုအချိန်မှာ အဲဒါလုပ်ဖို့ မသင့်တော်ဘူးလို့ သူထင်သည်။ ကုနင်းက ပြန်တွေ့ကြရင် တိုက်ခိုက်ရေး လေ့ကျင့်ဖို့ ကူညီဖို့ သဘောတူပြီးသားမို့ ရင်းနှီးလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် နံပါတ်တွေ ရကြလိမ့်မည်။
ထို့အပြင် ကုနင်းသည် အလွန်ငယ်သော်လည်း၊ သူမသည် မယုံနိုင်လောက်အောင် သန်မာပြီး ကျွမ်းကျင်သောကြောင့် လက်ထောက်ညွှန်ကြားရေးမှူးကျန်းကို အံ့အားသင့်စေခဲ့သည်။ ကုနင်းသည် သူမ၏အသက်အရွယ်ထက်ပင် ပိုမိုရင့်ကျက်နပေုံရသောကြောင့် လက်ထောက်ညွှန်ကြားရေးမှူးကျန်းက သူမအား ကလေးအဖြစ် မမှတ်ယူခဲ့ပေ။ အဲဒီ့အစား ဖြစ်နိုင်လျှင် သူနဲ့ သူငယ်ချင်းလုပ်ရမှာကို ပိုကြိုက်သည်။
ကုနင်းသည် လက်ထောက်ညွှန်ကြားရေးမှူးကျန်းနှင့် ပြိုင်ပွဲကြောင့် အချိန်ကုန်သွား၍ ကုနင်းသည် ချူးဖေ့ဟန်၏အဆင့်ကို နောက်တစ်ကြိမ်မှသာ စမ်းသပ်ရန် ဆုံးဖြတ်ခဲ့သည်။
သူတို့သည် အဝတ်အစားလဲပြီးနောက် ရှန်းရှစ် ဟိုတယ်သို့ ထွက်ခွာသွားကြသည်။ ရှန်းရှစ်ဟိုတယ်ရောက်တော့ မနက် ၇:၃၀ လောက်ရှိနေပြီမို့ ၁၀ မိနစ်အတွင်း မနက်စာ အမြန်စားပြီး ဟန်ဒျန့်ဝေါလ်စတူဒီယိုကိုသွားကြသည်။
ဤအချိန်တွင် ကားပိတ်ချိန်ဖြစ်နေသော်လည်း ကုနင်းသည် အဝေးပြေးလမ်းမကြီးကို ဖြတ်လာ၍ လမ်းပေါ်တွင် အချိန်သက်သာသွားသည်။ သို့သော်လည်း သူတို့သည် ဆင်ခြေဖုံးရပ်ကွက်တစ်ခုကို ဖြတ်လာရသေးသောကြောင့် တစ်နာရီခန့်ကြာသေးသည်။
ဘာပဲဖြစ်ဖြစ် မြို့တွင်းက ထွက်လာတာထက် ဒါက ပိုမြန်သည်။ အကယ်၍ သူတို့သည် မြို့တွင်းလမ်းက ထွက်လာပါက ယာဉ်ကြောပိတ်ဆို့နိုင်တဲ့အတွက် လမ်းတွင် နှစ်နာရီခန့်ကြာမြင့်သွားနိုင်သည်။
နံနက် ၈:၃၀ တွင် ကုနင်းနှင့် သူမ၏သူငယ်ချင်းများသည် ဟန်ဒျန့်ဝေါလ်စတူဒီယိုတွင်ရိုက်ကူးရန် ရောက်ရှိလာသည်။ ဒီတစ်ခါတော့ ဇာတ်ကွက်အသစ်အတွက် တခြားနေရာကို ပြောင်းသွားတဲ့အတွက် လမ်းဘေးမှာ ရိုက်ကူးရမည်ဖြစ်သည်။ ဟောင်ရန် နှင့် အခြားသူများသည် မြင်ကွင်းများတွင် ဖြတ်သွားဖြတ်လာနေရာက သရုပ်ဆောင်ကြမည်။
ကုနင်းကြောင့် လုကျန်း သည် ဟောင်ရန် နှင့် အခြားသူများ ကင်မရာထဲတွင် စကားများစွာပြောရန် စီစဉ်ခဲ့သည်။ ဇာတ်လမ်းထဲတွင် သူတို့သည် ဒေသခံများဖြစ်ကြပြီး အမျိုးသမီးဇာတ်ဆောင်ကို ချီးမွမ်းကြရမည်။ ထို့ကြောင့် ဟောင်ရန်နှင့် ကျန်းထန်ပင်းတို့သည် သူတို့၏မျက်နှာကို ပြသနိုင်ကာ စာသားပေါင်းများစွာ ပြောဆိုနိုင်ကြသည်။
ပုံမှန်ဆိုလျှင် သူတို့က ကင်မရာထဲမှာ နောက်ကျောကိုသာ ပြနိုင်တဲ့အတွက် ဒီလိုအခွင့်အရေးရဖို့ အရံဇာတ်ကောင်တွေအတွက် အရမ်းခက်ခဲသည်။
ချူးဖေ့ဟန်ရဲ့ ဇာတ်ကွက်က ဟောင်ရန်နဲ့ ကျန်းထန်ပင်းတို့ရဲ့ ဇာတ်ကွက်ထက် ပိုအရေးကြီးပြီး သူမဟာ အကြီးတန်းအရာရှိရဲ့ သမီးဖြစ်မှာပါ။ သူမဟာ ခေါင်းဆောင်မင်းသမီးကို ကြိုဆိုသည့်အဖွဲ့မှ အခြားအမျိုးသမီးများနှင့် ငြင်းခုံမှုများ ပြုလုပ်ပြီးနောက်တွင် ဝေဖန်ခံရမည့် ဇာတ်ကွက်သရုပ်ဆောင်ရမှာဖြစ်သည်။
သူတို့ ဟန်ဒျန့်ဝေါလ်စတူဒီယိုသို့ရောက်သောအခါတွင် သရုပ်ဆောင်များအားလုံးသည် မိတ်ကပ်လိမ်းလုပြီးခါနီးဖြစ်သည်။
လုကျန်း က မနက် ၉ နာရီ မတိုင်ခင် လာဖို့ ပြောထားပြီး မိတ်ကပ်ပြင်ဆင်ဖို့ အချိန်လိုတာကြောင့် မနက် ၁၀ နာရီမှ ရိုက်ကူးရေးစဖို့ ပြောခဲ့သည်။ လုကျန်းသည် ယနေ့နံနက် ၇ နာရီတွင် ရောက်ရှိလာပြီး အလုပ်များနေပြီဖြစ်သည်။ အဓိကဇာတ်ကောင်များသည် သပ်ရပ်သောအသွင်အပြင် လိုအပ်သောကြောင့် မိတ်ကပ်လိမ်းပြီးရန် အချိန်ပိုကြာသည်။ ကုနင်းလာတယ်လို့ ကြားတာနဲ့ သူတို့ ရှူတင်မိတ်ကပ်၊ အဝတ်အစားတွနေဲ့ ထွက်လာကြသည်။
ချူးဖေ့ဟန်သည် ဖျော်ဖြေရေးနယ်ပယ်တွင် သူမအနှစ်သက်ဆုံး အနုပညာရှင်မရှိသော်လည်း ဤဇာတ်လမ်းတွင် ပါ၀င်သော ခေါင်းဆောင်မင်းသား၊ မင်းသမီးများကဲ့သို့ သရုပ်ဆောင်အချို့အပေါ် ကောင်းသော အမြင်ရှိပေသည်။