← Chapters

အခန်း (၄၉၀-၄၉၂)

Vol. 33 Ch. 490-492

အခန်း (၄၉၀-၄၉၂)

Vol. 33 Ch. 490-492

အခန်း(၄၉၀) ငါအလျင်လိုနေတယ် ငါ့ကို အတူတူတိုက်ကြစမ်း

[ဘာသာပြန်သူမှတ်စု။ ။ အခန်း ၄၉၀ သည် အခန်း ၄၈၈ နှင့် ၄၈၉ တို့ကို ပေါင်းရေးထားခြင်းဖြစ်နိုင်သည်]

ကျန်းပိုင်ဖေးနှင့်ယှဥ်လျှင် ချူးယွင်ဖန်းသည် မည်သည့်နေရာကမှန်းမသိပေါ်လာခဲ့ခြင်းဖြစ်ကာ ကျန်းပိုင်ဖေးကဲ့သို့ ကြောက်လန့်နေခြင်းမရှိပေ။ လူများစွာသည် ချူးယွင်ဖန်းကို အနိုင်ယူ၍ နာမည်ကျော်ကြားလာချင်ကြသည်။

ချူးယွင်ဖန်းသည် အချိန်အတိုင်းအတာတစ်ခုအထိ လူအများ၏ မျက်လုံးထဲတွင် အကောင်းဆုံးအခွင့်အရေးတစ်ခု ဖြစ်လာခဲ့သည်။ ပြည်ထောင်စုတက္ကသိုလ်တွင် ဆိတ်ဆိတ်နေခြင်းသည် လူကြိုက်မများလှသောကြောင့်၊ လူကြိုက်များကာ ထူးခွန်သူဖြစ်လေ အရင်းအမြစ်များများရရှိနိုင်လေပင်ဖြစ်သည်။ ထို့ကြောင့် တိတ်တဆိတ် မထင်မပေါ် ကံကြမ္မာရေးထိုးခြင်းသည် အခွင့်အရေးများစွာကို လက်လွတ်ဆုံးရှုံးစေနိုင်သည်။

ချူးယွင်ဖန်းကဲ့သို့ ကျန်းယွမ်ပင်၏လက်ထဲတွင် လေ့ကျင့်ခံထားရသောသူမျိုးကဲ့သို့ပင်ဖြစ်သည်။ ချူးယွင်ဖန်း၏ ထင်ရှားထူးချွန်‌သောအရည်အချင်းကြောင့်သာမဟုတ်ပါက သူ့တွင် ထိုသို့သော အခွင့်အရေးမျိုး ရှိနေပေလိမ့်မည်မဟုတ်ပေ။ စွမ်းအားကို အသုံးပြု၍ စစ်တပ်ကို ဖန်တီးသည့်နည်းလမ်းသည် စျေးမပေါ်လှပေ။ ယင်းကို အထူးချွန်ဆုံးလူများသည် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ပေလိမ့်မည်ဖြစ်၏။

ထို့ကြောင့် လူအများသည် တစ်ရှိန်ထိုး နာမည်ကြီးလာရန် အာရုံစိုက်နေကြသည်။ ၎င်းတို့အားလုံးသည် ပြဿနာရှာရန် အာရုံစိုက်ထားကြ၏။ အင်အားကြီးသော ရန်သူကို အနိုင်ယူခြင်းသည် ကျော်ကြားလာရန်အမြန်ဆုံးနည်းလမ်းဖြစ်ကြောင်း သေချာသည်။

ချူးယွင်ဖန်းသည် ကျန်းပိုင်ဖေးကို အနိုင်ယူ၍ ကျန်းပိုင်ဖေး၏ ခြေထောက်များကိုပင် ချိုးပစ်နိုင်ခဲ့သည်။ ထို့ကြောင့် နေ့တွင်း ညချင်း နာမည်ကြီးလာ၏။ ကျောင်းက ချူးယွင်ဖန်းကို မည်သည့် ပြစ်ဒဏ်မျှ မပေးခဲ့ပေ။ ကျန်းပိုင်ဖေးက ဂေါင်ဟုန်ချီ၏ ခြေထောက်များကို ချိုးပစ်ခဲ့စဥ်ကကဲ့သို့ မည်သည့်ပြစ်ဒဏ်မျှမရှိပေ။ အရာအားလုံး အတူတူသာဖြစ်၏။ တက္ကသိုလ်မှ ပို၍ထူးချွန်သော ကျောင်းသားများအတွက် တက္ကသိုလ်သည် အမြဲတစေ ပို၍ ခွဲခြားထားပေလိမ့်မည်။ ထို့အပြင် ယခု ချူးယွင်ဖန်းသည် လူအများ၏ မျက်လုံးထဲတွင် မိမိတို့ကို နာမည်ကြီးလာနိုင်စေမည့် ခြေနင်းကျောက်တစ်တုံးကဲ့သို့ဖြစ်သည်။ ရလဒ်အနေဖြင့် စိန်ခေါ်မှုအမျိုးမျိုးတို့သည် နှင်းပွင့်များကဲ့သို့ ပျံ့လွင့်လာခဲ့သည်။ သို့သော် ချူးယွင်ဖန်းသည် ယင်းစိန်ခေါ်မှုများကို စိတ်မဝင်စားပေ။ သူသည် သူ၏ ကိုယ်ပိုင်အပြင်းအထန်လေ့ကျင့်မှုတွင်သာ အရာအားလုံးကို မြှုပ်နှံထား၏?

ကျန်းယွမ်ပင်ပြောခဲ့သကဲ့သို့ပင် ဤသည်က ငရဲကျနေသကဲ့သို့သော လေ့ကျင့်မှုမျိုးဖြစ်သည်။ ပထမအကြိမ်တွင် ချူးယွင်ဖန်းသည် အင်အားတစ်ရာရှိသော စစ်တပ်ကိုသတ်ရန် သူ၏ ချီစွမ်းအင်များအားလုံးကို အသုံးပြုခဲ့ရသည်။ ယင်းသည် အစသာရှိသေး၏။ ပို၍ကြာကြာတိုက်ခိုက်လေလေ ချူးယွင်ဖန်း အန္တရာယ်ပိုများလေလေဖြစ်သည်။ ရာနှင့်ချီသော တပ်တစ်ခုသာဖြစ်သော်လည်း လှည့်စားမှုအမျိုးမျိုးဖြင့် လာခဲ့ကြခြင်းဖြစ်၏။

ထို့အပြင် စစ်တပ်သည် ဆက်လက်၍ ခွန်အားမြင့်လာသည်။ အစပိုင်းတွင် ချူးယွင်ဖန်းသည် ဧကရာဇ်ကိုယ်ခန္ဓာကို မှီခိုအားထားခဲ့ခြင်းဖြစ်သဖြင့် သာမန်တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရရန် မလွယ်ကူပေ။ စစ်တပ်က ချူးယွင်ဖန်း၏ ခံစစ်ကို ဖြတ်ကျော်နိုင်လျှင်ပင် သူ့ကို အနာတရပြင်းပြင်းထန်ထန်မဖြစ်စေနိုင်သဖြင့် ဤသည်မှာ ကြီးမားသော ကိစ္စမဟုတ်ပေ။

သို့သော် ထိုစစ်သားများ၏ အင်အားများ တိုးမြင့်လာသည်နှင့်အမျှ တိုက်ခိုက်မှုများသည်လည်း အလွန် အန္တရာယ်ဖြစ်လာ၏။ ချူးယွင်ဖန်းအတွက်မူ လှံဖြင့် ထိုးဖောက်ခံရခြင်းသည် အလွန်ကြီးမားသော ကိစ္စတစ်ခုမဟုတ်ပေ။ သူ့တွင် မိမိကိုယ်မိမိကာကွယ်ရန်အတွက် ဧကရာဇ်ကိုယ်ခန္ဓာရှိထားသည်။ သာမန်လူတစ်ဦးသာဖြစ်ပါက ၎င်း၏ လက်မောင်းတစ်ဖက်လုံးကျိုးကြေသွားပေလိမ့်မည်ဖြစ်သည်။

ယင်းနောက်တွင် ပြင်းထန်သော ဒဏ်ရာများဖြစ်လာသည်။ ချူးယွင်ဖန်းသည် ထပ်ခါထပ်ခါ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ သူ၏ လက်တစ်ဖက်လုံးကို ဖြတ်တောက်ခံလိုက်ရသည့် အကြိမ်အနည်းငယ်ပင်ရှိခဲ့သည်။ ယနေ့ခေတ်နည်းပညာကြောင့် ရက်စက်ကြမ်းကြုတ်သော လေ့ကျင့်ရေးနည်းလမ်းများကို အကောင်အထည်ဖော်ရန်ဖြစ်နိုင်၏။ ရှေးဟောင်းလူသားများကာလတွင် ၎င်းတို့သည် ထိုကဲ့သို့သော ဒဏ်ရာမျိုးနှင့်ပတ်သက်၍ မည်သို့မျှပြုလုပ်နိုင်လိမ့်မည်မဟုတ်ပေ။

ရပ်တန့်နေခဲ့သော ချူးယွင်ဖန်း၏ကျင့်ကြံမှုသည် ထိုသို့သော အခြေအနေများအောက်တွင် လျင်မြန်စွာတိုးတက်လာခဲ့ပြီဖြစ်သည်။ သူ့ကို ထောင့်တစ်နေရာသို့ အတင်းအကြပ် ချောင်ပိတ်တိုက်ခိုက်ခံလိုက်ရသောအခါတွင် သူ၏ စွမ်းဆောင်နိုင်စွမ်းများအားလုံး လွတ်မြောက်လာခဲ့သည်။ ချူးယွင်ဖန်း၏ နေ့စဥ်ဘဝသည် ပြန်လည်ထူထောင်ရန် သို့မဟုတ် စစ်မြေပြင်တွင် တိုက်ပွဲဝင်ရန်သာ မြှုပ်နှံထားခြင်းဖြစ်သဖြင့် သူ၏စာဝင်ပုံးကို ပိတ်ထားသည်။ အပြင်ဘက်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းကို အာရုံစိုက်ရန် ရည်ရွယ်ချက်မရှိပေ။ ဂေါင်ဟုန်ချီပင်လျှင် ချူးယွင်ဖန်းကို မတွေ့နိုင်ခဲ့ပေ။

ချူးယွင်ဖန်းက ကျန်းပိုင်ဖေး၏ ခြေထောက်များကို ချိုးပစ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဂေါင်ဟုန်ချီသိသွားသောအခါတွင် သူအလွန် အံ့သြသွားခဲံရသည်။ ကျန်းပိုင်ဖေး၏ခွန်အားဖြင့် ချူးယွင်ဖန်း၏ရိုက်ချက်သည် အချည်းအနှီးဖြစ်ပေလိမ့်မည်ဟု သူထင်ခဲ့သည်။ ချူးယွင်ဖန်းက သူ့ကိုယ်စား အောင်မြင်စွာလက်စားချေနိုင်လိမ့်မည်ဟု မည်သူက ထင်လိမ့်မည်နည်း။ သို့သော် ထို့နောက်တွင် ချူးယွင်ဖန်းနှင့်သူ အဆက်အသွယ်မရခဲ့ပေ။ ချူးယွင်ဖန်းသည် သီးသန့်လေ့ကျင့်မှုတွင် ပါဝင်နေကြောင်း သူသိထားသည်။

ဂေါင်ဟုန်ချီသည် ဆေးရုံမှဆင်းလာခဲ့ပြီးနောက် ဧကရာဇ်နန်းတော်ကို အားကြိုးမာန်တက်တည်ဆောက်ခဲ့သည်။ ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ်ကောင်းသော အာမခံချက်ဖြင့် လူများစွာသည် ဝက်ဝံ၏နှလုံးသား သို့မဟုန် ကျားသစ်တစ်ကောင်၏ စိတ်ထားမျိုးမရှိသရွေ့ ဧကရာဇ်နန်းတော်တွင် ပြဿနာရှာဝံ့ကြတော့မည်မဟုတ်ပေ။

