အခန်း (၄၆၆-၄၆၈)
Vol. 32 Ch. 466-468
အခန်း(၄၆၆) တိုက်ခိုက်ခြင်းနှင့် လွတ်မြောက်ခြင်း
ချူးယွင်ဖန်းက မတ်တပ်ရပ်လိုက်သည်။ သူ့လက်ထဲမှ ကျူးချွဲ့သည် ကျော့ရှင်းစွာ လှုပ်ရှားလျက်၊ ကြောက်မက်ဖွယ်မုန်တိုင်းကြီးတစ်ခုကို ဖြစ်ပေါ်လာစေသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် ၎င်းသည် ရှေ့မှလူများကို ခုတ်ပိုင်းလိုက်သည်။
အနီးအနားရှိ စစ်လေပြေဂိုဏ်းသားများသည် ချူးယွင်ဖန်းက ရုတ်တရက်တိုက်ခိုက်လာလိမ့်မည်ဟုမထင်ထားခဲ့ကြသဖြင့်၊ ၎င်းတို့အားလုံး လုံးဝမပြင်ဆင်ထားခဲ့ကြပေ။ တိုးဝင်လာသော တိုက်ခိုက်မှုကို တားဆီးရန် မဖြစ်နိုင်သဖြင့်၊ ၎င်းတို့အားလုံး အသတ်ဖြတ်ခံခဲ့ကြရ၏။ ထို့အပြင်၊ ၎င်းတို့၏ ခွန်အားသည် ချူးယွင်ဖန်းထက် များစွာ နိမ့်ကျလှသဖြင့်၊ ၎င်းတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်သည်မှ ချူးယွင်ဖန်းကို မတားဆီးနိုင်ကြပေ။
စစ်လေပြေဂိုဏ်းသားများကို ချေမှုန်းပြီးနောက်၊ ချူးယွင်ဖန်းသည် ရပ်တန့်နေခြင်းမရှိဘဲ၊ ကန်အနားသို့ လျင်မြန်စွာပြေးသွားသည်။ အကယ်၍ ၎င်းတို့ချည်းသာဖြစ်လျှင်၊ သူ ကြောက်ရွံ့နေလိမ့်မည်မဟုတ်ပေ။ သို့သော် ထိုသူများတွင် စက်လက်နက်များရှိနေသောကြောင့်၊ သူအသတ်ခံလိုက်ရနိုင်သည်။ ဤသည်ကို သူအကြောက်ဆုံးဖြစ်သည်။
လူတစ်ယောက်၏ သိုင်းပညာသည် မည်မျှပင် ကောင်းမွန်နေစေကာမူ၊ စက်လက်နက်များကို ကြောက်ရပေလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ဟာသတစ်ခုမဟုတ်၊ အမှန်တရားသာဖြစ်၏။ လူသားများနှင့်ပတ်သက်၍ ကြောက်မက်ဖွယ်အကောင်းဆုံးမှာ ၎င်းတို့၏ ဉာဏ်ပညာနှင့်၊ နည်းပညာမြင့် လက်နက်များပင်ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုက ထိုသို့သော ကျယ်ပြောကာ၊ အဆုံးမဲ့သည့် နေရာတစ်ခုလုံးကို ထိန်းချုပ်နိုင်ခြင်းမှာ၊ သာမန်လူများအသုံးမပြုနိုင်သည့် စက်လက်နက်များကို ထိန်းချုပ်နိုင်သောကြောင့်ဖြစ်သည်။ ပြည်ထောင်စုအစိုးရကို စိန်ခေါ်ဝံ့သည့်လူတိုင်းသည် အသေပစ်ခံလိုက်ရမည်ဖြစ်သည်။ မရီးဒျန်သန့်စင်ခြင်းအဆင့်ဖြစ်စေ၊ မွေးဖွာခြင်းနယ်မြေအဆင့်ဖြစ်စေ၊ နတ်စွမ်းအင်အဆင့်ကျွမ်းကျင်သူများဖြစ်စေ၊ မည်သူမျှ မျှော်လင့်ချက်ရှိလိမ့်မည်မဟုတ်ပေ။ အစိုးရအတွက်မူ၊ ၎င်းတို့ကို ချေမှုန်းပေလိမ့်မည်သာဖြစ်၏။
လက်ရှိသိုင်းပညာတိုးတက်မှုဖြင့်၊ သိုင်းပညာနှင့် သိပ္ပံပညာသည် ညီတူမျှတူ အရေးပါလှသော်လည်း ၎င်းတို့နှစ်မျိုးတိုးတက်လာခြင်းသည် သိပ္ပံပညာ၏ စွမ်းအားကြောင့်သာဖြစ်သည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးကို ပျိုးထောင်ရန် ဆယ်စုနှစ်များစွာအချိန်ယူရသော်လည်း အဆင့်မြင့်စစ်လက်နက် အမြောက်အမြားထုတ်လုပ်ခြင်းသည်မူ၊ နာရီအနည်းငယ်သာ ကြာမြင့်ပေလိမ့်မည်ဖြစ်သည်။ အရင်းအမြစ်အလုံအလောက်ရှိနေသရွေ့၊ စက်လက်နက်များကို အဆုံးမဲ့ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ဤသည်မှာ ခေတ်မီလူ့အဖွဲ့အစည်း၏ ကြောက်မက်ဖွယ်အကောင်းဆုံးအပိုင်းဖြစ်ပေလိမ့်မည်။
ဘမ်း
ဘမ်း
ဘမ်း
စစ်လေပြေဂိုဏ်းသားများက မည်သို့ဖြစ်ပျက်နေကြောင်းသတိထားမိသောအခါ၊ ၎င်းတို့သည် ချူးယွင်ဖန်းကို ကြမ်းတမ်းစွာပစ်ခတ်လိုက်ကြသည်။ စစ်လေပြေဂိုဏ်းသားများသည် တိုက်ပွဲပေါင်းရာချီ ဖြတ်ကျော်လာခဲ့ကြသဖြင့်၊ ၎င်းတို့၏ ပစ်ချက်များသည်လည်း အလွန်အမင်းတိကျသည်။ သို့သော် ပုံရိပ်ကိုးသွယ်ရွေ့လျားရေးစနစ်နှင့် ပုံရိပ်ကိုးသွယ်ကိုယ်ပွားရွေ့လျားရေးစနစ်ကိုအသုံးပြုနေသော ချူးယွင်ဖန်းကို ထိမှန်ရန်မူ၊ ၎င်းတို့အတွက် အလွန်ခက်ခဲလှ၏။ ကျည်ဆန်များအားလုံးသည် ချူးယွင်ဖန်းကို ဖြတ်ကျော်၍ ပုံရိပ်ယောင်များကိုသာ ထိမှန်သွားကြသည်။
မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများသည် သာမန်လူများအကြားတွင် ကျွမ်းကျင်သူများဟု အပြည့်အဝ ယူဆ၍ရသောကြောင့် ချူးယွင်ဖန်း၏ဗီဇများပေါ်ထွက်လာကာ၊ ကျည်ဆန်များကို အလိုလိုရှောင်ထွက်နိုင်၏။ အချိန်ခဏတာအတွင်း၌ပင်၊ ချူးယွင်ဖန်းသည် ရေကန်၏ အစွန်းသို့ရောက်သွား၏။ ယခုအချိန်တွင် စစ်လေပြေဂိုဏ်းသည် ရေကန်ဘက်သို့လျှောက်လာနေ၏။ နောက်ပြန်ဆုတ်ပါက၊ သူ့တစ်ကိုယ်လုံး လျင်မြန်စွာအပေါက်ဖောက်ခံလိုက်ရမည်ကို စိုးရိမ်နေသည်။
ချူးယွင်ဖန်းသည် သန်မာသောလူတစ်ဦး၏ ခန့်မှန်းနိုင်စွမ်းမျိုးရှိကာ၊ လှုပ်ရှားရေးနည်းစနစ်များနှင့်အတူ ကျည်ဆန်များကို ရှောင်တိမ်းနိုင်သော်လည်း ကြိုတင်လိုအပ်ချက်မှာ၊ သူ ကျည်ဆန်အမြောက်အမြားနှင့်ကြုံ၍မရပေ။ ကျည်ဆန်မိုးသီးများကိုတိုက်ဖျက်ရပါက၊ သူ၏ လှုပ်ရှားရေးနည်းစနစ် မည်မျှပင် ကောင်းမွန်နေစေကာမူ၊ ပုန်းရှော နေရာမရှိသောကြောင့် မိနစ်ပိုင်းအတွင်းတွင် အပိုင်းပိုင်းဖြတ်ခံလိုက်ရမည်ဖြစ်သည်။
ဤအခိုက်အတန့်တွင် လီရို့ဖုန်းက ချူးယွင်ဖန်းသည် သူ့လူများကို တိုက်ခိုက်ခဲ့ကြောင်းမြင်လိုက်ရသဖြင့်၊ ဒေါသတကြီးပြေးထွက်လာကာ၊ ဘေးရှိ ဘဇူကာသေနတ်ကို ဆွဲယူသွားသည်။
ဘဇူကာသည် ကြေးစားအဖွဲ့မှ ၎င်းတို့၏ အဆက်အသွယ်များဆီမှ ရယူနိုင်သည့် စွမ်းအားပြင်းလက်နက်တစ်မျိုးဖြစ်သည်။ စစ်မှန်သော အဆင့်မြင့်လက်နက်များကို ပြည်ထောင်စုတက္ကသိုလ်တွင် အသုံးပြုရန် သိမ်းဆည်းထားသဖြင့်၊ အခြားသော ဂိုဏ်းကြီးများသည် ထိုသို့သော လက်နက်ကြီးများကို ရရှိနိုင်သည်။ သို့မဟုတ်၊ ၎င်းတို့ကိုယ်တိုင်လည်း တီထွင်နိုင်၏။ သို့သော် စစ်လေပြေကဲ့သို့ သေးငယ်သောအဖွဲ့တစ်ဖွဲ့သည်မူ၊ ထိုသို့သော အခွင့်အရေးမျိုးမရှိကြောင်းထင်ရှား၏။ မဟုတ်လျှင် ပြည်ထောင်စုသည် ကာလအတန်ကြာ ပရမ်းပတာဖြစ်သွားပေလိမ့်မည်ဖြစ်သည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ၊ ဘဇူကာထဲမှ ဒုန်းကျည်ထွက်လာရာ၊ ချူးယွင်ဖန်းထံသို့ လျှပ်စီးကြောင်းတစ်ကြောင်းကဲ့သို့ တိုးဝင်လာ၏။
“ချီးတဲ့မှ” ချူးယွင်ဖန်းက စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ယင်းသည် အလွန်နောက်ကျသွားပြီဖြစ်၏။ သူသည် ဒုံးကျည်ကို မခုတ်ပိုင်းနိုင်ပေ။ ဤသည်ကား မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူများသာ လုပ်နိုင်သောအရာဖြစ်သည်။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်း၏ စိတ်ထဲ၌ ကြည်လင်သော စွမ်းအင်စီးကြောင်းတစ်ခု စီးဆင်းလာသည်။ သူ့မျက်လုံးထဲတွင် အရာအားလုံးက နှေးကွေးသွားသည်။ ထို့နောက်၊ သူ့လက်ထဲမှ ကျူးချွဲ့က ပေါ်ထွက်လာ၏။
ပြင်းထန်သော ပေါက်ကွဲသံများ ဆက်တိုက်ပေါ်ထွက်လာပြီးနောက်၊ ရေကန်၏ မျက်နှာပြင်ပေါ်တွင် ပြင်းထန်သော လှိုင်းလုံးများထွက်ပေါ်လာသည်။ ပေတစ်ဒါဇင်ကျော်မြင့်သော လှိုင်းလုံးများးသည် အရာအားလုံးကို ဖုန်းလွှမ်းသွား၏။ လှိုင်းလုံးများ ပြေလျော့သွားသောအခါ၊ ချူးယွင်ဖန်း ပျောက်ကွယ်သွားသည်။ လီရို့ဖုန်းက အနည်းငယ်ခေါင်းညိတ်လိုက်သည်။ သူသည် ရှန်မြောင်မြောင်နောက်သို့လိုက်ရန် ရေကန်မျက်နှာပြင်ကို ဖြတ်၍ ပျံသန်းလာခဲ့သည်။
ခဏအကြာတွင် လီရို့ဖုန်းသည် ရှန်မြောင်မြောင်၏ ရှေ့သို့ရောက်လာကာ တိုက်ပွဲကြီးတစ်ခု စတင်ဖြစ်ပေါ်လာသည်။ ရှန်မြောင်မြောင်သည် စွမ်းအင်သန့်စင်ခြင်းအဆင့်၏အထွဋ်အထိပ်သို့ရောက်ရှိနေပြီဖြစ်ရာ၊ သူမနှင့်အတူ ခေါ်ဆောင်လာခဲ့သော စက်ရုပ်ရုပ်သေးအနည်းငယ်ဖြင့်၊ သူမသည် မရီးဒျန်သန့်စင်ခြင်းအဆင့်နှင့် ညီမျှသော ခွန်အားရှိနေသည်။ ခဏတာအကြာထိ တိုက်ပွဲသည် မသေမချာဖြစ်နေ၏။
ထိုအချိန်တွင် တောင်မြစ်ပန်းချီကားထဲမှ ချူးယွင်ဖန်းသည်မူ၊ အသက်မနည်းရှူ၍ သူ၏ဒဏ်ရာများကို ကုသနေသည်။ သူ့ခန္ဓာပေါ်ရှိ အဝတ်အစားများအားလုံးပြဲကွဲထွက်သွားကာ၊ သူ့ခန္ဓာကိုယ်ပေါ်တွင် အရွယ်မျိုးစုံရှိသော ဒဏ်ရာများရှိနေ၏။
