အခန်း (၇၅)
Vol. 7 Ch. 75
ယခုအခါ လုမိသားစု ခြံဝင်းဟာ မိသားစုခြံဝင်းအားလုံးထဲတွင် အလှပဆုံးခြံဖြစ်လာခဲ့သည်။ ခြံဝင်း၏ နေရာတော်တော်များများတွင် ပန်းများဖြင့် ပြည့်နှက်နေသော်လည်း သူမရဲ့ ဟင်းသီးဟင်းရွက်ဥယျာဥ်ခြံငယ်လေးလောက် မလှပါချေ။
အပြင်အဆင်ဟာ အလွန်ကောင်းမွန်သလို သူမက အကိုင်းအခက်နဲ့ အရွက်တွေကို လုံ့လစိုက်ထုတ်ထားသောကြောင့်ပင်။ ခြံဝင်းဟာ အသီးအနှံများသာမက ပန်းပင်အသစ်တွေလည်း ထပ်ထည့်ပေးထားပါသည်။
သူမခြံထဲတွင် ဟင်းသီးဟင်းရွက်များ၊ ပန်းပင်များ၊ ကြက်လှောင်အိမ်၊ ကောက်ရိုးထီး၊ ပက်လက်ကုလားထိုင်များနှင့် နေကာထားတဲ့ ဒန်းလေးတစ်ခုနဲ့ မြင်ခင်းပြင်စိမ်းစိမ်းလေး ရှိပေသည်။ ယခုအခါ ပန်းနွယ်ပင်များက ဒန်းပေါ်သို့ တွယ်တက်ပေါက်ရောက်နေပြီး ပန်းအဖူးအပွင့်လေးများ ထွက်လာကြပြီ။
လူတော်တော်များများက လုမိသားစုအိမ်ကို ဖြတ်သွားတဲ့အခါ ခြံဝင်းထဲကို လှမ်းကြည့်ကြပြီး အိမ်ရှင်မရဲ့ အရည်အချင်းကို ချီးကျူးကြလေ၏။
မကြာသေးမီက မိသားစုအဖွဲ့ဝင်အသစ်များစွာ ဤနေရာသို့ ရောက်လာခဲ့ကြ၏။ ရောက်လာကြသူတိုင်းက အဲဒီအိမ်က ဘယ်သူ့အိမ်လဲလို့ အမြဲလိုလို မေးမြန်းကြလျက်။
"ဒါက ရှောင်ချင်းရဲ့ အိမ်ပါ၊ ခြံကို လှလှပပ အလှဆင်ထားတာလေ"
"ဒါက တကယ်ကို တီထွင်ဥာဏ်ရှိလိုက်တာနော်"
"သူမက ကြေညာသူမဟုတ်ဘူးလား။ မနက်ဆို နောက်ကျမှ အလုပ်သွားရပြီးတော့ နေ့ခင်းဆို စောစောပြန်ရောက်နေပြီလေ။ ပြီးရင်တစ်နေကုန် ဘာမှလုပ်စရာမရှိဘူး၊ အဲဒါကြောင့် သူ့ခြံလေးကို ထိန်းသိမ်းနိုင်တာပေါ့"
"အလုပ်မလုပ်တဲ့ မိသားစုအဖွဲ့ဝင်တွေ မရှိဘူးလား? သူတို့မှာရော အချိန်ပိုမရှိဘူးလား?"
