အခန်း (၄၇၈-၄၈၀)
Vol. 32 Ch. 478-480
အခန်း(၄၇၈)အဆတစ်ရာမြန်သော သင်ယူနှုန်း
ဤအရာများအားလုံးသည် လျင်မြန်စွာဖြစ်ပျက်သွားခြင်းဖြစ်သည်။ အချိန်တိုအတွင်းတွင် အရာအားလုံးပြီးမြောက်သွားခဲ့ပြီဖြစ်သည်။ ချူးယွင်ဖန်း၏ စိတ်ထဲတွင် တစ်စုံတစ်ယောက်သည် ယင်းကို အကြိမ်ပေါင်းများစွာလေ့ကျင့်နေသကဲ့သို့ပင်ဖြစ်သည်။
ချူးယွင်ဖန်း၏ အလွယ်တကူတားဆီးချင်းကို ခံခဲ့ရသော ကျန်းပိုင်ဖေးသည်မူ၊ လက်လျှော့လိုစိတ်မရှိသေးပေ။
“ကောင်းကင်ကို မုန်းတီးခြင်း”
ကျန်းပိုင်ဖေး၏ ကြုံးဝါးသံနှင့်အတူ၊ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သောအမုန်းတရားများ ထွက်ပေါ်လာသည်။ ဤသည်မှာ ပြီးပြည့်စုံအဆင့်သို့ ကျင့်ကြံပြီးမှသာလျှင် မြင်နိုင်သော မြင်ကွင်းတစ်ခုဖြစ်သည်။ ထို့နောက်တွင်မူ၊ ထိုသိုင်းပညာ၏ အနှစ်သာရကို အမှန်တကယ် ဖော်ထုတ်နိုင်မည်ဖြစ်သည်။
ဓားရှည်သည် ချက်ချင်းဆိုသကဲ့သို့ပင် လှုပ်ရှားသွားပုံပေါ်ကာ၊ ပြင်းထန်သော မုန်းတီးမှုများနှင့်အတူ၊ ချူးယွင်ဖန်းရှေ့သို့ရောက်လာသည်။
ချူးယွင်ဖန်းသည်လည်း စတင်လှုပ်ရှားလိုက်သည်။ သူ့လက်ထဲမှ လှံသည် ခုန်ပေါက်သွားသည့်နှယ် ဝင်လာသော ဓားကို ရိုးရှင်းစွာ တားဆီးလိုက်၏။
ဘမ်း
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ ချီစွမ်းအင်များလည်း ရေလှိုင်းများသဖွယ် ပေါက်ကွဲထွက်လာသည်။
နှစ်ဖက်လုံးသည် နောက်သို့ ဆုတ်ခွာခြင်းအလျင်းမရှိပေ။
ချူးယွင်ဖန်းသည် ကျန်းပိုင်ဖေး၏ တိုက်ခိုက်မှုကို အောင်မြင်စွာတားဆီခဲ့သည်။
“ကမ္ဘာကြီးကို မုန်းတီးခြင်း”
ကျန်းပိုင်ဖေးသည် သူ၏တိုက်ခိုက်မှုလွဲချော်သွားသော်လည်း မရပ်တန့်ခဲ့ပေ။ ချက်ချင်းပင် နောက်ထပ် သိုင်းကွက်တစ်ခု ပေါ်လာသည်။ ဤသိုင်းကွက်သည် ယခင်ကထက် ပို၍ ပြင်းထန်ကာ၊ ထွက်လာသော စွမ်းအင်သည်လည်း အလွန်ကြောက်မက်ဖွယ်ကောင်း၏။
“ဘယ်လိုစွမ်းအားမျိုးလဲ၊ ကျန်းပိုင်ဖေးက မုန်းတီးခြင်းသွေးဓားသွားကို ပြီးပြည့်စုံအဆင့်အထိ ကျင့်ကြံပြီးပြီထင်တယ်။ မဟုတ်ရင် သူဒီလောက် စွမ်းအားတွေ ထုတ်သုံးနိုင်မှာမဟုတ်ဘူး။ ငါတို့အပေါ် ပြင်းထန်ထဲ အမုန်းတရားတွေ လွှမ်းခြုံနေတာကိုတောင် ငါတို့ ခံစားလို့ရတယ်”
လူအုပ်ကြီးသည် ကောင်းကင်နှင့် မြေကြီးကြားရှိ အမုန်းတရားများပြည့်နှက်နေသော လေကို ခံစားနိုင်သည်။ မခံစားခဲ့ရသင့်သော ဤခံစားချက်သည် အလွန်ပြင်းထန်လွန်းလှသဖြင့်၊ ၎င်းတို့ကို ယင်းကို ရှင်းလင်းစွာသိကြသည်။ ဤတိုက်ခိုက်မှု နှစ်ခုသည် မည်မျှ ထိပ်လန့်ဖွယ်ကောင်းသည်ကို တွေးကြည့်နိုင်၏။
“ကျန်းပိုင်ဖေးက မုန်းတီးခြင်းသွေးဓားသွားကို ပြီးပြည့်စု့အဆင့်ထိ ကျင့်ကြံနိုင်ခဲ့တာတင်မကဘဲ၊ သူ့ကျင့်ကြံရေးအဆင့်ကလည်း အရမ်းကြောက်ဖို့ကောင်းတယ်။ ဘုရားရေ၊ အနည်းဆုံး မရီးဒျန်သန့်စင်ခြင်း ပဥ္စမအဆင့်လောက်ရှိမယ်ထင်တယ်”
လူအုပ်သည် အံ့သြမှင်သက်လျက်ရှိကြသည်။ ထိုကျောင်းသားများထဲတွင် စွမ်းအင်သန့်စင်ခြင်း ပဥ္စမအဆင့် သို့ တက်လှမ်းနိုင်ခဲ့သူ အများအပြားလည်းရှိသည်။ ပြင်ပကမ္ဘာတွင် ၎င်းတို့ကို အကောင်းတကာ့အကောင်းဆုံး ပါရမီရှင်များဟု သတ်မှတ်ထားကြသည်။
ကျန်းပိုင်ဖေးသည် ၎င်းတို့ထက် အဆင့်တစ်ခုစာလုံး ကျော်တက်နိုင်ခဲ့ပြီဖြစ်သည်။ ၎င်းတို့အားလုံးသည် ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားများဖြစ်ကြသည့်အပြင် လူသားများလည်းဖြစ်ကြသည်။ နှစ်ဘက်ကြားမှ ကွာဟချက်သည် မည်မျှကြီးမားနိုင်လိမ့်မည်နည်း။
ကျန်းပိုင်ဖေးသည် ထိပ်တန်းတက္ကသိုလ်ကျောင်းသား ပြိုင်ပွဲတွင် တတိယအဆင့်ရထားသူဖြစ်ကာ၊ ကျောင်းသားသစ်များကြား၌ အတော်ဆုံးနှင့် အထူးချွန်ဆုံးကျောင်းသားဖြစ်သည်။ ပြင်ပပလူများ တွေးကြည့်နိုင်သည့် လူမျိုးမဟုတ်ပေ။
သို့သော် မကြာမီ၌ပင် ၎င်းတို့သည် တုန်လှုပ်လာ၍ ဆွံ့အကုန်ကြသည်။ ၎င်းတို့၏ မျက်စိရှေ့တွင် ချူးယွင်ဖန်းသည် ကျန်းပိုင်ဖေး၏ ပြိုင်ဘက်ကင်း၊ တုနှိုင်းမရသော သိုင်းကွက်ကို ခံနိုင်ရည်ရှိခဲ့သည်။ ထို့အပြင် ချူးယွင်ဖန်းသည် အခြေခံလှံသိုင်းများကိုသာ အသုံးပြုခဲ့ခြင်းဖြစ်သည်။ သူ၏သိုင်းကွက်များကို ကောင်းမွန်သည်ဟု ယူဆ၍မရသော်လည်း ကျန်းပိုင်ဖေး၏ တိုက်ခိုက်မှုအားလုံးကို အလားတူတားဆီးနိုင်ခဲ့သည်။