ကံကောင်းထောက်မစွာဖြင့် ချူးယွင်ဖန်းသည် နောက်ဆုံးအခိုက်အတန့်တွင် ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်ကို အသက်သွင်းခဲ့သဖြင့်၊ ဘဇူကာမှဒုံးကျည်ကို ကျူးချွဲ့က ခုတ်ပိုင်းလိုက်နိုင်ခဲ့သည်။ မဟုတ်ပါက၊ သူ့ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်းပြတ်ထွက်သွားမည်မှာ သေချာ၏။
လူသားများ၏ သိုင်းပညာသည် နှစ်များတစ်လျှောက်လျင်မြန်စွာတိုးတက်လာသော်လည်း ၎င်းတို့၏ ကိုယ်ခန္ဓာများသည်မူ အသွေးအသားဖြင့် ဖွဲ့စည်းထားဆဲဖြစ်သည်။ ထို့ကြောင့် အသွေးအသားနှင့် ခန္ဓာကိုယ်များသည် သေနတ်များ၊ အမြောက်များဖြင့် ယှဥ်ပြိုင်ရန်အတွက် ခက်ခဲသည်။ ချူးယွင်ဖန်းသည် ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်ကို ကျင့်ကြံပြီးနောက်၊ အခြားအဆင့်တူ ကျွမ်းကျင်သူများထက် များစွာသန်မာလာခဲ့သည်။ အကယ်၍ ၎င်းသည်သာ အခြားအဆင့်တူ ကျွမ်းကျင်သူများဖြစ်ပါက၊ ၎င်းတို့ ချက်ချင်းတုံ့ပြန်ခဲ့လျှင်ပင်၊ ပေါက်ကွဲမှုကြောင့် သေဆုံးသွားရမည်ဖြစ်သည်။
“ငါသိပ်မသန်မာသေးဘူး။ ငါသာ မွေးဖွားခြင်းနယ်မြေအဆင့်မှာရှိနေရင် အဲ့လိုတိုက်ခိုက်မှုမျိုးက ငါ့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ ငါ့ အကာအကွယ်စွမ်းအင်ဒိုင်းကိုတောင် ချိုးဖျက်နိုင်မှာမဟုတ်ဘူး”
ခေတ်မီနည်းပညာသည် အလွန်ကြောက်မက်ဖွယ်ကောင်းကြောင်း သူသိထားသော်လည်း ဆေးဧကရာဇ်၏ မှတ်ဉာဏ်ထဲတွင် သိုင်းပညာအထွဋ်အထိပ်ရှိ အစွမ်းကို မြင်တွေ့ခဲ့ရသောကြောင့် သူစိတ်ဓာတ်မကျပေ။ ၎င်းသည် အမှန်တကယ်ပင် အထွဋ်အထိပ်ဖြစ်သည်။
ထိုစွမ်းအင်သည် ကောင်းကင်ကို ဖြိုခွဲ၍ မြေကြီးကို ချေမှုန်းပစ်ရန် လုံလောက်သည်။ ဤသည်ကား ချူးယွင်ဖန်းလိုချင်သည့် စွမ်းအားပင်ဖြစ်၏။
လက်ရှိ သူ၏ သိုင်းပညာအဆင့်သည် ချူးယွင်ဖန်းစိတ်ထဲမှ ရှေးဟောင်းလာသားများကာလရှိ အဆင့်အတန်းနှင့် ဝေးကွာနေသေးသည်။ သို့သော် လူသားများသည် နေ့စဥ်နှင့်အမျှ ၎င်းတို့၏ ကန့်သတ်ချက်များကို ချိုးဖောက်နေကြသညဖြစ်ကာ၊ နေ့တိုင်းနေ့တိုင်းတွင် များစွာစွမ်းအားကြီးသော လူများမွေးဖွားလာနေကြသည်။ ထို့ကြောင့် တစ်နေ့တွင် ၎င်းတို့သည် ရှေးဟောင်းလူသားများကာလ၏ ဘုန်းကျက်သရေကို ပြန်လည်ယူဆောင်နိုင်လိမ့်မည်၊ သို့မဟုတ်ပို၍ပင် ဘုန်းတန်းခိုးကြီးလာကြပေလိမ့်မည်ဖြစ်သည်။
သူ့ဒဏ်ရာကို ပြန်လည်ကုသရန် ဖြန်းဆေးများကို အသုံးပြုပြီးနောက်၊ ချူးယွင်ဖန်း၏ ဒဏ်ရာများသည် တဖြည်းဖြည်းချင်းသက်သာလာခဲ့သည်။ သူ၏အတွင်းအင်္ဂါများ ဒဏ်ရာရရှိခဲ့ပြီးနောက်၊ ပုံမှန်ခွန်အား၏ ၈၀ရာခိုင်နှုန်းခန့်ကိုသာ ထုတ်ပြနိုင်တော့သည်ဖြစ်သော်လည်း ၎င်းသည် လုံလောက်၏။
ဤအချိန်တွင် အပြင်ဘက်ရှိတိုက်ပွဲသည် အဖြူရောင်အဆင့်သို့ရောက်ရှိလာသည်။ ဆေးဘုရင်ဂိုဏ်းမှ ရှန်မြောင်မြောင်သည် တိုက်ခိုက်ရန် မကျွမ်းကျင်သော်လည်း သူမကို ကာကွယ်ပေးမည့်ရုပ်သေးများရှိသေးသည်။ သူမသည် လီရို့ဖုန်းကိုတိုက်ခိုက်လျက်၊ ရေကန်၏ အနောက်သို့ဆုတ်ခွာသွား၏။
ကမ်းစပ်တွင်ကျန်ရှိနေသောလူများကို စစ်လေပြေအဖွဲ့က သတ်ဖြတ်ပြီးဖြစ်သည်။ သွေးနံ့သည် ရေမျက်နှာပြင်ထက်သို့ပျံ့နှံ့လာရာ၊ ချူးယွင်ဖန်းသည် ရေကန်နက်ကြီးထဲမှထွက်ပေါ်လာသည့် အနက်ရောင်အရိပ်ကြီးကို မြင်လိုက်ရသည်။
အခန်း(၄၆၇) မွေးဖွားခြင်းနယ်မြေ အထွဋ်အထိပ်အဆင့် မွန်းစတား
ချူးယွင်ဖန်းသည် ဤကြီးမားသော အရိပ်မည်းကြီးမှာ စစ်လေပြေဂိုဏ်း၏ ပစ်မှတ်ဖြစ်ဖွယ်ရှိကြောင်း သိလိုက်ရသည်။ စစ်လေပြေဂိုဏ်းသည် ဤသားရဲကို ဆွဲဆောင်ရန်အတွက် လူများစွာကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
