← Chapters

အခန်း (၄၆၉-၄၇၁)

Vol. 32 Ch. 469-471

အခန်း (၄၆၉-၄၇၁)

Vol. 32 Ch. 469-471

အခန်း(၄၆၉) ပြည်ထောင်စုတက္ကသိုလ်သို့ မပြန်မီ သီးသန့်ကျင့်ကြံခြင်း

လီရို့ဖုန်းကို သတ်ပြီးနောက်၊ ချူးယွင်ဖန်းသည် သက်ပြင်းတစ်ချက်ချလိုက်သည်။ မြေပြင်ပေါ်ရှိ လူအားလုံးနှင့် မြွေကြီးလည်းသေဆုံးသွားကြောင်း အတည်ပြုပြီးနောက် နောက်ဆုံးတွင် သူသတိအနည်းငယ်လျှော့ချလိုက်သည်။

ချူးယွင်ဖန်းသည် ဧရာမမြေကြီး၏ အစွမ်းကို အမှတ်ရနေသေးသည်။ အကယ်၍ ၎င်းသည် နျူကလီးယားဗုံးကြောင့်သာ မဟုတ်လျှင် စစ်လေပြေဂိုဏ်းသည် ၎င်းနှင့် ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။ အချိန်တိုအတွင်း၌ပင် ၎င်းတို့ကို အပြည့်အဝ ဝါးမြိုခံလိုက်ရပေလိမ့်မည်ဖြစ်၏။

ဧရာမမြွေကြီးသည် ရေနဂါးအဖြစ်သို့ပြောင်းလဲလုနီးနေပြီဖြစ်သည်။ ချူးယွင်ဖန်းသည် ၎င်းထံမှ ကြောက်ရွံ့မှုကို ခပ်ပါးပါးခံစားမိနိုင်သည်။ အကယ်၍ ဤသတ္တဝါသည်သာ ယနေ့ ဤနေရာ၌မသေခဲ့ပါက၊ မွန်းစတားများကြားတွင် နောက်ထပ် စွမ်းအားကြီး မွန်းစတားဘုရင်တစ်ကောင် ထပ်မံရှိလာပေလိမ့်မည်ဖြစ်သည်။

လူသားများအတွက် ဤသည်မှာ သတင်းဆိုးတစ်ပုဒ်ဖြစ်သည်။ ဤမြွေကြီး သေဆုံးသွားသည်မှာ ကောင်းသည်။ ယခုမူ၊ ၎င်းသည်၊ ခူးယွင်ဖန်းနှင့် သက်ဆိုင်၏။ သို့သော် ချူးယွင်ဖန်းသည် သူ၏ ကံကြမ္မာကို အံ့အားသင့်နေချိန်၌ မိုးကြိုးတောင်ပံသားရဲသည် မြွေကြီး၏ အတွင်းအူတိုင်ကို ဆွဲထုတ်လိုက်သည်ကို တွေ့လိုက်ရသည်။ မွန်းစတား၏ အတွင်းအူတိုင်သည် ၎င်း၏ ဖြစ်တည်မှု၌ တန်ဖိုးအရှိဆုံးဖြစ်ကြောင်း သံသယဖြစ်နေရန်ပင်မလိုပေ။ အထူးသဖြင့်၊ နတ်စွမ်းအင်များရရန် ခြေတစ်လှမ်းသာလိုတော့သော အခိုက်အတန့်တွင် ဖြစ်သည်။

ချူးယွင်ဖန်းသည် မိုးကြိုးတောင်ပံသားရဲက သူ့ကို စူးရဲရဲမျက်လုံးများဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။ ၎င်းတို့နှစ်ဦးသည် စိတ်ပညာဖြင့် ဆက်သွယ်ထားကြသည်ဖြစ်ရာ၊ ချူးယွင်ဖန်းသည် မိုးကြိုးတောင်ပံသားရဲ၏ ဆိုလိုရင်းကို ချက်ချင်းနားလည်လိုက်သည်။

“ဒီအတွင်းအူတိုင်ကို စားချင်တယ်လို့ ပြောနေတာလား” ချူးယွင်ဖန်းက မိုးကြိုးတောင်ပံသားရဲကို ကြည့်၍ မေးလိုက်သည်။ သားရဲသည် ၎င်း၏ ကြီးမားလှသော ဦးခေါင်းကို ညိတ်လိုက်သောအခါ၊ ၎င်း၏ မျက်လုံးများထဲတွင် ရွှင်လန်းမှုများပေါ်လာသည်။

ချူးယွင်ဖန်းသည် ခဏမျှ စဥ်းစားလိုက်သည်။ ဆေးဧကရာဇ်၏ မှတ်ဉာဏ်များအရ၊ မွန်းစတားတစ်ကောင်သည် နောက်တစ်ကောင်ကို အနိုင်ယူပြီးနောက်၊ အောင်နိုင်သူသည် ရှုံးနိမ့်သူ၏ အတွင်းအူတိုင်ကို စားပစ်လိမ့်မည်ဖြစ်ကြောင်း သူသိသည်။ ဤသည်မှာ သဘာဝကျလှသည်။

ဤမြွေကြီးသည် ရေနဂါးအဖြစ်သို့ပြောင်းလဲသွားတော့မည်ဖြစ်၍ ၎င်း၏ အသွေးအသား၏ သန့်ရှင်းမှုနှင့် မြင့်မြတ်မှုအရ၊ ၎င်းသည် မိုးကြိုးတောင်ပံသားရဲထက် အဆင့်များစွာမြင့်၏။ တစ်နည်းဆိုရလျှင်၊ အတွင်းအူတိုင်းနှင့် မြွေကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးကို စားသုံးခြင်းဖြင့် မိုးကြိုးတောင်ပံသားရဲသည် များစွာဖွံ့ဖြိုးတိုးတက်လာလိမ့်မည်ဖြစ်သည်။

ယခုအချိန်တွင် မိုးကြိုးတောင်ပံသားရဲသည် ၎င်း၏ ကြီးထွားမှုအဆင့်သို့ရောက်နေပြီဖြစ်သည်။ ၎င်းသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ အပြ်ည့အဝမရောက်ရှိသေးပေ။ ထို့အပြင်၊ ဧရာမမြွေကြီးသည် နတ်ဘုရားစွမ်းအင်များကို ရနိုင်ရန် ခြေတစ်လှမ်းသာလိုတော့သည်။ မိုးကြိုးတောင်ပံသားရဲအတွက်မူ၊ သဘာဝလွန်စွမ်းအင်များရခြင်းသည် အပြင်းထန်ဆုံးသောအခြေအနေများအောက်၌သာ ဖြစ်နိုင်သည်။

မြွေကြီးသည် ချူးယွင်ဖန်းအတွက်၊ အလွန်အရေးကြီးသော်လည်း မိုးကြိုးတောင်ပံသားရဲအား ယင်းအူတိုင်ကို စားခွင့်ပြုခဲ့သည်။ ထိုသားရဲ မည်သည့်အဆင့်သို့ရောက်သွားလိမ့်မည်ကို သူသိချင်၏။

