အခန်း (၄၇၅-၄၇၇)
Vol. 32 Ch. 475-477
အခန်း(၄၇၅) ကောင်းကင်ဘုံလင်းယုန်ကို ပြောင်းပြန်လှန်ပစ်ခြင်း (၃)
ကျင်းတင်၏ တိုက်ခိုက်မှုသည် ချူးယွင်ဖန်းထံသို့ပင် မရောက်ရှိခဲ့ပေ။ ချူးယွင်ဖန်းသည် ကျင်းတင်၏ လှံကို လှုပ်ရှားမှုနည်းစနစ်တစ်မျိုးဖြင့် ရှောင်တိမ်းခဲ့ပြီးနောက်၊ ကျင်းတင်ကို လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်။
လူတိုင်းသည် မိမိတို့ မျက်လုံးများကို ပြင်းပြင်းထန်ထန်ပွတ်၍ ပြူးကြည့်လာသည်အထိ အံ့သြကုန်ကြသည်။ ၎င်းတို့အားလုံး တစ်မျိုးမျိုးဖြင့် မှားခဲ့ခြင်းဖြစ်ရပေလိမ့်မည်။ ကျင်းတင်သည် ဒုတိယနှစ်ကျောင်းသားများအကြားတွင် ကျော်ကြားသော ပါရမီရှင်တစ်ဦးဖြစ်သည်။ ပထမနှစ်နှစ် ဒုတိယနှစ်ကျောင်းသားများကြားတွင် ကျင်းတင်ကို ထူးချွန်သူဟု သတ်မှတ်ထားကြသည်။ ကျင်းတင်သည် ချူးယွင်ဖန်း၏ ပြိုင်ဘက်မဟုတ်ကြောင်း လက်ခံနိုင်သော်လည်း ချက်ချင်းရှုံးနိမ့်သွားသည်ကို လက်မခံနိုင်ကြပေ။ ဤအရာက ၎င်းတို့၏ ဦးနှောက်ထဲမှ တွေးပုံခေါ်ပုံများအားလုံးကို ပြောင်းလဲသွားစေနိုင်သည်။
“သေစမ်း ဒါကြီးက အရမ်းသန်မာလွန်းတယ်”
“ချူးယွင်ဖန်းက ဘယ်လောက်တောင် သန်မာတာလဲ”
“ဒီလို ခွန်အားမျိုးတွေနဲ့ဆိုရင် ထိပ်တန်းတက္ကသိုလ်ကျောင်းသားစာရင်းထဲ သူဘယ်လိုလုပ် မပါဘဲနေမှာလဲ”
“ငါတို့ စွမ်းအားအကုန်ထုတ်သုံးတဲ့ပြိုင်ပွဲကို ဒီနေ့ မျက်မြင်တွေ့ရတော့မှာလား”
လူအုပ်သည် ချက်ချင်းပင် ပေါက်ကွဲထွက်သွားသည်။ ချူးယွင်ဖန်း၏ နောက်သို့လိုက်လာခဲ့သော ရှဖန်သည်လည်း အနည်းငယ်အံ့သြသွားသည်။ သူသည် ချူးယွင်ဖန်းကို ကူညီ၍ ကျင်းတင်ကို တားဆီးပေးချင်ခဲ့ကာ၊ သူတိုက်နေချိန်တွင် ကျန်းပိုင်ဖေးကို သွားရှာစေလိုခဲ့သည်။ ချူးယွင်ဖန်းက ကျင်းတင်ကို တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်လိမ့်မည်ဟု မည်သူကသိလိမ့်မည်နည်း။
“ဖာခ့် ခေါင်းဆောင်ချူး၊ မင်းကတစ်နေ့ထက်တစ်နေ့ ပိုထူးဆန်းလာတယ်” ရှဖန်၏စကားအဆုံးတွင် ချူးယွင်ဖန်းသည် ကောင်းကင်ဘုံလင်းယုန်ဌာနချုပ်၏ အတွင်းပိုင်းသို့ ဆက်လက်ဝင်ရောက်သွား၏။
“ဒင်း”ဟူသော အသံတစ်ခုနှင့်အတူ၊ ၎င်းတို့၏ရှေ့မှ ဓာတ်လှေကား ရပ်သွားသည်။ ချူးယွင်ဖန်းနှင့် ရှဖန်တို့သည် မိမိတို့၏ လမ်းကို ပိတ်ပင်တားဆီးနေသော သံမျှော်စင်ကဲ့သို့ ကြီးမား ရှည်မျောလှသည့်လူတစ်ယောက်ကိုတွေ့လိုက်ရ၏။
“ချူးယွင်ဖန်း မင်းတကယ် ဒီကို ရောက်လာနိုင်တယ်ပေါ့၊ ကျင်းတင်လိုမျိုး အမှိုက်လေးတစ်စက မင်းကိုတားနိုင်ပုံမပေါ်ဘူးပဲ” အရပ်ရှည်သော လူငယ်က ဖြူဖွေးသော သွားကြီးများ ပေါ်လာသည်အထိ ပြုံးလိုက်သည်။
“ခေါင်းဆောင်ချူး သတိထားပါ၊ ဒီလူက စုဖေးယန်ပါ။ သူက ရှန်းကွမ်ရှန်ယုထက်တောင် ပိုသန်မာတယ်” ရှဖန်က ချူးယွင်ဖန်းကို အမြန်သတိပေးလိုက်သည်။
“ဟုတ်တယ် ကျင်းတင်က အမှိုက်ပဲ၊ ဒါပေမယ့် မင်းလည်း ပိုကောင်းနေမယ်လို့ ငါမထင်ပါဘူး။ မင်း ငါ့ကို တစ်ယောက်တည်းရင်ဆိုင်ရဲတယ်ဆိုတော့ တော်တော် သတ္တိရှိတာပဲကွ” ချူးယွင်ဖန်းသည် ရှဖန်၏ သတိပေးချက်ကို စိတ်ထဲပင် မထည့်ခဲ့ဘဲ၊ စုဖေးယန်ဆီသို့ တစ်လှမ်းချင်းလျှောက်သွားသည်။
“ကျန်းပိုင်ဖေး ဒီမှာရှိလား”ချူးယွင်ဖန်းက တစ်လုံးချင်းမေးသည်။
“အင်း ခေါင်းဆောင်ကျန်းက အနောက်က အခန်းထဲမှာ။ မင်း အဲ့ထဲဝင်ချင်ရင် ငါ့ကို အရင်ကျော်ဖြတ်ရမယ်။ မင်းမှာ အခွင့်အရေးတစ်ခုတောင်ရှိလိမ့်မယ်လို့ ငါမထင်ပါဘူးကွာ၊ မင်းရဲ့ ခွေးချီးစောက်ဆင့်လောက်ရှိတဲ့ ဧကရာဇ်နန်းတော်ကို အခုချက်ချင်းပိတ်ပစ်သင့်တယ်” စုဖေးယန်က ပြုံး၍ အလွန်လေးလံသော အနက်ရောင် ရွှေလှံတံကို ဆွဲထုတ်လိုက်သည်။ သာမန်လှံရှည်များဖြင့် နှိုင်းယှဥ်ပါက ယင်းသည် အနည်းဆုံးနှစ်ဆပိုထူ၏။ တစ်ချက် ဝှေ့ယမ်းရန်ပင် အလွန်ခက်ခဲလိမ့်မည်ဖြစ်သည်။
