အခန်း (၇၀)
Vol. 6 Ch. 70
လုယန်ကလည်း အိမ်မှာမရှိသလို သူ့ကိုလည်း ယဉ်ကျေးနေစရာမလိုတာကြောင့် လျှော်ဖွပ်ပြီး တိုက်ရိုက်ဝတ်ပစ်လိုက်လေသည်။ ဒီလူက ညဘက်အိမ်ပြန်လာတော့ သူမကို ဒီလိုမျိုးတွေ့လိုက်တဲ့အခါ ကြောင်တစ်ကောင်က ကြောင်ပူစီနံကို စားရသည့်နှယ် သူစိတ်လှုပ်ရှားနေလိမ့်မယ်လို့ ဘယ်သူကသိမှာလဲနော်...
အထူးသဖြင့် သူ့အဝတ်အစားတွေကို သူမ ဝတ်ထားတာကို သဘောကျနေခဲ့သည်။
ချင်းရို့အား သူ့အဝတ်အစားအားလုံးကို ဝတ်စေချင်ခဲ့သည်။
သူ့ရဲ့ ပင်လယ်ပြာရောင် ရှပ်အင်္ကျီကို ဝတ်ဆင်ရန် အဆင်ပြေသော်ငြား ကျန်တဲ့အဝတ်တွေအတွက်ကတော့... အရွယ်အစားကွာဟလွန်းနေတယ်လေ။
ပင်လယ်ပြာရောင် ရှပ်အင်္ကျီမှာ တပ်မတော်ထုတ်ကုန်တစ်ခုဖြစ်လေ၏။
ချင်းရို့ရဲ့ ပြင်းထန်တဲ့ တောင်းဆိုမှုအရ လုယန်က သူမ ဆိုဒ်နဲ့ လျော်ကန်တဲ့ အလားတူအင်္ကျီတစ်ထည်ကို ရအောင် ကူညီပေးခဲ့ခြင်းပင်။
ဤခေတ်အခါ၌ ပင်လယ်ပြာရောင် ရှပ်အင်္ကျီနှင့် ဖိနပ်အဖြူတွေဟာ အတော်လေး ခေတ်စားသလို အမျိုးသားရော အမျိုးသမီးပါ ဝတ်ဆင်နိုင်ပေသည်။
"မင်းအတွက် ကိုယ်ဝယ်ထားပေးတဲ့ ဒလိမ့်တုံးကို ဘယ်လိုသုံးရမလဲတော့မသိဘဲ ကိုယ့်ကို ရိုက်ဖို့တော့ သုံးချင်တာပေါ့လေ"
ချင်းရို့ ပြုံးလိုက်ရင်း သူ့မျက်နှာကို နမ်းလိုက်ကာ "ဘယ်သူက ရှင့်ကို ဒီလောက်အများကြီးဝယ်ခိုင်းလိုက်လို့လဲ?"
လုယန်က အခွင့်အရေးယူကာ သူမလက်ကို ထိလိုက်သဖြင့် ချင်းရို့ ပေါက်ကွဲသွားရလျက်။
"ရှင် ဝက်ခြေထောက်တွေကို ထိထားတဲ့လက်နဲ့ ကျွန်မကို ထိလိုက်တယ်ပေါ့လေ?"
"မဟုတ်ပါဘူး မဟုတ်ပါဘူး ကိုယ်မထိခဲ့ပါဘူး"
"ဟုတ်တယ် ရှင် ဝက်ခြေထောက်ကို ထိထားတာ"
"လုယန် ရှင် ဝက်ခြေထောက်တွေ ဝယ်ဖို့ ဘယ်ကပိုက်ဆံရတာလဲ? ရှင် ကျွန်မ မသိအောင် ဝှက်ထားတာလား?"
