အခန်း (၁၇၆၅-၁၇၇၀)
Vol. 110 Ch. 1775-1770
အခန်း ၁၇၆၅ ရှန်းကွမ်းယန် အရှက်မရှိစွာ ပြုမူခြင်း
ကုနင်းသွားပြီး စာရင်းသွင်းတဲ့အခါ ချူးဖေ့ဟန်နဲ့ တခြားသူတွေလည်း သူမနဲ့အတူ လိုက်သွားကြမည်ဖြစ်သည်။ ထိုနေရာသို့ တခြားရက်တွေမှာ မ၀င်နိုင်၍ သူတို့သည် ထိုနေ့တွင် နိုင်ငံ၏အကျော်ကြားဆုံးတက္ကသိုလ်သို့ လည်ပတ်နိုင်မည့် အခွင့်အရေးကို ဆုပ်ကိုင်ထားချင်ကြသည်။
စာသင်နှစ်စလျှင် မြို့တော်တက္ကသိုလ်တွင် စာသင်လိုသော ကျောင်းသူများသည် အဆောင်တွေနေရမည်ဖြစ်သော်လည်း ကုနင်းသည် အဆောင်တွင် နေထိုင်မည်မဟုတ်ပေ။ ကုနင်းကလည်း သူမသည် မကြာခဏ ပျက်ကွက်ခွင့်တိုင်ရမည်ဖြစ်သော်လည်း ၎င်းသည် သူမ၏လေ့လာမှုကို မထိခိုက်စေရန် ကတိပြုခဲ့သည်။ ကျောင်းက မဆိုင်းမတွပင် သဘောတူသည်။
ကုနင်းသည် ကျောင်းသားတစ်ဦးသာမက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်သည့်အတွက် အခြားသာမန်ကျောင်းသားကျောင်းသူများကဲ့သို့ အချိန်များစွာမရှိသည်ကို နားလည်နိုင်ပါသည်။ ထူးချွန်ထက်မြက်သောကျောင်းသား အောင်မြင်သော စီးပွားရေးသမားတစ်ဦးဖြစ်သည့် ကုနင်းကို ကျောင်းမှလည်း ဂုဏ်ယူမိသည်။ ထို့အပြင် သာမာန်လူများသည် လူရည်ချွန်ဖြစ်အောင် တက္ကသိုလ်တက်ကြသော်လည်း ကုနင်းသည် တက္ကသိုလ်မတက်မီထဲက လူရည်ချွန်ဖြစ်သောကြောင့် သူမသည် သူမ၏ ပညာရေးကို ပြီးဆုံးသွားရန်သာလိုအပ်တော့သည်။
တကယ်တော့ နာမည်ကြီး တက္ကသိုလ်တွေမှာ လုပ်ငန်းနယ်ပယ်အသီးသီးက ကျွမ်းကျင်တဲ့လူ အမျိုးမျိုးရှိပါသည်။
ကောလိပ်ကျောင်းသားအချို့က တက္ကသိုလ်တွင် ကုမ္ပဏီတစ်ခု စတင်တည်ထောင်ကြသည်။ တချို့က အောင်မြင်ခဲ့ပြီး တချို့က မအောင်မြင်ကြပေ။ အမြတ်အစွန်းရှိသော ကုမ္ပဏီတစ်ခုကို လည်ပတ်ရန် မလွယ်ကူသောကြောင့် အောင်မြင်မှုထက် ကျရှုံးမှုများ ပိုများခဲ့သည်။
အောင်မြင်သူများသည် လုပ်ငန်းစတင်တည်ထောင်ရန်အတွက် ငွေများစွာလိုအပ်သောကြောင့် အောင်မြင်ရန်အတွက် ၎င်းတို့၏ကိုယ်ပိုင်အရည်အချင်းများနှင့် ၎င်းတို့၏မိသားစု၏ပံ့ပိုးမှုအပေါ် မူတည်သည်။
ကျောင်းသားများသည် အတွေ့အကြုံစုဆောင်းရန် ကုမ္ပဏီကို ၎င်းတို့ဘာသာ စီမံခန့်ခွဲကြသည်။ သူတို့အတွက် တစ်စုံတစ်ဦးကို အလုပ်ပေးခိုင်းခြင်းမှာ အဓိပ္ပါယ်မရှိသောကြောင့်ပင်။ အချို့သော ကျောင်းသားများသည် အမျိုးမျိုးသော လုပ်ငန်းကြီးများတွင် အချိန်ပိုင်းအလုပ် လုပ်ကြသည်။ ဘွဲ့ရပြီးလျှင် အထက်လူကြီးများထံမှ ခွင့်ပြုချက်ရရှိပါက လုပ်ငန်းတွင် တိုက်ရိုက်လုပ်ကိုင်နိုင်မည်ဖြစ်သည်။
ရုပ်ရှင် သို့မဟုတ် ပြဇာတ် အကယ်ဒမီမှ ကျောင်းသား ကျောင်းသူ အများစုသည် တက္ကသိုလ်တက်ရင်းနဲ့ စတင် သရုပ်ဆောင်ခဲ့ကြသည်။ ရုပ်ရည်ချောမောပြီး သရုပ်ဆောင်စွမ်းရည်ကောင်းပြီး ကံကောင်းတဲ့သူတွေဟာ ဘွဲ့ရခါနီးမှာ ဖျော်ဖြေရေးနယ်ပယ်မှာ ကျော်ကြားတဲ့ သရုပ်ဆောင်တွေ ဖြစ်လာနိုင်ပါသည်။ သို့သော် ထိုသို့လုပ်ရန်မလွယ်ကူပါ။ ၎င်းတို့ထဲမှ အနည်းငယ်မျှသာ ကျော်ကြားမှုကို ရရှိနိုင်ပြီး အများစုမှာ အရေးမပါသော ကာရိုက္တာများသာ ရနိုင်ကြသည်။
ဖျော်ဖြေရေးနယ်ပယ်မှာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့အတွက် စည်းကမ်းတွေ ပြည့်နှက်စွာရှိပါသည်။ကံကောင်းခြင်းတွေနဲ့ ကြီးကျယ်တဲ့ အရည်အချင်းတွေ ရှိရင် သူ/သူမဟာ သူတို့ရဲ့ကိုယ်ပိုင် အရည်အချင်းကို အားကိုးနိုင်သည်။ သို့သော် လူတစ်ဦးတွင် ထူးချွန်ထက်မြက်သော စွမ်းရည်နှင့် အစွမ်းထက်သော ပံ့ပိုးကူညီမှု မရှိပါက သူ/သူမသည် ကျော်ကြားမှုအတွက် ဖော်ပြထားခြင်းမရှိတဲ့ စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်သည်။
ထိုစည်းမျဉ်းများကို အပြည့်အ၀အသုံးပြုလိုသော အဆုံးမရှိသောလူများစွာရှိပြီး အစွမ်းထက်သောပံ့ပိုးမှုမရရှိသူများသည် ထိုအရာကို ငြင်းဆိုဝံ့ပါက သူတို့နယ်ပယ်မှ အပိတ်ခံရနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ မည်သည့်လုပ်ငန်းနယ်ပယ်တွင်မဆို နေရာတစ်ခုရရှိရန် လူတိုင်းအတွက် အလွန်ခက်ခဲပါသည်။ ဘယ်သူပဲဖြစ်ပါစေ သူတို့မှာ ပြည့်၀တဲ့ အရည်အချင်းတွေ ရှိရမည်။
အားလုံးကို ခြုံငုံကြည့်လျှင် တက္ကသိုလ်များသည် အထူးကျောင်းသားများအတွက် အထူးဆက်ဆံပေးသည်။
အထူးကျောင်းသားများဟုခေါ်တွင်သော ကျောင်းသားများသည် အသက်မွေးဝမ်းကြောင်းပြုသည့် ကျောင်းသားများပင်ဖြစ်သည်။ အခြေအနေမှာ ထိုအသက်မွေးဝမ်းကျောင်းသည် တက္ကသိုလ်၏ ခွင့်ပြုချက်ရှိရမည်။ ထို့ကြောင့် စတင်လုပ်ငန်းတည်ထောင်ခြင်း၏ အစောပိုင်းအဆင့်များကို ရှင်သန်ဖြတ်သန်းနိုင်ရန် မလွယ်ကူပေ။
…
ကုနင်းသည် အရေးကြီးကိစ္စအတွက် ကုမ္ပဏီကို သွားတာ မဟုတ်ပါ။ သူမသည် ကုမ္ပဏီကို သူကိုယ်တိုင် စီမံခန့်ခွဲရန် မလိုအပ်သော်လည်ကုမ္ပဏီ၏ အခြေအနေများကို သိရှိနားလည်ရန် လိုအပ်နေသေးသည်။
ဖိုင်များကို အချိန်အတော်ကြာဖတ်ပြီးနောက် ကုနင်းသည် ကောင်းယိကိုဖုန်းဆက်ပြီး Cမြို့ ရှိအခြေအနေများကိုမေးမြန်းခဲ့သည်။
ကောင်းယိ က သူမကို အရာအားလုံး ပုံမှန်ပါပဲ ဟုပြောသည်။
ထို့နောက် ကုနင်းသည် သူနှင့် ချောင်ယတို့ကို မြို့တော်သို့ ပြန်လာရန် ပြောခဲ့သည်။ ကုနင်းသည် ဟွမ်းဟိုင်ဟောက်က သူမကို သစ္စာဖောက်မှာကို မစိုးရိမ်တဲ့အတွက် Cမြို့ မှာ အခုနေနေဖို့ မလိုအပ်တော့ပါ။ ထန်အဖွဲ့အစည်းကို ယခုသူမက သိမ်းပိုက်ထားပြီးဖြစ်သောကြောင့် ဟွမ်းဟိုင်ဟောက်နှင့် သူ၏လူများကို အာရုံစိုက်နေရန် မလိုအပ်တော့ပေ။
အဲဒီနောက် ကုနင်းက ရှန်းကွမ်းယန်ဆီကို ဖုန်းခေါ်ပြီး အိမ်မှာရှိမရှိ မေးလိုက်သည်။ နောက်ကျရင် သူ့ဆီလာလည်ပြီး ကိစ္စတစ်ခုအတွက် အဖြေတောင်းချင်သည်ဟု ပြောလိုက်သည်။
ရှန်းကွမ်းယန်က သူမကို သူက ပန်းခြံတစ်ခုမှာ တခြားလူတစ်ဦးနှင့် ဆင်စစ်တုရင် ကစားနေသည်ဟု ပြောပြီး သူမသာ လာမည်ဆိုလျှင် အိမ်ပြန်လာခဲ့မည်ဟု ပြောသည်။
ကုနင်းက သူနှင့် အကြောင်းတစ်ခုခု ပြောလိုကြောင်းပြောသောအခါ ရှန်းကွမ်းယန်၏ စိတ်ထဲတွင် ပထမဆုံး ပေါ်လာသော အတွေးမှာ အရိုးဖြတ်ခြင်းနှင့် ခြင်ဆီသန့်စင်ခြင်းအကြောင်း ပြောဆိုလိုခြင်း ဖြစ်သည်ဟု သိလိုက်ရသည်။ သို့သော်လည်း ကုနင်း၏ လေသံမှာ လေးနက်ခြင်းမရှိသောကြောင့် အခြားအရာတစ်ခု ဖြစ်နိုင်သည်ဟုလည်း သူထင်သည်။
ရှန်းကွမ်းယန်သည် အိမ်တွင် တနေကုန်စာဖတ်ကာ ကျင့်ကြံရေးလုပ်ခြင်းဖြင့် အချိန်မကုန်ပေ။ အဲဒီအစား သူရဲ့ အများစုကို အပြင်မှာပဲ ကုန်ဆုံးလေ့ရှိသည်။
စစ်ဟယ်ယွမ် အနီးတွင် ရင်ပြင်တစ်ခုရှိပြီး လူများစွာသည် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အပန်းဖြေနေကြပြီး အထူးသဖြင့် လူကြီးများသည် ဓားသိုင်းလေ့ကျင့်ခြင်းနှင့် ဆင်စစ်တုရင်ကစားခြင်းများ ပြုလုပ်နေကြသည်။
ရှန်းကွမ်းယန်သည် လွန်ခဲ့သည့်ရက်အနည်းငယ်က ငြီးငွေ့လာသဖြင့် အိမ်မှထွက်လာကာ အချိန်ဖြုန်းရန် လမ်းလျှောက်ခဲ့သည်။ ထို့နောက် ဆင်စစ်တုရင်ကစားနေသော လူအိုအုပ်စုကို အာရုံကျသွားပြီး သူတို့နဲ့ ပူးပေါင်းခဲ့သည်။
ရှန်းကွမ်းယန် သည် ဆင်စစ်တုရင်ကစားခြင်းတွင်လည်း မဆိုးလှပေ၊ လူများစွာကို အနိုင်ရရှိထားသော်လည်း အဘိုးအိုတစ်ဦးကို အမြဲတမ်း ရှုံးနိမ့်ခဲ့သောကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့သည်။ ထို့ကြောင့် သူသည် အဘိုးအိုကို နေ့တိုင်း စိန်ခေါ်သည်။
