အခန်း (၁၇၄၇-၁၇၅၂)
Vol. 109 Ch. 1747-1752
အခန်း ၁၇၄၇ စိတ်ပျက်လက်ပျက်ဖြစ်သွားခြင်း
ထန်ပင်းစန်၏ အဆောင်ဘေးရှိ ညာဘက်ခြမ်းတွင် မည်သူမျှမရှိသောကြောင့် ကုနင်းသည် ၎င်းထဲသို့ဝင်သွားကာ ထန်ပင်းစန်၏ အဆောင်အတွင်းပိုင်းကိုမြင်နုိင်ရန် သူမ၏ ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုခဲ့သည်။
ထိုအချိန်တွင် သူ့အတွင်းရေးမှူးသည် ဆိုဖာပေါ်ရှိ ဖိုင်များကို ဆက်လက်ကိုင်တွယ်ရန် ထွက်သွားနေပြီဖြစ်သည်။ ဆေးရုံမှာ ဘယ်လိုမှ အိပ်ပျော်နိုင်မှာ မဟုတ်တာကြောင့် အလုပ်လုပ်ဖို့သာရွေးချယ်ခဲ့သည်။
ထန်ပင်းစန်သည် တစ်ညလုံး အလုပ်မလုပ်နိုင်သောကြောင့် အနားယူရန် မျက်လုံးမှိတ်ထားသော်လည်း အိပ်မပျော်ပေ။ စိုးရိမ်စိတ်တွေ ပြည့်နှက်နေတော့ အခု ကောင်းကောင်းအိပ်ဖို့ မဖြစ်နိုင်တော့ပါ။
သူ၏စိုးရိမ်မှုအားလုံးက "ထန်အိုက်နင်း" ကြောင့် ဖြစ်ပြီး သူမ ရုတ်တရက်ပေါ်ထွက်လာကာ သူ့ကိုသတ်ပစ်မည်ကို အမြဲကြောက်ရွံ့နေမိသည်။
အပြင်ဘက်တွင် ကြေးစားနှစ်ယောက်ရှိပြီး သူ့အခန်းထဲရှိ ပြတင်းပေါက်များအားလုံးကို ပိတ်ထားသော်လည်း "ထန်အိုက်နင်း" သည် မယုံနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။ စိတ်မပူပဲ မနေနိုင်တော့ပေ!
သူ အိပ်မပျော်နိုင်တဲ့အခါ အတော်လေး အဆင်မပြေပေမယ့် အိပ်ပျော်မှာကို ကြောက်တဲ့အတွက် အိပ်ဆေးသောက်ဖို့လည်း ငြင်းဆန်လေသည်။
ခဏတာ အေးအေးဆေးဆေး အနားယူဖို့ မျက်လုံးမှိတ်ထားရုံလောက်သာ သတ္တိရှိပြီး ပုံမှန်တော့ နေ့ခင်းဘက်မှာသာ အိပ်သည်။ နေ့ဘက်တွင် ဆေးရုံတွင် လူများစွာ သွားလာနေသောကြောင့် "ထန်အိုက်နင်း" ပေါ်လာမည် မဟုတ်ဟု သူထင်၍ ခဏတာ စိတ်အေးလက်အေး အိပ်ပျော်သွားနိုင်သည်။
ကုနင်းသည် နောက်အဆောင်မှ ထန်ပင်းစန်၏ အဆောင်ထဲသို့ ကြည့်လိုက်သောအခါတွင် ကြေးစားအလုပ်သမားနှစ်ဦးနှင့် သူ၏အတွင်းရေးမှူးသည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်နေသည်ကို သူမတွေ့လိုက်ရသည်။
ကုနင်းက သူတို့ကို ဖယ်ရှားပြီး ထန်ပင်းစန်ကို တိုက်ခိုက်လိုပါက သူမသည် သူတို့ကို မှော်စွမ်းအားဖြင့်သာ အေးခဲအောင်လုပ်နိုင်သည်။
အကယ်၍ သူမသည် သူတို့ကို တိုက်ရိုက်ဝင်တိုက်ခိုက်ပါက ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်နိုင်ပြီး သူမ၏ ပန်းတိုင်ကို အရောက်လှမ်းနိုင်မည် မဟုတ်ပေ။
မူးဝေစေသော မီးခိုးတွေကို သူမ,မရရှိနိုင်တော့ပေ။ အဲ့တာတွေသာ သူမမှာရှိလျှင် သူမ၏ မှော်အစွမ်းကို ဖြုန်းတီးနေစရာ မလိုလောက်ပေ။ တကယ်တော့ အရွယ်ရောက်ပြီးသားသူ သုံးဦးကို အေးခဲစေဖို့အတွက် မှော်စွမ်းအားများစွာ ကုန်ကျပြီး သူမရဲ့ ခွန်အားကို ထိခိုက်စနေိုင်သည်။
မည်သို့ပင်ဖြစ်စေ သူမသည် ၎င်းတို့ကို ဖယ်ရှားမှရမည်ဖြစ်သောကြောင့် သူမအတွက် ပေးဆပ်ရပါမည်။ အနာခံမှ အသာစံရပေမည်။
ထို့နောက်တွင် အလယ်တွင် နံရံထားကာ ကုနင်းသည် ဧည့်ခန်းရှိ လူသုံးယောက်ကို စိုက်ကြည့်ပြီးနောက် သူမ၏ အေးခဲစေသော မှော်စွမ်းအားကို လွှတ်ပေးလိုက်သည်။
သူတို့သုံးယောက်ဟာ အေးခဲတဲ့ မှော်စွမ်းအားတွေရဲ့ တိုက်ခိုက်ခြင်းကို ခံရတယ်လို့ ခံစားမိတဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်တွေ တောင့်တင်းလာခဲ့သည်။ အအေးဓာတ်က ခန္ဓာကိုယ်အနှံ့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး အရိုးများပင် အေးခဲသွားသည်။ မြန်ဆန်လွန်းပြီး သူတို့ ဘာဖြစ်ပျက်ခဲ့တာလဲဆိုတာကိုတောင် မသိလိုက်ကြပေ။
“ထူးဆန်းတယ်။ နွေရာသီကြီးကို ငါဘာလို့ ရုတ်တရက် အရမ်းအေးနေရတာလဲ” အတွင်းရေးမှူးက အံ့သြစွာမေးသည်။ သူက သာမာန်လူဖြစ်တဲ့အတွက် မှော်အစွမ်းက သူ့ကို မြန်မြန်ထိခိုက်စေသည်။
“မသိဘူးလေ” ကြေးစားသမားနှစ်ယောက် ရှုပ်ထွေးနေသော အကြည့်များဖြင့် အကြည့်ချင်းဖလှယ်နေကြသည်။ သူတို့နှစ်ယောက်က ဘာတွေဖြစ်နေပြီလဲဆိုတာ မသိနိုင်ကြပေ။ သို့သော် သူတို့ နောက်ကျောမှ အန္တရာယ်ကို ခံစားခဲ့ရသော်လည်း လှည့်ကြည့်သောအခါတွင် နံရံတစ်ခုကိုသာ မြင်နိုင်ခဲ့သည်။
သူတို့အသိဉာဏ်အရ အလယ်မှာ နံရံရှိပြီး နံရံနောက်ကနေ သူတို့ကို ခြိမ်းခြောက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တာကြောင့် အနောက်ခန်းမှာ အန္တရာယ်ရှိတာရှိတယ်ဆိုတာ သူတို့ မယုံပေ။
အဲဒီလိုဆိုရင် သူတို့ဘာကြောင့် အန္တရာယ်အငွေ့အသက်ကို ခံစားနေရတာလဲ။
သိပ်မကြာခင်မှာပဲ အတွင်းရေးမှုးဟာ လုံးဝကို အေးခဲသွားပြီး လုံးဝမလှုပ်ရှားနိုင်တော့ပေ။ တခဏချင်း ကြောက်လန့်သွားပြီး လုပ်ဖော်ကိုင်ဖက်တွေကို ပြောဖို့ ကြိုးစားသော်လည်း အချည်းနှီးပင်။
တစ်ချိန်တည်းမှာပင် အလုပ်သမားနှစ်ဦးလုံး၏ ခြေလက်များမှာလည်း တောင့်တင်းလာသည်။ အခြေအနေကို စစ်ဆေးရန် သူတို့ ထွက်သွားချင်သော်လည်း ကံမကောင်းစွာဖြင့် သူတို့ မလှုပ်ရှားနိုင်ကြပေ။ သူတို့သည် ပါးစပ်ကိုဖွင့်ကာ တစ်ခုခုပြောရန်ကြိုးစားသော်လည်း မအောင်မြင်သဖြင့် ကြောက်လန့်သွားပြန်သည်။ သူတို့ ဘာဖြစ်သွားလဲဆိုတာ မသိသလို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ မသိကြပေ။ ဒီလို ထူးဆန်းတာမျိုး သူတို့ တစ်ခါမှ မဖြစ်ဖူးေပ။
ကုနင်းက သူတို့ သုံးယောက်ကို အစအဆုံး အေးခဲဖို့ တစ်မိနစ်ပဲ အချိန်ယူခဲ့ရပေမယ့် မှော်စွမ်းအားတွေ အများကြီးကုန်သွားပြီး သူမဟာ အနည်းငယ် အားနည်းသွားခဲ့သည်။ သူမ၏မျက်နှာသည်လည်း ဖြူဖျော့သွားသောကြောင့် ခေတ္တအနားယူရန် လိုအပ်သည်။
တစ်မိနစ်အကြာတွင် ကုနင်းသည် ပြန်လည်ကောင်းမွန်လာပြီး ထန်ပင်းစန်၏ အဆောင်ထဲသို့ လျှောက်သွားခဲ့သည်။ အေးခဲမိသွားသည်နှင့် ချက်ချင်း ပြန်ကောင်းလာရန် မဖြစ်နိုင်သောကြောင့် သူမသည် သူတို့ ပြန်လည်ကောင်းမွန်လာမည်ကို မကြောက်ခဲ့ပေ။ ၎င်းတို့သည် အနည်းဆုံး တစ်နှစ်ခွဲခန့် ကုသမှုခံယူရန် လိုအပ်သည် သို့မဟုတ်ပါက သူတို့အား ပြန်လည်ကောင်းမွန်လာစေရန် အစွမ်းထက်သလင်းေကျာက်များ လိုအပ်သည်။
သလင်းကျောက်တစ်ခုတည်းက သူတို့ကို ပိုကောင်းအောင် ကူညီပေးနိုင်ပေမယ့် သူတို့ရဲ့ပြင်းထန်တဲ့ အေးခဲကိုက်ခဲမှုကြောင့် အပြည့်အဝ ပြန်လည်ကောင်းမွန်လာဖို့အတွက် ပုံဆောင်ခဲသုံးလုံး လိုအပ်ပါသည်။
၁၀ မိနစ်အတွင်း မကုသပါက သွေးကြောများပေါက်ကာ သေဆုံးမည်ဖြစ်သည်။ ခြေလက်တွေ အေးခဲပြီးရင် သွေးကြောတွေ အေးခဲသွားပြီး သွေးတွေ စီးနိုင်တော့မည် မဟုတ်ပါ။
ကုနင်းက သူတို့ကို သတ်ဖို့ ရည်ရွယ်ချက် မရှိပါ၊ ဒါကြောင့် သွေးကြောတွေ ပေါက်ပြီး မသေစေရပေ။ သူမသည် ၎င်းတို့ကို ချည်နှောင်ပြီးနောက် ဝေဒနာများကို သက်သာစေရန် သလင်းကျောက်ခဲများကို ယူဆောင်သွားပေးမည်ဖြစ်သည်။
