အခန်း (၅၀၂-၅၀၄)
Vol. 34 Ch. 502-504
အခန်း(၅၀၂) အန္တရာယ်များ
ယန်ဖေးလင်နှင့် အခြားသူများ၏ အကြည့်များအောက်တွင် ချူးယွင်ဖန်းနှင့်ရှု့ပိုင်တမ်တို့သည် ခန်းမထောင့်သို့လမ်းလျှောက်သွားကာ ဘေးချင်းကပ်ထိုင်နေကြသည်။
“မစ္စတာချူး မင်းအကြောင်းတွေအများကြီး ကြားဖူးတယ်။ မင်းနာမည်နဲ့ခေါ်ရင် စိတ်ဆိုးမလား” ရှု့ပိုင်ဝမ်က ချူးယွင်ဖန်းကို ပြုံးပြ၍ ပြောလိုက်သည်။
“ရပါတယ်။ မင်းနာမည်က ရှု့ပိုင်ဝမ်လား” ချူးယွင်ဖန်းသည် ရှု့ပိုင်ဝမ်ကို သံသယမကင်းသော မျက်လုံးများဖြင့်ကြည့်၍ ပြောလိုက်သည်။
“မှန်တယ် အဲ့တာ ငါ့နာမည်အရင်းပဲ” ရှု့ပိုင်ဝမ်က ကူကယ်ရာမဲ့စွား ပြုံးလိုက်သည်။ ချူးယွင်ဖန်း၏ ပဟေဌိဆန်သော အမူအရာများ၏ နောက်ကွယ်မှ လေသံကို နားလည်လိုက်သည်။
“ငါ့ကို နာမည်နဲ့ခေါ်လို့ရပါတယ်”
ဤနာမည်သည် နာမည်အရင်းနှင့်မတူဘဲ နာမည်ပြောင်တစ်ခုနှင့်တူသဖြင့် ရှု့ပိုင်ဝမ်သည် ငယ်စဥ်တည်းက စနောက်ခံခဲ့ရသည်။
“မင်း ငါ့အကြောင်းကြားဖူးလား” ချူးယွင်ဖန်းက မေးသည်။
“ကြားဖူးတာပေါ့၊ ငါတို့လိုစီးပွားရေးလုပ်ငန်းရှင်တွေက မင်းလိုမျိုး ပါရမီရှင်တွေကို အလေးထားပါတယ်။ တကယ်တော့ မင်း ဆရာပြိုင်ပွဲမှာ ချန်ပီယံဖြစ်လာတည်းက မင်းရဲ့အချက်အလက်တွေကို ငါတို့ ဒေတာဘေ့စ်ထဲထည့်ထားပြီးသားပဲ။ ကျန်းပိုင်ဖေးကို အနိုင်ယူပြီးတော့ မင်းက ပိုထင်ရှားလာတယ်” ရှု့ပိုင်ဝမ်က ပြုံးလိုက်သည်။
“မင်းတို့ မြန်မြန်လုပ်ကြပေါ့” ချူးယွင်ဖန်းသည် ခဏတာ အံ့အားသင့်သွားပြီးနောက် ပြုံး၍ ပြောလိုက်သည်။
“စီးပွားရေးက စီးပွားရေးပဲ။ ဝူဝေ့ရဲ့ ခံယူချက်က စီးပွားရေးက ချိတ်ဆက်မှုတွေနဲ့ ပတ်သက်နေတယ်ဆိုတာပဲ။ မင်းကို ကူညီဖို့ ကြီးမားတဲ့ ကွန်ရက်ကြီးတစ်ခုသာရှိနေရင် မင်းအချိန်မရွေး အရာအားလုံးကို လျှပ်စီးရဲ့အလျင်နဲ့ပြီးနိုင်တယ်”
ချူးယွင်ဖန်းသည် ရှု့ပိုင်ဝမ်ကို စိတ်ထဲတွင် အမှတ်ပေးလိုက်မိသည်။ အကယ်၍ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် ကမ္ဘာအနှံ့တွင် သူငယ်ချင်းများစွာရှိထားနိုင်ပါက ကိစ္စများစွာကို ချော့မွေ့စွာဖြတ်သန်းနိုင်လိမ့်မည်မှာ သေချာသည်။
ရိုးသားနေရန်မလိုအပ်ပေ။ လူတိုင်းက ပူးပေါင်းဆောင်ရွက်နေသရွေ့ ၎င်းတို့ရရှိသော အကျိုးအမြတ်များစွာသည် အလွန်ကြီးမြတ်ပေလိမ့်မည်ဖြစ်သည်။
ဝူဝေ့လုပ်ငန်းစုကြီးတစ်ခုဖြစ်လာရန် မလွယ်ကူသည်မှာသေချာလှ၏။ ဝူဝေ့၏ အပေါင်းအဖော်ဖြစ်လာချင်သူများသည် အကောင်းတကာ့အကောင်းဆုံး လက်ရွေးစင်များဖြစ်နေရန်လိုအပ်သည်။ ဤသည်မှာ အထူးသဖြင့် ဝူဝေ့၏ သခင်လေးများထဲမှ တစ်ယောက်ဖြစ်သော ရှု့ပိုင်ဝမ်အတွက်ဖြစ်သည်။ သာမန်ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများတိုင်းက သူ့၏ အာရုံကို ဖမ်းစားနိုင်လိမ့်မည်မဟုတ်ပေ။
“မင်း ငါ့အကြောင်း အချက်အလက်တွေစုဆောင်းထားတယ်ဆိုရင် ငါနဲ့ ကျန်းလင်းရှောင်ကြားက မရဏတိုက်ပါြအကြောင်းကို မင်းသိမှာပဲ။ တစ်နှစ်ခွဲပဲကျန်တော့တယ်။ တစ်နှစ်ခွဲအတွင်းမှာ ငါသေသွားနိုင်တယ်လေ။ မင်း အဲ့တာတောင် တန်တယ်လို့ ခံစားရသေးလား” ချူးယွင်ဖန်းက ဘာသိဘာသာပြောလိုက်သည်။
“ချူးယွင်ဖန်း မင်း တကယ့်ကို ဉာဏ်ကောင်းတာပဲ။ ဒါဆို ငါ့ကိုယ်ငါ ရှင်းအောင်ပြောပါရစေ။ ငွေရနိုင်တဲ့အလားအလာမရှိဘဲ ရင်းနှီးမြှုပ်နှံစရာအကြောင်းပြချက်မရှိပါဘူး။ မင်းလိုလူတွေအတွက်ကတော့ မင်းတို့ထဲက တစ်ယောက်က ထိပ်ကိုရောက်နိုင်ရုံနဲ့ ပြန်ရနိုင်မယ့် အကျိုးအမြတ်က လုံလောက်လိမ့်မယ်” ရှု့ပိုင်ဝမ်က ပြောလိုက်သည်။