ကုနင်း နဲ့ဖုန်းပြောနေတဲ့အတွက် ရှန်းကွမ်းယန် ဟာ စစ်တုရင်ကို မှားရွှေ့လိုက်မိသည်။ သူက ပြန်ရွှေ့ပြီး နေရာအသစ်ပြောင်းချင်ပေမယ့် သူနဲ့အတူ ဆင်စစ်တုရင်ကစားနေတဲ့ အဘိုးကြီးက မကျေနပ်ပေ။
"ရှန်းကွမ်း၊ မင်းအဲလိုလုပ်လို့မရလေ။ ရွှေ့ထားပြီးသားကို "
"ဘာလို့ မလုပ်နိုင်ရမှာလဲ? လောင်ကု ဘယ်လိုပဲဖြစ်ဖြစ် ငါမင်းကို နိုင်နိုင်မှာ မဟုတ်ပါဘူး။ ငါ့ကို ဘာလို့ အခွင့်အရေးမပေးတာလဲ" ရှန်းကွမ်းယန်သည် အနည်းငယ်ပင် အရှက်မရှိ။
“မင်း…” အဘိုးကြီးကု က အဲဒါကိုကြားတော့ ဘာပြန်ပြောရမှန်းမသိပေ။ ရှန်းကွမ်းယန် က သူ့ကို တစ်ခါမှ မနိုင်မရဖူးတဲ့အတွက်တော်တော်စိတ်မကောင်းဖြစ်နေနိုင်ပါသည်။ အဲဒါကိုတွေးပြီး အဘိုးကြီးကုက စိတ်လျှော့ပြီး ရှန်းကွမ်းယန်နဲ့ ငြင်းခုံတာကို ရပ်လိုက်သည်။
ကံမကောင်းစွာပဲ ရှန်းကွမ်းယန် ထိုအခွင့်ကောင်းယူလိုက်သည်နှင့် ဤတစ်ကြိမ်တွင် သူအနိုင်ရပြီး စိတ်လှုပ်ရှားစွာနှင့် ထခုန်လိုက်သည်။ “အိုး ကျုပ်နိုင်သွားပြီ နောက်ဆုံးတော့ နိုင်ဖူးပြီနော်”
"မင်းအနိုင်ရခဲ့ရင်တောင် အရှက်မရှိလုပ်ပြီး နိုင်သွားတာလေ" ရှန်းကွမ်းယန်ကို အသာစီးရစေခဲ့တဲ့အတွက် အဘိုးကြီးကုဟာ စိတ်ဆိုးပြီး နောင်တရနေသည်။
“ငါ ဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် ငါနိုင်ပြီ" ရှန်းကွမ်းယန် သည် သူအရှက်မဲ့စွာ ပြုမူခြင်း ရှိမရှိကို ဂရုမစိုက်ပါ။ သူအနိုင်ရနေသရွေ့တော့ ကျေနပ်နေမှာပင်။
ရှန်းကွမ်းယန် ၏တုံ့ပြန်မှုကြောင့် လူတိုင်းက ရယ်မောခဲ့ကြပြီး အဘိုးကြီးကု ကလည်း သူ့ကို တကယ်စိတ်မဆိုးပင်။ ယင်းအစား သူသည် ပြိုင်ပွဲမှ ကိုယ့်ဘာသာ နုတ်ထွက်လိုက်သည်ဟုသာ ခံစားလိုက်ရသည်။
တစ်ယောက်နဲ့တစ်ယောက် ရက်အတော်ကြာ ပေါင်းသင်းပြီးနောက်မှာတော့ ရှန်းကွမ်းယန်က မဆိုးဘူးဟု သိလိုက်ရသည်။ သူကအနိုင်ရလိုစိတ် ပြင်းပြသော်လည်း အခြားသူများကို မုန်းတီးခြင်းမရှိပေ။ သူက ကလေးတစ်ယောက်လိုပါပဲ။ ထို့အပြင် သူသည် ဆင်စစ်တုရင်တွင် မညံ့တဲ့အပြင် ကိုယ်ခံပညာမှာလည်း အလွန်ထူးချွန်သူဖြစ်သည်။
မနေ့က ပန်းခြံထဲမှာ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို ရိုက်နှက်နေပြီး သူမကို ကန်ကျောက်ခြင်း ပြုလုပ်နေသည်။ ရှန်းကွမ်းယန် သည် ထိုမြင်ကွင်းကိုမြင်ပြီးနောက် အပြေးအလွှားသွားကာ ထိုလူကို လှဲချလိုက်၍ ထိုလူသည် ပြန်မထနိုင်တော့ပေ။
ထို့အတွက်ကြောင့် လူအိုတော်တော်များများက ရှန်းကွမ်းယန် ကို သဘောကျသွားကြသည်။
…
ထန်အဖွဲ့အစည်း၏ ရုံးခန်းအဆောက်အဦးတွင်ဖြစ်သည်။
မနေ့နေ့လည်က ထန်ချင်းယန်က နောက်နေ့ မနက် ၉ နာရီမှာ ဒါရိုက်တာ အစည်းအဝေးလုပ်မယ်ဆိုတဲ့ သတင်းကို ထုတ်ပြန်ခဲ့ပြီး လူတိုင်းကို အသိပေးဖို့ အရေးကြီးတဲ့အချက်တစ်ခု ရှိသည်ဟု ကြော်ငြာခဲ့သည်။ လူတော်တော်များများက သိချင်နေကြပေမယ့် ထန်ချင်းယန်က သူတို့ကို အခုချက်ချင်းပြောဖို့ ငြင်းဆိုထားတာကြောင့်သူတို့ဘာမှမသိကြပေ။
မည်သို့ပင်ဆိုစေကာမူ ဒါရိုက်တာများအားလုံးသည် ထန်ပင်းစန်နှင့် ပတ်သက်မှုရှိနိုင်သည်ဟု မှန်းဆခဲ့ကြသည်။
သူတို့အားလုံးမှာ ရည်ရွယ်ချက်အမျိုးမျိုး ရှိကြသည်။ ထန်ပင်းစန်သည် ဆေးရုံတွင်ရှိနေဆဲဖြစ်သောကြောင့် အချို့သော ရည်မှန်းချက်ကြီးသော ဒါရိုက်တာများသည် တစ်ခုခုလုပ်ရန် စိတ်ကူးရှိနေပြီဖြစ်သည်။ ထိုအချိန်တွင် ထန်ချင်းယန် သည် ကုမ္ပဏီတွင် ဒါရိုက်တာအစည်းအဝေးခေါ်ခဲ့တဲ့အတွက် ခေါင်းဆောင်အသစ်တစ်ဦးခန့်မည့် လက္ခဏာဖြစ်သည်။
ထန်ပင်းစန် ဖျားနာပြီးနောက် အချို့သော ရှယ်ယာရှင်များသည် ထန်ချင်းယန်သည် ခေါင်းဆောင်အသစ်ဖြစ်လာနိုင်သည်ဟု ယုံကြည်၍ သူနှင့် ရင်းနှီးသော ဆက်ဆံရေးကို စတင်ရန် ကြိုးစားလာကြသည်။
***
အခန်း ၁၇၆၆ ခေါင်းဆောင်အသစ်လိုအပ်တယ်
တခြားဒါရိုက်တာကို ခေါင်းဆောင်တင်မြှောက်ရန် ပံ့ပိုးပေးတဲ့သူတွလေည်း အများကြီးရှိသည်။ သူလည်း ထူးချွန်တာကြောင့် သူ့ကို ထောက်ခံသူ အများအပြားကို သူ့ဖက် ဆွဲခေါ်နိုင်သည်။
သို့သော် သူသည် ထန်ချင်းယန်နှင့် မယှဉ်နိုင်သေးပါ။ ထန်ချင်းယန်သည် ထန်မိသားစုမှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဒုတိယအကြီးဆုံးရှယ်ယာရှင်ဖြစ်သည်။ ထန်ပင်းကျန်းပင်လျှင် သူ့ကို ထောက်ခံသည်။ ထန်ချင်းယန်သည် သူ၏တူဖြစ်သောကြောင့် သူသည် အပြင်လူကို မထောက်ခံပေ။
ရလဒ်အနေဖြင့် ထန်ချင်းယန်တွင် ရှယ်ယာများဝင်ရောက်လာသောအခါ အနိုင်ရရှိနေပြီဖြစ်သည်။
သို့သော် ရှယ်ယာအများဆုံးရရှိရုံဖြင့် ဥက္ကဋ္ဌဖြစ်လာနိုင်သည်ဟု မဆိုလိုပါ။ ရာထူးအတွက် အရည်အချင်းမပြည့်မီပါက ရုပ်သေးရုပ်ဖြစ်လာနိုင်သည်။ ကံကောင်းစွာဖြင့် ထန်ချင်းယန်သည် အရည်အချင်းမရှိသူမဟုတ်ပေ။
ထန်ပင်းစန်မှာ ဖြစ်ပျက်ခဲ့သော အရာများကြောင့် ဒါရိုက်တာအစည်းအဝေးကို ထန်ချင်းယန်မှခေါ်ခဲ့သည်ဟု လူတိုင်းက ခန့်မှန်းမိကြသော်လည်း ထန်ပင်းစန်၏အခြေအနေသည် အလွန်ဆိုးရွားခြင်းမရှိကြောင်းကိုသာ ၎င်းတို့သိသောကြောင့် ယင်းအကြောင်းကို မည်သူမျှသေချာမသိကြပေ။ ထို့ကြောင့် သူတို့သည် အလုပ်နှင့် ပတ်သက်သည်ဟုလည်း ယူဆကြသည်။ မကြာခင်မှာ ပရောဂျက်အသစ်အတွက် ဒါရိုက်တာ အစည်းအဝေးလည်း လုပ်ရတော့မည်ဖြစ်သည်။
ဒါရိုက်တာတိုင်း ရောက်သည့်အခါ ထန်ချင်းယန် ရောက်ရှိလာပြီး ၎င်း၏အတွင်းရေးမှူးနှင့် ပါးထျန်းယန်တို့ပါ လိုက်ပါလာကြသည်။
အတော်တဆအခြေအနေများအတွက် စာရွက်စာတန်းများကို ပါးထျန်းယန် လက်ထဲမှာ ကိုင်ထားသည်။ ပါးထျန်းယန်သည် အလွန်သန်မာသည်။ တစ်စုံတစ်ခုကို လုပ်တဲ့သူရှိရင်တောင်မှ စာရွက်စာတမ်းက လုံခြုံလိမ့်မည်။
"အားလုံးပဲမင်္ဂလာနံနက်ခင်းပါ။ ဒီနေ့အစည်းအဝေးရဲ့ ရည်ရွယ်ချက်ကို အားလုံးခန့်မှန်းလို့ရပြီး အဖြေကိုလည်း ရှာတွေ့ပြီးသားဖြစ်မယ်ထင်တယ်” လို့ ထန်ချင်းယန် က ပြောသည်။
သူပြောပြီးတာနဲ့ ဒါရိုက်တာတွေက ထန်ပင်းစန် အကြောင်းဖြစ်မယ်ဆိုတာ သေချာသွားသည်။
“ဘုရင်မရှိရင် တိုင်းပြည်မရှင်သန်နိုင်သလိုပဲ ကုမ္ပဏီတစ်ခုဟာ ခေါင်းဆောင်မရှိရင် မရှင်သန်နိုင်ပါဘူး။ ကျွန်တော်က အခု ခေတ္တအမှုဆောင် ဖြစ်ခဲ့ပေမဲ့ ကိစ္စတော်တော်များများကို ဆုံးဖြတ်ချက်ချနိုင်တဲ့ အခွင့်အာဏာ မရှိပါဘူး။ ကံမကောင်းစွာပဲ ဥက္ကဌက နေမကောင်းဖြစ်ပြီး အိပ်ရာထဲလဲနေတော့ ကုမ္ပဏီကို မစီမံခန့်ခွဲနိုင်တော့တာကြောင့် ခေါင်းဆောင်အသစ်ကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ” ဟု ထန်ချင်းယန်မှ ပြောကြားသည်။
အဲဒါကိုကြားတော့ အားလုံးက ဆွေးနွေးကြသည်။
"အိုး ဥက္ကဋ္ဌက ဘယ်သူကို ခေါင်းဆောင်အသစ်အဖြစ် ရွေးချင်တာတဲ့လဲ"
"ဆုံးဖြတ်ချက်ချဖို့ ငါတို့မဲပေးရမှာပေါ့။”
“…”
ထန်ပင်းစန်၏ရှယ်ယာများသည် ယခု ထန်ချင်းယန်၏အမည်အောက်တွင်ရှိနေပြီဖြစ်သည်ကို မည်သူမျှမသိခဲ့ကြဘဲ ရွေးချယ်မှုကသာ အဓိကဖြစ်သည်ဟု သူတို့ထင်ကြသည်။
ထန်ချင်းယန်က သူ့လက်ကို မြှောက်လိုက်သောအခါ ပါးထျန်းယန်က စာရွက်စာတမ်းကို ပေးလိုက်သည်။
ထန်ချင်းယန်က ဒါကိုယူလိုက်ပြီး “ဥက္ကဌက သူ့ရှယ်ယာအားလုံးကို ကျွန်တော့်ဆီ လွှဲပေးပြီးသားဖြစ်လို့ မဲပေးဖို့ မလိုတော့ပါဘူး။ ဒါ့ကြောင့်အခုချိန်ကစပြီး ကျွန်တော်က ထန်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်အသစ်ဖြစ်ပါတယ်"
အဲဒါကို သိလိုက်ရတော့ ဒါရိုက်တာတိုင်း အထူးသဖြင့် ဥက္ကဌနေရာအတွက် ယှဉ်ပြိုင်ဖို့ စီစဉ်ထားတဲ့ ဒါရိုက်တာတွေနဲ့ သူ့တို့ကို ထောက်ခံတဲ့သူတွေက အံ့သြသွားကြသည်။
"ဘာ?"