သူတို့သည် မသေစော်လည်း ၎င်းသည် သူတို့၏ ခန္ဓာကိုယ်အပေါ် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ ကျန်ရစ်ပြီး သူတို့၏ လှုပ်ရှားမှုများကို ကန့်သတ်သွားမည်ဖြစ်သည်။
ကုနင်းသည် အချင်းချင်း ရန်ငြိုးထားခြင်းမရှိသော်လည်း သူတို့သည် အပြစ်ကင်းသည်ဟု မထင်ပေ။ သူတို့ဟာ လူကောင်းတွေမဟုတ်တဲ့အတွက် ပြစ်ဒဏ်နဲ့ထိုက်တန်ပါသည်။
ကုနင်းသည် တံခါးအပြင်ဘက်တွင် အခြားလူများ ရှိမရှိကြည့်ရန် သူမ၏ ကျောက်စိမ်းမျက်ဝန်း ကို အသုံးပြုခဲ့သည်။ အခြားသူမရှိဟု သေချာသောအခါမှ အပြင်သို့ထွက်ခဲ့သည်။
သူမ အပြင်မထွက်ခင်မှာ ကြိုးနှင့် တိပ်များကဲ့သို့လိုအပ်တာမှန်သမျှကို လက်ထဲမှာ ကိုင်ဆောင်လာသည်။
ထန်ပင်းစန်၏အဆောင်ကို သော့မခတ်ထားသောကြောင့် ကုနင်းသည် အလွယ်တကူဝင်သွားခဲ့သည်။
မလှုပ်ရှားနိုင်၊ စကားမပြောနိုင်သော်လည်း တံခါးကို တွန်းဖွင့်လိုက်သောအခါတွင် ကြောက်လန့်သွားကြသည်။ သူတို့စိတ်ထဲမှာ ပထမဆုံးပေါ်လာတဲ့ အတွေးက "ထန်အိုက်နင်း" ရောက်လာပြီဆိုတာကိုပါပဲ။
အကယ်၍ ထိုလူသည် အမှန်တကယ် "ထန်အိုက်နင်း" ဖြစ်ပါက ကြောက်စရာကောင်းပေလိမ့်မည်။
ထိုအခြေအနေမျိုးတွင် ထိုလူသည် သူနာပြု သို့မဟုတ် ဆရာဝန်ဖြစ်မှသာ သူတို့ကယ်တင်ခံရမည်ဟု မျှော်လင့်ခဲ့ကြသည်။ ကံမကောင်းစွာပဲ၊ သူတို့ စိတ်ပျက်သွားရသည်။ တစ်စုံတစ်ယောက်က တံခါးကို သော့ခတ်လိုက်တဲ့ အသံကို ကြားလိုက်ရတဲ့အတွက် မလိုလားအပ်တဲ့ ဧည့်သည်တစ်ယောက်ရောက်လာတာလို့ အဓိပ္ပါယ်ရပေသည်။
နောက်တစက္ကန့်မှာတော့ ထိုသူက သူတို့ရှေ့ကို ရောက်လာတယ်။ ထိုသူမှာ သူနာပြု သို့မဟုတ် ဆရာဝန်မဟုတ်ပဲ “ထန်အိုက်နင်း” ဖြစ်ေပသည်။
"ထန်အိုက်နင်း" ပေါ်လာတဲ့အချိန်မှာပဲ ၎င်းတို့အေးခဲသွားသောကြောင့် သူတို့ကို အေးခဲစေခဲ့တဲ့သူက သူမဖြစ်မည်ဟု ထင်ခဲ့ကြသည်။
လက်ခံရန်မှာ ထူးဆန်းလွန်းပြီး သူမ မည်သို့လုပ်ဆောင်လိုက်သည်ကို မသိနိုင်ပေ။
ဘယ်လိုပဲ နားလည်ဖို့ ကြိုးစားခဲ့ပေမဲ့ အဖြေမရခဲ့ပါ။
ကုနင်းက သူတို့အတွက် အချိန်ပိုဖြုန်းဖို့ စိတ်မ၀င်စားပေ။ သူမသည် သူတို့ကို ချည်လိုက်ပြီး သူတို့၏ပါးစပ်ကို တိပ်ဖြင့်မပိတ်မီ သလင်းကျောက်တစ်လုံးစီကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ကုနင်းက ပါးစပ်ထဲကို သလင်းကျောက်အား အတင်းထည့်တဲ့အခါ အားလုံးက အဆိပ်လို့ ထင်ကြပြီး စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည်။ သို့သော်လည်း မကြာမီတွင်၊ သူတို့ခန္ဓာကိုယ်ထဲတွင် အေးမြမှုတစ်ခု စီးဆင်းသွားသည်ကို ခံစားခဲ့ရပြီး ၎င်းတို့၏ အေးခဲနေသော ခြေလက်များ ပိုမိုကောင်းမွန်လာသောကြောင့် သူတို့ကို ထပ်မံရှုပ်ထွေးသွားစေခဲ့သည်။ “ထန်အိုက်နင်း” လုပ်နေတာတွေကို သူတို့ နားမလည်နိုင်တော့ပေ။
ထန်ပင်းစန်သည် "ထန်အိုက်နင်း" ၏ တစ်ခုတည်းသော ပစ်မှတ်ဖြစ်သည်ကို သူတို့ သိထားသော်လည်း သူမက သူတို့ကို အဘယ်ကြောင့် အေးခဲသွားစေခဲ့တာလဲ သူတို့ကို စကားမပြောနိုင်အောင်လုပ်ပြီးမှ ဘာလို့ အခြေအနေပြန်သက်သာအောင် လုပ်ပေးတာလဲဆိုတာကို နားမလည်နိုင်ဖြစ်နေသည်။
ထူးဆန်းလွန်းသောကြောင့် သူတို့အတွက် ယုံရခက်သော်လည်း ဤနေရာတွင် အခြားမည်သူမျှမရှိသည့်အပြင် သူမသည်သာ တစ်ဦးတည်းသော ကျူးကျော်သူဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် ယခုအချိန်တွင် ပိုနေလို့ကောင်းလာသော်လည်း ချည်နှောင်ခြင်းခံထားရသောကြောင့်သာမက ယခင်ကထက် အနည်းငယ်သာ ပိုသက်တောင့်သက်သာရှိသောကြောင့် မလှုပ်ရှားနိုင်ပေ။ အခုချိန်မှာ သူတို့အတွက် လှုပ်ရှားဖို့ဆိုတာမလွယ်ကူသေးပါ။
***
အခန်း ၁၇၄၈ ထန်ပင်းစန်ကိုရာထူးမှဆင်းရန် ဖိအားပေးခြင်း
ကုနင်းသည် သူတို့ကို ဖြေရှင်းပြီးနောက် ထန်ပင်းစန်၏အခန်းထဲသို့ လျှောက်သွားသည်။ သူ့အသံတစ်ခုခုထွက်လာခဲ့သည်ရှိသော် သူမဟာ သူမရဲ့ မှော်အစွမ်းနဲ့ တံခါးကိုဖြတ်ပြီး သူ့ခြေထောက်တွေကို အနည်းငယ်အေးခဲလိုက်သည်။
ထန်ပင်းစန်သည် အအေးဓာတ်၏ ရုတ်တရက်လာတိုးခြင်းကို ခံစားလိုက်ရသည်။ သူ အံ့ဩသွားသော်လည်း အလေးအနက်မထား။ ညကပိုမှောင်လာသည်နှင့်အမျှ အပူချိန်ကျလာသည်ဟုသာ သူထင်သောကြောင့် စောင်ကို သူ့ခန္ဓာကိုယ်အနှံ့ တင်းတင်းကျပ်ကျပ်ဆွဲခြုံလိုက်သည်။ သို့သော် သူ့လက်များ တောင့်တင်းလာပြီး အားနည်းလာသည်ဟု ခံစားလိုက်ရသဖြင့် သူ့အခြေအနေကို သတိထားမိလာတော့သည်။
ထန်ပင်းစန်သည် လူနာတစ်ဦးဖြစ်ပြီး ယခု ကျန်းမာရေးမကောင်းသောကြောင့်၊ သူ့ခန္ဓာကိုယ်သည် ပိုဆိုးလာမည်ကို အထူးစိုးရိမ်နေသည်။ အပြင်မှာရှိနေသည့် သူ့အတွင်းရေးမှူးကို ခေါ်ချင်သော်လည်း ပါးစပ်ဖွင့်ရန်၊ အသံထွက်ရန်အတွက် အလွန်ခက်ခဲနေသည်။ သူ့အသံက တိုးနေတော့ မကြားနိုင်လောက်အောင်ပါပဲ။
ထို့နောက် ထန်ပင်းစန်သည် ခေါင်းလောင်းကို တီးခတ်ချင်သော်လည်း လက်ကို မမြှောက်နိုင်သဖြင့် ကြောက်လန့်သွားခဲ့သည်။ ဒီလို တိုးတိုးတိတ်တိတ် သေသွားရမှာကို သူကြောက်လာသည်။
ထို့နောက်တွင် ထန်ပင်းစန်သည် တံခါးဖွင့်သံကို ကြားလိုက်ရသည်။ သူ့အတွင်းရေးမှုး ဝင်လာသည်ဟုထင်ကာ စိတ်သက်သာရာရသွားတော့သည်။ သို့သော် ကုနင်းထံ သူ့အကြည့်က ရောက်သွားလေသည်။ သူ ထိတ်လန့်တုန်လှုပ်သွားမိသည်။
"ထန်အိုက်နင်း" သူမ ဒီကို ဘယ်လိုရောက်လာတာလဲ။ တခြားလူတွေ ဘယ်မှာလဲ။ သူဘာ့ကြောင့် ဘာမှ မကြားရတာလဲ။
"ထန်အိုက်နင်း" မှာ မယုံနိုင်စရာကောင်းတဲ့ အရည်အချင်းတွေရှိတယ်ဆိုတာ သူသိပေမယ့် ဒီတစ်ကြိမ်မှာတော့ သူမနဲ့ပတ်သက်တဲ့ သူ့ရဲ့အတွေးတွေကို ပိုခိုင်မာသွားစေသည်။
ထန်ပင်းစန်ရဲ့ အလွန်ထိတ်လန့်သွားတာကိုမြင်တော့ ကုနင်းက ကျေနပ်အားရစွာနဲ့ မကောင်းဆိုးဝါး အပြုံးပြုံးပြီး အရွှန်းဖောက်လိုက်သည်။ “နေပါဦး! ရှင် ကျွန်မကို မေ့သွားပြီလို့ ထင်နေတာ ဒါပေမယ့် ရှင့်ရဲ့တုံ့ပြန်မှုကိုကြည့်ရသလောက် ရှင်မမေ့သေးဘူးထင်ပါရဲ့"
ထန်ပင်းစန်သည် သူမအား မေ့ပစ်ရန် မဖြစ်နိုင်ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် သူမကြောင့် နေ့ရောညပါ သတိနဲ့နေရသည်။ သူမလိုချင်တာက သူမရုတ်တရက်ပေါ်လာပြီး သူ့ကိုနာကျင်စေခြင်းကိုပင်။ ကံမကောင်းစွာပဲ၊ သူမည်မျှပင် သူမကို တားဆီးရန်ကြိုးစားပါစေ မအောင်မြင်ခဲ့ပေ။
"မင်းဘာလိုချင်တာလဲ?" ထန်ပင်းစန်က အံကြိတ်ထားသည်။ အပြင်းအထန် အေးခဲခြင်းမရှိသောကြောင့် စကားပြောနိုင်သော်လည်း ခက်ခက်ခဲခဲပြောရတဲ့အတွက် အသံက အလွန်တိုးနေသည်။
ကုနင်းက ပြုံးပြီး “ရှင် ထန်အဖွဲ့အစည်းကို ကောင်းကောင်း စီမံခန့်ခွဲနိုင်တော့မယ် မထင်ဘူး။ ရှင့်အတွက် တခြားလူကို ဘာလို့ လုပ်ခွင့်မပေးရတာလဲ"
“မင်း…” ထန်ပင်းစန်သည် ထိုစကားကိုကြားလိုက်သည်နှင့် စိတ်လှုပ်ရှားလာသည်။ "မဖြစ်နိုင်ဘူး!"
