အခန်း (၉၃)
Vol. 8 Ch. 93
အိမ်သို့ ဧည့်သည်ငါးဦး ရောက်လာသဖြင့် ကျန်းဖျင်နှင့် လောင်ဝမ်မိန်းမတို့က စားပွဲကြီး ချက်ပြုတ်ရန် လာရောက်ကူညီခဲ့ကြ၏။ လုယန်က ဘန်းမုန့်ပေါင်းကြီးတွေ အများအပြားလုပ်ထားခဲ့ကာ ချင်းဖို့ကလည်း အစာသွပ်အတွက် ပြင်ဆင်နေခဲ့သည်။
အပြင်ဘက်မှာတော့ လောင်လု၊ လောင်ဝမ်နှင့် လောင်ဟယ်တို့က ဖက်ထုပ်လုပ်ရန်အတွက် ဖက်ရွက်တွေကို အတူတူပြင်ဆင်နေခဲ့ကြ၏။ ကံကောင်းလို့ပေါ့ သူတို့ဆီမှာ ဒလိမ့်တုံးတွေ အများကြီးရှိနေတော့ သူတို့လက်ထဲမှာ တစ်ယောက်တစ်ခုစီ ရှိနေကြတာ။
နောက်ဆုံးတွင်မူ ချင်းရို့ ပြန်ယူလာတဲ့ဘဲကို ဇီးချဉ်ဘဲသားအဖြစ် ချက်ပြုတ်ခဲ့သည်။ ချင်းရို့မှာ တခြားဝါသနာတွေမရှိပေမယ့် အဖုံးပါအိုးစောက်တွေကို စုဆောင်းရတာ သဘောကျသူပင်။ ပုဇွန်၊ ဆားနယ်ငါးနှင့် ခရမ်းသီးနုပ်နုပ်စင်းဟာ အဖုံးပါအိုးစောက်နှင့် ထည့်လိုက်တဲ့အခါ အထူးတလည် လှပသွားလေ၏။
ဆူပူပူဖြင့် ကြော်ထားသော ကြက်သွန်မြိတ်နှင့် ပြည်ကြီးမျှော့၊ ငါးပေါင်း၊ သပွတ်သီးနှင့် ကင်းမွန်မွှေကြော်၊ ပုဇွန်၊ ကဏန်းပြာနှင့် ကမာပေါင်းတို့ ဖြစ်ကြသည်။
ခြံထဲမှ သပွတ်သီးတွေနှင့် ခရမ်းသီးတွေကို လတ်လတ်ဆတ်ဆတ် ခူးဆွတ်ထားခဲ့၏။ ချင်းရို့ရဲ့ ခြံထဲတွင် လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်တွေနှင့် အသီးအနှံတွေ အများကြီး ကျန်ပါသေးသည်။ သူမက ကညွတ်နှင့် ဆလတ်နည်းနည်း ဆွတ်လိုက်ပြီး ကမာဆော့စ်နှင့် မွှေကြော်လိုက်၏။ ထို့နောက် ပုဇွန်လုံးဟင်းချို ချက်လိုက်သည်။
ကျန်းဖျင် အသားကင်နေခဲ့သဖြင့် ချင်းရို့က အဲဒီအနံ့လေးဟာ အရမ်းအရသာရှိပုံပေါ်တယ်လို့ တွေးနေမိလျက်။ ကျန်းဖျင်က သူမကို တစ်ခု မြည်းကြည့်ခိုင်းလေသည်။