မွန်းစတားများ၏ ဖွဲ့စည်းပုံသည် လူသားများနှင့် ကွဲပြားလှသည်။ အတွင်းအူတိုင်ကို စားခြင်းဖြင့်၊ မွန်းစတားတစ်ကောင်သည် များစွာကြီးမားလှသော စွမ်းအင်ကို ရယူနိုင်မည်ဖြစ်ကာ၊ အဆင့်တက်ရန်ပင်ပြုလုပ်နိုင်မည်ဖြစ်သည်။

ဤမြွေကြီးသည် ဆယ်ဘီလီယံနှင့် ချီ၍ သို့မဟုတ် သို့ထက်မကများပြားသော ပမာဏဖြင့် ရောင်းချနိုင်သည်။ ချူးယွင်ဖန်းသည် ထိုပမာဏကို မကြာခင် သို့မဟုတ် နောင်ပိုင်းတွင်ရရှိနိုင်သော်လည်း ထိုငွေဖြင့် ဤမြွေကြီးကဲသို့ ကြမ်းတမ်းရက်စက်သော သားရဲတစ်ကောင်ကို ဝယ်နိုင်လိမ့်မည်ဟုမဆိုလိုပေ။ ဤသည်မှာ အလွန်ကွဲပြားသော ကိစ္စနှစ်ခုဖြစ်သည်။

ယခုမူ သူ့ကို မည်သည့်အခါမျှ သစ္စမဖောက်ဘဲ၊ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ယုံကြည်နိုင်သည့် တစ်ခုတည်းသောသူမှာ မိုးကြိုးတောင်ပံသားရဲဖြစ်သည်။ မိုးကြိုးတောင်ပံသားရဲ ပို၍ သန်မာလာလေလေ၊ သူ့အတွက် ပိုမို အသုံးဝင်လေလေဖြစ်သည်။

ချူးယွင်ဖန်း၏ ရန်သူ ကျန်းလင်းရှောင်သည် အင်အားကြီးမားလှကာ၊ မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ အကယ်၍ မိုးကြိုးတောင်ပံသားရဲသည် ဤမြွေကြီးကို စားသုံးပြီးနောက်၊ နောက်တစ်ဆင့်သို့ ဖြတ်ကျော်နိုင်ခဲ့ပါက၊ ၎င်းသည် အသက်ရှင်နေစဥ်က မြွေကြီး၏အဆင့်သို့မ‌ရောက်ရှိနိုင်ခဲ့လျှင်ပင်၊ ချူးယွင်ဖန်းအတွက် အကူအညီကောင်းတစ်ခုဖြစ်လာလိမ့်မည်ဖြစ်သည်။

တစ်နှစ်အကြာတွင် ဖြစ်ပေါ်လာမည့် တုကိ်ပွဲအတွက် ချူးယွင်ဖန်း အလွန် စိတ်ဖိစီးလျက်ရှိသည်။ ထို့ကြောင့် ဖြစ်နိုင်သမျှ နည်းဖြင့်၊ မိမိကိုယ်မိမိ ပို၍ သန်မာလာအောင်လုပ်ရပေလိမ့်မည်။ ချူးယွင်ဖန်း၏ ခွင့်ပြုချက်ရပြီးနောက် မိုးကြိုးတောင်ပံသားရဲသည် ဧရာမမြွေကြီး၏အတွင်းအူတိုင်ကို စားပစ်လိုက်သည်။ ချူးယွင်ဖန်းသည် ၎င်း၏ ခန္ဓာကိုယ်ထဲမှ ကြီးမားသော စွမ်းအားများ ပွက်ပွက်ဆူနေသကဲ့သို့ ကြီးထွားလာသည်ကို မြင်သော်လည်း ၎င်းကို မထုတ်သုံးနိုင်ပေ။

မိုးကြိုးတောင်ပံသားရဲကြီးသည် ဘောလုံးကြီးတစ်လုံးကဲ့သို့ ဖောင်းကားဝိုင်းဝန်းလာသည်ကို မြင်လိုကရသောအခါ၊ ချူးယွင်ဖန်း ရယ်လိုက်မိသည်။ သားရဲသည် အလွန်ဝတုတ်လာ၍ လမ်းပင်မလျှောက်နိုင်တော့ပေ။

ချူးယွင်ဖန်းက ရယ်မော၍ အသက်ရှူပင်ကျပ်လုမတက်ဖြစ်သွားသည်။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် ဤသည်မှာ မိုးကြိုးတောင်ပံသားရဲ့ ကြီးထွားမှဒကာလဖြစ်ကြောင်း သတိရမိသည်။ ၎င်း၏ သက်တမ်းအရ၊ ယင်းသည် ခုနှစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ် လူသားကလေးတစ်ဦးနှင့် ညီမျှသည်။ ချူးယွင်ဖန်းသည် မိုးကြိုးတောင်ပံသားရဲက သူ့ကို ကူကယ်ရာမဲ့စွာစိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ သန်မာ၍ ရှည်လျားသော ခြေတံများသည် မြေပြင်သို့ပင် မရောက်နိုင်ပေ။ သားရဲသည် ဘောလုံးတစ်လုံးနှယ်ဖြစ်လာ၏။ အတွင်းအူတိုင်မှ စွမ်းအင်များကို အပြည့်အဝ စုပ်ယူနိုင်ခြင်းမရှိသရွေ့၊ ၎င်းသည် ဘောလုံးကဲ့သို့သော ဤအခြေအနေတွင် အတော်ကြာရှိနေလိမ့်မည်ဖြစ်သည်။

ချူးယွင်ဖန်းသည် ရယ်မောပြီးသည့်နောက်၊ မိုးကြိုးတောင်ပံသားရဲကို တောင်မြစ်ပန်းချီကားထဲသို့ ပြန်သွားစေခဲ့သည်။ ကံကောင်းစွာဖြင့် ဤနေရာအတွင်းတွင် အတွင်းအူတိုင်၏ စွမ်းအင်ကို ဖြည်းညှင်းစွာ စုပ်ယူနိုင်ခဲ့သည်။ ယင်းနောက်တွင် ချူးယွင်ဖန်းသည် ပေတစ်ထောင်ခန့်ရှည်လျားသောမြွေကြီးကို တောင်မြစ်ပန်းချီကား‌ နေရာလပ်ထဲသို့ ဖြည်းဖြည်းချင်းရွှေ့ပေးလိုက်သည်။

“ကောင်းပြီ၊ သွားဖို့ အချိန်ကျပြီ”

ချူးယွင်ဖန်းက ခေါင်းမော့၍ ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ ညဥ့်နက်၏ ညအမှောင်ကို အခွင့်ကောင်းယူ၍ ချူးယွင်ဖန်းသ်ည တောင်တန်းထက်သို့ အပြေးအလွှားတက်လိုက်သည်။ လမ်းတစ်လျှောက်တွင် သွေးနံ့ရနေသည့် မွန်းစတားများစွာ အစုလိုက်အပြုံလိုက်ထွက်လာကြသည်ကို သူမြင်လိုက်ရ၏။ သူသည် ဤမွန်းစတားများနှင့်အတူ လမ်းကို ဖြတ်ကျော်သည့်အခါတိုင်း တောင်မြစ်ပန်းချီကားထဲသို့ ခုန်ဆင်းကာ၊ ပုန်းရှောင်လိုက်သည်။

