← Chapters

အခန်း (၁၇၇၁-၁၇၇၆)

Vol. 110 Ch. 1771-1776

အခန်း (၁၇၇၁-၁၇၇၆)

Vol. 110 Ch. 1771-1776

အခန်း ၁၇၇၁ ရှင့်ပစ္စည်းကို ယူလိုက်

သရဲတစ္ဆေသည် အရာဝတ္ထုများကို ဖြတ်ကျော်နိုင်သော်လည်း သူမသည် မလုပ်နိုင်သောကြောင့် ဥမင်လိုဏ်ခေါင်းတစ်ခုတူးရမည်ဖြစ်သည်။

အဲဒီနောက်မှာတော့ ကုနင်းသည် မိစ္ဆာမြေခွေးကို လွှတ်ပေးရတော့မှာမို့လို့ တစ္ဆေအထီးကို စိတ်စွမ်းအင်အာကာပြင် ထဲပြန်ထည့်လိုက်သည်။

တစ်ယောက်နဲ့တစ်‌ေယာက် ရန်မဖြစ်အောင် တားဆီးဖို့ လိုအပ်သည်။ သူမသည် ၎င်းတို့ကို ပဋိပက္ခမဖြစ်စေရန် အလွယ်တကူ တားဆီးနိုင်သော်လည်း မလိုအပ်သော ပြဿနာများကို ရှောင်ရှားခြင်းက ပိုကောင်းပါသည်။

တစ္ဆေအထီးကို သူမ၏ စိတ်စွမ်းအင်အာကာပြင် ထဲပြန်ထည့်လိုက်ပြီး‌ေနာက် ကုနင်းသည် ဦးထုပ်နဲ့ မျက်နှာဖုံးကို ထုတ်ပြီး ဝတ်လိုက်သည်။

တွင်းတူးရန် ဤနေရာသို့ ရောက်လာသည့် သဲလွန်စများ မကျန်‌ေစရန်အတွက်ဖြစ်သည်။ သဲလွန်စတွေ ချန်ထားခဲ့ရင် သေချာပေါက် ရှာတွေ့နိုင်သည်။ သူမကိုရှာရန် စီစီတီဗီဗီဒီယိုများကို လူများကကြည့်ရှုနိုင်သောကြောင့် သူမကိုယ်သူမကာကွယ်ရန် သူမ၏မျက်နှာကို ဖုံးအုပ်ထားရမည်ဖြစ်သည်။

ကုနင်းသည် သရဲခြောက်သော အိမ်၏နောက်ဖေးသို့ သွားခဲ့သည်။ 10 စတုရန်းမီတာခန့် ကျယ်ဝန်းသော မြက်ခင်းတစ်ခုဖြစ်ပြီး ကြီးကြီးမားမား‌ေတာ့မဟုတ်ပေ။ စိမ်းလန်းစိုပြေသော သစ်ရွက်ကြီးများနှင့် အမြင့် ၁ မီတာခန့်ရှိသော ရွက်နီပင်တန်းများရှိသည်။ သူတို့ဟာ ပြင်ပအမြင်ကို အများကြီး ပိတ်ဆို့ထားနိုင်သည်။

သူမသည် အိမ်နောက်ဖေးသို့ ရောက်ရှိလာချိန်တွင် ပတ်ဝန်းကျင်ကို ခဏတာ စောင့်ကြည့်‌ေနလိုက်သည်။ အခြားသူမရှိမှန်း သေချာသွားသောအခါ မြေအောက်သင်္ချိုင်းတည်နေရာကိုကြည့်ရန် သူမ၏ ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုခဲ့သည်။

သိပ်နက်နဲတဲ့‌နေရာမဟုတ်တဲ့အတွက် မကြာခင်မှာပဲ သူမတွေ့ရှိခဲ့သည်။ အုတ်ဂူသည် ၁၀ စတုရန်းမီတာခန့် ကျယ်ဝန်းသည်။ အလယ်‌ေခါင်မှာတည်ရှိ‌ေနပြီး ပတ်ပတ်လည်တွင် သစ်သားသေတ္တာ ၃ လုံးရှိသည်။ သေတ္တာတစ်လုံးတွင် အဝတ်အစားများဖြင့် ပြည့်နေပြီး တစ်လုံးမှာ ရွှေငွေ လက်ဝတ်ရတနာများ အပြည့်ရှိပြီး ကျန်တစ်လုံးမှာ ကြွလေက်ရေးလှနှင့် ပန်းချီကားများပါရှိသည်။

ဤနေရာတွင် သင်္ဂြိုဟ်ခံရသူသည် သာမန်မဟုတ်ကြောင်း ထင်ရှားသည်။ မြေသားက ကွန်ကရစ်ဖြစ်၍ သရဲခြောက်တဲ့အိမ်ထဲကနေ တူးရတာ အဆင်မပြလေောက်ပေ။ ဘိလပ်မြေကို ဖြိုဖျက်ဖို့ ခက်သည်။ ထို့အပြင် ပျက်စီးသွားပါက အချိန်တိုအတွင်းမှာပင် ရှာဖွေတွေ့ရှိသွားနိုင်သည်။

ကံကောင်းစွာနဲ့ပဲ သရဲခြောက်တဲ့အိမ်ရဲ့နောက်မှာ မြက်ခင်းတွေရှိတာကြောင့် မြေတွင်းတူးရတာ ပိုလွယ်ပါသည်။ အပေါက်ကို ကောင်းကောင်းပြန်ဖြည့်နိုင်သရွေ့ ရှာဖွေတွေ့ရှိနိုင်ခြေက အလွန်နည်းပါးသည်။

သို့သော် ထိုအခြေအနေမျိုးတွင် သူတို့သည် ဖြောင့်တန်းစွာ မတူးနိုင်ဘဲ ထောင့်ဖြတ်တူးရမည်ဖြစ်သောကြောင့် အကွာအဝေးကို ၁ မီတာ သို့မဟုတ် ၂ မီတာ ထပ်တိုးတူးရမည်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဘေးကင်းကြောင်း သေချာစေရန်အတွက် ဒီထက် ပိုမိုကောင်းမွန်သော ရွေးချယ်မှု မရှိပေ။

သူတို့မတူးခင် ကုနင်းသည် စောင့်ကြည့်ကင်မရာတွေကို ဖုံးအုပ်လိုက်သည် မဟုတ်လျှင် ထိုကင်မရာများက သူ့ကို ဒုက္ခအကြီးအကျယ်ဖြစ်စလေိမ့်မည်။ ကုနင်းသည် သူမ၏ ကျောက်စိမ်းမျက်ဝန်း၏အကူအညီဖြင့် ထိုစောင့်ကြည့်ကင်မရာများကို တစ်ခုချင်းရှာတွေ့ရန် အလွန်လွယ်ကူခဲ့ပြီး ၎င်းတို့ကို အနက်ရောင်အ၀တ်တစ်ထည်ဖြင့် အုပ်လိုက်သည်။

မနှောင့်နှေးဘဲ ကုနင်းသည် မြေခွေးကို လွှတ်လိုက်ကာ ဘယ်မှာတူးရမယ်ဆိုတာနဲ့ ဘယ်လောက်နက်လဲ တူးရမယ်ဆိုတာ ပြောပြသည်။

မိစ္ဆာမြေခွေးကို မြေတူးခွင့်မပေးမီ ကုနင်းသည် မြက်ခင်းပြင်တစ်ခုလုံးကို ဦးစွာထုတ်ယူလိုက်သည်။ မြေခွေးသည် အလွန်လျင်မြန်စွာ တူးသည်။ ခြေထောက်ဖြင့် တူးသော်လည်း မှော်ပညာကို အသုံးပြုသောကြောင့် လွယ်ကူမြန်ဆန်လာသည်။

ကုနင်းသည် မိစ္ဆာမြေခွေး တူးထားသော မြေကြီးများကို စိတ်စွမ်းအင်အာကာပြင် ထဲသို့ ထည့်လိုက်သည်။ သူမဒီမှာလုပ်ခဲ့တာတွေကို ဘယ်သူမှသတိမထားမိအောင် နောက်မှပြန်ထည့်ဖို့စီစဉ်ထားသည်။

မိစ္ဆာမြေခွေးသည် လူတစ်ဦး၀င်‌နိုင်‌သော ဥမင်လှိုဏ်ခေါင်းကို တူးဖော်စဉ် ကုနင်းသည် နောက်မှလိုက်ကာ စိတ်စွမ်းအင်အာကာပြင် မှ သစ်သားပျဉ်ပြားကို ထုတ်ယူလိုက်သည်။ သူမသည် မြက်ခင်းပြင်တစ်ခုလုံးပေါ်တွင် တင်လိုက်ပြီး အပေါက်ဝကို ဖုံးအုပ်လိုက်သည်။ ထို့ကြောင့် ဖြတ်သွားသော လူများ မည်သည်ကိုမျှ ကွဲပြားစွာ မြင်နိုင်မည် မဟုတ်ပေ။

၇ မိနစ်လောက်ကြာတော့ မြေခွေးက မြေအောက်ဥမင်လိုဏ်ခေါင်းကို အောင်မြင်စွာ တူးဖော်နိုင်ခဲ့သည်။ ကုနင်းက မြေခွေးကို စိတ်စွမ်းအင်အာကာပြင်ထဲ ပြန်ထည့်လိုက်ပြီး အထဲသို့ အမြန်ဝင်သွားသည်။

သင်္ချိုင်းတွင်းသို့ ဝင်ရောက်ပြီးနောက် သူမသည် ရွှေငွေ လက်ဝတ်ရတနာများနှင့် ကြွလေက်ရေးလှပုံးနှင့် ပန်းချီကားများကို စိတ်စွမ်းအင်အာကာပြင် ထဲသို့ ထည့်ပြီးနောက် တစ္ဆေအထီးကို လွှတ်ပေးခဲ့သည်။ ၎င်းတို့သည် အခြားသူ၏ သင်္ချိုင်းတွင်း၌ ရှိနေကြသော်လည်း ၎င်းသည် တစ္ဆေအထီးများ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော နေရာလည်း ဖြစ်သည်။

ထို့ကြောင့် သင်္ချိုင်းတွင်း၌ ရုတ်တရက် ပေါ်လာသောအခါတွင် အထီးတစ္ဆေသည် များစွာ အံ့အားသင့်မှု မရှိခဲ့ဘဲ ၎င်း၏ ပစ္စည်းကို ပြန်ရရန်သာ စိတ်အားထက်သန်ခဲ့သည်။

“အခေါင်းထဲက အဲဒီလူရဲ့ကိုယ်ပေါ်မှာပဲ” ဟု အထီးတစ္ဆေက ပြောသည်။ သူ့ကိစ္စသူ တစ်ချိန်လုံး တွေးနေတာကြောင့် သင်္ချိုင်းဂူထဲမှာ သေတ္တာနှစ်လုံး ပျောက်နေတာကို သတိမထားမိ‌ပေ။ အမှန်တော့ သိသွားရင်တောင် စိတ်မ၀င်စားပါ။ ကုနင်းလုပ်ချင်တာကို သူတားလို့ရမည်မဟုတ်ပေ။

ကုနင်းသည် ခေါင်းတလားဆီသို့ လျှောက်သွားပြီး တစ်ချိန်တည်းတွင် သူမ၏ ကျောက်စိမ်းမျက်လုံးများဖြင့် ကြည့်လိုက်သည်။ တစ္ဆေအထီးပြောတာ မမှားသောကြောင့် ဂေါ်ပြားကိုထုတ်ပြီး ဖွင့်လိုက်သည်။

အခေါင်းကိုဖွင့်ပြီးသည်နှင့် အထင်ရှားဆုံးမှာ အရိုးစု၏ခါးတွင်ရှိသော ခရမ်းရောင်ကျောက်စိမ်းဆွဲသီးဖြစ်သည်။

"ဒါပဲ! ခရမ်းရောင် ကျောက်စိမ်းဆွဲသီး။ အဲဒါ ငါ့မိန်းမပေးခဲ့တဲ့ တိုကင်ပဲ” ကျောက်စိမ်းဆွဲသီးကိုမြင်သောအခါ တစ္ဆေသရဲသည် အားတက်သရော ငိုသည်။

ကံမကောင်းစွာပဲ သူအခုချက်ချင်း ယူလို့မရနိုင်ဘူးဆိုတာ သူသိသည် မဟုတ်လျှင် သူချက်ချင်းလှမ်းကိုင်လိမ့်မည်။ တကယ်တော့ သူသာ အဲဒါကို ထိနိုင်ရင် လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက ပြန်ယူသွားခဲ့ပြီး အခုအချိန်အထိ စောင့်‌ေနမှာ မဟုတ်ပေ။

တစ္ဆေအထီးသည် အရာ၀တ္ထုများကို ဖြတ်သန်းနိုင်စွမ်းရှိသောကြောင့် သူသည် အခေါင်းထဲတွင် နေ့စဉ် အိပ်‌လေ့ရှိသည်။ ကျောက်စိမ်းဆွဲသီးကို မြင်ရန်အတွက် ရန်သူ၏ ခန္ဓာကိုယ်နှင့် အိပ်စက်ခြင်းကိုပင် သည်းခံခဲ့ရသည်။

