← Chapters

အခန်း (၁၇၃၅-၁၇၄၀)

Vol. 108 Ch. 1735-1740

အခန်း (၁၇၃၅-၁၇၄၀)

Vol. 108 Ch. 1735-1740

အခန်း ၁၇၃၅ ငါစိတ်တိုတယ်

သူမသည် ကျီယီကျင်းကဲ့သို့ပင် အလွန်ချမ်းသာသော မိသားစုတွင် ပါဝင်ခဲ့ပြီး သူတို့နှစ်ဦးစလုံးသည် အငယ်အနှောင်းဖြစ်ကြသည်။ ထို့အပြင် မစ္စစ်ထုံ၏ခင်ပွန်းသည် အနေအေးပြီး ယခုဆိုလျှင် အသက်ငါးဆယ်နှောင်းပိုင်းရောက်ပြီဖြစ်၍ မစ္စစ်ထုံထက် အသက် ၂၀ နီးပါးကြီးသည်။

အကယ်၍ ဤမျှကြီးမားသော အသက်ကွာဟချက်မဖြစ်ပါက မစ္စစ်ထုံ၏ခင်ပွန်းသည် သူမကိုလက်ထပ်မည်မဟုတ်ပါ။

မစ္စစ်ထုံက ပြောလိုက်တဲ့အခါ ဆိုင်မန်နေဂျာ၏ အမူအရာ ပြောင်းသွားသည်။ သူတို့၏သူဌေးမိသားစုသည် မြို့တော်တွင် သြဇာလွှမ်းမိုးမှုအချို့ရှိသော်လည်း ထန်မိသားစုနှင့်တော့ မယှဉ်သာပေ။

"မစ္စစ်ထုံ၊ ရှင်ဘာလို့ ဒီနေ့ ကျွန်မတို့ကို ခက်ခဲအောင်လုပ်နေတာလဲဆိုတာကို ကျွန်မတကယ်မသိဘူး။ ကျွန်မတို့က ဖောက်သည်တိုင်းကို ကြိုဆို‌ပေမယ့်လည်း ရှင်က‌တော့ ကျွန်မတို့ကို တမင် ဒုက္ခ‌ပေးနေတာပဲ။ ရှင်လိုချင်တာဘာပါလဲ?" စတိုးဆိုင်မန်နေဂျာက စိတ်ဆိုးနေပေမယ့် သူ့မျက်နှာမှာ ခံစားချက်တွေကို ထုတ်မပြ‌ပေ။

မစ္စစ်ထုံသည် ယုတ္တိမရှိလှ။

"ငါစိတ်တိုလို့လုပ်တာ ဘာဖြစ်လဲ?" မစ္စစ်ထုံက ပြောသည်။ သူမဟာ အမှားလုပ်မိတယ်လို့ မထင်သလို သူမ၏ အပြုအမူရဲ့ ရလဒ်ကို ဘယ်တုန်းကမှ မတွေးခဲ့ပေ။

"ကောင်းပြီ မင်းစိတ်တိုနေတယ် ဟုတ်? ပြီးတော့ မင်းမှာ ထန်မိသားစုရဲ့ပံ့ပိုးမှု ရှိတယ် ဟုတ်‌လား? ဟုတ်ပြီလေ၊ မင်းအကူအညီတောင်းလိုက်ရင် ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရအောင်။ ဒီဆိုင်ကို ငါကာကွယ်‌ပေးနိုင်တယ်” ဟု ယွီယင်က ရုတ်တရက်လေးနက်သောလေသံဖြင့် ပြောသည်။ မစ္စစ်ထုံ၏ အပြုအမူများကို သူမ သည်းမခံနိုင်တော့ပေ။

မစ္စစ်ထုံသည် သူမ၏အဆက်အစပ်များနှင့် အခြားလူများကို အနိုင်ကျင့်လိုသောကြောင့် ယွီယင်သည်လည်း အလားတူလုပ်ဆောင်ရန် မကြောက်ပေ။ သူမသည် ယခင်က ထိုသို့မလုပ်ဖူးသော်လည်း ယနေ့တွင်‌တော့ အရှက်ကွဲခြင်းကို ခံနိုင်ရည်မရှိတော့ပေ။

“မင်း…” မစ္စစ်ထုံက ဒေါသထွက်နေပေမယ့် ယွီယင်မှာလည်း အဆက်အသွယ်ရှိပုံပေါ်တာကြောင့် အံ့ဩသွားသည်။

ယွီယင်သာ သူ့ထက် သြဇာကြီးရင် သူမကို စော်ကားမိတာက ကြောက်စရာကောင်းတဲ့ အမှားဖြစ်သွားလိမ့်မည်။

ထိုအချိန်တွင် မစ္စစ်ထုံသည် ထိုအကြောင်းကို အသေအချာ တွေးတောနေမိတော့သည်။ သို့သော်လည်း သူမသည် မျက်နှာပျက်သွားနိုင်သောကြောင့် ယခုချက်ချင်း အရှုံးမပေးချင်သေးပေ။ ထို့‌အတွက်‌ကြောင့် ယွီယင်သည် ဒီတိုင်းကြွားလုံးထုတ်နေရုံဟုသာ သူမတွေးလိုက်သည်။ ထို့ကြောင့် သူမသိက္ခာကို ကယ်တင်ရန်အတွက် မစ္စစ်ထုံသည် သူမ၏ စိတ်ကို မပြောင်းတော့ပေ။

"ကောင်းပြီ၊ စောင့်ကြည့်နေလိုက်!" မစ္စစ်ထုံက ကျီယီကျင်းကို ချက်ချင်းဖုန်းဆက်လိုက်သည်။

ဒါပေမယ့် ကျီယီကျင်းရဲ့ ဖုန်းက ပိတ်ထား‌လေသည်။

မစ္စစ်ထုံသည် ရှက်ရွံ့သွားပြီး ကျီယီကျင်းကို ယခုအချိန်မှ တိုက်တိုက်ဆိုင်ဆိုင် ဖုန်းပိတ်ထားသည့်အတွက် အပြစ်တင်စပြုလာသည်။

တကယ်တော့ ကျီယီကျင်းဟာ အပြစ်ကင်းပါသည်။

ဘာပဲဖြစ်ဖြစ် မစ္စစ်ထုံက ကျီယီကျင်းကို မဝေဖန်ဝံ့ပါ။ ဆန့်ကျင်ဘက်အနေနှင့် သူမသည် သူမ၏ နေရာကို တည်ငြိမ်စေရန်အတွက် ကျီယီကျင်းကို အားကိုးရသောကြောင့် သူမအပေါ်ကျေနပ်ရမည်။

သူမ၏ ခင်ပွန်းသည်က အသက် ၆၀ နီးပါးရှိပြီဖြစ်သော်လည်း သူဌေးများသည် ရှုပ်ပွေခြင်းကို စိတ်၀င်စားကြသည်။ ထို့ကြောင့် ကျီယီကျင်းကြောင့်သာမဟုတ်လျှင် သူမသည် မစ္စစ်ထုံရာထူးမှ ဖယ်ရှားခံရလိမ့်မည်။

ကျီယီကျင်း၏ စရိုက်ကို သူမ ကောင်းကောင်း သိသည်။ ကျီယီကျင်းကို စိတ်အနှောင့်အယှက်ဖြစ်စေပါက ကျီယီကျင်းသည် သူမအား လျစ်လျူရှုသွားနိုင်တဲ့အတွက် နောက်ပိုင်းတွင် သူမများစွာဆုံးရှုံးသွားနိုင်သည်။

ခင်ပွန်းဖြစ်သူ၏ကိစ္စကို‌တော့ သူမမှာ ငွေအလုံအလောက်ရှိပြီး သားဖြစ်သူက ထုံမိသားစု၏ ကြွယ်ဝမှုကို အမွေဆက်ခံနိုင်သရွေ့ ၎င်းကို မျက်ကွယ်ပြုထား‌နိုင်သည်။

"အင်း ငါဒီနေ့ သူ့ကိုဆက်သွယ်လို့မရသေးဘူး။ ဒါကြောင့် မင်းတို့ကို ဒီနေ့ထွက်သွားခွင့်ပြုလိုက်မယ်။ ဒါပေမယ့် မင်းတို့ကို ဒီတိုင်းထားလိုက်မယ်မထင်နဲ့" ကျီယီကျင်းကို မဆက်သွယ်နိုင်တဲ့အခါ မစ္စစ်ထုံက သူဘာလုပ်ရမှန်းမသိတော့ပေ။

လင်းကျားယွီမှာလည်း အစွမ်းထက်သော အကူအညီရှိသောကြောင့် သူမ၏ခင်ပွန်းအစား ကျီယီကျင်းအား အကူအညီတောင်းရန် မစ္စစ်ထုံက ရည်ရွယ်ခဲ့သည်။ ထို့အပြင် လင်းကျားယွီ၏သူငယ်ချင်းအများစုသည် အလွန်ချမ်းသာသောအမျိုးသမီးများဖြစ်ကြသောကြောင့် ထုံမိသားစုက သူမကို မကူညီနိုင်မှာကိုလည်း စိုးရိမ်‌နေမိသည်။

သို့သော်လည်း ကျီယီကျင်း၏ အနေအထားအရ ၎င်းက ပိုလွယ်ကူသွားလောက်မည်။

မစ္စစ်ထုံ မသိတဲ့ တစ်ခုတည်းသောအရာက ကျင်းယွင်ယောင်နှင့် ယွီယင်တို့က ကျီယီကျင်းထက် များစွာ သြဇာကြီးကြောင်းကိုပင်။

"အိုး မစ္စထန်ကို မင်းနဲ့ဝတ်စုံကို ပြိုင်လုတဲ့ အမျိုးသမီးက ယွီယင် ဖြစ်ပြီး‌တော့ သူ့ခင်ပွန်းရဲ့ မိသားစုက လင်မိသားစုကဆိုတာပါ တစ်ခါထဲ ပြောလိုက်နော်" ဟု ယွီယင်ကပြောသည်။

ဤအဝတ်အစားဆိုင်သည် အပြစ်ကင်းပြီး သူတို့၏ ကိုယ်ပိုင်အာဃာတကြောင့် ယွီယင်သည် လင်းကျားယွီအား ထိခိုက်စေလိုခြင်းမရှိပေ။

ဉာဏ်ကောင်းတဲ့လူသာဆိုရင် မစ္စစ်ထုံကို ဒီလိုမိုက်မဲတဲ့ကိစ္စအတွက် ကူညီဖို့ သဘောတူမည်ဟု သူမ,မထင်ပါ။ ထို့အပြင် မစ္စစ်ထုံက ထန်မိသားစုထဲက လူတွေနဲ့ အရမ်းရင်း‌နှီးနေတာလည်းမဟုတ်ပေ။

သာမာန်လူများသည် ယွီယင်နှင့် လင်မိသားစု၏ သြဇာလွှမ်းမိုးမှုကို မသိနိုင်သော်လည်း အထက်တန်းလူ့အဖွဲ့အစည်းရှိ လူတိုင်းက ၎င်းကို သိရှိကြသည်။ လင်မိသားစုကို ဘယ်သူမှ သွားမရှုပ်ရဲကြပေ။

သာမာန်အားဖြင့် အထက်တန်းလူ့အဖွဲ့အစည်းရှိလူများသည် တစ်ဦးနှင့်တစ်ဦး ရင်းနှီးကြပြီး လင်မိသားစုဝင်များကို မတူညီသောအဖွဲ့အစည်းများတွင် မကြာခဏ‌တွေ့ရလေ့ရှိသောကြောင့် ၎င်းတို့သည် စိမ်းသက်သော မျက်နှာများမဟုတ်ပေ။

ထိုအခြေအနေမျိုးတွင် မစ္စစ်ထုံသည် ယွီယင်အကြောင်းကို မကြားဖူးသော်လည်း ကျီယီကျင်းကတော့ သိသင့်သည်။

အကယ်၍ ကျီယီကျင်းသာမသိပါက သူမသည် ‌ဤမြင့်မားသောလူ့အဖွဲ့အစည်းတွင် လင်မိသားစုတစ်စုသာရှိသောကြောင့် ထိုအကြောင်းကို ရှာဖွေလိမ့်မည်ဖြစ်သည်။ လင်၏ မျိုးရိုးအမည်သည် သာမန်မဟုတ်ပေ။

"ကြည့်ကြ‌သေးတာပေါ့!" မစ္စစ်ထုံသည် အထင်အမြင်သေးစွာဖြင့် အော်ဟစ်လိုက်ပြီး အဝတ်လဲခန်းဆီသို့ တည့်တည့်လျှောက်သွားခဲ့သည်။

တကယ်တော့ မစ္စစ်ထုံဟာ ယွီယင်က ထန်မိသားစုကို လုံးဝ မကြောက်တဲ့အတွက် ယွီယင်က ထန်မိသားစုထက်တောင် သြဇာကြီးမားသူဖြစ်နိုင်သောကြောင့် အခုအချိန်မှာ အနည်းငယ် စိုးရိမ်ပူပန်နေရသည်။

