အခန်း (၇၆)
Vol. 7 Ch. 76
သူတို့အဖွဲ့က ကွမ်ချန်သို့ သွားနေစဉ် ချင်းရို့က သင်္ဘောပေါ်တွင် အလွန်အမင်း အော့အန်ခဲ့၍ အခြားလူများကို ထိတ်လန့်စေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူတို့ထွက်ခွာမည့်အချိန်ဟာ ညဘက်ဖြစ်တာကြောင့် ချင်းရို့ အန်ပြီးသည်နဲ့ တစ်ခုခုစားပြီး အိပ်ပျော်သွားပါတော့သည်။
ဝမ်လိချွမ်းက ချင်းရို့ကို ဒီလိုပုံစံမြင်ရတဲ့အခါ သူမက အမှောင်ထဲမှာ ပုန်းနေခဲ့ပြီး သူမရဲ့ လုပ်ဖော်ကိုင်ဖက် သုန်ဝမ့်ဟွာနဲ့ ပျော်ရွှင်စွာဖြင့်
"သူမက ကံကောင်းတယ်လို့ ပြောနေပေမယ့် ဒီလိုမျိူး အန်နေတဲ့အချိန် သူမရဲ့ကံတရားက ဘယ်ရောက်သွားတာလဲနော်၊ ကွမ်ချန်ကို ရောက်တဲ့အချိန်ကျ သူမ သေမသွားဖို့ပဲ စောင့်ကြည့်ရမှာဟယ်"
ဝမ်လိချွမ်း လွန်စွာပျော်ရွှင်နေလျက်။ သူမ မကြာသေးမီက သူမနှင့် တင်းနစ်ကစားဖော်ဖြစ်တဲ့ အခြားကြေညာသူဆီက သူမနဲ့ ချင်းရို့ နှစ်ယောက်စလုံးက သုံးလကြာစမ်းသပ်ကာလတွင် ရှိနေသေးကြောင်း သိရှိခဲ့ရသည်။ စမ်းသပ်ကာလ၌ မအောင်မြင်ပါက အလုပ်ပြုတ်သွားနိုင်သည်လေ။
ယေဘုယျအားဖြင့်ပြောရလျှင် အခြားပြဿနာကြီးကြီးမားမားမရှိပါက သူတို့နှစ်ယောက်စလုံး စမ်းသပ်ကာလကို ကျော်ဖြတ်နိုင်ပေသည်။
သို့ရာတွင် ဝမ်လိချွမ်းကတော့ ဒါကို မကျေနပ်ဘဲ ချင်းရို့ စမ်းသပ်ကာလကို မအောင်မြင်ဖို့ မျှော်လင့်နေလျက်။ ချင်းရို့သာ မအောင်မြင်ခဲ့ရင် သူမ(WLC)က သူမ(QR)နေရာကို ရမှာမဟုတ်လားနော်။
ထို့ကြောင့် ယခင်ကတည်းက နည်းလမ်းတစ်ချို့ကို စဥ်းစားနေခဲ့သော်လည်း စဥ်းစားလို့မရနိုင်သေး။ သို့သော် ယခုတော့ သူမ အကြံတစ်ခုရခဲ့ချေပြီ။
"သုန်ဝမ့်ဟွာရေ ချင်းရို့သာ ဒီထုတ်လွှင့်မှုကို ရှုပ်ထွေးစေခဲ့ရင် သူမ အကဲဖြတ်မှု ကျရှုံးမယ်မဟုတ်လား?"
သုန်ဝမ့်ဟွာနဲ့ ဝမ်လိချွမ်းတို့က ဤအတောအတွင်းတွင် အဆင်ပြေတဲ့ဆက်ဆံရေးရှိခဲ့ကြ၍ သုန်ဝမ့်ဟွာက သူမအား အကဲဖြတ်မှုအကြောင်း ပြောပြထားခဲ့သည်ပင်။
"ထုတ်လွှင့်မှု အမှားအယွင်း တစ်ခု ဒါမှမဟုတ် နှစ်ခုပဲ ဆိုရင်တော့ သူမ တာဝန်ကြီးကြီးယူစရာမလိုဘူး..."
"ဒါဆို ငါ သူမကို အကဲဖြတ်မှု ကျရှုံးအောင် ဘယ်လိုလုပ်ရမလဲ?"
"သူမကို ထိခိုက်စေမယ့် ပြဿနာတွေက နိုင်ငံရေးခံယူချက်နဲ့ ပုဂ္ဂိုလ်ရေးအပြုအမူတွေပဲဖြစ်မှာ။ သူမလည်း တပ်မတော်မိသားစုဝင်တစ်ဦးဆိုတော့ တခြားပြဿနာတွေက ကြီးကြီးမားမားတော့ မဟုတ်ဘူးလေ..."