“မင်းကို ကိုင်တွယ်ရတာ လွယ်လိမ့်မယ်” ချူးယွင်ဖန်းက လှောင်ရယ်၍ စုဖေးယန်ဆီသို့ ချီတက်သွားသည်။
“ချူးယွင်ဖန်း ငါ့ကို အထင်မသေးနဲ့၊ ငါက ကျင်းတင်နဲ့မတူဘူးကွ” စုဖေးရန်က ကြုံးဝါးလိုက်သည်နှင့်တစ်ပြိုင်နက်၊ သူ၏ခန္ဓာကိုယ်ထဲမှ ချီစွမ်းအင်များပေါက်ကွဲထွက်လာသည်။ သူသည် အမှန်ပင် ကျင်းတင်ထက် သာလွန်သည်။ ကျင်းတင်သည် မရီးဒျန်သန့်စင်ခြင်း ဒုတိယအဆင့်သို့မရောက်သေးသော်လည်း စုဖေးယန်သည်မူ တတိယအဆင့်အထွဋ်အထိပ်သို့ရောက်နေပြီဖြစ်သည်။ ထိုစဥ်က ရှန်းကွမ်ရှန်ယုထက်ပင် ပို၍ ရင်ဆိုင်ရခက်ခဲပေလိမ့်မည်ဖြစ်သည်။ ထိုသို့သော ကျင့်ကြံရေးအဆင့်ကြောင့် စုဖေးယန်သည် ကျောင်းသားသစ်များကြားတွင် အသန်မာဆုံးများထဲမှ တစ်ယောက်ဖြစ်လာခဲ့ခြင်းဖြစ်သည်မှာ သေချာ၏။
ဘမ်း
စုဖေးယန်၏ ရွှေနက်ရောင်လှံတံသည် ချက်ချင်းထွက်ပေါ်လာရာ၊ ၎င်းကို တွယ်ညိနေသည့် ချီစွမ်းအင်များသည်လည်း ထိတ်လန့်တုန်လှုပ်ဖွယ် လှံအလင်းတန်းတစ်ခုအဖြစ်ထွက်ပေါ်လာသည်။ ဤလှံဖြင့် တိုက်ရိုက်ထိမှန်ပါက၊ သတ္ထုပင်လျှင် အပိုင်းပိုင်းကွဲသွားပေလိမ့်မည်ဖြစ်သည်။ ဤလှံချက်၏ စွမ်းအားသည် အံ့မခန်းပင်ဖြစ်၏။ စုဖေးယန်၏ ထိုးနှက်ချက်သည် လျင်မြန်၍ ကြမ်းတမ်းရက်စက်သည်ဖြစ်ရာ၊ ချက်ချင်းပင် ချူးယွင်ဖန်းဆီသို့ရောက်သွား၏။
ထိုအချိန်တွင် ချူးယွင်ဖန်းသည် ကြောင်အနေသည့်ပုံဖြင့် ငေးကြည့်နေကာ၊ ရှောင်တိမ်းခြင်းမရှိပေ။ သူ့ခေါင်းသို့လှံဖြင့် ထိမှန်ခါနီးတွင် စုဖေးယန်၏ လှံချက်ကို လက်ခံရန် ချူးယွင်ဖန်းက လက်မြှောက်လိုက်သည်။
ချွင်
သတ္တုသံများ ထွက်ပေါ်လာသည်။ ချူးယွင်ဖန်း၏ လက်ဝါးသည် ကြောက်စိမ်းတစ်တုံးနှယ် အလင်းရောင်များ ထွက်လာသည်။ ထို့နောက်၊ လှံကို လက်ဗလာဖြင့်ဖမ်းကိုင်လိုက်၏။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ချူးယွင်ဖန်းသည် မိမိ၏ လှံတံကို လျပ်တပျက် ဖမ်းကိုင်လိုက်သည်ကိုကြည့်၍ စုဖေးယန်၏ မျက်နှာသည် တစ္ဆေတစ်ကောင်မြင်လိုက်ရသည့်နှယ်ဖြစ်နေ၏။ သူ၏လက်နက်သည် မထက်မြက်လှသော်လည်း အလွန်လေးလံသည်။ စုဖေးယန်၏ ခွန်အားနှင့်ပေါင်းလိုက်ပါက၊ သူ၏ တိုက်ခိုက်မှဒသည် ပြိုင်ဘက်၏ အရိုးများကို ချက်ချင်း ကွဲကြေသွားစေနိုင်မည်မှာ သေချာ၏။ အကယ်၍ တစ်စုံတစ်ယောက်ကသာ ၎င်းကို ဖမ်းကိုင်ရန် သတ္တိရှိနေပါက၊ လက်မောင်းတစ်ခုလုံး ကွဲကြေသွားပေလိမ့်မည်ဖြစ်သည်။
၎င်းတို့သည် လက်နက်ကို အသုံးပြု၍ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကြလျှင်ပင် ခွန်အားလမ်းကြောင်းသို့မလျှောက်လှမ်းပါက စုဖေးယန်၏ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်နိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်ဖြစ်သည်။ အများအားဖြင့် စုဖေးယန်၏ ပြိုင်ဘက်များသည် ယင်းကို ရှောင်တိမ်းရန် ရွေးချယ်လေ့ရှိသည်။ သို့သော် မည်သည့် ချပ်ဝတ်တန်ဆာမျှ မဝတ်ဆင်ထားသော၊ မည်သည့်လက်နက်ကိုမျှ အသုံးမပြုနေသော ချူးယွင်ဖန်းသည်မူ လက်ဗလာဖြင့် ဖမ်းကိုင်ခဲ့သည်။ သို့ထိတိုင်၊ ချူးယွင်ဖန်း၏ လက်ထဲမှ အရိုးများကျိုးကြေ၍ ကွဲအက်သွားသည့် မြင်ကွင်းမျိုး မတွေ့ခဲ့ရပေ။ ချူးယွင်ဖန်းသည် တိုက်ခိုက်မှုကို တည်ငြိမ်စွာ လက်ခံလိုက်ခြင်းဖြစ်သည်။
စုဖေးယန်သာမက ရှဖန်သည်လည်း သရဲတစ္ဆေမြင်လိုက်ရသည့်နှယ်ဖြစ်နေသည်။
“ဒါက အရမ်း ဆန်းကြယ်လွန်းတယ်…” ရှဖန်က ရေရွတ်လိုက်သည်။
ယင်းနောက်တွင် စုဖေးယန်က လျင်မြန်စွာတုံ့ပြန်၍ လှံကိုပြန်ရုတ်သိမ်းရန် ကြိုးစားခဲ့သော်လည်း ချူးယွင်ဖန်းသည် မိမိ၏ လှံကို တင်းကြပ်စွာဖမ်းဆုတ်ထားကြောင်း သူသဘောပေါက်လိုက်သည်။ ပြန်ဆွဲယူချင်သော်လည်း မယူနိုင်တော့ပေ။