ထန်ပင်းစန်က "ထန်အိုက်နင်း"သည် သူ့နေရာကို သူမအစားထိုးလိုသည်ဟု ထင်ခဲ့သည်။
"မဖြစ်နိုင်ဘူး ဟုတ်လား? ရှင်နဲ့မဆိုင်ဘူး ထင်တယ်” ဟု ကုနင်းက သရော်လှောင်ပြောင်ပြောဆိုလိုက်သည်။ “ရှင် နာခံသဘောတူပြီး စာချုပ်ကို လက်မှတ်ထိုးမယ်ဆိုရင် အသက်ကြီးတဲ့အထိ ရှင့်ကို အသက်ရှင်ခွင့်ပေးပြီး ကောင်းမွန်တဲ့ဘဝကို ဖြတ်သန်းခွင့်ပေးမှာပါ။ မဟုတ်ရင်တော့ ကျွန်မရှင့်ကို သတ်ပစ်ရုံပဲရှိတော့တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မ အရင်က လူတွေကို မရေမတွက်နိုင်အောင် သတ်ဖူးပြီးသားလေ။ နောက်တစ်ယောက်ကို သတ်ဖို့ဆိုတာ လွယ်လွယ်လေးပါ။ ရှင်သေရင် ရှင် ထန်အဖွဲ့အစည်းကို ဆုံးရှုံးရလိမ့်မယ် အဲ့ကျရင် ကျွန်မရနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိလာမှာပါ"
“မင်း…” ထန်ပင်းစန်က ကြောက်စိတ်ဖြင့် သူ့အမူအရာကို ပြောင်းလဲလိုက်သည်။ "ထန်အိုက်နင်း"ရဲ့ ယခင်ကအလုပ်နှင့် ပတ်သက်၍ သူသိတာကြောင့် သူမဟာ သူမပြောသလို လုပ်နိုင်တယ်ဆိုတာ ယုံကြည်ခဲ့သည်။
သူ မသေချင်ပေမယ့် သူမအား ကုမ္ပဏီပေးဖို့ ဝန်လေးနေသည်။ သို့သော် သူသည် ယခုအချိန်တွင် ရွေးချယ်မှုတစ်ခုပြုလုပ်ရမည်ဖြစ်ပြီး အသက်ရှင်ရန်ရွေးချယ်လိုက်မည်။ သူ အသက်ရှင်နေသရွေ့ ထန်အဖွဲ့အစည်းကို ပြန်ရနိုင်တဲ့ အခွင့်အရေး ရှိပါသေးသည်။ သို့သော် သူသေလျှင်တော့ မဖြစ်နိုင်တော့ပေ။
မည်သို့ပင်ဆိုစေကာမူ ၎င်းသည် လွယ်ကူသောဆုံးဖြတ်ချက်မဟုတ်တဲ့အတွက် ထန်ပင်းစန်သည် လက်ခံရန် တုံ့ဆိုင်းနေသည်။ ထန်အဖွဲ့အစည်းသည် သူ့ဘ၀၏တစ်ဝက်လောက် အရေးကြီးသည်။
"ဘာလဲ? ကျွန်မအရည်အချင်းကို ရှင်သံသယရှိနေတာလား။ ရှင်ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေရဲ့ အထောက်အထားတွေ ကျွန်မမှာ အများကြီးရှိတယ်။ အစိုးရက သက်ဆိုင်ရာဌာနတွေကို ပို့လိုက်ရင် ထန်အဖွဲ့အစည်းကြီး တည်ရှိနိုင်မှာ မဟုတ်တော့ဘူး။ ထန်မိသားစုက မြို့တော်မှာ သြဇာကြီးမားပေမယ့်လည်း ပိုအားကောင်းတဲ့ မိသားစုတွေရှိသေးတာပဲ။ ကောင်းကောင်း မပြင်ဆင်ထားဘဲ ကျွန်မလုပ်တာ မဟုတ်ဘူးနော်။ ဒါကြောင့် ရှင့်ကို အမှန်အတိုင်း ပြောပြမယ်။ ကျွန်မနောက်မှာ ထန်မိသားစုထက် ပိုအားကောင်းတဲ့ မိသားစုရဲ့ ပံ့ပိုးကူညီမှုတွေ အများကြီးရှိသေးတယ်” ဟု ကုနင်းကဆိုသည်။
ထန်ပင်းစန်က ဒါကို သံသယမရှိခဲ့ပေ။ "ထန်အိုက်နင်း" သည် သာမန်လူမဟုတ်သောကြောင့် သူမတွင် အားကောင်းသော ပံ့ပိုးကူညီမှုများနှင့် အဆက်အသွယ်မှုများရှိနေသည်မှာ သာမာန်ဖြစ်သည်။
"အိုး တစ်ခုပြောပြရမယ်ဆိုရင်၊ ထျန်းယင်ဂိုဏ်း က ဘာကြောင့် ပြဿနာတစ်ခုပြီးတစ်ခု ကြုံပြီးမှ မကြာခင်လေးကတင် ပုံမှန်ပြန်ဖြစ်သွားတာ ရှင်သိလား။ ဟွမ်းဟိုင်ဟောက်ကို ကျွန်မ ဖမ်းခေါ်သွားပြီးမှ ဘာကြောင့် သူဘေးကင်းပြီး ပြန်လာခဲ့တာလဲဆိုတာရော သိလား။ သူ့ကိုယ်သူ လွတ်အောင်ထွက်ပြေးလာနိုင်ခဲ့တာမဟုတ်ဘူး။ ကျွန်မ သူ့ကိုလွှတ်လိုက်တာ။ ယွမ်ငါးဘီလီယံနဲ့ သူ့ကိုပြန်ရွေးဖို့ ရှင်ငြင်းလိုက်တော့ သူရဲ့ ရှင့်အပေါ်သစ္စာစောင့်သိမှု ဆုံးရှုံးသွားပြီလေ။ သူက ရှင့်အတွက် ယွမ်ငါးဘီလီယံကျော်လောက် ရှာထားပေးပေမယ့် ရှင်က သူ့ရဲ့အရေးကြီးတဲ့အခိုက်အတန့်မှာ သူ့ကို စွန့်လွှတ်လိုက်တယ်။ အဲ့တော့ သူက ကျွန်မအတွက် အလုပ်လုပ်ပေးဖို့ သဘောတူလိုက်လို့ အခု ထျန်းယင်ဂိုဏ်းက ကျွန်မစကားကိုပဲ နားထောင်တော့တယ်လေ”
ကုနင်းသည် ထိုအကြောင်းကို ပြောသောအခါတွင် သူမ၏ စိတ်စွမ်းအင်အာကာပြင်တွင် လင်ရှောင်းထင်အား မပေးရသေးသော အရာတစ်ခု ရှိနေသည်ကို သူမ သတိရသွားမိသည်။ နောက်မှ တောင်မြစ်ကမ်းပါးဥယျာဉ်ကို ပြန်သွားတဲ့အခါ သူနဲ့ စကားပြောသင့်သည်။
"ဘာ?" ထန်ပင်းစန်က ထိတ်လန့်တကြားဖြင့် မျက်လုံးများ ဝိုင်းစက်သွားသည်။ ဟွမ်းဟိုင်ဟောက်က သူ့ကို သစ္စာဖောက်တယ်ဆိုတာကို သူ မယုံနိုင်ပေ။
ထန်ပင်းစန် သည် ဟွမ်းဟိုင်ဟောက်ကို ယွမ်ငါးဘီလီယံဖြင့် ကယ်တင်ရန် ငြင်းဆိုခဲ့သည်မှာ လက်ခံနိုင်စရာမရှိကြောင်းကိုလည်း သိခဲ့သည်။ "ထန်အိုက်နင်း" ပြောသည့်အတိုင်း ဟွမ်းဟိုင်ဟောက်သည် သူ့အတွက် ယွမ်ငါးဘီလီယံကျော် ရှာဖွေပေးထားသော်လည်း ဟွမ်းဟိုင်ဟောက်အတွက် ထိုငွေပမာဏကို ပေးဆောင်ရန် ဆန္ဒမရှိပေ။ သို့သော်လည်း ဟွမ်းဟိုင်ဟောက်ကို ဂရုမစိုက်ကြောင်း "ထန်အိုက်နင်း" သိစေရန်အတွက် ၎င်းကို ပြုလုပ်ရန် (ဟွမ်းဟိုင်ဟောက်ကို မကယ်တင်ရန်) ရွေးချယ်ခဲ့သည်။ ထိုအခြေအနေမျိုးတွင် ဟွမ်းဟိုင်ဟောက်သည် "ထန်အိုက်နင်း"၏လက်ထဲတွင် အသုံးမဝင်တော့တဲ့အတွက် သူ့ကိုလွှတ်လိုက်နိုင်သည်။ မမျှော်လင့်ဘဲ ဟွမ်းဟိုင်ဟောက်က သူ့ကို သစ္စာဖောက်ခဲ့သည်။
ဒါဟာ သူ့အမှားဖြစ်ပေမဲ့ ဟွမ်းဟိုင်ဟောက်ရဲ့ သစ္စာဖောက်မှုကို သူ ဒေါသထွက်နေဆဲပါ။ သူ့မျက်လုံးထဲမှာတော့ ဟွမ်းဟိုင်ဟောက်က သူ့လက်အောက်ခံဖြစ်ပြီး ဘာပဲဖြစ်ဖြစ် သစ္စာမဖောက်သင့်ပေ။ သူ တကယ်တော့ ကယ်တင်ဖို့ ကြံရွယ်ထားခဲ့တာပင်။
"ရှင်စိတ်ဆိုးလို့ပြီးပြီလား? ကျွန်မမှာ ရှင့်အတွက် ဖြုန်းဖို့အချိန်မရှိဘူး။ ရှင့်ဆုံးဖြတ်ချက်ကို ပြောပြဖို့ တစ်မိနစ်ပဲ အချိန်ရမယ် မဟုတ်ရင်တော့ ရက်စက်ရတဲ့အတွက် ကျွန်မကို အပြစ်မတင်ပါနဲ့" ဟု ကုနင်းကဆိုသည်။ ထို့နောက် ဖုန်းကိုထုတ်ကာ timer ကို တစ်မိနစ်ခန့် သတ်မှတ်လိုက်သည်။
ထန်ပင်းစန်သည် ဒေါသအပြည့်ဖြင့်ဖြစ်နေကာ အလျှော့ပေးလိုစိတ်မရှိသော်လည်း ယခုအချိန်တွင် သူသည် ကန့်သတ်ခံလိုက်ရသည်။ တကယ်တော့ သူ့စိတ်ထဲမှာ အဖြေရှိပြီးသားဖြစ်ပေမယ့် အခုချိန်မှာတော့ စကားတစ်ခွန်းပြောဖို့ပင် ခက်ခဲနေတော့သည်။
၁၀ စက္ကန့်သာကျန်တော့သောအခါ ကုနင်းသည် အချိန်ကို နောက်ပြန်ရေတွက်လိုက်သည်။ “ဆယ်၊ ကိုး၊ ရှစ်၊ ခုနစ်၊ ခြောက်၊ ငါး၊ လေး၊ သုံး…”
ကုနင်းက သူ့ကို သေအောင်ခေါ်နေသလို ခံစားရသည်။ သူမသုံးကို ပြောပြီးနောက် ထန်ပင်းစန်က သူ့စိတ်ထဲက ဆုံးဖြတ်လိုက်ပြီး "ကောင်းပြီ၊ ငါသဘောတူတယ်" ဟုပြောလိုက်သည်။
သူ့အသက်ကို မစွန့်စားရဲပေ။ နံပါတ်စဉ်(countdown) ကုန်ဆုံးသွားသည်နှင့် သူ့ဘဝအဆုံးသတ်သွားနိုင်မည်ကို ကြောက်သည်။
"အရမ်းကောင်းတယ်" ကုနင်းက ကျေနပ်စွာ ပြုံးလိုက်ပြီး သလင်းကျောက်တုံးကိုထုတ်ကာ ထန်ပင်းစန်ကို မျိုချနိုင်အောင် လုပ်လိုက်သည်။
ထန်ပင်းစန်သည် အစပိုင်းတွင် အပြင်ဘက်ရှိလူသုံးယောက်ကဲ့သို့ အဆိပ်ဖြစ်မည်ဟု ထင်သောကြောင့် ရုန်းကန်ခဲ့သော်လည်း မအောင်မြင်ပေ။ ဆေးလုံးသည် ပါးစပ်ထဲသို့ထည့်လိုက်သည်နှင့် တခဏအတွင်း အရည်ပျော်သွားသည်ကို သူ သိလိုက်ရသည်။
"အဲဒါဘာလဲ?" ထန်ပင်းစန်က ဒေါသတကြီး မေးသည်။
***
အခန်း ၁၇၄၉ အချိန်အကြာကြီး အသက်မရှင်နိုင်တော့ဘူး
“ရှင့်ခြေလက်တွေ ပြန်ကောင်းအောင် ကူညီပေးနိုင်တဲ့ ဆေး။ ရှင်လက်မှတ်ထိုးရအုံးမယ်လေ!" ကုနင်းက ပြောသည်။
အဲဒါကိုကြားတော့ ထန်ပင်းစန်က စိတ်သက်သာရာ ရသွားသည်။ သူ့လက်မှတ်ရေးထိုးဖို့ တကယ်လိုအပ်လို့ သူမစကားတွေကို သူယုံသညိ။
မိနစ်ဝက်အတွင်းမှာပဲ သူ့ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုကို ခံစားလိုက်ရသည်။ သူ့ခြေလက်တွေ အရမ်းမတောင့်တင်းတော့ဘဲ သူ့လက်တွေကလှုပ်ရှားသွားနိုင်ပေမယ့် သူ့အရင်က အခြေအနနေဲ့ ကွာခြားချက်ကြီးကြီးမားမားရှိနေတုန်းပါပဲ။ မည်သို့ပင်ဆိုစေကာမူ စာရေးရာတွင် ပြဿနာမရှိပါ။
"စာချုပ်မှာ လက်မှတ်ထိုးပြီးတာနဲ့ ငါ့ကို လွှတ်ပေးမယ်လို့ ကတိပေးတယ်မဟုတ်လား" ထန်ပင်းစန်က မေးသည်။ "ထန်အိုက်နင်း" က နောင်တမရနိုင်ဘူးဆိုတာ သူသိပေမယ့် သူ မနာကျင်ရဘူးဆိုတာ သေချာစေချင်သည်။ သူ့ကံကို သူတွန်းအားပေးနေမိသည်။
