အခန်း (၁၇၅၃-၁၇၅၈)
Vol. 109 Ch. 1753-1758
အခန်း ၁၇၅၃ လစာငွေ ယွမ်သန်းတစ်ရာ
ကုနင်းထွက်လာပြီးနောက် သူမသည် ထန်ချင်းယန် ကို ဖုန်းဆက်ပြီး တွေ့ဆုံရန် အချိန်ရှိမရှိ မေးသည်။ အလုပ်ချိန်မဟုတ်သောကြောင့် ထန်ချင်းယန် လည်း အားနေသည်။ တကယ်တော့ သူ့အလုပ်မှာ အလုပ်မရှုပ်သရွေ့ ကုမ္ပဏီက ထွက်သွားနိုင်သည်။
ထန်ချင်းယန် သည် သာမန်ဝန်ထမ်းမဟုတ်ဘဲ အဓိကရှယ်ယာရှင်တစ်ဦးဖြစ်သည်။ သူသည် ကုမ္ပဏီ၏ ဒုတိယ ဆုံးဖြတ်ချက်ချသူဖြစ်သောကြောင့် တင်းကျပ်သော စည်းကမ်းများကို လိုက်နာရန် မလိုအပ်ပါ။
ဥက္ကဋ္ဌဖြစ်သည့်် ထန်ပင်းစန် သည် သူကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စရှိမှသာ ရုံးလာပြီး သူအလိုရှိတိုင်း ထွက်သွားနိုင်သည်။
ကုနင်းသည် ထန်ချင်းယန် ကို ထန်အဖွဲ့အစည်းဘေးက ကော်ဖီဆိုင်မှာ စောင့်ခိုင်းပြီး မိနစ် 20 အတွင်းမှာ သူမ ရောက်မှာဖြစ်ကြောင်း ပြောလိုက်သည်။ သူမသည် ထန်အဖွဲ့၏ ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း သိသောကြောင့် အစည်းအဝေးအတွက် ကော်ဖီဆိုင်ကို တန်းေပြာလိုက်ခြင်းဖြစ်သည်။
15 မိနစ်ခန့်အကြာတွင် ကုနင်းရောက်ရှိလာပြီး ထန်ချင်းယန် သည် သူမအား သီးသန့်ခန်းတစ်ခုတွင် စောင့်နေပြီဖြစ်သည်။ ပါးထျန်းယန် က သူ့ဘေးမှာ နလေေ့ရှိ၍ ယခုပါးထျန်းယန် လည်း ရှိနေသည်။
ထန်ပင်းစန် ၏ပြဿနာကို လုံးလုံးလျားလျား မဖြေရှင်းမီတွင် ထန်ချင်းယန် သည် အန္တရာယ်ရှိနေဆဲဖြစ်သော်လည်း ယခုအချိန်တွင် ပိုမိုကောင်းမွန်သော အခြေအနေတွင် ရှိနေပါသည်။
ပါးထျန်းယန် သည် ရက်အနည်းငယ်အတွင်း ကုနင်း၏ကုမ္ပဏီသို့ ပြန်သွားနိုင်သည်။
သူသည် ကုနင်း၏ကုမ္ပဏီမှထွက်ခွာခဲ့သည်မှာ အချိန်အတော်ကြာပြီး စုန့်မန်နီ သည် သူ့ကို လွမ်းနလေောက်မည်ဖြစ်သည်။
ကုနင်းသည် စုန့်မန်နီ နှင့် ပါးထျန်းယန် တို့၏ဆက်ဆံရေးသည် ယခုအချိန်တွင် မည်သည့်အဆင့်တွင်ရှိနေသည်ကို မသိသော်လည်း သူတို့ကြားတွင် ချိတ်ဆက်မှုရှိကြောင်း သူမသိသည်။
ပါးထျန်းယန် သည် ဤရက်ပိုင်းအတွင်း ထန်ချင်းယန် ၏ဘေးတွင်နေရပြီး စုန့်မန်နီ ကို မတွေ့ရသော်လည်း အချင်းချင်းဖုန်းခေါ်လေ့ရှိကြသည်။ ထန်ချင်းယန် ၏သက်တော်စောင့်အဖြစ် ပါးထျန်းယန် သည် သူ၏အလုပ်မထိခိုက်သရွေ့ သူမှာ ကိုယ်ပိုင်အချိန်နှင့်နေရာလည်းရှိသည်။
ကုနင်းက သူမ မိနစ် 20 အတွင်းမှာ ရောက္မယ်လို့ ပြောပြီး ထန်ချင်းယန် က မိနစ်အနည်းငယ်လောက် စောင့်ရပေမဲ့ သူ့မှာ နှစ်ပေါင်းများစွာ စောင့်ခဲ့ရတယ်လို့ ခံစားခဲ့ရသည်။ သူမကို အခုတွေ့ဖို့ မစောင့်နိုင်တော့ပေ။
တစ်မနက်လုံး စိတ်လှုပ်ရှားနေမိသည် သို့သော် သူ့အလုပ်အပေါ် မထိခိုက်ပါ။ ဆန့်ကျင်ဘက်အနေဖြင့် သူ့တွင် မက်လုံးပိုကြီးလာသည်။
ကုနင်းရောက်တာနဲ့ ထန်ချင်းယန် ၏ မျက်လုံးတွေ တောက်ပလာပြီး သူမလက်ထဲက ဖိုင်အိတ်ကို အာရုံစိုက်လိုက်သည်။
"ဘော့စ်၊ တွေ့ရတာဝမ်းသာပါတယ်" ပါးထျန်းယန် က ကုနင်းကို လေးစားစွာ နှုတ်ဆက်သည်။
"ဟိုင်း" ကုနင်းက သူ့ကိုပြောသည်။
"ဟိုင်း ကုနင်း ထိုင်ပါဦး ဘာသောက်ချင်လဲ" ထန်ချင်းယန် က မီနူးကို ကုနင်းဆီသို့ တွန်းပို့လိုက်သည်။ စာချုပ်ကိုမြင်လိုစိတ်ပြင်းပြသော်လည်း ကုနင်းရောက်ရောက်လာပြီးချင်း မေးလျှင် အတ္တဆန်လွန်းသောကြောင့် ၎င်းကိုမမေးခဲ့ပေ။
ကုနင်းသည် မီနူးကိုဖတ်ပြီး "အာသံလက်ဖက်ရည် တစ်ခွက်လောက်" ဟုပြောသည်။
"ဟုတ်ပြီ" ထန်ချင်းယန်ကပြောပြီး ခေါင်းလောင်းကို ချက်ချင်းတီးလိုက်သည်။ သူက စားပွဲထိုးကို ခေါ်ပြီး အာသံလက်ဖက်ရည်တစ်ခွက်ကို မှာလိုက်သည်။
စားပွဲထိုးထွက်သွားသောအခါ ကုနင်းသည် ဖိုင်အိတ်ကို ထန်ချင်းယန် အား ပေးလိုက်သည်။ "အင်း ရှင့်နာမည်ကို အခုပဲ လက်မှတ်ထိုးလို့ရပြီ" ထန်ချင်းယန် က ချက်ချင်းယူပြီး ဖွင့်လိုက်သည်။ ထန်ပင်းစန် ၏ လက်မှတ်ကို သူ့အကြည့်များ ရောက်သွားချိန်တွင် သူ့လက်များသည် စိတ်လှုပ်ရှားစွာ တုန်ခါနလေေသည်။
ထို့နောက် ပါတီ B ရှိ နေရာလွတ်တွင် သူ၏အမည်ကို လက်မှတ်ရေးထိုးရန် ဘောပင်ကို ထုတ်လိုက်သည်။ ထန်ချင်းယန် က စာချုပ်ကို စားပွဲပေါ်တင်ပြီး သူ့နာမည်ကို လက်မှတ်ထိုးတော့မည့်အချိန်မှာ စားပွဲထိုးက လက်ဖက်ရည် ပန်းကန်ကိုင်ရင်း ရောက်လာသည်။ စားပွဲထိုး မြင်မည်ဆိုး၍ ချက်ချင်းရပ်ပြီး စာချုပ်ကို ဖွက်လိုက်သည်။
စားပွဲထိုးက ခွက်ကိုချလိုက်ပြီး ထွက်သွားပြီးနောက် ထန်ချင်းယန် က စာချုပ်ကို စားပွဲပေါ်ပြန်တင်ပြီး သူ့နာမည်ကို လက်မှတ်ထိုးလိုက်သည်။ "ကောင်းပြီ ကျွန်မတာဝန်တော့ ပြီးသွားပြီ ကျန်တာတော့ ရှင်ကိုယ်တိုင်ဖြေရှင်းနိုင်မှာပါ" ဟု ကုနင်းကပြောပြီး သူ့နာမည်နဲ့ ဘဏ်ကတ်နံပါတ်ပါတဲ့ ကတ်တစ်ခုကို ထုတ်လိုက်သည်။
"ရှင်ဥက္ကဌဖြစ်လာတာနဲ့ လျော်ကြေးကို ကျွန်မကတ်ထဲကို လွှဲပေးပါ" လစာငွေ ယွမ်သန်းတစ်ရာ ပေးဆောင်ရန် သဘောတူညီမှုထားထားသည်။
သူမသည် ယွမ်သန်းတစ်ရာ ပိုင်ဆိုင်နိုင်သည်ဖြစ်စေ မရရှိနိုင်သည်ဖြစ်စေ ထန်ပင်းစန် ကို အနိုင်ယူရန် စိတ်ပိုင်းဖြတ်ထားသည်။ ထို့ကြောင့် ထန်ချင်းယန်ကို သူ့စိတ်အေးအောင် ဒီငွေပမာဏသာ တောင်းဆိုခဲ့သည်။ သူမအပေါ်အကြွေးတင်ပြီး ဝန်ထုပ်ဝန်ပိုးတစ်ခုလို ခံစားစေချင်ပေ။
ကုနင်းသာ ရည်ရွယ်ချက်ရှိလျှင် ထန်အဖွဲ့အစည်းတစ်ခုလုံးကို သိမ်းပိုက်နိုင်သည်။ ထိုအခြေအနေမျိုးတွင် သူမတွင် ယွမ်ငွေ ဘီလီယံပေါင်းများစွာ ရှိမည်ဖြစ်သော်လည်း သူမတွင် ထိုသို့ကြံအစည်မျိုး မရှိပေ။
"ပြဿနာမရှိပါဘူး" ထန်ချင်းယန်က ကတ်ကို ယူလိုက်သည်။ သူက သူ့ကတိကို တည်မှာဖြစ်ပြီး တကယ်လိုချင်ရင် ယွမ်တစ်ဘီလီယံ ပေးချေဖို့ ဆန္ဒရှိသည်။
"ရှင် အနာဂတ်မှာ ကျွန်မအကူအညီလိုရင် လွတ်လွတ်လပ်လပ် ပြောပါ" ဟု ကုနင်းက ပြောသည်။ ထန်အဖွဲ့အစည်းသည် ကြီးမားပြီး ရှုပ်ထွေးသော စီးပွားရေးအုပ်စုတစ်ခုဖြစ်ပြီး ထန်ချင်းယန် သည် ၎င်းကို ကောင်းမွန်စွာလည်ပတ်ရန် ငယ်လွန်းနေမည်ကို သူမစိုးရိမ်မိသည်။
"ကောင်းပါပြီ" ထန်ချင်းယန် က ပြောသည်။ ကိုင်တွယ်နိုင်မလားဆိုတာ သူသေချာတော့ မသိပေ။
တစ်ယောက်နဲ့တစ်ယောက် အချိန်အကြာကြီး စကားစမြည်ပြောပြီး ကုနင်းထွက်သွားသည်။
ကားပေါ်ပြန်ရောက်တော့ ချက်ခြင်းမမောင်းသေးပဲ အဲဒီအစား သူမဟာ ချူးဖေ့ဟန် ကို ဖုန်းဆက်ပြီး သူတို့ဘာလုပ်နေလဲလို့ မေးလိုက်သည်။ ချူးဖေ့ဟန် က သူမကို ဈေးဝယ်ထွက်နေသည့်အကြောင်း ပြောပြသည်။ မြို့တော်မှာ သူတို့ အဝတ်အစားနည်းနည်းပဲရှိပြီး အိပ်ယာလည်းဝယ်ဖို့ လိုေသးသည်။
