← Chapters

အခန်း (၁၇၄၁-၁၇၄၆)

Vol. 109 Ch. 1741-1746

အခန်း (၁၇၄၁-၁၇၄၆)

Vol. 109 Ch. 1741-1746

အခန်း ၁၇၄၁ သူမမိသားစုအပေါ်အာဃာတ

“ရပါတယ် ဒါပေမယ့် အခု‌တော့ မဟုတ်‌သေးဘူး။ အချိန်ကောင်းရောက်တာနဲ့ ကျွနမတို့ အဲ့ဒီကို သွားလို့ရပါတယ်" ဟု ကျင်းယွင်ယောင်ကပြောသည်။

ရှန်းကွမ်းယန်၏အကူအညီနဲ့သာဆို ကျင်းမိသားစုက သူတို့ကို မထိခိုက်စေနိုင်သော်လည်း သူမတို့ကိုယ်တိုင် လက်စားချေလိုသေးသည်။

"ဘယ်တော့အချိန်ကောင်းဖြစ်မှာလဲ" ရှန်းကွမ်းယန်ကအလျင်စလိုမေးလိုက်သည်။ သူသည် ကျင့်ကြံရေး‌လောကသို့ အမြဲသွားချင်ခဲ့သည်။ ကုနင်းနဲ့ လင်ရှောင်းထင်တို့သာ အဲဒီထဲကို ဝင်နိုင်ခဲ့ရင် သူ့ကို အဲဒီနေရာကို ခေါ်သွားခိုင်းလိမ့်မည်။

"အင်း ဆရာ့ကို ရိုးရိုးသားသား ပြောရရင် ကျွန်မမှာ ကျွန်မမိသားစုအပေါ် နှစ်ရှည်လများ အာဃာတ ရှိပါတယ်။ အဲ့တာကြောင့် ကျွန်မ အဲဒီကို ပြန်သွားတဲ့အခါ တန်းလက်စားချေရမယ်။ ဆရာကြီးရှန်းကွမ်းက အရမ်းအဆင့်မြင့်တယ်ဆိုတာ ကျွန်မသိပါတယ်၊ ဆရာ့ရဲ့အကူအညီနဲ့သာဆို ကျင်းမိသားစုက ကျွန်မတို့ကို မထိခိုက်စနေိုင်ပေမယ့် ကျွန်မတို့ကိုယ်တိုင်ကလဲ လက်စားချေချင်တာ‌ကြောင့်ပါ။ ရှောင်းထင်က ကျင့်ကြံသူ ဖြစ်လာခဲ့ပြီ။ သူက အရည်အချင်းရှိပေမယ့် သူ့အဆင့်က နိမ့်နေသေးတဲ့အတွက် ရှောင်းထင် အဆင့်မြင့်‌ရောက်တဲ့အထိ စောင့်ဖို့ စီစဉ်ထားပါတယ်" လို့ ကျင်းယွင်ယောင် က ပြောသည်။

ကျင်းယွင်ယောင်သည် လင်ရှောင်းထင် ယွမ်ယင်ကာလအထက်သို့ ရောက်ရှိနိုင်မည်ဟု မျှော်လင့်ထားသော်လည်း၊ ၎င်းသည် အလွန်ခက်ခဲသည်ကို သူမ,သိသည့်အပြင် အချိန်ကြာမြင့်အုံးမည်ဖြစ်သည်။ အရည်အချင်းရှိသော ကျင့်ကြံသူအများအပြားပင်လျှင် ၎င်းကို နှစ်ပေါင်းများစွာကြာအောင် လေ့ကျင့်ခဲ့ကြရသည်။

လင်ရှောင်းထင်သည် အခြားသူများထက် အရည်အချင်းပိုရှိသော်လည်း မြင့်မားသောအဆင့်သို့ရောက်ရန် နှစ်ပေါင်းများစွာ အချိန်ယူရအုံးမည်။ ရန်သူတွေက သူတို့ကို အရင်ရှာတွေ့သွားနိုင်၍ သူတို့ ဒီလောက်အကြာကြီး စောင့်၍ မဖြစ်တော့ပေ။ မည်သို့ပင်ဆိုစေကာမူ အနာဂတ်တွင် ဘာဖြစ်မည်ကို မည်သူမျှ မသိကြပေ။

တကယ်တော့ ရန်သူတွေကို ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားပြီး ခွန်းလွန်တောင်မှာ ပုန်းအောင်းနေမယ်ဆိုရင်တော့ ဘယ်သူမှ သူတို့ကို ရှာတွေ့နိုင်မှာ မဟုတ်ပါ။ သို့သော်လည်း လင်ရှောင်းထင်မှာ သူ့အလုပ်ရှိသောကြောင့် ထိုကဲ့သို့ ပုန်းနေရန် မဖြစ်နိုင်ပေ။ တခြားကျင့်ကြံသူတွေကို ရှောင်ဖို့ သူ့အလုပ်ကို စွန့်လွှတ်လိုက်ရင် တာဝန်မဲ့ရာကျလိမ့်မည်။

ရှန်းကွမ်းယန်သည် ထိုအကြောင်းပြချက်ကိုကြားပြီးနောက် ခေါင်းညိတ်လိုက်ပြီး သူ့ကို ထိုနေရာသို့ ခေါ်သွားဖို့အတွက် အတင်းအကြပ်‌ပြောဆိုရန် ရည်ရွယ်ချက်မရှိပေ။

ကျင်းယွင်ယောင်ရဲ့ ကျင်းမိသားစုအပေါ် အာဃာတနဲ့ပတ်သတ်ပြီး သူမကိုယ်တိုင်ရဲ့ မိသားစုအရေးဖြစ်တာကြောင့်လည်း သူမမေးတော့ပေ။ သူသည် အကြောင်းအရာများစွာကို သိချင်သော်လည်း သူမေးသင့်သည့်အရာနှင့် မ‌မေးသင့်သည်အရာကို သိ‌သေးသည်။

ထို့ကြောင့် ခေါင်းစဉ်ပြောင်းရန်အတွက် ရှန်းကွမ်းယန်သည် လင်ရှောင်းထင်အကြောင်း စောဒကတက်လိုက်သည်။ "ဒီရက်ပိုင်း သူအရမ်းအလုပ်ရှုပ်နေတော့ ကျင့်ကြံရေးလုပ်ဖို့အချိန်‌တောင်သိပ်မရှိဘူး။"

လင်ရှောင်းထင်မှာ အလွန်အရေးကြီးသောအလုပ်ရှိကြောင်း သူနားလည်သော်လည်း အနည်းငယ်မကျေမနပ်ဖြစ်နေဆဲဖြစ်သည်။

သူက လင်ရှောင်းထင်ရဲ့ဆရာဖြစ်တဲ့အတွက် သူ့ကို အကောင်းဆုံး‌ဖြစ်စေချင်သည်။ လင်ရှောင်းထင်သာ ထူးထူးခြားခြား အောင်မြင်မှုတစ်ခု ရနိုင်ပါက သူသည် သူ၏ ဆရာအဖြစ် သူ့အရည်အချင်းကို သက်သေပြနိုင်မည်။

ကံမကောင်းစွာပဲ လင်ရှောင်းထင်ဟာ ပြန်လာဖို့ အတွက်တောင် အရမ်းအလုပ်များနေပြီး တစ်ခါတလေ လင်ရှောင်းထင်က သူ့ကိုမေ့သွားပြီလားလို့‌တောင် တွေးမိသည်။

ကုနင်းကပင် သူ့ကို မကြာခဏ ဖုန်းဆက်ပြီး ဂရုစိုက်သေးသည်။ ကုနင်းက သူ့တပည့်လားလို့‌တောင် ခံစားရမိသည်။ တကယ်တော့ လင်ရှောင်းထင်လည်း သူ့ကို ဖုန်းခေါ်ပေမယ့် ကုနင်းလောက် မကြာပါ။ လင်ရှောင်းထင်သည် စစ်တပ်တွင် အမှုထမ်းနေ၍ တင်းကျပ်သော စည်းကမ်းများ ရှိသည်။

ရှန်းကွမ်းယန်သည် ကုနင်းအကြောင်းစဉ်းစားရင်း သူမသည် ကျင့်ကြံသူဖြစ်ချင်ကြောင်း သတိရသွားမိသည်။ အကယ်၍ သူမအောင်မြင်ခဲ့ပါက သူမက သူ့ကို ဆရာတင်‌မြှောက်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ သူမ၏ ကျင့်ကြံရေးတွင် သူမအား ကူညီရန် အားထုတ်မှုအား နှမြောမည်မဟုတ်ပေ။ သူမသည် အပြင်လူမဟုတ်ပဲ သူ့တပည့်၏ ဇနီး‌လောင်းဖြစ်သည်။

ထို့အပြင် သူသည် ကုနင်းကို အလွန်အထင်ကြီးသည်။

“ကျွန်တော်တို့အဖွဲ့ မနက်ဖြန်မှာ လေ့ကျင့်ရေးဆင်းဖို့ရှိပါတယ်။ သုံးရက်က‌နေ ငါးရက်‌လောက်အထိကြာမှာပါ။ လေ့ကျင့်ရေးပြီးလို့မှ မထင်မှတ်ထားတဲ့ အလုပ်တွေမရှိရင် တစ်ပတ်လောက် အနားယူနိုင်တော့ ပြန်လာပြီး ကျင့်ကြံရေးကို အာရုံစိုကနိုင်မှာပါ” ဟု လင်ရှောင်းထင်က ဆိုသည်။

သူသည် သူ၏နေ့စဉ်ဘ၀တွင် ကျင့်ကြံရေးကို မမေ့သော်လည်း ရှန်းကွမ်းယန်က သူ့ကို မျက်နှာချင်းဆိုင် သင်ပေးတာနဲ့ မတူပေ။ သူတစ်ယောက်တည်း လေ့ကျင့်တဲ့အခါ တိုးတက်မှုနှေးကွေးခဲ့ပေမယ့် ရှန်းကွမ်းယန်ရဲ့အကူအညီနဲ့သာဆို တိုးတက်မှုကို မြန်မြန်ဆန်ဆန်လုပ်နိုင်သည်။

“ဖြစ်နိုင်ရင် ခွန်းလွန်ဂိုဏ်းကို အတူတူ ပြန်သွားလို့ရတယ်။ စကြာဝဠာမျှော်စင်ထဲမှာ ထူထဲသော မှော်အစွမ်းများ ရှိတော့ မင်းရဲ့ ကျင့်ကြံ‌ရေးအတွက် များစွာ အထောက်အကူ ပြုနိုင်တယ်။ အဲဒီကနေ မင်းဘယ်လောက်အကျိုးအမြတ်ရနိုင်မလဲ ဆိုတာကတော့ မင်းရဲ့ အရည်အချင်းပေါ် မူတည်တာ‌ပေါ့” ဟု ရှန်းကွမ်းယန်က ပြောသည်။

"စကြာဝဠာမျှော်စင်?" ထိုစကားကိုကြားတော့ ကျင်းယွင်ယောင် အံ့သြသွားသည်။ "အဲ့တာ အဲ့အတိုင်းရှိ‌သေးတာလား?"

စကြဝဠာမျှော်စင်သည် အတွင်းပိုင်းတွင်မှော်စွမ်းအား ထူထပ်စွာပြီး လှည့်စားခြင်းများ ကင်းရှင်းသော ပုံရိပ်ယောင်လေ့ကျင့်ရေးလုပ်နိုင်သောကြောင့် ကျင့်ကြံရန် သန့်စင်‌သောနေရာဖြစ်ပြီး ခွန်းလွန်ဂိုဏ်း၏ ရတနာလည်းဖြစ်သည်။ ပုံရိပ်ယောင်လေ့ကျင့်ရေးဆိုသည်မှာ သင့်အား တိုက်ခိုက်နေသော စိတ်ကူးယဉ် ကျင့်ကြံသူများရှိလာမည်ဟု ဆိုလိုသည်။

အကယ်၍ သင်သည် ထိုကျင့်ကြံသူအား အနိုင်ယူနိုင်ခဲ့ပါက သင်သည် သင်၏စွမ်းရည်ကို သက်သေပြသည့် အဆင့်ကို ကျော်ဖြတ်နိုင်သည်။ မအောင်မြင်ရင်တော့ အထက်တစ်ဆင့်ကို တက်နိုင်မှာ မဟုတ်ပေ။

သင်ဟာ ပုံရိပ်ယောင်လေ့ကျင့်ရေးထဲ ရောက်သွားတဲ့အခါ နာကျင်မှုက တကယ်ဖြစ်မှာဆိုပေမယ့် တကယ့်လက်‌ေတွ့မှာ‌တော့နာကျင်မှာမဟုတ်‌ပေ။

ခွန်းလွန်ဂိုဏ်းသည် ထိုနှစ်တွင် ဝူလင်တွင် ရှေးရိုးစွဲဂိုဏ်းအဖြစ် ရပ်တည်နိုင်ပြီး ဆရာများစွာရှိသည့် ဂိုဏ်းဖြစ်လာခဲ့သည်မှာ ခွန်းလွန်ဂိုဏ်းသည် မှော်စွမ်းအား သန့်ရှင်းသောနယ်မြေတွင် တည်ရှိသောကြောင့်သာမက ကျင့်ကြံရန်အတွက် အကောင်းဆုံးနေရာအဖြစ် သတ်မှတ်ခံရသော စကြာ၀ဠာမျှော်စင်ကြောင့်ဖြစ်သည်။

