အခန်း (၄၉၉-၅၀၁)
Vol. 34 Ch. 499-501
အခန်း(၄၉၉) ရွှေနှင့် ကျောက်စိမ်း၏ကွာခြားချက်ကို မျက်ကန်းက မသိပါ
“မှန်တယ် သူက ကျောင်းသားသစ်ပဲရှိသေးတာကို ဘယ်လောက်အစွမ်းထက်နိုင်မှာမို့လို့လဲ” လူငယ်တစ်ဦးက ခေါင်းညိတ်၍ သဘောတူလိုက်သည်။
ဤလူများသည် မာနရှိကြသူများဖြစ်ကြသည့်အလျောက် ကျောင်းသားသစ်တစ်ဦးထက် ယုတ်ညံ့ကြောင်း ဝန်ခံရန်မဖြစ်နိုင်ပေ။
“မင်းသူကို အထင်မသေးသင့်ဘူး။ ချူးယွင်ဖန်းက အခုနှစ်ပြည်ထောင်စုတက္ကသိုလ် ဆရာပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တယ်လို့ ကြားလိုက်ရသေးတယ်။ ဘာပဲဖြစ်ဖြစ် ပြည်ထောင်စုတက္ကသိုလ် နည်းပြပြိုင်ပွဲမှာ ချန်ပီယံဖြစ်တယ်ဆိုတာ တန်ဖိုးရှိပါတယ်”
ဤအခိုက်အတန့်တွင် ထူးထူးခြားခြားအသွင်အပြင်ရှိသော သာမန်မိန်းမပျိုလေးတစ်ယောက်ကစကားစပြောလာ၏။ သူမ၏အကြည့်များသည် တည်ငြိမ်လျက်ရှိသည်။
“ယန်ဖေးလင် အဲ့တာ ဒီတိုင်းမြှောက်ပင့်နေတာပဲ။ ပြည်ထောင်စုတက္ကသိုလ် ဆရာပြိုင်ပွဲက ကလေးကစားသလောက်ပဲရှိတာ။ တကယ်အစွမ်းထက်တဲ့လူဆိုရင် အဲ့ပြိုင်ပွဲမှာ ဘာလို့ ပါဝင်မှာလဲ” ကျန်းယွင်ဖေးက ခေါင်းခါ၍ ပြောလိုက်သည်။
“ဟွမ်ဝေ့ချင် ကောင်းကင်နဲ့မြေကြီးရဲ့ ကြီးကျယ်မှုကို မသိတဲ့ အဲ့ငချွတ်လေးကို မင်းအလွယ်တကူ ဖယ်ရှားနိုင်မှာပဲ” ကျန်းယွင်ဖေးက အရပ်ခပ်မြင့်မြင့် လူတစ်ယောက်ကိုကြည့်၍ပြောလိုက်သည်။ ဤလူငယ်သည် အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ကြည့်ကောင်းလှသည်။
“သူက ကျောင်းသားသစ်တစ်ယောက်ပဲ ယှဥ်စရာဘာလိုသေးလဲ။ ဒီချူးယွင်ဖန်း ဒီလိုမျိုးကျော်ကြားနေတော့ရော ဘာဖြစ်လဲ။ ဒီနှစ် ငါတို့ မိသားစုက ဟွမ်ယုက တာအိုညီလာခံမှာ ပါဝင်မှာပဲ။ ချူးယွင်ဖန်း သူနဲ့ လမ်းမှာမတွေ့ရင် ပိုကောင်းလိမ့်မယ်မဟုတ်ရင် သူဘယ်လိုအမှိုက်မျိုးလဲဆိုတာ သူကိုယ်တိုင်မြင်ရလိမ့်မယ်”
“ဟွမ်ယုဟုတ်လား ငါဒီနာမည်ကိုကြားဖူးပါတယ်။ ဟွမ်မိသားစုက အရင်က ထူးချွန်တဲ့ မျိုးဆက်တွေအများကြီးမွေးထုတ်ပေးခဲ့တယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ နိုင်ငံရပ်ခြားက မျိူးဆက်တွေထဲမှာတော့ ကောင်းကင်သူတော်စင်ဂိုဏ်းက ဟွမ်ယုက အသန်မာဆုံးလို့ ပြောလို့ရတယ်”
မိန်းကလေး ယန်ဖေးလင်သည် ဤအမည်ကိုကြားသောအခါ မျက်လုံးများ တောက်ပလာသည်။ ကျန်းပိုင်ဖေးကို အလွန်ယုံကြည်မှုရှိသော ကျန်းယွင်ဖေးသည်ပင်လျှင် ဤနာမည်ကိုကြားလိုက်ရသောအခါတွင် လေးနက်သောအမူအရာသို့ပြောင်းလဲသွားသည်။
ချူးယွင်ဖန်းသည် ဘေးနားတွင် ရပ်နေလျက် ဤအရာအားလုံးကို နားထောင်လျက်ရှိသည်။ ၎င်းသည် မိသားစုကြီးတစ်ခု၏ နောက်ထပ် သခင်လေးတစ်ယောက်ဖြစ်ကာ လက်ရှိတွင် မိသားစုကြီးအများအပြားရှိနေသည်။ ချူးမိသားစု၊ တန်မိသားစု၊ ကျန်းမိသားစု၊ ဟွမ်မိသားစု၊ ဝမ်မိသားစု၊ ဟွမ်ဖုမိသားစု၊ လီမိသားစုနှင့် လျို့မိသားစစုတို့သည် ထိပ်တန်းမိသားစုကြီးများဖြစ်ကြကာ ကြီးမြတ်သော မိသားစုကြီးရှစ်စုဟူ၍ လူသိများကြသည်။
ကြီးမြတ်သော မိသားစုကြီးရှစ်စုသည် ပြည်ထောင်စုတစ်ခုလုံးတွင် သြဇာအကြီးမားဆုံးဖြစ်၍ အကန့်အသတ်လည်းမရှိပေ။ ထိုမိသားစုကြီးများ၏ ထုံးစံအတိုင်းပင် ၎င်းတို့၏ ဥများအားလုံးကို ခြင်းတောင်းတစ်ခုတည်းတွင် မထားကြသည်မှာလည်း သေချာသည်။ ဥပမာအားဖြင့် ချူးမိသားစုဖြစ်သည်။ ပြည်ထောင်စုရှိ အဓိကမိသားစုမှလွဲ၍ နိုင်ငံရပ်ခြားတွင် အခြေချနေထိုင်သော ချူးမိသားစု၏ သားစဥ်မြေးဆက်များစွာရှိသည်။ နိုင်ငံရပ်ခြားဂိုဏ်းကြီးမားတွင် ချူးမိသားစု၏မျိုးဆက်များရှိကြကာ အများစုသည် ရာထူးကြီးပုဂ္ဂိုလ်များဖြစ်ကြ၏။
ဤသည်က နိုင်ငံရပ်ခြားဂိုဏ်းခွဲများသည် တာအိုညီလာခံတွင် ပြည်ထောင်စုနှင့် ယှဥ်ပြိုင်နိုင်စွမ်းရှိလာရသည့် အဓိကအကြောင်းအရင်းဖြစ်သည်။ အကြောင်းမှာ ၎င်းတို့၏ ဂိုဏ်းများသည် မိသားစုကြီးများနှင့် ငွေကြေးအဖွဲ့များ၏ မျိုးဆက်များဖြင့် ပြည့်နေသောကြောင့်ပင်ဖြစ်သည်။