ကုနင်းက သူတို့နဲ့တွေ့ဖို့ ဆုံးဖြတ်လိုက်သည်။ ပစ္စည်းတွေ အများကြီးဝယ်မယ်ဆိုတော့ သယ်ရတာ အဆင်မပြလေောက်ပေ။
ကုနင်းသည် Fမြို့မှ ချူးဖေ့ဟန်သို့ မောင်းနှင်လို့ရသော Land Rove၏ သော့ပေးခဲ့သော်လည်း မြို့တော်သည် ကြီးမားလွန်းသဖြင့် ၎င်းတို့နှင့် မရင်းနှီးပေ။ ချူးဖေ့ဟန် ရော မုခယ် ရော အပြင်မှာ မမောင်းရဲကြတဲ့အတွက် တက္ကစီနှင့် မြေအောက်ရထားကိုသာ စီးကြသည်။
မြို့တော်တွင် ရှော့ပင်းမောလ်ကြီးများ များစွာရှိပြီး ဖန်ရှန်းဈေးဝယ်စင်တာ သည် အမှန်တကယ်တွင် အကျော်ကြားဆုံးမဟုတ်သော်လည်း ချူးဖေ့ဟန် နှင့် အခြားသူများသည် ကုနင်း၏မိသားစုပိုင်ဖြစ်သောကြောင့် ၎င်းသို့သွားခဲ့ကြသည်။
သူတို့ငွေမပေးရသေးဘူးဆိုတာသိတာနဲ့ ကုနင်းက သူ့ကိုစောင့်ခိုင်းသည်။ သူမတွင် VIP ကတ်ရှိပြီး 20% လျှော့စျေးရနိုင်သည်။
သူမတွင် Black Card လည်း ရှိပြီး အရာအားလုံးသည် ငွေပမာဏအကန့်အသတ်အတွင်း အခမဲ့ဖြစ်သည်။ သို့သော် သူမသည် မည်သည့်အရာကိုမျှ ဝယ်မည်မဟုတ်သောကြောင့် ၎င်းအား မပေးခဲ့ခြင်း ဖြစ်သည်။ သူတို့မှာ ပိုက်ဆံလုံးဝမရှိတာ မဟုတ်တဲ့အတွက် သူတို့စီးပွားရေးဆိုတာကို သင်ယူရမည်။
ကုနင်းသည် နာရီဝက်အတွင်း ထိုနေရာသို့ ရောက်ရှိမည်ဖြစ်သောကြောင့် ချူးဖေ့ဟန် နှင့် အခြားသူများသည် အနီးနားရှိ ကော်ဖီဆိုင်တွင် သူမကို စောင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ကော်ဖီဆိုင်ကို ရှာကြည့်ရင်း စတိုင်ကျပြီး ချမ်းသာသော အမျိုးသမီးငယ်တစ်ဦးကို လူငယ်နှစ်ဦးက လိုက်နေသည်ကို အမှတ်မထင်တွေ့လိုက်ရသည်။ ချူးဖေ့ဟန်နှင့် အခြားလူများက သူတို့သည် ခါးပိုက်နှိုက်များဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနဲ့ သိလိုက်သည်။
သူတို့အားလုံးသည် တရားမျှတမှု အားကောင်းပြီး အားနည်းသူတွေကို ကူညီဖို့ အဆင်သင့်ဖြစ်တာကြောင့် တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ သာမန်အားဖြင့် အားနည်းသူများကို ကူညီရတာကို နှစ်သက်ကြသော်လည်း အရည်အချင်းထက်ကျော်လွန်၍ မည်သည့်အရာကိုမျှ မလုပ်ခဲ့ကြပေ။ သူတို့သည် ရလဒ်ကို ခံနိုင်ရည်ရှိမှသာ လုပ်မည်ဖြစ်သည်။
မနှောင့်နှေးဘဲ ချူးဖေ့ဟန်နှင့် အခြားလူများသည် ချမ်းသာသော အမျိုးသမီးထံသို့ လျှောက်သွားကြပြီး ချူးဖေ့ဟန်က ထိုအမျိုးသမီးကို ပြောလိုက်သည်။ "ဟိုင်း အန်တီ နောက်ဆုံးတော့ အန်တီကို တွေ့ပြီ။ အန်ကယ်က ကျွန်မတို့ကို စောင့်နေတယ်။ အန်တီ့နောက်ကလူနှစ်ယောက်က အန်တီသူငယ်ချင်းတွလေား"
ချမ်းသာသောအမျိုးသမီးသည် ချူးဖေ့ဟန်က သူမအား အခြားတစ်ယောက်နှင့် လွဲမှားစေသည်ဟု ထင်နေသည်။ သို့သော် သူ့နောက်တွင် လူနှစ်ယောက်ရှိနေသည်ဟု ကြားလိုက်သောအခါ သူမ ချက်ချင်းလှည့်ကြည့်လိုက်သည်။
***
အခန်း ၁၇၅၄ အရူးတွေ?
ချမ်းသာသော အမျိုးသမီးက သူမတစ်ယောက်တည်း ထွက်လာတာဖြစ်ပြီး ခင်မင်တဲ့ ယောကျာ်းနှစ်ယောက်ဆိုတာ မရှိလို့ စိတ်ရှုပ်သွားသည်။
သူဌေးအမျိုးသမီးက လှည့်ကြည့်လိုက်သောအခါ ထူးဆန်းသော လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ ထူးဆန်းတဲ့လူနှစ်ယောက်က ထိတ်လန့်တကြားနဲ့ ချက်ခြင်း ဘေးကို ထွက်ပြေးသွားတော့သည်။
တခဏချင်းမှာပဲ သူဌေးအမျိုးသမီးက ဖြစ်ပျက်ခဲ့တာကို သဘောပေါက်သွားသည်။ သူတို့ ထွက်သွားတာကို မြင်တော့ သူဌေးအမျိုးသမီးက သက်သာရာ ရသွားလေသည်။
သူမသည် ချူးဖေ့ဟန် နှင့် အခြားသူများကို လှည့်ကြည့်ပြီးနောက် သူတို့ကို ကျေးဇူးတင်ကြောင်းပြောလိုက်သည်။ "ကျေးဇူးအများကြီးတင်ပါတယ်။ မင်းတို့ကြောင့်သာ မဟုတ်ရင် ငါအဲ့ခါးပိုက်နှိုက်နှစ်ယောက်ရဲ့ပစ်မှတ်ဖြစ်လာလောက်တယ်!"
“ရပါတယ်မစ္စ၊ နောက်ဆို သတိထားပါ” ဟု ချူးဖေ့ဟန် က ပြောသည်။
“သတိထားပါမယ်” ဟု ချမ်းသာသော အမျိုးသမီးကပြောပြီး ထွက်သွားသည်။ ချူးဖေ့ဟန် နှင့် အခြားလူများက ဟိုလူနှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။ ချမ်းသာသောအမျိုးသမီးနောက်သို့ ဆက်လက်လိုက်သွားမည်ဆိုး၍ ၎င်းတို့အား အထူးသတိထားလိုက်ကြသည်။
အစက ချူးဖေ့ဟန် နှင့် အခြားသူများသည် သူဌေးအမျိုးသမီးနှင့်အတူ ဤနေရာသို့ ရောက်လာသည်ဟု ထိုလူနှစ်ယောက်ကထင်ထားသော်လည်း သူတို့အထင်မှားယွင်းသွားသည်။ ချူးဖေ့ဟန်သည် သူဌေးအမျိုးသမီးအား သူတို့နှင့်ဝေးဝေးနေဖို့ သတိပေးရန် ထွက်လာခြင်းသာဖြစ်ေနသည်။ ထို့ကြောင့် လူနှစ်ယောက်က ဒေါသထွက်သွားကြသည်။ ချူးဖေ့ဟန် နှင့် သူမ၏ သူငယ်ချင်းများသည် ဆယ်ကျော်သက်များသာဖြစ်သောကြောင့် သူတို့ကို မကြောက်ကြဘဲ အပြစ်တင်လိုက်ကြသည်။
"မင်း တမင် ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာလား" ယောက်ျားတစ်ယောက်က ပြင်းပြင်းထန်ထန် မုန်းတီးပြီး မေးသည်။ တကယ်တော့ သူ့မှာ အဖြေရှိပြီးသားပါ။
"အဲ့တော့ ဘာဖြစ်လဲ?" ချူးဖေ့ဟန်သည် လက်နှစ်ဖက်ကို ရင်ဘတ်တွက်ယှက်လိုက်ကာ (လက်ပိုက်လိုက်ကာ) အထင်အမြင်သေးစွာဖြင့် တုံ့ပြန်သည်။ သူတို့ကို မကြောက်ပေ။ သူတို့သာ ကြောက်နေလျှင် အစထဲက ၀င်ပါမည်မဟုတ်ပေ။
"အဲ့တော့? မင်းက ငါတို့ကို ငွေအများကြီးရှာနိုင်မယ့် အခွင့်အရေးကြီးကို ဆုံးရှုံးစေတယ်။ မင်းမှာရှိတဲ့ ပိုက်ဆံအားလုံးကို ငါတို့ကို အခုပေး မပေးရင် မင်းကို တစ်သက်လုံး မေ့မရနိုင်မယ့် သင်ခန်းစာတစ်ခု သင်ပေးမယ်" အခြားလူက အလွန်မာထန်သော လေသံဖြင့် ခြိမ်းခြောက်သည်။
"တကယ်လား? ခင်ဗျား ကျွန်တော်တို့ပိုက်ဆံတွေကို ယူနိုင် မနိုင်ပဲ ကြည့်ကြည့်ရအောင်” ဟု မုခယ် က ပြောသည်။ လူရှေ့သူရှေ့ လုယက်လောက်သည်အထိ သူတို့ ဒီလောက်မိုက်မဲနေမှာမဟုတ်ဘူးလို့ သူထင်သည်။ သို့သော် ထိုလူနှစ်ယောက်က လူရှေ့သူရှေ့တွင် လုယက်ရန်အထိ ရဲရဲဝံ့ဝံ့ သတ္တိရှိသောကြောင့် သူ့အထင်မှားပါသည်။
၎င်းတို့နှစ်ဦးသည် မုခယ်၏ ဒေါသလာဆွခြင်းကို ခံခဲ့ရသောကြောင့် သူတို့၏ အပြုအမူ၏ အကျိုးဆက်ကို မစဉ်းစားကြတော့ပေ။
“ကောင်းပြီလေ။ မင်းက ဒီလောက်ထိတောင် တောင်းဆိုနေမှတော့” ထို့နောက် ၎င်းတို့နှစ်ဦးသည် ချူးဖေ့ဟန်နှင့် အခြားလူများဆီသို့ လျှောက်သွားကာ လုယက်ခြင်းမပြုမီ သူတို့အား ဖမ်းရန်ကြိုးစားသည်။
ချူးဖေ့ဟန်နှင့် သူမ၏ သူငယ်ချင်းများကို တိုက်ခိုက်ရန် နီးကပ်လာချိန်တွင် ချူးဖေ့ဟန်နှင့် မုခယ်တို့သည် သူတို့၏ လက်သီးများကို ဦးစွာ မြှောက်လိုက်ကြသည်။ စက္ကန့်ပိုင်းအတွင်းမှာပဲ လူနှစ်ယောက် မြေပြင်ပေါ် လှဲချပြီး နှစ်ယောက်သား နာကျင်စွာ အော်ကြ လေသည်။ “အိုး မဟုတ်ဘူး!”
