← Chapters

အခန်း (၆၇)

Vol. 6 Ch. 67

အခန်း (၆၇)

Vol. 6 Ch. 67

ဝက်အသည်းလို ရောင်ရမ်းနေတဲ့ ကျန်းချန်ပေ့ဟာ ဘေးအိမ်မှ လုယန်ကို တွေ့လိုက်ရတဲ့အခါ သူ အလွန်အမင်း မနာလိုဖြစ်ရ၍ အသက်ပြင်းပြင်းရှုလိုက်ရ၏။ သူ့ဇနီးက လုယန်အရှေ့မှာ အဝတ်ညစ်တွေကို လျှော်ခိုင်းထားတာဖြစ်သည်။

ချီးပဲ၊ ဒီမိန်းမတွေက တကယ့်ကိုပဲ စိတ်ရှုပ်ဖို့ကောင်းလိုက်တာကွာ။

ကျန်းချန်ပေ့ စိတ်ထဲမှာ ကျိန်ဆဲလိုက်၏။

သူမက သူ့ကို အဝတ်လျှော်ခိုင်းရင် သူအ၀တ်လျှော်ရုံပဲပေါ့။ ဒါပေမယ့်လို့ ဘေးအိမ်က ရဲဘော်လုရဲ့ အရှေ့မှာမှ သူက ဘာလို့ အဝတ်လျှော်ရမှာလဲ?!

- သူ့ရှေ့မှာ အဝတ်တွေလျှော်နေရင် ငါ့မျက်နှာက ဘာဖြစ်သွားမလဲကွာ?!

ကျန်းချန်ပေ့ဟာ သူ့လက်ထဲက အဝတ်တွေကို သူ့ရန်သူ လုယန်ဖြစ်နေသည့်နှယ် ထုရိုက်နေလျက်။ အကြိမ်အနည်းငယ် ထုရိုက်ပြီးတဲ့နောက်တွင် ရန်သူက သူ့အိမ်တံခါးဝသို့ ရောက်လာပုံရတယ်ဆိုတာကို သိလိုက်ရတော့သည်။

ဒီကောင်က ဘာလုပ်ချင်တာလဲကွ?

ကျန်းချန်ပေ့က လုယန်ဟာ သူ့ကိုရယ်ဖို့ ရောက်လာတာပဲလို့ တွေးနေရင်း သူ့မျက်နှာမှာ ဒေါသကြောင့် မှုန်ကုပ်ကုပ်ဖြစ်လာလေ၏။

- ချီးကို လျှော်နေရတယ်!

သို့သော် သူ အဝတ်တွေကို မလျှော်ဘဲ မနေဝံ့ပါချေ။ သူမလုပ်လိုက်ရင် သူ့ဇနီးက သူ့ကို ပြဿနာရှာပြီး မောင်းထုတ်ပစ်လိမ့်မှာ။

ပထမတစ်ခုက အဆင်ပြေပေမယ့်လို့ ဒုတိယတစ်ခုဆိုရင်တော့ တကယ့်ကို ဟာသဖြစ်သွားရတော့မှာလေ။

မိသားစုခြံဝင်းထဲမှာ သူ ရယ်စရာမဖြစ်ချင်ပါဘူး။

"မစ္စတာကျန်း!" လုယန်က ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။

သူဘယ်သူနဲ့တွေ့သလဲဆိုတာ ကြည့်ပါဦး၊ သူ့ဇနီးအကြောင်းကို ပြောရတာကြိုက်တဲ့ မစ္စတာကျန်းပဲ!

လောင်မာအရှေ့မှာ နှစ်ရက်ကြာ ထုတ်ပြောလို့မရခဲ့တဲ့ လုယန်ဟာ နောက်ဆုံးတွင်မူ အဖွဲ့အစည်းတစ်ခုကို တွေ့ရှိသွားရပြီ။ အဖွဲ့အစည်းက ပေးအပ်ထားတဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းကို သူတန်ဖိုးထားရမယ်။

လုယန်က ကျန်းမိသားစုခြံဝင်းထဲ ဝင်သွားလိုက်၏။

ကျန်းချန်ပေ့က အရပ်မြင့်မြင့်နဲ့ ချောမောတဲ့ လူတစ်ယောက်က သူ့ဆီ လျှောက်လာတာကို ကြည့်နေခဲ့ပြီး သူ့စိတ်ထဲမှာတော့ ပထမအဆင့် အချက်ပေးသံတစ်ခု ပေါ်လာလေပြီ - ရန်သူလာနေပြီဟ၊ နတ်ဆိုးက သူ့နယ်မြေထဲ ဝင်လာပြီ!