ကုနင်းက ချက်ချင်း ကျောက်စိမ်းဆွဲသီးကို မယူဘဲ ရှန်းကွမ်းယန် က သူမကို ပေးလိုက်တဲ့ တာအိုမှော်အရုပ်ကို ထုတ်လိုက်ပြီး “ဒါကို ရှင့်ခန္ဓာကိုယ်ပေါ်မှာ ကပ်လိုက်ရုံနဲ့ ရှင့်ရဲ့ ခန္ဓာကိုယ်က ပုံသဏ္ဍာန်ဖြစ်လာလိမ့်မယ် ဒါဆို ရှင်ကျောက်စိမ်းဆွဲသီးကိုယူလို့ရပြီ။ ကျွန်မ ရှင့်ကိုထပ်ပြီးသတိပေးမယ်နော် ရှင့်မှာ အချိန် ၁၅ မိနစ်ပဲရှိတယ်"

“ဟုတ်ပြီ!” အထီးတစ္ဆေသည် မစောင့်နိုင်‌ေတာ့သော်လည်း ကုနင်းက စိတ်ဆိုးပြီး ကူညီရန် ငြင်းဆိုမည်ဆိုး၍ မတိုက်တွန်းပေ။

ထို့နောက် ကုနင်းသည် တာအိုမှော်အရုပ်ကို အထီးတစ္ဆေ၏ပခုံးတွင် ကပ်ပေးလိုက်သည်။ တာအိုမှော်အရုပ်တွင် မကောင်းဆိုးဝါးများနှင့် သရဲတစ္ဆေများကို တိုက်ခိုက်ရာတွင် အသုံးပြုသည့် မှော်စွမ်းအားပါ၀င်သောကြောင့် ၎င်းသည် တစ္ဆေအထီးကို သဘာဝအတိုင်း ထိ‌နိုင်သည်။

စက္ကန့်အနည်းငယ်အကြာမှာတော့ အထီးတစ္ဆေဟာ ပြတ်သားတဲ့ပုံသဏ္ဍာန်ရှိလာသည်။ "ကောင်းပြီ ရှင့်ပစ္စည်းကို အခုသွားယူ" ကုနင်းကပြောသည်။

မဆိုင်းမတွဘဲ တစ္ဆေအထီးက ကျောက်စိမ်းဆွဲသီးကို အလျင်အမြန် လုယူလိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားစွာ အော်ဟစ်‌နလေေသည်။ “နောက်ဆုံးတော့ ငါရပြီ။ နောက်ဆုံးတော့ ငါပြန်ရပြီ!"

ထို့နောက်တွင် သူသည် သူ၏ စွဲလမ်းမှုကို တဖြည်းဖြည်း စွန့်လွှတ်လိုက်နိုင်ပြီး ၎င်း၏ ခန္ဓာကိုယ်က ပျောက်ကွယ်လာသည်။

"ကျေးဇူးတင်ပါတယ်" တစ္ဆေအထီးက ကုနင်းအား ရိုးသားစွာ ကျေးဇူးတင်စကားဆိုသည်။

ကုနင်းက ပြုံးပြပြီး ဘာမှတော့ မပြော။ ကျောက်စိမ်းဆွဲသီးနှင့်အတူ တစ္ဆေထီးပျောက်ကွယ်သွားသည်ကို သူမကြည့်နေသည်။

တစ္ဆေအထီးသည် ၎င်း၏ စွဲလမ်းမှုကို 15 မိနစ်အတွင်း အပြီးမသတ်နိုင်ဘဲ ပျောက်သွားမည်ကို မူလက သူမစိုးရိမ်ခဲ့သော်လည်း ကုနင်း၏ စိုးရိမ်မှုထက် မိနစ်အနည်းငယ်အတွင်းပင် ပြီးဆုံးသွားခဲ့သည်။

ဘာပဲဖြစ်ဖြစ် သူမမြင်ရတာ ဝမ်းသာသည်။

တစ္ဆေအထီး၏ ပြဿနာကို သူမအောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သောကြောင့် ယခုပင် ဤနေရာမှ ထွက်သွားသင့်သည်။

ရုပ်အလောင်းနှင့်အတူ ခေါင်းတလားတွင် အခြား အဖိုးတန်အရာများစွာကို ထည့်ထားသော်လည်း ကုနင်းက ၎င်းတို့ကို မယူသွားပေ။ သေတ္တာနှစ်လံုးက လုံလောက်ပြီဟု သူမထင်သည်။

အဖိုးတန်ပစ္စည်းများအားလုံးကို အပြီးအပိုင်ယူသွားခြင်းသည် မမှန်ကန်ပါ။

ကုနင်းသည် မနက်ဖြန် သူမ၏ သူငယ်ချင်းများ နှင့် ချန်လင်တောင်သို့သွားသောအခါ ရှေးဟောင်းလမ်းတွင် ဖြတ်လျှောက်ရမည်ဖြစ်၍ ဤရှေးဟောင်းပစ္စည်းအချို့ကို ရှန်းယွင်ရှေးဟောင်းဆိုင်သို့ ယူဆောင်သွားလိုက်မည်ဟု ကုနင်းက တွေးထားသည်။

ကုနင်းက ထိုဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည်။

သူမ သင်္ချိုင်းမှ ထွက်သွားစဉ် ကုနင်းသည် လမ်းကြောင်းနှင့် သင်္ချိုင်းကြားလမ်းဆုံကို ပိတ်ဆို့ရန်အတွက် အတွင်းရှိ သေတ္တာကို အသုံးပြုလိုက်သည်။ ပိတ်ဆို့ထားမှသာ မြေဆီလွှာသည် သင်္ချိုင်းတွင်းသို့ မ၀င်ရောက်ဘဲ လမ်းကြောင်းကို ဖြည့်ပေးမည်ဖြစ်သည်။ မြေဆီလွှာသည် သင်္ချိုင်းတွင်းသို့ ဝင်ပါက လမ်းကြောင်းကို ဖြည့်ရန် မလုံလောက်ပါ။

ကုနင်းသည် သူမထွက်သွားရာလမ်းတစ်လျှောက်တွင် လမ်းကြောင်းကိုဖြည့်ရန် စိတ်စွမ်းအင်အာကာပြင် မှ မြေများကို ထုတ်ယူခဲ့သည်။

သူမထွက်လာပြီးနောက် လမ်းက မြေသားတွေနဲ့ ပြည့်နေပြီး မြက်ခင်းပြင်တစ်ခုလုံးကိုလည်း ပြန်ချထားလိုက်တော့သည်။

***

အခန်း ၁၇၇၂ ပိုတန်ဖိုးရှိတဲ့ ပစ္စည်း?

အနည်းငယ် ကွဲပြားနေသေးသော်လည်း သေချာသာ ဂရုတစိုက်မကြည့်လျှင် မည်သူမျှ သတိပြုမိမည်မဟုတ်ပေ။ ထိတွေ့မိရင်တောင်မှ လမ်းကြောင်းက မြေဆီလွှာတွေနဲ့ ပြည့်နေပြီမို့ လူတွေက မြက်ခင်းကို တမင်တကာ ဖျက်ဆီးထားတာလို့ ထင်ကောင်းထင်နိုင်သည်။

မထွက်မီတွင် ကုနင်းသည် အနက်ရောင်အ၀တ်စကို စီစီတီဗီကင်မရာများမှ ဖယ်ရှားလိုက်သည်၊ မဟုတ်လျှင် ဗီဒီယိုများ မှတ်တမ်းတင်ခြင်းမရှိပါက ဤနေရာရှိဝန်ထမ်းများသည် ထူးဆန်းသလိုခံစားရပလေိမ့်မည်။

သူမသည် ယနေ့ညတွင် ပြဿနာများစွာကို မပြုလုပ်ခဲ့သဖြင့် ၎င်းသည် ကြီးကြီးမားမားမဟုတ်သည့်အပြင် ဝန်ထမ်းများသည် စီစီတီဗီဗီဒီယိုအားလုံးကို အကြောင်းပြချက်မရှိဘဲ ကြည့်ရှုမည်မဟုတ်ပါ။

ကုနင်းက ရာစုနှစ်မြို့တော် ကိုပြန်ရောက်တော့ မနက် 1:30 လောက်ရှိပြီမို့ သူမကိုယ်သူမ သန့်စင်ပြီး အိပ်ရာဝင်လိုက်သည်။

နောက်တစ်နေ့မနက်တွင် ကုနင်းသည် အပြေးလေ့မကျင့်တော့ပဲ ရှေးဟောင်းပစ္စည်းများကို ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်သို့ ယူသွားရန်အတွက် ထုပ်ပိုး‌နေသည်။

သူမသည် သစ်သားသေတ္တာတစ်လုံးကို ရှင်းလင်းခဲ့ပြီး ပျမ်းမျှစျေးနှုန်းများနှင့် အလယ်အလတ်တန်ဖိုးရှိသော ပစ္စည်း ၅ မျိုးကို ရွေးချယ်ခဲ့သည်။ အားလုံးတွင် အကြီးအငယ် ၂၀ ခန့်ရှိသည်။ ထို့နောက် သူမသည် ၎င်းတို့ကို သေတ္တာတစ်လုံးထဲတွင် ထည့်လိုက်သည်။

ရှေး‌ေဟာင်းသစ်သားသေတ္တာကြီးသည် အလွန်ကြီးမားပြီး ၂၆ လက်မခန့် အရွယ်အစားရှိသောကြောင့် အရာများစွာကို ထားရှိနိုင်သည်။ သို့သော် ကုနင်း ယူဆောင်ထားသည့်အရာအားလုံးကို ရေမြှုပ်အိတ်များဖြင့် ထုပ်ပိုးထားသောကြောင့် တိုက်မိပျက်စီးမှုကို ကာကွယ်ရန် လိုအပ်သောကြောင့် ထားရှိသည့် နေရာလွတ်ကို လျှော့ချနိုင်ခဲ့သည်။

ဒီနေ့ ရှေးဟောင်းလမ်းကို သွားရမှာဆိုတော့ ကုနင်း နဲ့ သူ့သူငယ်ချင်းတွေက မနက်အစောကြီး အပြင်ထွက်ပြီး မုခယ် ကို သွားခေါ်ရင်း ဟိုတယ်မှာ မနက်စာစားကြမည်။ ချူးဖေ့ဟန် နှင့် ယွီမီရှီ တို့သည် သစ်သားသေတ္တာကို ကိုင်ဆောင်ပြီး ကုနင်းထွက်လာသည်ကို မြင်သောအခါ စူးစမ်းကြသည်။

ချူးဖေ့ဟန် က "ဘော့စ် ဒါက ဘာလဲ"

"ရှေးဟောင်းပစ္စည်းတွေ ငါတို့ ချန်လင်တောင်ကိုသွားတဲ့ လမ်းမှာ ရှေးဟောင်းလမ်းကိုဖြတ်သွားကြရမယ် အဲ့တာကြောင့် လမ်းမှာရှိတဲ့ ဆိုင်‌ဆီ ပစ္စည်းတချို့ကို ယူသွားဖို့ဆုံးဖြတ်လိုက်တာ" ဟု ကုနင်းမှ ပြောသည်။

"အင်း နင့်ရဲ့ ရှေးဟောင်းဆိုင်ကို ငါ မရောက်ဖူးသေးဘူး။ ဒါက အခွင့်ကောင်းပဲ!" ချူးဖေ့ဟန် စိတ်လှုပ်ရှားသွားသည်။

ချူးဖေ့ဟန်သည် ကုနင်းကိုကူညီချင်သော်လည်း ထိုသေတ္တာထဲတွင် ရှေးဟောင်းပစ္စည်းများနှင့် ပြည့်နေသောကြောင့် သူမသည် ၎င်းတို့ကို ပျက်စီသွားမည်ကို ကြောက်ရွံ့မိသည်။ သူတို့သည် ရှေးဟောင်းပစ္စည်းဖြစ်သောကြောင့် အလွန်တန်ဖိုးရှိ‌လောက်သည်။

ကုနင်းသည် ကောမြို့တွင် သူမဝယ်ခဲ့သော Hummer ကို မောင်းထုတ်လာပြီး သူတို့ မထွက်ခွာမီ ကားနောက်ဖုံးထဲတွင် သေတ္တာကို ထည့်လိုက်သည်။

ထို့‌နောက် ရှန်းရှစ်ဟိုတယ်ကိုရောက်ပြီး မုခယ် နဲ့တွေ့ပြီး မနက်စာစားကြသည်။

သူတို့ဟိုတယ်မှမထွက်ခွာမီ ကုနင်းသည် ချန်တရုန်ကိုဖုန်းဆက်ပြီး ဆိုင်တွင်ရှိမရှိမေးမြန်းလိုက်သည်။ နောက်မှ ပစ္စည်းတစ်ခုနဲ့ သူ့ကို သွားတွေ့မည်ဖြစ်သည်။

ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်၏လုပ်ငန်းသည် ချဲ့ထွင်လာသောကြောင့် ၎င်း၏ထိပ်တန်းမန်နေဂျာဖြစ်သည့် ချန်တရုန်သည် ပုံမှန်အားဖြင့် စတိုးဆိုင်တွင်နေရန်အတွက် အားလပ်ချိန်များစွာမရှိပေ။ ဒါပေမယ့် သူ့မှာ အချိန်အလုံအလောက်ရှိသရွေ့ ချန်တရုန် က စတိုးဆိုင်ကို အလည်အပတ်လာလုပ်လေ့ရှိသည်။