ဒီဆယ်ကျော်သက်များသည် ကွန်ဖူးပညာကို အလွန်အံ့ဩစရာကောင်းအောင် တတ်မြောက်ကြပြီး သူတို့ကိုအလွယ်တကူ ရိုက်နှက်နိုင်ကြသည်။ သူတို့ ပြန်တိုက်ဖို့တောင် အချိန်မရှိပေ။ သူတို့ရဲ့ နာကျင်စွာအော်ဟစ်သံက သူတို့ပတ်ဝန်းကျင်က လူတွေရဲ့ အာရုံကို ဖမ်းစားသွားသည်။ နောက်ပိုင်းတွင် ဖြတ်သွားဖြတ်လာ အများအပြားက သူတို့ကို ဝိုင်းလာကြသည်။
"ဒီကလေးတွေက အရမ်းရက်စက်တာပဲ ရှော့ပင်းမောလ်မှာ ရန်ဖြစ်ကြတယ်လို့”
“မှန်တယ် ခုခေတ်ကလေးတွေများ အကျင့်ပျက်ပြီး အရှက်မရှိကြဘူး”
“…”
ကြည့်ရှုသူများသည် အမှန်တရားကို မသိရှိပဲ အားနည်းသူများအတွက် ပြောဆိုကြသည်။ သူတို့နှစ်ဦး ယခု မြေပြင်ပေါ်တွင် အရိုက်ခံရသောကြောင့် ၎င်းတို့ကို စာနာစိတ်ဖြင့် ချူးဖေ့ဟန် နှင့် သူမ၏ သူငယ်ချင်းများအား ဝေဖန်ခဲ့သည်။
ချူးဖေ့ဟန် နှင့် အခြားသူတို့သည် ဝေဖန်ခံရသောအခါ မကျေမနပ်ဖြစ်ခဲ့ကြပြီး ချူးဖေ့ဟန် က “တိတ်တိတ်နေစမ်း မင်းတို့တွေ ဘာဖြစ်မှန်မသိပဲ လျှောက်မပြောနဲ့။ ဒီလူနှစ်ယောက်က ခါးပိုက်နှိုက်တွေ ကျွန်မတို့ကို လုယက်ဖို့တောင် ကြိုးစားကြတာ။ ကျွန်မတို့ ပြန်ခုခံသင့်တယ်မလား? ဒီတိုင်းရပ်ပြီး လုယက်ဖို့စောင့်နေရမှာလား"
အဲဒါကိုကြားတော့ လူတော်တော်များများက ရှက်ပြီး ပါးစပ်ပိတ်ထားကြသည်။ တစ်ချိန်တည်းမှာပင် အချို့ကလည်း ချူးဖေ့ဟန်ကို စိတ်အနှောင့်အယှက်ဖြစ်သွားစေခဲ့သည်။
"ရူးနေတဲ့ ဓားပြတွေပဲ လူမြင်ကွင်းမှာ လုလိမ့်မယ်!" ချူးဖေ့ဟန်က အေးစက်သောအကြည့်ဖြင့် ထိုစကားကိုပြောသောလူဘက်သို့လှည့်လိုက်သည်။
အဲဒီလူက သူနဲ့ အသက်တူတဲ့ မိန်းကလေးပင်။ သူမသည် ချောမောလှသော်လည်း ကြည့်ရသည်မှာ တော်တော်မိုက်မဲပုံရသည်။ ထို့အပြင် ကောင်မလေးသည် ချူးဖေ့ဟန် အပေါ် မနာလိုစိတ်များ ပေါ်နေသည်။ ဒါကြောင့်သာ သူမ၏ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေကို ရိုးရှင်းစွာ ထုတ်ပြောနေတာ ထင်ရှားပါသည်။
မိန်းကလေးမှာ အဆိုးမြင်စိတ်တွေ ရှိခဲ့တယ်ဆိုတာ အမှန်ပါပဲ။ ကောင်မလေးဘေးမှာ အသက်နှစ်ဆယ်အရွယ်လောက် ကောင်လေးတစ်ယောက်ရှိသည်။ သူက ချူးဖေ့ဟန် ကို လေးလေးစားစားနဲ့ ကြည့်နေသည်။ မိန်းကလေးတစ်ဦးဖြစ်သော ချူးဖေ့ဟန် သည် စက္ကန့်ပိုင်းအတွင်း သန်မာသော အမျိုးသားနှစ်ဦးကို အနိုင်ယူနိုင်ခဲ့သည်မှာ မယုံနိုင်စရာကောင်းလောက်အောင်ပင် သူမအား အလွန်သဘောကျကာ ချီးကျူးနေမိသည်။
သူ့ဘေးနားက ကောင်မလေးက ထိုချီးကျူးစကားကို ကြားသောအခါ စိတ်တိုသွားမိသည်။ တစ်ဖက်တွင်မူ ထိုမိန်းကလေးသည် ရုတ်တရက် ရန်လိုလာသောအခါတွင် အမျိုးသားက မျက်မှောင်ကြုတ်လိုက်သည်။
"မင်းကို စီစီတီဗီ ပြစေချင်တာလား။ သူတို့ ငါတို့ကို လူကြားထဲမှာ လုယက်ဖို့ ကြိုးစားခဲ့တာအမှန်ဆိုရင် မင်းပြောခဲ့တဲ့စကားအတွက် မင်းတာဝန်ယူမှာလား။ မင်းရဲ့အပြုအမူအတွက် မင်းဘာပေးဆပ်ရမလဲဆိုတာ ငါတို့အပေါ်မှာပဲမူတည်တယ်နော်" ဟု ချူးဖေ့ဟန်က အေးစက်သောလေသံဖြင့် ပြောသည်။
မုခယ်သည် တစ်ဖက်လူက မိန်းကလေးဖြစ်သောကြောင့် ဘာမှမပြောဘဲ ချူးဖေ့ဟန်ကိုသာ ကိုင်တွယ်ခွင့်ပေးလိုက်သည်။
“မင်း…” ချူးဖေ့ဟန် နှင့် အခြားလူများက သူမကို တည့်တည့်စိုက်ကြည့်သောအခါ ကောင်မလေးသည် ဖိစီးမှုခံစားရပြီး ချူးဖေ့ဟန် ၏စကားများက သူမကို ဒေါသထွက်စေသည်။
ကံမကောင်းစွာပဲ ချူးဖေ့ဟန်က အရမ်းယုံကြည်ချက်ရှိနေပုံပေါ်တာကြောင့် သူမသည် ဘယ်လိုပြန်ငြင်းခုန်ရမှန်း မသိ။
အမျိုးသားက ကောင်မလေးကိုကြည့်ကာ အေးစက်စွာပြောသည် “မင်းကိုယ်မင်း တခြားသူတွေထက် ဉာဏ်ကောင်းတယ်လို့ ထင်နေတာလား။ ဒါ မင်းကိစ္စမဟုတ်ဘူး တိတ်တိတ်နေ"
“ကျွန်မ…” ထို အမျိုးသားက သူ့ကို ဒီလိုပြောတဲ့အခါ မိန်းကလေးက စိတ်ဆိုးသွားပေမယ့် သူနဲ့ ငြင်းခုံဖို့ မဝံ့ရဲပေ။
"တောင်းပန်ပါတယ်။ သူ့ကိုယ်စား ကျွန်တော် မင်းကို တောင်းပန်ပါတယ် ကျေးဇူးပြု၍ ခွင့်လွှတ်ပေးပါ” ဟု ထိုလူက ချူးဖေ့ဟန်အား ရိုးသားစွာပြောသည်။
သူနဲ့ဘာမှမဆိုင်သလို ဒီကောင်မလေးကိုလည်း သူတကယ်မကြိုက်ပေမယ့် ဒီမိန်းကလေးက သူ့အမေရဲ့လုပ်ဖော်ကိုင်ဖက်ရဲ့သမီးဖြစ်ပြီး မသိချင်ယောင်ဆောင်နေ၍ မရပေ။ သူသည် ထိုမိန်းကလေးကို မကြိုက်သော်လည်း သူ့မိခင်၏ လှည့်စားမှုကြောင့်သာ သူမနှင့် အပြင်သို့ ဈေးဝယ်ထွက်ခဲ့ရသည်။
သူ့အမေသည် ပစ္စည်းတွေ အများကြီးဝယ်ထားတာကြောင့် ဈေး၀ယ်ကုန်တိုက်နားက ကော်ဖီဆိုင်မှာ စောင့်နေမည်ဟုဆိုကာ လာကြိုဖို့ လိမ်ညာခဲ့သည်။ သို့သော် သူရောက်လာသောအခါတွင် သူ့အမေကို မတွေ့ရတော့ဘဲ၊ ထိုမိန်းကလေးသာ ရှိတော့သည်။
တကယ်တော့ သူ့အမေက ဒီကောင်မလေးအမေနဲ့ ဈေးဝယ်ထွက်ခဲ့ခြင်းဖြစ်သည်။ ဒီထက်ပိုသိသာတာ မရှိနိုင်တော့ပေ။ သူ့အမေက သူတို့ကို စီစဉ်ပေးချင်ပေမယ့် သူ ဒီကောင်မလေးကို ကောင်းကောင်းသိပြီး သူမကို မုန်းသည်။
ထို့ကြောင့် သူသည် ဤမိန်းကလေးနှင့် အတူမနေလိုဘဲ သူ့အမေကို လိုက်ရှာချင်သော်လည်း လမ်းတစ်ဝက်တွင် ရန်ပွဲကို သတိပြုမိခဲ့သည်။
ချူးဖေ့ဟန် နှင့် သူမ၏ သူငယ်ချင်းများက ထိုအကြောင်းကို ဘာမှ ထပ်မပြောတော့ဘဲ ကောင်မလေးကို အထင်အမြင်သေးစွာ တစ်ချက်ကြည့်ပြီးနောက် ထွက်ခွာသွားခဲ့သည်။
မတော်တဆမှုကြောင့် ကုနင်းနှင့် တွေ့ဆုံရန် ချိန်းထားသည့်အချိန် ရောက်သွားပြီဖြစ်သောကြောင့် ကော်ဖီဆိုင်သို့ မသွားတော့ဘဲ ရှော့ပင်းမောလ်ကိုသာ သွားလိုက်သည်။
ချူးဖေ့ဟန်နှင့် သူမ၏ သူငယ်ချင်းများ ထွက်သွားပြီးနောက် အမျိုးသားက ကောင်မလေးအား မကျေမနပ် တစ်ချက်ကြည့်ပြီး ကောင်မလေးကို လျစ်လျူရှုကာ ထွက်သွားခဲ့သည်။
***
အခန်း ၁၇၅၅ ရုန်းကန်နေတာကို လက်လျော့လိုက်
"ကျီယွီ!" ကောင်မလေးက သူ့နောက်ကို ချက်ချင်းလိုက်လာပြီး ရှင်းပြသည်။
"တောင်းပန်ပါတယ် ကျွန်မအဲလိုစကားမျိုး မပြောသင့်ဘူး၊ ဒါပေမယ့် အများကြီး မစဉ်းစားမိလိုက်လို့ပါ"
“မင်းငါ့ကို တောင်းပန်စရာ မလိုပါဘူး၊ မင်းဘာလုပ်တယ်ဆိုတာ ငါဂရုမစိုက်ဘူး” ဟု စိတ်မရှည်စွာနဲ့ ထိုလူက ပြောသည်။
“ကျွန်မ…” ကောင်မလေးက တစ်ခုခုပြောချင်နေသေးပေမယ့် သူဘာပြန်ပြောရမှန်းကို မသိတော့ပေ။ ထိုယောက်ျားလေးရဲ့ စိတ်မရှည်မှုကို ခံစားလိုက်ရတာကြောင့်ပင်။ ကောင်မလေး စိတ်ထဲမှာ အတော်လေး ကြေကွဲသွားသည်။ သူမကို ဘာကြောင့်ဒီလိုဆက်ဆံတာလဲ သူမနားမလည်။ သူမ ဘာအမှားလုပ်မိလို့လဲ။ သူမသည် ချမ်းသာသောမိသားစုတွင် မွေးဖွားလာခဲ့ပြီး ချောမောလှပသော်လည်း သူက သူမကို ဂရုမစိုက်ပေ။
သို့သော် ထိုယောက်ျားသည် ဒေါသထွက်မည်ကို သူမစိုးရိမ်သောကြောင့် နှုတ်ဆိတ်နလေိုက်သည်။
ငါးမိနစ်ခန့် လမ်းလျှောက်ပြီးနောက် ချူးဖေ့ဟန်သည် ကုနင်း၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသည်။ ကုနင်းရောက်လာပြီဖြစ်ပြီး အခုဘယ်ရောက်နလေဲလို့ မေးသည်။ သူမသည်သူတို့ကိုတွေ့ရန်လာလိမ့်မည်။
ချူးဖေ့ဟန်သည် သူမကို သူတို့ရဲ့ နေရာကို ပြောပြပြီးနောက် သုံးမိနစ်အကြာမှာ ကုနင်းရောက်လာပြီး သူတို့နှစ်ယောက် ဈေးဝယ်ထွက်ခဲ့သည်။
သူတို့သည် ခရီးဆောင်အိတ်တစ်လုံးတည်းဖြင့် လာတာဖြစ်ပြီး အဝတ်များစွာကို ယူဆောင်လာနိုင်ခြင်း မရှိသောကြောင့် အိပ်ရာနှင့် အဝတ်အစားများကို ရှာ၀ယ်ရန် လိုအပ်သည်။