ဒီလူက သူ့ကို ဒုက္ခပေးဖို့အတွက် သူ့အိမ်ကို လာချင်နေတာပဲ။

ဒီလောင်ဇီ အေးအေးဆေးဆေးလေး အဝတ်လျှော်နေတာကိုပဲ ကြည့်နေလို့မရဘူးလားကွာ။

"မင်းလည်း အဝတ်လျှော်နေတာလား?"

လုယန်က အခုမှ အိမ်ပြန်ရောက်တာဖြစ်လို့ မနေ့ညက ဘာဖြစ်သွားမှန်း မသိတာကြောင့် သာမန်ကာလျှံကာ မေးလိုက်လေသည်။

ကျန်းချန်ပေ့က ရှက်ရွံ့စွာဖြင့် "အင်း!"

ဟမ့် မင်းရဲ့ကျေးဇူးတွေကြောင့်ပဲလေ!

ဒီကောင်က လောင်ဇီအရှေ့မှာ သူ့ရဲ့ အစွမ်းအစတွေကို ပြဖို့အတွက် ရောက်လာတာပဲ။

"မရီးရော ဘယ်မှာလဲ?"

ကျန်းချန်ပေ့: "..." မင်း ဘယ်အိုးကိုများ ဖွင့်လိုက်တာလဲဟေ!

"အပေါ်ထပ်မှာလေ"

ကြီးကြပ်တဲ့လူက အပေါ်ထပ်မှာလေ။

"အိမ်မှာကိုး"

လုယန် ပြန်တုံ့ပြန်လိုက်ရင်း ကျန်းချန်ပေ့ရဲ့ မျက်နှာက သိပ်မကောင်းတာကို သတိထားမိလိုက်၏။ သူ့ဇနီးအကြောင်းပြောနေတဲ့အခါ အရင်တခါလောက် မပျော်နေတော့တာကို တွေ့လိုက်ရသည်။ တစ်ခုခုဖြစ်သွားတယ်လို့ ခန့်မှန်းမိနိုင်သည်။

သူ့ဇနီးက အပေါ်ထပ်မှာ ရှိနေတယ်လို့ ပြောလိုက်တော့ လုယန်လည်း ဟွမ်ရှင်းရင်က ဒုတိယထပ်မှာ ရပ်နေတာကို တွေ့လိုက်ရ၏။ ကျန်းချန်ပေ့က သူ့ဇနီးရှေ့မှာ စကားပြောရတာ ရှက်တတ်တာလား?

"လုယန် မင်းဇနီးက ဘယ်တော့အလုပ်ရှာမှာလဲ?"

ငါ့ဇနီးရှေ့မှာ နေ့တိုင်း လက်ဖက်ရည်သောက်မနေနဲ့တော့ကွာ။ မြန်မြန်ထပြီး အလုပ်သွားတော့!

သူမက သူ့ဇနီးကို ဒုက္ခပေးနေသလို သူ့ကိုလည်း ဒုက္ခပေးနေတာပဲကွာ။

"သူမက သတင်းကြေညာသူဖြစ်ချင်တာလေ"

ကျန်းချန်ပေ့ စကားကိုကြားတော့ လုယန်က သူ့အတွေးတွေ မှန်တယ်ဆိုတာ သိလိုက်ရ၏။ ကျန်းချန်ပေ့က သူတို့ဇနီးတွေအကြောင်း ပြောရတာကို သဘောကျတဲ့သူပဲ။

သူ့ရဲ့အကောင်းဆုံးမိတ်ဆွေပဲကွာ!

"သူမ စာမေးပွဲကို မြန်မြန်အောင်ပါစေကွာ!"

"လူနှစ်ယောက်ပဲခေါ်တာမို့လို့ သေချာမလေ့ကျင့်ရင် စာမေးပွဲမအောင်နိုင်ဘူးလို့ ပြောတာပဲ"

"သူမ စာမေးပွဲမအောင်ရင် မင်းမရီးနဲ့ ငါက သူမအတွက် အလုပ်တစ်ခုနဲ့ မိတ်ဆက်ပေးလို့ရပါတယ်ကွာ"

ကျန်းချန်ပေ့မှာ လွန်စွာစိတ်အားထက်သန်နေလျက် ဘေးအိမ်က မိသားစုအဖွဲ့ဝင် ရှောင်ချင်းအား အလုပ်အမြန်ရနိုင်မယ်လို့ မျှော်လင့်နေခဲ့လေသည်။

ဒါကြောင့်မို့ အိမ်မှာပဲ လက်ဖက်ရည်သောက်မနေပါနဲ့တော့!