လူများစွာသည် ထိုနှစ်တွင် ကျင့်ကြံရန် အတွင်းသို့ဝင်ချင်သော်လည်း ခွန်းလွန်ဂိုဏ်း၏ တပည့်များသာ မျှော်စင်ထဲသို့ ဝင်ခွင့်ရသည်။ ခွန်းလွန်ဂိုဏ်း၏ တပည့်များပင်လျှင် သတ်မှတ်ထားသော အချိန်အတွင်းသာ ဝင်နိုင်ပြီး နှစ်သက်သလို မဝင်နိုင်ပေ။

နောက်ဆုံးတစ်ခေါက်က ခွန်းလွန်ဂိုဏ်းတွင် တပည့်တစ်ထောင်ကျော်ရှိပြီး တစ်ကြိမ်လျှင် လူ ၁၀ ဦးသာ စကြဝဠာမျှော်စင်သို့ ဝင်ခွင့်ပြုသည်။ စကြဝဠာမျှော်စင်သည် အလွတ်ဖြစ်နေသော်လည်း ဖွဲ့စည်းတည်ဆောက်မှုများစွာရှိသောကြောင့် ကျင့်ကြံရန် အတွင်းထဲသို့ ခိုးဝင်ခြင်းအား တားမြစ်ထားသည်။ အထဲကို ဘယ်သူက ဝင်ချင်နေပါစေ မျှော်စင်စောင့်က ဦးဆောင်‌ပေးမည်။

မည်သူမဆို အတင်းအကြပ် ချိုးဖျက်၀င်ပါက ကုနင်းနှင့် လင်ရှောင်းထင်တို့ ထိုအချိန်က ဖြစ်ပျက်ခဲ့သည့်အတိုင်း တံခါးကိုဖွင့်၍ မရနိုင်ပေ။

ရလဒ်အနနေဲ့ အပြင်လူတွေက မနာလိုကြပေမယ့် ဘာမှမလုပ်နိုင်ကြပေ။ လူများစွာသည် မှော်အစွမ်းနှင့် စကြဝဠာမျှော်စင်၏ ဆွဲဆောင်မှုကို ခံခဲ့ရပြီး ခွန်းလွန်ဂိုဏ်းသို့ ဝင်ရောက်လိုသော်လည်း ခွန်းလွန် ဂိုဏ်းသည် ၎င်း၏ တပည့်များအတွက် အလွန်မြင့်မားသော အဆင့်အတန်းသတ်မှတ်ချက်ရှိသည်။ လူတိုင်းကို လက်ခံမည်မဟုတ်ပါ။ မည်သူ့ကိုမဆို အလွယ်တကူလက်ခံပါက ခွန်းလွန်ဂိုဏ်းတွင် တပည့်တစ်ထောင်ကျော်သာရှိမည့်အစား သောင်းနှင့်ချီရှိလိမ့်မည်ဖြစ်သည်။

“ဟုတ်တယ် အများကြီး မပြောင်းလဲသေးဘူး” ဟု ရှန်းကွမ်းယန်က ပြောသည်။ ကျင်းယွင်ယောင်သည် ခဏတုံ့ဆိုင်းသွားပြီး "ဆရာရှန်းကွမ်း ကျွန်မရော လိုက်လို့ရမလား" ဟာ မေးလိုက်သည်။

ခွန်းလွန်ဂိုဏ်းမှ သတ်မှတ်ထားသော စည်းကမ်းအတိုင်း ထိုနေရာသို့ ပြင်ပလူများကို ဝင်ခွင့်မပြုသောကြောင့် သူမသည် ခွန်းလွန်ဂိုဏ်း၏ တပည့်မဟုတ်တဲ့အတွက် ၀င်ရန် လွန်စွာဖြစ်နိုင်‌ချေမရှိသော်လည်း သူမသည် သူမ၏ ကျင့်ကြံရေးအား မြန်မြန်တိုးတက်ရန် စိတ်အားထက်သန်ခဲ့သည်။ စောစော လက်စားချေလိုသည်။

“ရပါတယ်၊ ခွန်းလွန်ဂိုဏ်းက အခုအချိန်မှာ မတူတော့လို့ စည်းမျဉ်းဟောင်းတွေကို လိုက်နာဖို့ မလိုအပ်ပါဘူး” အရင်ခေတ်က စည်းကမ်းတွေ အများကြီးရှိခဲ့ပေမယ့် အခုချိန်မှာတော့ အားလုံးပြောင်းလဲသွားတဲ့အတွက် အခုခေတ်မှာ လိုက်နာဖို့ မလိုအပ်တော့ပေ။

သို့သော်လည်း ရှန်းကွမ်းယန်သည် သူစိမ်းများကို ထိုနေရာသို့ သွားခွင့်ပြုမည်မဟုတ်ပေ။

"ကျေးဇူးတင်ပါတယ်!" ရှန်းကွမ်းယန် သဘောတူလိုက်သောအခါ ကျင်းယွင်ယောင် အံ့သြသွားသည်။

ထို့နောက် အချင်းချင်း စကားစမြည်ပြောကြသည်။

ညနေ (၆)နာရီထိုးခါနီးတွင် လောင်ကျန်းပြင်ဆင်ပေးသော ညစာအား အတူတူစားသောက်ကြသည်။

ညစာစားပြီးတာနဲ့ ခဏလောက် အနားယူပြီး ည ၈ နာရီမှာ ထွက်လာခဲ့ကြသည်။

ကုနင်းသည် ယနေ့ည ကိုင်တွယ်ရန် အခြားကိစ္စများ ရှိနေသောကြောင့် သူမသည် လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်တို့နှင့်အတူ ပြန်မလာခဲ့ပေ။ ယင်းအစား သူတို့သည် ကိုယ့်ကားကိုယ်စီဖြင့် ခွဲထွက်လာခဲ့ကြသည်။

***

အခန်း ၁၇၄၂ အစွဲအလမ်းကို ဘယ်လိုစွန့်လွှတ်မလဲ?

ဘာပဲဖြစ်ဖြစ် ကုနင်းက လင်ရှောင်းထင်ကို သူမ တောင်မြစ်ကမ်းပါးဥယျာဉ်မှာ လာအိပ်ဖို့ ကတိပေးခဲ့သည်။ ကျင်းယွင်ယောင်ကြောင့် သူတို့နှစ်ယောက် တစ်ခန်းတည်း မအိပ်နိုင်သော်လည်း လင်ရှောင်းထင်သည် ကုနင်းနှင့် အမိုးတစ်ခုထဲ အောက်ထဲတွင် ရှိနေရခြင်းကိုပင် ပျော်ရွှင်နေဆဲဖြစ်သည်။

ချူးဖေ့ဟန်နှင့် ယွီမီရှီတို့သည် ကုနင်းကို အပျော်အပါးသွားတဲ့နေရာတိုင်းကို ခေါ်သွားရန် မလိုအပ်သောကြောင့် ကုနင်းသည် အားလပ်ချိန်ပိုရခဲ့သည်။

ကုနင်းသည် ထန်ပင်းစန်ကိုတွေ့ရန်စီစဉ်ထား၍ သူမကိုယ်သူမ "ထန်အိုက်နင်း" အဖြစ်အရင်အသွင်ပြောင်းရမည်ဖြစ်သော်လည်း ယခုက စောနေသေးသည်။ ည ၉ နာရီထိုးခါနီးပြီမို့ ဆေးရုံမှာ လူတွေအများကြီးရှိနေတုန်းပင်။

လူနည်းသောအချိန်၌သာ သူမသည် ထိုနေရာသို့ သွားချင်သည်။ ထို့မှသာ သူမလုပ်ဆောင်ရန်အတွက် ပို၍ အဆင်ပြေမည်ဖြစ်သောကြောင့် အဲဒီမတိုင်ခင်မှာ သူမဟာ ရုပ်မဖျက်သေးပဲ တခြားအရာတစ်ခုခုကို အရင်ကိုင်တွယ်ရမည်။

ကုနင်းသည် ကားကို ဝေးလံခေါင်သီသော နေရာသို့ မောင်းသွားသည်။ သရဲအိမ်မှာ သူမကြုံတွေ့ခဲ့ရတဲ့ သရဲကို လွှတ်ပြီး အဲဒီ့မှာ ဘာ့ကြောင့်ရှိ‌နေတာလဲလို့ မေးရမည်။ တစ္ဆေက သူမဆီပြေးလာကတည်းက ပျောက်ကွယ်သွားခဲ့ရသည်။

တစ္ဆေသည် ၎င်း၏ စွဲလမ်းမှုကို စွန့်လွှတ်ကာ လူဝင်စားနိုင်ရန်အတွက် သူ့ဘာသာသူ ပျောက်ကွယ်သွားလျှင် ပိုကောင်းပါသည်။ သို့သော် ဤလောကမှ ထွက်ခွာရန် ငြင်းဆိုပါက ကုနင်းသည် ကျောင်းလုံကို စားခိုင်းပြီး ထိုသရဲလည်း လူပြန်မဖြစ်နိုင်တော့ပေ။

ယနေ့တွင် သူမသည် ထိုသရဲက သူမ၏ စိတ်စွမ်းအင်အာကာပြင်တွင် နေရာယူထားသောကြောင့် ၎င်းနှင့် ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့သည်။

သူမ၏ စိတ်စွမ်းအင်အာကာပြင်နေရာတွင် မြေခွေးမိစ္ဆာတစ်ကောင်လည်းရှိ‌သေးသည်။ သူမရဲ့ အမိန့်ကို လိုက်နာဖို့ သဘောတူရင်‌တော့ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးလိမ့်မည်။ ၎င်းသည် အနာဂတ်တွင် သူမအတွက် အကူအညီဖြစ်နိုင်သည်။ ငြင်းရင်တော့ သတ်ပစ်ရုံပါပဲ။

ကုနင်းသည် အဝေးတစ်နေရာသို့‌ရောက်သောအခါ ကားထဲမှထွက်ကာ သရဲအိမ်တွင် သူမကြုံတွေ့ခဲ့ရသော တစ္ဆေအထီးကို လွှတ်ပေးလိုက်သည်။

တစ္ဆေအထီးကို လွှတ်ပေးလိုက်သောအခါ သူသည် သရဲအိမ်မဟုတ်ဘဲ ထူးဆန်းသောနေရာတစ်ခုကို မြင်လိုက်ရသောအခါ ကြောက်လန့်သွားသည်။

တစ်ချိန်တည်းမှာပင် လူနာနှစ်ဖွား မိန်းကလေးတစ်ဦး၏ အ‌ငွေ့အသက်ကို ခံစားလိုက်ရသည်။ စိတ်လှုပ်ရှားလာပြီး ကုနင်းကို လှည့်ကြည့်လိုက်သည်။ ထူးဆန်းတဲ့နေရာတစ်ခုမှာ ရုတ်တရက်ပေါ်လာတာကို လျစ်လျူရှုလိုက်နိုင်တဲ့အထိ အရမ်းစိတ်လှုပ်ရှားသွားပေမယ့် ကုနင်းရဲ့မျက်နှာကို မြင်လိုက်ရတဲ့အခါ သိသိသာသာကို အံ့အားသင့်သွားသည်။

သူမသည် သူတွေ့ခဲ့ဖူးသည့် လူနာနှစ်တွင် မွေးဖွားသော မိန်းကလေးဖြစ်သော်လည်း မတူညီသော အဝတ်အစားကို ၀တ်ဆင်ထားသည်။ ထို့အပြင် ယခုအချိန်တွင် မည်သည့်နေရာတွင် ရှိနေသည်ကို မသိရသေးပေ။ မသိနိုင်တဲ့ အရာ တစ်ခုခုဖြစ်ခဲ့တာ ဖြစ်လိမ့်မည်။

"မင်းငါ့ကိုတွေ့နိုင်လား?" တစ္ဆေထီးက သိချင်စိတ်ဖြင့်မေးသည်။ ကုနင်း၏ အကြည့်သည် ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည်ဟု ခံစားမိသော်လည်း အမှန်တကယ် မယုံနိုင်လောက်အောင် ဖြစ်နေသည်။

"တွေ့နိုင်တယ်" ကုနင်းကပြောသည်။ အဖြေကိုကြားတော့ တစ္ဆေအထီးက အံ့အားသင့်သွားကာ ယုံရခက်နေသေးသည်။

"ဘာလို့ငါ့ကိုတွေ့ရတာလဲ"

"ဘာလို့လဲဆိုတော့ ကျွန်မက သာမန်သေမျိုးမဟုတ်ဘူး" ဟု ကုနင်းကပြောသည်။

အဲဒါကိုကြားတော့ တစ္ဆေအထီးက မျက်မှောင်ကြုတ်ပြီး “ဒါဆို မင်းက ဘယ်လို‌သေမျိုးလဲ” ဟု မေးသည်။

“အဲဒါကို ရှင်းပြနေစရာ မလိုဘူးထင်တယ်” လို့ ကုနင်းက ပြောသည်။

ထိုအကြောင်းကို တစ္ဆေအထီးက မမေးတော့ဘဲ “ငါ ဘာလို့ ဒီကို ရောက်နေတာလဲ? ဒီနေရာက ငါအရင်တုန်းက နေရာမဟုတ်‌တော့ဘူး”

