← Chapters

အခန်း (၁၇၂၃-၁၇၂၈)

Vol. 108 Ch. 1723-1728

အခန်း (၁၇၂၃-၁၇၂၈)

Vol. 108 Ch. 1723-1728

အခန်း ၁၇၂၃ အထူးဆက်ဆံ‌ခြင်း

ထို့ကြောင့် ချူးဖေ့ဟန်သည် သူတို့ကိုမြင်သောအခါ စိတ်အားထက်သန်စွာ ပြေးလာပြီး နှုတ်ဆက်ကာ ဓာတ်ပုံအတူရိုက်ကြသည်။

ဟောင်ရန်နှင့် ကောင်လေးများသည်လည်း ဘေးဖယ်မနေ။ ယဉ်ကျေးစွာ နှုတ်ဆက်ကြသည်။ သူတို့လည်း အတူတူ ဓာတ်ပုံရိုက်ချင်ကြသည်။

ဒီနေ့တွင် သူတို့သည် အရံသရုပ်ဆောင်များသာဖြစ်သော်လည်း သူတို့သည် ကုနင်း၏သူငယ်ချင်းဖြစ်သောကြောင့် မည်သူမျှ သူတို့ကို အထင်အမြင်သေးဝံ့မည်မဟုတ်ပေ။

ချူးဖေ့ဟန်နှင့် ကုနင်း၏အခြားသူငယ်ချင်းများက ကုနင်းနှင့် သူတို့၏ဆက်ဆံရေးကြောင့် အခြားသူများထက် သာလွန်သည်ဟုမထင်ကြပေ။ ယင်းအစား သူတို့သည် ထန်ရှောင်ရှောင်နှင့် ချောင်ဟန်ချန်းကို အလွန်ယဉ်ကျေးစွာဆက်ဆံသည်။ ထို့ကြောင့် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ပေါင်းသင်းဆက်ဆံရေးကောင်းကြသည်။

အတူတူဓာတ်ပုံရိုက်ပြီးနောက် ချူးဖေ့ဟန်နှင့် ကုနင်း၏အခြားသူငယ်ချင်းများသည် မိတ်ကပ်လိမ်းပြီး အဝတ်အစားလဲရန်သွားကြသည်။ သူတို့ကို ကွဲပြားစွာ ဆက်ဆံခြင်းမပြုဘဲ အခြားအရံများကဲ့သို့ တန်းစီစောင့်ဆိုင်းခဲ့သည်။

သို့သော်လည်း သူတို့သည် မည်သည့် အထူးဆက်ဆံမှုကိုမျှ မရရှိခဲ့သော်လည်း အချို့သော အရံသရုပ်‌ဆောင်များမှာ သူတို့သည် ကုနင်း၏ သူငယ်ချင်းဖြစ်သောကြောင့် မနာလိုဖြစ်နေဆဲဖြစ်သည်။ ထိုမနာလိုသူများသည် သူတို့က ကုနင်း၏သူငယ်ချင်းဖြစ်သောကြောင့် ကွဲပြားစွာဆက်ဆံခံရသည်ဟု ယုံကြည်ကြသည်။

တကယ်တော့ သူတို့ဟာ ကုနင်းနဲ့ သူတို့ရဲ့ဆက်ဆံရေးကြောင့် ဒီအလုပ်ကိုရခဲ့တာမှန်ပေမယ့် ဒါဟာ ကြီးလေးတဲ့ပြဿနာမဟုတ်ပါ။ တချို့လူတွေက သူတို့မှာ နောက်ခံရှိလို့ မနာလိုဖြစ်ကြသည်။ သူတို့ကို မနာလိုတဲ့ သူတွေကသာ ထိုအထူးအလေးပေးဆက်ဆံခြင်းကိုသာ ခံလိုက်ရရင် စိတ်ပြောင်းသွားမှာ အသေအချာပင်။

ကံကောင်းစွာပဲ လူအနည်းငယ်ကသာ ၎င်းကိုမကျေနပ်ကြဘဲ ဇာတ်ရံအများစုသည် ပြခန်းတွင်ပါဝင်ခွင့်ရရန် လွယ်ကူသောကြောင့် သူတို့ကို မနာလိုကြပေ။ ကုနင်း၏ သူငယ်ချင်းများသည် အပျော်သက်သက် လာခဲ့ကြသည်ဟု လူအများစုက ယုံကြည်ကြသည်။ အကယ်၍ သူတို့သည် အဆက်အသွယ်များမှတစ်ဆင့် ဤလုပ်ငန်းနယ်ပယ်တွင် အမှန်တကယ်ပါဝင်လိုပါက ပုံမှန်အရံဇာတ်‌ေကာင်များအဖြစ် ရွေးချယ်နိုင်သည်။

ဟောင်ရန်နှင့် ကုနင်း၏ အခြားသူငယ်ချင်းများ တန်းစီစောင့်ဆိုင်းနေချိန်တွင် လူအချို့က ၎င်းတို့နှင့် စကားစမြည်ပြောကြသည်။ အပျော်သဘောနဲ့ သူတို့ ဒီကို တကယ်လာခဲ့ကြတာပါ။

သူတို့သည် အလွန်သဘောကောင်းပြီး စကားပြောကောင်းသောကြောင့် အခြားဇာတ်ရံများသည် သူတို့အပေါ် အထင်ကြီးမှုကို ဖြစ်‌ပေါ်စေခဲ့သည်။

သို့သော် သူတို့အား မနာလိုသူအချို့က သူတို့ကို နောက်ကွယ်တွင် အတင်းပြောနေကြဆဲဖြစ်ပြီး သူတို့နှင့် စကားပြောဆိုသွားသူများကို တမင်သက်သက်ကပ်ဖားနေကြတာဟုသာ ဆိုကြသည်။ ထို့ကြောင့် သူတို့က ဟောင်ရန်နှင့် ကုနင်း၏အခြားသူငယ်ချင်းများကို အထင်အမြင်သေးလာကြသည်။ သူတို့သည် မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု ယုံကြည်ကြပြီး ဤအလုပ်ကို အောင်မြင်ရန် ၎င်းတို့၏ ကိုယ်ပိုင်အရည်အချင်းများကို အားကိုးကြသည်ဟုထင်ကြသည်။ တကယ်တော့ သူတို့ လိုချင်တာကို မရလို့ မနာလိုဖြစ်မိတာဖြစ်ပြီး မကြိုက်ရုံပင်။ သူတို့လည်း အဆက်အသွယ်ရှိတဲ့ လူတွေဆိုရင် မာနကြီးလာမှာ သေချာလေသည်။

ဇာတ်ရံ(ဖြတ်လျှောက်)တွေ အများကြီးရှိတာကြောင့် မိတ်ကပ်လိမ်းပြီး အဝတ်အစားလဲဖို့ အချိန်အတော်ကြာခဲ့သည်။ မနက် ၉ နာရီအထိ မပြီးသေးပေ။

မိတ်ကပ်ပညာရှင် ခုနစ်ယောက်က တတ်နိုင်သမျှ မြန်မြန်ပြီးအောင် လက်တွဲလုပ်ခဲ့သည်။ ထို့အပြင် ဇာတ်ရံသည် အခြေခံအားဖြင့် မိတ်ကပ်အများကြီးလိမ်းရန်မလိုအပ်ဘဲ မျက်နှာကိုပြသမည့်သူများသာ မိတ်ကပ်လိမ်းခြယ်ရမည်။

အဲဒီနောက်မှာ သူတို့ ဘာလုပ်သင့်တယ်၊ ဘယ်နေရာမှာ ရပ်သင့်တယ်ဆိုတာကို ပြောပြသည်။

ဇာတ်ရံအတွက် ဇာတ်ကွက်များခြင်းမရှိသော်လည်း အဖွဲ့သားများသည် ၎င်းကို အလေးအနက်ထားဆဲပင်။

တစ်ကြိမ်လေ့ကျင့်ပြီးသည့်တိုင်အောင် ရိုက်ကူးရေး မစတင်သေးပါ။

ဧကရာဇ်မြို့၏ တံခါးများ ပွင့်လာပြီး ဧကရာဇ်မင်းသည် လူကိုယ်တိုင် ကြိုဆိုရန် ထွက်လာသည်။ ဧကရာဇ်ကိုယ်လုပ်တော်သည် စစ်သူကြီးဖြစ်ပြီး အောင်ပွဲနှင့်အတူ ပြန်လာခဲ့ခြင်းဖြစ်သည်။ အဲဒါကိုမြင်လျှင် ခေါင်းဆောင််မင်းသမီးရဲ့ ဇာတ်ရုပ်က ဧကရီမဖြစ်ရတဲ့အကြောင်းက လူတွေက ရှုပ်ထွေးစေနိုင်ပါသည်။

ဧကရာဇ်ကိုယ်လုပ်တော်သည် ဧကရာဇ်မင်းမြတ်၏ မယားလည်းမဟုတ်သလို ဂုဏ်ယူထိုက်သောဘွဲ့လည်း မဟုတ်ပါ။

တကယ်တော့ ဇာတ်လိုက်ဇာတ်ရုပ်က ဧကရာဇ်မင်းဖြစ်ပေမဲ့ သူ့မှာ မယားမရှိသလို ကိုယ်လုပ်တော်တစ်ယောက်ပဲ ရှိပါသေးသည်။ ထို့ကြောင့် ဧကရာဇ်ကိုယ်လုပ်တော်သည် လက်တွေ့မှာ သူ၏ဧကရီဖြစ်သည်။ ထို့အပြင် ဇာတ်လိုက်အမျိုးသားဇာတ်ရုပ်သည် ဇာတ်လိုက်အမျိုးသမီးဇာတ်ဆောင်အား ဧကရီဘွဲ့တံဆိပ်ကို ချီးမြှင့်လိုသည်။

သူသည် တန်ခိုးကြီးမားသော ဧကရာဇ်တစ်ပါးဖြစ်သော်လည်း သူအလိုရှိသမျှကို မလုပ်ဆောင်နိုင်ဘဲ အမတ်များ၏ထင်မြင်ချက်များကို ဂရုစိုက်နေခဲ့ရသည်။

မည်သို့ပင်ဆိုစေကာမူ ခေါင်းဆောင်မင်းသားသည် ခေါင်းဆောင်မင်းသမီးက ယခုတစ်ကြိမ် အောင်ပွဲရပြီးနောက်တွင် ရာထူးကို စွန့်လွှတ်ပြီး ညီငယ်အား ဧကရာဇ်အဖြစ်တင်မြောက်ရန် စိတ်ကူးထားပြီးသားဖြစ်သည်။ ထို့နောက်တွင် သူသည် သူ၏ ချစ်လှစွာသော အမျိုးသမီးနှင့် ကမ္ဘာအနှံ့ လှည့်လည်သွားလိမ့်မည်။

ထိုရိုက်ကွက်ကို ပြီးအောင်လုပ်ဖို့ သူတို့အဲဒီမှာ တစ်မနက်လုံး နေခဲ့ရသည်။

သရုပ်ဆောင်တွေရဲ့ ပြဿနာမဟုတ်ပဲ ရိုက်ကူးရေးက အချိန်နဲ့ အားအင်တွေ အများကြီးကုန်‌စေတဲ့အတွက် ဖြစ်သည်။ အကောင်းဆုံး မြင်ကွင်းကို ရဖို့အတွက် အကြိမ်ပေါင်းများစွာ ရိုက်ကူးခဲ့ရသည်။

အရံများထဲတွင် ချူးဖေ့ဟန်နှင့် ကုနင်း၏အခြားသူငယ်ချင်းများ အထူးသဖြင့် ချူးဖေ့ဟန်သည် ကောင်းမွန်သော သရုပ်ဆောင်မှုကို ပြုလုပ်ခဲ့သည်။ သူမရဲ့သရုပ်ဆောင်ချက်ဟာ လုကျန်း ကိုတောင် စွဲမက်‌စေခဲ့ပြီး အခုတော့ သူမဟာ ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’ ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့အချိန်ထက် ပိုကောင်းတဲ့ မင်းသမီးတစ်ဦးဖြစ်နေပါပြီ။

ချူးဖေ့ဟန်သည် ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’ အဖွဲ့တွင် ပါဝင်သောအခါတွင် သူမ၏မျက်နှာကို ကင်မရာတွင် ပထမဆုံးအကြိမ်ပြသခဲ့ခြင်းဖြစ်ပြီး သူမသည် ထိုအချိန်က မကျွမ်းကျင်ခဲ့ပေ။ ထိုအတွေ့အကြုံမှတစ်ဆင့် ချူးဖေ့ဟန်သည် များစွာသင်ယူခဲ့ပြီး သူမသည် လျင်မြန်စွာသင်ယူတတ်သူဖြစ်သောကြောင့် အချိန်တိုအတွင်း ကြီးကျယ်သောတိုးတက်မှုကို ရရှိခဲ့သည်။

