← Chapters

အခန်း (၈၉)

Vol. 8 Ch. 89

အခန်း (၈၉)

Vol. 8 Ch. 89

ဟွမ်ရှင်းရင်က လက်ဖက်ရည်ပူပူလေး တစ်ငုံသောက်ပြီးနောက် ရိုးရိုးသားသား ပြောလာလေ၏။

"လောင်ကျန်းရေ ကျွန်မမှားခဲ့တာကို ဝန်ခံရမယ်"

"မင်းဘာဖြစ်နေတာလဲ? ဘေးအိမ်က အဲဒီမိသားစု ပြောင်းလာပြီးကတည်းက မင်း တစ်နေ့မှာ သုံးလေးငါးခါလောက် စိတ်အခြေအနေတွေပြောင်းနေလိုက်တာ"

"အဲဒါတွေကလည်း ရှင့်ကြောင့်ပဲလေ"

"ဟမ် ?"

"လောင်ကျန်းရေ တော်လိုက်တော့၊ ခြံကိစ္စကို စိတ်မပူနဲ့တော့၊ ဆက်မလုပ်နဲ့တော့"

ဟွမ်ရှင်းရင် မကြာသေးမီက သူမလုပ်ခဲ့တဲ့ နောင်တအရဆုံးအရာမှာ လောင်ကျန်းကို ခြံထဲမှာ ဟင်းသီးဟင်းရွက်နဲ့ ပန်းပင်တွေ စိုက်ပျိုးဖို့ သွားခွင့်ပေးလိုက်ခြင်းပင်။

အခုဆို ကောင်းမွန်နေခဲ့တဲ့ ခြံဝင်းဟာ ကျင်းတွေ၊ ချိုင့်တွေချည်းဖြစ်လာရာ ခွေးတစ်ကောင်က ပြေးလွှားထားသလိုမျိုး ရှုပ်ပွနေချေပြီ။ ဟွမ်ရှင်းရင် အိမ်ပြန်လာပြီး ခြံဝင်းကို မြင်လိုက်ရတဲ့အချိန်တိုင်း သူမရဲ့မျက်လုံးတွေ နာကျင်နေခဲ့ရ၏။

မလုပ်တာပဲ ပိုကောင်းပါတယ်လေ။

ဘေးအိမ်က ရှောင်ချာကျင်းရဲ့ ခြံဝင်းဟာ အရမ်းလှပတင့်တယ်နေပြီး သူမရဲ့ ခြံဝင်းကတော့ ဖော်မပြနိုင်လောက်အောင်ပါပဲ။

အဲဒါက... အရင်ကလောက်တောင် ကောင်းမနေတော့ဘူးဟ!

ဟွမ်ရှင်းရင်က ဘာမှမလုပ်တော့ဘဲနေတာဟာ ပိုကောင်းမယ်လို့ တွေးမိသွားကတည်းက ဘာမှထပ်မလုပ်တော့တာပဲ ပိုကောင်းတယ်လေနော်။

သူမတို့ရဲ့ ခြံဝင်းလောက် ဘယ်သူ့ခြံဝင်းက သနားစရာကောင်းနေလို့လဲ?

"မဟုတ်ဘူး! မင်း ဘာမှမလုပ်နဲ့တော့ဆိုတာ ဘာကိုဆိုလိုတာလဲ?"

