← Chapters

အခန်း (၅၀၈-၅၁၀)

Vol. 34 Ch. 508-510

အခန်း (၅၀၈-၅၁၀)

Vol. 34 Ch. 508-510

အခန်း(၅၀၈) ပါရမီရှင်များ၏တိုက်ပွဲ

ချူးယွင်ဖန်းသည် တောထဲသို့ ဝင်သွား၏။ သိပ်မကြာခင်၌ပင် သော့များဝှက်ထားသည့်နေရာနှင့်ပတ်သက်သော အချက်အလက်များကို ရရှိခဲ့သည်။ ချူးယွင်ဖန်းသည် ထိုနေရာများဆီသို့ ချက်ချင်းပျံသန်းသွားခဲ့သည်။ မည်သည့်နေရာက အစစ်အမှန်ဖြစ်ကြောင်း မသိနိုင်သောကြောင့်နေရာတစ်ခုကို ကျပန်းရွေးချယ်ခဲ့သည်။ မွန်းစတားများကို သတ်ဖြတ်ခြင်းနှင့် ပတ်သက်၍မူ သူ အလျင်လိုနေခြင်းမရှိပေ။ သော့တစ်ချောင်းကို မရှာတွေ့မချင်း ယင်းကို စောင့်နိုင်သည်။ သူ့တွင် သော့တစ်ချောင်းအပိုရှိနေသရွေ့ ရဲတိုက်ကို ဖွင့်လိုက်သည်နှင့် နေရာတစ်ခုရမည်မှာ သေချာသည်။ တောနက်ထဲသို့ ပြေးဝင်သွားပြီးနောက် သူကြုံရသည့် မွန်းစတားများကို သတ်ပစ်ခဲ့သည်။

ထိုအခိုက်အတန့်တွင် ကြယ်တာရာကျွန်းနှင့် မိုင်တစ်ထောင်ခန့်ဝေးကွာသောနေရာတစ်ခု၌ ကြီးမားသော စစ်သင်္ဘောကြီးသည် ပင်လယ်လှိုင်းများကြား၌ မျောလွင့်လျက်ရှိသည်။ စစ်သေင်္ဘာအတွင်း၌ အမျိုးမျိုးသော တက္ကသိုလ်များ၏ နည်းပြဆရာများအပါအဝင် ဂိုဏ်းပေါင်းများစွာနှင့် မိသားစုကြီးများ၏ အကြီးအကဲများစုဝေးလျက်ရှိကြသည်။ ဂြိုလ်တုဓာတ်ပုံများမှတစ်ဆင့် ကျွန်းပေါ်တွင် ဖြစ်ပျက်နေသော အရာအချို့ကို မြင်နိုင်၏။

ညီလာခံသည် ယခုလေးတင်မှစတင်ခဲ့ခြင်းဖြစ်သော်လည်း ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု စတင်နေခဲ့ပဲီဖြစ်သည်။ ကြယ်တာရာကျွန်းသို့ ဝင်ရောက်ခဲ့သော လူငဘ်များသည် အစုအဖွဲ့များဖွဲ့၍ မွန်းစတားများကို တိုက်ခိုက်နေကြသည်။ ကြယ်တာရာဂိုဏ်းသည် မဖွံ့ဖြိုးသေးစဥ်ကာလဖြစ်သဖြင့် မွန်းစတားများစွာရှိနေကြဆဲဖြစ်သည်။ မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားကြီးများကို ချေမှုန်းခဲ့ပြီးသည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း ထိုနေရာတွင် ကိုင်တွယ်ရခက်သော မွန်းစတားများစွာရှိနေကြသေးသည်။ ဤမွန်းစတားများကို ရင်ဆိုင်ရသောအခါ ပါဝင်သူအများအပြားသည် ကြီးမားသော ဆုံးရှုံးမှုများကို ကြုံတွေ့ခဲ့ကြရသည်။