"ဟုတ်တယ် ကျွန်မကတိတည်မှာပါ" ဟု ကုနင်းက အသေအချာပြောခဲ့သည်။ တကယ်တော့ သူမသည် ထန်ပင်းစန်ကိုသတ်ရန် ရည်ရွယ်ချက်မရှိပါ၊ သူမ သူ့ကို ညှဉ်းပန်းနှိပ်စက်ချင်ရုံသာဖြစ်သည်။
အဲဒီနောက် ကုနင်းက စာချုပ်ကို ထုတ်ပြီး ထန်ပင်းစန်ရဲ့နာမည်ကို လက်မှတ် ထိုးခိုင်းလိုက်သည်။
ထန်ပင်းစန်သည် စာချုပ်ကိုဖတ်ရန် စိတ်မ၀င်စားဘဲ မဆိုင်းမတွပင် သူ့အမည်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဘာပဲဖြစ်ဖြစ် ကုမ္ပဏီကို ဆုံးရှုံးလိုက်ရပြီးမို့ စာချုပ်ကို ဖတ်ရတာ အဓိပ္ပါယ်မရှိတော့ပေ။
ထန်ပင်းစန်က သူ့နာမည်ကို လက်မှတ်ထိုးနေတဲ့အခါ အနာဂတ်မှာ သူနောင်တရခဲ့သည်ရှိသော် ကုနင်းက သူမသိအောင် ဗီဒီယိုရိုက်ထားလိုက်သည်။ ဗီဒီယိုကို သက်သေအဖြစ် သိမ်းဆည်းထားရန် လိုအပ်သည်။
အမှန်တော့ စာချုပ်ကို သူကိုယ်တိုင် လက်မှတ် ရေးထိုးထားသရွေ့ သူနောင်တရလည်း အသုံးမ၀င်ပါ။ ကုနင်းသည် မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားရန် အထောက်အထားများကို သိမ်းဆည်းထားချင်ရုံပင်။
စာချုပ်ကို ထပ်တူထပ်မျှ ရေးထိုးပြီးနောက် ကုနင်းသည် ကျေနပ်စွာဖြင့် ထွက်ခွာသွားခဲ့သည်။
ထန်ပင်းစန်က ကုနင်းပြန်ထွက်သွားတာကို ကြည့်ပဲ ကြည့်နေနိုင်သည်။ သူ ဒေါသထွက်ပြီး ရလဒ်ကို လက်မခံချင်ပေမယ့် ဘာမှမလုပ်နိုင်ခဲ့ပါ။ ကုနင်းသည် သူ့ပိုင်ဆိုင်မှုကို မလိုချင်ဘဲ၊ သူမသည် ထန်အဖွဲ့အစည်း၏ ရှယ်ယာများကိုသာ လိုချင်သောကြောင့် သူသည် ပိုက်ဆံမကုန်နိုင်ပေ။
ကုနင်းသည် ဧည့်ခန်းသို့ ပြန်သွားသောအခါ ထန်ပင်းစန်၏အတွင်းရေးမှူးနှင့် လုံခြုံရေးအစောင့်များကို ကြိုးဖြည်ပေးလိုက်သည်။ သူတို့ အခုလွတ်မြောက်သွားပေမယ့် သူတို့ရဲ့ ခန္ဓာကိုယ်က အရမ်းအားနည်းနေတဲ့အတွက် ကုနင်းကို မခုခံနိုင်ပေ။ ထို့ကြောင့် သူတို့သည် ဘာမှမလုပ်နိုင်ဘဲ သူမကို လှမ်းကြည့်နေကြသည်။
သူမထွက်သွားသည်နှင့် ထန်ပင်းစန်၏အခြေအနေကိုစစ်ဆေးရန် အခန်းထဲသို့ သွားကြသည်။
ထန်ပင်းစန် အဆင်ပြေကြောင်း တွေ့ရှိပြီးနောက်မှ သူတို့ စိတ်သက်သာရာရသွားကြသည်။
အပြင်မှာ ထန်ပင်းစန်နှင့် ကုနင်း၏ စကားပြောဆိုသံကို သူတို့ကြားလိုက်ရသောကြောင့် ဖြစ်ပျက်ခဲ့သမျှကို သူတို့သိကြပြီး ဒဏ်ရာရမည်ကို စိုးရိမ်နေကြသည်။ ဒဏ်ရာမရတဲ့အတွက် သူတို့ ဘာမှ မဖြစ်တော့ပေ။
ကြေးစားနှစ်ဦးကို ထန်ပင်းစန်က ငှားရမ်းထားသည်။ ထန်ပင်းစန်သည် ၎င်းတို့၏ အကာအကွယ်အောက်တွင် အသတ်ခံရလုနီးပါးဖြစ်သွားပါက ၎င်းတို့၏ ဂုဏ်သိက္ခာ ပျက်သုဉ်းကာ သူတို့၏ အသက်မွေးဝမ်းကြောင်းကို ထိခိုက်စေလာမည်ဖြစ်သည်။ အတွင်းရေးမှုးကတော့ သူလည်း ဒီနေ့ တာ၀န်ပျက်ကွက်တဲ့အတွက် ထန်ပင်းစန် ဒဏ်ရာရရင် သူလည်း ဒုက္ခရောက်မှာပဲ။
ဤအခိုက်အတန့်တွင် ထန်ပင်းစန်သည်ပါးစပ်မှ သွေးများ ရုတ်ခြည်း ထွက်လာကာ သတိလစ်သွားတော့သည်။ သူ့အတွင်းရေးမှူးက ဆရာဝန်ကိုခေါ်ရန် ခေါင်းလောင်းကို တီးလိုက်သည်။
…
ကုနင်းသည် ဆေးရုံမှထွက်လာပြီးနောက် ထန်ချင်းယန်ထံ မက်ဆေ့ချ်ပေးပို့ခဲ့သည်။ သူမအောင်မြင်ပြီး မနက်ဖြန် စာချုပ်ပေးမယ်လို့ ပြောလိုက်သည်။
ထန်ပင်းစန်နှင့်တွေ့ဆုံရန်သွားသည်ကို သိပြီးနောက် ထန်ချင်းယန်သည် အိပ်မပျော်နိုင်တော့သည်ကို သူမသိသောကြောင့်ပင်။ ၎င်းသည် သူမအပေါ်သက်ရောက်သည်ထက် သူ့အပေါ်ပိုသက်ရောက်မှုရှိနိုင်သည်။
ထန်ချင်းယန်သည် ကုနင်း၏သတင်းစကားကို စောင့်မျှော်နေသည့်အတွက် တစ်ချိန်လုံးနိုးနေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူသည် ပို၍ပို၍ စိုးရိမ်လာသည်။ ကုနင်းကို မယုံသောကြောင့် မဟုတ်ပါ။ သူမလုပ်လိုက်သည်နှင့် အောင်မြင်မည်ဟု ယုံကြည်သော်လည်း ရလဒ်ကိုမကြားမချင်း အိပ်မပျော်နိုင်ခဲ့ပေ။
ကုနင်းရဲ့ မက်ဆေ့ချ်ကို သူမြင်တော့ ထန်ချင်းယန်ဟာ ထခုန်လုမတတ် စိတ်လှုပ်ရှားသွားသည်။ သူမအောင်မြင်ခဲ့သည်! သူတို့ တကယ်ပဲအောင်မြင်သွားပြီ။
မရေတွက်နိုင်သော အံ့သြစရာများသာရှိပြီး မတော်တဆမှု မရှိခဲ့ပါ။ သူသည် ဤညတွင် နိုးကြားနေရန် ကံပါပုံရသည်။ စိတ်လှုပ်ရှားလွန်းသောကြောင့် အိပ်မပျော်နိုင်တော့ပေ။
သူ့ကို စိတ်အလှုပ်ရှားဆုံးဖြစ်အောင် လုပ်ခဲ့တာက လေမုန်တိုင်းမဟုတ်ပေမယ့် ထန်ပင်းစန်ရဲ့ ရလဒ်ပါ။
ထန်ပင်းစန်သည် ထန်အဖွဲ့အစည်းကို ဆုံးရှုံးပြီးနောက် ပြိုကွဲသွားပေလိမ့်မည်၊ ယင်းမှာ ထန်ချင်းယန်က မျှော်လင့်စောင့်စားနေသည့်အရာဖြစ်သည်။ ကုနင်းသာ မအောင်မြင်ခဲ့လျှင်လည်း သူစိတ်မဆိုးပါ၊ ထန်ပင်းစန်ဟာ အခက်တွေ့နေတယ်ဆိုတာ သူသိရုံနဲ့ လုံလောက်ပါပြီ။
ရုတ်တရက် ထန်ချင်းယန်၏ စိတ်လှုပ်ရှားမှုသည် ဝမ်းနည်းမှုဖြင့် အစားထိုးသွားသည်။ အိပ်ယာမှထကာ စာကြည့်ခန်းထဲသွားပြီးနောက် အံဆွဲထဲမှ အယ်လ်ဘမ်တစ်ခုကို ထုတ်ကာ ဖွင့်လိုက်သည်။ ပထမဆုံးဓာတ်ပုံမှာ မိသားစုပုံဖြစ်ပြီး လူသုံးယောက်တွင် ယခုသူတစ်ယောက်သာ အသက်ရှင်ပါတော့သည်။
“အဖေ ကျွန်တော် လက်စားချေတာက မခံချိမခံသာဖြစ်ပေမဲ့ တစ်စုံတစ်ယောက်က ကျွန်တော့်အတွက် လုပ်ပေးခဲ့တာပါ။ ကျွန်တော် ထန်ပင်းစန်ရဲ့ကုမ္ပဏီကို မကြာခင် သိမ်းပိုက်တော့မှာ ဖြစ်လို့ အခုချိန်မှာ သူ တော်တော်ကို အခက်တွေ့နေတော့မှာပါ”
"ကျွန်တော် သူ့ကို မသတ်ပစ်နိုင်ပါဘူး၊ ဒါပေမယ့် သူအသက်ရှည်တော့မယ်လို့လည်း မထင်ဘူး!"
“…”
ကုနင်းသည် တောင်မြစ်ကမ်းပါးဥယျာဉ်သို့ပြန်ရောက်သောအခါ နံနက် ၁ နာရီနီးပါးရှိပြီဖြစ်သည်။ အရမ်းနောက်ကျနေပြီး လမ်းမှာ ကားအသွားအလာနည်းနည်းပဲရှိတာကြောင့် အိမ်အမြန်ပြန်ရောက်ခဲ့သည်။
သာမာန်အားဖြင့် သူမသည် လမ်းပေါ်တွင် မိနစ် ၄၀ ခန့် အချိန်ပေးခဲ့ရသော်လည်း ယနေ့ညတွင် မိနစ် ၂၀ နဲ့ သူမ ပြန်ရောက်လာခဲ့သည်။ သူမသည် လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်ကို စောင့်မနေစေချင်သောကြောင့် လမ်းတစ်လျှောက် အရှိန်မြှင့်ကာ ပြန်လာသည်။
ထိုအချိန်တွင် လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်တို့သည် နိုးနေကြဆဲဖြစ်သည်။ သူတို့သည် ကျင့်ကြံသူများဖြစ်သောကြောင့် ရက်ပေါင်းများစွာ မအိပ်လျှင်ပင် ပင်ပန်းမည်မဟုတ်ပေ။ တစ်ခါတစ်ရံတွင် ကျင့်ကြံသူများသည် လနှင့်ချီ၍ ကျင့်ကြံကြပြီး ရက်အနည်းငယ်သာ အိပ်ကြသည်။ သူတို့ခန္ဓာကိုယ်ထဲမှာ စွမ်းအင်တွေ ရွေ့လျားနေတဲ့အခါ အားအင်တွေ ပိုခံစားရပြီး ကျင့်ကြံရေးပြီးသွားတဲ့အခါမှသာ ပင်ပန်းနွမ်းနယ်လာပါလိမ့်မည်။
လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်တို့သည် ကုနင်းပြန်လာရန် စောင့်နေကြသော်လည်း ဒီတိုင်းထိုင်မနေကြပေ။ အဲဒီအစား သူတို့က အိမ်နောက်ဖေးမှာ ကွန်ဖူးကို လေ့ကျင့်နေကြသည်။
အရမ်းနောက်ကျနေပြီဖြစ်သော်လည်း သူတို့သည် အိမ်ကြီးထဲမှာဖြစ်သည်။ အိမ်များကြားတွင် စိမ်းလန်းသောအပင်များစွာရှိသောကြောင့် မည်သူမျှမကြားနိုင်ပါ။
ကုနင်း၏ကားသည် သူတို့အိမ်ရှေ့ခြံဝင်းထဲသို့ မောင်းဝင်လာသည်ကို လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်တို့ ခံစားမိလိုက်သည်။ ချက်ခြင်းလေ့ကျင့်နေတာကို ရပ်ပြီး ဧည့်ခန်းဆီသို့ သွားလိုက်ကြသည်။
ကုနင်းသည် ကားကိုရပ်ပြီး အိမ်တံခါးဆီသို့ လျှောက်သွားလိုက်သော်လည်း သူမ လက်ကိုင်ကိုမထိမီ တံခါးပွင့်လာပြီး လင်ရှောင်းထင်ရဲ့မျက်နှာကို မြင်လိုက်ရသည်။
လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်တို့သည် သူမကို စောင့်နေကြဆဲဖြစ်သည်ကို မြင်သောအခါတွင် ကုနင်းသည် အပြစ်ရှိသလိုပင် ခံစားလိုက်ရသည်။