ယခုဆို ကျမ်းချန်ပေ့ဟာ ရည်မှန်းချက်တစ်ခု ချမှတ်ပြီးဖြစ်၏။ သူက ခြံထဲမှာ ပန်းပင်တွေ စိုက်ချင်တာလေ၊ နောက်ဆုံးမှာတော့ အခုမှစလုပ်ရုံရှိသေးတာကို၊ မိန်းမက မလုပ်နဲ့တော့လို့ လာပြောနေတယ်။

"မလုပ်ရဘူး၊ ရှင် မလုပ်နိုင်ဘူး"

"'မလုပ်နိုင်ဘူး' ကနေ 'လုပ်တတ်တယ်'လို့ ပြောင်းသွားမှာပေါ့ကွာ ဟုတ်ပြီလား? ငါ့ကိုလာပြီး တိုက်ခိုက်မနေနဲ့တော့၊ ဒီမှာ ငါ စိတ်အားထက်သန်နေတာကို လာမနှောင့်ယှက်ပါနဲ့ကွာ"

"ငါ မင်းကို ပြောထားတယ်လေ၊ ငါက ပန်းပင်တွေစိုက်ချင်ရုံတင်မကဘူး၊ ဟင်းသီးဟင်းရွက်တွေလည်းစိုက်ချင်တယ်ဆိုတာ"

"ငါ စိုက်ပြီးသွားရင် ရှောင်လုဆီ သွားကြွားဦးမှာ"

ဟွမ်ရှင်းရင်: "…"

***

လုကျုံးရီနှင့် ကျန်းဖျင်တို့က တောင်ဘက်သို့ ခရီးထွက်လာခဲ့ကြသည်။ လူအိုကြီးစုံတွဲဟာ နှစ်ဦးတည်းလာတာမဟုတ်ဘဲ ဆွေမျိုးဆီသွားလည်ကြမယ့် ဘေးအိမ်က လောင်ဝမ်တို့စုံတွဲနှင့် အတူတူလာခဲ့ကြသည်ပင်။

ယင်းသည်လည်း မမျှော်လင့်ထားတဲ့ အခွင့်အလမ်းတစ်ခုကြောင့်ပဲဖြစ်၏။ သူတို့အိပ်ဆောင်မှာ စစ်အကယ်ဒမီဘေးမှာ ရှိနေသောကြောင့် သင်္ဘောတစ်စီးဟာ တောင်ဘက်သို့သွားမည့်အကြောင်း သူတို့ကြားလိုက်ရ၍ လိုက်ခဲ့ခြင်းဖြစ်လေ၏။

မိတ်ဟောင်းဆွေဟောင်းတွေဟာ တောင်ဘက်သို့ အတူတူခရီးထွက်ခဲ့ကြပြီး သင်္ဘောပေါ်မှာ အတိတ်အကြောင်း ပြန်ပြောနေခဲ့ကြလေသည်။

သူတို့အားလုံးဟာ အခေါင်းထဲသို့ ခြေတစ်ဝက်လှမ်းနေသူများဖြစ်နေခဲ့ကြပြီ။ အတိတ်အကြောင်းတွေကို ပြန်ပြောကြတဲ့အပြင် သူတို့ရဲ့ သားသမီးတွေ၊ မြေးတွေအကြောင်းလည်း ပြောဖြစ်ကြလေ၏။

လုကျုံးရီမှာ အရင်တုန်းကတော့ လောင်ဝမ်ဆီက လှောင်ပြောင်သရော်ခြင်းခံခဲ့ရဖူးကာ အလယ်တွင် မတော်တဆမှုတစ်ခုဖြစ်ခဲ့ပေမဲ့ သူ့သားငယ် လုယန်က သူ့မျက်နှာကို ပြန်အဖတ်ဆယ်ပေးခဲ့၏။

နောက်ဆုံးတွင်မူ ရဲဘော်လုကျုံးရီသည် အသက်၂၅နှစ်အရွယ်မှာ အောင်အောင်မြင်မြင် အိမ်ထောင်ကျသွားခဲ့တဲ့ သားတစ်ယောက်ရှိလာခဲ့ပြီဖြစ်သည်။

— သူက လုမိသားစုရဲ့ နောက်ကျမှအိမ်ထောင်ပြုနိုင်တဲ့ ဘိုးဘေးအစဥ်အလာကျိန်စာကို ပြောင်းလဲပေးလိုက်တာပဲ။