ကျန်းပိုင်ဖေးက မည်သူနည်း။ သူသည် ယခုနှစ် ထိပ်တန်းကျောင်းသားသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ ချူးယွင်ဖန်းသည် ဆယ်မိနစ်အတွင်းတွင် ကောင်းကင်ဘုံလင်းယုန်အဖွဲ့တစ်ခုလုံးကို အနိုင်ယူနိုင်ခဲ့ကာ ကျန်းပိုင်ဖေးပင်လျှင် အရိုက်ခံခဲ့ရသည်။

ဤအတွေ့အကြုံအရ ဧကရာဇ်နန်းတော်ကို တိုက်ခိုက်ရန် ကြံစည်ခဲ့သူအများအပြားမရှိလှပေ။ ပြဿနာရှာချင်ပါက ချူးယွင်ဖန်းကို တိုက်ရိုက်ရှာရမည်ဖြစ်ကြောင်း လူတိုင်း နားလည်ထားသည်။ ချူးယွင်ဖန်းကို အလွန်ဒေါသဖြစ်စေမည့်အပြင် ဧကရာဇ်နန်းတော်နှင့် ပတ်သက်၍ ပြဿနာရှာခြင်းသည် အသုံးမဝင်လှပေ။

အဘယ်ကြောင့်ဆိုသော် ဧကရာဇ်နန်းတော်သည် ယခုမှစတင်တည်ထောင်ထားခြင်းဖြစ်သောကြောင့်ဖြစ်သည်။ ချူးယွင်ဖန်းအတွက် များစွာအထောက်အကူဖြစ်စေမည်မဟုတ်ပေ။ ၎င်းကို ဖျက်စီးလိုက်လျှင်ပင် အစွန်းအထင်းအများအပြား ဖြစ်စေလိမ့်မည်မဟုတ်ပေ။ ယင်းသည် ကျန်းလင်းရှောင်အပေါ် သက်ရောက်မှုကြီးမားစေမည့် ကျောင်းသား ကောင်စီဖျက်စီးခံရခြင်းနှင့် ကွာခြားသည်။

ဂေါင်ဟုန်ချီ၏ ဧကရာဇ်နန်းတော် တည်ဆောက်ခြင်းသည် အလွယ်တကူချောမွေ့စွာပြီးမြောက်သွားခဲ့သည်။ တကယ်တမ်းတွင် သူသည် ဘက်ပေါင်းစုံမှ အထူးအာရုံစိုက်ခံနေကြရသည်။ မူလက မည်သူမျှ ဧကရာဇ်နန်းတော်တွင် မပါဝင်ချင်ခဲ့ကြသော်လည်း ယခုမူ ကျောင်းသားသစ်များ တစ်ယောက်ပြီးတစ်ယောက် တိုးလာနေသည်။ ဧကရာဇ်နန်းတော်အစီအစဥ်အကြောင်း မေးမြန်းရန် လာရောက်ကြသော ဒုတိယနှစ်ကျောင်းသားများပင်ရှိသေး၏။

ကျန်းပိုင်ဖေးပြောခဲ့သည့် ဧကရာဇ်နန်းတော်သို့ ဝင်ရောက်လိုသည့်လူတိုင်းကို သင်ခန်းစာပေးမည်ဟူသော သူ့စကားသည် ဟာသတစ်ခုသာဖြစ်သွားကာ သူ့ခြေထောက်များသည်ပင် တစ်စုံတစ်ဦး၏ ချိုးပစ်ခြင်းကို ခံလိုက်ရ၏။ သူ့စကားများသည် မည်သို့ အဟန့်အတားမျိုးဖြစ်နေစေလိမ့်တော့မည်နည်း။

ချူးယွင်ဖန်းသည် သူ့ထံသို့ ဝင်လာသော စာများကို အကြောင်းပြန်ဆိုခြင်းမရှိခဲ့ပေ။ အချိန်ကြာလာသည်နှင့်အမျှ ကိစ္စသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ နောက်ဆုံးတွင်မူ သူတို့အတွက် ဤကိစ္စကိုချည်း တစ်သက်လုံးအာရုံစိုက်နေရန်မဖြစ်နိုင်ပေ။ ချူးယွင်ဖန်းက စာမပြန်၍ သူ့စိန်ခေါ်သူများက သူ့ကိုရှာမတွေ့နိုင်သောအခြေအနေမျိုးတွင် အရာအားလုံးသည် မြန်ဆန်စွာပြီးဆုံးသွားသည်။

သို့သော် စိန်ခေါ်ဆိုသော စာနှစ်စောင်သည် ဤကိစ္စများကို နောက်ထပ်တစ်ကြိမ်ထပ်မံထွက်ပေါ်လာစေခဲ့သည်။ ၎င်းတို့သည်ချူးယွင်ဖန်း၏အပေါ်နှစ်ဆင့်တွင်ရှိသော သုန်ဖန်ဟောက်နှင့် မေ့ဟိုက်ယွင်တို့ထံမှဖြစ်သည်။ ချူးယွင်ဖန်းသည် ကောင်းကင်ဘုံလင်းယုန်အဖွဲ့ရှိလူမျာစးစွာကို အနိုင်ယူခဲ့ပြီးနောက် ချူးယွင်ဖန်း၏ အင်အားအတိုင်းအတာကို စတင်တွေးတောခန့်မှန်းလာကြသည်။ အစမှ အဆုံးထိ ယင်းသည် အလွန်ပြင်းထန်သော တိုက်ပွဲတစ်ခုဖြစ်ခဲ့သည်။

လူများစွာသည် ချူးယွင်ဖန်း၏ အင်အားကို မြင်နိုင်ကြသည်။ ကျန်းပိုင်ဖေးနှင့် ယှဥ်လျှင် သူသည် အဆင့်တစ်ခုစာပို၍သန်မာ၏။ ထို့ကြောင့် လူများစွာသည်ချူးယွင်ဖန်း၏ ခွန်အားအပေါ် ကန့်သတ်ချက်များကို ခန့်မှန်းလာကြသည်။ လူများစွာက ချူးယွင်ဖန်းကို မေ့ဟိုက်ယွင်နှင့် သုန်ဖန်ဟောက်တို့နှင့် နှိုင်းယှဥ်လာကြသည်။ တ်ကြိမ်နှစ်ကြိမ်သည် အဆင်ပြေသေးသော်လည်း ထိုသို့သော နှိုင်းယှဥ်မှုအရေအတွက်များ များပြားလာသည်နှင့် အသံများသည် ပိုမိုကျယ်လောင်လာသည်။

နောက်ဆုံးတွင် ထိုအသံများသည် ထိုသူနှစ်ဦးထံသို့ရောက်ရှိသွားသည်။ ၎င်းတို့သည် မာနကြီးသူများဖြစ်ကြသည့်အလျှောက် ချူးယွင်ဖန်း၏ ခွန်အားက ၎င်းတို့ထက်သာလွန်သည်ဟု လူအများက ထင်မြင်ယူဆလာကြသောအခါ ၎င်းတို့နှစ်ဦးလုံး လျစ်လျူမရှု့ဘဲမနေနိုင်ကြတော့ပေ။

မိမိအကျိုးအတွက်ဖြစ်စေ အများသူငှာ၏ ထင်မြင်ချက်အတွက်ဖြစ်စေ ဆိတ်ကွယ်ရာတွင် ထိုင်နေကြလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် စိန်ခေါ်မှုတစ်ခုပြီးတစ်ခုသည် နှင်းပွင့်များကဲ့သို့ လွင့်ပျံ့လာသည်။

ယခုနှစ် ထိပ်တန်းအမှတ်အများဆုံး ပထမနှင့် ဒုတိယကျောင်းသားနှစ်ယောက်သည် ချူးယွင်ဖန်းကို စိန်ခေါ်လိုကြခြင်းက ဤကိစ္စကို လူအများစိတ်ဝင်စားလာစေခဲ့သည်။ အားလုံးက ချူးယွင်ဖန်း မည်သို့ပြုမူလိမ့်မည်ဖြစ်ကြောင်း၊ မည်သို့ လက်တုံ့ပြန်မည်ဖြစ်ကြောင်း စောင့်ဆိုင်းနေကြသည်။

တိုက်ခိုက်ကြတော့မည်ဖြစ်စေ မတိုက်ခိုက်ကြတော့မည်ဖြစ်သည် အကြောင်းပြန်ရပေလိမ့်မည်။ သို့သော် ချူးယွင်ဖန်းသည် ကမ္ဘာမှ ပျောက်ကွယ်သွားသကဲ့သို့ ထင်ရသည်။ စကားတစ်ခွန်းမျှထွက်မလာပေ။ အချိန်ကြာလာသည်နှင့်အမျှ ကောလဟာလအမျိုးမျိုးနှင့် ဆဲရေးမှုများ မြင့်တက်လာသည်။

မေ့ဟိုက်ယွင်နှင့် သုန်ဖန်ဟောက်တို့၏ စိန်ခေါ်မှုစာသည် ဤကိစ္စကို ငြိမ်သက်သွားစေကာ နောက်ထပ်တစ်ကြိမ် ပွက်ပွက်ဆူလာ၍ လူတိုင်း၏ အာရုံစိုက်ခြင်းခံလာရသည်။ ကျန်းပိုင်ဖေးကို အနိုင်ယူပြီးနောက် ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းအားအစစ်အမှန်ကို မည်သူမျှ မသိကြသော်လည်း သူသည် သန်မာသော ကျောင်းသားသစ်အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်မှာ ထင်ရှား၏။ မေ့ဟိုက်ယွင်နှင့် သုန်ဖန်ဟောက်တို့၏ စိန်ခေါ်စာများကြောင့် လူအများက ၎င်းကို ထိပ်တန်း ကျောင်းသားသစ်များအကြားတိုက်ပွဲဟု တွေးလာကြသည်။ မည်သည့်တိုက်ပွဲမျိုးဖြစ်နေစေကာမူ နှစ်ဖက်စလုံးသည် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်မှာ သေချာ၏။

ချူးယွင်ဖန်းသည် ကျန်းပိုင်ဖေးကို အနိုင်ယူခဲ့သော်လည်း အဖြစ်အပျက်သည် မြန်ဆန်လွန်းလှသဖြင့် လူအများက အွန်လိုင်းပေါ်တွင် တင်ထား‌သောဗီဒီယိုများကိုသာ ကြည့်ရှု့နိုင်ခဲ့ကြသည်။ အကယ်၍ ၎င်းသည် အခြားသော တိုက်ပွဲမျိုးဖြစ်မည်ဆိုပါက အလွန်စိန်လှုပ်ရှားဖွယ်ကောင်းလိမ့်မည်ဆိုသည်မှာ သေချာ၏။

သို့သော် ပြင်ပလောကက မည်သို့ပင်စောင့်ဆိုင်းနေစေကာမူ လူအများက ယင်းအကြောင်း မည်သို့ပင် ဆွေးနွေးနေစေကာမူ ချူးယွင်ဖန်းက အမှန်စင်စစ်ရှိမနေသော ကိစ္စတစ်ခုကဲ့သို့ အကြောင်းမပြန်ဆိုခဲ့ပေ။ ဤအရာက လူအများကို စတင်၍ အတင်းအဖျင်းများပြောဆိုလာစေသည်။ အထူးသဖြင့် မေ့ဟိုက်ယွင်နှင့် သုန်ဖန်ဟောက်တို့၏ ထောက်ခံသူများ၏ အမြင်တွင် ချူးယွင်ဖန်းသည် စိန်ခေါ်မှုများကို လက်မခံရဲခြင်းဟုထင်နေကြ၏။

နောက်ဆုံးတွင်မူ ကျန်းပိုင်ဖေးသည် တတိယအဆင့်တွင်သာရှိနေခြင်းဖြစ်သောကြောင့် ချူးယွင်ဖန်းက ကွာခြားနေခြင်းဖြစ်သည်။ ပထမနှင့် ဒုတိယတို့နှစ်ဦးနှင့် သူ့အကြားတွင် ကွာဟချက်ရှိနေသေးသည်မှာသေချာ၏။ အတင်းအဖျင်းများသည် နေရာတိုင်းသို့ ပျံ့နှံ့လာသည်။ လူအများ၏အမြင်တွင် ချူးယွင်ဖန်းသည် စိန်ခေါ်မှုများကို ရှောင်တိမ်းနေပုံပေါ်ကာ ရွဲ့စောင်းသော မှတ်ချက်များပေါ်ပေါက်လာသည်။