ကုနင်းသည် အဖိုးတန်ရှေးဟောင်းပစ္စည်းအချို့ကို သယ်ဆောင်လာမည်ဟု ကြားလိုက်သည်နှင့် ချန်တရုန် သည် ခါတိုင်းထက်စော၍ ထိုနေရာသို့ သွားခဲ့သည်။ သူ သူတို့ကိုကြည့်ချင်နေပြီဖြစ်သည်။

အခုအချိန်က စောပြီး မနက် ၈ နာရီ ၃၀ ပဲရှိသေးပေမယ့် ကားလမ်းပိတ်နေပြီဖြစ်သည်။ ထို့ကြောင့် ကုနင်းနှင့် သူမ၏ သူငယ်ချင်းများသည် လမ်းပေါ်တွင် အချိန်များစွာကုန်ဆုံးပြီး ရှေးဟောင်းလမ်းကို နံနက် ၉ နာရီ ၂၀ တွင် ရောက်ရှိခဲ့သည်။

ထိုအချိန်တွင် ရှေးဟောင်းလမ်းပေါ်ရှိ ဆိုင်များသည် လုံး၀မဖွင့်သေးဘဲ သုံးပုံနှစ်ပုံသာဖွင့်သည်။

ရှေး‌ေဟာင်းလမ်းပေါ်၌ နံနက်ခင်းတွင် အများအားဖြင့် လူများမရှိဘဲ ဧည့်သည်အများစုသည် နေ့လယ်စာစားပြီးနောက်မှသာ လာရောက်ကြသောကြောင့် လမ်းတစ်လျှောက်ရှိ ဈေးဆိုင်များသည် အမြဲနောက်ကျမှဖွင့်လေ့ရှိသည်။ တော်တော်များများက မနက် ၁၀ နာရီကျော်မှ စဖွင့်ကြသည်။ လမ်းဘေးဈေးသည်တွေတောင် အနည်းစုပဲ ပေါ်လာ‌သေးသည်။

ထို့နောက် ကုနင်းသည် ရှေးဟောင်းလမ်းသို့ ရောက်ရှိလာပြီး အဖိုးတန်ပစ္စည်းများကို ရှာတွေ့နိုင်သည်ဆိုသည်ကို သိရှိရန် ဘေးတစ်ဖက်တစ်ချက်စီတွင် ထားရှိထားသော အရာဝတ္ထုအားလုံးကို စကန်ဖတ်ရန် သူမ၏ ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုခဲ့သည်။

သူမသည် ရှေးဟောင်းလမ်းကို မရောက်တာကြာပြီမို့ အသစ်အဆန်းများစွာကို တွေ့လိုက်ရသည်။ ပစ္စည်းအသစ်များစွာရှိသောကြောင့် အဖိုးတန်ပစ္စည်းများကို သူမရှာဖွေ‌တွေ့ရန် အလားအလာပိုများသည်။

ခဏအတွင်းမှာပဲ ကုနင်းဟာ မှော်အစွမ်းရှိတဲ့ အရာဝတ္ထုတစ်ခုကို တွေ့လိုက်ရသည်။ သိပ်တန်ဖိုးကြီးတာမဟုတ်ပေမယ့် တစ်ချို့က ပေးရတာနဲ့ တန်သည်။ သူမသည် ၎င်းကိုဝယ်ခြင်းဖြင့် ငွေရှာနိုင်သည်၊ ထို့ကြောင့် စွန့်လွှတ်ရန် အကြောင်းမရှိပေ။

မည်သို့ပင်ဆိုစေကာမူ ကုနင်းသည် သူ့ဘာသာသူ မဝယ်ပေ။ အဲဒီအစား သူမအတွက် မုခယ် ကို ၀ယ်ပေးဖို့ ပြောလိုက်သည်။

သူမသည် ဤနေရာ၌ ပုံမှန်လည်ပတ်သူဖြစ်ပြီး လူအများနှင့် ရင်းနှီးသူဖြစ်သောကြောင့် ထိုပစ္စည်းကို တောင်းလျှင် ဆိုင်ပိုင်ရှင်က သူ့ကို မှတ်မိမည်ကို စိုးရိမ်နေသည်။ ထိုသို့ဆိုလျှင် ပစ္စည်းသည် အဖိုးတန်ကြောင်း ပိုင်ရှင်က သဘောပေါက်ပြီး ပစ္စည်းကို ရောင်းလိမ့်မည်မဟုတ်ပေ။

မုခယ် သည် ပစ္စည်းကို ချက်ချင်းဝယ်ပြီး ယွမ်သုံးထောင်ခန့် ကုန်ကျသည်။

စျေးမစစ်သောကြောင့် အရောင်းအ၀ယ်ပိုင်ရှင်က သူသည် ငတုံးသူဌေးတစ်ယောက်ဟု ထင်ခဲ့သော်လည်း တကယ်တမ်းတွင် ထိုပစ္စည်းသည် ယွမ်ခုနစ်သောင်းကျော်တန်ဖိုးရှိသည်။

ဝယ်ပြီးတာနဲ့ အတူတူ လျှောက်သွားကြသည်။

"အိုး၊ ဒါက ကုဘော့စ် မဟုတ်ဘူးလား။ နေပါအုံး! ဒီသေတ္တာကြီးကို ကြည့်စမ်း မင်းမှာ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ရှိတာလား" ရှေးဟောင်းစတိုးဆိုင်တစ်ဆိုင်နားက လမ်းလျှောက်လာတဲ့အခါ ပိုင်ရှင်က ကုနင်းကိုမှတ်မိသွားပြီး မေးသည်။

"ဟုတ်ကဲ့" ကုနင်းက ဖြေသည်။

ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်သည် ဤရှေးဟောင်းလမ်းတစ်လျှောက် တန်ဖိုးအရှိဆုံး ရှေးဟောင်းပစ္စည်းစစ်စစ်ရှိသောဆိုင်ဖြစ်‌သောကြောင့် ပိုင်ရှင်သည် ကုနင်းကို အလွန်မနာလိုဖြစ်ခဲ့သည်။ အကျော်ကြားဆုံးဆိုင်လည်း ဖြစ်သည်။

ကုနင်းသည် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကို လွှဲပြောင်းမယူမီထဲက ၎င်းသည် ဤရှေးဟောင်းလမ်းပေါ်တွင် အကျော်ကြားဆုံး အမှတ်တံဆိပ်ဖြစ်နေပြီဖြစ်ပြီး ကုနင်းက တာဝန်ယူပြီးနောက် ပိုမိုကျော်ကြားမှုများစွာ ရရှိခဲ့သည်။

ပို၍တန်ဖိုးကြီးသော ရှေးဟောင်းပစ္စည်းများဖြင့် ပို၍ပင် လူကြိုက်များလာသည်။ ဤမျှတန်ဖိုးကြီးသော ရှေးဟောင်းပစ္စည်းအစစ်အမှန်များကို မည်သို့ရနိုင်သည်ကို မည်သူမျှ မသိခဲ့ကြပေ။ အဖိုးတန် ရှေးဟောင်းပစ္စည်း အများစုသည် တရားမဝင် အရင်းအမြစ်များမှ ဖြစ်တယ်ဆိုတာက လျှို့ဝှက်ချက် မဟုတ်သော်လည်း အစိုးရထံသို့ မည်သူမျှ သတင်းမပို့ဝံ့ပေ။

၎င်းသည် ဤလုပ်ငန်းတွင် ပွင့်လင်းသောလျှို့ဝှက်ချက်တစ်ခုဖြစ်ပြီး ရှေးဟောင်းပစ္စည်းရောင်းချသူအများစုသည် ၎င်းတို့၏ကုန်ပစ္စည်းများကို တရားမဝင်အရင်းအမြစ်များမှ ရရှိသောကြောင့် မည်သူမျှထုတ်ဖော်ပြောဆိုရန် ဆန္ဒမရှိကြပေ။

ထို့အပြင် ရှန်းယွင် ရှေးဟောင်းပစ္စည်းဆိုင်တွင် အရေးပါသော ပုဂ္ဂိုလ်အများအပြား၏ ပံ့ပိုးကူညီမှုများလည်း ရှိသည်။ ပြိုင်ဆိုင်ဖို့ အစွမ်းထက်လွန်းသည်။

လမ်းတစ်လျှောက်တွင် မတူညီသော ရှေးဟောင်းစတိုးဆိုင်ပိုင်ရှင်အများအပြားက ကုနင်းကို ယဉ်ကျေးစွာ နှုတ်ဆက်ကြသည်။ တော်တော်များများက ရှန်းယွင် ရှေးဟောင်းပစ္စည်းဆိုင်ကို မနာလိုကြသော်လည်း ကုနင်းကို မနှောက်ယှက်သင့်မှန်း သူတို့သိသည်။ မည်သို့ပင်ဆိုစေကာမူ သူမအပေါ် အနည်းဆုံးတော့ ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံသင့်သည်။

ကုနင်းကလည်း သူတို့ကို ကြင်နာစွာ နှုတ်ဆက်သည်။ တစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံနိုင်သရွေ့ သူမမှာ နောက်ထပ်ရန်သူဖန်တီးမှာ မဟုတ်ပေ။ သူမသည် သူမကို ဒုက္ခဖြစ်စေရန် ရည်မှန်းထားသူများကိုသာ တွန်းကန်ရလိမ့်မည်။

ကုနင်းနှင့်အတူ အဖိုးတန်ပစ္စည်းတွေ အများကြီးပါလာမယ်ဆိုတာ ချန်တရုန် က သိထားတာကြောင့် စောစောကတည်းက တံခါးရှေ့မှာ ရပ်ပြီး သူမကို စောင့်‌ေနသည်။

ကုနင်းသည် အဝေးမှ လမ်းလျှောက်လာသည်ကို မြင်လိုက်ရသဖြင့် သူမကို ကြိုဆိုရန် ပြေးထွက်လာခဲ့သည်။

"တွေ့ရတာဝမ်းသာပါတယ် ဘော့စ်!" ချန်တရုန် သည် ကုနင်း၏ သေတ္တာကို သယ်ယူရာတွင် ကူညီလိုသော်လည်း ၎င်းကို ပျက်စီး‌သွား‌ေစမည်ကို စိုးရိမ်မိသည်။

“မုခယ်၊ အန်ကယ်ချန်ကို ပေးလိုက်ပါ” လို့ ကုနင်းက ပြောပြီး မုခယ်က သူဝယ်ထားတဲ့ ပစ္စည်းကို ချန်တရုန်ကို ပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် ကုနင်းက “အန်ကယ်ချန်၊ ဒါက လမ်းမှာတွေ့ခဲ့တာ။ သိပ်တန်ဖိုးကြီးတာ‌တော့မဟုတ်ပေမယ့် တကယ့်အစစ်‌ပါ”

***

အခန်း ၁၇၇၃ တစ်စုံလုံးလား?

ချန်တရုန်သည် သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုကို ပြသခဲ့သော်လည်း ကုနင်းသည် အဖိုးတန် ရှေးဟောင်းပစ္စည်းများကို လမ်းများပေါ်မှ ရှာဖွေနိုင်သည်ကို အကျင့်ဖြစ်နေပြီဖြစ်သည်။ သူက အဲဒါကို ယူလိုက်ပြီး “ဆိုင်ပိုင်ရှင်က မင်းကို မသိဘူးထင်တယ် မဟုတ်ရင် ဒီပစ္စည်းကို ရောင်းမှာ မဟုတ်ဘူးဆိုတာ ငါသေချာတယ်”

"ကျွန်မလည်း ဒီလိုပဲ စိတ်ပူလို့ သူငယ်ချင်းကို ဝယ်ပေးဖို့ ပြောလိုက်တာ" ကုနင်းက ပြုံးလိုက်သည်။

ထို့နောက် သူမ၏ သူငယ်ချင်းများနှင့်အတူ စတိုးဆိုင်ထဲသို့ ဝင်သွားကာ ဝန်ထမ်းသုံးဦးကလည်း သူ့ကို လေးလေးစားစား နှုတ်ဆက်သည်။

ယခုအချိန်တွင် ဤနေရာသို့ လာရောက်သူ သိပ်မများသောကြောင့် ဖောက်သည်မရှိပေ။

ချူးဖေ့ဟန် နှင့် အခြားသူများသည် လှည့်ပတ်ကြည့်ရှုကြသည်။ တစ်ဖက်တွင် ကုနင်းနှင့် ချန်တရုန် သည် အတွင်းခန်းထဲသို့ ဝင်သွားသည်။ သူမသည်သေတ္တာကိုချပြီးဖွင့်လိုက်သည်။

ချန်တရုန်သည် သေတ္တာထဲမှ အရာဝတ္ထုများကို မြင်လိုက်ရသောအခါတွင် ပီတိဖြစ်သွားသည်။ သူ့အကြိုက်သကြားလုံးလေးကို မြင်လိုက်ရတဲ့ ကောင်လေးတစ်ယောက်နဲ့ပင်တူ‌ပေသည်။

ထိုအရာဝတ္ထုများကို သဘောကျကြပြီး ချန်တရုန်သည် ရှန်းယွင် ရှေးဟောင်းပစ္စည်းဆိုင်၏ နောက်ဆုံးအချက်အလက်များကို ကုနင်းသို့သတင်းပို့သည်။