“မဖြစ်နိုင်တာ”
"ထန်ချင်းယန် ငါတို့ကိုပြော မင်းဥက္ကဋ္ဌကို စာချုပ်မှာ အတင်းလက်မှတ်ထိုးခိုင်းတာမလား" ဥက္ကဌနေရာအတွက် ယှဉ်ပြိုင်ဖို့ စီစဉ်ထားတဲ့ ဒါရိုက်တာက ထန်ချင်းယန်က ဆိုးရွားတာ တစ်ခုခုကို လုပ်လိုက်သလိုမျိုး သူ့ကို အကြင်အနာမဲ့စွာ ဝေဖန်လိုက်ကြသည်။
ထိုဒါရိုက်တာသည် စတုတ္ထမြောက် အဓိကရှယ်ယာရှင်ဖြစ်သည်။ သူ့နာမည်က ဝူကျင်းဖန် ဖြစ်ပြီး ဒီနှစ်မှာ အသက် ၅၀ နီးပါးရှိပြီဖြစ်သည်။ သူ့ရဲ့ ရည်မှန်းချက်ကို ဒါရိုက်တာအဖွဲ့ဝင်တိုင်း ကောင်းကောင်းသိကြသည်။
ဒါဟာအမှန်တရားဖြစ်တာကြောင့် အမေးခံရတာကို ထန်ချင်းယန်က လုံးဝစိတ်မဆိုးပေ။ သို့သော် သူဘယ်တော့မှ ဝန်ခံမည်မဟုတ်ပါ။ အဲဒီအစား ထန်ချင်းယန်က ဝူကျင်းဖန်ကို အေးအေးဆေးဆေး စိုက်ကြည့်ပြီး "ဒါရိုက်တာဝူ ကျွန်တော်က ဥက္ကဋ္ဌကို အတင်းအကြပ် စာချုပ်မှာ လက်မှတ်ထိုးခိုင်းနိုင်တဲ့ အရည်အချင်းရှိတယ်လို့ ထင်နေတာလား" ဟု မေးသည်။
အဲဒါကိုကြားတော့ လူတိုင်းက ထန်ပင်းစန်ကို ကောင်းကောင်းသိတာကြောင့် မဖြစ်နိုင်ဘူးလို့ ထင်ကြသည်။ သို့သော်လည်း ထန်ပင်းစန်သည် ၎င်း၏ အစုရှယ်ယာအားလုံးကို ထန်ချင်းယန်ထံ လွှဲပြောင်းပေးသည်က ယုံကြည်ရန် ခက်ခဲသည်။
ထန်ချင်းယန်က ဒါကိုသိတဲ့အတွက် သူဆက်ပြောတယ် "ထန်မိသားစု မကြာသေးမီက ကြုံတွေ့ခဲ့ရတာတွေက လျှို့ဝှက်ချက်မဟုတ်ပါဘူး၊ သူ့ရဲ့ တစ်ဦးတည်းသောသမီးဖြစ်တဲ့ ထန်ယရှင်းရဲ့ ဦးနှောက်က အခုတော်တော်ပျက်စီးနေတဲ့ အခြေအနေကို ရောက်နေပြီ။ သူက ထန်အဖွဲ့အစည်းကို အမွေမဆက်နိုင်တော့ဘူး။ ပိုဆိုးတာက ဥက္ကဌကလည်း အခု ပိုပြင်းထန်တဲ့ အခြေအနေမှာ ရှိနေပြီး အဆိုးဆုံးရလဒ်အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ ဆရာဝန်က ပြောထားတယ်။ ဒီနေ့ ဒီလိုအဖြစ်ဆိုးတွေ ဖြစ်ရတာက ထန်မိသားစုကို တစ်ယောက်ယောက်က လက်စားချေတာဆိုတာကို ခင်ဗျားတို့သိပြီးသားဆိုတာ ကျွန်တော်လောင်းရဲတယ်။ အဲ့တာကြောင့် ဥက္ကဌနေရာကို တခြားလူကိုပေးခဲ့ရင် ထန်အဖွဲ့အစည်းက ပိုပြီး ဒုက္ခရောက်သွားလိမ့်မယ်။ ထန်မိသားစု၏မိသားဝင်တစ်ဦးဖြစ်ပြီး ဥက္ကဋ္ဌ၏တူအရင်း၊ ထန်အဖွဲ့အစည်း၏ဒုတိယအကြီးဆုံးရှယ်ယာရှင်ဖြစ်တဲ့ ကျွန်တော်ကပဲအကောင်းဆုံးရွေးချယ်မှုဖြစ်တယ်"
အားလုံးက ခေါင်းညိတ်ပြီး ထန်ချင်းယန်နဲ့ သဘောတူလိုက်တယ်။
"ဟုတ်တယ်၊ တစယောက်ယောက်က ထန်မိသားစုကို လက်စားချေခဲ့တာဆိုတော့ အခု ပျက်စီးလုနီးပါးဖြစ်နေပြီ။ ထန်မိသားစုကို ဥက္ကဌက အုပ်ချုပ်နေသေးရင် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး”
"ဥက္ကဌက သူ့ရှယ်ယာအားလုံးကို ထန်ချင်းယန်ကို လွှဲပြောင်းပေးတာက ဘာမှ အမှားအယွင်းမရှိဘူးလို့ ထင်တယ်။ သူပြောသလိုပဲ သူက ထန်မိသားစုရဲ့ မိသားစုဝင်ဖြစ်ပြီး ဥက္ကဋ္ဌရဲ့တူလည်းဖြစ်တယ် နောက်ပြီး ထန်အဖွဲ့အစည်းရဲ့ ဒုတိယအကြီးဆုံးရှယ်ယာရှင်ဖြစ်တယ်လေ။ တကယ်ပဲ သူက အကောင်းဆုံး ရွေးချယ်မှုပါ။ ထန်အဖွဲ့ကို ပြင်ပလူဆီ အပ်လိုက်လို့ မရဘူး” ဒါရိုက်တာက ဝူကျင်းဖန်ကို ရည်ရွယ်ချက်ရှိရှိ တစ်ချက်ကြည့်ကာ တစ်စုံတစ်ခုကို ရည်ညွှန်းဟန် ပြောလိုက်သည်။
ဝူကျင်းဖန် ဒေါသထွက်နေပေမယ့် ထန်ချင်းယန် ပြောတာ မှန်နေတာကြောင့် ဒီအချိန်မှာ ဘာပြောရမှန်းမသိ ဖြစ်နေသည်။ ထန်မိသားစု၏ လက်ရှိအခြေအနေအရ ထန်ချင်းယန် ကို ထန်အဖွဲ့အစည်း၏ ခေါင်းဆောင်အသစ်အဖြစ် ခွင့်ပြုရန်က ၎င်းတို့၏ တစ်ခုတည်းသော ရွေးချယ်မှုဖြစ်သည်။
ထန်ပင်းစန် သည် ထန်ချင်းယန် ကို မည်မျှပင် မုန်းတီးနေပါစေ၊ သူသည် ထန်မိသားစု၏ မိသားစု၀င်တစ်ဦးဖြစ်ပြီး သူ့တွင် အရည်အချင်းများစွာရှိသည်။ ထန်အဖွဲ့အစည်းကို အုပ်စိုးနိုင်လျှင် ၎င်းသည် ၎င်း၏အမည်ကို ထိန်းသိမ်းထားနိုင်သည်။
"ခင်ဗျားတို့မှာ သံသယရှိသေးရင် ဗီဒီယိုကြည့်ကြည့်လို့ရပါတယ်" ဟု ထန်ချင်းယန် နှင့် ၎င်း၏အတွင်းရေးမှူးတို့က ဗီဒီယိုကို တစ်ပြိုင်နက် ဖွင့်လိုက်သည်။
ထန်ပင်းစန်က စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ ဗီဒီယိုပင်။ ဗီဒီယိုထဲမှာ ထန်ပင်းစန်က နေမကောင်းဖြစ်နေပုံရ၍ သူ့ကို အတင်းအကြပ် ခိုင်းစေခြင်း ရှိမရှိကို ဘယ်သူမှ မမြင်နိုင်ပေ။
တကယ်တော့ အဲဒီအချိန်တုန်းက ထန်ပင်းစန်ဟာ ခံစားချက်တွေ မပြနိုင်လောက်အောင်ကို ကြောက်ရွံ့နေခဲ့တာပင်။ ထို့ကြောင့် ဝူကျင်းဖန်သည် ရလဒ်ကို လက်မခံလိုသော်လည်း ၎င်းနှင့်ပတ်သက်ပြီး သူဘာမျှ မလုပ်နိုင်တော့ပါ။ ၎င်းက ပြီးသွားပြီဖြစ်၍ ကန့်ကွက်ပါက သူ၏ရှယ်ယာများ ဆုံးရှုံးနိုင်သည်။
ဘာပဲဖြစ်ဖြစ် ထန်ချင်းယန် သည် ရှယ်ယာ ၆၆ ရာခိုင်နှုန်းဖြင့် ထန်အဖွဲ့အစည်း၏ ဥက္ကဋ္ဌအသစ်ဖြစ်လာခဲ့သည်။
ထို့နောက် သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် ပြင်ဆင်ကြသည်။
မကျင်းပမီက သတင်းကို အရင်ထုတ်ပြန်ခဲ့သောကြောင့် ထန်အဖွဲ့အစည်းမှ ဝန်ထမ်းများအားလုံးသည် ယခုအချိန်တွင် ထန်ချင်းယန်သည် ၎င်းတို့၏ ဥက္ကဌအသစ်ဖြစ်ကြောင်း သိရှိလိုက်ရသည်။
ထန်ချင်းယန်သည် ထန်အဖွဲ့အစည်း၏ ဥက္ကဌအသစ်ဖြစ်သော်လည်း ၎င်းသည် လုံခြုံပြီဟု မဆိုလိုပါ။ ဆန့်ကျင်ဘက်အနေနဲ့ သူက ပိုအန္တရာယ်များတဲ့ အခြေအနေမှာ ရှိလာသည်။
တစ်စုံတစ်ယောက်က သူ့ကို လုပ်ကြံနိုင်မယ်ဆိုတာ မသေချာပေမယ့် ဖြစ်နိုင်တာမို့ ပါးထျန်းယန်ရဲ့အလုပ်က မပြီးသေးတဲ့အတွက် သူ့အနားမှာ ဆက်ရှိနေဖို့ လိုအပ်သည်။
…
ကုနင်းက နေ့လည်စာစားချိန် နေ့လည် ၁၁:၃၀ လောက်မှာ စစ်ဟယ်ယွမ်ကို ရောက်မယ်ဆိုတော့ ရှန်းကွမ်းယန်က ၁၁ နာရီမှာ အိမ်ကို ပြန်ခဲ့သည်။
ထိုအချိန်တွင် အဘိုးကြီးများအားလုံး နေ့လည်စာစားရန် အိမ်ပြန်ကြပြီး နေ့ခင်းဘက်နေပူလွန်းသောကြောင့် အပြင်မထွက်ကြပေ။
ညစာစားပြီးမှသာ လမ်းလျှောက်ထွက်ကြမည်။
ရှန်းကွမ်းယန်သည်လည်း ယခုရက်ပိုင်း ထိုအတိုင်းသာ လုပ်ဆောင်လေ့သည်။ သူသည် သူ့ဖုန်းနံပါတ်များကို ရင်းနှီးသော အဘိုးအိုများနှင့် လဲလှယ်ခဲ့ပြီး အပြင်သို့ လမ်းလျှောက်ထွက်မည့်အခါတိုင်း အချင်းချင်း ဖုန်းခေါ်ဆိုနိုင်မည်ဖြစ်သည်။
သူတို့သည် အနီးနားတွင် နေထိုင်ကြပြီး ဤနေရာသည် မြို့လယ်ပိုင်းကျ၍ ဤနေရာ၌ အိမ်တစ်လုံး တတ်နိုင်သောကြောင့် သူတို့လည်း အလွန်ချမ်းသာကြ လောက်မည်ဖြစ်သည်။
***
အခန်း ၁၇၆၇ သူ့ဘာသာပျောက်ကွယ်ခြင်း
ချမ်းသာသူတိုင်းသည် ယွမ်ဘီလီယံပေါင်းများစွာ သို့မဟုတ် ဘီလျံပေါင်းများစွာသော ကြွယ်ဝမှုကို ပိုင်ဆိုင်ကြသည်မဟုတ်ပေ။ ယွမ်ငွေပေါင်းများစွာ သို့မဟုတ် သန်းရာပေါင်းများစွာ ပိုင်ဆိုင်ထားသူများသည်လည်း အလွန်ချမ်းသာကြသော သူများဖြစ်ကြသည်။ ထို့ကြောင့် အပြင်သွားတိုင်း သူတို့ဘေးနားတွင် လူနှစ်ယောက်လောက် ရှိသည်။
သူတို့သည် လူအိုများဖြစ်၍ အန္တရာယ်ဖြစ်နိုင်သည်။
ရှန်းကွမ်းယန်သည် အလွန်မြင့်မားသောအဆင့်ရှိ ကျင့်ကြံသူဖြစ်ပြီး ကျင့်ကြံရေးလောကနှင့် လူ့လောကတွင် မည်သူနှင့်မျှ မယှဉ်နိုင်သော်လည်း ကျောက်တုံးလေးသည် သူ့အနားတွင် ရှိလေ့ရှိသည်။ ကျောက်တုံးလေးသည် ရှန်းကွမ်းယန် ဒုက္ခရောက်မည်ကို စိုးရိမ်တာကြောင့် မဟုတ်ပဲ သူ၏အလုပ် ဖြစ်သောကြောင့်သာဖြစ်သည်။
ရှန်းကွမ်းယန်၏လက်ထောက်အဖြစ် သူသည် ရှန်းကွမ်းယန်ကို မိမိကိုယ်မိမိ ကာကွယ်ရန် အားကိုးခိုင်းနိုင်မည်မဟုတ်ပေ။
ထိုအချိန်တွင် ကျောက်တုံးလေးသည် ရှန်းကွမ်းယန်ထံမှ များစွာသင်ယူခဲ့ပြီး သူ၏ကွန်ဖူးသည် တိုးတက်မှုများစွာရရှိခဲ့သည်။ ကျောက်တုံးလေးက သူ့ကို ကျေးဇူးတင်တယ်လို့ ခံစားရသည်။ သို့သော် ရှန်းကွမ်းယန်သည် လင်ရှောင်းထင်၏ဆရာဖြစ်နေပြီဖြစ်သောကြောင့် သူသည် ရှန်းကွမ်းယန်ကို သူ၏ ဆရာအဖြစ်မခံယူခဲ့ပေ။ သူသည် ရှန်းကွမ်းယန်၏ တပည့်ဖြစ်ရန်နှင့် လင်ရှောင်းထင်နှင့် တူညီသော အနေအထားတွင် ရှိရန်အတွက် အရည်အချင်းမပြည့်မီပေ။
တကယ်တော့ ဒါဟာ ကျောက်တုံးလေး ရဲ့ ကိုယ်ပိုင် စိတ်ကူးဖြစ်ပေမယ့် ရှန်းကွမ်းယန်က သူ့ကို တပည့်အဖြစ် လက်ခံဖို့ ဆန္ဒ မရှိပေ။ ဘာကြောင့်လဲ ဆိုတော့ ကျောက်တုံးလေးဟာ ကျင့်ကြံသူ မဟုတ်ဘဲ သေမျိုးသာ ဖြစ်သည်။ ယင်းအစား ရှန်းကွမ်းယန်သည် ကျောက်တုံးလေးက သင်ယူလိုစိတ်ရှိပြီး ၎င်းတို့ကို ကောင်းမွန်စွာ သင်ယူနိုင်သရွေ့ သူ့ကို ကွန်ဖူးအတတ်ပညာကို သင်ကြားပေးနိုင်သည်။ ကျောက်တုံးလေးသည် သူသင်ယူခဲ့သော အရည်အချင်းများကို အသုံးမချနိုင်ပါက ၎င်းတို့ကို သင်ယူရန် သူ့အတွက် မလိုအပ်ပါ။
