အခန်း (၄၇၂-၄၇၄)
Vol. 32 Ch. 472-474
အခန်း(၄၇၂) ကောင်းကင်ဘုံလင်းယုန်နှင့်အတူ ကျရှုံးခြင်း
ရှဖန်သည် ချူးယွင်ဖန်းကို လေ့လာကြည့်လိုက်သည်။ ကျန်းပိုင်ဖေးက တိုက်ရိုက်စော်ကားခဲ့ခြင်းဖြစ်သဖြင့်၊ ပိုက်ဆံပို့လိမ့်မည်မဟုတ်ကြောင်း လူတိုင်းသိသည်။ ယွမ်တစ်သိန်းသာ ပေးဆောင်ရခြင်းသည် အရှက်ရစဖွယ်ပင်ဖြစ်၏။
ချူးယွင်ဖန်း၏ မျက်လုံးများထဲတွင် အေးစက်သောအလင်းတန်းတစ်ခု တောက်ပသွားသ်ည။
“ယွမ်တစ်သိန်းဟုတ်လား၊ ဘယ်လောက်တောင်ရက်ရောလွန်းလိုက်တာလဲ”
“ကျန်းပိုင်ဖေးက အရှက်ခွဲခံချင်နေတာပဲ”
“နောက်ဆုံးတော့ ငါနားလည်သွားပြီ၊ ပြည်ထောင်စုတက္ကသိုလ်မှ လူကောင်းလို့ခေါ်တဲ့လူတွေက မြင်းကောင်းတွေကို အနုငိ်ကျင့်ကြတယ်။ မင်း ဘေးကင်းပြီလို့ ထင်တဲ့အချိန်မှာ၊ မင်းကို အနိုင်ကျင့်ဖို့ ခုန်ပေါက်ပြီးထွက်လာမယ့်လူတွေအများကြီးပဲ။ သူတို့က မင်းကို လွယ်ကူတဲ့ပစ်မှတ်တစ်ခုလို့ပဲတွေးကြလိမ့်မယ်”
“ကျန်းပိုင်ဖေးက အခု ကောင်းကင်ဘုံလင်းယုန်မှာလား” ချူးယွင်ဖန်းက ရှဖန်ကိုကြည့်၍မေးလိုက်သည်။
ရှဖန်က ခေါင်းညိတ်၍ ပြောလိုက်သည်။
“သူဒီကို ရောက်နေတာ ရက်အတော်ကြာပြီ၊ သူမရှိရင်တောင် အခြား မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတွေရှိတယ်။ ကျန်းပိုင်ဖေးအပြင် ကောင်းကင်ဘုံလင်းယုန်မှာ စုဖေးယန်နဲ့ ကျန်းရှောင်လို့ခေါ်တဲ့ အခြားလူနှစ်ယောက်ရှိသေးတယ်။ သူတို့အားလုံးက ထိပ်တန်းတက္ကသိုလ်ကျောင်းသားပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ကြတဲ့သူတွေပဲ။ သူတို့ကို ကိုင်တွယ်ဖို့ မလွယ်ဘူး”
ရှဖန်သည် ဤလူများကို ရှင်းလင်းစွာနားလည်သဘောပေါက်သည်။ သူသည် အရှုံးကို လွယ်ကူ တိတ်ဆိတ်စွာ လက်ခံတတ်သူမဟုတ်သဖြင့်၊ များစွာရှာဖွေလေ့လာခဲ့သည်။
“သူဒီမှာရှိတာကောင်းတယ်။ သူမရှိရင် အဓိပ္ပါယ်မဲ့သွားလိမ့်မယ္။ ငါ သူတို့အားလုံးကို ကိုင်တွယ်လိုက်မယ်” ချူးယွင်ဖန်းက မတ်တပ်ထရပ်၍ပြောသည်။
“ငါဖန်ဖေတို့အဖွဲ့အစည်းကို ဖျက်ဆီးပစ်မယ်။ ရှဖန် မင်းလိုက်ချင်လား။ ဒီတိုက်ပွဲက ဧကရာဇ်နန်းတော်ကို လာထိရင်ဘာဖြစ်မလဲဆိုတာ ကြည့်ရမယ့်ပွဲပဲ။ ကြည့်ချင်ရင် မင်းကိုယ်တိုင်လာကြည့်”
ချူးယွင်ဖန်းက စကားဆုံးသည်နှင့် အခန်းထဲမှ လှည့်ထွက်သွားသည်။ ရှဖန်သည် အံကြိတ်လျက်၊ ချူးယွင်ဖန်းနောက်သို့လိုက်ကာ၊ မျက်လုံးများသည်လည်း တဖျပ်ဖျပ်တောက်နေသည်။
“ငါဘာလို့ မလိုက်ရမှာလဲ၊ ကျန်းပိုင်ဖေးက ထိပ်တန်းအမှတ်အများဆုံးပြိုင်ပွဲမှာ တတိယရခဲ့တာမလား။ တတိယနေရာကလူကို ပါးရိုက်နိုင်တဲ့လူ အများကြီးမရှိဘူး”
လီရှု့ယွင်သည် ထွက်သွားသည့်လူနှစ်ယောက်ကိုကြည့်၍ မျက်နှာထက်တွင် စိုးရိမ်သောကအမူအရာများထင်ဟပ်လာသည်။ နောက်ဆုံးတွင် ၎င်းတို့သည် ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးနှင့် ရန်ဖြစ်ကြတော့မည်ဖြစ်ရာ၊ ကျန်းပိုင်ဖေးက ကျန်းလင်းရှောင်မျှ မတော်လျှင်ပင်၊ သူ၏ ရွယ်တူများကြားတွင် စွမ်းအားအကြီးဆုံးလူတစ်ဦးဖြစ်သည်။
“သူတို့အဆင်ပြေမှာလား” လီရှု့ယွင်က မေးသည်။
“ခဏစောင့်၊ ကျန်းပိုင်ဖေးရဲ့မျက်နှာတော့ ယောင်ကိုင်းသွားတော့မယ်” ဂေါင်ဟုန်ချီက ပြုံး၍ပြောသည်။
“ကျန်းပိုင်ဖေး၊ မင်းရဲ့ပြစ်ဒဏ်လာပြီ”
အခန်းထဲမှ ထွက်လာပြီးနောက်၊ ချူးယွင်ဖန်းသည် ကောင်းကင်ဘုံလင်းယုန်ဆီသို့ ချက်ချင်းအလျင်စလို မသွားခဲ့ပေ။ သူသည် ကျောပိုးအိတ်ကို ထုတ်၍ ATM စက်ကိုရှာလိုက်ကာ၊ ယွမ်ငွေတစ်သိန်းကိုထုတ်ယူ၍ ကျောပိုးအိတ်ထဲထည့်လိုက်သည်။
ရှဖန်က ချူးယွင်ဖန်း၏ အမူအရာကို မြင်သောအခါ၊ သူမည်သို့ပြုမူတော့မည်ဖြစ်ကြောင်း နားလည်လိုက်သည်။ ချူးယွင်ဖန်းသည် ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေတော့မည့် လုပ်ရပ်တစ်ခုကို လုပ်ဆောင်တော့မည်ဟု သူခံစားမိသည်။ သို့သော် ချူးယွင်ဖန်း၏ အပြုအမူများကိုကြည့်လျှင်မူ၊ ကြီးကြီးမားမားမဟုတ်ဟုထင်ရ၏။