သူတို့အားလုံးဟာ ကျောင်းသားတွေဖြစ်ပြီး ဈေးကြီးတဲ့အဝတ်အစားတွေ မဝတ်သင့်တာကြောင့် ယွမ်ရာဂဏန်းတန်ဖိုးရှိ အ၀တ်များကိုသာ ဝယ်ခဲ့ကြသည်။ ယွမ်ရာဂဏန်းသည် နိုင်ငံတကာ အမှတ်တံဆိပ်များနှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်သော်လည်း အမှန်တကယ်တော့ ကျောင်းသားများအတွက် အနည်းငယ်တော့ မဟုတ်ပါ။ ထို့အပြင် နွေရာသီအ၀တ်အထည်များကိုပါ ၀ယ်ကြသည်။
မုခယ် သည် ယွီမီရှီ လိုချင်သည့်အရာကို ပေးချေချင်သော်လည်း ယွီမီရှီက ငြင်းဆိုသည်။ သူတို့ဟာ အခုချိန်မှာ သမီးရည်းစားဖြစ်ပေမယ့် ယွီမီရှီက မုခယ်ရဲ့ပိုက်ဆံတွေကို အများကြီးမသုံးတာ ပိုကောင်းမယ်လို့ တွေးသည်။ ချိန်းတွေ့ဖို့ အပြင်သွားတဲ့အခါ ဒါမှမဟုတ် တစ်ယောက်နဲ့တစ်ယောက် လက်ဆောင်ပေးတဲ့အခါမှသာ လက်ခံသည်။
…
ညနေ ၃ နာရီတွင် လင်ရှောင်းထင်သည် စစ်စခန်းသို့ ပြန်လည်ရောက်ရှိလာသည်။ ဒီတခေါက် မီးတောက်နီ၏ စစ်အခြေစိုက်စခန်းကို ပြန်သွားမည်ဆိုပေမယ့် သူနေခဲ့တဲ့ အထူးတပ်ဖွဲ့ရဲ့ စစ်အခြေစိုက်စခန်းကို အရင်သွားရမည်။
မီးတောက်နီ၏ အခြေစိုက်စခန်းသို့ သွားရန်အတွက် သီးသန့်လေယာဉ်ကို စီးရန် လိုအပ်သောကြောင့် အထူးတပ်ဖွဲ့များအတွက် သီးသန့်လေယာဉ်ကို အခြေစိုက်စခန်းတွင် ရပ်နားထားသည်။
မြို့တော်၏ မြို့လယ်ခေါင်နှင့် မဝေးလှသော်လည်း ဝေးကွာသော တောင်တန်းများတွင် ဝှက်ထားသောကြောင့် လမ်းတစ်လျှောက် ယာဉ်မတော်တဆမှုများ ဖြစ်ပွားနိုင်သည်။
အံ့ဩစရာမရှိဘဲ လင်ရှောင်းထင် သည် ဤတစ်ကြိမ်တွင် ပြဿနာနှင့် ရင်ဆိုင်ရသည်။
လူတစ်ယောက် ရုတ်တရက် တောထဲမှ ပြေးထွက်လာပြီး လင်ရှောင်းထင် ၏ လမ်းကို ပိတ်ဆို့လိုက်သည်။ လင်ရှောင်းထင်သည် လန့်သွားပြီး ဘရိတ်ကို ဆောင့်နင်းလိုက်ကာ သူနှင့် မီတာဝက်အကွာတွင် ရပ်လိုက်သည်။
တစ်ချိန်တည်းမှာပင် လင်ရှောင်းထင်သည် ရင်းနှီးသောအငွေ့အသက်ကို ခံစားလိုက်ရသည်။ ၎င်းသည် ကျင့်ကြံသူဖြစ်ပြီး နတ်ဆိုးလေ့ကျင့်ရေး၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ လင်ရှောင်းထင်သည် မျက်မှောင်ကြုတ်ကာ ထိုလူကို စိုက်ကြည့်နေသည်။
ထိုလူသည် ခက်ထန်သော မျက်နှာဖြင့်ဖြစ်ပြီး အနက်ရောင်၀တ်စုံကို ၀တ်ထားသည်။ သူ့မျက်လုံးထဲတွင် လောဘနှင့် စိတ်လှုပ်ရှားမှုများဖြင့် လင်ရှောင်းထင် ကို သတ်ချင်နေပုံရသည်။ လင်ရှောင်းထင် သည် အဆင့်နိမ့်နေသော်လည်း ထိုလူက သူ၏ စွမ်းအင်ကို စုပ်ယူရန် အခွင့်ကောင်းတစ်ခုဟု ထင်သည်။ လင်ရှောင်းထင်သည် မြင့်မားသောအဆင့်တွင် ရှိနေပါက ၎င်းကို သေချာစွာ စဉ်းစားရပေမည်။
လင်ရှောင်းထင်သည် နတ်ဆိုးလေ့ကျင့်ရေးမှ လူကို ရင်ဆိုင်ရန် မကြောက်ပေ။ သို့သော် သူ့ကား ပျက်စီးခြင်းမှ တားဆီးရန် ကားပေါ်မှ ဆင်းကာ ထိုလူကို ရင်ဆိုင်ရန် သွားလိုက်သည်။
"သတ္တိတော့ရှိသား!" လင်ရှောင်းထင်၏ အပြုအမူကို မြင်လိုက်ရသဖြင့် ထိုလူသည် အံ့သြသွားသော်လည်း သူပို၍ လှောင်ပြောင်နေသည်။ လင်ရှောင်းထင် လုပ်လိုက်တဲ့အရာက သူ့မျက်လုံးထဲမှာ အဓိပ္ပါယ်မရှိပေ။
"ခင်ဗျားဘာလိုချင်တာလဲ?" လင်ရှောင်းထင်က အေးစက်စွာမေးလိုက်သည်။
"မင်းရဲ့ စွမ်းအင်တွေကို စုပ်ယူဖို့နဲ့ ငါ့ကျင့်ကြံရေးတိုးတက်ဖို့လေ" ထိုလူက ကဲ့ရဲ့၏။
"ကောင်းပြီ ခင်ဗျား အဲဒါကို လုပ်နိုင်မလား ကြည့်ရအောင်" လင်ရှောင်းထင်က အကြောက်အလန့်မရှိ ပြောသည်။ သူသည် ထိုလူကို စိန်ခေါ်လိုက်သည်။ လင်ရှောင်းထင်သည် သူ့ဘာသာသူ ကိုင်တွယ်ဖြေရှင်းရန် စီစဉ်နေသောကြောင့် ကျောင်းလုံကို ယခုအချိန်တွင် မလွှတ်ချင်သေးပေ။ သူ့အတွက်လက်တွေ့ အတွေ့အကြုံ ပိုလိုအပ်သည်။ တကယ်မနိုင်လျှင် ကျောင်းလုံကို ကူညီဖို့အတွက် လွှတ်လိုက်လိမ့်မည်။
ကျောင်းလုံအကြောင်းကို တွေးတောရင်း လင်ရှောင်းထင်သည် ဤအခိုက်အတန့်တွင် ကံကောင်းသလို ခံစားလိုက်ရသည်။ ကုနင်းကသာ သူ့ကို မပေးခဲ့ဘူးဆိုလျှင် အခုအချိန် အသက်ရှင်ဖို့ သူ့အစွမ်းနဲ့ ကံတရားကိုသာ အားကိုးရလိမ့်မည်။
သူ့ထက်နိမ့်ကျသော ကျင့်ကြံသူရဲ့ စိန်ခေါ်မှုကို ခံရတဲ့အခါ ထိုလူက ဒေါသထွက်သွားသည်။ "အရမ်းကောင်းတယ်။ ငါ့အစွမ်းအစကို ပြရသေးတာပေါ့" ထိုလူက မုန်းတီးမှုဖြင့် ပြောပြီး လင်ရှောင်းထင်ကို မနှောင့်နှေးဘဲ တိုက်ခိုက်လိုက်သည်။ သူ့အစွမ်းကို သက်သေပြရန် လင်ရှောင်းထင်ကို အမြန်ဆုံးဖမ်းချင်သောကြောင့် လျင်မြန်ပြီး ပြင်းထန်စွာ လှုပ်ရှားလိုက်သည်။
လင်ရှောင်းထင်သည်လည်း ပြန်လည်တိုက်ခိုက်ရန် တွန့်ဆုတ်မနေပါ။ သို့သော်လည်း သူသည် သူ၏ ခွန်အားကို အပြည့်အ၀ အသုံးပြုသော်လည်း ထိုလူနှင့် ယှဉ်နိုင်မည်တော့ မဟုတ်ပေ။
ကျင့်ကြံသူနှစ်ယောက်ကြားက တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ တိုက်ပွဲတစ်ခုပင်။
လင်ရှောင်းထင်သည် အဆင့်နိမ့်သော်လည်း၊ သူသည် တူညီသောအဆင့်တွင် အခြားသော ကျင့်ကြံသူများထက် သန်မာပြီး သူ့ထက် မြင့်မားသော အဆင့်ရှိ ကျင့်ကြံသူများထက် အနည်းငယ်သာ အားနည်းပါသည်။
ရလဒ်အနေနှင့် ထိုလူသည် လင်ရှောင်းထင်ကို တိုက်ခိုက်သောအခါ လင်ရှောင်းထင်သည် ချက်ခြင်းမရှုံးသွား၍ သူ့ကို အံ့အားသင့်စေခဲ့သည်။ လင်ရှောင်းထင်သည် မြင့်မားသောအဆင့်တွင်မရှိသော်လည်း လုံးဝအားမနည်းကြောင်း သူသဘောပေါက်ခဲ့သည်။
သူတို့၏ ကျင့်ကြံရေး ကွာဟချက်ကြောင့် လင်ရှောင်းထင်သည် ထိုလူ၏ တိုက်ခိုက္မှုမှ မိမိကိုယ်ကို ကာကွယ်ရန် အစွမ်းကုန် ကြိုးစားခဲ့ရသည်။ သူသည် ထိုအချိန်တွင် ဘေးကင်းနေသေးသည်။ လင်ရှောင်းထင်ကို အချိန်တိုတိုအတွင်း မဖမ်းနိုင်သောအခါ ထိုလူသည် အလွန်စိတ်ပျက်သွားသည်။
“လူငယ် ရုန်းကန်နေတာကို လက်လျော့လိုက်ရင် ပိုကောင်းမယ်။ မင်းက ငါနဲ့ မယှဉ်နိုင်ဘူး” ဟု ထိုလူက အေးစက်သောလေသံဖြင့် ပြောသည်။
လင်ရှောင်းထင်သည် အလွန်ထူးချွန်သော ကျင့်ကြံသူဖြစ်ကြောင်း ဝန်ခံသော်လည်း သူက လင်ရှောင်းထင် ထက်သာလွန်သေးသည်။ လင်ရှောင်းထင်သည် သူ့အတွက် မယှဉ်နိုင်ဟု သူယုံကြည်သည်။
“ဒါဆို ခင်ဗျားရဲ့ အရည်အချင်းကို ပြလေ” ဟု လင်ရှောင်းထင်က ပြောသည်။
ယခုအချိန်တွင် သူသည် ညံ့ဖျင်းသော်လည်း၊ သူ့ကို ကူညီရန် ကျောင်းလုံရှိသေးသည်။ သို့သော် သူသည် ထိုလူ၏ ထိခိုက်မှုမှ မိမိကိုယ်ကို ကာကွယ်နိုင်ဆဲဖြစ်သောကြောင့် ကျောင်းလုံကို ချက်ချင်း လွှတ်ပေးရန် ဆန္ဒမရှိပေ။
"အရူး!" ထိုလူက ဒေါသတကြီးပြောပြီး လင်ရှောင်းထင်ကို ဆက်လက်တိုက်ခိုက်သည်။
အချိန်ကြာလာသည်နှင့်အမျှ လင်ရှောင်းထင်သည် ပြန်လည်တိုက်ခိုက်ရန် ခက်ခဲလာပြီး သူသည် ပို၍ ပို၍ အန္တရာယ်များသော အခြေအနေရောက်လာသည်။ ထို့ကြောင့် လင်ရှောင်းထင်သည် ဒဏ်ရာမရစေရန်အတွက် မဆိုင်းမတွဘဲ ကျောင်းလုံကို လွှတ်လိုက်သည်။
ထိုသို့ပြုလုပ်သောအခါတွင် အခြားလူများ ရှိမရှိကို သိရှိရန် အနီးပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။ ကျောင်းလုံကို အခြားလူများ မြင်လျှင် ကြီးစွာသော ဒုက္ခဖြစ်စေလိမ့်မည်။ ကံကောင်းစွာနဲ့ပဲ သူတို့ပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိပေ။
ကျောင်းလုံ ပေါ်လာသည်နှင့် ထိုလူလည်း ထိတ်လန့်သွားသည်။ လင်ရှောင်းထင်မှာ ကျောင်းလုံရှိမည်ဟု သူ မမျှော်လင့်ထားပေ။ ထို့အပြင် ကျောင်းလုံသည် သူ့ထက် သာ၍ မြင့်မားသော ကျင့်ကြံမှုရှိကြောင်း သိသာထင်ရှားသောကြောင့် ထိုလူသည် ခြိမ်းချောက်ခြင်းကို ခံစားခဲ့ရပြီး လွတ်မြောက်ချင်လာသည်။