"ကျွန်မ ရှင့်ကို ဒီကို ခေါ်လာခဲ့တာ" ကုနင်းက ပြောသည် ။

"မင်းငါ့ကိုဒီကိုခေါ်လာတာလား" သရဲတစ္ဆေသည် ၎င်း၏နားကို မယုံနိုင်။

"ဘယ်လိုလဲ? ငါဘာလို့ဘာမှမခံစားရတာလဲ။"

“ဒါက လျှို့ဝှက်ချက်ပဲ” ဟု ကုနင်းက ဆိုသည်။ ဒီအကြောင်းကို အသေးစိတ်ရှင်းပြဖို့ သူမစိတ်မ၀င်စားပါ။

"ဒါဆို မင်းငါ့ကိုဘာလို့ဒီကိုခေါ်လာတာလဲ" တစ္ဆေအထီးက မေးသည်။

ရုတ်တရက် ကုနင်းက သူအရင်တွေ့ဖူးတဲ့ တခြားသရဲတစ္ဆေတွနေဲ့ မတူဘူးလို့ ခံစားလိုက်ရသည်။ ပုံစံက ကြောက်စရာလို့ထင်ရပေမယ့် သူ့ရဲ့အမူအရာနဲ့ စကားပြောပုံက ကုနင်းကို ရယ်မောစေမိသည်။

အခြားသရဲတစ္ဆေများသည် ပြင်းထန်သောမုန်းတီးမှုကိုပြသခဲ့ပြီး ဤသရဲတစ္ဆေသည် တအံ့တသြသာဖြစ်နေတော့သည်။ ထို့အပြင် အချိန်အများစုတွင် ငြိမ်သက်နေသည်။

"ရှင်က ကျွန်မရဲ့စွမ်းအင်တွေကို စုပ်ယူချင်တာဆိုတော့ ဒီပြဿနာကို ကျွန်မဖြေရှင်းရမှာပေါ့" ဟု ကုနင်းက ဆိုသည်။

"မင်းဘယ်လိုသိတာလဲ?" တစ္ဆေအထီးက အံ့သြသွားသည်။ သို့သော် ကုနင်းက သူမ၏စွမ်းအင်အကြောင်းပြောသောအခါတွင် လောဘကြီးသောမျက်လုံးများဖြင့် ကုနင်းကိုကြည့်သော်လည်း လောလောဆယ်မှာ ဘာမှမလုပ်သေးပေ။

ကုနင်းသည် ၎င်း၏ လောဘကို စိတ်မဆိုးပါ။

"ကျွန်မက သာမန်သေသူမဟုတ်ဘူးလို့ ရှင့်ကိုပြောပြီးပြီ‌လေ၊ ဒါကြောင့် ကျွန်မက အဲ့လိုကိစ္စကို သဘာဝကျကျ သိတယ်။ ရှင့်လို နတ်ဆိုးတွနေဲ့ သရဲတစ္ဆေတွေအားလုံးက မှော်အစွမ်းနဲ့ လူနာနှစ်မှာမွေးတဲ့ မိန်းကလေးတွေရဲ့ စွမ်းအင်ကို လိုချင်ကြတယ်မလား” ဟု ကုနင်းက ဆိုသည်။

သူမသည် ထိုသရဲက ရယ်စရာကောင်းသည်ဟု ထင်သောကြောင့် စိတ်ရှည်သည်းခံကာ သရဲတစ္ဆေ၏အဆုံးမဲ့မေးခွန်းများကို ဖြေဆိုခဲ့့သည်။

"မင်း မှန်ပါတယ်။ မင်းရဲ့စွမ်းအင်တွေကို ငါစုပ်ယူချင်တယ်ဆိုတာ မင်းသိတယ်ဆိုရင် မင်းဘာလို့ ထွက်မပြေးတာလဲ။ ငါ့ရှေ့မှာ မင်းဘာလို့ပေါ်လာသေးလဲ" တစ္ဆေအထီးက မေးသည်။ ကုနင်းသည် အဘယ်ကြောင့် ထိုသို့ပြုလုပ်သည်ကို နားမလည်ပါ။ ကုနင်းက ဒါကို မကြောက်မှန်း သိပေမယ့် ကုနင်းက ဘာလို့ ရှောင်မပြေးတာလဲဆိုတဲ့ အကြောင်းရင်းကို သိချင်နေမိသည်။

"ကျွန်မ ရှင့်ကို မကြောက်ဘူး! ရှင် ဒီကို ဘယ်လိုရောက်လာမှန်းတောင် မသိဘူးမလား၊ ဆိုလိုတာက ကျွန်မက ရှင့်ထက် ပို‌တော်ပြီး သန်မာတယ်ဆိုတာပဲ" ဟု ကုနင်းကဆိုသည်။

ထိုစကားကိုကြားတော့ တစ္ဆေသည် စက္ကန့်ပိုင်းမျှ ထိတ်လန့်သွားသည်။ ဒီမိန်းကလေးက သူ့ကို မသိဘဲ ဒီနေရာကို ခေါ်လာနိုင်ခဲ့တဲ့အတွက်ကြောင့် သူ့ထက် ပိုသန်မာတယ်လို့ ဆိုလိုတာပင်။ အဲဒီအခါမှာ တစ္ဆေအထီးက ကုနင်းကို ကြောက်လာမိသည်။

"မင်းဘာလုပ်ချင်လို့လဲ?" တစ္ဆေအထီးက မေးသည်။ ကုနင်းက သူ့ကို လွယ်လွယ်နဲ့ လွှတ်‌ပေးမှာမဟုတ်ဘူးဆိုတာကို နားလည်သည်။

"ရှင်ဘယ်လိုထင်လဲ? ရှင်ကတော့ ကျွန်မကို သတ်ချင်ခဲ့တာပဲ” ဟု ကုနင်းက အဓိပ္ပါယ်ရှိတဲ့ အပြုံးနဲ့ ပြောလိုက်သည်။

"မင်းငါ့ကိုသတ်ချင်နေတာလား" တစ္ဆေအထီးက မေးသည်။ သို့သော် ချက်ချင်းပင် မေးမိလိုက်တာကို နောင်တရသွားမိသည်။

"ဟုတ်တယ်၊ ရှင့်ကိုသတ်ဖို့" ကုနင်းကပြောပြီး သရဲတစ္ဆေအား အရမ်းဉာဏ်ကောင်းသားပဲဟု ထင်ရတဲ့ အကြည့်နဲ့ ကြည့်လိုက်သည်။

တစ္ဆေအထီးသည် မသိစိတ်က ခြေလှမ်းအနည်းငယ် နောက်ပြန်ရွေ့သွားကာ ယခုပင် ထွက်ပြေးချင်နေပြီဖြစ်သည်။

ကုနင်းမြင်ဖူးသမျှထဲမှာ အညံ့ဆုံး သရဲတစ္ဆေပဲ။ အရမ်းဆိုးတဲ့ သရဲတစ္ဆေမဟုတ်တာ ဖြစ်နိုင်သည်။ ကုနင်းသည် ၎င်းမှာ ပြင်းထန်သော မုန်းတီးမှု မရှိဟုလည်း ခံစားရသည်။

"ရှင် ထွက်ပြေးဖို့ စိတ်ကူးမရှိတာ ပိုကောင်းတယ် ထွက်ပြေးလို့လည်း ရမှာ မဟုတ်ဘူး" ကုနင်းက သတိပေးလိုက်သည်။

ကုနင်းက နောက်ပြောင်တာမဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့အတွက် တစ္ဆေအထီးက အံ့သြသွားတယ်။

ထွက်ပြေးချင်စိတ်ကို ကန့်သတ်လိုက်ပြီး "မင်းငါ့ကို ဘယ်လိုဖျက်ဆီးမှာလဲ" ဟုမေးသည်။

“အဲဒါ ရှင်အပေါ်မှာပဲ မူတည်တယ်။ ရှင့်ရဲ့ အစွဲကို စွန့်လွှတ်ပြီး ရှင်ကိုယ်တိုင် လူပြန်ဝင်စားဖို့ ရွေးချယ်မလား ဒါမှမဟုတ် ရှင်ဘယ်တော့မှ လူပြန်မဝင်စားနိုင်အောင် ရှင့်ဝိညာဉ်ကို ကျွန်မကို ဖျက်ဆီးစေချင်လား" ကုနင်းက လေးနက်တဲ့ အမူအရာနဲ့ ပြောနေတဲ့အတွက် တစ္ဆေထီးကို စိတ်ဖိစီးစေသည်။

ဤအထီးတစ္ဆေသည် အလွန်ဆိုးရွားပုံမပေါ်သော်လည်း ၎င်းသည် တစ္ဆေအဖြစ်ရှိနေဆဲဖြစ်တဲ့အတွက် သေတတ်သောလောကတွင် မတည်ရှိသင့်ပေ။

"အစွဲ? ငါ့ အစွဲကို ဘယ်လိုလုပ် စွန့်လွှတ်လို့ရမှာလဲ" တစ္ဆေအထီးက ကုနင်းမေးခွန်းကို စိတ်ဆိုးသွားသည်။ စွန့်လွှတ်ဖို့ တွန့်ဆုတ်နေသေးပုံရသည်။ သို့သော် တကယ်သာ စွန့်လွှတ်နိုင်ပါက စောစောကတည်းက သူ့အစွဲကို ချွတ်လိုက်ပေလိမ့်မည်။

"ရှင်အမြဲလုပ်ချင်ပေမယ့် မလုပ်နိုင်တာလား။ ကျွန်မ ရှင့်ကို ကူညီဖို့ ဆန္ဒရှိပါတယ်” ဟုကုနင်းက ဆိုသည်။

"တကယ်လား?" တစ္ဆေအထီး၏မျက်လုံးများသည် ချက်ချင်းတောက်ပလာသော်လည်း နောက်တစ်စက္ကန့်တွင် ထပ်၍စိတ်မကောင်းဖြစ်သွားပြန်သည်။ "ရနိုင်ပါ့မလား?"

***

အခန်း ၁၇၄၃ မသေနိုင်သောမြေခွေး?

သူ့ရှေ့က ဒီမိန်းကလေးဟာ တခြားသေမျိုးတွနေဲ့ မတူပေမယ့် သူ့ကို ကူညီနိုင်စွမ်းရှိတယ်လို့တော့ မထင်ပေ။

"ကျွန်မ ရှင့်ကို ကူညီနိုင်မလားဆိုတာကိုတော့ မသေချာဘူး၊ ရှင် ဘာတွေ ကြုံခဲ့ရလဲဆိုတာ ကျွန်မ မသိသေးဘူးလေ။ ရှင်ကျွန်မကို မပြောမှတော့ ကျွန်မရှင့်ကို ကူညီလို့ရမလား" ကုနင်းက ပြောသည်။ သူမ တကယ်ပဲ မျက်လုံးကို ဝေ့လိုက်ချင်ပေမယ့် သူ့ကိုယ်သူ ထိန်းထားလိုက်သည်။

အဲဒါကိုကြားတော့ တစ္ဆေက သဘောတူသည်။ တစ်စက္ကန့်မျှ တုံ့ဆိုင်းသွားပြီး ကုနင်းအား ဇာတ်လမ်းကို ပြောပြသည်။

“ဘာကြောင့်တုန်းဆိုတော့ ငါ့ရဲ့ အစွဲအလမ်းက ငါသေသွားတဲ့အခါ ငါ့ဇနီးသည်က ငါ့ကိုပေးခဲ့တဲ့ ချစ်ခြင်းမေတ္တာတိုကင်ကို တခြားသူက ယူသွားလို့ပါ။ ငါလက်မခံနိုင်လို့ တစ္ဆေသရဲဖြစ်လာရတယ်။ နောက်တော့ ငါ ငါ့ရဲ့ တိုကင်ယူထားတဲ့ လူနောက်ကို လိုက်နေခဲ့တယ် ဒါပေမယ့် သရဲတစ္ဆေအနနေဲ့ ငါလူတွေကို လုံးဝမထိနိုင်ဘူး အဲ့တာကြောင့် အခြားသူရဲ့လက်ထဲမှာ တိုကင်ကိုမြင်နေရတာတောင် ပြန်ယူလို့မရဘူး။ အခု အဲဒီလူရဲ့ သင်္ချိုင်းက သရဲခြောက်တဲ့ အိမ်အောက်မှာပဲ ရှိနေလို့ ငါအဲ့မှာပဲနေပြီး ထွက်မသွားချင်တာပါ”

ကုနင်းက ကူညီနိုင်ပါ့မလားဆိုတာ မသေချာပေမယ့်လည်း ဒီအခွင့်အရေးကြီးကို လက်လွတ်မခံချင်တာကြောင့် ကူညီနိုင်မယ်လို့ မျှော်လင့်ထားသည်။

"ဒါဆို ရှင့်ရဲ့ လက်ရှိ စွဲလမ်းမှုက အဲဒီ တိုကင်ကို ရဖို့ပဲပေါ့" ဟု ကုနင်းမှ ပြောသည်။ မေးခွန်းတစ်ခုမဟုတ်ပါ၊ အကြောင်းမှာ သူမသည် အဖြေကို သေချာသိသောကြောင့်ပင်။