လူအများ၏ လွှမ်းမိုးမှုအောက်တွင် ဤကိစ္စသည် စကားစမြည်ပြောရန်ကိစ္စတစ်ခုဖြစ်လာသည်။ လူအချို့သည် ချူးယွင်ဖန်း၏ ဂုဏ်သိက္ခာအတွက်တိုက်ခိုက်နေကြကာ တချို့ကမူ စိန်ခေါ်မှုများကို လက်ခံရန်တွန်းအားပေးနေကြသည်။ အချိန်အတိုင်းအတာတစ်ခုကြာသည်အထိ ကောလဟာလများပျံ့နှံ့နေ၏။

စိန်ေခါ်မှုများကို လက်ခံရန် ချူးယွင်ဖန်းကို ဖိအားပေးလိုသည့် လူအများ၏ သဘောထားဖြင့် လုံလောက်မည်ဟု ၎င်းတို့က ထင်မြင်ကြသည်။ သူအနိုင်ရသည်ဖြစ်စေ ရှုံးသည်ဖြစ်သည် ဤသည်က အများကြည့်၍ ပျော်ရမည့်အရာတစ်ခုဖြစ်၏။

ချူးယွင်ဖန်းက သူ၏စာဝင်ပုံးကို ပိတ်ထားကြောင်း ၎င်းတို့မသိသောကြောင့် သူမည်သည့်သတင်းမျှမရခဲ့ပေ။ ကျန်းယွမ်ပင်က ဤစိန်ခေါ်မှုများအကြောင်း သိသော်လည်း အရေးမကြီးဟုတွေးထားသည်။ ချူးယွင်ဖန်းကို စိတ်အနှောက်အယှက်ဖြစ်စေလိမ့်မည်ကို စိုးရိမ်သောကြောင့် ၎င်းတို့သည် ချူးယွင်ဖန်းကို မပြောချင်ကြပေ။ ထိုအချိန်တွင် ချူးယွင်ဖန်းသည် အရူးအမူးလေ့ကျင့်လျက်ရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ ချူးယွင်ဖန်း ပြင်းထန်စွာဒဏ်ရာရသည့် အကြိမ်အရေအတွက်သည်လည်း တိုးမြင့်လာသည်။ ခေတ္တရပ်နားခြင်းအနည်းငယ်မျှပင်မရှိဘဲ အကြိမ်ပေါင်းများစွာ အပြင်းအထန်ဒဏ်ရာရလျက်ရှိ၏။

ကံကောင်းထောက်မစွာဖြင့် ကျန်းယွမ်ပင်သည် ပြင်ပကမ္ဘာထက် အနည်းဆုံး အနှစ်နှစ်ဆယ်ခန့် ပို၍အဆင့်မြင့်သည့် သူ၏လေ့ကျင့်ရေးခန်း၌ အဆင့်အမြင့်ဆုံးသော ဆေးဘက်ဆိုင်ရာနည်းပညာကို ပိုင်ဆိုင်ထားသည်။ ချူးယွင်ဖန်းသည် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီးနောက် လျင်မြန်စွာဖြင့်ပြန်လည်ကောင်းမွန်လာသည်။ ထိုအခြေအနေမျိုးတွင် ချူးယွင်ဖန်း၏ ခွန်အားသည် ခုန်ပျံကျော်လွှားကာ တိုးတက်လာသည်။ အရေးအကြီးဆုံးမှာ သူ၏ခွန်အားအပေါ်ထိန်းချုပ်မှုက တဖြည်းဖြည်းတိုးမြင့်လာခြင်းဖြစ်သည်။ ယခင်က သန်မာခဲ့သော်လည်း ထိုစွမ်းအင်ကို အပြည့်အဝမပြသနိုင်ခဲ့ပေ။

ဤအပြင်းအထန်လေ့ကျင့်မှုတွင် ချူးယွင်ဖန်းသည် သူ၏ စွမ်းရည်ကို တဖြည်းဖြည်းချင်း ထုတ်သုံးနိုင်ခဲ့သည်။ သူ၏ ခွန်အားတိုးတက်လာကာ ပို၍ မြင့်မားလာသောအခါမျိုးတွင် ကျန်းယွမ်ပင်သည် လေ့ကျင့်ရေးကို ပိုမိုပြင်းထန်လာစေသည်။ ထို့နောက် ချူးယွင်ဖန်းသည် ဆက်လက်၍ နှိပ်စက်ညှင်းပန်းခြင်းခံရ၏။ အခြားသူတစ်ဦးသာဖြစ်ပါက ၎င်းတို့သည် ယင်းကို ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်သော်လည်း ချူးယွင်ဖန်းသည်မူ သူ၏ ပြင်းထန်သော ဇွဲ့လုံ့လကို အားကိုးမှီခိုထားသည်။

ချူးယွင်ဖန်းသည် ဤအပြင်းအထန်ငရဲလေ့ကျင့်မှုမှာ အရေးကြီးကြောင်း သိထားသည်။ ဤနည်းလမ်းကြောင့်သာမဟုတ်လျှင် ကာလတိုအတွင်းတွင် ဤမျှထိတိုးတက်လာလိမ့်မည်မဟုတ်ပေ။ သူ၏နည်းလမ်းဖြင့်ဆိုပါက ကျန်းလင်းရှောင်နှင့် ယှဥ်ပြိုင်ရန်မဆိုနှင့် အချိန်တိုအတွင်း၌ပင် ဤမျှတိုးတက်လာလိမ့်မည်မဟုတ်ပေ။

ချူးယွင်ဖန်းသည် မရီးဒျန်သန့်စင်ခြင်းစတုတ္ထအဆင့် အထွဋ်အထိပ်သို့ အမှန်တကယ်ဖြတ်ကျော်သွားနိုင်မှသာ ငရဲလေ့ကျင့်ရေးပြီးဆုံးလိမ့်မည်ဖြစ်သည်။ ချူးယွင်ဖန်းသည် ငရဲလေ့ကျင့်ရေးကို နောက်ထပ်တစ်ကြိမ်ပြန်မစတင်ခင် ပဥ္စမအဆင့်သို့ ဖြတ်ကျော်နိုင်ရန် သီးသန့်လေ့ကျင့်ရန်လိုအပ်သောကြောင့်ဖြစ်သည်။ ဤတစ်လတာကာလအတွင်းတွင် ချူးယွင်ဖန်းသည် ကျန်းယွမ်ပင်၏ လေ့ကျင့်ရေးခန်းမမှ ထွက်မသွားခဲ့သည့်အပြင် နေရောင်ကိုပင် မမြင်ခဲ့ရပေ။ ချူးယွင်ဖန်း အပြင်သို့ထွက်လာသောအခါ သူ့တစ်ကိုယ်လုံး ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။ သူ၏ စိတ်ဝိဉာဥ်တစ်ခုလုံးပြောင်းလဲသွားသကဲ့သို့ခံစားရသည်။

ချူးယွင်ဖန်းကိုယ်တိုင်ပင်လျှင် သူ ဤမျှ ခံနိုင်ရည်ရှိလိမ့်မည်ဟု မသိထားခဲ့ပေ။ ကျန်းယွမ်ပင်သည် အညှာအတာကင်းမဲ့လှသော်လည်း ဤအထူးလေ့ကျင့်ရေးသည် ကျန်းယွမ်ပင်ကို သန်းနှင့်ချီ၍ ကုန်ချစေလိမ့်မည်ဖြစ်ကြောင်း ချူးယွင်ဖန်း နားလည်ထားသည်။ စစ်တပ်တစ်တပ်ကို ထိန်းသိမ်းရန်ဟူသည် အလွန်များပြားလှသည့် ပမာဏဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ချူးယွင်ဖန်းသည် ကျန်းယွမ်ပင်ကို စိတ်ပျက်စေခဲ့သည်။ တစ်လအကြာတွင် ချူးယွင်ဖန်း၏ ခွန်အားသည် ကြီးမားစွာဖြင့် မြင့်တက်လာသည်။ အကယ်၍ ကျန်းပိုင်ဖေးသည် သူ့ရှေ့တွင် နောက်ထပ်တစ်ကြိမ် ထွက်ပေါ်လာပါက သိုင်းကွက်အနည်းငယ်သာသုံး၍ အခက်အခဲမရှိဘဲ ကျန်းပိုင်ဖေးကို အနိုင်ယူနိုင်လိမ့်မည်ဖြစ်သည်။ တစ်လတာကာလအတွင်း ချူးယွင်ဖန်း၏ ခွန်အားတိုးတက်မှုသည် ဒုတိယဖြစ်သည်။ အဓိကအချက်မှာ သူ၏ ခွန်အားအပေါ်ထိန်းချုပ်မှုသည် နောက်ထပ်အဆင့်တစ်ခုလုံးစာ မြင့်တက်သွားခြင်းဖြစ်သည်။ သူ၏စွမ်းရည်များအားလုံးကို ထုတ်သုံးနိုင်ခဲ့၏။

ချူးယွင်ဖန်း မသိသည်မှာ သူ့ကို စောင့်မျှော်နေသည့်သူများရှိနေခြင်းဖြစ်သည်။ သူပြန်ပေါ်လာသည့်အချိန်၌ပင် သူပြန်ပေါ်လာသည့်သတင်းသည် တက္ကသိုလ်တစ်လျှောက် တောမီးကဲ့သို့ပျံ့နှံ့သွားသည်။ အစပိုင်းတွင် ဤကိစ္စကို အာရုံစိုက်ချင်သောသူ အများအပြားမရှိခဲ့ပေ။ သို့သော် ချူးယွင်ဖန်းက တုံ့ပြန်ခြင်းမပြုခဲ့သဖြင့် ဤကိစ္စက ကြာမြင့်လာသည့်တိုင် လူအများက ပို၍ပို၍ ဂရုစိုက်လာကြသည်။ အခြေအမျေားစွာသည် မမျှော်လင့်ထားသော အဆင့်သို့ရောက်လာကြပြီဖြစ်သည်။

ချူးယွင်ဖန်းက သူ၏ စာဝင်ပုံးကို ဖွင့်လိုက်သည်နှင့် ချက်ချင်းဆိုသကဲ့သို့ပင် သတင်းများစွာဖြင့် ပြည့်နှက်နေသည်ကို မြင်လိုက်ရ၏။ ချူးယွင်ဖန်းသည် လမ်းလျှောက်လျက် ထိုသတင်းများကို စစ်ဆေးကြည့်လိုက်ကာ၊ ထိုမှသာလျှင် သူသီးသန့်ကျင့်ကြံနေစဥ်၌ ဖြစ်ပျက်ခဲ့သမျှကို သိရှိသွားခဲ့သည်။ ထို့အပြင် တုံ့ပြန်မှုမရှိခဲ့သောကြောင့် ကိစ္စသည် ပို၍ပို၍ လေးနက်လာသည်။ သို့သော် ခဏတာတွေးပြီးနောက် သူက ယင်းကို ဥပေက္ခာပြုရန် ဆုံးဖြတ်လိုက်သည်။ ဤကိစ္စနှင့်ပတ်သက်၍ သူအာရုံစိုက်နေရန်မလိုအပ်ပေ။ တာအိုညီလာခံကျင်းပရန် အချိန်အနည်းငယ်သာလိုတော့သည်။