"သူမရဲ့ ယောက်ျားက မကြာခဏဆိုသလို အိမ်နဲ့ ဝေးကွာနေတာ၊ အခုဆို လဝက်ကျော်နေပြီလေ။ သူမ တစ်ယောက်တည်း အထီးကျန်တာကို သည်းမခံနိုင်တော့လို့ တခြားယောကျ်ားတွေနဲ့ ပေါင်းသင်းနေတယ်ဆိုရင် ဒါက စရိုက်မကောင်းဘူးလို့ ပြောလို့ရတယ်မလား"
"မဟုတ်တာတွေ လျှောက်မပြောနဲ့"
"ငါ မဟုတ်တာတွေ ပြောနေတာ မဟုတ်ဘူးလေ။ ချင်းရို့က ညုတုတုမိန်းမပဲဟာ။ သူ့မျက်လုံးတွေကို ကြည့်ပါလား၊ ဘူတာရုံက လူငယ်လေးတွေ စွဲလန်းအောင်လို့ ဖြားယောင်းနေတာလေ"
"ငါ့ကိုပြော တကယ်လို့ ကွမ်ချန်မှာ ငါ ဒုတိယတန်းစားယောက်ျားတစ်ယောက်ကိုရှာပြီး သူမကို ပေးလိုက်ရင်..."
"ငါ မင်းကို ဆက်မပြောဖို့ သတိပေးလိုက်မယ်"
ဝမ်လိချွမ်းနှင့် သုန်ဝမ့်ဟွာတို့ နှစ်ယောက်စလုံး ခေတ္တမျှ အံ့အားသင့်သွားကြရလျက်။ သူတို့ကို စကားပြောလာတဲ့ အသံပိုင်ရှင်မှာ လူစိမ်းတစ်ယောက်ပင်။
နှစ်ယောက်သား ခေါင်းလှည့်ကြည့်လိုက်တဲ့အခါ လက်နှိပ်ဓာတ်မီး ကိုင်ထားတဲ့ သင်္ဘောသားတစ်ဦးဖြစ်နေတာ တွေ့လိုက်ရ၏။
ဝမ်လိချွမ်းနှင့် သုန်ဝမ့်ဟွာတို့လည်း ချက်ချင်းပင် စိတ်သက်သာရာရသွားလျက်။ ဝမ်လိချွမ်းက ဘာမှကြောက်စရာမရှိ၍ လှောင်ပြောင်လိုက်၏။ အကယ်၍ ချင်းရို့က သူမပြောတာတွေကို ကြားတယ်ဆိုရင်တောင်မှ သူတို့ဝန်မခံခဲ့ရင် သူမကို ဘယ်သူကများ ယုံကြည်မှာလဲနော်။
သူတို့နှစ်ယောက်ရဲ့ စကားတွေကို သင်္ဘောပေါ်ကလူ ကြားသွားတယ်ဆိုတာ ဘယ်သူသိမှာတုန်း။
ယေဘုယျအားဖြင့် နယ်စပ်ကို တရားမဝင်ဖြတ်ကျော်လာသူတို့အား တားဆီးဖို့အတွက် သင်္ဘောပေါ်တွင် လုံခြုံရေးပစ္စည်းတွေနှင့် လုံခြုံရေးဝန်ထမ်းတွေ ထားရှိခြင်းပင်။
"မင်းတို့နှစ်ယောက်စလုံး ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိတယ်"
"ငါတို့မလုပ်ပါဘူး၊ ငါတို့ စကားစမြည်ပြောနေရုံပဲ"
"ခုနက မင်းတို့နှစ်ယောက် ပြောခဲ့တဲ့စကားတွေကို သင်္ဘောရဲ့ အသံဖမ်းစက်တိပ်ပေါ်မှာ မှတ်တမ်းတင်ထားပြီးပြီ"
"မင်းတို့နှစ်ယောက် သင်္ဘောပေါ်က တပ်မတော်မိသားစုဝင်တွေကို စော်ကားတဲ့အခါ သင်္ဘောသားတွေလည်း စစ်တပ်က စစ်မှုထမ်းဟောင်းတွေပဲလို့ မင်း ဘယ်တုန်းကမှ မထင်ခဲ့ဘူးလား?"