“ဒါ ဘယ်လိုဖြစ်တာလဲ”
လူအုပ်ကြီးသည် ယင်းမြင်ကွင်းကို စောင့်ကြည့်နေကြသ်ောလည်း လက်မခံနိုင်ခဲ့ကြပေ။ ပို၍ထက်မြက်မြန်ဆန်သော သိုင်းကွက်များကို အသုံးပြုနေသည့် ကျန်းပိုင်ဖေးသည် ချူးယွင်ဖန်း၏ ခံစစ်ကို မည်သို့မျှ မကျော်ဖြတ်နိုင်ခဲ့ပေ။
ကျန်းပိုင်ဖေး၏ တိုက်ခိုက်မှုများ မအောင်မြင်ခဲ့သော်လည်း သူသည် အသေးအမွှားတစ်ယောက်မဟုတ်ခဲ့ပေ။ သူသည်လည်း ရပ်တန့်ခြင်းအလျင်းမရှိပေ။
“ကမ္ဘာကြီးကို မုန်းတီးခြင်းၑ
“အရာအားလုံးကို ဖျက်ဆီးပစ်သင့်တယ်”
ကျန်းပိုင်ဖေး၏အော်သံနှင့်အတူ၊ သူ့ခန္ဓာကိုယ်မှ အမုန်းတရားများတိုးပွားလာသည်။ သူ့လက်ထဲမှ သွေးနီရောင်ဓားသွားသည် မျက်လုံးများရှိနေသည့်နှယ်၊ ချူးယွင်ဖန်း၏ အရေးကြီးသော ခန္ဓာကိုယ်အစိတ်အပိုင်းများဆီသို့ အရူးအနှမ်းဦးတည်နေသည်။
သိုင်းကွက်များသည် ချူးယွင်ဖန်း၏ အရေးကြီးသော အစိတ်အပိုင်းများသို့ အလွန်နီးကပ်လာသည်။
မနီးမဝေးတွင် ရပ်နေသော လူအုပ်ကြီးသည်ပင် ဤအမုန်းတရားကို ခံစားမိ၍ ၎င်းတို့၏ မျက်လုံးများပင် အနည်းငယ် နီရဲလာသည်။ ဤသည်ကို အာရုံခံမိသောအခါ၊ ၎င်းတို့အားလုံး နောက်ဆုတ်သွားကြသည်။ တစ်ချိန်တည်း၌ပင်၊ ၎င်းတို့၏ မျက်လုံးများသည် ထိတ်လန့်မှုများဖြင့် ပြည့်သွား၏။
ကျန်းပိုင်ဖေးသည် အမှန်တကယ်ပင် တတိယအဆင့်နှင့် ထိုက်တန်သည်။ သူ၏ ခွန်အားသည် အလွန် အံ့အားသင့်ဖွယ်ကောင်းလှသည်။ မုန်းတီးခြင်းသွေးဓားသွားသည် သာမန်မွေးဖွားခြင်းနယ်မြေအဆင့် သိုင်းပညာရှင်များပင် အတိုင်းအတာတစ်ခုအထိ မထုတ်သုံးနိုင်သော ဓားသိုင်းဖြစ်သည်။ သို့သော် ၎င်းတို့ကို ပို၍ တုန်လှုပ်သွားစေသည်မှဦ၊ ကျန်းပိုင်ဖေးက မည်သို့ပင် တိုက်ခိုက်နေပါက၊ ချူးယွင်ဖန်းသည် တိမ်များနှင့် လေများကဲ့သို့ တည်ငြိမ်နေ၏။ သူသည် အခြေခံလှံသိုင်းများကိုသာအသုံးပြု၍ ကျန်းပိုင်ဖေး၏ တိုက်ခိုက်မှုများကို တားဆီးခဲ့သည်။
ဤကျောင်းသားများကြာတွင် လှံကိုင်ဆောင်သော ကျွမ်းကျင်သူများ မရှိခြင်းမဟုတ်ပေ။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ၊ ၎င်းတို့အားလုံး ပို၍ပင် အံ့သြသွားကြသည်။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ချူးယွင်ဖန်းက အခြေခံလှံသိုင်းတွေကို သုံးနေတာလေ။ အပြစ်အနာဆာတွေအများကြီးမရှိပေမယ့် ဒီလောက် အားကောင်းမနေသင့်ဘူး။ ဒီလှံသိုင်းကို ချိုးဖျက်ဖို့ဆို ငါသိုင်းတစ်ကွက်ပဲသုံးဖို့လိုမှဦ။ ကျန်းပိုင်ဖေးကိုတားဖို့ ချူးယွင်ဖန်းက ဘာလို့ အဲ့သိုင်းကွက်တွေကို အားကိုးနေတာလဲ”
အမှားအယွင်းများရှိနေပုံရသော ချူးယွင်ဖန်းသည် ကျန်းပိုင်ဖေးကို ခုခံနိုင်လျက်ရှိကာ၊ ကျန်းပိုင်ဖေးက ရှေံသို့ပင် ဆက်မတိုးနိုင်တော့ပေ။
“သူက မြန်နေလို့ပါ၊ သူ့သိုင်းမှာ ချို့ယွင်းချက်တွေရှိပေမယ့် ကျန်းပိုင်ဖေးက တိုက်ခိုက်ဖို့ အခွင့်အရေးမတွေ့ဘူးဖြစ်နေတယ်။ ကမ္ဘာပေါ်မှာ အမြန်ဆုံးဖြစ်ရတာရဲ့ အဓိပ္ပါယ်ကို ငါနောက်ဆုံးတော့ နားလည်သွားပြီ”
စူးရှသော မျက်လုံးများရှိသည့် လူတစ်ယောက်သည် မည်သို့ဖြစ်ပျက်နေကြောင်းကို ချက်ချင်းသိနိုင်သည်။ မည်ကဲ့သို့ ချို့ယွင်းချက်ရှိနေသည်ဖြစ်စေ၊ မည်မျှပင် အားအင်နည်းပါးနေသည်ဖြစ်စေ၊ တိုက်ခိုက်မှုများအားလုံးသည် ခန္ဓာကိုယ်သို့ ထိမှန်ရန် လိုအပ်သည်။ ခန္ဓာကိုယ်သို့ မထိမှန်နိုင်ပါက၊ အရာအားလုံးသည် အချည်းအနှီးပင်ဖြစ်၏။
ချူးယွင်ဖန်းသည် အလွန်လျင်မြန်လှသောကြောင့် သူ၏သိုင်းကွက်များသည် အပြစ်အနာအဆာများဖြင့်ပြည့်နှက်နေသော်လည်း မိမိကိုယ်မိမိ ကယ်တင်နိုင်သေးသည်။ ထို့ကြောင့် ချူးယွင်ဖန်း၏ လှုပ်ရှားမှုများသည် လုံးလုံးလျားလျား ရှုပ်ယှက်ခတ်နေသော်လည်း ဤသိုင်းကွက်မျိုးသည် စွမ်းအားအကြီးဆုံးဖြစ်သည်။
“ချူးယွင်ဖန်းက လှံသိုင်းတွေကို တကယ် မလေ့လာဖူးဘူးပဲ။ သူ့ခံစစ်မှာ ဘာပြဿနာမှမရှိပေမယ့် ကျန်းပိုင်ဖေးကိုတော့ အနိုင်ယူနိုင်မှာမဟုတ်ဘူး။ သူ့သိုင်းကွက်တွေက ချို့ယွင်းချက်ရှိနေတယ်။
