← Chapters

အခန်း (၆၆)

Vol. 6 Ch. 66

အခန်း (၆၆)

Vol. 6 Ch. 66

နေ့ခင်းဘက်တွင် ဟွမ်ရှင်းရင်က တစ်ရေးတစ်မောအိပ်ပြီးနောက် အပြင်ထွက်လာချိန်မှာလည်း သူမက လက်ဖက်ရည်သောက်နေရင်း ပုစွန်ဖက်ထုပ်ပေါင်းနဲ့ အုန်းသီးကိတ်မုန့်တွေကို စားနေတာကို တွေ့လိုက်ရပြန်သည်။

သူမက အကြိမ်တိုင်း အရမ်းကိုနည်းနည်းလေးပဲစားနေပေမယ့် တစ်ချိန်လုံး စားနေပုံရတယ်။

နောက်ပြီး လက်ဖက်ရည်လည်း သောက်နေသေးတယ်။

ဟွမ်ရှင်းရင်: "…"

သူမရဲ့ ယောက်ျားက သူမကို လုံးဝမထိန်းချုပ်ဘူးလားဟ???!!

အိုး... သူပြန်လာတော့လည်း သူမကို မထိန်းချုပ်ဘူးပဲ။

ထိုစစ်အရာရှိငယ်လေးဟာလည်း ထူးဆန်းတဲ့ လူတစ်ယောက်ပင်။

လုယန်က ဒေါသကြီးပြီး ဆက်ဆံရခက်တဲ့ လူဖြစ်တယ်လို့ သူမကြားဖူးထားပေမယ့် ဒီလူဟာလည်း အလှတရားကြောင့် မျက်စိကန်းသွားချေပြီ။

ဒီအကြောင်းရင်းကလွဲပြီးတော့ သူမလည်း တခြားအကြောင်းရင်းကို မစဉ်းစားနိုင်တော့ဘူးလေ။

ဟွမ်ရှင်းရင်: "…"

ဘေးအိမ်က ခင်ပွန်းဖြစ်သူ ပြန်လာပြီးတဲ့နောက် ချင်းရို့ဘဝလေးဟာ ပိုလို့တောင် ကောင်းမွန်လာပေဦးမည်။

ဟွမ်ရှင်းရင်က ဘေးအိမ်က ထိုအရာရှိလူငယ်ဟာ အဝတ်လျှော်နိုင်တယ်ဆိုတာကို တွေ့ရှိခဲ့သည်မှာ ကြာခဲ့ချေပြီ။ အဝတ်တွေ လျှော်ဖွပ်ပေးရုံသာမက ပန်းကန်တွေလည်း ဆေးပေးတတ်သည်။ လောင်ကျန်းဆီက အရယ်ခံရတာတောင်မှ သူ ဂရုမစိုက်ဘဲ ခြံထဲမှာ ပြောင်ပြောင်တင်းတင်းပဲ အဝတ်လျှော်၊ ပန်းကန်ဆေးနေဆဲပင်။

သည့်အပြင် ထိုလူဟာ သူ့မိန်းမကို ကြမ်းကြမ်းတမ်းတမ်းစကား တစ်လုံးတစ်လေမျှ ပြောတာကိုလည်း သူမ တစ်ခါမှ မကြားဖူးပါချေ။

မနေ့က ခြံထဲမှာ အဝတ်လျှော်နေတဲ့ လုယန်ကို သူမတွေ့လိုက်ရ၏။ ချင်းရို့ကတော့ ခြံထဲမှာ သစ်သီးလက်ဖက်ရည် ထိုင်သောက်နေရင်း ပြုံးရယ်ကာ အဝတ်လျှော်နေတဲ့ သူမယောကျ်ားကို ကိတ်မုန့်ကြော် ခွံ့ကျွေးလိုက်ပြီး အရသာကောင်းလားလို့ မေးလိုက်ပါသေးသည်။

"အရသာရှိတယ်…"

ထိုအချိန်တွင် ဟွမ်ရှင်းရင်က လုယန်ရဲ့ ချီးကျူးစကားတွေကို ကြားလိုက်ရ၏။ အိမ်မှာ သူမ ချက်ပြုတ်တဲ့အခါ သူမရဲ့ယောက်ျားက သူမကို ဒီလိုမျိုး တစ်ခါမှ မချီးကျူးဖူးပေ။

