← Chapters

အခန်း (၄၈၇-၄၈၉)

Vol. 33 Ch. 487-489

အခန်း (၄၈၇-၄၈၉)

Vol. 33 Ch. 487-489

အခန်း (၄၈၇) အခက်ခဲဆုံး လေ့ကျင့်မှု၊ ထောင့်တိုင်းမှ စိန်ခေါ်မှုများ။

လူတစ်ရာခန့်ရှိသော စစ်တပ်မှ အင်အားကြီးမား၍ ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ထွက်ပေါ်လာသည်။ လူတစ်ရာသာရှိသော်လည်း ၎င်းတို့၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အငွေ့အသက်သည် အလွန်ထိတ်လန့် တုန်လှုပ်ဖွယ်ကောင်းသည်။ ချူးယွင်ဖန်းက အသက်ပြင်းပြင်းရှူလိုက်သည်။ ဤတပ်များသည် ခြေလျင်တပ်ကို အသုံးပြုသည့် တပ်တစ်ခု ဖြစ်ပေါ်ပုံသည်။ ၎င်းတို့သည် ခေတ်မီစစ်တပ်များ ဝတ်ဆင်ထားသည့် ချပ်ဝတ်တန်ဆာများနှင့် သိသိသာသာ ကွဲပြားသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြသည်။

၎င်းတို့ပြုလုပ်သမျှ လှုပ်ရှားမှုတိုင်းသည် စည်းချက်ညီ ပစ်ကွင်းတစ်ခုကဲ့သို့ တစ်ပြိုင်တည်း လှုပ်ရှားနေသည်။ ၎င်းတို့သည် စက်ယန္တရားတစ်ခုနှယ် စည်းစနစ်တကျ တူညီအောင်ပြုလုပ်နေခြင်းသည် မည်သူကိုမဆို ကြောက်လန့်စေမည်ဖြစ်သည်။

ဝူးရှ်။

ဝူးရှ်။

ဝူးရှ်။

စစ်တပ်က ညီညာစွာ စတင်ချီတက်လာ၍ ၎င်းတို့အားလုံးသည် နောက်ကျောမှ လှံရှည်များကို ထုတ်ယူကာ ချူးယွင်ဖန်းဆီသို့ ဦးတည်ချိန်ရွယ်လိုက်ကြသည်။ ရာနှင့်ချီသော မြှားများသည် ကောင်းကင်ကို ဖြတ်ကျော်၍ မြှားဖွဲ့စည်းပုံတစ်ခုကို ဝေဟင်အလယ်တွင် ဖန်တီးကာ ချူးယွင်ဖန်း၏ လမ်းကြောင်းကို ချက်ချင်း ပိတ်ပင်တားဆီးလိုက်သည်။

တစ်ခဏလေးအတွင်းမှာပင် မြှားများက ချူးယွင်ဖန်း၏အရှေ့ကို ရောက်ရှိလာကြသည်။ သို့သော် ချူးယွင်ဖန်း၏တုံ့ပြန်မှုသည် နှေးကွေးခြင်းမရှိပေ။ သူသည် လျှပ်စီးတစ်ခုကဲ့သို့ လျင်မြန်စွာလှုပ်ရှား၍ သူ့ဆီ ပျံသန်းလာသော မြှားဖွဲ့စည်းပုံကို ချက်ခြင်း ခုတ်ပိုင်းလိုက်သည်။

ဆက်တိုက် ပြင်းထန်စွာ ထိရိုက်ပြီးသည့်နောက်တွင်၊ သူ၏လက်မောင်း အနည်းငယ်မျှ ထုံကျဉ်လာခြင်းကို ခံစားလိုက်ရသော ချူးယွင်ဖန်းက အံ့ဩသွားသည်။ ဤမြှားများသည် သံချပ်ကာကိုထိုးဖောက်နိုင်သော ကျည်ဆန်များကဲ့သို့ လေးလံလှသည်။ အကယ်၍ လူတစ်ဦးတစ်ယောက်တွင် အားကောင်းသော ကျင့်ကြံမှုအခြေခံရှိမည်ဆိုလျှင်၊ ချီစွမ်းအင်ကို ၎င်းတို့၏ တိုက်ခိုက်မှုတွင် ထည့်သွင်းပြီးနောက်၊ ထုတ်လုပ်လိုက်သည့် စွမ်းအားသည် ခေတ်မီလက်နက်များထက် အဆင့်နိမ့်လိမ့်မည်မဟုတ်ပေ။

ချူးယွင်ဖန်း၏နှလုံးသားထဲတွင် ထိတ်လန့်တုန်လှုပ်နေသော်လည်း နှေးကွေးခြင်းမရှိဘဲ၊ စက္ကန့်ပိုင်းအတွင်းမှာပင် စစ်တပ်ထဲသို့ ချီတက်ပြီးဖြစ်သည်။ ချူးယွင်ဖန်းက ကျူးချွဲ့ဖြင့် ခုတ်ပိုင်းလိုက်သည်။ သူသည် ဓါးတစ်ချက်တည်းဖြင့် စစ်သားတစ်ဦးကို ခုတ်ပိုင်းမိခဲ့ရာ၊ ၎င်းသည် စွမ်းအင်အလုံးတစ်ခုအဖြစ်သို့ ပြောင်းလဲ၍ ပျောက်ကွယ်သွားတော့သည်။ သို့သော် ထိုအချိန်တွင် ချူးယွင်ဖန်းဆီသို့ မြောက်များစွာသော လှံရှည်များသည် လျှပ်စီးတစ်ခုကဲ့သို့ လျင်မြန်စွာရောက်ရှိလာသည်။

ချူးယွင်ဖန်းသည် လှံများကိုရှောင်တိမ်းရန် ပုံရိပ်ကိုးသွယ်ရွေ့လျားခြင်းသိုင်း၊ ပုံရိပ်ကိုးသွယ်ကိုယ်ပွါးရွေ့လျားခြင်းသိုင်းနှင့် လေပြေတိုက်ခတ်ခြင်းသိုင်းတို့ကို အလိုအလျောက် အသုံးပြုခဲ့သည်။ သို့သော် ချူးယွင်ဖန်းသည် ထိုကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် လှံသုံးချောင်းဖြင့် ထိုးစိုက်ခံခဲ့ရသေးသည်။ လှံများသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်တွင် အဖြူအကွက်များ ဖြစ်ပေါ်လာစေသည်။ သူသည် ပြင်းထန်သော ထိုးနှက်မှုများကို ဟန့်တားရန် အရေးကြီးသောအခိုက်အတန့်တွင် ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်ကို အသုံးပြုခဲ့သည်။

ဤသည်မှာ ချူးယွင်ဖန်းတစ်ဦးတည်းကသာ ပြုလုပ်နိုင်သော အရာဖြစ်သည်။ အခြားသာမန်လူများသာဆိုလျှင် နေရာမှာပင် သေဆုံးသွားမည်ဖြစ်သည်။ ချူးယွင်ဖန်းသည် မွန်းစတား အုပ်စုများစွာကို တိုက်ခိုက်ခဲ့ဖူးသော်လည်း ယင်းတို့သည် အကြောက်တရားကင်းမဲ့သော ဤစစ်သားများနှင့် နှိုင်းယှဉ်လျှင် မည်သည့်အဆင့်မျှမရှိပေ။ အစီအစဉ်တကျ ဖွဲ့စည်းပုံကို အသုံးပြုခြင်းဖြင့် ၎င်းတို့၏ အင်အားကို ၁၂၀%အထိ ပြသနိုင်ခဲ့သည်။ သာမန် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများလျှင်ပင် တခဏချင်း ရှုံးနိမ့်သွားပေလိမ့်မည်။

