← Chapters

အခန်း (၇၈)

Vol. 7 Ch. 78

အခန်း (၇၈)

Vol. 7 Ch. 78

"ချင်းမျန့်ရေ နင်တကယ်သွားချင်တာလား?"

ချင်းမျန့်က သူမကို အာရုံမစိုက်ချင်သဖြင့် ပေါ့ပေါ့တန်တန်ပဲ ဖြေလိုက်၏။

"ဟုတ်တယ်"

"ဒီမှာ ငါတို့ရဲ့ လယ်ကွင်းအခြေအနေက ကောင်းနေသားပဲကို။ ပြီးတော့ ပင်းချန်နဲ့ နီးတယ်လေ။ နင်သာ အဲဒီဝေးလံခေါင်သီတဲ့ ကျေးလက်ဒေသတွေဆီ သွားမယ်ဆိုရင် နင် အခက်အခဲတွေကြုံရလိမ့်မယ်…"

ဟယ်ချွင်းဖန်က ချင်းမျန့်ကို မထွက်သွားစေချင်ခဲ့ပေ။ သူမရဲ့ ဆင်ခြေတုံတရား ခွဲခြမ်းစိတ်ဖြာချက်အရ ချင်းမျန့်ဟာ ချုံကျိုးကျွန်းမှာ ဘဝနေထိုင်မှုကောင်းမှာမဟုတ်ဘူးလို့ ပြောနေခဲ့ပေမယ့် ထိုနေရာ၌ ချင်းမျန့်တစ်ယောက် အဆင်ပြေကောင်းမွန်တဲ့ဘဝ ရသွားမှာကို တကယ်စိုးရွံ့နေခဲ့သည်ပင်။

ချင်းမျန့်က သူမအား ရယ်မောကာဖြင့် ကြည့်လျက် တင်းမာစွာပြောလိုက်၏။

"ရှင်က အားလပ်ချိန်နဲ့ အလုပ်အကြောင်းပဲ တွေးနေပြီးတော့ ဒုက္ခခံစားရမှာကို ဘာလို့ကြောက်နေရတာလဲ? ပင်ပန်းရမှာကို ကြောက်နေတာလား? ကျွန်မတို့က ဒုက္ခခံရမှာတွေ၊ ပင်ပန်းရမှာတွေကို မကြောက်ဘဲ အလုပ်ကို ကြိုးကြိုးစားစားလုပ်ဖို့ စိတ်ဓာတ်ကို သယ်ဆောင်ထားသင့်တယ်လေ။ အမိမြေက ကျွန်မတို့ကို လိုအပ်တဲ့နေရာမျိုးကို သွားသင့်တာပေါ့..."

ဟယ်ချွင်းဖန်: "…"

ချန်မျန့်: "…"

"အလုပ်လုပ်တဲ့သူတွေက ဂုဏ်အရှိဆုံးပဲ…"

ချင်းမျန့် အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။

သူမစကားတွေကြောင့် မူးဝေသွားရသော ဟယ်ချွင်းဖန်က ထွက်သွားပါတော့သည်။

ချင်းမျန့် လှည့်ကြည့်လိုက်တော့ သူမယောကျ်ားက သူမကို ထူးထူးခြားခြား ကြည့်နေတာကို တွေ့လိုက်ရသဖြင့်

"ရှင် ကျွန်မကို ဘာလို့ကြည့်နေတာလဲ?"

ချန်မျန့်က ရုတ်တရက် ပြုံးလိုက်ကာ သူ့လက်ကို မြှောက်၍ မျက်မှန်ကို အောက်ချလိုက်ရင်း သူ့မျက်လုံးတွေထဲမှာ အမှတ်တရတချို့နဲ့ ပြည့်နှက်နေလျက်

"ရုတ်တရက်ကြီး အတိတ်က အရာတချို့ကို သတိရမိသွားလို့"

ချင်းမျန့်က ရှင်းရှင်းလင်းလင်း ပြောလာခဲ့သည်။

"ရှင် ကျွန်မကို တွေ့တဲ့အချိန်ကို ပြောနေတာလား၊ အဲ့တုန်းက ကျွန်မ တောင်ပေါ်မှာ လူတွေကို ပြောင်ပြောင်တင်းတင်း ကြိမ်းမောင်းနေခဲ့တာမဟုတ်လား။ တကယ်တော့ ကျွန်မက နူးညံ့ပြီးတော့ အသိဥာဏ်ရှိတဲ့သူပါနော်"