၎င်းသည် တစ္ဆေဖြစ်သောကြောင့် တိုကင်ကို မထိနိုင်ပါ။ သို့သော် သူ ယခုလုပ်ချင်သည့် တစ်ခုတည်းသောအရာမှာ တိုကင်ကိုထိခြင်းဖြစ်သည်။

“ဟုတ်တယ်” ဟု သရဲတစ္ဆေက ပြောသည်။

“လောလောဆယ်တော့ ရှင့်ကို မကူညီနိုင်မှာ ဆိုးရတယ်။ ဒါပေမယ့် ကျွန်မမှာ အရမ်းကျွမ်းကျင်တဲ့ ဆရာတစ်ယောက်ရှိတယ်။ သူက အထောက်အကူ ဖြစ်နိုင်ပါတယ်” ဟု ကုနင်းက ဆိုသည်။

သူမ အမှန်အတိုင်းပြောခဲ့သည်။ သူမသည် ထိုသရဲတစ္ဆေကို အမှန်ပင် မကူညီနိုင်ခဲ့သောကြောင့် ရှန်းကွမ်းယန်သို့သာ အကူအညီတောင်းနိုင်တော့မည်။

အဲဒါကို သိလိုက်ရတော့ သရဲတစ္ဆေက စိတ်ပျက်သွားသည်။ ကုနင်းက သူ့ကို ကူညီနိုင်စွမ်း မရှိဘူးဆိုတာ သိသည်။

မည်သို့ပင်ဆိုစေကာမူ သူမတွင် အလွန်ကျွမ်းကျင်သော ဆရာတစ်ဦးရှိပြီး သူ၏သခင်သည် အထောက်အကူဖြစ်နိုင်သည်ဟု သူမပြောလာသောကြောင့် မျှော်လင့်ချက်ရှိလာပြန်သည်။ ဖြစ်နိုင်ခြေသိပ်မရှိပေမယ့် တိုကင်ကို ပြန်ရချင်နေမိသည်။ ထို့ကြောင့် တစ္ဆေထီးက သဘောတူလိုက်သည်။ “ကောင်းပြီ”

"ဟုတ်ပြီ၊ ကျွန်မ ရှင့်ကို အခုချက်ချင်း ကျွန်မနေရာမှာ ထားဖို့လိုတယ်။ ကျွန်မ ဆရာဆီက အဖြေရတာနဲ့ ရှင့်ကို လွှတ်လိုက်မယ်။ ရှင် ပြန်တိုက်ခိုက်လို့ကတော့ ရှင့်ကို ကူညီဖို့ အချိန်ဖြုန်းမနေဘဲ တိုက်ရိုက်ဖျက်ဆီးပစ်မယ်" ဟု ကုနင်းကပြောသည်။ သူမ ခြိမ်းခြောက်လိုက်သည်။

တစ္ဆေအထီးက စက္ကန့်ပိုင်းလောက် တုံ့ဆိုင်းသွားပြီး “ဟုတ်ပါပြီ” ဟုပြောလိုက်သည်။

ကုနင်းက သူ့ကို နေရာလွတ်မှာထားပြီးနောက် ပြန်လွှတ်ပေးပါ့မလားလို့ သံသယဖြစ်မိပေမယ့်လည်း သဘောတူလိုက်တော့သည်။

ထို့နောက် ကုနင်းသည် အထီးတစ္ဆေထံသို့ လျှောက်သွားသည်။ သူမလက်ကို လှမ်းလိုက်‌သောအခါ တစ္ဆေအထီးက သူမကို အလိုလိုကြောက်သွားပေမယ့် လုံးဝမခုခံခဲ့ပေ။ ကုနင်းက သူ့ကို နေရာလွတ်ထဲ ဘယ်လိုထည့်ထားလဲ ဆိုတာ သိချင်ပေမယ့် ကုနင်းက မပြောဘူးဆိုတာ သိနေ၍ မေးဖို့ စိတ်မ၀င်စားတော့ပေ။

ထို့နောက် ကုနင်းက တစ္ဆေအထီးကို ထိလိုက်တာနဲ့ သရဲဟာ သူ့ဝိညာဉ်ကို ဆွဲထုတ်ပြီး နောက်စက္ကန့်မှာ သတိလစ်သွားသလို ခံစားလိုက်ရသည်။

အဲဒီနောက် ကုနင်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ တွေ့ခဲ့တဲ့ တစ္ဆေအထီးကို လွှတ်ပေးလိုက်သည်။ သူမသည် မနက်ဖြန်တွင် ရှန်းကွမ်းယန်နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

ဤတစ္ဆေအထီးသည် ကုနင်း၏ စိတ်စွမ်းအင်အာကာပြင်ထဲတွင် မှော်စွမ်းအားဖြင့် ဖုံးလွှမ်းထားသော်လည်း ၎င်းသည် ရက်အနည်းငယ်သာ ရှိသေးသည်။ ထို့အပြင် ၎င်းသည် ပြင်းထန်သော မုန်းတီးမှုများဖြင့် ပြည့်နှက်နေသောကြောင့် ယခုအချိန်တွင် ဆိုးသွမ်းနေဆဲဖြစ်သည်။

ပိုဆိုးတာက ဒီသရဲတစ္ဆေကို ကုနင်းက စိတ်စွမ်းအင်အာကာပြင်ထဲမှာ ပိတ်လှောင်ထားတာကြောင့် ကုနင်းကို အရမ်းမုန်းတီးနေသည်။ လွှတ်လိုက်သည်နှင့် ၎င်းသည် ကုနင်းကို သတ်ပစ်ချင်သလို စိုက်ကြည့်လာသည်။

ကုနင်းအား အမှန်ပင် သတ်ပစ်ချင်သော်လည်း သူသည် သူမနှင့်မကိုက်ညီကြောင်းကိုလည်း နားလည်သည်။ ထို့ကြောင့် ဒုတိယအကြိမ် လွတ်မြောက်ရန် ကြိုးစားခဲ့သည်။ ၎င်းသည် ကျင့်ကြံရေးတွင် တိုးတက်အောင်မြင်ပြီးနောက် လက်စားချေရန်သာ ထွက်ပြေးသွားနိုင်သည်။

အထီးတစ္ဆေသည် လျင်မြန်စွာ ရွေ့လျားသွားပြီး မျက်စိတစ်မှိတ်အတွင်း ကုနင်းမှ အဝေးသို့ ပျံသန်းသွားခဲ့သည်။ ကုနင်းက ဖမ်းဖို့ မဖြစ်နိုင်တာကြောင့် သူမဟာ ကျောင်းလုံကို ချက်ချင်း လွှတ်ပေးလိုက်သည်။

“အခုချက်ချင်း ဖျက်ဆီးလိုက်ပါ” ကုနင်းက အမိန့်ပေးလိုက်တော့ ကျောင်းလုံက တစ္ဆေအထီးဆီ အမြန်ပြေးသွားသည်။

တစ္ဆေသည် ကုနင်းထက် လျင်မြန်စွာ ရွေ့လျားသော်လည်း ကျောင်းလုံနှင့် မယှဉ်နိုင်သဖြင့် ကျောင်းလုံက မကြာမီတွင် ဖမ်းမိသွားခဲ့သည်။

တစ္ဆေအထီးက ကြောက်သွားသည်။ သို့သော် အခြားမည်သည့်လှုပ်ရှားမှုမှ မပြုလုပ်မီ ၎င်း၏ဝိညာဉ်ကို ဆွဲထုတ်သွားသည်ဟု ခံစားလိုက်ရပြီး ကျောင်းလုံသည် နောက်စက္ကန့်တွင် ၎င်းကို မျိုချလိုက်သည်။

ကျောင်းလုံသည် မှော်စွမ်းအားများစွာဖြင့် မကောင်းဆိုးဝါး စွမ်းအားများစွာကို စုပ်ယူထားသောကြောင့် ကုနင်းနှင့် ပထမဆုံးစတွေ့သည့်အချိန်နှင့် နှိုင်းယှဉ်ပါက ၎င်း၏အဆင့်သည် များစွာတိုးမြင့်လာသည်။ မည်သို့ပင်ဆိုစေကာမူ ယင်းသည် ကောင်းကင်ဘုံ စမ်းသပ်ချက်နှင့် ဝေးနေသေးသည်။ ကုနင်း၏ စိတ်စွမ်းအင်အာကာပြင်တွင် အမြဲရှိနေသောကြောင့် နေ့တိုင်း ကျင့်ကြံခြင်းမျိုး မလုပ်ဖြစ်ပေ။

ကျောင်းလုံသည် ကုနင်းဆီ သို့ပြန်သွားသောအခါ ကုနင်းသည် ၎င်းကို သူမ၏ စိတ်စွမ်းအင်အာကာပြင်နေရာထဲသို့ ထည့်လိုက်ပြီး မြေခွေးကို လွှတ်လိုက်သည်။

မြေခွေးမိစ္ဆာကို လွှတ်လိုက်သည်နှင့် ၎င်းသည် တစ္ဆေအထီးနှင့် တူညီသော တုံ့ပြန်မှုရှိပြီး ပတ်ဝန်းကျင်၏ ပြောင်းလဲမှုကြီးကြောင့် အံ့အားသင့်သွားခဲ့သည်။ သူတို့၏မျက်လုံးများတွင် ရုတ်တရက်ပြောင်းလဲသွားသည်၊ အဘယ်ကြောင့်ဆိုသော် သူတို့၏အသိစိတ်မှာ ကုနင်း၏ စိတ်စွမ်းအင်အာကာပြင် ထဲသို့ထည့်လိုက်ပြီးနောက် ရပ်တန့်သွားပြီး သူတို့၏မှတ်ဉာဏ်များသည်လည်း ထိုမတိုင်မီ အချိန်မှာပင် ရပ်တန့်သွားခဲ့ကြသည်။

"ငါဘာလို့ဒီကိုရောက်နေတာလဲ?" မြေခွေးမိစ္ဆာက ကုနင်း၏ အနောက်ကနေ ထွက်လာတဲ့အတွက် ချက်ချင်း သူမကို မတွေ့ပေ။ အရင်က ဆောင်းရာသီမှာ တောင်ပေါ်ရောက်နေတာကို သတိရ၍ ယခုပူပြင်းတဲ့ရာသီဥတုကြောင့် အရမ်းအံ့သြသွားသည်။

သူပြောရင်းကနေ လူ အနံ့ရမိသည်။ ချက်ခြင်းလှည့်ကြည့်လိုက်တော့ သူ့အကြည့်က ကုနင်းပေါ်ရောက်သွားသည်။ ကုနင်းကို အကျွမ်းတဝင်ရှိနေသော်လည်း သူမသည် မတူညီသောအဝတ်အစားများဝတ်ဆင်ထားသောကြောင့် မြေခွေးမိစ္ဆာကို ထပ်မံအံ့သြစေသွားသည်။

ဒါပေမယ့် ကုနင်းက သူ့ကို ဒဏ်ရာရစေခဲ့တာကို သတိရသွားတာနဲ့ မြေခွေးမိစ္ဆာက ဒေါသတကြီး ဖြစ်သွားသည်၊ ကုနင်းကို တိုက်ခိုက်လိုသောကြောင့် သူဘာကြောင့် ဒီကို ရုတ်တရက်ရောက်လာတာလဲ၊ ကုနင်းက ဘာကြောင့် သူ့အဝတ်အစားတွေ ပြောင်းထားတာလဲဆိုတာကို အဖြေရှာဖို့ အချိန်မရှိ‌တော့ပေ။

ကုနင်းသည် ၎င်းကို ရပ်တန့်ရန် အလျင်စလိုမလုပ်ခဲ့သော်လည်း သူမကို ထိလိုက်သည်နှင့် စိတ်စွမ်းအင်အာကာပြင်ထဲကို တိုက်ရိုက်ထည့်လိုက်သည်။ ထို့နောက် သူမသည် ၎င်းကို ထပ်မံလွှတ်လိုက်သော်လည်း ၎င်း၏အမြီးကို ဖမ်းကိုင်ထားလိုက်သည်။

ကုနင်းဟာ သူမရဲ့ စိတ်စွမ်းအင်အာကာပြင် ထဲကို ဘာပဲ ထည့်ထား ထည့်ထား သူမဟာ သူ့ရဲ့ အနေအထားကို ထိန်းချုပ်နိုင်သည်။ ထို့ကြောင့် မြေခွေးသည် သတိပြန်လည်လာသောအခါတွင် ၎င်း၏အမြီးကို ကုနင်းမှ ကိုင်ထားသည်ကို တွေ့ရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် တုန်လှုပ်ခြောက်ခြားသွားသော်လည်း ဒေါသဖြစ်ခဲ့ရသည်။ ကုနင်းကို ဖယ်ရှားရန် ကြိုးစားသော်လည်း မအောင်မြင်။

"မင်း မိုက်မဲတဲ့ လူမိုက်!" မြေခွေးမိစ္ဆာက အော်ဟစ်ပြီး ကုနင်းကို “ငါ့ကို လွှတ်စမ်း! ငါက မသနေိုင်တဲ့ မြေခွေးပဲ"

