← Chapters

အခန်း (၁၇၂၉-၁၇၃၄)

Vol. 108 Ch. 1729-1734

အခန်း (၁၇၂၉-၁၇၃၄)

Vol. 108 Ch. 1729-1734

အခန်း ၁၇၂၉ စိတ်လှုပ်ရှားလား?

ငရဲကမ္ဘာတွင် သရဲခြောက်သောအိမ်တစ်အိမ်သာရှိတာ မဟုတ်ပဲ မှိုတက်နေသောသစ်တော၊ စိတ်လှုပ်ရှားဖွယ်ရာ ဝင်္ကပါများနှင့် အနက်ရောင်အိမ်ငယ်စသည်ဖြင့် ရှိသေးသည်။ ၎င်းတို့အားလုံးသည် ဘေးကင်းလုံခြုံရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများပါ၀င်သည့် ကြောက်မက်ဖွယ်ကောင်းပြီး စိတ်လှုပ်ရှားဖွယ်ရာဂိမ်းများဖြစ်သည်။

သို့သော် ဧည့်သည်များသည် ထိုဂိမ်းများကို မကစားမီ သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။ ကိုယ်ရေးကိုယ်တာ ကျန်းမာရေးပြဿနာများကြောင့် မတော်တဆထိခိုက်မှုတစ်စုံတစ်ရာဖြစ်ခဲ့ပါက အပန်းဖြေဥယျာဉ်မှ တာဝန်ယူမည်မဟုတ်ပါ။

အချို့သောလူများသည် အခြေအနေမကောင်းသောကြောင့် စိတ်လှုပ်ရှားဖွယ်ဂိမ်းများကို မကစားသင့်ဘဲ ၎င်းတို့၏ကိုယ်ခန္ဓာနှင့် အပန်းဖြေဥယျာဉ်အတွက် တာဝန်ခံမှုရှိသင့်သည်။

အကယ်၍ အပန်းဖြေဥယျာဉ်သည် တစ်ကိုယ်ရေကျန်းမာရေးပြဿနာများအတွက် တာဝန်ယူရမည်ဆိုပါက ရောဂါကုသရန် ပိုက်ဆံမရှိသော ဖျားနာသူများသည် အပန်းဖြေဥယျာဉ်ကို ကုသခအတွက် အလွဲသုံးစားလုပ်ရန် ဤနေရာသို့ ရောက်ရှိလာပါက မည်ကဲ့သို့ဖြစ်မည်နည်း။

အပန်းဖြေဥယျာဉ်သည် ညစ်ပတ်သောလှည့်ကွက်များ၌ ချုပ်မိရန် ဆန္ဒမရှိပေ။

ကုနင်းနှင့် သူမ၏ သူငယ်ချင်းများသည် ခန္ဓာကိုယ် အခြေအနေ ကောင်းမွန်ပါသည်။ ကျန်းကျီခိုင်နှင့် ရှောက်ကျီဟန်တို့ကလည်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတဲ့အတွက် ပြဿနာမရှိဟု ဆိုလိုခြင်းလည်းဖြစ်သည်။

အကယ်၍ ဆိုးရွား‌သော အရာတစ်ခု ဖြစ်လာရင်တောင်မှ သူမ သူတို့ကို ကူညီမှာပါ၊ ဒါကြောင့် သူတို့စိုးရိမ်စရာ ဘာမှမရှိပေ။

သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး‌နောက် လက်မှတ်ဝယ်ပြီး အထဲကို ၀င်သွားကြသည်။ သို့သော် ယခုအချိန်တွင် သရဲခြောက်သောအိမ်သို့ ရောက်ရှိလာသူ အများအပြားရှိ‌နေသည်။

ထိတ်လန့်မှုအငွေ့အသက်ကို မထိခိုက်စေရန်အတွက် အကြိမ်တိုင်းတွင် ဝင်ရောက်သူအရေအတွက်ကို ကန့်သတ်ထားသည်။ တစ်ကြိမ်ကို လူ ၁၀ ဦးထက် ပိုမ၀င်နိုင်ဘဲ ဒုတိယလူအုပ်စုသည် ပထမလူအုပ်စု၏ လမ်းကြောင်းတစ်ဝက်မပြီးမချင်း မဝင်နိုင်ပါ။

သရဲအိမ်တွင် စောင့်ကြည့်ကင်မရာများ ပါရှိသောကြောင့် ဧည့်သည်များ ဘယ်‌ရောက်နေသည်ကို ဝန်ထမ်းများက သိနိုင်မည်ဖြစ်သည်။

လူ ၁၀ ဦးတွင် မည်မျှဝင်နိုင်သည်ဆိုသည်မှာ သူတို့သည် ဂိမ်းကို ပိုကြောက်မက်ဖွယ်ဖြစ်စေသောအခါ သို့မဟုတ် ကြောက်စရာ နည်းစေလိုခြင်းအပေါ် မူတည်ပါသည်။ လူနည်းရင် ဂိမ်းက ပိုကြောက်စရာကောင်းလိမ့်မည်။

သရဲအိမ်သည် အထပ်သုံးထပ်ရှိသော အဆောက်အအုံဖြစ်ပြီး ဘယ်ဘက်တွင် ဝင်‌ပေါက်နှင့် ညာဘက်တွင် ထွက်ပေါက်ပါရှိသည်။ သရဲခြောက်သောအိမ်၏အသွင်အပြင်သည် အလွန်စုတ်ပြတ်သတ်ပြီး ထိုအချက်နဲ့တင် လူများကို ကြောက်ရွံ့ထိတ်လန့်စေသည့်ခံစားချက်ကို ပေးစွမ်းနိုင်သည်။

သရဲအိမ်၏ကြမ်းပြင်ဧရိယာသည် ၁,၅၀၀ စတုရန်းမီတာရှိသည်။ သာမန်အမြန်နှုန်းဖြင့် ဖြတ်လျှောက်ရန် မိနစ် ၂၀ ကြာမြင့်မည်။

သရဲတစ္ဆေများ၏ အလင်းရောင်နှင့် အရိပ်များနှင့် သရဲခြောက်သောအိမ်ရှိ သွေးပျက်ဖွယ်ရာ မြင်ကွင်းများသည် အလွန်လက်တွေ့နှင့်တူပေသည်။

ဧည့်သည်များ ကိုယ်တိုင်ဖွင့်ရန် လိုအပ်သော တံခါးများနှင့် အခြားအဖွဲ့အစည်းများစွာရှိသဖြင့် ၎င်းတို့အား အမှောင်ထဲတွင် အမည်မသိသော အကြောက်တရားများကို တွေ့ကြုံခံစား‌စနေိုင်သည်။

လူလုပ် ထိတ်လန့်ဖွယ်အထူးပြုလုပ်ချက်များအပြင် သရဲတစ္ဆေများ သို့မဟုတ် ဖုတ်ကောင်များအဖြစ် ဟန်ဆောင်ကာ ဧည့်သည်များကို ကြောက်ရွံ့စေရန် ထောင့်တိုင်းတွင် သေးငယ်သော လှုပ်ရှားမှုများ ပြုလုပ်သည့် ဝန်ထမ်းများလည်း ရှိမည်ဖြစ်သည်။ သူတို့၏ မိတ်ကပ်အထူးပြုလုပ်ချက်က သရဲရုပ်ရှင်တွေကို အပြည့်အဝ မှီသည်။ လူတွေက အတုမှန်းသိရင်တောင် ကြောက်စရာကောင်းလှသည်။

ထို့ကြောင့် သရဲအိမ်တံခါးဝသို့မဝင်မီတွင်ပင် ကျန်းကျီခိုင်နှင့် ရှောက်ကျီဟန်တို့သည် ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်စပြုနေပြီ။ တခြားသူတွေက သရဲအိမ်အကြောင်း သိပ်မသိကြတဲ့အတွက် ဘယ်လောက်ထိ ကြောက်စရာကောင်းမှန်း မသိခဲ့ကြပေ။ ချူးဖေ့ဟန်၊ ဟောင်ရန်၊ ကျန်းထန်ပင်းနှင့် မုခယ်တို့သည်လည်း အလွန်စိတ်လှုပ်ရှားနေကြသည်။

သူတို့လည်း ကြောက်ရွံ့နေတာ သေချာပေမယ့် စိတ်လှုပ်ရှားစိတ်က ပိုများသည်။

ယွီမီရှီ က သူတို့ထက် ပိုစိတ်လှုပ်ရှားနေပြီး သူမရဲ့ ခန္ဓာကိုယ်က ကြောက်စိတ်ဖြင့် တုန်လှုပ်နေပေမယ့် သူမလက်ကို မုခယ် ကိုင်ထားတာကြောင့် သူမဟာ ကျန်းကျီခိုင်နဲ့ ရှောက်ကျီဟန်တို့ထက် ကံကောင်း‌ပေသည်။

သူတို့ရှေ့မှာ အဖွဲ့နှစ်ဖွဲ့ရှိသည်။ တစ်ဖွဲ့က လူငါးယောက်၊ ကျန်တစ်ဖွဲ့က ခြောက်ယောက်ဖြစ်သည်။ ယေဘူယျအားဖြင့် သရဲအိမ်များကို ၀င်ဖူးသူများသည် တစ်ယောက်တည်း သို့မဟုတ် သူငယ်ချင်းတစ်ဦးတည်းနဲ့ လာရဲလေ့မရှိပေ။ အ‌ဖော်နည်းလေလေ ပိုကြောက်စရာ‌ေကာင်းလေဖြစ်သည်။

စောင့်ဆိုင်းနေကြသော အဖွဲ့နှစ်ဖွဲ့လုံးမှာ စိုးရိမ်စိတ်ဖြင့် တုန်လှုပ်နေကြသည်။ တချို့က နှုတ်ထွက်ချင်ပေမယ့် အခုချက်ချင်း ထွက်လိုက်ဖို့ ဆန္ဒမရှိတာကြောင့် သူတို့ကိုယ်သူတို့ ဆက်နေဖို့သာ အားတင်းထားနိုင်ကြသည်။

"နင်တို့ တကယ်သတ္တိရှိတာပဲ။ လုံးဝစိတ်ပူ‌နေပုံမရဘူး။ အထူးသဖြင့် ကုနင်း သူအရမ်းတည်ငြိမ်တာပဲ” ဟု ကျန်းကျီခိုင်က ပြောသည်။

"ငါနည်းနည်းတော့ ကြောက်နေပေမယ့် တကယ်တော့ စိတ်လှုပ်ရှားတဲ့စိတ်ကများတယ်" ဟု ဟောင်ရန်က ပြောသည်။

ကုနင်းကတော့ နတ်ဆိုးတွေနဲ့ သရဲတစ္ဆေအစစ်တွေနဲ့ ကြုံတွေ့ခဲ့ဖူးတာမို့ တစ္ဆေအတုတွေကို မကြောက်ပါ။

သိပ်မကြာခင်မှာပဲ သရဲအိမ်ရဲ့အပေါက်ကနေ လူတချို့ထွက်လာသည်။ သူတို့သည် အမျိုးသမီး သုံးဦးနှင့် အမျိုးသား သုံးဦး ဖြစ်ကြပြီး အားလုံးမှာ ဖျော့တော့‌နေကာ တည်ငြိမ်စွာ လမ်းမလျှောက်နိုင်တော့ပေ။

အဲဒါကိုမြင်တော့ ကျန်းကျီခိုင်နဲ့ ရှောက်ကျီဟန်က ပိုကြောက်သွားပေမယ့် ကိုယ့်ကိုယ်ကိုယ် အထဲဝင်ဖို့ တွန်းအားပေးနေတုန်းပါပဲ။

လူတစ်စု ဝင်လာပြီး နောက်လူတစ်စု ထွက်သွားပြီးနောက် ကုနင်းနှင့် သူမ၏ သူငယ်ချင်းများ အလှည့်‌ရောက်လာသည်။

"ငါ ကုနင်းနောက်ကလိုက်မယ်" ကျန်းကျီခိုင်ကပြောပြီး သူမက ရှောက်ကျီဟန်ကို ကုနင်းရဲ့နောက်ကျောမှာရပ်ဖို့ ဆွဲ‌ခေါ်လိုက်သည်။ ကုနင်းသည် အလွန်သန်မာ၍ သူမနောက်က လိုက်လျှင် လုံခြုံသည်ဟု ခံစားရနိုင်သည်။

"ငါ ရှေ့က‌နေ သွားမယ်" ချူးဖေ့ဟန်က ပြောပြီး သူတို့ ရှေ့မှ လျှောက်သွားလျှင် ပိုစိတ်လှုပ်ရှားစရာ ကောင်းသောကြောင့် သူတို့အဖွဲ့၏ရှေ့သို့ ပြေးသွားသည်။

"ငါရောပဲ" ဟောင်ရန်လည်း ချက်ချင်း ရှေ့သို့ လျှောက်သွားသည်။ ထို့ကြောင့် ချူးဖေ့ဟန်နှင့် ဟောင်ရန်တို့က ရှေ့တန်းမှနေပြီး ကုနင်း၊ ကျန်းကျီခိုင် နှင့် ရှောက်ကျီဟန် တို့က အလယ်က၊ ထို့နောက် မုခယ်နှင့် ယွီမီရှီနှင့် ကျန်းထန်ပင်းတို့က နောက်ဆုံးက ရှိနေသည်။