သို့သော် ယေဘုယျအားဖြင့် ပြောရလျှင် အမျိုးမျိုးသော မိသားစုကြီးများ၏ ပင်မမိသားစုများသည် ပြည်ထောင်စုတွင် တည်ရှိကာ ၎င်းတို့၏အထင်ရှားဆုံးသော မျိုးဆက်များသည်မူ ပြည်ထောင်စုတက္ကသိုလ်သို့ မကြာခဧ တက်ရောက်နိုင်ကြသည်။ နှစ်စဥ်နှစ်တိုင်း ပြည်ထောင်စုတက္ကသိုလ်သည် နိုင်ငံရပ်ခြားမှတပည့်များကို ဆက်တိုက်ဆိုသကဲ့သို့ပင် ဖိနှိပ်နိုင်ခဲ့သည်။
အချိန်များစွာကြာမြင့်ပြီးနောက် ပြည်ထောင်စုသည် ထိပ်ဆုံးသို့ တက်လှမ်းလာနိုင်ခဲ့သော်လည်း လွန်ခဲ့သော နှစ်နှစ်ခန့်ကစတင်၍ ကိစ္စများသည် အနည်းငယ်ပြောင်းလဲသွားသည်။ မိသားစုကြီးအသီသီးသည် နိုင်ငံရပ်ခြားတွင် မျိုးစက်သစ်များမွေးထုတ်ခဲ့ကြသည်။ အခင်းအကျင်းကို ပြည်ထောင်စုကလွှမ်းမိုးထားခဲ့သည့် မူလအခြေအနေသည် တိတ်ဆိတ်ပြောင်းလဲသွား၏။ နိုင်ငံရပ်ခြားတွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ရန်ဆုံးဖြတ်၍ နိုင်ငံရပ်ခြားမှ မျိုးနွယ်စုများအတွက် ၎င်းတို့၏အရင်းအမြစ်များကို ပိုမိုမြှင့်တင်ထောက်ပံ့ပေးရန် မိသားစုကြီးများက စုပေါင်းဆုံးဖြတ်ခဲ့ကြသကဲ့သို့ပင်ဖြစ်သည်။
ဤကိစ္စနှင့်ပတ်သက်၍ ထူးဆန်းသောအရာတစ်ခုရှိသော်လည်း ချူးယွင်ဖန်းသည် ယင်းကိုဂရုမစိုက်၊ ဟွမ်ယုကိုသာ ပို၍ စိတ်ဝင်စား၏။
ကျန်းယွင်ဖေးသည် ကျန်းပိုင်ဖေးကို အစက ယုံကြည်ခဲ့သော်လည်း ဟွမ်ယု၏အမည်ကိုကြားလိုက်ရသောအခါ အလွန်လေးနက်လာသည်။ သူသည် သာမန်လူမဟုတ်သည်မှာသေချာ၏။
“ငါတို့ နိုင်ငံရပ်ခြားမှာ အချိန်အကြာကြီးနေခဲ့ပေမယ့် ပင်မမိသားစုက ဘယ်တုန်းကမှ ငါတို့ကို တန်ဖိုးမထားခဲ့ဘူး။ အခု စည်းကမ်းတွေပြောင်းဖို့ အချိန်ကျပြီ။ လွန်ခဲ့တဲ့နှစ်က နိုင်ငံခြားဂိုဏ်းက ချန်ပီယံဖြစ်လာခဲ့သလိုပဲ ဒီနှစ်လည်းအတူတူပဲဖြစ်ရမယ်” ဟွမ်ဝေ့ချင်းကပြောသည်။
“ကျန်းယွင်ဖေး မင်းမိသားစုက ကျန်းပိုင်ဖေးအကြောင်း ငါလည်းကြားဖူးတယ်။ သူက တော်တော်သန်မာပုံရတယ်။ ဒါပေမယ့် ချူးယွင်ဖန်းလိုမျိုးဘာမှမဟုတ်တဲ့ကောင်ကိုရှုံးခဲ့တာဆိုတော့ သူ့ဂုဏ်သတင်းက ထင်သလောက် မကောင်းဘူးလို့ ငါထင်တယ်”
“ငါပြောပြီးပြီ၊ ဒါမတော်တဆတစ်ခုပါဆိုနေ” ကျန်းယွင်ဖေးက ကမန်းကတန်းထပြောသည်။
“ချူးယွင်ဖန်းက လူပြက်တစ်ယောက်သာသာပဲ။ ကျန်းပိုင်ဖေးကို မင်းအထင်သေးရင် နောင်တရလိမ့်မယ်”
“အဲ့တာအရေးမကြီးပါဘူး ဟွမ်ယုလာမယ်ဆိုရင် အခုနှစ် တာအိုညီလာခံက အရမ်းအသက်ဝင်လိမ့်မယ်။ ပြည်ထောင်စုတက္ကသိုလ်က အခုနှစ်မှာ စွမ်းအားကြီးတဲ့လူတွေအများကြီးကို မွေးထုတ်ပေးနိုင်ခဲ့ပေမယ့် အခြားတက္ကသိုလ်ဆယ်ခုကိုလည်းလျှော့မတွက်သင့်ဘူး”
“ဟုတ်တယ် ဟွမ်ယုက တကယ့်ကို အံ့မခန်းပဲ။ သူ့အကြောင်း ငါကြားဖူးတယ်”
“ငါတို့က နိုင်ငံခြားရောက်နေကြတာဆိုတော့ ကျန်းပိုင်ဖေးက ဘယ်လောက်အစွမ်းထက်လဲဆိုတာ ငါတို့ တစ်ခါမှမတွေ့ဖူးဘူး။ ဒါပေမယ့် ဟွမ်ယုကတော့ ချူးယွင်ဖန်းလက်ထဲမှာ အလွယ်တကူရှုံးမှာမဟုတ်တာကိုတော့ ခံစားမိတယ်”
လူအချို့သည် ဤယူဆချက်ကို ထောက်ခံလိုက်ကြသည်။ တကယ်တမ်းတွင် ဟွမ်ယုသည် အလွန်နာမည်ကြီးကာ လူအများက သူ့ကို ကြောက်ကြသည်။ သို့သော် လူတိုင်းတွင် တူညီသောအတွေးမျိုးမရှိကြပေ။ ဥပမာအားဖြင့် မိန်းကလေး ယန်ဖေးလင်ဖြစ်သည်။ သူမသည် ပြုံးရုံသာပြော၍ စကားတစ်ခွန်းမျှမပြောပေ။ ဟွမ်ယုသည် နာမည်ကြီးသော်လည်း ပြည်ထောင်စုကတ္ကသိုလ်ကဲ့သို့ နေရာမျိုးတွင် ပေါ်လွင့်သည့် ချူးယွင်ဖန်းမှာ သာမန်လူတစ်ဦးဖြစ်လိမ့်မည်ဟု သူမမယုံပေ။
“ဒီ့ထက် အစွမ်းထက်တဲ့လူက ပိုစိတ်ဝင်စားဖို့ကောင်းတယ်မလား။ ငါကတော့ ဒါကို တိုက်ဆိုင်မှုတစ်ခုလို့ မထင်ပါဘူး။ နည်းပြပြိုင်ပွဲမှာ ချန်ပီယံဖြစ်လာပြီး ကျန်းပိုင်ဖေးကို အနိုင်ယူနိုင်တဲ့လူတစ်ယောက်လေ။ ဒါကံကောင်းရုံနဲ့ဖြစ်နိုင်လိမ့်မယ်လို့ ငါမယုံဘူး”
အချို့က ခေါင်းညိတ်၍ ယန်ဖေးလင်ကို သဘောတူလိုက်ကြသည်။