‘ဘဘ်လောက်တောင် ခွန်အားကြီးနေတာလဲ’ ချူးယွင်ဖန်းသည် မိမိနှင့် တူညီသောအဆင့်တွင်ရှိနေခြင်းမဟုတ်ကြောင်း စုဖေးယန်သဘောပေါက်သိရှိသွားသော်လည်း တုံ့ပြန်ရန် နောက်ကျသွားခဲ့ပြီဖြစ်သည်။ ချူးယွင်ဖန်းသည် ညကောင်းကင်ယံထက်တွင် လင်းလတ်လာသည့် လျှပ်စီးတစ်လက်သဖွယ် သူ့ခြေထောက်ကို ဆန့်ထုတ်၍ ကန်ချလိုက်သည်။ ကန်ချက်သည် စုဖေးယန်၏ ရင်ဘတ်ပေါ်သို့ တိုက်ရိုက်ထိမှန်သွားသည်။
ကျယ်လောင်သောအသံကြီးနှင့်အတူ၊ စုဖေးယန်သည် ချက်ချင်းပင် လွင့်စင်ကာ မြေပြင်ပေါ်သို့ ပြန်လည်ပြုတ်ကျလာသည်။ ကျယ်လောင်သော အော်သံကြီးကို ကြည့်လျှင် ချူးယွင်ဖန်း၏နောက်ရှိ ရှဖန်သည် စုဖေးယန် အလွန်နာကျင်နေသည်ကို ပြောနိုင်၏။
ယခုအချိန်တွင် ရှဖန်သည် တိတ်ဆိတ်နေသည့် ချူးယွင်ဖန်းသည် ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်ကြောင်း သူ့အရိုးများထဲမှ ခံစားခဲ့ရသည်။ လက်ရှိ ချူးယွင်ဖန်းသည် မီးတောင်မပေါက်ကွဲခင်ဖြစ်လာသော မုန်တိုင်းတစ်ခု၏ခံစားချက်ကို ပေးစွမ်းနိုင်သည်။ ကျန်းပိုင်ဖေးကို တွေ့ရလျှင်၊ ချူးယွင်ဖန်း၏ ဒေါသများ ပေါက်ကွဲထွက်ပေါ်လာမည်မှာ သေချာ၏။ ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ်အစွမ်းသတ္တိကို ဤနေရာတွင် မြင်နိုင်သည်။ အစောပိုင်းတွင် ချူးယွင်ဖန်းသာ အလွန်လျင်မြန်သော အမြန်နှုန်းကို မပြခဲ့ပါက၊ ၎င်းသည် ခွန်အားသီးသန့်တိုက်ပွဲတစ်ခုဖြစ်ပေလိမ့်မည်။
စုဖေးယန်၏ ရင်ဘတ်သည် တစ်ချက်တည်းသော ကန်ချက်ဖြင့်ပင် ကျိုးကြေသွားသည်။ သူ့လက်များနှင့် ဒူးများသို့ပင် မကိုင်နိုင်တော့ပေ။ ချူးယွင်ဖန်းက ကျန်းပိုင်ဖေး၏ တံခါးကို တစ်ယောက်တည်း လာခေါက်ဝံ့သည်မှာ အံ့သြဖွဘ်မကောင်းလှတော့ပေ။ ဤကာလအတွင်းတွင် ချူးယွင်ဖန်း၏ ခွန်အားသည် ပေါက်ကွဲသွားသကဲ့သို့ တိုးလာခဲ့ခြင်းဖြစ်သည်။ မှန်သည်။ ရှဖန်၏ မျက်လုံးထဲတွင် ချူးယွင်ဖန်းသည် ကောင်းကင်ဘုံလင်းယုန် ဌာနချုပ်သို့ သူတစ်ဦးတည်းသွားခဲ့ခြင်းဖြစ်သည်။ သူလိုက်လာခဲ့သော်လည်း မည်သည့်အကူအညီမျှ မပေးနိုင်ခဲ့ပေ။
ချူးယွင်ဖန်းသည် စုဖေးယန်ကို တစ်ချက်မျှပင်မကြည့်ဘဲ၊ လှံကို ကောက်ယူလျက်၊ လျှောက်လမ်းတစ်လျှောက် ဆက်လျှောက်သွားကာ၊ အဆုံးရှိ အခန်းကို ဝင်လိုက်သည်။
ချူးယွင်ဖန်း၏ နောက်မှ လူအုပ်ကြီးသည် မိမိတို့ တတ်နိုင်သမျှ လျင်မြန်စွာ ပြေးလိုက်ခဲ့ကြသော်လည်း စုဖေးယန်၏ အော်ဟစ် ညည်းညူသံကြီးကိုသာ ကြားလိုက်ကြရ၏။
အခန်း(၄၇၆) တစ်ချက်တည်းဖြင့် သုတ်သင်ခြင်း
“သေစမ်း အရမ်းမြန်လွန်းတယ် ခဏလေးပဲရှိသေးတာကို စုဖေးယန်လဲသွားပြီ”
“ငါတို့ တတ်နိုင်သလောက် မြန်မြန်ဒီလာခဲ့ပေမယ့် ချက်ချင်းသတ်လိုက်တာကလွဲလို့ တခြားဖြစ်နိုင်ခြေမရှိဘူးပဲ”
“ရုန်းကန်တဲ့အရိပ်အယောင်တာ မတွေ့လိုက်ရဘူး။ ထွက်ပြေးဖို့တောင် အခွင့်အရေးမရလိုက်ဘဲ ချက်ချင်း သုတ်သင်ခံလိုက်ရတယ်”
အားလုံးဆွေးနွေး၍ အလုပ်ရှုပ်နေကြစဥ် ချူးယွင်ဖန်းနှင့် ရှဖန်တို့သည် ကျန်းပိုင်ဖေးတို့ရှိနေသည့် လေ့ကျင့်ရေးခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ လေ့ကျင့်ရေးခန်းထဲတွင် လူနှစ်ယောက်သာရှိသည်။ ၎င်းတို့ထဲမှ တစ်ယောက်သည် ကျန်းပိုင်ဖေးဖြစ်ကာ၊ ကျန်တစ်ယောက်သည်မူ ကျန်းရှောင်ဖြစ်၏။ တံခါးကို လာဖွင့်လိုက်သူမှာ စုဖေးယန်မဟုတ်၊ ချူးယွင်ဖန်းဖြစ်ကြောင်းတွေ့လိုက်ရသောအခါ၊ ၎င်းတို့အားလုံး အံ့သြထိတ်လန့်သွားကြသည်။ စုဖေးယန် ထွက်သွားခဲ့သည်မှာ မကြာသေးသော်လည်း ချူးယွင်ဖန်းသည် ပေါ်လာခဲ့ပြီဖြစ်၏။
ဆိုလိုသည်မှာ၊ စုဖေးယန်သည် ရှုံးနိမ့်သွားခဲ့ပြီဖြစ်၍ ချူးယွင်းဖန်းက သူ့ကို အနိုင်ယူခဲ့ပြီဟုဆိုလိုခြင်းဖြစ်သည်။