တစ်ညတာကုန်ဆုံးသွားပြီးသောအခါ၊ ချူးယွင်ဖန်းသည် တောင်တန်းမှ ထွက်လာနိုင်ခဲ့သည်။ စစ်လေပြေအဖွဲ့၏ ဖျက်ဆီးမှုသတင်းများသည် မြို့ငယ်လေးဆီသို့ မရောက်သေးပေ။ နောက်ဆုံးတွင် ၎င်းတို့၏ နောက်ဆုံးကျန်သည့် အဖွဲ့ဝင်ချူးယွင်ဖန်းသည်လည်း နှုတ်ဆိတ်နေခဲ့၏။

ဆေးဘုရင်ဂိုဏ်းမှ ရှန်မြောင်မြောင်သည် မြို့ငယ်လေးတွင် ပြန်မပေါ်လာခဲ့ပေ။ သိသာစွာပင်၊ သူမသည် ပြန်မလာခဲ့ပေ။

‘တက္ကသိုလ်မြို့တော်ကို ပြန်သွားရမယ့်အချိန်ရောက်ပြီ၊ တာအိုညီလာခံအတွက် ငါပြင်ဆင်ရမယ်’ ချူးယွင်ဖန်းက စိတ်ထဲတွင် ပြောလိုက်သည်။

သို့သော် ချူးယွင်ဖန်းသည် အလျင်လိုခြင်းမရှိပေ၊ ယခုအချိန်တွင် အာတိတ်သဲကန္တာရသည် ပရမ်းပတာဖြစ်နေသေးသည်။ ပြည်ထောင်စု၏ နတ်ဆိုးဂိုဏ်းကို လက်စားချေမှုသည် မပြီးဆုံးသေးပေ။ မျိုးစုံသော သတ်ဖြတ်မှုများသည် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်၍ နတ်ဆိုးဂိုဏ်းသည်လည်း ရပ်တန့်မနေပေ။ ရံဖန်ရံခါတွင် နတ်ဆိုးဂိုဏ်း၏ လက်တုံ့ပြန်မှုများကို မြင်နိုင်၏။ ၎င်းတို့သည် ပြည်ထောင်စုကဲ့သို့ပင် အင်အားကြီးမား၍ ကြောက်မက်ဖွယ်ကောင်းလှသည်။ နှစ်ဖက်စလုံးမှ ထိပ်တန်းအရာရှိများသည် အာတိတ်သဲကန္တာရတစ်လျှောက်တွင် ပြင်းထန်သောတိုက်ပွဲများစွာ ပါဝင် ဆင်နွှဲခဲ့ကြသည်။

ချူးယွင်ဖန်းသည် နေ့ပိုင်းတွင် ရှေ့သို့လျှောက်လှမ်း၍ မွန်းစတားများကျင်လည်ကျက်စားသော ညပိုင်းတွင်မူ၊ တောင်မြစ်ပန်းချီကားထဲသို့ဝင်ကာ၊ သွေးမူလဆေးလုံးကိုဖော်စပ်ရန် အာရုံစိုက်နေသည်။ ကောင်းကင်စုစည်းမြက်ပင်ကို ရှာပြီးနောက်၊ အခြားဆေးဖက်ဝင်အပင်များကို လွယ်ကူစွာစုစည်းခဲ့ရာ၊ ဆေးဖော်စပ်ရန် လွယ်ကူလှသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် ဆယ်ရက်တာကုန်ဆုံးသွားခဲ့သည်။ ချူးယွင်ဖန်းသည် နောက်ဆုံးတွင် အာတိတ်သဲကန္တာရမှ ပြည်ထောင်စုနယ်မြေသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ သူ့လက်ထဲရှိ သွေးရင်းမြစ်အသီးများကို သွေးမူလဆေးများအဖြစ် ဖော်စပ်လိုက်ပြီးဖြစ်သည်။ ချူးယွင်ဖန်း၏ ကျင့်ကြံရေးအဆင့်သည် အတိုင်းအတာတစ်ခုအထိ တိုးတက်လာ၏။

ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်သို့ရောက်ရှိရန် တစ်ရက်တာအချိန်ယူရပေဦးမည်ဖြစ်သည်။ ယင်းမတိုင်ခင် သူပြန်မလာခင်တွင် သူ၏ ခွန်အားကို ဦးစွာတိုးမြှင့်၍ မရီးဒျန်သန့်စင်ခြင်း စတုတ္ထအဆင့်ကို ဖြတ်ကျော်နိုင်ရန် သီးသန့်ကျင့်ကြံရန် ဆုံးဖြတ်ခဲ့သည်။

အခန်း(၄၇၀) မရီးဒျန်သန့်စင်ခြင်း စတုတ္ထအဆင့်

တောင်မြစ်ပန်းချီကားထဲတွင် ချူးယွင်ဖန်းသည် နူးညံ့လှသော ကူရှင်ထက်၌ တင်ပျဥ်ခွေထိုင်နေ၏။ သူနှင့် မနီးမဝေးတွင် အဆီခဲဖြစ်လာသော ဝတုတ်နေသည့် မိုးကြိုးတောင်ပံသားရဲကြီးရှိနေသည်။

၎င်းကို ရှုံးနိမ့်သွားသော ပြိုင်ဘက်များ၏ အတွင်းအူတိုင်ကို ဝါးစားခြင်းသည် မွန်းစတားများအတွက် သာမန်အလေ့အထဖြစ်သော်လည်း မိုးကြိုးတောင်ပံသားရဲအတွက်မူ ထိုမြွေကြီး၏အဆင့်သည် ၎င်းထက် အလွန်မြင့်မားသည်မှာ ထင်ရှား၏။ တစ်ကောင်သည် မရီးဒျန်သန့်စင်ခြင်းအဆင့်တွင်ရှိကာ၊ ကျန်တစ်ကောင်သည်မူ မွေးဖွားခြင်းနယ်မြေအဆင့်အထွဋ်အထိပ်တွင်ရှိနေ၏။ မြွေကြီးသည် နတ်စွမ်းအင်များရရှိရန် ခြေတစ်လှမ်းတာလိုတော့သည်ဖြစ်ရာ၊ ထိုသတ္တဝါနှစ်ကောင်သည် အနည်းဆုံး အဓိကအဆင့် တစ်ဆင့်စာကွာခြား၏။

မိုးကြိုးတောင်ပံသားရဲသည် အတွင်းအူတိုင်ကို တစ်ချက်တည်းဖြင့် စုပ်ယူရန် မလွယ်ကူပေ။ ထို့ကြောင့် မိုးကြိုးတောင်ပံသားရဲသည် ခပ်ဝဝအဆီလုံးကြီးအဖြစ် အချိန်အတော်ကြာတည်ရှိနေမည်ဖြစ်သည်။ ချူးယွင်ဖန်းသည် ဘောလုံးကဲ့သို့ ကို့ရို့ကားရား ခုန်ပေါက်နေသော မိုးကြိုးတောင်ပံသားရဲကို ကြည့်၍ ရယ်မောလိုက်မိသည်။ ယင်းနှင့် အနည်းငယ်အကွာတွင် မြွေကြီး၏ အလောင်းရှိနေ၏။