“တကယ်တော့ ဝူဝေ့မှာရှိတဲ့လူအများစုက မင်းကို အထင်မကြီးကြဘူး။ ဒါပေမယ့် ငါကတော့ကွာခြားလိမ့်မယ်လို့ ပြောထားခဲ့တယ်။ မင်းနဲ့ ကျန်းလင်းရှောင်ရဲ့ကြားမှာ ကြီးမားတဲ့ ကွာခြားချက်ရှိပေမယ့် ငါမင်းရဲ့အချက်အလက်တွေကြည့်ပြီးပါပြီ. မင်းက မင်းရဲ့စွမ်းအားကို ပြတာ တစ်နှစ်လောက်ပဲရှိသေးတယ်။ မင်းအနိုင်ရဖို့အခွင့်အရေးလုံးဝမရှိတာတော့မဟုတ်ဘူး။ အဲ့တာကြောင့် ငါမင်းကို မိတ်ဆက်လက်ဆောင် အသေးလေးတစ်ခုပေးချင်တယ်။ ဒါက မင်း အပေါ်ထားတဲ့ငါ့ရဲ့လေးစားမှုကို မထင်ဟပ်ပါဘူး”
“ဟားဟားဟား ယွမ်တစ်မီလီယံကမိတ်ဆက်လက်ဆောင်လား။ ဘယ်လောက်တောင် များတဲ့ပမာဏကြီးလဲ” ချူးယွင်ဖန်းက စိတ်ပါလက်ပါ ရယ်မောလိုက်သည်။
“သာမန်လူတစ်ယောက်အတွက်တော့ ငွေတစ်သန်းက သူတို့ တစ်ဘဝလုံး မစုဆောင်းနိုင်လောက်မယ့် ပမာဏမဟုတ်ဘူး။ ဒါပေမယ့် မင်းနဲ့ ငါ့အတွက်တော့ ဒါက တစ်ယောက်အကြောင်းတစ်ယောက်သိအောင်လုပ်ဖို့ မိတ်ဆက်လက်ဆောင်သာသာပါပဲ။ မင်းနာမည်နဲ့ ဆေးကုမ္ပဏီတစ်ခုရှိတာ ငါသိပါတယ်။ မင်းလက်ထဲမှာလည်း အဆင့်မြင့် ဆေးဖော်မြူလာတစ်ခုရှိတာ ငါသိတယ်။ မင်းကုမ္ပဏီရဲ့ အနာဂတ်က အကန့်အသတ်မဲ့တယ်။ အနည်းဆုံး ဆယ်ဘီလီယံဖိုးလောက်တော့ အကျိုးအမြတ်ရမှာပဲ။ ဒါ့ကြောင့် မင်းနဲ့ ငါ မိတ်ဆွေတွေဖြစ်ချင်တယ်”
“သူငယ်ချင်းတွေပိုရှိလာပြီး အဆက်အသွယ်တွေ ပိုများလာတယ်ဆိုတာ ပြဿနာတော့မဟုတ်ပါဘူး” ချူးယွင်ဖန်းက ပြောသည်။
“ဒါပေမယ့် လူနှစ်ယောက်ကြားက သူငယ်ချင်းဆက်ဆံရေးက ရေလိုပဲပေါ့ပါးတယ်။ အကျိုးအမြတ်မရှိတာနဲ့ သူငယ်ချင်းတွေတောင် ပျောက်ကွယ်သွားတော့မှာပဲ။ ငါ မင်းနဲ့ ဆွေးနွေးချင်တဲ့ စီးပွားရေး အဆိုပြုချက်တစ်ခုရှိတယ်။ ကြားချင်လား” ရှု့ပိုင်ဝမ်က ယုံကြည်မှုအပြည့်ဖြင့့် ပြောလိုက်သည်။
ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် ဝူဝေ့က ပြည်ထောင်စုအတွင်း၌ အကြီးဆုံး စီးပွားရေးလုပ်ငန်းကြီးသုံးခုအနက်မှ တစ်ခုအဖြစ် ၎င်း၏ ဂုဏ်ပုဒ်နှင့် ထိုက်တန်သည်ဟု ခံစားလာရသည်။ ဆွဲငင်အားစမ်းသပ်မှုတွင် သူ၏ပါဝင်မှုမှာ လက်တလော စိတ်ပါဝင်စားမှုသီးသန့်သာဖြစ်၍ ၎င်းတို့ထံမှ မည်သည့်အရာမျှ မမျှော်လင့်ထားပေ။ သို့သော် သို့သော အချိန်တိုအတွင်းတွင် အခြားတစ်ဖက်သည် သူ့အကြောင်း အချက်အလက်များစွာကို စုံစမ်းပြီးဖြစ်နေ၏။
အချို့သော အပေါ်ယံအချက်အလက်မျှသာဖြစ်သော်လည်း အဆိုပါလုပ်ငန်းရှင်ကြီးများသည် ၎င်းတို့၏ ဂုဏ်ပုဒ်နှင့် ထိုက်တန်ကြောင်း ပြသရန် လုံလောက်သည်။
“ဆက်လုပ်လေ အဲ့တာက သင့်တော်တယ်ဆိုရင် ငါ့မှာ ပြဿနာမရှိပါဘူး” ချူးယွင်ဖန်း က ပြောသည်။
“ရှန်ဟဲကုမ္ပဏီအကြောင်း ငါသိတယ်။ မင်းဖော်စပ်ထားတဲ့ဆေးတွေကို လမ်းကြောင်း အမျိုးမျိုးကနေ ရောင်းချတာမလား။ ကောင်းပြီ။ ပြည်ထောင်စုတစ်ခုလုံးရဲ့ အကောင်းဆုံး ဖြန့်ချီရေးလမ်းကြောင်းတွေ ငါတို့ ဝူဝေ့မှာရှိတယ်။ ငါတို့ရဲ့ အကူအညီနဲ့ဆိုရင် တစ်နှစ်အတွင်းမှာ မင်းကုမ္ပဏီရဲ့ ဆေးဖက်ဝင်ဆေးတွေက လူ့အသိုင်းအဝိုင်းတစ်ခုလုံးကို ရောက်သွားလိမ့်မယ်။ ပြည်ထောင်စုနယ်မြေအတွင်းမှာပဲဖြစ်ဖြစ် နိုင်ငံရပ်ခြားမှာပဲဖြစ်ဖြစ်ပေါ့” ရှု့ပိုင်ဝမ်က ပြောသည်။
ချူးယွင်ဖန်းသည် ဤစကားကိုကြားသောအခါ အလွန်အံ့သြသွားသည်။ အွန်လိုင်းစျေးကွက်သည် ယခုအခါတွင် အလွန်အဆင့်မြင့်သော ကွန်ရက်တစ်ခုဖြစ်သော်လည်း လက်တွေ့ကမ္ဘာရှိ ဖြန့်ဖြူးရေးလမ်းကြောင်းများသည်လည်း အရေးကြီးနေဆဲဖြစ်သည်။ ရှန်ဟဲကုမ္ပဏီသည် ၎င်းတို့၏ ကိုယ်ပိုင် ဖြန့်ချီရေးကွန်ရက်ကို တည်ထောင်ရန်အတွက် ၎င်းတို့၏ လက်ရှိ စွမ်းရည်ဖြင့် ထိုအရာကို အောင်မြင်နိုင်ရန် အနည်းဆုံး အနှစ်နှစ်ဆယ်မှ အနှစ် သုံးဆယ်အထိ အချိန်ယူရလိမ့်မည်ဖြစ်သည်။ ယခုအချိန်တွင် ကမ္ဘာတစ်ဝှမ်းမှ အေးဂျင့်များနှင့် ဖြန့်ဖြူးသူများကို အားကိုးခြင်းသည် အမှန်တကယ်ပင်ရှေ့သို့ တက်လှမ်းနိုင်မည့် အကောင်းဆုံး နည်းလမ်းဖြစ်သည်။