ယခုနှစ်ညီလာခံကို ပြည်ထောင်စုတက္ကသိုလ်တွင် မဟုတ်ဘဲ နက္ခတ်ဂိုဏ်း၏ နယ်မြေတွင် ကျင်းပကြလိမ့်မည်ဖြစ်ရာ အချိန်မကျန်လှတော့ပေ။ ချူးယွင်ဖန်းသည် ဤအချိန်အနည်းငယ်ကို အသုံးပြု၍ မရီးဒျန်သန့်စင်ခြင်း ပဥ္စမအဆင့်သို့ဖြတ်ကျော်ရမည်ဖြစ်သည်။ ထိုနည်းအားဖြင့် သူ၏ခွန်အားသည် အလွန်ကြီးမားလာမည်ဖြစ်သည်။ ချူးယွင်ဖန်းက သတင်းများကိုဖတ်ရှု့ပြီးသောအခါ သူ၏အိမ်ရာဘက်သို့ပင် ရောက်နှင့်နေပြီဖြစ်သည်။ သို့သော် သူ့ရှေ့တွင် မည်သည့်အချိန်ကမှန်းမသိ ရောက်ရှိနေသော လူများစွာရှိနေ၏။

ချူးယွင်ဖန်းထွက်ပေါ်လာမှုသည် ပြည်ထောင်စုတက္ကသိုလ်တစ်ခွင်သို့ လျင်မြန်စွာပျံ့နှံ့သွားခဲ့ရာ သူ့ကို စိန်ခေါ်လိုသူ အများအပြားလည်း စုရုံးလာကြ၏။ ယခုအချိန်တွင် ချူးယွင်ဖန်းသည် ထိုသို့သော အဖွဲ့မျိုးကို ရင်ဆိုင်နေရခြင်းဖြစ်ကာ ၎င်းတို့ထဲမှ အချို့သည် သူ၏ အသိမိတ်ဆွေဟောင်းများပင်ဖြစ်၏။

“ချူးယွင်ဖန်း”

ကျယ်လောင်သောအော်သံတစ်ခုထွက်ပေါ်လာ၍ လူတိုင်း၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

ချူးယွင်ဖန်းရှေ့တွင် လူဒါဇင်ဝက်ခန့်ပေါ်လာသည်။ ဦးဆောင်သူသည် ရှန်းကွမ်ရှန်ယုမှတစ်ပါး အခြားသူမဟုတ်ပေ။ လွန်ခဲ့သော တစ်နှစ်ခွဲခန့်နှင့် နှိုင်းယှဥ်ပါက ရှန်းကွမ်ရှန်ယု၏ ခွန်အားသည် သိသိသာသာတိုးတက်လာခဲ့ကာ သူ၏ အသွင်အပြင်သည် ယခုအခါ လုံးလုံးလျားလျားကွဲပြားနေပြီဖြစ်သည်။ ရှန်းကွမ်ရှန်ယု၏ ဘေးတွင် နောက်ထပ် လူငါးယောက် မတ်တပ်ရပ်နေ၏။ ဤလူများအားလုံးသည် အလွန်အစွမ်းထက်လှသော အရှိန်အဝါများကို ထုတ်လွှတ်လျက်ရှိကာ ၎င်းတို့၏ ခွန်အားသည် ရှန်းကွမ်ရှန်ယုထက် အဆင့်မနိမ့်လှပေ။

ဤနှစ်တစ်ဝက်အတွင်းတွင် ရှန်းကွမ်ရှန်ယု၏ ခွန်အားတိုးတက်လာမှုသည် ချူးယွင်ဖန်းထက် မနိမ့်ကျလှပေ။ သူသည်ပို၍ မြင့်မားသော အဆင့်သို့ပင်ရောက်ရှိလာကာ မရီးဒျန်သန့်စင်ခြင်း စတုတ္ထအဆင့်အထွဋ်အထိပ်သို့အောင်မြင်စွာတက်လှမ်းနိုင်ခဲ့၏။

ရှန်းကွမ်ရှန်ယု၏ ဘေးပတ်လည်ရှိသူများသည်လည်း မရီးဒျန်သန့်စင်ခြင်းအထွဋ်အထိပ်တွင်ရှိနေကြသည်။

“နောက်ဆုံးတော့ မင်းကိုယ်မင်းပြဖို့သတ္တိရှိလာပြီပေါ့၊ အမြဲသူရဲဘောကြောင်တော့မယ်လို့ ထင်နေတာ” ရှန်းကွမ်ရှန်ယုသည် ချူးယွင်ဖန်းကို ယုတ်မာစွာပြုံး၍ကြည့်နေသည်။

“ငါက သူရဲဘောကြောင်တယ်ဟုတ်လား” ချူးယွင်ဖန်းက ပြုံး၍ ပြောသည်။

“ဘာလဲ နောက်ဆုံးတစ်ခေါက်က အရိုက်ခံရတာ မလုံလောက်သေးလို့လား။ အဲ့တာကြောင့် အခု မင်းထွက်လာတာလား”

ရှန်းကွမ်ရှန်ယု၏ မျက်နှာသည် ချူးယွင်ဖန်းက ဤသို့ပြောလိုက်သောအခါ အလွန်အရုပ်ဆိုးသွားသည်။ ထိုစဥ်က သူသည် မရီးဒျန်သန့်စင်ခြင်းအဆင့်တွင်ရှိနေခဲ့ပြီးဖြစ်သော်လည်း မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ပင်မတက်လှမ်းနိုင်သေးသော ချူးယွင်ဖန်း၏ အနိုင်ယူခြင်းကို ခံခဲ့ရသည်။ ယင်းသည် ရှန်းကွမ်ရှန်ယုအတွက် ကြီးမားသော အရှက်ရစရာကိစ္စတစ်ခုဖြစ်ခဲ့ရာ ချူးယွင်ဖန်းကို အနိုင်မယူနိုင်လျှင် သူ့ဘဝတစ်လျှောက်လုံး အရှက်ရစွာရှင်သန်သွားရပေလိမ့်မည်။ လွန်ခဲ့သည့်တစ်နှစ်ခွဲတာကာလပါတ်လုံးတွင် သူသည် ချူးယွင်ဖန်းကို လက်စားချေရန်နှင့် ယခင်အရှက်တရားများကို ဆေးကြောရန် သူ့ကိုယ်သူတိုးတက်စေရန်ကြိုးစားခဲ့သည်။ ချူးယွင်ဖန်းသည် ယခင်က ရှန်းကွမ်ရှန်ယုကို အနိုင်ယူခဲ့ကြောင်း ကျောင်းသားအချို့သာသိထားသောကြောင့် လူအများသည် အလွန်ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။ ထိုနေရာ၌ရှိနေခဲ့ကြသူများသည် အတင်းအဖျင်းပြောတတ်ကြသူများမဟုတ်ကြပေ။ ချူးယွင်ဖန်းက မပြောပါက ရှန်းကွမ်ရှန်ယုသည် တိုက်ပွဲရလဒ်များကို အကြောင်းပြချက်မရှိဘဲ ဖြန့်ပစ်လိမ့်မည်မဟုတ်ပေ။

သို့သော် လူများစွာသည် ၎င်းတို့၏ အမြင်များကို မြန်မြန်ဆန်ဆန်ပင် ပြင်ဆင်လိုက်ကြသည်။ ချူးယွင်ဖန်းသည် ကျန်းပိုင်ဖေးကို အနိုင်ယူခဲ့ပြီးနောက် ရှန်းကွမ်ရှန်ယုကို အနိုင်ယူခဲ့သည်ဟူသော အကြောင်းသည် မထူးဆန်းလှတော့ပေ။ နောက်ဆုံးတွင်မူ ၎င်းတို့နှစ်ဦးသည်အဆင့်တူတွင် ရှိမနေကြပေ။

“ချူးယွင်ဖန်း သိပ်ပြီးမာန်တက်မနေစမ်းနဲ့ ငါက လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကအတိုင်းရှိနေဦးမယ်လို့ မင်းထင်လား” ရှန်းကွမ်ရှန်ယုက ပြုံး၍ပြောသည်။

“ငါအခု အလျင်လိုနေတယ်။ မင်း ငါ့လမ်းက ဖယ်လိုက်တာ ပိုကောင်းမယ်။ ကျန်းပိုင်ဖေးကို ငါအနိုင်ယူပြီးပြီ။ မင်းကို ငါအနိုင်မယူနိုင်ဘူးလို့ ဘာလို့ထင်နေသေးတာလဲ” ချူးယွင်ဖန်းက လှမ်းပြောသည်။ သူ့အတွက် အချိန်သည် အဖိုးမဖြတ်နိုင်သောအရာတစ်ခုဖြစ်သဖြင့် အသေးအဖွဲကိစ္စများတွင် ၎င်းကို မဖြုန်တီးလိုခဲ့ပေ။

ထိုအချိန်တွင် လှံတစ်စင်းထွက်ပေါ်လာကာ ချူးယွင်ဖန်းလျှောက်နေသည့်လမ်းကို ပိတ်ပပ်လိုက်သည်။

ရှန်းကွမ်ရှန်ယုသည် ချူးယွင်ဖန်းကို တား၍ ပြောလိုက်၏။

“ချူးယွင်ဖန်း အပိုတွေမပြောစမ်းနဲ့။ မင်းတကယ် ငါတို့ကို ရင်ဆိုင်ရဲလို့လား”

“မင်းတို့အားလုံးက ကျန်းပိုင်ဖေးလက်ထဲမှာ ရှုံးနိမ့်ခဲ့တယ်။ ငါက ကျန်းပိုင်ဖေးကို ပြီးခဲ့တဲ့လကပဲအနိုင်ယူထားတာ။ ငါစိတ်ရှည်သည်းခံနိုင်စွမ်းတွေ မကုန်ခင် သေချာစဥ်းစားဖို့ အကြံပေးချင်တယ်” ချူးယွင်ဖန်းက ပွင့်လင်းစွာပြောလိုက်သည်။

“ဟားဟား ချူးယွင်ဖန်း မင်းသိပ်ပြီး မာန်တက်မနေစမ်းနဲ့။ ကျန်းပိုင်ဖေးကို နိုင်တာနဲ့ မင်းကိုယ်မင်း တော်လှပြီထင်နေတာလား။ အရင်တုန်းက ငါကျန်းပိုင်ဖေးနဲ့ မယှဥ်နိုင်ခဲ့တာ အမှန်ပဲ။ ဒါပေမယ့် အဲ့တာက ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်ခင်ကလေ။ အဲ့တုန်းက မင်းဘာအဆင့်ရခဲ့လဲ။ ငါတို့နေနေသာသာ ကျန်းပိုင်ဖေးကိုတောင် အနိုင်မယူနိုင်ခဲ့ဘူးလေ”

ထိုအချိန်တွင် သံမျှော်စင်ကဲ့သို့ မြင့်မားသော လူငယ်တစ်ဦးသည် စကားပြောရန် ပါးစပ်ဟလိုက်သည်။ သူ၏အသံသည် တိုးလျကာ မျက်နှာထက်တွင် ခပ်ပါးပါးအပြုံးတစ်ခုရှိနေသည်။ ဤသည်က ၎င်းတို့ တွေးထားသောအရာတစ်ခုဖြစ်သည်။ တစ်နှစ်ခွဲကြာခဲ့ပြီဖြစ်သဖြင့် မူလအဆင့်သတ်မှတ်ချက်ကို ဆက်လက်၍ အသုံးချနိုင်တော့မည်မဟုတ်ပေ။ အပြောင်းအလဲတစ်ခုလုပ်ရန် အချိန်တန်ပြီဖြစ်သည်။

ဤအဆင့်သတ်မှတ်ချက်သည် အရေးမပါလှသည်တော့မဟုတ်ပေ။ လူတစ်ဦးစီရရှိနိုင်မည့် အရင်းအမြစ်အရေအတွက်နှင့် တက္ကသိုလ်အတွင်း ၎င်းတို့၏ အရေးပါမှုတို့ကို ယင်းနှင့် ယှဥ်တွဲထားသည်။ ကျန်လူများ၏ အထက်တွင်ရပ်နေကြသောသူများရှိလိမ့်မည်မှာ သဘာဝပင်ဖြစ်သည်။ တက္ကသိုလ်သည် ၎င်းတို့အားလုံးကို ညီတူမျှတူအာရုံစိုက်ပေးရန်မဖြစ်နိုင်ပေ။