ချူးယွင်ဖန်း ပေါ်လာပြီးနောက်၊ သူ့အကြောင်း သတင်းများပျံ့နှံ့လာသည်။ ယခင်က ဧကရာဇ်နန်းတော်ကို တိုက်ခိုက်သည့် ကျန်းပိုင်ဖေးအကြောင်းသည် အချိန်အတော်ကြာအထိ ပျံ့နှံ့နေခဲ့သည်။ နောက်ဆုံးတွင်မူ၊ ကျန်းပိုင်ဖေးသည် တက္ကသိုလ်တစ်ခုလုံးတွင် တတိယအဆင့်ဖြစ်သဖြင့်၊ ကျောင်းသားသစ်များကြာတွင် အတောက်ပဆုံးသောလူတစ်ယောက်ဖြစ်သည်။
ချူးယွင်ဖန်းသည် မကြာသေးမီမှစ၍ ကျော်ကြားလာခဲ့ခြင်းဖြစ်ကာ၊ သူသည်လည်း ကျောင်းသားကောင်စီဥက္ကဌကိုတိုက်ရိုက် စိန်ခေါ်ဝံ့သည့်သူဖြစ်သည်။ အရူးတစ်ယောက်ဖြစ်စေ၊ အမှန်တကယ် ယုံကြည်မှုရှိသူဖြစ်စေ၊ မရေမတွက်နိုင်အောင်များပြားလှသောလူများ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။
ယခုနှစ်ဘက် ထိပ်တိုက်တွေ့သောအခါတွင်မူ၊ မည်မျှ အာရုံစိုက်ခံရမည်ကို ခန့်မှန်း၍ပင်မရနိုင်ပေ။ ချူးယွင်ဖန်းသည် အနီးနားတွင်မရှိခဲ့သောကြောင့် ယင်းကိစ္စနှင့် ပတ်သက်၍ နောက်ဆက်တွဲ တစ်စုံတစ်ရာမရှိခဲ့ပေ။ တဖြည်းဖြည်းနှင့် သတင်းခေါင်းစဥ်သည် ပျောက်ပျက်သွားခဲ့သည်။
ယခု ချူးယွင်ဖန်း ပြန်ရောက်လာပြီဖြစ်သဖြင့်၊ နောက်ဆက်တွဲ ရှိလာမည်ဖြစ်ရာ၊ လူများစွာက စတင်အတင်းပြောလာကြသည်။
“နောက်ဆုံးတော့ ချူးယွင်ဖန်း ပြန်လာပြီ”
“သူဂေါင်ဟုန်ချီကိုတွေ့ဖို့ ဆေးရုံသွားသေးတယ်”
“ကျန်းပိုင်ဖေးကို ပြဿနာသွားရှာရဲမှာမဟုတ်ဘူးလို့ ငါ တစ်သောင်းဖိုးလောင်းတယ်”
“စားစား ကျောင်းသားကောင်စီရဲ့ ဆုံးဖြတ်ချက်က ကျန်းပိုင်ဖေးကို တော်တော် ဘက်လိုက်နေတယ်။ ချူးယွင်ဖန်းက အုပ်ချုပ်ရေးရုံးကို တိုင်ဖို့သွားမယ်လို့ ငါထင်တယ်”
“မှန်တယ်၊ သူလုပ်နိုင်တာ ကွန်ပလိန်းတက်တာအပြင် ဘာရှိသေးလို့လဲ။ ကျန်းလင်းရှောင်က တက္ကသိုလ်ကို မငြင်းနိုင်သလို ကျန်းပိုင်ဖေးကိုလည်းမငြင်းနိုင်ဘူး”
…
“သူပိုက်ဆံနဲ့ဘာလုပ်ဖို့ကြိုးစားနေတာလဲ”
“သေစမ်း သူတကယ် ကောင်းကင်ဘုံလင်းယုန်ကို သွားနေတာလား”
“သူတကယ် ကောင်းကင်ဘုံလင်းယုန်မှာ ပြဿနာသွားရှာတော့မှာလား။ သေချင်နေတာလား။ ကျောင်းသားကောင်စီက သေချာပေါက် လက်တုံ့ပြန်လိမ့်မယ်”
လူများစွာသည် ဤကိစ္စကို စတင်ဆွေးနွေးလာကြသည်။ ချူးယွင်ဖန်းသည် ကောင်းကင်ဘုံလင်းယုန်နှင့် နီးကပ်လာသည်နှင့်အမျှ၊ လူများက ပို၍ပို၍ အာရုံစိုက်လာကြသည်။ ချူးယွင်ဖန်းရောက်လာသည်နှင့်၊ ပြဿနာရှာတော့မည်ဖြစ်ကြောင်း ၎င်းတို့ သိထားကြသည်။
ကောင်းကင်ဘုံလင်းယုန်နှင့် မဝေးလှသောနေရာများတွင် ကျောင်းသားထောင်ပေါင်းများစွာရှိနေကြရာ၊ ၎င်းတို့အများအပြားသည် ကင်မရာများကိုဖွင့်၍ တိုက်ရိုက်ထုတ်လွှင့်နေကြသည်။ ယခုအချိန်တွင် ဤကိစ္စကို အာရုံစိုက်နေကြသောသူ စုစုပေါင်း တစ်သောင်းကျော်ခန့်ရှိနေပြီဖြစ်ရာ၊ ပထမနှစ်ကျောင်းသားတိုင်းက စောင့်ကြည့်နေကြသည်။ ၎င်းသည် လက်ရှိတွင် ထင်ရှားကျော်ကြားနေသောပုဂ္ဂိုလ်နှစ်ယောက်ကြားမှ တိုက်ခိုက်မှုဖြစ်သဖြင့်၊ မရေမတွက်နိုင်အောင်များပြားလှသော ပွဲကြည့်ပရိတ်သတ်များအားလုံးသည် ၎င်းတု့ိ၏ ခုံများတွင် ထိုင်နေကြသည်။ ချူးယွင်ဖန်းသည် ကောင်းကင်ဘုံလင်းယုန်၏ မျက်နှာချင်းဆိုင်သို့လှမ်းကြည့်လိုက်သည်။ ယင်းမှာ ဧကရာဇ်နန်းတော်မှတပါး အခြားမဟုတ်ပေ။ ဧကရာဇ်နန်းတော်၏ ဆိုင်းဘုတ်သည် နှစ်ပိုင်းခွဲခြင်းခံထားရ၏။
ချူးယွင်ဖန်းသည် ဧကရာဇ်နန်းတော်ဆီသို့ တိတ်ဆိတ်စွာလမ်းလျှောက်လာသည်။ ထို့နောက်၊ ဆိုင်းဘုတ်ကို ကောက်ကိုင်၍ ဖုန်မှုန့်များကို သုတ်လိုက်သည်။
ထိုအချိန်တွင် ဧကရာဇ်နန်းတော်အနီတွင် စောင့်ကြပ်နေသော ကျောင်းသားနှစ်ယောက်သည် ရန်သူကြီးနှင့် ရင်ဆိုင်နေရသည့်နှယ်ခံစားလိုက်ကြရသော်လည်း ချူးယွင်ဖန်း၏လုပ်ရပ်ကို မြင်သောအခါ၊ သက်ပြင်းချလိုက်ကြသည်။ ကင်းစောင့်နှစ်ယောက်သည် အလွန်သန်မာလှသော်လည်း ချူးယွင်ဖန်း၏ ခွန်အားအကြောင်းကို သူတို့ ကြားခဲ့ကြဖူးသည်။ ချူးယွင်ဖန်းသည် ကျန်းလင်းရှောင်သို့မဟုတ ်ကျန်းပိုင်ဖေးနှင့် မယှဥ်နိုင်ပေ။ သို့သော် ဤနှစ်ယောက်နှင့် ယှဥ်ပါက ချူးယွင်ဖန်းသည် ပို၍ စွမ်းအားကြီး၏။