သို့သော် ထိုသူများ၏ အမူအရာများသည်မူ ပြောင်းလဲမှုမရှိပေ။ ၎င်းတို့သည် ဤပုံစံကို လက်ခံခဲ့ကြသဖြင့် သွားရမည့်ခရီးလမ်းမှာ မည်မျှရှည်လျားကြောင်းလည်း ကောင်းစွာသိထားကြသည်။

ဤလူများထဲတွင် ထိုသို့သော အသက်နှင့်သက်ဆိုင်သည့် တိုက်ပွဲမျိုးကို မကြုံခဲ့ရဖူးသူ မည်သူရှိသနည်း။ ဤလူများအားလုံးသည် ၎င်းတို့ လက်ရှိရထားကြသော အောင်မြင်မှုများကို ရနိုင်ရန် များစွာဖြတ်သန်းခဲ့ကြသည်ဖြစ်ရာ ဤသည်က ရက်စက်ကြမ်းတမ်းလှသသော်လည်း သူတို့ရွေးချယ်ခဲ့သော လမ်းများသာဖြစ်သည်။

မကြာမီတွင် တစ်ယောက်တည်းဖြစ်နေပြီဟု သဘောပေါက်လိုက်ကြသော ကျောင်းသားအများစုသည် ၎င်းတို့၏ သူငယ်ချင်းများကို စတင်ခေါ်ဆိုလာကြသည်။ မတူညီသော တက္ကသိုလ်အလိုက်၊ ဂိုဏ်းအလိုက်၊ မိသားစုကြီးများအလိုက် အုပ်စုများစတင်ခွဲ၍ စုစည်းလာကြသည်။ အထူးသဖြင့် ဟွမ်မိသားစု၊ ချူးမိသားစု၊ တန်မိသားစုနှင့် အခြားမိသားစုကြီးများသည် စတင်စုဝေးလာကြ၏။

၎င်းတို့သည် မတူညီသော ဂိုဏ်းများ၊ တက္ကသိုလ်များနှင့် မိသားစုကြီးများမှ ဆက်သက်လာသော်လည်း ဤအခိုက်အတန့်တွင် တစ်ယောက်ကိုတစ်ယောက်ယုံကြည်ရန်လိုအပ်သည်။

“တချို့ကျောင်းသားတွေက ဒီလောက်မြန်မြန်နဲ့ ကျရှုံးသွားကြတော့မှာလား”

ကြယ်တာရာဂိုဏ်း၏ အနက်ရှိုင်းဆုံးနေရာတွင် ထင်ရှားကျော်ကြားသော ပါဝင်သူအချို့သည် လမ်းကြောင်းများကို စတင်ကျော်ဖြတ်လာကြသည်ကို လူတစ်ယောက်က သတိပြုလိုက်မိသည်။ ပခုံးထိရှည်သော ဆံပင်နှင့် ကိုယ်ခန္ဓာတောင့်တင်းခိုင်မာကာ ချောမောသော လူငယ်တစ်ယောက်သည် လက်ထဲတွင် စစ်ပုဆိန်ရှည်တစ်လတ်ကို ကိုင်ဆောင်ထားသည်။ သူသည် သွေးများပြည့်နေသော လမ်းကို ဖောက်ထထွင်း၍ အခြားလူငယ်တစ်ဦးရှေ့သို့ ရောက်လာသည်။

“မေ့ဟိုက်ယွင်၊ နောက်ဆုံးတော့ ငါမင်းကို တွေ့ရပြီ။ မင်းရေအမျိုးအစားကျင့်စဥ်တစ်မျိုးကို ကျင့်ကြံနေတယ်လို့ ငါကြားခဲ့တာ။ တိုက်တိုက်ဆိုင်ဆိုင် ငါလည်း ရေပြာလှိုင်းကျင့်စဥ်ကို ကျင့်နေတာပဲ။ မင်းက ပြည်ထောင်စုတက္ကသိုလ်မှာ အသန်မာဆုံးဆိုတော့ ငါမင်းနဲ့စလိုက်မယ်”