အနက်ရောင်အရိပ်သည် ပို၍ပို၍ ကြီးထွားလာကာ၊ တဖြည်းဖြည်းနှင့် ရေကန်မျက်နှာပြင်ထက်သို့ ပေါ်ထွက်လာ၏။ လရောင်သည် ၎င်း၏ကြီးမားသော ခန္ဓာကိုယ်ကို တောက်ပနေစေ၏။ ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိုပုသောအရာတစ်ခုမဟုတ်ပေ။ ၎င်းသတ္ဝါသည် ပေတစ်ထောင်နီးပါးရှည်လျားသည့် မြွေကြီးဖြစ်ကြောင်း ထင်ရှဦး၏။
“ချီးပဲဟေး” ချူးယွင်ဖန်းက အော်လိုက်သည်။ ထိုသတ္တဝါသည် သာမန်မွန်းစတားများထက် ပေအနည်းငယ်သာ ကြီးမားလှသော်လည်း ထိုကဲ့သို့ကြီးမားလှသော သတ္တဝါကြီး၏ အသွင်အပြင်သည်အ လွန်ကြောက်မက်ဖွယ်ကောင်းကြောင်းသူသိသည်။
ထိုသတ္တဝါကြီးသည် အလွန်ကြီးမားလှသော မြွေကြီးတစ်ကောင်ဖြစ်သည်။ ၎င်းခန္ဓာကိုယ်ကို အစိမ်းရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားကာ၊ လ၏အလင်းရောင်အောက်တွင် တောက်ပနေ၏။ ထိုသတ္တဝါကြီး၏ မြွေမျက်လုံးများသည်လည်း အလွန်ကြောက်မက်ဖွယ်ကောင်းလှ၏။
အရေးအကြီးဆုံးမှာ မြွေ၏ ဦးခေါင်းထိပ်မှ ဦးချိုများနှင့် ခန္ဓာကိုယ်ထက်ရှိလက်သည်းငယ်များဖြစ်သည်။
“ဒီမြွေက ရေနဂါးအဖြစ်ပြောင်းလဲတော့မယ်”
ချူးယွင်ဖန်းသည် အဖြစ်အပျက်ကို ချက်ချင်းသဘောပေါက်နားလည်သွားကာ၊ သံသယအနည်းငယ်မျှပင်မရှိဘဲ၊ ဤကြီးမားသော မြွေကြီးသည် ရေနဂါးအဖြစ်ပြောင်းလဲတော့မည့် မြွေတစ်ကောင်ဖြစ်ကြောင်း သိလိုက်သည်။ ဤအရာက ထိုသားရဲကို အလွန်ကြောက်မက်ဖွယ်ကောင်းစေသည်ဖြစ်ရာ၊ ကျန်းလင်းရျောင်ထက်ပင် ကြောက်မက်ဖွယ်ကောင်းစေ၏။ ချူးယွင်ဖန်း၏ ဆရာဖြစ်သူ ကျန်းယွမ်ပင်သည်ပင် ဤမြွေကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်မဟုတ်ပေ။
ရေနဂါးအဖြစ်ပြောင်းလဲသွားသည့် ဤမြွေ၏မှတ်တမ်းများကို ဆေးဧကရာဇ်၏ မှတ်ဉာဏ်များထဲတွင်ရှာတွေ့နိုင်သည်။ မတူညီသော မြွေအမျိုးအစားမွန်းစတားများ၏ ကျင့်ကြံရေးအဆင့်များပေါ်တွင်မူတည်၍ ရေနဂါးများအဖြစ်ပြောင်းလဲရန် လိုအပ်သောအချက်များသည်လည်း မတူညီပေ။ ရေနဂါးများမဖြစ်လာခင်၊ ၎င်းတို့ ပို၍ စွမ်းအားကြီးလေလေ၊ ပြောင်းလဲသွားသောအခါတွင် ပို၍ ကြောက်မက်ဖွယ်ကောင်းလေလေဖြစ်၏။
မြွေတစ်ကောင်သည် မွေးဖွားခြင်းနယ်မြေအဆင့်မှ နတ်ဘုရားစွမ်းအင်အဆင့်သို့ ဖြတ်သန်းသွားသောအခါ၊ ၎င်းသည် ရေနဂါးအဖြစ်ပြောင်းလဲသွားပေလိမ့်မည်ဖြစ်သည်။ ရေနဂါးသည် ပို၍ စွမ်းအားကြီးလာသည်နှင့်အမျှ၊ အခွင့်အရေးရပါက၊ ရေနဂါးအဖြစ်သို့ပင် ပြေင်းလဲသွားမည်ဖြစ်သည်။ အဆင့်တူ သိုင်းပညာရှင် တစ်ဒါဇင်ခန့်သည်ပင် ယင်းနှင့် ကိုက်ညီလိမ့်မည်မဟုတ်ပေ။
ဤမြွေကြီးသည် မွေးဖွားခြင်းနယ်မြေအဆင့် အထွဋ်အထိပ်သို့ သိသိသာသာရောက်နေပြီဖြစ်သည်။ ကိုယ်ရောင်ကိုယ်ဝါအရ၊ ကျန်းယွမ်ပင်သည် ဤမြွေကြီးထက် အဆပေါင်းများစွာအဆင့်နိမ့်သော်လည်း ၎င်းသည် ခက်ခဲသော တိုက်ပွဲတစ်ခု အသေအချာဖြစ်လိမ့်မည်မဟုတ်ပေ။ လူသားတို့၏ ခွန်အားသည် ၎င်းတို့၏ ဉာဏ်ရည်ဉာဏ်သွေးပေါ်တွင် မူတည်နေသည်။ နည်းအမျိုးအမျိုးဖြင့် ပေါင်းစပ်ထားသောကြောင့် လူသားများသည် စရာမ မွန်းစတားကြီးကို ရင်ဆိုင်ရန် အခွင့်အလမ်းရှိကြသည်မှာ သေချာ၏။
ချူးယွင်ဖန်းသည် စစ်လေပြေက မွေးဖွားခြင်းနယ်မြေအဆင့် မြွေနတ်ဆိုးကို နှိုးဆွနိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ ဉာဏ်ရည်ထက်မြက်ကာ၊ ရက်စက်ကြမ်းကြုတ်သော ဤသတ္တဝါသည် စစ်လေပြေဂိုဏ်းသားအားလုံးကို အလွယ်တကူ သုတ်သင်နိုင်၏။ မြွေကြီးသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ လရောင်အောက်တွင် ၎င်း၏ ကြီးမားလှသော မြွေအမြှီးကြီး ထွက်ပေါ်လာ၏။
ယခုအချိန်တွင် လီရို့ဖုန်းနှင့် စစ်လေပြေဂိုဏ်း၏ အခြားအဖွဲ့ဝင်များသည် ရှန်မြောင်မြောင်နောက်သို့လိုက်ရန် စိတ်မဝင်စားကြတော့ပေ။ ၎င်းတို့သည် ချက်ချင်းပင် အရပ်ရပ်သို့ လူဖြန့်လိုက်သော်လည်း ဤမြွေ၏အမြှီးကြောင့် လှိုင်းလုံးကြီးတစ်ခုထွက်လာကာ၊ ၎င်းတို့အားလုံး အဝေးသို့လွင့်စင်သွားကြသည်။