"မင်းကိုမတွေ့ရတာ လအနည်းငယ်ပဲရှိ‌သေးတာကို ‌တော်တော်တိုးတက်လာတာပဲ!" လုကျန်းက ချူးဖေ့ဟန်ကို ချီးကျူးသည်။ သူမသည် အလွန်ကျွမ်းကျင်ခြင်းမရှိသော်လည်း သူမသရုပ်ဆောင်ချက်က မဆိုးလှသလို အလားအလာလည်းရှိသည်။

ပိုလေ့ကျင့်နိုင်ရင် ပိုကောင်းလာမှာပင်။

သူ့အား ချီးကျူးစကားကြားသောအခါတွင် အရံအများအပြားသည် ချူးဖေ့ဟန်ကို မနာလိုဖြစ်သွားကြသည်။ အရင်က တစ်ယောက်နဲ့တစ်ယောက် အလုပ်တွဲလုပ်ဖူးပုံရသည်။ ပြီး‌တော့ လအတော်လည်းကြာလောက်ပြီ။

လုကျန်း တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို သူတို့ကြားသိခဲ့ရပြီး လွန်ခဲ့သည့်လများစွာက ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’ ကို ရိုက်ကူးသည့်အချိန်အထိ သူသည် ရုပ်ရှင်လောကမှ နှစ်ပေါင်းများစွာ ပိတ်ခံထားရသည်။ ထို့ကြောင့် ချူးဖေ့ဟန်သည် ထိုဇာတ်ကားတွင် သူမ၏မျက်နှာကိုလည်း ပြသရန်ဖြစ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဇာတ်ရံအချို့သည် ‘အသည်းတထိတ်ထိတ် ရင်တဖိုဖို’ ကို ကြည့်ရှုခဲ့ကြသော်လည်း အရေးမကြီးသော အခန်းကဏ္ဍများကို သိပ်ဂရုမစိုက်သောကြောင့် ချူးဖေ့ဟန်နှင့် ရင်းနှီးသည်ဟု မထင်ခဲ့ကြပေ။ ထို့ကြောင့် သူတို့သည် ချူးဖေ့ဟန်ကို ကြည့်ရန်အတွက် ထိုဇာတ်ကားကို ပြန်ကြည့်ရန် ဆုံးဖြတ်ခဲ့ကြသည်။

"ရှင့်ရဲ့ ချီးကျူးမှုကို အရမ်းကျေးဇူးတင်ပါတယ် ဒါရိုက်တာလု။ ဆက်လက်လေ့လာပြီးတော့ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်သွားမှာပါ” ဟု ချူးဖေ့ဟန်က ဝမ်းသာအားရ ပြောသည်။

တကယ်တော့ ချူးဖေ့ဟန်က သူမနဲ့ပတ်သက်တဲ့ တခြားသူတွေရဲ့ထင်မြင်ချက်ကို ဘယ်တော့မှ ဂရုမစိုက်ပါ။ အဘယ်ကြောင့်ဆိုသော် တခြားသူတွေဟာ သူ့ဘဝကို မထိခိုက်နိုင်‌ပေ။ သူမသည် ကောင်းမွန်သောဘဝနေထိုင်ရန် မိမိကိုယ်ကို အားကိုးနိုင်သည်။

သို့သော်လည်း သူမသည် သရုပ်ဆောင်ကောင်းတစ်ဦးဖြစ်လိုသောကြောင့် သူမ၏သရုပ်ဆောင်မှုနှင့်ပတ်သက်၍ ကျွမ်းကျင်ပညာရှင်များ၏ ထင်မြင်ယူဆချက်များကို ဂရုစိုက်‌ပေသည်။

***

အခန်း ၁၇၂၄ တခြားရည်ရွယ်ချက်?

သံသယဖြစ်စရာမလိုစွာနဲ့ သူမသည် ဤနယ်ပယ်တွင် ကျွမ်းကျင်ပညာရှင်များသာ သူမ၏ အသက်မွေးဝမ်းကြောင်းကို ထိခိုက်စနေိုင်သောကြောင့် ကျွမ်းကျင်ပညာရှင်များ၏ အသိအမှတ်ပြုချက်ကိုသာ ရယူလိုသည်။ သူမသည် ပြင်ပလူများ၏ အမြင်ကို ဂရုမစိုက်ပေ။ ပရော်ဖက်ရှင်နယ်တွေရဲ့ အသိအမှတ်ပြုချက်ရထားသရွေ့တော့ ပရိသတ်က သဘောကျမယ်လို့ ယုံကြည်ထားသည်။

"ကောင်းပြီ၊ မင်း မင်းသမီးကောင်းတစ်ယောက် ဖြစ်လာနိုင်မယ်လို့ ငါယုံကြည်တယ်" လုကျန်းက ပြောသည်။

မနက်ခင်း ရိုက်ကူးရေး ပြီးသွားသောအခါ နေ့လယ်စာစားပြီးနောက် သူတို့သည် တခြားသူတွေလို ထွက်မသွားသေးပဲ အဲဒီမှာပဲ နေခဲ့သည်။

သူတို့က အပျော်သဘောနဲ့ ဒီကိုလာတာမို့ မနက်ခင်းမှာ ရိုက်ကူးရေးပြီးတာနဲ့ ချက်ချင်းထွက်မသွားခြင်းဖြစ်သည်။ သူတို့က နောက်လာမယ့် ရိုက်ကူးရေးတွေမှာ အရံများအဖြစ် သရုပ်ဆောင်နနေိုင်ဆဲဖြစ်၍ အဝတ်အစားများကိုသာ ပြောင်းလဲရမည်ဖြစ်သည်။

သာမာန်အားဖြင့် ဇာတ်ရံတစ်ဦးသည် သူ၏မျက်နှာကို ပရိသတ်က မမြင်ရသောကြောင့် ဇာတ်ကွက်များစွာတွင် ဖြတ်သွားဖြတ်လာအဖြစ် သရုပ်ဆောင်နိုင်သည်။

ရိုက်ကူးရေးကို ဇာတ်ညွှန်း၏ ဇာတ်လမ်းအစီအစဉ်အတိုင်း ရိုက်ကူးခြင်းမဟုတ်ပဲ ရိုက်ကူးရေးအဖွဲ့သားများသည် ဇာတ်ကြောင်းအလိုက် တစ်နေရာနဲ့တစ်နေရာရွှေ့ပြောင်း ရိုက်ကူးနေမည်မဟုတ်ပေ။

ထိုအရာက မလုံလောက်ပါ။

ရိုက်ကူးရေးသည် နေရာများပေါ်တွင် အခြေခံထားသည်။ တစ်နည်းဆိုရသော် လမ်းတစ်လမ်းပေါ်တွင် ဤစီးရီးထဲမှာ ဖြစ်ပျက်သမျှအဖြစ်အပျက်မှန်သမျှကို အတူတကွ တစ်ခါထဲ ရိုက်ကူးမည်ဖြစ်သည်။ အဲဒီအခါမှာ မလိုအပ်တဲ့ ဒုက္ခတွေ အများကြီး သက်သာသွားလိမ့်မည်။

ဥပမာအားဖြင့် ရုပ်ရှင်တည်နေရာများကို နေ့တိုင်းမရရှိနိုင်ပါ။ အများစုမှာ ဈေးကြီးသည်။

ယခုရိုက်‌ကူးရေးသည် ဟန်ဒျန့်ဝေါလ်စတူဒီယိုတွင် ဖြစ်သောကြောင့် ရိုက်ကူးရေးအဖွဲ့သားအားလုံးအတွက် ငှားရမ်းဖွင့်လှစ်ထားခြင်းဖြစ်သည်။ အဖွဲ့သားတစ်ဦးသည် ရှိုး၏တစ်စိတ်တစ်ပိုင်းကို တစ်နေရာတည်းတွင်သာ ရိုက်ကူးပြီး အခြားအပိုင်းများကို ရိုက်ကူးရန်အတွက် တခြားနေရာများသို့ သွားပြီးမှ ပြန်လာပါက ယင်းနေရာကို အခြားအဖွဲ့သားများက သိမ်းပိုက်သွားလျှင် လုပ်ငန်းစဉ် နှောင့်နှေးသွားနိုင်သည်။

အဖွဲ့သားတွေအတွက်လည်း ကုန်ကျစရိတ်ပိုများမည်။

မည်သို့ပင်ဖြစ်စေ ဗီဒီယိုအားလုံးကို တည်းဖြတ်၍ ရနိုင်သောကြောင့် ရိုက်ကူးမှုအစဥ်သည် အရေးမကြီးပါ။

နေ့လယ်စာစားပြီးနောက် နာရီဝက်ခန့် အနားယူကြပြီး အဝတ်အစားလဲကြသည်။

ညနေ ၆ နာရီမှာ ဒီနေ့ရဲ့ ရိုက်ကူးရေးပြီးသွားပြီဖြစ်၍ ကုနင်းက သူ့သူငယ်ချင်းတွနေဲ့ ထွက်သွားသည်။ လုကျန်းနှင့် အခြားလူများနှင့်အတူ ညစာစားရန် မနေခဲ့ကြတော့ပေ။

…

ထိုအချိန်တွင် လင်မိသားစုဝင်များသည် အတူတူ စားသောက်နေကြသည်။ ဒီနေ့ ကျန်းရှူးယွမ် ပြန်ရောက်လာပြီး သူမသည် လင်ရှောက်ကျားကို အချိန်အကြာကြီး ပြုစုစောင့်ရှောက်ခဲ့ရပြီး အလုပ်များနေခဲ့တဲ့အတွက် အနားယူရန် လိုအပ်သည်။ သူမသည် နေ့လယ်တစ်ကြိမ် သို့မဟုတ် ညနေခင်းတွင် လင်ရှောက်ကျားဆီသို့ တစ်ရက်ကို တစ်ကြိမ်သွားရောက်လည်ပတ်‌‌တော့မည်။

လင်ရှောက်ကျားသည် ယခုအခြေအနေတွင် တည်ငြိမ်နပေါသည်။ သူမ၏ခါးသည် နာကျင်နေသေးသော်လည်း ယခုအခါ နာကျင်မှုကို ခံနိုင်ရည်ရှိပြီး ကောင်းမွန်စွာ အိပ်စက်နိုင်ပြီဖြစ်သည်။ သို့သော်လည်း သူမသည် အခုရက်ပိုင်း ဖျားနာပြီးနောက် အတော်လေး ပိန်ပိန်ပါးပါး ဖြစ်နေသဖြင့် ပြန်လည်ကောင်းမွန်ရန် အချိန်ပိုလိုအပ်‌ပေသည်။

ကျန်းရှူးယွမ်သည် ကျင်းယွင်ယောင် အကြောင်း လင်မိသားစုမှ သူမအား မပြောသောကြောင့် ဘာမှမကြားရ‌သေးပေ။ သခင်ကြီးလင်ကလည်း လင်ယွမ်ချန်ကို ထိုအကြောင်း မပြောရန် တားမြစ်ထားသည်။ ထို့ကြောင့် ကျန်းရှူးယွမ်သည် လင်မိသားစု၏အိမ်ဟောင်းသို့ ပြန်ရောက်သောအခါ ဧည့်ခန်းထဲတွင် ကျင်းယွင်ယောင်ကိုမြင်ပြီး လန့်သွားသည်။

"မင်းဘယ်သူလဲ?" ကျင်းယွင်ယောင်သည် ယွင်ယောင်နှင့်တူသော်လည်း ယွင်ယောင် သည် နှစ်ပေါင်းများစွာက သေသွားခဲ့ပြီဖြစ်သောကြောင့် ကျန်းရှူးယွမ် သည် ဤအမျိုးသမီးက ယွင်ယောင် ဖြစ်နိုင်သည်ဟု မထင်ခဲ့ပေ။

"ရှူးယွမ်၊ ဒါက ယွင်ယောင်" ယွီယင်ကပြောသည်။

"ယွင်ယောင် ဟုတ်လား? မဖြစ်နိုင်တာ! ယွင်ယောင်က သေသွားပြီ မဟုတ်ဘူးလား? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…” ကျန်းရှူးယွမ် က အော်ပြောသည်။

"ယွင်ယောင် မသေသေးဘူး။ သူက ယွင်ယောင်ပဲ!" ကျန်းရှူးယွမ် စကားမဆုံးခင်မှာပဲ သခင်ကြီးလင်က သူမစကားကို ဖြတ်ပြောလိုက်သည်။

ယွင်ယောင်သည် အသက်ရှင်လျက် ကျန်းမာနေတာဖြစ်၍ ကျန်းရှူးယွမ်၏ ပြောစကားသည် အမှန်တကယ်ပင် ရိုင်းစိုင်းလွန်းလှသည်။