ချူးယွင်ဖန်းက လှည့်၍ ဖြည်းညှင်းစွာလှည့်ထွက်၍ ကောင်းကင်ဘုံလင်းယုန်ဆီသို့လျှောက်သွားသည်။
“ချူးယွင်ဖန်း မင်းဘာလုပ်ဖို့ စီစဥ်နေတာလဲ” ကင်းစောင့်တစ်ယောက်က တုန်လှုပ်ခြောက်ခြားစွာမေးလိုက်သည်။
“ကျန်းပိုင်ဖေးအထဲမှာလား” ချူးယွင်ဖန်းက မေးသည်။
“ခေါင်းဆောင်ကျန်းက အထဲမှာပါ၊ ဒါပေမယ့် မင်းအတွက် အကောင်းအဆိုးကို မင်းမသိရင် ထွက်သွားတာပိုကောင်းလိမ့်မယ်။ သူထွက်လာရင် မင်းထွက်သွားဖို့ နောက်ကျနေလိမ့်မယ်”
ချူးယွင်ဖန်းက အလွန် “ယဥ်ကျေး”နေသည်ကို မြင်သောအခါ၊ ကင်းစောင့် နှစ်ယောက်က ပို၍သတ္တိရှိလာသည်။ ဒဏ္ဍာရီလာချူးယွင်ဖန်းသည် ထိုမျှ မကြီးမြတ်ပေ။ သေချာသည်တစ်ခုမှာ သူတို့ကို သူ မည်သို့မျှ လုပ်ဝံ့လိမ့်မည်မဟုတ်ပေ။
အနီးနားရှိ ကျောင်းသားအများအပြားသည်လည်း အနည်းငယ်စိတ်ပျက်သွားကြသည်။ ထို့ကြောင့် ချူးယွင်ဖန်းသည် နောက်ဆုံးတွင်မူ၊ ကျန်းပိုင်ဖေးကို မတိုက်ခိုက်ဝံ့ပေ။ ဤသည်က အလွန်ငြီးငွေ့ဖွယ်ကောင်းလှသည်။ ဤသို့သော ပျင်းဖွယ်ကောင်းသော ရှိုးပွဲကိုကြည့်ရန် ဤနေရာသို့လာခဲ့ကြခြင်းမဟုတ်ပေ။
“သူဒီမှာရှိနေတာ ကောင်းတယ်၊ ငါအချိန်မီရောက်လာတယ်ထင်တယ်” ချူးယွင်ဖန်းက အနည်းငယ်ခေါင်းညိတ်၍ ခပ်ပါးပါးပြုံးကာပြောလိုက်သည်။ ဤသို့ပြောပြီးနောက်၊ အဆောက်အဦထဲသို့ လမ်းလျှောက်ဝင်သွား၏။
“ချူးယွင်ဖန်း မင်းဘာလိုချင်တာလဲ၊ ကောင်းကင်ဘုံလင်းယုန်ကို ဖောက်ထွင်းဝင်ရောက်တကာက၊ တက္ကသိုလ်စည်းမျဥ်းတွေကို ချိုးဖောက်တာနဲ့အတူတူပဲ” ကင်းစောင့်ကပြောသည်။
“စည်းကမ်းကို ချိုးဖောက်တယ်ဟုတ်လား။ မင်းတို့လူတွေက စည်းကမ်းကိုတောင်နားလည်လို့လား။ ငါ့လမ်းက ဖယ်စမ်းပါ”
အခန်း(၄၇၃) ကောင်းကင်ဘုံလင်းယုန်ကို ပြောင်းပြန်လှန်ခြင်း
“ငါ့လမ်းကဖယ်စမ်း”
ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာပြီးနောက်၊ အစောင့်နှစ်ဦးသည် အနောက်သို့ အလိုလို ဆုတ်ခွာသွားကြ၏။ မကြာသေးမီကမှ ယဥ်ကျေးပြနေခဲ့သော ချူးယွင်ဖန်းသည် နောက်ဆုံးတွင်ပေါက်ကွဲသွားခဲ့သည်။ “ယဥ်ကျေးမှု”ဟူသည့်အရာသည် လှည့်စားမှုတစ်ခုမျှသာဖြစ်သည်။
“ချူးယွင်ဖန်း ငါတို့ မင်းကို သတိမပေးဘူးလို့မပြောနဲ့” ကင်းစောင့်များထဲမှ တစ်ယောက်က ရှေ့သို့ ဒေါသတကြီးချီတက်လာသည်။ ၎င်းတို့ကိုကြည့်ရှု့နေကြသည့် ကျောင်းသားအများအပြားနှင့် အွန်လိုင်းထုတ်လွှင့်မှုကို ကြည့်ရှု့နေကြသူ အများအပြားလည်းရှိသည်။ သူသာ နောက်ပြန်ဆုတ်ပါက၊ ကျောင်းတစ်ခုလုံးတွင် ဟာသတစ်ခုဖြစ်လာပေလိမ့်မည်ဖြစ်သည်။
“ငါ့လမ်းက ဖယ်စမ်း” ချူးယွင်ဖန်းသည် ကောင်းကင်ဘုံလင်းယုန်ဌာနချုပ်ရှိရာသို့လျှောက်သွား၍ နောက်တစ်ကြိမ်ထပ်ပြောလိုက်သည်။
“သူကို ဆွဲထုတ်စမ်း”
ကင်းစောင့်နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်၍ တစ်ယောက်သည် ချူးယွင်ဖန်း၏ ဘယ်ဘက်သို့ ပြေးလာကာ၊ကျန်တစ်ယောက်သည် ညာဘက်သို့ပြေးလာ၏။ တစ်ယောက်သည် လက်သီးကိုသုံး၍ နောက်တစ်ယောက်သည်မူ၊ လက်သည်းများကိုသုံးသည်။ ၎င်းတို့နှစ်ဦးလုံးသည် အလွန်လျင်မြန်ကာ တိကျသည့်အပြင်၊ စွမ်းအင်းသန့်စင်ခြင်းအဠမအဆင့်ကျွမ်းကျင်သူများ ဖြစ်ကြကြောင်း သေချာလှ၏။ ၎င်းတို့သည် မရီးဒျန်သန့်စင်ခြင်းအဆင့်တွင် မရှိကြသေးသော်လည်း ကျောင်းသားသစ်များအနက် အလွန်ထူးချွန်ကြသည်မှာ သေချာ၏။
ကြည့်ရှု့နေသော လူအုပ်ကြီးသည် အဖြစ်အပျက်ကို မလိုက်နိုင်ဘဲလျက်ရှိနေကြသည်။ ၎င်းတို့မြင်လိုက်ရသည်မှာ ချူးယွင်ဖန်းထံသို့ ကင်းစောင့်နှစ်ယောက် ပျံသန်းသွားကြခြင်းဖြစ်သည်။