“ဒါဆို အတူတူအလုပ်လုပ်ရလို့ ဝမ်းသာပါတယ်” ရှု့ပိုင်ဝမ်က ပြုံး၍ပြောသည်။ ပို၍ အသေးစိတ်ကျသော စာချုပ်ကိစ္စကိုမူ အောက်ခြေမှ လူများက ကိုင်တွယ်လိမ့်မည်ဖြစ်သဖြင့် ၎င်းတို့ အထွေအထူးပြောနေရန် မလိုအပ်ပေ။
ရှု့ပိုင်ဝမ်သည် ချူးယွင်ဖန်း၏ ဂုဏ်သတင်းကြောင့် သူနှင့် ပူးပေါင်းရန် အလေးအနက်ထားခဲ့သည်။ ကုမ္ပဏီများစွာသည် ဝူဝေ့၏ လမ်’ကြောင်းသို့ရောက်နိုင်ရန် နှစ်စဥ်ကြိုးစားခဲ့ကြသော်လည်း လူုတငိ်းတွင် ထိုသို့သော အခွင့်အရေးမျိုး မရှိနေပေ။
မှန်သည်။ ရှန်ဟဲကုမ္ပဏီ၏ အနာဂတ်သည် ရှု့ပိုင်ဝမ်အတွက် အလွန်သေချာခိုင်မာသည်။ ချူးယွင်ဖန်းသည် သူ့ဘာသာ အစွမ်းထက်နေရုံသာမက အဆုံးမဲ့အနာဂတ်ရှိသည့် ကိုယ်ပိုင် ဆေးကုမ္ပဏီတစ်ခုလည်းရှိသည်။ ဤအခိုက်အတန့်တွင် ရှု့ပိုင်ဝမ်၏ စိတ်ထဲတွင် သူ၏နေရာသည် အဆင့်တစ်ဆင့်အထိ တိုးလာသည်။ ချူးယွင်ဖန်းသည် တစ်နှစ်ခွဲအတွင်းတွင် မသေဆုံးပါက ပြာပုံထဲမှ ထိုးထွက်လာသော ဖီးနစ်တစ်ကောင်ကဲ့သို့ အမြင့်သို့ ပျံတက်သွားလိမ့်မည်ဖြစ်သည်။
ထို့ကြောင့် ရှု့ပိုင်ဝမ်သည် ကျန်းယွင်ဖေး၏စကားကို အလေးအနက်မထားခဲ့ပေ။ ကျန်းပိုင်ဖေးသည် ဝူဝေ့အတွက် အရေးပါသော်လည်း သူ၏တန်ဖိုးသည် ချူးယွင်ဖန်းနှင့် သိသိသာသာ ဝေးကွာလှသည်။
“အိုး ဟုတ်သားပဲ။ အခုပဲ မင်းအချက်အလက်တွေကို ကြည့်ပြီးတော့ စိတ်ဝင်စားစရာတစ်ခု တွေ့လိုက်ရတယ်။ အဲ့တာ မင်းအကြောင်းပဲ။ ကြားချင်လား”
“ငါမသိတဲ့အရာလား” ချူးယွင်ဖန်း၏ မျက်နှာထက်တွင် လေးနက်သော အမူအရာတချို့ ဖြတ်ပြေးသွားသည်။
“မနက်ဖြန် ကြယ်တာရာကျွန်းကို သွားရမှာမလား။ ငါသိသလောက်တော့ အစိမ်းရောင်ဝတ်ရုံအဖွဲ့က မင်းကို လုပ်ကြံဖို့ မစ်ရှင်တစ်ခုလက်ခံထားတယ်တဲ့။ အစိမ်းရောင်ဝတ်ရုံရဲ့ သခင်လေးကိုယ်တိုင် ဒီခရီးကို လုပ်မှာ။ မင်းက သူ့ရဲ့ ဘွဲ့လွန်အကဲဖြတ်မှုမစ်ရှင်ပဲ”
အခန်း(၅၀၃) မွန်းစတားဘယ်နှစ်ကောင်ရှိလဲ အကုန်လုံးကို သတ်ပစ်လိုက်
“အစိမ်းရောင်ဝတ်ရုံဟုတ်လား လုပ်ကြံသတ်ဖြတ်တဲ့ အဖွဲ့ကြီးသုံးခုထဲက တစ်ဖွဲ့မလား” ချူးယွင်ဖန်း၏ အမူအရာသည် အလွန်လေးနက်လာ၏။
ကျင့်ကြံရေးစွယ်စုံကြမ်းတွင် လူသတ်အဖွဲ့အစည်းကြီးသုံးခုထဲမှ တစ်ခုဖြစ်သော အစိမ်းရောင်ဝတ်ရုံအကြောင်းကို ဖော်ပြထားသည်။ သာမန်လူများသည် အစိမ်းရောင်ဝတ်ရုံကို တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ဖူးသော်လည်း စွယ်စုံကြမ်းထဲတွင် ယင်းနှင့်ပတ်သက်သည့် မှတ်တမ်းအချို့ရှိနေသည်။ ယင်းတို့သည် အခြေခံအချက်အလက်တချို့သာဖြစ်သော်လည်း အလွန် ကြောက်မက်ဖွယ်ကောင်းလှ၏။။
ပြည်ထောင်စုအတွင်းတွင် လူသတ်အဖွဲ့အစည်းများစွာရှိနေရာ၊ လယ်ကွင်းထဲမှ ပေါင်းမြက်များထက်များသည်ဟုဆိုလျှင်ပင် ချဲ့ကားပြောခြင်းမဟုတ်ပေ။ လုပ်ကြံသတ်ဖြတ်သည့် အဖွဲ့အစည်းများကို လျှို့ဝှက်ပျိုးထောင်ပေးသော ငွေကြေးလုပ်ငန်းကြီးများပင် အများအပြားရှိနေသည်။ သို့သော် ယင်းလူသတ်အဖွဲ့အစည်းများထဲတွင် အစိမ်းရောင်ဝတ်ရုံ၊ ကောင်းကင်နှင့် မြေကြီးသတ်ဖြတ်သူများနှင့် သွေးနက်ကန်တို့သည် အဓိက အဖွဲ့သုံးဖွဲ့ဖြစ်သည်။ အဆိုပါ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့ကြီးသုံးဖွဲ့သည် ပြည်ထောင်စုသမ္မတကိုလုပ်ကြံရန်ပင် ကြိုးပမ်းခဲ့ကြရာ အောင်မြင်ခဲ့သည်။
ဤသည်မှာ ဤလူသတ်အဖွဲ့အစည်းကြီးသုံးခု၏ ကြောက်မက်ဖွယ်အကောင်းဆုံးမှတ်တမ်းဖြစ်သည်။ ဤလုပ်ကြံသတ်ဖြတ်မှုမှတစ်ဆင့် ကျော်ကြားလာကြခြင်းဖြစ်သည်။ ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စုတစ်ခုလုံးတွင် သြဇာအာဏာအရှိဆုံးပုဂ္ဂိုလ်တစ်ဦးဖြ်စသည်။ သူ၏ ကြောက်မက်ဖွယ်အစွမ်းသတ္တိကိုမဆိုနှင့် သူ၏ ပတ်ဝန်းကျင်မှာ အစောင့်များသည်ပင် အလွန်ကြီးကျယ်ခမ်းနားလှသော စွမ်းအားကို ပြသလျက်ရှိသည်။ နတ်ဘုရားစွမ်းအင်အဆင့် ကျွမ်းကျင်သူတစ်ဦးက သမ္မတကို လုပ်ကြံသတ်ဖြတ်လိုလျှင်ပင် ၎င်းသည် အလွန်ခက်ခဲသောအရာဖြစ်ပေလိမ့်မည်။