“သူမသေသေးဘူးဆိုရင် အရင်နှစ်တွေက ကျွန်မတို့ကို ဘာလို့လာမတွေ့တာလဲ။ ဘာလို့ အခုမှ ပြန်လာတာလဲ။ သူက ယွင်ယောင် ဟန်ဆောင်ထားတာ မဟုတ်ဘူးလား?" ကျန်းရှူးယွမ်က မေးလိုက်သည်။

တကယ်တော့ ဒီအမျိုးသမီးကို သခင်ကြီးလင်က သူ့ကို လက်ခံပြီး လင်မိသားစုရဲ့ အိမ်ပေါ်မှာနေဖို့ ခွင့်ပြုလိုက်ကတည်းက ဒီအမျိုးသမီးဟာ ယွင်ယောင်ဖြစ်နိုင်မှန်း သူမ သိပေမယ့်လက်မခံနိုင်ပေ။ သူမသည် ယွင်ယောင်ကို လုံးဝ မကြိုက်ပါ။

ထို့အပြင် ယွင်ယောင်သည် ထက်မြက်သော အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမပြန်ရောက်သည်နှင့် လင်ရှောင်းထင်ကို ကြီးမားစွာ ပံ့ပိုးပေးမည်ဖြစ်ပြီး သူမသည် သူမ၏မိသားစုနှင့် သူမ၏သားအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်လာမည်ဖြစ်သည်။

ထိုအရာက ကျန်းရှူးယွမ်၏စိုးရိမ်မှုမျှသာဖြစ်ပြီး တကယ်တော့ လင်ရှောင်းထင်သည် လင်မိသားစုထက် ပိုင်ဆိုင်မှု ပိုမိုများပြားလေသည်။ ရှန်းရှစ်အပြင် မီးတောက်နီ အဖွဲ့ခေါင်းဆောင်အဖြစ် လင်ရှောင်းထင်သည် ချမ်းသာကြွယ်ဝခဲ့သည်။ သူတို့သည် မစ်ရှင်တိုင်းကို ဖြည့်ဆည်းရန် သူတို့၏ အသက်ကို စွန့်စားခဲ့ကြသောကြောင့် သူတို့ရသော ဆုလာဘ်များသည်လည်း အလွန်မြင့်မားသည်။ ထို့အပြင် သိမ်းယူထားသော ပစ္စည်းတစ်ဝက်ကိုလည်း ၎င်းတို့ပိုင်အဖြစ် သိမ်းယူနိုင်‌ပေသည်။

မူးယစ်ရာဇာ သို့မဟုတ် ရာဇဝတ်ကောင်ကြီးတိုင်းလိုလိုတွင် ယွမ်ငွေ သန်းရာနှင့်ချီသော ပိုင်ဆိုင်မှုများ ရှိကြပြီး မီးနီအဖွဲ့ဝင်များသည် ဖမ်းမိပြီးသည်နှင့် ၎င်းတို့၏ စည်းစိမ်ဥစ္စာများကို မျှဝေခံစားနိုင်ကြသည်။

သို့သော်လည်း ထိုအကြောင်းများကို ပြင်ပလူများ မသိသလို ၎င်းသည် အလွန်လျှို့ဝှက်အပ်သော အကြောင်းအရာများသာဖြစ်၍ ၎င်း၏ ခေါင်းဆောင်များကသာ ထိုအကြောင်းကို သိရှိထားသည်။

"လွန်ခဲ့တဲ့ ၁၅ နှစ်က သူ့မှတ်ဉာဏ်တွေ ဆုံးရှုံးသွားလို့ ယွင်ယောင်က ဒီနှစ်တွေအတွင်းမှာ အိမ်ပြန်လာလို့မရခဲ့တာ နင်းနင်းက ယွင်ယောင်ကို ရှာတွေ့ခဲ့ပြီးတော့ သူအသက်ရှင်နေသေးတယ်ဆိုတာကို ငါတို့ ရှာတွေ့ခဲ့တာပဲ” ဟု သခင်ကြီးလင်က ဆိုသည်။ သူက ကျန်းရှူးယွမ်ကို ယွင်ယောင်နဲ့ပတ်သတ်၍ ဆက်ပြီး မေးခွန်းမထုတ်‌စေချင်‌ပေ။

"သူ့မှတ်ဉာဏ်တွေပျောက်သွားတယ်ဟုတ်လား? ကျွန်မမယုံဘူး။ တစ်စုံတစ်ယောက်က အဲဒါကို တခြားရည်ရွယ်ချက်နဲ့ ခေါ်လာတာ ဖြစ်နိုင်တာပဲ” ဟု ကျန်းရှူးယွမ်က မဆိုင်းမတွပြောသည်။

သူမက ကုနင်းကို ပြောနေတာပင်။ သူမအမြင်မှာတော့ ကုနင်းက သူမမိသားစုကို ကံဆိုးစေခဲ့သည်။ ဘာကြောင့်လဲဆိုတော့ သူမပေါ်လာပြီးကတည်းက သူမရဲ့မိသားစုဟာ အများကြီးဒုက္ခရောက်ခဲ့ပြီး အခုတော့ ယွင်ယောင်ကိုတောင် ပြန်‌ခေါ်လာခဲ့သည်။

ကျန်းရှူးယွမ်သည် သူမ၏မိသားစုကို လင်မိသားစုတစ်ခုလုံးမှ ခွဲထုတ်ခဲ့သည်။

လင်ရှောင်းထင်ရော ကျင်းယွင်ယောင်ရော ကျန်းရှူးယွမ်ရဲ့ သံသယကို စိတ်မဆိုးကြ‌ပေ၊ ဘာကြောင့်လဲဆိုတော့ သူတို့က သူ့ကို ဂရုစိုက်မနေတဲ့အတွက်ဖြစ်ပေသည်။

သို့သော် သခင်ကြီးလင်က မခံမရပ်နိုင်ဖြစ်ပြီး သူ့ကို လှမ်း‌ငေါက်သည်။ "တော်တော့! မင်းပြန်လာတိုင်း ဒုက္ခပေးလို့မ၀သေးဘူးလား။ မင်း အပြင်မှာပဲ နေရင်ပိုကောင်းတယ်။ ယုံယုံမယုံယုံ မင်းပါးစပ်ကို ခုချက်ချင်းပိတ်ထား!”

ထို့‌နောက်သခင်ကြီးလင်က သူ့ကို ခြိမ်းခြောက်သည်။ “ငါတမင်မသိချင်‌ယောင်ဆောင်နေတာပဲရှိရင်ရှိမယ် ငါမသိဘူးလို့ မဆိုလိုဘူးနော်။ မင်းကောင်းကောင်းနေရင်နေ မဟုတ်ရင် လင်မိသားစုမှာ မင်းနေရာ ဆုံးရှုံးသွားလိမ့်မယ်”

ထိုစကားကိုကြားတော့ ကျန်းရှူးယွမ်က ထိတ်လန့်သွားပြီး သူမပါးစပ်ကို ချက်ချင်းပိတ်လိုက်သည်။ ကုနင်းအပေါ် လင်ရှောက်ကျား လုပ်ခဲ့တဲ့အရာကို သခင်ကြီးလင် သိနေတယ်ဆိုတာကို သူမ သိလိုက်ရသည်။

ဒီရက်တွေ အေးအေးလူလူ နေထိုင်ပြီးတဲ့နောက် သူမဟာ ဒီအကြောင်းကို အနည်းငယ် မေ့သွားပေမယ့် နောက်ကြောင်းပြန်စဥ်းစားမိတိုင်း ကြောက်ရွံ့နေဆဲပင်။ သူမသည် လင်ရှောင်းထင်ကို ထိုအကြောင်း လုံးဝမသိစေချင်ပေ။

***

အခန်း ၁၇၂၅ ကျန်းကျီခိုင်နှင့် တွေ့ခြင်း

ထို့ကြောင့် သူမ ကြောက်ရွံ့လာသောအခါတွင် သူမသည် လင်ရှောင်းထင်၏ တုံ့ပြန်မှုကို သိချင်၍ တစ်ချက်ကြည့်လိုက်မိသည်။ အဲ့အကြောင်းကို သူ သိပြီးသားလား မသိသေးဘူးလားဆိုတာကို သူမမသိပါ။

သို့သော် လင်ရှောင်းထင်သည် မည်သည့်တုံ့ပြန်မှုမျှမရှိဘဲ ၎င်းကို လုံးဝဂရုမစိုက်ပုံရ၍ ကျန်းရှူးယွမ် စိတ်သက်သာရာပုံ ရသွား‌တော့သည်။

သူမ,မသိ‌သေးသောအရာမှာ လင်ရှောင်းထင် သည် ၎င်းအကြောင်းကို အစကတည်းက သိထားပြီးဖြစ်သော်လည်း ကုနင်းစကားကို နားထောင်ရန် ရွေးချယ်ကာ လွှတ်ထားခြင်းဖြစ်သည်။

ကျန်းရှူးယွမ်သည် သခင်ကြီးလင်က သူ့ကို လင်မိသားစုထဲက နှင်ထုတ်မှာကို ကြောက်သည်။ သူမသည် လင်မိသားစုတွင် နှစ်ပေါင်းများစွာ အိမ်ထောင်ကျခဲ့ပြီး သူမ၏ခင်ပွန်းနှင့် ဆက်ဆံရေးတွင် ပြဿနာမရှိခဲ့ပေ။ သူမသည် အိမ်ထောင်ကွဲမှာကို မလိုချင်ပါ။ လင်မိသားစု၏ ပံ့ပိုးကူညီမှုမရှိပါက သူမနှင့် ကျန်းမိသားစု၏ လူမှုအဆင့်အတန်းသည် တခဏအတွင်း ကျဆင်းသွားမည်ဖြစ်သည်။

ကျန်းမိသားစုသည် မဆင်းရဲသော်လည်း လင်မိသားစု၏ နောက်ကသာဖြစ်ပြီး ကျန်းမိသားစုသည် လင်မိသားစုနှင့် လက်ထပ်ပြီးနောက်မှာ ပိုမိုကျော်ကြားမှုနှင့် ချမ်းသာကြွယ်ဝမှုကို ရရှိခဲ့သည်။ လင်ယွမ်ချန် က သူမကို ကွာရှင်းလိုက်လျှင် ကျန်းမိသားစုက စွန့်ပစ်ခံရရင်ရ မဟုတ်လျှင် ကျန်းမိသားစုက သူမအပေါ် အကြီးအကျယ် ထိခိုက်စေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ရလဒ်ကောင်းတော့ မဟုတ်ပေ။

ထို့နောက် သူတို့သည် ညစာအား စတင်စားသောက်ကြပြီး တစ်ယောက်စီတိုင်းသည် ကျင်းယွင်ယောင်ကို အားတက်သရော ဆက်ဆံကြသည်။ ကျန်းရှူးယွမ်နှင့် လင်ယွမ်ချန်တို့သည် အပြင်လူများကဲ့သို့ လျစ်လျူရှုခံခဲ့ရသည်။

လင်ယွမ်ချန်သည် ၎င်းတို့နှင့် စကားပြောရန် ရည်ရွယ်ချက်မရှိသောကြောင့် ဂရုမစိုက်ပေ။ ကျန်းရှူးယွမ်သည်လည်း တူညီသောခံစားချက်ရှိသော်လည်း ထိုကဲ့သို့သောအခြေအနေမျိုးထဲတွင် သူမသည် အတော်လေး စိတ်မသက်မသာခံစား‌နေရသည်။

ယွီယင်ကလည်း ကျင်းယွင်ယောင်ကို မနက်ဖြန် အတူတူ ဈေးဝယ်ထွက်ဖို့ ဖိတ်ခေါ်ပြီး ကျန်းရှူးယွမ်ကို ဘေးဖယ်ထားလိုက်သည်။ နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက် သဘောမကျကြပါ။ တစ်ခါမှလည်း စျေးဝယ်မထွက်ဖူး၍ မခေါ်လျှင်တောင် ကိစ္စမရှိပေ။

ကျင်းယွင်ယောင်က ဒါကို ဘယ်လိုငြင်းရမှန်း မသိသလို သူမလည်း လင်မိသားစုရဲ့ အိမ်ဟောင်းက‌နေ ခနလောက် ထွက်ခဲ့ချင်တာကြောင့် သဘောတူလိုက်သည်။