၎င်းသည် ခေါင်းစဥ်မပါသော မေးခွန်းတစ်ခုမျှသာဖြစ်ပုံရသော်လည်း လက်တွေ့တွင်မူ ထင်သာမြင်သာသော အကျိုးခံစားခွင့်များနှင့် ဆက်စပ်နေသည်။ ချူးယွင်ဖန်းက ယင်းကို ချက်ချင်းသဘောပေါက်သွားသည်။ ယင်းနောက်တွင် ဤတိုက်ပွဲသည် ရှောင်လွှဲ၍ရလိမ့်မည်မဟုတ်ကြောင်း သူသိသွား၏။

ဆန္ဒအလျောက်တိုက်ပွဲဖြစ်မည်ဆိုပါက အရေးမကြီးလှသော်လည်း အကျိုးအမြတ်များနှင့် ပတ်သက်နေပါက မည်သူက အလျှော့မပေးဘဲ နေလိမ့်မည်နည်း။

“ဒါဆိုရင် ငါ့မှာ ရွေးစရာလမ်းမရှိတော့ဘူးထင်တယ်” ချူးယွင်ဖန်းက ရပ်၍ပြောလိုက်သည်။

“ချူးယွင်ဖန်း ငါတို့က အားနည်းတဲ့လူတွေကို လူတွေအများကြီးဝိုင်းပြီး အနိုင်မကျင့်ပါဘူး။ မင်း ငါတို့ထဲက ဘယ်သူ့ကိုဖြစ်ဖြစ်တိုက်ဖို့ရွေးလို့ရတယ်။” သာမန်ရုပ်ရည်မျိုးရှိသည့် အလယ်အလတ်ခန္ဓာကိုယ်ရှိသော လူငယ်တစ်ယောက်က ပြောလိုက်သည်။

ချူးယွင်ဖန်းကို ၎င်းတို့အနိုင်ရချင်ပါက တရားမျှတ၍ ဖြောင့်မတ်စွာအနိုင်ယူရပေလိမ့်မည်။ သို့မှာသာ တက္ကသိုလ်တစ်ခုလုံး၏ အဆင့်သတ်မှတ်ချက်ကို ပြောင်းလဲနိုင်မည်ဖြစ်၏။

“မင်းတို့ထဲက တစ်ယောက်ကိုမှ ငါမသိသလို မင်းတို့ကိုယ်တိုင်မိတ်ဆက်တာကိုလည်း အချိန်ကုန်ခံပြီး နားမထောင်နိုင်ဘူး။ ငါ့မှာ စကားပြောနေဖို့ အချိန်မရှိဘူး။ မင်တို့အားလုံး တစ်ခါတည်းလာတိုက်ကြရင်ရော ဘယ်လိုလဲ” ချူးယွင်ဖန်းက အသေးအဖွဲ့ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ ပေါ့ပါးစွာပြောလိုက်သည်။

ချူးယွင်ဖန်းသည် လမ်းခရီးတစ်လျှောက်တွင် နောက်ထပ် ကြုံတွေ့ရမည့်အရာများရှိသေးကြောင်းသိလိုက်သည်။ မေ့ဟိုက်ယွင်နှင့် သုန်ဖန်ဟောက်တို့လည်း ပေါ်လာနိုင်သည်။ ၎င်းတို့ကို သူမကြောက်သော်လည်း ဤအရာများအတွက် သူ၏အချိန်များကို မဖြုန်းတီးလိုပေ။

ဤလူများအားလုံးသည် ချူးယွင်ဖန်းကို ချနင်းကာ အမြင့်သို့တက်လှမ်းချင်ကြသော်လည်း သူသည် ကျန်းပိုင်ဖေးကို အနိုင်ယူကာ ထိပ်သို့တက်လှမ်းနိုင်ခဲ့သည့်အတွက် ထပ်မံ၍ အချိန်မဖြုန်းလိုတော့ပေ။ ချူးယွင်ဖန်းသ်ည ဂရုမစိုက်လှသော်လည်း သူ၏စကားများကြောင့် ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။ အထူးသဖြင့် ဤလူငယ်ခြောက်ယောက်ဖြစ်သည်။ ၎င်းတို့သည် ကျောင်းသားသစ်များအကနက် အကောင်းဆုံဂ၊ အတော်ဆုံးသူများဖြစ်ကြရာ၊ ဌာနအသီးသီးမှ ခေါင်းဆောင်များဖြစ်ကြသည်။

၎င်းတို့အားလုံးတွင် နာမည်ကောင်းများကိုယ်စီရှိထားကြသည်။ သာမန်လူများက ၎င်းတို့ထဲမှ တစ်ယောက်ယောက်နှင့်ရင်ဆိုင်ရပါက အစွမ်းကုန်ထုတ်သုံးကြရလိမ့်မည်ဖြစ်သည်။ ယခုမူ ချူးယွင်ဖန်းက ၎င်းတို့အားလုံးကို တစ်ပြိုင်တည်းတိုက်ခိုက်လိုခြင်းဖြစ်နေ၏။

“အဲ့တာဆိုရင် မင်းကို အနိုင်ကျင့်တယ်ဆိုပြီး ငါတို့ကိုအပြစ်မပြောနဲ့။ ချူးယွင်ဖန်း ဒီကိစ္စက မင်းစလို့ဖြစ်တာပဲ” ရှန်းကွမ်ရှန်ယုကပြောလိုက်သည်။

အခြားသူများသည်မူ အနည်းငယ်ချီတုံချတုံဖြစ်နေ၏။ ၎င်းတို့သည် ချူးယွင်ဖန်းကို ဝိုင်းရံတိုက်ခိုက်ရန် လာခဲ့ကြသော်လည်း အုပ်စုဖွဲ့၍တိုက်ခိုက်ရန်မဆိုနှင့် ချူးယွင်ဖန်းကို အလှည့်ကျပင် မတိုက်ခိုက်ချင်ခဲ့ပေ။ ဤကဲ့သို့နည်းလမ်းဖြင့်အနိုင်ရပါက ၎င်းတို့၏ ဂုဏ်သတင်းသည် ကြီးမားလာလိမ့်မည်မဟုတ်သကဲ့သို့ ရှုံးနိမ့်ခဲ့လျှင်လည်း ရှက်ကွဲရပေလိမ့်မည်ဖြစ်သည်။

သို့သော် ရှန်းကွမ်ရှန်ယု၏အတွေးများသည် ပို၍ ရိုးရှင်းလှသည်။ ချူးယွင်ဖန်းက သူ့ကို ထိုစဥ်က အရှက်ခွဲခဲ့မှုကို အပြည့်အဝရှင်းပစ်ရန်လိုအပ်၏။

“အကုန်တစ်ခါတည်းတက်လာခဲ့။ ဘာဖြစ်ဖြစ်ရလဒ်က အတူတူပဲ” ချူးယွင်ဖန်းက အခြားလူငယ်ပါရမီရှင်များကို ဒေါသဖြစ်စွာဖြင့် ချက်ချင်းပြောလိုက်သည်။ ယခုအချိန်တွင် တရားမျှတမှုရှိ၊ မရှိကို ဂရုမစိုက်တော့ပေ။ ၎င်းတို့အားလုံးသည် ချူးယွင်ဖန်းကို သင်ခန်းစာပေးရန် စိတ်ပိုင်းဖြတ်ထားကြသည်။

ပထမဆုံးတိုက်ခိုက်သူမှာ ရှန်းကွမ်ရှန်ယုဖြစ်သည်။ သူလက်ထဲတွင်ရှိသော လှံသည် ကောင်းကင်ကိုဖြတ်၍ပျံသန်းလာသော ကြယ်တစ်စင်းကဲ့သို့ ပေါ်ထွက်လာကာ ချူးယွင်ဖန်း၏ မျက်နှာတည့်တည့်သို့ ဦးတည်လျက်ရှိသည်။ သူ၏ခွန်အားကို သံသယဖြစ်နေဖွယ်မလိုပေ။ အကယ်၍ ယင်းသည် ထိုစဥ်က ချူးယွင်ဖန်းသာဖြစ်နေမည်ဆိုပါက ဤလှံကို ခံနိုင်ရည်မရှိဘဲ နောက်ဆုတ်၍ ရှောင်တိမ်းရန်သာတတ်နိုင်လိမ့်မည်ဖြစ်၏။

လှံသည်လျင်မြန်စွာရွေ့လျားသွားသဖြင့် သာမန်လူများ၏ မျက်လုံးများဖြင့် လိုက်မမှီနိုင်တော့ပေ။ ၎င်းသည် တစ်ခဏချင်းအတွင်း၌ပင် ချူးယွင်ဖန်းရှေ့သို့ရောက်နေကြပြီဖြစ်သည်။

ချူးယွင်ဖန်းသည် လှောင်ရယ်ရုံသာရယ်၍ သူ့လက်ကို မြှောက်ကာ ယင်းကိုတားဆီးလိုက်သည်။ ထိုလှံသည် တားဆီးခံရပြီးနောက် နောက်သို့လွင့်ထွက်သွားသည်။

အခန်း(၄၅၁) စက္ကန့်အနည်းငယ်အတွင်းတွင် လူအနည်းငယ်ကို ချေမှုန်းခြင်း

ရှန်းကွမ်ရှန်ယုသည် ချူးယွင်ဖန်းကို ထိမိလိမ့်မည်ဟု အပိုင်တွက်၍ လှံဖြင့် လှမ်းထိုးလိုက်ခြင်းဖြစ်သည်။ နောက်ဆုံးတွင်မူ ဤသည်က အရေးကြီးအခိုက်အတန့်ပင်ဖြစ်သည်။ ချူးယွင်ဖန်းသည် သူ၏တိုက်ခိုက်မှုကို တားဆီးနိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ လှံသည် ချူးယွင်ဖန်း၏နှဖူးကို ထိမှန်၍ ခုန်ထွက်သွားသည်။

တစ်ချိန်တည်း၌ပင် ရှန်းကွမ်ရှန်ယုသည် သူ့လက်နှစ်ဖက်လုံး လျှပ်စီးတစ်စင်းနှင့်ထိမှန်သွားသကဲ့သို့ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ်ရာထူးဆန်းသော စွမ်းအင်တစ်ခုသည် သူ့လက်များထဲသို့တိုးဝင်လာကာ လက်ထဲမှလှံကို ထိန်းချုပ်ရန် အစွမ်းကုန်ကြိုးစားခဲ့ကြသော်လည်း အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်။ သူသည် လှံကို မထိန်းချုပ်နိုင်တော့ဘဲ လှံတစ်စင်းလုံးလွင့်ထွက်သွားခဲ့သည်။

“မင်းဘယ်လိုလုပ် ဒီ‌လောက်သန်မာနေရတာလဲ”ရှန်းကွမ်ရှန်ယု အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။

ချူးယွင်ဖန်း၏ခွန်အားသည် အလွန်ကောင်းမွန်လှသည်။ ရှန်းကွမ်ရှန်ယုသည် ယင်းကို ယခင်က တွေ့ကြုံခဲ့ရဖူးပြီးဖြစ်သဖြင့် ကြိုတင်ပြင်ဆင်လာခဲ့သော်လည်း ချူးယွင်ဖန်းက အလျင်အမြန်တိုးတက်လာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ယခု ရှန်းကွမ်ရှန်ယုသည် ပို၍သန်မာလာကာ သူ၏ခွန်အားများတိုးမြင့်လာသော်လည်း ချူးယွင်ဖန်း၏တိုးတက်မှုသည် အဆမတန်မြင့်မားလှကြောင်း ယခုအချိန်တွင် သဘောပေါက်လာ၏။ ယင်းသည် ဤကဲ့သို့ကြောက်မက်ဖွယ်ကောင်းလှစွာ တိုးတက်လာခဲ့ခြင်းဖြစ်သ်ည။