ချင်းရို့ ကွမ်ချန်မြို့သို့ ရောက်တဲ့အခါ သင်္ဘောပေါ်က ဆင်းပြီးမှသာ ဝမ်လိချွမ်းနှင့် သုန်ဝမ့်ဟွာတို့နှစ်ယောက် သူတို့ရဲ့အပြုအမူကြောင့် အရေးယူခံရတော့မည်ဖြစ်ကြောင်း သူမ သိလိုက်ရ၏။
ချင်းရို့လည်း အဖြစ်အပျက်အစုံအလင်ကို သိရှိခဲ့ပြီးနောက် သင်္ဘောသားများကို ကျေးဇူးတင်စကားပြောလိုက်သည်။
"မင်းက ငါတို့ရှောင်လုရဲ့ ဇနီးပဲ"
"ဒီပင်လယ်ထဲမှာ မင်းကို အနိုင်ကျင့်လို့မရဘူး"
…
ချင်းရို့သည် ငယ်စဉ်ကလေးဘဝကတည်းက မနာလိုမှုများစွာကို မြင်တွေ့ခဲ့ဖူးပါသည်။ သူမက လှပလွန်းတာကြောင့် သူမအပေါ် မကောင်းတဲ့ အကြံအစည်ရှိသော အမျိုးသားများနှင့် တွေ့ဖို့ လွယ်ကူသလို သူတို့ဆီက အမူအရာဖြစ်စေ၊ အပြောအဆိုဖြစ်စေ သူမအား အခွင့်ကောင်းယူခြင်းလည်း ကြုံခဲ့ရသည်... သူမရဲ့ အသွင်အပြင်ကို အခြေခံပြီး မရှင်းမလင်းလုပ်ရပ်များကို လုပ်ခဲ့ပြီးပြီလို့ တမင်တကာ ထင်ကြေးပေးသူတွေလည်း များစွာရှိခဲ့သည်။
- လှတာက သူမရဲ့ အပြစ်မှ မဟုတ်ဘဲ။
ချင်းရို့က အိတ်ဆောင်နာရီကို ထုတ်၍ ဖွင့်လိုက်ပြီး ပင်လယ်ဆီသို့ ချစ်စရာကောင်းစွာ ပြုံးပြလိုက်သည်။
ချင်းရို့သည် ပင်လယ်ကိုရော၊ လုယန်ကိုပါ အလွန်နှစ်သက်ပါ၏။ သူမ တစ်ယောက်တည်းမဟုတ်တော့၍ ကိုယ်တိုင်ကာကွယ်နေစရာမလိုတော့ဘူးလေ။ အခုဆို သူမဆီမှာ သူမယောကျ်ား၊ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေအပြင် နွေးထွေးလှတဲ့ အိမ်နီးချင်းတွေနဲ့ ရဲဘော်တွေ ရှိနေခဲ့ပြီ။
မကြာခင် ကလေးတွေလည်း ရှိလာနိုင်တာပဲ။
ချင်းရို့ တကယ့်ကို ပျော်ရွှင်နေခဲ့ပါပြီ!
သူမမှာ ပြောစရာစကားတွေ အများကြီးရှိပေမယ့် သူ့ချစ်သူက အနားမှာမရှိသလို အစ်မဟွားဟွားလည်း မရှိပေ။ လုယန်နှင့် ပတ်သက်တဲ့ အကြောင်းအရာတွေကို သူမ ပြောပြချင်နေခဲ့၍ ထိုအကြောင်းကို တွေးကြည့်ပြီးနောက် အနုပညာအဖွဲ့ရှိ ဒါရိုက်တာစွင်းကို ဖုန်းမဆက်ဘဲ မနေနိုင်တော့ပါချေ။
"ဒါရိုက်တာစွင်းရေ ကျွန်မ ချင်းရို့ပါ"
"ချင်း-ချင်းရို့?"
ဖုန်းလက်ခံရရှိတဲ့ ဒါရိုက်တာစွင်းမှာ အနည်းငယ် အံ့အားသင့်သွားရ၏။ ချင်းရို့ ထွက်သွားသည်မှာ လေးငါးလရှိပြီလေ။ တော်တော်ကြာသွားပြီပဲ။
ချင်းရို့က စစ်တပ်အရာရှိနှင့်အတူ ချုံကျိုးကျွန်းသို့ သွားခဲ့ပြီး ရုတ်တရက်ကြီး သူမဆီ ဖုန်းဆက်လာတယ်။
တစ်ခုခုဖြစ်တာများလား?