ချူးယွင်ဖန်းသည် သူ၏ နတ်ဘုရားကျင့်စဥ်ကို ဖြန့်ကျက်ကာ၊ မရီးဒျန်သန့်စင်ခြင်း စတုတ္ထအဆင့်သို့ ကျော်ဖြတ်ရန် စတင်ကြိုးစားခဲ့သည်။ သူသည် တတိယအဆင့်သို့ရောက်နေပြီဖြစ်၍ ယင်းကို ဖြတ်ကျော်နိုင်ရန် ခြေတစ်လှမ်းသာလိုတော့သည်။ သို့သော် ဤသည်က နောက်ဆုံးအဆင့်ဖြစ်၍ အောင်မြင်ရန် အချိန်အလွန်ကြာ၏။

ပုံမှန်အခြေအနေအရ၊ အဆင့်ကျော်ဖြတ်နိုင်ရန် အနည်းဆုံး အချိန်တစ်လ ယူရမည်ဖြစ်ကာ၊ ဤသည်ကပင် အလွန်မြန်သည်ဟု ယူဆထားကြသည်။ အများအားဖြင့် ဤမျှထိ မမြန်ကြပေ။ သာမန်သိုင်းပညာရှင်တစ်ဦးသည် တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်း အဆင့်မဖြတ်ကျော်နိုင်ကြပေ။ လူတိုင်းသည် ၎င်းတို့၏ အခြေအနေများပေါ်တွင်မူတည်၍ ကွဲပြားကြသည်။ ချူးယွင်ဖန်းသည် ပုံမှန်အဆင့်ဖြတ်ကျော်မှုတစ်ခုကို စောင့်ဆိုင်းရန် အချိန်အမြောက်အမြားမရှိပေ။ ထို့ကြောင့် သူသည် သွေးမူလဆေးလုံး၏ စွမ်းအားကို ငှားရမ်းအသုံးပြုရသည်။ သူ၏ ချီစွမ်းအင်များကို လည်ပတ်စေပြီးသည့်နောက်တွင် ဆေးတစ်လုံးကို မြိုချလိုက်၏။

ဘွန်း

သွေးမူလဆေးလုံး၏ အစွမ်းထက်သော ဆေးစွမ်းပကားသည် ချက်ချင်းပင် မြင့်တက်လာကာ၊ ချူးယွင်ဖန်း၏ အလွန် များပြားသော စွမ်းအင်များသည် ချူးယွင်ဖန်း၏ မရီးဒျန်များထဲသို့ တိုးဝင်သွားသည်။ ချူးယွ၍်ဖန်းသည် ဤအစွမ်းထက်သော စွမ်းအင်ကို လည်ပတ်စေရန် နတ်ဘုရားကျင့်စဥ်ကို အသုံးပြု၍ မရီးဒျန်သန့်စင်ခြင်းစတုတ္ထအဆင့်၏ အတားအဆီးကို ကျော်ဖြတ်ရန်စတင်လုပ်ဆောင်ခဲ့သည်။

လှည့်ပတ်မှုတစ်ခုပြီးတစ်ခုတိုင်းတွင် ပြင်းထန်သောာ စွမ်းအင်များသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်အတွင်းတွင် အဆက်မပြတ် လည်ပတ်နေ၍ သူ၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်နေသော စွမ်းအင်များသည် သူ၏ ဧကရာဇ်ခန္ဓာကိုယ်ကို ပိုမို သန်မာလာစေသည်။

ချူးယွင်ဖန်းသည် ဧကရာဇ် ခန္ဓာကိုယ်ကို အရေပြားအဆင့်ထိ ကျင့်ကြံခဲ့ရာ၊ ပထမအဆင့်သို့ရောက်ရှိနေပြီဖြစ်သော်လည်း အဆုံးစွန်ဆုံးထိ မရောက်သေးပေ။ အစ၌သာရှိနေသေး၏။ အသားအဆင့်အပြင်၊ နောက်ဆုံးအရိုးအဆင့်သို့ရောက်ရန် သူ့ကိုယ်သူအဆတ်မပြတ်လေ့ကျင့်ပေးနေရန်လိုအပ်၏။ ပုံမှန်အတိုင်း ဖွင့်၍မရသော ချူးယွင်ဖန်း၏ မရီဂဒျန်များစွာတွင် စွမ်းအင်များဆက်တိုက်တိုးလာသည်။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်လည်ပတ်မှုသည် ပိုမိုကြီးမားလာ၍ မရီးဒျန်သန့်စင်ခြင်း စတုတ္ထအဆင့်၏ အတားအဆီးသည်လည်း ယိမ်းယိုင်လာသည်။ ချူးယွင်ဖန်းသည် ဤလုပ်ငန်းစဥ်ကို အဆက်မပြတ် ထပ်ဖန်တလဲလဲလုပ်ခဲ့သည်။ အချိန်ကာလတစ်ခုကြာမြင့်ပြီးနောက်၊ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များသည် ကြီးမားသောအ အတားအဆီးတစ်ခုကို ဖြတ်ကျော်သွားပုံရသည်။ ယင်းစွမ်းအင်များ ပွက်ပွက်ဆူလာပြီးနောက်၊ သူ့ခန္ဓာကိုယ်ပေါ်ရှိရောင်ဝါများ တဖြည်းဖြည်း မြင့်တက်လာသည်. တစ်ခဏအတွင်း၌ပင် ချူးယွင်ဖန်း၏ ၎င်းသည် ချူးယွင်ဖန်း၏ ခြေလက်များနှင့် အရိုးများအတွင်းသို့ စီးဝင်သွားသည်။

ဘွန်း

ချူးယွင်ဖန်းကို လှည့်ပတ်နေသော ချီစွမ်းအင်များသည် မုန်တိုင်းတစ်ခုဖြစ်တော့မည့်အလား ဆူပွက်လာသည်။

“နောက်ဆုံးတော့ ငါအဆင့်တက်သွားပြီ”

“မရီးဒျန်သန့်စင်ခြင်း စတုတ္ထအဆင့်”

ချူးယွင်ဖန်းသည် သူ့ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော စွမ်းအင်များကို ခံဏားမိသည်။ ဤသည်မှာ အဆင့်သစ်တစ်ခုသို့ဖြတ်ကျော်သွားပြီးမှသာ ထွက်လာသည့် ခံစားချက်ဖြစ်သည်။

ထို့အပြင် သွေးမူလဆေး၏ စွမ်းအင်သည် အပြည့်အဝ မကုန်သေးပေ။ ယင်း၏တစ်စိတ်တစ်ပိုင်းကို သူ၏ ခြေလက်များ၊ အရိုးများအတွင်း၌ ဝှက်ထားဆဲဖြစ်သည်။ ၎င်းကို အပြည့်အဝချေဖျက်၍ စုပ်ယူနိုင်ပါက၊ မရီးဒျန်သန့်စင်ခြင်း စတုတ္ထအဆင့်သို့ပင် မကြာမီ၌ ဖြတ်ကျော်နိုင်လိမ့်မည်ဖြစ်သည်။