“ယန်ဖေးလင် အချို့အရာတွေက ကောလဟာလတွေချည်းပဲ။ ဝမ်းနည်းဖို့ကောင်းတာက အခု ငါ့ရှေ့မှာ သူမရှိနေလို့၊ မဟုတ်ရင် ငါသူ့ကို ချေမှုန်းပြီး မင်းကို ကိုယ်တိုင်သက်သေပြနိုင်တယ်” ကျန်းယွင်ဖေးက မကျေမနပ်ဖြင့်ပြောသည်။ ယန်ဖေးလင်က သူ့အပေါ် အမြဲတစေဆန့်ကျင်နေသကဲ့သို့ သူခံစားရသည်။ သူမ၏ ဂုဏ်သိက္ခာနှင့် ခွန်အားကြောင့်သာမဟုတ်ပါက သူသည် အစပိုင်းကတည်းက ရန်လိုနေခဲ့လိမ့်မည်ဖြစ်သည်။
ယန်ဖေးယန်သည် ကျန်းမိသားစု၏ ဂုဏ်သိက္ခာကို မေးခွန်းထုတ်နေခြင်းဖြစ်သည်။
“ကျန်းမိသားစုမှာ ကြွားလုံးထုတ်ရုံကလွဲပြီး အခြားအရည်အချင်းမရှိဘူးလား” အေးစက်တည်ကငြိမ်သောအသံတစ်ခု ထွက်ပေါ်လာသည်။
“ကျန်းယွင်ဖေး၏ ဒေါသများတောက်လောင်လာသည်။ ချူးယွင်ဖန်း၏ ရွဲ့စောင်းသောစကားကို ကြားလိုက်ရသောအခါ သူအလွန်အမင်း ဒေါသထွက်လာ၏။
“မင်းကိုယ်မင်းဘာကောင်လို့ထင်နေတာလဲ။ မင်းနဲ့ ဒါနဲ့ ဘာဆိုင်လို့လဲ” ကျန်းယွင်ဖေးက အော်လိုက်သည်။
“ကျန်းယွင်ဖေး၊ ရွှေနဲ့ကျောက်စိမ်းကြားက ခြားနားချက်ကို နင်တကယ်မသိဘူးပဲ။ နင် သူ့ကို နှိမ်နင်းမယ်လို့ ပြောလိုက်တာမလား။ တကယ့်လူက အခုဒီရောက်နေပြီလေ” ယန်ဖေးယန်က ပြောလိုက်သည်။ သူမသည် ချူးယွင်ဖန်းကို ချက်ချင်းသတိထားမိသည်။ သူမသည် ချူးယွင်ဖန်း၏ အချက်အလက်များကို သေချာရှင်းလင်းစွာကြည့်ထားခဲ့သည်။
ဤတစ်နေရာလုံးသည် တုံးအမှုများဖြင့် ပြည့်နှက်သွားသကဲ့သို့ပင်ဖြစ်သွား၏။ ကျန်းယွင်ဖေးသည် ချူးယွင်ဖန်းကို ချေမှုန်းချင်သည်ဟုပြောခဲ့သော်လည်း သူ့ရှေ့မှ တကယ့်လူကိုမူ သတိမထားမိခဲ့ပေ။
အားလုံးသည် ကျန်းယွင်ဖေးကို ကြည့်လိုက်ကြသည်။
‘ချူးယွင်ဖန်းကို နှိမ်နင်းမယ်လို့ သူပြောလိုက်တာမလား’
ကျန်းယွင်ဖေး၏ဒေါသစိတ်များ ပို၍ မြင့်မားလာကာ တိုက်ရိုက်အော်ပစ်လိုက်သည်။
“မင်း ကိုယ့်အကြောင်းကိုယ်မသိဘူးပဲ။နောက်ကျမှ ငါ့အဆိုးမဆိုနဲ့။”
“လေပြင်းမိုးကြိုးပေါက်ကွဲမှု”
ကျန်းယွင်ဖေးက ဤသို့အော်ကာ သူ့လက်ဖဝါးကို ချူးယွင်ဖန်းဆီသို့ ဦးတည်လိုက်သည်။ ကျယ်ဝန်းလှသော ခန်းမကြီးတစ်ခုလုံးတွင် လေနှင့် မိုးခြိမ်းသံများ တဖျပ်ဖျပ်တုန်ခါသွား၏။
အခန်း(၅၀၀) မင်းကငါ့ကို နှိမ်နင်းချင်တယ်ဟုတ်လား။ ဒါမင်းတတ်နိုင်တာ အကုန်ပဲလား
ကျန်းပိုင်ဖေးသည် လျှပ်စီးတစ်စင်းကဲ့သို့ရှေ့သို့ ချီတက်လာကာ တစ်ချိန်တည်း၌ပင် သူသည် ချူးယွန်းဖန်းကို ပြင်းထန်ကြမ်းကြုတ်စွာဖြင့် လက်ဝါးဖြင့်ရိုက်ချလိုက်သည်။ အရှက်တရားကြောင့် ဒေါသအမျက်ထွက်ကာ ကျန်းယွင်ဖေးက ညှာတာမှုကင်းမဲ့စွာဖြင့် တိုက်ခိုက်ခဲ့သည်။
ဤလက်ဝါးရိုက်ချက်သည် ခန်းမတစ်ခုလုံးကို တုန်ခါသွားစေကာ အလျင်မြန်လွန်းလှသဖြင့် အကုန်လုံး ထိတ်လန့်ကုန်ကြသည်။ ကျန်းယွင်ဖေး၏တိုက်ခိုက်မှုသည် လေနှင့် မိုးကြိုး၏စွမ်းအားကို သယ်ဆောင်လာသည့်ပုံပေါ်သည်။
ဘမ်း
ကျယ်လောင်သောအသံနှင့်အတူ လက်ဝါးချက်ကို လက်သီးတစ်လုံးက တားဆီးလိုက်သည်။ ချူးယွင်ဖန်းသည် သူ၏လက်မောင်းကိုဆန့်တန်း၍ ဝင်လာသောတိုက်ခိုက်မှုကို လွယ်ကူစွာတားဆီးလိုက်သည်။ လေနှင့် မိုးကြိုး၏ စွမ်းအားသည် ဤလက်သီးချက်ကြောင့် အချည်းအနှီးဖြစ်သွား၏။
‘ဘာလဲ’
ဤအတွေးကြောင့် ကျန်းပိုင်ဖေး၏ မျက်လုံးများပြူးကျယ်သွားသည်။ ချူးယွင်ဖန်းသည် သူ၏တိုက်ခိုက်မှုကို အလွယ်တကူတားဆီးနိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ ကျန်းပိုင်ဖေးသည် သူ၏ ယခင်က ခန့်မှန်းချက်များကို ကျော်လွန်သွားစေ၏။
တစ်ချက်မျှ ထိုးနှက်ပြီးသောအခါ ချူးယွင်ဖန်းသည် ကျန်းယွင်ဖေးမှာ မရီးဒျန်သန့်စင်ခြင်း ဆဌမအဆင့်၌ ရှိနေခြင်းဖြစ်ကြောင်း သိရှိသွားခဲ့ပြီဖြစ်သည်။ ကျန်းယွင်ဖေးသည် လွန်ခဲ့သော တစ်လကျော်ခန့်က ကျန်းပိုင်ဖေးထက် ပို၍ စွမ်းအားကြီး၏။ ကျန်းယွင်ဖေးသည် ကျန်းပိုင်ဖေးထက် အနည်းငယ်မျှ အသက်ကြီးနေသော်လည်း ဤအဆင့်သည် အလွန်သင့်လျောသည်ဟု ယူဆ၍ ရသည်။ သို့သော် ချူးယွင်ဖန်းကို နှိမ်နင်းနိုင်ရန်မူ များစွာလိုအပ်သေး၏။