ချူးယွင်ဖန်းသည် လူနှစ်ဦး၊ သုံးဦးကို ရှေ့ဆင့်နောက်ဆင့် ခုတ်ပိုင်း၍ ကြီးမားသော ဝန်းရံမှုမှ လွတ်မြောက်ရန် ကြိုးစားခဲ့ကြသော်လည်း အခြားသော စစ်သားလေး၊ ငါးဦးတို့က လှံတံဖြင့် ထပ်မံထိုးနှက်ခဲ့ပြန်သည်။ ၎င်းတို့သည် ချူးယွင်ဖန်း၏ တစ်ဖက်တစ်ချက်တွင် ချီတက်နေကြသောကြောင့်၊ သူ့ကို ဆိုးရွားသော အခြေအနေသို့ ရောက်ရှိစေသည်။

ဤကဲ့သို့သော အုပ်စုတိုက်ပွဲများသည် ချူးယွင်ဖန်းနှင့် လုံးဝမရင်းနှီး‌သောအခြေအနေမျိုးဖြစ်သည်။

"ဓားသခင်၊ ကမ္ဘာမြေဓားများ"

ချူးယွင်ဖန်းသည် ရှည်လျားလှသောကျူးချွဲ့ ၏ ဓားစွမ်းအင်ကို အသုံးပြု၍ သုတ်သင်လိုက်ရာမှ စစ်သားများစွာကို ထိမှန်ခဲ့သည်။ ဤစစ်သားများ လွင့်စင်သွားသော်လည်း၊ နောက်ထပ် စစ်သားများစွာက ချက်ချင်းပင် အစားထိုးဝင်ရောက်လာသည်။ လူပေါင်းရာကျော်၏ တိုက်ခိုက်မှုသည် ပြင်းထန်သော လှိုင်းလုံးကြီးတစ်ခုကဲ့သို့ အဆုံးမဲ့လှသည်။

တိုက်ပွဲသည် နာရီဝက်နီးပါး ကြာမြင့်ခဲ့ပြီးနောက်၊ အဆုံးတွင် စစ်သားအားလုံးကို ချူးယွင်ဖန်းက သတ်ဖြတ်နိုင်ခဲ့သော်လည်း ယခုအချိန်တွင်မူ သူသည် မူလကသကဲ့သို့ တည်ငြိမ်မှုမရှိတော့ပေ။ သူ၏အဝတ်အစားသည်လည်း နေရာများစွာတွင် စုတ်ပြဲနေ၍၊ သူ၏ဒဏ်ရာများမှ သွေးများ စီးကျလျက်ရှိသည်။

သူ၏ခန္ဓာကိုယ်ရှိ ချီစွမ်းအင်အားလုံးကို အသုံးချခဲ့သည့် ရှားပါးသော မြင်ကွင်းတစ်ခုဖြစ်သည်။

"ဘယ်လိုလဲ။ အဆင်ပြေမယ်ထင်လား" ကျန်းယွမ်ပင်သည် ချူးယွင်ဖန်းဆီသို့ လမ်းလျှောက်လာကာ မေးမြန်းလိုက်သည်။

"အဆင်ပြေပါတယ်" ချူးယွင်ဖန်းက ခေါင်းညိတ်၍ ဖြေလိုက်သည်။

“ဒါက အစပဲရှိသေးတယ်။ မင်းရဲ့ကန့်သတ်ချက်တွေကို စမ်းသပ်မှာ။ နောက်တစ်ခုက မွန်းစတားတွေနဲ့ တိုက်ခိုက်ရမယ့် အသက်ရှင်နိုင်ခြေ အရမ်းနည်းတဲ့ တကယ့်တိုက်ပွဲမို့လို့။ မင်းသေသွားနိုင်တယ်"

"မင်းငါ့ကိုစိတ်မပျက်စေဖို့ပဲ မျှော်လင့်တယ်။ ငါ ရှဖန်နဲ့ တခြားလူတွေကို ဒီလိုလေ့ကျင့်ရေးနည်းလမ်းတွေနဲ့ လေ့ကျင့်ပေးမှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ သူတို့ စွမ်းရည်ရဲ့ အကန့်အသတ်ချက်ကြောင့် အလားအလာရှိမှာ မဟုတ်ဘူး။ သူတို့ကို အတင်းအကြပ် လေ့ကျင့်ခိုင်းမယ်ဆိုရင် သူတို့တွေ ထိခိုက်ကုန်ကြမှာ သေချာတယ်”

"ပြဿနာမရှိပါဘူး။ လုပ်ကြတာပေါ့"

ချူးယွင်ဖန်းသည် ဤတိုက်ပွဲတွင် သူ၏ ခွန်အားကို ပိုမိုကောင်းမွန်စွာ ခြယ်လှယ်နိုင်သည်ကို ခံစားနိုင်သည်။ သို့မဟုတ်သော် ဤသည်မှာ သူ၏ စွမ်းဆောင်နိုင်ရည် အားလုံးကို တွန်းထုတ်ပေးနေခြင်း ဖြစ်ပေလိမ့်မည်။ ဤသို့ အလွန်အန္တရာယ်များသော အခြေအနေမျိုးတွင် သူ၏ခွန်အား ၁၂% ကို အနည်းဆုံး ထုတ်လွှတ်နိုင်ရန်၊ ခွန်အား ၁၀%ကို အသုံးပြုရုံမှတပါး သူ့တွင်ရွေးချယ်စရာမရှိပေ။

ဤတိုက်ပွဲမှာ သာမန်လူတစ်ယောက်သာဆိုရင် ၎င်းတို့ အသက်ရှင်နိုင်ခြေ အခွင့်အလမ်း အနည်းငယ်သာရှိမည်ဖြစ်သည်။ ၎င်းတို့၏ ခွန်အားကို မြှင့်တင်နိုင်ခဲ့မည်ဆိုလျှင်လည်း အမြတ်များနှင့် ယှဉ်လျှင် ဆုံးရှုံးမှုက မတွက်ဆနိုင်အောင် များပြားပေလိမ့်မည်။

ကုသမှုခံယူပြီးနောက် ပြန်လည်ကောင်းမွန်လာသော ချူးယွင်ဖန်းသည် တိုက်ပွဲထဲသို့ ပြန်လည် ဝင်ရောက်ခဲ့သည်။ ဤတစ်ကြိမ် သူ၏အရှေ့တွင် ပေါ်လာတဲ့ စစ်တပ်သည် အင်အား အယောက်တစ်ရာသာရှိသေးသည်။ ဤစစ်တပ်၏ ဝတ်ဆင်ထားပုံများနှင့် ၎င်းတို့၏ လက်နက်များသည် ယခင်နှင့် ထပ်တူကြနေသော်လည်း၊ ယခင်ကနှင့် ယှဉ်လျှင် ၎င်းတို့၏ အရှိန်အဝါက ပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းတို့အားလုံးသည် မရီးဒျန်သန့်စင်ခြင်း၏ ဆဋ္ဌမအဆင့်တွင် ရှိနေကြသည်။ ၎င်းတို့ တစ်ဦးချင်းစီသည် ကြောက်မက်ဖွယ် အရောင်အဝါများကို ထုတ်လွှတ်နေသည်။