ချူးယွင်ဖန်းက အချိန်ကိုကြည့်လိုက်သောအခါ၊ သုံးရက်ပင်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိလိုက်ရသည်။ ဤအချိန်တွင် သူ့ဗိုက်ထဲတွင် မည်သည့်အစာမျှမကျန်တော့သဖြင့်၊ စွမ်းအင်ဖြည့်ဆေးတစ်ပုလင်းကို အမြန်မျိုချလိုက်ကာ၊ အနည်းငယ် ပြန်လည် သက်သာလာသည်။

တောင်မြစ်ပန်းချီကားထဲမှ ထွက်လာပြီးနောက်၊ ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်သို့ပြန်လာခဲ့သည်။ သို့သော် တက္ကသိုလ်ထဲသို့ဝင်လိုက်သည်နှင့် သူ့ပတ်ဝန်းကျင်မှလူများစွာသည် သူ့ကို ထူးဆန်းသောအကြည့်များဖြင့် ကြည့်နေကြသည်ကို မြင်လိုက်ရသဖြင့်၊ အနည်းငယ်အဆင်မပြေသကဲ့သို့ ခံစားလိုက်ရသည်။

“ချူးယွင်ဖန်း ပြန်လာပြီ”

“နောက်ဆုံးတော့ သူပြန်လာပြီ”

“သူ့လူတွေကို မတွေ့တာကြာပြီ၊ သူတို့ ကြောက်များကြောက်နေကြတာလား”

ချူးယွင်ဖန်းသည် ထိုစကားများကို နားမလည်နိုင်ခဲ့ပေ။ ယင်းတို့ကြောင့် ပို၍ပင် စိတ်ရှုပ်သွားရသည်။

ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် တုံရှင်းရန်နှင့် တွေ့လိုက်ရသည်။ ချူးယွင်ဖန်းသည် ဧကရာဇ်နန်းတော်သို့ ဖိတ်ကြားချက်ကို ငြင်းပယ်ခဲ့သော်လည်း ၎င်းတို့သည် ဆက်ဆံရေးကောင်းမွန်နေကြဆဲဖြစ်သည်။ ချူးယွင်ဖန်းသည် ကလေးတစ်ယောက်မဟုတ်သောကြောင့်၊ သူ့စကားကို တစ်စုံတစ်ယောက်က သဘောမတူရုံဖြင့် တစ်သက်တာလုံး မပေါင်းသင်းနိုင်တော့ခြင်းမျိုးဖြစ်လာမည်မဟုတ်ပေ။

“ချူးယွင်ဖန်း၊ နင်ပြန်လာပြီပေါ့” တုံရှင်းရန် က ချူးယွင်ဖန်းကို မြင်လိုက်ရသောအခါ၊ အနည်းငယ် ထူးဆန်းစွာကြည့်၍ မေးလိုက်သည်။

“ဘာမှားလို့လဲ၊ ဘာလို့ အကုန်လုံးက ငါ့ကို ထူးထူးဆန်းဆန်းကြည့်နေကြတာလဲ” ချူးယွင်ဖန်းက မေးသည်။

“တကယ်မသိတာလား၊ ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား” တုံရှင်းရန်က သံသယမျက်လုံးများဖြင့်ကြည့်၍ ပြောလိုက်သည်။

“ဟုတ်တယ် ငါတကယ်မသိဘူး။ လူတိုင်းက အရမ်းထူးဆန်းနေတယ်၊ဘာဖြစ်တာလဲ”

ချူးယွင်ဖန်း လိမ်ညာနေခြင်းမဟုတ်ကြောင်း တုံရှင်းရန်က မြင်ရသဖြင့်၊ သူမသက်ပြင်းချလိုက်သည်။

“ဒါဆို နင်ကတယ်မသိဘူးဆိုရင် ငါပြောပြမယ်၊ နင့် ဧကရာဇ်နန်းတော်ကို တစ်ယောက်ယောက်က တိုက်ခိုက်နေတယ်။ လူတစ်ယောက်က ဂေါင်ဟုန်ချီရဲ့ခြေထောက်ကို ချိုးလိုက်လို့ သူအခု ဆေးရုံမှာရှိနေတယ်”

“ဘာ” ချူးယွင်ဖန်း၏ မျက်လုံးများ ပြူးကျယ်လာသည်။

“ဘယ်သူလုပ်လိုက်တာလဲ”

ချူးယွင်ဖန်းသည် သူ့ဒေါသသူမထိန်းနိုင်ပေ။ ဧကရာဇ်နန်းတော်ကို လူတစ်ယောက်က တိုက်ခိုက်ခြင်းသည် သူ့အတွက် ကိစ္စအသေးစားမျှသာဖြစ်သည်။ အဓိကအချက်မှာ လူတစ်ယောက်က ချူးယွင်ဖန်း၏ ခြေထောက်ကို ချိုးပစ်ခဲ့ခြင်းဖြစ်သည်။ ဤသည်က ချူးယွင်ဖန်းကို အလွန်ဒေါသထွက်စေ၏။

“ဒါ ကျောင်းသားကောင်စီလား”

ချူးယွင်ဖန်း၏ စိတ်ထဲတွင် ပထမဆုံးပေါ်လာသူမှာ ကျောင်းသားကောင်စီမှတပါးအခြားမဟုတ်ပေ။ သူ့အမြင်အရ၊ ကျောင်းသားကောင်စီတစ်ခုတည်းကသာ သုတိ့ကို မုန်းတီးနေကြခြင်းဖြစ်သည်။

“ဒါက ကျောင်းသားကောင်စီကြောင့်မဟုတ်ဘူး။ ဒါပေမယ့် အနည်းနဲ့အများတော့သက်ဆိုင်နေတယ်။ ကျန်းပိုင်ဖေးက နင်တို့ ဧကရာဇ်နန်းတော်နဲ့ မျက်နှာချင်းဆိုင်မှာ ကောင်းကင်ဘုံလင်းယုန်ဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့တယ်။ အဲ့အဖွဲ့က ဧကရာဇ် နန်းတော်ကို တိုက်ခိုက်ခဲ့တာပဲ။ အဲ့အချိန်က ဂေါင်ဟုန်ချီက ဧကရာဇ်နန်းတော်မှာ တစ်ယောက်တည်းရှိနေတာ။ ကျန်းပိုင်ဖေးက သူ့ကို တိုက်ခိုက်ခဲ့လို့၊ ခြေထောက်ကျိုးသွားရတာပဲ။ အဲ့နေရာကို စောင့်ရှောက်ဖို့ ငှားထားတဲ့လူတချို့လည်း ဒဏ်ရာရသွားတယ်”