"ရှောင်ချင်းက နိုင်ငံရေးအရာရှိရဲ့ ဇနီး ရှောင်လီဆီက မသင်ယူသင့်ဘူးနော်။ သူမက တစ်နေကုန် အိမ်မှာပဲနေပြီး ဘာမှမလုပ်ဘူး။ ဒီမိသားစုခြံဝင်းထဲမှာ သူမကို ပျင်းရိတဲ့ဇနီးလို့ ခေါ်ကြတာမို့ လောင်လျိုတောင် ရှက်နေရတာ"

လုယန်က သူတို့ရဲ့ အိမ်နီးချင်းဟာ အတော်လေး နွေးထွေးပြီး ဂရုတစိုက်ရှိတာကို တွေ့ရှိခဲ့ရသည်။ မိသားစုခြံဝင်းက ရဲဘော်တွေက တကယ့်ကို နွေးထွေးကြသူများပင်။ သူ လောင်ဝမ်နဲ့ နောက်တစ်ခါတွေ့ရင် ပြောပြရပါဦးမယ်။

***

ချင်းရို့ သတင်းကြေညာသူစာမေးပွဲအတွက် ပြင်ဆင်နေခဲ့သည်မှာ ရက်အတော်ကြာခဲ့ပြီဖြစ်သည်။ ကြေညာသူစာမေးပွဲအတွက် အင်တာဗျူး၊ နှုတ်ဖြေ နဲ့ ရေးဖြေ စသည့် သုံးကျော့ကို ဖြတ်သန်းရမည်ပင်။ သူမအောင်မြင်နိုင်မယ်လို့ မျှော်လင့်ထားလေ၏။ မအောင်မြင်ခဲ့ရင်လည်း ဆရာမပဲ လုပ်တာပေါ့လေ။

သူမ ခြံဝင်းထဲတွင် လေ့ကျင့်နေခဲ့သလို၊ အားလပ်ရက်အပန်းဖြေခရီးတွင် ကမ်းခြေမှာ တွေ့ရလေ့ရှိတဲ့ လှပတဲ့ကောက်ရိုးထီးကိုလည်း လုယန်နှင့်အတူတူ ဆောက်ခဲ့ကြသည်။

ချင်းရို့က ဒီလိုကောက်ရိုးထီးမျိုးဟာ ကမ်းခြေမှာဆို ထူးခြားတဲ့အငွေ့အသက်ရှိတယ်လို့ ခံစားမိသဖြင့် သူမ လွန်စွာနှစ်ခြိုက်လှသည်။ သူမနဲ့ လုယန်တို့က သန်မာအားကောင်းတဲ့ ကာယလုပ်အားကျွမ်းကျင်သူများကြ၍ ပြုလုပ်ထားတဲ့ ကောက်ရိုးထီးဟာ သူမကို ပိုလို့တောင် ကျေနပ်စေလျက်။

စားပွဲနဲ့ ကုလားထိုင်တွေ အောက်မှာ နေရာချလိုက်ပြီးနောက် အားလုံးအဆင်သင့်ဖြစ်သွားချေပြီ!

ကောက်ရိုးထီးအောက်တွင် စာမေးပွဲအတွက် စာကျက်ခြင်းမှာ စာမေးပွဲအတွက် အဆင်သင့်မဖြစ်သေးပေမယ့် ပင်လယ်ကမ်းခြေ၌ အပန်းဖြေခရီးထွက်နေသည့်နှယ် ခံစားမိရ၏။ လတ်ဆတ်တဲ့ ပင်လယ်လေအေးအေးလေးဟာ သူမကို အထူးတလည် စိတ်အေးလက်အေးဖြစ်စေသလို သက်တောင့်သက်သာရှိစေခဲ့သည်။

အမှန်တကယ်ပင် သက်တောင့်သက်သာရှိလှ၏။ သို့သော် တစ်ခုတည်းသောလိုအပ်နေတဲ့အရာမှာ ပက်လက်ကုလားထိုင်ပင်။ သူမနဲ့ ရှောင်လုရဲ့ အရည်အချင်းအရ အချိန်တစ်ခုလောက်တော့ ပက်လက်ကုလားထိုင်ရဖို့ မဖြစ်နိုင်သေး၍ ရွာထဲက လက်သမားအိုကြီးတစ်ယောက်ကို သွားရှာခဲ့ရသည်။

ပက်လက်ကုလားထိုင်ရောက်လာသည့်အခါ လွန်စွာ သက်တောင့်သက်သာရှိလှပေသည်။

ဒါကြောင့်မို့လို့ အနာဂတ်မှာ ဒီလိုပက်လက်ကုလားထိုင်မျိုးတွေက ဈေးပေါမနေဘဲနဲ့ နာရီအလိုက် ငွေကောက်ခံကြတာ အံ့သြစရာမရှိတော့ဘူးပဲဟ! ဒါပေမဲ့ အခုတော့ သူမက အိမ်မှာ အလကား ဆောက်ထားလိုက်ပြီဟေ့!