ချူးယွင်ဖန်းက အသက်ပြင်းပြင်းရှူ၍ စစ်တပ်ဆီသို့ ဦးတည်ချီတက်လိုက်သည်။ ချူးယွင်ဖန်းက ကျန်ယွမ်ပင်၏ ခက်ခဲသော လေ့ကျင့်မှုများကို ခံယူနေစဉ်တွင်၊ သူ၏ ကောင်းကင်ဘုံလင်းယုန်အဖွဲ့ဝင်များ နှင့် ကျန်းပိုင်ဖေးကို အနိုင်ယူခဲ့သည့်သတင်းအပါအဝင်၊ ကျန်းပိုင်ဖေး၏ ခြေထောက်များကို ရိုက်ချိုးခဲ့သည့် သတင်းများသည်၊ ကျောင်းတစ်ခွင်လုံး ပျံ့နှံ့သွားသည်။

ညတွင်းချင်း၌ပင်၊ လူအများကြားသို့ ချူးယွင်ဖန်း၏အမည် တစ်ဖန်ဝင်ရောက်လာပြန်သည်။

ယခုတစ်ခါသည် ယခင်ကနှင့် မတူပေ။ ချူးယွင်ဖန်း၏ ပထမဦးဆုံး နာမည်ကျော်ကြားမှုသည် ကျန်းလင်းရှောင်နှင့် သူ၏ မရဏတိုက်ပွဲကြောင့်ဖြစ်သည်။ ထိုအချိန်တွင် လူတိုင်းက သူ့ကို အလွန်မောက်မာသော ကျောင်းသားသစ်တစ်ဦးဟု ထင်မှတ်ကာ အောင်မြင်နိုင်ခြေမရှိဟု ထင်မှတ်ကြသည်

။

ယခုအချိန်တွင် ကွဲပြားသွားပြီဖြစ်သည်။ ချူးယွင်ဖန်းသည် ကောင်းကင်ဘုံလင်းယုန်အဖွဲ့တစ်ခုလုံးကို အလဲထိုးနိုင်ခဲ့သည့်အပြင်၊ ကျန်းပိုင်ဖေး၏ ခြေထောက်များကိုပင် ရိုက်ချိုးနိုင်ခဲ့သော ဤအကြောင်းအရာသည် ပြင်းထန်သော သတင်းတစ်ခုဖြစ်သည်။ ကျန်းပိုင်ဖေးသည် တတိယအဆင့်တွင်ရှိ၍ ဒီနှစ်၏ ကျောင်းသားများအနက် တတိယအဆင့် စွမ်းအားအကြီးဆုံးသူဖြစ်သည်။ သူသည် ထူးချွန်ပြောင်မြောက်သော အဆင့်အတန်းတွင်ရှိနေ၍ ချူးယွင်ဖန်း၏ အဆင့်သတ်မှတ်ချက်သည်မူ ပြောပြရန်ပင် ထိုက်တန်မည် မဟုတ်ပေ။ ထိုသို့သော အခြေအနေအောက်တွင် ချူးယွင်ဖန်း၏ တန်ပြန်တိုက်ခိုက်မှုသည် မည်သို့ပင် ရှုမြင်နေပါစေ မျှော်လင့်ချက်မဲ့သော တိုက်ခိုက်မှုမျိုးသာ ဖြစ်ပုံရသည်။

ချူးယွင်ဖန်းနှင့် ကျန်းလင်ရှောင်အကြား ကွာဟချက်သည် အလွန်ကြီးမားနေသေးသော်လည်း ယခင်ကလောက် မကြီးမားပေ။ ယခုအခါ ချူးယွင်ဖန်းသည် မိမိကိုယ်ကို ကာကွယ်ရန် အခွင့်အရေးတစ်ခု ရှိနေပြီဖြစ်သည်။ အချိန်တစ်ခုကြာသည်ထိ ချူးယွင်ဖန်း၏ ဂုဏ်သတင်း တိုးတက်လာခဲ့သည်။ စိန်ခေါ်မှုမျိုးစုံသည် နှင်းပွင့်များနှယ် သူ့ထံသို့ရောက်ရှိလာသည်။ ကျန်းပိုင်ဖေးသည် ကျွမ်းကျင်သူများစွာကို အနိုင်ယူနိုင်ခဲ့သော်လည်း ထိုတိုက်ခိုက်ချိန်မှစ၍ လအနည်းငယ်ကြာမြင့်ခဲ့ပြီဖြစ်သည်။ အချို့သည် ကျန်းပိုင်ဖေးထက် အနည်းငယ်မျှသာ အားနည်းသူများဖြစ်ရာ၊ ဤသို့ လအနည်းငယ်ကြာပြီးနောက်တွင် မည်သူက မည်သူ့ထက် ပို၍သန်မာလာသည်ကို အတတ်ပြောနိုင်မည် မဟုတ်ပေ။

ယခု ချူးယွင်ဖန်းက ကျန်းပိုင်ဖေးကို အနိုင်ယူခဲ့ပြီဖြစ်သောကြောင့်၊ ၎င်းတို့က ဖြစ်နိုင်ချေများကို တွေ့ရှိလိုက်ရသလို ခံစားရသည်။ ချူးယွင်ဖန်းကိုသာ အနိုင်ယူနိုင်ခဲ့လျှင် ကျန်းပိုင်ဖေးကို အနိုင်ယူခြင်းနှင့် တူညီပေလိမ့်မည်။

ချူးယွင်ဖန်းက အချိန်အတိုင်းအတာတစ်ခုအထိ စိန်ခေါ်မှုများစွာကို လက်ခံရရှိခဲ့သည်။

အခန်း (၄၈၈) ပထမအဆင့်နှင့် ဒုတိယအဆင့်မှ စိန်ခေါ်မှုများ

ကျန်းပိုင်ဖေးနှင့် ယှဉ်လျှင် ချူးယွင်ဖန်းသည် ရုတ်တရက် ပေါ်ပေါက်လာသူဖြစ်ရာ သူသည် ကျန်းပိုင်ဖေးလောက် ကြောက်မက်ဖွယ်မကောင်းပေ။ လူများစွာက မိမိတို့ကျော်ကြားလာစေရန် ချူးယွင်ဖန်းကို အနိုင်ယူချင်ကြသည်။

ချူးယွင်ဖန်းသည် အချိန်အတိုင်းအတာတစ်ခုအထိ လူအများ၏အမြင်တွင် အကောင်းဆုံးအခွင့်အရေးတစ်ခု ဖြစ်လာခဲ့သည်။ ပြည်ထောင်စုတက္ကသိုလ်တွင် ဆိတ်ဆိတ်နေခြင်းဖြင့် ငွေရှာခြင်းသည် လူကြိုက်မများကြပေ၊ မည်သိူ့ဆိုသော် ထူးချွန်ထက်မြက်သူဖြစ်လေလေ အရင်းအမြစ်များ များများရရှိလေ ဖြစ်သောကြောင့်သည်။ တိတ်တဆိတ် လာဘ်လာဘလုပ်ပြုခြင်းသည် အခွင့်အလမ်းများစွာကို လက်လွတ်ဆုံးရှုံးစေမည်ဟု ဆိုလိုသည်။