သရဲအိမ်ထဲသို့ သူတို့ဝင်သွားသောအခါ ကုနင်းသည် မထူမပါးသော ယင်၏ အထိအတွေ့ကို ခံစားလိုက်ရသည်။ ဤအရာက အလွန်ပုံမှန်မဟုတ်သောကြောင့် သူမမျက်မှောင်ကြုတ်လိုက်မိသည်။ ဤအိမ်သည် သရဲအိမ်ဖြစ်သော်ငြားလည်း ၎င်းသည် ဖျော်ဖြေရေးအဆောက်အအုံတစ်ခုသာဖြစ်ပြီး ယင်ဓာတ်ရှိမနေသင့်ပေ။

အထဲမှာ တကယ့် သရဲတစ္ဆေများ ရှိ‌နေတာလား။

မဆိုင်းမတွဘဲ ကုနင်းသည် ၎င်းကိုရှာဖွေရန်အတွက် သူမ၏ ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုလိုက်သည်။

ရိုးရှင်းသောအကြည့်တစ်ချက်ဖြင့် သူမသည် သရဲအတုများကိုသာ မြင်လိုက်ရသည်။ ၎င်းတို့သည် မော်ဒယ်များ သို့မဟုတ် သရဲအသွင်ဆောင်ထားသော အမျိုးသားများနှင့် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းများလည်း ရှိ‌နေသည်။ ကုနင်းသည် ပြင်းထန်သော သွေးထွက်သံယို ရန်ပွဲများကို ကြုံတွေ့ခဲ့ရသော်လည်း ဤကြောက်စရာကောင်းသော မြင်ကွင်းများကြောင့် သူမသည် ကြောက်ရွံ့သွားပြီး အနည်းငယ် စက်ဆုပ်ရွံရှာဖွယ်လည်း ဖြစ်မိသည်။

၎င်းတို့သည် အရေးမကြီးသောအရာများသာ ဖြစ်တဲ့အတွက် ကုနင်းသည် တကယ့်တစ္ဆေအစစ်ကိုသာ ဆက်လက်ရှာဖွနေေသည်။ သို့သော် သူမသည် အတွင်းထဲသို့ လှမ်းဝင်လာပြီး ယင်သည် မပြင်းသောကြောင့် ၎င်းကို ရှာဖွေရန် သူမအတွက် မလွယ်ကူပေ။

သရဲခြောက်တဲ့အိမ်ထဲကို သူတို့ဝင်၀င်လာချင်း မြင်ကွင်း‌တွေက သိပ်ကြောက်စရာမဟုတ်တဲ့အတွက် ချူးဖေ့ဟန်နဲ့ တခြားသူတွေက မကြောက်ကြသေးကြပေ။ ကျန်းကျီခိုင်နှင့် ရှောက်ကျီဟန်တို့က‌တော့ ကြောက်လန့်နေကြသည်။

"အိုး၊ ကြောက်စရာကြီး!" ကျန်းကျီခိုင်ကပြောသည်။

"ဒါ အစပဲရှိသေးတာတောင် နင်ကြောက်နေပြီလား။ နောက်မှ ပိုကြောက်စရာကောင်းတဲ့ အရာတွေ တွေ့ရင် ဘယ်လိုလုပ်မလဲ” ဟောင်ရန်က ပြောသည်။

"ငါ...မသိဘူး" ကျန်းကျီခိုင်သည် ထိုအကြောင်းကို ဆက်တွေးဝံ့ခြင်းမရှိပေ။

"ကုနင်း ငါ့ကိုကာကွယ်ပေးနိုင်မလား" ထိုသရဲနှင့် နတ်ဆိုးများသည် အတုအယောင်များဖြစ်ကြောင်း သူမသိသော်လည်း ကျန်းကျီခိုင်သည် ၎င်းတို့ကြောင့် သူမထိခိုက်မည်ကို ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်သည်။

“ဟုတ်ပါပြီ” ကုနင်းက သဘောတူသည်။ ၎င်းတို့သည် သရဲတစ္ဆေအတုများပင်ဖြစ်သော်လည်း ဝန်ထမ်းများမှ ရုတ်တရက် ခုန်ထွက်ကာ ဧည့်သည်များကို အံ့အားသင့်စေမည့် သရဲတစ္ဆေများအဖြစ် ရှိနေကြပြီး အလွန်ကြောက်စရာကောင်းလှသည်။

ကုနင်းက သရဲအတုတွေကိုမြင်ရင် ကျန်းကျီခိုင်ကို အတတ်နိုင်ဆုံး ရှောင်ဖယ်သွားနိုင်အောင် ဆွဲပေးမည်။

အကယ်၍ သူတို့မရှောင်နိုင်လျှင်‌တော့ သူမလည်း မတတ်နိုင်ပေ။ ယင်၏တည်ရှိမှုကို အထူးဂရုပြုဖို့ လိုအပ်နေသေးတဲ့အတွက်ကြောင့် အဲ့ဘက်ကို အာရုံစိုက်ဖို့လည်း လိုသေးသည်။

ကုနင်း၏ သဘောတူညီချက်ဖြင့် ကျန်းကျီခိုင်သည် စိတ်သက်သာရာရသွားပြီး ကြောက်ရွံ့မှု နည်းပါးသွားသည်။

သရဲခြောက်သောအိမ်ထဲသို့ နက်ရှိုင်းစွာဝင်ရောက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှုခင်းများနှင့် အသံများသည် ကြောက်စရာ ပိုကောင်းလာသည်။ ချူးဖေ့ဟန်နှင့် အခြားသူများသည် ကြောက်ရွံ့စပြုလာသော်လည်း လုံးလုံးမကြောက်နေတာ မဟုတ်ပဲ စိတ်သာလှုပ်ရှားနေကြဆဲဖြသည်။

ယွီမီရှီသည် မုခယ်၏ရင်ခွင်ထဲတွင် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထား၍ ကျန်းကျီခိုင်နှင့် ရှောက်ကျီဟန်တို့ထက် အနည်းငယ် လုံခြုံပြီး ကြောက်စိတ်နည်းပါးသည်ဟု ခံစားမိသော်လည်း သူမမှာ ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်သည်။

မုခယ်၏ နှလုံးသားကမူ အပေါ်ယံကြည့်သလောက် ငြိမ်သက်မနေဘဲ ယွီမီရှီကို လုံခြုံမှု‌ပေးချင်တဲ့အတွက်ကြောင့် သူ့ကိုယ်သူ တည်တည်ငြိမ်ငြိမ်နေဖို့သာ တွန်းအားပေးနေ‌တော့သည်။

***

အခန်း ၁၇၃၀ သရဲအစစ်နဲ့ တွေ့ခြင်း

လေးငါးမိနစ်လောက် လမ်းလျှောက်ပြီးတာနဲ့ အလှည့်အပြောင်းတစ်ခုကို ရောက်သွားသည်။ ထိုစဉ် ရုတ်တရက် တစ္ဆေတစ်ကောင်က သူတို့၏ ခေါင်းအပေါ်ကနေ ပြုတ်ကျလာသည်။ ထိုအရာက ချူးဖေ့ဟန်နှင့် ဟောင်ရန်တို့နှင့် မီတာဝက်သာကွာဝေးပေသည်။ ချူးဖေ့ဟန်က ကြောက်လန့်တကြား ထအော်လိုက်ပြီး သူမသည် သိသိသာသာ အသည်းငယ်လာသည်။

ထိုမွန်းစတားများနှင့် သရဲတစ္ဆေများကို သူမအရမ်းမကြောက်သော်လည်း ရုတ်တရက် ခြောက်လန့်မှုဟာ သူမကို ကြောက်ရွံ့စေခဲ့သည်။

ဟောင်ရန်သည်လည်း ကြောက်လန့်နေသော်လည်း မအော်ရဲပေ။

အခြားသူများမှာ ပတ်ဝန်းကျင်ရှိ သရဲတစ္ဆေများကို ထိတ်လန့်နေကြပြီး ချူးဖေ့ဟန်၏အော်သံကြောင့် ၎င်းတို့ ပိုမိုကြောက်ရွံ့သွားကြသည်။

"ဘာဖြစ်လို့လဲ?" ကျန်းကျီခိုင်က ထိတ်လန့်စွာ မေးလိုက်သည်။

"တစ္ဆေတစ်ကောင်က ငါ့ခေါင်း‌ပေါ်ကနေ ပြုတ်ကျလာတာ" ဟု ချူးဖေ့ဟန်က ပြောသည်။ သူမသည် ထိုအကြောင်းကို ပြန်ပြောတာကိုပင် ကြောက်‌နေမိသည်။

ထိုစကားကိုကြားတော့ ကျန်းကျီခိုင်သည် သရဲတစ္ဆေရှိမရှိကြည့်ရန် ခေါင်မိုးပေါ်သို့ မော့ကြည့်ချင်သော်လည်း ထိုသို့လုပ်ရန်အတွက် သူမ အလွန်ကြောက်‌နေမိသည်။

ထို့နောက် သူမသည် အပေါ်သို့ မော့ကြည့်လိုက်သော် သူမကိုတည့်တည့်စိုက်ကြည့်နေသည့် သရဲမ၏ မျက်လုံးတစ်စုံကို မတော်တဆတွေ့လိုက်ရသည်။ သူမသည် ထိတ်လန့်သွားပြီး ချက်ချင်းပင် မျက်စိများမှိတ်လိုက်မိသည်။

တကယ်တော့ လမ်းတစ်လုံးမှာ ကျန်းကျီခိုင်နဲ့ ရှောက်ကျီဟန်က နောက်လှည့်မကြည့်ဝံ့ဘဲ ကုနင်းရဲ့ ကိုယ်ကိုသာ အာရုံစိုက်နေခဲ့သည်။ ကုနင်း သွားလေရာနောက်ကို သူတို့လိုက်သွားကြသည်။

ယွီမီရှီလည်း ထိုနည်းလည်းကောင်းပင်။ သူမသည်လည်း မကြာခဏ မျက်လုံးများပိတ်ကာ လမ်း‌လျှောက်လေသည်။ ဘာပဲဖြစ်ဖြစ် မုခယ်က သူမကို သူ့ရင်ခွင်ထဲမှာ ပွေ့ဖက်ထားတဲ့အတွက် သူတို့သွားမယ့်လမ်းကို ကြည့်ဖို့ မလိုအပ်‌ပေ။

ကျန်းထန်ပင်းသည် ယွီမီရှီနှင့် အခြားသူများထက် အခြေအနေ‌ကောင်းသော်လည်း သူလည်း အတော်လေး ကြောက်ရွံ့နေသည်။ သူသည် လူတန်း၏အဆုံးတွင်ရှိနေပြီး ကြောက်စရာကောင်းသည့်အရာသည် သူ့နောက်ကျောကို ထိကာ ရုတ်တရက် ခုန်ထွက်လာမည်ကို သူကြောက်သည်။

ထိုအရာက အမှန်တကယ်ပင်ဖြစ်လာတော့သည်။ ၁၀ မီတာအကွာအဝေးရှေ့သို့လျှောက်လာပြီးနောက် တစ်စုံတစ်ယောက် သို့မဟုတ် တစ္ဆေတစ်ကောင်က သူ့ပခုံးကို လက်ဖြင့်ပုတ်လာသည်။ ကျန်းထန်ပင်းက ကြောက်လန့်ပြီး ခုန်မိလုနီးပါးပင် ဖြစ်သွားတယ်။

နောက်မှ တစ္ဆေအတုမှန်း သိလိုက်ရတော့ တဖြေးဖြေး တည်ငြိမ်သွားပြီး အဲဒါကို တစ်ချက်လှည့်ကြည့်ပြီးနောက် ရှေ့သို့ ဆက်လျှောက်လာသည်။

“တစ္ဆေ” သည် သူ့လက်ကို ဖယ်လုနီးပါးပင်။ သူ့ကိုယ်သူ သရဲတစ္ဆေအသွင်ဆောင်သော ဝန်ထမ်းက ကျန်းထန်ပင်း၏ကျယ်လောင်စွာအော်သံကို မမြင်လိုက်ရတဲ့အပြင် ကျန်းထန်ပင်းက သူ့ကို တစ်ချက်ပင် လှည့်ကြည့်လိုက်‌သေးသည်။

ကျန်းထန်ပင်း၏ ခိုင်မာသောနှလုံးသားကြောင့် သူ အံ့အားသင့်သွားသည်။ ယခင်ကလည်း အကြိမ်များစွာ ပြုလုပ်ခဲ့ဖူးပြီး လာရောက်လည်ပတ်သူ အများစုက အော်ဟစ်ခဲ့ကြသည်။ ရုတ်တရက်ဆိုသလိုပင် ဝန်ထမ်းသည် အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။

ဤအခိုက်အတန့်တွင် ကုနင်းသည် ယင်၏အရင်းအမြစ်ကို ပိုမိုသိသာထင်ရှားစွာ ခံစားမိလာသည်။ သူမပြောတာမှန်သည် တကယ့်တစ္ဆေတစ်ကောင်ရှိနေတာပင်။

၎င်းသည် အထီးတစ္ဆေဖြစ်ပြီး ကုနင်းဆီသို့ ဦးတည်ကာ လာနေသည်။ အနက်ရောင်အဝတ်အစား ၀တ်ထားပြီး အလွန်ကြောက်စရာကောင်းသော မျက်နှာထားနှင့်ပင်။ သို့သော် ကုနင်းသည် သရဲတစ္ဆေများကို အကြိမ်များစွာမြင်ဖူးသောကြောင့် မကြောက်ပေ။