ဂြိုလ်ထု ရုပ်ပုံများသည် အရုပ်သာမြင်ရ၍ အသံမကြားရသော်လည်း လူတိုင်းသည် နှုတ်ခမ်းများကို ဖတ်ရှု့နိုင်ကြသည်။ သူ့ပါးစပ်လှုပ်ရှားမှုကို ကြည့်၍ သူမည်သည့်အရာများပြောနေသည်ကို သိသည်။ ပြည်ထောင်စုတက္ကသိုလ်မှဆရာအများစု၏ မျက်နှာအမူရာများ လေးနက်လာကြသည်။ မေ့ဟိုက်ယွင်သည် ပြည်ထောင်စုတက္ကသိုလ်၏ လက်ရှိအသန်မာဆုံးကျောင်းသားတစ်ယောက်ဖြစ်သည်။ လူအများစုသည် ခက်ခဲသောအပိုင်းများကို မဖြေရှင်းမီ လွယ်ကူသော ကိစ္စများကို ကိုင်တွယ်တတ်ကြသော်လည်း ဤလူသည်မူ မေ့ဟိုက်ယွင်နှင့် စတင်ချင်နေ၏။ သူ၏ ယုံကြည်မှုသည် အလွန်ပိုသာနေခြင်းဖြစ်၏။

သို့သော် သူ၏ခွန်အားနှင့် ပတ်သက်၍မူ သံသယဝင်ဖွယ်မရှိပေ။ မရီးဒျန်သန့်စင်ခြင်းအဆင့် မွန်းစတားများကို ဟင်းသီးဟင်းရွက်ကဲ့သို့ ခုတ်ပိုင်းပစ်နေသည်ကိုကြည့်လျှင် သူ၏ ခွန်အားကို မြင်နိုင်၏။ ထို့အပြင် ဤလူဆိတ်ညံသော ကျွန်းတွင် မသန်မာသော မွန်းစတားတစ်ကောင်မျှ မရှိသည်မှာ သေချာသည်။ မွန်းစတားများ၏ ခွန်အားသည် အလွန်ကြောက်မက်ဖွယ်ကောင်း၏။

“အဲ့တာဘယ်သူလဲ” လူတစ်ယောက်ကမေးလိုက်သည်။

“အဲ့တာ သရဖူနန်းတော်သီးခြားဂိုဏ်းရဲ့ လက်ရှိဆက်ခံသူ လီရွှမ်ပဲ”

“သရဖူနန်းတော် သီးခြားဂိုဏ်းဟုတ်လား။ ငါအဲ့ဂိုဏ်းအကြောင်းကြားဖူးတယ်။ အဲ့တာ ဂိုဏ်းငယ်လေးတစ်ခုပဲဆိုပေမယ့် သူ့အင်အားကို လျှော့တွက်လို့မရဘူး။ နှစ်တိုင်းနှစ်တိုင်းမှာ ဆက်ခံသူ သုံးယောက်ကနေ ငါးယောက်အထိရှိပြီး ညီလာခံချန်ပီယံဖြစ်လာဖို့ အခွင့်အရေးလည်းရှိတယ်”

“ဟေးဟေး ဒီပါရမီရှင်တွေ။ သူတို့တကယ် တစ်ယောက်ကိုတစ်ယောက် တိုက်ဖို့ကို စောင့်မနေကြဘူးပဲ”

လက်ရှိနှစ်၏ ထိပ်တန်းကျောင်းသား မေ့ဟိုက်ယွင်၏ မျက်နှာချင်းဆိုင်တွင် ရပ်နေသော လီရွှမ်သည် အလွန်တည်ငြိမ်နေကာ အလျင်မလိုသည့်ပုံပေါ်သည်။ သူသည် အဖြူရောင် ချည်မျှင်များထိုးထားသည့် အပြာရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။