ချန်မျန့်: "ကိုယ်သိပါတယ်"

"ရှင်သိရဲ့လား ကျွန်မ ရှင့်ကို လက်ထပ်ပြီးတော့ ငရုတ်သီးစားရတာ ရှားတယ်လေ။ ဒီနေ့ညတော့ စားကြမယ်နော်၊ ကျွန်မတို့ရဲ့ အနာဂတ်နေ့ရက်တွေအတွက် ပိုမိုကောင်းမွန်တဲ့ဘဝရဖို့ ဆုတောင်းကြမယ်လေ။ ကျွန်မ မာပိုတို့ဟူး၊ ငရုတ်သီးပါးပါးလှီးထားတဲ့ ငါးခေါင်း၊ မျှစ်အခြောက်စပ်စပ်ကလေးကြော်ပေးမယ်..."

"အရင်တစ်ခေါက်က ဖက်တီးကျန်းဆီက ရထားတဲ့ ငရုတ်ကောင်းတွေက အရမ်းမွှေးတယ်နော်"

ချင်းမျန့်မှာ တခြားနှစ်သက်စရာ သိပ်မရှိပေ။ သူမက ငရုတ်ကောင်းကို အထူးနှစ်ခြိုက်သူပင်။

ချန်မျန့်: "ကောင်းပါပြီ... ကိုယ့်အတွက် ဝိုင်သုံးခွက်ပါ ထပ်ထည့်ပေးလေ"

ချင်းမျန့် ပျော်ရွှင်စွာ ချက်ပြုတ်နေသည်ကို မြင်လိုက်ရတဲ့အခါ သူက သူ့ရဲ့ယောက်ဖလေး လုယန်ဟာ ဘယ်ကလာသလဲဆိုတာကို ရုတ်တရက်ကြီး တွေးမိသွားရသည်။

သူ ဘယ်လိုမျိုး နေထိုင်နေပြီလဲဆိုတာကို ရုတ်တရက် သိချင်သွားခဲ့ချေပြီ။

နေမင်းကြီးဟာ တောက်ပစွာ ထွန်းလင်းနေပြီး ကောင်းကင်ယံတွင် တိမ်ဖြူဖြူတွေ အစုလိုက်အပုံလိုက် စုပေါင်းနေသည်မှာ လွန်စွာလှပနေ၏။ လေထုထဲမှာလည်း ပန်းရနံ့တို့ဖြင့် သင်းပျံ့နေသလို အကိုင်းအခက် သစ်ရွက်စိမ်းစိမ်းတို့လည်း စိမ်းလန်းစိုပြေနေလေသည်။ ဤကဲ့သို့သောမြင်ကွင်းမျိုးကို ဒီလိုအချိန်အခါမျိုးမှာ မြင်နေရတာဟာ မယုံနိုင်စရာကောင်းလှပေသည်။

အောက်တိုဘာလနှောင်းပိုင်းတွင် ချုံကျိုးကျွန်းမှာ တိုင်ဖွန်းမုန်တိုင်းများ ကင်းစင်သော အချိန်ကောင်းဆီသို့ ဝင်ရောက်ခဲ့ချေပြီ။

ဟွမ်ရှင်းရင်က ဒုတိယထပ်ရှိ လှေကားထစ်ပေါ်တွင် ရပ်၍ အဝေးမှ ရှုခင်းတွေကို ရှုစားနေလျက်။ ထို့နောက် သူမက ဘေးခြံကို တစ်ချက်ခိုးကြည့်လိုက်ရာ ဘေးအိမ်က ခြံငယ်လေးမှာ လှပနေဆဲဖြစ်သော်ငြား ဘယ်လိုမှကြည့်လို့အဆင်မပြေတဲ့ လူတစ်ယောက်ရှိနေလေရဲ့။

ရှောင်ချာကျင်းက ဒီရက်ပိုင်း အိမ်မှာမရှိဘူးပဲ။

ကောက်ရိုးထီးအောက်၌ ချင်းရို့ ထိုင်နေကျနေရာလေးမှာ မှိုခေါင်းတစ်လုံးရှိနေခဲ့ပြီး ထိုသူဟာ စာရေးကာ ပုံဆွဲနေခဲ့သည်။

(ဟွားဟွားလား ??)