“စကားမစပ် နန်းတော်ပြတိုက်ရဲ့ ပြတိုက်မှူးနဲ့ ကျွန်မတွေ့ခဲ့တယ်။ တစ်လ ဒါမှမဟုတ် နှစ်လအတွင်း ကြီးမားတဲ့ လေလံပွဲတစ်ခု ကျင်းပလိမ့်မယ်။ ကျွန်မ သွားတက်မှာ ရှင်လည်း ကျွန်မနဲ့လိုက်လို့ရတယ်‌လေ။ အဲဒီမှာ ရင်းနှီးတဲ့ မျက်နှာတွေ ဘယ်လောက်မြင်ရမယ်ဆိုတာ ကျွန်မမသိပေမယ့် ဒီလိုပွဲမျိုးကို သွားပြီးတော့ လူများများနဲ့ တွေ့ဆုံရတာ ကောင်းပါတယ်” ဟု ကုနင်းက ဆိုသည်။

“ဟုတ်ပြီ” ချန်တရုန်က စိတ်လှုပ်ရှားစွာဖြင့် သဘောတူလိုက်သည်။

လွန်ခဲ့သည့်နှစ်များတွင် ရှန်းယွင် ရှေးဟောင်းပစ္စည်းဆိုင်၏ယခင်ပိုင်ရှင်တစ်ဦးတည်းသာ လေလံပွဲသို့သွားနိုင်သည်။ အကြောင်းမှာ ၎င်းသည် အသေးစားလုပ်ငန်းတစ်ခုဖြစ်ပြီး ၎င်း၏သူဌေးတစ်ဦးတည်းကိုသာ ဖိတ်ကြားခဲ့သည်။

သို့သော် ယခု ကွဲပြားသွားပါသည်။ ကုနင်းသည် ၎င်း၏သူဌေးအသစ်ဖြစ်လာပြီး လုပ်ငန်းသည် ပို၍ကြီးမားလာသည်။ ကုနင်းအပြင် ချန်တရုန်သည်လည်း ရှန်းယွင် ရှေးဟောင်းပစ္စည်းဆိုင်၏ အလွန်အရေးပါသော မန်နေဂျာတစ်ဦးဖြစ်သောကြောင့် လေလံပွဲတက်ရန် အရည်အချင်းရှိသည်။

ရှန်းယွင် ရှေးဟောင်းဆိုင်သည် ယခုအခါ ဆိုင်ခွဲနှစ်ခုသာရှိ‌ေသးသော်လည်း ယခင်ကထက် များစွာကျော်ကြားလာခဲ့သည်။ ထို့အပြင် ၎င်းသည် ယခု ရှန်းယွင်လက်မှုအနုပညာ အမည်ရှိ ကုမ္ပဏီတစ်ခုလည်း ပိုင်ဆိုင်ထားပြီး ထုတ်လုပ်ရေးနှင့် လက်ကားရောင်းချမှုလည်း လုပ်ကိုင်သည်။

ဤထုတ်လုပ်ရေးစက်ရုံသည် တည်ထောင်ထားတာ ကြာပြီဖြစ်သော်လည်း ၎င်းသည် ယခင်က အလွန်သေးငယ်ပြီး ရှန်းယွင် ရှေးဟောင်းပစ္စည်းဆိုင်သို့ ကုန်ပစ္စည်းများကို အဓိက ပံ့ပိုးပေးခဲ့သည်။ သို့သော် ကုနင်းက ၎င်းကို သိမ်းပိုက်ပြီးနောက်တွင် တိုးချဲ့ပြီး အကြီးစား ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့သည်။

အခု ကုမ္ပဏီမှာ ဝန်ထမ်း ၂၀၀ ရှိပြီး အရောင်းနဲ့တကွ တိုးတက်နေဆဲပါ။ ရုံးခွဲနှစ်ခု၏ လုပ်ငန်းသည် ရိုးရှင်းသော်လည်း ၎င်းသည် ပိုမိုစံပြုသော စီမံခန့်ခွဲမှု လိုအပ်သောကြောင့် ချန်တရုန် သည် ကုမ္ပဏီ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အာရုံစိုက်ခဲ့သည်။

ရှန်းယွင် ရှေးဟောင်းပစ္စည်းဆိုင်၏ လက်ရှိစတိုးဆိုင်မန်နေဂျာသည် ချန်တရုန်အတွက် အချိန်အတော်ကြာ အလုပ်လုပ်ခဲ့သည်။ သူ့မှာ ရှေးဟောင်းပစ္စည်းတွေကို ကျွမ်းကျင်စွာ တတ်မြောက်ထားတာကြောင့် တစ်ယောက်တည်း ထိန်းချုပ်လုနီးပါး ဖြစ်သည်။

"ဘော့စ် လေလံပွဲမှာ ဘာရောင်းဖို့ စီစဉ်ထားလဲ" ချန်တရုန် က စူးစမ်းချင်စိတ်ဖြင့် မေးသည်။

"ကြေးခေါင်းလောင်းသံ" ကုနင်းက ပြောသည်။

"မင်းမှာ ဘယ်နှစ်ခု‌လောက်ရှိလဲ" ချန်တရုန် က ထပ်မေးသည်။

"တစ်စုံလုံး" ကုနင်း က ပြန်ဖြေသည်။ ချန်တရုန် ကို လျှို့ဝှက်ထားရန် ရည်ရွယ်ချက်မရှိပေ။

"ဟမ်? တစ်စုံလုံးလား?" ထိုစကားကိုကြားတော့ ချန်တရုန် အံ့ဩသွားပြီး သူ့နားကို မယုံနိုင်ဖြစ်သွားသည်။

"ဘော့စ် မင်းပြောတာက အလွှာ 3 ခုပါတဲ့ အုပ်စုခွဲ 9 ခုက 65 ခု လုံးလား?" ဖြစ်နိုင်မယ်မထင်ပေမယ့် ချန်တရုန် က မေးလိုက်သည်။

19XX တွင် တစ်နေရာ၌ အရှေ့ ကျိုးမင်းဆက်၏ သင်္ချိုင်းတွင်း၌ ကြေးခေါင်းလောင်းသံ နှစ်စုံကို တူးဖော်တွေ့ရှိခဲ့သည်။ တစ်စုံမှာ 9 ခုရှိပြီး ကျန်တစ်စုံမှာ 7 ခုပါသည်။ ၎င်းတို့တွင် နူးညံ့သိမ်မွေ့သော ပုံစံများရှိပြီး အရည်အသွေးမြင့်မားသည်။ စာသားသုတေသနအရ ၎င်းတို့သည် နွေဦးနှောင်းပိုင်းနှင့် ဆောင်းဦးရာသီတွင် ဝူနိုင်ငံ၏ တရားရုံးတူရိယာများဖြစ်သည်။ နှစ်ပေါင်း 2500 သက်တမ်းရှိကြသော်လည်း၊ ပြတ်သားသော စည်းချက်နှင့် အသံထွက်များ ရှိနေဆဲဖြစ်သည်။

သို့သော် အလွှာ 3ခုပါတဲ့ 9 အုပ်စုလုံးက 65 ခုလုံးကိုမစုဆောင်းနိုင်ခဲ့သည်မှာ နှမြောစရာဖြစ်သည်။

ကြေးခေါင်းလောင်းသံ နှစ်စုံကို လလေံပွဲတွင် ယွမ်တစ်ဘီလီယံကျော် ဈေးဖြင့် ရောင်းချခဲ့သည်။ အလွှာ 3 ခုပါတဲ့ အုပ်စုခွဲ 9 ခုက 65 ခုလုံးအတွက် ယွမ်ဘီလီယံပေါင်းများစွာ တန်ကြေးရှိနိုင်ပါသည်။ ၎င်းသည် ဂီတနှင့် ရှေးဟောင်းပစ္စည်းများနယ်ပယ်တွင်လည်း ကြီးစွာသောခံစားမှုကို ဖြစ်‌ေပါ်စေသည်။

ဂီတအဖွဲ့များနှင့် အဓိကပြတိုက်များအားလုံးသည် ၎င်းအတွက် ပြိုင်ဆိုင်ကြမည်မှာ သေချာပါသည်။ ဒါကိုတွေးပြီး ချန်တရုန် ဟာ သူသည်ပိုက်ဆံကို ရမှာမဟုတ်‌ပေမယ့် စိတ်လှုပ်ရှားနေသည်။

“ဟုတ်ပါတယ်” လို့ ကုနင်းက ပြောသည်။

ကုနင်း၏ အတည်ပြုအဖြေကိုကြားတော့ ချန်တရုန်က အံ့အားသင့်သွားပြန်သည်။

သူမသည် အလွှာ 3 လွှာပါတဲ့ အုပ်စု 9 အုပ်စုလုံးက အစုံ 65 ခုလုံးကို စုဆောင်းခဲ့သည်။ အမှန်ဖြစ်ရန် မယုံနိုင်လောက်အောင် ဖြစ်သည်။

ချန်တရုန်သည် သူ၏ဘော့စ်က ဤကမ္ဘာပေါ်တွင် ကံအကောင်းဆုံးလူဖြစ်မည်ဟု ထင်မိသည်။

“ကျေးဇူးပြုပြီး အချိန်တစ်ခုအထိတော့ အဲ့တာကို လျှို့ဝှက်ထားပေးပါ။ လေလံဝန်ထမ်းတွေက အကဲဖြတ်တဲ့အချိန်ကျ အဲဒါကို ကြည့်လို့ရတယ်” ဟု ကုနင်းက ပြောသည်။

ကုနင်း၏ သတိပေးချက်ကိုကြားတော့ ချန်တရုန် က သူ့အသိစိတ်ပြန်၀င်လာပေမယ့် သူတော်တော်လေး အံ့အားသင့်နေတုန်းပါပဲ။

“ဟုတ်ပြီ” လို့ ချန်တရုန် က ပြောပါတယ်။ ကြေးခေါင်းလောင်းသံ အစုံကို မြင်ရန် မစောင့်နိုင်သော်လည်း သူစိတ်ရှည်ရမည်ဖြစ်ပြီး ကုနင်း၏ အချက်အလက်ကို စောင့်ရမည်ကို သူသိသည်။

ကုနင်းနဲ့ သူ့သူငယ်ချင်းတွေက စတိုးဆိုင်မှာ ခဏလောက်နေခဲ့ကြပြီးမှ ပြန်ထွက်လာကြသည်။

သူတို့ကားရပ်နားရန်နေရာသို့ရောက်ခါနီးသောအခါ ကုနင်းသည် ထန်ယွင်ဖန်း၏ခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ မနက်ဖြန်မှာ ကျောင်းအပ်တော့မယ်ဆိုတာ သူသိပြီး သူနဲ့အတူ တက္ကသိုလ်သွားချင်သည်။ ကောလိပ်ကျောင်းသူလေး အများအပြားသည် ၎င်းတို့၏မိဘများက စာရင်းသွင်းရန် သွားခဲ့ကြသောကြောင့် ထန်ယွင်ဖန်းသည် ကုနင်းကို တစ်ယောက်တည်း မသွားစေချင်ပေ။

သို့သော်လည်း ကုနင်းက ကုမန့် သည် ကိုယ်ဝန်နှောင်းပိုင်းတွင်ရှိပြီး အခြားမြို့သို့သွားရန် အဆင်မပြေသောကြောင့် ငြင်းဆိုခဲ့သည်။ ထို့အပြင် သူမသည် အခြားသူများကို သူမ၏ မိသားစုနောက်ခံကို မသိစေချင်ပေ။ ထန်ယွင်ဖန်း ပေါ်လာရင် သူမကိုယ်သူမ ဖော်ထုတ်မိလိမ့်မည်။

ထန်ယွင်ဖန်းသည် လျစ်လျူရှုထားရန် အလွန်ကျော်ကြားသည်။ ဘာပဲဖြစ်ဖြစ် Fမြို့မှ သူငယ်ချင်းများ ရှိပြီး အတူတူ စာရင်းသွင်း သွားကြမည်ဖြစ်‌သောကြောင့် သူမ တစ်ယောက်တည်း သွားရမည်လည်း မဟုတ်ပါ။

ကုနင်းက ထိုသို့ပြော၍ ထန်ယွင်ဖန်းg လည်းလက်လျော့လိုက်သည်။ သူ့သမီးနဲ့ မလိုက်နိုင်လို့ စိတ်မကောင်းဖြစ်မိပေမယ့် ကုနင်း၏ ဆုံးဖြတ်ချက်ကို လေးစားသည်။

ကုနင်းထွက်သွားပြီးနောက် ချန်တရုန်သည် ထိတ်လန့်ဖွယ်ရာသတင်းကို လက်ခံနိုင်ရန် သူ့ရုံးခန်းတွင် အချိန်အတော်ကြာ ထိုင်နေခဲ့သည်။ အချိန်တိုလေးအတွင်းမှာပင် လက်ခံနိုင်လောက်အောင် အံ့အားသင့်စရာကိစ္စဖြစ်‌ေနသည်။ သူ့သူဌေးက တော်တော်ထူးခြားတယ်လို့ ဝန်ခံရမည်။

…

ရှေးဟောင်းလမ်းကနေ ချန်လင်တောင်ကိုရောက်ဖို့ မိနစ် ၄၀ လောက်ကြာ၍ သူတို့ရောက်တဲ့အချိန်က ၁၁ နာရီထိုးနေပြီ။