သရဲအထီးသည် သူတို့ဆီသို့ လျင်မြန်စွာ ပျံသန်းသွားပြီး လနှစ်ဖွား မိန်းကလေး၏ လေထုကို အနံ့ခံ‌နေသည်ဟု ကုနင်းက ခန့်မှန်းမိလိုက်သည်။

ပုံမှန်အားဖြင့် သရဲတစ္ဆေများသည် လူများကို မထိနိုင်သော်လည်း ၎င်းတို့သည် မှော်ပညာဖြင့်လနှစ်တွင် မွေးဖွားသော မိန်းကလေး၏ စွမ်းအင်ကို တိုက်ရိုက်စုပ်ယူနိုင်သည်။

ကုနင်းသည် ၎င်းကို မစိုးရိမ်ပါ၊ အဘယ်ကြောင့်ဆိုသော် ၎င်းသည် သူမကို ထိလိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ စိတ်စွမ်းအင်အာကာပြင် ထဲသို့ ထည့်နိုင်ပြီး သူမတစ်ယောက်တည်း ရှိမယ့်အခါကျမှ ၎င်းကို ကိုင်တွယ်ဖြေရှင်းနိုင်သောကြောင့်ဖြစ်သည်။

လမ်းတစ်လျှောက်တွင် ကျန်းကျီခိုင်နှင့် အခြားလူများက ကျယ်လောင်စွာ အော်ဟစ်ခဲ့ကြသည်။ ချူးဖေ့ဟန်နှင့် ဟောင်ရန်တို့သည်လည်း အလွန်ကြောက်လန့်‌နေကြသည်။ သူတို့သည် ဝန်ထမ်း၏ သေးငယ်သော လှုပ်ရှားမှုကြောင့်သာ ကြောက်လန့်ခဲ့ကြပြီး ဘီလူးများနှင့် သရဲတစ္ဆေများကို‌တော့ မထိတ်လန့်ခဲ့ကြပေ။ တစ်ချိန်တည်းမှာပင် သူတို့သည် ရွံရှာ၍ အော့အန်ချင်ကြသည်။

“ဘုရားရေ ရွံစရာကြီး” ချူးဖေ့ဟန်က စောဒကတက်သည်။

“ငါကတော့ နှလုံးရပ်တော့မလို ဖြစ်‌နေတာကို နင်က‌တော့ ရွံစရာကောင်းတယ်လို့ ခံစားရတယ်ဟုတ်လား။ နင်စိတ်မာလိုက်တာ!” ကျန်းကျီခိုင်က အံ့သြသွားသည်။

"နင် ငါတို့ ဘော့စ်ကို ကြည့်ပါလား။ သူတစ်ချိန်လုံး ငြိမ်နေပြီး လုံး၀ကို မကြောက်တာ” ချူးဖေ့ဟန်က ကုနင်းကို လှည့်ကြည့်ပြီး‌ပြောလိုက်သည်။

ချူးဖေ့ဟန်က ထိုအရာတွေကြောင့် ကုနင်းကို သဘောကျမိသည်။ သူမ၏မျက်လုံးထဲတွင် အရာအားလုံးသည် ပုံမှန်ဖြစ်နပေုံရသည်။

တကယ်တော့ ကုနင်းသည် ဤကဲ့သို့ သွေးထွက်သံယိုနှင့် ရွံရှာဖွယ်ကောင်းသော အရာများကို မမြင်ဖူးသော်လည်း ရုပ်ရှင်များမှ ကြည့်ဖူးသည်။ ထို့အပြင်၊ ၎င်းတို့အားလုံးသည် အတုများဖြစ်ကြောင်း သူမသိသောကြောင့် ကြောက်ရွံ့စရာမရှိပါ။

ကျန်းကျီခိုင်သည် ကုနင်း၏နောက်မှ လိုက်သောကြောင့် သူမ၏အမူအရာကို မမြင်နိုင်ပေ။ ချူးဖေ့ဟန် ပြောတာကို ကြားပြီးနောက် ကုနင်းကိုကြည့်ဖို့ ခေါင်း‌စောင်းလိုက်သောအခါ တကယ်ကို ကုနင်းက လုံးဝတုံ့ပြန်မှုများ မရှိပေ။

ကျန်းကျီခိုင် အံ့သြသွားပြီး "ကုနင်း နင် လုံးဝ မကြောက်ဘူးလား?"

"ငါမကြောက်ပါဘူး။ ဒါပေမယ့် တကယ်ကို ရွံဖို့တော့ကောင်းတယ်" ဟု ကုနင်းက ဆိုသည်။

"ဘုရားဘုရား၊ နင်က ဒီမှာ အခိုင်မာဆုံး နှလုံးသားရှိတဲ့သူပဲ" ကျန်းကျီခိုင်က ပြောသည်။

ဒုတိယထပ် လှေကားထိပ်သို့ ရောက်သွားသောအခါ ကုနင်းသည် သရဲအထီးကို တွေ့လိုက်ရသည်။ လှေကား၏အလယ်မှာ လောဘကြီးပြီး စိတ်လှုပ်ရှားနေတဲ့ အမူအရာနဲ့ သူမကို တည့်တည့်ကြည့်နေသည်။ လနှစ်မှာ မွေးတဲ့ မိန်းကလေးကို ရှာရတာ ခက်သည်။

ကုနင်းသည် ယခု အပျိုစင်မဟုတ်သော်လည်း၊ သူမသည် ၎င်းအတွက် အလွန်အထောက်အကူဖြစ်နေဆဲဖြစ်သည်။

ကုနင်းက ၎င်းကို မြင်နိုင်ပေမယ့် မမြင်ချင်ယောင်ဆောင်ပြီး သူ့သူငယ်ချင်းတွေနဲ့ ရှေ့ကို လျှောက်သွားသည်။

ကုနင်းသည် သရဲအထီး၏ အနီးသို့ရောက်သောအခါတွင် သရဲအထီး၏လက်သည် သူမထံသို့ရောက်လာပြီး ၎င်း၏လက်ထဲတွင် ဘောလုံးကဲ့သို့ မည်းနက်သောလေထုတစ်ခု လည်ပတ်နေသည်။ ထိုအရာက သူမကို ထိလိုက်ရင် စွမ်းအင်တွေကို မြန်မြန်စုပ်ယူသွားလိမ့်မည်။

သို့သော် အထီးတစ္ဆေသည် ကျေနပ်နေပြီး ကုနင်း၏စွမ်းအင်ကို စုပ်ယူတော့မည့်အချိန်တွင် ကုနင်းကိုထိမိလိုက်သည့် တစ်စက္ကန့်အတွင်း ၎င်း၏ဝိညာဉ်သည် ဆွဲထုတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ဖြစ်ပျက်ခဲ့တာကို နားမလည်နိုင်ခင်မှာပဲ ကုနင်းက ၎င်းကို စိတ်စွမ်းအင်အာကာပြင်ထဲကို ထည့်ထားလိုက်‌တော့သည်။

ဒီအတောအတွင်း ဘာဖြစ်ခဲ့မှန်းဘယ်သူမှမသိ၍ လူတိုင်းက ရှေ့သို့ ဆက်သွားကြသည်။ သရဲအိမ်ရဲ့ အလယ်အပိုင်းက ကြောက်စရာအကောင်းဆုံးအပိုင်းဖြစ်ပြီး အတော်လေး ရဲရင့်တဲ့ ဟောင်ရန်နဲ့ ချူးဖေ့ဟန်ကိုတောင် ကြောက်လန့်သွား‌စေသည်။

ကုနင်းလည်း အံ့သြသွားသော်လည်း မကြောက်ပေ။ မိနစ် ၂၀ လောက်ကြာတော့ ကုနင်းနဲ့ သူ့သူငယ်ချင်းတွေက ထွက်ပေါက်ဆီကို လျှောက်လာသည်။

“ဘုရား‌ရေ ငါတို့နောက်ဆုံးတော့ ထွက်လို့ရပြီ အထဲမှာ တကယ့်ငရဲပဲ” သူတို့ထွက်သွားပြီးတာနဲ့ ကျန်းကျီခိုင်က သူမအသက်ပြန်ရှင်လာတယ်လို့ ခံစားလိုက်ရပြီး သူမလွတ်မြောက်လာတာ ကံကောင်းတယ်လို့ ခံစားရသည်။

"ငါ မတ်တပ်တောင် မရပ်နိုင်တော့ဘူး" ရှောက်ကျီဟန်က တံခါးဝက ကုလားထိုင်ပေါ်မှာ ထိုင်ချလိုက်သည်။

ကုနင်း၏မျက်လုံးထဲတွင် မိနစ် ၂၀ သာ ကြာရှည်သော်လည်း ကျန်းကျီခိုင်အတွက် တစ်ရက်စာလောက်ကြာ‌ပေသည်။

ချူးဖေ့ဟန်နှင့် အခြားလူများက အချိန်ကြာမြင့်သည်ဟု ခံစားခဲ့ရသော်လည်း တစ်ရက်လောက်တော့ မကြာပေ။ ထို့နောက် အတူတူထိုင်ကြပြီး အသက်၀၀ရှုနေကြသည်။

ဒါဟာ ကြီးလေးတဲ့ ပြဿနာမဟုတ်တာကြောင့် ကုနင်းက သူတို့ကို စိတ်အေးရန် ကူညီဖို့အတွက်သူမ၏ မှော်အစွမ်းကို မသုံးခဲ့‌ပေ။

"ဝိုး၊ ငါထင်ထားတာထက်တော့ ပိုကြောက်စရာကောင်းတယ်!" ဟောင်ရန်က ပြောသည်။ သူအရင်က သရဲအိမ်တော်တော်များများကို သွားဖူးပေမယ့် သိပ်ကြောက်စရာတော့ မကောင်းလှပေ။

***

အခန်း ၁၇၃၁ ကွန်ဖူးသင်ခြင်း

ကျန်းကျီခိုင်က သူတို့ကို ကြောက်စရာကောင်းတယ်လို့ ပြောခဲ့တာကြောင့် သူအရင်ရောက်ဖူးတဲ့ သရဲအိမ်တွေထက် ပိုကြောက်စရာကောင်းမယ်ဆိုတာ သူသိထားပေမယ့် သူ့ရဲ့ ထိတ်လန့်မှုအဆင့်ကို သူ အံ့သြနေတုန်းပင်။

"ဟုတ်တယ် ငါထင်ထားတာထက်လည်း ပိုကြောက်ဖို့ကောင်းတယ်" ဟု ချူးဖေ့ဟန်ကပြောသည်။ သူမ၏ ခန္ဓာကိုယ်သည် ကြောက်ရွံ့တုန်လှုပ်နေဆဲဖြစ်ပြီး ဟောင်ရန် နှင့် တူညီသောခံစားချက်ရှိသည်။

"ကျီဟန်၊ ဒီည ငါ့အိမ်ကို လာအိပ် ငါတစ်ယောက်တည်း အိမ်ပြန်ရမှာ ကြောက်တယ်" ကျန်းကျီခိုင်က ရှောက်ကျီဟန်ကို ရုတ်တရက် ပြောလိုက်သည်။ အိမ်အပြန်လမ်းတစ်လျှောက်တွင် မီးအလင်း‌ရောင်များရှိနေသော်လည်း ကားထဲတွင် သူမတစ်ယောက်တည်းနေရန် ဝန်လေးနေသည်။

“ဟုတ်ပြီ” ရှောက်ကျီဟန်က ပြောသည်။ သူမကို အိမ်ပြန်ပို့ပြီးနောက် ကျန်းကျီခိုင်ကို တစ်ယောက်တည်း အိမ်မပြန်ခိုင်းချင်ပေ။

မတော်တဆမှု တစ်ခုခုဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ။

"မင်းကို ကာကွယ်ဖို့ ငါတို့ကိုရော လိုသေးလား" ကုနင်းက စိုးရိမ်တကြီးနဲ့ မေးသည်။

"ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် စိတ်မပူပါနဲ့။ တကယ်တော့ အဲ့လောက်လေး‌လေးနက်နက်ကြီးမဟုတ်ပါဘူး။ ကျီဟန်ရှိရင် ငါအဆင်ပြေပါတယ်” ဟု ကျန်းကျီခိုင်က ပြောသည်။ ကုနင်းသည် သူမနေထိုင်ရာနေရာနှင့် မိသားစုနောက်ခံကို သိရှိသွားမည်ကို စိုးရိမ်သောကြောင့် ငြင်းဆိုခဲ့ခြင်းမဟုတ်ပေ။ သူက ကုနင်းကို အနှောက်အယှက်မပေးချင်ရုံပါ။ ထို့အပြင် ဤမျှလေးနက်တဲ့ကိစ္စလည်း မဟုတ်ပေ။

ကြောက်ရွံ့သော်လည်း လမ်းတစ်လျှောက်တွင် မီးအလင်း‌ရောင်ရှိပြီး စောနေသေးသောကြောင့် လမ်းပေါ်တွင် ကားအသွားအလာများသည်။

“ကောင်းပြီ” ကျန်းကျီခိုင်သည် သူမအကူအညီကို မလိုအပ်တော့သောကြောင့် ကုနင်းက မတောင်းဆို‌တော့ပေ။

သူတို့သည် ခဏလောက် အနားယူပြီးတာနဲ့ ပြန်ထွက်လာကြသည်။

"မနက်ဖြန် ဘာလုပ်ချင်လဲ" ကုနင်းအပြန်လမ်းမှာ သူ့သူငယ်ချင်းတွေကို မေးသည်။ ဟောင်ရန်နဲ့ တခြားသူတွေက သဘက်ခါပြန်သွားကြမှာဆိုတော့ သူတို့ဒီမှာပျော်ဖို့ တစ်ရက်ပဲကျန်တော့သည်။

