← Chapters

အခန်း (၄၈၄-၄၈၆)

Vol. 33 Ch. 484-486

အခန်း (၄၈၄-၄၈၆)

Vol. 33 Ch. 484-486

အခန်း (၄၈၄) ဘယ်သူက ဒီဖွတ်ကျားတွေဘက်မှာ ရပ်တည်ပြီး ဘယ်သူက ဆန့်ကျင်မလဲ။

"ဒါကိုတော့ ကျုပ် သဘောမတူဘူး။ နိုင်ငံရပ်ခြားက ဂိုဏ်းခွဲတွေက လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ပိုပြီးအင်အားကြီးလာတယ်ဆိုပေမယ့် ကျုပ်တို့တက္ကသိုလ်ရဲ့ ကျောင်းသားတွေက အမြဲတမ်းထိပ်ဆုံးမှာပဲ ရှိနေကြတာပါ” အခြားနည်းပြဆရာတစ်ဦးက ငြင်းဆိုလိုက်သည်။

"ကျူးပုမီ၊ ဒီလိုကျောင်းသားကို ဒဏ်ခတ်အရေးယူစေချင်တယ်လို့ ကျုပ်တို့ကို ပြောချင်တာတော့ မဟုတ်ပါဘူးနော်။ သာမာန်ကျောင်းသားတွေကို ကျုပ်တို့က ဒဏ်ခတ်အရေးယူတာကိစ္စမရှိပေမယ့်။ ဒီလိုကျောင်းသားမျိုးက အဓိပတိကိုယ်တိုင် အပြစ်ပေးမှရမယ့် အဆင့်မှာရှိနေတာကွ”

ကျန်းဝူကျီသည် ပြည်ထောင်စုတက္ကသိုလ်၏ စိတ်ဝိညာဉ်ရေးရာ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ယခုလက်ရှိ နည်းပြဆရာများနှင့် ခေါင်းဆောင်များ အားလုံးသည် သူ၏တပည့်များဖြစ်ကြသည်။ ၎င်းတို့က တက္ကသိုလ်၏ ကျောင်းသားများ ဖြစ်နေစဉ်က ကျန်းဝူကျီဟာ တက္ကသိုလ်၏ အဓိပတိဖြစ်နေပြီဖြစ်ရာ၊ သူ့တွင် ကျောင်းသားပေါင်းများစွာရှိသည်။

“အခုအချိန်မှာ အဓိပတိက တက္ကသိုလ်မှာမရှိတဲ့အပြင် ကမ္ဘာမြေပေါ်မှာလည်း ရှိမနေဘူး။ သူက စစ်မြေပြင်ကိုရောက်နေတာကြောင့် တော်တော်နဲ့ ပြန်လာနိုင်မှာ မဟုတ်ဘူး။ ပြည်ထောင်စုရဲ့ လျှို့ဝှက်ချက်တွေနဲ့ ပတ်သက်နေတဲ့ ကိစ္စဖြစ်တာကြောင့် ဒါကို ကျုပ်တို့က သူ့ကို သွားပြီးမေးလို့ မရဘူး”

“ဟုတ်တယ်၊ ဒီလိုအဆင့်မှာရှိနေတဲ့ ကျောင်းသားမျိုးကို ကျုပ်တို့က စီရင်ဆုံးဖြတ်လို့ကောင်းမှာ မဟုတ်ဘူး"ဌာနဆိုင်ရာ အကြီးအကဲတစ်ဦးက ပြောကြားခဲ့သည်။

ဤအချိန်တွင် ကျူးပုမီက မည်သို့ပြုလုပ်ချင်နေသည်ကို ၎င်းတို့အားလုံးက နားလည်လာကြသည်။ ချူးယွင်ဖန်းက သာမာန်ကျောင်းသားတစ်ဦးသာဆိုလျှင် ၎င်းတို့၏ ထင်မြင်ချက်ကိုပင် ကျူးပုမီက တောင်းဆိုမည်မဟုတ်ပေ။ ဤကဲ့သို့သော ထိပ်တန်းကျောင်းသားဖြစ်နေသောကြောင့်သာလျှင် သူ့ကို အလွန်ဒုက္ခတွေ့စေခြင်းဖြစ်သည်။

"'အလျင်လိုလျှင် အမိန့်အာဏာကို လိုက်နာရမည်' ဆိုတဲ့ ဆိုရိုးစကားအတိုင်း၊ ဒီလိုအရေးကြီးတဲ့ ကိစ္စမျိုးကို အဓိပတိကို ဦးစွာ တင်ပြရမယ်ဆိုပေမယ့်၊ အခုလောလောဆယ်မှာ အဓိပတိကို ဆက်သွယ်လို့မရတဲ့အပြင် နောက်ထပ် ရှစ်နှစ် ဆယ်နှစ်လောက်ကြာတဲ့အထိ ဆက်သွယ်လိုမရနိုင်တဲ့ ကိစ္စက အရင်ကလည်း ဖြစ်ဖူးတယ်။ လူသား-မွန်းစတားတိုက်ပွဲရဲ့ အခြေအနေက အရေးကြီးတာထက် ပိုပြီးအရေးကြီးနေတာကို လူတိုင်းသိကြတယ်။ ခင်ဗျားတို့က ဒီကိစ္စကို အဲ့လောက် နှစ်တွေအကြာကြီးစောင့်ပြီးမှ ဖြေရှင်းမယ်လို့ ပြောနေတာတော့ မဟုတ်ပါဘူးနော်" ကျူးပုမီက ကျယ်လောင်စွာ ပြောဆိုခဲ့သည်။

ကျန်းလင်းရှောင်သည် ချူးယွင်ဖန်း၏ ရန်စမှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခြင်းမရှိဘဲ ယခုမှစ၍ တစ်နှစ်အတွင်း ယှဉ်ပြိုင်ထိုးသတ်ရန် သဘောတူညီချက် ပြုလုပ်ထားသော်လည်း ကျူးပုမီက ထိုသို့မမြင်ပေ။ ချူးယွင်ဖန်းသည် ကျန်းလင်းရှောင်ကို ခြိမ်းခြောက်နိုင်မည်ဟု သူ မယုံကြည်ပေ။ ယခုကဲ့သို့ အခြေအနေမျိုးတွင်ပင် ခြွင်းချက်မရှိ ယုံကြည်နေဆဲဖြစ်သည်။ မရီးဒျန်သန့်စင်ခြင်းအဆင့်နှင့် မွေးဖွားခြင်းနယ်မြေအဆင့်တို့အကြားက ကွာဟချက်ဟာ အလွန်ကျယ်ပြန့်သည်။

သို့သော် သတိဖြင့် ပြုမှုနေထိုင်ခြင်းသည် အကောင်းဆုံး ကျင့်စဉ်ဖြစ်သည်ဟူသော ဆိုရိုးစကားရှိလေသည်။ ယခုကဲ့သို့ အခွင့်အရေး ကောင်းတစ်ခု ပေါ်ပေါက်လာသည့်အတွက် ကျူးပုမီသည် ရှိရှိသမျှ အရာအားလုံးကို အသုံးပြု၍ ချူးယွင်ဖန်းကို ဖယ်ရှားမည်ဖြစ်သည်။

'တစ်နှစ်တာ သဘောတူညီချက်တဲ့လား။ဘယ်သူက အဲ့လိုသဘောတူညီချက်တွေကို တကယ် ဂရုစိုက်မို့လို့လဲ'

"ဟေးဟေး၊ ကျုပ်ကတော့ စိတ်ဝင်စားစရာတစ်ခုကို ရှာတွေ့ထားတယ်"

ဌာနဆိုင်ရာခေါင်းဆောင်တစ်ဦးက ပြုံးနေသောအမူအရာဖြင့် ရုတ်တရက် ပြောဆိုလိုက်သည်။ သူသည် ဤကိစ္စကို အွန်လိုင်းတွင် ရှာကြည့်ခဲ့ခြင်းဖြစ်သည်။