“ဒါမမှန်ဘူး။ ချူးယွင်ဖန်းရဲ့ လှံသိုင်းက ပိုပြီး တိုးတက်လာသလိုပဲ။ အိုး သူ့အခြေခံလှံသိုင်းက ကျွမ်းကျင်အဆင့်ကို ရောက်နေပြီပဲ”
လူတစ်ယောက်က ချူးယွင်ဖန်းကို လက်ညှိုးထိုးပြလျက် အော်လိုက်သည်။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်း၏ လှံသိုင်းကွက်များသည် ပို၍ လိုက်လျောညီထွေဖြစ်လာသည်ကို လူတိုင်းသဘောပေါက်လိုက်ကြသည်။ ချို့ယွင်းချက်များစွာရှိနေသေးသော်လည်း အစပိုင်းကကဲ့သို့ ဖရိုဖရဲမဖြစ်တော့ပေ။ သူသည် သူ၏ သိုင်းကွက်များအားလုံးကို လိုက်လျောညီထွေဖြစ်စေရန် လုပ်ဆောင်နိုင်ခဲ့သည်။
အဆက်မပြတ် တိုက်ခိုက်လာသည်နှင့်အမျှ၊ ချူးယွင်ဖန်း၏ ချို့ယွင်းချက်များသည် ပို၍ပင် လျော့နည်းလာသည်။ ဤသည်က မိနစ်အနည်းငယ်အတွင်းတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်၏။
အရာအားလုံးသည် လုံးလုံးလျားလျားကွဲပြားနေ၏။ ၎င်းတို့နှစ်ယောက်ကြားမှ သိုင်းကွက်ဖလှယ်မှုသည် အလွန်မြန်ဆန်သည်။ သို့သော် ထိုအရာကြောင့် ချူးယွင်ဖန်းသည် အလွန်ကြောက်မက်ဖွယ်ကောင်း၍ အစွမ်းထက်လှသည်။ သူ၏ သင်ယူနိုင်စွမ်းသည် တကယ်ပင် အံ့မခန်းဖြစ်၏။ ၎င်းတို့၏ မျက်လုံးများရှေ့တွင် ချူးယွင်ဖန်းသည် ရှေ့သို့အမြန်ကျော်သည့် ခလုတ်ကို နှိပ်လိုက်ပုံပေါ်သည်။ သူပြခဲ့သော တိုးတက်မှုနှုန်းသည် ပုံမှန်ထက် အဆတစ်ရာပိုမြန်၏။
လူအုပ်ကြီးသည် ထိတ်လန့်တုန်လှုပ်လျက်ရှိသည်။ သိုင်းပညာတစ်ခု၏ အခြေခံများကို လေ့လာရာတွင် အစမှ၊ နောက်ထပ်တစ်ဆင့်သို့ သင်ယူခြင်းသည် ပါရမီရှင်များဖြစ်လျှင်ပင် အနည်းဆုံး တစ်ရက်အချိန်ယူရမည်ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းသည် ယင်းအရာအားလုံးကို လေ့လာရန် မိနစ်အနည်းငယ်မျှသာ အသုံးပြုခဲ့၏။
ချူးယွင်ဖန်း၏ ချို့ယွင်းချက်များနည်းပါးလာ၍ နည်းပါးလာသည်နှင့်အမျှ၊ သူ့လက်ထဲမှ လှံသိုင်းသည် နောက်ဆုံးတွင် ပြစ်ချက်ကင်းအဆင့်သို့ ထပ်မံတက်လှမ်းသွားခဲ့သည်။ သူ၏ သိုင်းကွက်များသည် ယခုအခါတွင်၊ တင်းမာမှုအနည်းငယ်မျှပင်မရှိဘဲ၊ လပေါင်းနေ့ပေါင်းများစွာ နေ့စဥ်ရက်ဆက် လေ့ကျင့်လာခဲ့သကဲ့သို့အလွန် ကောင်းမွန်၍ လိုက်လျောညီထွေလာသည်။
အဆင့်ကျော်ဖြတ်ပြီးနောက်၊ ချူးယွင်ဖန်း၏ ကိုယ်ရောင်ကိုယ်ဝါသည် ရုတ်တရက် ပိုမိုပြင်းထန်လာကာ၊ သူ၏တန်ပြန်တိုက်ခိုက်မှုများသည်လည်း အတိုင်းအတာတစ်ခုအထိ တိုးတက်လာပြီဖြစ်သည်။
အခန်း(၄၇၉) အဆင့်တက်တာလား၊ ပြဿနာမရှိပါဘူး
ချူးယွင်ဖန်း၏ အခြေခံလှံသိုင်းများသည် ပြစ်ချက်ကင်းအဆင့်သို့ လျင်မြန်စွာရောက်ရှိခဲ့ကာ၊ ၎င်းသည် တိုက်ပွဲအစစ်သို့ပင် ဝင်ရောက်နိုင်သည်ဟုဆိုလိုခြင်းဖြစ်သည်။
ယခင်က ချူးယွင်ဖန်း၏ ခုခံစစ်သည် လေလုံသည်ဆိုရုံမျှသာဖြစ်ခဲ့ရာ၊ ကျန်းပိုင်ဖေးကို တောင့်ခံရန် ချူးယွင်ဖန်းသည် သူ၏ ကိုယ်ခံအားကို မှီခိုခဲ့ရသည်။ သိုင်းပညာ၏ ရည်ရွယ်ချက်မှာ ကျင့်ကြံသူ၏ ကိုယ်ပိုင်ခွဣ်အားကို မြှင့်တင်ရန်ပင်ဖြစ်သော်လည်း မည်မျှ တိုးတက်လာစေကာမူ၊ ယင်းသည် သူ၏ အခြေခံအင်အားကို မှီခိုအားထားနေရဆဲပင်ဖြစ်၏။
ချူးယွင်ဖန်းက ပြုံးလိုက်သည်။
“ကျန်းပိုင်ဖေး၊ ဂိမ်းက ဒီမှာ အဆုံးသတ်ပြီ၊ လှံသိုင်းကို ငါမသုံးနိုင်ဘူးလို့ မင်းပြောခဲ့တယ်နော်။ ဒါဆို ကြည့်လိုက်ပါဦး”
ဘွန်း
ချူးယွင်ဖန်းက စတင်တိုက်ခိုက်လိုက်ရာ၊ သူ့လက်ထဲမှ ရွှေနက်ရောင်လှံတံသည် ကျန်းပိုင်ဖေးဆီသို့ ဦးတည်သွား၏။
ကျန်းပိုင်ဖေးသည် သတိမလျှော့ဝံ့ပေ။ မူလက သူသည် ချူးယွင်ဖန်းကို စိတ်ထဲမထည့်ခဲ့ပေ။ သူပြောသည့်အတိုင်းပင်၊ ၎င်းတို့နှစ်ဦးသည် ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများဖြစ်သော်လည်း ၎င်းတို့ကြားမှ ခွန်အားကွာဟချက်သည်မူ အဆင့်တစ်ခုစာ ပို၍ ကြီးမား၏။ ၎င်းတို့အားလုံးသည် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ရောက်ခွင့်ရခြင်းသည် တူညီသော စမှတ်တွင် ရှိနေကြသည်ဟု မဆိုလိုပေ။