အခုချက်ချင်းသာ ထွက်မပြေးလျှင် သူဒီနေ့သေသွားနိုင်ပေသည်။
***
အခန်း ၁၇၅၆ လူယုတ်မာရဲ့ ရှုံးနိမ့်ခြင်း
တခဏချင်းမှာပဲ ထိုလူက အဝေးကို ပြေးသွားသည်။
"သူ့ကိုသတ်" လင်ရှောင်းထင်သည် တစ်ချိန်တည်းမှာပင် ကျောင်းလုံကို အမိန့်ပေးလိုက်သည်။ ကျောင်းလုံက သူ့အမိန့်ကို နာခံပြီး အဲဒီလူကို ချက်ချင်းဖမ်းရန်သွားသည်။
ထိုလူသည် ယခု လွတ်မြောက်ရန် မဖြစ်နိုင်တော့သောကြောင့် ရပ်တန့်ကာ ကျောင်းလုံကို တွန်းလှန်ရတော့သည်။ သူသည် ကျောင်းလုံထက် နိမ့်ကျသော်လည်း တိုက်ပွဲသည် အချိန်အတော်ကြာအောင် ကြာမြင့်ဆဲဖြစ်သည်။
သို့သော် မိနစ်အနည်းငယ်အတွင်း ကျောင်းလုံသည် ထိုလူကို ဖမ်းမိပြီး သူ၏စွမ်းအင်ကို စုပ်ယူလိုက်သည်။ နောက်တစ်စက္ကန့်တွင် ထိုလူသည် အနက်ရောင်အငွေ့ တစ်ခုဖြစ်သွားပြီး ပျောက်ကွယ်သွားေတာ့သည်။
ထို့နောက် ကျောင်းလုံသည် လင်ရှောင်းထင် သို့ ပြန်သွားကာ လင်ရှောင်းထင်က ကျေးဇူးတင်စကားဆိုလိုက်သည်။ “ကျေးဇူးတင်ပါတယ်”
ကျောင်းလုံသည် လင်ရှောင်းထင်အား ပြန်ကြားရန် အသံပြုသည်။ လင်ရှောင်းထင်သည် နားမလည်သော်လည်း သူဘာပြောရန်ကြိုးစားနေသည်ကို သိသည်။ ထို့နောက် လင်ရှောင်းထင်သည် ကားမမောင်းမှီ ကျောင်းလုံကို သူ၏ ချန်ခွင်းအိတ်ထဲသို့ ထည့်လိုက်သည်။
ထိုလူနှင့်တိုက်ခိုက်နေစဉ် ကားနှင့်ဝေးရာသို့ ထွက်ခွာသွားသောကြောင့် ပျက်စီးသွားခြင်း မရှိပေ။ လင်ရှောင်းထင်သည် မတော်တဆမှုအကြောင်း ကုနင်းကို ပြောပြရန် အစီအစဉ်မရှိပေ။ သူအဆင်ပြေနေပြီး သူမကို စိတ်ပူခိုင်းစရာမလိုပါဘူး။
တကယ်တော့ သူထိုလူနဲ့ တိုက်နေတုန်းက ကုနင်းသည် စိုးရိမ်စိတ်ခံစားလာရ၍ လင်ရှောင်းထင် ကို တွေးမိသွားပေမယ့် ကျောင်းလုံရဲ့အကူအညီနဲ့ သူအဆင်ပြေမယ်လို့ သူမယုံကြည်သည်။
ကုနင်းသည် ထန်မိသားစု ဒုက္ခရောက်မည်ကိုလည်း စိုးရိမ်သောကြောင့် ကုမန့် ကို ဖုန်းခေါ်လိုက်သည်။ ထန်မိသားစု လုံခြုံကြောင်း သိပြီးနောက် သူမ စိတ်သက်သာရာ ရသွားသည်။ စိုးရိမ်စိတ်တွေနဲ့ ကြုံလာရတဲ့အခါတိုင်း မတော်တဆမှုတစ်ခုတော့ မဖြစ်လာနိုင်ပေမယ့် အားလုံးအဆင်ပြေနေတာ စစ်ဆေးဖို့တော့ လိုအပ်သည်။
ညနေ ၅ နာရီတွင် ချူးဖေ့ဟန် နှင့် အခြားသူများသည် ဈေးဝယ်ပြီးလုနီးပါးဖြစ်ပြီး ညနေစာအတွက် ဘာစားရမလဲ စဉ်းစားကြသည်။
ထိုအချိန်တွင် ကုနင်းသည် ကျန်းကျီခိုင်၏ခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ ကျန်းကျီခိုင် သည် သူမကို မင်ကျဲ့ က တွေ့ချင်နေတယ်လို့ ပြောသည်။
ကျန်းကျီခိုင်သည် ကုနင်းက သူမကို အကူအညီပေးခဲ့ပြီးသားဖြစ်ပြီး သူမကို နောက်ထပ်ဒုက္ခမပေးချင်သောကြောင့် ကုနင်းကို ဖုန်းဆက်ရန် တွန့်ဆုတ်နေသည်။
မင်ကျဲ့က သူမကို ဖုန်းခေါ်ပြီး ကုနင်းကို ကူညီဆက်သွယ်ပေးဖို့ တောင်းဆိုတဲ့အခါ သူမဟာ မင်ကျဲ့ကို လက်လျော့လိုက်ရန် စည်းရုံးဖို့ ကြိုးစားခဲ့သည်။ သူမသည် မင်ကျဲ့ကို ဂရုမစိုက်သော်လည်း ကုနင်းနှင့်ပတ်သက်သည်။
ကုနင်းမှာ မယုံနိုင်လောက်စရာ အရည်အချင်းတွေ အများကြီးရှိတယ်လို့ သူမယုံကြည်ပေမယ့် ဒါဟာ အန္တရာယ်ရှိတယ်လို့ သူမထင်သေးသည်။ သို့သော်လည်း မင်ကျဲ့ က သူမကို ထပ်ပြီး စိတ်အနှောင့်အယှက်ဖြစ်အောင် ထပ်လုပ်လျှင် ဖုန်းခေါ်ဖို့ မတွန့်ဆုတ်ပါနဲ့ဟု ကုနင်းက ပြောထားတာကြောင့် နောက်ဆုံးတော့ ကျန်းကျီခိုင် က ကုနင်းကို ဖုန်းဆက်လိုက်သည်။
ထို့အပြင် ကုနင်းသည် သူမအား မင်ကျဲ့ကို သူမ၏ အထောက်အထားကိုမပြောပြရန် ပြောထားသည်။ ထို့ကြောင့် သူမသည် ကျန်းကျီခိုင်အား ကုနင်းကို လက်လျှော့ရန် စည်းရုံးတာ ကျရှုံးသွားသော်လည်း ကုနင်း၏ နောက်ခံကို မပြောပြခဲ့ပေ။
အကယ်၍ မင်ကျဲ့ သည် ကုနင်းနှင့်ပတ်သက်သောအချက်အလက်များကိုပိုမိုသိရှိလာပါက သူကြောက်လန့်ပြီး နောက်ဆုတ်သွားလိမ့်မည်။
ကုနင်းသည် မင်ကျဲ့ကို သင်ခန်းစာတစ်ခုပေးရန်အတွက် ကျန်းကျီခိုင်အား သူမအကြောင်း သူ့ကို အသေးစိတ်ပြောပြရန် ခွင့်မပြုထားခြင်းဖြစ်သည်။
ကုနင်းသည် မင်ကျဲ့က သူမတို့ တစ်ယောက်နှင့်တစ်ယောက် ပထမဆုံးစတွေ့စဉ်က ရလဒ်ကိုလက်မခံနိုင်ကြောင်း သိသော်လည်း သူမကို မကြာမီအချိန်လေးအတွင်း ပြန်တွေ့ချင်သည့်အတွက် အံ့သြသွားခဲ့သည်။ ရက်အနည်းငယ်လေးပဲရှိသေးတာကြောင့် သူ့ဒဏ်ရာက ချက်ချင်းသက်သာမလာသင့်ပေ။
ထို့နောက် ကျန်းကျီခိုင်သည် မင်ကျဲ့က သူမအား ထပ်မံတွေ့ဆုံလိုသည်မှာ ရန်ဖြစ်လသောကြောင့်မဟုတ်ဘဲ ယနေ့ည ကားပြိုင်ပွဲတစ်ခုလုပ်ချင်သောကြောင့် ဖြစ်သည်ဟု ပြောသည်။ ကုနင်းသာရှုံးလျှင် သူမ ဒူးထောက်ပြီး တောင်းပန်စကား သုံးခါ ပြောရမည်။ သူတို့ ရှုံးရင်လည်း ဒီလိုပဲ လုပ်ပါလိမ့်မည်။
ထို့အပြင် သူသည် သူ့အတွက် ပြိုင်ပေးရန် အခြားသူကို ရှာထားသော်လည်း ကုနင်းက ရှာလို့မရပေ။ ကုနင်းက သူ့ကိုယ်ပိုင်ကားနဲ့ သူကိုယ်တိုင်မောင်းရမည်။ ဒါဟာ မတရားဘူးဆိုတာ သိသာထင်ရှားတာပေမယ့် သူ ကုနင်းကို အနိုင်ရဖို့အတွက် အကြံထုတ်ရမည်။
ကုနင်းကတော့ မကြောကပေ။ ပရော်ဖက်ရှင်နယ် ယာဉ်မောင်းဖြစ်ရင်တောင် သူ့မထက် ပိုကောင်းအောင် မောင်းနိုင်တဲ့သူ ရှိမယ်လို့ မထင်ပေ။ သူမသည် သူမ၏ကံကြမ္မာကို တခြားသူများက ဆုံးဖြတ်တာကို မခံချင်ဘဲ ကိုယ့်ဘဝကို ကိုယ်သာထိန်းချုပ်လိုသည်။
စိန်ခေါ်ချက်ကို လက်ခံရန် ငြင်းဆိုပါက သူမနှင့် သူမ၏ သူငယ်ချင်းများအား လူများကို ရိုက်နှက်မှုဖြင့် တရားစွဲမည်ဖြစ်ကြောင်း မင်ကျဲ့က ပြောကြားခဲ့သည်။ သူ့ကားထဲက ရုပ်သံဖမ်းကင်မရာက အရာအားလုံးကို မှတ်တမ်းတင်ထားပြီး ဒဏ်ရာဆေးမှတ်တမ်းများလည်း လုပ်ထားသည်။
ကုနင်းသည် သူ၏ခြိမ်းခြောက်မှုကို လုံးဝမကြောက်ဘဲ သူမသည်လည်း မင်ကျဲ့၏ စိန်ခေါ်ချက်ကို စောင့်နေကြောင်း ရှင်းရှင်းလင်းလင်းပြောထားသောကြောင့် မဆိုင်းမတွ သဘောတူလိုက်သည်။
"ကိစ္စမရှိပါဘူး၊ ဘယ်အချိန်၊ ဘယ်မှာလဲ" ကုနင်း မေးသည်။
"ရှစ်နာရီ၊ ဖူရှန်းရဲ့ ကောက်ကွေ့တဲ့ တောင်လမ်းမှာ" ကျန်းကျီခိုင်က ဆက်ပြီးပြောသည်။ "ကုနင်း နင်ခက်ရင် အဲဒီကို သွားစရာမလိုဘူးနော်။ ငါသူနဲ့ ညှိနှိုင်းလို့ရတယ်။ ညဘက်ကြီး ကားပြိုင်ဖို့ဆိုတာ အရမ်းအန္တရာယ်များလွန်းတယ်”
"ရတယ် ငါအနိုင်ရဖို့ ယုံကြည်ချက်သာမရှိရင် ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး" ဟု ကုနင်းက သူမကို နှစ်သိမ့်လိုက်သည်။
"ကောင်းပြီ ငါလည်း လိုက်ခဲ့မယ်" ကျန်းကျီခိုင်က ပြောသည်။ သူမလည်း ပါဝင်နေတာမို့ လျစ်လျူမရှုနိုင်ပေ။
"ဟုတ်ပြီ" ကုနင်းကပြောပြီး ဖုန်းချလိုက်သည်။
"ဘော့စ် ဘာဖြစ်လို့လဲ" ကုနင်ဖုန်းချလိုက်တာနဲ့ ချူးဖေ့ဟန်က မေးသည်။
ကုနင်းက ပုံမှန်လိုပဲဆိုပေမယ့် ထူးထူးခြားခြား တစ်ခုခုတော့ ဖြစ်နေသည်ဟု ထင်လိုက်သည်။
ကုနင်းက သူတို့ကိုလျှို့ဝှက်ထားဖို့ ရည်ရွယ်ချက်မရှိပေ။ ထို့ကြောင့် သူမက "အဲဒီနေ့ညက အစားအသောက်လမ်းရဲ့ ကားပါကင်မှာ ဖြစ်ခဲ့တဲ့ ရန်ပွဲကို မှတ်မိသေးလား။ မင်ကျဲ့လို့ခေါ်တဲ့ လူက ဒီည ကားပြိုင်ဖို့ စိန်ခေါ်တယ်။ ငါနဲ့လိုက်ခဲ့ချင်လား"
ကုနင်းက သူတို့အဲဒီမှာ ရှိမနေဖို့ဆိုတာ မဖြစ်နိုင်မှန်းသိပေမယ့် သူတို့ထင်မြင်ချက်တွေကို သူမေးလိုက်သည်။