ချင်းရို့က သူမရဲ့ ယောကျ်ားအနားမှီကာ တစ်ခုခုပြောလိုက်ပြီး ထိုလူရဲ့ရေအပက်ခံရခြင်းမှ ရှောင်ကျဥ်ရင်း အဝေးသို့ ပြေးထွက်သွားတာကို ဟွမ်ရှင်းရင် တွေ့လိုက်ရ၏။

ဟွမ်ရှင်းရင်က လင်မယားနှစ်ယောက် ဆော့ကစားနေတာကို မြင်တော့ ဒီလူငယ်စုံတွဲဟာ အတော်လေး ဆူညံနေတာပဲလို့ ခံစားရမိသည်။

သူတို့မှာ ကလေးရှိလာတဲ့အခါ…

မဟုတ်သေးဘူး၊ သူတို့မှာ ကလေးနှစ်ယောက်ရှိနေတာပဲလေ။

ဟွမ်ရှင်းရင် ဘေးအိမ်က "ရှောင်ချာကျင်း" အမျိုးသမီးရဲ့ သဘောသဘာဝအမှန်ကို မတွေ့ရှိခင်က သူမဟာ ဘေးအိမ်ဆီ အပြေးလေး သွားမေးတတ်သည်။

"နင် ချက်ပြုတ်တော့မလို့လား?"

ဟွမ်ရှင်းရင်က သူမရဲ့ ဟင်းချက်ကျွမ်းကျင်မှုကို ပြသဖို့ ရည်ရွယ်ပြီး ဘေးအိမ်သို့ အမြဲလိုလိုသွားလေ့ရှိသည်။

မိသားစုဝင်အသစ်အများစုက ပင်လယ်စာအမျိုးမျိုးကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ မသိကြသလို ပင်လယ်စာတွေကို အခွံခွာတာ၊ ငါးအရိုးနွှင်တာတွေဆို မပြောပါနဲ့တော့။ ထိုအခါ သူမက တခြားလူရဲ့ ခင်ပွန်းသည်ရှေ့တွင် တမင်တကာ ဒီလိုပြောတတ်သည်။

"ယောကျ်ားတွေက ချက်ပြုတ်ရတာမကြိုက်ဘူး၊ ငါ့ယောကျ်ားဆိုလည်း အဲ့လိုပါပဲဟယ်၊ သူမလုပ်တာကို ငါလည်းဂရုမစိုက်ပါဘူး၊ ဒါပေမဲ့ နင် ကောင်းကောင်းမချက်တတ်ရင်တော့ သူကြိုက်လိမ့်မှာမဟုတ်ဘူးနော်၊ နင် ဒီလိုလုပ်ရမယ်..."

"နင် ဒီကို ပထမဆုံးအကြိမ်ရောက်တာဆိုတော့ ဒီအသေးအဖွဲလေးတွေကို ဘယ်လိုကိုင်တွယ်ရမှန်းမသိဘူး မဟုတ်လား? ကဏန်းဘယ်လိုခွာရမလဲ၊ ငါးအရိုးဘယ်လိုထုတ်ရမလဲဆိုတာ ငါသင်ပေးမယ်လေ။ နင်လိုက်လုပ်ကြည့်ပြီးတော့ နင့်ကလေးတွေ စားဖို့ ခွာပေးပေါ့ဟယ်"

များသောအားဖြင့် သူမက ဒီလိုစကားတွေ ပြောပြီးတဲ့အခါ တစ်ဖက်လူရဲ့ ခင်ပွန်းသည်က ဒီလိုထုတ်ပြောလာလိမ့်မယ်။ "ဟုတ်တယ်။ မင်း အလိမ္မာဇနီးလေးဖြစ်ဖို့အတွက် သူမဆီက မြန်မြန်သင်ယူလိုက်လေ"

"သူမကို နမူနာထားပြီး လိုက်လုပ်ပေါ့ကွာ"

…

ထိုအချိန်တွင် အချို့သော အမျိုးသမီးတွေက အပေါ်ယံတော့ သူတို့ရဲ့ ခင်ပွန်းစကားအတိုင်း သဘောတူကာ သူမဆီမှ နှိမ့်ချစွာ သင်ယူတတ်ပေမယ့် တိတ်တဆိတ် ဒေါသထွက်နေကြသည်ပင်။

ဟွမ်ရှင်းရင်က ထိုကဲ့သို့ အချိန်အခါမျိုးတွင် အမျိုးသမီးတွေဆီက သူမအား အမှုမဲ့အမှတ်မဲ့ ချီးကျူးစကားသံတွေကို နားထောင်ရတာ နှစ်ခြိုက်သူပင်။

