အခန်း (၉၂)
Vol. 8 Ch. 92
ချင်းရို့က ရုတ်တရက်ကြီး သူမရဲ့ ခြံထဲမှာ အရပ်ရှည်ရှည်နဲ့ ထူးဆန်းတဲ့ အဘိုးအိုတွေကို တွေ့လိုက်ရသည့်အပြင် သူတို့ထဲမှ တစ်ဦးဟာ သူမရဲ့ ယောက္ခမကြီး လုယန်ရဲ့အဖေဖြစ်နေတာကို မပြောပါနဲ့ဦးလေ။
ချင်းရို့ ထိတ်လန့်သွားရလျက်။ ချင်းရို့လည်း လုယန်ရဲ့ မိဘတွေကို ဓာတ်ပုံထဲကနေ မြင်ဖူးထားပေသည်။
သူမက ဘဲတစ်ကောင်ကို သယ်လာချိန်မှာ သူတို့ကို တွေ့လိုက်ရလေသည်။ ချင်းရို့ရဲ့ မျက်နှာမှာ နီရဲသွားရကာ ဘာလုပ်ရမှန်း မသိတော့ပေ။ ကံကောင်းထောက်မစွာဖြင့် လုယန်က အပြင်က အသံတွေကို ကြား၍ အိမ်ထဲက ထွက်လာခဲ့လေ၏။
သူက တောက်ပစွာ ပြုံးလိုက်ရင်း "ဇနီးလေး ပြန်လာပြီ"
ချင်းရို့ အမြန်လျှောက်လာကာ သူ့လက်ထဲသို့ ဘဲကို ထိုးထည့်လိုက်ရင်း သူမကိုယ်သူမ ကျင်းထဲ ဝင်ပုန်းချင်သွားရ၏။
ဒါ ဘယ်လိုအခြေအနေကြီးလဲ? လုယန်ရဲ့မိဘတွေက ဒီကို ဘယ်လိုရောက်နေတာတုန်းဟ? ဘယ်သူကမှ သူမကို ဘာလို့ကြိုအသိမပေးကြတာလဲဟင်?
ကျန်းဖျင်နှင့် လောင်ဝမ်ရဲ့ မိန်းမကလည်း ထွက်လာခဲ့ကြ၏။ သူမရဲ့ချွေးမလေး ပြန်လာတာကို တွေ့လိုက်ရတော့ ကျန်းဖျင်ရဲ့ မျက်လုံးတွေ တောက်ပလာခဲ့သည်။
တကယ်ပါပဲ သူမက အလှလေးပဲဟေ့။ သူမ အိမ်ကို လမ်းလျှောက်ပြန်လာခါစဖြစ်လို့ ချွေးနည်းနည်းထွက်နေတာပဲဖြစ်မယ်။ ပြီးတော့ သူမရဲ့ မျက်နှာပေါ်က နည်းနည်းရှက်ရွံ့နေသလိုပဲ။
- သူ့သားရဲ့ မျက်လုံးတွေက တကယ်ပဲကောင်းလိုက်တာကွယ်။
"ဒါက မင်းရဲ့ ယောက္ခမနဲ့ ကျန်းအားရီပဲ"
ချင်းရို့လည်း သူ့အနောက်ကနေ သူတို့အား ယောက္ခမနှင့် အားရီလို့ ခေါ်လိုက်လေသည်။ သူမ တံတွေးမျိုချလိုက်ရင်း ကျန်းဖျင်ဆီသို့ တစ်ချက်လှမ်းကြည့်လိုက်ရာ သူမရဲ့ယောက္ခမမှာ ခြေတံရှည်ရှည်တွေရှိမှန်း သတိထားမိလိုက်၏။
သူမယောက္ခမဘေးနားက ကျန်းအားရီသည်လည်း လျှော့တွက်လို့မရပါချေ၊ သူမရဲ့အရပ်က ၁.၇၂မီတာကျော် ရှိနေလေရဲ့။
(Note: ၁.၇၂မီတာ = ၅ပေ ၆လက်မ)
ချင်းရို့: "…"
ချင်းရို့က သူမရဲ့ အရပ်ကို တစ်စင်တီမီတာ ထပ်ပေါင်းထည့်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ရာ သူမက ၁.၆၅မီတာရှိလေပြီ။
(Note: ၁.၆၅မီတာ = ၅ပေ ၄လက်မ)
"ဝင်လာလေ လာထိုင်၊ လောင်လုရေ ရှင့်ရဲ့ချွေးမလေး ပြန်လာပြီကွယ်"
လုယန်ရဲ့ မိဘတွေက ချင်းရို့ဆီမှာ အမြွှာကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရတဲ့အခါ ကျန်းဖျင်က သူမရဲ့ ချွေးမလေးကို ခေါ်ကာ နွေးနွေးထွေးထွေး စကားပြောဆိုနေခဲ့သည်။ သူမရဲ့ ချွေးမလေးက ငရုတ်သီးလေးဖြစ်ကြောင်း သူမ ကြားသိထားရသော်ငြား သူမအား ထိတ်လန့်စေမှာကို စိုးရွံ့သဖြင့် သူမရဲ့ အသံကို အတတ်နိုင်ဆုံး ညင်သာလိုက်၏။
"လုယန်က မင်းအပေါ် ကောင်းရဲ့လား?"