“ဒီကိစ္စဖြစ်ပွားရတဲ့ အကြောင်းရင်းက ချူးယွင်ဖန်း တည်ထောင်ထားတဲ့ ဧကရာဇ်နန်းတော်ဆိုတဲ့ အဖွဲ့အစည်းကို ကျန်းပိုင်ဖေးက တိုက်ခိုက်ခဲ့ပြီး အဖွဲ့ဝင်တွေကိုလည်း ဒဏ်ရာရစေအတွက်ကြောင့်ပဲ။ ကျန်းပိုင်ဖေးက ဧကရာဇ်နန်းတော်ကို ဝင်ရဲတဲ့လူတိုင်းကို ပညာပေးမယ်ဆိုပြီးလည်း ကြိမ်းဝါး ပြောဆိုခဲ့တယ်။ ဒါက ချူးယွင်ဖန်းကို မောင်းထုတ်ဖို့ လုပ်နေတယ်ဆိုတာ အသိသာကြီးပဲ"

လူတိုင်း၏ အကြည့်များသည် စကားပြောနေသော ဌာနမှူးထံ ရောက်ရှိသွားကြသည်။ ၎င်းနှင့် ပညာရေးဆိုင်ရာ ဒါရိုက်တာ ကျူးပုမီတို့သည် ကောင်းမွန်သည့် ဆက်ဆံရေးမရှိကြ၍ ၎င်းတို့၏ ပဋိပက္ခမှာ နက်နဲသည်ဟူလည်း လူအများက သိရှိထားကြသည်။

"ကျန်းပိုင်ဖေးက ချူးယွင်ဖန်း ပြန်ရောက်တဲ့ အချိန်မှာ တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ပြီးတော့ ဘာဖြစ်သွားလဲ သိကြည့်ကြလား။ ချူးယွင်ဖန်းက ကျန်းပိုင်ဖေး တည်ထောင်ထားတဲ့ ကောင်းကင်ဘုံလင်းယုန်အဖွဲ့အစည်းတစ်ခုလုံးကို ဆယ်မိနစ်အတွင်း ဖြုတ်ချနိုင်ခဲ့တဲ့အပြင် အဖွဲ့အစည်းရဲ့ ဒုအကြီးအကဲ တစ်ချို့ကိုပါ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်လေ။ နောက်ဆုံးလည်းကျရော သူက ကျန်းပိုင်ဖေးကို လူတိုင်းရဲ့အရှေ့မှာ ရိုက်နှက်ပြီး ကျန်းပိုင်ဖေးရဲ့ ခြေထောက်နှစ်ချောင်းလုံးကို ကျောင်းသားကောင်စီက ဒုတိယဥက္ကဋ္ဌရဲ့ အရှေ့မှာပါ ချိုးပစ်လိုက်တာတဲ့လေ”

“ဟားဟား၊ ဒီကျောင်းသားက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသားပဲ။ သူက သေချာပေါက် ရဲရင့်တဲ့ လူပဲဖြစ်ရမယ်။ ကျုပ်တို့တောင် ဟိုတုန်းက ဒီလောက်မရဲရင့်ကြဘူး” နည်ပြဆရာတစ်ဦးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ထိုအချိန်တွင် အချက်အလက်များကို စစ်ဆေးခဲ့သော ဌာနမှူးက ဆက်လက်၍ပြောဆိုလိုက်သည်။

“အခုခေတ် ကျောင်းသားတွေက ပိုပိုပြီး သန်မာလာကြပြီး။ ပြည်ထောင်စုတစ်ခုလုံးရဲ့ အရည်အသွေးကလည်း မျိုးဆက်တိုင်းမှာ ပိုမိုပြီး မြင့်မားလာတယ်။ ဒါပေမယ့် ဒီလိုအဆင့်မှာရှိနေတဲ့ ထိပ်တန်းကျောင်းသားတွေကတော့ ဖီးနစ်အမွှေးနှင့် ချီးလင်ရဲ့ ဦးချိုတို့လို ရှားပါးမြဲ ရှားပါးနေဆဲပဲလို့ ကျုပ်ထင်တယ်။ ဒီလိုလူမျိုးက မွေးဖွားခြင်းနယ်မြေအဆင့်ကို နှစ်အနည်းငယ်အတွင်းမှာ ရောက်ရှိနိုင်မှာ သေချာတယ်။ ကျန်းလင်းရှောင်လောက် မထူးချွန်ရင်တောင် မွေးဖွားခြင်းနယ်မြေအဆင့်ရဲ့ အထွတ်အထိပ်ကိုတော့ တက်လှမ်းဖို့ အခွင့်အရေးရှိတဲ့ လူမျိုးပဲ။ ကျူးပုမီ၊ ခင်ဗျားက ဒီလို အနာဂတ် အကန့်အသတ်မဲ့တဲ့ ကျောင်းသားမျိုးကို တကယ်ပဲ ဒဏ်ခတ်အရေးယူချင်တာလား။ ခင်ဗျားရဲ့အာဏာကို ကိုယ်ရေးကိုယ်တာ လက်စားချေဖို့အတွက် အသုံးပြုနေတယ်လို့ မထင်ဘူးလား"

ဤဌာနမှူးသည် ကျူးပုမီကို လေးစားမှုပေးရန်ပင် ဂရုမစိုက်တော့ပေ။ ၎င်းတို့နှစ်ဦးဟာ အမြဲတစေ ပဋိပက္ခဖြစ်ပွားခဲ့ကြရာ၊ ယခုအချိန်တွင် အရာအားလုံးကို ပေါက်ကွဲထွက်စေခဲ့သည်။

"ရဲရင့်တယ်တဲ့လား။ ဒီလို အပြုအမူကို အားပေးထိုက်တယ်လို့ ခင်ဗျားက တကယ်ထင်နေလား။ ဒီလိုအပြုအမူမျိုးကို အပြစ်မပေးရင် ဒီကျောင်းသားတွေကို အနာဂတ်မှာ ဘယ်လိုစီမံကြမှာလဲ။ အရည်အချင်းရှိတာနဲ့ပဲ စည်းမျဉ်း စည်းကမ်းတွေကို လျစ်လျူရှုနိုင်တယ် တဲ့လား"

ကျူးပုမီက သူ၏အရှေ့ရှိ စားပွဲကို ထိုးနှက်၍ ၎င်းတို့အားလုံးကို စိုက်ကြည့်လိုက်သည်။

"ကျူးပုမီ၊ ဒါက ကျန်းပိုင်ဖေးလုပ်ခဲ့တာကြောင့်ပဲ မဟုတ်ဘူးလား။ သူလည်း တခြားလူရဲ့ ခြေထောက်ကို ချိုးလိုက်တယ်လေ။ အဲဒီတုန်းက ခင်ဗျား ဘာလို့ ဘာမှထွက်မပြောတာလဲ။ ကျုပ်ကတော့ ခင်ဗျား ချူးယွင်ဖန်းနဲ့ ပတ်သက်ပြီး အပြစ်ပေးချင်တယ်ဆိုရင် ကျန်းပိုင်ဖေးကို အရင်အပြစ်ပေးမှ တရားမျှတမယ်လို့ ထင်ပါတယ်”

ဌာနဆိုင်ရာ ခေါင်းဆောင်က ကျူးပုမီကို အနည်းငယ်မျှ ငြင်းဆန်ရန်ပင် အခွင့်အရေးမပေးဘဲ ပြောဆိုခဲ့သည်။

"သူတို့နှစ်ယောက်က ဘယ်လိုလုပ်တူမှာလဲ။ အဖြစ်အပျက်နှစ်ခုလုံးရဲ့ သက်ရောက်မှုက လုံးဝကွဲပြားတယ်။ ချူးယွင်ဖန်းက တက္ကသိုလ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို စိန်ခေါ်ခဲ့တာ။ ဒီလို စုန်းပြူးမျိုးကို ငါတို့ မဖြေရှင်းရင် ကျုပ်တို့ တက္ကသိုလ်က စည်းကမ်း၊ ဥပဒေတွေရဲ့ ဂုဏ်သိက္ခာက ဟာသတစ်ခုဖြစ်သွားလိမ့်မယ်” ကျူးပုမီက အေးစက်စွာပြောဆိုလိုက်သည်။

“ကျုပ်ကတော့ ဒီလို ကျောင်းသားမျိုးကို ကျောင်းကထုတ်ပယ်ဖို့ အဆိုပြုတယ်”

