အခန်း (၇၃)
Vol. 7 Ch. 73
ချင်းရို့က ရှီရှန်းယီလို့ခေါ်တဲ့ အယ်ဒီတာနှင့် အစီရင်ခံအဖွဲ့မှ မိန်းကလေးတစ်ဦးနှင့် တွေ့ဆုံခဲ့ရသည်။ သူမက အလွန်ရည်မွန်သူတစ်ယောက်ပင်။ ချင်းရို့က သူမရေးတဲ့ စာပေဆောင်းပါးတွေကို နှစ်ခြိုက်သဖြင့် သူမနဲ့ ဆက်သွယ်ခဲ့ပေသည်။
မထင်မှတ်စွာပင် သူတို့နှစ်ယောက်စလုံး ပြောဆိုဆက်ဆံကြည့်သည့်အခါ အဆင်ပြေကြသဖြင့် ပျော်ရွှင်စွာ စကားစမြည်ပြောကြလေ၏။ ရှီရှန်းယီဟာ အေးတိအေးစက်နဲ့ ပေါင်းလို့သင်းလို့မကောင်းတဲ့ မိန်းကလေးမျိုး မဟုတ်ကြောင်း ချင်းရို့ သိခဲ့ရသည်။ စာရေးခြင်းကို ဝါသနာပါသူအများစုကဲ့သို့ပင် သူမသည်လည်း ရုရှားဝတ္ထုကို ဖတ်ရတာ နှစ်ခြိုက်သလို ဝတ္ထုများစွာကိုလည်း စုဆောင်းခဲ့သည်။
ချင်းရို့က သူမကို သစ်သီးလက်ဖက်ရည် မျှဝေပေးခဲ့သလို ရှီရှန်းယီကလည်း သူမ စုဆောင်းထားတဲ့ ဝတ္ထုတွေကို ငှားရမ်းပေးပြီး သူမအတွက် စာပေလက်ရေးစာမူများပင် ရေးသားပေးခဲ့သည်။
ချင်းရို့က ဤခေတ်ကာလရဲ့ နာမည်ကြီးဝတ္ထုများနှင့် သိပ်မရင်းနှီးသဖြင့် ဘယ်ဇာတ်လမ်းတွေကောင်းသလဲဆိုတာကို မသိသောကြောင့် ရှီရှန်းယီက သူမအား အသေးစိတ်ပြောပြပေးခဲ့သည်။
ရှီရှန်းယီ အကြံပြုထားပေးတဲ့ ဝတ္ထုတွေဟာ တကယ့်ကို ကောင်းမွန်လှ၏။ သည့်အပြင် ယခုအချိန်၌ အခြားသော ဖျော်ဖြေရေးလှုပ်ရှားမှုတွေ၊ မိုဘိုင်းလ်ဖုန်းတွေ၊ ကွန်ပျူတာတွေ မရှိသေးသည့်အတွက် ချင်းရို့လည်း လက်ဖက်ရည်သောက်၍ ဝတ္ထုဖတ်နေရပါတော့သည်။
ချင်းရို့က ကောက်ရိုးထီးအောက်မှာ ထိုင်ကာ ရုရှားဝတ္ထုတွေဖတ်နေစဥ် လုယန် ပြန်လာတဲ့အခါ သူသည်လည်း သူမနှင့်အတူတူ လာဖတ်မည်ဖြစ်သလို သူတို့နှစ်ယောက်ဟာ ဇာတ်ကြောင်းအကြောင်းကို အတူတူ ဆွေးနွေးကြမည်ပင်။
ထိုအချိန်တွင် လုယန်၏ ရုရှားဘာသာစကားမှာ အမှန်တကယ်ကောင်းမွန်ကြောင်း သူမတွေ့ရှိခဲ့ရသည်။ သူက ကျွမ်းကျင်ရုံသာမက ကောင်းကောင်းလည်း ပြောတတ်ပေသည်။ သင်္ဘောပေါ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ သင်္ဘောပြုပြင်တဲ့ နိုင်ငံခြားသားမာစတာတစ်ဦးထံမှ သင်ယူခဲ့ရကြောင်း သူပြောပြခဲ့သည်။
ဟုတ်တာပေါ့၊ သင်္ဘောပြုပြင်သူတော့ မဟုတ်ပါဘူး။ အင်ဂျင်နီယာတစ်ယောက်ပေါ့။
ချင်းရို့မှာ သူ့အချစ်ကို ဖော်ပြလိမ့်မယ်လို့ တိတ်တဆိတ် မျှော်လင့်ထားခဲ့သော်လည်း အနှီရိုးဖြောင့်လွန်းသူကတော့ ဒီလိုအချစ်ဇာတ်လမ်းမျိုးကို နားလည်ပုံမပေါ်ပါချေ။
သံမဏိလိုနှလုံးသားနဲ့လူပဲ။