ရှန်းကွမ်းယန်သည် ပန်းခြံမှ စစ်ဟယ်ယွမ်သို့ ဖြည်းညှင်းစွာ လျှောက်လာသည်။ ပန်းခြံသည် မီတာရာနှင့်ချီဝေးသော လမ်းမပေါ်တွင် တည်ရှိသောကြောင့် 10 မိနစ်အတွင်း အိမ်ပြန်ရောက်ခဲ့သည်။
လောင်ကျန်းသည် အကြိမ်တိုင်း အစားအစာများစွာကို ပြုလုပ်လေ့ရှိသောကြောင့် ရှန်းကွမ်းယန်က ကုနင်းက သူနှင့် ထမင်းအတူစားရန် လာမည်ဖြစ်၍ သူ့ကို အစာပိုချက်ရန် အထူးမပြောတော့ပေ။ သူတို့ ဗိုက်ပြည့်ဖို့ လုံလောက်သည်။ အစားအသောက် မလုံလောက်ဘူးဆိုရင်တောင် လျှော့စားရင် အရေးမကြီးပါပေ။
သူသည် တောင်ပေါ်မှ ထွက်ခွာလာသည်မှာ အချိန်အတော်ကြာပြီဖြစ်၍ သူ၏ အစာစားချင်စိတ်သည် နည်းပါးပြီးရင် နည်းပါးလာသည်။ အရင်ကလောက်တော့ မစားဖြစ်တော့ပေ။
သူသည် တောင်ပေါ်မှ ထွက်ခွာပြီးနောက် အချိန်တိုအတွင်း အလွန်အရသာရှိလှသော အစားအစာများကို မစားခဲ့ရသောကြောင့် ဖြစ်သည်။ အရသာရှိတဲ့ အစားအစာတွေကို ပိုစားလာရတာနဲ့အမျှ သူလည်း တဖြည်းဖြည်း ကျင့်သားရလာခဲ့သည်။
သို့သော် ရှန်းကွမ်းယန်သည် လူသုံးယောက်စာလောက် စားနိုင်သေးသည်။ လူငါးယောက်စာလောက်လည်း စားလေ့ရှိသည်။
…
မနက် ၁၁:၃၀ မှာ ကုနင်းရောက်လာသည်။
"ဟိုင်း အဘိုးရှန်းကွမ်း ဒီရက်ပိုင်း အဆင်ရောပြေရဲ့လား" ကုနင်းက စိုးရိမ်တကြီးနဲ့ မေးသည်။
"မဆိုးပါဘူး၊ ဒီရက်တွေမှာ ဒီလူကြီးတွေနဲ့ ဆင်စစ်တုရင် ကစားတယ်လေ" ရှန်းကွမ်းယန် က ပြောသည်။
"အံ့သြစရာပဲ! ဒီလိုသာဆို အဘိုး ပျင်းတော့မှာမဟုတ်ဘူး ကျွန်မမှာလည်း အလုပ်တွေအများကြီးရှိနေတာ ရက်ပိုင်းအတွင်းမှာလည်း တက္ကသိုလ်တက်ရတော့မယ်။ အဘိုးဆီလာလည်ဖို့ အချိန်အများကြီးမရှိမှာ ဆိုးရတယ်” လို့ ကုနင်းက ဆိုသည်။
“အဆင်ပြေပါတယ်။ မင်းကိုယ့်အလုပ်ကိုယ်ပဲ ဂရုစိုက်လိုက်ပါ။ ငါက ကလေးမှ မဟုတ်တာ ငါ့ဘာသာ နေလို့ရပါတယ်” ဟု ရှန်းကွမ်းယန် က ဆိုသည်။ ယခုတော့ သူ လုံးဝ မငြီးငွေ့တော့ပေ။
တကယ်တော့ အခု သူတော်တော် အလုပ်ရှုပ်နေတာပင်။ သူသည် စာဖတ်ခြင်း၊ ကျင့်ကြံခြင်း၊ ပန်းခြံရှိ အဖိုးအိုများနှင့် ဆင်စစ်တုရင် ကစားခြင်း၊ သို့မဟုတ် ငါးဖမ်းခြင်းဖြင့် နေ့စဉ်နေ့တိုင်း လုပ်စရာများစွာရှိသည်။ ပန်းခြံထဲမှာ ရေကန်တစ်ခုရှိပြီး လူတွေ ငါးဖမ်းလို့ရပါတယ်။
"အိုး ငါနဲ့ ဘာပြောချင်တာလဲ" ရှန်းကွမ်းယန်က ရုတ်တရက် မေးလိုက်သည်။
"အင်း သရဲတစ္ဆေတွေက အရာ၀တ္ထုတွေကို မထိနိုင်တာတော့ မဟုတ်ဘူးမလား။ သရဲတစ္ဆေတွေကို ဒီလိုလုပ်လို့ရမယ့် နည်းလမ်းတွေကိုများ သိလား မေးမလို့ပါ" ကုနင်းက မေးသည်။
“လွယ်ပါတယ်။ ငါ့မှာ တာအိုမှော်အရုပ် ရှိတယ်။ သူ့ကို တစ္ဆေနှင့် တွဲလိုက်တာနဲ့ တစ္ဆေက အကောင်လိုက်အထည်လိုက် 15 မိနစ် နေလို့ရပြီးတော့ သူကသည် အရာ၀တ္ထုတွေကို ထိလာနိုင်လိမ့်မယ်။ 15 မိနစ်ကြာပြီးရင်တော့ တစ္ဆေက မူလဇာတိကို ပြန်လည်ရောက်ရှိပြီးတော့ ထိနိုင်တော့မှာ မဟုတ်ဘူး” ဟု ရှန်းကွမ်းယန်ကပြောပြီး “ဘာလို့ ဒီလိုတောင်းတာလဲ? တစ်ခုခု ကြုံရလို့လား"
ရှန်းကွမ်းယန်မှာ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှိမှန်း သိလိုက်ရတော့ ကုနင်း၏ မျက်လုံးတွေက စိတ်လှုပ်ရှားပြီး တောက်ပသွားသည်။ သူ့မေးခွန်းကို ကြားတော့ ကုနင်းက ရိုးသားဖို့ ရွေးချယ်လိုက်ပြီး "အဲ့တာ မနေ့က ကျွန်မသူငယ်ချင်းတွေနဲ့ လည်တုန်းက တစ္ဆေအထီးတစ်ကောင်နဲ့ တွေ့ခဲ့တာ။ အခုတော့ ကျွန်မရဲ့ စိတ်စွမ်းအင်အာကာပြင်ထဲထည့်ထားတယ်။ သူ့ကို လူ့ကမ္ဘာမှာ နေခွင့်ပြုလို့ မဖြစ်ဘူးလေ။ မဖယ်ရှားရင် လူသားတွေကို ထိခိုက်စေမှာမို့လို့ ဒီပြဿနာကို ဖြေရှင်းချင်ပါတယ်။ ကျွန်မက သူ့ဝိညာဉ်ကို ဖျက်ဆီးပြီး လူပြန်မဝင်စားနိုင်အောင် လုပ်လိုက်နိုင်ပေမယ့်လည်း အဲ့တာက ကျွန်မကို ကံဆိုးစေမှာကို ကြောက်တယ်။ အဲ့တာကြောင့် သူ့စွဲလမ်းမှုကို စွန့်လွှတ်ပြီး သူ့ဘာသာသူ ပျောက်ကွယ်သွားအောင် ကူညီပေးနိုင်မယ်လို့ ထင်တယ် အောင်အောင် မြင်မြင်နဲ့ လူပြန်ဝင်စားသွားနိုင်ရင်တော့ ကံကောင်းခြင်းတွေ ယူဆောင်လာမှာပါ။ ဒါပေမယ့် သူက သူ့ရဲ့ စွဲလမ်းမှုကို စွန့်လွှတ်ရန် ငြင်းဆိုရင်တော့ သူ့ဝိညာဉ်ကို ကျွန်မ ဖျက်ဆီးပစ်မှာပါ။ သူ့စွဲလမ်းမှုက သူ့ဇနီးရဲ့ အချစ် တိုကင်လေးပါ။ အခြားသူရဲ့ သင်္ချိုင်းမှာ သိမ်းထားတာမလို့ အဲ့နေရာမှာ သရဲအဖြစ်နဲ့ အချိန်အတော်ကြာ စောင့်ကြပ်နေတာ အဲဒီကျောက်စိမ်းတုံးကို ရမှပဲ သူ့စွဲလမ်းမှု ကင်းစင်သွားလိမ့်မယ်”
“ကောင်းပြီ၊ မင်း ဆုံးဖြတ်ချက် ကောင်းကောင်းချထားတာပဲ တစ္ဆေတွေ သူ့အလိုလို ပျောက်ကွယ်သွားအောင် လုပ်ရင် ကံကောင်းခြင်းတွေ ဆောင်ကြဉ်းပေးနိုင်မလားဆိုတာ အရေးမကြီးပေမယ့် အကြိမ်များစွာ ဖြစ်ပျက်လာနဲ့အခါ ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိလာလိမ့်မယ်” ဟု ရှန်းကွမ်းယန် က ပြောသည်။
ထို့နောက် သူ့လက်ကို မြှောက်လိုက်သည်နှင့် တာအိုမှော်အရုပ်သည် လေထဲတွင် ပေါ်လာသည်။ သူက ကုနင်းကို ပေးလိုက်သည်။ "ဒါကိုယူပြီး တစ္ဆေအထီးကို သူ့ရဲ့ စွဲလမ်းမှုကို စွန့်လွှတ်ပြီး ငါတို့ကမ္ဘာကနေ သူ့ဘာသာသူ စွန့်သွားနိုင်အောင် သင်္ကေတကို ရအောင်ယူပါ"
“ကျေးဇူးပါ အဘိုးရှန်းကွမ်း” ကုနင်းက တာအိုမှော်အရုပ်ကိုယူပြီး သူမ၏ စိတ်စွမ်းအင်အာကာပြင် ထဲကို ထည့်လိုက်သည်။
နေ့လည် ၁၂ နာရီထိုးခါနီးတွင် လောင်ကျန်းသည် ဟင်းပွဲများကို ကောင်းစွာပြင်ဆင်ထားသည်။
ကုနင်းနှင့် ရှန်းကွမ်းယန် တို့သည် နေ့လည်စာ အတူတူစားကြသည်။ ထို့နောက်တွင် ကုနင်းသည် သူမ၏ ကုမ္ပဏီသို့ မပြန်မီ ရှန်းကွမ်းယန်နှင့် ခဏနေသည်။ သူမသည်အထီးသရဲရှိသော သရဲအိမ်ကို သွားရန် ညအချိန်ရောက်သည်အထိ စောင့်ဆိုင်းရမည်။
သို့သော် ကျောင်းလုံသည် ယခု သူမအနားတွင် မရှိ၍ ကုနင်းသည် သရဲအိမ်အောက်ရှိ သင်္ချိုင်းတွင်းသို့သွားရန် နည်းလမ်းရှာဖွေရန် လိုအပ်နေပြီဖြစ်သည်။ မြေကြီးအောက်က နက်ရင်တော့ သူ့အထဲမှာ တူးဖို့ မဖြစ်နိုင်ပေ။
ထို့ကြောင့် ကုနင်းသည် မိစ္ဆာမြေခွေးကို လွှတ်လိုက်သည်။ သူမကားထဲမှာဖြစ်၍ မိစ္ဆာကို နောက်ထိုင်ခုံမှာ တိုက်ရိုက်တင်လိုက်သည်။ မိစ္ဆာမြေခွေးက ထွက်သွားတာနဲ့ ကားက ရွေ့နေတာကို တွေ့လိုက်တော့ အဲဒါက ဘာလဲဆိုတာ မသိတဲ့အတွက် ကြောက်လန့်ပြီး မေးသည်။ “ဒါက ဘာလဲ”
"ကား" ကုနင်းကပြောသည်။
"ကားဆိုတာ ဘာလဲ" မြေခွေးက မေးသည်။
"ရထားလုံးကို သိလား" ကုနင်းက မေးသည်။
“သိတယ်” မိစ္ဆာမြေခွးကေပြာသည်။
“ဒါက ကားလို့ခေါ်တယ်။ မြင်းလှည်းလိုမျိုး ဘီးပါပြီး သူတို့အပေါ်မှာ ရွေ့နေတာ။ ဒါပေမယ့် မြင်းလှည်းတွေကို မြင်းတွေက ဆွဲကြပေမယ့်ကားတွေကိုတော့ ဆီနဲ့ မောင်းကြတယ်။ အဲဒါကို မင်းကို ဘယ်လိုရှင်းပြရမလဲ ငါမသိဘူး၊ ဒါကြောင့် မင်းသိသည်ဖြစ်စေ မသိသည်ဖြစ်စေ အရေးမကြီးဘူး။ မင်း ဒီကိစ္စကို ဆက်မေးနေစရာလည်း မလိုဘူး” ဟု ကုနင်းက ဆိုသည်။ နိယာမကို သူမလည်း မသိဘဲ၊ မိစ္ဆာမြေခွေးက အဲဒါကို နားမလည်နိုင်တာကြောင့် အကျယ်တဝင့် ရှင်းပြဖို့ စိတ်မ၀င်စားပေ။
ကုနင်းသည် ကားကို ရထားလုံးနှင့် နှိုင်းယှဉ်ပြောသောအခါ မိစ္ဆာမြေခွေးက ဘာကိုဆိုလိုတာကို သိလိုက်ရသည်။ ကုနင်းကို ဒီအကြောင်းကို ထပ်မမေးတော့ဘဲ ရပ်လိုက်သည်။
"မြေတူးတတ်လား? မြေကြီးထဲကို နက်နက် ဆင်းသွားနိုင်လား?” ကုနင်းက မေးသည်။
"ရတာပေါ့ လွယ်လွယ်လေး!" မြေခွေးက ပြောသည်။ ကုနင်းက သူ၏စွမ်းရည်ကို သံသယဝင်သောကြောင့် မကျေမနပ်ဖြစ်သွားသည်။
“မီတာ ၂၀ အနက်ကို တူးဖို့ ဘယ်လောက်ကြာမလဲ” ကုနင်းက မေးသည်။
“နာရီဝက်” ဟု မိစ္ဆာမြေခွေးက ပြောသည်။
အလွန်မြန်ဆန်သော်လည်း ကျောင်းလုံသည် မိနစ်ပိုင်းအတွင်း ပြီးမြောက်နိုင်သည်။ ကံမကောင်းစွာပဲ ကျောင်းလုံသည် လင်ရှောင်းထင်၏ စစ်အခြေစိုက်စခန်းသို့ လိုက်သွားသောကြောင့် ကုနင်းသည် မိစ္ဆာမြေခွေးကိုသာ အားကိုးရတော့မည်။
***
အခန်း ၁၇၆၈ ငါတို့ဘော့စ် ဘယ်လိုဖြစ်သွားတာလဲ?