"သူ့မှာ ကလေးမရှိသေးဘူးလေ။ ကလေးရရင်တော့ တခြားအရာတွေကို ဂရုစိုက်ဖို့ အချိန်မရှိနိုင်တော့ဘူး"
ခရိုင်ရေဒီယိုနှင့် ရုပ်မြင်သံကြားအုပ်ချုပ်ရေးဗျူရိုမှ ဌာနပေါင်းစုံအတွက် စားပွဲတင်တင်းနစ်ပြိုင်ပွဲကို စီစဉ်ပေးထားသောကြောင့် ချင်းရို့လည်း ဌာနရဲ့ စားပွဲတင်တင်းနစ်ကစားသမားများနှင့်အတူ ကွမ်ချန်သို့ သွားခဲ့လေသည်။
ဟုတ်တာပေါ့၊ သူမကတော့ ပြိုင်ပွဲမှာ မပါဝင်ခဲ့ပေမယ့် ပြိုင်ပွဲကို တိုက်ရိုက်ထုတ်လွှင့်ရန် ကြေညာသူအဖြစ် သွားရတာလေ။
စားပွဲတင်တင်းနစ်ဟာ လူကြိုက်များသော လှုပ်ရှားမှုတစ်ခုဖြစ်၏။ လွန်ခဲ့တဲ့နှစ်နှစ်အတွင်း လူကြီးလူငယ်အားလုံး စားပွဲတင်တင်းနစ်ပြိုင်ပွဲများတွင် ပါဝင်ဆင်နွှဲခဲ့ကြသလို သူတို့ရဲ့ မိသားစုဝင်တွေတောင်မှ စားပွဲတင်တင်းနစ်အသင်းများကို ဖွဲ့စည်းထားခဲ့ကြသည်။
မူလက အနှီကိစ္စမှာ သူမနှင့် မသက်ဆိုင်သော်လည်း အထက်လူကြီးများက သူမအား ပြိုင်ပွဲကြေညာသူအဖြစ် လိုလားကြ၏။ ဒါရိုက်တာသည်လည်း သူမကို ဒီအခွင့်ကောင်းကို ဆုပ်ကိုင်ထားဖို့ အခွင့်အရေးတစ်ခုပဲလို့တောင် ပြောခဲ့လေသည်။
"မင်း သတင်းစာထဲမှာ ပါနိုင်တယ်!"
ချင်းရို့အတွေး - သတင်းစာထဲမှာ မပါချင်ပါဘူးနော်!
အစတုန်းကတော့ သူမဟာ ဖျော်ဖြေရေးနယ်ပယ်နဲ့ သတင်းစာတွေထဲမှာ မရောနှောချင်ခဲ့ပါချေ။
ဒါပေမယ့် ဒီလိုအခွင့်အရေးကောင်းတစ်ခုဟာ သူမလက်ထဲ ကျရောက်လာတာလေ။ မဆုပ်ကိုင်ထားရင် နည်းနည်းလေးမိုက်မဲရာကြမှာပေါ့။ ဒီအခွင့်အရေးက အရမ်းကို မျက်စိဖမ်းစားဖွယ်ဖြစ်နေတာကို။
ချင်းရို့လည်း သူမရဲ့ ခရီးဆောင်အိတ်တွေကို ထုပ်ပိုးပြီး ကွမ်ချန်သို့ သင်္ဘောဖြင့် လိုက်ပါသွားခဲ့သည်။ သူတို့အားလုံး ငါးယောက်ရှိပြီး သူမအပြင် အခြားပြိုင်ပွဲဝင်လေးဦးဖြစ်ပေသည်။
ထို့အထဲမှ တစ်ယောက်ကတော့ ဝမ်လိချွမ်းပင်။ သူမက ရေဒီယိုအဖွဲ့မှ လူတွေနှင့် စားပွဲတင်တင်းနစ် လေ့ကျင့်နေခဲ့၏။ သူမက ဒီပြိုင်ပွဲမှာ ပါဝင်ခွင့်ရခဲ့၍ အများသုံးစရိတ်နဲ့ ကွမ်ချန်သို့ သွားနိုင်ခဲ့ပြီ။ ချင်းရို့ကို ပြိုင်ပွဲကြေညာသူအဖြစ် ခန့်အပ်ခံရမယ်လို့ ဘယ်သူသိမှာလဲ။
"တချို့လူတွေက တကယ့်ကို ကံကောင်းတယ်နော်။ ငါတို့ကတော့ ပင်ပင်ပန်းပန်း လေ့ကျင့်ရပေမယ့် သူမကတော့ ငါတို့ကို ထိုင်ကြည့်နေပြီးတော့ ပါးစပ်လေးလှုပ်လိုက်ရုံပဲ"
"ငါကျ ဘာလို့များ အဲဒီလိုကံကောင်းမှုမျိုး မရရတာလဲ?"