ထို့နောက် လင်ရှောင်းထင်သည် Black Card ကိုထုတ်ယူပြီး ကျင်းယွင်ယောင်အား ပေးလိုက်သည်။ ယွမ်သန်းပေါင်းများစွာ ကုန်ကျမယ်ဆိုရင်‌ေတာင် သူမလိုချင်သမျှကို ဝယ်နိုင်သည်ဟုဆိုသည်။ ကျင်းယွင်ယောင်သည် မသင့်လျော်ဟု ထင်သောကြောင့်ချက်ချင်း ငြင်းပယ်လိုက်သည်။ လင်ရှောင်းထင်သည် သူမ၏သားဖြစ်သော်လည်း သူမ၏မှတဉာဏ်များကို ပြန်မရနိုင်သေးသောကြောင့် သူ့ပိုက်ဆံကို မသုံးချင်ပေ။

သို့သော်လည်း အခြားသူများက သူမအား လက်ခံရန် တရစပ် တိုက်တွန်း‌နေပြီး လင်ရှောင်းထင်ကလည်း အခိုင်အမာ ပြောဆိုနေသည်။ ကတ်ကိုလည်း သူမအတွက် ပြင်ဆင်ထားကြောင်း ပြောတော့ ကျင်းယွင်ယောင်က အဆုံးမှာ လက်ခံလိုက်ရသည်။

လင်ရှောင်းထင်သည် အလွန်ချမ်းသာကြောင်း သူမသိသည်။ သူသည် သူတို့နိုင်ငံတွင် အချမ်းသာဆုံးမဟုတ်သော်လည်း နေရာတစ်ခု၌ပင် ရှိသောကြောင့် သူမငွေအချို့ကို သုံးစွဲလျှင်‌တောင် ဘာမှမဖြစ်ပေ။

ထိုအချိန်မှာ ကျန်းရှူးယွမ်တွင် မနာလိုစိတ်အပြည့်နဲ့ပင်။ သူမလည်း ချမ်းသာသော်လည်း ယွမ်ငွေ သန်းပေါင်းများစွာ ကုန်ကျမည့် ပစ္စည်းများကို မ၀ယ်နိုင်ပေ။ သူမသည် ယွမ်တစ်သိန်းကျော်ကိုပင် ပေါ့ပေါ့တန်တန် မသုံးစွဲနိုင်သော်လည်း ယွင်ယောင်က‌တော့ ထိုသို့လုပ်နိုင်ခဲ့သည်။ သူမ၏ စိတ်ကို ထိန်းထားရန် မဖြစ်နိုင်‌ေတာ့ပေ။ ထို့အတွက်ကြောင့် သူမသည် အစာစားချင်စိတ် ပျောက်ဆုံးကာ အစားအသောက်ကို လုံးဝမနှစ်သက်တော့ပါ။

ထို့နောက်သူမသည် အကြောင်းပြချက်ပေးကာ ထွက်သွား‌‌တော့သည်။ တခြားလူတွေက သူမစိတ်ထဲမှာ ဘာတွေတွေးနေတယ်ဆိုတာ သိပေမယ့် ဘယ်သူမှ သူ့ကို ဂရုမစိုက်ပါ။

သူမအခန်းထဲပြန်ဝင်ပြီးနောက် သူမသည် လင်ရှောက်မင်ကိုဖုန်းဆက်ပြီး ကျင်းယွင်ယောင် ပြန်လာကြောင်းပြောခဲ့သည်။ လင်ရှောက်မင်လည်း ထိုစကားကိုကြားသောအခါ အံ့အားသင့်သွားကာ မယုံနိုင်ဖြစ်သွားသည်။ ကံကောင်းစွာပဲ သူ့လက်ခံနိုင်မှုက ကျန်းရှူးယွမ်ထက်မြန်ဆန်ပြီးပြီး သူမသာ တကယ်လင်ရှောင်းထင်ရဲ့အမေသာဆိုရင် သူ့အဖိုးက အဲဒီအမျိုးသမီးကို လက်ခံမယ်ဆိုတာ သူသိသည်။

လင်ရှောက်မင်သည် ဤအဒေါ်ကို အထင်ကြီးခဲ့ဖူးသည်။ သူမသည် တိုက်ပွဲတွင် ထူးချွန်ပြီး သူမ၏ဦးလေးယွင်ဟန်နှင့်အတူ စစ်ရေးတွင် များစွာအောင်မြင်ခဲ့ကြောင်း သတိရမိသည်။ သူမသည် လွန်ခဲ့သော ၁၅ နှစ်ခန့်က ဒုဗိုလ်မှူးကြီးရာထူးကို ရရှိထားပြီးဖြစ်သည်။

လင်ရှောက်မင်သည် ယွင်ယောင် ပြန်ရောက်သောအခါ ကျန်းရှူးယွမ်လောက် မကြိုက်တာမဟုတ်သော်လည်း ဖြစ်နိုင်လျှင် သူမ ပျောက်ကွယ်သွားဖို့လည်း မျှော်လင့်ခဲ့သည်။ သို့သော် ယွင်ယောင် ပြန်လာသောအခါ လင်မိသားစုအတွက် အထောက်အကူဖြစ်နိုင်သည်။

လင်ရှောင်းထင်သည် အရာရာတွင် သူ့ထက်သာလွန်သောကြောင့် လင်ရှောင်းထင်ကို မနာလိုသော်လည်း လင်မိသားစုသည် လင်ရှောင်းထင်ကိုလိုအပ်သည်ဟု သူခံစားမိသည်။ လင်ရှောင်းထင် မရှိလျှင် လင်မိသားစုသည် ၎င်း၏‌နေရာကို ထိန်းထားနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူသည် လင်ရှောင်းထင်ကို မည်မျှပင် မနာလိုနေပါစေ၊ သူ့ကို ထိခိုက်စေရန် မည်သည့်အရာမှ မလုပ်ဆောင်ခဲ့ပေ။

လင်ရှောက်မင်သည် တစ်ကိုယ်ကောင်းဆန်သော်လည်း ပိုအရေးကြီးတာကိုလည်း သူသိသည်။

…

ကုနင်းသည် သူမ၏ သူငယ်ချင်းများနှင့် ညစာအတူစားရန်အတွက် ရှန်းရှစ်ဟိုတယ်သို့ မသွားတော့ပေ။ အဲဒီအစား အစပ်ဟော့ပေါ့စားဖို့ လမ်းဘေးဆိုင်ကိုသာ သွားကြမည်။

တိုက်ဆိုင်စွာပင် သူမသည် ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့လိုက်ရပြီး ထိုသူမှာ ယခင်က သူမသင်္ချာပြိုင်ပွဲတွင် ပါဝင်ခဲ့ဖူးတုန်းက တွေ့ခဲ့သော ကျန်းကျီခိုင် ဖြစ်နေသည်။

ကျန်းကျီခိုင်သည် မိန်းကလေးနှစ်ယောက်နှင့် ယောက်ျားလေးတစ်ယောက်နှင့် အတူရှိနေသည်။ သူတို့အားလုံးသည် အသက် ၁၈ နှစ်ခန့်ရှိလောက်ပြီး ဒေါသတကြီး ငြင်းခုံ‌နေကြသည်။

ကျန်းကျီခိုင်နှင့် ကောင်မလေးတစ်ယောက်သည် အတူတူရပ်နေကာ သူမသည် အလွန်စိတ်ဆိုးနေပုံရပြီး သူမ၏ဘေးတွင်ရပ်နေသော မိန်းကလေးမှာ ဝမ်းနည်းနေပြီး သူမ၏မျက်လုံးထောင့်များမှလည်း မျက်ရည်များ စီးကျနေသည်။

တစ်ဖက်တွင်လည်း အခြားမိန်းကလေးနှင့် ကောင်လေးတစ်‌ယောက်က ရပ်နေသည်။ အပေါ်ယံကြည့်ရင်တော့ ကောင်မလေးက စိတ်တိုနေပုံရပေမယ့် သူမမျက်လုံးထဲမှာ ကျေနပ်မှုတွေ ဖုံးကွယ်ထားသည်။ သူမကို ကြည့်ရသလောက် စိတ်ထားမကောင်းသူဖြစ်ပြီး ပျော့ညံ့သူမဟုတ်မှန်းလည်း သိသာသည်။ သို့သော် ကောင်လေးက စိတ်မရှည်စွာဖြင့် မျက်မှောင်ကြုတ်နေသည်။

အဲဒါကိုမြင်တော့ ဒါဟာ ဒရာမာဆန်တဲ့ အချစ်ဇာတ်လမ်းတစ်ခု ဖြစ်နိုင်တယ်လို့ ကုနင်းမှာ အကြံ‌ပေါက်လာသည်။

သူမသည် ကျန်းကျီခိုင်နှင့် မနီးမဝေးတွင် ကားကို တမင်တကာ ရပ်လိုက်ပြီး သူမသူငယ်ချင်းများကို ယခုချက်ချင်း အပြင်မထွက်ရန် ပြောခဲ့သည်။ သူမသည် သူတို့၏ ငြင်းခုံမှုကို နားထောင်ချင်‌သေးသည်။

"ဘော့စ် သူတို့ထဲက တစ်ယောက်ယောက်ကို သိလို့လား" မုခယ် က မေးသည်။ အရေးကြီးတဲ့ အရာသာ မဟုတ်ဘူးဆိုရင် ကုနင်းက သူများ အကြောင်းတွေကိုကြည့်ရတာ မကြိုက်ဘူးဆိုတာ သူသိသည်။

"ဟုတ်တယ်" ကုနင်းကပြောသည်။

"ဘယ်သူ့ကိုလဲ" ချူးဖေ့ဟန်ကို သိချင်စိတ်ဖြင့် မေးသည်။

"ဆံပင်အမြင့်စည်းထားပြီး အဖြူရောင်အင်္ကျီနဲ့ကောင်မလေး" ကုနင်းက ပြောသည်။ အဖြူရောင်အဝတ်အစားဝတ်ထားတဲ့ မိန်းကလေးနှစ်ယောက်ရှိပေမယ့် ကျန်းကျီခိုင်ကတော့ ဆံပင်ကို အမြင့်စည်းထားပြီး နောက်တစ်ယောက်ကတော့ ဆံပင်တိုပါသည်။

"စုထုန်၊ နင် ငါတို့ကို လုပ်ခဲ့တာကို မယုံနိုင်ဘူး! ငါတို့က နင့်ကို ငါတို့ရဲ့ မိတ်ဆွေတစ်‌ေယာက်လို ဆက်ဆံခဲ့တာ နင်အခက်အခဲကြုံလာတိုင်း ငါတို့ကူညီပေးခဲ့တာပဲ။ ဒါပေမယ့် နင်က ကိုယ့်သူငယ်ချင်းရဲ့ရည်းစားကို စနှိုက်ရတယ်လို့ နင်ဘာလို့ ဒီလို လုပ်ရက်ရတာလဲ?" ကျန်းကျီခိုင်သည် ကောင်လေးနှင့်အတူ ရပ်နေသော ဆံပင်တိုတိုနှင့် အဖြူရောင်ဝတ်ထားသော မိန်းကလေးကို ဒေါသတကြီး ဝေဖန်‌နေသည်။

ကုနင်းပြောတာ မှန်ပေသည်။ တကယ်ကို အချစ်ရေးပြသနာပင်။ ကုချင်းယွင်၏ ပြသနာကြုံတွေ့ခဲ့ရပြီးနောက် ကုနင်းသည် အချစ်ရေးနှင့်ပတ်သက်သည့် နောက်ထပ် ဇာတ်လမ်းတစ်ခုနှင့်တွေ့ဆုံရပြန်သည်။ ယနေ့ခေတ်လူ့အဖွဲ့အစည်းတွင် ဒါမျိုးက ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်လာပုံရသည်။ သူမ လုံလောက်စွာ မြင်ခဲ့ရပြီး သူမ မမြင်ဖူးတာတွေလည်း ရှိသေးသည်။ ယနေ့ခေတ် လူများကြားတွင် ယုံကြည်မှုနှင့် သစ္စာရှိမှုကို ရှာဖွေရန် ခက်ခဲလှပေသည်။

ကုနင်းသည် အခြားလူများကို ဂရုမစိုက်ဘဲ သူမ၏ မိတ်ကောင်းဆွေကောင်းများနှင့် ရင်းနှီးသော ဆွေမျိုးများသာလျှင် ယုံကြည်မှုနှင့် သစ္စာစောင့်သိမှုကို ထိန်းသိမ်းထားနိုင်မည်ဟု မျှော်လင့်မိသည်။

"ဒီကောင်မလေးက ရှက်ဖို့ကောင်းလိုက်တာ။ သူ့သူငယ်ချင်းရဲ့ ရည်းစားကို ဘယ်လိုလုပ် စနှိုက်ရတာလဲ” ချူးဖေ့ဟန်က ဒေါသတကြီးပြောသည်။

“ကောင်မ‌‌လေးက လူကောင်းတော့ မဟုတ်‌လောက်ဘူး” ဟု မုခယ်က ဆိုသည်။

“ငါ သူတို့ကို အခု ထိုးပစ်ချင်လိုက်တာ” ဟောင်ရန်က ပြောသည်။

သူတို့အားလုံး စိတ်ဆိုး‌နေကြပြီ။

***

အခန်း ၁၇၂၆ ရှင်က ကျွန်မအမျိုးမဟုတ်ဘူး

"မုခယ် နင် အဲ့ကောင်လေးလို မလုပ်ရဘူးနော်။ လုပ်ရဲလုပ်ကြည့် ငါနင့်ကို ပြင်းပြင်းထန်ထန် အပြစ်ပေးပစ်မယ်" ချူးဖေ့ဟန်က မုခယ်ကို ရုတ်တရက် သတိပေးလိုက်သည်။

ထိုစကားကိုကြားတော့ မုခယ်သည် တုန်လှုပ်နေသောအမူအရာဖြင့် ယွီမီရှီကို ချက်ချင်းလှည့်ကြည့်လိုက်သည်။ သူမ အလွန်အမင်းစဉ်းစားမိမည်ဆိုး၍ လေးလေးနက်နက် ကတိပေးလိုက်သည်။ "ငါ သူနဲ့ လုံးဝတူမှာ မဟုတ်ဘူး!"