“ကျိန်းသေ‌ပေါက် မဟာတံတိုင်းကြီးကိုပေါ့။ မြို့တော်ကို ရောက်ပြီး မဟာတံတိုင်းကြီးဆီကို မလည်ပတ်ရင် ဘယ်လောက်ရှက်စရာ ကောင်းလိုက်မလဲ” ဟု ချူးဖေ့ဟန်က ဆိုသည်။

"ပြဿနာမရှိပါဘူး" ကုနင်းသဘောတူသည်။ ဟောင်ရန် နှင့် အခြားလူများကို ရှန်းရှစ်ဟိုတယ်သို့ပြန်မောင်းပြီးနောက် ကုနင်းသည် ရာစုနှစ်မြို့တော်သို့သွားခဲ့သည်။

ရာစုနှစ်မြို့တော်ကိုပြန်ရောက်ချိန်က သိပ်နောက်ကျနေပြီမဟုတ်ပဲ ည ၁၁ နာရီသာရှိသေးသည်။

လင်ရှောင်းထင်သည် ဤအချိန်တွင်သာ အားသောကြောင့် နေ့တိုင်း ည ၁၁ နာရီတွင် သူမကို ဖုန်းဆက်‌လေ့ရှိသည်။ ဖုန်းမဆက်ခင်က သူသည် လင်မိသားစု၏ အိမ်ဟောင်းတွင်ရှိမရင်ရှိ မဟုတ်လျှင် ကျင်းယွင်ယောင်နှင့် စကားပြောနေလောက်မည်။

ကုမင်းသည် လင်ရှောင်းထင်နှင့် စကားပြောပြီးနောက် အိပ်ရာဝင်ခဲ့သည်။

နောက်ကျနေပြီဖြစ်သောကြောင့် တစ္ဆေအထီးကို သူမ၏ စိတ်စွမ်းအင်အာကာပြင်တွင် ခဏလောက်ထားရန် ဆုံးဖြတ်လိုက်သည်။ အချိန်ရတဲ့ တစ်ချိန်ချိန်မှာ ဖြေရှင်းလိုက်မှာပါ။

နောက်တစ်နေ့တွင် ကုနင်းသည် မပြေးဘဲ ခြံထဲတွင်သာ လေ့ကျင့်ခန်းလုပ်သည်။ ထို့နောက် သူမသည် ချူးဖေ့ဟန်၏ တိုက်ခိုက်ရေးစွမ်းရည်ကို စမ်းသပ်ခဲ့သည်။ ချူးဖေ့ဟန်သည် ယွီမီရှီထက် သာလွန်သည်မှာ သံသယဖြစ်စရာမရှိပေ။

သို့သော် ချူးဖေ့ဟန်သည် ကုနင်းနှင့် မယှဉ်နိုင်သေးပေ။ မည်သို့ပင်ဆိုစေကာမူ သူမသည် ယခုအခါ သာမန်လူ ၁၀ ယောက်ကျော်ကို အနိုင်ယူနိုင်သည်။ ကုနင်းမှလွဲ၍ ချူးဖေ့ဟန်သည် ကိုယ်ခံပညာတွင် အကောင်းဆုံးဖြစ်သည်။

ထို့နောက် ရှန်းရှစ်ဟိုတယ်တွင် မနက်စာစားပြီး ဟောင်ရန်နှင့် အခြားကောင်လေးများကို သွားတွေ့သည်။ ဤနေရာမှ မဟာတံတိုင်းသို့ နှစ်နာရီနီးပါးကြာပြီး ကားပိတ်ချိန်ဖြစ်သောကြောင့် လမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုအနည်းငယ်ရှိခဲ့သည်။

…

မနက်စာစားပြီးနောက် ကျင်းယွင်ယောင်သည် လင်ရှောင်းထင်ကို ကွန်ဖူး စတင်သင်ကြားခဲ့သည်။ သူ့တွင် ကိုယ်ပိုင်ဆရာတစ်ယောက်ရှိနေပြီဖြစ်သော်လည်း ကျင်းယွင်ယောင်သည် သူ့အား အရည်အချင်းကောင်းများကိုသာ ပေးနိုင်သောကြောင့် သူ၏ကျွမ်းကျင်မှုများစွာကို ဆက်လက်သင်ကြားပေးနေသည်။

ကုနင်း၏သူငယ်ချင်းများသည် မြို့တော်တွင် ခရီးပြီးဆုံးပြီးနောက် မနက်ဖြန်တွင် ရှန်းကွမ်းယန်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း လင်ရှောင်းထင်က ကျင်းယွင်ယောင်အား ပြောပြခဲ့သည်။ ကျင်းယွင်ယောင်နှင့် လင်ရှောင်းထင်တို့သည် တစ်ယောက်နှင့်တစ်ယောက် လက်ခံထားပြီးဖြစ်သောကြောင့်၊ ကျင်းယွင်ယောင်သည် ရှန်းကွမ်းယန်နှင့် တွေ့ဆုံရမည့်အချိန်‌ရောက်ပြီဖြစ်သည်။

လင်ရှောင်းထင်သည် မကြာမီအချိန်အတွင်း ကျင်းယွင်ယောင် သင်ပေးသော ကွန်ဖူးအတတ်ပညာနှင့် ရင်းနှီးသွားတဲ့အတွက် ကျင်းယွင်ယောင်သည် သူ၏အရည်အချင်းကို အံ့သြသွားပြန်သည်။ သူ့အတွက် ဂုဏ်လည်း ဂုဏ်ယူမိသည်။

လင်ရှောင်းထင်သည် ကျင့်ကြံသူဖြစ်နေပြီဖြစ်သောကြောင့်၊ ကျင်းယွင်ယောင်သည် သူ၏ကျင့်ကြံ‌ရေးအဆင့်ကို အမြန်ဆုံးတက်လှမ်းနိုင်မည်ဟု မျှော်လင့်ခဲ့သည်။ ထို့ကြောင့် ကျင်းယွင်ယောင်သည် ဤရက်များတွင် အချိန်ရရင်ရသလို လင်ရှောင်းထင် ကွန်ဖူးကို သင်ကြားရင်း အလုပ်ရှုပ်နေခဲ့သည်။

လင်ရှောင်းထင်၏ ကျင့်ကြံရေးမှာ နိမ့်နေသေးသောကြောင့် ထိုအချိန်တွင် သူသည် မှော်ပညာကို မသင်ယူနိုင်‌သေးပေ။

မှော်ပညာနှင့် ကိုယ်ခံပညာကို ပေါင်းစပ်ပြီးမှသာ ပိုမိုအားကောင်းသော စွမ်းအင်ကို ထုတ်ပေးနိုင်သောကြောင့် တကယ့်ကျင့်ကြံသူအစစ်အမှန်တစ်ယောက်သည် ၎င်းတို့ကို တစ်ချိန်တည်းတွင်လေ့ကျင့်ရန် လိုအပ်ပါသည်။

နှစ်နာရီခန့်အကြာတွင် ကျင်းယွင်ယောင်နှင့် လင်ရှောင်းထင်တို့သည် ကွန်ဖူးလေ့ကျင့်ခြင်းကို ရပ်လိုက်ပြီး လင်မိသားစု၏ အိမ်ဟောင်းသို့ သွားကြသည်။

ကျန်းရှူးယွမ်သည် ကျင်းယွင်ယောင်ကြောင့် မနေ့ညက အိပ်မပျော်ခဲ့။ သူမသည် စိုးရိမ်စိတ်များ ပြည့်နှက်နေသည်။ ကံကောင်းစွာနဲ့ပဲ ကျန်းရှူးယွမ်ဟာ မနက်ခင်းမှာ အလုပ်သွားရပြီး လင်မိသားစုရဲ့ အိမ်ဟောင်းကို ရောက်တဲ့အခါ ကျင်းယွင်ယောင်က သူမကို မတွေ့ခဲ့ပါ။

ယွီယင်လည်း အလုပ်သွားသင့်ပေမယ့် ကျင်းယွင်ယောင်က လင်မိသားစုရဲ့ အိမ်ဟောင်းမှာ ကျန်ရစ်ခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီးဖြစ်တဲ့အတွက် စိတ်မသက်မသာဖြစ်မိမှာဆိုး၍ ခွင့်ယူထားသည်။

မနေ့က တနင်္ဂနွေနေ့မို့ လင်ယွမ်ကျင်း၏ မိသားစုက အိမ်ပြန်သွား‌လေပြီ။

လင်မိသားစု၏ အိမ်ဟောင်းတွင် နေ့လည်စာစားပြီးနောက် ယွီယင်နှင့် ကျင်းယွင်ယောင်တို့သည် အတူစျေးဝယ်ထွက်ကြပြီး လင်ရှောင်းထင်သည် သခင်ကြီးလင်နှင့်အတူ အိမ်တွင် နေခဲ့သည်။

သူသည် သခင်ကြီးလင်နှင့် အတူမနေတာ တော်တော် ကြာပြီဖြစ်သည်။ အထူးသဖြင့် ကုနင်းသူ့ရည်းစားဖြစ်ပြီးနောက်မှစကာ သူသည်အချိန်ရတိုင်း ကုနင်းနှင့်တွေ့ရန် ထွက်သွားသောကြောင့် ဖြစ်သည်။

သာမာန်အားဖြင့် လင်မိသားစုဝင်များသည် အလွန်အရေးကြီးပြီး သူတို့ကို အမြဲထိခိုက်စေလိုသောရန်သူများစွာရှိသောကြောင့် သက်တော်စောင့်များနှင့်အတူ အိမ်မှထွက်ခွာ‌လေ့ရှိသည်။

သို့သော် ယွီယင်သည် ကျင်းယွင်ယောင်နှင့်အတူသွားမည်ဖြစ်၍ ယနေ့တွင် သူတို့ကိုယ်ရံတော်များနှင့် အပြင်ထွက်ရန် မလိုအပ်တော့ပေ။ ကျင်းယွင်ယောင်သည် သန်မာသော လူဒါဇင်ပေါင်းများစွာကို အနိုင်ယူနိုင်‌ပေသည်။

လင်ရှောင်းထင်က ကျင်းယွင်ယောင် အရမ်းသန်မာတဲ့ အကြောင်းရင်းအမှန်ကို သိပေမယ့် လင်မိသားစုရဲ့ တခြားအဖွဲ့ဝင်တွေက သူမဟာ လုံးဝ မပျော့ညံ့ဘူးဆိုတာသာ သိသည်။

ကျင်းယွင်ယောင်သည် လင်ရှောင်းထင်၏ကတ်ယူသွားသော်လည်း လင်ရှောင်းထင်သည် ၎င်းကိုအသုံးမပြုမည်ကို စိုးရိမ်နေဆဲဖြစ်သည်။ ထို့ကြောင့် သူသည် ယွီယင်ကို အကူအညီတောင်းပြီး ယွီယင်သည် ကျင်းယွင်ယောင်ကို စျေးနှုန်းများကို ဂရုမစိုက်ဘဲ သူမကြိုက်သောအရာကို ဝယ်ယူနိုင်ရန် အားပေးမည်ဟု မျှော်လင့်မိ‌နေသည်။

ယွီယင်သည် ကျင်းယွင်ယောင်အား ထန်မိသားစု ပိုင်ဆိုင်သည့် ဖန်ရှန်းဈေးဝယ်စင်တာ အပါအဝင် စျေးဝယ်စင်တာကြီးများစွာရှိသည့် စီးပွား‌ရေးဇုန်သို့ ခေါ်ဆောင်သွားသည်။

ဖန်ရှန်းဈေးဝယ်စင်တာထဲဝင်သွားတဲ့အခါ ယွီယင်က ကျင်းယွင်ယောင်ကို "အိုး ဖန်ရှန်းဈေးဝယ်စင်တာက ကုနင်းရဲ့ မိသားစုပိုင်တယ်ဆိုတာသိလား?"