"ဘာပြောတယ်"

နည်းပြဆရာများနှင့် ခေါင်းဆောင်များအားလုံးက အံ့အားသင့်သွားကြသည်။ ကျောင်းသားများကို ထုတ်ပယ်ခြင်းသည် ပြည်ထောင်စုတက္ကသိုလ်တွင် ကြီးမားသောကိစ္စရပ်ဖြစ်သည်။ ဤကျောင်းသားများအားလုံးသည် ၎င်းတို့တက္ကသိုလ်က တခြားတက္ကသိုလ်များထံမှ ခက်ခက်ခဲခဲ လုယူခဲ့ရသော ထိပ်တန်းကျောင်းသားများဖြစ်သည်။ ကျောင်းသားတစ်ဦးကို နှင်ထုတ်မည်ဆိုပါက ကြီးမားသော ကိစ္စရပ်တစ်ခုဖြစ်လာမည်မှာ အသေအချာပင်ဖြစ်သည်။

၎င်းတို့သည် မွန်းစတားဂိုဏ်း၏သူလျှိုဖြစ်ခြင်း၊ လူသားမျိုးနွယ်ကို သစ္စာဖောက်ခြင်း သို့မဟုတ် ထိုကဲ့သို့ တူညီသည့် ကိစ္စရပ်ကြီးများကို လုပ်ဆောင်ခဲ့မှသာလျှင် ကျောင်းသားတစ်ဦးကို ကျောင်းမှ ထုတ်ပယ်ရန် ပြုလုပ်ကြခြင်းဖြစ်သည်။ ထိုသို့သော အခြေအနေများမှလွဲ၍ ၎င်းတို့သည် တစ်စုံတစ်ဦးကို ထုတ်ပယ်ရန် အလွန်သတိထား၍ ပြုမူကြသည်။ ၎င်းတို့၏အမြင်အရ၊ ဤကိစ္စသည် လူတစ်ဦးတစ်ယောက်ကို ထုတ်ပယ်သင့်သည် အခြေအနေထိ မရောက်ရှိသေးသည်မှာ သိသာထင်ရှားသည်။

"ကျုပ်ကတော့ ကျူးပုမီပြောတာကို ထောက်ခံတယ်။ ဒီလိုစုန်းပြူးကို တတ်နိုင်သမျှ အမြန်ဆုံး ထုတ်ပယ်ပစ်တာ အကောင်းဆုံးပဲ”

အခြားသော ထိပ်တန်း နည်းပြဆရာတစ်ဦးက ပြောဆိုခဲ့သည်။ ဤထိပ်တန်း နည်းပြဆရာများသည် မွေးဖွားခြင်းနယ်မြေ၏အထွတ်အထိပ်တွင်ရှိနေကြသည်ဖြစ်ရာ၊ သူ၏စကားသည် အလွန်အရေးပါသည်။ လူတိုင်းက စကားပြောဆိုခဲ့သူကို လှည့်ကြည့်လိုက်ချိန်မှသာ ထိုလူက ဟွမ်ပိုင်ချင်း ဖြစ်နေသည်ကို သိရှိလိုက်ရသည်။ သို့သော် ဖြစ်ရပ်မှန်များကို သိရှိနားလည်သူ တစ်ချို့လည်းရှိနေသည်။ ဟွမ်ပိုင်ချင်းနှင့် ချူးယွင်ဖန်း၏ နည်းပြဆရာ ကျန်းယွမ်ပင်တို့အကြားက ရန်ငြိုးဖွဲ့မှုသည် လူသိများသော ကိစ္စဖြစ်သည်။

မျက်မှောက်ရှိနေသူများက တုံ့ဆိုင်းနေကြသည်။

"နေပါဦး၊ ကျုပ်တပည့်ကို အပြစ်ပေးချင်တယ်ဆိုရင် ဒီအစည်းအဝေးအကြောင်း ကျုပ်ကို ဘာလို့ ဘယ်သူ့မှ အကြောင်းမကြားကြတာလဲ”

အခန်းထဲ၌ အခြားပုံရိပ်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။ ဤလူသည် ကျန်းယွမ်ပင်မှလွဲ၍ တခြားလူမဟုတ်ပေ။

ကျန်းယွမ်ပင်သည် အစည်းအဝေးခန်းထဲသို့ ဟိုလိုဂရမ်ပုံစံဖြင့် ရောက်လာခဲ့သည်။ သူသည် ထိပ်တန်း နည်းပြဆရာတစ်ဦးဖြစ်သောကြောင့် သူ၏အဆင့်အတန်းဖြင့် အစည်းအဝေးသို့ ဝင်ရောက်နိုင်သော အရည်အချင်းရှိသည်။ ကျန်းယွမ်ပင်သည် ရောက်ရှိလာသည်နှင့် ချက်ချင်း မတ်တပ်ထရပ်၍၊ မျက်မှောက်ရောက်ရှိနေသော လူအုပ်ကြီးကို ဖြတ်သန်းကြည့်ရှုခဲ့ရာ၊ အဆုံးတွင် သူ၏ အကြည့်ကို ကျူးပုမီဆီတွင် ရပ်တန့်၍ ပြောလိုက်သည်။

“ကျူးပုမီ၊ ဒီအချိန်မှာ ကျုပ် ခင်ဗျားနဲ့ စကားနာထိုးဖို့ အချိန်မရှိဘူး။ ခင်ဗျားမှာ ကျုပ်တပည့်ကို ချုပ်ကိုင်ဖို့ အခွင့်အရေးမရှိဘူး။ သူ့ကို အတင်းအကြပ်တွန်းအားပေးပြီး ထုတ်ပယ်ဖို့လုပ်မယ်ဆိုရင် ကျန်းပိုင်ဖေးကိုလည်း ထုတ်ပယ်ရမယ်၊ ဒါမှမဟုတ်ရင် ဒီကိစ္စကို ဒီမှာတင်ပဲ ရပ်လိုက်။ မဟုတ်ရင်တော့ ဒီကိစ္စကို ကျုပ်ဘက်က ငြိမ်ခံနေမယ်မထင်နဲ့"

“တာအိုညီလာခံက စတင်တော့မှာ၊ မနှစ်က တာအိုညီလာခံမှာ ကျရှုံးခဲ့တဲ့ကိစ္စက ကျုပ်တို့ကို သိက္ခာကျစေခဲ့တယ်။ တက္ကသိုလ်ရဲ့ ဂုဏ်ကို ပြန်လည်ရယူဖို့အတွက်ဆိုရင် ကျုပ်တို့က ချူးယွင်ဖန်းလို ထူးချွန်တဲ့ ကျောင်းသားတွေကို အားကိုးမှရမှာ။ သူ့လိုလူမျိုးကို တခြားတက္ကသိုလ်တွေကတောင် ပိုင်ဆိုင်ခွင့်မရှိတာကို ခင်ဗျားက သူ့ကို ထုတ်ပယ်ချင်တယ်ဆိုတော့ ခင်ဗျား ရူးသွားပြီ ထင်တယ်"ကျန်းယွမ်ပင်က အေးစက်စွာပြောလိုက်သည်။

ကျန်းယွမ်ပင်က လူအုပ်ကို လှည့်ကြည့်၍ ပြောလိုက်သည်။

"ဘယ်သူက ဒီဖွတ်ကျားတွေဘက်မှာ ရပ်တည်ပြီး ဘယ်သူက ဆန့်ကျင်မလဲ"

အခန်း (၄၈၅) ကျွန်တော်ကလွဲပြီး ဘယ်သူက ချန်ပီယံဖြစ်ထိုက်မှာလဲ။

ကျန်းယွမ်ပင်က တက်ရောက်လာသော နည်းပြဆရာများကို မိမိနှင့် ကျူးပုမီတို့ နှစ်ဦးအတွင်းမှ တစ်ဦးကို ရွေးချယ်ရန် တွန်းအားပေး တောင်းဆိုခဲ့သည်။ ကျူးပုမီကို ထောက်ခံသော လူသည် မိမိကို ဆန့်ကျင်ခြင်းသာဖြစ်သည်။