ရိုးရိုးသားသား ပြောရလျှင် သူတို့သည် ထာဝရ အတူရှိနိုင်မည်လား မသေချာပါ။ သူသည် အခြားမိန်းကလေးနှင့် ချစ်မိသွားခြင်းကြောင့် မဟုတ်ပဲ အနာဂတ်တွင် ဘာဖြစ်မည်ကို မည်သူမှ မသိသောကြောင့် ဖြစ်သည်။ တကယ်တော့ တစ်နေ့မှာ လမ်းခွဲကြမယ်ဆိုရင်တောင် သူ ယွီမီရှီ ကို ဘယ်တော့မှ သစ္စာ‌ေဖာက်မည်မဟုတ်‌ပေ။

"ကျီခိုင်၊ အရမ်းမရက်စက်ပါနဲ့။ နင့်ရဲ့အကူအညီအတွက် ငါကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် Zhe နဲ့ ငါက တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်ကြတာပါ။ အဲဒါကို နင်ဘာလို့ နားမလည်‌ပေးရတာလဲ" စုထုန်က သနားစရာကောင်းတဲ့ မျက်နှာနဲ့ ပြောလိုက်သည်။ သူမကိုယ်သူမ လုံးဝ မှားတယ်လို့ မထင်ပေ။

ဒါကိုကြားတော့ ကုနင်းနဲ့ သူ့သူငယ်ချင်းတွေက ရယ်စရာလို့ ထင်နေကြသည်။ စုထုန်ဟုခေါ်သော မိန်းကလေးသည် သူမ၏ သူငယ်ချင်းရဲ့ချစ်သူကို ခိုးယူပြီးနောက်တွင်‌ေတာင် ရှက်စိတ်မရှိခဲ့ပေ။ အဲဒီလို လုပ်နိုင်တဲ့အတွက် သူ့ကိုယ်သူ ဂုဏ်ယူသလို ခံစားနေရပုံပေါက်သည်။

မည်သို့ပင်ဖြစ်စေ သူမသည် ရှောက်ကျီဟန် နှင့် မင်ကျဲ့၏ အချစ်ရေးတွင် တတိယအမျိုးသမီးတစ်ဦးဖြစ်ရန် စိတ်ကူးရှိကတည်းက သူမသည် သူမ၏ကျင့်ဝတ်စံနှုန်းများကို စွန့်လွှတ်လိုက်ပြီဖြစ်သည်။

"နင် အရမ်းအရှက်မရှိချက်! နင့်ကိုယ်နင် ဘယ်လောက်တောင် ညစ်ညူးစရာကောင်းနေမှန်းမသိဘူးလား" ကျန်းကျီခိုင်က ဒေါသတကြီး ပြောလိုက်သည်။

"မင်းဘာဖြစ်ချင်နေတာလဲ? ငါ ရှောက်ကျီဟန်ကို မကြိုက်တော့တာကို မင်း ငါ့ကို အတင်းကြိုက်ခိုင်းလို့ မရဘူး‌လေ။ ရှောက်ကျီဟန်မှာ မာနလေးသာရှိ‌နေ‌သေးရင် ငါ့ကို စိတ်အနှောက်အယှက် မပေးပါနဲ့‌တော့” ကောင်လေးက စိတ်မရှည်စွာပြောသည်။ သူက ရှုံ့ချမှုအပြည့်နဲ့ ကျန်းကျီခိုင်ဘေးက ကောင်မလေးကို တစ်ချက်ကြည့်လိုက်သေးသည်။

"ရှင်..."

ရှောက်ကျီဟန်သည် မင်ကျဲ့က သူ့အကြောင်းပြောတဲ့အခါ ဒေါသတကြီးနဲ့ပင်။ သူသာ သူမကို မကြိုက်‌တော့ပါက ဆက်ပြီး စိတ်အနှောက်အယှက်ဖြစ်အောင် ကပ်တွယ်နေမှာ မဟုတ်ပေမယ့် အဓိကအချက်မှာ သူသည် သူမကို သစ္စာဖောက်ခဲ့တဲ့အတွက် သူမဟာ ရှင်းပြချက်နှင့် ထိုက်တန်သည်ဟုထင်မြင်မိသည်။ သို့သော် သူသည် အကြောင်းပြချက် တစ်စုံတစ်ရာမှ မပေးပဲ သူ့ကိုယ်သူလည်း အမှားလုပ်မိသည်ဟု မထင်ပေ။

"ကျီဟန်က ရှင့်လို မကောင်းတဲ့လူမျိုးနဲ့ မထိုက်တန်လို့ ရှင့်ကို အာရုံစိုက်မှာမဟုတ်‌တော့ဘူး၊ ဒါပေမယ့် အခုချိန်က ဒါအဓိကမဟုတ်ဘူးလေ။ ရှင် ကျီဟန်ကို မကြိုက်တော့ဘူးဆိုရင် ဘာလို့ ရှင်းရှင်းလင်းလင်းမပြောပဲ ဘာလို့ သူ့ကို သစ္စာဖောက်ရတာလဲ" ကျန်းကျီခိုင်က ဒေါသတကြီးပြောသည်။

ရှောက်ကျီဟန်ကို ကြိုက်ဖို့ အတင်းအကြပ် မလုပ်နိုင်ဘူးဆိုတာ သူမ သိပေမယ့် ရှောက်ကျီဟန်ကို အဲ့ဒီလို မထိခိုက်စေသင့်‌ပေ။

ထိုစကားကိုကြားတော့ မင်ကျဲ့သည် စိတ်တိုသွားပြီး အေးစက်စွာ ငြင်းခုံလိုက်သည်။ "မင်းမှာ ငါ့ကို ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ ကျီဟန်က လက်မခံနိုင်မှာဆိုးလို့ ငါရှင်းရှင်းလင်းလင်း မပြောခဲ့တာရှင်းလား"

ရယ်စရာကောင်းလှသည်။ ရှောက်ကျီဟန်ရဲ့ ကောင်းကျိူးအတွက် သူလုပ်ပေးခဲ့သလိုမျိုး ပြောနေသည်။

"ကျီဟန်က သူ့သူငယ်ချင်းကောင်းနဲ့ ချစ်သူက သူ့ကိုသစ္စာဖောက်ကြောင်း သိလိုက်ရမှ ပိုလို့တောင် လက်မခံနိုင်‌လောက်ဘူးလို့ ရှင်မထင်ဘူးလား?" ကျန်းကျီခိုင်သည် မင်ကျဲ့၏ ရယ်စရာကောင်းသော ဆင်ခြေကို ကြည့်ပြီး လှောင်လိုက်သည်။

"မင်းတကယ်စိတ်ညစ်စရာပဲ! မင်းသိ‌နေရင် ငါနဲ့ ငြင်းခုံနေတာတွေကို ရပ်လိုက်တော့။ လုံလောက်ပြီ!" မင်ကျဲ့သည် သည်းမခံနိုင်တော့ဘဲ စုထုန်နဲ့ ထွက်လာခဲ့သည်။

"မင်ကျဲ့!" ကျန်းကျီခိုင်က သူ့ကို ဒီလိုမျိုး ထွက်သွားခွင့်မပေးနိုင်ပေ။ သို့သော်လည်း မင်ကျဲ့က သူမကို တွန်းလိုက်ပြီး ကျန်းကျီခိုင်က မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

ဒါကိုမြင်တော့ ကုနင်းက အခု သူမတစ်ခုခုလုပ်ရတော့မည်ဟု သိလိုက်ရသည်။ သူမသည် ကားပေါ်မှ ဆင်းကာ သူတို့ဆီသို့ လျှောက်သွားသည်။ ချူးဖေ့ဟန်နှင့် အခြားသူများသည်လည်း သူမနောက်သို့ လိုက်လာကြသည်။

မည်သို့ပင်ဆိုစေကာမူ ကုနင်းသည် သူမ၏ကားမှ ဆင်းလာသောအခါ ကျန်းကျီခိုင်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး နာကျင်စွာ ညည်းတွားနေလေသည်။

"ကျီခိုင်!" ရှောက်ကျီဟန်သည် လန့်သွားပြီး ကျန်းကျီခိုင်ကိုထူပေးဖို့ ပြင်လိုက်သော်လည်း ကုနင်းသည် သူမရှေ့တွင် အရင်ထူပေးလိုက်သည်။ ကျန်းကျီခိုင်သည် ကုနင်းကိုမြင်သောအခါ အံ့သြသွားပြီး သူမ၏မျက်လုံးများကို မယုံနိုင်ဖြစ်သွားသည်။

"ငါ အိပ်မက်ထဲမှာလား" ကျန်းကျီခိုင်သည် ကုနင်းကို မျက်လုံးပြူးကြည့်ကာ အစစ်အမှန်မဟုတ်ဟု ခံစားလိုက်ရသည်။

"အခု နာမနေဘူးလား" ကုနင်းက သူမကို ပြုံးပြလိုက်သည်။ ထိုစကားကိုကြားတော့ ကျန်းကျီခိုင်သည် သူမ၏ခန္ဓာကိုယ်မှာ အနည်းငယ်နာကျင်နေမှန်း သိလိုက်ရသည်။

ကျန်းကျီခိုင်၏ တုံ့ပြန်မှုကို မြင်လိုက်ရတော့ ရှောက်ကျီဟန်သည် စပ်စုပြီး ကုနင်းကို ကြည့်လိုက်သည်။ ကုနင်းကို အလွန်ရင်းနှီး‌နေပုံပေါက်သည်ဟု သူမ ခံစားမိသော်လည်း သူမသည် မည်သူဖြစ်သည်ကို ရုတ်တရက် မမှတ်မိတော့ပါ။

"အိုး ဒါတကယ်ပဲ!" သူမ အိပ်မက်မဟုတ်ဘူးဆိုတာ သေချာသွားပြီးနောက် ကျန်းကျီခိုင်က စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ သူနောက်ဆုံးတော့ မတော်တဆကုနင်းနဲ့ ပြန်တွေ့မိပြန်ပြီ။

သူမ လဲကျသွားချိန်မှာ ကျန်းကျီခိုင် ဒဏ်ရာ ရသွားမှာကို မင်ကျဲ့က စိုးရိမ်နေပေမယ့် သူမအဆင်‌ပြေတာကို မြင်လိုက်ရတာနဲ့ သူ ထွက်သွားရန်ပြင်လိုက်သည်။ ဘယ်သူ့မှ သူ့ကို ဂရုစိုက်မနေတဲ့အချိန်မှာ သူလွတ်မြောက်ချင်မိသည်။

သို့သော်လည်း ကုနင်းသည် ထိုအချိန်တွင် သူမ၏ ပါးစပ်ကို ဖွင့်လိုက်သည်။ “သူတို့ကို တားလိုက်”

ထိုစကားကိုကြားသောအခါ ချူးဖေ့ဟန်နှင့် အခြားသူများသည် မင်ကျဲ့နှင့် စုထုန်တို့ကို ချက်ချင်းတားလိုက်သည်။

"မင်းတို့ဘာလုပ်ချင်လို့လဲ?" မင်ကျဲ့ မျက်နှာပြောင်းသွားပြီး ကြောက်ရွံ့စွာဖြင့် မေးလိုက်သည်။ သူ့ရှေ့တွင် လူများစွာရှိ၍ အနိုင်ယူမည်ဆိုပါက သူသည် သေချာပေါက် အောင်နိုင်မည်မဟုတ်ပေ။

"မင်း တစ်ခုခု လုပ်ချင်လား" ကုနင်းက မင်ကျဲ့ကို လျစ်လျူရှုပြီး ကျန်းကျီခိုင်ကို မေးလိုက်သည်။ သူမသည် ကျန်းကျီခိုင်ကိုကူညီချင်သော်လည်း ကျန်းကျီခိုင်ကိုလည်း ဆုံးဖြတ်ချက်ချခွင့်ပေးခဲ့သည်။