“ကောင်းပြီ ဒီည ငါနဲ့ အတူ မြေသွားတူးရမယ်” ဟု ကုနင်းက ပြောသည်။ မိစ္ဆာမြေခွေးက တခြားဘာမှ မပြောနိုင်ခင်မှာ သူ့ကိုဖမ်းပြီး သူ၏ စိတ်စွမ်းအင်အာကာပြင် ထဲသို့ ပြန်ထည့်လိုက်သည်။
ကုနင်းက ကုမ္ပဏီကိုသွားပြီး စာရင်းတွေကို ဆက်လက် ကိုင်တွယ်သည်။
လင်ရှောင်းထင်သည် လေ့ကျင့်ရေးလုပ်နေသော်လည်း ကောင်းစွာ မအောင်မြင်ပေ။ မနက် ၆ နာရီမှာ တောရိုင်းလေ့ကျင့်ရေးစခန်းကို သွားကြသည်။ တိရစ္ဆာန်များစွာရှိသည့် အန္တရာယ်ရှိသော အပျိုစင်တောကြီးဖြစ်သည်။ မူလက အဖွဲ့လိုက်လုပ်ရမည်ဖြစ်သည်။ တစ်ဖွဲ့မှာ လူ ၃ဦးရှိပြီး အားလုံးတွင် ၁၂ ယောက်ရှိသောကြောင့် ၎င်းတို့ကို အုပ်စု ၄ ခု ခွဲထားသည်။ သို့သော် ခွဲခွာခါနီးတွင် ခြင်္သေ့တစ်ကောင်နှင့် တိုးကြတော့သည်။ သားရဲရှိမှန်းသိ၍ ခြင်္သေ့များအပါအဝင် ၎င်းတို့ကိုလည်း မြင်ဖူးသည်။ မည်သို့ပင်ဆိုစေကာမူ ဤတစ်ကြိမ်တွင် သူတို့ကြုံတွေ့ရသော ခြင်္သေ့သည် လုံးဝကွဲပြားသည်။
ခြင်္သေ့နီသည် နီရဲတဲ့ အမွေးရှိသော ခြင်္သေ့ဖြစ်ပြီး ၎င်းတို့သည် ယခင်က မြင်ဖူးသမျှ အခြားသောခြင်္သေ့များထက် များစွာကြီးမားသည်။ သူတို့ကို စူးစူးဝါးဝါးကြည့်ေနသောအခါ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။
ထိုအချိန်တွင် လင်ရှောင်းထင်နှင့် အခြားလူများသည် ခြင်္သေ့နီကြီး၏ ဆန့်ကျင်ဘက်တွင် ရပ်နေကြသည်။ ၎င်းတို့သည် 5 မီတာအကွာအဝေးထက်မပိုဘဲ ခြင်္သေ့နီသည် လင်ရှောင်းထင်ကို တစ်ချိန်လုံးအာရုံစိုက်သည်။
"ဘော့စ် ဒီခြင်္သေ့မှာ အသိရှိတာလား?" ရှုကျင်းချန်က လင်ရှောင်းထင်ကို မေးသည်။ သူ ပြောရုံပြောနေတာမဟုတ်ပဲ သူတကယ်ယုံကြည်သည်။
သူနောက်ဆုံးအကြိမ် နတ်ဆိုးလေ့ကျင့်ရေးရှိလူနှင့်တွေ့ပြီးကတည်းက ဘီလူးများနှင့် သရဲတစ္ဆေများကို စတင်ယုံကြည်လာသည်။ ထို့ကြောင့် ဤခြင်္သေ့နီကို မြင်လိုက်သည်နှင့် ဉာဏ်ပညာရှိမည်ဟု ခံစားလိုက်ရသည်။
ဒါက ရှုကျင်းချန်တင်မကပဲ ချန်းမင်နှင့် အိုက်ဝေ့ရွှမ်းတို့ပါ တူညီသော အကြံရှိကြသည်။ သူတို့လည်း နောက်ဆုံးအကြိမ်တုန်းက ရှုကျင်းချန်နဲ့အတူ ရှိတာကြောင့် ဘီလူးတွေနဲ့ သရဲတစ္ဆေတွေ တကယ်ရှိတယ်ဆိုတာ သူတို့သိသည်။
သူတို့ သုံးယောက်က အသင်းဖော်တွေဆီက လျှို့ဝှက်ထားခဲ့သည်။ သူတို့ရဲ့နေ့စဉ်ဘ၀မှာ ထူးဆန်းတဲ့အကြောင်းအရာတွေကို ဘယ်လိုပဲပြောတာ ကြိုက်နေပါစေ မဆွေးနွေးသင့်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိသည်။ ထို့အပြင် ၎င်းသည် မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပြီး လက်တွေ့မှာ မမြင်ခင်အထိ မည်သူမျှ ယုံနိုင်မည်မဟုတ်ပေ။
ကိုယ့်မျက်စိနဲ့သာ မမြင်ရရင် ယုံမှာမဟုတ်ဘူး။
"ဘာလဲ? ဘယ်အချိန်ကတည်းက ဒီလိုတွေစပြီး ယုံကြည်လာတာလဲ” ရှင်းပိုင် က အော်လိုက်သည်။
“ဒီကမ္ဘာမှာ ထူးဆန်းတာတွေ အမျိုးမျိုးရှိတယ်။ မကြုံဖူးသေးလို့သာလေ မရှိဘူးလို့ ပြောလို့မရဘူး ငါတို့ သိပ်သတိမထားမိရုံပါ” ဟု ချန်းမင် က ပြောသည်။
နတ်ဆိုးများနှင့် သရဲတစ္ဆေများ အမှန်တကယ်ရှိနေကြောင်း သူတို့ကို တိုက်ရိုက်မပြောနိုင်သော်လည်း ၎င်းကို အလေးအနက်မထားပါက သတိထားဖို့ ပြောရန် လိုအပ်နေသေးသည်။ လင်ရှောင်းထင် သာလျှင် ခြင်္သေ့နီမှာ အသိရှိတယ်ဆိုတဲ့ ခံစားချက်အစစ်အမှန်ကို ခံစားခဲ့ရပြီး ကျင့်ကြံသူတစ်ယောက်ရဲ့ လေထုကို ရတာကြောင့် သူက ပစ်မှတ်ဖြစ်တယ်ဆိုတာ သိလိုက်ရသည်။
သို့သော် ခြင်္သေ့နီသည် ၎င်းတို့နှင့် ဆန့်ကျင်ဘက်တွင် ရပ်နေသော်လည်း လင်ရှောင်းထင်ကို ကြောက်သောကြောင့် ယခု ဘာမှ မလုပ်ပေ။ အဆင့်နိမ့်သောကြောင့် လင်ရှောင်းထင်ကို တိုက်ခိုက်ရန် တွန့်ဆုတ်နေ၏။
ခြင်္သေ့နီတွင် အသိရှိသောကြောင့် သာမန်လူသားများကဲ့သို့ တွေးခေါ်နိုင်သည်။
"ဘော့စ် မင်းရောဘယ်လိုထင်လဲ" ရှင်းပိုင်က လင်ရှောင်းထင်ကို မေးသည်။ ခြင်္သေ့မှာ ဉာဏ်ပညာရှိနိုင်တယ်လို့ သူမယုံကြည်ပေမယ့် ဒီခြင်္သေ့နီက တခြားခြင်္သေ့တွေနဲ့ မတူဘူးဆိုတာတော့သိသည်။
"ချန်းမင် ပြောတာကို ငါသဘောတူတယ်။ ဒီကမ္ဘာမှာ ထူးဆန်းတဲ့အရာတွေ အမျိုးမျိုးရှိတယ်။ မင်းမတွေ့ဖူးသေးတာနဲ့ပဲ သူတို့က မရှိဘူးလို့ ပြောလို့မရဘူး” ဟု လင်ရှောင်းထင်က ပြောသည်။ နတ်ဆိုးများနှင့် သရဲတစ္ဆေများ အမှန်တကယ်ရှိနေကြောင်း ၎င်းတို့အား တိုက်ရိုက် မပြောနိုင်ပေ။
"မင်းတို့ဒီမှာနေခဲ့ ဘာလုပ်နိုင်မလဲဆိုတာငါသွားကြည့်မယ်" လင်ရှောင်းထင် ခြေထောက်ကိုမြှောက်ပြီး ခြင်္သေ့နီဆီသို့ လျှောက်သွားသည်။
"ရှောင်းထင်!"