"မင်း ငါ့ကို နာကျင်အောင် လုပ်မှာကို ငါက ဘာလို့ လွှတ်ရမှာလဲ" ကုနင်းက အေးအေးဆေးဆေး မေးသည်။

အဲဒါကိုကြားတော့ မြေခွေးက အံ့ဩသွားပြီး သူ့ရဲ့နားတွေကို မယုံနိုင်ဖြစ်သွားသည်။ "ငါ‌ပြောတာကို မင်းဘယ်လိုလုပ် နားလည်တာလဲ"

တစ်စုံတစ်ခုပြောသော်လည်း သူတို့သည် မတူညီသောမျိုးစိတ်များဖြစ်သောကြောင့် ကုနင်းနားလည်ရန် မမျှော်လင့်ထားပါ။ မမျှော်လင့်ဘဲ ကုနင်းက ဒါကို နားလည်နိုင်သည်။

"မင်း‌ပြောတာကို ငါဘာလို့ နားမလည်ရမှာလဲ" ကုနင်းက ဒါကို ရယ်မောလိုက်သည်။

***

အခန်း ၁၇၄၄ မသေမျိုးဖြစ်အောင် ကူညီပေးနိုင်တယ်

“မင်း…” မြေခွေးမိစ္ဆာသည် ယခု ဘာမှပြန်မပြောနိုင်လောက်အောင် ထိတ်လန့်သွားသည်။ သေမျိုးသည် ၎င်း၏ဘာသာစကားကို နားလည်တာက မယုံနိုင်လောက်အောင် ဖြစ်နေသောကြောင့် ဖြစ်သည်။

"ကောင်းပြီ အခုပဲ အလုပ်စလိုက်ရအောင်" ဟု ကုနင်းက ပြောသည်။ သူမသည် ဤမြေခွေးမိစ္ဆာနှင့် ငြင်းခုံရန် အချိန်ပိုမဖြုန်းချင်တော့ပါ။

"ငါတို့ လုပ်စရာဘာရှိရမှာလဲ" မြေခွေးက မထီမဲ့မြင်နဲ့ ပြောလိုက်သည်။

"မင်းဘဝအကြောင်း။ အခု မင်းမှာ ရွေးချယ်စရာနှစ်ခုရှိတယ်။ ပထမတစ်ခုက လက်မြှောက်အရှုံးပေးပြီး ငါ့အတွက် အလုပ်လုပ်‌ပေးပါ” လို့ ကုနင်းကပြောပေမယ့် မြေခွေးမိစ္ဆာက သူမပြောလို့မပြီးခင်မှာ သူ့ကို အနှောင့်အယှက်ပေးခဲ့သည်။

"မဖြစ်နိုင်တာ! ငါလက်မြှောက်အရှုံးပေးပြီး မင်းအတွက် အလုပ်လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး!"ကုနင်း၏ စကားလုံးများက မြေခွေးကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။ မြေခွေးမိစ္ဆာက ၎င်းသည် လူသားများထက် သာလွန်သည်ဟု ယုံကြည်ခဲ့ပြီး ကုနင်းက သူ့ကို သူမအတွက် အလုပ်လုပ်ဆောင်ပေးစေလိုသောအခါ အရှက်ရသွားခဲ့သည်။

"ကောင်းပြီ၊ မင်းဒီလိုမလုပ်ချင်ရင် အခု မင်းရွေးချယ်မှုတစ်ခုပဲကျန်တော့တယ်။ ငါတို့ တိုက်မယ်။ မင်းအနိုင်ရရင် မင်းငါ့ကို ဘာမဆိုလုပ်လို့ရတယ် ဒါပေမယ့် မင်းရှုံးရင် မင်းသေလိမ့်မယ်" ဟု ကုနင်းက ဆိုသည်။

“မင်းမှာ ငါ့ကို အနိုင်ယူနိုင်စွမ်းမရှိဘူးလို့ ထင်တာပဲ” မြေခွေးမိစ္ဆာက မောက်မာစွာပြောသည်။ ကုနင်းကို ဤအခိုက်အတန့်တွင် အလွန်ပေါ့ပေါ့တန်တန် ခံယူထားပြီး ယခုလက်ရှိအခြေအနေအား လုံးဝမေ့သွားခဲ့သည်။

"သေချာလား?" ကုနင်းက ရယ်မောလိုက်သည်။ သူမသည် မြေခွေးကို သရော်လှောင်ပြောင်စွာဖြင့် ကြည့်နေသည်။ "မင်း ဒီကို ရုတ်တရက် ပေါ်လာပြီး မင်းအမြီးကို ငါဖမ်းမိသွားတာကို မင်းမေ့သွားပြီလား။ မင်းက အခုချိန်ထိ ငါ့ထိန်းချုပ်မှုအောက်မှာ ရှိနေတုန်းပဲ"

အဲဒါကိုကြားတော့ မြေခွေးမိစ္ဆာက ထိတ်လန့်သွားပြီး ဒီထူးဆန်းတဲ့ သေမျိုးကြောင့် သူဒီနေရာမှာ ရုတ်တရက်ပေါ်လာတာကို သိလိုက်ရပြီး အခုလည်း သူ့ရဲ့အမြီးကို ဖမ်းမိထားသည်။ သူမကို လုံးဝ မဖယ်ရှားနိုင်ပေ။

တခဏချင်းမှာပဲ မြေခွေးမိစ္ဆာက လက်လျော့လိုက်သည်။ သို့သော်၊ ၎င်းသည် သူတို့၏ မြေခွေးအုပ်စုတွင် မသနေိုင်သော မြေခွေးတစ်ကောင်အဖြစ်တည်ရှိနေပြီး သူသည် သေမျိုးထံ သူ့ကိုယ်သူ လက်နက်ချပါက အလွန်အရှက်စရာကောင်းလိမ့်မည်ဖြစ်သည်။

မြေခွေးမိစ္ဆာသည် အမှန်တကယ် မသေမျိုးဖြစ်ရန် ဆန္ဒပြင်းပြ‌နေသော‌ကြောင့် သူ့ကိုယ်သူ မသနေိုင်သောမြေခွေးအဖြစ် သတ်မှတ်ထားလေသည်။

"ဘာလို့ ဒီမှာ ရုတ်တရက် ပေါ်လာရတာလဲ" မြေခွေးက မေးတယ်။ သူသတိမထားမိတဲ့အချိန်အတွင်းမှာပဲ အဖြစ်အပျက်‌တွေက မြန်ဆန်လွန်းတာကြောင့် အဲ့ဒါကို သိချင်မိသည်။

"ဒါက လျှို့ဝှက်ချက်ပါ၊ ငါမင်းကို မပြောနိုင်ဘူး" ဟု ကုနင်းက ဆိုသည်။ "မင်းကို ရိုးရိုးသားသားပြောရရင် မင်းငါ့ကို နောက်ဆုံးအကြိမ်တွေ့တာ တစ်လကျော်သွားပြီ၊ ဒီနေရာက ခွန်လွန်းတောင်နဲ့ မိုင်ထောင်ချီဝေးတယ်။"

"ဘာ?"

ထိုစကားကိုကြားတော့ မြေခွေးမိစ္ဆာသည် တုန်လှုပ်ခြောက်ခြားစွာဖြင့် မျက်လုံးများဝိုင်းစက်သွားသည်။ တစ်စက္ကန့်အတွင်းမှာပဲ ဖြစ်ပျက်သွားတယ်လို့ ထင်ရပေမယ့် တစ်လကျော်သွားပြီဆိုတော့ ယုံဖို့ခက်သည်။ ထို့အပြင် ဤနေရာသည် ခွန်လွန်းတောင်နှင့် မိုင်ထောင်ချီဝေးတယ်တဲ့။ အိပ်မက်တစ်ခုလို့တောင် ထင်မှတ်ပြီး ကုနင်းက သူ့ကို လိမ်နေပုံရသည်။

ပတ်ဝန်းကျင်က အရာအားလုံးဟာ တစ်စက္ကန့်အတွင်းမှာပဲ ပြောင်းလဲသွားတယ်ဆိုတာ မယုံနိုင်‌လောက်အောင် သိရှိလိုက်ရသည်။ ထို့အပြင်၊ ဤနေရာတွင် ရာသီဥတုက ပိုပူသောကြောင့် ခွန်းလွန်တောင်အနီးတွင် မဖြစ်နိုင်ပါ။

ထိုအခြေအနေမျိုးတွင် ကုနင်းသည် တစ်စက္ကန့်အတွင်း တစ်နေရာမှ အဝေးတစ်နေရာသို့ ရွေ့ပြောင်းနိုင်သည့် အစွမ်းအစရှိမှသာ ဖြစ်နိုင်လိမ့်မည်။

မြေခွေးမိစ္ဆာသည် လက်နက်ချရန် သို့မဟုတ် တိုက်ခိုက်ရန် တုံ့ဆိုင်းနေသည်။ လက်နက်ချရန် ဆန္ဒမရှိသော်လည်း သူမ၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်ကြောင့် ကုနင်းကို ကြောက်နေသည်။

“မင်းငါ့ကို အရှုံးပေးရင် ငါတို့က တစ်ဖက်ထဲပဲ ငါတို့က တစ်ဖွဲ့တည်းဆိုတော့ မင်းကို ဆိုးဆိုးရွားရွားဆက်ဆံမှာ မဟုတ်ဘူး၊ မင်းကို မသေမျိုးဖြစ်လာအောင် ငါကူညီပေးနိုင်တယ်" ဟု ကုနင်းက ဆိုသည်။ သူမသည် မြေခွေးမိစ္ဆာကို ဖြားယောင်းနေသော်လည်း သူမတွင် အဆုံးမရှိသော မှော်အစွမ်းရှိသောကြောင့် အဲ့တာက အမှန်တရားလည်း ဖြစ်သည်။

အဲဒါကိုကြားတော့ မြေခွေးက စိတ်လှုပ်ရှားနေပုံရသည်။ မသနေိုင်ရင် အကောင်းဆုံးဖြစ်မှာပါ၊ ဒါပေမယ့် နောက်တစက္ကန့်မှာ သံသယဖြစ်လာပြီး ကုနင်းကို "မင်းငါ့ကို မသေမျိုးဖြစ်အောင် ဘယ်လိုလုပ်ကူညီနိုင်မှာလဲ။ မင်းက တခြားသေမျိုးတွနေဲ့မတူပေမယ့် မင်းလည်း သေတတ်တဲ့သူပါ။ ဒီလောကရဲ့ စည်းကမ်းတွေကို ချိုးဖျက်နိုင်မယ် မထင်ဘူး။ ငါ မင်းကို မယုံဘူး။"

ထိုမေးခွန်းကို ကုနင်းက မကျေမနပ်မဖြစ်ပဲ ပြုံးပြီး "မင်းဒဏ်ရာ သက်သာလာတာကို သတိမထားမိဘူးလား?"

ထို့နောက်တွင် မြေခွေးမိစ္ဆာသည် ၎င်း၏ဒဏ်ရာမှာ အမှန်ပင် ပျောက်ကင်းသွားကြောင်း သိလိုက်ရသည်။

သူ့ဒဏ်ရာကို ကုပေးခဲ့တာလား။ အဲဒါကို တွေးမိပြီး မြေခွေးက “မင်း ငါ့အတွက် လုပ်ပေးတာလား” ဟု မေးသည်။

အဲဒီမေးခွန်းကို မေးပေမယ့်လည်း အဖြေက ရှိပြီးသားပင်။ ကုနင်းအပြင် တခြားဘယ်သူမှ မရှိတဲ့အပြင် သူ့အလိုလို ကုစားလို့မရနိုင်ပါ။ သို့သော် ၎င်းသည် မယုံနိုင်လောက်အောင် ဖြစ်သောကြောင့် ကုနင်း၏ ပါးစပ်မှ အဖြေကို ကြားချင်သေးသည်။

“ဟုတ်တယ်” ဟု ကုနင်းက ပြောသည်။

ကုနင်းရဲ့အဖြေကိုကြားတော့ မြေခွေးမိစ္ဆာဟာ သူမမှာ မယုံနိုင်စရာကောင်းလောက်အောင် အစွမ်းအစရှိတာကြောင့် အံ့သြသွားပြန်သည်။ ဘာပဲဖြစ်ဖြစ် ကုနင်းဟာ သူ့ရဲ့ဒဏ်ရာကို သက်သာပျောက်ကင်းစနေိုင်ပေမယ့် သူ့ကို မသေမျိုးဖြစ်အောင် ကူညီပေးနိုင်မယ်လို့ မဆိုလိုပါ။ ဒါက ပိုခက်ခဲပါသည်။ ထို့ကြောင့် "မင်းငါ့ဒဏ်ရာကို ကုစားနိုင်တာက ငါ့ကို မသေမျိုးဖြစ်လာအောင် ကူညီပေးနိုင်တယ်လို့ မဆိုလိုဘူး"

ကုနင်းလည်း သိသည်။ သူမသည် ၎င်း၏ဒဏ်ရာကို ကုစားနိုင်သော်လည်း ၎င်းကို မသနေိုင်သောသူဖြစ်လာစေရန် မကူညီနိုင်ပေ။ တကယ်တော့၊ သူမဟာ သူ့ရဲ့အာရုံစူးစိုက်မှုကို ဆွဲဆောင်ဖို့သာ ဒဏ်ရာကို ကုစားခဲ့ကြောင်း သူမပြောပြခဲ့ခြင်းဖြစ်သည်။