ထို့အပြင် ဤအဖွဲ့အစည်းကြီးသုံးခုသည် သမ္မတကို ပြည်ထောင်စု၏ အဆိုးရွားဆုံးသော ခေတ်တွင် အောင်မြင်စွာလုပ်ကြံသတ်ဖြတ်နိုင်ခဲ့ကာ ဒဏ္ဍာရီလာကြေးစားများဖြစ်လာကြသည်။
မှန်သည်။ ထို့နောက်တွင် ၎င်းတို့အားလုံးသည် ပြည်ထောင်စု၏ ရက်စက်ကြမ်းကြုတ်သော လက်စားချေမှုကို ခံစားကြရ၏။ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းကြီးသုံးခုမှ အဓိက လူပ်ကြံသတ်ဖြတ်သူ ထောင်ပေါင်းများစွာနှင့်တကွ ၎င်းတို့နှင့် ဆက်စပ်သူများကို ဖမ်းဆီး၍ ရက်ရက်စက်စက် ကွပ်မျက်ခဲ့သည်။ အဖွဲ့အစည်းကြီးသုံးခုလုံး၏ အင်အားသည် ယင်းကြောင့် ကြီးမားစွာ ပျက်ဆီးသွားခဲ့သည်။
သို့သော် နောက်ပိုင်းတွင် အဆိုပါအဖွဲ့အစည်းကြီးသုံးခု၏ ဂုဏ်သိက္ခာသည် သိသိသာသာ မြင့်တက်လာသည်။ ၎င်းတို့၏ ခွန်အားများ ပြန်လည်ကောင်းမွန်လာသောအခါ ၎င်းတို့အားလုံး နာမည်ပျက်သွားကြသည်။ အစိမ်းရောင်ဝတ်ရုံအဖွဲ့အတွင်းတွင် သာမန်လူသတ်သမားများမှတပါး အခြား သခင်ငယ်များဟု လူသိများကြသော လက်ရွေးစင်အချို့လည်းရှိသေးသည်။ ဤလူများအားလုံးသည် အလွန်ကြောက်မက်ဖွယ်ကောင်းကာ ချူးယွင်ဖန်းက ၎င်းတို့၏ သင်တန်းပြီးမြောက်ခြင်း စမ်းသပ်ချက်များအကြောင်း ကြားသိခဲ့ရသည်။ ၎င်းတို့သည် ၎င်းတို့၏ အသက်အရွယ်ဝန်းကျင်၌ အထက်မြက်ဆုံး အတော်ဆုံးဆိုသူများကို သတ်ဖြတ်ပစ်ခဲ့ကြ၏။
ဤသို့သော အဖြစ်အပျက်များနှင့် ပတ်သက်သည့် ကောလဟာလများစွာ တိုးမြင့်လာသည်။ သို့သော်လည်း ၎င်းတို့၏ ပစ်မှတ်များသည် ပြည်ထောင်စု၏ မရေမတွက်နိုင်အောင် များပြားလှသော အကောင်းဆုံး လက်ရွေးစင်များထဲမှဖြစ်၍ အလွယ်တကူ သတ်ဖြတ်၍မရနိုင်သည်မှာ သဘာဝကျလှသည်။ သို့ထိတိုင် နှစ်စဥ်နှစ်တိုင်း သတ်ဖြတ်ခံရသူများရှိနေဆဲဖြစ်ကာ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့ကြီးသုံးခု၏ အခမ်းနားဆုံးတိုက်ပွဲမှတ်တမ်းမှာ အမှတ်အများဆုံးကျောင်းသားကိုသတ်၍ ယခုနှစ်၏ အသန်မာဆုံးသူဖြစ်လာရန်ဖြစ်သည်။
ထို့ကြောင့် လုပ်ကြံသတ်ဖြတ်သူများအားလုံး မအောင်မြင်ခဲ့လျှင်ပင် မည်သူကမျှ အစိမ်းရောင်ဝတ်ရုံအဖွဲ့၏ သခင်ငယ်များကို အထင်သေးဝံ့မည်မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် ရှု့ပိုင်ဝမ်သည် အဘယ်ကြောင့် ဤကိစ္စကို လေးနက်စွာပြောပြနေခြင်းဖြစ်ကြောင်းနားလည်သွားသည်။ ဤကိစ္စတွင် အစိမ်းရောင်ဝတ်ရုံအဖွဲ့ပါ ပါဝင်လာပါက ပြည်ထောင်စု၏ အရေးအကြီးဆုံး ပုဂ္ဂိုလ်ကြီးများပင်လျှင် ခေါင်းကိုက်ရမည်ဖြစ်သည်။ ထိပ်တိုက်တိုက်ပွဲတွင် သခင်ငယ်များကို တားဆီး၍ မရနိုင်ခြင်းမျိုးမဟုတ်သော်လည်း အကယ်၍ ၎င်းတို့က အမှောင်ထဲသို့ ထွက်ပြေးလွတ်မြောက်သွားလျှင်မူ ၎င်းသည် အလွန်အရေးကြီးသော ကိစ္စတစ်ခုဖြစ်လာပေလိမ့်မည်ဖြစ်သည်။
ထိုသို့သော ကိစ္စများသည် ကြိုတင်ကာကွယ်၍ မဖြစ်နိုင်သောကြောင့် မည်သူကမျှ သခင်ငယ်က မည်သည့်အချိန်တွင် ပေါ်လာလိမ့်မည်ကို သိနိုင်မည်မဟုတ်ပေ။ အစိမ်းရောင်ဝတ်ရုံအဖွဲ့သည် တာအိုညီလာခံသို့ ဖိတ်ကြားခြင်းမခံထားရသော်လည်း ၎င်းတို့ ခိုးဝင်နိုင်လိမ့်မည်မှာ သေချာကြောင်း ချူးယွင်ဖန်းက သံသယမဝင်နေပေ။
“စိတ်မပူပါနဲ့” ချူးယွင်ဖန်းက တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။ အစမ်းရောင်ဝတ်ရုံအဖွဲ့၏ အကောင်းဆုံး ဝှက်ဖဲမှာ ရုတ်တရက် ပြင်းထန်သော ထိုးနှက်ချက်နှင့်အတူ ပေါ်ထွက်လာခြင်းဖြစ်သည်။ ယင်းသည် သာမန်လူများစွာကို အလွန်ခြိမ်းခြောက်နိုင်သော်လည်း ဧကရာဇ်ကိုယ်ခန္ဓာစနစ်ကို ပျိုးထောင်ထားသော ချူးယွင်ဖန်းအတွက်မူ အန္တရာယ်မရှိလှပေ။ သူသတိထားနေသရွေ့ ပြဿနာ ခပ်များများရှိနေမည်မဟုတ်ပေ။