ခြင်္သေ့နီသည် အလွန်အန္တရာယ်များကြောင်း သိသာထင်ရှားသောကြောင့် သူ၏အပြုအမူကို အခြားသူများ အံ့အားသင့်သွားကြပြီး သူ့ကို တားဆီးလိုကြသည်။
"ဒါ အမိန့်ပဲ" လင်ရှောင်းထင်က လေးနက်သောလေသံဖြင့် ပြောသည်။ အဲဒါကိုကြားတော့ တခြားသူတွေက ပါးစပ်ပိတ်လိုက်ကြသည်။ သူတို့က စစ်သားတွေဆိုတော့ အမိန့်နာခံရမည်။
၎င်းတို့၏ အခြားအသင်းဖော်က လင်ရှောင်းထင်၏ တိုက်ခိုက်စွမ်းရည်ကို မတွေ့ရှိဖူးသော်လည်း ရှုကျင်းချန်၊ ချန်းမင်နှင့် အိုက်ဝေ့ရွှမ်းတို့သည် ကျင့်ကြံသူအဖြစ် လင်ရှောင်းထင်၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြင်တွေ့ခဲ့ရသောကြောင့် သူတို့ထက်စိုးရိမ်မှုနည်းပါးခဲ့ကြသည်။
၎င်းတို့သည် နောက်ဆုံးအကြိမ်က နတ်ဆိုးကျင့်ကြံသူကို မဖမ်းနိုင်ခဲ့ဘဲ လင်ရှောင်းထင်သာလျှင် အောင်မြင်ခဲ့သည်။ ထို့ကြောင့် လင်ရှောင်းထင်သည် ဤခြင်္သေ့နီကိုလည်း ကိုင်တွယ်နိုင်မည်ဟု ယုံကြည်ကြသည်။ အခြားသူများသည် နတ်ဆိုးလေ့ကျင့်ရေးရှိ လူအကြောင်း ဘာမှမသိသောကြောင့် ပို၍စိုးရိမ်ကြသည်။ သို့သော် သူတို့စိုးရိမ်နေကြသော်လည်း သူတို့သည် နောက်ကွယ်မှသာ စောင့်ကြည့်နေပြီး အန္တရာယ်ကြုံလာသောအခါ လင်ရှောင်းထင်ကို ကူညီရန် အသင့်ပြင်ထားကြသည်။
လင်ရှောင်းထင်သည် ရှေ့သို့ မှန်မှန် လျှောက်သွားခဲ့ပြီး ခြင်္သေ့နီသည် စိတ်ဖိစီးမှုကြောင့် နောက်ပြန်ဆုတ်သွားသည်။ သို့သော် ယခုထွက်သွားရန် တွန့်ဆုတ်နေပြီး မရှုံးနိုင်ဟု ယုံကြည်နေသည်။
အတန်ကြာစဉ်းစားပြီးနောက် ခြင်္သေ့နီသည် လင်ရှောင်းထင်ဆီသို့ ပြေးသွားသည်။ ဘာပဲဖြစ်ဖြစ် ကြိုးစားဖို့ ဆုံးဖြတ်လိုက်သည်။ အပြီးမသတ်နိုင်ရင် ထွက်ပြေးသွားနိုင်ပေသည်။
လင်ရှောင်းထင်သည် ကောင်းစွာပြင်ဆင်ထားပြီးနောက် ခြင်္သေ့နီက သူ့ထံသို့ ပြေးလာသောအခါ ချက်ချင်းပင် ပြန်လည်တိုက်ခိုက်ခဲ့သည်။ ခြင်္သေ့နီမှာ အသိရှိပြီးသားမို့ တခြားတိရစ္ဆာန်တွေထက် သဘာဝအားဖြင့် ပိုသန်မာသည်။
လင်ရှောင်းထင်သည် မနေ့တနေ့က နတ်ဆိုးလမ်းစဉ်ရှိလူနှင့် ကြုံတွေ့ခဲ့ရသည့်အတိုင်းပင် ပြင်းထန်လှသည်။ ကံကောင်းစွာဖြင့် လင်ရှောင်းထင်သည် ယခုအချိန်တွင် ကွဲပြားနေသောကြောင့် ဤခြင်္သေ့နီကို ကိုင်တွယ်ရန် သူ့အတွက် မခက်ခဲလှပေ။ မလွယ်ပေမယ့် သူ့ကိုအနိုင်ယူဖို့က မိနစ်ပိုင်းကြာသေးသည်။
သူတို့ နှစ်ယောက်လုံးက ကျင့်ကြံသူများဖြစ်သောကြောင့်သေမျိုးများကြား တိုက်ပွဲထက် များစွာ ပိုပြင်းထန်သည်။ သစ်ပင်များကို ထိလိုက်သည်နှင့် တစ်ပြိုင်နက် ပျက်စီးသွားကာ လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
“ဘုရားရေ ငါတို့ဘော့စ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အများကြီးတိုးတက်လာတာပဲ”
“သေချာပေါက် အမှန်ပဲ။ သူ့ရဲ့ တုံ့ပြန်မှုနဲ့ ခွန်အားတွေက အရင်ကထက် ပိုသွက်လက်ပြီး ပိုသန်မာလာတယ်။ သူ့မှာ ပိုကြီးတဲ့ အဖျက်စွမ်းအားလည်း ရှိတယ်”
"ကျွန်တော်တို့ ဘော့စ် ဒီရက်ပိုင်း ဘာတွေ ဖြစ်ခဲ့တာလဲ"
"သူက ငါတို့မသိတဲ့ လေ့ကျင့်မှုမျိုးကို လက်ခံရရှိခဲ့တာလည်း ဖြစ်နိုင်တာပဲ"
“…”
အချို့က အသံတိုးတိုးဖြင့် ဆွေးနွေးနေကြပြီး အားလုံးက လင်ရှောင်းထင်ကို သဘောကျကြသည်။
"ငါတို့သာ ဘော့စ်နဲ့ ပြိုင်ရရင် ကျိန်းသေပေါက် ရှုံးမှာ" လို့ အိုက်ဝေ့ရွှမ်းက ဆိုသည်။
သူတို့သည် လင်ရှောင်းထင်ကို ဘယ်တုန်းကမှ အနိုင်မယူဖူးသော်လည်း ရှုံးလည်းမရှုံးဖူးပေ။ သို့သော် ယခုအခါတွင် ကွဲပြားသွားလိမ့်မည်။
လင်ရှောင်းထင်၏ကွန်ဖူးစွမ်းရည်ကို သူတို့အားလုံး သဘောကျကြပြီး အများစုမှာ သူ့ထက်အသက်ကြီးသော်လည်း သူ့ကို ခေါင်းဆောင်အဖြစ်ထားရန် ဆန္ဒရှိကြသည်။
"ငါရောပဲ!" လူတိုင်းက သဘောတူသည်။ အချိန်ကြာလာသည်နှင့်အမျှ ခြင်္သေ့နီသည် လင်ရှောင်းထင်ကို တိုက်ခိုက်ရန် ပိုမိုခက်ခဲလာသည်။
ဒါဟာ သူ့အတွက် အဆင်မပြေမှန်းသိသွားပြီး လွတ်မြောက်ချင်လာသည်။ သို့ရာတွင် လင်ရှောင်းထင်သည် သူတို့အား နောက်တစ်ကြိမ် တိုက်ခိုက်နိုင်သောကြောင့် ထွက်ပြေးရန် ခွင့်မပြုပေ။
သူတို့လေ့ကျင့်ဖို့လိုအပ်သည်။ ပြီးတော့ ပင်ပန်းကြလိမ့်မည်။ ခြင်္သေ့နီက အားနည်းနေချိန်မှာ သူတို့ကို တိုက်ခိုက်လျှင် အကုန် အသတ်ခံရလိမ့်မည်။ ထို့ကြောင့် ခြင်္သေ့နီကို အသက်ရှင်လျှက် လွှတ်လိုက်လို့ မဖြစ်ပေ။
လင်ရှောင်းထင်က ချက်ချင်းရပ်လိုက်သည်။ ထို့နောက် မဆိုးမတွပဲ ထိုခြင်္သေ့ထွက်ပြေးသွားပါက ပစ်သတ်ရန် သူ့အသင်းသားများကို အမိန့်ပေးလိုက်သည်။
၎င်းတို့သည် သူတိူ့ကို အုပ်စုလိုက် တိုက်ခိုက်နိုင်သည့် အခြားသားရဲများကို အနှောက်အယှက်မဖြစ်စေရန် အသံတိတ်သေနတ်များ ယူဆောင်လာကြသည်။
***
အခန်း ၁၇၆၉ မကောင်းဆိုးဝါးနဲ့ သရဲတွေက တကယ်ရှိတယ်
သူတို့သည် ၎င်းတို့၏ ကာယခွန်အားကို လေ့ကျင့်ရန် တောင်ပေါ်တွင် ရှင်သန်နေထိုင်ပုံ၊ အစမှ အဆုံးအထိ ဘယ်လို သွားလာရမည်ဆိုတာကို လေ့ကျင့်ရုံသာမက ၎င်းတို့ထံ ကြုံတွေ့လာရမည့် သားရဲများကို အနိုင်ယူရန်အတွက် ဤနေရာကို လာကြခြင်းဖြစ်သည်။
သို့သော်လည်း သားရဲများ၏ အာရုံစူးစိုက်မှုကို တမင်တကာ ဆွဲဆောင်ရန် လိုအပ်သည်ဟု မဆိုလိုပါ။
တောရိုင်းတိရိစ္ဆာန်များသည် သီးခြားစီ ပြောင်းရွှေ့သွားသောကြောင့် ပုံမှန်အားဖြင့် ၎င်းတို့သည် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်လောက် ပေါ်လာလေ့ရှိသည်။
မည်သို့ပင်ဆိုစေကာမူ ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်လာပါက တောရိုင်းတိရိစ္ဆာန်များသည် လမ်းကြောင်းအမျိုးမျိုးမှ စုဝေးရောက်ရှိနိုင်ပြီး လင်ရှောင်းထင် နှင့်အတူ ၎င်း၏အသင်းဖော်များပါ အန္တရာယ်ကျရောက်နိုင်သည်။
၎င်းတို့သည် အထူးတပ်သားစစ်သည်များဖြစ်ပြီး သာမန်စစ်သားများထက် စွမ်းရည်များစွာရှိသော်လည်း ၎င်းတို့ကို အနိုင်ယူနိုင်စွမ်းမရှိပေ။
ဒါဇင်နဲ့ချီသော ရက်စက်ကြမ်းကြုတ်တဲ့ သားရဲအုပ်စုနဲ့ ရင်ဆိုင်ရလျှင် သူတို့ အသက်ရှင်ဖို့ ခက်ခဲနိုင်သည်။
ထိုတိရစ္ဆာန်များသည် သူတို့ကို ပြင်းထန်စွာ ဒဏ်ရာရစေလျှင် သို့မဟုတ် သူတို့တွင် အလွန်အန္တရာယ်များသော အခြေအနေတွင် ရှိနေပါက ထိုတိရစ္ဆာန်များကို သတ်ပစ်ရလိမ့်မည်။
အဲဒီအကောင်တွေကို တန်းသတ်တာထက် ပြန်မတိုက်နိုင်တဲ့အထိ ဒဏ်ရာရအောင် လုပ်ဖို့က ပိုခက်ခဲသည်။ ထိုသားရဲများကို သတ်ရန် လေးလံသော တွန်းအားတစ်ခုသာ လိုအပ်ပြီး ၎င်းကို အလွန်အမင်း စဉ်းစားနေရန် မလိုအပ်ပါ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည် သရဲေကာင်တို့အား သူတို့ကို ပြန်မတိုက်ခိုက်နိုင်သည့်အထိဘဲ နာကျင်စေရန် ရည်ရွယ်ပါက တိုက်ခိုက်မှု၏ ပြင်းထန်မှုကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ ထိုအခြေအနေမျိုးတွင် သူတို့၏ စွမ်းရည်များသည် အကန့်အသတ်ရှိမည်ဖြစ်ပြီး ပို၍အန္တရာယ်များမည်ဖြစ်သည်။
လင်ရှောင်းထင် ၏အသင်းဖော်များက ပစ်ခတ်လိုက်သောအခါ ခြင်္သေ့နီသည် အကြိမ်ပေါင်းများစွာ အပစ်ခံရပြီး သန်မာသော ကြံ့ခိုင်မှုကို ချက်ချင်းဆုံးရှုံးသွားခဲ့သည်။ လင်ရှောင်းထင် ၏ ပြင်းထန်သောတိုက်ခိုက်မှုအကူအညီဖြင့် မကြာမီ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
လင်ရှောင်းထင် အဆင်ပြေရဲ့လားဆိုတာ သိဖို့ ချက်ခြင်းပြေးသွားကြသည်။
အခု တိုက်ပွဲက ပြင်းထန်လွန်းသည်။ လင်ရှောင်းထင် ဒဏ်ရာရတာကို မတွေ့ခဲ့ရသော်လည်း အနည်းငယ်စိုးရိမ်နေသေးသည်။
လင်ရှောင်းထင် အဆင်ပြေနေတာကိုတွေ့လိုက်ရတော့ အားလုံးစိတ်သက်သာရာရသွားသည်။
စစ်မင်က “ဘော့စ် ဒီခြင်္သေ့နီက အရမ်းအစွမ်းထက်တာပဲ တကယ်ပဲအသိရှိတာလား"
သူသည် သရဲတစ္ဆေများနှင့် နတ်ဆိုးများကို မယုံကြည်သေးသော်လည်း ဤခြင်္သေ့နီသည် အထူးအဆန်းဖြစ်သဖြင့် ၎င်းအကြောင်းကို သေသေချာချာ စဉ်းစားရလေသည်။
“အခု ငါ မင်းကို လေးလေးနက်နက် ပြောမယ် ဒီဟာကို ဘယ်သူမှ ပေါက်ကြားခွင့် မရှိဘူး။ ပေါက်ကြားတာနဲ့ မီးတောက်နီအဖွဲ့ရဲ့ စစ်စည်းကမ်းတွေကို ဖောက်ဖျက်တယ်လို့သတ်မှတ်ပြီးတစ်သက်တစ်ကျွန်း ထောင်ကျနိုင်သလို သတ်လည်းခံရနိုင်တယ်” ဟု လင်ရှောင်းထင်က ရုတ်တရက် ပြင်းထန်သော လေသံဖြင့် ပြောကြားခဲ့သည်။
တစ်ခုခုကို အသိပေးဖို့ အချိန်တန်ပြီဟု သူခံစားမိသည်။ သူတို့အားလုံးဟာ သေမျိုးတွေဆိုပေမယ့် သူ့ရဲ့ယုံကြည်ရဆုံး ညီအစ်ကိုတွေပါ။
လင်ရှောင်းထင် သည် ၎င်းတို့အား အယုံကြည်ရဆုံးဖြစ်သော်လည်း သတိေပးရန် လိုအပ်ပါေသးသည်။
“ဟုတ်ကဲ့ပါ!” အားလုံးက လေးနက်တဲ့ မျက်နှာနဲ့ ပြန်ဖြေတယ်။ တခြားသူတွေက လင်ရှောင်းထင် ဘာပြောမယ်ဆိုတာ မသိပေမယ့် ရှုကျင်းချန် နဲ့ တခြားနှစ်ယောက်က မှန်းဆမိထားသည်။ သူတို့ မှန်းဆမမှားလျှင် မကောင်းဆိုဝါးတွေ သရဲတစ္ဆေတွေနဲ့ ပတ်သက်မှု ရှိရမည်။
“ဒီကမ္ဘာမှာ သရဲတစ္ဆေတွေနဲ့ မကောင်းဆိုးဝါးတွေ တကယ်ရှိတယ်။ သူတို့က လူတွေကို ပေါ့ပေါ့ဆဆ မတိုက်ခိုက်နိုင်ဘူး အဲ့တာကြောင့် မင်းတို့တွေ ဘယ်တော့မှ သတိမထားမိတာ” ဟု လင်ရှောင်းထင် က ဆိုသည်။
"ဘာ?"
"တစ္ဆေတွေနဲ့ မကောင်းဆိုးဝါးတွေက တကယ်ရှိတာလား"
"မယုံနိုင်စရာကောင်းလွန်းတယ်!"