တုံရှင်းရန်က သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမ၏ မျက်လုံးထဲတွင် ချူးယွင်ဖန်းသည် အမှန်တကယ် ထူးချွန်သူဖြစ်သည်။ ဤကဲ့သို့သောလူသည် သွားလေရာရာ၌ တောက်ပနေပေလိမ့်မည်ဖြစ်ရာ၊ ချူးယွင်ဖန်းကို ပထမဆုံးတွေ့ချိန်မှစ၍ ယခုအချိန်ထိ သူသည် ကမ္ဘာကို ဖြိုခွဲနိုင်လောက်သသည့် ပြောင်းလဲမှုများကို ဖြတ်သန်းခဲ့ရသည်။ သူသည် ဒုံးပျံကဲ့သို့ တိုးတက်လာ၏။

သို့သော် ဤထူးချွန်သူသည် ပို၍ပင်ထူးချွန်သောလူတစ်ဦးနှင့် တွေ့ဆုံရန်ဖြစ်လာခဲ့သည်။ နေသည် ကောင်းကင်သို့တက်လာသကဲ့သို့ပင်ဖြစ်၏။ ယင်းသည်ကား ကျန်းလင်းရှောင်ပင်ဖြစ်သည်။

ပြည်ထောင်စုတက္ကသိုလ်ကဲ့သို့နေရာမျိုးတွင် ကျောင်းသားကောင်စီ၏ ဥက္ကဌဖြစ်လာခဲ့ခြင်းသည် လွယ်ကူသော ကိစ္စတစ်ခုမဟုတ်ပေ။ ဤအရာများအားလုံးသည် ကံကြမ္မာသာဖြစ်သည်။

“ဒါ့အပြင် ကျန်းပိုင်ဖေးက ဧကရာဇ်နန်းတော်မှာပါရဲတဲ့လူတိုင်း သူနဲ့တွေ့တာနဲ့အရိုက်ခံရမယ်လို့ ကြေညာထားသေးတယ်”

အခန်း(၄၇၁) လက်တုံ့ပြန်ရမယ့်အချိန်ရောက်ပြီ

“ကျန်းပိုင်ဖေးက သေချင်နေတာပဲ”

ချူးယွင်ဖန်းသည် သူ့ဒေါသသူ မထိန်းနိုင်တော့ဘဲ၊ ဘေးသို့ လက်သီးတစ်ချက်ထိုးလိုက်သည်။ လေထုသည် ပြင်းထန်စွာတုန်ခါသွားကာ၊ ကျယ်လောင်သောအသံကြီးတစ်ခု ပေါ်ထွက်လာသည်။

တုံရှင်းရန် အနည်းငယ်အံ့အားသင့်သွားည်။ ဤအသံကို နားထောင်ကြည့်ရုံဖြင့် ချူးယွင်ဖန်းသည် မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ရောက်နေကြောင်း သူမသိလိုက်သည်။ သူတို့ နောက်ဆုံးတွေ့ခဲ့ကြသည်မှာ အလွန်ကြာခဲ့ပြီဖြစ်၏။ ထို့ကြောင့် ချူးယွင်ဖန်းသည် သန့်စင်ခြင်းအဆင့်သို့ရောက်နေလိမ့်မည်ဟု သူမမမျှော်လင့်ထားခဲ့ပေ။

စာသင်နှစ်စခဲ့သည်မှာ လအနည်းငယ်ကြာခဲ့ပြီဖြစ်သော်လည်း သောင်းနှင့်ချီသော ကျောင်းသားသစ်များကြားတွင် မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်သူအရေအတွက်သည်မူ ငါးဆယ်ထက်နည်း၏။ ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ရောက်ခဲ့ရစဥ်က အောက်ခြေတွင်မဟုတ်သော်လည်း ထိပ်တန်းထောင်ဂဏန်းခန့်တွင်ရှိ၏။ လအနည်းငယ်အတွင်းတွင် လူဒါဇင်အနည်းငယ်မျှသာ ရောက်ရှိနိုင်သော ပထမနှစ်ကျောင်းသားများကြားတွင် စွမ်းအားအပြင်းဆုံးသူဖြစ်လာသည်။ ထိုသို့သော တိုးတက်မှုအရှိန်သည် အံ့အားသင့်ဖွယ်ကောင်းလှ၏။

ထိုစဥ်က တုံရှင်းရန်သည် ချူးယွင်ဖန်းကို ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့သေးသည်။ သူမသည် သူ၏ ပြိုင်ဘက်မဟုတ်သော်လည်း ၎င်းတို့သည် အဆင့်တူနီးပါး၌ရှိခဲ့ကြသည်။ သို့သော် ယခုမူ သူမသည် သူ့ထံမှ လက်သီးတစ်ချက်ကိုပင် ခံနိုင်ရည်ရှိမည်မဟုတ်ကြောင်းနှင့် ချက်ချင်းပင်ရှုံးနိမ့်သွားလိမ့်မည်ဖြစ်ကြောင်း သူမသိသည်။

တုံရှင်းရန်သည် သူမ၏ ရှိသမျှသော ခွန်အားကို အသုံးပြုထားလျှင်ပင် အသုံးဝင်လိမ့်မည်မဟုတ်ပေ။ နှစ်ဖက်ကြာတွင် အခြေခံ အင်အားကွာခြားမှုရှိသည်။ ယခုအခါ သူမသည် စွမ်းအင်သန့်စင်ခြင်းသတ္တမအဆင့်သို့သာ တက်လှမ်းနိုင်ခဲ့သည်ဖြစ်ရာ၊ ပထမနှစ်ပြီးလျှင်ပင်၊ မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်မဟုတ်ပေ။

တုံရှင်းရန်သည် ယခု လူများကို နှိုင်းယှဥ်ရခြင်း၏ ဒေါသကို အမှန်တကယ် ခံစားမိလာသည်။ သို့သော်လည်း တုံရှင်းရန်သည် ချူးယွင်ဖန်းနှင့် ပတ်သက်၍ သူမတွေ့ရှိခဲ့သော အချက်အလက်များကို ပြန်လည်အမှတ်ရခဲ့သည်။ ထိုအချိန်က ချူးယွင်ဖန်းသည် ဤကဲ့သို့ပင်ဖြစ်ရာ၊ လမ်းတစ်လျှောက်လုံးရှိ လူမှန်သမျှကို သုတ်သင်ခဲ့သည်။ သူသည် သူ၏ ပြိုင်ဘက်များကို သူ့နောက်တွင်ချန်ရစ်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

“နင် မရီးဒျန်သန့်စင်ခြင်းအဆင့်ကိုရောက်ပြီလား” တုံရှင်းရန်က မေးသည်။

ချူးယွင်ဖန်း အသိပြန်ဝင်လာပြီးနောက်မှ လေးနက်သောအမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်”

ချူးယွင်ဖန်းသည် မရီးဒျန်သန့်စင်ခြင်းအဆင့်သို့တက်လှမ်းနိုင်ခဲ့ရုံသာမက၊ သာမန် မရီးဒျန်အဆင့် ကျွမ်းကျင်သူများကိုလည်း ဖရဲသီးများ အသီးအရွက်များကဲ့သို့ ခုတ်ပိုင်းပစ်နိုင်သည်။