အဲဒါက ပန်ကိတ်နှင့် ဆင်တူသော်လည်း အပြင်ဘက်တွင် ကြွပ်ရွပြီး မွှေးပျံ့နေလေ၏။ ၄င်းကို နှမ်းဖြူနဲ့ နှစ်ပြီး စားလိုက်ပါက ကြွပ်ကြွပ်ရွရွအသားတွေကြောင့် ဝါးလိုက်တဲ့အခါ အရသာမှာ အထူးကောင်းမွန်လှသည်။ အသားကို တစ်ဝက်လှီးဖြတ်လိုက်ရင်လည်း အတွင်းထဲမှာ နူးညံ့ကာ အရည်ရွှဲနေပြီး မွှေးပျံ့နေဆဲပင်။
ချင်းရို့ နှစ်ကိုက်စားကြည့်ပြီးနောက် အရမ်းကြိုက်သွားသဖြင့် သူမ အပြုံးလေးနှင့် လုယန်ကို ခွံ့ကျွေးလိုက်၏။ လုယန်က စားနေရင်းနှင့် သူမကို တိတ်တဆိတ် နမ်းလိုက်လေသည်။
အိမ်မှာ ဧည့်သည်တွေရှိနေတော့ သူက သူ့ဇနီးလေးကို လွတ်လွတ်လပ်လပ် နမ်းလို့မရဘူးလေ။
သူ့ဇနီးလေးက ကိုယ်ဝန်ဆောင်ထားရ၍ အများကြီးလျှော့ထားရတာ၊ ယခုဆို အနမ်းတွေတောင် ခိုးပေးနေကြချေပြီ။
"မနမ်းနဲ့တော့လေ၊ ရှင့်ပါးစပ်မှာ ဆီတွေနဲ့ကို"
ချင်းရို့ အပြုံးလေးနှင့် သူ့ရဲ့ မျက်နှာချောချောလေးကို တွန်းဖယ်လိုက်ပြီးနောက် သူ့ခေါင်းကို ငုံ့ပေးဖို့ အမူအရာပြကာ သူ့နှုတ်ခမ်းကို ခြေဖျားထောက်နမ်းလိုက်၏။
လုယန်က အနမ်းတွေကို နက်ရှိုင်းလာသည့်အခါ ချင်းရို့က သူ့ဦးဆောင်မှုနောက်ကို မလိုက်ဝံ့ပါချေ။ သူက အကြာကြီး နမ်းနေခဲ့တာကြောင့် သူမလည်း သူ့ကို အလျင်စလို တွန်းထုတ်လိုက်ရ၏။
ချင်းရို့ သူ့ကို တွန်းထုတ်ပြီးနောက် အနည်းငယ် အပြစ်ရှိသလို ခံစားလာရသည်မို့ အသားကို ယူကိုက်လိုက်ပြီး တစ်ပိုင်းဖဲ့၍ လုယန် ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
လုယန်က သူမအား ပြုံးကြည့်နေကာ လက်မြှောက်၍ သူမမျက်နှာပေါ်က နှမ်းစေ့လေးကို သူ့လက်မနဲ့ သုတ်ပေးလိုက်သည်။ လုယန်က သူ့ဇနီးလေးကို ထပ်နမ်းချင်သော်လည်း သူ့ခေါင်းလှည့်လိုက်သည်နှင့် ပုံရိပ်တစ်ခုကို ဖမ်းမိသွားလေ၏။
ချင်းရို့ကတော့ ဘာမှသတိမထားမိသေး။ လုယန် သူမကို လွှတ်ပေးလိုက်ကာ ကျန်းဖျင်အရှေ့သို့ လျှောက်ထွက်လာခဲ့သည်။
လုယန်: "... မားက စစ်ဆရာဝန်ဟောင်းတစ်ယောက်ဖြစ်ပြီးတော့ ကင်းထောက်စခန်းကမဟုတ်ဘူးဆိုတာ မေ့သွားတာလား?"