ယွီယင်အမည်ရှိ အမျိုးသမီးအကြောင်း ပိုမိုရှာ‌ဖွေရန် မစ္စစ်ထုံက ဆုံးဖြတ်လိုက်သည်။ ယွီယင်သည် အမှန်တကယ် အဆင့်အတန်းမြင့်မားပါက သူမနှင့်ပတ်သက်သည့် အချက်အလက်အချို့ကို ရရှိရန် လွယ်ကူသင့်သည်။

ခဏအကြာတွင် မစ္စစ်ထုံသည် အဝတ်အစားလဲပြီး ထွက်လာသည်။ သူမ အခုလေးတင် စမ်းကြည့်တဲ့ ဒီဝတ်စုံကို တကယ်ကြိုက်ပေမယ့် ဒီဆိုင်က နှင်ထုတ်ခံလိုက်ရတဲ့အတွက် ဝယ်ချင်စိတ်မရှိတော့ပေ။

ဤဈေးဝယ်စင်တာသည် အလွန်ကျယ်ဝန်းပြီး အခြားစတိုးဆိုင်များတွင်လည်း စျေးဝယ်နိုင်သည်။

တကယ်တော့ သူမဝယ်ချင်ရင်တောင် ဒီဆိုင်ပိုင်ရှင်က သူမကိုရောင်းဖို့ ဆန္ဒရှိ‌တော့မှာမဟုတ်ပေ။

"စိတ်မပူပါနဲ့ ကျွန်မတာဝန်ယူနိုင်ပါတယ်၊ မင်းနဲ့ဆိုင်ကို ဘာမှမထိခိုက်စေရပါဘူး" ဟု မစ္စစ်ထုံ ထွက်သွားပြီး‌နောက် ဆိုင်မန်နေဂျာကို ယွီယင်ကပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်” ဟု ဆိုင်မန်နေဂျာက ပြောသည်။ ခုတလော ဖြစ်ပျက်ခဲ့တာတွေအရ ယွီယင်က ထန်မိသားစုကို မကြောက်ဘူးဆိုတာ သူမ သိလိုက်သည်။

သူမသည် ယွီယင်ကို အကြိမ်အနည်းငယ် တွေ့ဖူးပြီး ယွီယင်က ကြွားလုံးထုတ်ခြင်းကို မနှစ်သက်ကြောင်း သူမသိသည်။

ယွီယင်သည် သြဇာကြီးသူမဟုတ်သော်လည်း သူ့တွင် အကြီးတန်းအရာရှိ၏ ဇနီးဖြစ်သော သူငယ်ချင်းကောင်းတစ်ယောက်ရှိသည်။ သူ့သူငယ်ချင်းရှိနေသရွေ့ ထန်မိသားစုက ဒါကို အလေးအနက်ထားပြီး နှောင့်ယှက်မှာ မဟုတ်ပေ။

ထို့ကြောင့် သူမသည် ယွီယင်ကို ယုံကြည်ရန်သာ ရွေးချယ်လိုက်သည်။

***

အခန်း ၁၇၃၆ လက်စားချေခြင်း?

မစ္စစ်ထုံ ထွက်သွားပြီးနောက် ကျင်းယွင်ယောင်နှင့် ယွီယင်တို့သည် ဆက်လက်ဈေးဝယ်ထွက်ကြသည်။ သူတို့ရဲ့ စိတ်ခံစားချက်က အနည်းငယ်ထိခိုက်သွားပေမယ့် လှပတဲ့အဝတ်အစားတွေကို ရှာဖွေရတာကို နှစ်သက်ဆဲပါ။

ကျင်းယွင်ယောင်သည် ရုပ်ရည်ကောင်းမွန်ပြီး ချောမောလှပသူဖြစ်သောကြောင့် မည်သည့်အဝတ်အစားဖြင့်မဆို ဆွဲဆောင်မှုရှိသည်။ ထို့ကြောင့် ယွီယင်၏ အားပေးအားမြှောက်မှုနဲ့ သူမစမ်း၀တ်ခဲ့သော ၀တ်စုံနှစ်စုံလုံးကို ဝယ်ခဲ့သည်။

ယွီယင်သည် စူပါ VIP ဖြစ်သောကြောင့် သူတို့သည် 20% လျှော့စျေးရပြီး ယွမ်ငါးသောင်းနီးပါးသာ ပေးချေခဲ့ရသည်။

တကယ်တော့ ကုဖန်းမှအဝတ်အထည်များသည် ဤဆိုင်ရှိအ၀တ်အထည်များကဲ့သို့ အရည်အသွေးမြင့်သော်လည်း ဤနေရာရှိ အဝတ်အစားများ၏စျေးနှုန်းများသည် အဆများစွာမြင့်မားသည်။ ကုဖန်း မှ ဈေးအကြီးဆုံး နွေရာသီဝတ်စုံသည် ယွမ်ငါးထောင်အောက်သာ ရှိသည်။

ဤဆိုင်သည် ၁၀ နှစ်ကျော်သမိုင်းကြောင်းနှင့်အတော်လေးကျော်ကြားသောကြောင့် ဈေးနှုန်းမြင့်မားခြင်းကိုနားလည်နိုင်‌ပေသည်။ ဒါ့အပြင် ဒီစတိုးဆိုင်ပိုင်ရှင် လင်းကျားယွီဟာ သူတို့နိုင်ငံရဲ့ ထိပ်တန်းအဝတ်အစား ဒီဇိုင်နာတစ်ယောက်လည်းဖြစ်တာကြောင့် သူမရဲ့နာမည်ကျော်ကြားမှု‌ကြောင့်နဲ့ ဈေးနှုန်းတွေထပ်တိုးလာ‌ပေသည်။

ကုဖန်းသည်လည်း နာမည်ကြီးလာပြီး အဆင့်မြှင့်တင်လိုက်သည်နှင့် ၎င်း၏စျေးနှုန်းလည်း တက်လာလိမ့်မည်ဖြစ်သည်။

ကုနင်းသည် တန်ဖိုးကြီးအမှတ်တံဆိပ်တစ်ခုကိုဖန်တီးရန် ရည်ရွယ်ထားသောကြောင့် ဈေးနှုန်းသည် ၎င်း၏ကျော်ကြားမှုနှင့် ကိုက်ညီရမည်ဖြစ်သည်။

ကုဖန်းအပြင် ကုနင်းသည် အလယ်အလတ်လူတန်းစားများအတွက် အခြားအမှတ်တံဆိပ်တစ်ခုကို တည်ထောင်မည်ဖြစ်ပြီး ဈေးနှုန်းများမှာ ယွမ်ရာမှ ထောင်ပေါင်းများထိသာ ရှိမည်။

အချိန်ကောင်းတစ်ခု‌ရောက်လာသောအခါတွင် သူမသည် ထိုအရာကို စတင်လုပ်ဆောင်တော့မည်ဖြစ်သည်။

၎င်းသည် အလယ်တန်းအဆင့်ရှိ အမှတ်တံဆိပ်တစ်ခုဖြစ်သော်လည်း ၎င်း၏အရည်အသွေးသည် အခြားအဆင့်တူအမှတ်တံဆိပ်များထက် ပိုမိုကောင်းမွန်နေရမည်။

ကုနင်းက သူ့အမှတ်တံဆိပ်တွေကို အရည်အသွေးမြင့်ရင် မြင့်သလောက် နာမည်ကြီးစေချင်သည်။

အဝတ်အစားတွေဝယ်ပြီးသောအခါ ဖိနပ်နဲ့ အိတ်တွေကို အသုံးအဆောင်ပစ္စည်းတွေဝယ်ဖို့ သေချာပေါက်လိုအပ်သည်။

ကျင်းယွင်ယောင်က ငြင်းချင်ပေမယ့် ယွီယင်က သူ့ကို တိုက်တွန်းသည်။ "မင်းပိုက်ဆံအများကြီးမသုံးချင်ဘူးဆိုတာ သိပါတယ်၊ ဒါက ရှောင်းထင်ရဲ့ပိုက်ဆံဖြစ်ပေမယ့် သူက မင်းရဲ့သားပါ။ စိတ်ပူစရာ ဘာမှမရှိပါဘူး။ ရှောင်းထင် က စစ်သားတစ်ဦးဖြစ်ပေမယ့်လည်း သူရဲ့လစာ၊ ခံစားခွင့်များနဲ့ ဘောနပ်စ်‌တွေက အရမ်းမြင့်တယ်။ ယဲ့မိသားစုရဲ့လုပ်ငန်းကို ရှန်းရှစ်ကနေ ဝယ်ခဲ့‌ပေမယ့်လည်း ရှောင်းထင်က သူ့ရဲ့ရှယ်ယာအချို့ကို သိမ်းထားတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ရှောင်းထင်က ပိုက်ဆံရှိတာမို့ မင်း လိုချင်သလောက် သုံးလို့ရပါတယ်။ ဒါက မင်းအပေါ် သစ္စာစောင့်သိမှုကို ပြသတဲ့ သူ့ရဲ့နည်းလမ်းပဲ၊ ဒါကြောင့် မင်း သူ့ကို စိတ်မပျက်သွား‌စေသင့်ဘူး‌‌လေ။”

ကုနင်းသည် လင်ရှောင်းထင်သည် ရှန်းရှစ်၏ပိုင်ရှင်ဖြစ်ကြောင်း ကျင်းယွင်ယောင် အားပြောခဲ့သော်လည်း သခင်ကြီးလင်မှလွဲ၍ လင်မိသားစုမှ အခြားမိသားစု၀င်များက ၎င်းကို မသိသောကြောင့် ကျင်းယွင်ယောင်က ယွီယင်ထံသို့ ထိုစကားပြောသောအခါ အံ့သြခြင်းမရှိပေ။

မည်သို့ပင်ဆိုစေကာမူ ကျင်းယွင်ယောင်သည် လင်ရှောင်းထင်က သူမကို ဂရုစိုက်တဲ့အတွက်ကြောင့် သူမ သူ့ကို ၀မ်းနည်းအောင်မလုပ်သင့်ဟု ထင်တဲ့အတွက် သဘောတူလိုက်သည်။

သူမသည် အချိန်တစ်ခုအထိ လင်ရှောင်းထင်အကြောင်း သိပ်မသိ‌သေးသောကြောင့် အနည်းငယ် စိတ်ပူသွားမိခဲ့သည်။

ထို့ကြောင့် ယွီယင်၏ အားပေးမှုကို ရရှိပြီးနောက်တွင်‌တော့ ကျင်းယွင်ယောင်သည် ဖိနပ်သုံးရံနှင့် အိတ်သုံးလုံးကို ဝယ်ယူခဲ့သည်။

ကျင်းယွင်ယောင်က အရမ်းရက်ရောတဲ့အတွက်ကြောင့် ယွီယင်အား တစ်ချို့ကို ရွေးခိုင်းပြီး သူမ၀ယ်ပေးမည်ဟုပြောလိုက်သည်။ ယွီယင်သည် အစပိုင်းတွင် ငြင်းဆိုခဲ့သော်လည်း ကျင်းယွင်ယောင်က အတင်းအကြပ်ပြောသောကြောင့် သူမသည် နောက်ဆုံးတွင် သဘောတူခဲ့ရသည်။

ထို့နောက်တွင် ကျင်းယွင်ယောင်သည် သခင်ကြီးလင်နှင့် လင်ရှောင်းထင်တို့အတွက် အဝတ်အစားအချို့ဝယ်ခဲ့သည်။ သူတို့တွင် အ၀တ်အစားများပေါများသော်လည်း လက်ဆောင်နှင့်အတူပြန်သင့်သည်ဟု သူမထင်မိသည်။

လင်ရှောင်းထင်နှင့် သခင်ကြီးလင်ကိုပေးရန်စီစဉ်ထားသော အဝတ်အစားများအတွက် ငွေပေးချေသောအခါတွင် သူမ၏ကိုယ်ပိုင်ကတ်ကိုသာ အသုံးပြုခဲ့သည်။

သူမသည် အလွန်ချမ်းသာတာမဟုတ်သော်လည်း ယွမ်ငွေသန်းပေါင်းများစွာရှိပြီးဆင်းရဲတာတော့ မဟုတ်ပေ။

ထို့အပြင် ကျင်းယွင်ယောင်သည် လင်ရှောင်းထင်နှင့် သခင်ကြီးလင်အတွက် ပိုက်ဆံသုံးရန် တွန့်ဆုတ်မနေဘဲ ၎င်းတို့၏ လက်ဆောင်များအတွက် ယွမ်တစ်သိန်းကျော်အသုံးပြုခဲ့သည်။