“သူတို့က အရမ်းမြန်တယ်၊ ကောင်းကင်ဘုံလင်းယုန်ရဲ့လက်ရွေးစင်တွေဆီက မျှော်လင့်ထားတဲ့အတိုင်း ဒီလိုခွန်အားနဲ့ဆို ကျောင်းသားကောင်စီဝင်တချို့တောင် သူတို့ရဲ့ဌာနချုပ်ထဲသို့ဝင်နိုင်မှာမဟုတ်ဘူး”
ဤမြင်ကွင်းကို မြင်သောအခါတွင် လူအုပ်ကြီးသည် တုန်လှုပ်ခြောက်ခြားသွားသော်လည်း ၎င်းတို့ မတုံ့ပြန်နိုင်ခင်၌ပင်၊ ကင်းစောင့်နှစ်ယောက်သည် ၎င်းတို့ရောက်ရှိလာသော အလျင်ထက် ပို၍ လျင်မြန်စွာလွင့်ထွက်သွား၏။
ဘမ်း
ဘမ်း
တိုက်မိသောအသံနှစ်ခု ထွက်ပေါ်လာကာ၊ ကင်းစောင့်နှစ်ယောက်သည် တစ်ဘက်တစ်ချက်စီသို့လဲကျ၍ မြေပြင်ပေါ်မှ ပြန်မထနိုင်ကြတော့ပေ။ ချူးယွင်ဖန်းသည် ၎င်းတု့ိကို တစ်ချက်မျှပင် မသထာပေ။ သူ၏ကျောပိုးအိတ်ကို လွယ်လျက်၊ ကောင်းကင်ဘုံလင်းယုန်သို့ ရှဖန်နှင့်အတူ ဆက်လျှောက်သွားသည်။
“သေစမ်း အဲ့တာ အရမ်းမြန်တယ်၊ ဘာဖြစ်သွားလဲတောင် မသိလိုက်ဘူး။ ပြီးသွားပြီ”
“ဘယ်သူဗီဒီရိုရိုက်ထားလဲ၊ အနှေးကွက်နဲ့ပြန်ကြည့်ရအောင်”
“နောက်ဆုံးတော့ငါယုံသွားပြီ၊ ချူးယွင်ဖန်းက ဆရာပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ တကယ့်ကို အရည်အချင်းရှိတယ်၊ ကျန်းလင်းရှောင်နဲ့ကျန်းပိုင်ဖေးတို့နဲ့ သူမယှဥ်နိုင်ရင်တောင် သာမန်ကျောင်းသားတွေနဲ့ဆို သိပ်မခက်လောက်ဘူး”
“ဒီချူးယွင်ဖန်းက ဒေါသကြီးတာပဲ၊ ပြန်လည်သင့်မြတ်ဖို့လည်းမပြောသလို ကွန်ပလိန်းလည်းမတက်ဘူး။ သူတို့ တံခါးကို တိုက်ရိုက်သွားခေါက်တော့တာပဲ”
“ဒါက ပွဲကောင်းတစ်ခုဖြစ်တော့မှာပဲ၊ ဒါပေမယ့် သိပ်မကြာခင်မှာ ကျောင်းသားကောင်စီရောက်လာလိမ့်မယ်။ အများဆုံးတော့ ငါတို့ စိတ်လှုပ်ရှားစရာတွေကြည့်ရဖို့ ဆယ်မိနစ်လောက်ပဲအချိန်ရတယ်”
လူများစွာသည် ချူးယွင်ဖန်းနှင့်အတူ ကောင်းကင်ဘုံလင်းယုန်သို့လိုက်ဝင်သွားကြသည်။ ကောင်းကင်ဘုံလင်းယုန်၏ ဌာနချုပ်တွင် ကျန်းပိုင်ဖေးသည် ဆုတောင်းဖျာပေါ်တွင်တင်ပျဥ်ခွေထိုင်လျက်၊ ကျင့်ကြံလျက်ရှိသည်။ သူ့ဘေးတွင်မူ သာမန်ခန္ဓာကိုယ်မျိုးရှိသော လူငယ်တစ်ယောက်ရှိ၏။ ထိုလူငယ်သည် ယခုအချိန်တွင် သတင်းများရရှိနှင့်ပြီးဖြစ်သဖြင့်၊ ကျန်းပိုင်ဖေးဘက်သို့လှည့်ကြည့်၍ ပြောလိုက်သည်။
“ခေါင်းဆောင်ကျန်းချူးယွင်ဖန်း လာပြီ၊ သူ ငါတို့ကိုတောင် တိုက်ခိုက်ထားတယ်”
ကျန်းပိုင်ဖေးအတွက် ချူးယွင်ဖန်းသည် အနှောက်အယှက်ပေးနေသော ပိုးကောင်တစ်ကောင်မျှသာဖြစ်သည်။ ကျန်းပိုင်ဖေးသည် ဤမတိုင်ခင်အချိန်အထိ စတင်လှုပ်ရှားရန်မစဥ်းစားခဲ့သော်လည်း အခွင့်အရေးကောင်းတစ်ခုကိုလည်း မရှာနိုင်ခဲ့ပေ။
ယခုမူ ချူးယွင်ဖန်းသည် သူ့တံခါးသို့ တိုက်ရိုက်လာခေါက်ရန် သတ္တိရှိနေသည်ဖြစ်သဖြင့် ကျန်းပိုင်ဖေးအတွက် ချူးယွင်ဖန်းသည် လမ်းလျှောက်နေသော သေလူတစ်ယောက်သာဖြစ်သည်။ ချူးယွင်ဖန်းသည် မိမိအဆင့်ကို မိမိမသိဘဲ၊ အရေးကြီးသူတစ်ဦးဟု ထင်နေ၏။
“မင်းလက်ညှိုးတစ်ချောင်းတာမစရာမလိုပါဘူး ခေါင်းဆောင်၊ စုဖေးယန်က သူ့ကို တားဖို့ အောက်ထပ်ကို ဆင်းသွားပါပြီ၊ သူသိပ်ကြာကြာရင်ဆိုင်နိုင်မှာမဟုတ်ပါဘူး” ထိုလူငယ်က ယုံကြည်မှုအပြည့်ဖြင့်ပြောသည်။ သူသည် ကောင်းကင်ဘုံလင်းယုန်အဖွဲ့၏ လက်ထောက်အကြီးအကဲဖြစ်သူ ကျန်းရှောင်ဖြစ်၍ အခြားတစ်ယောက်သည်မူ ဟုဖေးယန်ဖြစ်သည်။
ကျန်းရှောင်နှင့် စုဖေးယန်တို့သည် ကျန်းပိုင်ဖေးထံတွင်ရှုံးနိမ့်ပြီးနောက်၊ အညံ့ခံခဲ့ခြင်းဖြစ်သည်။ သို့သော် ၎င်းတို့နှစ်ဦးလုံး မကျေမနပ်မဖြစ်ကြပေ။ ကျန်းပိုင်ဖေးသည် လူချမ်းသာမိသားစုဖြစ်သည့် ကျန်းမိသားစုမှ ဆင်းသက်လာသူဖြစ်သည့်အပြင်၊ ယခုနှစ်၏ ထိပ်တန်းတက္ကသိုလ်ကျောင်းသားများစာရင်းတွင် တတိယအဆင့်၌ရပ်တည်နေသူဖြစ်ကာ၊ မေ့ဟိုက်ယွင်နှင့် သုန်ဖန်းဟောက်တို့နောက်တွင်ရှိသည်။