မေ့ဟိုက်ယွင်သည် သူ့လက်ထဲမှ လှံရှည်ကို ဆုတ်ကိုင်လျက် ဘာသိဘာသာပြောလိုက်သည်။

“သရဖူနန်းတော်က လီရွှမ်၊ မင်းက တော်တော် ရဲတာပဲ။ မင်း တကယ်ပဲ ငါ့လက်ထဲမှာ ကျရှုံးသွားမယ့် ဝိဉာဥ်တွေထဲက တစ်ယောက်ဖြစ်ဖို့ ထိုက်တန်ပါတယ်”

သရဖူနန်းတော်မှ လီရွှမ်သည် မာန်တက်နေသည်ဟု ဆို၍ရသော်လည်း မေ့ဟိုက်ယွင်သည် ပို၍ပင် မာန်တက်နေ၏။

“ငါ ဒီနှစ်ညီလာခံရဲ့ ချန်ပီယံဖြစ်လာမှာကွ၊ ငါ့လမ်းကို လာရှုပ်တဲ့လူတိုင်း သေရမယ်”

“ဟားဟားဟား ကောင်းတယ်”

“‘ငါ့လမ်းကို ဝင်လာတဲ့လူတိုင်းသေရမယ်ဟုတ်လား’ သူတို့က မင်းအရမ်းသန်မာတယ်လို့ပြောပေမယ့် ငါမယုံဘူး”

ဘွန်း

လှံရှည်နှင့် စစ်ပုဆိန်ရှည်တို့သည် လေထုအလယ်တွင် ထိတိုက်မိကြသည်။ လက်နက်ထဲမှ ချီစွမ်းအင်များအားလုံး ကြောက်မက်ဖွယ်ပေါက်ကွဲသွားရာ အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ ၎င်းတို့၏ ခြေထောက်အောက်ရှိ မြေပြင်သည် နှစ်ယောက်သား၏ စွမ်းအားအောက်တွင် ချက်ချင်းပြိုကျသွားသည်။

“ဘယ်လောက်တောင် ကြီးလိုက်တဲ့ခွန်အားလဲ”

စစ်သင်္ဘောအတွင်းရှိ ခေါင်းဆောင်များအားလုံး ထိတ်လန့်ကုန်ကြသည်။ ယင်းမှာ ၎င်းတို့၏ ခွန်အားကြောင့်မဟုတ်သော်လည်း ၎င်းတို့သည် ထင်ထားသည်ထက် ပို၍ သန်မာနေသောကြောင့်ဖြစ်သည်။ ထိုသူနှစ်ဦးသည် ဆယ့်ရှစ်နှစ် သို့မဟုတ် အသက်ဆယ့်ကိုးနှစ်အရွယ်ခန့်တွင် ဤမျှအဆင့်ထိ ရှိနေခြင်းဖြစ်သည်ကို ထည့်သွင်းစဥ်းစားလျှင် ၎င်းတို့၏ သက်တူရွယ်တူများကြား၌ ထိုက်တန်သော ပြိုင်ဘက်ကို ရှာတွေ့ရန် ခက်ခဲလိမ့်မည်မှာ သေချာ၏။

သို့သော် ဤဖလှယ်မှုသည် မည်သူက ပို၍သန်မာသည်ကို ဆုံးဖြတ်ပေးနိုင်ခဲ့သည်။ မေ့ဟိုက်ယွင်သည် သူ၏လက်ထဲမှ လှံကို မြဲမြံစွာဆုပ်ကိုင်ထားဆဲဖြစ်သော်လည်း လီရွှမ်သည်မူ အနည်းငယ်တုန်လှုပ်နေသေးသည်။ ၎င်းတို့ကြားတွင် ကွာဟချက် အနည်းငယ်ရှိ၏။

“ဟားဟား ကြည့်ရာတာ တစ်ယောက်ယောက်က ငါ့ကို စိန်ခေါ်နေတဲ့ပုံပဲ၊ မေ့ဟိုက်ယွင် ငါလည်း မင်းကို စိန်ခေါ်ချင်တယ်”