ကျန်းယွမ်ပင်က ချူးယွင်ဖန်းကို လေ့ကျင့်ပေးနေသကဲ့သို့၊ သူ၏ ထူးချွန်သော အရည်အချင်းကြောင့်သာ မဟုတ်လျှင်၊ ထိုသို့သော အခွင့်အရေးမျိုး ရရှိမည်မဟုတ်ပေ။ စွမ်းအင်ကို အသုံးပြု၍ စစ်တပ်တစ်ခု ဖန်တီးသည့်နည်းလမ်းသည် စျေးကြီး၍ ပြန့်ပွားရန်လည်း မဖြစ်နိုင်သောကြောင့် အထူးချွန်ဆုံးလူများသာ အသုံးပြုနိုင်သည့်အရာ ဖြစ်သည်။ ထို့ကြောင့် လူအများသည် တစ်ရှိန်ထိုး ထင်ပေါ်ကျော်ကြားလာရန် အာရုံစိုက်ခဲ့ကြသည်။ ၎င်းတို့သည် ပြဿနာကို ဖန်တီးဖို့ အာရုံစိုက်ခဲ့ကြသည်။ အားကြီးမားသောရန်သူကို အနိုင်ယူနိုင်ခြင်းသည် ထင်ပေါ်ကျော်ကြားရန် အမြန်ဆုံးနည်းလမ်းဖြစ်သည်။

ချူးယွင်ဖန်းသည် ကျန်းပိုင်ဖေးကိုအနိုင်ယူ၍ ကျန်းပိုင်ဖေး၏ခြေထောက်များကို ရိုက်ချိုးခဲ့ပြီးနောက်၊ နေ့ချင်းညချင်း ကျော်ကြားလာသည်။ ကျန်းပိုင်ဖေးသည် ဂေါင်ဟုန်ချီ၏ခြေထောက်များကို ရိုက်ချိုးခဲ့ပြီးနောက် အပြစ်ဒဏ်ပေးအပ်ခံရခြင်း မရှိသည့်အတိုင်း ချူးယွင်ဖန်းကိုလည်း ကျောင်းက အပြစ်ဒဏ်ပေးအပ်ခြင်းမရှိပေ။ တက္ကသိုလ်သည် ပို၍ထူးချွန်သော ကျောင်းသားများကို အမြဲတစေ ဘက်လိုလျက်ရှိသည်။

ယခုမူ၊ ချူးယွင်ဖန်းသည် လူအများ၏အမြင်တွင် ကျော်ကြားမှုအတွက် ခြေနင်းကျောက်တုံးတစ်ခုဖြစ်ခဲ့သည်။ ရလဒ်အနေဖြင့်၊ စိန်ခေါ်မှုအမျိုးမျိုးသည် နှင်းပွင့်လေးများသကဲ့သို့ ပျံ့လွင့်လာကြသည်။ သို့သော် ချူးယွင်ဖန်းသည် ဤစိန်ခေါ်မှုများကို စိတ်ဝင်စားခြင်းမရှိဘဲ၊ ယင်းအစား သူ၏ အခက်ခဲဆုံးလေ့ကျင့်မှုတွင် နှစ်မြှုပ်နေခဲ့သည် ကျန်းယွမ်ပင်ပြောခဲ့သည့်အတိုင်း ဤလေ့ကျင့်မှုသည် အမှန်တကယ် အခက်ခဲဆုံးလေ့ကျင့်မှု တစ်ခုဖြစ်ခဲ့သည်။ ပထမအကြိမ်တွင်၊ ချူးယွင်ဖန်းသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်အားလုံးကို အသုံးပြု၍သာ အင်အား ၁၀၀ မျှရှိသော စစ်တပ်ကို သုတ်သင်နိုင်ခဲ့သည်။ ဤသည်မှာ စတင်ရုံမျှသာရှိသေးရာ၊ ကြာကြာတိုက်ခိုက်လေ၊ ချူးယွင်ဖန်းက ပို၍မြင့်မားသော အန္တရာယ်များဖြင့် ရင်ဆိုင်ရလေဖြစ်သည်။ ရာချီသော တပ်တစ်ခုမျှသာဖြစ်သော်လည်း ၎င်းတို့သည် လှည့်ကွက်အမျိုးမျိုးကို ပြုလုပ်နိုင်ခဲ့သည်။

ထို့အပြင် ၎င်းစစ်တပ်၏အင်အားသည် ဆက်လက် တိုးမြင့်လာခဲ့သည်။ အစပိုင်းတွင် ချူးယွင်ဖန်းက ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်ကို အမှီပြု၍ သာမာန်တိုက်ခိုက်မှုများကို အလွယ်တကူ ရှောင်တိမ်းနိုင်ခဲ့သည်။ ၎င်းတို့က ချူးယွင်ဖန်း၏ ခံစစ်ကို ဖြတ်ကျော်နိုင်လျှင်ပင် ကွဲရှဒဏ်ရာမျှ ပြုလုပ်နိုင်၍ ဒဏ်ရာ ကြီးကြီးမားမား ပြုလုပ်နိုင်ခြင်းမရှိပေ။ သို့သော် ထိုစစ်သားများ၏ အင်အားများ တိုးလာသည်နှင့်အမျှ ၎င်းတို့၏ တိုက်ခိုက်မှုများသည်လည်း အန္တရာယ်များလာတော့သည်။ ချူးယွင်ဖန်းတွင် ကိုယ်ကိုယ်ကို ကာကွယ်ရန် ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်ရှိနေသောကြောင့် သူ့အတွက် လှံဖြင့် ထိုးနှက်ခံရခြင်းသည် ကြီးကြီးမားမားကိစ္စ မဟုတ်ပေ။ သာမန်လူတစ်ယောက်သာဆိုလျှင် ၎င်းတို့၏လက်တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။

ထို့နောက်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိခြင်းသည် ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်လာ၍ ချူးယွင်ဖန်း ထပ်ခါတလဲလဲ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ သူ၏လက်တစ်ဘက်လုံး အကြိမ်းပေါင်းများစွာ ဖြတ်တောက်ခံခဲ့သည်အထိ ဖြစ်ပွားခဲ့ရာ၊ ယနေ့ခေတ် နည်းပညာတိုးတက်မှုများကြောင့် ထိုကဲ့သို့သော ရက်စက်ကြမ်းကြုတ်သည့် လေ့ကျင့်ရေးနည်းလမ်းများကို ပြုလုပ်နိုင်ခြင်းသာဖြစ်သည်။ အကယ်၍ ရှေးဟောင်းလူသားများကာလကသာဆိုလျှင်၊ ဤကဲ့သို့ ဒဏ်ရာများနှင့် ပတ်သက်၍ မည်သို့မျှ ကုသနိုင်မည် မဟုတ်ပေ။