ဤဒုအကြီးအကဲနှစ်ယောက်သည် ကျန်းပိုင်ဖေးနှင့်မယှဥ်နိုင်သော်လည်း ၎င်းတို့သည်လည်း ထိပ်တန်းကျောင်းသားများပြိုင်ပွဲတွင် တိုက်ခိုက်ခဲ့ကြသည်ဖြစ်ရာ၊ ချူးယွင်ဖန်းသည်မူ ထိုသို့သော အရည်အချင်းမရှိသူတစ်ဦးဖြစ်သောကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်မိမိတို့ ပို၍ သာလွန်သည်ဟု ခံယူထားကြသည်။
“သူက တီကောင်တစ်ကောင်သာသာပါပဲ” ကျန်းပိုင်ဖေးက အေးစက်စွာပြုံး၍ ပြောလိုက်သည်။
“သူ့ကို စောင့်ကြည့်ထား၊ နောင်မှာ ဒီရယ်ရတဲ့ ဧကရာဇ်နန်းတော်ကို ဝင်လာတဲ့လူတိုင်းကို ကိုင်တွယ်ရမယ်။ ။ချူးယွင်က ကျန်းမိသားစုရဲ့ရန်သူမှန်း လူတိုင်းကို သိစေချင်တယ်။ သူ့ကို ကူညီတဲ့လူတိုင်းက ကျန်းမိသားစုနဲ့ ငါကျန်းပိုင်ဖေးကိုပါဆန့်ကျင်လိုက်တာပဲ”
“ငါ့ကို ဆန့်ကျင်တဲ့လူ ဘယ်သူမှ ကောင်းကောင်းအသက်မရှင်နေစေရဘူး”
ကျန်းရှောင်က ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ပါ ခေါင်းဆောင်၊ ကျွန်တော်တို့ ဒီပတ်ဝန်းကျင်မှုရှိနေသရွေ့၊ ဧကရာဇ်နန်းတော်က မြေကြီးကနေဘယ်တော့မှ တက်နိုင်မှာမဟုတ်ဘူး”
“ဒါပေမယ့် သူ့ကို သိပ်အာရုံစိုက်စရာမလိုတော့ဘူးလို့ ငါထင်တယ်” ကျန်းရှောင်က ပြောသည်။
“သူက ငချွတ်လေးတစ်ကောင်ပါပဲ၊ ဟုတ်တယ် အာရုံစိုက်စရာမလိုဘူး။ အရေးကြီးတာက ကောင်းကင်ဘုံလင်းယုန်အဖွဲ့က အသစ်ဖွဲ့စည်းထားတဲ့အဖွဲ့ပဲ၊ ဖြစ်နိုင်သမျှ မြန်မြန်အာဏာရချင်ရင် သူတို့ကို နင်းချေလိုက်တာအကောင်းဆုံးပဲ။ ကျန်းမိသားစုက တော်တော်များများက သူ့ကို မုန်းကြတယ်။ ငါသာ သူ့ကို နင်းချေနိုင်ရင် သူတို့ ငါ့ကို ထောက်ပံ့ပေးမှာအသေအချာပဲ” ကျန်းပိုင်ဖေးက ပြောသည်။
“အဲ့အပြင် မိသားစုထဲက လူတိုင်းက ကျန်းလင်းရှောင်ကို မျိုးနွယ္စုခေါင်းဆောင်အဖြစ် ပျိုးထောင်ဖို့ အာရုံစိုက်နေကြတယ်။ ငါက သူ့ထက်မနိမ့်ကျဘူးလေ၊ ဘာလို့ ငါက အဲ့အခွင့်အရေးကို မရရမှာလဲ၊ ကျန်းလင်းရှောင်က ကျောင်းသားကောင်စီရဲ့ဥက္ကဌပဲ၊ ငါဒီ့ထက်ပိုပြီး အားမစိုက်ရင် သူ့ကိုဘယ်လိုလုပ် ဖမ်းနိုင်မှာလဲ”
ကျန်းရှောင်က ခေါင်းညိတ်လိုက်သည်။ ကျန်းပိုင်ဖေးသည် ပါရမီရှင် တစ်သန်းတွင် တစ်ယောက်သာရှိနိုင်သည့်လူမျိုးဖြစ်သည်။ သူ၏ ပြိုင်ဘက်သည် အလွန်သန်မာနေလှသည်မှာ သနားဖွယ်ကောင်းလှသည်။ ကျန်းလင်းရှောင်သည် ယခုအချိန်တွင် တက္ကသိုလ်၏ နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်ကြောင်းပြောလျှင်၊ ချဲ့ကားပြောဆိုခြင်းဖြစ်လိမ့်မည်မဟုတ်ပေ။
“အခု ငါတို့ အဓိကအာရုံစိုက်ရမှာက တာအိုညီလာခံပဲ။ ထိပ်တန်းကျောင်းသားပြိုင်ပွဲမှာ တုန်ဖန်းဟောက်ကိုရှုံးနိမ့်ခဲ့ပေမယ့် ဒါက ခဏတာအောင်ပွဲတစ်ခုပဲ၊ တစ်သက်လုံးအတွက် အဆုံးအဖြတ်မပေးနိုင်ဘူး။ တာအိုညီလာခံမှာ ငါ ချန်ပီယံဖြစ်ရမယ်။ အဲ့နေရာက ထိပ်တန်းတက္ကသိုလ်ကျောင်းသားနေရာထက်တောင် ပိုတန်ဖိုးရှိလိမ့်မယ်။ အဲ့အချိန်ကျရင် ငါ ကျန်းလင်းရှောင်နဲ့ တန်းတူရပ်တည်နိုင်လိမ့်မယ်”
“အချိန်တန်ရင် အဲ့အထင်သေးနေတဲ့လူတွေ ငါ့ကို အထင်ကြီးလာအောင်လုပ်ပြမယ်။ ကျန်းမိသားစုမှာ ကျန်းလင်းရှောင်ပဲရှိတာမဟုတ်ဘူး။ ငါ ကျန်းပိုင်ဖေးကလည်း အရမ်းသန်မာတယ်။ နောက်ပြီး သူ့ထက် နှစ်နှစ်ငယ်တယ်။ အနာဂတ်မှာ အခွင့်အရေးတွေ အများကြီးရလာလိမ့်မယ်”
ကျန်းပိုင်ဖေးက သူ၏ ရည်မှန်းချက်များကို ရှင်းပြနေချိန်၌ ချူးယွင်ဖန်းသည် ကောင်းကင်ဘုံလင်းယုန်ခန်းမထဲသို့ရောက်လာသည်။ ထိုအချိန်တွင် ကောင်းကင်ဘုံလင်းယုန်အဖွဲ့ဝင် ဒါဇင်ပေါင်းများစွာသည် စတုရန်းမီတာရာနှင့်ချီ၍ကျယ်ဝန်းသော ခန်းမအတွင်း၌ ရပ်နေကြသည်။ ၎င်းတို့သည် ချူးယွင်ဖန်းကို ဝိုင်းရံထားကြသည်။ ဤအဖွဲ့ဝင်များအားလုံးသည် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြကာ၊ ၎င်းတို့၏ မျက်နှာထက်တွင် လေးနက်သောအကြည့်များပေါ်လာ၏။ ၎င်းတို့သည် ချူးယွင်ဖန်းကို ရန်သူကြီးတစ်ဦးအဖြစ် သဘောထားကြသည်မှာ ထင်ရှားလှ၏။