ကုနင်းနှင့် သူမ၏ သူငယ်ချင်းများသည် တောင်ပေါ်သို့ မတက်မီ ထမင်းစားရန် ဆုံးဖြတ်ခဲ့ကြသည်။ ချန်လင်တောင်သည် ဟိုတယ်များနှင့် စားသောက်ဆိုင်များစွာရှိသည့် ခရီးသွားများ ဆွဲဆောင်ရာ နေရာတစ်ခုဖြစ်သည်။ သူတို့သည် ချန်လင်တောင် တည်ရှိရာ မြို့လေးမှာ ရောက်‌နေပြီး တောင်ခြေရင်းမှာ မဟုတ်ပေ။

ချန်လင်တောင်ခြေရင်းမှာလည်း စားသောက်ဆိုင်တွေရှိပေမယ့် အားလုံးက သာမန်စားသောက်ဆိုင်တွေဖြစ်ပြီး အများကြီးမရှိပေ။

ဤမြို့မှ ချန်လင်တောင်ခြေအထိ အလွန်နီးကပ်ပြီး နှစ်ကီလိုမီတာသာဝေးသည်။ နေ့လယ်စာစားပြီးနောက် ကုနင်းနှင့် သူမ၏ သူငယ်ချင်းများသည် ချန်လင်တောင်သို့ ထွက်ခွာလာကြသည်။

သူတို့‌တောင်ခြေရင်းရောက်တဲ့အခါ သူတို့မှာ လုံးဝကွဲပြားတဲ့ ခံစားချက်မျိုး ရလာသည်။ ဒီ‌နေရာကလေဟာ တော်တော်လန်းဆန်းပြီး တောင်ထိပ်မှာ ပိုတောင် လတ်ဆတ်နေနိုင်လို့ပင်။

ချန်လင်တောင်သည် မှော်စွမ်းအား ကြွယ်ဝသော နေရာဖြစ်သည်။ သာမန်လူတွေ မခံစားနိုင်ပေမယ့် ထိုဓာတ်ကို ခံစားနေကြရ၍ လန်းဆန်းနေမှာပါ။

နေ့လယ်စာစားပြီးနောက် တောင်ပေါ်သို့တက်ရန် လူအများအပြား ရောက်လာကြသည်။ တောင်ထိပ်ကိုတက်ဖို့ ခရီးဝေးပေမယ့် သူတို့မှာ အချိန်နဲ့ စွမ်းအင်တွေ လုံလောက်ပါသည်။ ထို့ကြောင့် တောင်ပေါ်သို့ခြလေျက်တက်ပြီး ကေဘယ်ကားဖြင့်ပြန်ဆင်းရန် ရွေးချယ်ခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် ကုနင်းနှင့် သူမ၏သူငယ်ချင်းများသည် တက်ကြွမှုအရှိဆုံးအဖွဲ့ဖြစ်ပြီး နာရီဝက်ခန့် တောင်တက်ပြီးနောက် တွင်ပင် သူတို့သည် ပင်ပန်းဟန်မရှိပေ။

***

အခန်း ၁၇၇၄ သူတို့နောက်က ကျင့်ကြံသူ

ယွီမီရှီနှင့် မုခယ်တို့သည် အနည်းငယ် မောပန်းနေသော်လည်း ၎င်းတို့၏ အရှိန် မလျော့သွားပါ။

တောင်ထိပ်ကိုတက်ဖို့ ၃ နာရီကျော်ကြာသွားသည်။ အဘယ်ကြောင့်ဆိုသော သူတို့သည် တောင်ပေါ်ကို ဆက်တိုက်မတက်ဘဲ အမျိုးမျိုးသော လည်ပတ်ရာ‌နေရာတွေမှာလည်း ဓါတ်ပုံရိုက်ကြသည်။

ခဏခဏရပ်နားတာကြောင့် ကုနင်းနဲ့ ချူးဖေ့ဟန်လောက် မသန်မာတဲ့ ယွီမီရှီ နဲ့ မုခယ်တို့ဟာ အရမ်းပင်ပန်းတယ်လို့ မခံစားရပေ။

အကယ်၍ သူတို့သည် ဤတောင်ပေါ်သို့ တက်ရာတွင် အလွယ်တကူ မောပန်းနွမ်းနယ်နေပါက သူတို့လုပ်ခဲ့သော လေ့ကျင့်ခန်းများကို ဖြုန်းတီးရာ‌ရောက်လိမ့်မည်။ သူတို့သည် သာမန်လူများထက် ရုပ်ပိုင်းဆိုင်ရာ ပိုမိုကြံ့ခိုင်သည်။

"အပေါ်က လေက အရမ်းလတ်ဆတ်တာပဲ။ အခုနည်းနည်း မောနေပေမယ့် လေထဲမှာ ရှူပြီးလိုက်တာနဲ့ ရုတ်တရက် လန်းဆန်းသွားသလို ခံစားလိုက်ရတယ်” တောင်ထိပ်သို့ရောက်သည်နှင့် တပြိုင်နက် ချူးဖေ့ဟန် သည် သူမ၏လက်များကိုဖွင့်ကာ မျက်လုံးများကိုမှိတ်ပြီး လေကို ပြင်းပြင်းရှုရှိုက်လိုက်သည်။ သူမသည် ကျေနပ်မှုများစွာရခဲ့သည်။

“ဟုတ်တယ်!” မုခယ် နှင့် ယွီမီရှီ တို့လည်း သဘောတူပြီး အသက်ပြင်းပြင်းရှူလိုက်သည် ။

ချန်လင် တောင်ရှိ မှော်အစွမ်းသည် အလွန်သန့်စင်သည်။ ခွန်းလွန်တောင်နဲ့ ယှဉ်လို့မရပေမယ့် ခွန်းလွန်တောင်အပြင် ကျင့်ကြံဖို့ နေရာကောင်းတစ်ခုလည်းဖြစ်တယ်ဆိုတာ ကုနင်းသိသည်။

ကံမကောင်းစွာပဲ လင်ရှောင်းထင်သည် သူ၏ ကျင့်ကြံရေးအတွက် ဤနေရာကို မလာနိုင်ခဲ့ပါ။ ကျင့်ကြံ‌ရေးကမ္ဘာသည် ဤနေရာတွင်တည်ရှိနေသောကြောင့် ကျင့်ကြံသူများသည် ၎င်း၏တည်နေရာအတိအကျကိုမသိသော်လည်း မကြာခဏလာရောက်လည်ပတ်ကြသည်။ ထို့ကြောင့် လင်ရှောင်းထင် ရောက်လာလျှင် အလွယ်တကူ ရှာဖွေတွေ့ရှိသွားမည်ဖြစ်သည်။

ထို့နောက် ခြံစည်းရိုးဆီသို့ လျှောက်သွားကာ မြို့တော်တစ်ခုလုံး၏ မြင်ကွင်းကျယ်ကို မြင်လိုက်ရသည်။

"ဝါး… ရင်သပ်ရှုမောစရာပဲ!"

"တကယ်ကို မြို့တော်တစ်ခုလုံး မြင်ရတာပဲ!" ချူးဖေ့ဟန်နှင့် သူမ၏သူငယ်ချင်းများသည် အလွန်အထင်ကြီးခဲ့ကြပြီး ကုနင်းလည်းထိုသို့ပင်။

ရုတ်တရက် ကုနင်းသည် ကျင့်ကြံသူ၏ လေကို ခံစားလိုက်ရသည်။ သူမသည် ကျင့်ကြံသူများအကြောင်း အခုလေးတင်တွေးနေခဲ့ပြီး ယခု ချက်ချင်း သူမနှင့် တိုးတော့သည်။ တိုက်ဆိုင်ချက်ကတော့!

ထို‌့နောက်တွင် ကုနင်းသည် တစ်စုံတစ်ယောက် က သူမကိုကြည့်နေသည်ကို ခံစားလိုက်ရပြီး ထိုလူသည် ကျင့်ကြံသူဖြစ်ရမည်ဟု သူမသေချာပေါက်သိလိုက်သည်။ တိုက်ဆိုင်မှုတစ်ခုလား ဒါမှမဟုတ် ကျင့်ကြံသူဟာ သူ့နောက်ကို ရည်ရွယ်ချက်ရှိရှိနဲ့ လိုက်ခဲ့သလားဆိုတာ သူမ မသိပေ။

ကုနင်သည် ကျင့်ကြံသူက သူမကို သတိပြုမိသွားမည်ဆိုး၍ ကျင့်ကြံသူနှင့် မျက်လုံးချင်းမဆုံမိစေရန် တန်းလှည့်မကြည့်ဘဲ နေလိုက်သည်။ ထို့ကြောင့် သူမသည် မြင်ကွင်းကို ကြည့်ရှုဟန်ဆောင်ကာ ကျင့်ကြံသူ တည်ရှိရာကို တစ်ချက် ကြည့်လိုက်သည်။

အကြည့်တစ်ချက်ဖြင့် သူမသည် ထိုကျင့်ကြံသူအား မှတ်မိသွားသည်။ ဖီးနစ်နဂါးတိမ်တိုက်ပုံစံကျောက်စိမ်းအတွက် နန်းတော်ထဲတွင် သူမနောက်လိုက်ခဲ့သော သူနှင့်အတူတူပင်။

ဖီးနစ်နဂါးတိမ်တိုက်ပုံစံကျောက်စိမ်းသည် သူမ၏ စိတ်စွမ်းအင်အာကာပြင်တွင်ရှိပြီး သေတ္တာကို မဖွင့်ရသေးပေ။ ဒီရက်တွေမှာ သူမအလုပ်များနေတာကြောင့် ကျောင်းအပ်ပြီးမှသာ ရှန်းကွမ်းယန်ဆီသွားရင်း အဲ့တာကို ထုတ်ကြည့်ဖို့စီစဉ်ထားသည်။

ကျင့်ကြံသူသည် ကုနင်းကိုမြင်သော်လည်း ဖီးနစ်နဂါးတိမ်တိုက်ပုံစံကျောက်စိမ်း၏တည်ရှိမှုကို ခံစားရခြင်းမရှိပေ။ သာမန်အားဖြင့် လူတွေက ဒီလောက်တန်ဖိုးကြီးတဲ့ ကျောက်စိမ်းကို နေရာတကာ သယ်မသွားဘူးဆိုတာ သူသိသည်၊ ထို့ကြောင့် ဖီးနစ်နဂါးတိမ်တိုက်ပုံစံကျောက်စိမ်းကို ရှာတွေ့တဲ့အထိ ကုနင်းနောက်ကိုလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

တကယ်တော့ ကုနင်းမှာ ကျောက်စိမ်းရှိသေးလားဆိုတာ မသေချာပေ။ သူရုတ်တရက် အဲ့တာကို ခြေရာ‌ခံ၍ မရတော့‌ပေ။ ပြတိုက်မှာ ရှာမတွေ့တဲ့အတွက် ကုနင်းမှာ ရှိနေဖို့ ဖြစ်နိုင်ခြေ မြင့်မားတယ်လို့ သူထင်သည်။ ဘာပဲဖြစ်ဖြစ် သူရှာဖို့ စိတ်ပိုင်းဖြတ်ထားပြီး အခုချက်ချင်း လက်လွှတ်မခံချင်ပေ။

ဤကျင့်ကြံသူသည် သူ့ကားကို ပျက်စီးစေတဲ့အတွက် ကုနင်းက သူ့ကို သင်ခန်းစာတစ်ခု ပေးရန် စိတ်ကူးရှိသော်လည်း ယခုတွင် အချိန်မတန်သေး‌ပေ။ ထို့ကြောင့် သူမသည် သူ့ကို လျစ်လျူရှုခဲ့သည်။

နာရီဝက်ကျော်လောက် တောင်ထိပ်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် ကုနင်းနဲ့ သူ့သူငယ်ချင်းတွေ ဆင်းရန်ပြင်ကြသည်။ သူတို့က ကေဘယ်ကားနဲ့ သွားကြမည်။ လမ်းလျှောက်ရတာ မပင်ပန်းပေမယ့် ကေဘယ်ကားစီးရတဲ့ ခံစားချက်ကို ခံစားချင်ကြသည်။

ကေဘယ်ကားစီးဖို့ ထွက်သွားတာကို မြင်တော့ ကျင့်ကြံသူက သူတို့နောက်ကို ချက်ချင်းလိုက်သွားသည်။

လာရောက်လည်ပတ်သူ အများအပြားသည် ကေဘယ်ကားများအတွက် တန်းစီစောင့်ဆိုင်းနေကြသောကြောင့် ၅ မိနစ်ခန့် စောင့်ခဲ့ရသည်။ ကေဘယ်လ်ကားတစ်စီးသည် လူခြောက်ဦးဆံ့နိုင်သော်လည်း ကေဘယ်ကားတိုင်းတွင် လူမပြည့်ပေ။ အချို့မှာ ငါးယောက်သာရှိပြီး အချို့မှာ သုံးယောက်သာရှိသည်။

ကုနင်းနှင့် သူမ၏ သူငယ်ချင်းများ အလှည့်ရောက်သောအခါ ကေဘယ်ကားထဲတွင် အတူတူထိုင်ကြသည်။ ကျင့်ကြံသူသည် ၎င်းတို့နှင့် ခပ်ဝေးဝေးတွင် တမင်တကာ ခွာလိုက်ပြီး ကေဘယ်ကားကို နောက်မှ စီးလိုက်သည်။

သူတို့နဲ့ ကေဘယ်ကားကိုပဲ စီးချင်ပေမယ့် သူတို့အဖွဲ့ထဲမှာ မိန်းကလေး သုံးယောက်ရှိတယ်။ သူ့ကို လူဆိုးအဖြစ် ထင်သွားမလားဆိုပြီး စိုးရိမ်နေမိသည်။