‘သူကမွန်းစတားတစ်ကောင်များလား’ ရှန်းကွမ်ရှန်ယုက တွေးလိုက်သည်။ ဤအခိုက်အတန့်တွင် သူသည် နောက်ဆုံး၌ ကောလဟာလများကို စတင်၍ ယုံကြည်သွားခဲ့သည်။ ချူးယွင်ဖန်းသည် ကျန်းပိုင်ဖေးကို အနိုင်ယူနိုင်ခဲ့ကာ ယင်းသည် သာမန်အနိုင်ယူမှုမျိုးမဟုတ်၊ အပြည့်အဝပြီးပြည့်စုံစွာအနိုင်ယူခဲ့ခြင်းဖြစ်သည်။ သို့သော် ကောလဟာလများသည် ချူးယွင်ဖန်းက ဤမျှကြောက်မက်ဖွယ်ကောင်းကြောင်း မဖော်ပြထားခဲ့ပေ။ သို့သော် ယခုအချိန်တွင် ရှန်းကွမ်ရှန်ယုသည် မဆင်ခြင်နိုင်တော့ပေ။ ချူးယွင်ဖန်းက စတင်၍ လှုပ်ရှားလာပြီဖြစ်သည်။

ထိုအချိန်တွင် အခြားငါးယောက်သည် ချူးယွင်ဖန်းကို ဘေးနှစ်ဖက်မှ နောက်ကျောမှဝိုင်းရံရန် ဖြန့်လိုက်ကြသည်။ ဤလူများသည် တိုက်ပွဲအတွေ့အကြုံရှိကြသဖြင့် ချူးယွင်ဖန်းကို တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်သည့်အချိန်မှစ၍ ၎င်းတို့၏ နာမည်ဂုဏ်သတင်းဂရုမစိုက်တော့ဘဲ အစွမ်းကုန်တိုက်ခိုက်ခဲ့ကြသည်။ တစ်ခဏချင်း၌ပင် လက်နက်ငါးစင်းလုံးသည် ကောင်းကင်ယံထက်သို့ မြင့်တက်ကာ ချူးယွင်ဖန်ထံသို့ တိုက်ရိုက်သက်ဆင်းလာသည်။

သို့သော် ၎င်းတို့ တိုက်ခိုက်လိုက်သောအရာများသည် တကယ်တမ်းတွင် ပုံရိပ်ယောင်များသာဖြစ်ကြောင်း ချက်ချင်းသိရှိသွားကြသည်။ ၎င်းတို့၏ တိုက်ခိုက်မှုများသည် ချူးယွင်ဖန်း၏ ပုံရိပ်ယောင်များကို ဖြတ်သန်းသွားခြင်းဖြစ်သည်။ ချူးယွင်ဖန်း၏မျက်နှာထက်တွင် မထီမဲ့မြင်ပြု၍ ကဲ့ရဲ့သောအမူအရာတစ်ခုပေါ်လာသည်။ ထိုသို့သောတိုက်ခိုက်မှုမျိုးသည် လွန်ခဲ့သောလက အပြင်းအထန်လေ့ကျင့်မှုတွင်ရခဲ့သောအရာများနှင့်နှိုင်းယှဥ်၍မရနိုင်ပေ။ ဤတိုက်ခိုက်မှုများသည် အာရုံစူးစိုက်အားကောင်းပုံရသော်လည်း စစ်တပ်ထဲမှစစ်သားများနှင့်မူ နှိုင်းယှဥ်၍မရနိုင်ပေ။

တိုက်ခိုက်မှုတွင် နေရာတိုင်း၌ အပေါက်များရှိနေသည်။ အကယ်၍ ထိုအပြင်းအထန်လေ့ကျင့်မှု၌ ချူးယွင်ဖန်းတွေ့ဆုံခဲ့သော စစ်သားများသာဖြစ်မည်ဆိုပါက ၎င်းတို့သည် ဤမျှ လွယ်လင့်တကူ ဖြတ်ကျော်နိုင်လိမ့်မည်မဟုတ်ပေ။ လွန်ခဲ့သည့်လတွင် ချူးယွင်ဖန်းအ နည်းငယ်တိုးတက်လာခဲ့သည့်အခါတိုင်း ကျန်းယွမ်ပင်က အခက်အခဲကိုတိုးမြှင့်ခဲ့သည်။ အခြေခံအားဖြင့် အချိန်တိုင်းတွင် သူနှိပ်စက်ခံခဲ့ရသည်။ ချူးယွင်ဖန်းက မိမိကိုယ်မိမိ တိုးတက်လာသည်ဟု ခံစားမိသော်လည်း ထိုခံစားချက်သည် တာရှည်မခံခဲ့ပေ။ သို့သော် ယခု လူတိုင်း၏မျက်လုံးထဲရှိပါရမီရှင်ဆိုသူများ၏ ထက်မြက်သောတိုက်ခိုက်မှုကို ကြုံတွေ့ပြီဖြစ်သောကြောင့် ခြားနားမှုကို ခံစားနိုင်ခဲ့သည်။

‘နှေးတယ် နှေးတယ် နှေးတယ်’

‘အရမ်းနှေးလွန်းတယ်’

မျက်စိတစ်မှိတ်အတွင်း၌ပင် ချူးယွင်ဖန်းသည် လူတိုင်း၏တိုက်ခိုက်မှုများကို ဖြတ်ကျော်၍ ရှန်းကွမ်ရှန်ယု၏အရှေ့သို့ ထပ်မံရောက်ရှိသွားသည်။ ရှန်းကွမ်ရှန်ယု အလွန်အံ့အားသင့်သွား၏။ အချိန်စက္ကန့်ပိုင်းမျှသာကုန်ဆုံးသွားခြင်းဖြစ်သော်လည်း ချူးယွင်ဖန်းသည် အလွန်လျင်မြန်လှ၏။ ရှန်းကွမ်ရှန်ယုသည် သူ၏လှံကို ခွန်အားအပြည့်သုံး၍ ပြန်ရုတ်သိမ်းရန်ကြိုးစားခဲ့သော်လည်း အချိန်နှောင်းသွားခဲ့ပြီဖြစ်ကြောင်း သိသာလှသည်။

ဤအရာများအားလုံးသည် နှေးကွေးသည်ဟုထင်ရသော်လည်း တစ်ခဏအတွင်းတွင်ဖြစ်ပျက်သွားခြင်းဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းတွင် အရာအားလုံးဖြစ်ပျက်သွားသည်။ ချူးယွင်ဖန်းက လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ ယင်းသည် အလွန်ရိုးရှင်းကာ အခြေခံကျလှသော လက်သီးနည်းစနစ်တစ်ခုဖြစ်သည့်တိုင် သူ၏လက်သီးသည် လှံရှည်တစ်စင်းကဲ့သို့ လေကိုခွင်း၍ ကျယ်လောင်သောအသံနှင့်အတူ ရှန်းကွမ်ရှန်ယုထံသို့ ဦးတည်သွားသည်။

ရှန်းကွမ်ရှန်ယုသည် သူ့ကိုယ်သူ ခုခံကာကွယ်ရန် လက်တစ်ဖက်ကို ရင်ဘက်ရှေ့သို့ ခံရန်အချိန်ရှိခဲ့သော်လည်း ပြင်းထန်သောနာကျင်မှုကိုခံစားလိုက်ရသည်။ သူ၏လက်တစ်ဖက်လုံး ကြေမွသွား၏။ ပြင်းထန်စွာဒဏ်ရာရခဲ့ပြီးနောက် ချက်ချင်းပင် နောက်သို့ လွင့်ထွက်သွား၏။

ချူးယွင်ဖန်း၏အရှိန်သည် အလွန်လျင်မြန်လှသောကြောင့် တစ်ခဏချင်း၌ပင် ရှန်းကွမ်ရှန်ယုကို လွင့်ထွက်သွားစေခဲ့သည်။

ဘမ်း

ရှန်းကွမ်ရှန်ယုသည် နံရံနှင့်ထိမှန်ပြီးနောက် မြေပြင်ပေါ်သို့ လျှောကျသွားသည်။

နောက်ဆုံးတွင် လူတိုင်း တုံ့ပြန်လာကြ၏။ ရှန်းကွမ်ရှန်ယု၏ ရုတ်တရက်တိုက်ခိုက်မှုမှအစ ချူးယွင်ဖန်း၏အောင်မြင်သောတန်ပြန်တိုက်ခိုက်မှုအထိ ရှန်းကွမ်ရှန်ယုကို တစ်ချက်တည်းဖြင့် လွင့်ထွက်သွားစေခဲ့ခြင်းဖြစ်စဥ်တစ်ခုလုံးသည် မြန်ဆန်လွန်းလှသဖြင့် မည်သူမျှ မတုံ့ပြန်နိုင်ခင်၌ပင် အရာအားလုံးပြီးဆီးသွားခဲ့ပြီဖြစ်သည်။

သို့သော် ၎င်းတို့ မထိတ်လန့်နိုင်မီတွင် ချူးယွင်ဖန်းသည် အခြားလူငါးဦးကို ချေမှုန်းပစ်လိုက်နှင့်ပြီးဖြစ်၏။ ၎င်းတို့ငါးဦးလုံး ပထမဆုံးတိုက်ခိုက်မှု၌ပင် ကျရှုံးသွားခဲ့ကြပြီးနောက်လူအများ တုံ့ပြန်လာကြသည်။ ဤအခိုက်အတန့်တွင် ထိတ်လန့်ဖွယ်ဖြစ်စဥ်တစ်ခုလုံးကို မြင်လုကိ်ကြရသည်။ ရှန်းကွမ်ရှန်ယုသည် ချူးယွင်ဖန်းကို ချက်ချင်းရှုံးနိမ့်ခဲ့သည့်အပြင် ၎င်းတို့လည်း မည်သို့မျှမတတ်နိုင်ခဲ့ပေ။ ရှန်းကွမ်ရှန်ယုကို လွင့်ထွက်သွားစေခဲ့၏။

ယခုတွင်လည်း ချူးယွင်ဖန်းကြောင့် ၎င်းတို့အားလုံး အဝေးသို့ လွင့်ထွက်ပျံတက်ကုန်ကြ၏။

၎င်းတို့ငါးဦးသည် ချူးယွင်ဖန်းကို တစ်ပြိုင်နက်တိုက်ခိုက်ခဲ့ကြသည်။ ၎င်းတို့၏လက်နက်များသည် လေထုနှင့်ပတ်ဝန်းကျင်ရှိအရာအားလုံးကို ဆုတ်ဖြဲပစ်လိုက်၏။ ယင်းသည် ချူးယွင်ဖန်းကို သတ်ပစ်တော့မည့်အလားပင်ဖြစ်၏။ ချူးယွင်ဖန်း၏ခန္ဓာကိုယ်သည် အနည်းငယ်ယိမ်းယိုင်သွားပြီးနောက် ပုံရိပ်အနည်းငယ်ကိုယ်ခွဲသွားသည်။ ၎င်းတို့ငါးဦးထံမှတိုက်ခိုက်မှုများအားလုံးလွဲချော်သွားကာ ချူးယွင်ဖန်း၏ ပုံရိပ်ယောင်များကိုသာ ထိမှန်သွား၏။ ပထမဆုံးတိုက်ခိုက်မှုများကို ရှောင်တိမ်းပြီးနောက် ချူးယွင်ဖန်းသည် သံမဏိမျှော်စင်ကဲ့သို့ မြင့်မားလှသောလူငယ်၏ရှေ့သို့ ချက်ချင်းရောက်လာသည်။

အရပ်ရှည်သောလူငယ်သည် ဖြစ်ပျက်နေသည်ကို မြင်သော်လည်း အနည်းငယ်မျှပင်မကြောက်ပေ။ သူသည် ရှည်လျားကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီးနောက် တူကဲ့သို့ လေးလံပြင်းထန်လှသော လက်သီးဖြင့် ချူးယွင်ဖန်းကို ထိုးလိုက်သည်။ ဤလူငယ်သည် ချူးယွင်ဖန်းထက် အရွယ်အစားသာမက ခွန်အားလည်းပို၍ကြီးသည်။ ထို့ကြောင့် ထိုသို့သောထိပ်တိုက်ရင်ဆိုင်မှုများကို ကြောက်ရွံ့နေရမည့်အစား အခွင့်အရေးတစ်ခုဟုပင် တွေးထား၏။