ဤအဖွဲ့ဝင်များအားလုံးသည် စွမ်းအင်သန့်စင်ခြင်းသတ္တမ၊ အဠမအဆင့် သို့မဟုတ် နဝမအဆင့်တွင်ပင်ရှိနေကြသည်ဖြစ်ရာ၊ သာမန်မရီးဒျန်သန့်စင်ခြင်းအဆင့်ကျောင်းသားတစ်ဦးပင်လျှင်၊ ထိုကဲ့သို့သော ကျောင်းသားပေါင်းများစွာက တစ်နေရာတည်းတွင် စုရုံးနေသည်ကို မြင်လိုက်ရလျှင်၊ ၎င်းတို့၏ ဦးရေပြားများထုံကျင်သွားသကဲ့သို့ခံစားရပေလိမ့်မည်ဖြစ်သည်။
ဤအဖွဲ့ခေါ်ငးဆောင်သည် အသက်နှစ်ဆယ်ဝန်းကျင်ရှိသော လူငယ်တစ်ဦးဖြစ်သည်။ သူသည် အခြားကျောင်းသားများထက် အနည်းငယ်အသက်ကြီး၍ ပို၍လည်း သန်မာသည့်အပြင်၊ မရီးဒျန်သန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ဦးလည်းဖြစ်သည်။
ရှဖန်သည် ချူးယွင်ဖန်း၏နောက်တွင်နေလျက်၊ ဦးရေပြားတစ်ခုလုံး ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရသည်။
အခန်း(၄၇၄) ကောင်းကင်ဘုံလင်းယုန်ကို ပြောင်းပြန်လှန်ခြင်း
ရှဖန်၏ သတ္တိသည် အလွန်လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ ပြိုင်ဘက်ရှစ်ဦး သို့မဟုတ် ဆယ်ဦးခန့်ကို ရင်ဆိုင်ရလျှင်ပင် မျက်တောင်ခတ်လိမ့်မည်မဟုတ်သော်လည်း ရှစ်ယောက်နှင့် ဒါဇင်အနည်းငယ်ကြားတွင်မူ ကွာဟချက်ရှိသည်။
၎င်းတို့သည် တူညီသော ခြိမ်းခြောက်မှုအဆင့်တွင် မရှိလှပေ။ ဒါဇင်နှင့် ချီသော လက်များကို မဆိုနှင့်၊ ဆိုရိုးစကားအဆိုင်းပင်၊ လက်လေးချောင်းကို လက်သီးနှစ်လုံးဖြင့် တိုက်ခိုက်ရခြင်းသည် ခက်ခဲ၏။ အများစုသည် မိမိကိုယ်မိမိကာကွယ်ရန်ပင် ခက်ခဲပေလိမ့်မည်ဖြစ်သည်။ ရန်သူများစွာကို အနိုင်ယူရန် အလွန်ခက်ခဲလွန်းလှသည်။ ထို့အပြင်၊ ဤပြိုင်ဘက်များသည်ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားကြသည်။
အရေးအကြီးဆုံးအရာမှာ ပြိုင်ဘက်များ၏ ခေါင်းဆောင်သည် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူဖြစ်သဖြင့်၊ ကိစ္စများကို ပိုမိုခက်ခဲစေသည်ဖြစ်ရာ၊ အနိုင်ရရန် အခွင့်အရေးမရှိသည့်နီးပါးပင်ဖြစ်သည်။
“ခေါင်းဆောင်ချူး၊ မင်းသတိထားရမယ်။ ငါတို့နဲ့ မျက်နှာချင်းဆိုင်က ကျောင်းသားက ဒုတိယနှစ်ကျောင်းသား။ သူ့နာမည်က ကျင်းတင်ပဲ။ သူက မရီးဒျန်သန့်စင်ခြင်းအဆင့်ရောက်နေပြီ။ သူ့အင်အားက ငါ့ထက်မနိမ့်မှာစိုးရတယ်။ ဒီနှုန်းနဲ့ဆို ငါတို့ နိုင်နိုင်ချေမရှိဘူး”
“ဟားဟားဟား ရှဖန်၊ အနည်းဆုံး မင်းမှာ အသိစိတ်ရှိသေးတယ်။ သနားစရာပဲ။ မင်းကိုယ်မင်း လွတ်မယ်လို့ ထင်နေတာလား။ ကောင်းကင်ဘုံလင်းယုန်ထဲကို မင်းတု့ိ လာချင်တိုင်းလာလို့ရတယ်လို့ထင်နေလား” ကျင်းတင်က ရယ်လိုက်သည်။ ထို့နောက်၊ လူဒါဇင် အနည်းငယ်သည် ချူးယွင်ဖန်းကို ဝိုင်းထားကြ၏။
“ပြီးသွားပါပြီ၊ ချူးယွင်ဖန်းက သူနဲ့မယှဥ်နိုင်ပါဘူး”
“ကောင်းကင်ဘုံလင်းယုန်အဖွဲ့က ဤသို့ အစောင့်အကြပ်အများအပြားရှိနေပုံကို ကြည့်လျှင်၊ ၎င်းတို့သည် ချူးယွင်ဖန်း လာရောက်လက်စားချေသည်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။
“မှန်တယ်။ ဒီဟာအတွက် သူတို့မပြင်ဆင်ထားဘူးလို့ပြောရင် ငါယုံမှာမဟုတ်ဘူး။ ချူးယွင်ဖန်းတော့ အရှုံးကြီးရှုံးတော့မယ်။ သူက သန်မာပေမယ့် အခု လူအရမ်းများလွန်းတယ်”
“ကျင်းတင်အကြောင်း ငါကြားဖူးတယ်၊ သူက ဒုတိယနှစ်ကျောင်းသားပဲ၊ သူ့ကို ကျန်းပိုင်ဖေးအနိုင်ယူနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး”
“ဘာများခက်လို့လဲ၊ ကျန်းပိုင်ဖေးရဲ့ခွန်အားနဲ့ဆို သူ့ကို ယှဥ်နိုင်တဲ့လူ များများစားစားမရှိဘူး။ ဒုတိယနှစ် ကျောင်းသားတွေကြားမှာတင်မဟုတ်ဘူး။ ဆိုတော့၊ သူ ဒုတိယနှစ်ကျောင်းသားတွေကို အုနငိ်ယူနိုင်တာ ဘာထူးဆန်းလို့လဲ။ ကျန်းလင်းရှောင် ကျောင်းသားသစ်တုန်း၊ သူ့နောက်မှာ အငယ်တန်းကျောင်းသားတစ်ယောက်ရှိတယ်လို့ကြားတယ်။ အခုတော့ ပိုတောင် မျက်စိကျလာပြီ”