ကေဘယ်လ်ကားစီးတာ ပထမဆုံးအကြိမ်မို့ ချူးဖေ့ဟန် နဲ့ သူမရဲ့သူငယ်ချင်းတွေက အစပိုင်းမှာ အနည်းငယ် ရင်တုန်နေကြသည်။

ကေဘယ်လ်ကားက အရမ်းမြင့်ပြီး သူတို့ပတ်လည်မှာ ဖန်သားပြင်ပဲရှိသည်။ ခြေဖဝါးနှင့် ဦးခေါင်းအထက်တွင် သံပြားများ ရှိသော်လည်း ၎င်းတို့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရဆဲဖြစ်သည်။

တည်တည်ငြိမ်ငြိမ်နေနိုင်ဖို့ဆိုတာ မလွယ်‌ပေ။ မိနစ်အနည်းငယ်ကြာသောအခါတွင် သူတို့သည် တဖြည်းဖြည်း ငြိမ်သက်သွားကြသည်။

ကေဘယ်ကားတွေမှာ လုံလောက်တဲ့ လုံခြုံရေးအစီအမံတွေ ပါတဲ့အတွက် ကောင်းကောင်းထိုင်နေသရွေ့ ဘေးကင်းမှာပင်။ ကေဘယ်ကြိုးက ရှည်လျားပြီး တောင်ခြေကိုရောက်ဖို့ မိနစ် ၂၀ နီးပါးကြာသည်။

ကေဘယ်လ်ကားပေါ်မှ ဆင်းသောအခါ ကျင့်ကြံသူသည် ထုံးစံအတိုင်း ကုနင်း၏နောက်သို့ လိုက်သွားခဲ့သော်လည်း သူ့ကို သတိထားမိမည်ဆိုး၍ နောက်က‌နေ ခပ်ခွာခွာ လိုက်လာသည်။

ကျင့်ကြံသူသည် ကုနင်း၏ အရည်အချင်းကို မသိသဖြင့် သူမသည် သာမန်မိန်းကလေးမျှဟုသာထင်ခဲ့သည်။ သို့သော် ကုနင်းသည် သာမန်မိန်းကလေးတစ်ဦးဖြစ်သော်လည်း သူနှင့် အလွန်နီးကပ်ရန် မဝံ့ရဲသေးပေ။

ကေဘယ်လ်ကားပေါ်မှ ဆင်းပြီးနောက် ကုနင်းနှင့် သူမ၏ သူငယ်ချင်းများသည် ပူဖောင်းပစ်ခြင်း၊ ကွင်းပစ်ခြင်း၊ လှံပစ်ခြင်း အစရှိသည့် စိတ်ဝင်စားဖွယ်ဂိမ်းများစွာကို တွေ့ရှိခဲ့သည်။ ဝက်ဝံရုပ်၊ ကြောင်ရုပ်နှင့် ခွေးရုပ်များကဲ့သို့သော ဆုလာဘ်များလည်း ရှိသည်။

ချူးဖေ့ဟန် နှင့် သူမ၏ သူငယ်ချင်းများသည် ရင့်ကျက်ကြသော်လည်း ယခုနှစ်တွင် အသက် ၁၈ နှစ်သာရှိသေးသောကြောင့် ၎င်းတို့သည် ကလေးများကဲ့သို့ပင်ဖြစ်ပြီး ဤဂိမ်းအသေးစားများရဲ့ စွဲဆောင်မှုကို ခံကြရသည်။ မဆိုင်းမတွဘဲ ပြေးလွှားဆော့ကစားကြသည်။

ကုနင်းက ဘေးကနေ ကြည့်နေလိုက်သည်။ ပူဖောင်းများကို ပစ်ရန် လူတစ်ဦးစီတွင် ကျည် ၁၀ တောင့်စီရှိသည်။ အကယ်၍ လူတစ်ဦးသည် ပူဖောင်း ၁၀ လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပါက ဆုရရှိမည်ဖြစ်သည်။

ချူးဖေ့ဟန် နှင့် မုခယ် တို့သည် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သဖြင့် ဆုကြေးငွေ ရရှိခဲ့သည်။

ယွီမီရှီ သည် ပူဖောင်း 8 လုံးသာ ပစ်သောကြောင့် ဆုမရရှိခဲ့သော်လည်း မုခယ် က သူမအား ပေးခဲ့သည်။

သူသည် လူငယ်တစ်ယောက်ဖြစ်ပြီး ဝက်ဝံရုပ်များကို စိတ်မဝင်စားပါ။

ကွင်းပစ်တဲ့ဂိမ်းက လွယ်ကူ‌သောဂိမ်းတစ်ခုပင်။ ကွင်းနဲ့ ဘာပဲ ဖြစ်ဖြစ် ရနိုင်သည်။ အခြားဂိမ်းများနှင့် နှိုင်းယှဉ်ပါက ဆုများရရန် ပိုမိုလွယ်ကူသောကြောင့် ယွီမီရှီ အနည်းငယ် ရရှိခဲ့သည်။

အမှန်တော့ လူတိုင်းသည် မြေပြင်ပေါ်တွင် ချထားသော အရာဝတ္တုများကို ကွင်းစွတ်နိုင်ခြင်း မဟုတ်ပါ။ တစ်ခုမှ မရနိုင်တဲ့ သူတွလေည်း ရှိသည်။

ထို့ကြောင့် ကြည့်ရှုသူအများအပြားသည် ဆုများဆက်တိုက်ရရှိသော ချူးဖေ့ဟန် နှင့် သူမ၏သူငယ်ချင်းများကို မနာလိုဖြစ်ခဲ့ကြသည်။

***

အခန်း ၁၇၇၅ ဝူရှ ၀တ္ထုတွေအများကြီး ဖတ်တယ်

နောက်ကစားနည်းဖြစ်သော မြှားပစ်ခြင်းက နည်းနည်းပိုခက်သည်။

အနီရောင်အမှတ်ကိုထိမိမှသာ ဆုရနိုင်ပြီး ၎င်းကို မြှား 10ခု တွင် အနည်းဆုံး 5 ခုဖြင့် 5 ချက်ထိရမည်။

ချူးဖေ့ဟန်သည် မြှား ၅ ခုလုံးနှင့် ထိခဲ့ပြီး မုခယ် သည် မြား ၄ ချောင်းသာ ထိမှန်ခဲ့ပြီး ယွီမီရှီက 2ချက်သာ ထိသောကြောင့် ချူးဖေ့ဟန် သာ ဆုရရှိခဲ့သည်။ တစ်ဖန် ချူးဖေ့ဟန်နှင့် သူမ၏ သူငယ်ချင်းများသည် ကြည့်ရှုသူများထံမှ ချီးကျူးစကားများစွာ ရရှိခဲ့သည်။

"ဘော့စ် ဒီကိုလာ မြှား ၁၀ ခုလုံးနဲ့ အနီရောင်အမှတ်ကို ပစ်လိုက် အရုပ်ဝက်ဝံကြီးလိုချင်တယ်" လို့ ချူးဖေ့ဟန် က ကုနင်းကို တွန်းထုတ်လိုက်သည်။

အနီရောင်အမှတ်ကို မြှား ၅ ခုနှင့် ပစ်နိုင်ရင်ရတဲ့ ဆုကြေးနဲ့ မြှား၁၀ ခုလုံးနဲ့ ပစ်နိုင်တဲ့အခါ ရတဲ့ ဆုကြေးက လုံး၀ ကွဲပြားသည်။

" မြှား ၁၀ ခုလုံးနဲ့ဟုတ်လား လွယ်တယ်များထင်နလေား အပြောကြီးမနေနဲ့"

ချူးဖေ့ဟန် ပြောပြီးသွားသောအခါ မနှစ်မြို့စရာကောင်းသော အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာသည်။

ထိုအသံကို ကြားတော့ အားလုံးက ကောင်မလေးကို လှည့်ကြည့်လိုက်သည်။

ကုနင်းသည် သူ့စကားက သူမအပေါ်မသက်ရောက်ပေမယ့် ကောင်မလေးက ကလေးဆန်လွန်းတယ်လို့ ခံစားရသည်။ သို့သော် ချူးဖေ့ဟန် နှင့် သူမ၏ အခြားသူငယ်ချင်းများက ကောင်မလေးကို အလွန်စိတ်ပျက်ကာ စိုက်ကြည့်နေကြသည်။

ကောင်မလေးက သူတို့နဲ့ အသက်တူပြီး သူ့သူငယ်ချင်းတွေနဲ့လာခြင်းဖြစ်သည်။ သူတို့အဖွဲ့တွင် ယောက်ျားလေး သုံးယောက်နှင့် မိန်းကလေး သုံးယောက်ရှိသည်။ ရိုးရှင်းသောအဝတ်အစားများကို ၀တ်ဆင်ထားသော်လည်း နိုင်ငံတကာအမှတ်တံဆိပ်များဖြစ်ကြသည်မှာ ထင်ရှားသည်။ ထိုသို့ဆိုလျှင် သူတို့သည် မာန်မာနကြီးသော သ‌ူဌေးသားသမီးတစ်စု ဖြစ်ရမည်။

ကုနင်းရဲ့သူငယ်ချင်းတွေက သူတို့ကိုကြည့်နေတာကိုမြင်တော့ ကောင်မလေးက ဒေါသဖြစ်သွားသည်။

ချူးဖေ့ဟန် က ဒေါသတကြီး ငြင်းခုံသည်။

"ငါတို့ ဘော့စ်က မြား ၁၀ ချက်လုံးနဲ့ အမှတ်ကို ထိနိုင်နိုင် မထိနိုင်နိုင် မင်းကိစ္စ မဟုတ်ဘူး"

"ဟုတ်ပါတယ် ဒါပေမယ့် အပြောကြီးတဲ့လူတွေကို တော့ ငါမုန်းတယ်" ကောင်မလေးက မထီမဲ့မြင်နဲ့ ပြုံးသည်။

"အပြောကြီးတယ်ဟုတ်လား? တခြားလူတွေကို ပေါ့ပေါ့တန်တန် အကဲဖြတ်တဲ့ မင်းက ရော တော်တော် အပြောကြီးတယ်လို့ မထင်မိဘူးလား" ကုနင်းက သူမကို လှောင်ပြောင်ပြောလိုက်သည်။

ကောင်မလေးသည် အနည်းငယ် ရှက်ရွံ့သလို ခံစားခဲ့ရသော်လည်း သူမ၏ အမှားကို ဝန်ခံရန် ငြင်းဆိုသည်။

အဲဒီအစား သူမက "မင်းမြား၁၀ ခုလုံးနဲ့ အမှတ်ကို တကယ်ထိအောင် လုပ်နိုင်မယ်လို့ ဆိုလိုတာလား"

ကုနင်းက "ဒါမင်း ကိစ္စမဟုတ်ဘူး"

"ဒါဆို ငါတို့ပြိုင်ကြရင်ရော မြား ၁၀ ခုလုံးနဲ့ အနီရောင်အမှတ်ကို ထိဖို့မလိုပါဘူး အမှတ်ကို မြှားတံအရေအတွက် များများနဲ့ ထိတဲ့သူနိုင်မယ် ဘယ်လိုလဲ?" ကောင်မလေးက ကုနင်း ကိုစိန်ခေါ်သည်။

"ပြိုင်ပွဲလား? ကြိုက်တယ် ဒါပေမယ့် လောင်းကြေးနဲ့ဆို ပိုကြိုက်တယ် မဟုတ်ရင် စိတ်၀င်စားစရာမကောင်းဘူး‌လေ” ဟု ကုနင်းက ဆိုသည်။

ထိုစကားကို ကြားတော့ ကောင်မလေးလည်း စိတ်ဝင်စားသွားသည်။ အဲဒါလည်း သူမလိုချင်တာပါပဲ “ဟုတ်ပြီ မင်းက ဘာလောင်းချင်လဲ”

“ရှုံးတဲ့သူက ကွမ်ရင်ဂူ တောင်ပေါ်တက်ပြီး ပြန်ဆင်းလာရမယ် အချိန်က နာရီဝက်ထက် မပိုရဘူး။ နာရီဝက်အတွင်း ပြန်လာနိုင်ရင် ဂိမ်းပြီးပြီပဲ ပြန်မလာနိုင်ရင်တော့ ရှုံးတဲ့သူက နောက်တစ်ကြိမ် ပြန်အပြစ်ပေးခံရမယ်” ဟု ကုနင်းက ဆိုသည်။

ကုနင်း၏ အဆိုပြုချက်သည် ခက်ခဲသည်မဟုတ်ပါ အဘယ်ကြောင့်ဆိုသော် ကောင်မလေးသည် ပျော့ညံ့ခြင်းမရှိကြောင်း သူမမြင်နိုင်သောကြောင့်ဖြစ်သည်။ စိန်ခေါ်မှုရှိပေမယ့် သူ့အတွက် မခက်ခဲလောက်ပေ။