“…”
ထိုစကားကိုကြားတော့ အားလုံးက အံ့ဩသွားပြီး ကိုယ့်နားကိုယ်နားကို မယုံနိုင်ဖြစ်နေကြသည်။
"ဝေ့ရွှမ်း ၊ လောင်မင်နဲ့ ကျင်းချန်တို့က သူတို့နဲ့တွေ့ဖူးပြီးတော့ ငါနဲ့ တိုက်ဖူးကြတဲ့အတွက် အဲဒါကို သိကြတယ်။ ငါသူတို့ကို လျှို့ဝှက်ထားဖို့ ပြောထားလို့ ကျန်တဲ့သူတွေကို မပြောခဲ့တာ” ဟု လင်ရှောင်းထင် က ဆက်လက်ပြောသည်။ ဒါကိုသိတော့ တခြားအသင်းဖော်တွေက အိုက်ဝေ့ရွှမ်း၊ ချန်းမင်နဲ့ ရှုကျင်းချန်ကို ချက်ချင်းလှည့်ကြည့်လိုက်သည်။
သူတို့သုံးယောက်ဟာ တကယ့် သရဲတစ္ဆေတွေနဲ့ နတ်ဆိုးတွေနဲ့ တွေ့ဖူးတာ အံ့သြစရာပါပဲ။
အိုက်ဝေ့ရွှမ်း၊ ချန်းမင်နှင့် ရှုကျင်းချန် တို့သည် ငြိမ်သက်နေကြသော်လည်း လင်ရှောင်းထင်က အမှန်အတိုင်းပြောခဲ့သည်မှာ ထင်ရှားသည်။
တကယ်တော့ လင်ရှောင်းထင် ပြောတာကို သူတို့ အံ့သြသွားပေမယ့် သံသယမရှိကြပါဘူး။ ဒါဟာ သူတို့အတွက် မယုံနိုင်လောက်အောင်ပါပဲ၊ ဒါကြောင့် ချက်ချင်းလက်ခံဖို့တော့ ခက်ပါသည်။
"ဟုတ်တယ် အဲ့တုန်းက မကောင်းဆိုးဝါးက ငါ့ကိုသတ်လုနီးပါးဖြစ်နေတဲ့အချိန် ဘော့စ်က ငါ့အသက်ကို ကယ်ခဲ့တာ” ဟု ရှုကျင်းချန် က ပြောသည်။ တကယ်တော့ သူက ဓားစာခံအဖြစ် ချုပ်နှောင်ခံရချိန်မှာ မကြောက်ပေမယ့် အဲဒီလူဟာ နတ်ဆိုးကျင့်ကြံသူ ဖြစ်တယ်လို့ သိလိုက်ရတဲ့အခါ သူ ကြောက်သွားသည်။
"ဒီအကြောင်းကို လက်ခံနိုင်ဖို့ 10 မိနစ် အချိန်ပေးမယ် ပြီးရင် လေ့ကျင့်မှုတွေ စလုပ်ကြမယ်။ ဒီခြင်္သေ့နီရဲ့သွေးက တခြားသားရဲတွေကို ဆွဲဆောင်နိုင်လို့ ဒီနေရာကနေ အရင်ထွက်သွားဖို့ေတာ့လိုတယ်” ဟု လင်ရှောင်းထင် က ပြောသည်။
အခြားသူများကလည်း သူ့နောက်ကို ချက်ချင်းလိုက်သွားကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ထိတ်လန့်ဖွယ်သတင်းကို လက်ခံနိုင်ရန် ကြိုးစားခဲ့ကြသည်။ ကံကောင်းစွာနဲ့ပဲ မိနစ်အနည်းငယ်အတွင်းမှာပဲ သူတို့လက်ခံနိုင်သွားသည်။ ၎င်းတို့သည် ၎င်းကို အပြည့်အဝ မယံုကြည်နိုင်သေးသော်လည်း ၎င်းတို့၏ ခံစားချက်များကို ထိန်းချုပ်ကာ လျှို့ဝှက်ထားနိုင်ခဲ့သည်။ ဒါမှ တခြားအရာတွလေုပ်တဲ့အခါ မထိခိုက်မှာ ဖြစ်သည်။
သူတို့ထွက်သွားပြီး ၅ မိနစ်အကြာတွင် အချို့သော တိရစ္ဆာန်များသည် သွေးများကို အနံ့ခံ၍ ရောက်လာကြသည်။ သူတို့ရောက်တာနဲ့ အားလုံးက ခြင်္သေ့နီရဲ့အသားကို စားပြီး သွေးကို အပြိုင်အဆိုင် သောက်သံုးကြသည်။
အားနည်းသူများသည် သန်မာသူများ၏ သားကောင်များဖြစ်သည်ဟူသော အမှန်တရားပင်။
…
နေ့လည် 4:30 တွင် ကုနင်းသည် ကျင်းယွင်ယောင် ကိုဖုန်းဆက်ပြီး သူမဘာလုပ်နလေဲဟုမေးသည်။
ကျင်းယွင်ယောင် သည် ယနေ့ ဘယ်မှ မသွားဘဲ တစ်နေကုန် အိမ်တွင် နေခဲ့သည်။ ပျင်းတဲ့အခါ သန့်ရှင်းရေးလုပ်သည်၊ အိမ်ရှေ့နဲ့ အိမ်နောက်ဖေးမှာ ပန်းပင်တွေကို ပြုစုသည်။
ကျင်းယွင်ယောင် သည် ပန်းများကို စိုက်ပျိုးခြင်းကို နှစ်သက်သောကြောင့် သူမသည် ယခင်က လူသူကင်းမဲ့နေသည့် လင်ရှောင်းထင် ၏ လက်ရှိအိမ်ကြီးကို အလှဆင်ရန်အတွက် လွန်ခဲ့သော ရက်အနည်းငယ်က ပန်းများနှင့် ပန်းမျိုးစေ့များကို ဝယ်ယူခဲ့သည်။
ကုနင်းက ကျင်းယွင်ယောင် တစ်ယောက်တည်း ပျင်းနေပြီး နေ့ခင်းဘက် ဘာမှလုပ်စရာမရှိဘူးလို့ ထင်တဲ့အတွက် သူမနဲ့ ညစာစားဖို့ ပြောခဲ့သည်။ ကျင်းယွင်ယောင် သာ အဆင်ပြေပါက ချူးဖေ့ဟန် နှင့် အခြားသူငယ်ချင်းများနှင့်အတူ သူမကို သွားတွေ့မည်ဖြစ်သည်။
ကျင်းယွင်ယောင် က လုံး၀အဆင်ပြေသည်။ လူများစွာနဲ့ အတူတူပျော်ကြတဲ့အခါ သူမပျော်ရွှင်သည်။
ကုနင်းနှင့်ဖုန်းဆက်ပြီးနောက် ကျင်းယွင်ယောင် သည် စိတ်လှုပ်ရှားစွာ အိမ်မှထွက်ကာ စျေးဝယ်ထွက်ခဲ့သည်။ အိမ်မှာ စားစရာရှိပေမယ့် ကျင်းယွင်ယောင် က မလုံလောက်ဘူးလို့ ခံစားမိတဲ့အတွက် နောက်ထပ်ဝယ်ဖို့ သွားလိုက်သည်။
ကုနင်းက ချူးဖေ့ဟန် ကို ဖုန်းခေါ်ပြီး အတူထမင်းစားဖို့ ဖိတ်ခေါ်လိုက်သည်။ ချူးဖေ့ဟန် နှင့်သူမ၏အခြားသူငယ်ချင်းများသည် ယနေ့တွင် တခြားအချိန်ဇယားမရှိပေ။ မုခယ် သည် ယနေ့နံနက်တွင် ရာစုနှစ်မြို့တော် တွင် လာေရာက်တွေ့ဆုံခဲ့ပြီး ဂိမ်းမကစားမီ ၎င်းတို့ကိုယ်တိုင် ချက်ပြုတ်ပြီး နေ့လယ်စာ အတူတူ စားခဲ့ကြသည်။
ကုနင်းက သူတို့ကို ညစာအတူတူထမင်းစားဖို့ဖိတ်၍ သူတို့သွားကြမည်။
ရာစုနှစ်မြို့တော် သည် ရှန်းနဉ် အဖွဲ့အစည်းနှင့် မနီးမဝေးတွင်ရှိပြီး ၎င်း၏ဂိတ်တွင် ဘတ်စ်ကားမှတ်တိုင်တစ်ခုရှိသောကြောင့် ရှန်းနဉ် အဖွဲ့ထံသို့ မိနစ်အနည်းငယ်အတွင်း ဘတ်စ်ကားစီးကာ တိုက်ရိုက်တက်နိုင်သောကြောင့် ကုနင်းက သူတို့ကို သွားမခေါ်တော့ပေ။
သူတို့ကလည်း ကုနင်းကို သူတို့အား လာခေါ်ဖို့ အနှောက်အယှက် မပေးပေ။
ချူးဖေ့ဟန်နှင့် သူ့သူငယ်ချင်းတွေ အိမ်ကထွက်သွားပြီးတာနဲ့ ချက်ချင်းပဲ ကောင်းယိ နဲ့ ချောင်ယတို့နှင့် တွေ့လိုက်ရသည်။
တစ်ယောက်နဲ့တစ်ယောက် ယဉ်ကျေးစွာ နှုတ်ဆက်ကြသည်။
ကောင်းယိ နဲ့ ချောင်ယ က ကုနင်းကို လေယာဉ်ပေါ်ကဆင်းဆင်းချင်း ဖုန်းခေါ်ပြီး ကုနင်းက သူတို့ကို အိမ်မှာ အနားယူဖို့ ပြောသည်။
သူမသည် သူတို့ကို လိုအပ်သည့်အခါ ဆက်သွယ်မည်ဖြစ်သောကြောင့် ကုနင်းကို ကုမ္ပဏီတွင် သွားတွေ့မည့်အစား အိမ်သို့ တန်းတန်းမတ်မတ် ပြန်လာခဲ့သည်။
"ဘယ်သွားမလို့လဲ? ကားလိုသေးလား" ကောင်းယိ က မေးသည်။ ကုနင်းက သူတို့ကို အနားယူဖို့ ပြောခဲ့ပေမယ့် ပင်ပန်းတယ်လို့ လုံးဝမခံစားရ ပေ။
ဤအချိန်အတောအတွင်း Cမြို့ တွင် ဟွမ်းဟိုင်ဟောက်ကို အထူးအာရုံစိုက်ခဲ့ကြသော်လည်း ၎င်းတို့၏ ခွန်အားများစွာမကုန်ခဲ့ရပါ။ ဆန့်ကျင်ဘက်အားဖြင့်၊ သူတို့သည် အချိန်အများစုကို လွတ်လပ်စွာကုန်ဆုံးခဲ့ကြသည်။
ကောင်းယိသည် ချူးဖေ့ဟန် နှင့် သူမ၏ သူငယ်ချင်းများတွင် ကားမပါသည်ကို တွေ့သဖြင့် ထိုမေးခွန်းကို မေးလိုက်ခြင်းဖြစ်သည်။
အခန်း ၁၇၇၀ သူကို ရပ်ဖို့ တောင်းဆိုခြင်း
"ကျေးဇူးတင်ပါတယ် ဒါပေမယ့် ကျွန်မတို့ ဘော့စ်ကို သူ့ကုမ္ပဏီမှာ သွားတွေ့ဖို့ပဲလိုလို့ ဘတ်စ်ကားစီးလိုက်ရင်ရပြီ။ သုံးမှတ်တိုင်ပဲ ဝေးတယ်” ဟု ချူးဖေ့ဟန်ကပြောသည်။
မဝေးသောကြောင့် ကောင်းယိ ကို အနှောက်အယှက်မပေးချင်ပေ။
“ဟုတ်ပါပြီ” သူမပြောပြီးကတည်းက ကောင်းယိ က အတင်းအကြပ်မပြောပေ။
ချူးဖေ့ဟန်နှင့် သူမ၏ သူငယ်ချင်းများသည် ရှန်းနဉ် အဖွဲ့အစည်း၏ အပြင်သို့ ရောက်သောအခါတွင် သူမသည် ကုနင်းကို ဖုန်းခေါ်လိုက်သည်။
အခုအချိန်က မစောတော့၍ ကျင်းယွင်ယောင် ကို ချက်ချင်းသွားတွေ့သင့်သည်။
မိနစ်အနည်းငယ်ကြာနောက် ကုနင်းပေါ်လာပြီး တောင်မြစ်ကမ်းပါး ဥယျာဉ်ကို အတူတူသွားခဲ့ကြသည်။
"ဘော့စ် ငါတို့ထမင်း ဘယ်မှာစားမှာလဲ" ငါတို့မှာ ဘာစားကြမှာလဲ” ချူးဖေ့ဟန် က မေးသည်။
"ငါတို့ လင်ရှောင်းထင်ရဲ့ နေရာကို သွားကြမယ်။ သူ့အမေက အိမ်မှာ တစ်ယောက်တည်းနေတော့ သူနဲ့ ထမင်းစားလို့ရတယ်” လို့ ကုနင်းက ဆိုသည်။
"သူက စစ်ဟယ်ယွမ် ဒါမှမဟုတ် အိမ်မှာနေတာလား" ချူးဖေ့ဟန် က ထပ်မေးသည်။
သူတို့သည် ယခင်က လင်ရှောင်းထင် ၏ စီးပွားရေးအခြေအနေအကြောင်း မေးမြန်းခဲ့ကြသောကြောင့် သူ့တွင် စစ်ဟယ်ယွမ် နှင့် အိမ်များစွာရှိကြောင်း သိရှိခဲ့ကြသည်။
“အခု အိမ်မှာနေတာ စစ်ဟယ်ယွမ်မှာ လင်ရှောင်းထင်ရဲ့ဆရာရှိတယ်” ဟု ကုနင်းက ပြောသည်။
“အော် ဟုတ်ပြီ!” ကုနင်းစကားကိုကြားတော့ သူတို့ သဘောပေါက်သွားသည်။
"ဘော့စ် မင်းချစ်သူက စစ်သားပဲမဖြစ်နိုင်ဘူးထင်တယ်။ စစ်သားက ဒီလောက်ချမ်းသာစရာအကြောင်းမှမရှိတာ!" မုခယ်က ပြောသည်။ သူ့မှာ အဖြေရှိပြီးသားဖြစ်ပေမယ့် ကုနင်းရဲ့ ပါးစပ်ကနေ ကြားချင်သေးသည်။