"သဘောတူပါတယ်" ပထမဦးဆုံး ထောက်ခံသူမှာ ဟွမ်ပိုင်ချင်းဖြစ်သည်။

"ကျုပ် ကန့်ကွက်ပါတယ်"

"ကန့်ကွက်ပါတယ်"

…

တက်ရောက်လာသူများအနက်မှ ထက်ဝက်ကျော်သည် ကျူးပုမီကို ငြင်းဆိုခဲကြသည်။ ၎င်းတို့သည် ကျူးပုမီအပေါ် အာဃာတမရှိကြသော်လည်း ထိုကဲ့သို့သော ကိစ္စအသေးအမွှားလေးကြောင့် ကျောင်းသားတစ်ဦးကို ကျောင်းမှ ထုတ်ပယ်ခြင်းသည် ကျိုးကြောင်းဆီလျော်မှုမရှိဟု ခံစားမိကြ၏။

ဤလုပ်ရပ်သည် စည်းမျဥ်းစည်းကမ်းကို ဆန့်ကျင်နေသည်။ ဤစည်းမျဉ်းများကို အကျိုးခံစားခွင့် ရှိသူများသည် စည်းမျဉ်းများ၏ တည်ရှိမှုကို အလိုအလျောက် ထိန်းသိမ်းကြမည်ဖြစ်သည်။ စည်းမျဉ်းများကို လျစ်လျူရှုပါက၊ ၎င်းတို့သည် အရေးကြီးသည့် အကာအကွယ်အလွှာတစ်ခုကို သေချာပေါက် ဆုံးရှုံးရပေလိမ့်မည်။ ပြီးနောက် ကျူးပုမီကို ထောက်ခံမဲပေးခဲ့ကြသူများမှာ သူ၏သူငယ်ချင်းများအပြင်၊ ဟွမ်ပိုင်ချင်း၏ ရန်သူများဖြစ်ကြသည်။

ပြည်ထောင်စု တက္ကသိုလ်အတွင်းမှာပင် အကြောင်းအရာပေါင်းများစွာ တည်ရှိသည်။ ပြည်ထောင်စု တက္ကသိုလ်၏ အဓိပတိ ကျန်းဝူကျီမှလွဲ၍ အခြားမည်သူမျှ ၎င်းတို့၏စကားကို အမှန်တကယ် လိုက်နာခြင်းမရှိပေ။ အဆုံးတွင်၊ ၎င်းတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်ကမှ အခြားသူများထက် သာလွန်သည်ဟု မယူဆနိုင်ပေ။ ၎င်းတို့အားလုံးသည် တူညီသော နေရာအဆင့်အတန်းတွင်ရှိနေကြရာ၊ မိမိတို့နှင့် အလားတူအဆင့်အတန်းတွင် ရှိနေသူများတစ်ဦးထံ နာခံလိုစိတ်မရှိကြပေ။

"ကောင်းပြီ။ မဲပေးတာပြီးပြီ။ နောက်ထပ် ထပ်ပြီး ဆွေးနွေးဖို့ မလိုအပ်ဘူး။ ကျူးပုမီ၊ မင်းမှာ ပြောစရာရှိသေးလား" ကျန်းယွမ်ပင်က မေးလိုက်သည်။

"ကောင်းပါတယ်၊ ကောင်းပါတယ်"

ကျူးပုမီက ရန်လိုသောအမူအရာဖြင့် ပြောလိုက်သည်။ သူသည် ကျန်းယွမ်ပင် ရောက်လာချိန်မှစ၍ သူ၏အကြံအစည်များ ပျက်စီးတော့မည်ကို သိနေသည်။ ကျန်းယွမ်ပင်ကြောင့်သာ မဟုတ်လျှင်၊ ကျူးပုမီသည် သူ၏ဩဇာသက်ရောက်မှုကို အသုံးပြု၍ တရားစီရင်ခြင်းကို သူ့၏အလိုတော်အတိုင်း ကျော်ဖြတ်နိုင်ရန် အခွင့်အရေးမြင့်မားသည်။ အဆုံးတွင်၊ တောက်ပသော အနာဂတ်ရှိသည်ဟု အမည်တပ်ထားသော ကျောင်းသားများအတွက် မိမိနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ဆန္ဒရှိကြမည်မဟုတ်ပေ။

တောက်ပသော အနာဂတ်ရှိခြင်းမှာ အကြောင်းအရာတစ်ခုဖြစ်သော်လည်း ထိုအဆင့်အထိ ဖွံ့ဖြိုးတိုးတက်နိုင်ခြင်းမှာမူ အခြားအကြောင်းအရာတစ်ခုဖြစ်သည်။ ၎င်းတို့သည် ဤနှစ်များအတွင်း လမ်းခုလတ်တွင် ပြိုလဲသွားသော ပါရမီရှင်များစွာကို မတွေ့ခဲ့ဖူးသလော။

ဖွံ့ဖြိုးတိုးတက်နိုင်ခြင်းမရှိလျှင် မည်သို့သောပါရမီရှင်မျိုးဖြစ်နေစေကာမူ အသုံးဝင်မည်မဟုတ်ပေ။

"ကျန်းယွမ်ပင်၊ ခင်ဗျားက စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖောက်ပြီး ခင်ဗျားရဲ့တပည့်တွေကို အကာအကွယ်ပေးနေတာပဲ။ ဒီကိစ္စက ပြီးပြီလို့ မထင်လိုက်နဲ့။ ဟားဟား ဒုတိယ တက္ကသိုလ်အဓိပတိ သီးသန့်ကျင့်ကြံခြင်းကနေ ထွက်လာတဲ့အချိန်ကို စောင့်နေလိုက်၊ အဲဒီအချိန်ကြရင် ခင်ဗျားသေချာပေါက် ဒုက္ခရောက်ဖို့သာ ပြင်ထား"

ကျူးပုမီက လှောင်ရယ်၍ပြောလိုက်ရာ၊ သူ့တွင် စိတ်ဓာတ်ကျခြင်းမရှိပေ။ အဓိပတိမရှိသည့်အချိန်တွင် ဒုတိယ တက္ကသိုလ်အဓိပတိသည် တက္ကသိုလ် တာဝန်ရှိသူဖြစ်၍ အားလုံးက ရိုသေလေးစားစွာ ဆက်ဆံကြသည်။ ဒုတိယ တက္ကသိုလ်အဓိပတိသည် ကျူးပုမီ၏ ယခင်နည်းပြဆရာဖြစ်ကြောင်းကို ရောက်ရှိနေသူအားလုံးက သိကြသည်။ ဒုတိယ တက္ကသိုလ်အဓိပတိသည် ယခုအခါ အသက်ကြီးနေပြီဖြစ်၍ ကျင့်ကြံခြင်းနှင့် အဆင့်ကျော်ဖြတ်ခြင်းကိုသာ အာရုံစိုက်နေသောကြောင့် ကျောင်းတွင်းကိစ္စရပ်များကို အနည်းမျှသာ ဂရုစိုက်သည်။

သို့သော် ဒုတိယ တက္ကသိုလ်အဓိပတိကသာ ဤကိစ္စကို ပါဝင်ပတ်သက်မည်ဆိုလျှင် အဓိပတိ ကျန်းဝူကျီ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ပြောဆိုခြင်းမရှိပါက သူ၏ထင်မြင်ချက်ကို မည်သူမှ လွှမ်းမိုးနိုင်မည် မဟုတ်ပေ။

"အဲ့ဒီ့အချိန်ရောက်ရင် ဆက်ပြောကြတာပေါ့" ကျန်းယွမ်ပင်သည် ကျူးပုမီကို စူးစူးစိုက်စိုက်ကြည့်နေပြီးနောက် အခန်းထဲမှ ပျောက်ကွယ်သွားသည်။

"ဟား" ကျူးပုမီက အေးစက်စွာ အသံပြုလိုက်သည်။ သူထိုင်နေသော ကုလားထိုင် လက်တင်နေရာ၏အပေါ်တွင် နက်ရှိုင်းသော လက်ရာများ ကျန်ရှိနေသည်။