“နင်က တကယ်ကို ကောင်းကင်ဘုံကကောင်းချီးပေးထားတဲ့ ပါရမီရှင်ပဲ။ ယွင်နင်ခရိုင်လိုနေရာလေးမှာ နင့်လိုနဂါးတစ်ကောင် ပျိုးထောင်နိုင်ဖို့မလွယ်ဘူး။ ဒါပေမယ့် စိတ်အေးအေးထားဖို့ အကြံပေးချင်တယ်။ ကျန်းပိုင်ဖေးက စာမေးပွဲမဖြေခင်တည်းက မရီးဒျန်သန့်စင်ခြင်းအဆင့်ကိုရောက်နေပြီ။ နင် သူ့ကို အနိုင်မယူနိုင်ဘူး။ ကျန်းလင်းရှောင်က သူ့အဆင့်အတန်းကြောင့် နင့်ကို မတိုက်ခိုက်ပေမယ့် ကျန်းပိုင်ဖေးကတော့ ဘာစည်းမှတားနေမှာမဟုတ်ဘူး။ နောက်ဆုံးတော့လ်း သူက ငါတို့နဲ့ အပါတ်စဥ်တစ်ခုတည်းကဆိုတော့ သူ ဒီလို လုပ်ဖို့ တုံ့ဆိုင်းမနေတာလဲ ကံကြမ္မာပါပဲ” တုံရှင်းရန်က အကြံပေးသည်။ ချူးယွင်ဖန်းသည် ကျန်းလင်းရှေဦင်ကို အနိုင်ယူနိုင်လိမ့်မည်မဟုတ်ဟု သူမထင်ခဲ့သောကြောင့် ချူးယွင်ဖန်း၏ ဖိတ်ကြားမှုကို ချက်ကျလက်ကျ ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

“စိတ်မပူပါနဲ့၊ ငါ ထင်ရာမစိုင်းပါဘူး။ ကျေးဇူးပါပဲ၊ နောက်မှ ထမင်းဝယ်ကျွေးပါ့မယ်” ချူးယွင်ဖန်း၏ အမူအရာသည် အေးစက်သွား၏။ ဤသို့ပြောပြီးနောက်၊ ဂေါင်ဟုန်ချီကို ရှာရန် ပြည်ထောင်စုတက္ကသိုလ်တွင်းဆေးရုံသို့ သွားချင်သောကြောင့် ချူးယွင်ဖန်း လှည့်ထွက်သွားသည်။

“အိုး ဘုရားရေ” တုံရှင်းရန် သက်ပြင်းချလိုက်သည်။

ချူးယွင်ဖန်း ပြန်လာပြီးနောက်တွင် သူပြန်လာသည့်သတင်းသည် ပြည်ထောင်စုတက္ကသိုလ်တွင်း၌ ပျံ့နှံ့သွား၏။

ချူးယွင်ဖန်းသည် နောက်ဆုံးတွင် ပြန်လာခဲ့ကာ၊ မုန်တိုင်းတစ်ခု စတင်ခဲ့သည်။

ချူးယွင်ဖန်းသည် ဤအရာများကို မသိခဲ့ပေ။ ဂေါင်ဟုန်ချီကို ပြည်ထောင်စုတ္ကသိုလ်တွင်းဆေးရုံ၌ ရှာတွေ့ခဲ့သည်။ ထိုအချိန်တွင် ဂေါင်ဟုန်ချီသည် ပက်လက်လန်နေလျက်၊ သူ၏ ခြေထောက်များကို ကျောက်ပက်တီးကိုင်ထား၏။ ဂေါင်ဟုန်ချီအနားရှိ အမျိုးသမီးသည် လီရှု့ယွင်မှတပါးအခြားမဟုတ်ပေ။ ချူးယွင်ဖန်း အဝေးသို့ရောက်နေချိန်၌ သူတို့နှစ်ဦး ပြန်ပေါင်းစီးသွားပုံပေါ်သည်။

လီရှု့ယွင်သည် ချူးယွင်ဖန်းကို မြင်သောအခါ၊ သူမ၏ မျက်နှာထက်တွင် ရှုပ်ထွေး‌သော အမူအရာတစ်ခုပေါ်လာသည်။ ဂေါင်ဟုန်ချီ ဤသို့ ရိုက်နှက်ခံရခြင်း၏ အကြောင်းအရင်းမှာ ချူးယွင်ဖန်းကြောင့်ဖြစ်သည်။

သို့သော် လီရှု့ယွင်သည် ချူးယွင်ဖန်းကို အပြစ်မပြောနိုင်ခဲ့ပေ။ ယခငအဖြစ်အပျက်ကြောင့် ချူးယွင်ဖန်းနှင့် ဂေါင်ဟုန်ချီတို့အကြားဆက်ဆံရေး ပို၍ နက်ရှိုင်းလာသည်ကို သူမနားလည်လာ၏။ ဂေါင်ဟုန်ချီနှင့် သူမ မည်မျှ ကြာကြာရှိခဲ့ဖူးသနည်း။ ထို့အပြင် ချူးယွင်ဖန်းကို အပြစ်ပုံချခြင်းသည် အနည်းငယ်ရုပ်တိမရှိပေ။ နောက်ဆုံးတွင်မူ၊ ဂေါင်ဟုန်ချီကိုယ်တိုင်ပင် ဤသို့အပြစ်မဆိုခဲ့ပေ။

“မင်းပြန်လာပြီလား” ဂေါင်ဟုန်ချီက ပြုံး၍ပြောလိုက်သောအခါ၊ သူ၏ခြေထောက်များသည် အလွန် လှုပ်ယမ်းနေ၏။ သူ့ခြေထောက်များကျိုးသွားခဲ့ရသော်လည်း ခေတ်မီနည်းပညာများဖြင့် ကုသရန် အလွန်လွယ်ကူသည်။ သို့သော် သူ့ခြေထောက်များကို ချိုးလိုက်ခြင်းသည် စော်ကားမှုတစ်ခုဖြစ်ကြောင်း သိသာထင်ရှား၏။

“ဟုတ်တယ် ငါပြန်ရောက်ပြီ”

ချူးယွင်ဖန်း၏ အမူအရာသည် ဂေါင်ဟုန်ချီကိုမျက်ကွယ်ပြုထားသကဲ့သို့ မည်သို့မျှ မထူးခြားလှပေ။ ဂေါင်ဟုန်ချီသည် ချူးယွင်ဖန်း၏ စိတ်ကို ကောင်းစွာသိသည်။ ချူးယွင်ဖန်းက ဤသို့ပြုမူလေလေ၊ သူ့စိတ်ထဲတွင် ဒေါသများဖြင့် ပို၍ တောက်လောင်နေလေလေဖြစ်သည်။

“ဟဲဟဲ နည်းနည်းတော့ ရှက်တယ်၊ ငါ့ခြေထောက်တွေကျိုးသွားတယ်” ဂေါင်ဟုန်ချီက ရယ်မော၍ ပြောလိုက်သည်။