ဇာတ်ကြောင်းကို သူနှင့် ဆွေးနွေးသောအခါတွင် သူက ဇာတ်ကြောင်းကိုသာ အမှန်တကယ် လေးလေးနက်နက် ဆွေးနွေးခဲ့သည်။
ချင်းရို့: "…"
ဒီလူက အချစ်အကြောင်းကို ဘယ်လိုပြောရမယ်မှန်းမသိတဲ့ လူမျိုးဖြစ်နိုင်လေရဲ့။
တိုက်ဆိုင်မှုတစ်ခုပါပဲလေ၊ သူမလည်း ဘာမှမတတ်နိုင်ဘူးပေါ့။ မျှော်လင့်ချက်မရှိတော့ပါဘူး။
ချင်းရို့က အမှန်တကယ်ကို ကယ်တင်ချင်ခဲ့သဖြင့် သူမက ရှီရှန်းယီဆီက "Jane Eyre" မိတ္တူကို ငှားရမ်းကာ လုယန်နဲ့ ဆွေးနွေးကြည့်ဖို့ စီစဥ်ထားခဲ့သည်။
(T/N: Jane Eyreဆိုတဲ့စာအုပ်က English စာရေးသူ Charlotte Bronte ရေးသားခဲ့ပြီးတော့ ၁၈၄၇ခုနှစ်မှာ ထုတ်ဝေခဲ့တာပါ။ ဇာတ်လမ်းရဲ့ main pointကတော့ "morality"လို့ ဆိုထားပါတယ်။ စာအုပ်ကတော့ မိန်းကလေးJaneအကြောင်း သူ့ရဲ့ ဘဝအကြောင်း ရေးသားထားတာပါ။ ရုပ်ရှင်လည်းရှိပါတယ်နော်။
စာအုပ်ကတော့ ကျွန်မလည်း မဖတ်ဖူးပါဘူးနော်။ g o o gleမှာ ရှာကြည့်လို့ရတယ်နော်)
ထို့အပြင် ချင်းရို့မှာလည်း လုယန်ကို ပြောပြချင်နေတာကြာပြီဖြစ်တဲ့ စကားတစ်ခွန်းရှိနေခဲ့၏။
သူမပြောချင်တာက - အရင်တုန်းက ကျွန်မပြောခဲ့တဲ့ အတူတူနေထိုင်ရုံပဲ(Living together)ဆိုတဲ့စကားကို ပြန်ရုပ်သိမ်းချင်သည်ဟု။
"လုယန် ဒီမှာကြည့်လိုက်၊ ဒီစာအုပ်ထဲက မင်းသမီးက ပေါင်းသင်းဆက်ဆံရေး သိပ်ကောင်းတာပဲနော်၊ ကြည့်ပါဦး ကျွန်မဆို သိပ်မကောင်းဘူးလေ..."
လုယန်က သူမကို ပြုံးပြုံးလေး ကြည့်လျက် "ဘယ်သူပြောတာလဲကွာ? မင်းက အရမ်းကောင်းတာ သိသာနေတာပဲကို"
"ကျွန်မက ဆက်ဆံရေး အရမ်းကောင်းတယ်? ကျွန်မဆိုလိုတာက အချစ်အကြောင်းပြောဖို့ဆို သိပ်မတော်ဘူးလေ"
"မင်းက အရမ်းတော်ပါတယ်ကွာ၊ မင်းက ကိုယ်နဲ့ အတူတူနေချင်တယ်လို့ ပြောခဲ့တယ်လေ၊ အဲဒါက အလှပဆုံး အချစ်ဇာတ်လမ်းပဲ မဟုတ်ဘူးလား"
ချင်းရို့: "…"
ဒါကို ဖြေတောင်မဖြေနိုင်တော့ဘူး….
"ကောင်းပါပြီ ဒါဆိုလည်း ဒီအတိုင်းပဲ ဆက်နေကြတာပေါ့"
"အစ်မဟွမ် ရောက်ပြီပဲ သူမကို နှုတ်ဆက်ရအောင်"
လုယန်က အချစ်ကို ဘယ်လိုဖော်ပြရမှန်း မသိသော်လည်း သူမကို အိတ်ဆောင်နာရီတစ်လုံး ပေးခဲ့ပေသည်။ အဲ့ဒါက အိတ်ဆောင်နာရီတစ်စုံပေါ့။
ဤခေတ်ကာလရှိ လူတွေက နာရီပေးရတာ ကြိုက်ကြသောကြောင့် အိတ်ဆောင်နာရီတစ်စုံကို လှည့်လည်ရောင်းနေတဲ့ တစ်ယောက်ယောက်ကို သူရှာတွေ့ခဲ့သည်။ သူက သူ့ရဲ့ ကိုယ်ပိုင်ငွေအားလုံးကို အသုံးပြုခဲ့ပြီးနောက် ကျန်ငွေကိုတော့ ချင်းရို့က ပေးချေခဲ့သည်။
လက်ဖွာတဲ့အမျိုးသားလေးပဲဟေ့!