တစ်ရက်ကြာပြီးနောက်၊ အကျဉ်းချခံထားရသော ချူးယွင်ဖန်းကို ပြန်လွှတ်ပေးခဲ့သည်။ ချူးယွင်ဖန်းသည် တက္ကသိုလ်၏ အထက်အရာရှိများက မိမိပြုလုပ်ခဲ့သော အရာများကြောင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်ကို မသိခဲ့ပေ။ အချုပ်ခန်းမှ ထွက်လာသည့် အခိုက်အတန့်တွင် ကျန်းယွမ်ပင်က သူ့ကို ဆင့်ခေါ်ခဲ့သည်။ ကျန်းယွမ်ပင်၏မျက်နှာသည် အလွန် ပင်ပန်းနွမ်းနယ်နေခဲ့ရာ၊ သူသည် စစ်မြေပြင်မှ လောလောလတ်လတ် ပြန်ရောက်ခဲ့ပုံပေါ်သည်။

“မစ္စတာ ကျန်း” ချူးယွင်ဖန်းက နှုတ်ဆက်လိုက်သည်။

"ကောင်လေး၊ မင်းကတော့ တော်တော်လေး ပြဿနာ ရှာနေတာပဲ"

"ကျူးပုမီက ကျောင်းခေါင်းဆောင်တွေကို အစည်းအဝေးခေါ်ပြီး မင်းကို ကျောင်းက ထုတ်ပယ်ဖို့ လုပ်ခဲ့တယ်"

"ဗျာ။ သူက သူ့ရာထူးကို ပုဂ္ဂိုလ်ရေးအရ ကလဲ့စားချေဖို့ အသုံးပြုနေတာလား”

ချူးယွင်ဖန်းက ထိတ်လန့်စွာပြောသည်။ ကျူးပုမီသည် သူတစ်ပါးကို ဒုက္ခပေးတတ်သော တစ်ဦးဖြစ်ကြောင်းကို သူသိထားသော်လည်း ဤမျှ သိသာထင်ရှားစွာ ပြုမူလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"ပုဂ္ဂိုလ်ရေးအရ လက်စားချေဖို့ သူ့ရာထူးကို သုံးပြုတာလားဆိုတော့။ အဲ့ဒါက ကျောင်းရဲ့ စိတ်ဓာတ်နဲ့ စည်းကမ်းကို ပြုပြင်တာလို့ ခေါ်တယ်။ ငါသာ အလျင်စလိုပြန်မလာရင် မင်းကို တက္ကသိုလ်ကနေ ထုတ်ပယ်ခံနေရလောက်ပြီ၊ ကောင်လေး"

"ဆရာ့ကို ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ် ဆရာကျန်း။ ကြည့်ရတာ၊ ကျွန်တော် အရမ်းအားနည်းနေသေးပုံရတယ်၊ ဒါကြောင့်မို့လို့သာ တခြားသူတွေက ကျွန်တော်ကို အလွယ်တကူ ဒုက္ခပေးဖို့ပဲ လုပ်နေကြတာ"

“ကိစ္စမရှိပါဘူး။ မင်းရဲ့နည်းပြဆရာအနေနဲ့ ဒီလိုအရာတွေကို ငါကတာဝန်ယူရမှာပေါ့၊ ကောင်လေး၊ မင်း အားနည်းနေသေးတာကို သိဖို့ အချိန်မနှောင်းသေးဘူး"

"ငါ ဒီကိစ္စကို အခုလောလောဆယ် တွန်းအားပေးပြီး ရပ်တန့်ထားလိုက်ပေမယ့် ဒီကိစ္စက မပြီးသေးဘူး။ ကျူးပုမီရဲ့ နည်းပြဆရာက ကျောင်းရဲ့ ဒုတိယ တက္ကသိုလ်အဓိပတိပဲ။ အဓိပတိက အခု တက္ကသိုလ်တွင် မရှိသလို သူ ဘယ်အချိန်ပြန်လာမယ်ဆိုတာကိုလည်း ဘယ်သူမှ မသိနိုင်ဘူး။ အဲ့လိုအချိန်အတွင်းမှာ ဒုတိယ တက္ကသိုလ်အဓိပတိက ကျောင်းကို တာဝန်ယူရတာ။ တက္ကသိုလ်တစ်ခုလုံးမှာ အဓိပတိပြီးရင် သူရဲ့ရာထူးက ပထမနေရာမှာရှိနေတာ။ သူက မင်းကို ထုတ်ပယ်ချင်ရင် တခြားဘယ်သူမှ ဝင်ပြောနိုင်မှာ မဟုတ်ဘူး”

ချူးယွင်ဖန်း၏နှလုံးသား တုန်လှုပ်သွားတော့သည်။ နောက်ကွယ်တွင် ရာထူးကြီးများစွာရှိနေသေးသည်ဆိုကြောင်း ယခုအချိန်မှသာ သူသဘောပေါက်သွားသည်။ ဒုတိယ တက္ကသိုလ်အဓိပတိကသာ အမိန့်ပေးမည်ဆိုလျှင် ဘယ်သူမှ တားဆီးနိုင်မည် မဟုတ်ပေ။ ထိုအချိန်တွင် ချူးယွင်ဖန်းသည် အရာအားလုံးကို စည်းမျဥ်းဘောင်အတွင်းမှ ပြုလုပ်ရန် အစွမ်းကုန်ကြိုးစားခဲ့သည်။ ဥပမာအားဖြင့် ကျန်းလင်းရှောင်နှင့် နှစ်ဦးသဘောတူ ယှဉ်ပြိုင်တိုက်ခိုက်ခြင်းသည် စည်းမျဥ်းစည်းကမ်းအရ ခွင့်ပြုထားသည့်အရာဖြစ်သည်။ သို့သော် ကျူးပုမီကဲ့သို့လူတစ်ယောက်က အခြေအနေကို ပြောင်းပြန်လှန်ဖို့ ဆုံးဖြတ်လိုက်လျှင် မည်သည့်အစီအစဥ်မဆို အသုံးဝင်တော့မည်မဟုတ်ပေ။

“လောလောဆယ်တော့ အဲဒါတွေကို စိတ်ပူစရာ မလိုပါဘူး။ ငါ့ဘက်မှာ ဘယ်သူမှမရှိတာမှ မဟုတ်တာ။ ကျူးပုမီက မင်းကို တကယ် အကျပ်ကိုင်ပြီး လွှတ်မပေးတော့ဘူးလို့ ထင်နေလား။ မင်းက ဒီအတိုင်းကြားထဲက အမြောက်စာဖြစ်သွားတာ။ သူတကယ်တမ်း ပစ်မှတ်ထားချင်တဲ့လူက ငါပဲ”

ကျန်းယွမ်ပင်က အေးစက်သော အပြုံးဖြင့် ပြောသည်။ ကျူးပုမီသာ အရှေ့သို့ ခြေတစ်လှမ်းတိုးလိုလျှင် မိမိ၏ဘက်တော်သားများက အကြီးမားဆုံး အတားအဆီးဖြစ်သည်ကို သူရှင်းလင်းစွာ နားလည်သည်။

"အဲ့ဒါကြောင့် အရေးကြီးဆုံးက သူဘက်ကလှုပ်ရှားနိုင်ဖို့ အခွင့်အရေးမပေးမိစေဖို့ပဲ"

"ကျန်းပိုင်ဖေးက မင်းသူငယ်ချင်းရဲ့ခြေထောက်ကို ချိုးလိုက်တဲ့အချိန်က ဘာမှမဖြစ်ဘဲ၊ မင်း က ကျန်းပိုင်ဖေးရဲ့ခြေထောက်တွေကို ချိုးလိုက်တဲ့အချိန်မှာ အခုလို ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရတဲ့ အခြေခံအကြောင်းအရင်းကတော့ မင်းရဲ့ရာထူးက မမြင့်မားသေးလို့ပဲ”