တကယ့်ကို စိတ်အနှောက်အယှက်ဖြစ်ရသလို အဆင်မပြေဘူး။

တစ်နေ့တာရဲ့ ကောင်းမွန်နေတဲ့စိတ်အခြေအနေလေးမှာ ပျောက်ကွယ်သွားရပြီ။

ရှောင်ချာကျင်းလေး အိမ်မှာရှိနေတာက ပိုကောင်းပါတယ်လေ။

ဟွမ်ရှင်းရင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ့ခင်ပွန်း ပြန်လာတဲ့အခါမှာတော့ မပြောဘဲမနေနိုင်တော့ပေ။

"ဘေးအိမ်က အိမ်နီးချင်းက အပြင်ထွက်သွားတာ၊ ဘာလို့ ကျွန်မကို သူ့ခြံကို စောင့်ရှောက်စေဖို့ ခွင့်မပြုရတာလဲ?"

ရှောင်ချာကျင်းက အဝေးမှာ နေနေတာမို့လား?

နောက်ပြီးတော့ သူမက သူမရဲ့ အိမ်နီးချင်းဆိုတာ အသိသာကြီးလေ။

မကြာသေးမီက လုယန် အိမ်မှာမရှိသည်မို့ ကျန်းချန်ပေ့လည်း ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့ရသလို ပြန်လည်စိတ်သက်သာရာရနေမိ၏။ လုယန်ရှိနေတုန်းက ညတိုင်း အဝတ်လျှော်ဖို့ ခြံထဲကို သွားခဲ့ရသည်။

နောက်ဆုံးတော့ လုပ်ဖို့ မလိုအပ်တော့ဘူးလေ။

ကျန်းချန်ပေ့က ကြွေရည်ခွက်ကို ကောက်ကိုင်၍ ရေနွေးတစ်ငုံသောက်လိုက်ပြီးမှ

"မင်းက ဆရာမတစ်ယောက်ဆိုတာ သူမသိလို့လေ၊ မင်းက weekdayတွေမှာ အလုပ်များနေတတ်တဲ့သူဆိုတော့ သူမက ဘာလို့ မင်းကို အနှောင့်အယှက်ပေးရမှာလဲ?"

ဟွမ်ရှင်းရင် မျက်ခုံးပင့်လိုက်ပြီး "weekdayတွေမှာ ကျွန်မ အရမ်းအလုပ်များမှန်း သူမတောင်သိတယ်၊ ရှင်က ဘာလို့မသိတာလဲ?"

ကျန်းချန်ပေ့ သက်ပြင်းချလိုက်၏။

ကျစ် သူတို့အိမ်နီးချင်းတွေ ဘယ်တော့မှ အိမ်ပြောင်းမှာလဲဟေ? ဒါမှမဟုတ် သူပဲ ပြောင်းရွှေ့လိုက်ရတော့မလား?

သူတို့ရောက်လာပြီးကတည်းက သူ့ဘဝဟာ ပိုဆိုးရွားလာခဲ့ပြီး အတိတ်တုန်းက အကျင့်ကောင်းရှိတဲ့ သူ့ဇနီးသည်ဟာလည်း အကျင့်စပျက်လာခဲ့ပြီ။

ဒါတွေဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဆိုးရွားလှတဲ့ မနာလိုမှုတွေ၊ နှိုင်းယှဥ်မှုတွေပဲ။ တကယ့်ကို အရုပ်ဆိုးတာပဲကွာ။

သို့သော်လည်း ယောက်ျားသားတွေလည်း စည်းလုံးမှုမရှိကြဘဲ လုယန်လို သစ္စာဖောက်တစ်ယောက်ပေါ်လာသည့်အခါ ကျန်းချန်ပေ့မှာ သူ့မျက်နှာကို ထိန်းသိမ်းဖို့ အတော်လေး ရုန်းကန်နေခဲ့ရလေ၏။