ကျန်းပိုင်ဖေးနှင့် ကျန်းရှောင်၏ မျက်နှာပေါ်ရှိ အမူအရာများသည် အနည်းငယ်မျှ လေးနက်နေ၏။ ကျန်းပိုင်ဖေးသည် ချူးယွင်ဖန်းကို ခြိမ်းခြောက်မှုတစ်ခုအဖြစ်ထည့်မတွက်ထားပေ။
“မဆိုးပါဘူး။ လုံးဝမဆိုးဘူး။ မင်း ဒီလောက်ထိ လုပ်နိုင်တာနဲ့တင် တော်တော် ကောင်းပါတယ်” ကျန်းပိုင်ဖေးက ခပ်ပြုံးပြုံးပြောသည်။ သူ့အမူအရာသည် အလွန်မြင့်မြတ်ကာ ခွန်အားကြီးလှသည့်ပုံပေါ်သည်။ ထို့ကြောင့် သူသည် ချူးယွင်ဖန်းကို အထင်သေးလျက်ရှိ၏။
“ဟုတ်လား” ချူးယွင်ဖန်းက ရယ်မောလိုက်သည်။
“ကျန်းပိုင်ဖေး၊ မင်းကို လူတစ်ယောက်လို့ပဲ ငါထင်ထားခဲ့တာ၊ ဒီလိုမျိုး စက်ဆုပ်စရာကိစ္စမျိုး မင်းလုပ်လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ မင်း ငါမရှိတာကို အခွင့်ကောင်းယူပြီး ငါ့အချစ်ဆုံးသူငယ်ချင်းရဲ့ ခြေထောက်ကို ချိုးရဲတယ်ပေါ့”
“အဲ့လိုလုပ်ဖို့ အကြောင်းပြချက်လိုသေးလား။ ပြည်ထောင်စုတက္ကသိုလ်ကို မင်းဝင်ခွင့်ရရုံနဲ့ မင်းနဲ့ငါနဲ့ တန်းတူရည်တူ ရပ်တည်နိုင်မယ်လို့ မင်းထင်လား။ မင်းကိုယ်မင်း ဘာကောင်ထင်နေလဲ” ကျန်းပိုင်ဖေးက တည်ငြိမ်သောအသံဖြင့် ပြောသည်။ ချူးယွင်ဖန်းသည် သူနှင့် အဆင့်တူသည်ဟု မတွေးထားပေ။ အကယ်၍ အထက်သို့တက်လိုခြင်းကြောင့်သာမဟုတ်လျှင်၊ ကျန်းပိုင်ဖေးသည် ချူးယွင်ဖန်းကို ခေါင်းထဲပင်ထည့်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့နှစ်ဦးသည် တူညီသောအဆင့်တွင်မရှိကြပေ။
“မှန်တယ်၊ မင်းကိုယ်မင်းအတော်ဆုံးလို့ထင်နေတဲ့ကောင်မျိုးက ဒါကို ဘယ်လိုလုပ်နားလည်နိုင်မလဲ။ မင်းလိုမျိုး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်တဲ့လူတွေကို မြင်းပေါ်ကနေဆွဲချရတာ ငါအကြိုက်ဆုံးပဲ” ချူးယွင်ဖန်းက လက်ထဲမှ ရွှေနက်ရောင်လှံတံကို ဝှေ့ယမ်း၍ပြောလိုက်သည်။
“မင်းဘာလုပ်ခဲ့ပြီလဲဆိုတာ အရေးမကြီးပါဘူး၊ မင်းတန်ရာတန်ကြေးကို ပြန်ပေးဆပ်ကို ဆပ်ရမယ်” ချူးယွင်ဖန်းက ပြောလိုက်ပြီးနောက်၊ သူ့လက်ပတ်နာရီကို ငုံ့ကြည့်လိုက်သည်။
“မိနစ်နည်းနည်းကျန်သေးတယ်။ လုံလောက်မှာပါ”
ကျန်းပိုင်ဖေးသည် ထက်မြက်သောကြောင့် ချူးယွင်ဖန်းပြောချင်သည့်စကားကို ချက်ချင်းနားလည်သည်။ ကျောင်းသားကောင်စီမှ ကျွမ်းကျင်သူများ ဤနေရာသို့ရောက်ရန် မိနစ်အနည်းငယ်သာလိုတော့သည်။
“ကောင်းလိုက်တာ၊ ဒီလောက် မာန်တက်နေတဲ့ကောင်မျိုးကို မတွေ့တာကြာပြီ” ကျန်းပိုင်ဖေးက မတ်မတ်ရပ်လျက်ပြောလိုက်သည်။
“ခေါင်းဆောင်ချူး၊ ငါမင်းကို ကျန်းရှောင်ကိုတားဖို့ကူညီပေးမယ်။ မင်း ကျန်းပိုင်ဖေးနဲ့ရင်ဆိုင်လိုက်ပါ။ ငါတို့မှာ အချိန်သိပ်မရှိဘူး။ ကျောင်းသားကောင်စီက သိပ်မကြာခင်ရောက်လာတော့မယ်။ သူတိုသာ ငါတို့ကို ဝင်နှောက်ယှက်ရင် ပြဿနာအကြီးအကျယ်တက်လိမ့်မယ်” ရှဖန်က လေးနက်စွာကြည့်၍ ပြောလိုက်သည်။
ရှဖန်သည် အပြည့်အဝသတိကြီးစွာထားလျက်ရှိသည်။ ချူးယွင်ဖန်း၏ နောက်မှ လိုက်လာခဲ့စဥ်ကတည်းက သူ့တွင် ရွေးချယ်ရန် ကိစ္စအများအပြားမရှိခဲ့ပေ။
“ငါ့ကို တားမယ်ဟုတ်လား။ မင်းကလား” ကျန်းရှောင်က ရယ်၍ ရှဖန်ထံသို့ ချက်ချင်းပြေးသွားသည်။ သူ့လက်ထဲတွင် ဓားနှစ်ချောင်းရှိကာ၊ ယင်းဓားများသည် အဆိပ်ပြင်းမြွေများနှင့်တူ၍ ရှဖန်ကို ဟာရီကိန်းမုန်တိုင်းတစ်ခုသဖွယ် ဖုံးလွှမ်းသွားသည်။
ရှဖန်၏ လက်ထဲမှ ဓားသည်လည်း ကျန်းရှောင်သို့ ချိန်ရွယ်ထား၏။
ချွင် ချွင် ချွင်
အနည်းငယ်တိုက်ခိုက်ကြပြီးနောက်၊ ကျန်းရှောင်သည် ရှဖန်ကို လုံးလုံးလျားလျား နှိမ်နင်းခဲ့သည်။ ရှဖန်သည် မရီးဒျန်သန့်စင်ခြင်း ဒုတိယအဆင့်သို့ တက်လှမ်းရုံသာ တက်လှမ်းနိုင်ခဲ့သော်လည်း ကျန်းရှောင်သည်မူ တတိယအဆင့် အထွဋ်အထိပ်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။ သူ၏ ခွန်အားသည် ယခင်က စုဖေးယန်ထက် မနိမ့်ကျပေ။ သူသည် ရှဖန်ရင်ဆိုင်နိုင်သည့်ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ပေ။