ယင်းမှာ သူ့ကို မျက်နှာရစေသော်လည်း လုယန်လက်ထပ်လိုက်တဲ့ မိန်းကလေးမှာ ဒေါသကြီးတဲ့မိန်းကလေးဖြစ်နေတော့... ဒါပေမဲ့လည်း ဒုက္ခခံရမယ့်သူက သူ့သားပဲလေ၊ သူနဲ့ ဘာဆိုင်တာမှတ်လို့။

နောက်ဆုံးတွင်မူ သူက ပြောစရာခေါင်းစဥ်တစ်ခု ရလာခဲ့ပြီ -

"ဒါက ငါ့သားနဲ့ ချွေးမလေးတို့ရဲ့ ဓာတ်ပုံလေ"

"ငါ့ချွေးမလေးက လှတယ်မဟုတ်လား? လောင်ဝမ်ရေ မင်းရဲ့ချွေးမက ငါ့ချွေးမလောက် မလှဘူးပဲ ဟားဟား ငါ့သားအငယ်ဆုံးက အမြင်ကောင်းရှိတာပဲကွာ... ဟားဟားဟား..."

"ငါ့သားက ဒီလောက်ချောမောလှပတဲ့ မိန်းကလေးနဲ့ လက်ထပ်လိုက်လိမ့်မယ်လို့ မထင်ခဲ့ဘူးကွာ"

လှေပေါ်၌ လုကျုံးရီက ဂုဏ်ယူစွာ ပြောနေခဲ့၏။ သူ့ချွေးမလေးဟာ ဒေါသကြီးလွန်းတယ်ဆိုတဲ့ မကောင်းကွက်သာမရှိခဲ့ရင် ရုပ်ရည်ကတော့ ပထမတန်းစားပဲ။ ဆိုတော့ သူ့သားရဲ့ အမြင်က တကယ်ပဲ ကောင်းပါတယ်လေ။

သူတို့ရဲ့ လုမိသားစုမှာလည်း ချောမောလှပတဲ့ အမျိုးသမီးလေးတစ်ယောက်ရှိလာချေပြီ။

ဒါက သူ့ကို ဂုဏ်တက်စေတယ်ကွ!

"ငါ မင်းကို မနာလိုမဖြစ်တော့ဘူးကွာ၊ လောင်ဝမ်ရေ ငါ့ချွေးမလေးက အရမ်းလှတာဆိုတော့ သူမဆီမှာ သမီးလေးရှိလာခဲ့ရင် ငါ့မြေးမလေးကလည်း သေချာပေါက်ကို လှပနေမှာပဲ..."

ကျန်းဖျင်က ခင်ပွန်းဖြစ်သူရဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေကို တိတ်တဆိတ် နားထောင်ခဲ့လျက်။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ မကြာသေးမီက ပင်လယ်လေပြင်း တိုက်ခတ်သွားခြင်းကြောင့် ဒီလူဟာ *လေမှုတ်ထုတ်နိုင်လေရဲ့။ (*ကြွားဝါလွန်းတယ်)

အကြွားလွန်ပြီး အကျနာမှာကို မကြောက်ဘူးလားမသိပါဘူး...

ဘေးအိမ်က လောင်ဝမ်ဟာ မျက်နှာထားတင်းတင်းကြီးနဲ့ နားထောင်နေခဲ့သည်။

"လောင်လုရေ အဲဒါတွေမပြောနဲ့တော့၊ မင်းရဲ့ သားရှောင်ယန် လက်ထပ်လိုက်တဲ့ မိန်းကလေးက ဘယ်လိုမျိုးလဲဆိုတာကို ငါမသိထားလို့လားကွာ?"

သူမက လှတာအပြင် တခြားပြောစရာရှိသေးလို့လား?

သနားစရာပဲ... တကယ်သနားစရာပါပဲကွာ...