ကုနင်းက ပြုံးပြီး မြေခွေးကို လွှတ်လိုက်သည်။ မြေခွေးထွက်ပြေးသွားမည်ကို မကြောက်ပေ။ အဘယ်ကြောင့်ဆိုသော် မြေခွေးမိစ္ဆာသည် သူချထားသော အခြေအနေကို စွဲဆောင်နေပြီဖြစ်ပြီး ၎င်းသည် ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။ ထို့အပြင် ၎င်းသည် ထွက်ပြေးရန် စိတ်ကူးရှိသေးရင်တောင် ကျောင်းလုံကြောင့် ထိုသို့လုပ်ဆောင်နိုင်မည်မဟုတ်ပေ။

မြေခွေးမိစ္ဆာသည် လွတ်မြောက်လာသောအခါတွင် မသိစိတ်က ထွက်ပြေးချင်သော်လည်း ကုနင်းချမှတ်ထားသော အခြေအနေသည် အမှန်တကယ် စွဲဆောင်နေသောကြောင့် မထွက်ပြေးနိုင်ခဲ့ပေ။ ကုနင်းသည် သူ့ကိုမသေသူဖြစ်ရန် ကူညီပေးနိုင်သည်ကို သူမယုံခဲ့သော်ငြားလည်း ၎င်းတွင် မျှော်လင့်ချက်ရှိနေဆဲဖြစ်သည်။ နောက်ဆုံးတော့၊ မသေမျိုးဖြစ်ဖို့ တကယ်ကို ခက်ခဲတဲ့အတွက် အခွင့်အရေးကို လက်လွတ်မခံချင်ပါ။

ကုနင်းသည် သူ့အား မသေသူအဖြစ်သို့ ကူညီပေးနိုင်ပါက ၎င်းသည် သူမထံ အချိန်တစ်ခုအထိ အရှုံးပေးလက်မြှောက်လိုက်တာက ကြီးမားသောကိစ္စမဟုတ်ပေ။ မသေသာ မသနေိုင်ရင် သူမလိုချင်တာမှန်သမျှ လုပ်ပေးလိမ့်မည်။

မြေခွေးက တကယ့်ကို ပါးနပ်ပေမယ့် တကယ်တော့ အဲဒီတုန်းက သူထွက်သွားနိုင်ပါ့မလားဆိုတာက ကုနင်းအပေါ်မှာသာ မူတည်သည်။

မြေခွေးမိစ္ဆာသည် မသေမျိုးမဟုတ်သောကြောင့် ၎င်းကို ကျောင်းလုံက တစ်ချိန်လုံး ထိန်းချုပ်ထားမည်ဖြစ်သည်။ လွတ်မြောက်မည့် လမ်းမရှိ။

ကျောင်းလုံနှင့် ပတ်သက်၍ ကုနင်းသည် သူက သူမအပေါ် သစ္စာရှိမည်ဟု ယုံကြည်သည်။

ကျောင်းလုံသည် တကယ့်နဂါးအဖြစ်သို့ ပြောင်းလဲသွားလျှင်ပင် သူမ မသေမချင်း သူမကို ထားရစ်ခဲ့မည်မဟုတ်ပေ၊ ထိုအရာကို ကျောင်းလုံက သူမကို ပြောပြဖူးသည်။

တကယ်တော့ ကုနင်းမှာ သူ့အစီအစဉ်နဲ့သူ ရှိပြီးသားပါ။ သူမသည် လင်ရှောင်းထင် ကိုကာကွယ်ရန် ကျောင်းလုံကို စေလွှတ်မည်။ လင်ရှောင်းထင် တွင် ယခု ချန်ခွင်းအိတ် ရှိသောကြောင့် ကျောင်းလုံကို ထည့်ထားနိုင်သည်။

သူမသည် ကျောင်းလုံနှင့် ထိုအကြောင်းပြောဖူးသော်လည်း လင်ရှောင်းထင်နှင့် မပြောရသေးပါ။ ကျောင်းလုံက သဘောတူသည်။ ကုနင်းနှင့် လင်ရှောင်းထင်တို့သည် မိသားစုဖြစ်သောကြောင့် မည်သူနှင့်ရှိရှိ ကွာခြားမည်မဟုတ်ပေ။

***

အခန်း ၁၇၄၅ အရှုံးပေးဖို့ရန်သဘောတူခြင်း

လင်ရှောင်းထင်သည် ရက်အနည်းငယ်အကြာတွင် ခွန်းလွန် တောင်သို့သွားမည်ဖြစ်ပြီး သူသည် စကြဝဠာမျှော်စင်သို့ဝင်ရောက်နိုင်သောကြောင့် ကျောင်းလုံသည် ၎င်းအတွက် အလွန်စိတ်လှုပ်ရှားနေသည်။

လင်ရှောင်းထင်သည် ကျောင်းလုံ၏ဘာသာစကားကို နားမလည်သော်လည်း ကျောင်းလုံက သူ့ကို နားလည်နိုင်သည်။ ထို့ကြောင့် အချင်းချင်း ကောင်းစွာ ပေါင်းသင်းနိုင်ကြမည်။

လင်ရှောင်းထင် နားမလည်သော်လည်း၊ ရှန်းကွမ်းယန်နှင့် ကျင်းယွင်ယောင်တို့က နားလည်နိုင်သည်။

ကုနင်းသည် ရှန်းကွမ်းယန်နှင့် ကျင်းယွင်ယောင်တို့က အနှေးနှင့်အမြန် သိရှိမည်ဖြစ်သောကြောင့် ယခုတစ်ကြိမ်တွင် သူတို့အား ပြောပြရန် ဆုံးဖြတ်ထားသည်။

လင်ရှောင်းထင်ကို ကာကွယ်ရန်အတွက် ကျောင်းလုံကို စေလွှတ်ပြီးနောက် သူမ လုံခြုံရေးအတွက်တော့ အလွန်မြင့်မားသောအဆင့်ရှိ ကျင့်ကြံသူများနှင့် မတွေ့ဆုံသရွေ့ အဆင်ပြေမည်ဖြစ်သည်။ သူမသည် သန်မာသော သတ္တဝါများ သို့မဟုတ် သရဲတစ္ဆေများနှင့်တွေ့လျှင်ပင် ၎င်းတို့ကို ထိလိုက်သည်နှင့် သူမ၏ စိတ်စွမ်းအင်အာကာပြင်နေရာကို အလွယ်တကူ ထည့်ထားနိုင်သောကြောင့် စိုးရိမ်စရာမရှိပါ။

ထို့အပြင် သူမသည် ယခု သူမအတွက် အလုပ်လုပ်ရန် မြေခွေးမိစ္ဆာကို လေ့ကျင့်ပေးရန် စီစဉ်ထားသည်။ မြေခွေးမိစ္ဆာသည်လည်း သူမအား အထောက်အကူဖြစ်စေလိမ့်မည်။ ၎င်းသည် အလွန်အားနည်းနေသေးပြီး သူမအတွက် ပြိုင်ဆိုင်မှုပင်မရှိခဲ့သော်ငြားလည်း သူမ မလုပ်နိုင်ချိန်တွင် လုပ်ဆောင်နိုင်သည့်အရာအချို့ရှိသည်။ ဒီလိုမှမဟုတ်ရင် သူမအတွက် မြေခွေးမိစ္ဆာကို အလုပ်ခိုင်းဖို့ ဆွဲဆောင်ရန် မလိုအပ်ပါ။ အသုံးမကျရင် သူ့ကို တန်းသတ်ပစ်မည်။

မြေခွေးမိစ္ဆာက သူမနောက်ကို လိုက်ဖို့ သိပ်ဆန္ဒမရှိပေမယ့် ယုံကြည်မှုတည်ဆောက်ဖို့ အချိန်ယူရတာကြောင့် အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲသွားနိုင်ပါသည်။

ဘာပဲဖြစ်ဖြစ် ကုနင်းက သူ့အနားမှာနေဖို့ အတင်းအကြပ်လုပ်မှာမဟုတ်ပေ။ မြေခွေးက မသေမျိုးဖြစ်လာပြီးနောက် သူမကို ထားခဲ့ချင်တယ်ဆိုရင်တော့ သူမတားမှာ မဟုတ်ပါ။ သို့သော် အခြေအနေမှာ မြေခွေးသည် သူမအား သစ္စာမဖောက်ခြင်း သို့မဟုတ် မနာကျင်စေခြင်းတို့ မပြုလုပ်မှသာဖြစ်သည်။ ထိုသို့ ပြုလုပ်ရန် သတ္တိရှိပါက သတ်ပစ်ဖို့ တွန့်ဆုတ်မည် မဟုတ်ပါ။

ထို့အပြင် သူမသည် ကျင့်ကြံသူဖြစ်လာရန် ကြိုးကြိုးစားစားလုပ်ဆောင်ပြီး မိမိကိုယ်မိမိ ကောင်းစွာကာကွယ်နိုင်စေရန်အတွက် သန်မာကြံ့ခိုင်ရန် စိတ်ပိုင်းဖြတ်ထားသည်။

ထို့နောက် ကုနင်းသည် သူမ၏လက်ကို ဆန့်ထုတ်လိုက်သောအခါ စွမ်းအင်သလင်းကျောက် အနည်းငယ် ပေါ်လာသည်။ မြေခွေးမိစ္ဆာကို ရှောင်ရန် ရည်ရွယ်ချက်မရှိသောကြောင့် ၎င်းကို မြေခွေး၏မျက်လုံးရှေ့မှာတင် ထုတ်လိုက်သည်။

မြေခွေးက လုံးဝအံ့သြသွားသည်။ ကုနင်း၏လက်ထဲတွင် စွမ်းအင်သလင်းကျောက်များ ရုတ်တရက်ပေါ်လာတာက မှော်ပညာဖြစ်မည်ဟု သူထင်ခဲ့သည်။ သို့သော် ကုနင်းသည် သေမျိုးသာဖြစ်သည်။ သူမမှာ ဘယ်လိုလုပ် မှော်ပညာရှိနိုင်ပါ့မလဲ။

နောက်တစ်စက္ကန့်တွင် ကုနင်း၏လက်ရှိ သလင်းကျောက်များမှ သန့်စင်သော မှော်စွမ်းအင်ကို အနံ့ရလိုက်သည်။ သူ့မျက်လုံးများသည် ချက်ချင်းတောက်ပလာပြီး ကုနင်းဆီသို့ မနှောင့်နှေးဘဲ ပြေးသွားကာ သူမနှင့် ဝေးရာကို ဆွဲလုရန် ကြိုးစားသည်။

၎င်းတို့သည် မည်သည့်အရာဖြစ်သည်ကို မသိသော်လည်း၊ အထူးသဖြင့် သန့်စင်သောမှော်အစွမ်းများ ပါရှိသောကြောင့် သူ့အတွက် အကောင်းဆုံးအရာများဖြစ်သည်။ အကယ်၍ ၎င်းမှ သန့်စင်သော မှော်စွမ်းအား အမြောက်အမြားကို ရနိုင်လျှင် သူ၏ ကျင့်ကြံရေးသည် အချိန်တိုအတွင်း အလွန်တိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။

စကြဝဠာမျှော်စင်တွင် အသန့်စင်ဆုံး မှော်အစွမ်းရှိသော်လည်း ကံမကောင်းစွာဖြင့် ၎င်းနှင့် နီးကပ်စွာ မသွားနိုင်ပါ။ ၎င်းမှ ၁၀ မီတာအကွာအဝေးရောက်သောအခါတွင် ကြီးမားသောဖိအားကိုခံစားရပြီး ပုံမှန်အသက်မရှူနိုင်တော့ပေ။ ရလဒ်အနေဖြင့် ၎င်းနှင့် အဝေးတွင်သာ နနေိုင်မည်ဖြစ်သည်။

သို့သော်လည်း မြေခွေးမိစ္ဆာက ကုနင်းဆီသို့ အလျင်အမြန်ပြေးလာသောအခါ ကုနင်းသည် မှော်စွမ်းအင်ကို သူမ၏ စိတ်စွမ်းအင်အာကာပြင်နေရာထဲသို့ ပြန်ထည့်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ်လှည့်ကာ မြေခွေးမိစ္ဆာကို ရှောင်လိုက်သည်။

မြေခွေးမိစ္ဆာသည် စိတ်တိုသွားသော်လည်း ကုနင်းအပေါ် ဒေါသကို ထုတ်ဖော်ဝံ့ခြင်းမရှိပေ။ ကုနင်းရဲ့ အရည်အချင်းတွေကို သက်သေပြခဲ့ပြီး ကုနင်းမှာ သူအလိုချင်ဆုံးအရာတွေရှိတယ်ဆိုတာကို သဘောပေါက်လာတဲ့အတွက် သူမရှေ့မှာ သူ့ရဲ့ဒေါသကို ထိန်းထားရပါမည်။