"အိုး ယွင်ယောင် မင်းရဲ့အသားအရေက မယုံနိုင်လောက်အောင်ကောင်းတာပဲ။ ဘယ် အသားအရေထိန်းအလှကုန်တွေ သုံးလဲ" ယွီယင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ ကျင်းယွင်ယောင်၏ အသားအရေသည် သာမန်လူများထက် ပိုကောင်းသည်ဟု သူမထင်မိသည်။ အရေးအကြောင်းမရှိဘဲ မျက်နှာကစင်းလုံးချောပင်။

ယွီယင်သည် သူမ၏မျက်နှာအသားအရည်ကို ကောင်းမွန်စွာ ဂရုစိုက်သော်လည်း ကျင်းယွင်ယောင် နဲ့တော့ မယှဉ်နိုင်ပေ။

တကယ်တော့ ကျင်းယွင်ယောင်က ယွီယင်ထက် အသက်အနည်းငယ်ကြီးပေမယ့် ယွီယင်က ကျင်းယွင်ယောင်ထက် အသက်ပိုကြီးတဲ့ပုံပေါက်ပါသည်။

ကျင်းယွင်ယောင်က လင်ရှောင်းထင်ကို မွေးတုန်းက အသက် ၂၁ နှစ်ဖြစ်ပြီး လင်ရှောင်းထင်က အခု ၂၆ နှစ်ဆိုတော့ ကျင်းယွင်ယောင်က ဒီနှစ် ၄၇ နှစ်ရှိသင့်ပြီဖြစ်တယ်။ သို့သော် ကျင်းယွင်ယောင်က အသက်သုံးဆယ်၀န်းကျင်တွင်ရှိပုံပေါက်နေသည်။

ချမ်းသာသော အမျိုးသမီး အများအပြားသည် ၎င်းတို့၏ အသားအရည်ကို အထူးဂရုပြုကြသည်။ ထို့ကြောင့် ၎င်းမှာ မထူးဆန်းသော်လည်း ကျင်းယွင်ယောင်မှာမူ ကွဲပြားနေဆဲဖြစ်သည်။

တကယ်တော့ ကျင်းယွင်ယောင်ဟာ ကျင့်ကြံသူဖြစ်တာကြောင့် သူမရဲ့ အဆင့်အရ သူမဟာ အသက် ၂၀ အရွယ် မိန်းကလေးတစ်ယောက်လို ဖြစ်သင့်ပေမယ့် သူမဟာ အသက် ၃၀ အရွယ်လောက် ဖြစ်ပုံရနေသည်။ သူမမျက်နှာက အရင်တုန်းက ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့တာကြောင့် ပြောင်းလဲသွားခဲ့သည်။

သူမက အသားအရေထိန်းပစ္စည်းမသုံးသလို မလိုအပ်တာကြောင့်လည်း ယွီယင်က သူမကို ဒီမေးခွန်းကို မေးလိုက်တဲ့အခါ တုန်လှုပ်ခြောက်ခြားသွားသည်။ ကျင့်ကြံသူတစ်ဦးအနေဖြင့် သူမသည် ငယ်ရွယ်နုပျိုသောအခြေအနေတွင် အသားအရေကို ထိန်းသိမ်းထားနိုင်ကာ အချိန်အတော်ကြာအောင် လှပနေနိုင်သည်။

အကယ်၍ သူမသည် ထိုအချိန်က ထိခိုက်ဒဏ်ရာရပြီး ရုပ်ပျက်ဆင်းပျက်မဖြစ်ခဲ့ပါက၊ သူမသည် အခုလို ဖြစ်နေမည်မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ ယွီယင်ကို ရှင်းပြရန် သူမအတွက် ခက်ခဲသောကြောင့် အကြောင်းပြချက် ပေးလိုက်သည်။ "အင်း ကျွန်မ ငါ ခိုကျီ သုံးတယ်လေ။ အဲ့တာကြောင့် ကျွန်မအသားအရေက အမြဲအခြေအနေကောင်းနေတာ"

"အိုး ကျွန်မနားလည်ပြီ!" ယွီယင် မအံ့သြပါ။ "နင်းနင်းက ငါ့ကိုလည်း ခိုကျီကို setလိုက် ပို့ပို့ပေးတယ် အဲ့တာကြောင့် အခု ကျွန်မရဲ့ အသားအရေက အရမ်းကောင်း‌နေတာ။ ခိုကျီဟာ နင်းနင်းရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံတကာ အမှတ်တံဆိပ်တစ်ခု ဖြစ်လာနိုင်မယ်လို့ ကျွန်မတော့ထင်တယ်” ကုနင်းသည် လျစ်လျူမရှုနိုင်လောက်အောင် ထူးချွန်သောကြောင့် ယွီယင်သည် သူမအကြောင်းပြောတိုင်း ကုနင်းကို ချီးကျူးမိသည်။

“ဒါပေါ့!” ကျင်းယွင်ယောင်က သဘောတူလိုက်သည်။

ဈေးဝယ်ထွက်ပြီးနောက် အနည်းငယ် ပင်ပန်းလာသောအခါတွင် လက်ဖက်ရည်ဆိုင်တွင် ခေတ္တအနားယူပြီးနောက် အိမ်ပြန်ခဲ့ကြသည်။

…

မစ္စစ်ထုံသည် အထည်ဆိုင်မှ ထွက်လာပြီးနောက် ခင်ပွန်းသည်၏ မျိုးရိုးအမည်လင်ဟု အမည်ရသော ယွီယင်ဆိုသော အမျိုးသမီးကို ကြားဖူးသည်ရှိမရှိ ချမ်းသာသော အမျိုးသမီးများ ဖြစ်ကြသည့် သူမ၏သူငယ်ချင်းများကို မေးမြန်းခဲ့သည်။

မစ္စစ်ထုံ၏ အဆင့်အတန်းကြောင့် သူမ၏ သူငယ်ချင်းများသည် သူမနှင့် တန်းတူဖြစ်သည်။

လူငါးယောက်ကို မေးပြီးနောက် နောက်ဆုံးတွင် အဖြေရခဲ့‌တော့သည်။

သူနဲ့အတူတူ ဌာနမှာအလုပ်လုပ်‌သော သူဌေးမိန်းမက ယွီယင်ကိုသိပြီး အတွင်းလူတွေ့ဆုံပွဲမှာ ယွီယင်ကို တွေ့ဖူးသည်ဟုဆိုသည်။ ယွီယင်၏ မိသားစု နောက်ခံကို အခြားသူများ၏ ပါးစပ်မှ ကြားလိုက်ရသည်။

"ယွီယင်က အစိုးရ အလုပ်လုပ်ပြီး မြို့တော်မှာ လင်မိသားစု၀င်နဲ့ အိမ်ထောင်ကျသွားတာ" အဲဒါကို သိလိုက်ရတော့ မစ္စစ်ထုံက ထိတ်လန့်သွားပြီး သူ့လက်ထဲက ဖုန်းပင် ပြုတ်ကျသွား‌တော့သည်။

ဘာ? ယွီယင်က မြို့တော်က လင်မိသားစုနဲ့ လက်ထပ်ထားတာလား။

အံ့သြစရာပင်။ သို့ဆိုလျှင် ထန်မိသားစုပင်လျှင် ၎င်းတို့နှင့် ယှဉ်နိုင်ရုံမျှသာ။ မစ္စစ်ထုံသည် ယွီယင်ကို ခြိမ်းခြောက်ခဲ့သည်ကို နောင်တရခဲ့ပြီး ယခု အကူအညီတောင်းရန် ကျီယီကျင်းဘက် မလှည့်ဝံ့တော့ပေ။

နောက်တစ်ကြိမ် လက်စားချေဖို့ဆိုတာ မစ္စစ်ထုံအတွက် လုံး၀ မဖြစ်နိုင်တော့ပါ။

***

အခန်း ၁၇၃၇ စိတ်ဆိုးတာမဟုတ်ပဲ စိတ်ကောက်တာပါ

ညနေ ၅ နာရီတွင် ကျင်းယွင်ယောင်နှင့် ယွီယင်တို့သည် လင်မိသားစု၏ အိမ်ဟောင်းသို့ ပြန်သွားကြသည်။

ကျင်းယွင်ယောင်သည် စျေးဝယ်အိတ်များစွာဖြင့် ပြန်လာသောကြောင့် သခင်ကြီးလင်ကို တွေ့သောအခါ ရှက်ရွံ့သွားမိသည်။ သူမသည် သခင်ကြီးလင်က သူမအပေါ် ဆိုးရွားသော အမြင်၀င်သွားမိမည်ကို စိုးရိမ်နေမိသည်။

“ ၀ယ်လာတာတွေက မများဘူးဆိုတော့ ‌နောက်တစ်ခါ အချိန်ရရင် ထပ်၀ယ်‌နော်” လင်ရှောင်းထင်သည် ထိုစျေးဝယ်အိတ်များကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ ကျင်းယွင်ယောင်၏ စျေးဝယ်နိုင်စွမ်းကို သူ သိပ်ကျေနပ်ပုံမရ။

ကျင်းယွင်ယောင် အံ့သြသွားပြီး "ဒါ အများကြီးလေ"

“အမေ စတိုးဆိုင်မှာရှိသမျှ အကုန်ယူရင်တောင် လုံလောက်မယ်လို့ မထင်ဘူး” ဟု လင်ရှောင်းထင်က ဆိုသည်။

ကျင်းယွင်ယောင်၏ ရင်ထဲခံစားသွားရသည်။ ထို့နောက် လင်ရှောင်းထင်နှင့် သခင်ကြီးလင်အတွက် သူဝယ်ခဲ့သော အဝတ်အစားများကို ထုတ်ယူလိုက်သည်။

ကျင်းယွင်ယောင်သည် လင်ရှောင်းထင်၏ ပိုက်ဆံအမြောက်အမြားကို သုံးစွဲထားသောကြောင့် သူမ၏ကိုယ်ပိုင်ကတ်ဖြင့် ဘီလ်ပေးဆောင်ခဲ့ကြောင်း ၎င်းတို့အား မပြောခဲ့ပေ။ လင်ရှောင်းထင်က သူမကို ပေးတဲ့အရာက သူမ ပေးနိုင်တဲ့အရာထက် အများကြီးပိုပါတယ်။

လင်ရှောင်းထင်နှင့် သခင်ကြီးလင်တို့သည် သူမထံမှ လက်ဆောင်များရရှိသည့်အတွက် ပျော်ရွှင်‌နေကြပြီး ဘေလ်မည်သူပေးဆောင်သည်ကို ဂရုမစိုက်ကြပေ။

သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ဂရုတစိုက်ရှိကြတဲ့အတွက် ကိုယ်ဂရုစိုက်တဲ့သူဆီကနေ လက်ဆောင်တွေရလို့ ပျော်ကြရုံသာဖြစ်ပါတယ်။

…

ထိုအချိန်တွင် ကုနင်းနှင့် သူမ၏သူငယ်ချင်းများက မြို့ထဲသို့ ပြန်သွားကြသည်။ တစ်နေကုန် ပတ်သွားပြီးနောက် ပင်ပန်းနွမ်းနယ်နေသော်လည်း ကုနင်းသည် သူမမှာ သူမကိုယ်သူမ ရွှင်လန်းစေသော မှော်အစွမ်းရှိသောကြောင့် တက်ကြွနေသည်။

ကုနင်းသည် သူမ၏ မှော်အစွမ်းကို သူမ၏ သူငယ်ချင်းများထံ မမျှဝေတာက အကျင့်ပုတ်သောကြောင့် မဟုတ်ဘဲ မလိုအပ်သောကြောင့် သာဖြစ်သည်။ သူတို့မှာ ဒဏ်ရာမရှိသလို ဖျားနာမှုလည်း မရှိ‌ပေ။ ဖိအားတွေကို လက်ခံခြင်းအားဖြင့် သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို မြှင့်တင်ဖို့ သင်ယူရမည်။

ထို့နောက် ပင်လယ်စာ ပွဲကြီးအတူတူ စားရန် ဆုံးဖြတ်လိုက်သည်။

စားသောက်ပြီး ခွန်အားတွေ ပြန်ပြည့်လာ‌တော့သည်။ ညစာစားပြီးတာနဲ့ အနားယူဖို့ ပြန်သွားကြသည်။ ညဘက်ဖြစ်၍ ပျော်ဖို့ကောင်းတာ ဘာမှမရှိတော့ပေ။

သူတို့သည် ညဘက်တွင် ဘားများသို့ သွားနိုင်ကြသော်လည်း အလွန်ငယ်သေး‌သောကြောင့် ဘားများကို မကြာခဏ မသွားသင့်ပါ။

ကုနင်းသည် ဟောင်ရန် နှင့် ကောင်လေးများကို ဟိုတယ်သို့ မောင်းနှင်ပြီးနောက် ရာစုနှစ်မြို့တော် သို့ ပြန်သွားခဲ့သည်။ ဟောင်ရန် နှင့် ကျန်းထျန်ပင်း တို့သည် မနက်ဖြန် နေ့လည် (၂) နာရီတွင် Fမြို့ သို့ ပြန်မည်ဖြစ်ကာ ကုနင်းသည် နေ့လည်စာစားပြီးနောက် လေဆိပ်သို့ လိုက်ပို့ပေးမည်ဖြစ်သည်။