“အဆင်ပြေပါတယ်၊ ကျန်းပိုင်ဖေး က မင်းခြေထောက်ကို ချိုးသွားတာလား။ ငါတို့သူ့ကို ပြန်အကြွေးဆပ်ခိုင်းမယ်” ချူးယွင်ဖန်းက မရေးမကြီးသော ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ ဘာသိဘာသာပြောလိုက်သည်။

လီရှု့ယွင်သည် မည်သို့တိုက်ခိုက်ရန် စီစဥ်ထားသနည်းဟု ချူးယွင်ဖန်းကို မေးချင်ခဲ့သည်။ ကျန်းပိုင်ဖေးသည် ကျောင်းသားသစ်များကြားတွင် အလွန်သန်မာလှသူဖြစ်ရာ၊ ဒုတိယနှစ်ကျောင်းသားများပင် သူ့ကို မယှဥ်နိုင်ပေ။ ထိုအချိန်တွင် တံခါးပွင့်လာကာ၊ ရှဖန်သည် ခြေလှမ်းကြဲကြီးများဖြင့် လျှောက်လာ၏။ ချူးယွင်ဖန်း အဆင်ပြေနေသည်ကို မြင်လိုက်ရသောအခါ၊ သူက သက်ပြင်းချလိုက်သည်။

“ခေါင်းဆောင်ချူး၊ နောက်ဆုံးတော့ မင်းပြန်လာပြီပေါ့။ မင်းဆီက အသံမကြားရတာကြာပြီ။ ငါတို့အားလုံး မင်းများ တစ်ခုခုဖြစ်နေမှာကို စိုးရိမ်နေတာ။ အစ်မက မင်းကိုစွန့်လွှတ်လိုက်ရပြီလို့တောင်ပြောနေသေးတယ်”

“အားလုံးအဆင်ပြေပါတယ်၊ သွေးမင်းသားက အစွမ်းထက်ပေမယ့် ငါဘေးကင်းကင်းနဲ့လွတ်မြောက်နိုင်ခဲ့တယ်” ချူးယွင်ဖန်းက ပြုံဂ၍ ပြောသည်။

“ကျန်းပိုင်ဖေးက ဧကရာဇ်နန်းတော်ကို တိုက်ခိုက်တဲ့အကြောင်း မင်းသိတယ်မလား”

“ငါသိတယ်၊ ငါပြန်ရောက်ရောက်ချင်းသိလိုက်ရတာပဲ” ရှဖန်ကပြောသည်။

“အဲ့မျိုးမစစ်တွေက အခု အရမ်းသတိကြီးလာကြတယ်၊ ငါသူတို့ကို သင်ခန်းစာပေးဖို့ အခွင့်အရေးစောင့်နေပေမယ့် အခုထိမရသေးဘူး”

ရှဖန်သည် စိတ်အေးအေးထားတတ်သူတစ်ဦးမဟုတ်ပေ။ သူသည် ချူးယွင်ဖန်းနှင့်အဆင့်မတူသော်လည်း ယင်းသည် သူ့အတွက်အရေးမကြီးပေ။ သူ့အမြင်အရမူ၊ ကျန်းပိုင်ဖေးတစ်ဦးသည်သာလျှင် ကိုင်တွယ်ရအနည်းငယ်ခက်ခဲမည်ဖြစ်ရာ၊ ၎င်းတို့အဖွဲ့အစည်းထဲမှ အခြားလူများသည်မူ မည်သို့မျှမဟုတ်ပေ။ ရှဖန်သည် ချူးယွင်ဖန်းကြောင့် ဧကရာဇ်နန်းတော်ကို ဝင်ရောက်ခဲ့သော်လည်း နောက်ဆုံးတွင် သူပါဝင်ခဲ့သည်။ ယခု ကျန်းပိုင်ဖေးက ဧကရာဇ်နန်းတော်သို့ တိုက်ရိုက်တိုက်ခိုက်ခဲ့ခြင်းသည် သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင်ဖြစ်၏။

“အဆင်ပြေပါတယ်၊ တစ်ယောက်ယောက် တစ်ယောက်တည်းဖြစ်တဲ့အချိန်ကို ငါတို့စောင့်စရာမလိုဘူး။ သူတို့တံခါးကိုသွားခေါက်ရုံပဲ၊ ကျန်းပိုင်ဖေးက ငါတို့ ဧကရာဇ်နန်းတော်ကို တိုက်ခိုက်ခဲ့တဲ့အတွက် ငါတို့ကလည်း ကောင်းကင်ဘုံလင်းယုန်ကို ပြန်တိုက်ခိုက်ရမယ်” ချူးယွင်ဖန်းက ပြုံး၍ပြောသည်။

“ခေါင်းဆောင်ချူး၊ အရမ်းမလောနဲ့၊ ဒီမျိုးမစစ်တွေက မင်းပြန်အလာကို စောင့်နေကြတာ၊ ကောင်းကင်ဘုံလင်းယုန်အဖွဲ့မှာ ကျောင်းသားကောင်စီကလူတွေ စောင့်ကြပ်နေကြတယ်။ အရင်က သူတို့ကို အမြဲတွေ့ရတယ်။ တကယ်လို့ မင်းအလျင်လိုပြီး ပြဿနာရှာရင် ဆယ်မိနစ်အတွင်း သူတို့ရောက်လာလိမ့်မယ်” ရှဖန်သည် ချူးယွင်ဖန်းကို ရပ်တန့်ရန် အလျင်အမြန်ကြိုးစားခဲ့သည်။ ဒေါသအလွန်ကြီးနေသော်လည်း ကျောက်တုံးကို ကြက်ဥဖြင့်ပစ်ပေါက်ခြင်းသည် မည်သို့ဆိုလိုခြင်းဖြစ်ကြောင်း သူသိသည်။

ကျန်းပိုင်ဖေးသည် ကောင်းကင်ဘုံလင်းယုန်တွင် အရာများစွာကို ကြီးကြပ်နေသောကြောင့် အလွန်ပြဿနာများသည်။ ထို့အပြင် နောက်ကွယ်တွင်၊ ပြဿနာတက်စေရန် ရည်ရွယ်နေသည့် ကျောင်းသားကောင်စီလည်းရှိနေ၏။ ၎င်းတို့သည် လူကောင်းများမဟုတ်ကြသည်မှာ သေချာလှသည်။

“ငါ ဆယ်မိနစ်ပဲလိုတာပါ” ချူးယွင်ဖန်းက မျက်ခုံးတွန့်၍ပြောလိုက်သည်။

“ဘယ်သူမှ ဧကရာဇ်နန်းတော်ကို တိုက်ခိုက်ပြီး ငါ့ညီရဲ့ ခြေထောက်တွေကိုကျိုးအောင်လုပ်ထားပြီးမှ ဒီတိုင်း နေလို့မရဘူးလေ။ အိုး ဟုတ်သားပဲ၊ ကျောင်းက ကျန်းပိုင်ဖေးကို ဒီအတွက် အပြစ်မပေးဘူးလား”

“အင်း ကျောင်းသားကောင်စီက ကျန်းပိုင်ဖေးကို တစ်ရက်တာ အကျယ်ချုပ်ချပြီး၊ လျော်ကြေးယွမ်တစ်သိန်းတောင်းထားတယ်”

All Chapters