“တိုက်ကြ”
ချူးယွင်ဖန်းသည် နောက်ဆုံးတွင် စစ်လေပြေ၏ နည်းပညာများကို မျက်မြင်တွေ့ခဲ့ပြီးဖြစ်သဖြင့်၊ အဘယ်ကြောင့် မွေးဖွားခြင်းနယ်မြေအဆင့်မွန်းစတားကို တိုက်ခိုက်ဝံ့ကြကြောင်း သူနားလည်ခဲ့သည်။
ဒုံးကျည်တစ်စင်းသည် အဝေးမှ ပျံသန်းလာ၍ မြွေကြီးကို ထိမှန်သွားသည်။
ဘမ်း
မှိူတိမ်တိုက်ငယ်တစ်ခု ပေါ်လာသည်။
၎င်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်၏။
“ဒါက နည်းဗျူဟာမြောက်တဲ့ နျူကလီးယားဗုံးပဲ၊ ဒီပစ္စည်းကို ဘယ်ကရလာတာလဲ”
ချူးယွင်ဖန်းသည် မှိုတိမ်တိုက်ကို မြင်လိုက်ရသောအခါ၊ သူချက်ချင်းသိလိုက်ရသည်။ ထိုလက်နက်သည် နည်းဗျူဟာမြောက် နျူကလီးယားဗုံးတစ်မျိုးဖြစ်ရမည်။ စစ်လေပြေဂိုဏ်းသည် ထိုကဲ့သို့သော အရာကို ရရှိထားသောကြောင့် မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားတစ်ကောင်ကို စိန်ခေါ်ဝံ့ခဲ့ခြင်းဖြစ်သည်။
နည်းဗျူဟာမြောက် နျူကလီးယားဗုံးဖြင့် တိုက်ရိုက်ထိမှန်ပါက၊ မွေးဖွားခြင်းနယ်မြေအဆင့်တိုက်ခိုက်သူများပင် သေဆုံးရမည်ဖြစ်သည်။ ဤသည်ကား ပြုပြင်ထားေသာ လက်နက်တစ်ခုဖြစ်သည်။ ၎င်းသည် အဖိုးတန်နျူကလီးယားဗုံးများထက် သန့်စင်ရုံသာမက၊ ၎င်း၏ စွမ်းအားကိုလည်း ကန့်သတ်ထားကာ၊ လူတစ်ဦးတည်းက သယ်ဆောင်သွားနိုင်၏။
ချူးယွင်ဖန်းသည် ဤနည်းဗျူဟာမြောက်နျူကလီးယားဗုံးမွေးဖွားမှုသည် ပြည်ထောင်စုသမိုင်းတွင် မှတ်တိုင်တစ်ခုအဖြစ် မှတ်ကျောက်တင်နိုင်ကြောင်း စစ်သမိုင်းစာအုပ်များတွင် ဖတ်ခဲ့ဖူးသည်။ ဤလက်နက်ကို ပြုလုပ်ခဲ့ကြပြီးနောက်၊ မမွေးဖွားခြင်းနယ်မြေအဆင့် သူရဲကောင်းများက ပြည်ထောင်စုအစိုးရကို စိန်ခေါ်ဝံ့ခဲ့သည့် ခေတ်ကုန်ဆုံးသွားခဲ့သည်။
သာမန်နျူကလီးယားဗုံးတစ်လုံး၏ စွမ်းအားသည်ပင် အလွန်ကြီးမားလှကာ၊ မြို့တစ်မြို့ကို အလွယ်တကူ ဖြိုခွဲပစ်နိုင်သည်။ ၎င်းကို အလွယ်တကူရိုးရှင်းစွာအသုံးပြု၍မရပေ။ သို့သော် ဤနည်းဗျူဟာမြောက်နျူကလီးယားဗုံးသည်မူ ကွဲပြားလှ၏။ ၎င်း၏ စွမ်းအင်နှင့် အကာအဝေးကို မီတာ ရာဂဏန်း သို့မဟုတ် ဆယ်ဂဏန်းအထိ ကန့်သတ်နိုင်သည်။
ဤလက်နက်အားကိုးဖြင့်၊ ပြည်ထောင်စုသည် ထိုအမှောင်ခေတ်ကို ငြိမ်းချမ်းစေနိုင်ခဲ့သည်။ သို့သော် အများအားဖြင့် စစ်ဘက်ဆိုင်ရာ လက်ရွေးစင်များ၏ လက်ထဲတွင်သာ ရှိတတ်ကြရာ၊ ဤနည်းဗျူဟာမြောက် နျူကလီးယားဗုံးအားလုံးတွင် အမှတ်စဥ်ပါရှိသောကြောင့် ၎င်းတို့ကို အလွယ်တကူ မရရှိနိုင်ပေ။
ချူးယွင်ဖန်းသည် ဤအရာကို စစ်လေပြေဂိုဏ်းက အရယူနိုင်ရန် မည်သို့ စီစဥ်ခဲ့ကြောင်း မသိသော်လည်း ၎င်းသည် သူစဥ်းစားရန်အချိန်မရှိပေ။ မှန်သည်။ ရေနဂါးအဖြစ်ပြောင်းလဲတော့မည့် မွေးဖွားခြင်းနယ်မြေအထွဋ်အထိပ်အဆင့် မြွေသည် မည်မျှ တန်ဖိုးရှိကြောင်း သူနားလည်သည်။ ဤသတ္တဝါ၏ အသား၊ အရေနှင့် အရိုးတို့သည် စိတ်ကူးယဥ်၍ပင်မရနိုင်လောက်အောင် တန်ဖိုးရှိ၏။ သူအရင်က သတ်ခဲ့ဖူးသည့် အမြှီးသုံးချောင်း ငွေရောင်မြေခွေးကို ဤသတ္တဝါနှင့် ယှဥ်၍ပင်မရပေ။ သို့သော် စစ်လေပြေဂိုဏ်းသည် ဤမြွေကို လျှော့တွက်ထားကြောင်း ရှင်းရှင်းလင်းလင်းသိသာ၏။ နည်းဗျူဟာမြောက်နျူကလီးယားဗုံးသည် မွေးဖွားခြ်ငးနယ်မြေအဆင့်ကျွမ်းကျင်သူကို သတ်ရန်လုံလောက်သော်လည်း ဤမြွေကြီးသည် သာမန်မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူတစ်ဦးထက် ဆယ်ဆပိုမို ပြင်းထန်သန်မာ၏။ နျူကလီးယားဗုံးသည် ဧရာမမြွေကြီဂ၏ အသားကို ဖောက်ခွဲပစ်လိုက်သည်။ အကယ်၍ သာမန်မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးသာဆိုလျှင်၊ ကျန်းလင်းရှောင်ကဲ့သို့ ကမ္ဘာကျော်ပညာရှင်တစ်ဦးပင်ဖြစ်လင့်ကစား၊ ယခုအချိန်တွင် အသေခံရမည်မှာ သေချာညသ်။ သို့သော် မြွေကြီးသည် မသေခဲ့ပေ။ ၎င်းသည် စတင်၍ တန်ပြန်တိုက်ခိုက်ခဲ့၏။