"အမေတို့ကို စောင့်နေစေရတာ စိတ်မကောင်းပါဘူး။ ကျွန်မ တခြားအလုပ်လုပ်ရင်း အလုပ်ရှုပ်နေလို့ပါ" ကုနင်းက တောင်းပန်သည်။ ကျင်းယွင်ယောင် စိတ်အနှောက်အယှက်မဖြစ်ဘူးဆိုတာကို သူမသိပေမဲ့ သူမရဲ့သဘောထားကို ပြသသင့်ပြီး သူမရဲ့အမူအကျင့်ကို မမေ့သင့်ပေ။
တကယ်တော့ သူမဟာ သူမရဲ့ အမူအကျင့်ကို ပြဖို့ တောင်းပန်ခဲ့တာ မဟုတ်ပဲ တကယ် အပြစ်ရှိတယ်လို့ ခံစားမိတာကြောင့်ပင်။
"အဆင်ပြေပါတယ်" ဟု ကျင်းယွင်ယောင် က ပြောသည်။ ကုနင်းကို အပြစ်ရှိတယ်လို့ မခံစားစေချင်တဲ့အတွက် ရှင်းပြလိုက်သည်။ “အမေတို့က ကျင့်ကြံသူတွေမို့ တစ်လခွဲလောက် မအိပ်ရင်တောင် အဆင်ပြေမှာပါ။ နောက်ပြီး အမေတို့ ဘာမှမလုပ်ပဲ ထိုင်စောင့်နေတာမဟုတ်ပါဘူး။ အိမ်နောက်ဖေးမှာ ကွန်ဖူး လေ့ကျင့်နေတာ။ ရှောင်းထင်က အမြဲတမ်း အလုပ်ရှုပ်နေတာဆိုတော့ ညမှာတော့ လေ့ကျင့်ရမယ်လေ”
ကုနင်းသာ သာမာန် ပျော့ညံ့သော မိန်းကလေး ဖြစ်ပါက ကျင်းယွင်ယောင်သည် သူမ၏ လုံခြုံရေး အတွက် စိတ်ပူနေမည် ဖြစ်သော်လည်း ကုနင်းက သာမာန်မဟုတ်ပါ။ ထို့အပြင် ကုနင်းဘာလုပ်ခဲ့လဲဆိုတာက အလွန်အရေးကြီးသည်။ တချို့အရာတွေက ညဘက်လုပ်မှသာ ပိုကောင်းတဲ့ အရာများဖြစ်ပေသည်။
***
အခန်း ၁၇၅၀ ကျောင်းလုံကို လင်ရှောင်းထင်၏ထံသို့ ပေးခြင်း
လင်ရှောင်းထင်နှင့် ကုနင်း ဖုန်းပြောနေတုန်းက ကျင်းယွင်ယောင်သည် သူတို့၏ပြောဆိုမှုကို ကြားလိုက်ရသည်။ မကောင်းဆိုးဝါးတွေ၊ သရဲတစ္ဆေတွနေဲ့ ဆက်ဆံရတာက ညဘက်မှာမှ တကယ်အဆင်ပြေပါသည်။ နေ့ခင်းဆိုလျှင် ပတ်၀န်းကျင်မှာ လူတွေရှိနေတဲ့အတွက် ဒုက္ခရောက်ရသည်။ ထန်ပင်းစန် နှင့် ပတ်သက်၍ သူမသည် သူတို့၏ အာဃာတကို အနည်းငယ်ကြားသိခဲ့ရသောကြောင့် ကုနင်း၏ အပြုအမူကို သူမ နားလည်နိုင်သည်။
"ဘယ်လိုလဲ?" ကုနင်းဟာ ဘယ်တော့မှ မအောင်မြင်တာ မဖြစ်နိုင်ဘူးဆိုတာ သူသိပေမယ့် လင်ရှောင်းထင်က စိုးရိမ်တကြီးနဲ့ မေးသည်။
“ပြီးသွားပြီ။ ထန်ပင်းစန်ကို ရှယ်ယာလွှဲပြောင်းစာချုပ်ကို လက်မှတ်ထိုးဖို့ ခြိမ်းခြောက်ခဲ့ပြီး အခု ထန်ချင်းယန် ရဲ့ နာမည်အောက်မှာ ရှိသွားပါပြီ။ ထန်အဖွဲ့ကို ထန်ပင်းစန် ထိန်းချုပ်ထားတာ မရှိတော့ဘူးဆိုတော့ နောက်ပိုင်းမှာ သူ ပြိုလဲသွားလိမ့်မယ်။ သူ့အခြေအနေအရ ကျွန်မ သူ့ကို အသက်ရှင်ခွင့်ပေးထားပေမဲ့ အကြာကြီး အသက်မရှင်နိုင်လောက်တော့ပါဘူး။ သူ့ကြောင့် အပြစ်မဲ့သူတွေ အများကြီး အသတ်ခံခဲ့ရတာပဲ သူလည်း ပြန်ပေးဆပ်သင့်တာပေါ့။ သူ့သမီးနဲ့ သူ့ညီကို သတ်ဖို့တောင် တုံ့ဆိုင်းမနေတာ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်။ ထန်ချင်းယန် နဲ့ ကျွန်မသာ ကလဲ့စားမချေနိုင်ခဲ့ဘူးဆိုရင် ကျွန်မတို့ ဆွေမျိုးတွေရဲ့ သေဆုံးခြင်းက အလကားဖြစ်သွားလိမ့်မယ်” ဟု ကုနင်းက ဆိုသည်။ ကျင်းယွင်ယောင်က ဒါကို သိထားပြီးသားမို့လို့ သူမက ကျင်းယွင်ယောင်ကို ရှောင်ပြီးမှ ပြောဖို့စိတ်မ၀င်စားပေ။
ထန်ပင်းစန်သည် သူ့သမီးနှင့် အစ်ကိုဖြစ်သူကို သတ်ရန် တုံ့ဆိုင်းမနေကြောင်း သိလိုက်ရသဖြင့် ကျင်းယွင်ယောင်သည် သူမလည်း သူမ၏ ရင်းနှီးသော မိသားစုဝင်များ၏ သစ္စာဖောက်ပြီး လိုက်ဖမ်းခြင်း ခံခဲ့ရသောကြောင့် ခံစားချက်များ ရောထွေးသွားခဲ့သည်။ သူမသည် ဤလောကမှ ထွက်ခွာသွားခဲ့သော လင်ယွင်ဟန်ကို နှစ်သိမ့်ရန်အတွက် လက်စားချေလိုသည်။
"နောက်ရက်တွေမှာ ပြဿနာတစ်ခုခုရှိလို့ ကိုင်တွယ်ရတာ အဆင်မပြေဘူးဆိုရင် ကိုယ့်ကို ပြောပါ" ဟု လင်ရှောင်းထင်ကပြောသည်။
“ဟုတ်ပြီ” ကုနင်းက သဘောတူသည်။ အကယ်၍ သူမသည် လင်ရှောင်းထင်၏အကူအညီကို အမှန်တကယ်လိုအပ်ပါက၊ သူ့အား အသိပေးရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။
"အိုး ကျွန်မ ရှင့်ကိုပြောစရာရှိတယ်" ဟု ကုနင်းမှ လင်ရှောင်းထင်အား လေးနက်သောအမူအရာဖြင့်ပြောသည်။
"ဘာကိုလဲ?" လင်ရှောင်းထင်က မေးသည်။
"အင်း အမေ အခု အမေ့အခန်းကို ပြန်လိုက်မယ်လေ။ မင်းတို့နှစ်ယောက်ကို အချိန်ပေးပါမယ်" ကျင်းယွင်ယောင်သည် သူတို့၏ စကားဝိုင်းကို နှောက်ယှက်မည်ကို ကြောက်သည်။
“နေနေပါ အမေ။ ဒီအကြောင်းပြောတဲ့အခါ အမေရှိနေဖို့လိုတယ်" ကုနင်းက သူမကို ချက်ချင်းတားလိုက်သည်။
အဲဒီလိုဆိုရင် ကျင်းယွင်ယောင် ထွက်သွားမှာမဟုတ်ပေ။
“အင်း ရှောင်းထင်ရဲ့ အဆင့်က အခု နိမ့်နေသေးတယ်။ အဆင့်မြင့်တဲ့ ကျင့်ကြံသူတွေနဲ့ မယှဉ်နိုင်သေးတော့ အနာဂတ်မှာ အန္တရာယ်ရှိလာမှာကို ကျွန်မစိုးရိမ်လို့ ကျောင်းလုံကို ရှောင်းထင်ကို ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အန္တရာယ်ကြုံလာရင် သူ့ကို ကူညီပေးလို့ရတာပေါ့” ဟု ကုနင်းက ဆိုသည်။
"ဟင်?" ထိုစကားကိုကြားတော့ လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင် နှစ်ယောက်စလုံး ထိတ်လန့်သွားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လန့်သွားခြင်းပင်။
လင်ရှောင်းထင်သည် ကျောင်းလုံကို သတိပြုမိပြီးသားဖြစ်သောကြောင့် ကုနင်းသည် ဤမျှ အရေးကြီးသော သတ္တဝါကို သူ့အား ပေးတော့မည်ဖြစ်သောကြောင့် သူ အံ့အားသင့်သွားရသည်။ သို့သော် ကျင်းယွင်ယောင်သည် ကုနင်း အနားတွင် ကျောင်းလုံတစ်ကောင်ရှိနေသည်ကို မသိသဖြင့် အံ့သြသွားရသည်။
“မဟုတ်ဘူး၊ မင်းကိုယ့်ကို ကျောင်းလုံကို ပေးလိုက်တော့ မင်းရောဘယ်လိုလုပ်မလဲ။ မင်းဘေးကင်းဖို့အတွက် မင်းအနားပဲ ထားသင့်တယ်ထင်တယ်" လင်ရှောင်းထင်က ချက်ချင်းငြင်းလိုက်သည်။ ကုနင်း၏ကြင်နာမှုကို သူလက်မခံချင်သောကြောင့်မဟုတ်ဘဲ များလွန်းသောကြောင့်ဖြစ်သည်။ ကုနင်းဘေးမှာ ကျောင်းလုံမရှိရင် သူမဒဏ်ရာရမှာကို သူစိုးရိမ်နေမိသည်။
“ကျွန်မတို့ အခြေအနေက မတူဘူးလေ။ ကျွန်မက သေမျိုးဖြစ်တော့ ရှင့်ထက် ကြီးတဲ့ အန္တရာယ်ကို ကြုံတွေ့ရမှာ မဟုတ်ဘူး။ ရှင်က ကျင်းမိသားစုနဲ့ သန်မာတဲ့ မကောင်းဆိုးဝါးတွနေဲ့ သရဲတစ္ဆေတွေရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်လာနိုင်ရမယ်။ ကျင့်ကြံသူတွေရဲ့ အနှစ်သာက သူတို့အတွက် အရမ်းအာဟာရဖြစ်စေတယ်။ အဲ့တာက သူတို့ရဲ့ ကျင့်ကြံရေး တိုးတက်ဖို့အတွက် အရမ်းကူညီပေးနိုင်တယ်။ အဲ့တော့ သူတို့နဲ့တွေ့ရင် တိုက်ပွဲဖြစ်မှာ သေချာတယ်။ မနိုင်ရင် ဘယ်လိုလုပ်မလဲ။ ကျွန်မ ဒါမျိုး မဖြစ်စေချင်ဘူး”
ကုနင်းနှင့်နှိုင်းယှဉ်ပါက လင်ရှောင်းထင်သည် ပို၍ အန္တရာယ်များသော အခြေအနေနှင့် ရင်ဆိုင်ရနိုင်သည်။
“အင်း…” လင်ရှောင်းထင်သည် ကုနင်းပြောတာကို ကောင်းကောင်းသိသော်လည်း ၎င်းသည် အကြံကောင်းတစ်ခုမဟုတ်ဟု သူထင်မြင်သေးပြီး ကုနင်း၏ လုံခြုံရေးကိုလည်း စိတ်ပူနေမိသည်။
“အနာဂတ်မှာ မကောင်းဆိုးဝါးတွေ ဒါမှမဟုတ် သရဲတစ္ဆေတွေ ကြုံတွေ့ရရင်တောင်မှ ကျွန်မ သူတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်မှာပါ” ကုနင်းသည် လင်ရှောင်းထင် စကားကို ဖြတ်ပြောလိုက်သည်။
ကုနင်း ပြောလိုက်သောအခါ လင်ရှောင်းထင်သည် သူမဘာပြောနေသည်ကို နားလည်သွားသည်။ သူမတွင် ရန်သူများအား အတွင်း၌ ထိန်းထားနိုင်ပြီး အန္တရာယ်မှ ကာကွယ်ပေးနိုင်သည့် စိတ်စွမ်းအင်အာကာပြင်လည်း ရှိသည်။
ကုနင်း၏ရန်သူများသည် သာမာန်လူများထက် အဓိကအားဖြင့် မကောင်းဆိုးဝါးများနှင့် သရဲတစ္ဆေများဖြစ်သည်။ လင်ရှောင်းထင်သည် ကုနင်းသည် သေမျိူးများနှင့် တိုက်ခိုက်ရာတွင် ရှုံးနိမ့်မည်ကို စိတ်မပူပါ။ ထို့ကြောင့် လင်ရှောင်းထင် သည် တိတ်ဆိတ်သွားသည်။ ကုနင်းက သူ့အား ကျောင်းလုံကို ပေးမည်ဟု စိတ်ပိုင်းဖြတ်ထားသောကြောင့် ငြင်းချင်လျှင်ပင် မည်ကဲ့သို့ ငြင်းသည်ဖြစ်စေ အသုံးမဝင်ကြောင်း သူသိသည်။
ကုနင်းက သူနဲ့ ငြင်းခုံရမှာကို ဘယ်တုန်းကမှ မကြောက်ခဲ့ပေ၊ ဒါပေမယ့် သူကတော့ ဒီလိုမလုပ်ချင်ပါ။ ကုနင်းနဲ့သာဆိုလျှင် သူ အမြဲတမ်း နာခံချင်ပြီး နာခံရတာကိုလည်း သူ နှစ်သက်သည်။