မုခယ်သည် ထိုအချိန်တွင် ဟိုတယ်တွင် နေခဲ့မည်ဖြစ်ပြီး စာသင်နှစ်သစ် စတင်ချိန်တွင် တက္ကသိုလ်သို့ သွားမည်ဖြစ်သည်။

ချူးဖေ့ဟန်နှင့် ယွီမီရှီ တို့ကတော့ ရာစုနှစ်မြို့တော်တွင် ဆက်လက်နေထိုင်ကြမည်။

ကောလိပ်ကျောင်းသားအများစုသည် အဆောင်များတွင်နေထိုင်ရန် လိုအပ်သောကြောင့် စာသင်နှစ်သစ်စတာနဲ့ သူတို့၏ကျောင်းတွင် နေထိုင်ကြမည်ဖြစ်သည်။ သူတို့မှာ အချိန်ရပါက ပိတ်ရက်များတွက် ကုနင်းသည် သူတို့နှင့် ဆုံနိုင်မည်ဖြစ်သည်။

မုခယ်အပါအဝင် သူတို့အလိုရှိပါက ပိတ်ရက်များတွင် သူမ‌အိမ်၌ လာနေလို့ရပါသည်။

ပိုင်လီကျုံးယန်နှင့် သူ့ညီမငယ်တို့က ဤနေရာတွင် နေထိုင်သောကြောင့် လင်ရှောင်းထင် မလာနိုင်ပါ။ ထို့ကြောင့် လင်ရှောင်းထင် ပြန်လာပါက ကုနင်းသည် သူနှင့် တောင်မြစ်ကမ်းပါးဥယျာဉ်တွင် သွား‌တွေ့မည်ဖြစ်သည်။ ထိုအခြေအနေတွင် ချူးဖေ့ဟန်သည် သူမ၏အိမ်တွင်နေနိုင်ပြီး သူမအား မည်သည့်ဒုက္ခမှဖြစ်စေမည်မဟုတ်ပေ။

အကယ်၍ ကုနင်းသာအလုပ်များနေပါက သူမသည် သူမ၏လုပ်ငန်းကိုဖြေရှင်းရန် သွားမည်ဖြစ်ပြီး သူမ၏သူငယ်ချင်းများကို အထူးအချိန်ပေးရန် မလိုအပ်ပါ။ ဘာပဲဖြစ်ဖြစ် သူတို့ဟာ အခုချိန်မှာ အရမ်းရင်းနှီးသော သူငယ်ချင်းများဖြစ်ကြသည်။

သူတို့ ရာစုနှစ်မြို့တော် သို့ ပြန်ရောက်သောအခါ ည ၉ နာရီသာရှိသေးသောကြောင့် ကုနင်းသည် ကျင်းယွင်ယောင်နှင့် ခနစကားပြောရန် သူမကို ဖုန်းဆက်လိုက်သည်။

ထိုအချိန်တွင် ကျင်းယွင်ယောင်နှင့် လင်ရှောင်းထင်တို့သည် တောင်မြစ်ကမ်းပါးဥယျာဉ်သို့ ပြန်ည့်လမ်းပေါ်တွင် ရှိနေကြသော်လည်း အိမ်သို့မပြန်ခဲ့ကြပေ။ ယင်းအစား တောင်မြစ်ကမ်းပါးဥယျာဉ်ကိုဖြတ်၍ ဟိုတယ်တွင် ကျင်းကျီနျဉ်နဲ့ သွားတွေ့ဆုံကြမည်။

လင်ရှောင်းထင်သည် ကျင်းကျီနျဉ်ကိုတွေ့ရန်အချိန်တန်ပြီ။ ကျင်းကျီနျဉ်သည် လင်ရှောင်းထင်၏တည်ရှိမှုကို အမြဲသိပြီး လင်ရှောင်းထင်ကို များစွာ လျှို့ဝှက်ကူညီခဲ့သော်လည်း လင်ရှောင်းထင်သည် သူ့ကို လုံးဝမသိခဲ့ပေ။

လင်ရှောင်းထင်သည် ကုနင်းက ကျင်းယွင်ယောင်ကို‌တော့ ဖုန်းဆက်ပြီး သူ့ကို ဖုန်းမဆက်သည်ကို မြင်လိုက်ရသောအခါ အနည်းငယ် စိတ်ကောက်သွားမိသည်။ သို့သော် သူစိတ်ဆိုးတာမဟုတ်ပါ။ ကျင်းယွင်ယောင်သည် သူ့အမေဖြစ်သောကြောင့် သူ့အနာဂတ်ဇနီးသည်က သူ့အမေနှင့် ရင်းနှီးစွာဆက်ဆံနိုင်လျှင် ကောင်း‌ပေသည်။

ကျင်းယွင်ယောင်သည် ကုနင်းနှင့် အတော်လေး လိုက်လျောညီထွေရှိပြီး သူမထက် များစွာငယ်သော မိန်းကလေးအဖြစ် မခံယူထားပေ။ သူတို့ဟာ သူငယ်ချင်းလိုပါပဲ။

ကျင်းယွင်ယောင်က ကုနင်းကို ဒီနေ့ ဖြစ်ခဲ့တာတွေကို ပြောပြသည်။ အဝတ်စတိုးဆိုင်တစ်ခုတွင် အမျိုးသမီးတစ်ဦးသည် ကျင်းယွင်ယောင်ကို တမင်ခက်ခဲအောင် လုပ်ခဲ့ကြောင်း လင်ရှောင်းထင် ကြားသောအခါတွင် သူစိတ်တိုမိသည်။

ကျင်းယွင်ယောင်ကို သာမန်လူတွေက မထိခိုက်စေနိုင်ဘူးဆိုတာ သူသိပေမယ့် သူမကို ဂရုစိုက်တာကြောင့် စိတ်တိုမိခြင်းပင်။

“ဘာပဲလုပ်လုပ် ကိုယ့်ဘက်က ဘာအမှားမှ မလုပ်ထားသရွေ့ ပြန်ခုခံလို့‌ရတာပဲ။ သူ့ကို သင်ခန်းစာ‌ပေးလို့ရပေမယ့်လည်း မသန်မစွမ်းဖြစ်သွားအောင်တို့ သတ်ပစ်တာလောက်တဲ့အထိတော့ မလုပ်ပါနဲ့။ လင်မိသားစု၀င်ကို ဘယ်သူမှ အနိုင်ကျင့်လို့ မရပါဘူး” ဟု ကုနင်းက ဆိုသည်။

ကျင်းယွင်ယောင်ဟာ အားမနည်းနေမှန်း သူမသိပေမယ့် ကျင်းယွင်ယောင် စိတ်မကောင်း ဖြစ်‌နေမှာကို သူမစိုးရိမ်နေမိသည်။

လူ့လောကတွင် စည်းကမ်းများစွာရှိသော်လည်း ဥပဒေက ခွင့်ပြုထားသည့် ‌ဘောင်ထဲက လုပ်သရွေ့ လက်ခံနိုင်မည်ဖြစ်သည်။

ထို့အပြင် အကယ်၍ အကြမ်းဖက်မှုကို အသုံးချရမည်ဆိုပါက နောက်ဆုံးနည်းလမ်းဖြစ်ရမည်။ ရွေးချယ်စရာမရှိလို့ တယောက်ယောက်ကို ဒဏ်ရာရ‌စေခဲ့ရင် ကြီးကြီးမားမား ကိစ္စမဟုတ်ပေ။

"အမေသိပါတယ်" ကျင်းယွင်ယောင်က သူမဟာ ဂရုစိုက်ခံ‌နေရတယ်လို့ ခံစားလိုက်မိတဲ့အခါ စိတ်ထဲမှာ နွေးထွေးသွားသည်။

ကျင်းယွင်ယောင်က ထန်မိသားစုအကြောင်းပြောတာကို ကုနင်းကြားတဲ့အခါ သူမရဲ့ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ ဟောင်ရန်နှင့် ကျန်းထျန်ပင်းတို့ မနက်ဖြန် ထွက်ခွာသွားသည်နှင့် သူမ၏ အရေးကြီးကိစ္စများကို ကိုင်တွယ်ရမည်။

“အန်တီယင်ရဲ့ မိသားစု နောက်ခံအကြောင်း သိပြီးရင်တော့ အဲ့မိန်းမက ဘာမှ မလုပ်ရဲတော့ဘူးလို့ထင်တာပဲ” ဟု ကုနင်းက ဆိုသည်။

အနိုင်ကျင့်သူများသည် ၎င်းတို့ထက် အားနည်းသူများကိုသာ အနိုင်ကျင့်ရန် သတ္တိရှိသောကြောင့် ယွီယင်၏ မိသားစုနောက်ခံကို သိပြီးနောက် ထိုအမျိုးသမီးသည် ကျင်းယွင်ယောင်နှင့် ခပ်ဝေးဝေးနေမည်ဟု ကုနင်းထင်မိသည်။

ကုနင်းပြောတာ မှန်သည်။ ယွီယင်၏သြဇာလွှမ်းမိုးမှုကို မစ္စစ်ထုံသည် သိရှိပြီးသည်နှင့် သူမသည် လက်စားချေရန် စိတ်မကူးရဲတော့ပေ။

"ဟုတ်တယ် သူ အဲ့လောက်‌တော့မမိုက်မဲလောက်ပါဘူး" ဟုကျင်းယွင်ယောင်က ပြောသည်။ မစ္စစ်ထုံက လက်မလျော့ရင်တောင် ကြောက်စရာ ဘာမှမရှိပါ။ ကျင်းယွင်ယောင်သည် ထိုကိစ္စကို စိတ်ပူတာကြောင့်မဟုတ်ပဲ မလိုအပ်သော ပြဿနာများကို မကြိုက်‌သောကြောင့်သာဖြစ်သည်။

အချိန်အတော်ကြာ စကားပြောကြပြီးနောက် ဖုန်းချလိုက်ကြသည်။

လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်တို့သည် ကျင်းကျီနျဉ်တည်းခိုရာ ဟိုတယ်သို့ မကြာမီရောက်ရှိလာသည်။ သူမဒီကိုမလာခင် ကျင်းယွင်ယောင်က ကျင်းကျီနျဉ်ကိုဖုန်းဆက်ခဲ့တဲ့အတွက် ကျင်းကျီနျဉ်က သူတို့ကိုစောင့်နေသည်။

ကျင်းယွင်ယောင်သည် ကျင်းကျီနျဉ်က လင်ရှောင်းထင်ကို အမှန်တကယ် အထူးဂရုစိုက်‌ပေးခဲ့ပြီး သူ့ကို များစွာ လျှို့ဝှက်စွာ ကူညီခဲ့ကြောင်း လင်ရှောင်းထင် ကို မ‌ပြောရသေးပေ။ စော‌စောက သူ့ကို ပြောပြချင်ပေမယ့် ကုနင်း က သူမကို ဖုန်းဆက်တဲ့အတွက် မပြောဖြစ်လိုက်ပေ။

အခုဒီအကြောင်းပြောဖို့ နောက်ကျနေပြီမို့ တစ်ယောက်ကို တစ်ယောက် ဆုံတွေ့ပြီးမှသာ ပြောဖို့ ဆုံးဖြတ်လိုက်တော့သည်။

***

အခန်း ၁၇၃၈ ငါတို့က ရန်သူတွေလိုပဲ

ကျင်းယွင်ယောင်ကို သွားတွေ့မှာလို့ ကြားတုန်းက လင်ရှောင်းထင်က စိတ်လှုပ်ရှားခဲ့ပေမယ့် သူ့ဦးလေးဖြစ်သူ ကျင်းကျီနျဉ်ကိုသွားတွေ့တဲ့အခါ လုံးဝစိတ်မလှုပ်ရှားပေ။

တကယ်တော့ ကျင်းကျီနျဉ်က သူ့ဦးလေးဖြစ်ပေမဲ့ သူတို့ဟာ သူစိမ်းတွေဖြစ်ပြီး တစ်ခါမှမတွေ့ဖူးကြသေး‌ပါ။ လင်ရှောင်းထင်သည် သူ့အကြောင်းဘာမှမသိသောကြောင့် စိတ်မလှုပ်ရှား‌နေခြင်းဖြစ်သည်။

သူတို့သည် ကျင်းကျီနျဉ်၏အခန်းတွင် မဆုံကြဘဲ ဟိုတယ်ရှိ လက်ဖက်ရည်ဆိုင်ရှိ သီးသန့်ခန်းသို့ သွားကြသည်။

သူတို့သည် ဆွေမျိုးများဖြစ်သော်လည်း အခြားသူများက ၎င်းကို မသိသောကြောင့် အခန်းထဲတွင် လျှို့ဝှက်တွေ့ဆုံပါက မသင့်လျော်ပါ။