“ဟားဟားဟား မင်း သေချင်နေတာပဲ။ မင်းတကယ်ပဲ ငါ့ကို တားနိုင်မယ်လို့ ထင်နေတာလား။ ငါမင်းကို သိုင်းကွက်သုံးကွက်တည်းနဲ့ အပြီးသတ်ပြမယ်”
ကျန်းရှောင်က ရူးသွပ်စွာရယ်မော၍ အမျိုးအမျိုးသော တိုက်ခိုက်မှုများကို ဒီရေလှိုင်းကဲ့သို့ထုတ်သုံးလိုက်သည်။ အခြားတစ်ဖက်တွင်၊ ရှဖန်သည်မူ၊ နောက်သို့ ဆုတ်ခွာသွားရသည်။ သူသည် ကျန်းရှောင်နှင့် မယှဥ်နိုင်ပေ။ သူအလွန်ကြိုးစားခဲ့သော်လည်း ကျန်းရှောင်သည် အဘက်ဘက်တွင် သူ့ထက် သာလွန်၏။
ဘမ်း
နောက်ဆုံးတိုက်ခိုက်မှုအပြီးတွင် ရှဖန်တစ်ယောက် လွင့်စင်သွားရတော့သည်။ ကျန်းရှောင်သည် ဤအခွင့်အရေးကိုသုံး၍ ဆက်လက်တိုက်ခိုက်ချင်သော်လည်း ရှည်လျား နက်မှောင်သော လှံကြီးတစ်စင်းသည် သူနှင့် ရှဖန်အကြားသို့ ထိုးစိုက်သွားကာ၊ သူ့လမ်းကြောင်းကို တားဆီးလိုက်သည်။
“အချိန်ကိုက်ပဲ ချူးယွင်ဖန်း၊ ငါမင်းကို ရင်ဆိုင်တော့မယ်”
ကျန်းရှောင်က ရပ်သွားသော်လည်း စိတ်ပျက်ခြင်းမရှိခဲ့ပေ။ ချူးယွင်ဖန်းကို စိတ်လှုပ်ရှားစွာကြည့်လိုက်သည်။ တစ်ဖက်တွင်မူ ကျန်းပိုင်ဖေးသည် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက်မရှိပေ။ ချူးယွင်ဖန်းက မိမိကို တိုက်ခိုက်ရန်ပင် အခွင့်အရေးမရှိဟု သူခံစားမိသည်။ ကျန်းရှောင်၏ ရုတ်တရက် တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရသော်လည်း ချူးယွင်ဖန်းသည် မလိုအပ်သော လှုပ်ရှားမှုများမပြုလုပ်ခဲ့ဘဲ၊ သူ့လက်မှ လှံတံကို အောက်သို့ ရိုက်ချလိုက်ကာ၊ ရှည်လျားလွန်းသောကြောင့် ချက်ချင်းဆိုသလိုပင် ကျန်းရှောင်သို့ တိုက်ရိုက်ထိမှန်သွား၏။
ဤလှံရှည်သည် စုဖေးယန်၏ လက်ထဲတွင် အလွန်အစွမ်းထက်ခဲ့သော်လည်း ဤသည်မှာ ကြောက်မက်ဖွယ်စွမ်းအားကို အမှန်တကယ်ထုတ်သုံးနိုင်သည့် ချူးယွင်ဖန်းဖြစ်သည်။ ချူးယွင်ဖန်းသည် ယခင်က လှံသိုင်းများကို အသုံးမပြုခဲ့ဖူးသော်လည်း သူ၏ တိုက်ခိုက်မှုသည် အလွန် ပြင်းထန်လှ၏။
ကျန်းရှောင်သည်ပင် ချူးယွင်ဖန်း၏ လှံသိုင်းကြောင့် လွင့်ထွက်လုမတက်ဖြစ်ခဲ့ရကာ၊ ယင်းသိုင်းပညာသည် အလွန်မြန်ဆန်လှသည်။
ကျန်းရှောင်က သူ့ဓားနှစ်ချောင်းကို အလျင်အမြန်ရုတ်သိမ်း၍ ဤလှံသိုင်းကို တားဆီးရန် လက်နက်များကို အမြန်ပြန်မြှောက်လိုက်သည်။
ချွင်
ကျယ်လောင်သော သတ္ထုသံကြီးတစ်သံနှင့်အတူ ကျန်းရှောင်၏လက်ထဲမှ ဓားနှစ်ချောင်းသည် ချက်ချင်းပင် ပျံတက်သွား၏။ သူ့လက်ဖဝါးတစ်ခုလုံးတွင်လည်း ဒဏ်ရာရရှိသွားခဲ့သည်။ သူ၏လက်မနှင့် လက်ညှိုးကြားတွင် အက်ကွဲရာကြီးတစ်ခုပေါ်လာ၍ အနီရောင်သွေးများ ပန်းထွက်လာသည်။
သို့သော် ချူးယွင်ဖန်း၏ လှံအလင်းတန်းသည်မှု အရှိန်လျော့ကျခြင်းမရှိဘဲ၊ ထပ်မံသက်ဆင်းလာပြန်သဖြင့်၊ ကျန်းရှောင်တွင် ယင်းကို ခုခံရန် နည်းလမ်းမရှိတော့ပေ။ သူ့လက်နှစ်ဖက်လုံးသည် ပြင်းထန်စွာတုန်ယင်နေ၏။
“ရပ်တော့”
ကျန်းပိုင်ဖေးက နောက်ဆုံးတွင် တစ်ခုခုမှားနေကြောင်း သိလိုက်ရသော်လည်း အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။ ချူးယွင်ဖန်း၏ လှံရှည်သည် အောက်သို့သက်ဆင်းသွားခဲ့ပြီးဖြစ်၏။
ဘမ်း
ကျန်းရှောင်သည် ယင်းဖြင့်ထိမှန်၍ ချက်ချင်းပင် လွင့်ထွက်သွားကာ၊ နံရံပေါ်သို့ထိမှန်၍ မြေပြင်ပေါ်သို့ပြန်လည် လျှောကျသွားသည်။
“မင်း…” ကျန်းပိုင်ဖေးသည် ချူးယွင်ဖန်းကို စိုက်ကြည့်နေ၏။ သူ၏ ချောမောသော မျက်နှာထက်တွင် ဒေါသလှိုင်းများ မြင့်တက်လာသည်။
ကျန်းပိုင်ဖေးသည် အောင်နိုင်မှုက သူ့လက်ထဲတွင်ရှိနေပြီဟုထင်ခဲ့ကာ၊ အရာအားလုံးသည်လည်း သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေပြီဟု တွေးထားခဲ့သော်လည်း တစ်ခဏအတွင်းတွင် အရာအားလုံး ပြောင်းပြန်ဖြစ်သွားသည်။ ချူးယွင်ဖန်းသည် ကျန်းရှောင်ကို အပြင်းအထန်ဒဏ်ရာရစေကာ၊ လွင့်ပင်လွင့်ထွက်သွားစေခဲ့သည်။