"သားရေ မင်းမား ငယ်ငယ်တုန်းက ကင်းထောက်စခန်းရဲ့ စစ်ဆရာဝန်ဖြစ်ခဲ့တယ်ဆိုတာ မင်းမေ့သွားပြီပဲ"
လုယန်: "…"
ကျန်းဖျင်: "ကျစ် တကယ်ကို စေးကပ်နေလိုက်တာ"
သူမရဲ့ သားလေးနှင့် ချွေးမလေးတို့ ဆက်ဆံရေးဟာ အလွန်ကောင်းမွန်လှ၏။ သူမတို့ရဲ့ သားလေးဟာ နောက်ဆုံးမှာတော့ သူနှစ်သက်တဲ့ မိန်းကလေးနှင့် ဆုံတွေ့ခဲ့ရပြီးဖြစ်၍ မိဘတွေဖြစ်တဲ့ သူတို့နှစ်ဦးလည်း စိတ်ချနိုင်သွားလေပြီ။
လောင်လုရဲ့ ဝိုင်ပုလင်းကို ဘေးအိမ်က လောင်ဝမ်အား ပေးကိုပေးရမယ့်ပုံပဲနော်။
မဟုတ်ရင် သူမတို့က ဒီလောက်ကောင်းတဲ့ ချွေးမလေးကို ဘယ်လိုလုပ်ပြီးရှာတွေ့နိုင်ခဲ့မှာလဲ?
ချင်းရို့က ကျန်းဖျင်ကို အပြင်ဘက်မှာ တွေ့လိုက်ရလေသည်။ ဒီတော့ သူမက တစ်ခုခုမတွေ့လိုက်ပဲ ဘယ်နေမှာလဲနော်?
ချင်းရို့ရဲ့ မျက်နှာလေး နီမြန်းသွားရ၏။ နောက်ပိုင်းမှာ လုယန်က သူမကို ထပ်နမ်းချင်ခဲ့သော်လည်း သူမကတော့ အနမ်းမခံတော့ပေ။
လုယန်: "…"
- ငါ့အိမ်ကိုလာမယ့် ဧည့်သည်တွေကို တကယ်မကြိုဆိုဘူးကွာ။
ကျန်းဖျင်က ချင်းရို့အား ပြုံးလျက် ကြည့်နေ၍ "မားချက်ထားတဲ့ အသားက အရသာရှိတယ် မဟုတ်လား?"
ချင်းရို့ ရှက်ကိုးရှက်ကန်းနှင့် ဒေါသတကြီး ခေါင်းညိတ်လိုက်၏။
လုယန်က သူ့အမေကို စိုက်ကြည့်လိုက်ကာ "ကျွန်တော့်ဇနီးလေးကို အနိုင်မကျင့်ပါနဲ့"
"ကောင်းပါပြီ၊ ကောင်းပါပြီ။ မင်းလူကို ဘယ်လိုကာကွယ်ရမှန်း မင်း တကယ်သိနေပြီပဲ"
"မင်းလက်ထပ်ထားတဲ့ ငရုတ်သီးလေးက တကယ်မစပ်ဘူးပဲ။ မင်းတို့အိမ်တံခါးမှာ စိုက်ထားတဲ့ ငရုတ်သီးလေးတွေနဲ့ တူတယ်ကွယ်။ အဲဒီငရုတ်သီးတွေက ငရုတ်ပွတွေမလား? အဲဒီအဝါရောင်ငရုတ်သီးတွေကို ငါမြင်ဖူးသလိုပဲ၊ မင်းအဖေနဲ့ လောင်ဝမ်တို့ မြည်းစမ်းကြည့်ခိုင်းဖို့ ငါဆွတ်လိုက်မယ်နော်"
"မဟုတ်-"
အဲဒီအဝါရောင်ငရုတ်သီးတွေဟာ ငရုတ်ပွတွေမဟုတ်ပါဘူးလို့ ချင်းရို့ ပြောချင်ခဲ့ပေမယ့် လုယန်က သူမရဲ့ ပါးစပ်ကို တိုက်ရိုက်ပိတ်ပစ်လိုက်၏။
ကျန်းဖျင် ထွက်သွားပြီးနောက် ချင်းရို့က လုယန်အား ကြည့်ကာ "ဘာဖြစ်လို့လဲ?"