ကုနင်းက သူ့မှာ စိတ်စွမ်းအင်အာကာပြင် ရှိတယ်လို့ မပြောထားပေ၊ ဒါကြောင့် ကျင်းယွင်ယောင်က သတိမထားမိပေမယ့် အဲဒါကို အများကြီး စဉ်းစားဖို့ စိတ်မ၀င်စားပေ။ ဘာပဲဖြစ်ဖြစ် ကုနင်းက သူ့ကိုယ်သူ ကောင်းကောင်း ကာကွယ်နိုင်သည်။
ကုနင်းက ဆက်ပြောတယ် “အဲ့တာအပြင် မြေခွေးမိစ္ဆာတစ်ကောင်က ကျွန်မဆီ ခိုလှုံသွားပြီ။ ကျွန်မရဲ့ အထောက်အပံ့ဖြစ်လာအောင် ကျွန်မ လေ့ကျင့်ပေးမယ်။ အခုကစပြီး ရှင် ကျောင်းလုံနဲ့ ကျင့်ကြံလိုက်ပါ ကျောင်းလုံကိုလည်း ကောင်းကောင်းတိုးတက်အောင် ရှင်ကူညီပေးလို့ရတာပဲ”
"ကောင်းပြီ ကိုယ်လက်ခံပါတယ်" ကုနင်း၏ ပြတ်သားသော စကားကြောင့် လင်ရှောင်းထင်သည် အဆုံးတွင်သဘောတူခဲ့ပြီး အလွန်ရင်ထဲခံစားမိသွားသည်။
လင်ရှောင်းထင်က သဘောတူလိုက်တော့ ကုနင်းက ပြုံးပြီး ကျောင်းလုံကို စိတ်စွမ်းအင်အာကာပြင်ကနေ လွှတ်လိုက်သည်။
တခဏချင်းမှာပဲ သူ့ရဲ့ကြီးမားလှတဲ့ ခန္ဓာကိုယ်ကြီးက လူတိုင်းရဲ့ရှေ့မှာ ပေါ်လာသည်။
ကျင်းယွင်ယောင်သည် ကျောင်းလုံကြောင့် မဟုတ်ဘဲ ၎င်းသည် မည်သည့်နေရာကလာသည်ကို သူမမသိသောကြောင့် အံ့သြသွားရသည်။ ကုနင်းတွင်လည်း ချန်ခွင်းအိတ် ရှိနိုင်သည်ဟု သူမထင်ခဲ့သည်။
သူမသည် စူးစမ်းချင်သော်လည်း ယခုအချိန်တွင် သူမမေးသင့်သည်ကို သိသည်။
ကျောင်းလုံက ကျင်းယွင်ယောင်ကိုမြင်တဲ့အခါ နောက်ပြန်ဆုတ်သွားမိသည်။ သူက ကျင်းယွင်ယောင်ထက် နိမ့်ကျသောကြောင့် သူမကို ကြောက်မိသည်။
အကယ်၍ ကျောင်းလုံသည် ကျင်းယွင်ယောင်နှင့် တိုက်ခိုက်ပါက သူရှုံးနိုင်သည်။ သို့သော် သူသည် သူမထက် များစွာ ပိုဖျက်စီးလိုက်နိုင်မည်။ သူ၏အမြီးကို တစ်ချက်ရမ်းလိုက်ရင်တောင် အဆောက်အအုံတစ်ခုလုံး ပျက်စီးသွားနိုင်သည်။ နှစ်ယောက်စလုံးက ကိုယ့်အားသာချက်ကိုယ်စီရှိကြသည်။
“ကျောင်းလုံ၊ ဒါက ငါနဲ့ စေ့စပ်ထားသူရဲ့အမေ။ ငါတို့က တစ်ဖွဲ့တည်းပဲ” လို့ ကုနင်းက ပြောသည်။
အဲဒါကိုကြားတော့ ကျောင်းလုံက စိတ်သက်သာရာရသွားပြီး “တွေ့ရတာဝမ်းသာပါတယ်” ဟု နှုတ်ဆက်လိုက်တယ်။
မြင့်မားသောအဆင့်တွင်ရှိသော ကျင်းယွင်ယောင်သည် ကျောင်းလုံ၏ဘာသာစကားကို နားလည်နိုင်သောကြောင့် သူမကလည်း "တွေ့ရတာဝမ်းသာပါတယ်" ဟုပြန်ဖြေသည်။
သို့သော်လည်း လင်ရှောင်းထင်သည် မကောင်းဆိုးဝါးများနှင့် သရဲတစ္ဆေများ၏ ဘာသာစကားများကို နားလည်ရန်အတွက် အခြားအဆင့်သို့ တက်လှမ်းရန် လိုအပ်သေးသည်။
"ရှောင်းထင် ကျောင်းလုံကို ရှင့်ရဲ့ ချန်ခွင်းအိတ်ထဲကို ထားလိုက်ပါ" ဟု ကုနင်းက ပြောသည်။
“ဟုတ်ပြီ” လင်ရှောင်းထင်ကပြောပြီး သူ့ ချန်ခွင်းအိတ်ကို ထုတ်လိုက်တယ်။ နောက်တစ်စက္ကန့်တွင် ကျောင်းလုံသည် လေထဲတွင် ပျောက်ကွယ်သွားပြီး သူ၏ ချန်ခွင်းအိတ်ထဲသို့ ဝင်သွားသည်။
လင်ရှောင်းထင်၏ ချန်ခွင်းအိတ်သည် ကုနင်း၏ စိတ်စွမ်းအင်အာကာပြင်လောက် အသုံးမဝင်ပေ။ ကုနင်းဟာ အိတ်ထဲကနေ ပစ္စည်းလိုအပ်လာတဲ့အခါ စိတ်ထဲကနေ မှော်ပညာနဲ့ ထုတ်နိုင်ပေမယ့် လင်ရှောင်းထင်ကတော့ အိတ်ကို ဆွဲထုတ်ပြီး ဖွင့်ကာ ကိုယ်တိုင်ယူမှရသည်။
အဲဒီနောက် ကျင်းယွင်ယောင်က "နင်းနင်း သမီး ကျောင်းလုံကို ဘယ်ကရခဲ့တာလဲ" ဟု မေးသည်။
“မနှစ်တုန်းက ဟောင်ကောင်မှာဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုနဲ့ ပတ်သက်ပါတယ်။ ကျွန်မရဲ့သူငယ်ချင်းတွေက သမုဒ္ဒရာအောက်မှာ ရတနာတွေရှိတယ်လို့ ပြောကြတယ်၊ ဒါကြောင့် ကျွန်မ အဲ့တာတွကို ရှာဖို့ ရေငုပ်လိုက်တော့ ကျောင်းလုံကိုတွေ့ပြီး ကျွန်မရဲ့ အစောင့်အရှောက်အဖြစ်နဲ့ထားထားတာပါ” ဟု ကုနင်းကပြောသည်။
***
အခန်း ၁၇၅၁ ဈေး၀ယ်ထွက်ခြင်း
ကျင်းယွင်ယောင် နားလည်ပြီး ဒီအကြောင်းကို မေးတာကို ရပ်လိုက်သည်။
ကုနင်း၏ စိတ်စွမ်းအင်အာကာပြင်ထဲတွင် သေနတ်များနှင့် အခြားအရာများ အမှန်တကယ်ရှိသော်လည်း ကျင်းယွင်ယောင်သည် ယခု ဤနေရာတွင် ရှိနေသောကြောင့် ကုနင်းသည် သူမသွားသည့်တိုင်အောင် စောင့်ရမည်ဖြစ်သည်။
အရမ်းနောက်ကျနေပြီမို့ ကိုယ့်အခန်းထဲမှာ ပြန်အိပ်လိုက်ကြသည်။ ကုနင်းသည် အခန်းထဲပြန်ရောက်သောအခါ တန်းမအိပ်ပဲ လင်ရှောင်းထင် ထံ မက်ဆေ့ချ်ပို့ကာ သေနတ်နှင့် ဖောက်ခွဲရေးပစ္စည်းများ အကြောင်း ပြောပြလိုက်သည်။ လင်ရှောင်းထင် သည် မနက်ဖြန်နေ့လည်တွင် ထွက်ခွာမည်ဖြစ်ပြီး ၎င်းတို့၏ စစ်အခြေစိုက်စခန်းသို့ ပြန်သွားမည်ဖြစ်သောကြောင့် သူ မထွက်ခွာမီ ၎င်းတို့အား ပေးရမည်ဖြစ်သည်။ ကုနင်းသည် လင်ရှောင်းထင်အား ၎င်းတို့အားလုံး ပေးမည်မဟုတ်ပဲ မိမိကိုယ်မိမိ ကာကွယ်ရန် အချို့ကို ထိန်းသိမ်းထားမည်ဖြစ်သည်။
…
နောက်တစ်နေ့တွင် မနက်စောစောထပြီး အတူတူ ပြေးကြသည်။ ကျင်းယွင်ယောင် သည် လင်ရှောင်းထင် နှင့် ကုနင်းတွင် သီးသန့်အချိန်လိုအပ်ကြောင်း သူမသိသောကြောင့် သူတို့ကို နှောက်ယှက်မည်မဟုတ်ပါ။ အဲဒီ့အစား သူမဟာ အိမ်မှာနေပြီး သူတို့အတွက် မနက်စာ ချက်ပေးခဲ့သည်။
ကုနင်းနှင့် လင်ရှောင်းထင် တို့ဟာ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် သီးသန့်ပြောစရာမရှိပါ။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောကြသည်။
"အင်း ဒီနေ့ လင်မိသားစု အိမ်သွားမှာလား" ကုနင်းက မေးသည်။
“မသွားဘူး။ အမေ အဲ့မှာ နေရတာ သက်တောင့်သက်သာ မရှိလောက်ဘူး ပြီးတော့ ကိုယ် ဒီနေ့မွန်းလွဲထွက်ရမှာ။ ဒါကြောင့် ကိုယ်သူ့ကို မထားခဲ့ချင်ဘူး။ ဒီရက်တွေမှာ မင်းအားတဲ့အခါ ကိုယ့်မိသားစုအိမ်ကို သူနဲ့တူတူသွားလေ။ အဘိုးနဲ့ တူတူထမင်းစားလို့ရတာပေါ့ အဘိုးလည်း ပျော်မယ်လို့ ကိုယ်ထင်တယ်” လို့ လင်ရှောင်းထင် က ပြောသည်။
"ပြဿနာမရှိပါဘူး" ကုနင်းကသဘောတူသည်။
ကျင်းယွင်ယောင် သည် သူမ၏ မှတ်ဉာဏ်အားလုံးကို ပြန်မရနိုင်သေးသော်လည်း သူမသည် လင်မိသားစု၏ချွေးမဖြစ်သောကြောင့် လင်မိသားစုကို တစ်ခါတလလေောက်လည်ပတ်သင့်သည်။
မနက်ခင်းပြေးပြီးနောက် ကုနင်း နှင့် လင်ရှောင်းထင် တို့သည် ကျင်းယွင်ယောင် က သူတို့အတွက် မနက်စာပြင်ဆင်ထား၍ အိမ်ပြန်ခဲ့ကြသည်။ ကုနင်း နှင့် လင်ရှောင်းထင် တို့သည် နံနက်စာ အတူတူမစားမီ အဝတ်အစားများ လဲလိုက်ကြသည်။
ဤအချိန်တွင် လင်ရှောင်းထင် သည် ယခင်ကထက် ပိုမိုပျော်ရွှင်လာသည်။ ကုနင်းနှင့် သူ့ရဲ့ အချစ်ရေးနဲ့ မတူတဲ့ မိသားစုပျော်ရွှင်မှုကို သူနောက်ဆုံးမှာ ခံစားခဲ့ရသည်။
"မေမေ့လက်ရာကို လွမ်းနေတာ" ရုတ်တရက်ဆိုသလိုပဲ လင်ရှောင်းထင် က ပြောသည်။
ကျင်းယွင်ယောင် သည် အံ့သြသွားပြီး "လင်မိသားစုအိမ်ကို နောက်မှသွားမလား မဟုတ်ရင် ဒီနေ့ အိမ်မှာ ညစာကို ချက်ကျွေးမယ်လေ" ကျင်းယွင်ယောင် ပြန်ရောက်တာ ရက်အတော်ကြာပေမယ့် သူမဟာ လင်မိသားစုရဲ့ အိမ်မှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် ထမင်းစားေသာကြောင့် လင်ရှောင်းထင် က သူမချက်ပြုတ်ထားတဲ့ အစားအစာကို စားဖို့ အခွင့်အရေးမရှိခဲ့ပေ။
"မဟုတ်ဘူး ကျွန်တော်တို့ဒီနေ့ဒီမှာနလေို့ရတယ်" ဟု လင်ရှောင်းထင် ကပြောသည်။
"ကောင်းပြီ ဒါဆို အမေ ဈေးသွားဝယ်လိုက်အုံးမယ်" ကျင်းယွင်ယောင် က ပြောသည်။
"ကျွန်မတို့အတူတူသွားကြမယ်လေ" ကုနင်းကပြောသည်။ ကျင်းယွင်ယောင် သည် လမ်းကြောင်းများကို မသိပေ။ တောင်မြစ်ကမ်းပါး ဥယျာဉ်ကိုဖြတ်ကာ စူပါမားကတ် တစ်ခုရှိသည်။ ကျင်းယွင်ယောင် တစ်ယောက်တည်း အပြင်မထွက်သင့်ဘူးလို့ သူမ တွေးသည်။
"ဟုတ်ပြီ အတူတူသွားကြရအောင်" လင်ရှောင်းထင် ကပြောသည်။
“ဟုတ်ပြီ” ကျင်းယွင်ယောင် က မငြင်း။