ငရုတ်သီးလေးနှင့် ဒေါသအိုး နှစ်ယောက် အတူနေကြတဲ့အခါ ဘယ်လိုလုပ်ပြီး အဆုံးသတ်ကောင်းကောင်း ရနိုင်ပါ့မလဲ။
ကွာရှင်းကြတာ ဖြစ်နိုင်မလား။
ဒီလောက်မြန်မှာတော့ မဟုတ်ပါဘူးလေ။
"ချင်းရို့ရေ မင်းနဲ့ အရာရှိတို့ကြားမှာ တစ်ခုခုဖြစ်လို့လား?"
ဒါရိုက်တာစွင်း ဖုန်းပြန်ဖြေချိန်တွင် ရွှယ်ထင်ထင်နှင့် ထန်ရွေ့ပိုင်တို့က ဒါရိုက်တာစွင်းရဲ့ ရုံးခန်းတွင် ရှိနေတာနဲ့ ဆုံခဲ့ပေသည်။ သူတို့က ဖုန်းတစ်ဖက်က ချင်းရို့ရဲ့ အသံကို ကြားလိုက်တဲ့အခါ စကားမပြောတော့ဘဲ ချက်ခြင်းတိတ်ဆိတ်သွားကြသည်။
သူတို့နှစ်ယောက်စလုံးက ချင်းရို့နှင့် ဒါရိုက်တာစွင်းတို့ရဲ့ စကားဝိုင်းကို နားစွင့်နေကြသည်။
ထန်ရွေ့ပိုင် တွေးနေမိသည်မှာ - ထန်ရို့ကိစ္စများ ပေါ်သွားတာဖြစ်နိုင်မလား။
ရွှယ်ထင်ထင်ကတော့ ချင်းရို့ရဲ့ ငိုယိုသံကို ကြားရရန် မျှော်လင့်နေလျက်။ ထိုစစ်တပ်အရာရှိက အိမ်တွင်းအကြမ်းဖက်သူဖြစ်ပြီး ချင်းရို့က ကျွန်းပေါ်မှာ သနားစရာဘဝဖြင့် နေထိုင်နေခဲ့ရတာမို့ လအနည်းငယ်ကြာတဲ့အခါ သူမ သည်းမခံနိုင်တော့တာများလား။
"ဒါရိုက်တာစွင်း ကျွန်မ ရှင့်ကို ကျေးဇူးတင်ချင်လို့ပါ..."
ချင်းရို့ ဖုန်းတစ်ဖက်ခြမ်းမှ စိတ်လှုပ်ရှားစွာ ပြောလာခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ သူမအား လုယန်လို ခင်ပွန်းကောင်းတစ်ယောက်နဲ့ မိတ်ဆက်ပေးခဲ့တဲ့ ဒါရိုက်တာစွင်းကို ကျေးဇူးတင်ကြောင်းပြောချင်ခဲ့၏။
ဒါရိုက်တာစွင်း: "???!!!!"
ထန်ရွေ့ပိုင်: "????" အဲဒါ ဘယ်လိုဖြစ်နိုင်မလဲ?
ရွှယ်ထင်ထင်: "!!!!!!!" ဘယ်လိုဖြစ်ပြီးတော့?
ချင်းရို့ ရူးနေပြီဖြစ်ရမယ်။ ဒါပေမယ့် ဖုန်းထဲက သူမရဲ့အသံက တကယ့်ကို ပျော်ရွှင်ကြည်နူးနေပုံပဲ။
သူမရဲ့ အိမ်ထောင်ရေးက သာယာနေတာလား?
"မင်းပျော်နေပြီလား?"
"ဟုတ်တယ်၊ ဒီမှာ လူကောင်းတွေ အများကြီးပဲ။ မိသားစုခြံဝင်းက အိမ်နီးနားချင်းတွေကလည်း အရမ်းသဘောကောင်းပြီးတော့ သူတို့က ကျွန်မကို အရမ်းဂရုစိုက်ပေးကြတယ်။ ကျွန်မ ကြေညာသူစာမေးပွဲဖြေဖို့ သွားတုန်းကဆို အကုန်လုံးက ကျွန်မကို လာအားပေးကြတာ... အစ်မဟွားဟွားက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်... ဘေးအိမ်က အစ်မဟွမ်ကလည်း အကျင့်စရိုက်ကောင်းပြီးတော့ ဂရုစိုက်တတ်တဲ့ အမျိုးသမီးကောင်းတစ်ယောက်ပဲ။ ကျွန်မကို ဂရုစိုက်ဖို့ အိမ်ကို မကြာမကြာလာတတ်…"
"လုယန်က လူကောင်းတစ်ယောက်ပဲ၊ သူက ကျွန်မကို အရမ်းထောက်ထားညှာတာတတ်တာ..."