သို့သော် သိုင်းကွက်အနည်းငယ်ဖလှယ်ပြီးသည့်နောက်၊ ကျန်းပိုင်ဖေးသည် သူ၏ ထင်မြင်ချက်မှာ အပြည့်အဝလွဲမှားသွားခဲ့ပြီဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ချူးယွင်ဖန်း၏ ခွန်အားသည် သူ့ထက် အနည်းငယ်မျှပင် မယုတ်လျော့ပေ။ တကယ်တမ်းတွင် သူသည် ကျန်းပိုင်ဖေးထက်ပင် အနည်းငယ်ပို၍ သန်မာ၏။
ချူးယွင်ဖန်းသည် သူနှင့် မရင်းနှီးသောအခြေခံသိုင်းပညာစနစ်ကို မှီခိုအားထားနေသော်လည်း ကျန်းပိုင်ဖေးကို တားဆီးနိုင်ခဲ့သည်။ ဤအရာက ကျန်းပိုင်ဖေး၏ အထင်သေးမှုများကို ဟာသများအဖြစ်သို့ပြောင်းလဲသွားစေသည်။ ချူးယွင်ဖန်း၏ လှံကျွမ်းကျင်မှုအဆင့် ဆက်လက်တိုးမြင့်လာသည်နှင့်အမျှ သူ၏ ချို့ယွင်းချက်များ လျော့နည်းလာသည်မှာ အသေအချာပင်ဖြစ်သည်။ သူသည် တန်ပြန်တိုက်ခိုက်မှုများကိုပင် ပြုလုပ်နိုင်ခဲ့၏။
ကျန်းပိုင်ဖေးသည် ချူးယွင်ဖန်း မည်ကဲ့သို့ လျင်မြန်စွာတိုးတက်လာသည်ကို နားမလည်နိုင်ခဲ့ပေ။ လွန်ခဲ့သည့် လအနည်းငယ်ခန့်ကတည်းက သူသည် မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့၍ ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်းအဆင့်၌သာ ရှိနေခဲ့သည်။ ယခုမူ၊ ချူးယွင်ဖန်းသည် သူ့ကို အမှီလိုက်နိုင်ခဲ့၏။
ကျန်းပိုင်ဖေးသည် မရီးဒျန်သန့်စင်ခြင်း ပဥ္စမအဆင့် အထွဋ်အထိပ်တွင် ရှိနေပြီဖြစ်သည့်အပြင် တက္ကသိုလ်ကျောင်းသာများအားလုံးတွင် တတိယအဆင့်လည်းဖြစ်၏။ ချူးယွင်ဖန်းသည် သူ့ထက် မည်သို့ ပို၍ သန်မာနိုင်လိမ့်မည်နည်း။ သို့ထိတိုင် ကျန်းပိုင်ဖေးသည် ဤအခြေအနေထိပင် ရောက်လာခဲ့ရာ၊ ယခု သူ နောက်ပြန်မဆုတ်နိုင်တော့ပေ။
ချူးယွင်ဖန်း၏ လှံသည် လေကို အပိုင်းပိုင်းဖြိုခွင်းလိုက်သည်။ ၎င်းသည် ရိုးရှင်းသောလုပ်ဆောင်မှုတစ်ခုမျှသာဖြစ်သော်လည်း ကြောက်မက်ဖွယ်စွမ်းအားများပါဝင်နေသည်။
ချွင်
လှံသည် ကြောက်မက်ဖွယ်အလျင်ဖြင့် သွေးဓားကို ချေမှုန်းပစ်လိုက်သည်။
ချူးယွင်ဖန်းက စတင်လှုပ်ရှားသောအခါ၊ တိုက်ပွဲသည် ချက်ချင်းပင် ပို၍ ပြင်းထန်လာသည်။ ကျယ်လောင်သော ချီစွမ်းအင်ပေါက်ကွဲသံသည် လူအုပ်ကို နောက်သို့ ပြန်ဆုတ်စေကာ၊ အနားသို့လုံးလုံးလျားလျား မတိုးကပ်နိုင်ကြတော့ပေ။ ၎င်းတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုများရှိနေ၏။
လူစုလူဝေးထဲရှိ ကျောင်းသားအများစုသည် စွမ်းအင်သန့်စင်ခြင်းအဆင့်တွင် ရှိနေကြသည်။ ဤအဆင့် တိုက်ပွဲတစ်ခု၏ရှေ့တွင် ချီစွမ်းအင်လှိုင်းလုံးများ ထွက်ပေါ်လာပါက၊ ၎င်းတို့အားလုံး ပြင်းထန်စွာဒဏ်ရာရခဲ့ကြလိမ့်မည်ဖြစ်ကြောင်း ၎င်းတို့ ခံစားမိကြသည်။
လူများစွာသည် ၎င်းတို့နှစ်ဦးကြားမှ တိုက်ပွဲကို မလိုက်နိုင်ကြတော့ပေ။ တိုက်ခိုက်မှုများပြည့်နှက်နေသော ကောင်းကင်ကြီးကိုသာ မြင်နေရ၏။
“ဒါ အရမ်းကြောက်ဖို့ကောင်းတယ်၊ မရီးဒျန်သန့်စင်ခြင်းအဆင့်က ငါတို့ ထင်ထားတာထက် အများကြီး ပိုပြင်းထန်တာပဲ”
“ကျန်းပိုင်ဖေးကို မေ့လိုက်တော့၊ သူက မေ့ဟိုက်ယွင်နဲ့ တုန်ဖန်းဟောက်တို့ နောက်က တတိယအဆင့်ကျောင်းသားပဲ။ ဒါပေမယ့် ချူးယွင်ဖန်းက အကြီးအကျယ်တိုးတက်လာတယ်။ ဒီလှံလေးတစ်ချောင်းနဲ့တင် ကျန်းပိုင်ဖေးကို ဒီအတိုင်းအတာအထိ တိုက်နိုင်တယ်။ သူ့ဓားကိုသာသုံးရင် ကျန်းပိုင်ဖေး ကြာကြာမခံနိုင်လောက်မှာ စိုးရတယ်”
“ဒီနှစ်တာအိုညီလာခံက အရင်နှစ်တွေကထက်ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတော့မှာပဲ။ အရင်နှစ် တာအိုညီလာခံတုန်းက ချန်ပီယံက နယ်ခြားဂိုဏ်းတစ်ခုကပဲ။ အခုနှစ်တော့ ငါတို့ ပြန်နိုင်တော့မယ်ထင်တယ်”
“သတ်မယ်၊ သတ်မယ် သတ်မယ်”
တိုက်ပွဲသည် ရူးသွပ်သောအဆင့်အထိ ရောက်ရှိသွားခဲ့ပြီဖြစ်ကာ၊ ကျန်းပိုင်ဖေးသည်လည်း ရူးသွပ်သွား၏။ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုများသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ သက်ဆင်းလာသော လှံတံသည် သူ့လက်တစ်ဖက်လုံးကို ထုံကျင်သွားစေနိုင်ခဲ့သည်။ သူသည် ဤအတိုင်းအတာအထိ ဖိအားပေးတိုက်ခိုက်ခံနေရ၏။