ပတ်ဝန်းကျင်ရှိ လူအုပ်သည် ရုတ်ရုတ်သဲသဲဖြစ်လာကြကာ၊ ချူးယွင်ဖန်း ရှုံးနိမ့်တော့မည်ဟု ၎င်းတို့ ခံစားလာကြရသည်။ ဤလူများအားလုံးကို ဆန့်ကျင်သည့်အနေဖြင့် ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
“လူများများရှိလို့ အသုံးဝင်မယ်ဆို ဘာလို့ ငါတို့ ကျင့်ကြံဖို့လိုနေဦးမှာလဲ။ အမှိုက်တွေဘယ်လောက်ပဲများများ အမှိုက်က အမှိုက်ပဲ”
ချူးယွင်ဖန်း၏ စကားများသည် ကောင်းကင်ဘုံလင်းယုန်အဖွဲ့ဝင်များကို အလွန်အမင်း ဒေါသထွက်စေခဲ့သည်။ ချူးယွင်ဖန်းက ၎င်းတို့ကို အမှိုက်ဟု ခေါ်ရဲခဲ့သည်။ ငယ်စဥ်ကတည်းက ၎င်းတို့သည် ပါရမီရှင်များဟု အခေါ်ခံခဲ့ရခြင်းဖြစ်၍ တစ်စုံတစ်ယောက်၏ ဝေဖန်မှုကို ခံရခြင်းသည် ဤသည်က ပထမဆုံးအကြိမ်ဖြစ်၏။
“မင်းက တကယ် မာန်တက်နေတာပဲ။ တိုက်ကြစမ်း”
ချူးယွင်ဖန်း၏ စကားကိုကြားသောအခါ၊ ကျင်းတင်ဒေါသထွက်လာသည်။ သူသည် ကျန်းပိုင်ဖေးနှင့် အခြားသူများတမျှ မထူးချွန်သော်လည်း အမှိုက်မဟုတ်သည်မှာ သေချာလှသည်။ ချူးယွင်ဖန်း၏ စကားများသည် သူ၏ အမုန်းများကို ချက်ချင်းဆွဲထုတ်လိုက်ခြင်းဖြစ်၏။
“ခေါင်းဆောင် သွားတော့၊ ငါသူတို့ကို ထိန်းထားမယ်။ မင်းကျန်းပိုင်ဖေးကို သွားရှာပါ” ရှဖန်က ကြုံးဝါး၍ ကျန်းတင်ထံသို့ ချီတက်သွားသည်။ သူသည် ချူးယွင်ဖန်း အချိန်အလုံအလောက်ရစေရန် ဤလူများကို ထိန်းထားပေးချင်ခဲ့သည်။ ရှဖန်သည် သူ့အနိုင်ရနိုင်မည့် အခွင့်အလန်းကို မခံစားမိသော်လည်း ဤအခြေအနေအထိ ရောက်လာခဲ့ပြီဖြစ်သဖြင့် သူ့တွင် အခြားရွေးချယ်ရန်လမ်းမရှိတော့ပေ။
ချူးယွင်ဖန်းကမူ ခေါင်းညိတ်လိုက်သည်။
“မလိုပါဘူး။ ဒါသိပ်ကြာမှာမဟုတ်ဘူး”
ချူးယွင်ဖန်း၏ စကားမဆုံးခင်တွင် ကျောင်းသားဒါဇင်ဝက်ခန့်သည် သူ့ကိုဝိုင်ထားပြီဖြစ်သည်။
“ကျားနတ်ဆိုးလက်သီး”
ချူးယွင်ဖန်းက ကြိမ်းဝါးလိုက်သည်။ သူ၏ လက်မောင်းသည် လှံရှည်တစ်စင်းကဲ့သို့ ဖောက်ထွင်းဝင်ရောက်လာသည်။ ချက်ချင်းပင် ကောင်းကင်ယံတစ်ခုလုံး လက်သီးရိပ်များဖြင့် လွှမ်းခြုံသွားကာ၊ ထိုကောင်းကင်ဘုံလင်းယုန်အဖွဲ့ဝင်များ၏ ခန္ဓာကိုယ်များသို့ တိုက်ရိုက်ထိမှန်သွားသည်။ ယင်းနှင့်ထိမှန်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့အားလုံးလွင့်ထွက်ပျံတက်သွားကြသည်။ ချူးယွင်ဖန်းသည် အလွန်လျင်မြန်လှသည့်အပြင်၊ တစ်ချိန်တည်း၌ပင် လက်သီးများအားလုံးကို ထုတ်သုံးလိုက်လုနီးပါးပင်ဖြစ်၏။
သူ့အနားရှိ ကျောင်းသားများကို လွင့်ထွက်သွားစေပြီးသည့်တိုင် ချူးယွင်ဖန်းသည် မကျေနပ်သေးပေ။ သူက ရှေ့သို့ခြေတစ်လှမ်း အမြန်လှမ်း၍ အခြားအဖွဲ့ဝင်အချို့၏ ရှေ့သို့ရောက်လာသည်။ ဤအဖွဲ့ဝင်များသည် ကြိုတင်ပြင်ဆင်ထားခဲ့ပြီးဖြစ်ကြသည်။ ချူးယွင်ဖန်းက သူ၏ကြောက်မက်ဖွယ်နည်းလမ်းများဖြင့် ၎င်းတို့၏အဖွဲ့ဝင်များကို ချက်ချင်းပင် ဖယ်ရှားပစ်လိုက်သည်ကို ၎င်းတို့ မြင်တွေ့လိုက်ရသည်။ ၎င်းတို့က လက်နက်ကိုယ်စီဆွဲ၍ ချူးယွင်ဖန်းကို တိုက်ခိုက်ခဲ့ကြသော်လည်း ရလဒ်သည် အတူတူသာဖြစ်သည်။ ချူးယွင်ဖန်းသည် ၎င်းတို့၏ တိုက်ခိုက်မှုများကို ပန်းတစ်ပွင့်မှတစ်ပွင့်ကူးနေသော လိပ်ပြာတစ်ကောင်ကဲ့သို့ ရှောင်တိမ်းလျက်ရှိသည်။ ထို့နောက်၊ ရုတ်တရက် ပေါက်ကွဲကာ၊ တစ်ရှိန်ထိုးချီတက်လာ၏။ သူ၏ တိုက်ခိုက်မှုများသည် ဤအဖွဲ့ဝင်များအပေါ်သို့ တိုက်ရိုက်ကျရောက်ခဲ့သည်။
ဤအဖွဲ့ဝင်များအားလုံးသည် တစ်ချိန်တည်းနီးပါး လွင့်စင်ကုန်ကြပြီးနောက်၊ မြေပြင်ပေါ်သို့ ကျသွားကြသည်။ ၎င်းတို့သည် ရုန်းကန်နေကြသော်လည်း ပြန်မထနိုင်ကြပေ။ ချူးယွင်ဖန်း၏တိုက်ခိုက်မှုများသည် ပြင်းထန်လွန်းလှသည်။ သံချပ်ကာဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်များကို ကာကွယ်ထားကြသော်လည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြသည်။ အောင်မြင်စွာတိုက်ခိုက်ခဲ့ပြီးနောက်၊ ချူးယွင်ဖန်းသည် ရပ်တန့်ခြင်းမရှိခဲ့ပေ။ သူသည် နောက်ထပ်သော အဖွဲ့ဝင်များထံသို့ တစ်ရှိန်ထိုးပြေးသွားခဲ့သည်။