“ဒီအရှက်မရှိတဲ့အတွဲကို ငါရိုက်ပစ်ချင်တယ်၊ ဒါပေမယ့် ငါလုပ်လို့မရဘူး။ ငါ့ကိုကူညီပေးလို့ရမလား?" ကျန်းကျီခိုင်က အမုန်းတရားပြင်းပြင်းဖြင့် မေးလိုက်သည်။ သူမသည် ၎င်းတို့အား အလွတ်ပေးရန် ဆန္ဒမရှိပေ။

ရှောက်ကျီဟန်သည် မင်ကျဲ့ကို သူမမှတစ်ဆင့် သိသောကြောင့် သူမသည် မင်ကျဲ့မှ ရှောက်ကျီဟန်ကို ပြုမူခဲ့ခြင်းအတွက် သူ့ကိုယ်သူ အပြစ်တင်မိသည်။ ရှောက်ကျီဟန်က မင်ကျဲ့ကို ရိုက်ချင်လား ဒါမှမဟုတ် ရိုက်ဖို့ တွန့်ဆုတ်နေမှာလားဆိုတာကို သူမ ဂရုမစိုက်ပါ။

ရှောက်ကျီဟန်သည် ၎င်းကို အမှန်တကယ် မစဉ်းစားဘဲ ကျန်းကျီခိုင် စကားကိုသာ နားထောင်လိမ့်မည်။

“ဟုတ်ပြီ” ကုနင်းက ပြောလိုက်သည်။

"ကျန်းကျီခိုင်!" မင်ကျဲ့သည် ဒေါသထွက်သွားခဲ့ပြီး ကျန်းကျီခိုင်သည် သူ့ကို ရိုက်လိုသည်ကို မယုံနိုင်ဖြစ်‌နေသည်။

"ကျန်းကျီခိုင် ငါက မင်းရဲ့ဝမ်းကွဲဆိုတာ မမေ့နဲ့။ မင်း ငါ့ကို ဘယ်လို အနိုင်ယူနိုင်မှာလဲ"

"ဝမ်းကွဲ? ရှင်က ကျွန်မဆွေမျိုးမလို့လား! ရှင်က ကျန်းတန်လင်းရဲ့ ဝမ်းကွဲ‌လေ။ ကျွန်မရဲ့ ဝမ်းကွဲမှ မဟုတ်တာ” ကျန်းကျီခိုင်က အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။

ကျန်းတန်လင်းသည် ကျန်းကျီခိုင်၏အငယ်ဆုံးဝမ်းကွဲညီမဖြစ်ပြီး မင်ကျဲ့မှာ ကျန်းတန်လင်း၏ အကိုတစ်၀မ်းကွဲဖြစ်သည်။ သူမသည် ကျန်းတန်လင်းနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသောကြောင့် သူမသည်လည်း မင်ကျဲ့ကို သူမ၏အကိုဝမ်းကွဲအဖြစ် ခံယူခဲ့သည်။

မင်ကျဲ့သည် လူကောင်း၊ ရိုးသားသူဟု သူမထင်ခဲ့ဖူးသော်လည်း အခုချိန်မှာတော့ သူသည် အရှက်မရှိသူဖြစ်ကြောင်း ပေါ်လွင်လာတော့သည်။

***

အခန်း ၁၇၂၇ အရမ်းပြင်းပြင်းထန်ထန်မရိုက်ပါနဲ့

ကျန်းတန်လင်းသည် သူမ၏အကို၀မ်းကွဲမှာ မည်ကဲ့သို့သောလူဖြစ်သည်ကို သိပါက သူမသည် သူ့ဘက်သို့လိုက်ပြီး ခုခံကာကွယ်နေမည်မဟုတ်ပေ။

“မင်း…” မင်ကျဲ့ စိတ်ဆိုးသွားပြီး ကျန်းကျီခိုင်က သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူးဆိုတာကို သူ သဘောပေါက်သွားသည်။

"ကုနတ်ဘုရားမ သူတို့ကို မမေ့သွားနိုင်မယ့် သင်ခန်းစာ ပေး‌ပေးပါ" ဟု ကျန်းကျီခိုင်က ပြောသည်။

"မင်းဆန္ဒအတိုင်းပါပဲ" ကုနင်းက ပြောပြီး အမိန့်ပေးလိုက်သည်။ "ဖေ့ဟန်၊ ဟောင်ရန် နင်တို့ နှစ်ယောက် လုပ်လို့ရတယ် မြန်မြန်လုပ်လိုက်ပါ" သာမန်လူနှစ်ယောက်ကို ကိုင်တွယ်ရန် လူများစွာ မလိုအပ်ပါ။ တကယ်တော့ သူတို့ထဲက တစ်ယောက်ပဲလုပ်ရင်‌တောင် သူတို့ကို ရိုက်နှက်ဖို့ လုံလောက်သည်။ သို့သော်လည်း ကုနင်းသည် ဟောင်ရန်အား ကောင်လေးကို ကိုင်တွယ်ရန် ဆုံးဖြတ်‌ပေးလိုက်ပြီး ချူးဖေ့ဟန်သည် ကောင်မလေးကို ကိုင်တွယ်မည်ဟု ဆုံးဖြတ်လိုက်သည်။

"ပြဿနာမရှိပါဘူး!" ချူးဖေ့ဟန်နှင့် ဟောင်ရန်သည် ကုနင်း၏ အမိန့်ကြားပြီးသည်နှင့် တစ်စက္ကန့်မျှ မစောင့်နိုင်တော့ဘဲရှေ့သို့ လျှောက်သွားသည်။

"ဟင့်အင်း ငါ ရဲခေါ်လိုက်မှာနော်!" မင်ကျဲ့သည် ကြောက်လန့်တကြား ခြေလှမ်းအနည်းငယ်ဖြင့် နောက်ပြန်ဆုတ်သွားသော်လည်း လွတ်မြောက်ရန် လမ်းမရှိပေ။

"မင်ကျဲ့၊ ငါကြောက်တယ်" စုထုန်သည် မင်ကျဲ့၏နောက်တွင် ပုန်းအောင်းနေခဲ့သည်။ ချူးဖေ့ဟန်နှင့် ဟောင်ရန်တို့သည် ရဲခေါ်မည်ကို ဂရုမစိုက်ဘဲ ရိုက်နှက်ရန် သွားကြသည်။

ချူးဖေ့ဟန်သည် စုထုန်၏ ပါးကို ရိုက်လိုက်ပြီး ဟောင်ရန်က မင်ကျဲ့ကို အပြင်းအထန်ထိုးလိုက်သည်။ သူတို့သည် နာကျင်စွာ အော်ဟစ်ကာ အချည်းနှီး ရုန်းကန်ကြိုးစား‌နေကြသည်။

ချူးဖေ့ဟန်နှင့် ဟောင်ရန်တို့သည် ၎င်းတို့၏ အင်အားကို ထိန်းချုပ်ရမည်ဟု နားလည်ထားကြသည်။ သူတို့ကို သင်ခန်းစာတစ်ခု သင်ပေးဖို့သာ ရည်ရွယ်ပါသည်။

မင်ကျဲ့ အထိုးခံရတာကိုမြင်တော့ ရှောက်ကျီဟန်ကဝမ်းနည်းမိသွားသည်။ သူမသည် ယနေ့ မတိုင်မီက သူ့ကို နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့သောကြောင့် ယခု သူမ ရှောင်လွှဲမရသော ဒဏ်ကို ခံစား‌နေရသည်။

သို့သော်လည်း သူမအား သူလုပ်ခဲ့သမျှအတွက် သူ့ကို ဘယ်သောအခါမှ ခွင့်မလွှတ်နိုင်သောကြောင့် ဟောင်ရန် သူ့ကို ထိုးနေခြင်းအား တားမည်မဟုတ်ပေ။ ဆူညံသံများက ကားရပ်နားရာနေရာရှိ အခြားလူများ၏ အာရုံစိုက်မှုကို ခံရပြီး ဖြတ်သွားဖြတ်လာ လူနှစ်ဦး ရောက်လာခဲ့သည်။

"မင်းတို့ ဘာလုပ်နေတာလဲ? ဒီလိုမျိုး တခြားသူတွေကို အနိုင်ကျင့်လို့ရမလား”

"အဖြစ်အပျက်အမှန်ကို မသိပဲနဲ့ မပြောပါနဲ့။ ရှင့်မိန်းမနဲ့ ရှင့်အစ်ကိုက ရှင့်ကိုတစ်ချိန်တည်းသစ္စာဖောက်ရင်‌ရော။ အေးအေးဆေးဆေးနေပြီး သူတို့ကို ခွင့်လွှတ်မှာလား” ချူးဖေ့ဟန်က လေသံ‌အေးအေးဖြင့် ပြောသည်။ ထိုစကားကို ကြားတော့ သူတို့နှစ်ယောက် ဘာပြန်ပြောရမှန်းမသိ‌ပေ။ သူတို့၏ အမျိုးသမီးများနှင့် ရင်းနှီးသော ညီအစ်ကိုများက တစ်ချိန်တည်းတွင် ၎င်းတို့အား သစ္စာဖောက်မည်ဆိုပါက ၎င်းတို့သည် သေချာပေါက် ငြိမ်သက်မနနေိုင်သောကြောင့် ကုနင်းနှင့် သူမသူငယ်ချင်းများ၏ ယခု လုပ်ရပ်ကို နားလည်နုိင်ကြသည်။

“အင်း သူတို့ကို အရမ်းကြီး မရိုက်ပါနဲ့။ လက်လွန်သွားရင် မင်းအတွက်ကောင်းမှာမဟုတ်ဘူး” နောက်ဆုံးတွင် ထိုလူက သူတို့ကို သတိထားရန်သာ လုပ်နိုင်‌တော့သည်။

ထိုစကားကိုကြားတော့ မင်ကျဲ့က ဒေါသထွက်သွားသည်။ နောက်ဆုံးတွင် တစ်စုံတစ်ယောက်က သူတို့ကို ကယ်ဆယ်နိုင်တော့မည်ဟု သူထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ သူ စိတ်ပျက်သွားရသည်။ သူ့အပြုအမူ‌တွေက ဘာကြောင့် ဒီလောက်တောင် လက်မခံနိုင်ရတာလဲဆိုတာကို သူ နားမလည်သေးပေ။

သူလို တစ်ကိုယ်ကောင်းဆန်တဲ့လူက သူလုပ်ခဲ့တာတွေကို ဘယ်တော့မှ ပြန်တွေးမိမှာမဟုတ်ပေ။ သူ့လုပ်ရပ်က မမှန်ပေမယ့် ကြီးကြီးမားမားလို့‌ေတာ့ မထင်ပါ။

ခဏအကြာတွင် ကုနင်းသည် ချူးဖေ့ဟန်နှင့် ဟောင်ရန်တို့ကို ရပ်ခိုင်းလိုက်သည်။ လုံလောက်တယ်လို့ သူတို့မထင်ပေမယ့် ဘယ်အချိန်မှာ ရပ်ရမယ်ဆိုတာ သိသည်။ လက်လွန်သွားရင် အခက်တွေ့လိမ့်မည်။

ကုနင်းက မင်ကျဲ့ဆီကို လျှောက်သွားပြီး သူ့ကို ငုံ့ကြည့်လိုက်သည်။

"ရှင်လက်စားချေချင်ရင် ကျွန်မနဲ့ လာတွေ့လိုက်။ ဒါပေမယ့် ရှင် ကျန်းကျီခိုင်နဲ့ ရှောက်ကျီဟန်ကိုသာ ပြန်ကလဲ့စားချေရင် ဖြစ်လာမယ့် ရလာဒ်ကို မခံနိုင်‌လောက်ဘူးလို့ ကျွန်မ‌ပြောနိုင်တယ် ကျွန်မစကားနဲ့ ကျွန်မစွမ်းရည်ကို ဘယ်တော့မှ မမေ့နဲ့" မင်ကျဲ့ သည် တိတ်ဆိတ်နေခဲ့သည်။ သူလက်‌လျှော့လိုစိတ်မရှိသောကြောင့် လက်စားချေရန် စိတ်ပိုင်းဖြတ်ထားသော်လည်း ယခုတော့ မဟုတ်သေးပါ။