"သူ မင်းကို အနိုင်ကျင့်သေးလား? သူ ငယ်ငယ်တုန်းက အရမ်းဆိုးသွမ်းခဲ့တာလေ..."
"မင်းတို့ ဒီမှာ အဆင်ပြေကြလား?"
"အဆင်ပြေပါတယ်၊ လုယန်က အရမ်းကောင်းပါတယ်..."
ချင်းရို့ သူမရဲ့ ယောက္ခမနှင့် စကားစမြည်ပြောပြီးနောက် နောက်ဆုံးတွင် စိတ်အေးလက်အေးဖြစ်လာကာ ယခင်ကလောက် စိတ်မလှုပ်ရှားတော့ပါချေ။
စကားစမြည်ပြောနေရင်း တွေ့ရှိခဲ့ရသည်မှာ -- ငါ့ယောက္ခမနဲ့ ငါက အသင့်တော်ဆုံးအရပ်အမောင်းရှိတဲ့ စုံတွဲတွေ ဖြစ်နိုင်မလားနော်။
လုယန်နှင့် နှိုင်းယှဉ်ပါက သူမနှင့် သူမရဲ့ ယောက္ခမတို့ရဲ့ အရပ်အမောင်း ကွာခြားချက်ဟာ နမ်းဖို့အတွက် ပိုအဆင်ပြေတာပဲလေ။
သူမရဲ့ ယောက္ခမကြီး လုကျုံးရီကတော့ အလွန်လေးနက်ပုံရကာ ပျင်းစရာကောင်းပြီး စကားများများမပြောတတ်ကြောင်း တွေ့ရှိခဲ့ရသည်။
သူမယောက္ခမနှစ်ယောက်စလုံးက ပေါင်းသင်းဆက်ဆံရတာ အတော်လေးလွယ်ကူလှပေ၏။ ဦးလေးဝမ်နှင့် ဦးလေးဟယ်တို့က ချင်းရို့နားမလည်နိုင်တဲ့ ဒေသိယစကားတွေနဲ့ တီးတိုးပြောဆိုနေကြသည်။
သို့သော်လည်း သူတို့အားလုံးက ပေါင်းသင်းဆက်ဆံဖို့ရာ လွယ်ကူပုံရလေသည်။
အိမ်တွင် ဧည့်သည်အများကြီးရှိသဖြင့် ညစာအတွက် အရသာရှိတဲ့စားပွဲကြီးကြီး ပြင်ဆင်ရမည်မှာ သဘာဝပင်။ ချင်းရို့၊ လုယန်နှင့် ကျန်းဖျင်တို့က မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေကြလျက်။
ကျန်းဖျင် : "မင်းအဖေက မင်းလုပ်ထားတဲ့ ဘန်းမုန့်ပေါင်းကြီးတွေကို စားချင်တယ်လို့ ပြောနေတာ"
လုယန်က ပျင်းရိစွာဖြင့် "ကောင်းပါပြီဗျာ"
ချင်းရို့: "..." ဒါဆို မိသားစုထဲက လူတိုင်းက သူမခင်ပွန်းလုပ်ထားတဲ့ ဘန်းမုန့်ပေါင်းကြီးတွေကို သဘောကျကြတာပေါ့လေ?