"အဲဒါဘာလဲ?" မြေခွေးက ကုနင်းကိုမေးသည်။

“ဒါဟာ ခိုင်မာတဲ့ မှော်စွမ်းအင်တွေပါတဲ့ သလင်းကျောက်တစ်မျိုးပါ။ အရမ်းသန့်စင်တယ်။ သလင်းကျောက်တစ်ခုတည်းဆိုရင် အသုံးမဝင်နိုင်ပေမယ့်လည်း ကျောက်ပေါင်းများစွာက ကျင့်ကြံသူတွေအတွက် များစွာအထောက်အကူဖြစ်စေတယ်။ သူတို့က အဂ္ဂိရတ်ဆရာတွေလုပ်ထားတဲ့ ဆေးတွေထက်တောင် ပိုထိရောက်တယ်‌လေ” ဟု ကုနင်းက ပြောပြီးနောက် မြေခွေးမိစ္ဆာသည် ၎င်းကို အလွန်စွဲဆောင်သွားခဲ့သည်။

"ငါ့ကို ပေးလို့ရမလား" မြေခွေးက မေးသည်။

"ဘာလို့ပေးရမှာလဲ? မင်းနဲ့ ငါနဲ့က ဘာဆက်ဆံရေးမှ မရှိဘူး။ အဲဒါတွေကို မင်းကို ပေးလိုက်ပြီးရင် ငါ ဘာရနိုင်မှာလဲ” ကုနင်းက ပြောသည်။

အဲဒါကိုကြားတော့ မြေခွေးက ကုနင်းလိုချင်တာကို နားလည်သွားသည်။ အဲဒါကိုလုပ်ဖို့ နည်းနည်းလေး တွန့်ဆုတ်နေသေးပေမယ့်၊ တစ်စက္ကန့်လောက် တုံ့ဆိုင်းနေပြီးမှ “ကောင်းပြီ၊ ငါမင်းကို လက်မြှောက်အရှုံးပေးဖို့ သဘောတူတယ်” ဟု ပြောသည်။

ကုနင်းထံ လက်နက်ချသရွေ့ သူသည် စွမ်းအင်သလင်းကျောက်များကို ရရှိနိုင်ပြီး တစ်နေ့တွင် မသေမျိုးဖြစ်လာမည်ဖြစ်သည်။

“ကောင်းတာပေါ့၊ ဒါပေမယ့် ဒီမှာတစ်ခါထဲ ရှင်းရှင်းပြောလိုက်မယ်။ မင်းငါ့ကိုသစ္စာဖောက်ရဲရင် မင်းကိုသတ်ဖို့ ငါတွန့်ဆုတ်နေမှာမဟုတ်ဘူး၊ ဒါကြောင့် မင်းငါ့ကိုသစ္စာရှိရမယ်။ မင်း မသေမျိုးဖြစ်သွားပြီးလို့ ငါ့အနားမှာ ရှိနေဖို့ ဆန္ဒရှိနေရင်တော့ အကောင်းဆုံးပေါ့။ မဟုတ်ရင်လည်း ငါ မင်းကို အတင်းနေခိုင်းမှာမဟုတ်ပါဘူး” ဟု ကုနင်းက ဆိုသည်။

ထိုအရာက ကုနင်းမှာ လုံးဝအကျိုးမရှိပုံရပြီး မြေခွေးမိစ္ဆာမှာပဲ အားသာချက်ရှိပုံရနေပေမယ့် ကုနင်းကတော့ အဲဒီလိုမတွေးထားပေ။ အကြောင်းမှာ မြေခွေးသည် မသေမျိုးမဖြစ်မီအထိ သူ့ကျွန်လုပ်ရမှာ ဖြစ်သောကြောင့် ဖြစ်သည်။

ကုနင်းသည် မြေခွေးမိစ္ဆာကို တမင်တကာ ညှဉ်းပန်းနှိပ်စက်မည်မဟုတ်သော်လည်း အခြေအနေများစွာတွင် သူမသည် ၎င်း၏အကူအညီကို လိုအပ်နေပါသည်။ တကယ်တော့ သူမဟာ ခဏအကြာ သူ့အတွက် တစ်ခုခုလုပ်ဖို့ မြေခွေးမိစ္ဆာကို လိုအပ်နေခဲ့သည်။

ထိုမြေခွေးက မသေမျိုးဖြစ်လာပြီးနောက် သူ့ကို ထားခဲ့မှာ မကြောက်ပေ။ မသေမျိုးဖြစ်လာပြီးလျှင် သူ့ဘေးနားတွင်နေခိုင်းရန် ခက်ခဲမည်ဖြစ်သောကြောင့် အတင်းအကြပ်နေခိုင်းမည် မဟုတ်ပေ။

ကျင့်ကြံခြင်းသည် အချိန်ကုန်၍ ငြီးငွေ့ဖွယ်ကောင်းပြီး မြေခွေးမိစ္ဆာသည် လင်ရှောင်းထင် ကဲ့သို့ ထက်မြက်သော ကျင့်ကြံသူမဟုတ်သောကြောင့် ကုနင်း၏အကူအညီဖြင့်ပင် ၎င်း၏ပန်းတိုင်ရောက်ရန် နှစ်ပေါင်းများစွာ အချိန်ယူရဦးမည်ဖြစ်သည်။ ထို့အပြင် မြေခွေးမိစ္ဆာသည် ၎င်း၏ ကျင့်ကြံရေး၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနိုင်သော်လည်း ၎င်းသည် မသေမျိုးအဖြစ်သို့ မရောက်နိုင်သေးပေ။

မသေမျိုးဖြစ်လာရန်အတွက် အခက်ခဲဆုံးအပိုင်းဖြစ်သည့် ကောင်းကင်ဘုံစမ်းသပ်ချက်မှာ ရှင်သန်ရအုံးမည်ဖြစ်သည်။ မအောင်မြင်လျှင် ပျက်စီးသွားလိမ့်မည်။ ထို့ကြောင့် မြေခွေးမိစ္ဆာသည် ၎င်း၏ ကျင့်ကြံရေး၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့လျှင်ပင် ကောင်းကင်ဘုံ စမ်းသပ်ချက်၏ စိန်ခေါ်မှုကို လက်ခံရန် သတ္တိရှိမည်မဟုတ်ပေ။

"တကယ်လား?" မြေခွေးက စိတ်လှုပ်ရှားနေသည်။ ကုနင်းသည် သူမသေမျိုးဖြစ်လာပြီးနောက် ထွက်ခွာသွားခြင်းကို မတားပါက အကောင်းဆုံးဖြစ်လိမ့်မည်။

"ဒါပေါ့" လို့ ကုနင်းကပြောသည်။

“ကောင်းပြီ၊ မင်းအပေါ် သစ္စာရှိမယ်လို့ ငါကတိပေးတယ်” လို့ မြေခွေးမိစ္ဆာက မဆိုင်းမတွ ပြောလိုက်သည်။

"မင်း ဒီကိစ္စကို အလေးအနက်ထားပြောတာလား" ကုနင်းက ထပ်မေးသည်။

“ဟုတ်တယ် ငါအတည်ပါ” ဟုမြေခွေးက ပြောသည်။ မလိုအပ်သောကြောင့် လုပ်မှာလည်း မဟုတ်ပါ။ ကုနင်းကို သစ္စာဖောက်လျှင် ကောင်းတာ ဘာမှ မဖြစ်လာနိုင်ပေ။

မြေခွေး၏ လက်ရှိသဘောထားကြောင့် ကုနင်းသည် လေးနက်သည်ဟု ယုံကြည်ခဲ့သော်လည်း အနာဂတ်တွင် ဘာဖြစ်မည်ကို သူမ မသိပေ။ ကောက်ကျစ်တဲ့ မြေခွေးတစ်ကောင်ဖြစ်သည်။ ထို့ကြောင့် ကုနင်းသည် ထိုအချိန်တွင် သတိနဲ့ နေရမည်။

သူမသည် မြေခွေးမိစ္ဆာနဲ့သာမက လူတိုင်းနဲ့ပါ နိုးနိုးကြားကြားနေလေ့ရှိသည်။ သူမဟာ အစကတည်းက ဘယ်သူ့ကိုမှ မယုံခဲ့ပေ။ ကျောင်းလုံသည်လည်း သူမ၏ယုံကြည်မှုကို ရရန် အချိန်အတော်ကြာခဲ့သည်။

"အရမ်းကောင်းတယ် ငါမင်းကိုပြောစရာရှိတယ်၊ ဒါပေမယ့် အချိန်တိုတိုအတွင်းမှာ ရှင်းပြဖို့ခက်တယ်။ ငါ အခု အလုပ်ရှုပ်နေလို့ တစ်ရက်ရက်ကျမှပဲ ငါခေါ်လိုက်ပါမယ် အိုး၊ နောက်ကျရင် ငါမင်းရဲ့အကူအညီ လိုသေးတာပဲ ဒါပေမယ့် မင်းကို ငါ့နေရာကို အရင်ပြန်ထားရအုံးမယ်။ ငါမင်းရဲ့အကူအညီ လိုအပ်လာမှ လွှတ်ပေးမယ်" ဟု ကုနင်းကပြောသည်။

***

အခန်း ၁၇၄၆ ပြသနာမဟုတ်ပါ

"မင်းငါ့ကို မင်းရဲ့ နေရာမှာ ဘယ်လို ထားမှာလဲ?" မြေခွေးသည် သတိနှင့် မေးလိုက်သည်။ ကုနင်းက သူ့ကိုထည့်ပြီး ပြန်မထုတ်ပေးရင် ဘယ်လိုလုပ်မလဲ။ ဖြစ်နိုင်ခြေ သိပ်မရှိပေမယ့် စိုးရိမ်နေဆဲပါ။

"ငါတို့ သဘောတူညီချက် လုပ်ပြီးပြီဆိုတော့ မင်းကို ငါ သေချာပေါက် ထိခိုက်အောင်လုပ်မှာမဟုတ်ဘူး" ဟု ကုနင်းက ဆိုသည်။

“ကောင်းပြီ” သို့ဆိုလျှင် မြေခွေးမိစ္ဆာသည် ၎င်းအကြောင်းကို ထပ်မေးရန် စိတ်မ၀င်စားပါ။

ထို့နောက် ကုနင်းသည် မြေခွေးမိစ္ဆာထံသို့ လျှောက်သွားသည်။ သူ့ဦးခေါင်းကို ထိလိုက်သည်နှင့် မြေခွေးသည် ပျောက်သွားပြီး ကုနင်း၏ စိတ်စွမ်းအင်အာကာပြင်ထဲသို့ ဝင်သွားသည်။

အားလုံးပြီးသွားတော့ ည ၁၁ နာရီထိုးခါနီးပြီ။ ကုနင်းက သူမသာ တောင်မြစ်ကမ်းပါးဥယျာဉ်ကို နောက်ကျမှ ပြန်သွားရင် ကျင်းယွင်ယောင် စိတ်ပူမှာစိုးသောကြောင့် လင်ရှောင်းထင်ကို ဖုန်းဆက်လိုက်သည်။ သူမသည် ယနေ့ညတွင် ကိုင်တွယ်ရန် ကိစ္စရှိနေသေးကြောင်းနှင့် နောက်ကျမှ ပြန်လာပါက ကျင်းယွင်ယောင် စိတ်ပူမည်စိုးသောကြောင့် ယနေ့ည မပြန်ဘဲ မနက်ဖြန်မှသာ တွေ့မည်ဖြစ်ကြောင်းပြောလိုက်သည်။

ကုနင်းက နောက်ကျသည်အထိ အလုပ်ရှုပ်နေသေးတာကြောင့် လင်ရှောင်းထင်က သူမဘာတွေလုပ်နေလဲလို့မေးသည်။ သူက ကုနင်းကို သံသယရှိတာ‌ကြောင့်မဟုတ်ပဲ ကုနင်းကို မပင်ပန်းစေချင်ရုံသာဖြစ်ပါတယ်။

ကုနင်းသည် လင်ရှောင်းထင်ကို လျှို့ဝှက်မထားဘဲ သူမသည် တစ္ဆေအထီးနှင့် မြေခွေးမိစ္ဆာတို့နှင့် ညှိနှိုင်းနေရကြောင်း ပြောပြသည်။ ၎င်းတို့ကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့ပြီး သူမသည် ယခု ထန်ပင်းစန်ကို သွားတွေ့မည်ဖြစ်သည်။

လင်ရှောင်းထင်သည် ထန်ပင်းစန်အပေါ် ကုနင်း၏ အာဃာတကို သတိပြုမိသော်လည်း ကုနင်းက သူ့အား ပြောဖူးသလောက်သာ သိပြီး အသေးစိတ်ကိုတော့ မသိပေ။

လင်ရှောင်းထင်က ကုနင်းကို အကူအညီလိုသလားလို့ မေးသည်။

ကုနင်းက သူ့အကူအညီကို မလိုအပ်ဘူးဟု ပြောသောကြောင့် လင်ရှောင်းထင်က အတင်းအကြပ်မပြောတော့ပါ။ တကယ်တော့ ကုနင်းက နောက်ကျမှ ပြန်ရောက်တာတောင် ကျင်းယွင်ယောင် စိတ်ပူမှာ မဟုတ်တာကြောင့် လင်ရှောင်းထင်က သူမကို ဒီည တောင်မြစ်ကမ်းပါးဥယျာဉ်ကို ပြန်လာဖို့ တိုက်တွန်းလိုက်သည်။