“အစိမ်းရောင်ဝတ်ရုံအဖွဲ့ရဲ့ သခင်းလေးတစ်ယောက်ရဲ့ ခေါင်းက ဆုကြေးဘယ်လောက်ရှိမလဲဆိုတာ ငါသိချင်တယ်။ မပေါ်လာရင်လည်း ကောင်းပါတယ်။ ဒါပေမယ့် သူပေါ်လာရင်တော့ ငါခေါင်းဖြတ်ပစ်မယ်”
ချူးယွင်ဖန်းက ပြုံးလိုက်သော်လည်း သူ၏ မျက်လုံးများသည် အေးစက်မှုများနှင့် ပြည့်နှက်နေသည်။ ချူးယွင်ဖန်းကို လုံလောက်စွာသတိပေးခဲ့ပြီးဖြစ်သောကြောင့် ရှု့ပိုင်ဝမ်က မည်သည့်စကားမျှ ထပ်မပြောတော့ပေ။ ရှု့ပိုင်ဝမ်က ပေါ့တန်သော စကားများကို သဘောမကျပေ။ ထို့အပြင် အကယ်၍ ချူးယွင်ဖန်းသည် ဤသခင်လေးများကို မခုခံနိုင်သောသူဖြစ်ပါက သူနှင့် သူငယ်ချင်းဖြစ်ရန် အဆင့်မှီမည်မဟုတ်ပေ။
လူတစ်ယောက်၏ အရည်အချင်းက မည်မျှပင် စွမ်းအားကြီးနေစေကာမူ မကြီးပြင်းနိုင်ပါက အသုံးဝင်လိမ့်မည်မဟုတ်ပေ။
“ဒါဆို မင်းရဲ့သတင်းကောင်းကို စောင့်နေမယ်” ရှု့ပိုင်ဝမ်က ပြုံး၍ပြောလိုက်သည်။
“အိုး ဟုတ်သားပဲ။ မင်းမှာ ရောင်းဖို့ ဝိဉာဥ်ကျောက်လေးဘာလေးများရှိလား”
“လက်ထဲမှာတော့ နည်းနည်းရှိတယ်။ အရေအတွက် များများလိုချင်ရင် ပြည်ထောင်စုကနေ ညတွင်းချင်းပို့ပေးလို့ရပါတယ်။ သိပ်မကြာပါဘူး” ရှု့ပိုင်ဝမ်က ပြောသည်။
“ငါ အဆင့်နိမ့် ဝိဉာဥ်ကျောက်တုံးတစ်ထောင်လောက်လိုချင်တယ်။ ပြည်ထောင်စုတက္ကသိုလ်အမှတ် ၁၀၀ နဲ့လောက်လား”
“ကိစ္စမရှိပါဘူး ငါတို့မှာ အဲ့တာတွေ လဲဖို့ နည်းလမ်းရှိပါတယ်။ ပြည်ထောင်စုတက္ကသိုလ်အမှန် သန်းတစ်ရာက ငွေသန်းတစ်ရာထက်တောင် ပိုတန်ကြေးရှိသေးတယ်။ ဆိုတော့ မင်းအတွက် ကျောက်တုံး ၁၁၀၀ လောက်ရမှာပဲ” ရှု့ပိုင်ဝမ်က ခေါင်းညိတ်လိုက်သည်။ သူ့အတွက်မူ ဤသည်က အမြတ်အစွန်းများသော ရောင်းဝယ်မှုတစ်ခုဖြစ်သည်။
ရှု့ပိုင်ဝမ်က အတန်ငယ်အံ့အားသင့်သွားခဲ့ရသည်။ ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ရောက်ခဲ့သည်မှာ နှစ်ဝက်ခန့်သာရှိသေးသော်လည်း အမှတ်သန်းတစ်ရာခန့်ပင် စုဆောင်းနိုင်ခဲ့သည်။
ကျောင်းသား ၉၉ ရာခိုင်နှုန်းခန့်သည် ပြည်ထောင်စုတက္ကသိုလ်တွင် လေးနှစ်ကြာသည့်တိုင် ဤမျှများပြားသည့် အမှတ်များကို စုဆောင်းနိုင်လိမ့်မည်မဟုတ်ပေ။ ပြည်ထောင်စုတက္ကသိုလ်၏အမှတ်များသည် သာမန်အဖွဲ့အစည်းတွင် အသုံးပြုနေသော ပိုက်ဆံများနှင့် ကွာခြားသဖြင့် ယင်းတို့ကို စုဆောင်းနိုင်ရန် မစ်ရှင်များစွာကို ပြီးမြောက်ရန် လိုအပ်သည်။
မှန်သည်။ ရှု့ပိုင်ဝမ်က ချူးယွင်ဖန်း၏ အမှတ်များကို သူ၏ ဆရာထံမှ ရခဲ့ကြောင်း မသိခဲ့ကြပေ။ ဤသို့မှမဟုတ်ပါက မစ်ရှင်များကြိုးကြိးစားစားလုပ်ဆောင်လျှင်ပင် ယင်းအမှတ်များအားလုံးရနိုင်ရန် ခက်ခဲပေလိမ့်မည်။ သူသည် မွေးဖွားခြားနယ်မြေအဆင့် ကျွမ်းကျင်သူဖြစ်နေလျှင်ပင် ထိုကဲ့သို့ အချိန်တိုအတွင်းတွင် အမှတ်များစွာရရှိရန် လွယ်ကူလိမ့်မည်မဟုတ်ပေ။
“ကောင်းပြီ၊ ငါအခုသွားတော့မယ်။ ငါ့မှာ တက်စရာလေးတွေရှိသေးလို့ ဆက်ပြီးစကားမပြောတော့ဘူး။ နောက်မှ ဆက်ပြောကြရအောင်”
“ရပါတယ် ကိစ္စမရှိဘူး။ ငါလူတစ်ယောက်ကို မင်းနေရာဆီ ဝိဉာဥ်ကျောက်တုံးတွေ အမြန်ရောက်အောင် ပို့ခိုင်းလိုက်မယ်” ရှု့ပိုင်ဝမ်ကပြောသည်။
ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်၏။
ရှု့ပိုင်ဝမ်နှင့် မိတ်ဆွေဖြစ်ပြီးနောက် ကိစ္စများစွာသည် ပို၍ လွယ်ကူလာပေလိမ့်မည်။