ယင်းပြင်းထန်သော နာကျင်မှုကြောင့် မြွေကြီးသည် လီရို့ဖုန်းနှင့် အခြား စစ်လေပြေဂိုဏ်းသားများဆီသို့ အရူးအမူးပြေးဝင်သွားသည်။
စစ်လေပြေဂိုဏ်းသားလက်ရွေးစင်များထံမှ မျှော်လင့်ထားသည့်အတိုင်း ၎င်းတို့သည် ဤမြွေမွန်းစတား၏ အရူးအမူးတိုက်ခိုက်မှုများကို ရင်ဆိုင်နေရသော်လည်း နောက်သို့ ပြန်မဆုတ်ခဲ့ပေ။ မိုးသီးများကဲ့သို့ သတ္တုကျည်ဆန်များ ရွာကျလာသည်။
စစ်လေပြေဂိုဏ်းသည် တိုက်ခိုက်နေစဥ်၌ ဆုတ်ခွာသွားခဲ့သည်။ ခဏအကြာတွင် ၎င်းတို့အားလုံးကမ်းစပ်သို့ ပြန်လည်ဆုတ်ခွာသွားကြသည်။ သာမန်အားဖြင့် ဤကျည်ဆန်များသည် ဧရာမမြွေကြီးကို မထိခိုက်စေနိုင်သော်လည်း နျူကလီးယားဗုံးကြောင့် အပြင်းအထန် ဒဏ်ရာရခဲ့သည်။ စစ်လေပြေဂိုဏ်းသည် မြွေ၏ အသားကိုဆုတ်ဖြဲနိုင်ရန် ရည်ရွှယ်၍ ဒဏ်ရာကို တိုက်ခိုက်ခဲ့ကြသည်။
မျိုးစုံသော ကြောက်မက်ဖွယ်တိုက်ခိုက်မှုများဖြင့် တိုက်ခိုက်နေကြသည်ကို ချူးယွင်ဖန်းသည် တောင်မြစ်ပန်းချီကားထဲမှတစ်ဆင့် ပုန်း၍ ကြည့်နေသည်။ ရှန်မြောင်မြောင်သည် ကြီးမားသော လှိုင်းလုံးကြီးကြောင့် ဒဏ်ရာရသွားပြီးနောက်၊ သူမရှိနေသောနေရာမှ အရူးအမူ ပြေးသွား၍ လျင်မြန်စွာပျောက်ကွယ်သွားသည်ကို သတိပြုလိုက်မိသည်။
သို့သော်လည်း လီရို့ဖုန်းသည် ရှန်မြောင်မြောင်ကို ဂရုမစိုက်တော့သည်မှာ ထင်ရှား၏။ အကယ်၍ သူသာ မြွေကြီးကို မသတ်နိုင်လျှင်၊ စစ်လေပြေဂိုဏ်းတစ်ခုလုံး သုတ်သင်ခံရနိုင်ဖွယ်ရှိသည်။
ဤသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော အစုအပြုံလိုက် သတ်ဖြတ်မှုတစ်ခုကဲ့သို့ပင်ဖြစ်ရာ၊ မွန်းစတားတစ်ကောင်နှင့် ခေတ်သစ်လူသားနည်းပညာအကြားတိုက်ခိုက်မှုလည်းဖြစ်သည်။
မြွေကြီးသည် ကမ်းစပ်သို့ လျင်မြန်စွာရောက်ရှိသွားသည်။ ပေတစ်ထောင်နီးပါးရှည်သော ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်ကြီးသည် သတ်ဖြတ်သည့်လက်နက်တစ်ခုဖြစ်လာခဲ့သည်။ ၎င်း၏ အမြှီးနှင့် ထိမှန်သွားသောအရာတိုင်း သေဆုံးသွားရသည်။
သတ်ဖြတ်ခြင်းစတင်ခဲ့သည်။
မည်သည့်ဘက်မှ အောင်နိုင်သွားရလိမ့်မည်ကို မသိနိုင်သေးပေ။
အခန်း(၄၆၈) ငါက စစ်မှန်တဲ့ အံ့ဖွယ်ပဲ
ကြောက်မက်ဖွယ်ကောင်းသော လူသတ်ပွဲကြီးဖြစ်ပွားလျက်ရှိသည်။ စစ်လေပြေဂိုဏ်းသည် လက်ရွေးစင်များကြားမှ လက်ရွေးစင်များဖြစ်ကြရာ၊ အဆက်မပြတ်တိုက်ခိုက်၍ ဆုတ်ခွာလျက်ရှိကြသော်လည်း အရှုံးမပေးလိုကြပေ။ သို့ထိတိုင် ၎င်းတို့သည် အလွယ်တကူအသတ်ခံနေရ၏။ နှစ်ဖက်ကြားမှ ခွန်အားချင်းကွာခြားမှုသည် အလွန်ကြီးမားလှသည်။ ဤမွန်းစတားကို ခြိမ်းခြောက်နိုင်သည့် တစ်ခုတည်းသောအရာမှာ ၎င်းတို့တွင်ရှိနေသော စက်လက်နက်များပင်ဖြစ်ကြသည်။
“ဒီကြေးစားအဖွဲ့ရဲ့ ခံနိုင်ရည်အားက အရမ်းထူးခြားတာပဲ” ချူးယွင်ဖန်းက မနိုင်မခံအရှုံးမပေးသော စစ်လေပြေအဖွဲ့ကိုကြည့်၍ ပြောလိုက်သည်။
ပျမ်းမျှအားဖြင့်၊ လူထုခေါင်းဆောင်အဖွဲ့၏ အင်အားသည် ကြီးမားလှသော်လည်း ၎င်းတို့အထဲမှ အနည်းငယ်မျှသည် သေသည်အထိ တိုက်ခိုက်ခဲ့ကြရာ၊ နောက်မဆုတ်ခဲ့ကြပေ။ ဤအဖွဲ့များအားလုံးသည် ငွေကြေးအတွက် အလုပ်လုပ်နေကြခြင်းဖြစ်သဖြင့်၊ ၎င်းတို့တွင် ရဲရင့်သူ တစ်ဦး သို့မဟုတ် နှစ်ဦးမျှ ရှိနေခြင်းသည် မထူးဆန်းလှသော်လည်း စစ်လေပြေဂိုဏ်းသားများအားလုံးသည် ပြန်လည်ဆုတ်ခွာခြင်းထက် သေလိုကြသည်။ ဤသည်ကသာ အလွန်ထူးဆန်းလှခြင်းဖြစ်၏။
နယ်ခြားမြို့ငယ်တစ်ခုရှိ စစ်လေပြေဂိုဏ်းကဲ့သို့သော လူထုခေါင်းဆောင်အဖွဲ့သည် နည်းဗျူဟာမြောက် နျူကလီးယားဗုံးကို ရနိုင်ခဲ့သည်။ ၎င်းသည် ပုံမှန်မဟုတ်ပေ။ ၎င်းတို့၏အနောက်တွင် ကျောထောက်နောက်ခံတစ်ခုရှိရမည်။ ဤသို့မျှမဟုတ်ပါက၊ ၎င်းတို့သည် ဤသို့သော လက်နက်မျိုးကို ရရှိနိုင်လိမ့်မည်မဟုတ်ပေ။