ကျန်းကျီခိုင်နှင့် ရှောက်ကျီဟန်ကိုတော့ သူသည် အမှန်တကယ်ပင် သူတို့ကို မထိခိုက်စေဝံ့ပါ။ သူ့မိဘတွေက ငွေရှာဖို့ ကျန်းမိသားစုကို အားကိုးရသည်။ ကျန်းကျီခိုင်ကို နာကျင်အောင်လုပ်ဖို့ သတ္တိရှိရင် သူ့မိဘတွေ ထိခိုက်မှာ ဖြစ်သလို သူ့အတွက်လည်း မကောင်းပါ။ ကျန်းကျီခိုင်သည် ရှောက်ကျီဟန်နှင့် ရင်းနှီးသောဆက်ဆံရေးရှိသောကြောင့် သူမသည် ရှောက်ကျီဟန်ကိုသေချာစွာကာကွယ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် မင်ကျဲ့သည် ရှောက်ကျီဟန်ကိုလည်း မထိခိုက်စေနိုင်ပေ။

ကုနင်းသည် မင်ကျဲ့ကို လျစ်လျူရှုပြီး ကျန်းကျီခိုင်ကို လှည့်ကြည့်လိုက်သည်။ "အခု ငါတို့ အစပ်ဟော့ပေါ့ သွားစားမို့ နင်ငါတို့နဲ့ လိုက်ခဲ့ချင်လား" ရှောက်ကျီဟန်ဟာ အခုချိန်မှာ စိတ်အ‌ခြေအနေမကောင်း၍ စားချင်စိတ်မရှိ‌လောက်ပေမယ့် ကုနင်းက သူ့ကို ယဉ်ကျေးမှုအရ ဖိတ်ခေါ်လိုက်သည်။

"ဟုတ်ပြီ!" ကျန်းကျီခိုင်က ချက်ချင်းပြောလိုက်သည်။

သူတို့ ဘာပဲသွားစားသွားစား သူမလိုက်သွားမည်။ ကျန်းကျီခိုင်သည် ကုနင်းနှင့်အတူတူထမင်းစားရန်ဖိတ်ကြားခံရ၍ စိတ်လှုပ်ရှား‌နေခြင်းမှာ ရှောက်ကျီဟန်ကို ဂရုမစိုက်သောကြောင့်မဟုတ်ပဲ ရှောက်ကျီဟန်သည် စားခြင်းဖြင့်သူမ၏မကောင်းသော ခံစားချက်များကို စွန့်ထုတ်နိုင်ကြောင်း သိသောကြောင့်ဖြစ်သည်။

ရှောက်ကျီဟန်သည် အစားအသောက် ဝါသနာရှင်တစ်ဦးဖြစ်ပြီး အရသာရှိသော အစားအစာကို မြင်သောအခါတွင် သူမစိုးရိမ်မှုများကို မေ့သွားနိုင်သည်။ ကျန်းကျီခိုင်က သူမကို မနာလိုဖြစ်စေတာကတော့ ရှောက်ကျီဟန်ဟာ ဘယ်လောက်ပဲ စားနေပါစေ သူမဟာ ဘယ်တော့မှ ၀မလာ‌ပေ။

“အများကြီးတော့စားရလိမ့်မယ်။ အဆင်ပြပေါ့မလား?" ကျန်းကျီခိုင်က သဘောတူပြီးသားမို့ ရှောက်ကျီဟန်က သူတို့ကို မငြင်းသင့်ဘူးလို့ ထင်သည်။ သို့သော်လည်း သူမသည် ယခုတွင် စိတ်အ‌ခြေအနေမကောင်းတာဖြစ်တဲ့အတွက် အများကြီးစားနိုင်သောကြောင့် စောစော သူတို့ကို ပြောပြသင့်သည်ဟု သူမထင်ခဲ့သည်။

ရှောက်ကျီဟန်၏အမူအရာကိုမြင်လျှင် ကုနင်းသည် သူမ၏အပျက်သဘောဆောင်သောခံစားချက်များကို အစာစားပြီးထုတ်ချင်ကြောင်းနားလည်ခဲ့သည်။ ကုနင်းက သူမသာစားချင်စိတ်ရှိနေသရွေ့ လုံးဝဂရုမစိုက်‌ပေ။

ကုနင်းက "မင်းစားချင်စိတ်ရှိသရွေ့ စားချင်သလောက်စားလို့ရတယ်"

အဲဒါကိုကြားတော့ ရှောက်ကျီဟန် စိတ်အေးလက်အေးဖြစ်သွားသည်။ သူမသာ ဗိုက်မပြည့်လျှင် စိတ်ပိုညစ်ရလိမ့်မည်။

ထို့နောက် သူတို့အတူတူ ထွက်ခွာလာခဲ့ကြသည်။

ကုနင်းသည် သူတို့ထွက်သွားပြီးနောက် မင်ကျဲ့က သူမ၏ကားကို ဖျက်စီးနိုင်သည်ကို မကြောက်ပေ။ ကားရပ်နားရာနေရာ၌ စောင့်ကြည့်ကင်မရာများ ရှိနေသောကြောင့်ဖြစ်ပေသည်။ မင်ကျဲ့ သည် သူမ၏ကားကို ဖျက်ဆီမှာဆိုးတာနဲ့ပဲ သူမသည် ဤနေရာတွင် တစ်ချိန်လုံးနေမည်မဟုတ်ပေ။

"ကျီဟန်၊ ငါမိတ်ဆက်‌ပေးပါရစေ၊ ဒါ ငါနင့်ကို အမြဲပြောပြောနေတဲ့ ကုနတ်ဘုရားမ ကုနင်းလေ" ဟု ကျန်းကျီခိုင်က ရှောက်ကျီဟန်သို့ပြောသည်။

ထိုစကားကိုကြားတော့ ရှောက်ကျီဟန်သည် ချက်ချင်းပင် အံ့အားသင့်စွာဖြင့် မျက်လုံးများ ပြူးသွားသည်။ ကုနင်းကို အလွန်ရင်းနှီး‌နေပုံရသည်ဟု သူမခံစားရသည်မှာ အံ့သြစရာမဟုတ်ပေ။ ကုနင်းသည် အင်တာနက်ပေါ်တွင် ကျော်ကြားသော ကုနတ်ဘုရားမဖြစ်ပြီးအရည်အချင်းရှိသော မိန်းကလေးဖြစ်သည်။ ကျန်းကျီခိုင် က သူမက ကုနင်းနဲ့အောင်မြင်စွာ မိတ်ဖွဲ့နိုင်ခဲ့ပြီး ဖြစ်နိုင်ရင် ကုနင်းကို တွေ့ဖို့ ခေါ်သွားမယ်လို့ သူမကို ပြောဖူးလို့ သူမဟာ ကုနင်းကို အမြဲတမ်း တွေ့ရဖို့မျှော်လင့်နေခဲ့ရသည်။

မထင်မှတ်ပဲ သူမက ကုနင်းကို အခုချက်ချင်း တွေ့နိုင်ခဲ့သည်။ သူမ ဒီနေ့ အရမ်းကံကောင်းလွန်းလှသည်!

"ဟိုင်း ကုနတ်ဘုရားမ!" ရှောက်ကျီဟန်သည် စိတ်လှုပ်ရှားမှုအပြည့်ရှိနေသည်။

"မင်း ငါ့ကို ကုနင်းလို့ပဲ ခေါ်လို့ရပါတယ်။ ငါတို့က သူငယ်ချင်းတွေပဲလေ။” ဟု ကုနင်းက ပြုံးပြီး ပြောလိုက်သည်။ သူမသည် အခြားသူများထက် သာလွန်သည်ဟု မထင်ပေ။

ဒါပေမယ့် ကုနင်းက သူတို့ဟာ သူငယ်ချင်းတွေလို့ ပြောတာက ကြင်နာမှုတစ်ခုသာဖြစ်ပါသည်။ နှစ်ပေါင်းများစွာ သိခဲ့ကြသော သူငယ်ချင်းများ ၊ သူငယ်ချင်းကောင်း ၊ အများသူငှာ သူငယ်ချင်းများ ၊ အသိမိတ်ဆွေ အစရှိသဖြင့် သူငယ်ချင်းအမျိုးအစား‌ပေါင်းများစွာရှိသည်။ ကုနင်းနှင့် ကျန်းကျီခိုင်တို့သည် ထိုအချိန်က အသိမိတ်ဆွေများသာဖြစ်သည်။

အကျိုးအမြတ် ပဋိပက္ခမရှိ၍ ယုံကြည်စိတ်ချရသူသာ ဖြစ်လျှင် ထိုသူသည် ကုနင်း၏ဆက်သွယ်မှု၏ အစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် သူမသည် သူတို့နှင့် တမင်တကာ ခပ်ခွာခွာနေမည်မဟုတ်ပေ။

***

အခန်း ၁၇၂၈ သရဲအိမ်သို့ သွားခြင်း

ချူးဖေ့ဟန်နှင့် အခြားသူများသည် ကုနင်း၏ သူငယ်ချင်းများဖြစ်ခဲ့သည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။ သူတို့သည် သူမ၏ အကူအညီလိုသည့်အခါတိုင်း သူတို့ကိုကူညီရန် မတုံ့ဆိုင်းပေ။ သို့‌သော် သူမအား လုံးလုံးအားကိုးခွင့်မပြုပေ။ ဒုက္ခကြုံတိုင်းသာ သူမကို အကူအညီတောင်းလေ့ရှိရင် အဲဒါက အကျင့်ဆိုးတစ်ခုဖြစ်လာမှာဖြစ်တဲ့အတွက် သူတို့ကို ကူညီမှာမဟုတ်‌ပေ။ ထို့အပြင် သူမသည် ပျင်းရိပြီး တစ်ကိုယ်ကောင်းဆန်သူများကိုလည်း မုန်းတီးသည်။

လူတိုင်းဟာ အမှီအခိုကင်းဖို့ သင်ယူရမည်။

ကုနင်းက သူတို့ကို သူငယ်ချင်းအဖြစ် သတ်မှတ်ကြောင်း ရှောက်ကျီဟန် ကြားသောအခါ သူမသည် မြှောက်တက်သွားသလို ခံစားခဲ့ရသော်လည်း သူမသည် ယခုတွင် ကုနင်း၏ သူငယ်ချင်းအစစ်အမှန်မဟုတ်ကြောင်း သိပါသည်။

သူမသည် နုံအသောမိန်းကလေးမဟုတ်ပါ၊ သူငယ်ချင်းအစစ်ဖြစ်ရန် အချိန်ယူရကြောင်း သူမသိပေသည်။ ဒါသူတို့ရဲ့ ပထမဆုံးတွေ့ဆုံမှုဖြစ်တဲ့အတွက် ယဉ်ကျေးမှုအရပြောတာပင်။ ဘာပဲပြောပြော ကုနင်းက ကျေကျေနပ်ကြီးပြောတာဖြစ်တဲ့အတွက် သူတို့ကို သူငယ်ချင်းဖြစ်လာဖို့အတွက် ကြိုဆိုတယ်ဆို‌တဲ့ သဘောပင်။

ကုနင်းကို သဘောကျကြတဲ့သူတွေရှိပြီး သူမက အရမ်းထူးချွန်တာကြောင့် မနာလိုဖြစ်ကြတဲ့သူ‌တွေလည်း ရှိပေမယ့် ရှောက်ကျီဟန်က သူမကို သဘောကျကြမိသည်။

သူမသည် ကုနင်း၏အသိအကျွမ်းသာဖြစ်‌ပေမယ့်လည်း ကုနင်းကိုသိရန် စိတ်လှုပ်ရှားနေမိသည်။

ဤသို့ပင် ရှောက်ကျီဟန်သည် သူမအား မင်ကျဲ့ လုပ်ခဲ့သမျှကို ခေတ္တမေ့သွားပြီး လမ်းတစ်လျှောက်တွင် အခြားသူများနှင့် ပျော်ရွှင်စွာ စကားပြောဆိုခဲ့သည်။

ရှောက်ကျီဟန်သည် ထူးချွန်သော မိန်းကလေးဖြစ်ပြီး သူမသည် အချိန်အကြာကြီး ဆိုးရွားသော အရာတစ်ခု၏ ဒဏ်ကို ခံစား‌နေမည်မဟုတ်ဘဲ ပျော်ရွှင်စရာတစ်ခုခုကို တွေ့ပြီးသည်နှင့် ၎င်းကို မေ့သွားလိမ့်မည်ဖြစ်သည်။ ဒီအရာက သူမမှာ စိတ်ပူစရာနည်းနည်းပဲရှိနိုင်တဲ့အတွက် ကောင်းသော အရာပင်။