"ငါ ပြိုင်ပွဲဝင်ဖို့ စာရင်းသွင်းတုန်းကတော့ ငါက အရွေးခံခဲ့ရပေမယ့် တစ်ချို့လူတွေက ကံအကောင်းလွန်နေတာများ"
မူလက ချင်းရို့နှင့် ဝမ်လိချွမ်းတို့ဟာ တစ်ယောက်က နံနက်ခင်းအစီအစဥ်၊ နောက်တစ်ယောက်က နေ့ခင်းအစီအစဥ်ဖြစ်၍ ဆုံခဲကြပေသည်။ ယခုအခါ ဝမ်လိချွမ်းက မွန်းတည့်အထိ တခြားသူတွေနဲ့ လေ့ကျင့်ရန်အတွက် ရေဒီယိုရုပ်သံလွှင့်ဌာနတွင် နေရသဖြင့် နှစ်ယောက်သား တွေ့ဆုံချိန်မှာ ပိုများလာခဲ့သည်။
ချင်းရို့က သူမကို အရမ်းလေးစားမိပါရဲ့။ လူတစ်ယောက်က နေ့တိုင်း 'ကံ'အကြောင်းတွေပဲ ဘယ်လိုလုပ်ပြောနိုင်ရတာလဲနော်။
"အဲဒါ ကံကောင်းလို့မဟုတ်ဘူး၊ အကျင့်စရိုက်ကောင်းလို့လေ"
"မနေ့က ငါ koiငါးအကြောင်း အိပ်မက်မက်ခဲ့တယ်၊ ဒီတော့ koiငါးလိုပဲ ကံကောင်းတာပေါ့ဟယ်"
ချင်းရို့ စကားဆုံးသည်နှင့် ဘူတာရုံမှ လူတော်တော်များများ ရယ်မောသံတွေကို ကြားလိုက်ရသည်။ သူမနဲ့အတူ နေ့လည်ခင်းအစီအစဥ်မှာ ထုတ်လွှင့်နေတဲ့ ကျန်းရွှယ်ချင်းဟာ ဝမ်လိချွမ်းကို သည်းမခံနိုင်တော့ဘဲ
"နင် နေ့တိုင်း ချီးလိုကံကောင်းတဲ့အကြောင်းပဲ ပြောနေတာ၊ နည်းနည်းလောက် လျှော့စားနိုင်မလားဟယ်?"
ချင်းရို့က သူမရဲ့ ခရီးဆောင်အိတ်ကို နေရာချကာ ဝမ်းဗိုက်ကို ပွတ်လိုက်မိရင်း သူမ အန်တီမလာတာ တစ်လခွဲကျော်သာရှိသေးသော်လည်း သူမဆီမှာ ကိုယ်ဝန်ရှိနေပြီလို့ သံသယရှိနေခဲ့ပြီ။
သူမနှင့် လုယန်တို့ နှစ်ယောက်လုံးက အစပိုင်းတွင် ကလေးယူရန် အလျင်စလိုမဖြစ်ကြသော်လည်း ရှမင်ရှီး ထွက်သွားပြီးတဲ့နောက် ချင်းရို့က အိမ်မှာနည်းနည်းခြောက်ကပ်နေသလို ခံစားမိပေမယ့် တဖြည်းဖြည်း ကျင့်သားရလာခဲ့ပြီဖြစ်သည်။
လုယန် ပင်လယ်သို့ မသွားခင်တွင် သူက ခွဲခွာဖို့ အနည်းငယ်တွန့်ဆုတ်နေခဲ့သဖြင့် ရလဒ်အနေနဲ့ *အဲဒါဟာ မတော်တဆ စုတ်ပြဲသွားခဲ့သည်။ ချင်းရို့လည်း မတတ်နိုင်ဘဲ လက်ခံနိုင်ခဲ့ရုံသာ။ ထိုအရာကို စွန့်ပစ်လိုက်ရပြီး ထိုသို့သော အရေးကြီးတဲ့အခိုက်အတန့်မှာ တစ်ခုပဲ ကျန်တော့တာလေ။
(*အဲဒါ means cond*m)
ညလယ်ကြီး တခြားတစ်ယောက်ရဲ့ အိမ်မှာ သွားတောင်းလို့လည်း မရဘူးလေနော်။
သူမရဲ့ တွက်ချက်မှုအရဆို ထိုအချိန်ဟာ သူမရဲ့ ဘေးကင်းကာလအတွင်း ဖြစ်တာမို့ ဘေးကင်းအစီအမံတွေကို မလုပ်ဆောင်ခဲ့မိချေ။