“ဒါပေမယ့် မင်းတို့နောက်ကွယ်မှာ ဘယ်လို အင်အားမျိုးရှိနေနေ၊ မင်းတို့အားလုံးက အသေကောင်တွေပဲ” ချူးယွင်ဖန်း၏ မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းသော အရိပ်အငွေ့များဖြင့် တောက်ပနေသည်။ စစ်လေပြေဂိုဏ်း၏ အကြံအစည်ကိုလေ့လာပြီးနောက်၊ သူ့နှလုံးသားထဲတွင် ဒေါသများ ကြီးထွားလာသည်။ ၎င်းတို့ကို တန်ရာတန်ကြေးပြန်ပေးဆပ်ခိုင်းရပေလိမ့်မည်ဖြစ်သည်။
နောက်ထပ်သော စစ်လေပြေဂိုဏ်းအဖွဲ့သားတစ်ယောက် လွင့်ထွက်သွားခဲ့သည်။
စစ်လေပြေဂိုဏ်းမှ ဂိုဏ်းသားအားလုံးသည် လျင်မြန်စွာသုတ်သင်ခြင်းခံလိုက်ကြရသည်။ မရီးဒျန်သန့်စင်ခြင်းအဆင့် ကြေးစားစစ်သားအနည်းငယ်ပင် ကျရှုံးခဲ့၍ လီရို့ဖုန်းသာ ကျန်နေခဲ့သည်။
“ငရဲကိုသွား” လီရို့ဖုန်းက ကြိမ်းဝါးလိုက်သည်။ ထို့နောက်၊ သူ့လက်ထဲရှိ ဘဇူကာအတွင်းမှ ဒုံးကျည်သည် ဏရာမ မြွေကြီးကို ထိမှန်သွား၏။ သာမန်အားဖြင့် ဤသို့သော တိုက်ခိုက်မှုမျိုးသည် ဧရာမမြွေကြီးကို ကုတ်ခြစ်၍ပင်ရမည်မဟုတ်ပေ။ သို့သော်လည်း နျူကလီးယားဗုံးဖြင့် ထိမှန်သွားခြင်းဖြစ်သောကြောင့် ပွင့်ထွက်သွားခဲ့သော ဒဏ်ရာသည် ၎င်း၏ ဦးခေါင်းဆီသို့ ပျံ့နှံ့သွား၏။ ဘဇူကာဒုံးကျည်သည် သားရဲကြီး၏ ဦးနှောက်ကို ထိမှန်သွားသည်။
မြွေကြီး၏ ဦးနှောက်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာကွဲကြေသွား၏။ ဤရလဒ်သည် သက်ရှိ သတ္တဝါတိုင်းအတွက် အတူတူပင်ဖြစ်ပေလိမ့်မည်။ ဦးနှောက်သည် ခန္ဓာကိုယ်၏ အနုနယ်ဆုံးအစိတ်အပိုင်းဖြစ်ပေလိမ့်မည်။
“ဟားဟားဟား ငါနိုင်ပြီ၊ ငါနိုင်ပြီ” လီရို့ဖုန်းက အော်ဟစ်လိုက်သည်။
“မွေးဖွားခြင်းနယ်မြေ အထွဋ်အထိပ်အဆင့် မွန်းစတားကွ၊ ငါချမ်းသာတော့မယ်”
လီရို့ဖုန်းသည် မျှော်လင့်ထားသည့်အတိုင်း အဆုတ်ကွဲလုအောင် အော်ဟစ်နေသည်။ ရေနဂါးအဖြစ်ပြောင်းလဲတော့မည့် မွေးဖွားခြင်းနယ်မြေအထွဋ်အထိပ်အဆင့် မြွေတစ်ကောင်ကို စျေးကွက်တွင် ကောင်းကင်တမျှ မြင့်သော စျေးဖြင့် ရောင်းချနိုင်သည်။ ငွေဘီလီယံဂဏန်းခန့်တန်ကြေးရှိလျှင်ပင် ဝယ်ချင်သောသူများရှိပေလိမ့်မည်ဖြစ်သည်။ အရေးအကြီးဆုံးသောအချက်မှာ ဧရာမမြွေကြီး၏ အတွင်းအူတိုင်ဖြစ်သည်။
“မင်းနိုင်တယ်ဟုတ်လား၊ ငါတော့မထင်ဘူး”
ရုတ်တရက်ကြီးမားလှသော ဓားအရိပ်ကြီးတစ်ခု ထွက်ပေါ်လာကာ၊ လီရို့ဖုန်းထံသို့ ဦးတည်သွားသည်။ သို့သော်လည်း လီရို့ဖုန်းထံသို့ ချက်ချင်းမထိမှန်ခဲ့ပေ။ သူသည် အပြည့်အဝသတိထားနေခြင်းဖြစ်ရာ၊ ဤသတိဝီရိယသည် ဤသို့အမည်မသိတိုက်ခိုက်မှုအတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ၊ ဧရာမမြွေကြီးဆီသို့ ဦးတည်နေခြင်းဖြစ်သည်။ သတ္တဝါကြီး လုံးဝသေဆုံးသွား၏၊ မသေဆုံးသွား၏ကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။ မူလအစကတည်းက သူသည် ခြေထောက်နှင့်တစ်သားတည်းဖြစ်နေခြင်းဖြစ်၏။
လီရို့ဖုန်း ခြုံခိုတိုက်ခိုက်ခံရလိမ့်မည်ဟု မည်သူက သိလိမ့်မည်နည်း။
“အမ်” အသံတစ်သံသည် အံ့သြမှုများရောယှက်စွာဖြင့် ပေါ်ထွက်လာ၏။ ထိုသူက အံ့သြသွားသည်။ လီရို့ဖုန်းသည် ဤတိုက်ခိုက်မှုကို မည်သို့ရှောင်တိမ်းခဲ့သနည်း။
ချူးယွင်ဖန်းသည် မမြင်နိုင်သောနေရာတစ်ခုမှထွက်လာသည်။
“မင်းပဲ” ချူးယွင်ဖန်းကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်လျက်၊ လီရို့ဖုန်း၏ မျက်လုံးများပြူးကျယ်လာသည်။ ချူးယွင်ဖန်း အသက်ရှင်နေသေးသည်ကို သူမယုံနိုင်ပေ။ ချူးယွင်ဖန်းသည် ဒုံးကျည်ကြောင့် ပေါက်ကွဲထွက်သွားသည်ကို သူမှတ်မိသည်။ မွေးဖွားခြင်းနယ်မြေအဆင့် ဆရာတစ်ဆူမဟုတ်ပါက၊ လွတ်မြောက်ရန် နည်းလမ်းမရှိပေ။
ခဏအကြာတွင် ချူးယွင်ဖန်းအနားတွင် ဧရာမ မွန်းစတားကြီးတစ်ကောင်ပေါ်လာ၏။ ယင်းသည် သူ့ထက် အရပ်အနည်းငယ်မြင့်မားသည်။
“မိုးကြိုးတောင်ပံသားရဲ”