ကျန်းပိုင်ဖေးက ကျိန်ဆဲလိုက်သည်။ သူ့လက်ကို အမြန်ရုတ်သိမ်းရန် ကြိုးစားလိုက်သော်လည်း အချိန်နှောင်းသွာားခဲ့ပြီဖြစ်သည်။ ချူးယွင်ဖန်း၏ လက်သည် လျှပ်စီးကြောင်း၏အလျင်ဖြင့် သူ့ကို ဖမ်းဆုတ်ထားပြီးဖြစ်သည်။
ချူးယွင်ဖန်းသည် ကျန်းယွင်ဖေး၏ လက်ကောက်ဝတ်ကို ချက်ချင်းဆွဲကိုင်လိုက်ကာ ချက်ချင်းပင် ရှေ့သို့ဆွဲထုတ်ခံလိုက်ရသကဲ့သို့ ကျန်းယွင်ဖေးခံစားလိုက်ရသည်။
ကျန်းပိုင်ဖေကဲ့သို့သော မရီးဒျန်သန့်စင်ခြင်းအဆင့် ပညာရှင်တစ်ဦးအတွက် သူမြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် သူသည် သစ်ပင်ဟောင်းတစ်ပင်၏ အမြစ်များကဲ့သို့ အခြေခိုင်မြဲနေလိမ့်မည်ဖြစ်ကာ သူ့ကို ရှေ့သို့ဆွဲထုတ်ရန် အလွန်ခက်ခဲလှမည်ဖြစ်သည်။ သို့သော် ဤအချိန်တွင် ချူးယွင်ဖန်းသည် ရုတ်တရက် သူ့ကို ဆွဲထုတ်နိုင်လိုက်သည့်အပြင် ကြီးမားသော အင်အားတစ်ခု၏ ဆွဲခေါ်ခြင်းခုံလိုက်ရသကဲ့သို့လည်း ခံစားလိုက်ရသည်။
ထို့နောက် ကျန်းယွင်ဖေးသည် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ဆွဲယူခံလိုက်ရကာ မြေပြင်ပေါ်သို့ လဲကျသွား၏။
ဘမ်း
ခန်းမတစ်ခုလုံး တုန်လှုပ်သွားသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လူတိုင်း၏ မေးရိုးများတောင့်တင်းသွားကြသည်။ အကယ်၍ ၎င်းသည် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ကိုယ်ခန္ဓာကြောင့်သာမဟုတ်ပါက သူသည် တစ်ချက်တည်းဖြင့် မသန်မစွမ်းဖြစ်သွားပေလိမ့်မည်ဖြစ်သည်။
လူတိုင်းအံ့သြသွားကြသည်။ ဤပြကွက်သည် အလွန်ပြင်းထန်လွန်းလှ၏။
ထို့နောက် အဆက်မပြတ်တိုက်ခိုက်ခဲ့သည်။
ဘမ်း
ဘမ်း
ဘမ်း
ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ လူတိုင်းသည် ရုပ်သေးရုပ်ကဲ့သို့ လွင့်ပျံသွားသော ကျန်းယွင်ဖေးကို မြင်လိုက်ကြရသည်။ ထို့နောက် အမှိုက်တစ်ခုသဖွယ်ပစ်ချခံလိုက်ရသည်။
“မင်းငါ့ကို ချေမှုန်းမယ်လို့ ပြောလိုက်တာမဟုတ်ဘူးလား” ချူးယွင်ဖန်းသည် ဤအရာအားလုံးကို ပြုလုပ်ပြီးနောက် အရာအားလုံးကို လုပ်ခဲ့သူမှာ သူမဟုတ်သည့်အတိုင်း အပြည့်အဝ တည်ငြိမ်သွားသည်။
“မင်းရဲ့ လက်ရှိခွန်အားအဆင့်နဲ့ မလုံလောက်ဘူး”
လူတိုင်းသည် သူတစ်ကိုယ်လုံးတွင် တုနှိုင်းမရသောနာကျင်မှုများကို ခံစားနေရသကဲ့သို့ ဖြစ်နေသည့် ကျန်းပိုင်ဖေးကို စိုက်ကြည့်နေကြသည်။ ရှက်ရှက်နှင့် ဒေါသထွက်ကာ မူးမေ့လဲသွားတော့မည့်အလားခံစားနေရ၏။ အထူးသဖြင့် ချူးယွင်ဖန်းကို ချေမှုန်းတော့မည်ဟု ယခုတင်ကြွားဝါခဲ့ခြင်းဖြစ်သည်။ သူအောင်မြင်နိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း တကယ့်လက်တွေ့တွင်မူ…
ကျန်းယွင်ဖေးသည် တစ်ချက်ထိုးနှက်ခံလိုက်ရပြီးနောက် ချက်ချင်းရှုံးနိမ့်သွားခဲ့သည်။ ချူးယွင်ဖန်းသည် သူ့ကို သဲအိတ်တစ်အိတ်ကဲ့သို့ပင် အဆက်မပြတ်ထိုးနှက်ခဲ့သေး၏။
ကျန်းယွင်ဖေးသည် လုံးလုံးလျားလျားအရှက်ကွဲသွား၏။
“ချူးယွင်ဖန်း မင်းက ငါ့ကို စော်ကားလိုက်တာလား။ ကျန်းမိသားစုက ဒီကိစ္စကို ဒီတိုင်းလွှတ်ထားမှာမဟုတ်ူး” ကျန်းယွင်ဖေးက တစ်လုံးချင်းစီပြောလိုက်သည်။
“မင်းတို့မိသားစုက ငါ့အတွက် ဘယ်တုန်းကမှ မလွယ်ခဲ့ဘူး။ ငါ ကျန်းလင်းရှောင်ကိုတောင်မကြောက်တာ။ မင်းက ငါ့ကို လာပြီးချေမှုန်းမယ်ဆိုတော့ မင်းကိုမင်းဘာကောင်ထင်နေတာလဲ။ မင်းအသက်ကလွဲရင် ကျန်းပိုင်ဖေးကိုတောင် မင်းအနိုင်မယူနိုင်ပါဘူးကွာ။ ဒါတောင် မင်းက အဲ့တာအားလုံးကို ကောလဟာလလို့ ထင်နေသေးတယ်ပေါ့။ မင်းဦးနှောက်မသုံးတတ်ဘူးလား။ ဒီနေ့အထိ အသက်ရှင်နေအောင် မင်းဘယ်လိုများလုပ်လာနိုင်လဲတော့ ငါလည်းမသိတော့ဘူး”