"ကိုယ် ထောက်ပံ့ကြေးနည်းနည်းရထားတာလေ၊ ကျန်ငွေတွေကို ခေါင်းဆောင်က လွှဲပေးလိုက်တာပဲ"
"ရှင့်ခေါင်းဆောင်ကို ကျေးဇူးတင်ရမှာပေါ့"
ဝက်သားစားရတာဟာ ပွဲတော်ကျင်းပသည်နဲ့ ညီမျှပေသည်။ ချင်းရို့က ဝက်ခြေထောက်နှပ် နဲ့ ဝက်ခြေထောက်စွပ်ပြုတ် ချက်လိုက်သည်။
ပင်လယ်စာတွေကို အလွန်အကျွံစားပြီးမှသာ ဒုတိယစီနီယာအစ်ကို(ဝက်သား)ရဲ့ အကျိုးကျေးဇူးတွေကို သိနိုင်ပေမည်။
ယခုအချိန်အခါတွင် ဒုတိယစီနီယာအစ်ကို(ဝက်သား)က အရမ်းဈေးကြီးပေသည်။
အခြားသော ပင်လယ်စာလေးတွေဖြစ်ကြတဲ့ ပုစွန်နဲ့ သံပခြုပ်တို့ကတော့ စျေးမကြီးပါချေ။ ငါးဖမ်းသမားတွေ အနည်းငယ်သာရှိသဖြင့် ပင်လယ်ထဲတွင် ပင်လယ်စာတွေ၊ ငါးတွေ ပေါများနေသောကြောင့် ငွေအများကြီး မကုန်ကျသည်ပင်။
***
ဘေးအိမ်က အနံ့တွေဟာ သင်းပျံ့မွှေးကြိုင်နေရာ ဝက်ခြေထောက်နှပ်ရဲ့ အနံ့မှာ အလွန်တရာ အားကောင်းလွန်းသလို စွပ်ပြုတ်အနံ့လေးဟာလည်း တစ်ချိန်လုံး မွှေးပျံ့နေလျက်။
ဘေးအိမ်က *ရှောင်ချာကျင်းဟာ လက်ဖက်ရည်သောက်ရတာ ကြိုက်နှစ်သက်ရုံသာမက စွပ်ပြုတ်လုပ်ရတာလည်း နှစ်ခြိုက်လေသည်။
(*ရှောင်ချာကျင်းဆိုတာက လက်ဖက်ရည်ဝိဥာဉ်ပါ။
ချာ - tea ပါ၊ ကျင်း - spiritဆိုတဲ့အဓိပ္ပါယ်ပါ။
တို့တွေရဲ့ MCကို 'tea spirit'လို့ ခေါ်တာက နေ့တိုင်း လက်ဖက်ရည်သောက်နေတာကြောင့်၊ ဒါမှမဟုတ် slangအဖြစ်နဲ့ လက်ဖက်စိမ်းမလို့ သုံးတာမျိုး ခေါ်တာဖြစ်နိုင်ပါတယ်။)
ကျန်းမိသားစုဟာ ကန်တင်းမှ ထမင်းကို စားခဲ့ရသဖြင့် ကျန်းချန်ပေ့ ညည်းညူစွာဖြင့်
"ငါ မင်းအတွက် စားစရာယူလာပေးမယ်၊ တချို့တွေက ကောင်းမှာပါ"
"ဘန်းမုန့်ပေါင်းတွေနဲ့ ခေါက်ဆွဲတွေလုပ်ဖို့ ရှင့်ကို ပြောနေတာ"
ဟွမ်ရှင်းရင်က လက်ဖက်ရည်ကို တိတ်တဆိတ် သောက်နေရင်း ဗိုက်ပြည့်သွားချေပြီ။
ရှောင်ချာကျင်းက ဘာကြောင့်များ လက်ဖက်ရည်ကို အရမ်းကြိုက်ရသလဲဆိုတာ သူမ တကယ်ပဲ နားမလည်ခဲ့ပေ။
ကျန်းချန်ပေ့: "…"
ဒီစုံတွဲ ဘေးအိမ်ကို ပြောင်းလာကတည်းက သူမရဲ့ သူ့ကို ဆက်ဆံတဲ့ပုံစံဟာ ဘာလို့များနိမ့်ဆင်းသွားရတာလဲကွာ?!