ထိုသို့သော အခြေအနေအောက်တွင် ချူးယွင်ဖန်း၏ ရပ်တန့်နေသော ကျင့်ကြံမှုများ လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သူသည် ဤကဲ့သို့ အတင်းအကြပ် တွန်းအားပေးခံရသည့်အချိန်တွင် သူ၏စွမ်းဆောင်နိုင်ရည် အားလုံးကို ဖွင့်ထုတ်ပေးနိုင်ခဲ့သည်။

ချူးယွင်ဖန်း၏နေ့စဉ်ဘဝတွင် စစ်မြေပြင် တိုက်ပွဲဝင်ခြင်းမဟုတ်လျှင် လဲလျောင်း၍ ပြန်လည်ကုသခြင်းကိုသာ ပြုလုပ်ခဲ့ရသည်။ သူ၏ စာပုံးများကိုလည်း ပိတ်ပင်ထားခဲ့သည်။ သူသည် အပြင်ဘက်ရှိ မုန်တိုင်းများကို အာရုံစိုက်ရန်ပင် ရည်ရွယ်ချက်မရှိခဲ့ပေ။ ဂေါင်ဟုန်ချီလျှင်ပင် ချူးယွင်ဖန်းကို မတွေ့ခဲ့ရပေ။

ကျန်းပိုင်ဖေး၏ခြေထောက်များကို ချူးယွင်ဖန်းက ရိုက်ချိုးခဲ့သည့်ကိစ္စကို သိရှိပြီးနောက် သူသည် ချက်ချင်းပင် စိတ်သက်သာရာရသွားခဲ့သည်။ ကျန်းပိုင်ဖေး၏ ခွန်အားဖြင့်သာဆိုလျှင် သူ၏ရိုက်နှက်မှုသည် အချည်းနှီးဖြစ်မည်ဟု ထင်မှတ်ထားခဲ့သည်။ ချူးယွင်ဖန်းသည် မိမိကိုယ်စား အောင်မြင်စွာ လက်စားချေနိုင်ခဲ့မည်ဟု မည်သူသိမည်နည်း။ သို့သော် ချူးယွင်ဖန်းနှင့် အဆက်အသွယ် ပျက်တောက်သွားသည့်နောက်တွင် ချူးယွင်ဖန်းက သီးသန့်ကျင့်ကြံခြင်း ပြုလုပ်နေမည်ကို သူသိထားသည်။

ဂေါင်ဟုန်ချီသည် ဆေးရုံမှဆင်းလာပြီးနောက်တွင် ဧကရာဇ်နန်းတော်ကို အားကြိုးမာန်တက် ချဲ့ထွင်နေခဲ့သည်။ လူများစွာသည် ဝက်ဝံ၏နှလုံးသား၊ ကျားသစ်၏ ကလီစာများကို မစားသုံးခဲ့ပါက ချူးယွန်ဖန်း၏ ကြောက်မက်ဖွယ် ဂုဏ်သတင်း အာမခံချက်ဖြင့်သာဆိုလျှင် ဧကရာဇ်နန်းတော်ကို ပြဿနာရှာရဲကြမည် မဟုတ်ပေ။

'ကျန်းပိုင်ဖေးက ဘယ်သူလဲ'

သူသည် ဒီနှစ်၏ ထိပ်တန်းကျောင်းသားများတွင် အဆင့်သုံးနေရာတွင် ရှိနေသူဖြစ်သည်။ ပြီးနောက် ချူးယွင်ဖန်းသည် ကောင်းကင်ဘုံလင်းယုန်အဖွဲ့တစ်ခုလုံးကို ဆယ်မိနစ်အတွင်း အနိုင်ယူခဲ့ရုံသာမက၊ ကျန်းပိုင်ဖေးသည်ပင် သူ၏ရိုက်နှက်ခြင်းကိုခံခဲ့ရသည်။

ဤအတွေ့အကြုံအရ ဧကရာဇ်နန်းတော်ကို တိုက်ခိုက်ရန် ကြံစည်ဝံ့သူများ ရှိကြတော့မည်မဟုတ်ပေ။ ပြဿနာရှာဝံ့လျှင်၊ ချူးယွင်ဖန်းနှင့် ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုတာကို လူတိုင်းနားလည်ကြသည်။ ဧကရာဇ်နန်းတော်နှင့်ပတ်သက်၍ ပြဿနာရှာခြင်းသည် ချူးယွင်ဖန်းသည် အလွန်အမင်း ဒေါသထွက်စေရုံမှအပါး အခြားအသုံးဝင်မည် မဟုတ်ပေ။ မည်သို့ဆိုသော် ဧကရာဇ်နန်းတော်သည် ယခုမှတည်ထောင်ခါစသာဖြစ်သောကြောင့် ချူးယွန်ဖန်းအတွက် များစွာအထောက်အကူပြုမည်မဟုတ်ပေ။ ၎င်းက ပျက်စီးသွားလျှင်ပင် ထိခိုက် ကြီးကြီးမားမား ရှိမည်မဟုတ်ပေ။ ကျန်းလင်းရှောင်အပေါ် သက်ရောက်မှုကြီးမားသည့် ကျောင်းသားကောင်စီ ဖျက်ဆီးခံခြင်းနှင့် ကွာခြားမည်ဖြစ်သည်။

ထို့ကြောင့် ဂေါင်ဟုန်ချီ၏ ဧကရာဇ်နန်းတော်ကို ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းစဉ်သည် ချောမွေ့စွာ ပြီးဆုံးသွားသည်။ သူသည် ဘက်ပေါင်းစုံမှ အထူးအာရုံစိုက်ခြင်းကို ခံစားနေရသည်။ မူလက ဧကရာဇ်နန်းတော်သို့ မည်သူမျှ ပါဝင်လိုစိတ် မရှိကြသော်လည်း ယခုအခါတွင် ကျောင်းသားသစ်များစွာက ဆက်တိုက်ဝင်ရောက်လာကြသည်။ ဧကရာဇ်နန်းတော်၏ အစီအစဥ်များကို မေးမြန်းရန် လာခဲ့ကြသော ဒုတိယနှစ်ကျောင်းများစွာပင် ရှိနေသေးသည်။

ဧကရာဇ်နန်းတော်သို့ဝင်ရောက်သူတိုင်းကို ကျန်းပိုင်ဖေးပြောကြားခဲ့သော စကားသည် ဟာသတစ်ခုဖြစ်လာပုံရသည်။ သူ၏ခြေထောက်များကို တစ်စုံတစ်ယောက်က ရိုက်ချိုးခဲ့ပြီးနောက်၊ သူ၏ထိုစကားများက မည်သို့ ဟန့်တားနိုင်တော့မည်နည်း။

ချူးယွင်ဖန်းက သူလက်ခံရရှိသော စာတိုများကို အကြောင်းပြန်ခြင်း မရှိခဲ့ပေ။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းကိစ္စသည် တဖြည်းဖြည်း ကွယ်ပျောက်လာတော့သည်။ ၎င်းတို့သည် ဤကိစ္စကို ထာဝရ အာရုံစိုက်ထားရန် မဖြစ်နိုင်ပေ။ ချူးယွင်ဖန်းက စိန်ခေါ်မှုများကို အကြောင်းမပြန်သည့်အပြင်၊ သူ၏စိန်ခေါ်သူများက ချူးယွင်ဖန်းကိုပင် ရှာလိုမတွေ့နိုင်သည့် အခြေအနေမျိုးတွင်၊ အရာအားလုံးဟာ မြန်မြန်ဆန်ဆန် ငြိမ်သက်သွားတော့သည်။