ချင်းရို့ ခြံထဲမှာ ထိုင်နေကာ စာမေးပွဲအတွက် ပြင်ဆင်နေလျက်။ သူမလက်ထဲမှာ ဘာမှမရှိဘဲ ထိုင်နေရတာ ထူးဆန်းနေတယ်လို့ ခံစားရ၏။ သူမဘေးမှာ တစ်ခုခုပျောက်ဆုံးနေသလိုပဲနော်... ရေနွေးခွက်လား၊ လက်ဖက်ရည်ခွက်လား၊ သစ်သီးလက်ဖက်ရည်ခွက်လား၊ နို့လက်ဖက်ရည်ခွက်လား၊ ဒါမှမဟုတ် အုန်းရည်တစ်ခွက်များလား...

သူမက လက်ဖက်ရည်ပြင်းပြင်းကိုလည်း မနှစ်ခြိုက်တဲ့အတွက် သူမရဲ့ လည်ချောင်းကို စိုစွတ်စေဖို့ အပျော့စားလက်ဖက်ရည်နွေးနွေးလေးကို သောက်ရတာက ပိုမိုအဆင်ပြေလေသည်။

အနီးနားရှိ မွေးမြူရေးခြံတစ်ခြံ၌ သိုးမွေးမြူထားသဖြင့် ချင်းရို့က ကလေးနှစ်ယောက်သောက်ရန်အတွက် သို့မဟုတ် သူမကိုယ်တိုင် နို့လက်ဖက်ရည်ပြုလုပ်ရန်အတွက် ဆိတ်နို့နည်းနည်း မှာယူထားခဲ့သည်။

သူမ နို့လက်ဖက်ရည်အရသာကို လွမ်းဆွတ်နေပြီလေ။

သူမကိုယ်တိုင်ကိုယ်ကျ နှပ်ထားတဲ့ ဆိတ်နို့လက်ဖက်ရည်ကလည်း အရမ်းအရသာရှိသလို စိတ်သက်သာရာရစေသည်။ ကံကောင်းစွာဖြင့် သူမ ကွမ်ချန်မှာရှိတုန်းက လက်ဖက်ရွက်တွေ အများကြီး ဝယ်ထားခဲ့သည်ပင်။

သူမ နို့လက်ဖက်ရည်ပြုလုပ်ရန်အတွက် oolong လက်ဖက်ရွက်နဲ့ ဆိတ်နို့တို့ကို ရောစပ်ခဲ့ပြီး oolong လက်ဖက်ရည်ရဲ့ ရနံ့လေးဟာ အလွန်မွှေးပျံ့သလို ဆိတ်နို့အနံ့ကို ဖုံးကွယ်ထားနိုင်ပေသည်။

နို့လက်ဖက်ရည်မှာ အရမ်းမွှေးပျံ့နေပြီးတော့ အရသာလည်းရှိနေတယ်။ အနာဂတ်မှာလည်း ပဲနီလေးနို့လက်ဖက်ရည်ချိုချိုလေး နဲ့ ပိန်းဥနို့လက်ဖက်ရည်တို့ကို ပြုလုပ်နိုင်ရင် ပိုကောင်းမှာပဲနော်။

လက်ဖက်ရည်တစ်မျိုးထဲ သောက်ရတာကလည်း လွန်စွာ ငြီးငွေ့ဖွယ်ကောင်းသဖြင့် ချင်းရို့က အဆာပြေ ပန်းကန်သေးသေးလေးကိုပါ ထားထားခဲ့သည်။

လက်ဖက်ရည်သောက်ရင်း အသီးအနှံလေးတွေစားတဲ့အခါ အမှန်ပင် အရသာရှိလှ၏။

ဘေးအိမ်က အိမ်နီးချင်းဖြစ်သူ ဟွမ်ရှင်းရင်က လက်ဖက်ရည်သောက်ရန်အတွက် သူမအိမ်ကို ရောက်လာခဲ့သည်။ ချင်းရို့လည်း ကွမ်ချန်က ဝယ်ခဲ့တဲ့ oolong လက်ဖက်ရွက်တစ်ချို့ကို သူမအား ပေးလိုက်သလို ဟွမ်ရှင်းရင်ကလည်း သူမကို အုန်းသီးအနံ့ မုန့်ကြိုးလိမ်ကြော်တွေ အများကြီး ပေးခဲ့ပါသည်။