လီရို့ဖုန်းသည် ချူးယွင်ဖန်းအနားရှိ သတ္တဝါကို ချက်ချင်းသတိထားမိသည်။ ပို၍ မယုံကြည်နိုင်စရာကောင်းသည်မှာ ချူးယွင်ဖန်းနှင့် မိုးကြိုးတောင်ပံသားရဲတို့ ရုတ်တရက် မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ချူးယွင်ဖန်းတွင် နေရာလပ်မှော်ရတနာတစ်ခု ပိုင်ဆိုင်ထားခြင်းဖြစ်၍ ဤရှာတွေ့မှုသည် လီရို့ဖုန်းကို စိတ်လှုပ်ရှားစေသည်။ နေရာလပ်မှော်ရတနာတစ်ခုနှင့် နှိုင်းယှဥ်ပါက၊ ဤတောင်ထွတ်တွင်ရှိသော ဧရာမ မြွေကြီးသည် မည်သည့်တန်ဖိုးမျှမရှိပေ။ တကယ်တမ်းတွင် လူသားများသည် နေရာလပ်နည်းပညာကို မသိမ်းပိုက်နိုင်ကြသေးပေ။
နေရာလပ်နည်းပညာသည် သိပ္ပံနှင့် နည်းပညာအရ လူသားများအတွက် ခက်ခဲသော ပြဿနာတစ်ခုဖြစ်သည်။ လီရို့ဖုန်းသာ နေရာလပ်မှော်ရတနာတစ်ခုကို ရယူနိုင်ပါက၊ အပိုဘဝများရရှိလာခြင်းကဲ့သို့ပင်ဖြစ်သည်။ နောက်ဆုံးတွင် ချူးယွင်ဖန်းသည် အချို့သော သေချာသော သေခြင်းတရားမှ လွတ်မြောက်နိုင်သည့် ချူးယွင်ဖန်း၏ စွမ်းဆောင်ရည်ကို သူမြင်ခဲ့ပြီးဖြစ်သည်။
ဤသည်မှာ သူကိုယ်တိုင် မှန်းဆ၍မရသောအရာဖြစ်သည်။
“သေစမ်း”
လီရို့ဖုန်းက ဟိန်းစောက်လိုက်သည်။ သူလှုပ်ရှားရန် ပြင်ဆင်နေချိန်၌ပင် ချူးယွင်ဖန်း၏ ဘေးမှ မိုးကြိုးတောင်ပံသားရဲက ရုတ်တရက် ရှေ့သို့ခုန်တက်လာသည်။ ၎င်းသည် အပြာရောင်လျှပ်စီးကြောင်းတစ်ခုကဲ့သို့ လီရို့ဖုန်းကို ခုန်အုပ်လိုက်သည်။ သူ၏စက်လက်နက်များမှာ အသုံးမဝင်တော့သဖြင့် နောက်ကျောမှ လှံတစ်ချောင်းကို အေးဆေးစွာထုတ်၍ မိုးကြိုးတောင်ပံသားရဲကို ထိုးစိုက်လိုက်သည်။
တိုက်ခိုက်မှုသည် မိုးကြိုးတောင်ပံသားရဲ၏ အရိုးချပ်ဝတ်သို့ ထိမှန်ကာ၊ သားရဲကို နှေးကွေးသွားစေခဲ့သည်။ လီရို့ဖုန်း ကျင့်ကြံရေးပိုင်းတွင်အဆင့်မနိမ့်ကြောင်း သေချာ၏။ သို့သော် ယခုအချိန်တွင် ချူးယွင်ဖန်းသည် လီရို့ဖုန်းထံသို့ပြေးသွားကာ၊ လက်ထဲမှ ကျူးချွဲ့ဖြင့် ခုတ်ပိုင်းပစ်လိုက်၏။
လီရို့ဖုန်းသည် စဥ်းစားမနေဘဲ၊ သူ၏လှံကို ထပ်မံဆွဲထုတ်လိုက်သည်။
ဘမ်း
ကျယ်လောင်သော အသံကြီးတစ်သံနှင့်အတူ၊ လီရူ့ဖုန်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားတစ်ခု၊ သူ၏လှံကို ဖြတ်၍ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်ပျံ့နှံ့လာသည်ကို ချက်ချင်းခံစားလိုက်ရသည်။
လီရို့ဖုန်းက အမြန်ပြန်ဆုတ်လိုက်သည်။ သူ၏လက်ဖဝါးသည်လည်း ထက်ခြမ်းကွဲသွားရ၏။ ချူးယွင်ဖန်းဟူသော ကြောက်လန့်ဖွယ်အရာတစ်ခုကို သူအမှန်တကယ် ခံစားလာရသည်။ ချူးယွင်ဖန်းတွင် ထူးကဲသော စွမ်းအားများရှိနေကြောင်း သူ သတိပြုမိသည်။ စွမ်းအင်သန့်စင်ခြင်း အထွဋ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦးထံမှ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိသောလူသည် မရီးဒျန်သန့်စင်ခြင်းအဆင့်ကျွမ်းကျင်သူတစ်ဦးဖြစ်နိုင်ဖွယ်ရှိကြောင်း သူသိသည်။
သို့သော်လည်း လီရို့ဖုန်းသည် ၎င်းကိုစိတ်ထဲမထားပေ။ ချူးယွင်ဖန်းသည် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးမျှသာဖြစ်သည်။ သို့သော် သူမည်မျှ မှားနေခဲ့ကြောင်း ယခုမှသာ သဘောပေါက်နားလည်သွားသည်။ ချူးယွင်ဖန်းသည် လူသားပုံသဏ္ဍာန်ရှိသော မွန်းစတားတစ်ကောင်သာဖြစ်သည်။
ချူးယွင်ဖန်း ပြုလုပ်သော တိုက်ခိုက်မှုတိုင်းသည် မွန်းစတားတစ်ကောင်က ပြုလုပ်လိုက်သည်ဟုထင်ရ၏။ ခဏအကြာတွင် လီရို့ဖုန်း၏ လက်များထုံကျင်လာသည်ကို ခံစားလိုက်ရသည်။ ချူးယွင်ဖန်းသည် ရယ်မောလျက်၊ သူ၏ခွန်အားကို တိုးမြှင့်ကာ ခုတ်ပိုင်းချလိုက်သည်။
ဘမ်း
လီရို့ဖုန်း၏ လက်ထဲမှ လက်သည် ထက်ဝက်ပိုင်းဖြတ်ခြင်းခံလိုက်ရ၏။ သူ့လက်နက်သည် ကောင်းမွန်သော်လည်း အမှတ်ပေါင်းသန်းရာချီ၍ အသုံးပြုခဲ့သည့် ဓားကြီးနှင့်မူ နှိုင်းယှဥ်၍မရပေ။ အရည်အသွေးကွာဟချက်သည် ပြတ်သားလှ၏။
လီရို့ဖုန်းသည် ရှောင်ချိန်ပင် မရလိုက်ဘဲ၊ ချူးယွင်ဖန်း၏ ဓားဖြင့် နှစ်ပိုင်းဖြတ်ခံလိုက်ရသည်။