လုယန် ရယ်မောလိုက်သည်။
အရင်က ဒီငရုတ်သီးကို သူတို့ဇနီးမောင်နှံ မြည်းစမ်းဖူးလေသည်။ ချင်းရို့ကိုယ်တိုင်လည်း သူမစိုက်ထားတဲ့ ငရုတ်သီးအမျိုးအစားကို မသိခဲ့၍ သူမမြည်းကြည့်ပြီးနောက် အချိန်အတန်ကြာ ငိုနေခဲ့ရလေသည်။
ငိုပြီးတဲ့နောက် ချင်းရို့က လုယန်အား ဒီအဝါရောင်ငရုတ်သီးတွေဟာ ချိုတယ်လို့ ပြောပြခဲ့ပြီး လုယန်ကို လှည့်စားခဲ့ပါသေးသည်။
အခုတော့…
"ရှင်အပြင်ထွက်ရင် အရိုက်ခံရလိမ့်မယ်နော်"
အဝါရောင်ငရုတ်သီးဟာ စပ်ပေမယ့် ငရုတ်ဆော့စ်အနေနဲ့သုံးပြီး စွပ်ပြုတ်ချက်ပါက အလွန်အရသာရှိလေ၏။
သူတို့ အပြင်ထွက်လာတဲ့အခါ အပြင်က လူတွေ အထူးသဖြင့် လောင်လုနှင့် လောင်ဝမ်တို့က လှည့်စားခံလိုက်ရချေပြီ။
လောင်လုနှင့် လောင်ဝမ်: "¥%¥%#¥…"
သူတို့အားလုံး အစပ်စားရတာကို မကြိုက်ကြပါချေ။
ဟင်းပွဲအားလုံး အဆင်သင့်ဖြစ်နေခဲ့ပြီ။ ချင်းရို့ကလွဲပြီး သူတို့အားလုံးဟာ လုပြည်နယ်က ဖြစ်ကြ၏။ ဟင်းပွဲအများစုကို ချင်းရို့က ချက်ပြုတ်ထားခဲ့ရာ ကျန်းဖျင်ဟာ သူမချွေးမလေးက အချက်အပြုတ် တကယ်ကျွမ်းကျင်ကြောင်း တွေ့ရှိခဲ့ချေပြီ။
"မြည်းစမ်းကြည့် ငါ့ချွေးမလက်ရာလေး"
လုကျုံးရီက တစ်ချက်ကြည့်လိုက်တာနဲ့ ပုဇွန်အိုးကို သဘောကျသွားခဲ့သည်။ အနံ့လေးက အရမ်းအရသာရှိမယ့်ပုံပဲ။ ပုစွန်နှင့်ဂုံးတွေကို ဆီပူပူနှင့် ကြော်ထားပြီး ဆော့စ်စမ်းထားတာကြောင့် အနည်းငယ်ကြွပ်ကြွပ်ရွရွလေးဖြစ်နေကာ အနံ့လေးမွှေးနေ၏။ ဆော့စ်နှင့်ကြာဇံက အနံ့လေးမွှေးနေသလို နုတ်နုတ်စင်းထားတဲ့ ကြက်သွန်မြိတ်လေးတွေနှင့် ကြက်ဥအနှစ်တွေကို ဖြန်းထားတာကြောင့် အရောင်အသွေးတင်မက အနံ့အရသာနှင့်ပါ ပြည့်စုံနေလေသည်။
သူ့ချွေးမလေးက အချက်အပြုတ် အတော်လေး ကျွမ်းကျင်သူမှန်း သိလိုက်ရပြီဖြစ်၏။ ဟင်းလျာတွေဟာ အရသာရှိသလို အရောင်အဆင်းကလည်း ထူးထူးခြားခြားလှပနေသဖြင့် လူတွေကို သွားရည်ကျစေအောင် နှိုးဆွပေးနေခဲ့သည်ပင်။
တစ်ခုတည်းသောပြဿနာမှာ ဟင်းပွဲက နည်းလွန်းလှသဖြင့် မလောက်ငှပါချေ။
ဒီလူကြီးတွေက အများကြီး စားနိုင်ကြတာပဲနော်!
အမှန်တကယ်တော့ အများဆုံးစားသောက်သူမှာ လုယန်ပင်။
ဒီကောင်လေးက အရမ်းလက်မြန်တာပဲကွာ။