ရုတ်တရက် အခြားကျယ်လောက်သော လေသံတစ်သံ ထွက်ပေါ်လာသည်။ အဖြူရောင်ဝတ်ရုံဝတ်ထားသည့် နောက်ထပ်လူငယ်တစ်ယောက် ထွက်ပေါ်လာ၏။ သူ၏ မျက်နှာသည် မချောမောလှသော်လည်း သိမ်မွေ့နူးညံ့သည့်တိုင် သူရဲကောင်းဆန်သော အသွင်အပြင်မျိုးရှိထားသည်။

“မေ့ဟိုက်ယွင် ငါမင်းကို နောက်ဆုံးတိုက်ပွဲမှာ ရှုံးခဲ့ပေမယ့် ဒီတစ်ခါတော့ ငါအရှုံးပေးမှာမဟုတ်ဘူး” ၎င်းသည်

“အဲ့တာ ချင်းဟွာတက္ကသိုလ်ရဲ့ စီတုကျီယင်းပဲ သူက ကျန်းပိုင်ဖေးရဲ့အောက် စတုတ္ထအဆင့်မှာရှိတယ်။ ညီလာခံက အခုမှ အစပဲရှိသေးပေမယ့် တိုက်ပွဲက ဒီအဆင့်ထိရောက်နေပြီ။ ဒီညီလာခံရဲ့ အောင်နိုင်သူကို တစ်ရက်အတွင်း ဆုံးဖြတ်ပေးလို့ ရနိုင်မလား”

နည်းပြဆရာအချို့က ဤလူကို သတိပြုမိကြသည်။ စီတုကျီယင်းသည် ချင်းဟွာတက္ကသိုလ်၏ စတုတ္ထအကောင်းဆုံးတက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်သည်။ ချင်းဟွာတက္ကိသုလ်မှ နည်းပြဆရာများ၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်သော အမူအရာများပေါ်လာသည်။ ဤသည်မှာ အစသာရှိသေးသည်။ စီတုကျီယင်းသည် ၎င်းတို့ကျောင်း၏ မျှော်လင့်ချက်ဖြစ်ရာ သူ့ကို ပျိုးထောင်ရန် အစွမ်းကုန်ကြိုးစားခဲ့ကြသည်။ အကယ်၍ သူသည် မေ့ဟိုက်ယွင်နှင့် အခြားနှစ်ဖက်လုံးကို အပြင်းအထန်ဒဏ်ရာရသည်အထိတိုက်ခိုက်ခဲ့ပါက ပြဿနာကြီးတစ်ခုဖြစ်ပေလိမ့်မည်ဖြစ်သည်။

ယခုနှစ်ညီလာခံတွင် စစ်မှန်သော ကျွမ်းကျင်သူနှစ်ယောက် သုံးယောက်ထက်မနည်း ပါဝင်ယှဥ်ပြိုင်နေခြင်းဖြစ်သည်။

အခန်း(၅၀၉) မင်းတို့ပဲလား

ပါရမီရှင်နှစ်ယောက်၏ ရန်လိုသော အမူအရာများရှေ့တွင် မေ့ဟိုက်ယွင်သည် သူ၏လှံကို ဖယ်၍ ပြောလိုက်သည်။

“တိုက်ခိုက်ဖို့ အခွင့်အရေးတွေအများကြီးရှိပေမယ့် ငါ့မှာအခု တိုက်ဖို့ အချိန်မရှိဘူး။ အရေးအကြီးဆုံးက သော့တွေရှာဖို့ပဲ”

မေ့ဟိုက်ယွင်သည် အလျင်းမျှ မကြောက်နေပေ။ သူသည် ၎င်းတို့ထဲမှ တစ်ယောက်သာဖြစ်ပါက ကြောက်ရွံ့မနေမည်မှာ သေချာသော်လည်း နှစ်ယောက်ဖြစ်နေသဖြင့် ကိစ္စများသည် ခဲယဥ်းလာနိုင်သည်။ အရေးအကြီးဆုံးမှာ သူသည် ဤကိစ္စအပေါ်တွင် အချိန်မဖြုန်းလိုပေ။