ကျန်းပိုင်ဖေး၏ ခန္ဓာကိုယ်ရှိ ချီစွမ်းအင်များအားလုံးစတင် ပွားများလာကာ၊ ချူးယွင်ဖန်းထံသို့ ဦးတည်သွားသည်။ ကြီးမားသော အမုန်းတရားများက သူ့စိတ်ကို လွှမ်းမိုးထားသည်။ သူ၏ ကန့်သတ်ချက်များကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ သူ၏ ကိုယ်ပိုင် ကျင့်ကြံရေးနည်းလမ်းကြောင့်ပင် နောက်ဆက်တွဲရလဒ်ကို ခံစားခဲ့ရသည်။
ဤအတိုင်းသာဆက်သွားပါက၊ ကျန်းပိုင်ဖေးကို ရူးသွပ်မှုက အနိုင်ရသွားပေလိမ့်မည်ဖြစ်သည်။ သာမန်အခြေအနေများအောက်တွင် ကျန်းပိုင်ဖေး၏ စိတ်စွမ်းအင်အရ၊ ဤသို့သောအခြေအနေမျိုးဖြစ်လာရန် မဖြစ်နိုင်ပေ။ သို့ထိတိုင် ချူးယွင်ဖန်းသည် သူ၏ အသိဉာဏ်ကို ပျက်ယွင်းသွားစေခဲ့သည်။ ယင်းသည် ကျန်းပိုင်ဖေး၏ စိတ်ကို အပိုင်းပိုင်းကွဲကြေသွားစေခဲ့သည်။ သူ၏ ကိုယ်ပိုင် အကန့်အသတ်မဲ့သော အမုန်းတရားများ၏ ဒဏ်ကိုပင် ခံစားခဲ့ရကာ၊ ၎င်း၏ ထိန်းချုပ်မှုကိုပင် ခံထားရနိုင်၏။
“ဒါကို အဆုံးသတ်ဖို့ အချိန်ရောက်ပြီ” ချူးယွင်ဖန်းက တည်ငြိမ်စွာပြောသည်။ သူ့လက်ထဲမှ လှံသည် ပြင်းထန်စွာသက်ဆင်းလာပြန်ကာ၊ ကျန်းပိုင်ဖေး၏ လက်ထဲမှ သွေးဓားသည် ချက်ချင်းလွင့်ထွက်သွား၏။
ကျန်းပိုင်ဖေး၏ လက်ဖဝါးသည် သွေးထွက်လွန်နေပြီဖြစ်ကြောင်း လူတိုင်းက မြင်လိုက်ရသည်။ ထိုမှသာလျှင် အားလုံးသည် နောက်ဆုံးတွင် ယင်းတိုက်ခိုက်မှု၌ ကျန်းပိုင်ဖေး မည်မျှဒဏ်ရာရခဲ့သည်ကို နားလည်ခဲ့ကြသည်။ ၎င်းတို့က ချူးယွင်ဖန်းကို ထပ်ကြည့်သောအခါ၊ သူတို့၏ မျက်လုံးများသည် ယခင်ကနှင့် လုံးလုံးလျားလျား ကွဲပြားနေ၏။ ချူးယွင်ဖန်းသည် လက်ထဲတွင် လှံရှည်ကိုင်ထားကာ၊ သာမန်ကာလျှံကာ လွှဲယမ်းလိုက်သော်လည်း ၎င်းသည် ဤမျှကြီးမားသော စွမ်းအားကို သယ်ဆောင်လာ၏။
အောင်နိုင်မှုကို လူတိုင်းက ဆုံးဖြတ်၍ ချူးယွင်ဖန်း အနိုင်ရတော့မည်မှာ သေချာသည်ဟု တွေးနေကြသောအခါတွင်…၊
ဘွန်း
ကျန်းပိုင်ဖေး၏ ခန္ဓာကိုယ်ရှိ ရောင်ဝါသည် နောက်ထပ်တစ်ဆင့်သို့ တိုးလာသည်။ အကန့်အသတ်မရှိသော အမုန်းတရားများ၏ တွန်းအားအောက်တွင် သူ၏ ကျင့်ကြံရေးသည် မရီးဒျန်သန့်စင်ခြင်းအဆင့် ပဥ္စမအဆင့်မှ ဆဠမအဆင့်သို့ အရှိန်အဟုန်ပြင်းစွာဖြင့် မြင့်တက်လာခဲ့သည်။
လူတိုင်း အံ့သြသွားကြသည်။ စစ်မြေပြင်ပေါ်၌ အဆင့်ကျော်ဖြတ်ခြင်းသည် ဒဏ္ဍာရီဆန်သောအရာတစ်ခုဖြစ်ကာ၊ လူအနည်းငယ်သာ လုပ်နိုင်ခဲ့သည်။ အခြေအနေများ အဆင်သင့်ဖြစ်၍ မှန်ကန်နေသော အချိန်မှသာ လူအများစုသည် အဆင့်ကျော်ဖြတ်နိုင်ကြမည်ဖြစ်သည်။ ချူးယွင်ဖန်းက ကြည့်၍ ချက်ချင်းသဘောပေါက်နားလည်သွားသည်။ ကျန်းပိုင်ဖေးသည် ယခုအချိန်အထိ မရီးဒျန်သန့်စင်ခြင်းပဥ္စမအဆင့်၏ အထွဋ်အထိပ်တွင် အချိန်များစွာကြာ ပိတ်မိနေခဲ့ခြင်းဖြစ်နိုင်သည်။ ဤတိုက်ပွဲကြီဂ၏ အကူအညီဖြင့် သူအဆင့်ဖြတ်ကျော်နိုင်ခဲ့၏။
ချူးယွင်ဖန်းသည် ဆွံ့အနေ၏။ သူသည် ကျန်းပိုင်ဖေး၏ အဆင့်ကျော်ဖြတ်မှုအတွက် တွန်းအားတစ်ခုဖြစ်လာခဲ့ခြင်းဖြစ်သည်။
“ဟားဟားဟား ချူးယွင်ဖန်း၊ မင်းတော့ အခုသေပြီ။ ငါအခုအဆင့်တက်တာ ကောင်းကင်က စီစဥ်ပေးတာပဲ။ ငါမင်းကို ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ခြောက်ခြားစရာတစ်ခု အမြည်းကျွေးမယ်”
ကျန်းပိုင်ဖေးက ရူးနှမ်းစွာရယ်လိုက်သည်။ ချူးယွင်ဖန်း၏ လက်ထဲတွင် အချိန်များစွာကြာ ဖိနှိပ်ခံခဲ့ရပြီးနောက်၊ ရုတ်တရက် အဆင့် ကျော်ဖြတ်သွားခဲ့သည်။ ဤသည်ကား ကံကြမ္မာအလှည့်အပြောင်းတစ်ခုပင်ဖြစ်သဖြင့်၊ သူ မထိန်းနိုင်တော့ဘဲ၊ ကျယ်လောင်စွာရယ်မောလိုက်သည်။
ကျန်းပိုင်ဖေးသည် ယခင်ကကဲ့သို့ တည်ငြိမ်ကာ၊ ထိန်းချုပ်နိုင်စွမ်းမျိုးမရှိတော့ပေ။ ဤနေ့အဆုံးတွင် သူသည် ဆယ်ကျော်သက်ဘဝမှ လွတ်ကင်းတော့မည်ဖြစ်သည်။
ကျန်းပိုင်ဖေးက ရုတ်တရက် ချူးယွင်ဖန်းကို လှမ်းကြည့်လိုက်သည်။ သူ့လက်ထဲမှ ဓားတစ်စင်းလုံး လွင့်ထွက်သွားခဲ့သော်လည်း သူ၏ သွေးစွန်းနေသော လက်သည်းများသည် လင်းယုန်လက်သည်းကဲ့သို့ ပြောင်းလဲသွားကာ၊ ချူးယွင်ဖန်းကို ကုတ်ခြစ်လိုက်သည်။
ဤလက်သည်းများနှင့် ထိမှန်ပါက၊ သံမဏိဖြစ်နေလျှင်ပင် နှစ်ခြမ်းကွဲသွားပေလိမ့်မည်ဖြစ်သည်။