သီးသန့်ကလပ်ထဲမှထွက်လာပြီးနောက် ချူးယွင်ဖန်းသည် ကောင်းကင်ယံကို ကြည့်လိုက်သည်။ မနက်ဖြန်သည် တာအိုညီလာခံဖြစ်သဖြင့် သေချာပေါက် ငြိမ်းချမ်းလိမ့်မည်မဟုတ်ပေ။ ကျန်းမိသားစုနှင့် ဟွမ်မိသားစုအပြင် အစိမ်းရောင်ဝတ်ရုံအဖွဲ့အပါအဝင် အခြားသူများစွာသည်လည်း သူ့ခေါင်းကို ဖြတ်ချင်နေကြသည်။ ချူးယွင်ဖန်းနှင့် ကျန်းပိုင်ဖေးတို့သည် ဒေါသတကြီးတိုက်ခိုက်ခဲ့ကြသော်လည်း ကြီးကြီးမားမားမဖြစ်ခဲ့ပေ။ တကယ့်ပြဿနာမှာ ရှန်ဟဲဆေးကုမ္ပဏီဖြစ်သည်။ မူပိုင်ခွင့်ကို လျှောက်ထားပြီးနောက် ချူးယွင်ဖန်း၏ အသက်ကို နှုတ်ယူလိုသောသူများ မရေမတွက်နိုင်လောက်အောင် များပြားလှသည်။ သူသည် ပြည်ထောင်စု၏ အကာအကွယ်ကိုရရှိထား၍ လူအများက ပြောင်ပြောင်တင်းတင်း မလုပ်ဆောင်ဝံ့ကြသော်လည်း အစိမ်းရောင်ဝတ်ရုံကဲ့သို့ လုပ်ကြံသတ်ဖြတ်သူအဖွဲ့အစည်းများသည်မူ ထိုသို့သောကိစ္စများကို မစိုးရိမ်ကြပေ။
လူ့အသက်သည် အဖိုးတန်သည်ဟုဆိုနိုင်သော်လည်း စျေးပေါသည်ဟုလည်းဆို၍ရသည်။
ချူးယွင်ဖန်းက အလျင်းမျှမကြောက်သည့်တိုင် သူအပြည့်အဝ ပြင်ဆင်ထားရဆဲဖြစ်သည်။ အဆင့်နိမ့်ဝိဉာဥ်ကျောက်တုံးများဖြင့် သူသည် အချိန်တိုအတွင် နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားကို အသက်သွင်းနိုင်မည်ဖြစ်ရာ အစိမ်းရောင် ဝတ်ရုံအဖွဲ့မှ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးကို စေလွှတ်ခဲ့လျှင်ပင် သူကြောက်နေလိမ့်မည်မဟုတ်ပေ။
မနက်ဖြန်တွင် ချူးယွင်ဖန်းသည် သူ့ရှေ့တွင် ပေါ်ထွက်လာဝံ့သော သတ္တဝါအားလုံးကို သတ်ပစ်မည်ဖြစ်သည်။
အခန်း(၅၀၄) ကြင်ဖက်တွေ့ခြင်း
ရှု့ပိုင်ဝမ်ကို နှုတ်ဆက်ပြီးနောက် ချူးယွင်ဖန်းသည် တန်ဝမ်ရှန်က သူ့ကို ဖိတ်ကြားထားသည့် စားသောက်ဆိုင်ဖြစ်သော အင်မော်တယ်အမူးသမားအိမ်သို့ ဦးတည်သွားခဲ့သည်။
အင်မော်တယ်အမူးသမားအိမ်သည် အနီးနားတစ်ဝိုက်၌ အကြီးမားဆုံး စားသောက်ဆိုင်ဖြစ်သည်မှာ သေချာ၏။ ချူးယွင်ဖန်းသည် ယင်းကို အလွယ်တကူ ရှာနိုင်ခဲ့သည်။ စားသောက်ဆိုင်တစ်ခုလုံးကို ရှေးဟောင်းပုံစံဖြင့် အလှဆင်ထား၍ ခမ်းနားထည်ဝါလှသော ပြင်ဆင်မှုအမျိုးမျိုးလည်းရှိနေသည်။
အင်မော်တယ်အမူးသမားအိမ်သို့ ဝင်ရောက်ပြီးနောက် စားပွဲထိုးတစ်ယောက်သည် မေးမြန်းရန် သူ့အနားသို့ရောက်လာသည်။ သူ၏နာမည်ကို ပြောပြပြီးနောက် စားပွဲထိုးက ချူးယွင်ဖန်းကို ခမ်းနားသော သီးသန့်ခန်းဆီသို့ ခေါ်သွားသည်။ ချူးယွင်ဖန်းသည် တန်ဝမ်ရှန်ရောက်ရှိလာသည်ကို ထိုင်စောင့်လျက်ရှိသည်။
သို့သော် သဘောတူညီထားသည့်အချိန်များ ကုန်ဆုံးလာသော်လည်း တန်ဝမ်ရှန်က ပေါ်မလာပေ။ ချူးယွင်ဖန်းက မတ်တပ်ထရပ်လိုက်သည်။ သူသည် စိတ်ရှည်သည်းခံနိုင်စွမ်း နိမ့်ပါးနေခြင်းမဟုတ်သော်လည်း တန်ရှန်ဝမ်သည် သူ့ကို ဖိတ်ကြားခဲ့သူဖြစ်ကာ ထွက်ပေါ်မလာခဲ့ပေ။ ထို့ကြောင့် ချူးယွင်ဖန်းက ဤနေရာတွင် ဆက်လက် အချိန်ဖြုန်းမနေနိုင်ပေ။
သို့သော် ချူးယွင်ဖန်း မတ်တပ်ထရပ်လိုက်သည့် အခိုက်အတန့်တွင် တံခါးပွင့်လာပြီးနောက် အသက်နှစ်ဆယ်ဝန်းကျင်ခန့်ရှိမည်ထင်ရသော မိန်းကလေးငယ်တစ်ဦး လမ်းလျှောက်ဝင်လာသည်။ သူမသည် လှပသော မျက်နှာထားမျိုးရှိကာ အရပ်ရှည်၍ သွယ်လျသည်။ သူမသည် အဝါရောင်ခပ်ဖျော့ဖျော့ ဝတ်ရုံကို ဝတ်ဆင်ထားသဖြင့် မီးအိမ်၏ အလင်းရောင်အောက်တွင် သူမ၏ အသားအရည်သည် ပုလဲလုံးတစ်လုံးသဖွယ်ဖြူဖွေးတောက်ပနေ၏။
သီးသန့်ခန်းထဲသို့ ဝင်လာပြီးနောက် ထိုအမျိုးသမီးသည် ချူးယွင်ဖန်း၏ မျက်နှာချင်းဆိုင်၌ ထိုင်လိုက်သည်။
“မင်းက တန်ဝမ်ရှန်လား” ချူးယွင်ဖန်း အံ့အားသင့်သွားသည်။ အကယ်၍ ဤအမျိုးသမီးသည် တန်ဝမ်ရှန်ဖြစ်ပါက သူမ၏အမည်သည် အနည်းငယ်ယောက်ျားဆန်လွန်းလှသည်။
“မဟုတ်ဘူး ငါက သူ့သမီး၊ ငါ့နာမည်က တန်ချင်းချင်းပါ” ချူးယွင်ဖန်းကို ကြည့်နေသည့် အမျိုးသမီး၏ မျက်လုံးများသည် ရေကဲ့သို့ ကြည်လင်နေသည်။