သို့သော် စိန်ခေါ်သူနှစ်ဦး၏ အသွင်အပြင်သည် ဤကိစ္စကို ထိပ်ဆုံးသို့ရောက်အောင် ထပ်မံတွန်းပို့ခဲ့သည်။ ၎င်းတို့သည် သုန်ဖန်ဟောက်နှင့် မေ့ဟိုက်ယွင်တို့ဖြစ်၍ ချူးယွင်ဖန်းထက် အဆင့်နှစ်ဆင့် မြင့်မားသူများဖြစ်ကြသည်။ ချူးယွင်ဖန်းက ကောင်းကင်ဘုံလင်းယုန်အဖွဲ့ကို အနိုင်ယူပြီးနောက်တွင် ချူးယွင်ဖန်း၏ ခွန်အားအတိုင်းအတာကို လူများစွာက စတင်တွေးတောလာကြသည်။ ၎င်းသည် အစမှ အဆုံးအထိ အံ့ဩဖွယ် တိုက်ပွဲတစ်ခု ဖြစ်ခဲ့သောကြောင့်ဖြစ်သည်။

လူများစွာက ချူးယွင်ဖန်း၏ အင်အားကို မြင်နိုင်ကြရာ၊ သူသည် ကျန်းပိုင်ဖေးနှင့်ယှဉ်လျှင် အဆင့်တစ်ဆင့်ခန့် ပို၍သန်မာသည်။ ထို့ကြောင့် လူအမြောက်အမြားသည် ချူးယွင်ဖန်း၏ ခွန်အားကန့်သတ်ချက်ကို မှန်းဆနေကြသည်။ ၎င်းတို့အများစုသည် ချူးယွင်ဖန်းကို သုန်ဖန်ဟောက်၊ မေ့ဟိုက်ယွင်တို့နှင့်ပါ နှိုင်းယှဉ်နေကြသည်။ တစ်ကြိမ်၊ နှစ်ကြိမ်မျှဆိုလျှင် မပြောပြလောက်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထိုသို့သော နှိုင်းယှဥ်သံများ ပို၍ကျယ်ပြန့်လာခဲ့သည်။

အဆုံးတွင် ၎င်းတို့နှစ်ယောက်ဆီသို့ ရောက်ရှိသွားသည်။ ၎င်းတို့သည် မောက်မာသူများ ဖြစ်ကြရာ၊ ချူးယွင်ဖန်း၏ ခွန်အားက ၎င်းတို့ထက်သာလွန်သည်ဟု လူအများက ထင်မြင်ယူဆနေကြသောအခါ ၎င်းတို့သည်လည်း ထုံးစံအတိုင်း လျစ်လျူရှုထား၍ မရတော့ပေ။

ကိုယ်အကျိုးအတွက် ဖြစ်ပါစေ၊ အများသူငှာ ထင်မြင်ချက်များအတွက် ဖြစ်ပါစေ၊ ဆိတ်ကွယ်ရာအရပ်တွင် ထိုင်နေကြတော့မည် မဟုတ်ပေ။ ထို့ကြောင့် စိန်ခေါ်မှုတစ်ခုပြီးတစ်ခုကို နှင်းပွင့်များကဲ့သို့ ပျံ့လွင့်စေတော့သည်။ ယခုနှစ်၏ ပထမနှင့် ဒုတိယအဆင့်တွင် ရှိနေသူနှစ်ဦးပင် ချူးယွင်ဖန်းကို စိန်ခေါ်ခဲ့ခြင်းသည် ဤကိစ္စသည် ပို၍ပင် လူသိများလာစေသည်။ လူတိုင်းသည် ချူးယွင်ဖန်းက မည်သို့တုံ့ပြန်မည်ဆိုတာကို စောင့်မျှော်နေကြသည်။

လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ အကြောင်းပြန်မှု တစ်ခုတော့ ရှိပေလိမ့်မည်။ သို့သော် ချူးယွင်ဖန်းသည်ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားသည့်ပုံရသည်။ သူ့ထံမှ စကားတစ်ခွန်းမှ ကြားသိရခြင်းမရှိရာ၊ အချိန်ကြာလာသည်နှင့်အမျှ ကောလာဟလနှင့် အသရေဖျက်မှု အမျိုးမျိုး တိုးပွားလာတော့သည်။

အခန်း (၄၈၉) တစ်လအကြာတွင် ပြန်လည်ထွက်ပေါ်လာခြင်း။

မေ့ဟိုက်ယွင်နှင့် သုန်ဖန်ဟောက်တို့၏ စိန်ခေါ်စာသည် ငြိမ်သက်သွားသော ဤကိစ္စကို တစ်ဖန်ပြန်လည်ဆူပွက်လာကာ လူတိုင်းက အာရုံစူးစိုက်စေခဲ့သည်။

ကျန်းပိုင်ဖေးကိုအနိုင်ယူပြီးနောက် ချူးယွင်ဖန်း၏ တိုက်ခိုက်နိုင်စွမ်းအစစ်အမှန်ကို မည်သူမျှမသိခဲ့သော်လည်း၊ သူသည် သန်မာသောလူငယ်များထဲမှ တစ်ဦးဖြစ်သည်မှာ အသေအချာပင်ဖြစ်သည်။

မေ့ဟိုက်ယွင်နှင့် သုန်ဖန်ဟောက်တို့၏ စိန်ခေါ်စာများနှင့်ပတ်သက်၍၊ ၎င်းသည် ထိပ်တန်းကျောင်းသားများအကြားက တိုက်ပွဲတစ်ခုဟု လူအများက ထင်မြင်ကြသည်။ ၎င်းတို့နှင့် ပတ်သက်၍ မည်သည့်စစ်ပွဲဖြစ်ပါစေ သံသယဖြစ်စရာမရှိအောင် အလွန် စိတ်လှုပ်ရှားဖွယ်ကောင်းပေလိမ့်မည်။ ချူးယွင်ဖန်းသည် ကျန်းပိုင်ဖေးကို အနိုင်ယူခဲ့သော်လည်း ၎င်းသည် ရုတ်ချည်း ဖြစ်သွားခဲ့ခြင်းသည်။ လတော်တော်များများက အွန်လိုင်းမှာတင်ထားသော ဗီဒီယိုမှ ကြည့်ရှုခဲ့ကြခြင်းဖြစ်သည်။ အကယ်၍ တိုက်ပွဲတစ်ခု ထပ်မံဖြစ်ပွားခဲ့လျှင် ဤမျှ အလျင်စလို ဖြစ်လိမ့်မည် မဟုတ်ပေ။