ဤစကားကိုကြားသောအခါ ကျန်းယွင်ဖေးသည် ပါးစပ်အပြည့်သွေးများအန်ထွက်လုမတက်ဖြစ်သွားရသည်။ သူ့ဘေးပတ်ဝန်းကျင်မှ ကြည့်ရှု့သူများသည်လည်း ၎င်းတို့၏ မျက်နှာများထက်တွင် အလွန်မှင်သက်နေသော အမူအရာများပေါ်လာသည်။ ၎င်းတို့အားလုံးသည် ဤကလပ်သို့ရောက်လာနိုင်စေရန်အတွက် မရီးဒျန်သန့်စင်ခြင်းစတုတ္ထအဆင့်တွင် အနည်းဆုံးရှိနေကြရသည်ဖြစ်ကာ ၎င်းတို့အားလုံးသည် အကောင်းတကာ့အကောင်းဆုံးများမဟုတ်သော်လည်း ၎င်းတို့ကို သွားရှုပ်၍တော့ မရနိုင်ပေ။
သို့သော် ယခုမူ ၎င်းတို့အနက်ထိပ်တန်းဖြစ်သည့် ကျန်းယွင်ဖေးသည် အလွန် အရှက်တကွဲအကျိုးနည်းဖွယ် ရှုံးနိမ့်မှုကို ခံစားခဲ့ရသည်။
“မင်း စောက်ရမ်းစိတ်ကြီးဝင်နေတာပဲ။ ငါက မင်းနဲ့မယှဥ်နိုင်ပါဘူး ဒါပေမယ့် ကျန်းမိသားစုထဲမှာ ကျွမ်းကျင်သူတွေအများကြီးရှိတယ်။ မကြာခင် ဒါမှမဟုတ် နောင်ကျရင် တစ်ယောက်ယောက်ကတော့ မင်းကို အပြီးသတ်ပစ်မှာပဲ” ကျန်းပိုင်ဖေးက ကြိမ်းဝါးလိုက်သည်။
“မင်းမှာ ဒါပဲပြောစရာရှိတာလားကွ” ချူးယွင်ဖန်းက ကျန်းပိုင်ဖေ၏ ဘေးသို့လျှောက်သွားကာ ကျန်းပိုင်ဖေကို ကန်ထုတ်ပစ်လိုက်သည်။
“ချူးယွင်ဖန်း၊ မင်းက မင်းပြဿနာမင်း မီးထွန်းရှာနေတာပဲ” ဟွမ်ဝေ့ချင်က ရုတ်တရက်ပြောလိုက်သည်။
“ငါက ပြဿနာဘယ်လိုရှာတာလဲ” ချူးယွင်ဖန်းက ဝမ်ဝေ့ချင်ကို ပြုံး၍ကြည့်ကာ ပြောလိုက်၏။
“မိသားစုကြီးတစ်ခုရဲ့ ဂုဏ်သိက္ခာကို ပေါ့ပေါ့တန်တန်မစော်ကားသင့်ဘူး။ ‘လူတွေကို လွှတ်ပေးသင့်ရင် လွှတ်ပေးရမယ်’ဆိုတဲ့ ဆိုရိုးအတိုင်း မင်းဘာကြောင့် ဒီလောက် ရန်လိုဖို့လိုလဲကွ။ အချိန်ကျလာရင် ဒါက မင်းနဲ့ မင်းမိသားစုအတွက် အကျိုးရှိမယ့်အရာမဟုတ်ဘူး”
ဟွမ်ဝေ့ချင်သည် ချူးယွင်ဖန်းကို ရွံရှာစက်ဆုပ်သောအမူအရာဖြင့်ကြည့်၍ ပြောလိုက်သည်။ သူသည် ကျန်းမိသားစု၏ သူငယ်ချင်းဖြစ်ရန် ရည်ရွယ်ချက်ရှိခဲ့သည်။
“မင်း ကျန်းပိုင်ဖေးနဲ့ ကျန်းယွင်ဖေးတို့ကို အနိုင်ယူနိုင်ရင်တောင် ကျန်းမိသားစုမှာ မျိုးဆက်သစ်ကျွမ်းကျင်သူတွေအများကြီးရှိနေသေးတယ်။ ကျန်းလင်းရှောင်ကို မင်းလျှော့တွက်ထားရင်တောင် မင်းထက်သာတဲ့လူတွေအများကြီးပဲ”
“ဟားဟားဟား မင်း ငါ့ကောင်းကျိုးအတွက် တကယ်ပြောနေတာရောဟုတ်ရဲ့လား” ချူးယွင်ဖန်းက ရယ်၍ပြောလိုက်သည်။ သူသည် ဟွမ်ဝေ့ချင်၏ ရည်ရွယ်ချက်များကို သိရှိခဲ့ပြီးဖြစ်သည်။ အကယ်၍ ဟွမ်ဝေ့ချင်သည် ကျန်းမိသားစုနှင့် အလွယ်တကူမိတ်ဖွဲ့နိုင်မည်ဟုထင်ထားပါက သူအမှားကြီးမှားသွားပေလိမ့်မည်ဖြစ်သည်။
“မင်း ကျန်းယွင်ဖေးကို ဆက်ပြီးကပ်တွယ်နေမှာလား” ချူးယွင်ဖန်းက ဟွမ်ဝေ့ချင်ကို စိုက်ကြည့်၍ပြောလိုက်သည်။
“မိသားစုကြီးတစ်ခု၏ မျိုးဆက်တစ်ယောက်အနေနဲ့ မင်းရဲ့လုပ်ရပ်တွေက စက်ဆုပ်ဖို့ကောင်းလွန်းတယ်။ ငါတို့အားလုံးကို ရန်သူဖြစ်အောင်လုပ်ဖို့ မင်းကြံစည်နေတာလား”
“ချူးယွင်ဖန်း မင်း ကိုယ့်ကိုယ်ကိုယ်ထိန်းဖို့ ငါအကြံပေးချင်တယ်။ မင်းမှာ ချူးမိသားစုရဲ့ ကူညီမှုရှိနေတာကြောင့်နဲ့ စည်းမျဥ်းအားလုံးကို လျစ်လျူရှု့သင့်တယ်လို့ မထင်လိုက်နဲ့။ ကျန်းမိသားစုရဲ့ စွမ်းအားက မင်းစိတ်ကူးယဥ်လို့ရတဲ့အရာမဟုတ်ဘူး”
“ဒါက အရမ်းများလွန်းသွားပြီ”
ရောက်ရှိလာသော လူငယ်အများအပြားသည် မတ်တပ်ရပ်၍ ဟွမ်ဝေ့ချင်၏ စကားကို သဘောတူစွာဖြင့် ချူးယွင်ဖန်းကို လက်ညှိုးထိုးလာကြသည်။ ဟွမ်ဝေ့ချင်က တစ်ခွန်းမျှထပ်မပြောတော့သော်လည်း ကျန်းယွင်ဖေးဘက်မှ ရပ်တည်ချင်သည်မှာ ရှင်းလင်းသည်။ ၎င်းတို့နှစ်ဦးကြားမှ ဆက်ဆံရေးသည် အမြဲသစေ သဟဇာတဖြစ်နေခဲ့သဖြင့် ချူးယွင်ဖန်းကဲ့သို့ အပြင်လူနှင့်ရင်ဆိုင်ရသောအခါ အချင်းချင်းပူးပေါင်းဆောင်ရွက်ရန် အကြောင်းပြချက်များစွာရှိလာ၏။
“ဟားဟား ဘယ်သူက လွန်တာလဲ။ စောစောက ငါ့ကို နှိမ်နင်းချင်တယ်လို့ ပြောတုန်းက မင်းတို့အားလုံး မတ်တပ်ရပ်ပြီး သဘောတူနေကြတာမဟုတ်လား” ချူးယွင်ဖန်းက ရယ်မော၍ အနည်းငယ် မာန်တက်သောအမူအရာမျိုးဖြင့် ပြောလိုက်သည်။
“အဲ့တုန်းကကျ သူအရမ်းလွန်တယ်လို့ မပြောကြတာလဲ။ အခု မင်းတို့အားလုံးက ပြဿနာကြီးအောင်လုပ်နေကြတာပဲ။ အမှားနဲ့အမှန်ကို မခွဲခြားတတ်ကြဘူးလား။ မင်းဘက်မှာ လူပိုများရုံနဲ့ ငါ့ကိုပြန်ဆုတ်အောင်လုပ်နိုင်မယ်လို့ထင်နေလား”