ကျင်းကျီနျဉ်သည်လည်း လင်ရှောင်းထင်ကိုတွေ့တော့မည်ကို စိုးရိမ်ခြင်း သို့မဟုတ် စိတ်လှုပ်ရှားခြင်း တစ်စုံတရာမျှမရှိပါ။ လင်ရှောင်းထင်အကြောင်းကို သူကြားဖူးပြီး လင်ရှောင်းထင်ကို မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်မဟုတ်ပေမယ့် လင်ရှောင်းထင်ကို သူမြင်ဖူးတာကို‌တော့ လင်ရှောင်းထင် မသိ‌ပေ။

သို့သော်လည်း လင်ရှောင်းထင်အကြောင်းတွေးလိုက်တိုင်း ကျင်းကျီနျဉ်မှာ ခံစားချက်တွေ ရောထွေးရသည်။ လင်ရှောင်းထင်၏ ဘဝအတွေ့အကြုံနှင့် သူကြီးပြင်းလာပုံကြောင့် သူအံ့အားသင့်မိသည်။ ကျင့်ကြံသူဖြစ်လာပြီးနောက် လင်ရှောင်းထင် ကြုံတွေ့ရမည့်အရာကိုလည်း သူစိုးရိမ်‌နေမိသည်။

ဘယ်လောက်ပဲ ခက်ခဲပါစေ ကျင်းကျီနျဉ်က ကျင်းမိသားစုကို ဂရုမစိုက်တော့ဘဲ လင်ရှောင်းထင်နဲ့ လက်တွဲဖို့ စိတ်ပိုင်းဖြတ်ထားခဲ့တာ ဟိုးအရင်ထဲက ဖြစ်ပါတယ်။

လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်တို့သည် သီးသန့်ခန်းဆီသို့ ချဉ်းကပ်လာသောအခါတွင် ကျင်းကျီနျဉ်သည် သူတို့အနီးသို့ ရောက်လာသည်ကို ခံစားမိသောကြောင့် တံခါးကိုဖွင့်လိုက်သည်။

"ဟိုင်း ကျီနျဉ်" ကျင်းယွင်ယောင်က သူ့ကိုနှုတ်ဆက်ပြီးနောက် လင်ရှောင်းထင်အား ပြောလိုက်သည်။ "ရှောင်းထင် ဒါ မင်းဦးလေးကျီနျဉ်"

"ဦးလေးကျီနျဉ်" လင်ရှောင်းထင်က ကျင်းကျီနျဉ်ကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်ပေမယ့် အခုချိန်မှာ တစ်ယောက်နဲ့တစ်ယောက် အရမ်းစိမ်းသက်နေသေးတာကြောင့် ချစ်ခင်‌နွေးထွေးမှုသိပ်မရှိပေ။

"ဝင်လာခဲ့လေ!" ကျင်းကျီနျဉ်က သူတို့ကို အထဲကို ဝင်လာဖို့ ဖိတ်ခေါ်ပြီး‌နောက် သူတို့အားလုံးဆိုဖာပေါ်မှာ ဝင်ထိုင်လိုက်သည်။

သူတို့ထိုင်ပြီးနောက် ကျင်းကျီနျဉ်က ကျင်းယွင်ယောင် အား "ယွင်ယောင် မင်း တစ်ခုခုကို မှတ်မိသေးလား" လို့ မေးသည်။

“အချိန်တွေကြာပေမယ့်လည်း မှတ်မိတာက နည်းလွန်းတယ် လက်မထပ်ခင်အထိ ဖြစ်ပျက်ခဲ့တာတွေကိုပဲ မှတ်မိ‌သေးတယ်” ဟု ကျင်းယွင်ယောင်က ပြောသည်။ သူမ အနည်းငယ် စိတ်ပျက်မိသော်လည်း ဘာမှမမှတ်မိတာထက် ဒါက ပိုကောင်း‌ပေသည်။

အနည်းဆုံးတော့ ယခု သူမသည် သူမ၏သရုပ်မှန်နှင့် လင်ရှောင်းထင်နှင့် သူမ၏ ဆက်ဆံရေးကို သိသွား၍ စိတ်ချလက်ချဖြစ်ပြီး စိတ်သက်သာရာရခဲ့ရသည်။

"မင်းရဲ့မှတဉာဏ်‌တွေကို ဖြည်းဖြည်းချင်းပြန်ရ‌နေတာဆိုတော့ အားလုံးကို အနှေးနဲ့အမြန်ဆိုသလို မှတ်မိသွားမှာပါ" လို့ ကျင်းယွင်ယောင်ကို နှစ်သိမ့်ပေးဖို့ ကျင်းကျီနျဉ်က ပြောသည်။

"ဟုတ်ပါတယ်!" အနှေးနဲ့အမြန်ဆိုသလို မှတ်မိနိုင်မယ်ဆိုတာ သူမသိပေမယ့် အဲဒါကို မစောင့်နိုငတော့ပေ။

မည်သို့ပင်ဆိုစေကာမူ သူမသည် ယခုအချိန်မှာ လုပ်နိုင်တာ ဘာမှမရှိ၍ စိတ်ရှည်လက်ရှည်စောင့်ရုံသာရှိတော့မည်။

"အဲဒီနှစ်မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အတိအကျသိလား" လင်ရှောင်းထင်က ရုတ်တရက် မေးလိုက်သည်။ ကျင်းယွင်ယောင်သည် မှတ်ဉာဏ်များကို ဆုံးရှုံးသွားပြီးနောက် ၎င်းကို မေ့သွားနိုင်သော်လည်း ကျင်းကျီနျဉ်ကတော့ မ‌သိတာ မဖြစ်နိုင်ပေ။

ထိုစကားကိုကြားတော့ ကျင်းယွင်ယောင်နှင့် ကျင်းကျီနျဉ် နှစ်ယောက်စလုံး ခဏတာ တိတ်ဆိတ်သွားကြသည်။ ကျင်းကျီနျဉ်သည် ကျင်းယွင်ယောင်ကို တစ်ချက်ကြည့်လိုက်သည်။ ဒီအကြောင်းကို ပြောသင့်ရဲ့လား မသိ။

ကျင်းယွင်ယောင်က "အမေတို့သိတယ်၊ ဒါပေမယ့် အခုမင်းကို ဘယ်လိုရှင်းပြရမှန်းမသိဘူး။ မင်းအဆင့်မြင့်ပြီးမှ အမေတို့ ဒီအကြောင်းကို ပြောလို့ရမလား"

လင်ရှောင်းထင်သည် ပုံမှန်ဆိုလျှင် လေးစားမှု၊ လက်လျော့မှု၊ အချို့သော အခြေအနေများကို အတင်းအကြပ်လုပ်ခြင်းများ ပြုလုပ်လေ့မရှိသော်လည်း တစ်ခါတစ်ရံတွင် ၎င်းသည် သူနှင့်သက်ဆိုင်သည့် ကိစ္စဖြစ်ပါက အရှုံး‌ပေးခြင်း သို့မဟုတ် လက်လျော့ခြင်း မပြုလုပ်နိုင်ပေ။ သူသည် အပြင်လူမဟုတ်ပါ။ သူနဲ့ဘာမှမဆိုင်တဲ့ ကိစ္စသာဆိုလျှင်တော့ သူ၀င်ပါမည်မဟုတ်။

ထို့ကြောင့် ကျင်းယွင်ယောင်က သူ့ကို မပြောချင်သော်လည်း လင်ရှောင်းထင်က ကျင်းယွင်ယောင်ကို ကြည့်ကာ "အမေနဲ့ အဖေ ချောက်ကမ်းပါးကနေ ပြုတ်ကျတဲ့နေရာကို ကျွန်တော်သွားခဲ့တယ်။ အဲ့က‌နေ ပြန်လာပြီးနောက် အိပ်မက်တစ်ခု မက်ခဲ့ပြီး အိပ်မက်ထဲမှာ အမေက အနက်ရောင်ဝတရုံ ခြုံထားတဲ့ အမျိုးသားတစ်ဦးနဲ့ တိုက်ခိုက်နေတယ်။ အဖေက ချောက်ကမ်းပါးကနေပြုတ်ကျသွားတဲ့အချိန်မှာ အမေက သူ့ကို ကယ်တင်ဖို့ ခုန်ချခဲ့တာ။ တကယ်တော့ ကျင့်ကြံသူတစ်ယောက်အနေနဲ့ ချောက်ကမ်းပါးပေါ်ကနေ ခုန်ချသွားရင်တောင် အဆင်ပြေ‌နေသင့်ပေမယ့် အနက်ရောင် ၀တ်စုံဝတ်ထားတဲ့ အမျိုးသားက အမေ့ရဲ့နောက်ကျောကို တိုက်ခိုက်ခဲ့တယ် အမေ့ရဲ့ ခုခံနိုင်စွမ်းတွေ ဆုံးရှုံးသွားပြီး အဖေနဲ့အတူ ချောက်ကမ်းပါးထဲ ပြုတ်ကျသွားတယ်။ အဲ့လူရဲ့ ညာဘက်မျက်လုံးထောင့်အောက်မှာ မှဲ့ကြီးတစ်ခုလည်း ရှိတယ်။ ဒါ အိပ်မက်လား အမှန်လားဆိုတာကိုတော့ မသေချာဘူး"

တကယ်တော့ ပုံရိပ်တွေအားလုံးကို ကုနင်း မြင်ဖူးပြီးသားဆိုပေမယ့် ကျင်းယွင်ယောင်ရဲ့ ပါးစပ်ကနေအဖြေကို သူကြားချင်တာပင်။ သူထုတ်ပြောခဲ့ရသော်လည်း ကုနင်း၏ လျှို့ဝှက်ချက်ကို မဖော်ထုတ်နိုင်သောကြောင့် ၎င်းမှာ သူ၏ အိပ်မက်ဖြစ်သည်ဟု ဆိုရသည်။ ယုံသည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ သူ့တွင် ဒီထက် ပိုကောင်းသော ဆင်ခြေမရှိပါ။

ကျင်းယွင်ယောင်နှင့် ကျင်းကျီနျဉ်တို့သည် ထိုစကားများကိုကြားသောအခါ လုံးဝ အံ့အားသင့်သွားပြီး လင်ရှောင်းထင်သည် ၎င်းတို့၏ တုံ့ပြန်မှုမှ ၎င်းက အမှန်တရားဖြစ်မည်ကို သေချာသွားသည်။ သူ မအံ့သြပါ။ အခု သူသိချင်တာက အဲဒီလူက ဘယ်သူလဲ၊ ဘာကြောင့် သူ လင်ယွင်ဟန်နဲ့ ကျင်းယွင်ယောင်ကို တိုက်ခိုက်တာလဲဆိုတာကိုပင်။

ကျင်းယွင်ယောင်နှင့် ကျင်းကျီနျဉ်တို့သည် သူတို့နှစ်ဦးသာ အမှန်တရားကို သိသည်ဟု ထင်သောကြောင့် လင်ရှောင်းထင်၏စကားများကို သံသယမရှိခဲ့ကြပေ။

ထို့အပြင် ကျင်းယွင်ယောင်သည် သူမ၏ မှတ်ဉာဏ်များ ဆုံးရှုံးသွားခဲ့ရ၍ သူမကို ဘယ်သူတိုက်ခိုက်တယ်ဆိုတာ သိပေမယ့် အသေးစိတ်ကိုတော့ မသိတော့ပေ။ လင်ရှောင်းထင်သည် ထိုလူနှင့်တွေ့ရန် မဖြစ်နိုင်ပေ၊ အကြောင်းမှာ လင်ရှောင်းထင်သည် ထိုလူကို တကယ်တွေ့ဖူးပြီး အမှန်အတိုင်းပြောပြလိုက်ပါက လင်ရှောင်းထင်သည် အသက်ရှင်နိုင်မည်မဟုတ်သောကြောင့်ဖြစ်သည်။

အကယ်၍ ထိုလူအား လင်ရှောင်းထင်က အမှန်အတိုင်း ပြောပြလိုက်ပါက လင်ရှောင်းထင်၏ သရုပ်မှန်ကို သိသွားပြီး လင်ရှောင်းထင်အား အသက်ရှင်ရန် ခွင့်မပြု‌လောက်ဟု ဆိုလိုခြင်းဖြစ်သည်။

ထို့ကြောင့် သူတို့သည် လင်ရှောင်းထင်၏စကားကို ယုံကြည်ကြသည်။ ကျင့်ကြံသူများသည် ၎င်းတို့၏ ဆွေမျိုးများ၏ အဖြစ်အပျက်များအပေါ် အမြဲတမ်း ပြင်းထန်သော ခံစားချက်ရှိကြသည်။ မိုင်ထောင်ချီဝေးကွာနေရင်တောင် သူတို့ရဲ့ ဆွေမျိုးသားချင်းတွေ ဒုက္ခရောက်‌နေလျှင် ခံစားမိကြရသည်။ ဒါပေမယ့် ဒါက တစ်ယောက်ကိုတစ်ယောက် တကယ်ဂရုစိုက်တဲ့သူတွေသာ ကြုံတွေ့ခံစားနိုင်မှာပါ။ စစ်မှန်တဲ့ မိသားစုဆက်ဆံရေးမျိုးမရှိရင် တစ်ယောက်ကိုတစ်ယောက် မခံစားနိုင်ကြ‌ပေ။