"ဘာလို့မလိုက်ပဲနေရမှာလဲ! လူယုတ်မာရဲ့ အရှုံးကို သေချာပေါက် ကြည့်မှာ!” ချူးဖေ့ဟန် က ပြောသည်။
“အဲဒီလူက မင်းကို ထပ်ပြီး ဒုက္ခပေးဖို့ သတ္တိရှိလို့ အံ့သြပါ့။ ဘော့စ် ညဘက်ကြီး ကားပြိုင်လို့ ရရဲ့လား" မုခယ် က စိုးရိမ်စိတ်ဖြင့် မေးသည်။ ကုနင်းကို သူယုံပေမယ့် စိတ်ပူနေတုန်းပင်။
ကုနင်းက "ငါရပါတယ်" ကုနင်းပြောလိုက်၍ သူတို့စိတ်သက်သာရာရသွားကြသည်။
ထို့နောက် အတူတူထမင်းစားကြသည်။ ငါးနာရီပဲရှိသေးတယ် ဖြစ်သော်လည်း ဖူရှန်းတောင်ပေါ်လမ်းကို သွားရမှာဆိုတော့ ဒီနေ့ စောစောထမင်းစားလိုက်ကြသည်။
တောင်ပိုင်းခရိုင်မှ ဖူရှန်း ရှိ ကောက်ကွေးသော တောင်တက်လမ်းသို့ ရောက်ရန် အနည်းဆုံး တစ်နာရီခန့် ကြာလိမ့်မည်။ ညစာစားပြီးချိန်တွင် ညနေ ၆ နာရီရှိပြီဖြစ်သည်။
သို့သော် ကုနင်းသည် ချိန်းထားသည့်နေရာကို ချက်ချင်းမသွားဘဲ သူမကားပြောင်းရန် လိုအပ်သောကြောင့် ရာစုနှစ်မြို့တော် သို့ ပြန်သွားသည်။
ကုနင်းသည် ကောမြို့တွင် နောက်ဆုံးအကြိမ်က ဝယ်ခဲ့သော Hummer ကားကို မောင်းနှင်နေသည်။ ဤကားသည် တောင်တက်လမ်းများအတွက် သင့်တော်သော်လည်း ပြိုင်ပွဲအတွက် မသင့်တော်ပေ။ ပြိုင်ကားတစ်စီးဖြစ်သော သူမ၏ Lamborghini ကို မောင်းနှင်ရမည်ဖြစ်သည်။
သို့သော် Lamborghini သည် ယခုအချိန်တွင် သူမ၏ စိတ်စွမ်းအင်အာကာပြင် တွင်ရှိနေသောကြောင့် သူမ၏သူငယ်ချင်းများရှေ့တွင် ၎င်းကို ထုတ်၍မရပေ။ ယင်းအစား ကားဂိုဒေါင်ထဲတွင် ကားရှိနေသည်ဟု ဟန်ဆောင်ရန် ရာစုနှစ်မြို့တော်သို့ ပြန်သွားရသည်။
သူတို့ ရာစုနှစ်မြို့တော် ကိုပြန်ရောက်တဲ့အခါ ကုနင်းက သူမ၏ ကားကိုရပ်လိုက်ပြီး ခဏလောက်စောင့်ဖို့ သူငယ်ချင်းတွေကို ပြောလိုက်သည်။ သူမသည် အခြားကားတစ်စီးယူဟန်ေဆာင်ပြီး ကောင်းယိ၏ ကားဂိုဒေါင်သို့ သွားလိုက်သည်။
ကားက သူမ၏ကားဂိုဒေါင်မှာ ရှိနေတယ်လို့ ပြောရင် သူတို့က လာကြည့်ကြမှာမို့လို့ သူတို့ကို ရှောင်ဖို့ အတွက် ဒီလိုလုပ်ရခြင်းဖြစ်သည်။ ကုနင်းက သူတို့ကို စောင့်ခိုင်းတဲ့အတွက် သူမနောက်ကို လိုက်မသွားပေ။
သူမနှင့် ကောင်းယိတွင် တစ်ယောက်နဲ့တစ်ယောက် ကားများယူသုံးလို့အဆင်ပြေစေရန်အတွက် ကားဂိုဒေါင်နှစ်ခုလုံး၏ သော့များရှိသည်။
ထို့နောက်သည် တံခါးကို ခပ်ကျဉ်းကျဉ်းဖွင့်လိုက်ပြီး သူမလက်ကို အတွင်းသို့ထည့်လိုက်ကာ ကားထဲမှထုတ်လိုက်သည်။ ထို့နောက် ကားဂိုဒေါင်တံခါးကို ကျယ်ကျယ်ဖွင့်ကာ ကားကို မောင်းထွက်လာခဲ့သည်။
အဲဒီနောက်မှာတော့ ကားဂိုဒေါင်တံခါးမပိတ်ခင် လမ်းပေါ်ထွက်နေရန် သူမ၏ သူငယ်ချင်းတွေကို ပြောလိုက်သည်။
***
အခန်း ၁၇၅၇ ဘယ်သူနိုင်မလဲဆိုတာ သိလိမ့်မယ်
ည 7:30 နာရီတွင် မင်ကျဲ့ နှင့် သူ၏သူငယ်ချင်းများသည် ဖူရှန်းရှိ ကောက်ကွေးတောင်တက်လမ်း၏အဝင်ပေါက်သို့ရောက်ရှိလာသည်။ အားလုံး စုစုပေါင်း လေးယောက်ရှိသည်။
ဖူရှန်းရှိ တောင်တက်လမ်းသည် မော်တော်ယာဉ်ပြိုင်ကားအပြေးပြိုင်ပွဲ၏ အထူးနေရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ကားပြိုင်ရခြင်းသည် ပြားချပ်ချပ်ပတ်လမ်းထက် ပို၍စိတ်လှုပ်ရှားဖွယ်ကောင်းသော်လည်း ၎င်းသည် ပို၍အန္တရာယ်များသည်။ ထို့ကြောင့် ပြိုင်ပွဲဝင်မည့်သူမည်သူမဆို ကြိုတင်လက်မှတ်ထိုးရန် လိုအပ်သည်။ ဂိမ်းကစားနေစဉ်အတွင်း မည်ကဲ့သို့ မတော်တဆမှုဖြစ်ပါစေ ယာဉ်မောင်းများသည် မိမိဘာသာ တာဝန်ယူရမည်ဖြစ်သည်။
၎င်းသည် အလွန်အန္တရာယ်များသော လှုပ်ရှားမှုဖြစ်ပြီး မတော်တဆများ အလွယ်တကူ ဖြစ်ပွားနိုင်သည်။ ကျင်းပသူက တာဝန်ယူရမည်ဆိုလျှင် အသက်ရှူချောင်မည် မဟုတ်ပေ။
ပြိုင်ပွဲလမ်းကြောင်းဖြစ်သောကြောင့် ပရော်ဖက်ရှင်နယ်ပြိုင်ကားများ ငှားရန်ရှိသော်လည်း မင်ကျဲ့ သည် ၎င်းတို့၏ကိုယ်ပိုင်ကားများကို ယူဆောင်လာရန် အဆိုပြုခဲ့သည်။ သူတို့တွင် ပရော်ဖက်ရှင်နယ်ပြိုင်ကားများစွာရှိသော်လည်း ကုနင်းသည် ကားကောင်းကောင်းမတတ်နိုင်ဟု သူယုံကြည်သည်။ ဒီလိုအခြေအနေမျိုးမှာ သူတို့အတွက် ရှုံးဖို့ ခက်ပါလိမ့်မည်။
ဒါဟာ မင်ကျဲ့ရဲ့ စိတ်ကူးသပ်သပ်သာဖြစ်သည်။ မင်ကျဲ့သည် ကုနင်းနှင့်ယှဉ်ပြိုင်ရန် ကျွမ်းကျင်သောပြိုင်ကားမောင်းသမားဖြစ်သည့် သူ့သူငယ်ချင်း၏ဝမ်းကွဲကိုဖိတ်ခေါ်ထားသည်။ သူ့သူငယ်ချင်း၏ဝမ်းကွဲသည် ပုံမှန်အားဖြင့် ပြိုင်ကားအဖွဲ့တွင်သာ ရှိနေခဲ့ပြီး မကြာသေးမီက မတော်တဆမှုဖြင့် ရက်ပေါင်းများစွာ အနားယူခဲ့ရသောကြောင့် မင်ကျဲ့ က သူ့ထံ အကူအညီတောင်းခဲ့သည်။
မင်ကျဲ့သည် ပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းသမားတစ်ဦးဖြစ်သောကြောင့် ပြိုင်ပွဲအတွက် သူ့ကိုပေးချေရမှာဖြစ်ပြီး သူ့ကို အလကားကူညီတာ မဟုတ်ပေ။ သူသည် မင်ကျဲ့ ၏ဝမ်းကွဲမဟုတ်ပဲ မင်ကျဲ့ သူငယ်ချင်း ၏ဝမ်းကွဲဖြစ်သည်။
ထိုအချိန်တွင် တောင်ပေါ်လမ်းပေါ်၌ ဇိမ်ခံပြိုင်ကားများ ပိုင်သော လူများစွာ ရှိနေသည်။ နေ့ခင်းဘက်ထက် ညဘက် ကားပြိုင်တာက ပိုအန္တရာယ်များပေမယ့် လူတော်တော်များများက စိတ်လှုပ်ရှားမှုအတွက် ညဘက်လာဖို့ ရွေးချယ်ကြသည်။
ကျန်းကျီခိုင်သည် နောက်မှရောက်လာပြီး တစ်ယောက်တည်းနေေနသည်။
ရှောက်ကျီဟန် ကိုသူမနှင့်အတူလာဖို့ ခေါ်ရန်စိတ်ကူးရှိခဲ့သော်လည်း ရှောက်ကျီဟန် သည် မင်ကျဲ့ကြောင့်မကြာသေးမီကစိတ်မကောင်းဖြစ်ခဲ့ရပြီး မင်ကျဲ့ကိုထပ်မံတွေ့လျှင် ပိုမိုဆိုးရွားလာမည်ဆိုး၍ သူမ၏အကြံဉာဏ်ကိုစွန့်လွှတ်ခဲ့ရသည်။ ရှောက်ကျီဟန်သည် မင်ကျဲ့ကို စွန့်လွှတ်လိုက်ပြီ ဖြစ်သော်လည်း သူမသည် သူ့ကို လွန်စွာ သဘောကျခဲ့သောကြောင့် သူမအတွက် လွယ်ကူသည်တော့မဟုတ်ပေ။ မင်ကျဲ့ အပေါ်မှာ သူမ၏ စိတ်နေစိတ်ထားက သက်ရောက်မှု ရှိနေဆဲပင်။
"ဒီမှာဘာလုပ်နေတာလဲ?" မင်ကျဲ့သည် ကျန်းကျီခိုင်ကိုမြင်ရသည်ကို မကျေမနပ်ဖြစ်သော်လည်း သူမအပေါ် ဒေါသမထွက်ရဲပေ။
"ပြိုင်ပွဲကိုကြည့်ဖို့" ကျန်းကျီခိုင်က ချက်ချင်းပြောလိုက်သည်။ ကုနင်းကို သူမ စိတ်ပူနေသော်လည်း မျက်နှာပြင်ပေါ်တွင် တည်ငြိမ်နေသည်။ မင်ကျဲ့က ဘာမှပြန်မပြော။ ကျန်းကျီခိုင်သည် ၎င်းတို့၏ ဂိမ်းကို လုံးဝ မထိခိုက်စေပေ။
"မင်ကျဲ့ ရှင်က တကယ့်ကို သူရဲဘောကြောင်တဲ့လူပဲ။ ကုနင်းနဲ့ ပြိုင်ချင်တာကို ဘာလို့ ကိုယ့်ဘာသာ မလုပ်တာလဲ။ တခြားလူကို အကူအညီတောင်တောင်းလိုက်သေး" ကျန်းကျီခိုင်က သူ့ကို ရယ်မောလိုက်သည်။
"ဘာဖြစ်လဲ? သူမတောင် လက်ခံပြီးသားပဲ။ အရှုံးသမားတွေက အမြဲတမ်း အမှားချည်းပဲ” မင်ကျဲ့သည် သူ့ကိုယ်သူ အမှားလုပ်သည်ဟု မထင်ပေ။
“နင်က အရှက်မရှိတဲ့အပြင် ရွံစရာလည်း ကောင်းလွန်းတယ်။ ကုနင်းရှေ့မှာ နင် ဒူးထောက်ပြီး တောင်းပန်ပါတယ် သုံးခါပြောဖို့ ငါစောင့်နေမယ်" ကျန်းကျီခိုင်က ပြောသည်။ ကုနင်းကို စိတ်ပူနေသော်လည်း သူမကို ခုခံကာကွယ်သင့်ဆဲပင်။ ထို့အပြင် ကုနင်းက သူမသည် အနိုင်ရရန် ယုံကြည်မှုရှိကြောင်း ပြောကြားခဲ့၍ ကျန်းကျီခိုင် က သူမကို ယုံကြည်ရန် ရွေးချယ်ထားသည်။
“ရယ်စရာပဲ သူက မိန်းကလေးတစ်ယောက်ပဲလေ။ ငါ့ကို အနိုင်ယူဖို့ဆိုတာ လုံး၀မဖြစ်နိုင်ဘူး” ဟု ပရော်ဖက်ရှင်နယ် ပြိုင်ကားမောင်းသူက ပြောသည်။ သူသည် မာနကြီးပြီး ကုနင်းက ဂိမ်းကို အနိုင်ရမယ်လို့ မထင်ပေ။