ဒီကနေ ကွမ်ရင်ဂူကို အမြန်လျှောက်ရင် မိနစ် ၄၀ ထက် ပိုကြာနိုင်တာမို့ သာမန်လူတွေမှာ ကာယကြံ့ခိုင်မှု အကန့်အသတ်ရှိတာကြောင့် ထိုသို့လုပ်ဖို့ မဖြစ်နိုင်ပါ။ သို့သော်လည်း ခန္ဓာကိုယ် သန်မာသူများ သို့မဟုတ် မကြာခဏ လေ့ကျင့်နေသူများအတွက် ကြီးမားသော ကိစ္စမဟုတ်ပေ။ သူတို့သည် မြန်မြန်လမ်းလျှောက်ရန်သာ လိုအပ်ပြီး အနည်းငယ် ပင်ပန်းသည်ဟုသာ ခံစားရနိုင်သည်။

"ပြဿနာမရှိပါဘူး!" ကောင်မလေးက ဒါဟာ မကောင်းတဲ့အကြံမဟုတ်ဘူးလို့ ထင်တာကြောင့် ချက်ခြင်းပဲ သဘောတူလိုက်သည်။ တကယ်တော့ သူတို့က တောင်ပေါ်ကို တက်ဖူးကြပြီး ကွမ်ရင်ဂူကို ရောက်ဖို့ အချိန်ဘယ်လောက်လိုတယ်ဆိုတာ သူမ သိသည်။ သူမအတွက် အရမ်းမခက်ခဲခဲ့‌ပေ။

ကုနင်း၏ အဆိုပြုချက်ဖြစ်သောကြောင့် ကုနင်းအတွက် ခက်ခဲတဲ့အရာဟုတ်မဟုတ်ကို သူမ ဂရုမစိုက်ပါ။ ကုနင်းသည် သူမ၏ အဆိုပြုချက်အတွက်ယုံကြည်မှုရှိရမည် မဟုတ်လျှင် သူမသည် နောက်ပိုင်းတွင် ကိုယ့်အဆိုပြုချက်နှင့်ကိုယ် ခံစားရလိမ့်မည်ဖြစ်သည်။

သဘောတူပြီးတာနဲ့ ကောင်မလေးက စိတ်ရှုပ်ထွေးသွားပြီး မေးလိုက်သည်။ “မင်းရှုံးလို့ ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ”

“ပြိုင်ပွဲက ငါတို့နှစ်ယောက်ကြားပဲလုပ်ပြီး တခြားလူတွေက ငါတို့ကို စောင့်ကြည့်ဖို့ ဒီမှာနေရမယ် ဒါဆို ငါတို့နှစ်ယောက်လုံး မပြေးနိုင်ဘူး မဟုတ်လား” ကုနင်းက ပြောသည်။ ရလဒ်ကိုပြောပြဖို့ စောလွန်းနေတာကြောင့် မိန်းကလေးက သူ့ရဲ့စွမ်းရည်ကို သံသယဖြစ်တာကို သူမစိတ်မဆိုး‌ပေ။ "အိုး အရှုံးသမားက လိမ်လည်လှည့်စားမှာဆိုးရင် သူ့သူငယ်ချင်းတွေနဲ့ လမ်းတစ်လျှောက်လုံး ဗီဒီယို ခေါ်ဆိုမှု လုပ်ထားရမယ်"

“ကိစ္စမရှိပါဘူး” ကောင်မလေးကပြောသည်။ သူမသည် ဤပြီးပြည့်စုံသော အစီအစဉ်အတွက် ကုနင်းအား တစ်နည်းနည်းဖြင့် ချီးကျူးမိသွားသည်။

"ဘယ်သူအရင်လဲ" ကောင်မလေးက မေးသည်။

“နေရာလွတ် နှစ်နေရာရှိတယ်။ ငါတို့အတူတူလုပ်ရင်ရော" ကုနင်းကပြောသည်။

"ဘာလို့မဖြစ်ရမလဲ!" မိန်းကလေးက သဘောတူသည်။

"ဖိုက်တင်း မို!" မိန်းကလေးသူငယ်ချင်းတွေက အားပေးသည်။

"ဘော့စ် သူ့ကို အပြတ်အသတ် ရှူံးခိုင်းလိုက်" ဟု ချူးဖေ့ဟန် က ပြောသည်။

“လေကြီး‌နေတာကို ရပ်လိုက်! မင်းပဲ အပြတ်အသတ်ရှံးမှာ။ မိုနဲ့များ ယှဉ်ချင်သေး ရာရာစစ!" ကောင်မလေး၏ သူငယ်ချင်းက သူ့ကို အကာအကွယ်ပေးသည်။

"ငါတို့ ဘော့စ်ရဲ့ အရည်အချင်းကို မေးခွန်းထုတ်ထဲက မင်းက ကိုယ့်ကိုယ်ကိုယ် တခြားသူတွေထက် သာလွန်တယ်လို့ ထင်နေတာမဟုတ်ဘူးလား။ သူတစ်ပါးကို မတူသလို မတန်သလို မဆက်ဆံပါနဲ့။ ဒီကမ္ဘာကြီးက မင်းကိုဗဟိုပြုပြီး လည်နေတယ်လို့ ထင်‌ေနတာလား ရယ်စရာ‌ပဲ” မုခယ် သည်လည်း ၎င်းတို့၏ ငြင်းခုံမှုတွင် ပါဝင်လာသည်။ တကယ်တော့ သူသည် အခြားသူများ အထူးသဖြင့် မိန်းကလေးများဖြင့် လူရှေ့သူရှေ့တွင် ငြင်းခုံချင်သူမဟုတ်ပါ။

သို့သော် သူ့သူငယ်ချင်း မိန်းကလေး၏ နောက်ကွယ်တွင် တစ်ချိန်လုံး သူ့ကိုယ်သူ ဖုံးကွယ်ထား၍ မရပေ။ ယောက်ျားတစ်ယောက်အနေနဲ့ သူတို့ဟာ သူ့မိန်းကလေး သူငယ်ချင်းကောင်းတွေပဲ ဖြစ်ဖြစ်၊ ရည်းစားဖြစ်ဖြစ်၊ သူတို့ကို ကာကွယ်ပေးရမည်။

“ရှင်…” ကောင်မလေး၏ သူငယ်ချင်းက ရုတ်တရက် ဘာပြန်ပြောရမှန်းမသိ။

"ငြိမ်ငြိမ်နလေိုက်တော့" မိန်းကလေးက သူ့သူငယ်ချင်းတွေကို တစ်ချက်ကြည့်ပြီး ဝေဖန်သည်။ သူတို့မှားတယ်လို့ သူမမထင်ပေမယ့် သူမ မြားပစ်ပွဲစ‌တော့မယ့်အချိန်မှာ သူတို့ တိတ်ဆိတ်နေဖို့ လိုအပ်သည်။

အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ဂိမ်းစတင်ပါတော့သည်။

မဆိုင်းမတွဘဲ ကုနင်းသည် မြားများကို တစ်‌ေချာင်းပြီးတစ်ချောင်း ပစ်ချလိုက်သည်။ အံ့သြစရာကောင်းစွာနှင့် မြှားတိုင်းဟာ အနီရောင်အမှတ်ကို ထိမှန်သွားသည်။ သူမသည် ပြိုင်ပွဲပြီးဆုံးရန် 10 စက္ကန့်သာကြာလိုက်သည်။

အဲဒါကိုတွေ့တော့ လူတိုင်း အံ့ဩသွားကြသည်။

ကုနင်းနဲ့ ယှဉ်ပြိုင်တဲ့ မိန်းကလေးက မြှားကိုပစ်ရန်ချိန်နေတုန်းပင်။ ပစ်လိုက်ဖို့အတွက် သူမ အရမ်းတုန်လှုပ်သွားသည်။

စက္ကန့်အနည်းငယ်ကြာ တုန်လှုပ်ခြောက်ခြားသွားပြီးနောက် လူအုပ်ကြီးက ဝိုင်းပြီး လက်ခုပ်သြဘာပေးကြသည်။

“ဘုရားရေ ဒီမိန်းကလေးက အံ့သြစရာကောင်းတယ်။ သူက မြှား ၁၀ ချောင်းလုံးနဲ့ အနီရောင်အမှတ်ကို တိတိကျကျထိသွားတာ”

"ဟုတ်တယ် စက္ကန့်ပိုင်းအတွင်း ပြီးသွားတယ်!"

"သူက ပရော်ဖက်ရှင်နယ်များလား?"

“သူက ပရော်ဖက်ရှင်နယ်ထက်တောင် ပိုမြန်တယ်ထင်တယ် ကွန်ဖူးဆရာလို့တောင် ကျွန်တော်ထင်နေတာ"

"မင်းက ဝူရှဝတ္ထုတွေ အများကြီး ဖတ်တယ်ဖြစ်ရမယ်။ ဒါပေမယ့် ငါ မင်း‌ပြောတာကို သဘောတူရမယ်။ ဒီကောင်မလေးက ကွန်ဖူးဆရာတစ်ယောက်နဲ့တူတယ်”

“မယုံနိုင်စရာပဲ”

“…”

"ငါ့မျက်လုံးတွေကို မယုံနိုင်ဘူး!" ကောင်မလေး၏ သူငယ်ချင်းများသည် သူတို့မြင်သမျှကို မယုံနိုင်။ အမှန်အတိုင်းပြောရလျှင် အလွန်အံ့သြစရာပင်။

"ငါဒါကို အမှန်မဟုတ်ပါစေနဲ့လို့ ဆုတောင်းချင်ပေမယ့် ဒါက တကယ်အမှန်ပဲ”

***

အခန်း ၁၇၇၆ ပိုင်လီကျုံးယန် နှင့် သူ၏ ညီမနှင့် တွေ့ဆုံခြင်း

“ဒီကောင်မလေး တကယ်ကို ထူးချွန်တာပဲ သူ့ကိုယ်သူ အရမ်းယုံကြည်ချက်ရှိ‌ေနတာ အံ့သြစရာမဟုတ်ဘူး”

“…”

ထိုအခိုက်တွင် ကောင်မလေးသည် အသက်ပြင်းပြင်းရှူကာ ကုနင်းကို လေးလေးနက်နက် အံ့သြစွာဖြင့် စိုက်ကြည့်နေမိသည်။ ကုနင်းက သူ့ထက် ပိုကောင်းတယ်ဆိုတာ ငြင်းလို့မရနိုင်လို့ သူမလည်း တုန်လှုပ်သွားသည်။ ရှုံးမယ်ဆိုတာ သူမ သိပေမဲ့ လက်လျော့ချင်စိတ်‌တော့မရှိပေ။

"အမှတ်နီကို မြားများများနဲ့ ထိတဲ့သူက အနိုင်ရမယ်လို့ပဲ သဘောတူထားတာ အချိန်က အရေးမကြီးဘူး" ဟု မိန်းကလေးက ဆိုသည်။ နိုင်နိုင်ဖွယ်မရှိမှန်း သူမ သိသော်လည်း သူမကြိုးစားလိုဆဲဖြစ်သည်။

ထို့အပြင် သူမသည် ရှုံးနိမ့်ရန် အလားအလာ အလွန်များ‌ေနသော်လည်း သူမသည် ကျရှုံးခြင်းသို့ ရောက်ရှိမည်ဟု မဆိုလိုပါ။ သူမဟာ မြှားပစ်တာကို ကောင်းကောင်းကျွမ်းခဲ့ပြီး အရင်က အမှတ်အများဆုံးရခဲ့ဖူးသည်။ ကုနင်းလောက်‌ေတာ့ မမြန်ပေမယ့်။

"ဟုတ်ပါတယ် ငါတို့က အချိန်မဟုတ်ဘဲ ကိန်းဂဏန်းတွေအတွက်ပဲ ပြိုင်တာပါ" ဟု ကုနင်းမှ ပြောသည်။

အဲဒီနောက်မှာတော့ ကောင်မလေးက သူ့အလှည့်အတွက် ပြင်ဆင်လိုက်သည်။ သူမသည် မျက်နှာပြင်ပေါ်တွင် ငြိမ်သက်နေပုံရသော်လည်း အမှန်တကယ်တော့ အလွန်စိတ်လှုပ်ရှားနေသည်။ ကုနင်းသည် သူမအတွက် ပြင်းထန်သော ပြိုင်ဘက်ဖြစ်သောကြောင့် သူမတို့ သူငယ်ချင်းများကလည်း ကြောက်ရွံ့‌နေကြသည်။

မိန်းကလေးသည် ယခုအချိန်တွင် အနိုင်ရနုိင်ဖွယ် သို့မဟုတ် သရေကျနိုင်ဖွယ်ရှိသည်ဟု သူတို့မထင်ကြသော်လည်း သူမသည် အနီရောင် မြှား ၁၀ ချောင်းလုံးဖြင့် အမှတ်နီထိသွားစေရန် မျှော်လင့်နေကြဆဲဖြစ်သည်။ သူတို့အားလုံးက တစ်ဖွဲ့တည်းပင်ဖြစ်သည်။

ကောင်မလေးသည် စိတ်တည်ငြိမ်စေရန် ရှည်လျားစွာ အသက်ရှုသွင်းလိုက်သည်။ သူမ ပစ်မှတ်ကို ချိန်ပြီးသည်နှင့် မြှားတစ်ချောင်းကို ပစ်ချပြီး အောင်မြင်သွားသည်။

သို့သော် အမှတ်နီကို ထိသည့် မြှား ၁ ချောင်းနှင့် မြှား ၁၀ ချောင်း၏ ကြားက ကြီးမားသော ကွာဟချက်ကြောင့် သူမသည် လုံးဝမပျော်ရွှင်ပါ။ ပွဲမပြီးမချင်း သူမ စိတ်ဖိစီးနေနိုင်သည်။