မေ့ဟိုက်ယွင်သည် ညီလာခံ၏ ချန်ပီယံဖြစ်ရခြင်းအတွက်ရမည့် ဆုလာဘ်ကို မသိသော်လည်း နတ်စွမ်းအင်အဆင့် မွန်းစတားတစ်ကောင်၏ အူတိုင်နှင့် ယှဥ်နိုင်လိမ့်မည်မဟုတ်ကြောင်း သူသိထားသည်။ နတ်စွမ်းအင်အဆင့်အတွင်းအူတိုင်ဖြင့် မေ့ဟိုက်ယွင်သည် နှစ်နှစ်အတွင်းတွင် ကျန်းလင်းရှောင်ကို အမှီလိုက်နိုင်လိမ့်မည်ဖြစ်ကြောင်းယုံကြည်ချက်ရှိသည်။ သူသည် အနာဂတ်တွင် ကျန်းလင်းရှောင်ကိုပင် အနိုင်ယူနိုင်လောက်၏။

စီတုကျီယင်းနှင့် လီရွှမ်တို့သည် မေ့ဟိုက်ယွမ်ကို အခြားသူများရှေ့တွင် သေသည်အထိ မတိုက်ခိုက်ချင်သောကြောင့် အနည်းငယ်ချီတုံချတုံဖြစ်နေကြသည်။ ထို့အပြင် မေ့ဟိုက်ယွင်ပြောသည့်စကားသည် ၎င်းတို့အားလုံး စိုးရိမ်နေကြသည့် အရာတစ်ခုဖြစ်၏။

နတ်စွမ်းအင်အဆင့် မွန်းစတား၏ အတွင်းအူတိုင်ကို မည်သူမျှ ဂရုမစိုက်ဘဲမနေဝံ့ပေ။ ရဲတိုက်သည် တစ်လအတွင်းတွင် ပွင့်လာလိမ့်မည်ဖြစ်သော်လည်း ဤလူများသည် တက္ကသိုလ်မျိုးစုံ၊ ဂိုဏ်းမျိုးစုံနှင့် မိသားစုမျိုးစုံမှ ဆင်းသက်လာကြသည့် အကောင်းတကာ့အကောင်းဆုံးကျောင်းသားများဖြစ်ကြသည်။ မည်သူကမျှ ၎င်းတို့၏ မျှော်လင့်ချက်များကို အခြားသူများအပေါ်တွင် တင်မထားလိုကြပေ။ သော့ကို ရသောအခါမှသာ အရာအားလုံးလွယ်ကူသွားမည်ဖြစ်သည်။ အဆုံးသတ်တွင် ၎င်းတို့သုံးဦးလုံးသည် တိုက်ခိုက်နေရာမှ ရပ်တန့်လိုက်ကြသည်။ ဤလူများသည် ငတုံးငအများမဟုတ်ကြသဖြင့် ယခုအချိန်တိုက်ခိုက်ပါက ၎င်းတို့သည် အခြားသူများကို အကျိုးပြုနေခြင်းသာဖြစ်နေလိမ့်မည်ဖြစ်ကြောင်း အလိုအလျောက်နားလည်သဘောပေါက်ကြသည်။

သို့သော် ဤတိုက်ခိုက်မှုသည် စစ်သင်္ဘောအတွင်းရှိ ခေါင်းဆောင်အများကို ချွေးစေးများဖြင့် အေးစက်သွားစေနိုင်ခဲ့သည်။ အထူးသဖြင့် ချင်းဟွာတက္ကသိုလ်၊ ပြည်ထောင်စုတက္ကသိုလ်နှင့် သရဖူနန်းတော်တို့၏ ခေါင်းဆောင်များဖြစ်ကြသည်။

ဤသုံးယောက်သည် အကြီးမြတ်ဆုံးသော အဖွဲ့အစည်းကြီးသုံးခု၏ မျှော်လင့်ချက်များကို သယ်ဆောင်ထားကြသည်။