“သူက တတိယအဆင့်မှာ ရှိနေတဲ့လူဖြစ်ပြီး မင်းက တော်တော်လေး လူသိနည်းတဲ့ လူမို့လိုပဲ။ ခေါင်းဆောင်အများစုက မင်းနာမည်တောင် မကြားဖူးကြဘူး။ အဲ့ဒါကြောင့်၊ သူတို့ကို မင်းကို အသိအမှတ်ပြုလာမယ့် အကောင်းဆုံးနည်းလမ်းမှာ ဒီနှစ် တာအိုညီလာခံမှာ အနိုင်ရဖို့ပဲ။ တာအိုညီလာခံက တက္ကသိုလ်ရဲ့ထိပ်တန်းကျောင်းသားဖြစ်လာဖို့ထက် ပိုပြီးအရေးပါတယ်။ မင်းသာ ချန်ပီယံဖြစ်လာရင် မင်းကို ဘယ်သူမှ တိုက်ခိုက်ရဲမှာမဟုတ်ဘူး"

ချူးယွင်ဖန်းက ချက်ချင်း သဘောပေါက်သွားသည်။ အဆုံးတွင် သူသည် ပြည်ထောင်စုတက္ကသိုလ်တွင် ကျောထောက်နောက်ခံ အလုံအလောက်မရှိခဲ့ပေ။ ခွန်အားနှင့် ဂုဏ်သတင်းသည် စွမ်းအင်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သူသည် ခွန်အားတစ်ခုတည်းရှိရုံဖြင့် မလုံလောက်ရာ၊ ကြီးကျယ်လွန်း၍ မည်သူမှ လျစ်လျူမရှုနိုင်သော ဂုဏ်သတင်းတစ်ခုရရှိရန်လည်း လိုအပ်သည်။

“မင်းကို ညီလာခံရဲ့ ချန်ပီယံဖြစ်လာဖို့ တကယ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။ ဒါပေမယ့် မင်းကိုကြည့်ရတာ အခုတလော တော်တော်လေး ပြောင်းလဲလာပုံရတယ်။ ဟမ်…”

ကျန်းယွမ်ပင်သည် ချူးယွင်ဖန်းကို ထိုးဖောက်မြင်ရောက်နေသကဲ့သို့ ကြည့်နေခဲ့သည်။

"မင်း ခန္ဓာကိုယ်လေ့ကျင့်ရေး ကျင့်စဉ်တစ်ခုခုကို သင်ယူထားတာလား"

“အင်း…” ချူးယွင်ဖန်းက ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ကဲ့…" ချူးယွင်ဖန်းက ဆက်လက်၍ မပြောမီ ကျန်းယွမ်ပင်က ပြောလိုက်သည်။

"ငါ့ကို အသေးစိတ် ပြောနေစရာမလိုဘူး။ လူတစ်ဦးတစ်ယောက်စီတိုင်းမှာ မတော်တဆတွေ့ကြုံရတဲ့ ကံကြမ္မာလျှို့ဝှက်ချက်တွေရှိနိုင်တာ ထုံးစံပဲ။ ဒီအဆင့်ကို ရောက်လာခဲ့တာ ငါလည်း ကံကြမ္မာလျှို့ဝှက်ချက်တွေ အများကြီးနဲ့ တွေကြုံပြီးပြီ။ ဒါပေမယ့်၊ မင်းဘယ်အဆင့်ကိုရောက်နိုင်လဲ၊ မင်းရဲ့ခန္ဓာကိုယ်က အခု ဘယ်လောက်ထိ သန်မာနေလဲဆိုတာကိုတော့ ငါသိထားမှရမယ်"

“တာအိုညီလာခံမရောက်ခင် နှစ်လလောက်ကျန်သေးတယ်။ မင်းရဲ့ စွမ်းရည်တွေကို တွန်းအားပေးနိုင်ဖို့ ငါ မင်းကို အခက်ခဲဆုံး လေ့ကျင့်ရေး အစီအစဥ်တစ်ခု သတ်မှတ်ပေးမယ်"

ချူးယွင်ဖန်းက ညီလာခံအကြောင်း ချက်ချင်းစဉ်းစားလိုက်သည်။

'ငါကလွဲလို့ ဘယ်သူက ချန်ပီယံဖြစ်ထိုက်မှာမို့လို့လဲ'

အခန်း (၄၈၆) အန္တိမ ကိုယ်ခန္ဓာလေ့ကျင့်ရေး

နောက်ရက်များတွင် ကျန်းယွမ်ပင်သည် ချူးယွင်ဖန်းကို ခေတ်မီဓာတ်ခွဲခန်းကြီးတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။ အဆောက်အဦးများတွင် သိမ်းဆည်းထားသည့် စက်ပစ္စည်းကိရိယာများသည် တက္ကသိုလ်၏ပြင်ပတွင် မတွေ့ရနိုင်သောအရာများဖြစ်ရာ၊ ၎င်းတို့သည် သိုင်းပညာရှင်များအတွက် အထူးတီထွင်ထားခြင်းဖြစ်သည်။

အဖြူရောင် ဓာတ်ခွဲခန်းအင်္ကျီဝတ်ဆင်ထားသော သုတေသီများသည် ဓာတ်ခွဲခန်းများတွင် အဝင် အထွက် ပြုလုပ်နေကြသည်။

"ဒါက ဘယ်လိုနေရာမျိုးလဲ" ချူးယွင်ဖန်းက မေးလိုက်သည်။

“ဒါက ပြည်ထောင်စုတက္ကသိုလ်ရဲ့ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးရေး စင်တာပဲ။ ဒါက တက္ကသိုလ်က ဇီဝဆေးပညာသိပ္ပံပညာရှင်တွေက သိုင်းပညာရှင်အတွက် ပြုလုပ်ထားတဲ့ နောက်ဆုံးပေါ် အပြောင်မြောက်ဆုံး လက်ရာပဲ။ ဒီနေရာက စက်ကိရိယာ တော်တော်များများကို အပြင်ဘက်မှာ တွေ့ရမှာမဟုတ်ဘူး။ အစိုးရမှာတောင် မရှိသေးဘူး။ ပြည်ထောင်စုရဲ့ သိပ္ပံပညာရှင်တွေက တစ်ခုခု တီထွင်ပြီးပြီဆိုတာနဲ့ အဲ့ဒါတွေကို စမ်းသပ်ဖို့ ဒီကို မကြာခဏ ပို့ပေးလေ့ရှိတယ်” ကျန်းယွမ်ပင်က ပြောကြားခဲ့သည်။

'ငါတို့ကတော့ ဓာတ်ခွဲခန်းကြွက်တွေပေါ့' ချူးယွင်ဖန်းက တွေးနေမိသည်။

ချူးယွင်ဖန်း၏ အမူအရာကိုမြင်သောအခါ ကျန်းယွမ်ပင်က ပြုံး၍ ပြောလိုက်သည်။

"ငါတို့ ဓါတ်ခွဲခန်းကြွက်တွေဖြစ်နေပြီ ထင်နေလား။ ဒါလည်း မှန်တာပဲ၊ ဒါပေမယ့် ဒီကိရိယာတွေ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးတဲ့ ကိရိယာတွေမို့လို့ ဒါတွေက လူ့ခန္ဓာကိုယ်ကို မထိခိုက်စေပါဘူး။ အဲ့ဒီ့အစား၊ ဒါတွေက မင်းခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်အားလုံးကို စာရင်းပြုစုထားမှာမျိုးပဲ"

"သာမန်တိုက်ပွဲတစ်ခုမှာ မင်းရဲ့ခွန်အားကို အပြည့်အ၀ ထုတ်လွှတ်အသုံးချနိုင်ဖို့ အခွင့်အလမ်းဘယ်လောက်ရှိလဲ ဆိုတာမျိုးပေါ့။ ဒီလိုအခွင့်အရေးမျိုးက ရှားပါးတယ်။ အဲ့ဒါကြောင့်၊ လူအတော်များများက သူတို့ထက် သာလွန်တဲ့ ပြိုင်ဘက်ကို မကြုံတွေ့ရသရွေ့ သူတို့ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်ကို မသိကြဘူးလေ။ ဒါပေမယ့် အဲ့လိုဖြစ်လာမယ်ဆိုရင်လည်း တကယ် အန္တရာယ်ရှိလာနိုင်တယ်လေ"ကျန်းယွမ်းပင်က ဆက်လက် ပြောကြားခဲ့သည်။