“မင်းအဖေရော ဘယ်မှာလဲ။ သူဒီကို ဖိတ်ထားပြီးတော့ အခု လာမတွေ့ဘူး။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒါက မယဥ်ကျေးလှဘူး” ချူးယွင်ဖန်းက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“ရှင်တကယ်မသိဘူးထင်တယ်။ ကျွန်မ ရှင့်ကို ရိုးရိုးသားသားပြောပြမယ်။ ကျွန်မအဖေက ရှင်နဲ့ကျွန်မနဲ့ကို ကြင်ဖက်တွေ့ဖို့ စီစဥ်ပေးထားတာပဲ”
“ကြင်ဖက်တွေ့တယ်ဟုတ်လား” ချူးယွင်ဖန်းက အနည်းငယ် ရယ်ရသကဲ့သို့ ခံစားလိုက်ရသည်။ တန်ဝမ်ရှန်က သူ့ကို အဘယ်ကြောင့် ကြင်ဖက်တွေ့ရန် တွန်းအားပေးသနည်း။ ဤကိစ္စသည် အနည်းဆုံး နှစ်ဖက်မိဘချင်းသဘောတူရမည်ဖြစ်သည်။
“ဖေဖေ ဘာတွေစဥ်းစားနေလဲကျွန်မမသိဘူး။ သူက ရှင်နဲ့ ကျွန်မနဲ့လိုက်တယ်လို့ အတည်ပေါက်ပြောနေတာ။ ဒါ့ကြောင့် ကျွန်မကို ရှင်နဲ့လာတွေ့ခိုင်းလိုက်တာပဲ” တန်ချင်းချင်းကပြောသည်။
“ဖေဖေက ရှင့်ကို ပါရမီရှင်ဆိုပြီးပြောနေတာ ကျွန်မတော့ မယုံပါဘူး။ ရှင်ကျွန်မကို သက်သေပြရမယ်”
ဤသို့ပြောကာ တန်ချင်းချင်းက ရုတ်တရက် တိုက်ခိုက်လိုက်သည်။ သူမသည် ချူးယွင်ဖန်းကို ပါးရိုက်ရန် လက်ရွယ်လိုက်သည်။ သူမ၏ လက်တစ်ဖက်သည် လှံရှည်တစ်စင်းကဲ့သို့ ထွက်လာရာ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ကိန်းအောင်းနေသည်။ ဤသည်မှာ ဖန်လုံအိမ်ထဲ၌ကြီးပျင်းလာသည့် မိန်းကလေးတစ်ယောက်မဟုတ်ကြောင်း ထင်ရှား၏။ တန်ချင်းချင်းသည် အမှန်ပင် အလွန်သန်မာကာ တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးသည့်ပုံပေါ်သည်။
ဤတိုက်ခိုက်မှုသည် အလွန်ရုတ်တရက်ဆန်လှသော်လည်း ချူးယွင်ဖန်းက ထိတ်လန့်မနေပေ။ သူက လက်တစ်ဖက်ကို ဓားတစ်စင်းနှယ်ကာလိုက်သည်။ တန်ချင်းချင်း၏ လက်ဖဝါးနှင့် ချူးယွင်ဖန်း၏ လက်တို့ ထိသောအခါ ၎င်းသည် လျှပ်စီးလတ်သကဲ့သို့ပင် နောက်သို့ ဆုတ်သွား၏။
မအောင်မြင်သောတိုက်ခိုက်မှုအပြီးတွင် တန်ချင်းချင်းသည် သူမ၏ လက်ကို ရုတ်သိမ်း၍ ဆက်လက်တိုက်ခိုက်ခြင်းမပြုခဲ့ပေ။ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကြောင့် သူမ၏ လက်ဖဝါးပေါ်တွင် ဒဏ်ရာတစ်ခုရသွားခဲ့သည်။ ထို့နောက် သူမက ချီစွမ်းအင်များ ဖြန့်ကျက်လိုက်သောအခါ လက်ဖဝါးပေါ်ရှိ ဒဏ်ရာအနည်းငယ်သည် ချက်ချင်းပင် ပျောက်သွား၏။
“ဘာလဲ မင်း ထပ်မကြိုးစားကြည့်ချင်ဘူးလား” ချူးယွင်ဖန်းသည် သူ့ရှေ့မှ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်၍ တစ်ငုံသောက်လိုက်သည်။
နှစ်ဖက်လုံးသည် အစတည်းက ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာခွန်အားကိုသာ အသုံးပြုခဲ့ကြသဖြင့် ၎င်းတို့၏ ပတ်ဝန်းကျင်ကို အနည်းငယ်မျှ မထိခိုက်စေခဲ့ပေ။
“မလိုပါဘူး။ ရှင်က မရီးဒျန်သန့်စင်ခြင်း ပဥ္စမအဆင့်မှာပဲရှိသေးပေမယ့် တိုက်ပွဲအင်အားအရဆို သေချာပေါက် သတ္တမအဆင့်ကို ရောက်နေပြီ။ ရှင်က ကျွန်မထက်တောင် ပိုစွမ်းသေးတယ်။ ကျွန်မက ငယ်ငယ်တည်းက စိတ်ကိုလေ့ကျင့်နိုင်အောင် ဆေးဖက်ဝင်ဆေးရည်နဲ့ ရေချိုးခဲ့တာကြောင့် ကျွန်မနဲ့အဆင့်တူတဲ့လူ ဘယ်သူ့ကိုမှ မကြောက်ဖူးဘူး” တန်ချင်းချင်းက ချူးယွင်ဖန်းကို စူးစူးစိုက်စိုက်ကြည့်၍ တအံ့တသြပြောလိုက်သည်။
“ရှင့်အသက်နဲ့ ဒီအဆင့်အထိ ကျင့်ကြံဖို့ဆိုတာ ဒီအရွယ်မှာ အသန်မာဆုံးတစ်ယောက်လို့တောင် သတ်မှတ်ထားလို့ရပြီ။ ဖေဖေပြောတာမှန်တယ်။ ရှင်က ကျွန်မနဲ့ လိုက်ဖက်ပါတယ်။ ကျွန်မတို့ တကယ်သင့်တော်တယ်”
“ကျွန်မက ရှင့်ထက် နှစ်နှစ်ကြီးပေမယ့် ‘အသက်ပိုကြီးတဲ့မိန်းမက ပိုနူးညံ့ပြီး နားလည်မှုပေးနိုင်တယ်’လို့ ဆိုကြတယ်။ ခေတ်သစ်သိုင်းပညာရှင်တွေရဲ့ သက်တမ်းအရဆို အသက်နှစ်နှစ် ကွာတာလောက်က ဥပက္ခာပြုလို့ရပါတယ်။ ဘယ်လိုလဲ စမ်းကြည့်ချင်လား” တန်ချင်းချင်းကပြောသည်။
ချူးယွင်ဖန်းသည် ရယ်ရခက် ငိုရခက်ဖြစ်နေ၏။