"အမ်? ကုနင်းရဲ့ မိသားစုက ပိုင်တာလား။” ကျင်းယွင်ယောင် အံ့သြသွားသည်။ ကုနင်းတွင် ကုမ္ပဏီများစွာရှိသည်ကို သူမ,သိသော်လည်း ဖန်ရှန်းဈေးဝယ်စင်တာသည် ၎င်းတို့ထဲမှတစ်ခုဖြစ်သည်ကို သူမမသိပါ။ တကယ်တော့ သူမဟာ ကုနင်းအကြောင်း သိပ်မသိပေ။

ကုနင်းသည် ကျင်းယွင်ယောင်ကို သူမ၏ မိသားစုနောက်ခံကို လျှို့ဝှက်ထားတာ မဟုတ်ဘဲ သူမသည် ယခုရက်ပိုင်း သူမ၏ သူငယ်ချင်းများနှင့် ပျော်နေရသောကြောင့် အလုပ်များနေပြီး ကျင်းယွင်ယောင်သည် လင်မိသားစု၏ အိမ်‌ဟောင်းတွင် တည်းခိုနေသောကြောင့် ၎င်းအကြောင်း ပြောရန် အချိန်များစွာ မရှိခဲ့ပေ။

“ဒါကို ကုနင်းရဲ့အဖေကပိုင်တာ။ သူ့အဖေက Bမြို့မှာ အချမ်းသာဆုံး မိသားစုဖြစ်တဲ့ ထန်မိသားစုက ဆင်းသက်လာတာ‌လေ။” ဟု ယွီယင် က ပြောသည်။

“Bမြို့ မှာရှိတဲ့ ထန်မိသားစု? Bမြို့ ရဲ့အချမ်းသာဆုံး ထန်မိသားစုက ကုနင်းရဲ့မိသားစုလား? ဒါဆို ဘာလို့ သူ့မျိူးရိုးနာမည်ကို ထန် အစား ကု ကို သုံးတာလဲ” ကျင်းယွင်ယောင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

***

အခန်း ၁၇၃၂ ထန်မိသားစုက ကုနင်းကို ကောင်းကောင်းဆက်ဆံရဲ့လား

ကုနင်း၏ဇာတ်လမ်းသည် လျှို့ဝှက်ချက်မဟုတ်သောကြောင့် ယွီယင်သည် ကျင်းယွင်ယောင်နှင့် ဝေမျှနိုင်သည်ဟု ခံစားမိသောကြောင့် ဖြစ်ကြောင်းကုန်စင်အား ပြောပြလိုက်သည်။ "ကုနင်းရဲ့မျိုးရိုးနာမည်ကို သူ့အမေကပေးထားတာ။ အဲ့ဒီ‌နှစ်တွေတုန်းက သူ့အဖေက ထောက်ချောက်မိပြီး ဒဏ်ရာရသွားတော့ မှတ်ဉာဏ်တွေဆုံးရှုံးခဲ့ရတယ်။ အဲ့တာနဲ့ သူ့အမေက အဖေကို ကယ်ခဲ့ပြီးတဲ့နောက် သူတို့ချစ်ကျွမ်း၀င်သွားခဲ့ကြတာ။ နောက်ပိုင်းကျ ကုနင်းရဲ့ အဖေက မတော်တဆဖြစ်ခဲ့ပြီး သူ့မှတ်ဉာဏ်တွေကို ပြန်ရသွား‌ပေမယ့် ကုနင်းအမေကိုတော့ မေ့သွားခဲ့တယ်။ ကုနင်းရဲ့ အမေကလည်း သူ့ယောကျာ်းသေပြီလို့ထင်သွားလို့ ကုနင်းကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့တယ်။ ကုနင်းက ဒီနှစ်အစောပိုင်းမှ ထန်မိသားစုက လူတွေနဲ့ တွေ့ခဲ့ပြီး နောက်ဆုံးတော့ တစ်ယောက်ကိုတစ်ယောက် လက်ခံသွားကြတာ‌ပေါ့။”

"ထန်မိသားစုက ကုနင်းကို ကောင်းကောင်းဆက်ဆံရဲ့လား?" ကုနင်းသည် ထန်မိသားစုဝင်များနှင့်တွေ့ဆုံသောအခါတွင် အရွယ်ရောက်နေပြီဖြစ်သောကြောင့် ကျင်းယွင်ယောင်ကမေးလိုက်သည်။

"ကောင်းပါတယ်၊ သူတို့ တစ်ယောက်နဲ့တစ်ယောက် အရမ်းရင်းနှီးပုံ‌တော့ရတယ်" ဟု ယွီယင်က ကုနင်းအတွက် ဝမ်းသာအားရနဲ့ ပြောလိုက်သည်။ ဒါကိုသိလိုက်ရတော့ ကျင်းယွင်ယောင်က စိတ်သက်သာရာရသွားသည်။

တကယ်တော့ ထန်မိသားစုက ကုနင်းကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့ရင်တောင် လင်မိသားစုက သူမကို ကောင်းကောင်း ဆက်ဆံပါလိမ့်မည်။ လင်ရှောင်းထင်၊ သခင်ကြီးလင်နှင့် လင်ယွမ်ကျန်းတို့၏မိသားစုသည် ကုနင်းကို အလွန်နှစ်သက်ကြသည်မှာ ထင်ရှားပါသည်။ ထို့အပြင် ကုနင်းသည် သူတို့၏ ချစ်ခြင်းမေတ္တာနှင့် ကောင်းမွန်သော ဆက်ဆံမှုကို ခံယူထိုက်သည်။

ကျင်းယွင်ယောင်သည်လည်း ကုနင်းကို ကောင်းမွန်စွာ ဆက်ဆံလိမ့်မည်။ ကုနင်းကြောင့်သာမဟုတ်ပါက သူမသည် လင်ရှောင်းထင်နဲ့ တွေ့နိုင်မည်မဟုတ်ပါ။ ကုနင်းကြောင့်သာ မဟုတ်ရင် လင်ရှောင်းထင်ဟာ သူ့ဘဝတစ်လျှောက်လုံး တစ်ယောက်တည်းနေသွားနိုင်သည်။

ယွီယင်က ဆက်ပြောသည်။ "ထန်မိသားစုက ကုနင်း အိမ်ပြန်လာတာကို ကြိုဆိုတဲ့ ပါတီမှာ သူတို့ရဲ့ မိသားစုစီးပွားရေးက ရှယ်ယာတချို့ ပေးပေမယ့် ကုနင်းက ငြင်းခဲ့တယ်‌လေ။ သူလိုချင်တာကို သူကိုယ်တိုင်ပဲရအောင် ယူမယ်တဲ့။ သူက သာမန်မိန်းကလေးတော့ မဟုတ်ဘူး အချိန်တိုလေးအတွင်းမှာပဲ သန်းကြွယ်သူဌေးဖြစ်လာခဲ့တာ‌လေ။”

"ဟုတ်တယ်၊ သူက သာမန်မိန်းကလေး မဟုတ်ဘူး" ကျင်းယွင်ယောင်က ပြောသည်။ မည်သို့ပင်ဆိုစေကာမူ ယွီယင် မသိသေးသည့် ကုနင်းဟာ ကျင့်ကြံသူတစ်‌ယောက်ဆိုတာနဲ့တင် သာမာန်မဟုတ်သော မိန်းကလေးဖြစ်ကြောင်း သူမသိသည်။

“အို ကုနင်းရဲ့အမေက ကိုယ်ဝန်ငါးလနဲ့‌လေ။ မင်း စိတ်မရှိဘူးမလား?" ယွီယင်က မေးသည်။

ကုနင်းသည် အသက် ၁၉ နှစ်ရှိပြီဖြစ်ပြီး သူမ၏ညီမ သို့မဟုတ် မောင်ဖြစ်သူသည် သူ့ထက် များစွာငယ်မည်ဖြစ်သောကြောင့် သာမန်လူများက လက်ခံရန် မလွယ်ကူပေ။ ကလေးများကြားတွင် အသက်ကွာဟချက်ကြီးမားပါက ရှက်စရာကောင်းသည်ဟု အချို့က ထင်မြင်ကြသည်။ အချို့က ဒုတိယကလေးသည် ပထမကလေး၏ ဥစ္စာများကို လုယူမည်ဟု ယုံကြည်ကြသည်။ အထူးသဖြင့် ကလေးက မိန်းကလေးဖြစ်ပြီး မိသားစုက မိန်းကလေးတွေထက် ယောက်ျားလေးတွေကို တန်ဖိုးထားတဲ့အခါ မိန်းကလေးက မိသားစု ဓနဥစ္စာကို အမွေဆက်ခံဖို့ မဖြစ်နိုင်ပါ။

ယွီယင်သည် ကျင်းယွင်ယောင် စိတ်မရှိ‌လောက်ကြောင်း ယုံကြည်သော်လည်း အနည်းငယ် စိုးရိမ်နေသေးသည်။

ကျင်းယွင်ယောင် မျက်မှောင်ကြုတ်လိုက်သည်။ “ဒါပေါ့ အဲ့တာ သူတို့ရဲ့ အခွင့်အရေးလေ။ သေချာပေါက် စိတ်မရှိပါဘူး။ ကုနင်းက မိန်းကလေးမို့လို့ သူတို့ ဒုတိယမြောက် ကလေးယူဖို့ ဆုံးဖြတ်တာလားဆိုတာကိုပဲ စိတ်ပူမိတယ်” ထန်မိသားစုသည် မိန်းကလေးများထက် ယောက်ျားလေးများကို မိန်းကလေးများထက် ပိုတန်ဖိုးထားမည်ကို သူမစိုးရိမ်ပြီး ကုနင်းသည်လည်း စိတ်မကောင်းဖြစ်နိုင်သည်။

ကုနင်း၏မိဘများသည် အသက်ကြီးလာမှ ဒုတိယမြောက်သားကိုယူရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ရှက်စရာဟု သူမမထင်ခဲ့ပေ။ သူ့အနာဂတ်ချွေးမရဲ့ ပစ္စည်းတွေကို ခိုးယူသွားမလားဆိုတာလည်း အရေးမကြီး‌ပေ။ ကုနင်းသည် ယခု သန်းကြွယ်သူဌေးတစ်ဦးဖြစ်ပြီး လင်ရှောင်းထင်သည် သူမထက်ပင် ချမ်းသာသည်။

ကုနင်းသည် ထန်မိသားစု၏ စည်းစိမ်ဥစ္စာကို အမွေမဆက်ခံနိုင်ခဲ့လျှင်ပင် သူမသည် ချမ်းသာသောဘဝဖြင့် နေထိုင်နိုင်သေးသည်။

"ကုနင်းက မြို့တော်မှာ အချိန်အများစုကို ကုန်ဆုံးတာဆို‌တော့ သူ့မိဘတွေ အထီးကျန်နေမှာ စိုးလို့ သူတို့ကို ဒုတိယမြောက် ကလေးယူဖို့ ဆွဲဆောင်ခဲ့တာ။ သူတို့မှာ နောက်ထပ် ကလေးရခဲ့ရင် အထီးကျန်မှာ မဟုတ်ဘူး‌လေ” ဟု ယွီယင်က ဆိုသည်။

ထိုစကားကိုကြားတော့ ကျင်းယွင်ယောင် စိတ်လျှော့လိုက်သည်။ ထိုအခြေအနေတွင် ထန်မိသားစုသည် ယောက်ျားလေးများနှင့် မိန်းကလေးများကို တန်းတူရည်တူဆက်ဆံခဲ့ပြီး ကုနင်းကို အထင်အမြင်သေးမည်မဟုတ်ပါ။

လမ်းတစ်လျှောက် ဈေးဝယ်ထွက်ရင်း ယွီယင်က “အဝတ်အစားဆိုင်ကောင်းကောင်းရှိတယ်။ သွားကြည့်ကြမလား”

"ဟုတ်ပြီ" ဟု ကျင်းယွင်ယောင်က ပြောသည်။ တကယ်တော့ သူမမှာ အဝတ်အစား လုံလုံလောက်လောက်ရှိပြီးသားမို့ သူမအတွက် အဝတ်အစားဝယ်ဖို့ ရည်ရွယ်ချက်မရှိပါ။ ယွီယင်နှင့် အချိန်ဖြုန်းရန်သာ ထွက်လာခဲ့ခြင်းဖြစ်သည်။ ယွီယင် သွားသည့်နေရာတိုင်း သူမ လိုက်သွားမည်။

ယွီယင်သည် ကျင်းယွင်ယောင်အတွက် သင့်လျော်သော အဝတ်အစားများကို ရှာဖွေရန် အတတ်နိုင်ဆုံး ကြိုးစားပြီး ကျင်းယွင်ယောင်မှ ၎င်းတို့ကို ဝယ်ယူရန် တိုက်တွန်းမည်ဖြစ်ပြီး ထိုအရာက လင်ရှောင်းထင်၏ မျှော်လင့်ချက်ဖြစ်သည့်အတွက် သူမသည် သူ့ကို စိတ်မပျက်စေလိုပါ။

ယွီယင်က ကျင်းယွင်ယောင်နဲ့အတူ ဝင်လာတာနဲ့ အရောင်းဝန်ထမ်းတွေက သူတို့ကို စိတ်အားထက်သန်စွာ ကြိုဆိုကြသည်။ ယွီယင်၏ အမည်ကို မသိကြသော်လည်း ယွီယင်သည် ဆိုင်၏ VIP အဖွဲ့ဝင်ဖြစ်သည်။ ဤဆိုင်၏ဖောက်သည်များအားလုံး အထူးသဖြင့် VIP အဖွဲ့ဝင်များသည် သူဌေးများသာဖြစ်ကြသည်။

အရောင်းသမားများသည် ချမ်းသာသောဖောက်သည်များကို ဤနေရာတွင် ငွေဖြုန်းရန်အတွက် သေချာပေါက်ကြိုဆိုကြမည်။

လူအများစုက မိုက်မဲကြသည်။ တစ်ချို့က မျက်နှာပေါ်မှာ မပြကြပေမယ့် တစ်ချို့က ဟန်မဆောင်နိုင်ကြပေ။

"မစ္စယွီ၊ မစ္စကြိုက်တဲ့ဟာကို စမ်း၀တ်ကြည့်လို့ရပါတယ်” ဟု အရောင်းဝန်ထမ်း တစ်ဦးက ပြောသည်။ ယွီယင်က အရောင်းဝန်ထမ်းတွေ လိုက်ကြည့်တာကို မကြိုက်ကြောင်း သူမ နားလည်ထားတာကြောင့် အရောင်းဝန်ထမ်းက ယွီယင်ကို နှုတ်ဆက်ပြီး ဘာမှ မပြောတောပေ။ သူမသည် ယွီယင်ကို အချိန်မရွေး ၀န်ဆောင်မှု‌ပေးရန် စောင့်ဆိုင်းရင်း ယွီယင်၏နောက်သို့ တိတ်တိတ်လေးသာ လိုက်ခဲ့သည်။

ယွီယင်သည် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် ၀တ်စုံတစ်ခုကို ထုတ်ကာ ကျင်းယွင်ယောင်၏ ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်လိုက်သည်။ “ဒီဟာကောင်းမယ်ထင်တယ်။ ယွင်ယောင် ၀တ်ကြည့်စမ်းပါ!"