“ဒါပေမယ့် မင်းက ကျန်းယွင်ဖေးဘက်က အရမ်းကြီးရပ်တည်ပေးချင်တယ်ဆိုတော့လည်း လာလိုက်ပါ။ ရှေ့တက်လာတဲ့လူတိုင်းကို ငါအနိုင်ယူပြမယ်။ မင်းတို့ ပါးစပ်တွေနဲ့ပဲလာမနေကြနဲ့. မင်းတို့ကမှ တကယ့်လူပြက်တွေပဲ” ချူးယွင်ဖန်းက အေးစက်စွာပြောသည်။
“မင်းအရမ်းလွန်သွားပြီ”
ကျောင်းသားတစ်ယောက်သည် သူ့ဒေါသကို မထိန်းနိုင်တော့ဘဲ ရှေ့သို့တက်၍ ချူးယွင်ဖန်းကို ချက်ချင်းထိုးလိုက်သည်။ သို့သော် သူမတိုက်ခိုက်ခင်၌ပင် ချူးယွင်ဖန်းက သူ့ကို တစ်ချက်တည်းကန်၍ လွင့်ထွက်သွားစေခဲ့၏။
ထိုကျောင်းသားသည် ပြန်လည်ပင် လက်တုံ့မပြန်နိုင်တော့ပေ။
မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးသည် ချက်ချင်းပင် ရှုံးမိန့်သွားရ၏။
အခန်း(၅၀၁) ဘယ်သူရှေ့တက်တက် အသုံးမဝင်တော့ဘူး
မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်ပညာရှင်သည် ချူးယွင်ဖန်းထံမှ သိုင်းကွက်တစ်ကွက်ကိုပင် မခံနိုင်ခဲ့ပေ။ လူတိုင်းသည် ၎င်းတို့၏ ကျောရိုးတစ်လျှောက် ဆိမ့်အေးသွားသကဲ့သို့ ခံစားလိုက်ကြရကာ ဤနေရာတွင်ရှိနေသော ကျွမ်းကျင်သူများအားလုံး အံ့သြကုန်ကြသည်။ မည်သူမျှ စကားတစ်ခွန်းပင် မပြောကြပေ။ တိတ်ဆိတ်မှုသည် မြင်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ လူတိုင်းက ချူးယွင်ဖန်း၏ ဇာတ်လမ်းများအကြောင်း ပြန်လည်တွေးတောနေကြသည်။ သို့သော် ၎င်းတို့အတွက်မူ ယင်းတို့သည် ပုံပြင်များသာဖြစ်သည်။ မည်သည့်အရာကမျှ လက်ရှိအခြေအနေကို ရှင်းပြနိုင်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့အားလုံးက ကျန်းပိုင်ဖေသည် အလွန်အဆင့်နိမ့်လွန်းသောကြောင့် သူ၏ဂုဏ်ပုဒ်နှင့် မဆီလျော်ခဲ့သဖြင့် ရှုံးနိမ့်ခဲ့သည်ဟု ထင်ခဲ့ကြသည်။
လူအများသည် ၎င်းတို့နှင့် မရင်းနှီးသေးသော ကိစ္စရပ်များကို ငြင်းဆန်လေ့ရှိကြသည်။
“ချူးယွင်ဖန်း ရန်လိုတာက ကောင်းတဲ့အကျင့်တစ်ခုတော့မဟုတ်ဘူး မင်းကို ဘယ်သူမှ အနိုင်မယူနိုင်ဘူးလို့ မင်းထင်နေလား” ဟွမ်ဝေ့ချင်က မတ်တပ်ထရပ်၍ ပြောလိုက်သည်။
“ရှိရင်လည်းရှိမှာပေါ့။ ဒါပေမယ့် မင်းတို့ကောင်တွေတော့မဟုတ်ဘူး” ချူးယွင်ဖန်းက တည်ငြိမ်စွာပြောလိုက်သည်။
“အားလုံးပဲ အတူတူတိုက်ခိုက်ပြီး သင်ခန်းစာကောင်းတစ်ခုခုပေးရအောင်။ ဒါမှ သူ နောင်ဘယ်တော့မှာ ခေါင်းမထောင်ရဲတော့မှာ”အခြားလူငယ်တစ်ဦးက ကျယ်လောင်စွာအော်ပြောလိုက်သောအခါ သူသည် အခြားသူများ၏ သဘောတူညီချက်များကို ရရှိခဲ့သည်။
၎င်းတို့သည် ချူးယွင်ဖန်းကြောင့် ဆွံ့အသွားခဲ့ကြရာ၊ ၎င်းကပင် မိမိတို့အတွက် အလွန်ကြီးမားလှသော အရှက်ခွဲမှုတစ်ခုဖြစ်သည်။ ၎င်းတို့သည် ချူးယွင်ဖန်းကို ဝိုင်းရံ၍ စတင်တိုက်ခိုက်ကြသည်။
“ခေါင်းမရှိတဲ့ ကြက်တွေ”
ချူးယွင်ဖန်းက ဤစကားလုံးများကို အံကြိတ်လျက် ပြောဆိုပြီးသည့်နောက် သူသည်လည်း ထပ်မံ၍ တိုက်ခိုက်ပြန်၏။ ရုတ်တရက် သူ၏ခန္ဓာကိုယ်သည် ပုံရိပ်ယောင်များစွာအဖြစ်ခွဲထွက်သွားကာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထို့နောက် သူက သူ့ကို တိုက်ခိုက်ရန် ချီတက်လာသော လူငယ်များဆီသို့ ပြန်လည် ချီတက်သွား၏။
ဘမ်း
ဘမ်း
ဘမ်း
ပြင်းထန်သော တိုက်မိမှုများကြောင့် အဆိုပါလူငယ်များအားလုံး လွင့်ထွက်ကုန်ကြသည်။ မနီးမဝေးမှ ယန်ဖေးလင်၏ မျက်လုံးများသည် တောက်ပစွာဖြင့် လင်းလက်လျက်ရှိသည်။ တိုက်ခိုက်မှုအတွင်းတွင် ချူးယွင်ဖန်း၏ လက်ရာမြောက်လှသော လှုပ်ရှားမှုနည်းစနစ်ကို သူမ ရှင်းလင်းစွာမြင်တွေ့ခဲ့ရသည်။ ဤလူငယ်တစ်ဦးသည်မှ ချူးယွင်ဖန်းကို မတိုက်ခိုက်နိုင်ခဲ့ပေ။ တစ်ဖက်တွင်မူ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုများသည် ရိုးရှင်းကာ သပ်ရပ်သည်။ သူတိုက်ခိုက်လိုက်သည့်အခါတိုင်းတွင် လူတစ်ဦးကို ထိမှန်သွား၏။