*
ရေးဖြေစာမေးပွဲ၊ နှုတ်ဖြေစာမေးပွဲနှင့် အင်တာဗျူးတို့၏ ရလဒ်များအားလုံး ထွက်လာခဲ့ပြီဖြစ်သည်။
ချင်းရို့ ရေဒီယိုအသံလွှင့်ဌာနသို့ သွားရောက်သတင်းပို့သည့်အခါ ဝင်ခွင့်ရတဲ့ တခြားအမျိုးသမီးတစ်ယောက်ကိုပါ တွေ့လိုက်ရသည်။ ထို့နေ့တုန်းက စောင့်ဆိုင်းခန်းတွင် ကြောက်လန့်တုန်ယင်နေခဲ့တဲ့ အစက်အပြောက်အင်္ကျီဝတ်ထားတဲ့ ဝမ်လိချွမ်းလို့ခေါ်တဲ့ ထိုအမျိုးသမီးကလွှဲ၍ တခြားသူမဟုတ်ပါချေ။
ဝမ်လိချွမ်းက ချင်းရို့ကို မြင်သည့်အခါ ရှက်ပြုံးလေးနှင့် "ငါ ဘယ်လိုများ ဝင်ခွင့်ရလိုက်သွားလဲ မသိပါဘူးဟယ်၊ ကံကောင်းသွားတာနေမယ်"
"ငါ ဝင်လာတုန်းက တံခါးကို တွန်းဖွင့်ပြီးတော့ ပြေးလာလုမတတ်ဖြစ်တော့မလို့လေ"
ဒီအမျိုးသမီးက ဒရာမာကွင်းပဲဟ!
ချင်းရို့လည်း ရှက်ရွံ့စွာ ပြုံးလျက် "ငါရောပဲဟယ်၊ ကောင်းကင်က ပေါင်မုန့်တစ်လုံး ပြုတ်ကျလာပြီးတော့ ငါ့ခေါင်းကို ထိသွားတဲ့အတိုင်းပဲ။ စာမေးပွဲမှာ ပထမနေရာကိုတောင် ရခဲ့တယ်လေ"
ဝမ်လိချွမ်း: "…"
သူတို့နှစ်ယောက်က မြို့ထဲရှိ ရေဒီယိုအသံလွှင့်ဌာနကို သွားလိုက်ကြပြီး ကြေညာသူအဖွဲ့တွင် လူသစ်များဖြစ်လာကြ၏။ သူတို့နှစ်ဦးအပါအဝင် ကြေညာသူအုပ်စုမှာ အမျိုးသမီး ၄ဦး၊ အမျိုးသား ၂ဦး စုစုပေါင်း ၆ယောက်ရှိပေသည်။
ယခုအချိန်တွင် ထုတ်လွှင့်ချိန်ကို နံနက်ပိုင်း၊ မွန်းလွှဲပိုင်း နဲ့ ညနေပိုင်း ဟူ၍ အချိန်သုံးပိုင်း ခွဲထားပြီး၊ နံနက် ၅း၀၀ မှ ၈း၀၀ နာရီအထိ၊ နေ့လည် ၁၀း၅၀ မှ ၂း၃၀အထိ၊ ညနေ ၅း၃၀ မှ ၁၁ နာရီအထိ ထုတ်လွှင့်မည်ဖြစ်သည်။
ပရိုဂရမ်၏ အကြောင်းအရာမှာလည်း ကွဲပြားပေသည်။ ထုတ်လွှင့်မှုတစ်ခုချင်းစီ၏ အစတွင် သံပြိုင်သီချင်း ထုတ်လွှင့်မည်ဖြစ်ပြီး၊ နံနက်ခင်းတွင် ရေဒီယိုကျွမ်းဘားအားကစား၊ မာ့က်စ်-လီနင်ဝါဒီတို့၏ အတွေးအမြင်များ၊ သတင်းများ၊ သတင်းစာမှ ကောက်နုတ်ချက်များ၊ ကျေးလက်ဒေသများသို့ ထုတ်လွှင့်မှုများ၊ အလုပ်သမားများ...အစရှိသည်တို့အပြင် မိုးလေဝသခန့်မှန်းချက်များနှင့် စာပေအစီအစဉ်များအပြင် China Central Radio၏ အစီအစဉ်များကို ပြန်လည်ထုတ်လွှင့်ပေးလေသည်။