"ရှောင်ချင်းရေ မင်းက ကိုယ်ဝန်ရှိနေပြီမို့ မီးဖိုချောင်မဝင်နဲ့တော့"
"မဟုတ်ဘူး မဟုတ်ဘူး၊ ကျွန်မက အားလုံးအတွက် ဟင်းချက်ပေးမလို့"
ကျန်းဖျင်က ဒီစကားတွေကို ကြားလိုက်ရတော့ အလွန်ဝမ်းသာသွားကာ
"ကောင်းပါပြီ၊ ဒါဆို ငါ့ချွေးမလေးရဲ့ လက်ရာကို မြည်းကြည့်ရတော့မှာပေါ့"
"မားရေ ကျွန်တော်တို့အတွက် မီးဖိုချောင်ကို ထားခဲ့လို့ရတယ်ဗျာ"
ချင်းရို့: "…"
"ကောင်းပြီ ဒါဆို ငါအပြင်ထွက်တော့မယ်နော်၊ မင်းသေချာလုပ် ရှောင်ချင်းကို မပင်ပန်းစေနဲ့ဦး"
ကျန်းဖျင် ပြောပြီး ထွက်သွားခဲ့သည်။
သူမ ထွက်မသွားခင်မှာ နောက်ပြန်လှည့်ကြည့်လိုက်တော့ သူမရဲ့သားငယ်ဟာ သူ့မိန်းမရဲ့ ပါးပြင်အား နမ်းလိုက်တာကို ဖမ်းမိသွားခဲ့လေသည်။
ကျစ် ကျစ်... သူက သူ့အမေအိုကြီးကို မျက်စိစပါးမွှေးစူးစရာလို့ တကယ်မြင်နေတာပဲ။
အပြင်မှာရှိနေတဲ့ လောင်လုက သူမကို တွေ့တဲ့အခါ မေးလာခဲ့၏။
"မင်းဘာလို့ထွက်လာတာလဲ?"
"သူတို့လင်မယားကို သီးသန့်စကားပြောခွင့်ပေးလိုက်တာလေ"
လောင်ဝမ် : "မင်းတို့က တကယ်ပဲ သားအဖဖြစ်ထိုက်တာပဲကွာ၊ ရှောင်လုက သေချာပေါက်ကို မင်းရဲ့သားပဲကွ"
"မင်း ငယ်ငယ်တုန်းကနဲ့ အတူတူပဲ"
"ဟန်ဆောင်တာ၊ မင်းက ဟန်ဆောင်ကောင်းလွန်းတယ်ကွာ!"
လက်မခံနိုင်စရာပါပဲ... သူ့ရဲ့ချွေးမဖြစ်သူ ရှောင်ချင်းဟာ သူမရဲ့ သဘောထား ပြောင်းလဲသွားသလို သူမရဲ့ အသံဟာလည်း ဒီဂရီအနည်းငယ်လောက် ပျော့ပျောင်းနူးညံ့လာခဲ့ပြီ။ သူ့အဖေကို ဒေါသူပုန်ထအောင်လုပ်တတ်တဲ့ သားဖြစ်သူ လုယန်ဟာ စိတ်ဆတ်သူတစ်ယောက်ပင်။ သို့သော် ယခုဆိုရင်တော့ဖြင့် ဒီကောင်လေးဟာ စိတ်အားထက်သန်ပြီး အလားအလာကောင်းတဲ့ လူငယ်တစ်ယောက်ဖြစ်တယ်လို့ လူတွေက တကယ်ပဲ ထင်သွားပေလိမ့်မည်။
"လောင်လုရေ မင်းလည်း ဟန်ဆောင်နိုင်လွန်းတယ်ကွာ"
လုကျုံးရီ အေးဆေးတည်ငြိမ်စွာ ပြောလာခဲ့၏။
"မင်း အငယ်တွေရှေ့မှာ အကြီးတစ်ယောက်လိုပြုမူလေ"
"မင်းကိုကြည့်စမ်း၊ လူကြီးတွေက ဦးဆောင်ဖို့မသွားခဲ့ရင် မင်းသွားလိုက်တာနဲ့ ရန်ဖြစ်နေလိမ့်မယ်"
"ငါ့သားဆို ဘယ်လောက်ကောင်းလိုက်သလဲ၊ သူ့မိန်းမကို ဘယ်လောက်ချစ်လိုက်သလဲ ကြည့်ကြည့်လိုက်လေ။ သူ့မိသားစုထဲက လူတိုင်းဟာ သူ့ဇနီးလေးကို သူ ချစ်မြတ်နိုးကြတယ်လို့ ပြောနေတာလေ"
ဤစကားတွေကြောင့် လုကျုံးရီ အနည်းငယ် ထုံထိုင်းသွားရလျက်။ သူတို့က သူ့သားနှင့် ချွေးမလေးတို့အကြောင်းကို တခြားမိသားစုဝင်တွေဆီမှာ အခုလေးတင် မေးမြန်းခဲ့ရာ မစ္စစ်ယန်သည် အရာရှိလုက သူ့ဇနီးလေးကို အရမ်းချစ်မြတ်နိုးတယ်လို့ ပြောပြလာခဲ့သည်။
အနှီစုံတွဲက အရမ်းချစ်ကြတာမို့ ရန်ဖြစ်သံလည်း တစ်ခါမှ မကြားဖူးကြောင်း၊ လုယန် ပင်လယ်ထဲသွားပြီး ပြန်လာတဲ့အခါ ဇနီးမောင်နှံဟာ ဆိပ်ကမ်းမှာ အကြာကြီး ပွေ့ဖက်ထားခဲ့ကြောင်း၊ သူ့ဘေးနားရှိ ကပ္ပတိန်က သူတို့ကို ဘယ်လောက်ပဲ စနောက်နေပါစေ မခွဲခွာခဲ့ကြောင်း...