သို့သော် အပြင်လောကက မည်မျှ စောင့်ဆိုင်းနေပါစေ၊ လူပေါင်းမည်မျှ ဆွေးနွေးနေကြပါစေ ဤကိစ္စသည် လုံးလုံးလျားလျား မတည်ရှိသည့် ကိစ္စကဲ့သို့ ချူးယွင်ဖန်းက အကြောင်းပြန်ခြင်းမရှိပေ။ ဤသည်မှာ လူတစ်ချို့ကို အတင်းစကား စတင်ပြောဆိုစေသည်။ အထူးသဖြင့် မေ့ဟိုက်ယွင်နှင့် သုန်ဖန်ဟောက်တို့၏ အားပေးသူများနှင့် နောက်လိုက်များ၏အမြင်တွင် ချူးယွင်ဖန်းက စိန်ခေါ်မှုကို လက်မခံရဲသောကြောင့်ဖြစ်သည်။

ကျန်းပိုင်ဖေးက တတိယနေရာမှာသာရှိသောကြောင့် ချူးယွင်ဖန်း၏ အခြေအနေက ကွဲပြားခြားနားသည်။ သူနှင့် ပထမ၊ ဒုတိယနေရာကြားတွင် ကွာဟချက်ရှိနေသေးသည်။ အတင်းအဖျင်းစကားများက နေရာတိုင်းကို ပျံ့နှံ့လာသည်။ လူအများ၏အမြင်တွင် ချူးယွင်ဖန်းသည် စိန်ခေါ်မှုကို ရှောင်နေပုံရသည်။ ထစ်ငေါ့ပြောဆိုသော စကားတစ်ချို့လည်း ပေါ်ပေါက်လာတော့သည်။

လူအများ၏လွှမ်းမိုးမှုအောက်တွင် ဤကိစ္စသည် စကားစမြည်ပြောဆိုရန် ကိစ္စတစ်ခုဖြစ်လာတော့သည်။ လူအချို့က ချူးယွင်ဖန်း၏ ဂုဏ်သိက္ခာကို တိုက်ခိုက်နေကြ၍ အချို့ကမူ စိန်ခေါ်မှုများကို လက်ခံရန် တွန်းအားပေးနေကြသည်။ အချိန်အတော်ကြာသည်အထိ ကောလဟာလပေါင်းများစွာ ပျံ့နှံ့နေသည်။

ချူးယွင်ဖန်းက စိန်ခေါ်မှုများကို လက်ခံရန် လူထု၏ သဘောထား ဖိအားက လုံလောက်မည်ဟု ၎င်းတို့က ထင်မြင်ကြသည်။ သူအနိုင်ရသည်ဖြစ်စေ ရှုံးသည်ဖြစ်စေ တော်တော်များများက ပျော်ပျော်ရွှင်ရွှင် စောင့်ကြည့်လိုသော အရာဖြစ်သည်။

ချူးယွင်ဖန်းက သူ၏ စာပုံးများကို ပိတ်ခဲ့ကြောင်း ဤသတင်းများကို မရရှိခဲ့ကြောင်းကို ၎င်းတို့မသိခဲ့ပေ။ ကျန်းယွမ်ပင်သည် ထိုစိန်ခေါ်မှုများကို သိသော်လည်း အရေးကြီးသည့်ကိစ္စဟု မထင်မှတ်ပေ။ ချူးယွင်ဖန်းက အာရုံထွေပြားမှာကို စိုးရိမ်သောကြောင့် မပြောခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ချူးယွင်ဖန်းက အပြင်းအထန် လေ့ကျင့်နေသည်။ အချိန်ကြာလာသည်နှင့်အမျှ ချူးယွင်ဖန်း၏ ဒဏ်ရာပြင်းထန်ရရှိသည့် အကြိမ်အရေအတွက်သည်လည်း တိုးမြင့်လာခဲ့သည်။ နေ့တစ်နေ့လုံးတွင် ရပ်ဆိုင်းခြင်းမရှိဘဲ ဒဏ်ရာပြင်းပြင်းထန်ထန် အကြိမ်ပေါင်းများစွာရရှိခဲ့သည်။

ကံကောင်းထောက်မစွာ၊ ကျန်းယွမ်ပင်၏ လေ့ကျင့်ရေးခန်းမတွင် အနည်းဆုံးလျှင် ပြင်ပကမ္ဘာထက် အနှစ်နှစ်ဆယ်ခန့် ပိုမိုအဆင့်မြင့်သည့် ဆေးဘက်ဆိုင်ရာ နည်းပညာများရှိနေသောကြောင့် ချူးယွင်ဖန်းက ဒဏ်ရာပြင်းထန်စွာရရှိပြီးတိုင်း လျှင်မြန်စွာ ပြန်လည်ကောင်းမွန်လာနိုင်ခြင်းဖြစ်သည်။ ထိုအခြေအနေမျိုးတွင် ချူးယွင်ဖန်း၏ ခွန်အားသည် ခုန်ပျံကျော်လွှား၍ တိုးတက်လာသည်။ ပို၍အရေးအကြီးသည်မှာ၊ ယခင်က သန်မာခဲ့သော်လည်း အပြည့်အဝ မပြနိုင်ခဲ့သော သူ၏ ခွန်အားအပေါ် ထိန်းချုပ်နိုင်စွမ်း တဖြည်းဖြည်း တိုးလာခဲ့သည်။

အခက်ခဲဆုံးလေ့ကျင့်မှုများကို တစ်လခန့် ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးသည့်နောက်တွင်၊ ချူးယွင်ဖန်းက ပို၍ စွမ်းဆောင်နိုင်လာသည်။ သူ၏ ခွန်အားများတိုးတက်လာ၍ သူ၏စွမ်းရည်များ မြင့်မားလာတိုင်း လေ့ကျင့်ရေး၏ခက်ခဲမှုကို ကျန်းယွမ်ပင်က တိုးမြင့်ခဲ့သည်။ ထို့နောက် ချူးယွင်ဖန်းသည် နှိပ်စက်ညှဉ်းပန်းမှုကို ဆက်လက်၍ ခံစားခဲ့ရသည်။ တခြားသူသာဆိုလျှင် သည်းခံနိုင်မည်မဟုတ်သော်လည်း ချူးယွင်ဖန်းက သူ၏ပြင်းပြသော ဇွဲလုံ့လကို အားကိုး၍ သည်းခံကြိုးပမ်းခဲ့သည်။

အခက်ခဲဆုံးလေ့ကျင့်မှုက အရေးပါမှုကို ချူးယွင်ဖန်းက သိထားသည်။ ဤနည်းလမ်းကြောင့် မဟုတ်လျှင် အချိန်တိုတိုအတွင်း တိုးတက်မြင့်မားလာမည် မဟုတ်သလို၊ နောင်တွင်လည်း ကျန်းလင်းရှောင်နှင့် ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။