နေ့စဥ်ထုတ်လွှင့်မှုများအပြင် မြို့တော်ရှိ ညီလာခံများကဲ့သို့သော အဓိကပွဲများကို တိုက်ရိုက်ထုတ်လွှင့်ခြင်းအတွက် ကြေငြာသူများထံတွင်လည်း တာဝန်ရှိပေသည်။
ချင်းရို့က အသံကောင်းသူဖြစ်သလို သီချင်းလည်းဆိုဖူးသူမို့ မွန်းလွှဲပိုင်း ရေဒီယိုအကြိုအစီအစဉ်၊ မိုးလေဝသခန့်မှန်းချက်နှင့် စာပေအစီအစဉ် ဟူ၍ ပရိုဂရမ်နှစ်ခုအတွက် တာဝန်ကျခဲ့သည်။
မနက်ပိုင်း၊ မွန်းလွှဲပိုင်း နဲ့ ညနေပိုင်း အစီအစဉ်များဟာ အခြေခံအားဖြင့် အတူတူပင်ဖြစ်သည်။ တစ်နေ့လျှင် မိုးလေဝသခန့်မှန်းချက် လေးကြိမ်ထုတ်လွှင့်ရ၏ - နံနက်ခင်းတစ်ကြိမ်၊ နေ့လည်ပိုင်းတစ်ကြိမ်၊ ညနေခင်းတစ်ကြိမ် နဲ့ ထုတ်လွှင့်မှုအဆုံးသတ်တွင် နောက်ဆုံးတစ်ကြိမ်ဖြစ်ပေသည်။
အချိန်တစ်ချိန်စီတိုင်းတွင် စာပေနှင့် အနုပညာအစီအစဉ်များနဲ့ သတင်းအစီအစဉ်များလည်း ရှိပါသည်။ လူတိုင်းလူတိုင်းက နေ့စဉ် မတူညီတဲ့ အချိန်များတွင် ရေဒီယိုနားထောင်သောကြောင့်သာ။
နေ့လယ်ပိုင်းအစီအစဥ်မှာ ၁၀:၅၀တွင် စတင်ထုတ်လွှင့်ပေသည်။ ချင်းရို့ ပြင်ဆင်ရန်အတွက် ၁၀နာရီမတိုင်မီ ရေဒီယိုအသံလွှင့်ဌာနသို့ ရောက်ရှိရန်သာ လိုအပ်သလို ထုတ်လွှင့်မှုမှာ နေ့လည် ၂း၃၀တွင် ပြီးဆုံးမည်ဖြစ်၍ ၃း၀၀ - ၃း၃၀ ဝန်းကျင်တွင် သူမ အိမ်ပြန်နိုင်ပြီဖြစ်သည်။ ၄င်းမှာ တစ်ပတ်လျှင် တစ်ကြိမ် အလှည့်ကျ ပြုလုပ်မည်ပင်။
ချင်းရို့မှာ ဤအလုပ်လုပ်ချိန်အတွက် အလွန်ကျေနပ်နေခဲ့၏။ သူမ နောက်ကျမှ အိပ်ရာထနိုင်ပေမယ့် နေ့လယ်ခင်း တစ်ရေး မအိပ်နိုင်တော့ပေ။ အချိန်ကို ရွှေ့ဆိုင်းရတော့မှာပေါ့လေ။ အသံလွှင့်ဌာနကနေ အိမ်ပြန်ရောက်ဖို့ ၁၀မိနစ်ကနေ မိနစ်၂၀ ကြာတယ်ဆိုတော့ သူမ ပြန်ရောက်ရင် အိပ်လို့ရတာပဲ။
အလုပ်ချိန်က ဘယ်လောက်တောင် ကောင်းလိုက်သလဲနော်။