ထိုအချိန်တွင် ချူးယွင်ဖန်းသည် သာမန်လက်သီးချက်တစ်ချက်ကို လှံကဲ့သို့ ပစ်သွင်းလိုက်သောအခါ လက်သီးနှစ်လုံး ပြင်းထန်စွာတိုက်မိသွားသည်။

ဘမ်း

ကြီးမားသော ပေါက်ကွဲသံနှင့်အတူ ကောင်းကင်ယံထက်တွင် ချီစွမ်းအင်များ တစ်ဟုန်ထိုး ပေါက်ကွဲပျံ့နှံ့သွားကာ အရိုးကျိုးကြေသံများလည်းပေါ်ထွက်လာသည်။ အရပ်ရှည်သောလူငယ်သည် နာကျင်မှုကြောင့် ပြင်းထန်စွာအော်စ်၍ သူ့လက်မောင်းကို ဆုတ်ကိုင်လျက် နောက်သို့ လွင့်ထွက်သွားသည်။ သူ၏ တူကဲ့သို့ ပြင်းထန်လှသော လက်သီးကို ဖြေလျော့လိုက်ကာ သူ့နံဘေး၌ အင်အားမဲ့စွာငြိမ်သက်သွားသည်။ သူ့တွင် ယင်းကို ဆက်လက် ဆုပ်ထားရန် အချိန်မရှိတော့ပေ။ အရပ်ရှည်သောလူငယ်သည် ရှန်းကွမ်ရှန်ယုကဲ့သို့ တစ်ခဏချင်း၌ပင် အသတ်ခံလိုက်ရသည်။ သူသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာလဲကျ၍ အကြိမ်အနည်းငယ်လိမ့်ဆင်းသွားပြီးနောက် မလှုပ်တော့ပေ။

နောက်ထပ် တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်ခြင်းဖြစ်သည်။

ချူးယွင်ဖန်း၏ အံ့အားသင့်ဖွယ်ခွန်အားသည် ကျန်သော လေးယောက်အတွက် သတိပေးခေါင်းလောင်းကဲ့သို့မြည်ဟည်းလျက်ရှိသည်မှာအသေအချာပင်ဖြစ်သည်။ ၎င်းတို့လေးယောက်သည် တစ်ပြိုင်နက်တည်းချီတက်၍ တစ်ပြိုင်နက်တည်း ဆုတ်ခွာသွားကြသည်။ ထို့နောက် ရုတ်တရက်ဆိုသကဲ့သို့ပင် ချူးယွင်ဖန်းကို တိုက်ခိုက်လာကြ၏။

တစ်ဖက်တွင်မူ ချူးယွင်ဖန်းသည် ငြိမ်သက်လျက်ရှိကာ အနည်းငယ်မျှပင် အလျင်လိုခြင်းမရှိပေ။ သူသည် နောက်ကျောတွင်ထည့်ထားသော ကျူးချွဲ့ကို ဆွဲထုတ်၍ တိုက်ခိုက်လိုက်သည်။ ဧရာမလေးလံကြီးမားလှသော ဓားကြီးသည် ကြယ်တံခွန်တစ်စင်းနှယ် ခုတ်ပိုင်းကျလာ၏။

လူတစ်ယောက်၏ ခွန်အားသည် လူဆယ်ယောက်ကို အနိုင်ယူနိုင်သည်ဟူသော အချက်ကို ဖော်ပြရန် ကျူးချွဲ့ကို အသုံးပြုခဲ့သည်။ လက်နက်လေးခု၏ တိုက်ခိုက်မှုသည် ကျူးချွဲ့ကြောင့် ချက်ချင်းပင် ကွဲကြေသွား၏။ ၎င်းတို့သည် ချူးယွင်ဖန်း၏ ကြီးမားလေးလံလှသော ဓားကြီးကို မဆန့်ကျင်နိုင်ပေ။

ချက်ချင်းဆိုသကဲ့သို့ပင် ကျူးချွဲ့သည် ထပ်မံ၍ အဖွဲ့ထဲတွင် တစ်ဦးတည်းသောဖြစ်သည့် မိန်းကလေးတစ်ယောက်ကို ထိမှန်သွားသည်။ ခွန်အားအရဆိုပါက သူမသည် ချူးယွင်ဖန်းကို မယှဥ်နိုင်ပေ။

တစ်ချက်တည်းဖြင့် မိန်းကလေးသည် သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသော အရိုးများအားလုံးကွဲကြေသွားတော့မည့်အလား ခံစားလိုက်ရသည်။ တိုက်ခိုက်မှု၏ စွမ်းအားအများစုကို သူမ၏ ချပ်ဝတ်တန်ဆာများက စုပ်ယူထားသော်လည်း ကျန်ရှိသောစွမ်းအားများသည် သူမကို လွင့်ပျံသွားစေကာ အပြင်းအထန်ဒဏ်ရာရသွားစေ၏။

အခန်း(၄၉၂) ကလေးများကို ရိုက်နှက်ခြင်းကဲ့သို့

တစ်ချက်တည်းနှင့် လူသုံးဦးသေဆုံဂသွားပြီးနောက် ဤတိုက်ပွဲသည် အနားရှိ ပွဲကြည့်သူကျောင်းသားများကို ထိတ်လန့်စေခဲ့သည်။ ဤအရှိန်သည် အလွန်လျင်မြန်လွန်းလှသဖြင့် အသက်ပင်မရှုဝံ့ကြတော့ပေ။

အသက်ပြင်းပြင်းရှုမိပါက ကိစ္စများစွာကို လွတ်သွားမည်ကိုစိုးရိမ်နေကြသည်။ မျက်စိတစ်မှိတ်အတွင်း၌ အောင်နိုင်သူကို အဆုံးအဖြတ်ပေးနိုင်ခဲ့သည်။

“ငါတို့ လက်ချင်းချိန်ပြီး စွမ်းရည်သုံးမျိုးပေါင်းစပ်ခြင်းကို ဖွဲ့စည်းကြရအောင်။ ငါတို့ သူ့ကို တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူခွင့်ပေးလို့မရဘူး” သာမန်ကျသော ကိုယ်ခန္ဓာရှိသည့် လူငယ်က အော်ပြောလိုက်သည်။

၎င်းတို့သည် မူလက လက်ချင်းချိတ်၍ တိုက်ခိုက်ရန် ချီတုံချတုံဖြစ်နေခဲ့ကြသည်။ ၎င်းတို့ လက်ချင်းချိတ်ရသည့်အကြောင်းအရင်းမှာ ၎င်းတို့၏မျက်လုံးထဲတွင် အလွန်မာန်တက်နေသော ချူးယွင်ဖန်းကို ကြမ်းတမ်းသော သင်ခန်းစာတစ်ခု ပေးချင်သောကြောင့်ဖြစ်သည်။ သို့သော် ဤတိုက်ခိုက်မှုအပြီးတွင် ရယ်စဖွယ်ကောင်းသောလူမှာ ချူးယွင်ဖန်းမဟုတ်ဘဲ ၎င်းတို့သာဖြစ်နေကြောင်းသိလိုက်ရသည်။ ချူးယွင်ဖန်းသည် အမှန်တကယ်ပင် ဤမျှလောက်သော ခွန်အားနှင့် မာနမျိုးရှိသင့်သည်။ သေချာသည်မှာ သူစနောက်နေခြင်းမဟုတ်ပေ။

ယခင်က ၎င်းတို့ ခန့်မှန်းထားခဲ့သည့်အရာများအားလုံး မှားယွင်းနေသည်။ ကျန်းပိုင်ဖေးသည် ချူးယွင်ဖန်း၏ လက်ထဲတွင် ရှုံးနိမ့်ခဲ့ခြင်းမှာ ကံဆိုးမှုကြောင့်သာ ဖြစ်နိုင်သည်ဟုထင်ခဲ့ကြသည်။

လွန်ခဲ့သော လအနည်းငယ်ခန့်က ကျန်းပိုင်ဖေးသည် ထိပ်တန်းကျောင်းသားစာရင်းတွင် တတိယနေရာချိတ်ဆွဲနိုင်ခဲ့သည်။ သို့သော် ဤသည်ကား အရေးမပါလှပေ။ ၎င်းသည် လွန်ခဲ့သောလအနည်းငယ်ခန့်ကာလကဖြစ်သည်။ ယခုမူ အရာအားလုံးကွဲပြားသွားပြီဖြစ်သည်။ ကျန်းပိုင်ဖေးက အလွယ်တကူ ရှုံးနိမ့်သွားခဲ့သောကြောင့် ၎င်းတို့အတွက် အခွင့်အရေးရောက်လာပြီဟု ထင်နေခဲ့ကြသည်။

ဤကာလအတွင်းတွင် လေထုထဲ၌ အမျိုးမျိုးသော သတင်းများပျံ့နှံ့လျက်ရှိသည်။ ၎င်းတို့သည် နောက်ကွယ်တွင် ပုန်းအောင်းနေကြသည့် သွေးထိုးလှုံ့ဆော်သူများထဲမှ တစ်ယောက်အပါအဝင်ဖြစ်ကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်သည် ချူးယွင်ဖန်းကို သူ့ကိုယ်သူသိစေရန်ပြသ၍ မျက်နှာချင်းဆိုင်အနိုင်ယူနိုင်ရန်ဖြစ်သည်။ သို့မှသာ မျိုးဆက်သစ်များ၏ တက္ကသိုလ်အဆင့်သတ်မှတ်ချက် အစားထိုးမှုကို အောင်မြင်စွာပြောင်းလဲနိုင်လိမ့်မည်ဖြစ်သည်။

သို့သော် ၎င်းတု့ိ တကယ်တမ်းစတင်တုကိ်ခိုက်ကြသောအခါတွင် ၎င်းတို့၏ ယခင်ခန့်မှန်းချက်များ၌ ကြီးမားလှသောအမှားများရှိနေကြောင်း သိလိုက်ရသည်။ ၎င်းသည် အမှန်ပင် ယုတ္တန်သောအမှားတစ်ခုဖြစ်ကာ၊ ယင်းသည် ချူးယွင်ဖန်က ကျန်းပိုင်ဖေကို အနိုင်ယူနိုင်ခဲ့ခြင်းမှာ ကျန်းပိုင်ဖေးက ချူးယွင်ဖန်း၏ လက်သီးတစ်ချက်ကိုပင် မတောင့်ခံနိုင်ခဲ့သောကြောင့်မဟုတ်ဘဲ ချူးယွင်ဖန်းက အလွန်ကြောက်မက်ဖွယ်ကောင်းနေသောကြောင့်ဖြစ်သည်။

ဤအချက်ကို ယခင်ကသာ ၎င်းတို့ ကြိုသိခဲ့ရမည်ဆိုပါက ၎င်းတို့အားလုံး ချူးယွင်ဖန်းက အမှန်စင်စစ်စွမ်းအားကြီးနေခြင်းဖြစ်ကြောင်း သိရှိခဲ့မည်ဖြစ်သည်။ ၎င်းတို့အားလုံး အသေအရိုက်ခံရလျှင်ပင် ဤနေရာသို့ လာခဲ့လိမ့်မည်မဟုတ်ပေ။

သို့သော် ဤအခြေအနေအထိ ရောက်လာခဲ့ပြီးဖြစ်သည့်အပြင် ချူးယွင်ဖန်းကို အနိုင်ယူရန်မှာမဖြစ်နိုင်သောကိစ္စတစ်ခုဖြစ်နေသောကြောင့် ၎င်းတို့ လုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ မိမိကိုယ်ကိုယ်လေးစားမှုကို ကာကွယ်ရန်အကောင်းဆုံးကြိုးစားရမည်ဖြစ်သည်။

၎င်းတို့သုံးဦးသည် လက်များချိတ်၍ စွမ်းရည်သုံးမျိုးပေါင်းစပ်ခြင်းကို ဆောင်ရွက်ခဲ့သည်။ ၎င်းတို့သုံးဦးသည် ယခင်က အတူယှဥ်တွဲ၍မတိုက်ခိုက်ခဲ့ဖူးသော်လည်း ထိပ်တန်းကျောင်းသားများဖြစ်ကြသည့်အလျောက် ဤဖွဲ့စည်းပုံကို ကောင်းစွာသိသဖြင့် အမှားကင်းစွာဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် ချူးယွင်ဖန်းကို ပြင်းထန်စွာတိုက်ခိုက်ခဲ့၏။