ထိုအချိန်တွင် ကျန်းပိုင်ဖေးက နောက်ဆုံးတွင် ချူးယွင်ဖန်းသည် အဘယ်ကြောင့် ဤမျှ လျင်မြန်စွာ သူ့ထံသို့ ရောက်ရှိလာခဲ့သည်ကို နားလည်သွားသည်။ ကျင်းတင်၊ စုဖေးယန်နှင့် ကျန်းရှောင်တို့အားလုံးသည် သူ့လက်ထဲတွင် ချက်ချင်းရှုံးနိမ့်သွားခဲ့ရသည်။
ဆယ်မိနစ်က လုံလောက်သည်ဟု ချူးယွင်ဖန်း အဘယ်ကြောင့် ပြောခဲ့သည်ကို နောက်ဆုံးတွင် နားလည်သဘောပေါက်သွားသည်။ ချူးယွင်ဖန်းသည် ကောင်းကင်ဘုံလင်းယုန်ဌာနချုပ်၏ တံခါးဝဆီမှ ဤနေရာအထိရောက်လာရန် မိနစ်အနည်းငယ်သာ အချိန်ယူခဲ့ရသည်။
“ကဲ အခုတော့ ဘယ်သူမှမရှိတော့ဘူး။ စာရင်းရှင်းဖို့ ငါတို့ အလှည့်ရောက်ပြီ”
အခန်း(၄၇၇) ကျန်းပိုင်ဖေးကို အနိုင်ယူရန် လှံသိုင်းနည်းပညာများကို လေ့လာခြင်း
ချူးယွင်ဖန်းက သူ့လက်ထဲမှ သံမဏီလှံရှည်ကြီးကို ဆွဲကိုင်လျက်၊ ကျန်းပိုင်ဖေးကို အေးစက်စွာပြောသည်။
“ဒါ မင်းငါ့ကို ပြဿနာရှာတာ ပထမအကြိမ်ရော၊ ဒုတိယအကြိမ်ရောမဟုတ်တော့ဘူး။ ကျိုးကြောင်းဆီလျော်အောင်လို့ ငါတို့ ကြားက မကျေမနပ်တာတွေကို ငါအခု ဖြေရှင်းပေးမယ်။”
“မင်း ဒီအဆင့်ထိ ရောက်လာလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ ကောင်းပြီ၊ မင်းကို မင်းသူငယ်ချင်းလိုပဲ ငါဂရုစိုက်ပေးပါ့မယ်” ကျန်းပိုင်ဖေးသည် မတ်တပ်ထရပ်၍ မြေပြင်ပေါ်တွင် ငိုကြွေးနေသည့် ကျန်းရှောင်ကို တစ်ချက်မျှပင် မကြည့်ခဲ့ပေ။
ကျန်းပိုင်ဖေးသည် ချူးယွင်ဖန်းကို စိတ်ထဲမထားပေ။ ရုတ်တရက် သူ့လက်ထဲ၌ ရှည်လျားလှသော သွေးနီရောင် ဓားရှည်ကြီးတစ်စင်းပေါ်လာသည်။ ယင်းသည် သွေးစွန်းနေပုံပေါ်၏။ ကျန်းပိုင်ဖေး၏ ချီစွမ်းအင်များသည် ဓားထဲသို့တိုးဝင်ကာ၊ အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ ကပ်တွယ်ထားသည်။
“ဒီနေရာက အဆင်မပြေဘူး။ သေးလွန်းတယ်။ အပြင်သွားရအောင်”
ကျန်းပိုင်ဖေးက ဤသို့ပြောကာ၊ ပြတင်းတံခါးကို ဖွင့်၍ ပြတင်းပေါက်အပြင်ဘက် ကွင်းပြင်သို့ ခုန်ချလိုက်သည်။
ကျယ်လောင်သော ခြေသံနှင့်အတူ၊ ကျန်းပိုင်ဖေးသည် မြေပြင်သို့သက်ဆင်း၍ ချူးယွင်ဖန်းကို အဝေးမှ စိုက်ကြည့်နေသည်။
အောက်ခြေရှိ လူအုပ်ကြီးက သတင်းကို စောင့်မျေှာ်နေကြဆဲဖြစ်ကာ၊ အပြင်သို့ ကျန်းပိုင်ဖေးထွက်လာလိမ့်မည်ဟုမမျှောလင့်ထားကြပေ။ ၎င်းတို့ အံ့အားသင့်စွာ မအော်လိုက်ကြခင်တွင် မည်သည့်အရာမျှမဖြစ်ခဲ့သည့်အတိုင်း ပြတင်းပေါက်မှ ခုန်ဆင်းလာသော ချူးယွင်ဖန်းကို မြင်လိုက်ရသည်။ သူ၏ ဆင်းသက်မှုသည် ငှက်မွှေးတစ်မွှေးနှယ်ပေါ့ပါးလှသည်။
၎င်းတို့နှစ်ဦးသည် သိုင်းပညာရှိ မတူညီသော နည်းလမ်းသိုင်းကွက်များကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ တစ်ခုသည် လွင့်မျောငှက်မွှေးဟုအမည်ရသော သိုင်းတစ်ကွက်ဖြစ်ကာ၊ ကျန်တစ်ခုသည်မူ ပေါင်တစ်ထောင်ဆင်းသက်ခြင်းဟုအမည်ရ၏။ နည်းစနစ်နှစ်ခုလုံးသည် အလွန်ကွာခြားသော အကျိုးသက်ရောက်မှုများရှိကြသည်။ လူအုပ်ကြီးသည် လျင်မြန်စွာတုံ့ပြန်လာကြသည်။ နှစ်ဦးသားက တိုက်ပွဲအတွက် အခန်းမှာ အလွန်ကျဥ်းလွန်းလှသည်ဟု ဆုံးဖြတ်ခဲ့ကြသဖြင့်၊ ဤကျယ်ပြောလှသော ဟင်းလင်းပြင်တွင် တိုက်ခိုက်ရန် ထွက်လာခဲ့ကြသည်။ ချူးယွင်ဖန်း၏နောက်မှ ရှဖန်သည်လည်း ခုန်ထွက်လာသည်။ ယင်းသည် အထပ်အနည်းငယ်မြင့်မားလှသော်လည်း မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများအတွက်မူ၊ သတိထားပါက၊ ပြဿနာကြီးကြီးမားမားမရှိနိုင်ပေ။