"ရှင်က အရာရှိလုရဲ့အဖေလား? ရှင်တို့မိသားစုထဲမှာ အိမ်ထောင်မပြုရသေးတဲ့ သားတစ်ယောက်ရှိသေးလား?"
လုကျုံးရီ: "…"
လောင်ဝမ်: "…"
"ရဲဘော်လောင်ဝမ်ရေ၊ ငါတို့လုမိသားစုက မင်းကို တကယ်ပဲ ကျေးဇူးတင်ရမှာကွာ။ မဟုတ်ရင် ငါ့သားက သူလိုချင်တဲ့ ဇနီးလေးကို ဘယ်လိုရှာတွေ့နိုင်မှာလဲ?"
ဟားဟား...
ပထမနှစ်ဝက်၌ သူက သူ့သားကို လက်တွဲဖော်ရှာဖို့ တိုက်တွန်းနေခဲ့ရ၏။ ထို့နောက် သူ့သားက သူသဘောကျတဲ့ မိန်းကလေးကို ရှာတွေ့သွားခဲ့ပြီး လက်ထပ်လိုက်လေသည်။
တစ်ယောက်က ချောမောခန့်ညားသလို နောက်တစ်ယောက်ဟာလည်း ချောမောလှပသူပင်။ တစ်ယောက်က အရာရှိဖြစ်ပြီး နောက်တစ်ယောက်ကတော့ ကြေညာသူတစ်ယောက် ဖြစ်လာခဲ့ကာ ယခုဆို သူ့ချွေးမလေးရဲ့ ဗိုက်ထဲမှာ အမြွှာလေးရှိနေခဲ့လေပြီ။
- ဒီလိုလှပတဲ့အရာမျိုး ဘယ်မှာများရှိနိုင်ဦးမှာလဲ?
"နောက်တစ်ခါကျ မင်းနဲ့ လောင်ကျန်းကို ငါ့အိမ်မှာ သောက်ဖို့ ဖိတ်ချင်တယ်ကွာ။ မင်းကို ဧည့်ခံဖို့အတွက် ဝိုင်ကောင်းကောင်း နှစ်ပုလင်း ဖွင့်လိုက်မယ်။ မင်းစောစောက ပြောလိုက်တဲ့ ပုလင်းဆိုရင်ရော ဘယ်လိုလဲ?"
လောင်ဝမ် တကယ်ပဲ မပျော်ရွှင်နိုင်တော့ပေ။
"အဲဒီဝိုင်ပုလင်းကို ရိုက်ပဲခွဲခွဲ၊ ပင်လယ်ထဲပဲ ပစ်ချလိုက်ရင်တောင်မှ ငါသောက်ဖို့အတွက် ဘယ်တော့မှ ဖွင့်မှာမဟုတ်ဘူးလို့ မင်းပဲပြောခဲ့တာမဟုတ်ဘူးလားကွ?"
"ငါ့ဆီမှာ မကြာခင် မြေးနှစ်ယောက်ရတော့မှာလေ၊ လာ လာ၊ ငါနဲ့ အတူတူ လာပျော်ကြပေါ့ကွာ"
လောင်ဝမ်: "ဖာ့ခ်ပဲကွာ"