“သူထပ်ပြီး တိုက်တော့မှာလား… အိုး” ကျောင်းသားတစ်ဦးက ကျယ်လောင်စွာအော်ပစ်လိုက်သော်လည်း သူ့စကားမဆုံးခင်တွင် လည်ချောင်းတွင်တစ်စုံတစ်ခု တစ်ဆို့သွားသည့်နှယ်ဖြစ်သွား၏။
ကျန်းပိုင်ဖေးက ချူးယွင်ဖန်းကို မထိနိုင်ခင်၌ပင်၊ ချူးယွင်ဖန်းသည် ရုတ်တရက် သူ၏လှံကို ဆွဲ၍ဝှေ့ယမ်းပစ်လိုက်ကာ၊ ကျန်းပိုင်ဖေးကို ချေမှုန်းပစ်လိုက်သည်။
ကျန်းပိုင်ဖေးထံမှ အော်သံကြီးတစ်ခုထွက်လာကာ၊ နောက်သို့လွင့်ထွက်သွား၏။ သူသည် ဘောလုံးတစ်လုံးနှယ်လွင့်စင်ကာ၊ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ကျန်းပိုင်ဖေး၏ အဆင့်ကျော်ဖြတ်မှုနှင့် ချက်ချင်းကျရှုံးမှုကြားတွင် ခပ်ပါးပါးမျဥ်းတစ်ခုသာရှိသည်။
အခန်း (၄၈၀) ကြက်ကိုသတ်ဖြတ်ခြင်းဖြင့် မျောက်များကိုသတိပေးခြင်း။
လူတိုင်းက အံ့ဩသွားကြ၍၊ ဖြစ်ပျက်ခဲ့သော အရာများကို နားမလည်နိုင်ကြပေ။
ကနဦးတွင် ကျန်းပိုင်ဖေး၏ ခွန်အားဖြင့်သာဆိုလျှင် ချူးယွင်ဖန်းကို ကိုင်တွယ်ရန် ခက်ခဲမည်မဟုတ်ဟု ၎င်းတို့ကထင်မှတ်ထားကြသည်။ ရလဒ်သည် လုံးလုံးလျားလျား ပြောင်းပြန်ဖြစ်နေလိမ့်မည်ဟု မည်သူမှမသိခဲ့ပေ။ ချူးယွင်ဖန်း၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသူမှာ ကျန်းပိုင်ဖေးသာဖြစ်သည်။ ပြီးနောက် ကျန်းပိုင်ဖေးသည် ထိုနေရာမှာပင် ရုတ်တရက် အဆင့်ဖြတ်ကျော်သွားခဲ့သည်။ မရီးဒျန်သန့်စင်ခြင်းအဆင့်တွင် မည်သည့်အဆင့်ဖြတ်ကျော်ခြင်းမျိုးဖြစ်နေစေကာမူ အဆင့်ဖြတ်ကျော်နိုင်ခြင်းသည် ၎င်းတို့၏ ခွန်အားကို သိသိသာသာတိုးပွားလာစေမည်ဖြစ်သည်။ ထို့ကြောင့်ကျန်းပိုင်ဖေးက အဆုံးတွင် တစ်ကျော့ပြန်တိုက်ခိုက်နိုင်မည်ဟု လူအများက ထင်ခဲ့ကြသည်။
သို့သော်လည်း ကျန်းပိုင်ဖေးသည် အဆင့်ဖြတ်ကျော်၍ အင်အားအနည်းငယ်တိုးပွားပြီးသည့်တိုင် ချူးယွင်ဖန်း၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသေးသည်။ သူ၏ ခွန်အားအစစ်အမှန်ကို မထုတ်သုံးနိုင်ခင်ပင် ဆိုးရွားသောရှုံးနိမ့်မှုဖြင့် ကြုံတွေ့ခဲ့ရသည်။ ချူးယွင်ဖန်းသည် တင်းမာသောအကြည့်ဖြင့် ကျန်းပိုင်ဖေးကို စိုက်ကြည့်နေသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် မရီးဒျန်သန့်စင်ခြင်း စတုတ္ထအဆင့်သို့ အဆင့်ဖြတ်ကျော်ခဲ့ပြီးဖြစ်သည်။ တိုက်ခိုက်ရေးအင်အားအရဆိုလျှင်၊ သာမန် မရီးဒျန်သန့်စင်ခြင်း ဆဋ္ဌမအဆင့်တွင်ရှိနေသည့် စစ်သည်များသည် မိမိနှင့် ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။ မဟုတ်လျှင် ကျန်းပိုင်ဖေးသည် အခြေအနေကို ပြောင်းပြန်လှန်နိုင်သွားမည်ဖြစ်သည်။
ချူးယွင်ဖန်း၏ ပြိုင်ဘက်အစစ်အမှန်မှာ ကျန်းလင်းရှောင်ဖြစ်သော်လည်း ကျန်းပိုင်ဖေးသည် မည်သည့်စံနှုန်းနှင့်မျှ ပျော့ညံ့သည်ဟု မဆိုနိုင်ပေ။ အလားအလာအရပြောရမည်ဆိုလျှင် ကျန်းပိုင်ဖေးသည် ကျန်းမိသားစုက ပြုစုပျိုးထောင်ပေးခဲ့သော ကျန်းလင်းရှောင်ထက် ပို၍နိမ့်ကျမည်မဟုတ်ပေ။
လူများစွာတွင် တူညီသော အရည်အချင်းများ ရှိခဲ့ကြ၍၊ ၎င်းတို့ရရှိခဲ့သော အရင်းအမြစ် အရေအတွက်တွင်သာ ကွာခြားချက် ရှိနေသည်။ ဤအရာသည် လူတိုင်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ကွာဟသွားစေသည်။ ဤသည်မှာ သာမန်လူများ မယှဉ်ပြိုင်နိုင်သည့် အရင်းအမြစ်ပိုင်ဆိုင်ထားသော မျိုးနွယ်စုကြီးများ၏ အကျိုးသက်ရောက်မှုသာဖြစ်သည်။ အနည်းဆုံးလျှင်၊ ၎င်းတို့သည် သာမန်လူများ၏ အမြင်တွင် ထိပ်တန်းပုဂ္ဂိုလ်များဟု သတ်မှတ်ခံရနိုင်မည်ဖြစ်သည်။
ခေါင်းဆောင်ချူးကတော့ လုံးဝ အံ့ဩလောက်စရာပဲ။ ကောင်းကင်ဘုံလင်းယုန်အဖွဲ့တစ်ခုလုံးကို ၁၀မိနစ်အတွင်းမှာ အနိုင်ယူသွားတယ်’ သူ၏အရှေ့ရှိ ချူးယွင်ဖန်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်ဟု ခံစားမိသော ရှဖန်က မျိုချကာတွေးနေမိသည်။
လူအုပ်ကြီးသည်လည်း လုံးလုံးလျားလျား အံ့အားသင့်သွားကြသည်။ ပြီးနောက် အိုးတစ်လုံးပေါက်ကွဲသွားသကဲ့သို့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။
“တစ်ခုခုတော့ ဖြစ်တော့မယ်။ ကြီးကြီးမားမား တစ်ခုခုတော့ ဖြစ်တော့မယ်”