လောင်ဝမ်ဟာ သူ့သူငယ်ချင်းဆီမှာ ရလာနိုင်တဲ့ လှတပတမြေးမလေးအတွက် လုံးဝချဥ်စူးမနေသလို လုံးဝအားကျနေခြင်းမရှိပါချေ။

ပထမဆုံးအနေနဲ့ လင်မယားနှစ်ယောက်ဟာ မြေးမလေးတစ်ယောက်မွေးရလောက်အောင် သဟဇာတဖြစ်နေရမှာလေ။

"အရင်ဦးဆုံး ငါ့သားအိမ်ကို သွားကြတာပေါ့၊ ငါ့သားအငယ်ဆုံးလေးနဲ့ ချွေးမလေးတို့က လမ်းကြောင်းမှန်ပေါ်ရောက်နေကြပြီလေကွာ"

(T/N: လောင်ဝမ်က သူ့သားရဲ့ အိမ်ထောင်ရေးက အေးချမ်းနေတယ်လို့ပြောတာပါ၊ သူတို့က လုယန်တို့စုံတွဲကို ရန်တွေဖြစ်၊ အဆင်မပြေဘူးလို့ ထင်နေကြတာပါ)

သူတို့အဖွဲ့ ဆွေမျိုးများထံ သွားရောက်လည်ပတ်ရန် တောင်ဘက်သို့ ခရီးထွက်လာကတည်းက လောင်ဝမ်ရဲ့ သားအိမ်သို့ ဦးစွာသွားရပေမည်။

လုကျုံးရီ အလွန်မဆင်မခြင်ကြွားဝါနေရတဲ့ အကြောင်းရင်းသည်ကား သူ့သားအငယ်ဆုံးဟာ တောင်ဘက်အစွန်းဆုံးမှာ ရှိနေတာဖြစ်၍ လောင်ဝမ်တို့ကို လမ်းတစ်ဝက်မှာ ခါထုတ်ပစ်ခဲ့လို့ရသောကြောင့်သာ။ သူတို့ရဲ့ ချွေးမလေးက ဘယ်လိုလူမျိုးလဲဆိုတာ သူတို့ကိုယ်တိုင်လည်း မမြင်ဖူးသေးဘူးလေ။

လောင်ဟယ်ရဲ့ ပါးစပ်ထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာလေ၏။ သူတို့ရဲ့ ငြင်းခုံသံတွေကို နားထောင်နေရင်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပွဲကြည့်နေလေသည်။

သူက ပွဲကြည့်ဖို့လာရုံသက်သက်ပါပဲ။

လောင်ဝမ်၊ လောင်လုနှင့် သူတို့အဖွဲ့ဟာ လောင်ဝမ်ရဲ့ သားအိမ်သို့ ဦးစွာရောက်ရှိခဲ့သည်။ တိုက်ဆိုင်မှုပဲလားတော့မသိပါချေ။ သူတို့ရောက်ရောက်ချင်းမှာပဲ လောင်ဝမ်ရဲ့ သားအငယ်ဆုံးနှင့် သူ့ချွေးမအငယ်ဆုံးတို့က ရန်ဖြစ်နေခဲ့ကြကာ နောက်ဆုံးတွင်မူ သူတို့ကို စည်းရုံးနိုင်သွားခဲ့သည်။

ရဲဘော်လုကျုံးရီက အခွင့်အရေးယူကာဖြင့် စနောက်လေ၏။

"လောင်ဝမ်ရေ မင်းရဲ့သားနဲ့ ချွေးမလေးတို့က အတော်လေးကို သဟဇာတရှိကြတာပဲကွာ"