ကျင်းယွင်ယောင်နှင့် လင်ယွင်ဟန်တို့သည် လင်ရှောင်းထင်၏စိတ်ထဲတွင် စွဲလမ်းမှုတစ်ခုဖြစ်လာသောကြောင့် ၎င်းတို့အကြောင်းကိုအိပ်မက်မက်ခဲ့သည်ကို နားလည်နိုင်သည်။ ထို့အပြင် လွန်ခဲ့သည့်နှစ်များအတွင်း၊ လင်ရှောင်းထင်သည် အန္တရာယ်များသော အခြေအနေများကို ကြုံတွေ့ခဲ့ရပြီး ကျင်းယွင်ယောင်သည်လည်း ၎င်းကို ခံစားခဲ့ရသည်။

ကံမကောင်းစွာပဲ၊ သူမသည် မှတ်ဉာဏ်များ ဆုံးရှုံးသွားသောကြောင့် ခံစားချက်က မခိုင်မြဲလိုက်ပါ။ ကျင်းကျီနျဉ် ဒုက္ခရောက်နိုင်သည်ဟု သူမထင်ခဲ့သော်လည်း သူမ မေးသောအခါတွင် သူက ငြင်းဆိုသောကြောင့် သူမ ထိုအကြောင်းကို ဆက်မတွေးဖြစ်တော့ပေ။

လင်ရှောင်းထင်သည် ဖြစ်ရပ်မှန်ကို အိပ်မက်မက်ခဲ့သောကြောင့် ကျင်းယွင်ယောင် သည် လျှို့ဝှက်ထားလျှင်လည်း အဓိပ္ပာယ်မရှိတော့သောကြောင့် လျှိုဝှက်ထားစရာမလိုတော့ပေ။ “အသေးစိတ်ကို အမေ မမှတ်မိပေမယ့် မင်းအိပ်မက်က အမေတို့ဖြစ်ခဲ့တာတွေပါပဲ။ မင်းအနှေးနဲ့အမြန် သိသွားမှာ‌ဆို‌တော့ အမေအခုချက်ချင်းပြောပြပါမယ်"

"အဲဒီလူက အမေ့ရဲ့အဖေပါ။ ဒါပေမယ့် အမေတို့ကရန်သူတွေလိုပဲ" ထိုသို့ပြောရင်း ကျင်းယွင်ယောင်က လှောင်ပြုံးပြုံးနေသည်။ သို့သော် သူမ ထိုအကြောင်းကို အသေးစိတ် မပြော‌ဖြစ်‌တော့ပေ။

***

အခန်း ၁၇၃၉ သူမကို အပြစ်မတင်နိုင်ပါ

သို့သော် အနက်ရောင်ဝတ်ရုံနှင့် ညာဖက်မျက်လုံးထောင့်တွင် မှဲ့ရှိသောလူသည် ကျင်းယွင်ယောင်၏ဖခင်ဖြစ်ကြောင်း လင်ရှောင်းထင်က ကြားသောအခါ သူစိတ်ဆိုးသွားသည်။

ထိုယောက်ျားက ဘာအငြိုးနဲ့ သူ့သမီးကို သတ်ပစ်ဖို့အထိ လုပ်ရတာလဲ။

လင်ရှောင်းထင်၏ မှတ်ဉာဏ်ထဲတွင် ကျင်းယွင်ယောင်သည် ကြီးမြတ်သောကိုယ်ကျင့်တရားစံနှုန်းများနှင့် တရားမျှတမှု ခိုင်မာသောသဘောရှိသူဖြစ်သည်။ သူ့အဖေကို ထိခိုက်အောင် တစ်ခုခုလုပ်တာမဖြစ်နိုင်‌ပေ။

"ကျင်းမိသားစုက ကျင့်ကြံလောကမှာ ကြီးစိုးတဲ့မိသားစုလေးခုထဲကတစ်ခုဖြစ်ပြီး ကျင့်ကြံသူတွေက သေမျိုးတွေကို လက်ထပ်တာကို တားမြစ်ထားတယ်။ စည်းမျဥ်းစည်းကမ်းကို ဖောက်ဖျက်ရဲတဲ့သူကို အကျဉ်းချတာဖြစ်ဖြစ် အတွင်းအားကို ဖျက်ဆီးပစ်တာဖြစ်ဖြစ်လုပ်မှာ။ အမေက ကျင်းမိသားစုမှာ မွေးဖွားလာပြီးနောက် ကျင့်ကြံရေးလောကကနေ လွတ်မြောက်ပြီး သေမျိူးကမ္ဘာကို သွားခဲ့တယ်။ မင်းအဖေနဲ့တွေ့ပြီး ချစ်ကြိုက်မိသွားခဲ့တယ်။ မင်းကို အမေမွေးခဲ့ပေမယ့် အမေ့မိသားစုက လက်မခံဘူး။ အမေ့ကို လိုက်ဖမ်းကြတဲ့အချိန် မင်းအဖေက အမေ့ကြောင့် အသတ်ခံခဲ့ရတယ်” ဟု ကျင်းယွင်ယောင်က ပြောသည်။

လင်ယွင်ဟန် သေဆုံးခြင်းအကြောင်းကို တွေးရင်း ကျင်းယွင်ယောင်က သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။ လင်ရှောင်းထင်သည် သူမအား အပြစ်တင်ခြင်း သို့မဟုတ် သူမအပေါ် ဆိုးရွားသော အထင်အမြင်များ ရှိမည်ကိုလည်း စိုးရိမ်မိ‌နေသည်။ သူမတို့သာ အတူရှိလျှင် လင်ယွင်ဟန်ဆီကြီးစွာသောအန္တရာယ်ကို ဆောင်ကြဉ်းလာမည်ကို သူမ,သိသော်လည်း သူမ သူနဲ့အတူရှိခဲ့သည်။

အဲဒါကိုကြားတော့ လင်ရှောင်းထင်က သူ့အဖိုးလို့ခေါ်တဲ့လူက သူ့မိဘတွေကို လိုက်ရှာရတဲ့ အကြောင်းရင်းကို နားလည်သွားသည်။ သို့သော်လည်း စည်းမျဉ်းများအရ ကျင်းယွင်ယောင်သည် အသက်ရှင်နိုင်သော်လည်း သူ့အဖိုးသည် သူ့မိဘများကို သတ်ရန် ရွေးချယ်ခဲ့သည်။ အဲဒီလူဟာ သူတို့ရဲ့ မိသားစု ဆက်သွယ်မှုကြောင့် သူ့အဘိုးဖြစ်ပေမဲ့ သူ့မိဘတွေကို သတ်ပစ်ခဲ့သည်။ ထို့ကြောင့် သူသည် လက်စားချေရန် စိတ်ပိုင်းဖြတ်ထားသည်။

ထို့အပြင် လင်ယွင်ဟန်၏သေဆုံးမှုသည် ကျင်းယွင်ယောင်နှင့် ပတ်သက်နေသော်လည်း လင်ရှောင်းထင်သည် သူမအား အပြစ်ဖို့ရန် ရည်ရွယ်ချက်မရှိပေ။ လင်ယွင်ဟန်သည် ကျင်းယွင်ယောင်ကို လေးလေးနက်နက် ချစ်ခဲ့ပြီး သူမအတွက် အသေခံရန်ပင် ဆန္ဒရှိခဲ့သည်။ လင်ယွင်ဟန်က သူမကို အပြစ်မတင်တဲ့အတွက် သူ့(လင်ရှောင်းထင်) မှာ သူမကို အပြစ်တင်နိုင်တဲ့ အနေအထားမရှိ‌ပေ။

ကျင်းယွင်ယောင်နဲ့ လင်ယွင်ဟန်တို့သာ မတွဲခဲ့လျှင် သူမွေးလာမှာ မဟုတ်ပေ။

"အင်း ဒါ ကံတရားပါပဲ! ဘယ်သူမှ မဖြစ်စေချင်ပေမယ့် ကိုယ့်ကိုကိုယ် အပြစ်တင်နေဖို့ မလိုပါဘူး။ အဖေနဲ့ အမေသာ မရှိရင် ကျွန်တော်မွေးလာမှာ မဟုတ်ဘူး‌လေ” ဟု သူ့အမေကို နှစ်သိမ့်ပေးဖို့ လင်ရှောင်းထင်က ပြောသည်။

လင်ရှောင်းထင် က ထိုသို့ပြောသောအခါ ကျင်းယွင်ယောင် သည် များစွာ စိတ်သက်သာရာရသွားသည်။

“သူဟာ အရမ်းအဆင့်မြင့်တဲ့အဆင့်မှာ ရောက်နေတဲ့အတွက် ဒီအချိန်မှာ‌ေတာ့ မင်းအာဃာတတွေကို ဘေးဖယ်ထားနိုင်မယ်လို့ အ‌မေ မျှော်လင့်ပါတယ်။ မင်းက အရည်အချင်းရှိတဲ့ ကျင့်ကြံသူမို့ မင်းအဆင့်မြင့်ပြီးမှ အမေတို့ ကလဲ့စားချေလို့ရမလား?" ကျင်းယွင်ယောင် က မေးသည်။ လင်ရှောင်းထင် သည် တဇွတ်ထိုးဆန်သူမဟုတ်ကြောင်း သူမ,သိသော်လည်း စိတ်ရှည်ရန် သူ့ကိုသတိပေးရန်လိုအပ်နေသေးသည်။

"ကျွန်တော်နားလည်ပါတယ်!" လင်ရှောင်းထင် က ပြောသည်။

လင်ရှောင်းထင် တို့သည် ၁၁ နာရီမထိုးမီ ထိုနေရာတွင် တစ်နာရီခွဲကြာ နေခဲ့သည်။

အိမ်ပြန်ရောက်တော့ ကိုယ့်အခန်းကိုယ် ပြန်သွားကြသည်။

လင်ရှောင်းထင်က ကုနင်းကို ဖုန်းဆက်ပြီး ဒီနေ့ သူကြားခဲ့တာတွေကို ပြောပြသည်။

ညာဘက်မျက်လုံးအောက်မှာမှဲ့အမည်းရှိသောလူက ကျင်းယွင်ယောင်၏ဖခင်ဖြစ်နေ၍ ကုနင်းလည်း အံ့အားသင့်သွားရသည်။ ထိုလူသည် ကျင်းယွင်ယောင် ၏ရန်သူဖြစ်သည်ဟု သူမ ထင်ထား‌ပေမယ့် မထင်မှတ်ဘဲ ထိုလူသည် ကျင်းယွင်ယောင်၏ဖခင်ဖြစ်‌နေသည်။

ကုနင်းသည် အံ့သြမိသွား၍ ငြိမ်သက်မိသွားသည်။ တကယ်တော့ သူမလည်း ကိုယ့်သမီးကိုသတ်ချင်တဲ့ ဖခင်တစ်ယောက်နဲ့ ကြုံတွေ့ခဲ့ဖူးပါသည်။ တစ်ခုတည်းသော ခြားနားချက်မှာ ကျင်းယွင်ယောင်သည် သူမဖခင်၏ လုပ်ကြံခြင်းကို ခံခဲ့ရပြီး ထန်အိုက်နင်းသည် သူမ၏ဖခင်ငှားရမ်းထားသော လူသတ်သမား၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ကျင်းယွင်ယောင်ဟာ ဆိုးရွားတဲ့အမှားတစ်ခုလုပ်မိတဲ့အတွက် လိုက်ရှာသတ်ခြင်းခံခဲ့ရပေမယ့် ထန်အိုက်နင်းဟာ သူ့အဖေရဲ့မျက်လုံးထဲမှာ အသုံးမဝင်တော့တဲ့အတွက် ရက်စက်စွာသတ်ဖြတ်ခံခဲ့ရသည်။ ကံကောင်းစွာနဲ့ပဲ သူတို့နှစ်ယောက်လုံး မသေခဲ့ကြ‌ပေ။

ကျင်းယွင်ယောင်သည် လွတ်မြောက်ခဲ့ပြီး သူမသည်လည်း လူပြန်ဖြစ်ခဲ့သည်။ နှစ်ယောက်စလုံး လက်စားချေဖို့ အခွင့်အရေးရတာမို့ ထိုအခွင့်အရေးကို အပြည့်အဝအသုံးချရမည်။