“ဒီနှစ် ကျောင်းသားသစ်တွေရဲ့ အဆင့်ကို ထပ်ပြီး ပြင်ဆင်မှရတော့မယ်။ ချူးယွင်ဖန်းကို ထိပ်တန်း တတိယအဆင့်နေရာမှာ အဆင့်သတ်မှတ်နိုင်လောက်တယ်"
"ဘုရားရေ၊ သူကများ"
၎င်းတို့အားလုံးသည် ဆွေးနွေးနေကြစဉ် ချူးယွင်ဖန်းက မရပ်တန့်သေးသည်ကို သတိထားမိလိုက်သည်။ သူသည် လှံတံကိုယူဆောင်၍ ကျန်းပိုင်ဖေးဆီသို့ လျှောက်သွားခဲ့သည်။
"သူက ကျန်းပိုင်ဖေးရဲ့ခြေထောက်တွေကို ချိုးဖို့လုပ်နေတာလား မသိဘူး"
ထိုအချိန်တွင်၊ ဂေါင်ဟုန်ချီ၏ခြေထောက်များကို ကျန်းပိုင်ဖေးက ချိုးခဲ့ခြင်းကို လူအုပ်ထဲမှအချို့က မှတ်မိကြသည်။ ချူးယွင်ဖန်းသည် မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးကို ပြန်ပေးဆပ်စေချင်နေသည်မှာ အသေအချာပင်ဖြစ်သည်။ ယခင်က ကျန်းပိုင်ဖေး ပြုလုပ်ခဲ့သည့်အတိုင်း ချူးယွင်ဖန်းသည်လည်း ကျန်းပိုင်ဖေးအပေါ်သို့ ပြန်လည်ပြုလုပ်ချင်နေသည်။ ဤအရာနှင့် ပတ်သက်၍ မှားယွင်းမှုများမရှိသော်လည်း ဂေါင်ဟုန်ချီသည် ကျန်းပိုင်ဖေးနှင့် နှိုင်းယှဉ်လျှင် တူညီသောအဆင့်တွင်မရှိပေ။ ခြားနားချက်မှာ ကောင်းကင်နှင့်မြေကြီးအကြား ကွာဟချက်မျှရှိသည်ဟုပင် ဆိုနိုင်သည်။
ဂေါင်ဟုန်ချီအပေါ်ပြုလုပ်ခဲ့သော ကျန်းပိုင်ဖေး၏အပြုအမူမှာ မှားယွင်းနေသည်ဟု မည်သူမှ မခံစားခဲ့ကြပေ။ သို့သော် ကျန်းပိုင်ဖေးပြုလုပ်ခဲ့သည့်အတိုင်း ချူးယွင်ဖန်းက ပြန်လည်ပြုလုပ်ချင်သည့်အခါ မှားယွင်းသည်ဟု လူများစွာက ထင်မြင်နေကြသည်။ ဤသည်မှာ ၎င်းတို့၏ မွေးရာပါ ယုံကြည်ချက်များကို ဖြိုဖျက်နေခြင်းနှင့်ပင် ဆင်တူသည်။ ကျန်းပိုင်ဖေးသည်လည်း ချူးယွင်ဖန်း၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် နားလည်လိုက်သည်။ သို့သော် သူ၏အရိုးများသည် ချူးယွင်ဖန်း၏ ရိုက်ချက်ဖြင့် မည်မျှ ကွဲကြေသွားသည်ကို မသိလောက်အောင် အလွန်တရာမှ နာကျင်ခံစားနေခဲ့ရာ၊ သူ့တွင် ခုခံရန် ခွန်အားပင် မရှိတော့ပေ။
"မင်းကများ အတင့်ရဲလို့"
ကျန်းပိုင်ဖေးက အလွန်ဒေါသထွက်သွားသည်။ သူ၏ခြေထောက်များ ကျိုးကြေတော့မည်ဖြစ်သောကြောင့် ဒေါသထွက်သွားခြင်း မဟုတ်ပေ။ ယခင် ရိုက်နှက်ချက်မျှ ပြင်းထန်လောက်မည် မဟုတ်သော်လည်း လူအများ၏အရှေ့တွင် သူ၏ခြေထောက်များ ရိုက်ချိုးခံရခြင်းသည် ရှုံးနိမ့်ခြင်းနှင့် မသက်ဆိုင်တော့ဘဲ အရှက်တကွဲ အကျိုးနည်းဖြစ်စေမည့် ပုံစံမျိုးသာဖြစ်သည်။
ကျန်းပိုင်ဖေးသည် ယခင်က ဤနည်းလမ်းကို အသုံးပြုခဲ့ချိန်တွင် ဂေါင်ဟုန်ချီကို အရှက်ရစေရန် ပြုလုပ်ခဲ့ခြင်းမဟုတ်ဘဲ ချူးယွင်ဖန်းကို အရှက်ရစေရန်သာဖြစ်သည်။ ယခုအချိန်တွင် ချူးယွင်ဖန်းသည် ကျန်းပိုင်ဖေးကို ပြန်လည်အရှက်တကွဲအကျိုးနည်းဖြစ်စေရန် လွယ်ကူ၍ ရိုးရှင်းသော နည်းလမ်းကို အသုံးပြုတော့မည်ဖြစ်သည်။
"ဘာလို့ မလုပ်ရဲရမှာလဲ။ မင်းကိုယ်မင်း နတ်ဘုရားတစ်ပါးလို့ ထင်နေတာလား။ ငါ့ အချစ်ဆုံးသူငယ်ချင်းရဲ့ ခြေထောက်တွေကို ရိုက်ချိုးတုန်းက မင်းလည်း ဒီလိုနေ့မျိုးရောက်လာမယ်လို့ မျှော်လင့်ထားသင့်တယ်"
ချူးယွင်ဖန်းက သရော်လိုက်သည်။
"မင်းလူတွေက မင်းကို မြင့်မြတ်တယ်လို့ ထင်ကြပေမယ့် ငါ့မျက်လုံးထဲမှာတော့ မင်းက ငါတို့နဲ့ ထူးမခြားနားဘဲ။ ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းကတောင် ဒါကို ခံနိုင်ရင် မင်းလည်း ခံနိုင်မှာပေါ့" ချူးယွင်ဖန်းသည် ပြောဆိုနေရာမှ လူအုပ်ကိုလှည့်ကြည့်သည်။
"မင်းတို့ထဲကဘယ်နှစ်ယောက်က ငါ ဒုက္ခတွေ့မှာကို စောင့်နေကြလဲ ငါမသိဘူး၊ ဒါပေမယ့် ငါက တရားမျှတတဲ့လူ။ ငါ့ကို ရန်စရဲတဲ့လူ ဘယ်သူပဲဖြစ်ဖြစ် ငါကတော့ အကြိမ်တစ်ရာမက လက်စားချေမှာ။ လူတိုင်းက ခွန်အားကြီးတဲ့လူကို မြှောက်ပင့်ပြီး ခွန်အားနည်းတဲ့လူကို နင်းချေတာမျိုးကို လုပ်ကြတယ်၊ ဒါပေမယ့် အဲ့လိုအရာမျိုးကို ကိုယ်တကယ် လုပ်နိုင်တဲ့ အရည်အချင်း ရှိမရှိကို စဉ်းစားရမယ်မဟုတ်လား"
ချူးယွင်ဖန်းက ၎င်းတို့အားလုံးကို သတိပေးနေမှန်း လူတိုင်းက နားလည်လိုက်သည်။ ဂုဏ်သရေရှိ ထိပ်တန်း တတိယအဆင့်တွင်ရှိနေသည့် တက္ကသိုလ်ကျောင်းသား၊ ကျန်းပိုင်ဖေးသည် မျောက်များကို သတိပေးရန် သတ်ဖြတ်ခံရသည့် ကြက်တစ်ကောင်ဖြစ်လာခဲ့သည်။ ဤသည်မှာ မရေတွက်နိုင်သော လူအများက စိတ်ကူးယဉ်၍ မကြည့်ခဲ့ဖူးသော အရာဖြစ်သည်။