သူက သူ့မိန်းမဟာ အကျင့်ကောင်းလွန်းသူလို့ အပြင်တွင် အမြဲလိုလိုပြောဆိုချီးမွမ်းလေ့ရှိတာလေ။ ဒါပေမဲ့ အခုတော့ သူမဟာ အကျင့်သီလမရှိတော့ဘူး။

ဒီတော့ အရှက်ရရမယ့်သူက ဘယ်သူဖြစ်မလဲ? အဲလူက သူမ မဟုတ်ဘူးလေ၊ ကျန်းချန်ပေ့ဆိုတဲ့ သူကိုယ်တိုင်ပဲပေါ့။

မိန်းမတွေရဲ့ နှိုင်းယှဥ်လိုစိတ်က တကယ့်ကို မယုံနိုင်စရာပါပဲကွာ။

ကျန်းချန်ပေ့က ဟွမ်ရှင်းရင် ပေးလိုက်တဲ့ ပေါက်ပြားကိုယူကာ မြေတူးရန် ခြံထဲသွားလိုက်သည်။ သူ့မိန်းမက အနာဂတ်တွင် ခြံထဲမှာ ဟင်းသီးဟင်းရွက်နဲ့ ပန်းပင်တွေ စိုက်ပျိုးဖို့၊ ဘေးအိမ်ကခြံဝင်းထက် ပိုကောင်းအောင်လုပ်ဖို့ ညွှန်ကြားထားခဲ့သည်လေ။

ဘုရားရေ သူမက သူ့ကို ဟင်းသီးဟင်းရွက်တွေနှင့် ပန်းပင်တွေကို စိုက်ပျိုးတဲ့ အဘိုးအိုဖြစ်စေချင်နေတာလား?

"လုယန်က ဟင်းသီးဟင်းရွက်တွေ၊ ပန်းပင်တွေ မစိုက်ဘူးလေ။ အဲဒါ ငါက ဘာလို့ ခြံစိုက်ရမှာလဲ?"

ဟွမ်ရှင်းရင် ပေါ့ပေါ့ပါးပါးနဲ့ ပြောလာခဲ့သည်။

"ဒါဆို ရှင် အ၀တ်လျှော်၊ ထမင်းချက်၊ အိမ်သန့်ရှင်းရေးလုပ်၊ ကလေးကို ဂရုစိုက်ပေးပြီးတော့ သင်ခန်းစာတွေပြင်ဆင်ပေးလေ"

ကျန်းချန်ပေ့: ""…"

"ရှင့်ကို လူတွေ ရယ်မောမှာကို ကြောက်မနေနဲ့၊ ရှင့်ရဲ့စိတ်ကူးတွေကို အကောင်အထည်ဖော်ချင်လို့ဆိုပြီး ပြောလိုက်ရုံပါပဲ"

"ငါတို့မိသားစုက ဟင်းသီးဟင်းရွက်တွေ စိုက်စရာမလိုပါဘူးကွာ၊ ငါတို့ မလို..."

"မရဘူး"

မိန်းမတွေရဲ့ နှိုင်းယှဥ်တတ်တဲ့ နှလုံးသားတွေဟာ တကယ့်ကို ဆိုးရွားလှသည်ပင်။

ကျန်းချန်ပေ့ မြေဆွနေတဲ့အချိန်တွင် တစ်နေရာရာမှ မှိုခေါင်းသေးသေးလေး ပေါ်လာခဲ့သည်။ ထိုသူမှာ သူ့သူငယ်ချင်း နိုင်ငံရေးအရာရှိရဲ့ ပျင်းရိသောဇနီးသည်ဖြစ်သူ လီချင့်ဟွားပင်။ လီချင့်ဟွားက သူ့ကိုကြည့်ကာ ရယ်ကာမောကာဖြင့်

"မစ္စတာကျန်း ရှင်လည်း ဟင်းသီးဟင်းရွက်နဲ့ ပန်းပင်တွေ စိုက်နေတာလား?"

"ဟေး ဘယ်လိုလုပ်ရမလဲ မင်းသိလား?"

ကျန်းချန်ပေ့ သူ့မျက်လုံးတွေကို မှိတ်ထားကာ ဘေးအိမ်ကတစ်ယောက် အမြန်ပြန်လာသင့်ကြောင်း စဥ်းစားနေပါတော့သည်!

All Chapters