ချူးယွင်ဖန်းသည် ကျန်းပိုင်ဖေးထံသို့ အမှန်တကယ် ချီတက်လာကြောင်း ကျောင်းသားများက မြင်လိုက်ရသောအခါ၊ စိတ်လှုပ်ရှားလာကြသည်။ ကောင်းကင်ဘုံလင်းယုန်မှ ရာထူးမြင့်သူများပင်လျှင်၊ ချူးယွင်ဖန်းကို မတားဆီးနိုင်ခဲ့ကြပေ။ ထို့အပြင် ယင်းသည် အချိန်ခဏတာမျှသာကြာခဲ့ကာ၊ ၎င်းတို့တစ်ဖွဲ့လုံး ရှုံးနိမ့်ခဲ့ကြသည်။
ထိုသို့သော အရှိန်သည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ လူအုပ်ထဲမှအချို့သည် ချူးယွင်ဖန်း၏ လက်ထဲမှ ရွှေနက်ရောင်လှံတံကို သတိထားမိကြသည်။ ယင်းမှာ စုဖေးယန်၏ နာမည်ကြီးလက်နက်ဖြစ်ကာ၊ ယခုမူ ချူးယွင်ဖန်း၏လက်ထဲတွင် ရှိနေပြီဖြစ်သဖြင့်၊ တိုက်ပွဲရလဒ်သည် အလွန်သိသာလှ၏။
ကျန်းရှောင်သည်လည်း ပေါ်မလာခဲ့ဘဲ၊ ချူးယွင်ဖန်းဘက်တွင် ရှဖန်တစ်ယောက်သာရပ်နေ၏။ အံ့ဖွယ်ကောင်းသည်မှာ လူနည်းသော ချူးယွင်ဖန်းတို့ဘက်မှ ကောင်းကင်ဘုံလင်းယုန်တစ်ဖွဲ့လုံးကို အနိုင်ယူလိုက်ခြင်းဖြစ်သည်။
ပို၍ အတိအကျပြောရလျှင်၊ ကောင်းကင်ဘုံလင်းယုန်တစ်ခုလုံးနီးပါးကို အနိုင်ယူလိုက်ခြင်းဖြစ်၍ ယခု တစ်ဦးတည်းသော ကျန်ရစ်သူမှာ ကျန်းပိုင်ဖေးဖြစ်သည်။ ချူးယွင်ဖန်းသည် ကျန်းပိုင်ဖေးကိုကြည့်လိုက်သည်။ ကျန်းပိုင်ဖေးက မည်သို့ ကြံစည်နေသည်ကို သူသိသည်။ အခန်းက “ကျဥ်းလွန်း”သည်ဟုဆိုခဲ့ခြင်းမှာ အကြောင်းပြချက်တစ်ခုသာဖြစ်ကာ၊ ကျန်းပိုင်ဖေးသည် သူ့ကို လူတိုင်း၏ရှေ့တွင်အနိုင်ယူ၍ ခြေနင်းခုံတစ်ခုသဖွယ်အသုံးချလိုခြင်းဖြစ်သည်။
ဘွန်း
ရုတ်တရက် ကျန်းပိုင်ဖေးက စတင်တိုက်ခိုက်လိုက်ရာ၊ သူ့လက်ထဲမှ သွေးနီရောင်ဓားသည်လည်း ထွက်ပေါ်လာ၏။ မရေမတွက်နိုင်လောက်အောင် များပြားလှသော မုန်တိုင်းများကို သယ်ဆောင်လာသည့်နှယ်ထင်ရသည်။ ဤသည်ကား စိတ်ပိုင်းဆိုင်ရာ လှည့်စားမှုတစ်ခုမျှသာဖြစ်သည်။
‘ဒါရိုးရိုးဓားမဟုတ်ဘူးပဲ’ ချူးယွင်ဖန်းသည် ဤလက်နက်မှာ မှော်လက်နက်တစ်ခုဖြစ်လိမ့်မည်ဟု ကောက်ချက်ချလိုက်သည်။ ယခင် သိုင်းပညာမထွန်းကားခဲ့သေးသောအချိန်က၊ ဤဓားများသည် ပြိုင်ဘက်များကို စိတ်ပိုင်းဆိုင်ရာလှည့်စားမှုများဖြင့် အနိုင်ယူနိုင်သော နတ်ဆိုးဓားတစ်လတ်ဖြစ်သည်။
သို့သော် ယင်းသည် ချူးယွင်ဖန်းကို အနိုင်ယူရန်အတွက် မလုံလောက်ပေ။ ချူးယွင်ဖန်း၏ စိတ်ထဲတွင် ကြည်လင်ပြတ်သားသော စွမ်းအင်စီးကြောင်းတစ်ခု စီးဆင်းသွားကာ၊ လှည့်စားမှုမှ ချက်ချင်းလွတ်မြောက်လာသည်။ ထိုအချိန်တွင် ကျန်းပိုင်ဖေး၏လက်ထဲမှ ဓားသည် ချူးယွင်ဖန်း၏ခေါင်းပေါ်သို့ ခုတ်ပိုင်းကျလာသည်။ ယင်းသည် အလွန်မြန်ဆန်၍ တိကျလှ၏။ သာမန်လူတစ်ယောက်သာဖြစ်မည်ဆိုပါက၊ မင်းကို ရှောင်တိမ်းရန် မျှော်လင့်ချက်ရှိမည်မဟုတ်ပေ။
ချွင်
ချူးယွင်ဖန်းသည် ဤတိုက်ခိုက်မှုကို တားဆီးရန် သူ၏ လှံရှည်ကို မြှောက်လိုက်သည်။ ထို့နောက် ချက်ချင်းပင် နောက်မှလိုက်၍ အံ့ဖွယ်အရှိန်ဖြင့် ပေါက်ကွဲသွားသည်။
ဘွန်း
ဓားနှင့် လှံတို့တိုက်မိကြရာ၊ ချက်ချင်းပင်၊ ချီစွမ်းအင်အမြောက်အမြားထွက်လာ၍ ပတ်ဝန်းကျင်လေထုတစ်ခုလုံး ကွဲအက်သွားသည်။ ၎င်းသည် အလွန်ပြင်းထန်၍ အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
“မင်းမှာ လှည့်ကွက်တွေရှိတယ်၊ ဒါပေမယ့် ငါ့မိသားစုကို မင်းပုန်ကန်ခဲ့ကတည်းက မင်းဘဝက အဆုံးသတ်ကို ရောက်နေပြီ” ကျန်းပိုင်ဖေးက အေးစက်စွာပြုံး၍ပြောလိုက်သည်။
“မင်းဓားကို ထုတ်လိုက်ပါ၊ ဒီတုတ်က ငါ့ကို မယှဥ်နိုင်ဘူး”
ကျန်းပိုင်ဖေးသည် မောက်မာသည်။ ချူးယွင်ဖန်းကို အပြီးသတ် ခြေမှုန်းနိုင်သော အင်အားမျိုး မိမိတွင် ရှိသည်ဟု ယုံကြည်ထားသည်။ ချူးယွင်ဖန်းက ဓားကို မထုတ်ခဲ့ပါက၊ သူနိုင်လျှင်ပင်၊ လူတစ်ချို့က မှတ်ချက်များပေးကြပေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သူသာ အနိုင်ရလိုပါက၊ လူတိုင်း မည်သည့်မှတ်ချက်မျှမပေးနိုင်ရန် ပြည့်စုံစွာ ဆောင်ရွက်ရမည်ဖြစ်သည်။