ကောင်းကင်ဘုံလင်းယုန်အဖွဲ့ဝင်တွေရှိနေသည့် နေရာတိုင်းကို သူအပြေးသွားခဲ့ရာ၊ လူဒါဇင်ဝက်ရှိစေ၊ ဆယ်ယောက်ပင်ရှိနေစေကာမူ၊ ၎င်းတို့အားလုံးအတွက် နောက်ဆုံးရလဒ်သည် အတူတူမျှသာဖြစ်သည်။ ၎င်းတို့အားလုံးသည် ချူးယွင်ဖန်း၏လက်ထဲတွင် တစ်ခဏချင်းအတွင်း၌ ရှုံးနိမ့်သွားကြသည်။ ထိုအချိန်တွင် ရှဖန်သည်မူ၊ ကောင်းကင်ဘုံလင်းယုန်အဖွဲ့သားအချို့ကိုသာ အပြီးသတ်နိုင်ခဲ့သည်ဖြစ်ရာ၊ သူ့လက်နက်ကို ပြန်ရုတ်သိမ်းလိုက်သည့်အခိုက်အတန့်တွင် မြေပြင်ပေါ်၌ လဲကျနေသော ခန္ဓာကိုယ်များစွာရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ချူးယွင်ဖန်းသည် အခြားသော ကောင်းကင်ဘုံလင်းယုန်အဖွဲ့သားများစွာကို အနိုင်ယူခဲ့ပြီးဖြစ်၏။
ထို့အပြင် ဤသည်က မိနစ်ပိုင်းအတွင်းတွင် ဖြစ်ပျက်သွားခြင်းဖြစ်သည်။ တိုက်ခိုက်မှုကို ကြည့်ရှု့ရန်လာခဲ့ကြသော လူအုပ်သည် သရဲတစ္ဆေမြင်လိုက်ရသကဲ့သို့ခံစားလိုက်ကြရ၏။
“ဘုရားရေ… ငါဘာမြင်လိုက်တာလဲ။ ငါဒီနေ့ အိပ်ရာမှားထမိတယ်ထင်တယ်”
“ဒီတိုက်ပွဲက ကြီးလွန်းတယ်။ သူက လူသားယောင်ဆောင်ထားတဲ့ဒိုင်နိုဆောတစ်ကောင်များလား။ သူသွားတဲ့နေရာတိုင်းက အကုန်လုံးကို ချေမှုန်းပစ်နိုင်လိုက်တာပဲ”
“အဲ့ ကောင်းကင်ဘုံလင်းယုန်ဂိုဏ်းသားတွေအားလုံးက လက်ရွေးစင်ကျောင်းသားတွေပဲ။ သူတို့အားလုံးကို ဘယ်လိုလုပ် သူအနိုင်ယူနိုင်တာပဲ”
“ချူးယွင်ဖန်းက မွန်းစတားတစ်ကောင်ဖြစ်ရမယ်။ ဘုရားရေ၊ လူတိုင်းက သူ့ကို လျှော့တွက်မိပြီထင်တယ်”
“မရီးဒျန်သန့်စင်ခြင်းအဆင့်ပဲ။ ချူးယွင်ဖန်းက မရီးဒျန်သန့်စင်ခြင်းအဆင့်ရောက်နေပြီပဲ”
ခဏတာငြိမ်သက်သွားပြီးနောက်၊ လူအုပ်ကြီးသည် ပေါက်ကွဲသွား၏။ ၎င်းတို့အားလုံးသည် ချူးယွင်ဖန်း၏ တိုက်ပွဲနည်းဗျူဟာများကြောင့် ထိတ်လန့်လျက်ရှိကြသည်။ ချူးယွင်ဖန်းသည် ဤနေရာတွင် သေဆုံးရတော့မည်ဟု ၎င်းတို့အားလုံး တွေးခဲ့ကြသည်ဖြစ်ရာ၊ ချူးယွင်ဖန်းသည် မသေသည့်အပြင်၊ ဤလူများအားလုံးကို တစ်မိနစ်အတွင်းသတ်ပစ်ခဲ့လိမ့်မည်ဟု မည်သူက ထင်ထားလိမ့်မည်နည်း။
ချူးယွင်ဖန်းသည် ဒုတိယနှစ် ကျွမ်းကျင်သူ ကျင်းတင်ထံသို့ အမြန်ပြေးသွားသည်။
“မြန်မြန်… ငါ့လမ်းက ဖယ်စမ်း” ချူးယွင်ဖန်းက အော်ဟစ်ကြုံးဝါး၍ ကျင်းတင်ထံသို့ချီတက်လာသည်။
ကျင်းတင်က ဤသည်ကို ကြားသောအခါ၊ ဒေါသထွက်လာ၏။ ချူးယွင်ဖန်း၏ လျှပ်စီးတမျှ လျင်မြန်သော တိုက်ခိုက်ရေးနည်းလမ်းများကြောင့် အနည်းငယ်အံ့အားသင့်ခဲ့ရသော်လည်း ချူးယွင်ဖန်း၏ စကားကိုကြားလိုက်ရသောအခါတွင် သူ၏ ဒေါသများ ပွက်ပွက်ဆူလာသည်။
“ငါ့ကို လျှော့မတွက်နဲ့၊ ငါလည်း မရီးဒျန်သန့်စင်ခြင်းအဆင့် ရောက်နေပြီကွ” ကျင်းတင်သည် အလွန် ဒေါသထွက်လျက်ရှိသည်။ ချူးယွင်ဖန်းက သူ့ကို လုံးလုံးလျားလျားဂရုမစိုက်ပေ။ ထို့ကြောင့် ချူးယွင်းဖန်းကို တန်ရာတန်ကြေးပြန်ပေးခိုင်းရလိမ့်မည်ဟု စိတ်ထဲတွင် ကျိန်ဆိုလိုက်သည်။
ချူးယွင်ဖန်းက အမြန်ပြေးသွားသည့်အခိုက်အတန့်တွင် ကျင်းတင်ကမူ စတင်လှုပ်ရှားလိုက်၏။ သူ့လက်ထဲတွင် လှံတစ်ချောင်းပေါ်လာကာ၊ ချူးယွင်ဖန်းထံသို့ ထိုးသွင်းလိုက်၏။
လှံသည် ချူးယွင်ဖန်းကို ထိုးမိကာ၊ သူ့ခန္ဓာကိုယ်ထဲသို့ဖောက်ဝင်သွား၏။
သို့သော် ဤသည်ကားပုံရိပ်ယောင်တစ်ခုသာဖြစ်သည်။
“ချီးပဲ”
ကျင်းတင်သည် သူ၏အခြေအနေဆိုးရွားနေကြောင်း ချက်ချင်းသိလိုက်သော်လည်း အချိန်နှောင်းသွားခဲ့သည်။ ချူးယွင်ဖန်းသည် မည်သည့်အချိန်ကမှန်းမသိ၊ သူ့ရှေ့သို့ ရောက်ရှိလာကာ၊ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
ဘမ်း
ကျင်းတင်က နာကျင်စွာဖြင့် ညည်းတွားလိုက်ပြီးနောက်၊ ချက်ချင်းပင် ပျံတက်လွင့်ထွက်သွားသည်။ ထို့နောက်၊ ပြင်းထန်စွာဖြင့် မြေပြင်ပေါ်သို့ ပြန်လည်ပြုတ်ကျလာ၏။