"အင်း မနက်ဖြန် နေ့လည် အားလား။ ကိုယ့်အမေကို စစ်ဟယ်ယွမ်ဆီခေါ်သွားပြီး ဆရာကြီးရှန်းကွမ်းနဲ့ တွေ့ဖို့ စီစဉ်ထားတယ်။ မင်းရော အားရင် အတူတူသွားလို့ရတယ်‌လေ” ဟု လင်ရှောင်းထင်က ပြောသည်။

"ဟုတ်ပြီ မနက်ဖြန်နေ့လည်တော့ ကျွန်မအားမှာပါ"

…

နောက်တစ်နေ့ နံနက် ၁၀ နာရီတွင် ကုနင်းနှင့် အခြားမိန်းကလေးများသည် ရှန်းရှစ်ဟိုတယ် သို့သွားကြသည်။

နေ့လယ်စာစားပြီးနောက် ဟောင်ရန်နှင့် ကျန်းထျန်ပင်းတို့ကို လေဆိပ်သို့ ပို့ဆောင်ခဲ့သည်။ ဟောင်ရန်နှင့် ကျန်းထျန်ပင်းတို့က မထွက်သွားချင်ကြသော်လည်း ကံမကောင်းစွာဖြင့် မြို့တော်ရှိ တက္ကသိုလ်များက လက်မခံခဲ့ကြပေ။

သူတို့ပြန်‌ရောက်လာတဲ့အခါ ကုနင်းက မိန်းကလေးတွေကို “ဒီနေ့ ငါဖြေရှင်းစရာတစ်ခုရှိလို့ မင်းတို့ကိုယ်တိုင်ပဲ ပျော်ပျော်နေကြနော် အပြင်မထွက်ချင်ရင် အိမ်ပြန်လို့ရတယ်” ဟုပြောသည်။

ချူးဖေ့ဟန်နှင့် ယွီမီရှီတို့သည် ခဏတာ ဆွေးနွေးခဲ့ကြသည်။ သူတို့ ဘယ်သွားရမှန်း မသိသောကြောင့် ရာစုနှစ်မြို့တော်သို့ ပြန်သွားကြမည်။ ကောင်မလေးတွေကို ရာစုနှစ်မြို့တော်ကို ပြန်မောင်းပို့ပြီး ကုနင်းက သူ့ကုမ္ပဏီကို သွားခဲ့သည်။

ချန်စန်းယိက သူမကို လုံးဝဖုန်းမဆက်တဲ့အတွက် ရက်အနည်းငယ်ကြာသည်အထိ သူမ ကုမ္ပဏီသို့ မရောက်ခဲ့‌ပေ။ ဖုန်းမဆက်ခြင်းသဘောက အရာအားလုံး အဆင်ပြေနေသည့်သဘောပင်။

သို့သော် သူမရောက်သည်နှင့် မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီး ဧည့်ခန်းမဆောင်တွင် အမျိုးသမီးဝန်ထမ်းတစ်ဦး မေ့လဲသွားခဲ့သည်။

ကုနင်းသည် သူမက အခြားသူများထံ ကံဆိုးခြင်းများကို ယူဆောင်ပေးတာလားဟု တွေးတောမိတော့‌သည်။ သူမသွားလေရာရာတိုင်းတွင် မတော်တဆမှု တစ်မျိုးမျိုးဖြစ်ပွားတတ်သည်။

တကယ်တော့ ဒါဟာ တိုက်ဆိုင်မှုတစ်ခုပါပဲ။

ကုနင်းသည် အမျိုးသမီးဝန်ထမ်းအား သူမ၏ မှော်အစွမ်းဖြင့် ချက်ချင်းကူညီလိုက်ပြီး‌နောက် မကြာမီ မျက်လုံးပွင့်လာသည်။ သူမရဲ့ ခန္ဓာကိုယ်က ကောင်းမွန်နေပေမယ့် သူ့အမေကတော့ ဒီရက်ပိုင်း ဆေးရုံတင်ထားရသည်။ သူမသည် သူမ၏မိခင်ကို ပြုစုစောင့်ရှောက်ရသောကြောင့် အနည်းငယ်မောပန်းကာ မောပန်းနွမ်းနယ်နေပြီး ကောင်းကောင်းအနားယူနိုင်ခြင်း မရှိသည့်အတွက် သွေးတွင်းသကြားဓာတ်နည်းသွားခြင်းဖြစ်သည်။

ကုနင်းက သူ့ဝန်ထမ်းတွေကို အမြတ်ထုတ်မှာ မဟုတ်‌ပေ။ ကျန်းမာရေးကောင်းဖို့က အလုပ်အတွက် မဖြစ်မနေလိုအပ်ပါသည်။ ကျန်းမာရေးမကောင်းရင် ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ မဖြစ်နိုင်ပါ။ ထို့ကြောင့် ထိုအမျိုးသမီးဝန်ထမ်းသည် နေမကောင်းသောကြောင့် ကုနင်းက သူ့ကို အနားယူရန် ပြောခဲ့သည်။

သူမ၏ကုမ္ပဏီသည် ယခုလမ်းကြောင်းမှန်ပေါ်ရောက်နေပြီဖြစ်ပြီး ကိုင်တွယ်ဖြေရှင်းရန် အလုပ်များစွာမရှိသောကြောင့် ဝန်ထမ်းများက အနည်းငယ်အနားယူပါက အရေးမကြီးပေ။

ထို့နောက် ကုနင်းသည် ချန်စန်းယိ၏ရုံးခန်းသို့သွားခဲ့သည်။ ချန်စန်းယိက သူမကို ဖုန်းမခေါ်ပေမယ့် သူဌေးအနေနဲ့ ကုနင်းက သူ့ကို ပုံမှန်လာရောက်တွေ့ဆုံပြီး လုပ်ငန်းအကြောင်းပြောရန် လိုအပ်သည်။

ချန်စန်းယိက သူမအား အရာအားလုံးအဆင်ပြေကြောင်း ပြောပြီးနောက် ကုနင်းက သူမရုံးခန်းကို သွားခဲ့သည်။

ထို့နောက် သူမက ထန်ချင်းယန် ကိုဖုန်းဆက်ပြီး ဘယ်ဆေးရုံမှာ ထန်ပင်းစန် နေတယ်ဆိုတာကို သူသိသလားဟု မေးလိုက်သည်။

ထန်ချင်းယန်သာသိလျှင် သူမ သိဖို့အတွက် ကေကို အနှောက်အယှက် ပေး‌တော့မည်မဟုတ်ပေ။

ထန်ချင်းယန်သည် ထန်မိသားစု၏ ကုမ္ပဏီဒါရိုက်တာဖြစ်သောကြောင့် ၎င်းကို သိရှိသည်။ ထန်ပင်းစန် ဖျားကတည်းက ထန်ချင်းယန် အပါအဝင် အခြားသော အဓိက အစုရှယ်ယာရှင်များအားလုံး သူ့ထံ သွားရောက်လည်ပတ်ခဲ့ကြသည်။

ထို့ကြောင့် ကုနင်းသည် ထန်ပင်းစန်ကို ညအချိန်တွင် သွားတွေ့ရန် ဆုံးဖြတ်ခဲ့သည်။ ထန်ပင်းစန်ကို သူ့‌နေရာကနေ နုတ်ထွက်ဖို့ အတင်းအကြပ် ဖိအားပေးရမည်ဖြစ်တာကြောင့်သူမဟာ သူမနဲ့အတူ စာချုပ်တစ်ခု ယူဆောင်သွားမည်ဖြစ်သည်။ သူမသည် ပြင်ဆင်ထားသောစာချုပ်ကို ထန်ချင်းယန်အား အီးမေးလ်ပို့ခိုင်းပြီး သူမကိုယ်တိုင် စာရွက်ထုတ်မည်။

***

အခန်း ၁၇၄၀ ကျင့်ကြံရေးကမ္ဘာသို့ သွားခြင်း

ဖုန်းချပြီးနောက် မကြာမီအချိန်အတွင်း ထန်ချင်းယန်သည် စာချုပ်ကို ကုနင်းထံ ပေးပို့ခဲ့ပြီး သူမက ၎င်းကိုချက်ချင်း စာရွက်ထုတ်ခဲ့သည်။ အကယ္၍ ထန်ပင်းစန်သည် စာချုပ်ကို ဖျက်စီးခဲ့သည်ရှိသော် ထို့အတွက် သူမသည် စာရွက်ပေါင်းများစွာကို ပြင်ဆင်ထားလိုက်သည်။

ညနေ ၄ နာရီတွင် ကုနင်းကုမ္ပဏီမှာရှိနေတုန်း လင်ရှောင်းထင်က သူမကို ဖုန်းဆက်သည်။ သူတို့သည် စစ်ဟယ်ယွမ်သို့ ထွက်ခွာခဲ့ကြပြီဖြစ်၍ ကုနင်းလည်း ထွက်ခွာလာခဲ့သည်။

မနက်ကတည်းက လင်ရှောင်းထင်သည် ရှန်းကွမ်းယန် ကို လာတွေ့မယ်ဆိုတာ ပြောထားပြီးသားပင်။ လင်ရှောင်းထင်၏မိခင်သည် ကျင့်ကြံသူဖြစ်ကြောင်း ရှန်းကွမ်းယန် အစောပိုင်းက ကြားဖူးသည်။ လင်ရှောင်းထင်သည် ကျင့်ကြံသူဖြစ်လာသောကြောင့် သူ့မိဘများထဲမှ တစ်ဦးက ကျင့်ကြံသူဖြစ်တာက အံ့သြစရာ‌တော့မဟုတ်ပေ။ လင်ရှောင်းထင်ကလည်း ရှန်းကွမ်းယန် အားဇာတ်လမ်းကို ပြောပြထားသည်။

ရှန်းကွမ်းယန်ကို အရာအားလုံးကိုတော့ မပြောခဲ့ပါပေ။ ဥပမာအားဖြင့် ကုနင်းမြင်ခဲ့သည့် ကျင်းယွင်ယောင် ၏ချောက်ကမ်းပါးမှ ပြုတ်ကျခြင်းရဲ့အမှန်တရားဖြစ်သည်။ ထို့ကြောင့် လင်ရှောင်းထင်က ထိုအကြောင်းရင်းကို သူမသိဘူးဟုသာ ရှန်းကွမ်းယန်ကို ပြောထားသည်။

သူ့အဖေ တကယ်သေသွားတာဟုတ်ရဲ့လားလို့ သံသယဖြစ်မိတယ်လို့ ပြောဖူးပြီး လင်ရှောင်းထင်က သူ့အမေ အသက်ရှင်နေသေးတယ်ဆိုတာ သေချာကြောင်း ပြောတဲ့အခါ ရှန်းကွမ်းယန်က တကယ်ကို အံ့သြသွားမိသည်။

ကျင်းယွင်ယောင်သည် သူမ၏ မှတ်ဉာဏ်များ ဆုံးရှုံးနိုင်သည်ကို သူတို့နှစ်ယောက် မသိသောကြောင့် အကယ်၍ လင်ရှောင်းထင်၏မိခင်သာ အသက်ရှင်နေသေးပါက သူ့ကို ပြန်လာတွေ့မည်ဟုသာ ယုံကြည်ထားကြသည်။

သို့သော် လင်ရှောင်းထင်၏မိခင်သည် မှတ်ဉာဏ်များ ဆုံးရှုံးသွားသည်ကို သိပြီးနောက် ရှန်းကွမ်းယန်သည် သူမ ဘာကြောင့် နှစ်ပေါင်းများစွာ ပျောက်ဆုံးခဲ့ရသည်ကို နားလည်သွားသည်။

ရှန်းကွမ်းယန်သည် ကျင့်ကြံရေးလောကအကြောင်းကို သိချင်သောကြောင့် ကျင်းယွင်ယောင်နှင့် တွေ့ဆုံရန် စောင့်မျှော်နေခဲ့သည်။ ယွင်ယောင်ဆီကနေ ကျင့်ကြံရေးလောကအကြောင်းကို ပိုလေ့လာချင်ပြီး သူမက သူ့ကိုကျင့်ကြံရေးလောကထဲကို အလည်အပတ်ခရီးရောက်အောင် ပို့ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ထားမိသည်။

…

ကုနင်းသည် ကုမ္ပဏီမှ မထွက်ခွာမီတွင် MPV ကို ရှန်းရှစ်ဟိုတယ်သို့ ပြန်ပို့ပေးရန်အတွက် တစ်ယောက်ယောက်ကို စီစဉ်‌ပေးရန် ချန်စန်းယိအား ပြောကြားခဲ့ပြီး ကုမ္ပဏီပိုင်ကားဖြင့် ထွက်ခွာလာခဲ့သည်။

လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်တို့သည် လင်မိသားစု၏ အိမ်ဟောင်းမှ ထွက်ခွာခဲ့ကြသောကြောင့် ကုနင်းထက် နောက်ကျမှ ရောက်ကြမည်။ ထို့ကြောင့် ကုနင်းရောက်တာနဲ့ ရှန်းကွမ်းယန်က ကျင်းယွင်ယောင်အကြောင်း ဆက်မေးသည်။ သို့သော်လည်း ကုနင်းက သူ့အား အရေးမကြီးသော အချက်အလက်အချို့ကိုသာ ပြောပြခဲ့သည်။