သို့သော် ဤတိုက်ခိုက်မှုသည် သူတို့ သုံးဦးထက်ပို၏။ ကျွန်းတစ်ခုလုံးတွင် တူညီသော တိုက်ခိုက်မှုများစွာဖြစ်ပျက်လျက်ရှိရာ ပြည်ထောင်စုတက္ကသိုလ်၏ နာမည်ကြီးပုဂ္ဂိုလ်များအားလုံး ပစ်မှတ်ထားခံထားကြရ၏။

မည်သို့ပင်ဆိုစေကာမူ တစ်လတာအချိန်ရှိသေးသည်။ လူအများအပြားသည် အလျင်စလိုမဖြစ်ကြဘဲ ၎င်းတို့၏ အာဃာတများကို ဖြေရှင်းရန်မှာ ပိုအရေးကြီးနေကြသည်။

ချူးယွင်ဖန်းသည် လမ်းတစ်လျှောက်လုံးတိုက်ခိုက်လာခဲ့သည်။ ကြယ်တာရာကျွန်းသည် အလွန်ကြီးမားလွန်းလှသဖြင့် သာမန်လူတစ်ယောက်သာဆိုပါက ကျွန်း၏ အလယ်ဗဟိုရှိ ဧရာမတောင်ထွတ်ဆီသို့ ရောက်ရန်မဖြစ်နိုင်ပေ။ လမ်းတစ်လျှောက်တွင် သူ့ကို ဟန့်တားနေသော မွန်းစတားမျိုးစုံရှိနေသည်။

တစ်ရက်တာကုန်ဆုံးသွားပြီးနောက် ချူးယွင်ဖန်းသည် နောက်ဆုံးတွင် သူ၏စနစ်မှ အချက်ပြထားသော သော့ရှိနိုင်မည့်နေရာသို့ရောက်လာခဲ့သည်။ သို့သော် ဤနေရာသို့ရောက်လာသူမှာ သူတစ်ဦးတည်းမဟုတ်ခဲ့ပေ။ သူ့ရှေ့တွင် ရာနှင့်ချီသော လူပေါင်းများစွာရောက်ရှိခဲ့ကြသေးသည်။

တစ်နေရာလုံး အလွန်အမင်းရှုပ်ပွလျက်ရှိကာ တောအုပ်ထဲရှိ ကွင်းပြင်တစ်ခုဖြစ်၍ မွန်းစတားအလောင်းများကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။ သွေးများသည် မြစ်ကဲ့သို့ စီးဆင်းလျက်ရှိကာ နေရာတစ်ခုလုံးသည် တူးဖော်ခြင်းခံထားရသည်။ ထိုကွင်းပြင်ကြီး၏ အလယ်တွင် အနှိုင်းမဲ့ကြီးမားသော သေတ္တာကြီးတစ်ခုရှိ၏။

လူတစ်ရာကျော်ခန့် တစ်စုတစ်ဝေးတည်း ထိပ်တိုက်တွေ့လာကြသည်. ၎င်းတို့သည် ကျားများက သားကောင်ကို ကြည့်နေသကဲ့သို့ တစ်ယောက်ကို တစ်ယောက်ကြည့်နေကြသည်။ လူတိုင်းက ထိုသတ္တုသေတ္တာကို လိုချင်ကြသော်လည်း အကုန်လုံးက အလွန်သတိထားနေကြသည်။

၎င်တို့အားလုံး တစ်ကြိမ်တိုက်ခိုက်ခဲ့ပြီးကြောင်း ထင်ရှားသိသာသော်လည်း အောင်နိုင်သူကိုမူ အဆုံးအဖြတ်မပေးနိုင်သေးပေ။ ထိုသူများထဲတွင် ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားဦးရေ နှစ်ဆယ်ခန့်ရှိကာ ကျန်သောသူများမှာ ဂိုဏ်းပေါင်းစုံမှ ကျောင်းသားများဖြစ်ကြသည်။