ကျန်းကျီခိုင်က "ဘယ်သူအနိုင်ရနိုင်မလဲဆိုတာငါတို့သိလာပါလိမ့်မယ်"
"ကျီခိုင် သူဘယ်သူလဲဆိုတာ မင်းသိလား။ သူက တရားဝင်အသင်းက ပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းတဲ့သူ။ အရင်ကလည်း အရေးကြီးတဲ့ ဆုတွေ အများကြီး ရခဲ့တယ်။ ကုနင်းက သူ့ကို အနိုင်ယူနိုင်မယ်လို့ မင်းထင်နေတာလား" မင်ကျဲ့က အထင်အမြင်သေးစွာဖြင့် ပြုံးလိုက်သည်။ သူ့သဘောထားက သူတို့အနိုင်ရနိုင်တယ်လို့ ယုံကြည်ကြောင်း ပြသနေသည်။
"ဘာ?" ထိုစကားကိုကြားတော့ ကျန်းကျီခိုင် အံ့သြသွားသည်။ ကုနင်း၏ပြိုင်ဖက်သည် တရားဝင်အဖွဲ့မှ ပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းသူဖြစ်သည်ကို သူမမသိပါ။ သူမသည် သာမန်ပြိုင်ကားမောင်းသမားတစ်ဦးဟု ထင်မြင်ခဲ့သော်လည်း မမျှော်လင့်ဘဲ သူသည် ပရော်ဖက်ရှင်နယ်ဖြစ်ပြီး တရားဝင်အဖွဲ့တွင်ပင် ပါဝင်ဖူးသည်။
ထိုအကြောင်းကို သိပြီးနောက် ကျန်းကျီခိုင်၏အမူအရာမှာ စိတ်ပူပင်လာသည်။ ကုနင်းရှုံးသွားမှာကို သူမ တကယ်စိုးရိမ်နေပြီ။
သူမ၏တုံ့ပြန်မှုကိုမြင်တော့ မင်ကျဲ့သည် ကျေနပ်အားရမှုခံစားရပြီး ဂိမ်းကိုအနိုင်ရရန် ယုံကြည်မှုပိုရှိလာသည်။ “အို၊ ဒီ Ferrari ပြိုင်ကားတစ်စီး ကုန်ကျစရိတ် ဘယ်လောက်ရှိလဲ သိလား။ ယွမ် နှစ်သန်း။ ကုနင်းက ဒီလောက်ကောင်းတဲ့ကားကို တတ်နိုင်မယ်လို့ မင်းထင်နေတာလား" မင်ကျဲ့ က အနီးနားရှိ ပြိုင်ကားတစ်စီးကို ညွှန်ပြသည်။
ကျန်းကျီခိုင်သည် ကုနင်းချမ်းသာသည်ကို သိသော်လည်း ကုနင်းသည် မည်သည့်ကားကို စီးသည်ကို သူမမသိပေ။ ယွမ် ဆယ်သန်းကျော် တန်ဖိုးကြီး ဇိမ်ခံကားကို သူဌေးတိုင်း မမောင်းကြပါ။ ထို့အပြင် သာမန်ကားများသည် Sportကားများနှင့် မယှဉ်နိုင်ပေ။ အဲဒါကို တွေးပြီး ကျန်းကျီခိုင်က ပိုလို့တောင် စိုးရိမ်သွားသည်။
ည 7:40 နာရီတွင် အဖြူရောင် Lamborghini တစ်စီးသည် ဖူရှန်းရှိ ကောက်ကွေ့နေသော တောင်တက်လမ်း၏ ကားရပ်နားရာသို့ မောင်းနှင်လာပြီး ချက်ချင်းဆိုသလိုပင် အာရုံစိုက်မှုများစွာကို ခံလိုက်ရသည်။
"အိုး နိုး အဲဒါက Lamborghiniရဲ့ အကန့်အသတ်ထုတ်ကားမဟုတ်ဘူးလား"
"ဟုတ်တယ်! အနည်းဆုံး ယွမ် သန်းနှစ်ဆယ်လောက် ရှိတယ်”
“အဓိကက ဘာလဲဆိုရင် ဒီလို အကန့်အသတ်ထုတ်ကားတစ်စီးဝယ်ဖို့အတွက် ပိုက်ဆံထက် ပိုလိုအပ်တာတွေရှိတယ် သူ့ပိုင်ရှင်က အားကောင်းတဲ့ ချိတ်ဆက်မှုတွေ ရှိနေမှာလည်း ဆိုးရတယ်”
“သူ့ရဲ့ လိုင်စင်နံပါတ်ကို ကြည့်ကြည့် Bမြို့က"
“…”
မင်ကျဲ့ နှင့် သူ့သူငယ်ချင်းများသည် အဖြူရောင် Lamborghini ကားကို မြင်ခဲ့ရပြီး မနာလိုစိတ်ဖြင့် ဆွေးနွေးစပြုလာကြသည်။
ကုနင်းသည် ကျန်းကျီခိုင်ကို အဝေးမှမြင်သောကြောင့် သူမဆီသို့ တိုက်ရိုက် မောင်းသွားသည်။
ကားသည် အလွန်လျင်မြန်စွာ ရွေ့လျားသွားသောကြောင့် အခြားလူများက ကားအတွင်းမှ ယာဉ်မောင်းကို မမြင်နိုင်ပေ။ လူတိုင်း၏အကြည့်သည် Lamborghini ၏နောက်သို့လိုက်ကာ အထဲမှာ ဘယ်သူပါလဲ ဆိုတာကို လိုက်ရှာနေသည်။
ကျန်းကျီခိုင် နားတွင် ကားက ရပ်သွားပြီး ကားထဲမှာ ကုနင်း ထွက်လာတော့ ကျန်းကျီခိုင် နဲ့ မင်ကျဲ့ နှစ်ယောက်စလုံး အံ့သြသွားကြသည်။
ကုနင်းကို မသိသော အခြားလူများကလည်း သူမသည် ငယ်ရွယ်သော မိန်းကလေး ဖြစ်သောကြောင့် အလွန်အံ့အားသင့်သွားကြသည်။ ထို့ကြောင့် အနီးနားတွင် ရပ်နေသော လူအချို့က သူမနှင့် စကားစမြည်ပြောရန် ရှိ၊မရှိ ဆွေးနွေးကြသည်။ သူတို့က သဘောရိုးနဲ့ဖြစ်ပြီး ရိုးရိုးရှင်းရှင်း သူ့ကားကိုသာ စိတ်ဝင်စားကြခြင်းပင်။
"ကုနင်း နောက်ဆုံးတော့ ရောက်လာပြီ နင့်ကားက အရမ်းမိုက်တာပဲ!" ကျန်းကျီခိုင် က စိတ်တွေပြန်တက်ကြွလာပြီး ကုနင်းဆီကို ချက်ချင်းပြေးသွားသည်။
ကုနင်း၏ကားကိုမြင်သောအခါတွင်သူမစိတ်အေးလက်အေးခံစားရသော်လည်းသူမအနည်းငယ်စိုးရိမ်နေသေးသောကြောင့် ကုနင်း အား "ကုနင်း မင်ကျဲ့က သူ့ကိုကူညီဖို့ကျွမ်းကျင်တဲ့ ပြိုင်ကားမောင်းသမားတစ်ယောက်ခေါ်လာတယ်။ ဘယ်လိုလုပ်မလဲ?"
"အဆင်ပြေပါတယ်" ဟု ကုနင်းက လေသံအေးအေးဖြင့် ပြောလိုက်သည်။
ကုနင်းက တည်ငြိမ်နေတာကိုမြင်လိုက်ရ၍ ကျန်းကျီခိုင်လည်း စိတ်သက်သာရာရသွားသည်။
ကျန်းကျီခိုင်က ကုနင်းကို ကုနင်းဟု ခေါ်လိုက်တဲ့အခါ မင်ကျဲ့ ၏သူငယ်ချင်းတွေက ထိုသူက ကုနင်းဆိုတာကို သိလိုက်ရသည်။ သို့သော်လည်း ကုနင်းတွင် ပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းသူ၏ကားထက် များစွာစျေးပိုကြီးသော အကန့်အသတ်ဖြင့်ထုတ်လုပ်ထားသော Lamborghini ရှိသောကြောင့် ၎င်းတို့တွင် ကြိုတင်သတိပေးချက်တစ်ခုရှိလိုက်သည်။
"ကုနင်း? သူက ဟိုနာမည်ကြီး ကုနင်းလား?" ကျန်းကျီခိုင်က ကုနင်းရဲ့ နာမည်ခေါ်သံကို ကြားလိုက်ချိန်မှာပဲ အနီးနားရှိ သူတို့ကို အထူးအာရုံစိုက်နေတဲ့ ကောင်လေးများထဲမှ တစ်ယောက်က ပြောလိုက်သည်။
***
အခန်း ၁၇၅၈ သူမ ရှုံးဖို့ ဆုံးခန်းတိုင်နေပြီ
ထိုကောင်လေးရဲ့သူငယ်ချင်းက အဲဒါကိုကြားတော့ မေးလိုက်သည်။ “မင်းသူ့ကိုသိလို့လား”
"ကုနင်းဆိုတဲ့ ကောင်မလေးအကြောင်း ငါကြားဖူးတယ် သူက မယုံနိုင်စရာပဲ။ သူက အခု 19 နှစ်ပဲရှိသေးပေမယ့် သူ့အမည်အောက်မှာ ကုမ္ပဏီတွေအများကြီးရှိနေပြီလေ။ အခုဆို သန်းကြွယ်သူဌေးကြီးဖြစ်နေပြီ။ အဲ့တာအပြင်ကို သူက စာဘက်မှာလည်း ထူးချွန်ပြီးတော့ မြို့တော်တက္ကသိုလ်က ပုံမှန်အချိန်မတိုင်ခင်တောင် လက်ခံခဲ့တာတဲ့။ သူက ကွန်ဖူးဆရာတစ်ယောက်လည်းဖြစ်တယ်” ဟု ထင်ရှားတဲ့ မြတ်နိုးမှုနဲ့အတူ အမျိုးသားက ပြောသည်။
"တကယ်လား? မယုံနိုင်စရာပဲ။” အဲဒါကို သိလိုက်ရတော့ သူ့သူငယ်ချင်းတွေ အားလုံး အံ့အားသင့်သွားကြပေမယ့် တစ်ယောက်ယောက်က ဒါကို သံသယဖြစ်သွားသည်။ "သူမတစ်ယောက်ထဲ ကုမ္ပဏီတွေအားလုံးကို ပိုင်ဆိုင်တာ သေချာလို့လား"
“ငါတော့ ယုံတယ် ဘာဖြစ်ဖြစ် သူမလုပ်သမျှက သာမန်မိန်းကလေးတော့ မဖြစ်နိုင်ဘူးလေ" ကောင်လေးက ကုနင်းဟာ ကုမ္ပဏီတွေအားလုံးကို ပိုင်ဆိုင်ကြောင်း မသေချာပေမယ့် သူမဟာ မယုံနိုင်စရာဖြစ်လို့ သူမကို ယုံကြည်ဖို့ ရွေးချယ်ထားသည်။
“တကယ်သာဆိုရင် အံ့သြဖို့ကောင်းတယ်။ မြို့တော်တက္ကသိုလ်က ပုံမှန်အချိန်မတိုင်ခင် သူ့ကို လက်ခံတာကပဲ သူက လုံးဝ မရိုးရှင်းဘူးဆိုတာ သက်သေပြနေပြီ”
"သူမက ကွန်ဖူးဆရာကြီးလို့ မင်းပြောတယ်နော်။ သူမ ကွန်ဖူး ဘယ်လောက်ကောင်းလဲ"
“သူမနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အင်တာနက်မှာ ရှာလို့ရတယ်လေ။ အချိန်နည်းနည်းလေးနဲ့ ရှင်းပြဖို့ ခက်တယ်” ဟု ကောင်လေးက ပြော၍ ကုနင်းနဲ့ ပတ်သက်တဲ့ အချက်အလက်ကို ရှာဖွေဖို့ သူ့သူငယ်ချင်းတွေက သူတို့ရဲ့ ဖုန်းတွေကို ချက်ခြင်း ထုတ်လိုက်သည်။
ကုနင်းက မင်ကျဲ့နဲ့ သူ့သူငယ်ချင်းတွေဆီ လမ်းလျှောက်သွားပြီး “ပြိုင်ပွဲက ဘယ်တော့စမှာလဲ” ဟု အေးစက်တဲ့လေသံနဲ့ မေးလိုက်သည်။
"ငါတို့အခုချက်ချင်းစလို့ရတယ်" ဟုပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းသူကပြောသည်။ ကုနင်း၏ ဖန်စီကားကြောင့် အံ့အားသင့်ခဲ့ရသော်လည်း ဂိမ်းကိုအနိုင်ရရန် သူ့ကိုယ်သူ ယုံကြည်မှုရှိနေဆဲဖြစ်သည်။ သူမမှာ ကားကောင်းကောင်းတစ်စီးရှိပေမယ့် ကျွမ်းကျင်မှုလည်း ရှိတယ်လို့ မဆိုလိုနိုင်ပေ။ ထို့အပြင် သူမသည် သာမာန်မိန်းကလေးတစ်ဦးဖြစ်သော်လည်း သူသည်တရားဝင်ပြိုင်ကားအသင်းမှဖြစ်သည်။