ထို့နောက် ကြောက်မက်ဖွယ်အကောင်းဆုံးမှာ ချူးယွင်ဖန်း၏ ပြင်းထန်သော စွမ်းအားပင်ဖြစ်သည်။ ဤလူငယ််များသည် ယင်းနှင့် ထိမှန်သွားသည့် အခိုက်အတန့်၌ပင် လွင့်ထွက်ကုန်ကျ၏။ ထို့အပြင် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားများအားလုံးလည်း ကုန်ဆုံးသွားရသည်။
မြန်သည်၊ တိကျသည်၊ ရက်စက်သည်၊
ချူးယွင်ဖန်းသည် ဤစကားလုံးသုံးလုံးကို အပြည့်အဝဖော်ပြခဲ့သည်။
“ချူးယွင်ဖန်း မင်းကိုဘယ်သူမှ အနိုင်မယူနိုင်ဘူးလို့ မင်းတကယ်ထင်နေတာလား” ဟွမ်ဝေ့ချင်က ပြင်းပြင်းထန်ထန်အော်လိုက်သည်။
သူသည် အမြောက်ကြီးတစ်စင်းကဲ့သို့ လွင့်ထွက်လာကာ မျက်စိတစ်မှိတ်အတွင်း၌ပင် ချူးယွင်ဖန်းသည် သူ၏ရှေ့မှောက်သို့ ရောက်ရှိလာ၏။ သူ့ခန္ဓာကိုယ်ထဲမှ ချီစွမ်းအင်များ ပြင်းထန်စွာပေါက်ကွဲ၍ ကျန်းယွင်ဖေးထက် ပို၍ပင် သန်မာကြောင်း ပြသခဲ့သည်။ သူသည် မရီးဒျန်သန့်စင်ခြင်း သတ္တမအဆင့်သို့ပင် တက်လှမ်းနိုင်နေပြီဖြစ်၏။
“ရွှေပုစဥ်းရင်ကွဲသိုင်း”
ရွှေရောင်အလင်းတန်းများက ဟွမ်ဝေ့ချင်၏ လက်မောင်းကို ရစ်ပတ်ထားသည်။ ၎င်းသည် ချီစွမ်းအင်များပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသည့်ဖြစ်စဥ်တစ်ခုဖြစ်သည်။ ၎င်းသည် ကောင်းကင်ယံတွင် ပျံသန်းနေသော ရွှေရောင်ပုစဥ်းရင်ကွဲတစ်ကောင်နှင့်တူသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် ၎င်းသည် ချူးယွင်ဖန်း၏ ခေါင်းအနားသို့ရောက်ရှိနေပြီဖြစ်သည်။
“တောဘုရင်သိုင်း”
ချူးယွင်ဖန်းသည် ဤသိုင်းကွက်ကို မြင်သောအခါ ကြောက်နေရမည့်အစား အနည်းငယ်ပင် ဝမ်းသာသွားသည့်ပုံပေါ်သည်။ သူ၏မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာ၏။ ထို့နောက် ဟွမ်ဝေ့ချင်ကို ချက်ချင်းပင် လက်သီးဖြင့် ထိုးပစ်လိုက်ရာ ဤလက်သီးချက်သည် ကျားဟိန်းသံနှင့်အတူ ထွက်ပေါ်လာ၏။
လက်သီးနှင့် လက်ဝါးတို့ ထိပ်တိုက်တွေ့သွားကြသည်။ ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်များသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွား၏။ ကံကောင်းထောက်မစွာဖြင့် ခန်းမကြီးသည် ကျယ်ဝန်းလှသဖြင့် ၎င်းတို့တိုက်ခိုက်နေကြသည့်နေရာသည် လူသူကင်းရှင်းလှသည်။ ထိုသို့မှမဟုတ်လျှင် ၎င်းတို့၏ နေရာတစ်ခုလုံး ရှုပ်ပွသွားလိမ့်မည်မှာ အသေအချာပင်ဖြစ်သည်။
သို့သော် ချီစွမ်းအင်များ၏ အရှိန်အဟုန်သည် အလွန်ပြင်းထန်လှလွန်းသဖြင့် ကလပ်တစ်ခုလုံးသို့ ပျံ့နှံ့သွားကာ ကြီးမားသော စွမ်းအင်လှိုင်းလုံးများလည်း ထွက်ပေါ်လာသည်။
၎င်းသည် ပထမဆုံးထိုးနှက်မှုသာဖြစ်ကာ ဟွမ်ဝေ့ချင်သည် သူဆက်လက်၍ တောင့်ခံနိုင်တော့မည်မဟုတ်ကြောင်း ခံစားမိသည်။ သူ့အပေါ်သို့ ကြီးမားစွာသက်ရောက်လာသော တွန်အားကို ခံစားလိုက်ရသဖြင့် ခြေလှမ်းပေါင်းများစွာ နောက်သို့ ရုတ်တရက် ဆုတ်ခွာသွားသည်။ ယင်းသည် တစ်နာရီလျှင် မိုင်တစ်ရာကျော်နှုန်းဖြင့် သွားလာနေသော ထရပ်ကား တစ်စီး၏ အရှိန်ပြင်းစွာ တိုက်ချခြင်းခံလိုက်ရသကဲ့သို့ပင်ဖြစ်သည်။
တစ်ဖက်တွင်မူ ချူးယွင်ဖန်းသည် တစ်လက်မမှပင် မတုန်လှုပ်ပေ။ ၎င်းတို့နှစ်ဦးကြားမှ ရုပ်ပိုင်းဆိုင်ရာသန်မှုကြံ့ခိုင်မှုသည် အလွန်သိသာရှင်းလင်းလှ၏။
“နောက်တစ်ခေါက်”
ချူးယွင်ဖန်းက အော်ဟစ်လိုက်ပြီးသည့်နောက် ရှေ့သို့ ခြေခတစ်လှမ်းထပ်တိုးလာသည်။ သူသာ အခြားသူများကို လွှတ်မထားခဲ့ပါက ဟွမ်ဝေ့ချင်ကို အဘယ်ကြောင့် လွှတ်ထားပေးရမည်နည်း။ ဤတိုက်ပွဲတွင် ပါဝင်ရန် နည်းလမ်းမရှိပေ။ အသာစီးရရန် အခွင့်အရေးတိုင်းကို ဆုပ်ကိုင်၍ အခြားသူများကို အလွတ်မပေးခြင်းကသာ ရှေ့ဆက်ရမည့် မှန်ကန်သောနည်းလမ်းတစ်ခုဖြစ်သည်။
အကန့်အသတ်မရှိသော စွမ်းအားများပါဝင်နေသော နောက်ထပ်လက်သီးချက်တစ်ချက်နှင့်အတူ ချူးယွင်ဖန်းသည် ကြီးမားသောကျားတစ်ကောင်ကဲ့သို့ ရှေ့သို့ ခုန်တက်လာသည်။