“ဒါပေမယ့် ခေတ်မီစက်ကိရိယာတွေရဲ့ အကူအညီနဲ့ မင်းခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်တွေကို အပြည့်အဝ အကဲဖြတ်နိုင်တယ်။ ဒါက ခေတ်မီလူ့အဖွဲ့အစည်းရဲ့ အားသာချက်ပဲ။ ရှေးဟောင်းလူသားကာလမှာ ဆင်တူယိုးမှား ကိရိယာတွေရှိပေမယ့် အဲ့ဒါတွေက အသေးစိတ်မကျတော့ လူသိများအောင်လုပ်ဖို့ခက်ခဲတာပေါ့။ လူအနည်းငယ်လောက်ပဲအဲ့လို ကိရိယာမျိုးကို နှစ်သက်ကြတာ။ အခုဆိုရင် ငါတို့တွေက ကမ္ဘာအနှံ့ကျင့်ကြံရေး ခေတ်ကို လျှောက်လှမ်းနေပြီဆိုတော့ ပစ္စည်းတစ်ခုခုကို လူကြိုက်များအောင် မလုပ်နိုင်ရင် ပစ္စည်းရဲ့အသုံးဝင်ပုံက တော်တော်လေး အကန့်အသတ်ရှိနေမှာသေချာတယ်"

“ဒီခေတ်မီစက်ကိရိယာတွေက မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတွေရဲ့ ကန့်သတ်ချက်တွေကိုတောင် စမ်းသပ်နိုင်တယ်။ နတ်စွမ်းအင်ရရှိထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ ကန့်သတ်ချက်တွေကိုတော့ တိတိကျကျ စမ်းသပ်နိုင်တဲ့ နည်းလမ်း မရှိသေးဘူးပေါ့။ သူတို့တွေတဲ့ ထူးခြားတဲ့ ဖြစ်တည်မှုမျိုးတွေမို့လို့ အဲ့လိုအဆင့်မျိုးမှာ ရှိနေတဲ့ပုဂ္ဂိုလ် အများစုက သာမန်အသိတရားနဲ့ အကဲဖြတ်လို့ မရနိုင်တော့ဘူး။ သူတို့တွေက အာကာသအတွင်း ခရီးသွားခြင်းတို့လိုမျိုး ထူခြားတဲ့ ဖြစ်စဉ်တွေကိုတောင် စွမ်းဆောင်နိုင်ကြတယ်"

“လက်ရှိ သုတေသန ပြုလုပ်ချက်တွေအရ၊ နတ်စွမ်းအင် ရရှိထားတဲ့ ပုဂ္ဂိုလ်တွေက အခြားဆင့်ကဲ ဖြစ်စဉ်အဆင့်အထိ တက်လှမ်းနိုင်ကြတဲ့ ပုဂ္ဂိုလ်တွေဆိုပြီးတော့လည်း ပြောကြားထားတယ်"

ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ အကယ်၍ လူတစ်ဦးတစ်ယောက်သည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူ၏ ကန့်သတ်ချက်များကို စမ်းသပ်နိုင်လျှင် နေရာဒေသတိုင်းရှိ သိုင်းပညာရှင်များအတွက် အလွန်အရေးကြီးသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ အားကြီးသော ပုဂ္ဂိုလ်များစွာရှိသော်လည်း ၎င်းတို့၏စွမ်းအားကို မည်သည့်အတိုင်းအတာအထိ ပြသနိုင်သည်မှာ အကန့်အသတ်ရှိနေသေးသည်။ ဤသည်မှာ ၎င်းတို့၏ သိုင်းပညာ အဆင့်မမြင့်မားခြင်းကြောင့်လည်း ဖြစ်နိုင်သလို တချို့သည်လည်း ၎င်းတို့က ယခုထက် ပို၍ ရှေ့ဆက်နိုင်သည်ကို မသိကြသောကြောင့်လည်း ဖြစ်နိုင်သည်။

၎င်းတို့၏ ကန့်သတ်ချက်များကို မဖော်ထုတ်နိုင်မီ အောင်မြင်အထိ ထပ်ခါတလဲလဲကြိုးပမ်းမှုများကို နှစ်လချီအောင် ပြုလုပ်ရမည်ဖြစ်သည်။ သို့သော်၊ ၎င်းတို့၏ အထက်ကန့်သတ်ချက် မည်မျှရှိသည်ကို သိပ္ပံနည်းကျ ကိရိယာများ၏ အကူအညီဖြင့် ကနဦးကတည်းက ပြောကြားခဲ့မည်ဆိုပါက ထိုဦးတည်ချက်အတိုင်း လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ဤသို့ဆိုလျှင် အရာအားလုံးက တူညီတော့မည် မဟုတ်ပေ။

အချိန်သည် သက်တမ်းအကန့်အသတ်ရှိသည့် ကျင့်ကြံသူများအတွက် ကြီးမားသော အချက်တစ်ခုဖြစ်သည်။

“ငါ ဓာတ်ခွဲခန်းနဲ့ ကြိုတင်ရက်ချိန်းယူထားပြီးပြီ။ မင်းရဲ့ကန့်သတ်ချက်တွေကို မကြာခင် သိရလိမ့်မယ်"

"အဲ့ဒီ့အချိန် အတောအတွင်းမှာ၊ မင်းရဲ့ချီစွမ်းအင်ကို အသုံးမပြုနဲ့။ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေကို အရင် စမ်းသပ်ရမယ်။ အဲ့ဒါပြီူရင်၊ မင်းရဲ့အတွင်းပိုင်းစွမ်းအင်တွေ အပါအဝင် မင်းရဲ့ အဘက်ဘက်က စွမ်းအင်တွေကိုပါ စမ်းသပ်ရမှာ"

အဖြူရောင်ဓာတ်ခွဲခန်း အင်္ကျီဝတ်ဆင်ထားသည့် သုတေသီများသည် ချူးယွင်းဖန်းကိုကြီးမား၍ ကျယ်ပြန့်သော အခန်းတစ်ခုသို့ ခေါ်ဆောင်သွားကြသည်။ ပထမဆုံးစမ်းသပ်မှုမှာ အမြန်နှုန်းစမ်းသပ်မှုဖြစ်ရာ၊ ချူးယွင်ဖန်းကို စမှတ်တွင် ရပ်ရန် ညွှန်ကြားခဲ့သည်။ သူသည် ထွက်ခွာရန် ညွှန်ကြားလိုက်သည်နှင့် ချွန်ထက်သော မြှားတစ်စင်းကဲ့သို့ပင် အလျင်အမြန် ပြေးထွက်သွားသည်။

အသက်တစ်ရှိုက်စာ အချိန်အတွင်းမှာပင်၊ ချူးယွင်းက ပန်းတိုင်သို့ ရောက်ရှိသွားခဲ့သည်။

ချူးယွင်ဖန်း၏ မီတာ ၁၀၀ အပြေးနှုန်းကို စခရင်ပေါ်တွင် ပြသထားသည်။

[၄.၉၈ စက္ကန့်]

မျက်မှောက်ခေတ်၏ အားကစားသမားများကသာ ဤအချက်အလက်များကို မြင်ခဲ့လျှင် ၎င်းတို့က ခါးသီးစွာ ငိုကြွေးကြပေလိမ့်မည်။ ပျမ်းမျှအားကစားသမားတစ်ဦးသည် ဤအကွာအဝေးကို ဆယ်စက္ကန့်အတွင်း ပြေးနိုင်လျှင် အံ့သြဖွယ်ကောင်းသည့် စွမ်းဆောင်မှုတစ်ခု ဖြစ်နေပြီဖြစ်သည်။ သို့သော် ထူးချွန်ထက်မြက်သည့် ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်ရှိသော ဤခေတ်သစ်၏ စစ်သည်တော်များ အရှေ့တွင် ထိုကဲ့သို့သော အချက်အလက်မျိုးကို ဖော်ပြရန်ပင် ထိုက်တန်မည်မဟုတ်ပေ။