သို့သော် ချူးယွင်ဖန်းက ၎င်းတို့ကို ဤသို့သော အခွင့်အရေးမျိုး မည်သို့ပေးလိမ့်မည်နည်း။ ပင်ကိုယ်စွမ်းရည်သုံးမျိုး ပေါင်းစည်းခြင်းသည် ၎င်းတို့၏ ခွန်အားကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးနိုင်ခဲ့သော်လည်း ၎င်းတို့၏ ခွန်အားကို အကန့်အသတ်မဲ့သည်အထိ တိုးမြှင့်ပေးနိုင်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့၏ခွန်အားနှင့် ချူးယွင်ဖန်း၏ ခွန်အားသည် ဝေးကွာလွန်းလှသည်။ အနည်းဆုံးအနေဖြင့် အဆင့်နှစ်ဆင့်ကွာခြားသည်။

စွမ်းရည်သုံးမျိုးပေါင်းစပ်ခြင်းသည် ၎င်းတို့၏ တိုက်ခိုက်‌ရေးစွမ်းအားကို တိုးမြှင့်‌ပေးနိုင်ခဲ့သော်လည်း ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရသောအခါတွင်မူ ၎င်းတို့သည် ဓားချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိကြပေ။

ချူးယွင်ဖန်းသည် သူ၏အတွေးများကို အခြေခံ၍ သူသိထားသည့် နည်းဗျူဟာအတိုင်းဆက်လက်လုပ်ဆောင်ခဲ့သည်။ ရုတ်တရက် သူ၏ဓားသက်ဆင်းလာကာ ၎င်းသည် ဧဝရတ်တောင်ကြီးပြိုကျလာသည့်နှယ် ပြင်းထန်လှ၏။

ဘွန်း

အနှိုင်းမဲ့ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချူးယွင်ဖန်း၏ဓားသည် ဖွဲ့စည်းတိုက်ခိုက်မှုကို ချိုးဖြတ်ပစ်လိုက်သည်။ ကျန်တိုက်ခိုက်ရေးသမားသုံးဦးသည် ၎င်းတို့၏ လက်များအတွင်းသို့ ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားမျိုး တိုးဝင်လာသည်ကို ချက်ချင်းခံစာလိုက်ရပြီးနောက် ၎င်းတို့၏ လက်နက်များအားလုံး လက်ထဲမှ လွတ်ကျလုနီးပါးဖြစ်သွားသည်။ ရှန်းကွမ်ရှန်ယုနှင့် အခြားသူများက ချူးယွင်ဖန်း၏လက်သီးတစ်ချက်ကိုပင် ခံနိုင်ရည်မရှိခဲ့ရသည့် အကြောင်းအရင်းကို နောက်ဆုံးတွင် ၎င်းတို့ နားလည်ခဲ့ကြသည်။ ၎င်းတို့သည် အလွန်အသုံးမကျလှသောကြောင့်မဟုတ်ဘဲ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုက အလွန်ပြင်းထန်လွန်းနေသောကြောင့်သာဖြစ်သည်။

၎င်းတို့၏လက်ထဲရှိလက်နက်များကို ထိန်းချုပ်ရန် အစွမ်းကုန်ကြိုးစားနေချိန်တွင် ချူးယွင်ဖန်း၏ နောက်ထပ်တိုက်ခိုက်မှုတစ်ခုသည် အရိပ်ကဲ့သို့ ထွက်ပေါ်လာသည်။ ကျူးချွဲ့က ထပ်မံထွက်ပေါ်လာသောအခါ အလယ်အလတ်ခန္ဓာကိုယ်ရှိသော လူငယ်ကို ထိမှန်သွားသည်။ သူ၏ သံချပ်ကာထက်၌ ကြီးမားသော အက်ကွဲကြောင်းကြီးပေါ်လာပြီးနောက် ချက်ချင်းပင် လွင့်ထွက်သွားသည်။ သူသည် အနီးနားရှိ ကြည့်ရှု့သူများကိုပင် ထိမှန်လုနီးပါးဖြစ်သွားသည်။ ထို့နောက် ဤအခိုက်အတန့်တွင် အခြေအနေသည် နောက်ဆုံး၌ လူအုပ်ကို တုန်လှုပ်ကြောင်အသွားစေခဲ့ကာ အသိဝင်လာစေသည်။ ၎င်းတို့ အမြန်နောက်ဆုတ်၍ တိုက်ပွဲ၏ပြင်းထန်သောအကျိုးဆက်များကို ရှောင်တိမ်းရန် အမြန်ဆုတ်ခွာလိုက်ကြသည်။

ကျန်ရှိသောတိုက်ခိုက်သူ နှစ်ဦးက သတိဝင်လာသော်လည်း အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။ ချူးယွင်ဖန်းသည် သူ၏ဓားကို ထပ်မံ၍ ခုတ်ပိုင်းလိုက်သောအခါ နောက်ထပ်တစ်ယောက် လွင့်ထွက်သွားပြန်သည်။ အစမှအဆုံးအထိ ကွာခြားချက်အနည်းငယ်မျှပင်မရှိပေ။

နောက်ဆုံး တိုက်ခိုက်သူသည်လည်း ဆက်လက်၍တိုက်ခိုက်ရန်ရည်ရွယ်ချက်မရှိတော့ပေ။ ချူးယွင်ဖန်း၏ ခွန်အားသည် အံ့အားသင့်ဖွယ်ကောင်းရုံမျှသာမက အရှိန်သည်လည်း ၎င်းတို့ထက် သာလွန်ကြောင်း သူသိထားခဲ့ပြီဖြစ်သည်။ သူမည်သို့ပင်လုပ်စေကာမူ အဓိပ္ပါယ်မဲ့နေပေလိမ့်မည်ဖြစ်သည်။

ချူးယွင်ဖန်း၏ ရှေ့တွင် ကိန်းဂဏန်းများသည်ပင် အဓိပ္ပါယ်မရှိတော့ပေ။ ချူးယွင်ဖန်းသည် လွန်ခဲ့သောလက မည်သို့သော အထူးလေ့ကျင့်မှုမျိုးကို ကြုံတွေ့ခဲ့ရသည်ကို ၎င်းတို့ မသိခဲ့ကြပေ။ သူသည် နေ့စဥ်ရာနှင့်ချီသော စစ်သားများ၏ တိုက်ခိုက်မှုများကို ခံခဲ့ရသည်။ တိုက်ခိုက်မှုများသည် အလွန်ပြင်းထန်လျက်ရှိခဲ့ရာ လွတ်မြောက်လိုလျှင်ပင် လွတ်မြောက်ရန် နည်းလမ်းမရှိပေ။

ထိုအခြေအနေများကို ကျော်ဖြတ်ခဲ့ပြီးနောက် လူအနည်းငယ်၏ ဝိုင်းဝန်းတိုက်ခိုက်မှုသည် သူ့ကို စိတ်အနှောက်အယှက်ပင်မဖြစ်စေနိုင်ပေ။ ၎င်းတို့သည် တူညီသောအဆင့်တွင်ရှိနေကြခြင်းမဟုတ်ပေ။ နောက်ဆုံးလူသည် မိမိကိုယ်မိမိ ယုံကြည်ချက်အားလုံး ပျောက်ဆုံးသွားပြီဖြစ်သည်။ ဆက်လက်တိုက်ပွဲဝင်ရန် ရည်ရွယ်ချက်အနည်းငယ်မျှပင်မရှိသဖြင့် နောက်သို့လှည့်၍ ထွက်ပြေးသွားသည်။ သို့သော် အခြေအနေသည် ဤအဆင့်ထိပင် ရောက်နေပြီဖြစ်သဖြင့် ချူးယွင်ဖန်းက သူ့ကို မည်သို့အလွတ်ပေးလိမ့်မည်နည်း။ သူသည် ခြေလှမ်းအနည်းငယ်သာလှမ်းပြီးနောက် ထွက်ပြေးလာသော လူငယ်ကို ဖမ်းမိသွားသည်။ ထို့နောက် လက်ထဲမှ ကျူးချွဲ့ဖြင့် ခုတ်ပိုင်းလိုက်၏။

ဘမ်း

ဤလူသည်လည်း ဓားဖြင့် ထိမှန်သွားပြီးနောက် ကြယ်တံခွန်တစ်စင်းနှယ် မြေပြင်ပေါ်သို့ပြင်းထန်စွာ လဲကျ၍ နေရာ၌ပင် မေ့လဲသွားသည်။

ထိုအချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်လျက်ရှိသည်။ လူအုပ်ကြီးတစ်ခုလုံး တုန်လှုပ်ခြောက်ခြားသွားကြ၏။

ဤလူများအားလုံးသည် ဌာနအသီးသီးမှ ဆရာများ၏ နှလုံးသားထဲရှိ ထူးချွန်သူများဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် ဌာနအသီးသီးတွင် ထိပ်တန်းအဆင့်ရှိကြသူများဖြစ်ကြကာ ကောလိပ်ဝင်ခွင့်စာမေးပွဲများမတိုင်မီကတည်းက မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြခြင်းဖြစ်သည်။

ယခုမူ ၎င်းတို့အားလုံး ရှုံးသွားပြီဖြစ်သည်။ လူတိုင်းထင်ထားသကဲ့သို့ တစ်ဦးချင်းရှုံးနိမ့်မှုပင် မဟုတ်ပေ။ ၎င်းတို့သည် ချူးယွင်ဖန်းကို ဝိုင်းရံတိုက်ခိုက်ခဲ့ကြသော်လည်း ချူးယွင်ဖန်းသည် ၎င်းတို့ကို ကလေးသူငယ်များကဲ့သို့ အကုန်လုံးကို ချေမှုန်းအနိုင်ယူပစ်ခဲ့သည်။

၎င်းတို့က ချူးယွင်ဖန်းကို တစ်ဖန်ပြန်ကြည့်လိုက်သောအခါ ၎င်းတို့၏ အကြည့်များသည် မွန်းစတားတစ်ကောင်ကို ကြည့်နေသကဲ့သို့ဖြစ်လျက်ရှိသည်။ ၎င်းတို့၏ ကျင့်ကြံရေးအဆင့်သည် မရီးဒျန်သန့်စင်ခြင်းအဆင့်တွင်သာရှိနေသေးသဖြင့် မရီးဒျန်သန့်စင်ခြင်းအဆင့်ဟူသည် ၎င်းတို့အတွက် အလွန်အလှမ်းဝေးသောအရာဖြစ်သည်။ ယခု ချူးယွင်ဖန်းသည် ထိုကဲ့သို့ လွယ်ကူစွာဖြင့် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူအနည်းငယ်ကို အနိုင်ယူသွားခဲ့သည်။ ဤအရာသည် ၎င်းတို့ကို အလွန် အကြပ်ရိုက်စေသည်။

‘သူတို့က တကယ်အပါတ်စဥ် တူတဲ့ကျောင်းသားတွေဟုတ်လို့လား’

‘သူတို့က တကယ်ပဲ ပြည်ထောင်စုတက္ကသိုလ်က ကျောင်းသားတွေလား’

လူအများသည် ဒုတိယနှစ် သို့မဟုတ် အငယ်တန်းကျောင်းသားများပင်လျှင် ချူးယွင်ဖန်းထံတွင် အရှုံးပေးရလိမ့်မည်ဟု ခံစားမိလာကြသည်။

ဤအတွေးသည် အဓိပ္ပါယ်မဲ့ပုံပေါ်သော်လည်း ဤသို့သောအတွေးမျိုးက လူတိုင်း၏ စိတ်ထဲတွင် ပေါ်လာသောအခါတွင်မူ အဓိပ္ပါယ်မဲ့သည်ဟူ မည်သူမျှ မခံစားရတော့ပေ။

ထို့အပြင် ဤအရာသည် အမှန်တရားပင်ဖြစ်သည်။

All Chapters