“မင်းနဲ့ရင်ဆိုင်ဖို့ ငါ့ဓားကို ထုတ်စရာမလိုပါဘူး” ချူးယွင်ဖန်းကလည်း ဂုဏ်ယူစွာပြန်ပြော၏။
“ဒါ့အပြင် ငါလှံသိုင်းတွေကို သိပ်မသိပေမယ့် ငါ့အရည်အချင်းနဲ့ဆို မင်းကို ဓားသွေးကျောက်လိုသဘောထားပြီးတော့ တစ်ချိန်တည်း လေ့လာလို့ရမယ်ထင်တယ်”
“မာန်တက်နေတဲ့ မျိုးမစစ်”
ကျန်းပိုင်ဖေး၏ ဒေါသများ တိုးလာသည်။ နောက်ဆုံးတွင် သူ့ထက ပို၍ မာန်တက်နေသော ယောက်ျားတစ်ယောက်နှ့င့် တွေ့ဆုံခဲ့ရသည်။
ချူးယွင်ဖန်းသည် ကျန်းပိုင်ဖေးကို တိုက်ခိုက်၍ လှံသိုင်းပညာများကို လေ့ကျင့်လိုခြင်းဖြစ်သည်။
‘သူ သေချင်နေတာပဲ’
“မင်း…ကိုယ့်သေတွ၍်းကိုယ် တူးနေတာလား”
ကျန်းပိုင်ဖေးသည် ဆက်လက်တိုက်ခိုက်ခဲ့၏။ သူ့လက်ထဲမှ ဓားရှည်သည် သွေးရောင်အလင်းတန်းများဖြင့် ချက်ချင်းပေါက်ကွဲသွား၏။ သွေးနီရောင်ချီစွမ်းအင်များသည် ဓားကို ဖြတ်၍ ပြင်းထန်သော ရောင်ဝါတစ်ခု ထုတ်လွှတ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်များသည်လှိုင်းလုံးကြီးများသဖွယ် ထွက်ပေါ်လာသည်။ ခဏအကြာတွင် လူအုပ်ကြီးသည် မိမိတို့ကိုယ်မိမိတို့ အဆုံးမဲ့စစ်မြေပြင်၌ ရပ်တည်နေကြသည်ဟု ခံစားလိုက်ကြရ၏။
“ပေါ်လာပြီ၊ ကျန်းပိုင်ဖေးကို ကျော်ကြားလာစေတဲ့ မုန်းတီးခြင်းသွေးဓားသွားသိုင်းပဲ” လူတစ်ယောက်က အော်ပြောလိုက်သည်။
ကျန်းပိုင်ဖေး၏ ဓားပုံရိပ်ယောင်မှတစ်ဆင့် လူတိုင်းသည် ၎င်းတို့အားလုံး သွေးစွန်းနေသည့် စစ်မြေပြင်သို့ ပို့ဆောင်ခံလိုက်ရသကဲ့သို့ ချက်ချင်းခံစားလိုက်ရသည်။ ဓားသံများသည် အလွန်ကျယ်လောင်လာ၍ အရာအားလုံးကို ဖြိုခွဲပစ်လိုက်သည်။
အရာအားလုံးကို မုန်းတီးနေသော၊ အရာအားလုံးကို ဖျက်စီးချင်နေသည့် သွေးစွန်းနေသော ဓားရှည်။
ချူးယွင်ဖန်းကမူ တည်ငြိမ်မြဲတည်ငြိမ်နေ၏။ ကျန်းပိုင်ဖေး၏ မုန်းတီးခြင်းသွေးဓားသွားသည် အမှန်တကယ်ပင် အစွမ်းထက်လှသည်။ ၎င်းသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ပင် ရောက်ရှိနေနိုင်သည်ဖြစ်ရာ၊ ဤသည်ကား စစ်မှန်သော မွေးဖွားခြင်းနယ်မြေအဆင့် သိုင်းပညာတစ်ခုဖြစ်သည်။ ချူးယွင်ဖန်း၏ ကမ္ဘာ့အရှင်ဓားသိုင်းတမျှ အစွမ်းမကြီးလှသော်လည်း ၎င်း၏ စွမ်းအားသည် အလွန်တုန်လှုပ်ဖွယ်ကောင်းလှသည်။
ချူးယွင်ဖန်းက သူ့လက်ထဲမှ လှံကို ဝှေ့ယမ်းပစ်လိုက်သည်။
လှံသည် လေထုကို ဖြိုခွဲသွားသည့်ပုံရ၏။ ရိုးရှင်းသော သိုင်းကွက်တစ်ခုဖြစ်ကြောင်း ထင်ရှားလှသော်လည်း ချူးယွင်ဖန်း၏ လက်ထဲတွင်မူ ကြီးမားသော စွမ်းအားဖြင့် ပေါက်ကွဲသွားသည်။
ချွင်
ကျန်းပိုင်ဖေး၏ ဓားသွားကို ချက်ချင်းတားဆီးလိုက်ရာ၊ ရှေ့သို့ ခြေတစ်လှမ်းပင်မလှမ်းနိုင်တော့ပေ။ တစ်ချိန်တည်း၌ပင်၊ ချူးယွင်ဖန်း၏ စိတ်ထဲ၌ လှံသိုင်းပညာတစ်မျိုး ပေါ်ထွက်လာသည်။ သူသည် လှံရေးသိုင်းပညာများကို တစ်ကြိမ်တစ်ခါမျှ မလေ့ကျင့်ဖူးသော်လည်း အခြေခံအချက်များသည် လျှို့ဝှက်ချက်များမဟုတ်သဖြင့်၊ လူတိုင်း ယင်းကို ရှင်းလင်းစွာမြင်နိုင်၏။
ချူးယွင်ဖန်းသည် ဓာတ်ပုံမှတ်ဉာဏ်တစ်ခုရှိသဖြင့် အရာအားလုံးကို ချက်ချင်းမှတ်မိသည်။ ဤသိုင်းပညာများကို သူယခင်က တစ်ကြိမ်တစ်ခါမျှ မသုံးခဲ့ဖူးသော်လည်း ယခုမူ၊ ယင်းအခြေခံအချက်များကို နားလည်ရန် သူ့စိတ်ကို စုစည်းထားသည်။ ဤသည်ကား သဘာဝအလျောက်ပင် သူ့အတွက် လွယ်ကူသော ကိစ္စတစ်ခုဖြစ်၏။
များပြားလှသော အချက်အလက်များသည် ချူးယွင်ဖန်း၏ စိတ်ကို လွှမ်းခြုံသွားသည်။ သူ့စိတ်ထဲမှ နတ်ဘုရားစိတ်ဝိဉာဥ်သည် သက်တံရောင်အလင်းတစ်ခုကို ထုတ်လွှတ်နေ၏။ အချက်အလက်များအားလုံးသည် ဤလှံရေးသိုင်းစနစ်များကို အသုံးပြုပြနေသည့် လူတစ်ယောက်အဖြစ်ပြောင်းလဲသွားကာ၊ သူ့မျက်လုံးထဲတွင် ပေါ်လာ၍ ထိုမြင်ကွင်းများက သူ့စိတ်ထဲသို့ ချက်ချင်းရိက်နှိပ်သွားသကဲ့သို့ စွဲမြဲသွားသည်။