လောင်ဝမ်လည်း ဂုဏ်သိက္ခာအတွက် သူ့ကိုယ်သူ အတတ်နိုင်ဆုံးကြိုးစားကာ

"ဒီတခေါက်က မတော်တဆဖြစ်သွားတာပဲ၊ ငါ့သားနဲ့ချွေးမက ပုံမှန်ဆို အရမ်းချစ်နေကြတာပဲ။ ဟုတ်တယ်၊ သူတို့နှစ်ယောက်က အရမ်းကိုသဟဇာတရှိကြပြီးတော့ ရန်ဖြစ်ခဲပါတယ်ကွာ၊ သူတို့အိမ် ဘယ်လောက်သန့်ရှင်းသပ်ရပ်နေလဲ ကြည့်လိုက်"

"လောင်လုရေ မင်းရဲ့သားနဲ့ ချွေးမတို့ကရော ရန်မဖြစ်ဘူးလို့ မင်းထင်နေလား? မင်းလုယန်ရဲ့ ဒေါသကြီးပုံမျိုးနဲ့ဆိုရင်တော့... မင်းအသိစိတ်ပေါ်အခြေခံပြီး ပြောနိုင်သလားဟေ?"

မည်သို့ပင်ဆိုစေကာမူ လုကျုံးရီဟာ ဒီလူက သူတို့နောက်ကို လိုက်လာမှာမဟုတ်တော့ဘူးလို့ တွေးထင်ထားရာ မော်ကြွားစွာဖြင့် ပြောလာလေ၏။

"ဘယ်သူပြောတာလဲကွ? မင်းကျတော့ မင်းရဲ့သားနဲ့ ချွေးမက ဆက်ဆံရေးကောင်းတယ်လို့ ပြောတယ်ပေါ့၊ ငါ့သားလည်း သူ့မိန်းမနဲ့ ဆက်ဆံရေးကောင်းတယ်လို့ ငါပြောခဲ့တယ်လေ။ ငါ့သားဆို သူ့မိန်းမကို ကူညီပြီးတော့ မြေပေါက်ပေး၊ ဟင်းသီးဟင်းရွက်နဲ့ ပန်းပင်တွေ အတူတူစိုက်ပျိုးကြတာလေ"

လောင်ဝမ်: "…"

ရဲဘော်ဟောင်းလုရေ... မင်း နည်းနည်းချဲ့ကားလွန်းနေတာလားကွာ။

လုယန်က မြေပေါက်ပေးပြီး ပန်းတွေစိုက်တယ်ပေါ့လေ?

"နှုတ်ဆက်ပါတယ်ကွာ လောင်ဝမ်ရေ၊ နောက်မှ ကျောင်းသောင်မှာ တွေ့ကြတာပေါ့"

ရဲဘော်လုကျုံးရီဟာ ရှိုးကောင်းကောင်းကို ကြည့်ပြီးနောက် ကျေနပ်အားရစွာ ပြောလိုက်လေ၏။

"အာ... မဟုတ်ပါဘူး၊ ဘာလို့နောက်မှတွေ့ရမှာလဲ သူငယ်ချင်းရာ။ ငါတို့အတူတူ တောင်ဘက်ကို သွားလည်ကြတာပေါ့ကွာ။ ငါ ချုံကျိုးကျွန်းကို မရောက်ဖူးသေးလို့ လျှောက်လည်ဖို့အတွက် လျှောက်ခဲ့ပြီးသား"

လုကျုံးရီ: "အို... မင်းလိုက်ချင်တာလား? မင်းရဲ့ သားနဲ့ ချွေးမတို့နဲ့ မနေတော့ဘူးလား? မင်း သူတို့ဆီ လာလည်ဖို့ ဒီကိုလာတယ်ဆိုတာ မေ့သွားတာလားကွာ?"

လောင်ဝမ်နဲ့ သူ့ဇနီးက သူတို့နဲ့လိုက်ချင်နေကြတဲ့အခါ လုကျုံးရီလည်း ထိတ်လန့်သွားရကာ ကျန်းဖျင်အား အကူအညီတောင်းဟန် ကူကယ်ရာမဲ့နေတဲ့ အကြည့်တို့ဖြင့် ကြည့်လိုက်လေသည်။

All Chapters