ချင်းရို့လည်း မတော်တဆမှုတစ်ခု ဖြစ်မလာနိုင်ပါဘူးလို့ ခန့်မှန်းခဲ့ပါ၏။ သူမ ကိုယ်ဝန်ရခဲ့ရင်လည်း ကလေးမွေးမည်ပင်။ သူမက ကလေးယူတာကို ငြင်းပယ်ခြင်းမရှိပါချေ။ သို့သော် အဓိကအကြောင်းရင်းမှာ လုယန်က အချိန်ကာလတစ်ခုအထိ "သားသမီးမရှိသော" ဘဝကို နေထိုင်လိုသောကြောင့်ပင်။
သူတို့နှစ်ဦးလက်ထပ်ပြီးသည်နှင့် ကလေးနှစ်ယောက်ကို ခေါ်ခဲ့သည်ဖြစ်ရာ ကလေးတွေကလည်း အမှန်တကယ် လေထုကို အသက်ဝင်စေခဲ့သော်လည်း ရဲဘော်ရှောင်လုကတော့ ကြင်စဦးသီးသန့်ကမ္ဘာလေးကို အလိုရှိခဲ့လေသည်။
ချင်းရို့ အရင်တုန်းက အနှီကိစ္စကို လုယန်နဲ့ ဆွေးနွေးခဲ့ဖူးပါသည်။ သူမရဲ့ အစ်မဖြစ်သူရောက်လာတဲ့အခါ ကျင်းရိလေးဟာ သဘာဝကျကျပင် သူ့မိဘတွေနှင့်အတူ နေထိုင်ရမည်ဖြစ်သည်။ ထို့နောက် သူတို့နှစ်ယောက်က တစ်နှစ်လောက် ချိုမြိန်တဲ့ အိမ်ထောင်ရေးဘဝကို မွေ့လျော်ပြီးနောက်မှ ကလေးယူရန် စီစဉ်ထားခဲ့ကြသည်။
လုယန်ဟာ ချင်းရို့ရဲ့ အစ်မဖြစ်သူမိသားစု ကျွန်းကို လာမယ်ဆိုတာကို သိလိုက်ရတော့ သူ့စိတ်ကူးထဲက နှစ်ယောက်တည်း သီးသန့်ကမ္ဘာကြီး ရောက်လာတော့မည်ဖြစ်၍ ရက်အနည်းငယ်ကြာအောင် ပျော်ရွှင်နေခဲ့လေသည်။
ချင်းရို့လည်း ဒီရူးကြောင်ကြောင်လူဟာ ဘာမဟုတ်တာလေးနဲ့ ပျော်ရွှင်နေနိုင်တာပဲလို့ ခံစားမိလျက်။
- သူတို့ရဲ့ သီးသန့်ကမ္ဘာလေးဟာ အိပ်မက်တစ်ခုပင်။
ကလေးက ပဲပင်ပေါက်သေးသေးလေးသာ ဖြစ်သော်လည်း အိမ်ကို သီးသန့်ကမ္ဘာအဖြစ် သတ်မှတ်လို့မရနိုင်ဘူးလေ။
အဲဒါကိုပြောရရင်တော့ ချင်းရို့ကိုယ်၌လည်း ထူးဆန်းသလို ခံစားခဲ့ရ၏။ သူမဟာ ယခင်က ကိုယ်ဝန်မဆောင်ခဲ့ဖူးသလို ကိုယ်ပိုင်အတွေ့အကြုံလည်း မရှိခဲ့ပေ။
အမျိုးသမီးအများစုဟာ သူတို့ရဲ့ကိုယ်ဝန်ကို လအနည်းငယ်ကြာ သတိမထားမိကြဘူးဆိုတဲ့ သတင်းများစွာကို သူမမြင်တွေ့ခဲ့ဖူးပေသည်။ သို့သော် သူမကတော့ တစ်လခွဲအကြာမှာပဲ သူမဆီမှာ ကိုယ်ဝန်ရှိနေတယ်လို့ သံသယရှိနေခဲ့ပြီ။
သူမရဲ့ စိတ်ကူးယဥ်မှုပဲလား။
ချင်းရို့က သူမပတ်ဝန်းကျင်ရှိလူတွေကို မပြောပြဝံ့ပါချေ။ ပြီးခဲ့တဲ့အပတ်က ချင်းရို့က အစ်မဟွမ်ကို တစ်ခါမေးမြန်းခဲ့ပေမယ့် သူမဆီက ကလေးမွေးဖို့အကြောင်း နောက်တစ်ဖန် ဆွဲဆောင်ခံရပြန်လေ၏။
ဒီလိုကိစ္စမျိုးဟာ ပြောဖို့ခက်သည်ပင်။ ချင်းရို့သည် သူမဆီမှာ ကိုယ်ဝန်ရှိနိုင်တယ်ဆိုတာ သိရှိပြီးတဲ့နောက် သူမရဲ့အစားအသောက်ကို အာရုံစိုက်လာသလို အနားယူချိန်ကိုလည်း သေချာသတ်မှတ်ခဲ့သည်။ ကွမ်ချန်သို့ သွားရမယ့်တာဝန်က သူမအပေါ်မကျခဲ့ဘူးဆိုရင်တော့ သူမလည်း မသွားချင်ပါချေ။