“ဟုတ်တယ် သူ့နာမည်အောက်မှာ စီးပွားရေးတွေ အများကြီးရှိတယ်။ သူက ငါ့ထက်တောင် ပိုချမ်းသာတယ်လေ” လို့ ကုနင်း က ပြောပေမယ့် သူမ အဲဒီအကြောင်းကို အသေးစိတ် မပြောခဲ့ပေ။
“ဘုရားရေ သူက အံ့ဩစရာပဲ။” ချူးဖေ့ဟန် က အော်ေပြာသည်။
“အင်းပေါ့လေ၊ သူက နင်းနင်းရဲ့ ချစ်သူပဲကို” လို့ ယွီမီရှီ က ပြောသည်။
“ဟုတ်တယ် ငါတို့ဘော့စ်က အရမ်းထူးချွန်တဲ့ မိန်းကလေးပဲ။ အရည်အချင်းရှိတဲ့ယောက်ျားကပဲ သူ့နဲ့ ထိုက်တန်တယ်။ အဲဒီလူက ငါတို့ဘော့စ်ရဲ့နှလုံးသားကို အနိုင်ယူနိုင်ဖို့ ချမ်းသာပြီး သန်မာရမယ်” ဟု ချူးဖေ့ဟန် က အဓိပ္ပါယ်ရှိသော လေသံဖြင့် ပြောသည်။ အခြားသူများက “သန်မာရမယ်” ဟူသော အဓိပ္ပာယ်ကို ချက်ချင်းနားလည်ကြပြီး အနည်းငယ် ရှက်သွားကြသည်။
လင်ရှောင်းထင်မှာ ကြီးကျယ်သော ယောက်ျားပီသမှု ရှိတယ်ဆိုတာက အမှန်တရားပင်။ အရပ်ရှည်ကာ တောင့်ဖြောင့်သည်။ အရေးကြီးဆုံးကတော့ သူ့မှာ မယုံနိုင်စရာကောင်းလောက်အောင် ခံနိုင်ရည်ရှိပြီး ကုနင်းကပင် သူ့ကို ခဏခဏ ရပ်ခိုင်းရသည်။
အနည်းငယ်ရှက်စရာကောင်းသော်လည်း ကုနင်းသည် ထိုအရာကို သူမတကယ်နှစ်သက်ကြောင်း မငြင်းနိုင်ပေ။
ယွီမီရှီ နဲ့ မုခယ်တို့ဟာ အခုချိန်မှာ ချစ်သူရည်းစားတွေဖြစ်နေကြပေမယ့် သူတို့ကိုယ်သူတို့ ကောင်းကောင်းထိန်းချုပ်ထားကြသည်။ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးက အခုချိန်ထိ မတည်ငြိမ်သေး၍ တစ်ယောက်ကိုတစ်ယောက် နမ်းပြီး ပွေ့ဖက်ရုံလောက်သာလုပ်လေ့ရှိသည်။ သူတို့က အခုမှ အရွယ်ရောက်လာပြီး အတူအိပ်ဖို့ မဝံ့ရဲကြပေ။
ကုနင်းသည် အသက် 18 နှစ်တွင် လင်ရှောင်းထင်နှင့် အိပ်ခဲ့ပြီးဖြစ်သော်လည်း သူမသည် အသက် ၂၈ နှစ်အရွယ် အမျိုးသမီးကဲ့သို့ စိတ်ဓာတ်ရင့်ကျက်သောကြောင့် လိင်ဆက်ဆံခြင်းသည် ဆိုးရွားသည်ဟု သူမမထင်ပေ။
ထို့အပြင် ကုနင်းသည် အခြားအမျိုးသားများနှင့် အိပ်ခြင်းမဟုတ်ပဲ သူမနှင့် လင်ရှောင်းထင်တို့၏အနာဂတ်ကို ယုံကြည်သောကြောင့် လင်ရှောင်းထင် ကို ရွေးချယ်ခြင်းဖြစ်သည်။
ချူးဖေ့ဟန် ပြောနေတာတွေကို လူတိုင်းသိပေမယ့် ဘယ်သူကမှ ဆက်မပြောကြပေ။ မဟုတ်လျှင် ပိုရှက်စရာကောင်းလာလိမ့်မည်။
ထို့ကြောင့် ကုနင်းသည် အကြောင်းအရာကို ချက်ချင်းပြောင်းလိုက်သည်။
"မနက်ဖြန်က အားလပ်ရက်နောက်ဆုံးနေ့နော် အပြင်မှာ ပျော်ဖို့ပဲစီစဉ်ထားတာလား ဒါမှမဟုတ် အိမ်မှာပဲနေမှာလား"
ကုနင်းသည် အကြောင်းအရာကို တမင်တကာ ပြောင်းလိုက်သောကြောင့် ချူးဖေ့ဟန်သည် မျက်လုံးဝေ့လိုက်သော်လည်း သူမသည် ထိုအကြောင်းကို ဆက်မပြောတော့ပေ။
"မနက်ဖြန်ထွက်လည်ရင် မင်း ငါတို့နဲ့လိုက်မှာလား" ယွီမီရှီ က မေးသည်။ ကုနင်းသာ မရှိလျှင် ပျော်စရာမဟုတ်ဘူးလို့ သူမ ခံစားရသည်။
"အလုပ်တွေသာမရှိရင် မင်းတို့နဲ့ ငါလိုက်လို့ရ လောက်တယ် ဒါပေမယ့် ဖြေရှင်းစရာတွေရှိရင်တော့ နေခဲ့ရလိမ့်မယ်" လို့ ကုနင်းကပြောသည်။ မနက်ဖြန် ဘာလုပ်ရမယ်ဆိုတာ သူမကိုယ်တိုင် တောင် မသေချာသေးတဲ့အတွက် သူတို့ကို ကြိုပြောထားဖို့ လိုသည်။
“ရပါတယ်။ တကယ်လို့ မနက်ဖြန် အလုပ်ရှုပ်နေရင် အလုပ်ကိုပဲ အာရုံစိုက်လိုက်ပါ” လို့ ယွီမီရှီ က ဆိုသည်။
"ကောင်းပြီ မနက်ဖြန် ဘယ်မှာ ပျော်လို့ရလဲ ရှာကြည့်ရအောင်!" ချူးဖေ့ဟန် က အင်တာနက်ပေါ်ရှိ ခရီးသွားလမ်းညွှန်များဖတ်ရန် သူမ၏ဖုန်းကိုထုတ်ကာ ဖွင့်လိုက်သည်။ သူမသည်လည်း ပျော်ပါးရန် အမြဲတက်ကြွနေသော်လည်း ကုနင်းသာမရှိလျှင် အနည်းငယ် ငြီးငွေ့ရပါသည်။
"အိုး ငါတို့ ချန်လင်းတောင်ကို သွားမလား" ချူးဖေ့ဟန်က စိတ်လှုပ်ရှားစွာဖြင့်
“ဒါက မြို့တော်ရဲ့ ဆင်ခြေဖုံးတွေမှာရှိတဲ့ အမြင့်ဆုံးတောင်ထိပ်တဲ့ တောင်ထိပ်ကိုတက်ရင် မြို့တစ်မြို့လုံးရဲ့ မြင်ကွင်းကျယ်ကို လှမ်းမြင်နိုင်တယ်လို့လည်းပြောတယ် လိုဏ်ဂူတွေကို သွားလည်ဖို့ ကေဘယ်ကားနဲ့လည်း စီးလို့ရတယ်တဲ့”
ချန်လင်းတောင်ကိုကြားတော့ ကုနင်းသည် ၎င်းထဲမှာ ပုန်းကွယ်နေသည့် ပြင်ပကမ္ဘာနှင့် မှော်ပညာဖြင့် ခြားထားသည့် ကျင့်ကြံရေးကမ္ဘာကို တွေးတောနေမိသည်။
မည်သို့ပင်ဖြစ်စေ သူမသည် ကျင့်ကြံသူမဟုတ်သောကြောင့် ချန်လင်းတောင်တွင် ကျင့်ကြံသူများနှင့် တိုးရန် မကြောက်ပေ။
“ဒီအကြံကောင်းတယ်လို့ထင်တာပဲ။ ဘော့စ် မင်းရောဘယ်လိုထင်လဲ" မုခယ် က မေးသည်။ သူက ချန်လင်းတောင်ကို အရမ်းစိတ်ဝင်စားသည်။
"ဘာလို့မဖြစ်ရမလဲ!" ကုနင်းက ပြောသည်။ ထို့ကြောင့် မနက်ဖြန် ချန်လင်းတောင်သို့ သွားရန် ဆုံးဖြတ်လိုက်ကြသည်။
တောင်မြစ်ကမ်းပါး ဥယျာဉ်သို့ ရောက်သောအခါ ညနေ ၆ နာရီထိုးခါနီးပြီဖြစ်၍ ကျင်းယွင်ယောင် သည် သူတို့အတွက် ညစာပြင်ဆင်ပြီးဖြစ်သည်။ လင်ရှောင်းထင် သည် ထိပ်တန်းအရည်အသွေးရှိသူဖြစ်ကြောင်း သူတို့သိထားသောကြောင့် သူ၏ဇိမ်ခံအိမ်ကြီးကြောင့် လန့်သွားခြင်းမရှိကြပေ။
တစ်ယောက်နဲ့တစ်ယောက် တွေ့ပြီးတာနဲ့ လူတိုင်းက ကျင်းယွင်ယောင် ကို ယဉ်ကျေးစွာ နှုတ်ဆက်သည်။
ကျင်းယွင်ယောင်သည် အိမ်တွင် တစ်ယောက်တည်းမဟုတ်တော့သောကြောင့် အလွန်ပျော်နေပုံရသည်။ ထိုအချိန်တွင် သူမသည် မှတ်ဉာဏ်များကို မဆုံးရှုံးမီ သူ့ဘဝအကြောင်းကို အကြိမ်ပေါင်းများစွာ အိပ်မက်မက်ခဲ့သော်လည်း ဘာကိုမှ မမှတ်မိတော့ပေ။
ညစာစားပြီးသောအခါ ကုနင်းသည် လင်ရှောင်းထင် မရှိတော့သောကြောင့် သူ့စိတ်ကြိုက် ပန်းကန်များ ဆေးရန် ထရပ်လိုက်သည်။ ကျင်းယွင်ယောင် က ကုနင်းကို တားဖို့ ကြိုးစားပေမယ့် ကုနင်းက ချူးဖေ့ဟန် နဲ့ သူမရဲ့ တခြားသူငယ်ချင်းတွေကို ကျင်းယွင်ယောင် ကို ဧည့်ခန်းထဲ ခေါ်သွားပေးဖို့ ပြောသည်။ ထို့ကြောင့် ကုနင်းသည် ပန်းကန်များကို ဆေးကြောလိုက်နိုင်သည်။
သူတို့သည် ည ၁၀ နာရီအထိ ကျင်းယွင်ယောင် နှင့် စကားစမြည်ပြောဆိုကြသည်။
ထို့နောက် ကုနင်းသည် မုခယ် ကို ဟိုတယ်သို့ ဦးစွာပြန်မောင်းပို့ခဲ့ပြီး ချူးဖေ့ဟန် နှင့် ယွီမီရှီ တို့နှင့်အတူ အိမ်ပြန်ခဲ့သည်။ သူတို့အိမ်ပြန်ရောက်တော့ ကုနင်းက သူတို့ကို စောစောအိပ်ဖို့ပြောပြီး အိမ်ကထွက်လာပြန်သည်။ ချူးဖေ့ဟန် နှင့် ယွီမီရှီ တို့သည် ညဥ့်နက်မှ ကုနင်းဘာလုပ်မည်ကို သိချင်သော်လည်း သူမကို မမေးခဲ့ကြပေ။ အပြင်ထွက်တာ နောက်ကျတဲ့အတွက် အရေးကြီးတာ ဒါမှမဟုတ် အရေးပေါ်ကိစ္စရှိတာ ဖြစ်ရမည်။
ကုနင်းသည် သရဲခြောက်သောအိမ်ဆီသို့ တည့်တည့်သွားခဲ့သည်။ သူမရောက်ချိန်က 12 နာရီ နီးပါးရှိပြီ အမှောင်ထဲမှာ ဘယ်သူမှ မရှိပေ။ မီးတွေအကုန်ပိတ်ထားတဲ့အတွက် သရဲခြောက်တဲ့အိမ်က တော်တော်ကြောက်စရာကောင်းသည်။
ကုနင်းက သူ့ကားကို မလှမ်းမကမ်းမှာ ရပ်လိုက်ပေမယ့် ကားထဲက ချက်ခြင်း မထွက်ပေ။ အဲဒီအစား သူမဟာ တစ္ဆေအထီးကို လွှတ်လိုက်ပြီးနောက်ထိုင်ခုံမှာ ထိုင်ခိုင်းလိုက်သည်။
တစ္ဆေအထီး ထွက်လာပြီးနောက် အခြားတစ်နေရာမှာ ရောက်နေတာဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ကို စစ်ဆေးသည်။ အဲဒီနောက်မှာတော့ ကုနင်းအား“မင်း နည်းလမ်းရှာတွေ့ပြီလား” ဟု လှမ်းမေးသည်။
"ဟုတ်တယ်၊ ဒါပေမယ့် မင်း တိုကင်ကို 15 မိနစ်ပဲထိလို့ရမယ် အဲ့တာပြီးရင်တော့ မင်းရဲ့စွဲလမ်းမှုကို စွန့်လွှတ်ပြီး မင်းကိုယ်တိုင် ပျောက်ကွယ်သွားနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်" လို့ ကုနင်းက ဆိုသည်။
ထိုစကားကိုကြားတော့ သရဲတစ္ဆေသည် အံ့ဩသွားသည်။ “ငါ့ရဲ့ တစ်ခုတည်းသော စွဲလမ်းမှုက အဲ့တိုကင်ပါပဲ။ အဲ့တာကို ထိနိင်သရွေ့တော့ ဒီကမ္ဘာမှာ ငါဆက်နေစရာ အကြောင်းမရှိဘူး”
"သရဲခြောက်တဲ့အိမ်အောက်က သင်္ချိုင်းကဘယ်လောက်နက်လဲ" ကုနင်းက မေးသည်။
“သိပ်မနက်ဘူး။ ၅ မီတာလောက်ပဲရှိတယ်” ဟု တစ္ဆေအထီးက ပြောသည်။
အဲဒီလိုဆိုရင် ပိုလွယ်ကူလိမ့်မည်။