သုတေသီများ၏ မျက်နှာအမူအရာများ ထိတ်လန့်တကြားဖြစ်နေကြသည်။ သာမန် ကိုယ်ကာယကြံ့ခိုင်မှုအရ၊ လူတစ်ယောက်သည် မီတာ ၁၀၀ ကို ချီစွမ်းအင်မပါရှိဘဲ ငါးစက္ကန့်အတွင်း ပြီးမြောက်အောင်လုပ်နိုင်ခြင်းမှာ အလွန်ရှားပါးသည့် ဖြစ်စဉ်မဟုတ်ပေ။ မရီးဒျန်သန့်စင်ခြင်းအဆင့်တွင် ဤအခြေအနေသို့ ရောက်ရှိနိုင်သူမှာ အလွန်နည်းပါးကြ၍၊ အနည်းဆုံး မရီးဒျန်သန့်စင်ခြင်း၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေရမည်ဖြစ်သည်။

ချူးယွင်ဖန်း၏ ရွေ့လျားရေးသိုင်းပညာများနှင့် အတွင်းအားကို ပေါင်းစပ်လိုက်လျှင် သူ၏ အမြန်နှုန်းအစစ်အမှန်မှာ ပို၍ပင် မြန်ဆန်လာမည်ဖြစ်သည်။ လျှပ်စီးကြောင်းကဲ့သို့ မြန်နေခြင်းသည် ချဲ့ကားဖော်ပြခဲ့ခြင်း မဟုတ်တော့ဘဲ အစစ်အမှန်သာဖြစ်သည်။ ကျန်းယွမ်ပင်၏ မျက်နှာအမူအရာ တုန်လှုပ်သွားခြင်းမရှိသော်လည်း ချူးယွင်ဖန်း၏အရှိန်သည် သူကို အံ့ဩစေခဲ့သည်။ မိမိလောက် မလျင်မြန်ခဲ့သော်လည်း တူညီသည့်နယ်ပယ်တွင် ရှိနေကြသူများနှင့် နှိုင်းယှဉ်လျှင် ချူးယွင်ဖန်း၏ အရှိန်နှုန်းသည် အံ့ဩဖွယ်ကောင်းလှသည်။

အမြန်နှုန်းစမ်းသပ်ပြီးနောက် ချူးယွင်ဖန်းသည် သူ၏ခွန်အား၊ ခံနိုင်ရည်နှင့် အခြားရှုထောင့်များကို ဆုံးဖြတ်ရန် အခြားစမ်းသပ်မှုများစွာကို ပြုလုပ်ခဲ့သည်။ စမ်းသပ်မှုများ အားလုံးပြီးဆုံးသွားသည့် အချိန်တွင် နေ့တစ်ဝက်ကျော်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။

ကျန်းယွမ်ပင်သည် ချူးယွင်ဖန်း၏အစီရင်ခံစာကိုကြည့်ရှုပြီးနောက် ပြောလိုက်သည်။

"မင်းရဲ့ရုပ်ပိုင်းဆိုင်ရာ သတ်မှတ်ချက်တွေကကောင်းသားပဲ။ ထင်ထားတာထက်တောင် ပိုပြီးကောင်းသေးတယ်။ မင်းနဲ့ သက်တူရွယ်တူတွေထက်တောင် အဆပေါင်းများစွာ ပိုကောင်းတယ်လို့ ပြောလို့ရတယ်။ ဒီ အစီရင်ခံစာအရဆိုရင်၊ မင်းရဲ့လက်ရှိခွန်အားက မရီးဒျန်သန့်စင်ခြင်းရဲ့ ဆဋ္ဌမအဆင့်မှာ ရှိနေတဲ့လူတွေနဲ့တောင် နှိုင်းယှဉ်လို့ ရနိုင်တယ်။ တော်တော်အဆင်ပြေတယ်ဆိုပေမယ့် မလုံလောက်သေးဘူး။ မင်းရဲ့ အလေးချိန်ဝတ်စုံရဲ့ အဆင့်ကို ဒီထက်ပိုပြီး တိုးသင့်တယ်။ ၂.၅ ဆ အထိတိုးလိုက်။ ပြီးရင် အထူးလေ့ကျင့်ရေးတွေ စကြမယ်။ ကျန်တဲ့ တစ်လကျော်အချိန်က ဒီထက်ပိုပြီး နောက်တစ်ဆင့်ကို တစ်လှမ်းနိုင်ဖို့ မင်းအတွက် လုံလောက်ပါတယ်"

ချူးယွင်ဖန်း၏ ခန္ဓာကိုယ် ကန့်သတ်ချက်များကို သိရှိပြီးသော ကျန်းယွမ်ပင်သည် လေ့ကျင့်ရေး အစီအစဉ်များကို သတ်မှတ်ထားပြီးသားဖြစ်သည်။

ချူးယွင်ဖန်းသည် အလေးချိန်ဝတ်စုံ၏ ဆွဲငင်အားကို ၂.၅ ဆအထိ ချိန်ညှိပြီးနောက် ကျူးချွဲ့၏အလေးချိန်ကို အမြင့်ဆုံးအထိ ချိန်ညှိခဲ့သည်။ ယခုအချိန်တွင် လေးလံမွန်းကြပ်ဖွယ်ကောင်းသော ဓားချက်က သူ့ကို ဖိနှိပ်သွားသလို ခံစားလိုက်ရ၍၊ ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်းဆုတ်ဖြဲခံရသလိုပင် ဖြစ်နေသည်။ ဤသို့အခြေအနေမျိုးတွင် အသက်ရှူရခြင်းသည်ပင် ပင်ပန်းနွမ်းနယ်နေတော့သည်။

ထို့နောက် ကျန်းယွမ်ပင်သည် ချူးယွင်ဖန်းကို ပြည်ထောင်စုတက္ကသိုလ်ရှိ သူ၏ကိုယ်ပိုင် သိုင်းပညာလေ့ကျင့်ရေးခန်းမသို့ ခေါ်ဆောင်သွားခဲ့သည်။ ချူးယွင်ဖန်း၏ လေ့ကျင့်ရေးခန်းနှင့် နှိုင်းယှဉ်ပါက ကျန်းယွမ်ပင်၏ လေ့ကျင့်ရေးခန်းမသည် ပိုမိုကျယ်ဝန်းရုံသာမက အဆောက်အဦး၏ အလုံးစုံသည် ပို၍ပင် အဆင့်မြင့်လှသည်။

မေးမြန်းကြည့်သည့်အခါမှ ဤအဆင့်မြင့် လေ့ကျင့်ရေးပစ္စည်းများကို ကျန်းယွမ်ပင်က ကိုယ်တိုင်ဝယ်ယူခဲ့ကြောင်း ချူးယွင်ဖန်းက သိရှိလိုက်ရသည်။ ၎င်းတို့သည် စံနှုန်းမီပစ္စည်းများ မဟုတ်သော်လည်း အလွန်စျေးကြီးသည့် ပစ္စည်းများဖြစ်သည်။

“ငါ့ရဲ့ ဒီလေ့ကျင့်ရေးခန်းမက တိုက်ပွဲပုံစံ အစစ်အမှန်တွေကို ဖန်တီးနိုင်တယ်။ မင်းရဲ့လက်ရှိအခြေအနေအရဆိုရင်၊ ဒီတိုက်ပွဲအစစ်ပုံစံက မင်းကို အမြန်ဆုံးတိုးတက်စေမှာ သေချာတယ်"

ချူးယွင်ဖန်းက လေ့ကျင့်ရေးခန်းမ၏ အလယ်သို့ လျှောက်လှမ်းသွားသည်။ သူ၏ပတ်ဝန်းကျင်တစ်ခုလုံးသည် ရုတ်တရက် ကြီးမားသည့် စစ်မြေပြင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ချူးယွင်ဖန်းသည် ကောင်းကင်ကို ဖြတ်သန်းတိုက်ခတ်လာသော အေးစက်သည့်လေထုထဲ၌ သွေးညှီနံ့ကိုပင် ခံစားရနိုင်သည်။

ယင်းသည် ပုံရိပ်ယောင်မဟုတ်ဘဲ သရုပ်မှန်အစစ်ကို ဖန်တီးထားခြင်းသာဖြစ်သည်။ ရုတ်တရက်ဆိုသလိုပင် လူတစ်ရာကျော်ခန့်ရှိသော စစ်တပ်ကြီးက ချူးယွင်ဖန်း၏အရှေ့၌ ပေါ်ပေါက်လာသည်။

All Chapters