သူတို့သည် အစားအသောက်လမ်းရှိ ရပနေ်းအစားဆုံး ဟော့ပေါ့ စားသောက်ဆိုင်သို့ သွားခဲ့ကြသော်လည်း လူများလွန်းသောကြောင့် ရနိုင်သော ထိုင်ခုံများအတွက် တန်းစီစောင့်ဆိုင်းရန် လိုအပ်သည်။ သူတို့ရှေ့တွင် နှစ်ဖွဲ့သာ စောင့်ဆိုင်းနေသဖြင့် ခဏစောင့်ရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့ တိုကင်နံပါတ်ကို ရပြီးနောက်မှာ လူအုပ်စုတွေ ပိုများလာပြီး ဒီည စောစော ရောက်လာတာကိုပဲ ကံကောင်းတယ်လို့ ခံစားရမိသည်။ တစ်မိနစ်‌လောက်သာနောက်ကျလျှင် အချိန်ပိုကြာအောင် စောင့်ရလိမ့်မည်။ သူတို့ရောက်လာသောအခါ လူအုပ်စုများစွာသည် စားသောက်ပြီးခါနီးဖြစ်သောကြောင့် ၁၀ မိနစ်စောင့်ဆိုင်းပြီးနောက် မကြာမီတွင် ထိုင်ခုံများရရှိခဲ့ကြသည်။

"ဒီနေ့ကျွန်မ ကျွေးမှာမလို့ အားလုံးကြိုက်သလို မှာလို့ ရတယ်" ဟု ကုနင်းက အလွန်ရက်ရောသော လေသံဖြင့် ပြောသည်။

“ကောင်းလိုက်တာ!” ဟောင်ရန် နှင့် အခြားသူများသည် ကုနင်း၏ ပိုက်ဆံကို ခြွေတာမည်မဟုတ်ပဲ ဝမ်းဗိုက်ဖြည့်ရန်အတွက် အစားအစာများစွာကို မှာယူခဲ့ကြသည်။

ရှောက်ကျီဟန်နှင့် ကျန်းကျီခိုင်သည် အစားအစာများစွာကို မှာယူရန် တုံ့ဆိုင်းနေသော်လည်း ဟောင်ရန်နှင့် အခြားသူများ မှာထားသည်မှာများမှာ သူတို့စားချင်တဲ့အရာတွေဖြစ်တဲ့အတွက် အရေးမကြီးပါ။

သူတို့သည် နောက်ပိုင်းတွင် သဘောတူညီမှုရခဲ့ပြီး ဟင်းချိုကို အလယ်အလတ်အပူရှိန်ဖြင့် မှာယူခဲ့သည်။

အစားအသောက်များစားရင်း အချင်းချင်း စကားစမြည်ပြောကြသည်။

"ကုနင်း နင်ဘယ်တော့ စာရင်းသွင်းဖို့ တက္ကသိုလ်သွားမှာလဲ? ငါတော့ စာသင်နှစ်သစ်စတဲ့ ပထမဆုံးနေ့မှာပဲ သွားမှာ။ ငါလည်း မြို့တော်တက္ကသိုလ် မှာပဲ တက်ရမှာ‌လေ။ ငါတို့ မေဂျာမတူပေမယ့် ရှေ ့ဆက်တစ်ယောက်နဲ့တစ်ယောက်ပို‌တွေ့ရတော့မှာ” ဟု ကျန်းကျီခိုင်က ဆိုသည်။

"ပထမနေ့မှာ စာရင်းသွင်းဖို့ ဖေ့ဟန်နဲ့ မီရှီကို ပို့ရမှာဆိုတော့ ဒုတိယနေ့‌လောက်ဖြစ်နိုင်တယ်" ဟု ကုနင်းမှ ပြောကြားသည်။

“နားလည်ပြီနားလည်ပြီ” လို့ ကျန်းကျီခိုင်က ပြောသည်။ ဒုတိယနေ့တွင် ကုနင်းအား တက္ကသိုလ်သို့ အတူတူတက်ဖို့ သူမစောင့်မည်ဟု မပြောခဲ့ပေ။ သူမမှာ ထိုသို့လုပ်ချင်သော်လည်း သူတို့သည် မရင်းနှီးတာကြောင့် ကုနင်းကို စိတ်မသက်မသာဖြစ်အောင် မလုပ်ချင်ပေ။

သူတို့ လူရှစ်ယောက်ပဲရှိတာကို လူ ၁၂ ယောက်စာလောက် စားဖို့ မှာထားတာမို့ အများကြီး စားရသည်။ ထို့ကြောင့် လူများစွာသည် သူတို့ကို အထူးအာရုံစိုက်ပြီး သူတို့၏ အစာအိမ်စွမ်းရည်ကြောင့် ထိတ်လန့်သွားကြသည်။

တစ်ချို့ကလည်း လှောင်ကြသည်။ “အရင်က တခါမှ မစားဖူးတဲ့ အစားအစာတွေနေမှာပေါ့။ အဲ့တာကြောင့် အများကြီးစားတာ”

"နှစ်ပေါင်းများစွာ ငတ်ပြတ်လာလားမသိ!" သူတို့နဲ့ အသက်တူတဲ့ မိန်းကလေးနှစ်ယောက်က နောက်စားပွဲပေါ်ကနေ ပြော‌နေခြင်းဖြစ်သည်။ အဲဒါကိုကြားတော့ ကုနင်းနဲ့ သူ့သူငယ်ချင်းတွေက မကျေမနပ်ဖြစ်သွားသည်။

ချူးဖေ့ဟန်သည် ချက်ချင်းပင် ငြင်းခုံလိုက်သည်။ “ငါတို့ဘယ်လောက်စားတယ်ဆိုတာ မင်းအလုပ်မဟုတ်ဘူး။ မင်းပိုက်ဆံကို ငါတို့သုံးနေတာမဟုတ်ဘူး!" ကောင်မလေးနှစ်ယောက်က အနည်းငယ် အကျင့်မကောင်းသော်လည်း ပြဿနာဖြစ်မည်ကို ကြောက်သောကြောင့် ချူးဖေ့ဟန်က သူတို့နှင့် ငြင်းခုံသောအခါ ပါးစပ်ကို ချက်ချင်းပိတ်လိုက်ကြသည်။ သူတို့စားပွဲဝိုင်းတွင် လူငါးဦးသာရှိ၍ စကားများပါက နိုင်မည်မဟုတ်ပေ။

သူတို့ကို အဖတ်မလုပ်တော့ဘဲ ချူးဖေ့ဟန်က ဆက်စားသည်။

ခဏအကြာတွင် ချူးဖေ့ဟန်က "ဘော့စ်၊ ငါတို့ ဒီည လျှောက်လည်ကြမလား?" ချူးဖေ့ဟန်သည် ဒီညကိုပျော်ချင်သော်လည်း ကုနင်း၏ထင်မြင်ချက်ကို ဦးစွာတောင်းဆိုရန် လိုအပ်သည်။ ကုနင်းမှာ ကိုင်တွယ်ဖြေရှင်းစရာ တစ်ခုခုရှိနေရင်၊ သူမကို သူတို့နဲ့ပူးပေါင်းဖို့ အတင်းအကြပ်လုပ်မှာ မဟုတ်ပါ။

"ဘယ်သွားချင်လို့လဲ?" ကုနင်းက မေးသည်။ ဘာပဲဖြစ်ဖြစ် ဒီညတော့ သူမ အချိန်ရ၍ သူတို့နဲ့ လိုက်လို့ရသည်။

"ကျီခိုင်၊ နင်က မြို့တော်မှာနေတာဆို‌တော့ ပျော်စရာကောင်းတဲ့နေရာကိုသိလား" ချူးဖေ့ဟန်က မေးသည်။

“အင်း ငါ သိပ်မသိပေမယ့် စိတ်ဝင်စားစရာ‌နေရာ တစ်နေရာတော့ရှိတယ်။ ဒါပေမယ့် ငါအဲဒီကို မသွားရဲဘူး” ဟု ကျန်းကျီခိုင်က ပြောသည်။

"ဘယ်ကိုလဲ?" ချူးဖေ့ဟန် က မေးသည်။

“ငရဲကမ္ဘာက သရဲခြောက်တဲ့အိမ်။ အရမ်းကြောက်စရာကောင်းတယ်တဲ့။ နှလုံးအားနည်းတဲ့သူတွေ အဲဒီကိုသွားလည်ရင် နှလုံးရောဂါဖြစ်နိုင်တယ်လို့တောင် ပြောကြတယ်။ ဒါကြောင့် ဘယ်တော့မှ မသွားရဲကြဘူး” လို့ ကျန်းကျီခိုင်က ပြောသည်။

"အဲ့ဒီအကြံကောင်းတယ်!" ဟောင်ရန်သည် စိတ်လှုပ်ရှားသွားသည်။

"ဘော့စ် ငါတို့ ငရဲကမ္ဘာကို သွားကြမလား" ချူးဖေ့ဟန်က ကုနင်းကို မေးလိုက်သည်။

"မင်းတို့ရော?" ကုနင်းက တခြားသူတွေကို မေးသည်။

ဟောင်ရန်က “ငါတော့ ပြဿနာမရှိဘူး”

"ငါလည်းပါမယ်!" ယွီမီရှီနှင့် ကျန်းထန်ပင်းတို့လည်း သဘောတူခဲ့ကြသည်။

ကြောက်လန့်နေနိုင်ပေမယ့် သူတို့မှာ သန်မာတဲ့နှလုံးသားရှိတယ်လို့ ယုံကြည်ကြသည်။

“မင်းတို့အားလုံး အဲဒီကို သွားချင်တယ်ဆိုရင် ငါလည်း သွားမယ်။ ဘာပဲဖြစ်ဖြစ် ငါ့စိတ်ထဲမှာ သွားချင်စိတ်အမြဲရှိခဲ့တာ။ ဘာပဲပြောပြော အဲ့အခန်းထဲကနေ ထွက်ချင်တယိဆိုရင်တောင် တခြားဟာတွေနဲ့ ပျော်လို့ရတာပဲ” လို့ ကျန်းကျီခိုင်က ပြောသည်။

“ငါလည်းပါမယ်” ရှောက်ကျီဟန်က ပြောသည်။ သူမလည်း ကြောက်နေပေမယ့် နောက်မှာ ကျန်‌နေခဲ့ဖို့ ဆန္ဒမရှိပါ။

တစ်ချိန်တည်းမှာပင် ရှောက်ကျီဟန်သည် သူမကိုယ်သူမ သတ္တိရှိရန်ပြောပြီး သရဲခြောက်သော အိမ်ရှိအရာအားလုံးသည် အတုအယောင်များဖြစ်‌ကြောင်းကို ပြောနေမိသည်။

"ကောင်းပြီ အခုသွားရအောင်!" အဲဒါကို အားလုံးသဘောတူပြီး ပြေလည်သွားပြီ။

အလွန်အကျွံစားထားသောကြောင့် သူတို့မထွက်ခွာမီ ခဏလောက် အနားယူခဲ့ကြရမည်။ သူတို့သည် ဖြည်းညှင်းစွာ လမ်းလျှောက်ပြီး ဝမ်းဗိုက်ကို အစာကြေစေရန် ကားပါကင်ဆီသို့ ပတ်လျှောက်သွားကြသည်။

သူတို့ ကားပါကင်ကို ပြန်ရောက်တဲ့အခါ ကုနင်းနဲ့ သူ့သူငယ်ချင်းတွေက ကားတစ်စီးကို အတူတူစီးကြပြီး ကျန်းကျီခိုင် က သူ့ကားကို မောင်းလာခဲ့သည်။ ကုနင်းက သူမနောက်ကို လိုက်သွားပြီး ကျန်းကျီခိုင်ကလမ်းကို ဦးဆောင်လိုက်သည်။

ငရဲကမ္ဘာသည် အပန်းဖြေဥယျာဉ်တွင်ရှိပြီး ၎င်းနှင့်သက်ဆိုင်သော်လည်း ၎င်းသည် အပန်းဖြေဥယျာဉ်နှင့် သီးခြား‌နေရာမှာတည်ရှိသည်။ ငရဲကမ္ဘာနှင့် အပန်းဖြေဥယျာဉ်ကို ဘယ်ဘက်နှင့် ညာဘက်တွင် ဧရိယာနှစ်ခု ခွဲခြားထားသည်။

အပန်းဖြေဥယျာဉ်ကို ယေဘူယျအားဖြင့် ညနေ ၆ နာရီအထိ ဖွင့်လှစ်ထားပြီး သန့်ရှင်းရေးကို ည ၇ နာရီတွင် စတင်ခဲ့သည်။ သို့သော် ငရဲကမ္ဘာကို ည ၁၂ နာရီအထိ ဖွင့်ထားသောကြောင့် ၎င်းသည် သက်ဝင်လှုပ်ရှားလာပြီး ညဘက်တွင် ပို၍ ကြောက်စရာကောင်းသည်။

ပိုစိတ်လှုပ်ရှားစရာကောင်းတဲ့ စွန့်စားခန်းကို လိုချင်တဲ့ ရဲရင့်သူတွေကလည်း ညဘက်လာဖို့ကိုသာ ရွေးချယ်ကြလိမ့်မည်။

All Chapters