“တကယ်လို့ တစ်ခုခုက ဖြစ်မလာသင့်ဘူးဆိုရင် ကြိုးစားနေလည်း အသုံးမဝင်ဘူးဆိုတဲ့ စကားကို မင်းကြားဖူးမှာပါ။ ငါတို့ အရင်က တစ်ခါမှ မတွေးဖူးသလို တစ်ယောက်အပေါ်တစ်ယောက်လည်း ခံစားချက်မရှိကြဘူး။ နောက်ပြီး အခုမင်း ဒိတ်ကြည့်ချင်လား။ ဒီလိုမျိုး ကြိုတင်သတ်မှတ်ထားတာ မှားတယ်လို့မထင်ဘူးလား”
“မှားတယ် ဟုတ်လား။ ကျွန်မက ဘာလို့ အဲ့လို ခံစားရမှာလဲ”
“အိုး ဟုတ်သားပဲ ရှင်က သာမန်မိသားကလာတာဆိုတော့ ဒါတွေကို နားမလည်ဘူးပေါ့။ မိသားစုကြီးတွေရဲ့ ကျွန်မတို့လို မျိုးဆက်တွေက မာန်ကြီးပုံပေါ်နေပေမယ့် အိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖို့ အခွင့်အလမ်းမရှိဘူး။ ကျွန်မ ဒီသဘောတရားကို ငယ်ငယ်တည်းက နားလည်ခဲ့တာ။ ကျွန်မက တစ်ယောက်ယောက်ကို လက်ထပ်ဖို့ ဆုံးဖြတ်ရမယ်ဆိုရင် အမှိုက်ကို ရွေးမယ့်အစား ရှင့်ကိုပဲရွေးမှာပေါ့”
“ကျွန်မတို့သာအတူတူရှိနေရင် ခိုင်မာအားကောင်းတဲ့ မဟာမိတ်တွေဖြစ်လာမှာ အသေအချာပဲ။ ရှင့်ကို ချူးမိသားစုရဲ့ အရေးပါ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာအောင် ကျွန်မကူညီပေးမယ်။ ရှင့်ဇနီးအနေနဲ့လည်း အကျိုးအမြတ်တွေ အများကြီးရမှာပါ။ ရှင်က ဒီလောကရဲ့ စည်းကမ်းအများစုကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး။ ဒါ့အပြင် ဒါကို ရှင် ကျင့်ကြံရေးလို့ သဘောထားလည်းရတယ်။ စကားပုံလိုပဲလေ၊ ရှင်ကျွန်မ ကျောကို ကုတ်ပေးရင် ကျွန်မ ရှင့်ကျောကို ပြန်ကုတ်ပေးမယ်။ ကျွန်မတို့ တစ်ယောက်ကို တစ်ယောက် ထောက်ပံ့ကူညီပေးကြမယ်”
ချူးယွင်ဖန်း အလွန် အံ့အားသင့်သွားသည်။
“တောင်းပန်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ငါတို့အမြင်တွေမတူဘူးနဲ့တူတယ် ဒါ ငါ့ ရည်မှန်းချက်မဟုတ်ပါဘူး”
တန်ချင်းချင်းက သက်ပြင်းချလိုက်သည်။
“ဒါက နှမျောစရာပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ရှင်က ကျွန်မရွေးချယ်နိုင်တဲ့ အတိုင်းအတာထဲမှာ အကောင်းဆုံးတွေထဲက တစ်ယောက်ပါပဲ၊ ဒါပေမယ့် ရှင်ပြောတာ မှန်ပါတယ်။ တစ်ခုခုကို အတင်း ဖိအားပေးနေတာ အသုံးမဝင်ပါဘူး။ ကျွန်မက ဘယ်သူမှမလိုချင်တဲ့အထိ စျေးမပေါဘူးဆိုတော့ ကျွန်မ ရှင့်ကို အတင်းမတောင်းဆိုပါဘူး။ ဒီလိုဆိုမှတော့ အချိန်ထပ်ပြီး မဖြုန်းနေကြရအောင်။ ကျွန်မ ပြန်လိုက်ဦးမယ်”
တန်ချင်းချင်းက တည့်တိုးပြောလိုက်သည်။ ထိုကိစ္စမှာ မဖြစ်နိုင်ကြောင်း သူမ မြင်လိုက်ရသဖြင့် ချက်ချင်းပင် နောက်ဆုတ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။
တန်ချင်းချင်း ထွက်သွားပြီး မကြာခင်၌ပင် အရပ်ရှည်ရှည်ဖြင့် ဝတ်စုံပြည့်ဝတ်ထားသော အမျိုးသားတစ်ယောက်သည် ခြေလှမ်းကြဲကြီးများ လှမ်း၍ လမ်းလျှောက်လာသည်။ သူသည် တန်ချင်းချင်းနှင့် ဆင်တူ၏။ သူသည် ငယ်စဥ်က ချောမောသော ယောက်ျားတစ်ယောက်ဖြစ်ခဲ့ဟန်တူသည်။
“မစ္စတာတန် နောက်ဆုံးတော့ ခင်ဗျား ဒီကို ရောက်လာပြီပေါ့” ချူးယွ၍်ဖန်းက ပြောလိုက်သည်။
“ကြည့်ရတာ မင်းနဲ့ ငါ့သမီးနဲ့ စကားပြောတာ အဆင်မပြေတဲ့ပုံပဲ။ နှမျောစရာပဲ။ မင်းနဲ့ ငါ့သမီးက ကံပါမလာကြဘူး” တန်ဝမ်ရှန်က ပြောသည်။
“ဒီနေ့က ရုတ်တရက်ကြီးဖြစ်သွားပေမယ့် ရိုးရိုးသားသားပြောရရင် ချူးယွင်ဖန်း၊ တန်မိသားစုထဲမှာ ကောင်းတဲ့မိန်းကလေးတွေအများကြီးရှိပါတယ်။ တန်စီယုတစ်ယောက်တည်းရှိတာမဟုတ်ဘူး။ ‘မိန်းမမရှိတဲ့ ယောက်ျားတစ်ယောက်က လူသေနဲ့မခြားဘူး’ဆိုတဲ့ စကားပုံအတိုင်းပဲပေါ့”
“ကျွန်တော်တို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်တော့မှ သဘောတူညီမှုမရနိုင်လောက်တာ သေချာတယ်။ မိန်းမဘယ်လောက်ကောင်းနေပါစေ ကျွန်တော်နဲ့ဘာဆိုင်လို့လဲ” ချူးယွင်ဖန်းက ပြောသည်။