"ငါ့မှာအဝတ်အစားအလုံအလောက်ရှိတယ်၊ ငါထပ်ဝယ်သင့်တယ်လို့မထင်ဘူး" ကျင်းယွင်ယောင်က ချက်ချင်းပြောလိုက်သည်။

“အမျိုးသမီးတွေမှာ အဝတ်အစား လုံလုံလောက်လောက် ရှိတယ်ဆိုတာ မဖြစ်နိုင်ဘူး။ မင်းရဲ့သားက မင်းကို ဈေးဝယ်ဖို့ ပြောထားတာပဲ။ မင်းဘာသာ ပိုက်ဆံမသုံးရင် မင်းအတွက် ငါလုပ်ပေးမယ် ပြီးရင်တော့ သူ ရှင်းမှာပေါ့။” ဟု ယွီယင်က ပြောသည်။

ကျင်းယွင်ယောင်က ရယ်နေပြီး ဘာပြန်ပြောရမှန်းမသိ‌ပေ။ ကြည့်ရတာ သူမ ဒီနေ့ ပိုက်ဆံကုန်ရမည့်ပုံပင်။

ဘာပဲဖြစ်ဖြစ် ယွီယင်ပြောတာ မှန်သည်။ အမျိုးသမီးတိုင်းတွင် အဝတ်အစား လုံလုံလောက်လောက် မရှိနိုင်သလို အမျိုးသမီးတိုင်း အဝတ်အစား ပိုဝယ်ချင်ကြသည်။

သူမ,မငြင်းနိုင်မှန်းသိသဖြင့် ကျင်းယွင်ယောင်သည် အဝတ်အစားကို စမ်း၀တ်ခဲ့သည်။

သိပ်မကြာခင်မှာပဲ ကျင်းယွင်ယောင် ထွက်လာပြီး လူတိုင်းကို အံ့သြသွား‌ေစခဲ့သည်။ ထို အင်္ကျီမှာ ရွှေရောင်အကွက်ပံု‌ေဖာ်ထားသော အနီရင့်ရောင် ချုံးဆမ်းဖြစ်သည်။

၎င်းသည် ရိုးရာ ချုံးဆမ်းနှင့်မတူဘဲ အင်္ကျီလက်ပြတ်ဖြစ်ပြီး အောက်ပိုင်းသည် ကွဲပြားသည်။ စကတ်က ဒူးအထက်နည်းနည်းရောက်ပြီး ငါးမြီးဇာနှင့်ဖြစ်သည်။

ကျင်းယွင်ယောင်သည် အလွန်လှပသော မျက်နှာရှိ‌ပေသည်။ မဟုတ်ပါက သူမတွင် လင်ရှောင်းထင်ကဲ့သို့ ထူးထူးခြားခြား ချောမောသောသားလေး ရှိမည်မဟုတ်ပေ။ သူမသည် ခန္ဓာကိုယ်ကို သေချာထိန်းသိမ်းထားပြီး ဤဝတ်စုံသည် သူမ၏ ကွေးညွှတ်သော ခန္ဓာကိုယ်ကို ပိုပေါ်လွင်စေသည်။ သူမဟာ မော်ဒယ်တစ်ယောက်ထက်တောင် ပိုဆွဲဆောင်မှုရှိနေသည်။ ထို့နောက်တွင် အရောင်းဝန်ထမ်းနှင့် ဖောက်သည်တစ်စုက သူမကို ဝိုင်းပြီး ချီးကျူးကြသည်။

"ဘုရားရေ အံ့သြစရာပဲ!"

"သူမက ပြောင်မြောက်တဲ့ အချိုးအစားက သူ့အပေါ် အမြင်အရမ်းကွဲသွားစေတာပဲ"

"ဟုတ်တယ်၊ ငါတောင် မနာလိုလာပြီ"

“…”

သူတို့၏ ချီးကျူးစကားကြားတော့ ကျင်းယွင်ယောင်သည် အနည်းငယ်ရှက်သွားမိသည်။

“ဒါကို ငါတို့ဝယ်မယ်” ဟု ယွီယင်က စျေးနှုန်းကို မကြည့်ဘဲ ပြောလိုက်သည်။

သို့သော်လည်း ကျင်းယွင်ယောင်သည် ၎င်းကိုစမ်း၀တ်ကြည့်သောအခါတွင် ၎င်း၏စျေးနှုန်းကိုတွေ့လိုက်ရပြီး ယွမ်တစ်သောင်းရှစ်ထောင်ကုန်ကျခဲ့သည်။ သူ့မျက်လုံးထဲတွင် ဈေးကြီးလွန်းသောကြောင့် သူမ ချက်ချင်းငြင်းလိုက်သည်။

“တခြား ၀တ်စုံရှာကြည့်ရအောင် ဒီဟာက အရမ်းဈေးကြီးတယ်”

***

အခန်း ၁၇၃၃ မင်းကိစ္စမဟုတ်ဘူး

ထို၀တ်စုံသည် ယွမ်တစ်သောင်းရှစ်ထောင်သာ ကုန်ကျသော်လည်း နွေရာသီ ၀တ်စုံတစ်ခုသာဖြစ်သောကြောင့် ဈေးကြီးသည်ဟု သူမထင်မိသည်။ လင်ရှောင်းထင်အတွက် ဒီပမာဏလောက်က ဘာမှမဟုတ်ပေမယ့် ဒီလိုစျေးကြီးတဲ့ ၀တ်စုံကို သူမတစ်ခါမှ မဝယ်ဖူးတဲ့အတွက် ပေးချေဖို့ တွန့်ဆုတ်နေမိသည်။

ယွီယင်က သူမပါးစပ်ကိုဖွင့်လိုက်ပြီး ကျင်းယွင်ယောင်ကို ဝယ်ဖို့ ဆွဲဆောင်ချင်သည်။ သို့သော် သူမဘာမှပြန်မပြောမီတွင် မနှစ်မြို့စရာကောင်းသော အမျိုးသမီးတစဦး၏အသံက သူမကို အနှောင့်အယှက်ပေးလာသည်။

"ယွမ် တစ်သောင်းရှစ်ထောင်ပဲ မဟုတ်ဘူးလား? အရမ်းစျေးသက်သာတာပဲဟာ။ မတတ်နိုင်ရင် မ၀တ်နဲ့‌ေလ။ စမ်း၀တ်ကြည့်ပြီးမှ မဝယ်နိုင်ရင် ရှက်စရာကြီး" အသက် ၄၀ ခန့်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး ချောမောလှပပြီး ခန္ဓာကိုယ် တည်ဆောက်ပုံ ကောင်းလှသည်။

သူမ၏အဝတ်အစားများနှင့် အသုံးအဆောင်များအားလုံးသည် ဒီဇိုင်နာအမှတ်တံဆိပ်များဖြစ်သောကြောင့် သူမသည် ချမ်းသာကြောင်း ထင်ရှားသည်။ ထိုအမျိုးသမီးသည် ကျင်းယွင်ယောင်နှင့် ယွီယင်ကို အထင်အမြင်သေးစွာဖြင့် ကြည့်နေသည်။

ယွီယင်၏ အထောက်အထားကို သူမ မသိပါ၊ မဟုတ်ပါက ၎င်းတို့ကို လှောင်ပြောင်ဝံ့မည်မဟုတ်ပေ။ လင်မိသားစုသည် မြို့တော်တွင် သြဇာအရှိဆုံးမိသားစုဖြစ်ပြီး ယွမ်တစ်သောင်းရှစ်ထောင်မျှသာရှိသော ၀တ်စုံကို မတတ်နိုင်ဘူးဆိုတာက ရယ်စရာကောင်းလှမည်။

“ရှင်…” ယွီယင် ဒေါသထွက်သွားသည်။ ပုံမှန်အားဖြင့် သူမသည် အလွန်နူးညံ့သော်လည်း ပျော့ညံ့သည်ဟု မဆိုလိုပါ။ တကယ်တော့ သူမဟာ သူမကို ဂရုစိုက်တဲ့သူတွေကို အကာအကွယ်ပေးလွန်းသူပါ။ ထို့ကြောင့် တစ်စုံတစ်ယောက်က သူမ၏ မိသားစုဝင်များ သို့မဟုတ် ရင်းနှီးသော သူငယ်ချင်းများကို ရန်စရန် သတ္တိရှိရှိ ရွေးချယ်လိုက်သည်နှင့် တစ်ပြိုင်နက် သူမသည် ရန်လိုလာလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ကျင်းယွင်ယောင်သည် ယွီယင်ကို တားလိုက်သည်။

ကျင်းယွင်ယောင်က ထိုအမျိုးသမီးဘက်သို့ လှည့်ကာ အေးစက်သောလေသံဖြင့် "ဒီဝတ်စုံက ဈေးကြီးတယ်လို့ ကျွန်မပြောပေမယ့် မတတ်နိုင်ဘူးလို့ မပြောခဲ့ပါဘူး။ ရှင့်မှာ ယဉ်ကျေးမှုမရှိဘူးလား?"

“မင်း…” အမျိုးသမီးက အရှက်ကွဲပြီး ဒေါသထွက်သွားသည်။ "မင်း တတ်နိုင်တယ်ဆိုရင် ငွေရှင်းလေ!"

"ကျွန်မဝယ်သည်ဖြစ်စေ၊ မဝယ်သည်ဖြစ်စေ ရှင့်ကိစ္စမဟုတ်ပါဘူး" ဟု ကျင်းယွင်ယောင်က ပြောသည်။

“မတတ်နိုင်ရင် ဖယ်‌နေလိုက်၊ ငါဒါလိုချင်တယ်” ဟု အမျိုးသမီးက ဆိုသည်။ သူမသည် ဤဝတ်စုံကို နှစ်သက်သောကြောင့် မဟုတ်ဘဲ ကျင်းယွင်ယောင်ကို အရှက်ရစေလိုသောကြောင့်သာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ကျင်းယွင်ယောင်အပေါ် သူမ၏မုန်းတီးမှုသည် ထူးဆန်းနေပေသည်၊၊ အကြောင်းမှာ ကျင်းယွင်ယောင်သည် သူမအား စိတ်အနှောင့်အယှက်ဖြစ်စေရန် ဘာမှမလုပ်ဆောင်ခဲ့ဘဲနဲ့ ကျင်းယွင်ယောင်အားအခက်တွေ့အောင် တမင်တကာ ဖန်တီး‌နေခြင်းပင်။

တကယ်တော့ ထိုမိန်းမက အကြောင်းပြချက်တစ်ခုနဲ့ လုပ်ခဲ့တာဖြစ်သည်။ ကျင်းယွင်ယောင် သည် သူမထက် ပိုလှသောကြောင့် ကျင်းယွင်ယောင်ကို မနာလိုဖြစ်‌နေခြင်းပါ။ ထို့ကြောင့် ကျင်းယွင်ယောင်က အဝတ်အစားက အရမ်းဈေးကြီးတယ်လို့ ပြောတဲ့အခါ ကျင်းယွင်ယောင်ကို လှောင်ပြောင်ခဲ့ခြင်းဖြစ်သည်။

“ဒီအဝတ်အစားက အခု ကျွန်မကိုယ်ပေါ်ရောက်နေတော့ ကျွန်မမှာရွေးချယ်ပိုင်ခွင့်ရှိတယ်၊ ရှင်လိုချင်ရင် ကျွန်မနောက်ဆုံး ဆုံးဖြတ်ချက်ချတဲ့အထိစောင့်လိုက်ပါ!" ကျင်းယွင်ယောင်က လုံးဝမပျော့ညံ့ပေ။ သူမသည် လင်မိသားစုဝင်များရှေ့တွင် ကြင်နာတတ်သော်လည်း သူမအပေါ် မကြင်နာတတ်သောသူများကို ကြင်နာရန်မလိုအပ်ပါ။

“ဒီမစ္စပြောတာမှန်ပါတယ်။ မစ္စစ်ထုံ ဒီဝတ်စုံကို လိုချင်ရင် ဒီမစ္စ လက်လွှတ်မယ့်အချိန်အထိ စောင့်ပေးပါ” ဟု အရောင်းဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။ သူမသည် ကျင်းယွင်ယောင်ဘက်လိုက်ရန် ရည်ရွယ်ချက်ဖြင့် ပြောခဲ့တာမဟုတ်ပဲ ဒီအရာက သူတို့၏ဆိုင်တွင် ထုတ်ပြန်ထား‌သော စည်းကမ်းချက်ဖြစ်သည်။

ဖောက်သည်တစ်ဦးသည် ၀တ်စုံကိုဝတ်ပါက ဖောက်သည်က ၎င်းကိုမဝယ်ရန် ဆုံးဖြတ်သည့်အချိန်အထိ အခြားဖောက်သည်များက စောင့်ရပေမည်။ ထို့ကြောင့် မစ္စစ်ထုံ သည် ဤဝတ်စုံကို လိုချင်လျှင်ပင် ကျင်းယွင်ယောင်က ၎င်းကို မဝယ်ရန် ဆုံးဖြတ်ပြီးသည်အထိ စောင့်ရမည်။