မနက် 10 နာရီမှာ ဈေးဝယ်ထွက်မည်ဖြစ်၍ မနက်စာစားပြီးတာနဲ့ သူတို့သည် ပန်းကန်တွေကိုေဆးဖို့ထလိုက်သည်။ ကုနင်းသည် ပန်းကန်များကို ဆေးချင်သော်လည်း လင်ရှောင်းထင် က သူမကို တားလိုက်သည်။ ကျင်းယွင်ယောင် လည်း သူမကို စားပွဲပေါ်ကနေ ဆွဲထုတ်လိုက်သည်။
“ယောက်ျားတစ်ယောက်အနေနဲ့ ရှောင်းထင် ဟာ သူ့ကောင်မလေးကို ဂရုစိုက်သင့်တယ်။ သူ့ကိုသာ လုပ်ခွင့်ပေးလိုက်ပါ" ကျင်းယွင်ယောင် သည် အလွန်သင့်လျော်သော ယောက္ခမဖြစ်သည်။ သူ့သားက သူ့ချွေးမထက် သာလွန်တယ်လို့ ဒါမှမဟုတ် သူ့ချွေးမကသာ အိမ်အလုပ်တွေကို လုပ်ရမယ်လို့ သူမ မထင်ေပ။ ငယ်ရွယ်သောမောင်နှံသည် ထိုကိစ္စအတွက် သူတို့ဘာသာ ဆုံးဖြတ်ချက်ချနိုင်သည်။
ကုနင်းနဲ့ ကျင်းယွင်ယောင် တို့ဟာ ဧည့်ခန်းထဲမှာ ခဏအနားယူခဲ့ကြသည်။ လင်ရှောင်းထင် လည်း ပန်းကန်များဆေးပြီးနောက် အနားယူခဲ့သည်။ ထို့နောက် အိမ်နောက်ဖေးသို့ သွားကာ လေ့ကျင့်မှု စတင်ခဲ့သည်။
ကုနင်းသည် ကျင့်ကြံသူမဟုတ်သော်လည်း သူမသည် ၎င်းတို့နှင့်အတူ လေ့ကျင့်နိုင်သောကြောင့် သူမပါပူးပေါင်းခဲ့သည်။
ကုနင်း၏ ဓာတ်ပုံမှတ်ဉာဏ်သည် ကျင်းယွင်ယောင် ကို ထိတ်လန့်သွားေစသည်။ လင်ရှောင်းထင်ကို အလွန်မှတ်ဉာဏ်ကောင်းသည်ဟု သူမထင်ခဲ့သော်လည်း ကုနင်း၏မှတ်ဉာဏ်သည် သူ့ထက်သာလွန်သည်ဟု မထင်မှတ်ထားေပ။
ကုနင်းသာ ကျင့်ကြံသူဖြစ်ပါက သူမသည် လင်ရှောင်းထင် ထက်ပင် အရည်အချင်းပိုရှိပေမည်။ အဲဒါကို တွေးပြီး ကျင်းယွင်ယောင်က စိတ်ပူသွားမိသည်။ လင်ရှောင်းထင် သည် ကျင့်ကြံသူဖြစ်သောကြောင့် သူ၏ ကျင့်ကြံရေး တိုးတက်လာသည်နှင့်အမျှ တဖြည်းဖြည်းသာ အသက်ကြီးလာမည်ဖြစ်သည်။ သို့သော် ကုနင်းမှာ မယုံနိုင်စရာ အရည်အချင်းများစွာရှိသော်လည်း သူမသည် သေမျိုးဖြစ်ပြီး ကြာရှည်စွာအသက်မရှင်နိုင်ပေ။
သူမသည် ကုနင်းကို အထင်သေးခြင်း မဟုတ်သော်လည်း သူတို့၏အနာဂတ်အတွက် စိုးရိမ်နေမိသည်။ လူတစ်ဦးသည် ကျင့်ကြံသူဖြစ်လာရန် အလွန်အန္တရာယ်များသည်။ သေမျိုးသည် တစ်ခုခုမှားသွားတာနှင့် သေသွားနိုင်သည်။
ထို့ကြောင့် ရှေးခေတ်မှ ယခုအချိန်အထိ လူသားအနည်းငယ်သည်သာ ကျင့်ကြံသူ ဖြစ်လာနိုင်သည်။
လင်ရှောင်းထင် နှင့် ကုနင်းနှစ်ဦးစလုံးသည် ထိုအကြောင်းကို ဘာမှမပြောသော်လည်း တူညီသောစိုးရိမ်မှုရှိရမည်ဟု သူမထင်သည်။
အရိုးများကို ဖြတ်တောက်ခြင်းနှင့် ခြင်ဆီ သန့်စင်ခြင်း လုပ်ငန်းစဉ်တွင် မည်သည့် ပြင်ပအင်အားနဲ့မှ မကူညီနိုင်ပါ။ ၎င်းသည် လူတစ်ဦး၏ စိတ်အားထက်သန်မှု၊ စွမ်းအင်နှင့် ကံတရားတို့အပေါ် လုံး၀မူတည်သည်။
ကျင်းယွင်ယောင် က စိုးရိမ်နေပေမယ့် သူတို့ကို ပိုစိုးရိမ်သွားအောင် မပြောတော့ပေ။
မနက် ၉း၃၀ မှာ လေ့ကျင့်ခန်းလုပ်တာ ရပ်လိုက်သည်။ ပူပြင်းတဲ့နေ့မို့ ချွေးတွေ အရမ်းထွက်သည်။ အဲ့ဒါနဲ့ သူတို့နှစ်ယောက် စူပါမားကတ်ကို မသွားခင် အခန်းထဲမှာ ရေချိုးဖို့ သွားကြသည်။
ဈေးက ဘလောက်အပြင်မှာ ရှိတာဖြစ်၍ သူတို့သည် အဲဒီကို လမ်းလျှောက်သွားကြသည်။ ဘလောက်အတွင်း၌ ကုန်စုံဆိုင်တစ်ဆိုင်ရှိသော်လည်း ၎င်းသည် သေးငယ်ပြီး အစားအသောက်အစုံအလင် ရောင်းချခြင်းမရှိသောကြောင့် အပြင်ဘက်ရှိ စူပါမားကတ်သို့သာ သွားကြသည်။
သို့ပေမယ့် သူတို့သည် ဝင်ပေါက်နှင့် အနီးတွင် ကျန်းယွေ့နဉ် ကို တွေ့လိုက်ရသည်။ ကျန်းယွေ့နဉ် ၏မျက်လုံးများသည် ကုနင်းကိုမြင်လိုက်သောအခါတွင် လင်းလက်သွားသော်လည်း လင်ရှောင်းထင် ကိုမြင်သောအခါတွင် သူကြောက်သွားသည်။ သူသည် ချက်ချင်းပင် လေးနက်သော အမူအရာ ပေါ်လာသည်။
"ဟိုင်း ရှောင်းထင် ကုနင်း!" ကျန်းယွေ့နဉ် က သူတို့ကို နှုတ်ဆက်သည်။ ကျင်းယွင်ယောင် ကို မသိသောကြောင့် သူမကို မည်သို့ခေါ်ရမည်ကို မသိပေ။
"ဟိုင်း" လင်ရှောင်းထင် က သာမာန်လေသံဖြင့် ပြောသည်။
"အကိုကြီးနဲ့တွေ့ဖို့လာတာလား" ကုနင်း က မေးသည်။
"ဟုတ်တယ်၊ ငါ့မိသားစုနဲ့ ရန်ဖြစ်ခဲ့တယ်လေ အဲ့တာကြောင့် ငါ့အကိုကြီးရဲ့နေရာမှာ နေဖို့လာခဲ့တာ" ဟု ကျန်းယွေ့နဉ် က ပြောသည်။ ရှက်စရာလို့ သူမထင်ပေ။ အဲဒီနောက် သူက ဆက်မေးလိုက်သည်။ “အခု ဘယ်သွားမို့လဲ”
"စူပါမားကတ်ကို" ကုနင်းကပြောသည်။
"အင်း ဒါဆို မင်းအချိန်တွေကို မဖြုန်းတော့ပါဘူး။ နောက်မှတွေ့မယ်” လို့ ကျန်းယွေ့နဉ် က ပြောသည်။ လင်ရှောင်းထင် သာ ဒီမှာမရှိရင် ကုနင်းနဲ့ နည်းနည်းကြာကြာ စကားပြောလိမ့်မယ်။ သို့သော်လည်း လင်ရှောင်းထင် ၏ တည်ရှိနေမှုကြောင့် ထိုကဲ့သို့ မလုပ်ဝံ့ပေ။ နောက်တော့ လမ်းခွဲလိုက်ကြသည်။
ကုနင်းသည် နောက်ပိုင်းမှာ ကျင်းယွင်ယောင် ကို "သူက အဘိုးလင် ရဲ့ သူငယ်ချင်းဟောင်းဖြစ်တဲ့ သခင်ကြီးကျန်း ရဲ့ မြေးပါ။ သူ့နာမည်က ကျန်းယွေ့နဉ်" အဲဒါကိုကြားတော့ ကျင်းယွင်ယောင် က ခေါင်းညိတ်လိုက်သည်။
မြို့ကြီးတစ်ခုတွင် အစားအသောက်ဈေးသည် ရှာရခက်သောကြောင့် စူပါမားကက်များတွင်သာ အစားအစာကို ပုံမှန်ဝယ်ကြသည်။ ကံကောင်းစွာပဲ အစားအစာအများစုသည် စူပါမားကတ်များတွင် လတ်ဆတ်နေသောကြောင့် ဆိုးရွားသောရွေးချယ်မှုမဟုတ်ပေ။
သူတို့သည် သုံးယောက် လူအုပ်ကြားထဲ လျှောက်သွားတဲ့အခါ သူတို့ သတိအထားမိဆုံး လူများဖြစ်သည်။ လူတော်တော်များများက သူတို့ကို အထူးအာရုံစိုက်ပြီး သူတို့ရဲ့ ဆက်ဆံရေးကို ခန့်မှန်းနေကြသည်။
ကျင်းယွင်ယောင်သည် အလွန်ငယ်သော်လည်း သူမသည် ကုနင်း နှင့် လင်ရှောင်းထင်တို့အတူတူ ရပ်နေချိန် တွင် ကြီးမားသော ခြားနားချက်တစ်ခု ရှိနေသေးသည်။ သို့သော်၊ ကျင်းယွင်ယောင် သည် လင်ရှောင်းထင် သို့မဟုတ် ကုနင်း၏မိခင်ဖြစ်သည်ဟု လူများကမထင်ခဲ့ကြပေ။ သူမသည် သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်ရဲ့ အမ သို့မဟုတ် အဒေါ်ဖြစ်နိုင်သည်ဟု ထင်ကြသည်။
***
အခန်း ၁၇၅၂ ရှက်စရာကြီး
ကုနင်းနှင့် လင်ရှောင်းထင်တို့၏ ဆက်ဆံရေးကို လူများက မှန်းဆပုံနှင့် ပတ်သက်၍ အချို့က ၎င်းတို့သည် စုံတွဲတစ်တွဲဟု ထင်ကြပြီး အချို့က မောင်နှမဟု ထင်ကြသည်။
ကုနင်း၊ လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင်တို့သည် သူတို့ကို မထိခိုက်သရွေ့ဆွေးနွေးမှုများကို ဂရုမစိုက်ဘဲ အစားအစာကို ဆက်လက်ရွေးချယ်ကြသည်။ အသားတွေအများကြီးမ၀ယ်ပဲ အသီးအရွက်များသာ ၀ယ်ကြသည်။
စျေးဝယ်ပြီးနောက် လင်ရှောင်းထင် သည် အိတ်များကို သယ်ဆောင်လိုက်သည်။ အများကြီးဝယ်ထားပေမယ့် လင်ရှောင်းထင် က အရမ်းသန်မာတဲ့အတွက် သူ့အတွက် လွယ်ပါသည်။
အိမ်ပြန်ရောက်တာနဲ့ ချက်ပြုတ်ရန်ပြင်ကြတော့သည်။ ကုနင်း နဲ့ လင်ရှောင်းထင် နှစ်ယောက်စလုံးက ကျင်းယွင်ယောင် က အသီးအရွက်တွေကို ဆေးကြောဖို့သာ ကူညီခဲ့ပေမယ့် ချက်ပြုတ်ရာမှာ အနှောင့်အယှက်မပေးကြပေ။
လင်ရှောင်းထင် သည် ကျင်းယွင်ယောင် ချက်ပြုတ်ထားသော ဟင်းလျာများကို စားချင်သည်။ သူမကို ကူညီပေးရင် အရသာက တူမည်မဟုတ်ပေ။
ထို့ကြောင့် ကျင်းယွင်ယောင် သည် ဟင်းချက်ရန် အလုပ်ရှုပ်နေချိန်တွင် ကုနင်းနှင့် လင်ရှောင်းထင် တို့သည် စာဖတ်ခန်းထဲသို့ သွားကြသည်။ ကုနင်းသည် သေနတ်များ၊ မူးယစ်ဆေးဝါးများနှင့် ဖောက်ခွဲရေးပစ္စည်းများကို ထုတ်ယူပြီးနောက် လင်ရှောင်းထင် က ၎င်း၏ ချန်ခွင်း အိတ်ထဲသို့ ထည့်လိုက်သည်။
"ထျန်းယင်ဂိုဏ်းက တော်တော် သြဇာကြီးပုံရတယ်။ တရားမဝင် ပစ္စည်းတွေ အများကြီး ရှိတာပဲ” ဟု လင်ရှောင်းထင် က ပြောသည်။ တရားမ၀င်ဂိုဏ်းတစ်ခုက သူတို့ကိုရနိုင်တာ အံ့သြစရာမဟုတ်ပေမယ့် အများအပြားရဖို့အတွက်တော့ မလွယ်ေပ။
“ရွှေချောင်းတွလေည်း အများကြီးပဲ။ ကျွန်မသူတို့ကို ထုတ်လို့မရဘူး၊ အဲ့တာကြောင့် သူတို့ကိုငွေနဲ့လဲလှယ်ရမယ်" ဟု ကုနင်း မှပြောကြားသည်။
"ကိုယ်ကူညီပေးရမလား?" လင်ရှောင်းထင် က မေးသည်။
“ရပါတယ် ကျွန်မလုပ်နိုင်တယ်” ဟု ကုနင်းက ဆိုသည်။