ချူးယွင်ဖန်းသည် မရီးဒျန်သန့်စင်ခြင်း စတုတ္ထအဆင့်၏ အထွတ်အထိပ်သို့ အမှန်တကယ် ဖြတ်ကျော်သွားသည့်အချိန်မှသာ အခက်ခဲဆုံးလေ့ကျင့်မှု ပြီးဆုံးသွားတော့သည်။ မည်သို့ဆိုသော် ချူးယွင်ဖန်းသည် အခက်ခဲဆုံးလေ့ကျင့်မှု ထပ်မံမပြုလုပ်မီ သီးသန့်ကျင့်စဉ်သို့ ဝင်ရောက်၍ ပဉ္စမအဆင့်သို့ အဆင့်ဖြတ်ကျော်ရမည်ဖြစ်သည်။ ဤတစ်လအတွင်းတွင်၊ ချူးယွင်ဖန်းသည် ကျန်းယွမ်ပင်၏ လေ့ကျင့်ရေးခန်းမမှ အပြင်သို့မထွက်သည့်အပြင်၊ နေရောင်ခြည်ဖြင့်ပါ မထိတွေ့ခဲ့ရပေ။ ချူးယွင်ဖန်းက အပြင်သို့ထွက်သောအခါ သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ ပြောင်းလဲမှုများကို ခံစားလိုက်ရသည်။ ငရဲကို ဖြတ်လျှောက်လာခြင်းကြောင့်၊ သူ၏ စိတ်ဝိညာဉ်တစ်ခုလုံး ပြောင်းလဲသွားသကဲ့သို့ ခံစားရလိုက်ရသည်။

ချူးယွင်ဖန်း ကိုယ်တိုင်ပင် သူဤမျှ ဇွဲရှိခဲ့မည်ဟု မထင်ထားခဲ့ပေ။

ကျန်းယွမ်ပင်က ကရုဏာမရှိခဲ့သော်လည်း၊ ဤ လတို အထူးလေ့ကျင့်ရေးသည် ကျန်းယွမ်ပင်အတွက် ရန်ပုံငွေ သန်းပေါင်းများစွာ ကုန်ကျခဲ့ကြောင်း ချူးယွင်ဖန်းက သိနေသည်။ စစ်တပ်ကို ထိန်းသိမ်းရန်ပင် အလွန်ကြီးမားသော အသုံးစရိတ်လိုအပ်သည်။

ကံကောင်းထောက်မစွာ၊ ချူးယွင်ဖန်းသည် ကျန်းယွမ်ပင်ကို စိတ်မပျက်စေခဲ့ပေ။ တစ်လအကြာတွင် ချူးယွင်ဖန်း၏ ခွန်အားသည် ကြီးမားသောအဆင့်သို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ အကယ်၍ ကျန်းပိုင်ဖေးသာ သူ၏ရှေ့တွင် ထပ်မံပေါ်ပေါက်လာပါက၊ ကျန်းပိုက်ဖေးကို သိုင်းကွက်အနည်းငယ်ဖြင့် ဖြေရှင်းနိုင်မည်ဖြစ်သည်။

ယခုလအတွင်း ချူးယွင်ဖန်း၏ ခွန်အားတိုးတက်မှုမှာ အဓိကဖြစ်စဉ်မဟုတ်ပေ။ အဓိကဖြစ်စဉ်မှာ သူ၏ခွန်အား ထိန်းချုပ်နိုင်စွမ်းသည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိခဲ့၍၊ သူ၏စွမ်းဆောင်နိုင်ရည်များ ပိုမိုတိုးမြင့်လာခဲ့သည်။

ချူးယွင်ဖန်းက သူ့ကိုစောင့်ဆိုင်းနေကြသူများ ရှိနေသည်ကို မသိသေးပေ။ သူထွက်ပေါ်လာသည့်နှင့် သူ၏ ပြန်လည်ပေါ်လာသည့်သတင်းသည် တက္ကသိုလ်တစ်ခုလုံးတွင် တောမီးကဲ့သို့ ပျံ့နှံ့သွားသည်။ အစပိုင်းတွင် ဤကိစ္စကို အာရုံစိုက်ချင်သူ အများအပြား မရှိခဲ့ပေ။ သို့သော် ချူးယွင်ဖန်း၏ မတုံ့ပြန်ခြင်းမရှိခဲ့ဘဲ၊ ဤကိစ္စကြာရှည်သွားသည့်နောက်တွင် လူအများက ပိုမို၍ အာရုံစိုက်လာကြသည်။ အခြေအနေ များစွာသည်လည်း မမျှော်လင့်ထားသည့် အဆင့်သို့ ရောက်ရှိနေသည်။

ချူးယွင်ဖန်းက သူ၏စာပုံးကို ဖွင့်လိုက်သည်နှင့် ချက်ချင်းပင် သတင်းများ စုပြုံဝင်ရောက်လာတော့သည်။ ချူးယွင်ဖန်းက လမ်းလျှောက်ရင်း သတင်းများကို စစ်ဆေးနေသည်။ ထိုမှသာလျှင် မိမိက သီးသန့်ကျင့်ကြံနေစဉ်ကာလ၌ ဖြစ်ပျက်ခဲ့သမျှကို သိရှိခဲ့သည်။ ထို့အပြင် မိမိ၏တုံ့ပြန်မှု အားနည်းခြင်းသည် အဆိုပါကိစ္စကို ပိုမိုပြင်းထန်လာစေသည်။ သို့သော် အနည်းငယ် တွေးတောပြီးနောက် ဤကိစ္စကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်သည်။ တာအိုညီလာခံ မကျရောက်ခင် အချိန်အနည်းငယ်သာ ကျန်ရှိတော့သောကြောင့် ဤကိစ္စကို အာရုံစိုက်ရန် မလိုတော့ပေ။

ယခုနှစ် ညီလာခံသည် ပြည်ထောင်စုတက္ကသိုလ်တွင် မဟုတ်ဘဲ နက္ခတ်ဂိုဏ်း၏ နယ်မြေတွင် ကျင်းပမည်ရဖြစ်သည်။ အချိန်သိပ်မကျန်ရှိတော့သည်ဖြစ်ရာ၊ ချူးယွင်ဖန်းသည် မရီးဒျန်သန့်စင်ခြင်း၏ ပဉ္စမအဆင့်သို့ ဖြတ်ကျော်ရန်၊ ဤကျန်ရှိနေသော အချိန်အနည်းငယ်ကို အသုံးပြုရမည်ဖြစ်သည်။ ထိုနည်းအားဖြင့် သူ၏ခွန်အား ပိုမိုကြီးမားလာပေလိမ့်မည်။

ချူးယွင်ဖန်းက သတင်းများကို ဖတ်လို့ပြီးဆုံးသွားသည့်နောက်တွင် သူ၏အိမ်နှင့် နီးကပ်နေပြီဖြစ်သည်။ သို့သော် မည်သည့်အချိန်ကမှန်းမသိ၊ လူပေါင်းများစွာက သူ၏အရှေ့သို့ ပေါ်ပေါက်လာသည်။

ချူးယွင်ဖန်း ပေါ်ပေါက်လာသည်ဟူသော သတင်းသည် ပြည်ထောင်စုတက္ကသိုလ်တစ်ခုလုံးသို့ လျင်မြန်စွာပျံ့နှံ့သွားရာ၊ ချူးယွင်ဖန်းကို စိန်ခေါ်လိုသူအများအပြား စုရုံးလာတော့သည်။

ယခုလည်း ချူးယွင်ဖန်းက ထိုသို့သောအဖွဲ့နှင့် ရင်ဆိုင်နေရသည်။ ၎င်းတို့အနက် ချူးယွင်ဖန်း၏ မိတ်ဆွေဟောင်းများပင် ပါဝင်နေကြသည်။

All Chapters