လူအုပ်ထဲမှ တစ်ချို့တစ်ဝက်သည် ချူယွင်ဖန်းကို အမှိုက်သရိုက်သကဲ့သို့ ဆက်ဆံခြင်းဖြင့် ကျန်းမိသားစုကို မျက်နှာသာပေးလိုခဲ့သောကြောင့် ချူးယွင်ဖန်းအပေါ်တွင် အထင်သေးသောအမူအရာများပြသခဲ့ကြသည်။ သို့သော် ၎င်းတို့၏မျက်နှာကို ရက်စက်စွာ ရိုက်ခတ်လိုက်ခြင်းနှင့်ပင် ဆင်တူသော ချူးယွင်ဖန်း၏ စကားများသည် ထိုကဲ့သို့သော အတွေးများရှိခဲ့သည့် တစ်ချို့တစ်ဝက်၏ မျက်နှာထက်တွင် ဒေါသအငွေ့အသက်များ ထင်ဟပ်လာစေ၏။ ချူးယွင်ဖန်းက စကားပြောနေရာမှ သူ၏လှံတံကို လေပေါ်သို့ မြှင့်တင်ပြီးနောက် အောက်သို့ ပစ်ချလိုက်လေသည်။
"ရပ်လိုက်စမ်း"
ရုတ်တရက်ဆိုသလိုပင် ပြင်းထန်သောအော်သံတစ်ခု အဝေးမှ ပေါ်ထွက်လာသည်။ အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် အင်အားကြီး အရောင်အဝါတစ်ခု ချဉ်းကပ်လာနေသည်ကို မည်သူမဆိုမှ မြင်တွေ့နိုင်မည်ဖြစ်သည်။
ဘန်း
ချူးယွင်ဖန်းသည် သူ၏ ဦးခေါင်းကို အနည်းငယ်မျှ တိမ်းစောင်းလိုက်သော်လည်း သူ၏လက်ထဲရှိ လှံတံသည် အရှိန်အဟုန်ဖြင့် ပြင်းထန်စွာ ပြုတ်ကျသွားဆဲဖြစ်ရာ၊ ကျန်းပိုင်ဖေး၏ ခြေထောက်များကို ကျိုးကြေသွားစေခဲ့သည်။ သူ၏ ခြေထောက်များ ရိုက်ချိုးခံရသော ကျန်းပိုင်ဖေးသည် အလွန် ထိတ်လန့်ဖွယ်ကောင်းသော အသံဖြင့် အော်ဟစ်လိုက်သည်။ ဤမြင်ကွင်းကို မြင်တွေရသော အနီးပတ်ဝန်းကျင်က လူအများသည် ပင့်သက်ရှိုက်နေမိသည်။ ချူးယွင်ဖန်းသည် အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ ပြောခဲ့သည့်အတိုင်း ပြုမူခဲ့သည်။ ချူးယွင်ဖန်းသည် ကျန်းပိုင်ဖေးနှင့် ကျန်းမိသားစုကဲ့သို့သော အင်အားကြီးမားသည့် အဖွဲ့အစည်းကိုပင် ကြောက်ရွံ့မှု အနည်းငယ်မျှ မပြသခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ရက်စက်သော လုပ်ရပ်ကို ပြုလုပ်ခဲ့သည်။ သူသည် အသေအချာပင် ရက်စက်ကြမ်းကြုတ်သူ တစ်ဦးဖြစ်ခဲ့ရာ၊ ထိုနေရာတွင် ၎င်းတို့သာဖြစ်ခဲ့လျှင် ပို၍ပင်ဆိုးရွားစွာ အဆုံးသတ်ပေလိမ့်မည်။
"သွားပြီ။ ပြဿနာ အကြီးအကျယ်တော့ တက်တော့မယ်”
“အဲ့လောက်လည်း မဟုတ်ပါဘူး။ ဒီကိစ္စက ကြီးကျယ်ပုံရပေမယ့် ဂေါင်ဟုန်ချီရဲ့ ခြေထောက်တွေ ကျိုးသွားတုန်းက ဘာမှ ကြီးကြီးမားမား ဖြစ်ခဲ့တာမှမဟုတ်တာ"
“ကျန်းမိသားစုက ဒီလောက် အင်အားကြီးတာ။ သေချာပေါက် ဒီကိစ္စကို လက်လွှတ်ပေးမှာမဟုတ်ဘူး"
"ချူးယွင်ဖန်းကလည်း ရိုးရှင်းပုံမပေါ်ဘူး။ ငါ ကြားတာတော့ သူက ချူးမိသားစု၏ မျိူးဆက်တစ်ဦးတဲ့။ အဲ့ဒါအပြင်၊ သူရဲ့ နည်းပြဆရာကလည်း အလွယ်တကူရန်စလိုရမယ့် လူမျိုးမဟုတ်ဘူး။ ဒီကိစ္စကို အဲ့လောက် အကျယ်တဝင့်မလုပ်လောက်ပါဘူး”
လူအုပ်ကြီးသည် ချက်ချင်းဆိုသလိုပင် ရုတ်ရုတ်သဲသဲဖြစ်လာသည်။ ပြီးနောက် ၎င်းတို့သည် အခင်းဖြစ်ပွားရာသို့ လျှပ်တပြက်အရှိန်ဖြင့် ပြေးလွှားလာသော ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။ ထိုလူသည် တုနှိုင်းမရအောင် အစွမ်းထက်သော စွမ်းအင်ကို သယ်ဆောင်ကာ ကောင်းကင်ကိုပင် ကွဲအက်စေမည့် သူ၏ အင်အားကြီး လက်ဖဝါးချက်ဖြင့် ချူးယွင်ဖန်းကို တိုက်ရိုက် ရိုက်နှက်လိုက်သည်။
သာမန်မျက်စိဖြင့် အလွယ်တကူမြင်နိုင်သည်အထိ ချီစွမ်းအင်များအားလုံး ပတ်ဝန်းကျင်အပြည့် သိပ်သည်းသွားသည်။ ဤသိပ်သည်းသောချီစွမ်းအင်သည် အလင်းရောင်ကို ထင်ယောင်ထင်မှားဖြစ်သွားစေ၍ ပတ်ဝန်းကျင်ရှိ လေထုကိုလည်း ပေါက်ကွဲထွက်စေသည်။ လက်ဖဝါးချက်သည် လျှပ်စီးတစ်ခုသကဲ့သို့ ချူးယွင်ဖန်း၏ဦးခေါင်းဆီသို့ လျင်မြန်စွာ ဦးတည်သွားခဲ့သည်။
ချူးယွင်ဖန်း၏ တုံ့ပြန်မှုသည်လည်း နှေးကွေးခဲ့ခြင်းမရှိပေ။ သူ၏လက်ထဲရှိ လှံတံဖြင့် ရောက်ရှိလာသော တိုက်ခိုက်မှုကို ချက်ချင်း တားဆီးလိုက်သည်။
ဘန်း
သတ္တုကိုယ်ထည်ရှိပစ္စည်းနှင့် ချီစွမ်းအင်တို့အချင်းချင်း ထိခတ်ခဲ့သကဲ့သို့ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။