"စစ်ထူယဲ့ကိုပဲ အကူအညီတောင်းဖို့ အစီအစဉ်ရှိတာလား" လင်ရှောင်းထင် ရုတ်တရက်စိတ်မကောင်းဖြစ်သွားသည်။
ကုနင်းသည် လင်ရှောင်းထင် ပြောတာမှန်ကန်သောကြောင့်မဟုတ်ဘဲ လင်ရှောင်းထင်သာ စစ်ထူယဲ့ ၏ နာမည်ကို ထုတ်မပြောပါက သူမမေ့လုနီးပါးပင် ဖြစ်နေပြီဖြစ်ကြောင့် ကုနင်း သည် စက္ကန့်အနည်းငယ်မျှ တွေဝေသွားသည်။ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မရတာကြာပါပြီ။
“ရှင် သူ့နာမည်ကိုသာ မပြောရင် ကျွန်မ သူ့ကို လုံးလုံး မေ့သွားပြီ။ ငါ သူနဲ့ မတွေ့ပါဘူး။ ဒါပေမယ့် ထျန်းယင်ဂိုဏ်းက တရားမဝင်ဂိုဏ်းဖြစ်ပြီး အခု ကျွန်မအတွက် အလုပ်လုပ်ပေးနေပြီလေ အဲ့တာကြောင့် ကျွန်မအတွက် လွယ်သွားပြီ” ကုနင်းသည် လင်ရှောင်းထင် သည် မနာလိုသောချစ်သူဖြစ်သည်ကို သိသောကြောင့် သူမချက်ချင်းရှင်းပြလိုက်သည်။
အဲဒါကိုကြားတော့ လင်ရှောင်းထင်က အဆင်ပြေသွားပြီး မနှောင့်မနှေးပင် ကုနင်းကို ပွေ့ဖက်ကာ နမ်းလိုက်သည်။ သူ သူမကို မမြည်းစမ်းရတာကြာပြီ၊ တော်တော့်ကို လွမ်းနေပြီ။
မိနစ်အနည်းငယ်အကြာတွင် ကုနင်းသည် လင်ရှောင်းထင် ကို တွန်းထုတ်လိုက်သည်။ "တော်ပြီလေ ကျွန်မနှုတ်ခမ်းတွေ ရောင်နေရင် ရှက်စရာကြီး"
သူတို့အချိန်အကြာကြီး ဒီလို မနီးကပ်ခဲ့ရသောကြောင့် လင်ရှောင်းထင်ကို တွန်းထုတ်ရန် တွန့်ဆုတ်နေသော်လည်း ယခုအချိန်သည် သင့်တော်သောအချိန်မဟုတ်ပေ။
ကုနင်းက သူ့ကို တွန်းဖယ်လိုက်တဲ့အခါ လင်ရှောင်းထင်က နမ်းရတာ မ၀သေး၍ အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။ သို့သော်လည်း ကုနင်းပြောတာ မှန်သည်။ ကုနင်းကို အရှက်မကွဲစေဖို့အတွက် သူက ဆက်မလုပ်ေတာ့ဘဲ သူမကို မျိုချပစ်ချင်သလိုပဲ စိုက်ကြည့်နလေိုက်သည်။
ရိုးရိုးသားသားပြောရရင် သူ ကုနင်းနဲ့ မအိပ်ရတာတော်တော်ကြာပြီဖြစ်၍ အခုတော်တော်လိုချင်နေပြီ။
ကုနင်းက ရယ်လိုက်ပြီး လင်ရှောင်းထင်က သူ့ကိုယ်သူ မထိန်းနိုင်မည်ဆိုး၍ အပြင်ကို ဆွဲထုတ်လိုက်သည်။ လင်ရှောင်းထင် သည် သူမဘာကြောင့်ဒီလိုလုပ်တယ်ဆိုတာ နားလည်၍ ရယ်နေသည်။ သူမသည် သူ့ကို တကယ်လိုချင်တပ်မက်စိတ်ပြင်းပြနေတဲ့ လူအဖြစ် ထင်သွားပုံရသည်။ သူတကယ် သူမနဲ့ အိပ်ချင်ပေမယ့် အချိန်အခါနဲ့ နေရာကိုတော့ သိပါသေးသည်။
ကုနင်းနှင့် လင်ရှောင်းထင် တို့သည် ဧည့်ခန်းသို့ ပြန်သွားပြီးနောက် တီဗီကြည့်ရန် အတူတူထိုင်ကြသည်။
နာရီဝက်လောက်ကြာတော့ ဟင်းပွဲတွေ အဆင်သင့်ဖြစ်ပြီဖြစ်၍ နေ့လည်စာ စားကြတော့သည်။ လင်ရှောင်းထင် သည် သူရင်းနှီးသော ဟင်းလျာများကို စားပြီးသည်နှင့် ခံစားချက်များ ရောထွေးနေသည်။
အရင်က မိသားစု ၃ ယောက်ရှိပေမယ့် အခု... လင်ရှောင်းထင် မှာ ခံစားချက်တွေ ရောထွေးနေသော်လည်း သူ့မျက်နှာမှာ မည်သည့်အမူအရာကိုမျှမပြ။ အမှတ်ရစရာတွေထဲမှာပဲ နေထိုင်တာ ဟာ ဆင်ခြင်တုံတရားမရှိသလို အခုသူ့အမေနဲ့တွေ့ရတာကိုပဲ သူပျော်နေသင့်သည်။ သူသည် သူ၏ ကလဲ့စားချေနိုင်ရန်အတွက် ကျင့်ကြံရေးကို တိုးတက်စေဖို့နှင့် သူ့အနာဂတ်ကို ပိုမိုစဉ်းစားသင့်သည်။
ကုနင်းကိုလည်း ကျင့်ကြံသူဖြစ်လာရန် နည်းလမ်းရှာဖွေရန်လည်း လိုအပ်သည်။ အဲဒါကိုတွေးပြီး လင်ရှောင်းထင် ဝမ်းနည်းသွားပြန်သည်။ သူ့ဆရာက ဒါဟာ အရမ်းအန္တရာယ်များတယ်လို့ ပြောထား၍ ကုနင်းကို အသက် မစွန့်စားစေချင်ပေ။
တကယ်တော့ သေမျိုးတွေက ကျင့်ကြံသူဖြစ်လာနိုင်ကြောင်းနဲ့ ပတ်သတ်ပြီး သူ သူ့ဆရာကို မေးထားကြောင်းကို ကုနင်းကို မပြောပြပေမယ့် ကုနင်းကလည်း ထိုမေးခွန်း၏ အဖြေကို သိထားပြီးသားဆိုတာ သိသည်။
ကုနင်းက အဲ့အကြောင်းကို ဘာမှ မပြောတဲ့အပြင် သူ့မျက်နှာမှာလည်း မည်သည့်အမူအရာများကိုမှ မပြသော်လည်း သူမသည် ကျင့်ကြံသူဖြစ်ရန် အားသန်နေမှန်း သူသိသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် သူရရှိရန် ခက်ခက်ခဲခဲကြိုးစားခဲ့ရသော စိုက်ထုတ်မှုနှင့် အသက်ရှည်ကျန်းမာစွာနေထိုင်ရန် အခွင့်အလမ်းကောင်းများကို မဆုံးရှုံးစလေိုသောကြောင့် သူမသည် သူ့နောက်လိုက်ရန်သာ အစွမ်းကုန်ကြိုးစားနေသည်။
ကုနင်းသည် သူ့ကိုစိတ်မပူရန်အတွက် ဘာမှပြောမပြောပြပေ။ သို့သော် သူ့အတွက် စိတ်မပူရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် လင်ရှောင်းထင် သည် ရှန်းကွမ်းယန် နှင့် ဆွေးနွေးရန် ဆုံးဖြတ်ထားသည်။ အကယ်၍ ကုနင်းသာ သူ့အရိုးတွေကို ဖြတ်ပြီး ခြင်ဆီ သန့်စင်ချင်တယ်ဆိုရင်တော့ သူ့ကို ပြောပြရမှာပေါ့။
ရိုးရိုးသားသားပြောရလျှင် လင်ရှောင်းထင် သည် ထိုအကြံအစည်ကို ထောက်ခံမည်၊ မထောက်ခံမည်ကို မသိသေးပါ။ သူမကို စိတ်ပူရင် သူသဘောမတူသင့်ပေ။ ဘာကြောင့်လဲဆိုတော့ သူမအသက်ကြီးလာပြီး တစ်နေ့မှာ သေရမယ်ဆိုရင် သူမနဲ့အတူလိုက်သေဖို့ ဆုံးဖြတ်ချက်ချပြီးသားပင်။
ဒီအရာက ကျင်းယွင်ယောင် အတွက်တော့ သူမ၏ သားသေဆုံးသွားတာကို ကြည့်ခိုင်းသလိုဖြစ်တာကြောင့် သူမအပေါ်တွင်တော့ တစ်ကိုယ်ကောင်းဆန်သွားနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ လင်ရှောင်းထင် သည် ကုနင်းမရှိဘဲ အဓိပ္ပါယ်ရှိသောဘဝဖြင့် နေထိုင်နိုင်မည်ဟု မထင်ပေ။
တကယ်တော့ ကုနင်းကသာ သူ့အရိုးတွေကို ဖြတ်ပြီး ခြင်ဆီတွေကို သန့်စင်ပေးဖို့ တွန်းအားပေးခဲ့မယ်ဆိုရင် သူမကို တားဆီးနိုင်မှာ မဟုတ်ပေ။ သူမအကျင့်ကို သူကောင်းကောင်းသိသည်။
လင်ရှောင်းထင် သည် ထိုအကြောင်းကို တွေးလိုက်သောအခါ သူ့မျက်နှာတွင် စိုးရိမ်ပူပန်မှုများပေါ်လာကာ ကုနင်း နှင့် ကျင်းယွင်ယောင် တို့သတိထားမိသွားသည်။
ကုနင်းက သူ့ကို မမေးပေမယ့် ကျင်းယွင်ယောင် က ချက်ချင်းမေးလိုက်သည်။ "ဘာဖြစ်လို့လဲ? ဟင်းမကြိုက်ဘူးလား"
"ကောင်းပါတယ် ကျွန်တော်ကြိုက်တယ်" လင်ရှောင်းထင် ကပြောသည် ။
"ကျွန်တော် တခြားကိစ္စတစ်ခုကို တွေးနေတာ။ ကြီးမားတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒီဟင်းတွေကို ကြိုက်တယ်။ အရသာရှိတယ်” ထိုစကားကိုကြားတော့ ကျင်းယွင်ယောင် သည် ထိုအချိန်က သူဘာတွေတွေးနလေဲဆိုတာကို ထပ်မမေးတော့ပါ။ သူသည် ကလေးမဟုတ်တော့အတွက် သူ့ဘာသာသူ ဆုံးဖြတ်ချက်ချနိုင်လိမ့်မည်။
"ဟုတ်ပါပြီ သား သူတို့ကို ကြိုက်ရင် အမေ မင်းအတွက် မကြာခဏ ချက်ပြုတ်ပေးလို့ရတယ်လေ" လို့ ကျင်းယွင်ယောင် က ပြောသည်။ သားဖြစ်သူမ ချက်ထားတဲ့ ဟင်းလျာတွေကို နှစ်သက်တာထက် သူမကို စိတ်ကျေနပ်အောင် ဘယ်အရာမှ မစွမ်းဆောင်နိုင်ပါဘူး။ သားသမီးတွေ ပျော်နေသရွေ့ မိဘတွေ ကျေနပ်ကြမှာပင်။
"မိုက်လိုက်တာ" လင်ရှောင်းထင် က ပြောသည်။
ကျင်းယွင်ယောင် က တကယ်ကို ထမင်းချက်ကောင်းသူမို့ ဒီတစ်ခါ ခါတိုင်းထက် ပိုစားသည်။
နေ့လည်စာစားပြီးသောအခါ လင်ရှောင်းထင် သည် ပန်းကန်များကိုဆေးလိုက်သည်။ ကျင်းယွင်ယောင် သည် တစ်စုံတစ်ရာ အမှားအယွင်းမရှိဟု ထင်ထားသော်လည်း ကုနင်းမှာ အနည်းငယ် အားနာသွားသည်။ သို့သော်လည်း လင်ရှောင်းထင် သည် သူမ၏အကူအညီကို မလိုအပ်သောကြောင့် ၎င်းကို သူမဘာမျှမတတ်နိုင်ဘဲ ကျင်းယွင်ယောင် ကလည်း သူမကိုဆွဲထုတ်လာသည်။
ကုနင်းမှာ ဖြေရှင်းစရာ တစ်ခုရှိ၍ နေ့လည် ၁ နာရီမှာ ထွက်လာရသည်။ လင်ရှောင်းထင် နှင့် ကျင်းယွင်ယောင် တို့က သူမကို မတားပေ။
လင်ရှောင်းထင် သည် ညနေ ၃ နာရီတွင် သူတို့၏ စစ်စခန်းသို့ ပြန်သွားခဲ့သည်။ သူ ဒီတခေါက် ရှုကျင်းချန် နဲ့အတူ ပြန်လာခဲ့တာဆိုပေမယ့် သူ့ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် မြို့တော်မှာ ရက်ကြာကြာနေခဲ့ရသည်။ ရှုကျင်းချန်က သူ့ထက် စောပြီး ပြန်သွားသောကြောင့် လင်ရှောင်းထင် သည် တစ်ယောက်တည်းသာ ပြန်သွားရသည်။