ကုနင်းလည်း ခဏလောက်စဉ်းစားပြီးနောက် သဘောတူလိုက်သည်။

လင်ရှောင်းထင်နှင့်ဖုန်းဆက်ပြီးနောက် ကုနင်းသည် ကားပေါ်သို့တက်ကာ သူမထွက်သွားမီ “ထန်အိုက်နင်း” အဖြစ် အသွင်ပြောင်းလိုက်သည်။

ကုနင်းသည် သူမကိုယ်သူမ မထုတ်ဖော်မိရန်အတွက် စောင့်ကြည့်ကင်မရာများရှိသော ဧရိယာထဲသို့ ဝင်လုနီးပါးအချိန်တွင် ကားကို သူမ၏ စိတ်စွမ်းအင်အာကာပြင်ထဲသို့ ထားလိုက်သည်။ ထို့နောက် သူမသည် လမ်းဘေးသို့ လျှောက်သွားကာ ထန်ပင်းစန်ရှိရာ ဆေးရုံသို့ တက္ကစီနှင့် ထွက်ခွာလာခဲ့သည်။

သူမရောက်ချိန်တွင် ည ၁၂ နာရီလောက်ရှိပြီဖြစ်သည်။

ထန်ပင်းစန်ဟာ ဒီတစ်ကြိမ်မှာ ဒဏ်ရာအပြင်းအထန်ရတာကြောင့် ဆေးရုံမှာ အချိန်အတော်ကြာနေခဲ့ရပါသည်။ ကံကောင်းထောက်မစွာနဲ့ပဲ သူ့အသက်အန္တရာယ်မကျရောက်ဘဲ သူ့စိတ်လည်းကြည်လင်နေသည်။

ကျီယီကျင်းကတော့ ကံမကောင်းစွာပဲ ထန်ပင်းစန်နှင့် ထန်ယရှင်းကို တချိန်တည်း ပြုစုရသောကြောင့် ယခုရက်များအတွင်း အတော်လေး ပင်ပန်းနေပါသည်။ ထန်ပင်းစန်အား ကာကွယ်ရန် အတွင်းရေးမှူးနှင့် ကြေးစားနှစ်ယောက်ရှိသောကြောင့် ကျီယီကျင်းသည် ညဘက်တွင် ထန်ယရှင်းဘက်သို့ ပြန်သွားရသည်။

ထန်ယရှင်းသည် ပြင်းထန်သောရောဂါကြောင့် သတိလစ်နေဆဲဖြစ်သည်။ သူမအသက်ဟာ အရင်တုန်းက‌တော့ အန္တရာယ်ထဲက လွတ်မြောက်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ သူမ မလွတ်မြောက်နိုင်တော့ပေ။

ကျီယီကျင်းသည် သူ့သမီးရော ခင်ပွန်းပါ ဒုက္ခရောက်နေ၍ ရင်ကွဲလုနီးပါး ဖြစ်‌နေရသည်။ သူတို့နှစ်ယောက်စလုံး ပြန်မကျန်းမာရင် သူတို့မိသားစုစီးပွားရေးအတွက် စိတ်ပူမိသည်။ သူမတွင် လုပ်ငန်းအသေးစားရှိသော်လည်း ထန်အဖွဲ့အစည်းကဲ့သို့ စီးပွားရေးအုပ်စုလိုမျိုး မလည်ပတ်နိုင်ပေ။ ထန်ပင်းစန်သာ တစ်ချိန်လုံး အိပ်ရာထဲမှာ နေရမယ်ဆိုရင် သူမ ဘာလုပ်ရမယ်မှန်း မသိပါ။

ထန်ပင်းစန်သည် နလန်ပြန်မထူနိုင်ပါက သူမသည် ထန်အဖွဲ့အစည်းမှ အတွေ့အကြုံရင့် ဒါရိုက်တာများနှင့် သေချာပေါက် မယှဉ်နိုင်ပါ။

သူမလိုချင်တဲ့ဘဝက အလုပ်မလုပ်ဘဲ ပိုက်ဆံအများကြီးရချင်ရုံပါ။ ပျော်ချင်တဲ့အခါတိုင်း ပျော်ပစ်ချင်သည်။ ရိုးရိုးသားသားပြောရရင် ကုမ္ပဏီကို ဦးဆောင်ဖို့ စိတ်မဝင်စားပါ။ သူမပိုင်တဲ့ လုပ်ငန်းသေးသေးလေးကိုတောင် တခြားလူက စီမံခန့်ခွဲတဲ့အတွက် သူမသည် ၎င်းအတွက် အများကြီး အားထုတ်ရန် မလိုအပ်ပေ။

သို့သော် တန်အဖွဲ့အစည်းသည် ကွဲပြားသည်။ ၎င်းသည် ကြီးမားလွန်းပြီး ၎င်း၏ပိုင်ရှင်သည် အမှားအယွင်းတစ်စုံတစ်ရာ မပြုလုပ်မိစေရန် အလွန်သတိထားရမည်ဖြစ်၍ ၎င်းကို သူမတွေးမိလိုက်သည်နှင့် အတော်လေး စိတ်ဖိစီးနေရသည်။

ထန်ပင်းစန်သည် အခြားအဆောင်များနှင့် အဆောက်အအုံတစ်ခုတည်းတွင် မရှိသည့် VIP အဆောင်တစ်ခုတွင် နေခဲ့သည်။ ကုနင်းသည် VIP အတွင်းလူနာဌာန အဆောက်အအုံသို့ သွားခဲ့သော်လည်း သူမ အထဲကို အမြန်မဝင်ခဲ့ပေ။ ယင်းအစား ပဉ္စမထပ်တွင် အဆောင် ၅၀၅ ကိုကြည့်ရန်အတွက် သူမ၏ ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုလိုက်သည်။

ထန်ပင်းစန် ရှိနေသလားဆိုတာ သေချာအောင်ကြောင့် သူမကြည့်တာမဟုတ်ဘဲ အခြေအနေကိုကြိုတင်ပြင်ဆင်ထားဖို့ကြည့်ခြင်းဖြစ်သည်။

ထန်ပင်းစန်၏ အခန်းတွင် သူသည် လူနာကုတင်ပေါ်တွင် လဲလျောင်းနေပြီး၊ သူ၏အတွင်းရေးမှူးသည် လက်ပ်တော့တစ်လုံးနှင့် ဘေးတွင် ထိုင်နေ၏။ စီးပွားရေးအကြောင်းတွေပြော‌နေကြခြင်းဖြစ်သည်။ အလွန်နောက်ကျနေပြီဖြစ်သော်လည်း ထန်ပင်းစန်သည် သူ့အလုပ်နှင့်ပတ်သက်ပြီး အလုပ်များနေသေးသည်၊ ၎င်းသည် သူ၏အာဏာကို ထိန်းချုပ်လိုဆဲဖြစ်သောဆန္ဒကြီးမားမှုကို ပြသနေသည်။

ထန်အဖွဲ့အစည်းကို သူပိုင်ဆိုင်ပြီး အဆုံးအဖြတ်တွေအားလုံးကို ချမှတ်နိုင်တဲ့ အကြွင်းမဲ့အာဏာရှိခဲ့ပေမယ့် အခုအခြေအနေက မတူပါ။ သူနေမကောင်းဖြစ်‌နေ၍ အခု‌တော့သူ့အလုပ်‌တွေကို ကိုင်တွယ်ရခက်နေသည်။

အမှန်တော့ သူသည် သူ့အလုပ်ကို ယုံကြည်သောသူများထံ ထားခဲ့နိုင်သည်။ ထန်ပင်းစန်၏ယုံကြည်မှုကို ရရှိထားသူအချို့ရှိသော်လည်း သူသည် သူ၏အလုပ်ကို အခြားသူများထံ ပုံအပ်ရန်ဆန္ဒမရှိပေ။

လူများစွာသည် ထန်အဖွဲ့အစည်းတွင် မတူညီသောရည်ရွယ်ချက်များ ရှိကြသော်လည်း သူတို့အားလုံးသည် အကျိုးအမြတ်ရရှိရန် ၎င်းကို အားကိုးရသောကြောင့် ကုမ္ပဏီ၏အနာဂတ်သည် သူတို့၏ ပထမဦးစားပေးဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ထန်ပင်းစန် သည် ထိုအလုပ်ကို ကိုယ့်ဘာသာကိုယ် လုပ်ရန် တွန်းအားပေးနေဆဲဖြစ်သည်။

“ထန်အိုက်နင်း” က ထန်ပင်းစန် ကို တိုက်ခိုက်ရန် ရုတ်တရက် ပေါ်လာသည့်အချိန်တိုင်း ထန်ပင်းစန် ၏ဘေးတွင်ရှိ‌နေတတ်သည့် ကြေးစားအလုပ်သမားနှစ်ဦးက လူနာဆောင်အတွင်းရှိ ဧည့်ခန်းတွင် ရှိ‌နေသည်။

"ထန်အိုက်နင်း" သည် ရက်အတန်ကြာ ပျောက်ဆုံးနေခဲ့သော်လည်း ထန်ပင်းစန်သည် လုံးဝမအနားယူနိုင်ပေ။ "ထန်အိုက်နင်း" သည် သူ့ကို လျှို့ဝှက်စွာ ထောက်လှမ်းနေပေမည်။ သူတစ်ယောက်တည်းဖြစ်ပြီဆိုတာနဲ့ သူမ ပေါ်လာလိမ့်မည်။

သူ၏ အတွင်းရေးမှူးနှင့် လုံခြုံရေးအစောင့်များသည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် အိပ်ကြသော်လည်း ပုံမှန်အားဖြင့် သူ၏ အတွင်းရေးမှုးသာလျှင် ပုံမှန်အိပ်စက်နိုင်သည်။ လုံခြုံရေးအစောင့်များသည် မျက်လုံးမှိတ်ထားလိုက်သည်နှင့် "ထန်အိုက်နင်း" ရောက်လာမည်ကို စိုးရိမ်သောကြောင့် အိပ်မပျော်နိုင်ပေ။

အမှန်တော့ သူတို့သည် "ထန်အိုက်နင်း" နှင့် မတွေ့ကြုံမီက သူတို့၏ အရည်အချင်းကို သံသယမရှိခဲ့ကြပေ။ သူတို့ အိပ်ပျော်နေရင်တောင်မှ အသံနဲ့ လှုပ်ရှားမှုတိုင်းကို ခံစားနိုင်မယ်လို့ ယုံကြည်ကြသည်။ မည်သို့ပင်ဆိုစေကာမူ၊ သူတို့ဖြစ်ပျက်ခဲ့သည့်အရာများကြောင့် "ထန်အိုက်နင်း" သည် မည်သူမှမသိဘဲ ဝင်ရောက်နိုင်သည်ကို သိရှိပြီးနောက်တွင် သူတို့သည် စိတ်လျှော့ရဲနိုင်ခြင်းမရှိ‌တော့ပေ။

အိပ်ရေးဝဝ အိပ်ရမယ်ဆိုရင် တစ်ယောက်က နည်းနည်းအိပ်ပြီး နောက်တစ်ယောက်ကတော့ နိုးနေဖို့ လိုသည်။

တကယ်တော့ အထက်ဖော်ပြပါအားလုံးသည် ကုနင်း၏မျက်လုံးထဲတွင် ပြဿနာမဟုတ်ပါ။ ထန်ပင်းစန်၏အ‌ဆောင်ထဲတွင် အခြားလူများရှိနေသော်လည်း သူမကို မည်သူကမှတားဆီးနိုင်မည်မဟုတ်ပါ။

ကုနင်းက အကြည့်ကို လွှဲလိုက်ပြီး အပေါ်ထပ်သို့ တက်သွားသည်။

ဤ‌နေရာသည် VIP အတွင်းလူနာဌာနဖြစ်သည်၊ သို့သော် မည်သူဝင်ရောက်နိုင်သည်နှင့်ပတ်သက်၍ တင်းကျပ်သောစည်းမျဉ်းများမရှိပါ။ လူနာများ၏ အဆောင်နံပါတ်ကို ပြောပြရန်သာ တားမြစ်ထားသည်။ လူနာ၏ ဆွေမျိုးများ သို့မဟုတ် သူငယ်ချင်းများက သူ သို့မဟုတ် သူမထံ လာလည်ပါက ထိုသူသည် လူနာဆောင်၏ နံပါတ်ကို ပြောဆိုရသည်။

ထို့ကြောင့် လူနာဆောင်နံပါတ်ကို မသိသော ဧည့်သည်အများစုအတွက်တော့ စိတ်ညစ်ညူးစရာကောင်းလှသည်။

ရင်းနှီးကျွမ်း၀င်နေသော ဧည့်သည်များဖြစ်ရင်‌တောင် ဆေးရုံက တာဝန်ယူရန် ရွေးချယ်မှာဖြစ်ပြီး လျှို့ဝှက်ချက်အဖြစ်သိမ်းဆည်းထားမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကုနင်းဟာ ထန်ပင်းစန်ရဲ့ အဆောင်အပြင်ဘက်မှာ ဘာအခက်အခဲမှ မကြုံခဲ့ရ‌ပေ။ အရမ်းနောက်ကျနေပြီဖြစ်၍ လမ်းသွားလမ်းလာလည်း သိပ်မရှိတော့ပါ။

All Chapters