အနှီအိတ်ဆောင်နာရီမှာ ငွေရောင်မျက်နှာပြင်နှင့် ရိုးရိုးရှင်းရှင်း ပုံစံလေးဖြစ်ပြီး အလွန်လှပကြည့်ကောင်းလေ၏။
သို့သော် အိတ်ဆောင်နာရီကို ဖွင့်လိုက်သည်နဲ့ အတွင်းထဲမှာတော့ ကလေးကလားဆန်နေလျက်။
တစ်ဖက်မှာ ဒိုင်ခွက်ဖြစ်ပြီး ကျန်တစ်ဖက်မှာတော့ -
- တပ်မတော်အရာရှိတစ်ဦးရဲ့ ID ဓာတ်ပုံပင်။
ဓာတ်ပုံထဲက အမျိုးသားဟာ ချောမောခန့်ညားတဲ့အသွင်အပြင်ရှိနေပြီး သူက စစ်တပ်ထဲဝင်ကာ စစ်မြေပြင်ကို သွားချင်သကဲ့သို့ ဖော်မပြနိုင်လောက်အောင် တက်ကြွနေတဲ့ အသွင်အပြင်ရှိနေလျက်။ ဒီလိုပုံမျိုးကို လူသိရှင်ကြား ဓာတ်ပုံအဖြစ် သုံးလို့ရပါသည်။
ချင်းရို့: "…"
ချင်းရို့က လုယန်ရဲ့ အိတ်ဆောင်နာရီထဲရှိ သူမရဲ့ ဓာတ်ပုံကို သိချင်သော်လည်း လုယန်က သူမကို မပြခဲ့ပါချေ။ နောက်ပိုင်းတွင်မူ အဲဒီပုံဟာ သူမ အလုပ်လျှောက်လွှာအတွက် ရိုက်ခဲ့တဲ့ IDဓာတ်ပုံဖြစ်ကြောင်း သိခဲ့ရလေသည်။
သူမဟာ ချောမောလှပပြီး လေးနက်လွန်းပုံပေါ်နေသလို သူမသည်လည်း စစ်မြေပြင်သို့ သွားနေရသကဲ့သို့ပင် စိတ်ဓာတ်တက်ကြွနေတဲ့ အသွင်အပြင်ရှိနေခဲ့သည်။
နောက်ဆုံးတော့လည်း အဲဒါဟာ အလုပ်အတွက် ဓာတ်ပုံဖြစ်သည်မို့ စိတ်ဓာတ်ကျနေပုံမပေါက်သဖြင့် သူမ ဂုဏ်ယူရမည်ပင်။
သူတို့ဇနီးမောင်နှံရဲ့ နာရီပေါ်တွင် အချင်းချင်းရဲ့ ID ဓာတ်ပုံ ရှိနေလျက်။ မျက်နှာသာပေးတာမျိုး လုံးဝမရှိဘဲ အတူတူပင်ဖြစ်လေသည်။
ချင်းရို့က ဒီနာရီနှစ်လုံးကို အတူတကွ ကိုင်ထားသည့်အခါ ရှင်းပြရခက်တဲ့ CP ခံစားချက်မျိုးကို အနည်းငယ် ခံစားမိတယ်လို့ ပြောလို့ရပေသည်။
ချင်းရို့က အိတ်ဆောင်နာရီကို ရလိုက်သဖြင့် လွန်စွာပျော်ရွှင်နေသော်လည်း မတော်တဆ ပျောက်သွားမှာကို စိုးရိမ်နေမိတာကြောင့် အသုံးပြုရန် ဝန်လေးနေခဲ့သည်။
***
ချင်းရို့က ရေဒီယိုအသံလွှင့်ဌာနရဲ့ အလုပ်တွေနဲ့ စတင်ရင်းနှီးလာပြီဖြစ်သည်။ အစ်မဖြစ်သူ ချင်းမျန့်က သူမဆီ ဖုန်းခေါ်လာခဲ့ရာ ဖုန်းထဲတွင် သူမမိသားစုလည်း ချုံးကျိုးကျွန်းကို လာတော့မည်ဖြစ်ကြောင်း ပြောပြလာခဲ့၏။
"ဟိုင်းခန်စိုက်ပျိုးရေးခြံမှာ လစ်လပ်နေတဲ့ နေရာရှိတယ်ဆိုလို ငါလျှောက်ထားခဲ့တာ"
ချင်းရို့က ဒီလိုတိုက်ဆိုင်မှုမျိုးကို မမျှော်လင့်ထားသလို သူမရဲ့ အစ်မနဲ့ ခဲအိုတို့ မကြာခင်မှာရောက်လာလိမ့်မယ်လို့လည်း မမျှော်လင့်ထားခဲ့ပေ။
"ဒီကိုလာဖို့ အချိန်ကောင်းပါပဲ။ ဒီက ဆောင်းရာသီက သိပ်မအေးဘူးဆိုတော့ အသက်ကြီးသူတွေအတွက်လည်း သင့်တော်တယ်။ အစ်မရေ နင့်ယောက္ခမရဲ့ ကျန်းမာရေးကို ဂရုစိုက်လို့ရတာပေါ့ဟယ်"
"ငါလည်း အဲ့လိုပဲတွေးတယ်"
"ခဲအိုရော သဘောတူလား?"