လုမိသားစုကို ရောက်လာချိန်မှာတော့ လုံးဝကွဲပြားသွားခဲ့ပြီ။

အရာရှိလုက ပြောသည်မှာ "မင်းမလုပ်နဲ့လေ၊ ကိုယ်ခွာပေးမယ်၊ မင်းရဲ့လက်ကို ထိခိုက်သွားရင် ကိုယ်စိတ်မကောင်းဖြစ်ရမှာ"

"မိန်းမရေ မင်း ကဏန်းဖက်ထုပ် စားချင်တယ်လို့ပြောတယ်မလား၊ ကိုယ် ကဏန်းတွေ အားလုံးကို ပြုတ်ထားပြီးပြီနော်။ နောက်မှ ကိုယ် အခွံခွာထားလိုက်မယ်၊ မင်း စွပ်ပြုတ်ချက်ဖို့ အခွံတွေကို ဒီအတိုင်းထားမယ်ဆို ကိုယ့်ကိုပြောဦး"

"ခေါက်ဆွဲလုပ်ဖို့ ဒီစွပ်ပြုတ်ကို သုံးမှာလား? ဒါဆို ကိုယ် ခေါက်ဆွဲလုပ်ထားလိုက်မယ်"

"မင်း ကဏန်းတွေကို ကြိုက်မှန်း ကိုယ်သိလို့ နင်းရွှေက လူတစ်ယောက်ကို ယူလာခိုင်းလိုက်တာ၊ အဲ့ဒီကဏန်းတွေက ပိုအရသာရှိတယ်လေ"

ဘေးအိမ်က "ရှောင်ချာကျင်း"ရဲ့ ခင်ပွန်းသည်ဟာ ပြန်လာတာနဲ့ ဘန်းမုန့်ပေါင်းတွေလုပ်၊ ဖက်ထုပ်တွေလုပ်၊ အဝတ်အစားတွေလျှော်ဖွပ်ကာ ပန်းကန်တွေကို ဆေးပေးလေ့ရှိတယ်!

"ရှောင်ချာကျင်း" ချင်းရို့ စားနေတဲ့ ဖက်ထုပ်တွေအားလုံးက သူမယောကျ်ားလုပ်ပေးတာချည်းပဲ!

ဟွမ်ရှင်းရင်က သူမရဲ့ ခင်ပွန်းအကြောင်း တွေးနေမိသည့်အခါမှာတော့… သူမရဲ့ ခင်ပွန်းဖြစ်သူ ကျန်းချန်ပေ့က အိမ်ပြန်ရောက်တာနဲ့ ဘာမှမလုပ်ဘူးပဲ။

သူမ အတော်လေး စိတ်မသက်မသာဖြစ်မိချေပြီ။

နောက်ဆုံးတွင်မူ ဟွမ်ရှင်းရင်က သူမယောကျ်ားကို ပြောလိုက်သည်။

"ဒီပင်လယ်စာအမှိုက်တွေ သွားရှင်းပေး"

ခင်ပွန်းဖြစ်သူ ကျန်းချန်ပေ့က သူမစကားကို ကြားသည့်အခါ ထူးထူးခြားခြား တစ်ခုခုကို ကြားလိုက်ရသလိုဖြစ်နေကာ ရွံမုန်းတဲ့လေသံနဲ့ ပြန်ပြောလာ၏။

"ငါးနံ့က အရမ်းပြင်းတယ်၊ ငါမခံနိုင်ဘူးကွ၊ ကမ်းခြေမှာ အနံ့ခံခဲ့ရတာကို မင်းက ငါအိမ်ပြန်ရောက်တဲ့အချိန်မှာတောင် ထပ်ပြီးအနံ့ခံစေချင်နေတာလား?"

ဟွမ်ရှင်းရင် မကျေမနပ်ဖြစ်ကာ "ကျွန်မလည်း ဒီလိုပြင်းတဲ့အနံ့မျိုးကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး"

"ဒါက မင်းတို့မိန်းမတွေ လုပ်သင့်တာတွေပဲလေ၊ မင်း ဘာဖြစ်နေတာလဲ?"

"ဒါဆို ဘေးအိမ်က အမျိုးသားက လုပ်နိုင်ပြီးတော့ ရှင်က ဘာလို့မလုပ်နိုင်ရတာလဲ?"