ထိုစကားကိုကြားတော့ မစ္စစ်ထုံက ဒေါသတွေအပြည့်နဲ့။ တခြားသူတွေ ချန်ထားတဲ့ အဝတ်အစားကို ယူခိုင်းတာကို သူမ လက်မခံနိုင်ပေ။

"သူဝတ်ထားပြီးတဲ့ အဝတ်အစားကြီးကို ငါမလိုချင်ပါဘူး!" မစ္စစ်ထုံက မကြိုက်ကြောင်းပြောသည်။ ကျင်းယွင်ယောင်၏ ခန္ဓာကိုယ်ပေါ်တွင် ၀တ်ဆင်ထား‌သော ၀တ်စုံကို လိုကြောင်း ပြောခဲ့တာကို သူမ လုံးဝမေ့သွားခဲ့သည်။

ဘာပဲဖြစ်ဖြစ် မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားတာက ပိုကောင်းတာမို့ ဘယ်သူကမှ အဲဒီအငြင်းပွားမှုမှာ အချိန်ပိုဖြုန်းတီးဖို့ အာရုံစိုက်မနေတော့ပေ။

မစ္စစ်ထုံသည် ကျင်းယွင်ယောင်ကို ယှဉ်ပြိုင်ခြင်းမပြုတော့ဘဲ အခြားအဝတ်အစားများကို ကြည့်‌နေတော့သည်။

သို့သော် ကိစ္စက မပြီးသေးပေ။

ယွီယင်က ကျင်းယွင်ယောင်ကို အဝတ်အစားများများဝယ်ဖို့ ပြောနေသည်။ အကြောင်းကတော့ မတူညီတဲ့လူတိုင်းမှာ မတူညီတဲ့ အကြိုက် အမျိုးမျိုးရှိပြီး ကျင်းယွင်ယောင်က သူမ ကြိုက်တဲ့အဝတ်အစားတွေကို မကြိုက်နိုင်တာကြောင့်ပင်။

ကျင်းယွင်ယောင်သည် မစ္စစ်ထုံနှင့် ငြင်းခုံပြီးနောက် သူမဝတ်ထားသည့် ၀တ်စုံကို ဝယ်ရန် ဆုံးဖြတ်ခဲ့သော်လည်း လုံလောက်ပြီဟု ထင်ကာ နောက်ထပ် အဝတ်အစားများ ထပ်မဝယ်ချင်တော့ပေ။ သို့သော်လည်း ယွီယင်က သူမကို များများဝယ်ဖို့ အားပေးနေတော့ တခြားအဝတ်အစားတွေကို သွားကြည့်ကြသည်။

တစ်ချိန်တည်းမှာပင် မစ္စစ်ထုံသည် ကျင်းယွင်ယောင်ထံမှ သူမ၏မျက်လုံးများကို မလွှဲနိုင်ခဲ့ပေ။ သူမသည် ဒီအတိုင်း အရှုံးမပေးချင်ပုံရသည်။

ကျင်းယွင်ယောင်သည် အရုပ်မှာ ဆင်ယင်ထားသည့် ၀တ်စုံကို သတိပြုမိကာ စမ်း၀တ်ကြည့်ချင်သောကြောင့် အရောင်းဝန်ထမ်းထံ အကူအညီတောင်းလိုက်သည်။ “တဆိတ်လောက် ကျွန်မကို…”

သို့သော်လည်း သူမ ပြီးအောင် မပြောရ‌သေးခင်မှာပဲ မစ္စစ်ထုံ ရဲ့ အသံ ထပ်မံထွက်ပေါ်လာပြီး တူညီတဲ့ ၀တ်စုံကို ညွှန်ပြပြီး ပြောလိုက်သည်။ "ငါ ဒီဝတ်စုံကို စမ်း၀တ်ကြည့်မယ်"

“ဟုတ်ကဲ့…”

မစ္စစ်ထုံသည် ပထမဆုံး အသံကျယ်ကျယ်ဖြင့် ပြောသောကြောင့် အရောင်းဝန်ထမ်းသည် ယခုအခါတွင် အကျပ်ရိုက်နေပြီဖြစ်သည်။

“အဆင်ပြေပါတယ်။ ကျွန်မ တခြားဝတ်စုံတွေကို ကြည့်လို့ရတယ်" ကျင်းယွင်ယောင်က အရောင်းစာရေးမကို မခက်ခဲစေချင်တာကြောင့် ဒီဝတ်စုံကို မဝတ်ဖို့ ဆုံးဖြတ်လိုက်သည်။

ကျင်းယွင်ယောင် အရှုံးပေးတာကိုမြင်တော့ မစ္စစ်ထုံက ဂုဏ်ယူစွာ တစ်ချက်ကြည့်လိုက်သည်။

ယွီယင်သည် ဒေါသတကြီးဖြစ်နေသော်လည်း ယခုအချိန်တွင် ဘာမှပြန်မပြောနိုင်ပေ။

ထို့နောက် မစ္စစ်ထုံက ထိုဝတ်စုံကို စမ်း၀တ်ကြည့်သည်။

မစ္စစ်ထုံသည် ကောင်းမွန်သော ခန္ဓာကိုယ် အချိုးရှိသောကြောင့် သူမ၏ ၀တ်စားဆင်ယင်ပုံမှာလည်း လှပသော်လည်း သူမသည် ကျင်းယွင်ယောင်နှင့် မယှဉ်နိုင်ပေ။ ရလဒ်အနေဖြင့် သူမကို တာဝန်ထမ်းဆောင်နေသော အရောင်းဝန်ထမ်းအပြင် အခြားမည်သူမျှ သူမကို ချီးမွမ်းခြင်းမရှိပေ။

မစ္စစ်ထုံသည် ထိုဝတ်စုံဖြင့် ထွက်လာသောအခါ ကျင်းယွင်ယောင် သည် မစ္စစ်ထုံ၏ ၀တ်စုံနှင့် နီးပါးတူသည့် အခြားဝတ်စုံကို ၀တ်ဆင်လိုက်သည်။ ၎င်းတို့သည် တူညီသော စုစည်းမှုထဲကဖြစ်ပြီး နှစ်ထည်စလုံးသည် နို့နှစ်‌ရောင်ဖြစ်သော်လည်း ပခုံးများတွင် အနည်းငယ်ကွဲပြားသည်။ တူညီသောပုံပေါက်သော်လည်း ကွာခြားချက်မှာ အလွန်ထင်ရှားနေသေးသည်။

ကျင်းယွင်ယောင်က ဒီ၀တ်စုံကို တမင်ရွေးပြီး မစ္စစ်ထုံကို လွှမ်းမိုးဖို့ ရည်ရွယ်ချက်မရှိပါ။ သူမ ဒီဝတ်စုံကို တကယ် နှစ်သက်မိသည်။

သူမ အပြင်ထွက်လာတဲ့အခါ သူမ၏ အလှကြောင့် လူတိုင်း အံ့အားသင့်ခဲ့ရပြီး သူမက မစ္စစ်ထုံ ထက်ပင် ပိုဆွဲဆောင်မှု ရှိလှသည်။

"သူက ရင်သပ်ရှုမောစရာပဲ ဝတ်လိုက်တဲ့အ၀တ်စားတိုင်းက သူ့ကို ကြည့်ကောင်းစေတယ်"

"ဟုတ်တယ် မနာလိုလိုက်တာ"

“…”

ကျင်းယွင်ယောင်ကို လူတိုင်းက ချီးမွမ်းကြသောအခါ၊ မစ္စစ်ထုံသည် သူမတွင် တူညီသော တုံ့ပြန်မှုမရှိသောကြောင့် စိတ်ဆိုးသွားသည်။

"မင်းဘာဖြစ်ချင်နေတာလဲ? မင်းဘာလို့ငါနဲ့တူတာကို ဝတ်ရတာလဲ" မစ္စစ်ထုံသည် ကျင်းယွင်ယောင်ကို မေးခွန်းထုတ်သည်။ ကျင်းယွင်ယောင်သည် သူမထက် ထိုဝတ်စုံနှင့် ပိုမိုဆွဲဆောင်မှုရှိကြောင်း သူမက ဝန်ခံသည်။ သူမသာ ကျင်းယွင်ယောင် ထက်သာ၍ လှပလျှင် သူမ၏ စိတ်နေသဘောထားမှာ အလွန်ကွာခြား‌လောက်မည်။

“ရယ်စရာကောင်းလိုက်တာ။ ကျွန်မ ယောင်းမက ရှင်ဝတ်ထားတဲ့ ဝတ်စုံကို အရင်မြင်ပေမယ့် ရှင်လုသွားတာလေ။ ကျွန်မယောင်းမက အဲဒါကို ဘာမှ မပြောပဲ ရှင့်ကို ၀တ်ခိုင်းလိုက်တော့တာ။ အဲ့တာကြောင့် အနီးစပ်ဆုံး ဆင်တဲ့ ၀တ်စုံကို စမ်း၀တ်ကြည့်ရမှာပေါ့၊ အဓိပ္ပာယ်ကို မရှိဘူး!" ယွီယင်က ငြင်းခုံသည်။ “ဒီဆိုင်က ဖောက်သည်တိုင်းအတွက် ဖွင့်ထားတာ။ အထည်တွေအကုန်လုံးကို ဖောက်သည်တိုင်း စမ်း၀တ်ကြည့်လို့ရတယ်။ ဘာလဲ ရှင်က ဒီဆိုင်ကိုများ ပိုင်လို့လား"

“မင်း…” မစ္စစ်ထုံသည် သူမ၏ အပြုအမူ မမှန်မှန်း သိသောကြောင့် ရုတ်တရက် မည်သို့ ပြန်ပြောရမည်ကို မသိခဲ့ပေ။ သို့သော်လည်း သူမ၏ ဒေါသကို မျိုမချနိုင်သဖြင့် “ဒီဆိုင်ကို ငါ့မိသားစုက မပိုင်ပေမယ့် ငါ့သူငယ်ချင်း မိသားစုက ပိုင်တာပဲ။ ငါသူ့ကို ဖုန်းတစ်ချက်ခေါ်လိုက်ရုံနဲ့ မင်းတို့အားလုံး နာမည်ပျက်စာရင်းသွင်းခံရလိမ့်မယ်"

***

အခန်း ၁၇၃၄ တောင်းပန်မလား ထွက်သွားမလား

သူမကိုယ်သူမဘယ်သူလဲဆိုတာ မပြောဖူးတာကြောင့် ဒီစတိုးဆိုင်ထဲက အရောင်းအမျိုးသမီးတွေအားလုံးက သူမကို မသိပေမယ့် ကျင်းယွင်ယောင်ကို‌တော့ သူမ ခြိမ်းခြောက်ဖို့ ရွေးချယ်လိုက်သည်။

ယွီယင်က ရယ်မောပြီး ပြောလိုက်သည်။

“ကောင်းပြီ‌လေ အခုဆက်လိုက်‌ပါ” မစ္စစ်ထုံသည် အမှန်တကယ်ပင် ထက်မြက်သော အမျိုးသမီးတစ်ဦးမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ထက်မြက်သောသူသည် သူ၏ကိုယ်ပိုင်ကိစ္စအတွက် သူငယ်ချင်းကို ခေါ်ကာ သူ့လုပ်ငန်းကို ဖျက်ဆီးမှာမဟုတ်သောကြောင့်ဖြစ်သည်။

တိုက်ဆိုင်စွာပင် ယွီယင်သည် ဤဆိုင်ပိုင်ရှင်ကိုလည်း သိပြီး ဆိုင်ရှင်သူဌေးသည် မိုက်မဲသောသူမဟုတ်ကြောင်း သူမသိသည်။ မစ္စစ်ထုံ၏ ယုတ္တိမဲ့သော အပြုအမူကြောင့် သူဌေးက သူတို့ကို ဆိုးဆိုးရွားရွား ဆက်ဆံရန် မဖြစ်နိုင်ပေ။

ယင်းအစား မစ္စစ်ထုံသည် ပြဿနာကြီးကြီးမားမားဖြစ်အောင် တွန်းအားပေးပါက ဤစတိုးဆိုင်ပိုင်ရှင်သည် ၎င်းတို့၏ ချစ်ကြည်ရင်းနှီးမှုကို ဖြတ်တောက်သွားမည်ဖြစ်၍ သူ့အတွက် ရန်သူများကို ကိုယ်တိုင်ဖန်တီး‌နေခြင်းသာဖြစ်တော့မည်။

သို့သော် မစ္စစ်ထုံသည် သူမ၏ဖုန်းကို ထုတ်ရန် တုံ့ဆိုင်းမနေပါ။ ယွီယင်သည် သူမလောက် သြဇာကြီးနိုင်သည်ဟု သူမ,မထင်တဲ့အတွက် ယွီယင်၏ စကားများကို အထူးတလှယ်တွေးတောမနေတော့ပေ။

ထို့ကြောင့် မစ္စစ်ထုံသည် စတိုးဆိုင်ပိုင်ရှင်ကို ချက်ချင်းဖုန်းဆက်သည်။ ဒီလို မိုက်မဲတဲ့လူက သူ့အပြုအမူကို ဘယ်တော့မှ နှစ်ခါပြန် တွေးမှာမဟုတ်ပေ။