ကားမောင်းတော်တဲ့ ကောင်မလေးကို တစ်ခါမှ မတွေ့ဖူးပေ။ သူမဘယ်လောက်ပဲ ကားမောင်းတော်တော် ယောက်ျားတစ်ယောက်ထက်တော့ ပိုတော်နိုင်မည် မဟုတ်ပေ။
ကုနင်းသည် ဇိမ်ခံကားတစ်စီးကို တတ်နိုင်ခဲ့ပြီး အားကောင်းသည့် အချိတ်အဆက်များ ရှိနိုင်သော်လည်း အရေးမကြီးပါ။ ပညာကို အခြေခံပြီး ပြိုင်ကြမည်။ ဘယ်လောက်ပဲ သြဇာညောင်းပါစေ၊ သူ့ကို ထိခိုက်အောင် ဘာမှ မလုပ်နိုင်ပေ။
သူမက ဒေါသကို ဖြေဖျောက်ဖို့ တစ်ခုခု လုပ်ချင်တယ်ဆိုရင်တောင် သူ့အစား မင်ကျဲ့အပေါ်ကိုပင် အရင်ဖြေဖျောက်သင့်သည်။ ထို့အပြင် သူမသည် ကားကို ပိုင်ဆိုင်ခြင်း ရှိ၊ မရှိကို မည်သူမျှ မသိပေ။ တစ်စုံတစ်ယောက်ထံမှ ငှားယူခဲ့တာလည်း ဖြစ်နိုင်သည်။
မင်ကျဲ့သည် ပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းသူကဲ့သို့ အကောင်းဘက်က မတွေးနိုင်ပေ။ ကုနင်းရဲ့ လွှမ်းမိုးမှုကြောင့် သူ စိုးရွံ့နေဆဲပင်။ သို့သော်လည်း ယခုအချိန်တွင် နုတ်ထွက်ရန် နောက်ကျနေပြီဖြစ်သည်။ ထို့ကြောင့် မင်ကျဲ့က ဘာမှ မပြော။
ကုနင်းက မင်ကျဲ့ ကို လှည့်ကြည့်လိုက်သည်။ "ကောင်းပြီ ကျီခိုင်က ပွဲပြီးရင် ရှုံးတဲ့သူ လုပ်ရမယ့်ဟာတွေကို ပြောထားပြီးသား ဆိုပေမယ့် ရှုံးတဲ့သူက နောင်တရမှာဆိုးလို့ သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးတာက ပိုကောင်းမယ်ထင်တယ်။ အထောက်အထားသာ မရှိရင် အဆင်မပြေဖြစ်နိုင်တယ်”
"နောင်တရမှာ မဟုတ်ဘူး!" ကုနင်း၏ အဆိုပြုချက်ကြောင့် မင်ကျဲ့သည် အရှက်ရသွားသည်။
"နောင်တရမှာ မကြောက်ဘူးလား" ကုနင်းက မေးသည်။ သူမသာ ရှုံးလျှင် နောင်တရမည် မဟုတ်ပေ။ သို့သော် အဓိကအချက်ကတော့ သူမရှုံးမည် မဟုတ်ပါ။
ကုနင်းပြော၍ မင်ကျဲ့ က သဘောတူလိုက်သည်။ “ကောင်းပြီ၊ လက်မှတ်ထိုးရအောင်”
ကုနင်းက သူမလက်ကို မြှောက်လိုက်ချိန်တွငိ ချူးဖေ့ဟန်က သူမကို စာရွက်နှစ်ရွက် ပေးသည်။ ကုနင်းက သူတို့ကို ယူလိုက်ပြီး မင်ကျဲ့ ကို ပေးလိုက်သည်။ “စာချုပ်ကို ပြင်ဆင်ထားပြီးသားပါ။ ကျွန်မ နာမည်ထိုးပြီးပြီ ကြည့်ကြည့်ပါ။ ပြဿနာမရှိရင် ရှင့်လက်မှတ်ထိုးလို့ရပြီ"
မင်ကျဲ့သည် စက္ကန့်ပိုင်းမျှ တွေဝေသွားသည်။ ဒီဟာက သူ့အတွက် အထူးပြင်ဆင်ထားသော သဘောတူညီချက်ကို သူမရရှိသွားသလိုပင်။
မင်ကျဲ့သည် စိတ်မသက်မသာ ခံစားခဲ့ရသော်လည်း သဘောတူလိုက်ပြီး သူ့နာမည်ကို လက်မှတ် ရေးထိုးခဲ့သည်။ ကုနင်းက တစ်ရွက်ကိုယူလိုက်သည်။ “ကျွန်မတို့မှာ နှစ်ရွက်ရှိတယ်။ တစ်ရွက်က ကျွန်မအတွက် တစ်ရွက်က ရှင်ယူ"
"ဂိမ်းမစခင် တခြား လုပ်စရာလိုသေးလား" ကုနင်းက မေးသည်။
“လမ်းကြောင်းအတွက် ငွေပေးရမယ်။ ဆယ်မိနစ်အတွက် ယွမ်တစ်သောင်း။ ဆယ်မိနစ်ထက်ပိုပြီး ပြေးလမ်းမှာနေရင် နောက်ထပ် ယွမ်တစ်သောင်းပေးရမယ်” ဟု ပရော်ဖက်ရှင်နယ် ပြိုင်ကားမောင်းသူက ပြောသည်။
သူ့နာမည်က တုဟောက် ပါ။ အသက် ၂၇ နှစ်ရှိပြီ၊ အရပ် ၁.၈ မီတာထက် အနည်းငယ်ပိုမြင့်ပြီး သာမာန်မျက်နှာပေါက်နှင့် ဖြစ်သည်။
"ကောင်းပြီ၊ သွားကြစို့!" ကုနင်းက အခကြေးငွေပေးဆောင်ရန် လျှောက်သွားပြီးနောက် တုဟောက် က ပြောသည်။
ကုနင်းနှင့် တုဟောက်သည် အခကြေးငွေပေးဆောင်ရန် ထွက်ခွာသွားသောအခါ ချူးဖေ့ဟန်နှင့် အခြားလူများက လောင်းကစားစားပွဲဆီသို့ လှမ်းလာပြီး “ဟေ့ အားလုံး လာလာ လောင်းလုပ်ကြ။ အဖြူရောင် Lamborghiniက အပြာရောင် Ferrari နှင့် ယှဉ်ပြိုင်မှာပါ။ အလားအလာတွေက 2-1 ပါ" ထိုစကားကိုကြားတော့ လူများစွာသည် ချူးဖေ့ဟန် ဆီသို့ လျှောက်သွားကြသည်။
ကားပြိုင်ဖို့လာတဲ့သူတွေကလည်း အလောင်းအစားလုပ်ရတာကို သဘောကျကြသည်။
"ငါ Lamborghini အဖြူရောင်ကို လောင်းတယ်" မုခယ် က ယွမ်ငါးထောင်ကို တပြိုင်နက် ထုတ်ယူလိုက်သည်။ သူသည် ပိုက်ဆံရှာရန်မဟုတ်ဘဲ ကုနင်းကို ပံ့ပိုးပေးချင်ရုံသာ ဖြစ်သည်။
"ကျွန်မရောပဲ" ယွီမီရှီ သည် သူမနှင့်အတူရှိသည့် ငွေသား ယွမ်နှစ်ထောင်ကိုလည်း ထုတ်ယူလိုက်သည်။ သူမ အမှတ်အသားလုပ်ပြီး ကုနင်းရဲ့ ဧရိယာမှာ ထားလိုက်သည်။
"ကျွန်မလည်းပဲ။ Lamborghini အဖြူရောင်ကို လောင်းကြေးထပ်တယ်" ကျန်းကျီခိုင်သည် ကုနင်းကို ပံ့ပိုးလိုသော်လည်း သူမတွင် ငွေသား ယွမ်တစ်ထောင်သာ ရှိသောကြောင့် ယွမ်တစ်ထောင် လောင်းကြေးထပ်ခဲ့သည်။
သူတို့ လောင်းကြေးထပ်ကတည်းက မင်ကျဲ့နဲ့ သူ့သူငယ်ချင်းတွေကလည်း ချန်ထားဖို့ ဆန္ဒမရှိကြပေ။ သူတို့လည်း ပိုက်ဆံတွေ လိုက်ထုတ်သည်။
“ငါ အပြာရောင် Ferrari ကို လောင်းတယ်။ အပြာရောင် Ferrari ကားမောင်းသူက တုဟောက်လေ သူက တရားဝင်အဖွဲ့က ပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းတဲ့သူ။ သေချာပေါက်အနိုင်ရမှာ” ဟု တုဟောက် ၏ဝမ်းကွဲညီဖြစ်သူဖြစ်သော မင်ကျဲ့၏သူငယ်ချင်းကပြောသည်။
"ဘာ? တုဟောက်? မဖြစ်နိုင်တာ! ကောင်မလေးက တုဟောက်နဲ့ ပြိုင်နေတာလား” အားလုံးက ကားပြိုင်ဝါသနာပါသူတွေပင်။ သူတို့သည် အပျော်တမ်းများဖြစ်သော်လည်း၊ နာမည်ကြီး ပရော်ဖက်ရှင်နယ် ပြိုင်ကားမောင်းများအကြောင်း အနည်းငယ် သိကြသည်။ ထို့ကြောင့် တုဟောက်၏အမည်ကိုကြားလိုက်ရသည်နှင့် သူတို့အားလုံး စိတ်လှုပ်ရှားသွားကြသည်။
“ဘုရားရေ မိန်းကလေးက တုဟောက် နဲ့ ကားမောင်းပြိုင်မယ်တဲ့ သူမ ရှုံးဖို့ ဆုံးခန်းတိုင်နေပြီ"
"မှန်တယ်! တုဟောက်က ဒီမှာရှိနေတာ မယုံနိုင်ဘူး။ သေချာတယ် သူအနိုင်ရမှာပဲ” ယောက်ျားတွေက အနိုင်ယူဖို့ အလားအလာပိုများတယ်လို့ သူတို့ထင်တဲ့အတွက် သူဒီမှာရှိမှန်းသိတာနဲ့ တုဟောက်ကို လောင်းဖို့ဆုံးဖြတ်လိုက်ကြသည်။
ချူးဖေ့ဟန် နှင့် အခြားသူများသည် ယင်းကိုတွေ့မြင်ရသောအခါ လုံးဝမကျေနပ် မဖြစ်ခဲ့ကြပေ။ ယင်းအစား၊ တုဟောက်ကို ငွေများများ လောင်းလေလေ သူတို့အနိုင်ရလေလေ ဖြစ်သောကြောင့် သူတို့သည် အတော်လေး ကျေနပ်ခဲ့ကြသည်။
"ငါ Lamborghini အဖြူရောင်ကို လောင်းမယ်" သို့သော် သူတို့ထဲမှ တစ်ယောက်က ကုနင်းကို အနိုင်ရမည်ဟု လောင်းကြေးထပ်လေသည်။ သူသည် သူမကို မှတ်မိသော ကောင်လေးဖြစ်သည်။ အစတုန်းကတော့ သူသေချာမသိပေမယ့် ကောင်လေးက ကုနင်းအနားကို လျှောက်သွားပြီးနောက် သေချာသွား၍ စိတ်လှုပ်ရှားမှု အပြည့်နဲ့ ဖြစ်သွားသည်။
“ငါလည်း Lamborghini အဖြူရောင်ကို လောင်းမယ်”
"ငါရောပဲ!" ကောင်လေး၏သူငယ်ချင်းများက သူနှင့်တူညီသောရွေးချယ်မှုကို ပြုလုပ်ခဲ့ပြီး အားလုံးက ကုနင်း အနိုင်ရမည်ဟု လောင်းကြေးထပ်ခဲ့ကြသည်။ အင်တာနက်မှာ ကုနင်းအကြောင်း နောက်ထပ် အချက်အလက်တွေ မလေ့လာမချင်း သူတို့ အဲဒါကို မသေချာခဲ့ပေ။ သူမ၏ အောင်မြင်မှုတွေကြောင့် အံ့အားသင့်ခဲ့ကြပြီး သူမရဲ့ပရိသတ်တွေဖြစ်လာကြသည်။ ထို့ကြောင့် ကုနင်းအပေါ် သူတို့၏ ကြည်ညိုလေးစားမှုကြောင့် သူမရှုံးရင်ေတာင်လောင်းကြေးထပ်ကြမည်ဖြစ်သည်။
"ချောင်ယန် မင်း ရူးနေတာလား။ အဖြူရောင် Lamborghini ကို ဘာလို့ လောင်းကြေးထပ်တာလဲ။ တုဟောက် နဲ့ ပြိုင်မှာလေ။ တုဟောက် က ဘယ်သူလဲဆိုတာ သိတယ်မလား" တခြားလူတွေက ချောင်ယန် နဲ့ သူ့သူငယ်ချင်းတွေကို အရူးတွေလို စိုက်ကြည့်နေသည်။ "မင်းတို့အားလုံး ငတုံးတွေလား?"