ချူးယွင်ဖန်းက သူ့ဆီသို့ ခုန်တက်လာသည့် ဤအခိုက်အတန့်တွင် ဟွမ်ဝေ့ချင်သည် မိမိကိုယ်မိမိဟန်ချက်ထိန်းထားပြီးကာစသာရှိသေးသည်။ သို့သော် သူ့တွင် ထိပ်တိုက်တွေ့ရန်မှတပါး အခြားသော ရွေးချယ်ရန်လမ်းမရှိတော့ပေ။
ဘမ်း
နောက်ထပ်သော တိုက်ခိုက်မှုတစ်ခု။ ဤတစ်ကြိမ်တွင် ဟွမ်ဝေ့ချင်သည် သူ့ကိုယ်သူဟန်ချက်ထိန်းရန် နောက်သို့ ခြေဆယ်လှမ်းခန့်ဆုတ်ခွာလိုက်ရသည်။ ချူးယွင်ဖန်းသည် သူ့နောက်သို့ အရိပ်တစ်ခုသဖွယ်လိုက်ပါလာ၏။
ယန်ဖေးလင်နှင့် အခြားသူများသည် ၎င်းတို့ကို ခပ်လှမ်းလှမ်းမှကြည့်နေကြသည်။ ချူးယွင်ဖန်းက ဟွမ်ဝေ့ချင်ကို သဲအိတ်တစ်လုံးကဲ့သို့ ထိုးနှက်နေသည်ကို ၎င်းတို့ ရှင်းလင်းစွာမြင်ကြသည်။ ဟွမ်ဝေ့ချင်သည် ချူးယွင်ဖန်း၏ ရိုက်နှက်မှုကိုသာ ခံနိုင်၍ အနည်းငယ်မျှသာ တန်ပြန်မတုံ့ပြန်နိုင်ပေ။
“ဖာခ့် ဒါ လှည့်စားနေတာပဲဖြစ်ရမယ်။ ချူးယွင်ဖန်းက တကယ့်ကို မွန်းစတားတစ်ကောင်ပဲ” လူငယ်တစ်ယောက်က ဝိုင်ကို တစ်ငုံသောက်ပြီးနောက် ခက်ခက်ခဲခဲပြောလိုက်သည်။ ဟွမ်ဝေ့ချင်သည် ချူးယွင်ဖန်းထက်ပင် အသက်ကြီးသော်လည်း ကလေးတစ်ယောက်ကဲ့သို့ အရိုက်ခံနေရသည်။ ၎င်းတို့သာဆိုလျှင် ပို၍ပင်ဆိုးယုတ်စွာ သေဆုံးသွားကြပေလိမ့်မည်မဟုတ်လော။ ဤအခိုက်အတန့်တွင် ၎င်းတို့အားလုံး ဝမ်းသာသွားကြသည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ကျန်းယွင်ဖေးကို ကူညီရန်ရှေ့သို့မထွက်ခဲ့ကြပေ။ မဟုတ်လျှင် မြေပြင်ပေါ်၌ပြန့်ကျဲနေသော အလောင်းများထဲတွင် ၎င်းတို့အပါအဝင်ဖြစ်ပေလိမ့်မည်ဖြစ်၏။
ချူးယွင်ဖန်းသည် အလွန် ကောင်းမွန်စွာခံစားနေရကာ အနည်းငယ်မျှပင် တုံ့ဆိုင်းမနေပေ။ သူသည် နောက်ထပ် တောဘုရင်သိုင်းကို ထုတ်သုံး၍ ဟွမ်ဝေ့ချင်ကို ချက်ချင်းပင် လွင့်ထွက်ပျံတက်သွားစေခဲ့သည်။
ဟွမ်ဝေ့ချင်သည် အမြောက်ကျည်တစ်စင်းကဲ့သို့ လွင့်ထွက်၍ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။ သူသည် အလွန်ကျယ်လောင်စွာ အော်ဟစ်နေမိ၏။
ချူးယွင်ဖန်းက မိမိကိုထပ်၍ကြည့်လာကြောင်း ယန်ဖေးလင်မြင်လိုက်ရသောအခါ အလျင်စလိုပြောလိုက်သည်။
“ချူးယွင်ဖန်း ငါ နင့်ရန်သူမဟုတ်ဘူး”
ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ သူသည် မြင်သူတိုင်းကို တိုက်ခိုက်နေသည့် လူသတ်သမားမဟုတ်ပေ။
“ချူးယွင်ဖန်း မင်း ခဏပဲစောင့်နေ။ မင်းက ကျန်းမိသားစုကိုတင်မက ဟွမ်မိသားစုကိုပါ စော်ကားလိုက်တာပဲ။ မင်း ညီလာခံရဲ့အဆုံးသတ်ကို မြင်ရမယ့်အထိ အသတ်ရှင်တော့မှာမဟုတ်ဘူး” ကျန်းယွင်ဖေးက ကြိမ်းဝါးလိုက်သည်။
ချူးယွင်ဖန်းသည် ကျန်းယွင်ဖေးကို အေးစက်စွာကြည့်ရုံသာကြည့်ကာ ပြန်လည်မဖြေကြားခဲ့ပေ။ သူနှင့် ကျန်းမိသားစုတွင် အခြားလမ်းမရှိတော့ပေ။ ပြဿနာမဖြစ်ချင်သော်လည်း ပြဿနာဖြစ်လာလျှင်လည်း ကြောက်နေမည်မဟုတ်ပေ။
ဥပမာအားဖြင့် ဟွမ်မိသားစုဖြစ်သည်။ အကယ်၍ ၎င်းတို့သာ ပြဿနာရှာချင်ပါက ၎င်းတို့ လုပ်နိုင်မည် မလုပ်နိုင်မည်ကို အချိန်က ပြောပြသွားလိမ့်မည်ဖြစ်သည်။
“အားလုံးပဲ နောက်ကျသွားလို့ တောင်းပန်ပါတယ်” အသက်နှစ်ဆယ်ဝန်းကျင်ရှိမည်ထင်ရသော အနက်ရောင်ဝတ်ထားသည့် လူငယ်တစ်ဦးက ပြောလိုက်သည်။ သူသည် အရည်အချင်းရှိကာ ပြိုင်ဘက်ကင်း ချောမောလှပသော မျက်နှာမျိုးရှိသည်။
“အား ဒီမှာဘာဖြစ်နေတာလဲ” လူငယ်က ကျန်းယွင်ဖေး၊ ဟွမ်ဝေ့ချင်နှင့် မြေပြင်ပေါ်၌ လဲကျနေသည့် အခြားသူများကို ကြည့်င ပြောလိုက်သည်။
“ရှု့ပိုင်ဝမ် ဒီချူးယွင်ဖန်းက မင်းရဲ့ပိုင်နက်ထဲမှာ လူတွေကို ဒဏ်ရာရအောင်လုပ်နေတာပဲ။ မင်း ဘာမှမလုပ်တော့ဘူးလား” ကျန်းယွင်ဖေးက လူငယ်ကို မြင်သည်နှင့် ပြောလိုက်သည်။
‘ရှု့ပိုင်ဝမ်ဟုတ်လား’
ချူးယွင်ဖန်းသည် အနက်ရောင်ဝတ်စုံဝတ်ထားသည့် လူငယ်ကို ကြည့်၍ ပြောလိုက်သောအခါ လူငယ်က လူအုပ်ကိုကြည့်ပြီးနောက် ပြောလိုက်သည်။
“သူတို့ကို ကုပေးဖို့ ခေါ်သွားစမ်း”
“မစ္စတာချူး၊ ကျွန်တော်တို့ စကားပြောကြရအောင်”