ယွီယင်က သူမကို မတားခဲ့သလို စတိုးဆိုင်ထဲက အရောင်းဝန်ထမ်းတွေလည်း မတားခဲ့‌ပေ။

ယွီယင်သည် မစ္စစ်ထုံကို တားရန် ရည်ရွယ်ချက်မရှိသဖြင့် ယွီယင်သည် မစ္စစ်ထုံကို သင်ခန်းစာပေးလိုသည်မှာ ထင်ရှားသောကြောင့် သူတို့လည်း မတားပေ။

သို့သော် ယွီယင်၏မိသားစုနောက်ခံကို မသိသောလူအချို့က သူမကို စိတ်ပူကြသည်။ အကယ်၍ ဤဆိုင်ပိုင်ရှင်သည် မစ္စစ်ထုံ‌ကြောင့် ယွီယင် ကို နာမည်ပျက်စာရင်းသွင်းခဲ့လျှင် သူမ အရှက်ကွဲလိမ့်မည်။ ဒါတွေအားလုံးက ယွီယင်ရဲ့ အပြစ်မဟုတ်ပါ။

မည်သို့ပင်ဆိုစေကာမူ စတိုးဆိုင်ရှိ အရောင်းဝန်ထမ်းများသည် ၎င်းတို့၏ သူဌေးက ထိုသို့လုပ်မည်ဟု မထင်ပေ။ ယွီယင်၏ မိသားစုနောက်ခံအကြောင်း မသိကြသော်လည်း သူမသည် အထက်တန်းအရာရှိတစ်ဦး၏ ဇနီးဖြစ်သူရဲ့ သူငယ်ချင်းဖြစ်ပြီး မစ္စစ်ထုံသည် သူမနှင့် လုံးဝ မယှဉ်နိုင်ပေ။ ထို့ကြောင့် ယွီယင် ရှုံးမည်ဟု မထင်ကြပါ။

သိပ်မကြာခင်မှာပဲ ဆိုင်ပိုင်ရှင်က မစ္စစ်ထုံရဲ့ ဖုန်းခေါ်ဆိုမှုကို ဖြေကြားခဲ့ပြီး မစ္စစ်ထုံက "ကျားယွီ မင်းရဲ့ဆိုင်မှာ အဝတ်အစားကို ငါနဲ့ လိုက်ပြိုင်လုနေတဲ့ ဖောက်သည်နှစ်ယောက်ရှိတယ်။ မင်းငါ့ကိုကူညီပေးပါ!"

အဝတ်အစားအတွက် သူမနဲ့ ပြိုင်လုနေတာဆိုပဲ။

ရယ်စရာကောင်းလှသည်။ မစ္စစ်ထုံက လူတိုင်းရှေ့မှာ အရှက်မရှိစွာနဲ့ ဒီလိုလိမ်ညာနေသည်။

"ဘာ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကျွန်မဆိုင်မှာ အဲ့လိုဖောက်သည်တွေကို မကြိုဆိုပါဘူး!" ဆိုင်ပိုင်ရှင်က ဒေါသတကြီးပြောသည်။ "ဆိုင်မန်နေဂျာကို ဖုန်း‌ပေး,ပေးပါ"

အဲဒီနောက်မှာတော့ မစ္စစ်ထုံက သူမရဲ့ဖုန်းကို စတိုးဆိုင်မန်နေဂျာထံ ပေးအပ်ခဲ့ပြီး မန်နေဂျာကို အကြည့်တစ်ချက်နှင့် သတိပေးလိုက်သည်။ စတိုးဆိုင်မန်နေဂျာကို သူမ၏ စကားကို ထောက်ခံပေးရန် ခြိမ်းခြောက်လိုက်တာပင်။

ဆိုင်မန်နေဂျာသည် မစ္စစ်ထုံက အမှန်တကယ်ပင် အရှက်မရှိသောကြောင့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

“ဟိုင်း ဘော့စ်” စတိုးဆိုင်မန်နေဂျာက ပြောသည်။

"ဘာဖြစ်တာလဲဆိုတာ အတိအကျပြော" သူ့သူဌေးက မေးသည်။

ဆိုင်မန်နေဂျာက အရမ်းရိုးသားသည်။ “ဘော့စ် ကိစ္စကဒီလိုပါ မစ္စယွီနဲ့ သူ့ယောင်းမတို့ ဒီနေ့ ကျွန်မတို့ဆိုင်ကို ရောက်လာတာပါ။ မစ္စယွီရဲ့ ယောင်းမဖြစ်သူက ပထမဝတ်စုံကို စမ်း၀တ်ကြည့်‌တော့ အရမ်းကြည့်ကောင်းပေမယ့်လည်း ဈေးကြီးတယ်လို့ ထင်လို့ ၀ယ်ဖို့ ခဏတုံ့ဆိုင်းသွားခဲ့တယ်။ အဲ့အချိန်မှာ မစ္စစ်ထုံက ရုတ်တရက် လှောင်ပြောင်ပြီး ငြင်းခုံတာပါ။ အဲ့တာပြီးတော့ မစ္စစ်ထုံက မစ္စယွီရဲ့ ယောင်းမကြိုက်တဲ့ ဒုတိယဝတ်စုံကိုပါ ဆွဲယူသွားပြန်တယ်။ မစ္စယွီရဲ့ ယောင်းမက စိတ်ထဲမထားပဲ အခြားဝတ်စုံကို ရွေးချယ်ခဲ့တယ်။ ၀တ်စုံနှစ်ခုက စုစည်းမှုအတူတူထဲကဖြစ်ပေမယ့်လည်း မစ္စယွီရဲ့ ယောင်းမ ၀တ်လိုက်‌တော့ မစ္စစ်ထုံထက် ပိုဆွဲဆောင်မှုရှိသွားခဲ့တယ်။ အဲ့တာကို မစ္စစ်ထုံက မကျေမနပ်ဖြစ်ပြီး မစ္စယွီရဲ့ ယောင်းမဖြစ်သူက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလို့ ပြောပါတယ်။ နောက်တော့ သူတို့ ထပ်ပြီး ငြင်းခုံကြတာပါ။ မစ္စစ်ထုံက ဒေါသတွေအပြည့်နဲ့ မစ္စယွီနဲ့ မစ္စယွီရဲ့‌ယောင်းမကို နာမည်ပျက်စာရင်းသွင်းဖို့ ဘော့စ်ရဲ့ အာဏာကိုသုံးဖို့ ဆုံးဖြတ်လိုက်တာပါ”

“မင်း…” စတိုးဆိုင်မန်နေဂျာက အမှန်တရားကို အသေးစိတ်ပြောပြသောအခါ မစ္စစ်ထုံ ဒေါသထွက်သွားသည်။ "သူက ငါ့အဝတ်ကို ခိုးတာ!"

ဒီစတိုးဆိုင်ပိုင်ရှင်က ဇာတ်လမ်းတစ်ခုလုံးကို ကြားလိုက်ရတော့ ကျေနပ်သွားသည်။ ဆိုင်မန်နေဂျာကို ယုံကြည်ရန် သူမရွေးချယ်ခဲ့သည်။ မစ္စစ်ထုံကို သူမ,သိသော်လည်း သူတို့သည် သာမန်သူငယ်ချင်းများဖြစ်သည်။ သို့သော် ယွီယင်သည် အထက်တန်းအရာရှိ၏ ဇနီးဖြစ်သူရဲ့သူငယ်ချင်းကောင်းဖြစ်သောကြောင့် မတူပါ။ အဲ့ဒါကြောင့် ယွီယင်က မစ္စစ်ထုံထက် ပိုအရေးကြီးသည်။

“စတိုးဆိုင်မှာ ဖြစ်ပျက်ခဲ့တာကို ကျွန်မတို့အားလုံး မျက်မြင်တွေ့ခဲ့တာပါ။ စောင့်ကြည့်ကင်မရာတွေလည်း ရှိပါတယ်” ဆိုင်မန်နေဂျာက ချက်ခြင်းငြင်းသည်။

“မင်း…” မစ္စစ်ထုံသည် ယခုအချိန်တွင် ဘာပြောရမည်ကို မသိတော့ပေ။

"မစ္စယွီကို အခုချက်ချင်း တောင်းပန်ဖို့ မစ္စစ်ထုံကို ပြောလိုက်ပါ။ ငါတို့ဆိုင်မှာ ဆက်ဈေးဝယ်ချင်သေးရင်တော့ မစ္စယွီရဲ့ ခွင့်လွှတ်မှုကို တောင်းခံလို့သာ ပြောလိုက်" ဟု ဤဆိုင်ပိုင်ရှင်က ပြောသည်။ ဒီဖုန်းဆက်ပြီးတဲ့ နောက်မှာတော့ မစ္စစ်ထုံက ဘယ်လိုလူလဲဆိုတာ သူမ နားလည်လာပါပြီ။ မစ္စစ်ထုံသည် အလွန်မိုက်မဲသောကြောင့် သူ့မိသားစုသည် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် သူမကြောင့် ထိခိုက်ပေလိမ့်မည်။

“ကိစ္စမရှိပါဘူး သူဌေး” ဟု စတိုးဆိုင်မန်နေဂျာက ကျေနပ်သောမျက်နှာဖြင့် ပြောသည်။ အဲဒီနောက်မှာတော့ ဒီဆိုင်ပိုင်ရှင်က ဖုန်းချလိုက်ပြီး မစ္စစ်ထုံနဲ့ စကားပြောဖို့ စိတ်မ၀င်စားတော့ပေ။

စတိုးဆိုင်မန်နေဂျာက မစ္စစ်ထုံအား ဖုန်းပြန်ပေးကာ “မစ္စစ်ထုံ ဒီနေ့ ဖြစ်ခဲ့တာက မင်းရဲ့အမှားလို့ ကျွန်မတို့သူဌေးကပြောပါတယ်၊ မင်းဒီမှာစျေးဆက်ဝယ်ချင်တယ်ဆိုရင် မစ္စယွီရဲ့ ခွင့်လွှတ်မှုရ‌တဲ့အထိ မင်း မစ္စယွီကို တောင်းပန်ပြီးသင့်ပါတယ်တဲ့"

ယွီယင်၏မျက်လုံးထဲတွင် ဒါက အံ့သြစရာအဖြေမဟုတ်ပေ။ စတိုးဆိုင်ရှိ အခြားလူများကလည်း ရလဒ်ကို ကျေနပ်ကြသည်။ ဒါဟာ မစ္စစ်ထုံရဲ့အမှားမို့လို့ သူမက ယွီယင်နဲ့ ကျင်းယွင်ယောင်ကို တောင်းပန်သင့်သည်။

သို့သော် မစ္စစ်ထုံ၏အမြင်တွင်တော့ ဒါက လက်ခံနိုင်စရာ တစ်စက်မှမရှ်ပေ။"ဘာ? ငါက ဘာလို့သူတို့ကို တောင်းပန်ရမှာလဲ" ဆိုင်ပိုင်ရှင်က ယွီယင်ကို တောင်းပန်ပြီး ယွီယင်၏ ခွင့်လွှတ်မှုကို ရယူရန် တောင်းဆိုခိုင်းသည်ကို သူမ မယုံနိုင်ပေ။ သို့မဟုတ်ပါက သူမသည် နောင်တွင် ဤနေရာတွင် ဈေးဝယ်ခွင့်ရှိမည်မဟုတ်ပေ။ ရှက်စရာကောင်းလှသည်။ တကယ်တော့ မစ္စစ်ထုံဟာ သူ့အပြစ်လို့ မထင်သေး‌ပေ။

"မစ္စစ်ထုံ မင်းတောင်းပန်ချင်စိတ်မရှိဘူးဆိုရင်တော့ မင်းရဲ့အဝတ်အစားတွေကိုလဲပြီး အခုထွက်သွား‌လို့ရပါတယ်” ဟု ဆိုင်မန်နေဂျာက ပြောသည်။ မစ္စစ်ထုံကို တကယ် မကြိုက်ပေမဲ့ အပေါ်ယံက ယဉ်ကျေးရမည်။

“မင်း…” မစ္စစ်ထုံသည် ဒေါသထွက်သွားပြီး လက်လျှော့ရန် ဝန်လေးနေ၏။

"ကောင်းပြီ လင်းကျားယွီက ငါ့ကို ကူညီဖို့ ငြင်းရင် ငါ့ဝမ်းကွဲကို အကူအညီတောင်းလို့ရတယ်။ မြို့တော်က မစ္စစ်ထန်က ငါ့၀မ်းကွဲပဲ။ ငါဘာဖြစ်လဲဆိုတာ သူ့ကိုပြောပြလိုက်တာနဲ့ မင်းတို့ဆိုင်ပိတ်လိုက်ရလိမ့်မယ်!" လင်းကျားယွီသည် ဤအထည်ဆိုင်၏ ပိုင်ရှင်ဖြစ်သည်။

မြို့တော်ရှိ ထန်မိသားစုဆိုတာက ထန်ပင်းစန်၏မိသားစုဖြစ်ရမည်။ ထိုအခြေအနေတွင် မစ္စစ်ထန်သည် ကျီယီကျင်း ဖြစ်ရမည်။ တကယ်တော့ မစ္စစ်ထုံဟာ ကျီယီကျင်းရဲ့ ဆွေမျိုးဖြစ်ပြီး သူမဟာ သူတို့ရဲ့ ဆက်ဆံရေးကြောင့် အလွန်ချမ်းသာတဲ့ မိသားစုစာရင်းမှာ ပါဝင်နိုင်ခဲ့ခြင်းသာဖြစ်သည်။

All Chapters