နှစ်ယောက်သား စကားပြောရင်း ရန်ဖြစ်ကြတော့သည်။

မိသားစုခြံဝင်းထဲမှာ ဆူညံသံနည်းနည်းထွက်လာခဲ့ရာ လင်မယားနှစ်ယောက် စကားများရန်ဖြစ်နေတာကို ကြားလိုက်ရသည်နှင့် လူတွေက ဟာသကြည့်ဖိုလာတတ်ကြသည်။ ယန်ယွီဖုန်းက လုမိသားစုမှ စုံတွဲအသစ်လေး ရန်ဖြစ်နေတယ်လို့ ထင်လိုက်ပေမယ့်... ဘယ်သူသိမှာလဲ...

- ရန်ဖြစ်နေတဲ့သူတွေက လုမိသားစု အိမ်ဘေးက ကျန်းမိသားစုဖြစ်နေတယ်!

ကျန်းမိသားစု ရန်ဖြစ်ပြီး နောက်တစ်နေ့၌ လုယန် ခြံထဲကို ပြန်ရောက်သည့်နေ့ဖြစ်နေခဲ့သည်။ သူ ပြန်ရောက်တာနဲ့ ရေချိုး အဝတ်အစားလဲကာ ခြံထဲမှာ ညစ်ပတ်နေတဲ့ အဝတ်တွေကို လျှော်လိုက်၏။

ထိုအချိန်တွင် ဘေးအိမ်က ကျန်းချန်ပေ့လည်း ပေါ်လာကာ ခြံထဲမှာ အဝတ်လျှော်နေရသည်။

ကျန်းချန်ပေ့ရဲ့ မျက်နှာမှာ ဝက်အသည်းအရောင်ဖြစ်လုနီးနီး ခါးသီးနေကာ သူ့မှာ အရှက်တကွဲဖြစ်နေရပြီး ဝန်လေးနေပုံပေါ်နေလျက်။ ရန်သူဆီက ညှဉ်းပန်းနှိပ်စက်ခံနေရသည့်နှယ် ညစ်ပတ်နေတဲ့ အဝတ်ပုံကို ကြည့်နေခဲ့သည်။

ညှဉ်းပန်းနှိပ်စက်မှုမှာ ဆက်လက်ဖြစ်ပွားနေဆဲ။ အာဏာပါးကွက်သားမှာ ဘေးအိမ်မှ ရဲဘော်အသစ်ရှောင်လုပင်။

မနေ့က ကျန်းချန်ပေ့ဟာ သူ့ဇနီးနဲ့ စကားများပြီးနောက် ကွာရှင်းလုနီးပါးဖြစ်သွားရလျက်။ သူတို့ကွာရှင်းလိုက်လို့မရဘူးလေ… သူတို့လို စံပြစုံတွဲက အဲ့လိုလုပ်ခဲ့ရင် မိသားစုခြံဝင်းတစ်ခုလုံးမှာ ဟာသဖြစ်သွားမှာပေါ့။

ကျန်းချန်ပေ့က သူ့ဇနီးကို စိတ်ရှည်သည်းခံဖို့ သွေးဆောင်ခဲ့ပါသေးသည်။

ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာ အရေးကြီးဆုံးပဲလေ!!

မနေ့က လူတွေအပျော်ကြည့်ဖို့ ရောက်လာကြတဲ့အခါ ကျန်းချန်ပေ့က သူ့ဇနီးသည်နှင့် ရန်မဖြစ်ရဲတော့ဘဲ သူတို့နှစ်ယောက်က ရန်ဖြစ်ရတဲ့ ခံစားချက်ကို တွေ့ကြုံခံစားချင်လို့ အပျော်ကစားနေကြတာဖြစ်တယ်လို့ ဆိုခဲ့ပေသည်။

အိမ်မှာ ဒီလိုဇနီးမယားကောင်းတစ်ယောက်ရှိတဲ့အခါ သူက ဘယ်လိုများရန်ဖြစ်နိုင်မှာလဲ?

ရှက်စရာကောင်းလိုက်တာကွာ!

အရင်တုန်းက နွားသားရေကို အများကြီးမှုတ်ထုတ်ထားပြီးပြီလေ၊ (ကြွားဝါတယ်လို့ပြောတာပါ) တကယ်လို့များ ကောင်းကင်က ကျလာခဲ့ရင် ကျန်းချန်ပေ့က သူ့မျက်နှာကို ဘယ်နားသွားထားရမတုန်း။ မဖြစ်ဘူး၊ လူတွေကို သူ့ကို ဟာသအဖြစ် မြင်ခွင့်ပေးလို့မရဘူး။ ဒီတော့ အရှက်ကွဲမှုကိုသာ ကြိတ်မှိတ်သည်းခံရတော့မှာပေါ့။

All Chapters