ကုနင်းက တစ်ချို့ကိစ္စတွေကို တခြားလူတွေကို ပြောပြလို့ ရမရမသေချာတဲ့အတွက် သူမ မသိဘူးလို့သာ ပြောပြီး သူမအစား လင်ရှောင်းထင်ကို မေးဖို့ ရှန်းကွမ်းယန်ကို ပြောလိုက်သည်။

ဥပမာအားဖြင့် ကျင်းယွင်ယောင်သည် သူမ၏ဖခင်၏ လုပ်ကြံခြင်းကို ခံခဲ့ရကြောင်း ရှန်းကွမ်းယန်အား သူမ,မပြောပြခဲ့ပေ။ အဲဒီနောက် ရှန်းကွမ်းယန်က ကုနင်းကို သူသင်ပေးခဲ့တဲ့ ကွန်ဖူးသိုင်းကွက်ကို လေ့ကျင့်ခိုင်းသည်။

ကုနင်းသည် ရှန်းကွမ်းယန်နှင့် ဆွေးနွေးစရာတစ်ခုရှိသော်လည်း လင်ရှောင်းထင်သည် မကြာမီရောက်ရှိလာတော့မည်ဖြစ်၍ ရှန်းကွမ်းယန်နှင့်စကားပြောသောအခါတွင် သူမ သူ့ကို ရှောင်နိုင်မည့် အချိန်အခါ‌ကောင်းမဟုတ်ပေ။

ထို့ကြောင့် ကုနင်းသည် ရှန်းကွမ်းယန်နှင့် ဆွေးနွေးရန် နောက်ထပ်အချိန်‌ကောင်းတစ်ခုရှာရလိမ့်မည်။

၁၅ မိနစ်လောက်ကြာတော့ လင်ရှောင်းထင်နဲ့ ကျင်းယွင်ယောင် ရောက်လာသည်။ ကုနင်းက သူတို့ကို မခံစားမိခင်မှာ ရှန်းကွမ်းယန်က သူ့ပတ်ဝန်းကျင်က အငွေ့အသက်ကို ခံစားလိုက်မိသည်။

ရှန်းကွမ်းယန်သည် မြင့်မားသောအဆင့်ရှိ ကျင့်ကြံသူဖြစ်ပြီး သူ၏အာရုံများသည် မီတာ ၂၀၀ အချင်းဝက်ကို လွှမ်းခြုံထားနိုင်သည်။ သို့သော် ကုနင်းသည် အလယ်အလတ်အဆင့်ဖြစ်သည့် မီတာ ၂၀ အချင်းဝက်အတွင်းရှိ အခြားကျင့်ကြံသူများကိုသာ အာရုံခံစားနိုင်သည်။ ကျင်းယွင်ယောင် ကဲ့သို့ မြင့်မားသောအဆင့်ရှိ ကျင့်ကြံသူရှိပါက သူမမှ ၁၀ မီတာအကွာအဝေးအထိရောက်မှသာ သူ (သို့) သူမကို သိရှိနိုင်မည်မဟုတ်ပေ။

ရှန်းကွမ်းယန်ကဲ့သို့ အလွန်မြင့်မားသောအဆင့်ရှိ ကျင့်ကြံသူများကို သူမနှင့် အလွန်နီးကပ်နေချိန်တွင်သာ ခံစားနိုင်‌ေပသည်။

ကျင့်ကြံသူ၏ အဆင့်မြင့်လေ အငွေ့အသက်ကို ပိုဖုံးကွယ်ထားနိုင်လေလေဖြစ်သည်။ သို့သော် အငွေ့အသက်ကိုတော့ လုံးလုံးလျားလျား မဖုံးကွယ်နိုင်ပါ။

သူတို့ရောက်လာတဲ့အခါ ကုနင်းက ကွန်ဖူးလေ့ကျင့်တာကို ရပ်လိုက်သည်။

ရှန်းကွမ်းယန်သည် သူ့အခန်းသို့ ပြန်မသွားပဲ ကျင်းယွင်ယောင်နှင့် တွေ့ရန် စောင့်နေသည်။

ကျင့်ကြံသူများသည် ရှေးစည်းကမ်းများကို လိုက်နာကြပြီး ဂျူနီယာများသည် မိမိတို့၏ စီနီယာများနှင့် တွေ့ဆုံသည့်အခါ အထူးသဖြင့် လူမှုအဆင့်အတန်းမြင့်မားသော စီနီယာများ‌‌ရှေ့တွင် လေးစားစွာ နှုတ်ဆက်ရမည်ဖြစ်သည်။ သို့ရာတွင် သူတို့သည် ယခုအခါ သေမျိုးလောကတွင်‌ရောက်နေသောကြောင့် စည်းကမ်းကို လိုက်နာရန် မလိုအပ်ပေ။

ရှန်းကွမ်းယန်သည် ခြံထဲတွင် ထိုင်ကာ လက်ဖက်ရည်သောက်ရင်း လင်ရှောင်းထင်တို့အထဲကို ဝင်လာသည်ကို စောင့်နေသည်။

ကျင်းယွင်ယောင်သည် စစ်ဟယ်ယွမ်ထဲသို့ ဝင်မ၀င်မီအထိ အခြားသော ကျင့်ကြံသူ၏ အငွေ့အသက်ကို မခံစားမိပဲ စစ်ဟယ်ယွမ်ထဲသို့ ၀င်လာပြီးနောက်တွင်လည်း သူမ၏ ခံစားချက်မှာလည်း မပြင်းထန်ပေ။ ရှန်းကွမ်းယန်သည် သူမထက် သန်မာကြောင်း သူမ,သိသောကြောင့် သူ့အငွေ့အသက်ကို အာရုံ‌သေချာမခံစားနိုင်သည်မှာ ပုံမှန်ဖြစ်သည်။

တကယ်တော့ သူမက အဆင့်မြင့်ကျင့်ကြံသူဖြစ်တာကြောင့် ရှန်းကွမ်းယန်ကို ခံစားနိုင်‌ပေမယ့် လင်ရှောင်းထင် က‌တော့ လုံးဝအာရုံမခံနိုင်ပေ။ သူက ရှန်းကွမ်းယန်၏ ဘေးတွင် ရပ်နေချိန်တွင်သာ ကျင့်ကြံသူ၏ အငွေ့အသက်ကို ခံစားနိုင်သည်။

လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင် ချဉ်းကပ်လာသည်နှင့်အမျှ ရှန်းကွမ်းယန်နှင့် ကုနင်းက သူတို့ကို လှည့်ကြည့်လိုက်သည်။

ကုနင်းရော ရှန်းကွမ်းယန်ရော ဘာမှ မပြောကြပေ။ ကုနင်းသည် ဂျူနီယာဖြစ်သောကြောင့်၊ ယခုအချိန်တွင် သူမပါးစပ်ကိုဖွင့်ရန် မသင့်လျော်သလို ရှန်းကွမ်းယန် သည် ၎င်းတို့အားလုံးထက် စီနီယာဖြစ်သောကြောင်း ဂျူနီယာများသည် ရှေးစည်းကမ်းများအတိုင်း ဦးစွာနှုတ်ဆက်သင့်သည်။ သေမျိုးလောကတွင် သူတို့သည် ၎င်းကို အလေးအနက်ထားရန် မလိုအပ်သော်လည်း ဂျူနီယာများသည် ၎င်းတို့ထက် ဝါကြီးသော သူများကို ဦးစွာနှုတ်ဆက်ရန် လိုအပ်သည်။

"တွေ့ရတာ အရမ်းဝမ်းသာပါတယ် ဆရာကြီးရှန်းကွမ်း။" ကျင်းယွင်ယောင် က ရှန်းကွမ်းယန်ကို လေးလေးစားစား နှုတ်ဆက်သည်။

"မင်္ဂလာညနေခင်းပါ ဆရာကြီးရှန်းကွမ်း" လင်ရှောင်းထင်ကလည်း သူ့ကို လေးစားစွာ နှုတ်ဆက်သည်။

"ကောင်းပြီ၊ ဝင်လာခဲ့လေ!" ရှန်းကွမ်းယန်က သူတို့ကို ကြင်နာစွာ ပြောလိုက်သည်။ သူတို့ကို အပြင်လူအဖြစ် သဘောမထားပေ။ ကျင်းယွင်ယောင်နှင့် ပထမဆုံးတွေ့ဆုံခြင်းဖြစ်သော်လည်း သူမသည် သူ့ကျောင်းသား၏မိခင်ဖြစ်သည်။

ထို့နောက် သူတို့အတူတူ လျှောက်၀င်သွားကြသည်။ ကျင်းယွင်ယောင် သည် သူမလက်ထဲတွင် အိတ်နှစ်လုံးကို ကိုင်ဆောင်ကာ ဧည့်ခန်းထဲသို့ လျှောက်သွားပြီးနောက် ရှန်းကွမ်းယန် ကို ပေးလိုက်သည်။ "ဆရာကြီး ရှန်းကွမ်း၊ ဒါက ကျွန်မတို့ရဲ့ ပထမဆုံးတွေ့ဆုံမှုမို့ ဆရာ့အတွက် လက်ဆောင်တချို့ ပြင်ဆင်ထားပါတယ်။ ကျေးဇူးပြုပြီး လက်ခံ‌ပေးပါ"

"တကူးတကကြီး၀ယ်လာစရာမလိုပါဘူး ငါတို့က သူစိမ်းတွေမှမဟုတ်တာ” ရှန်းကွမ်းယန်က ထိုသို့ပြောပေမယ့် လက်ဆောင်တွေကို လက်ခံလိုက်သည်။ သူသည် ကျင်းယွင်ယောင်၏ကြင်နာမှုကို လက်ခံပေးပြီး သူမကို စိတ်မဆိုး‌စေချင်ပေ။ တကယ်တော့ သူက လက်ဆောင်တွေရလို့ ဝမ်းသာပါသည်။

“ကဲ ထိုင်ကြ” ရှန်းကွမ်းယန်ကပြော၍ သူတို့အားလုံး ထိုင်လိုက်ကြသည်။

"ယွင်ယောင် ကျင့်ကြံရေးလောကက ဘယ်လိုပုံစံလဲဆိုတာ ပြောပြ‌ပေးနိုင်မလား။" ရှန်းကွမ်းယန်က ကျင်းယွင်ယောင်ကို မေးသည်။

ရှန်းကွမ်းယန်သည် ကျင်းယွင်ယောင်ထက် အသက်ပိုကြီးပြီး စီနီယာဖြစ်သောကြောင့် သူမကို ငယ်ရွယ်သော မိန်းကလေးအဖြစ် သတ်မှတ်ထားသည်။

ကျင်းယွင်ယောင် က သူမ,မပြောသင့်တဲ့ ကိစ္စလို့ မထင်တဲ့အတွက် “ခေတ်သစ်လူ့အဖွဲ့အစည်း ပေါ်ပေါက်လာတာနဲ့အမျှ မှော်အစွမ်းက ပိုခက်ပြီး ရှာရခက်တာကြောင့် လေ့ကျင့်သူက နည်းပါးသထက် နည်းပါးလာခဲ့ပါတယ် ကောင်းကင်ဘုံစီရင်ချက်က ပိုပိုပြီးခက်ခဲလာတာကြောင့် ကျင့်ကြံသူတွေက အသက်ရှင်ဖို့ အတွက် အတူတကွစုရုံးခဲ့ကြရတယ်။ ချန်လင်တောင်မှာ အဆုံးမရှိတဲ့ မှော်အစွမ်းရှိတာကြောင့် ကျင့်ကြံရေးကမ္ဘာက အဲ့နေရာမှာ ရှိနေပေမယ့်လည်း လူဦးရေ ထောင်ဂဏန်းပဲရှိတဲ့ မြို့တစ်မြို့လိုပဲ ကျယ်ပါတယ်"

“အို၊ ငါနားလည်ပြီ” ရှန်းကွမ်းယန်က ပြောသည်။ "ငါ ကျင့်ကြံ‌ရေးလောကကို သွားလည်လို့ရမလား" ရှန်းကွမ်းယန်က မျှော်လင့်ချက်ဖြင့် မေးလိုက်သည်။

ကျင်းယွင်ယောင် တွေ့ကြုံခဲ့ရသည့်အရာများကို သူမသိသောကြောင့် သူမ၏ မိသားစုအပေါ် ရန်ငြိုးထားမှုကို သူ သတိမထားမိလိုက်ပေ။

တကယ်တော့ ကျင်းယွင်ယောင်ဟာ အခုအချိန်မှာ ကျင့်ကြံရေးလောကထဲကို ဝင်ရောက်ဖို့ ဆန္ဒမရှိသေးပါ။

All Chapters