ချင်းရို့ ပထမတော့ လက်မခံလိုသော်ငြား သူမရဲ့ အိမ်နီးချင်းဖြစ်သူကို ငြင်းဆန်လို့မရခဲ့ပေ။

ဟွမ်ရှင်းရင်က မုန့်ကြိုးလိမ်ကြော်ကို ပို့ပေးပြီးသည့်နောက် သူမနှုတ်ခမ်းထောင့်က ကွေးသွားရင်း အမှုမထားဟန်ဖြင့် "အလေးပေး"ပြောလာခဲ့လေသည်။

"ဒါက ငါ့ယောကျ်ားလုပ်ထားတာလေ"

"မစ္စတာကျန်းက အဲဒါကို လုပ်ခဲ့တာလား? သူ့လက်ရာကောင်းသားပဲနော်"

ချင်းရို့မှာ ဘေးအိမ်က မစ္စတာကျန်းကလည်း ဒီလိုမျိုးတွေလုပ်တတ်လိမ့်မယ်လို့ မထင်ထားခဲ့ပါချေ။

ဟွမ်ရှင်းရင် တခစ်ခစ်ရယ်မောလိုက်၏။

သူမဟာ ဖြောင့်မတ်တဲ့ ဆရာမတစ်ဦးဖြစ်သည့်အလျောက် လူတွေကို ကြုံသလို ဘယ်သောအခါမှ လိမ်ပြောလိမ့်မည်မဟုတ်ပေ။ ဒီမုန့်ကြိုးလိမ်တွေဟာ မီးဖိုချောင်ထဲမှာ ခါးသီးတဲ့မျက်နှာဖြင့် ကျန်းချန်ပေ့ လုပ်ခဲ့ရသည်မှာ အမှန်တကယ်ပင်။

"ဒါနဲ့ နင် သတင်းကြေညာသူ စာမေးပွဲ ဖြေမလို့ဆို? ကြိုးစားနော်။ တကယ်လို့ နင်စာမေးပွဲမအောင်ခဲ့ရင်လည်း ငါတို့ကျောင်းမှာ ဆရာမလာလုပ်လေ။ ငါ နင့်ကို ထောက်ခံပေးမယ်နော်"

ဟွမ်ရှင်းရင် အနည်းငယ်ပြုံးလိုက်ပေမယ့် သူမဟာ ဘေးအိမ်က ဒီလှပတဲ့ အမျိုးသမီးငယ်လေးက စိတ်အေးလက်အေး လက်ဖက်ရည်ထိုင်သောက်နေတာကို သည်းမခံနိုင်တော့ပေ။ သူမ အလုပ်တွေများနေပြီးတော့ ဘဝရဲ့ အတက်အကျ အရသာမြည်းစမ်းစေရမယ်။

နင် လက်ထပ်ပြီးခါစဆိုပေမယ့်လို့ အနာဂတ်မှာ နင်လည်း ငါ့လိုပဲ နေရမယ်။

သတင်းကြေငြာသူဖြစ်မလာဘဲ ငါ့လို ဆရာမတစ်ယောက်ဖြစ်လာရင်တော့ ပိုကောင်းတာပေါ့။

ဟွမ်ရှင်းရင်က ထိုအကြောင်းကို ရှင်းရှင်းလင်းလင်း တွေးထားပြီးသားပင်။ ဘေးအိမ်က လူတွေဟာ ကြင်စဦးတွေ ဖြစ်နေသေးတဲ့အတွက် သူမရဲ့ ဘဝလေးဟာ ချောမွေ့အေးငြိမ်းနေသည်မှာ သဘာဝပင်။ သို့သော် မကြာမီတွင် ကွာခြားလာပါလိမ့်မယ်။

ဟွမ်ရှင်းရင်က ချင်းရို့တစ်ယောက် မကြာမီအချိန်တွင် ကလေးမွေးဖွားလာဖို့ကို မျှော်လင့်စောင့်စားနေလေပြီ။

ကလေးမွေးဖွားပြီးသွားသည်နှင့် လင်နှင့်မယားကြား ဆက်ဆံရေးမှာ အချိုးအကွေ့ဖြစ်လာလိမ့်မှာပဲ။

All Chapters