မိန်းကလေးသည် မြှားပစ်ခြင်းကို အမှန်တကယ် ကျွမ်းကျင်ပြီး အနီ‌ေရာင်အမှတ်ကို မြှား ၆ စင်းဖြင့် အောင်မြင်စွာ ပစ်ခတ်နိုင်သွားသည်။

မိန်းကလေးက မြှား ၁၀ ချောင်းလုံးနဲ့ အနီရောင်အမှတ်ကို တိကျစွာ ထိမိရင်တောင် သရေကျရုံသာ ဖြစ်တာကြောင့် ကုနင်းက ရှုံးမယ်လို့ မထင်ပေ။ သရေဖြစ်နိုင်ပေမယ့် ကောင်မလေးက ကုနင်းကို ပေါ့ပေါ့တန်တန် သဘောမထားရဲပေ။

“ဒီကောင်မလေးလည်း မဆိုးပါဘူး။ မြား ၆ စင်းနဲ့ အနီရောင်အမှတ်ကို ဆက်တိုက်ထိနိုင်တာပဲ။ သူက ဟိုမိန်းကလေးထက်တော့ နှေးတယ် ဟိုမိန်းကလေးလောက် မြှားကို မြန်မြန်ပစ်ရင်တော့ အနီရောင်အမှတ်ကို ထိဖို့ မဖြစ်နိုင်ဘူး”

“…”

ဒါကို လူတော်တော်များများက သဘောတူကြသည်။

သို့သော် 7 စင်းမြောက်သို့ရောက်သောအခါမိန်းကလေးသည် အနီရောင် အမှတ်ကိုမထိမှန်တော့ပေ။ ရလဒ်အနေနဲ့ အကြိမ်ရေ ဘယ်လောက်ပဲ ထပ်ထိနိုင်ပါစေ၊ သူမ ကျရှုံးတဲ့ ရလဒ်က ပြောင်းလဲမှာ မဟုတ်ပါ။

မိန်းကလေး၏ သူငယ်ချင်းများက စိတ်ပျက်ကြပြီး လက်မခံချင်ကြပေ။

"ကျွန်မရှုံးသွားပြီ" သူမသည် ဂိမ်းကို ရှုံးနေပြီဖြစ်သောကြောင့် ကျန်ရှိသော မြားသုံးစင်းအပေါ်တွင် အချိန်ဖြုန်းရန် စိတ်မ၀င်စား‌ေတာ့ပါ။ သူမသည် အရှက်တရားဖြင့် ရှုံးနိမ့်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

"ကောင်းပြီ မင်းအခုတောင်တက်လို့ရပြီ" ကုနင်းက အလွန်တည်ငြိမ်နေသည်။ သူမသည်မိန်းကလေး၏ ရှုံးနိမ့်မှုအပေါ် ပြောင်ပျက်ခြင်းမပြုခြင်း‌ေကြာင့် ထိုမိန်းကလေးက သူမအပေါ်အထင်ကြီးသွားမိသည်။ အခု သူမသည် ကုနင်းကို အရင်ကလောက် မမုန်းတော့ပေ။

တစ်ဖက်တွင် ချူးဖေ့ဟန် က ပြောင်နေသော်လည်း မိန်းကလေးက သူ့ကို လျစ်လျူရှုခဲ့သည်။

အဲဒီနောက် မိန်းကလေးက ဖုန်းကိုထုတ်ပြီး သူငယ်ချင်းတစ်ယောက်နဲ့ ဗီဒီယို‌ေကာလ် ခေါ်ဆိုလိုက်သည်။ အချိန်ကို စခရင်ပေါ်တွင် ပြသထားသောကြောင့် နာရီကို အထူးအာရုံစိုက်ရန် မလိုအပ်ပါ။

မနှောင့်နှေးဘဲ ကောင်မလေးက တောင်ပေါ်သို့ တက်သွားသည်။ တတ်နိုင်သမျှ မြန်မြန်ပြန်နုိင်ဖို့အတွက် ကောင်မလေးက အနည်းငယ် ပြေးသည်။ သူမ၏ သူငယ်ချင်းများက သူမအရည်အချင်းကို ကောင်းစွာ သိသောကြောင့် မပြီးနိုင်မှာကို မစိုးရိမ်ကြပေ။

တောင်ပေါ်ကိုဆင်းရတာထက် တောင်ပေါ်တက်ရတာ ပိုခက်တဲ့အတွက် မိန်းကလေးက ကွမ်ရင်ဂူကိုတက်တဲ့လမ်းမှာ ၁၈ မိနစ်လောက်ကြာပြီး အောက်လမ်းကို အမြန်ဆင်းလာနုိင်ခဲ့သည်။ ကောင်မလေးသည် အဆင်းလမ်း၏ သုံးပုံနှစ်ပုံသို့‌ေရာက်‌ေသာအခါတွင် အချိန် 7 မိနစ် ကျန်ရှိပြီး တောင်အောက်ခြေသို့ ဆင်းရန် လုံလောက်သည်။

ဤပြစ်ဒဏ်ကို ပြီးမြောက်ပြီးရင်တော့ ၎င်းတို့၏ လောင်းကြေးမှာ ပြီးဆုံးသွားမည်ဖြစ်သည်။ ထို့ကြောင့် ကုနင်းသည် သူမပြန်လာရန် မစောင့်‌ေတာ့ဘဲ ချူးဖေ့ဟန် နှင့် အခြားသူငယ်ချင်းများနှင့်အတူ ထွက်ခွာသွား‌ေတာ့သည်။

သူတို့ ထွက်ခွာမသွားခင်မှာပဲ ချူးဖေ့ဟန် ဟာ ကုနင်းရရှိခဲ့တဲ့ဆုကို ယူဖို့ မမေ့ေပ။ ဆုကြေးက 1.2 မီတာကြီးမားတဲ့အရုပ်ဝက်ဝံဖြစ်သည်။

မိန်းကလေး၏ သူငယ်ချင်းများက ကုနင်းနှင့် သူမ၏ သူငယ်ချင်းများ ထွက်ခွာခြင်းကို မတားဝံ့ဘဲ ၎င်းတို့ ထွက်သွားသည်ကိုသာ ကြည့်နေခဲ့ကြရသည်။

ကောင်မလေးသည် အစက ကုနင်း နှင့် သူငယ်ချင်းဖွဲ့ရန် စီစဉ်ထားသည်။ ဂိမ်းရှုံးပေမယ့် ကုနင်းကို အပြစ်မတင်ပါ။ အဲဒီအစား သူမဟာ ကုနင်းကို သဘောကျလာသည် သို့သော် ကုနင်းက မမျှော်လင့်ဘဲ စောစော ထွက်သွားခဲ့သည်။ ကောင်မလေးက နှမြောမိပေမယ့် ဘာမှ မတတ်နိုင်‌‌ေတာ့ေပ။

ကုနင်းနှင့် သူမ၏ သူငယ်ချင်းများသည် ထိုနေရာတွင် နာရီဝက်ကျော် နေခဲ့ရပြီး ကျင့်ကြံသူသည် ၎င်းတို့ကို နာရီဝက်ကြာ စောင့်ကြည့်ခဲ့သည်။

ကုနင်း နဲ့ သူ့သူငယ်ချင်းတွေ ထွက်သွားပြီးတာနဲ့ သူလည်း အဲဒီနေရာက ထွက်လာခဲ့သည်။ ကျင့်ကြံသူသည် ချန်လင် တောင်၏ ကားပါကင်တွင် သူ့ကားကို ရပ်ထားသည်။

သေမျိုးကမ္ဘာသို့ မကြာခဏလာရောက်လည်ပတ်လေ့ရှိသော ကျင့်ကြံသူအများစုတွင် ပုံမှန်အားဖြင့် ကားတစ်စီးရှိကာ ၎င်းတို့ကားများကို ပါကင်တစ်ခုတည်းတွင် ရပ်ထား‌လေ့ရှိသည်။

ထို့အပြင် ချန်လင် တောင်ခြေရင်းရှိ စားသောက်ဆိုင်ငယ်များ သို့မဟုတ် ဈေးဆိုင်အများအပြားသည် ကျင့်ကြံသူများမှ ဖွင့်လှစ်ထားခြင်းလည်းဖြစ်သည်။

ကျင့်ကြံ‌ရေးကမ္ဘာနှင့် လူသားကမ္ဘာကြား နယ်နိမိတ်သည် ချန်လင်တောင်ပေါ်တွင် ချထားသောကြောင့် လမ်းကြောင်းလွှဲခြင်းလည်းဖြစ်သည်။ သူတို့က ချန်လင် တောင်မှာ မကြာခဏ ပေါ်လာရတဲ့အတွက် ဒီလို လမ်းကြောင်းလွှဲထားလျှင် သူတို့အတွက် အဆင်ပြေပြီး သံသယတွေ မဖြစ်စေနုိင်‌ေပ။

သို့သော် ကုနင်းနှင့် သူမ၏ သူငယ်ချင်းများသည် ကားပေါ်သို့ ရောက်လုနီးချိန်တွင် သူတို့ပတ်ဝန်းကျင်တွင် အခြား ကျင့်ကြံသူနှစ်ဦးကို ခံစားလိုက်ရသည်။

သူတို့သည် ချန်လင် တောင်တွင်ရှိသောကြောင့် ကျင့်ကြံသူများနှင့်တွေ့ဆုံရသည်မှာ အံ့သြစရာမဟုတ်ပေ။

ကုနင်းက ငြိမ်သက်နေပြီး အပေါ်ကို လှမ်းကြည့်လိုက်တော့ ရင်းနှီးသော မျက်နှာနှစ်ခုကို တွေ့လိုက်ရသည်။ ၎င်းတို့မှာ ပိုင်လီကျုံးယန် နှင့် ပိုင်လီကျုံးရွှယ် တို့ဖြစ်သည်။

ကုနင်းက သူတို့ကို လှည့်ကြည့်လိုက်တော့ ပိုင်လီကျုံးယန် နဲ့ ပိုင်လီကျုံးရွှယ် တို့က သူမကို သတိထားမိသွားသည်။ ပိုင်လီကျုံးယန် က သူတို့ပတ်ဝန်းကျင်မှာ ကျင့်ကြံသူ နောက်တစ်ယောက်ကိုလည်း ခံစားခဲ့ရပေမယ့် သူ့အမြင်မှာတော့ ဒါက သိပ်ကို သာမာန်ဖြစ်တဲ့အတွက် သိပ်ဂရုမစိုက်‌ပေ။

ကုနင်း၏နောက်မှလိုက်သော ကျင့်ကြံသူသည် လည်း ပိုင်လီကျုံးယန် နှင့် သူ့ညီမငယ်တို့ကို တွေ့လိုက်ရသောကြောင့် သူ ကုနင်း‌နောက်လိုက်သည်ကို သတိပြုမိပြီး သူ့ရည်ရွယ်ချက်ကို သိရှိသွားမည်ဆို၍ ရပ်လိုက်ကာ အနီးနားရှိ ဆိုင်တစ်ဆိုင်ထဲသို့ ၀င်သွားသည်။

ကုနင်းသည် ပိုင်လီကျုံးယန် နှင့် သူ၏ညီမငယ်တို့နှင့် တွေ့သောကြောင့် သူမသည် သူတို့ကို နှုတ်ဆက်ရန် လိုအပ်သည်။

ပိုင်လီကျုံးယန် နှင့် ပိုင်လီကျုံးရွှယ် တို့သည် ကုနင်းဆီသို့ လျှောက်လာနေကြ၍ ကုနင်းနှင့်အတူ သူမ၏ သူငယ်ချင်းများ ငြိမ်နလေိုက်သည်။

ချူးဖေ့ဟန် သည် ပိုင်လီကျုံးယန် ကို ပြန်တွေ့လိုက်သည်နှင့် သူမကိုယ်သူမ ထိန်းချုပ်မှု ပျောက်ဆုံးသွားသည်။ သူမသည် သူ့ကို တည့်တည့်စိုက်ကြည့်‌နေ၍ ပိုင်လီကျုံးယန်လည်းရှက်ရွံ့သွားမိသည်။

သူသည် အမျိုးသမီးများ၏ အထင်ကြီးခြင်းကို ခံရလေ့ရှိသော်လည်း ချူးဖေ့ဟန် သည် သူမ၏ မျက်လုံးများကို သူ့ဆီကနေ မခွာ၍ စိတ်မသက်မသာ ခံစားနေရသည်။

"ဟိုင်း ကိုလူချော တိုက်ဆိုင်လိုက်တာ!" ချူးဖေ့ဟန် သည် သူနှင့် သူ့ညီမငယ်တို့ အနီးသို့ လျှောက်လာပြီး ပိုင်လီကျုံးယန် ကို ဦးစွာနှုတ်ဆက်ခဲ့ပြီး ပိုင်လီကျုံးရွှယ် ကို လျစ်လျူရှုလိုက်သည်။

"ထပ်တွေ့ရတာဝမ်းသာပါတယ်" ပိုင်လီကျုံးယန် က ယဉ်ကျေးစွာပြောသည်။

"ဟိုင်း ကုနင်း တောင်တက်ဖို့ လာတာလား" ပိုင်လီကျုံးရွှယ် က ကုနင်းကို နှုတ်ဆက်သည်။

"ဟုတ်တယ်" ကုနင်းက ပြန်ပြောသည်။ “ငါတို့ ပြန်‌တော့မလို့ မင်းတို့ကရော?"

All Chapters