"သဘောတူတယ်"
ချင်းမျန့်က ဖုန်းချလိုက်၏။ အမှန်တကယ်တော့ သူမခင်ပွန်းက သဘောမတူခဲ့ပေ။ သူ့စိတ်ထဲမှာ ခေါင်းမာလွန်းနေကာ အတွေးတစ်ချို့ကြောင့် ဖြစ်နိုင်ပါတယ်လေ။
သူတို့မိသားစုဟာ တက်ကြွတဲ့ ပြုပြင်ပြောင်းလဲရေးသမားအဖြစ် နိုင်ငံတော် တည်ဆောက်ရေးတွင် မြှုပ်နှံထားသည့် နယ်စပ်အခွဲတစ်ခုဖြစ်သော ပင်လယ်ပြင်၏ စွန့်ပစ်စိုက်ပျိုးရေးခြံကို သွားလိုကြသည်။
ဒါပေမယ့် သူ့မှာ အမှားအယွင်းတစ်စုံတစ်ရာ မရှိသဖြင့် ပြုပြင်ပြောင်းလဲဖို့ မလိုအပ်ဘူးလို့ တွေးနေခြင်းသာ။
သူမ ခင်ပွန်းဖြစ်သူရဲ့ စဥ်းစားတွေးခေါ်ပုံမှာ အနည်းငယ် လွဲချော်နေလေသည်။ သူဟာ လုံ့လဝီရိယရှိပြီး လူတွေကို ပညာသင်ကြားပေးတဲ့ ဆရာတစ်ယောက်ဖြစ်ခဲ့ဖူးသလို ကျောင်းသားတွေကိုလည်း စည်းကမ်းတင်းကျပ်သူပင်။ သူက ဘာအမှားမှ မလုပ်ခဲ့သဖြင့် သူ့ကျောင်းသားတွေနဲ့ ထိုက်တန်သည်ဟု တွေးတောနေလျက်။
အပေးအယူလုပ်ရင်း တကယ်ပဲ တစ်ခုခုအမှားလုပ်မိသွားသလိုပင်။
ချန်မိသားစုဟာ ယခင်က မြင့်မြတ်သော ပညာတတ်မိသားစုဖြစ်ခဲ့ပါသည်။
သူတို့ရဲ့သမီး ချန်ကျွမ်းကျွမ်းကို ယခင်က ချန်ကျင်းရှီးလို့ ခေါ်ပေသည်။ နောက်ပိုင်းမှသာ သူမပတ်ဝန်းကျင်ရှိ လိလိ၊ လင်းလင်း၊ ဖန်းဖန်းလိုမျိုး ကျွမ်းကျွမ်းအဖြစ် နာမည်ပြောင်းလိုခဲ့ခြင်းပင်။
"ငါမသွားဘူး"
ချန်မျန့်က အေးစက်စွာ ငြင်းပယ်လိုက်သည်။
"ရှင်မသွားရင်လည်း ကျွန်မ ကလေးနှစ်ယောက်နဲ့ ယောက္ခမကို ခေါ်သွားမယ်"
လောကကြီးမှာ အမြဲတမ်း ပြောင်းလဲနေတယ်ဆိုတာ အမှန်ပဲလေ။ အတိတ်တုန်းကတော့ သူမရဲ့ ယောက္ခမဟာ ပညာမတတ်တဲ့ သူမကို သိပ်မကြိုက်ပေမယ့် အခုတော့ အဆင်ပြေလာခဲ့ပြီ။
ချန်မျန့်က ကြောင်အသွားရလျက် "ငါ့အဖေက သွားချင်တယ်လား?"
"ရှင့်အဖေက ကျွန်မတို့ကို သွားဖို့အတွက် ထောက်ခံတယ်လေ"
အရာအားလုံးက အသစ်တစ်ဖန်ပြန်လည် စတင်ခဲ့ပြီး ဒီခင်ပွန်းသည်ကို ထပ်မတွေ့ချင်တော့ပါဘူး။
သူမ တခြားတစ်နေရာကို သွားချင်တယ်လေ။