အရေအတွက်အရဆိုလျှင် ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားအများအပြားရှိကာ အရည်အသွေးအရဆိုလျှင်လည်း ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများက ပို၍သန်မာသည်။ အခြားတက္ကသိုလ်ကိုးခုမှ ကျောင်းသားများသည်လည်း ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများထက် အဆင့်မနိမ့်ပေ။ ၎င်းတို့သည် မေ့ဟိုက်ယွင်နှင့် အခြားသူများနှင့် ယှဥ်ပြိုင်နိုင်သည့် ကျွမ်းကျင်သူအနည်းငယ်ကိုလည်း စေလွှတ်နိုင်သည်။ သို့သော် ကြံခိုင်မှုအရဆိုလျှင် ၎င်းတို့သည် မိုင်ပေါင်းများစွာ ကွာခြားလှသည်။

ချူးယွင်ဖန်းရောက်ရှိလာသောအခါ နှစ်ဖက်လုံးရှိလူများ မျက်မှောင်ကြုတ်သွားကြသည်။ အခြားတက္ကသိုလ်များနှင့် ဂိုဏ်းခွဲများမှ တပည့်များသည် ချူးယွင်ဖန်း၏ ဂုဏ်သတင်းကြောင့် ဤသို့ ဖြစ်သွားခဲ့ကြခြင်းဖြစ်သည်။ ပြည်ထောင်စုတက္ကသိုလ်မှ နောက်ထပ်ကျောင်းသားတစ်ယောက် ရောက်ရှိလာခြင်းသည် ၎င်းတို့အတွက် ကောင်းသောအရာတစ်ခုမဟုတ်ပေ။

ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားများသည်လည်း ချူးယွင်ဖန်းနှင့် ရန်ငြှိုးရှိသော ကျောင်းသားကောင်စီအဖွဲ့ဝင်များဖြစ်ကြသဖြင့် ယင်းကို မကျေနပ်ကြပေ။

ချူးယွင်ဖန်းကို ရန်ငြှိုးထားနေသူမှာ ကျန်းလင်းရှောင်ဖြစ်သော်လည်း ၎င်းတို့၏ ခေါင်းဆောင်ဖြစ်နေသဖြင့် အလိုအလျောက်ပင် ၎င်းတို့သည်လည်း သူ့ကို အမြင်မကြည်ကြပေ။ ချူးယွင်ဖန်းသည် အချင်းချင်း မျက်နှာချင်းဆိုင်၍ တိုက်ခိုက်ဟန်ချီနေကြသော နှစ်ဘက်စလုံးကို တစ်ချက်ကြည့်လိုက်သည်။ အရည်အချင်းအရ ကျောင်းသားကောင်စီဝင်များသည် အားသာချက်အပြည့်အဝရှိနေသည်။ ၎င်းတို့တွင် လူနှစ်ဆယ်ကျော်ခန့်ပါဝင်ကာ ၎င်းတို့အားလုံးသည် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများဖြစ်ကြသည်။

နှိုင်းယှဥ်ကြည့်လျှင် အခြားဂိုဏ်းကြီးများ၏ တပည့်များ၏ ခွန်းအားနှင့် မညီမျှပေ။ သန်မာသူများသည် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများဖြစ်ကြသော်လည်း အင်အားနည်းသူများသည်မူ စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့်သို့မဟုတ် အဠမအဆင့်တွင်ရှိကြသည်။ အများဆုံးအနေဖြင့် ၎င်းတို့သည် လွန်ခဲ့သော တစ်နှစ်ခွဲခန့် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုခဲ့စဥ်က ချူးယွင်ဖန်း၏ အဆင့်နှင့်တူကြသည်။

သို့သော် ၎င်းတို့တွင် အရေအတွက်များပြားသဖြင့် နှစ်ဖက်ယှဥ်ရန် ညီမျှသည်။ ၎င်းတို့အားလုံးသည် မတူညီသော အမှတ်များဖြင့်ရောက်ရှိလာခဲ့ကြရာ ၎င်းတို့တစ်ဦးစီတွင် ကိုယ်စီရည်ရွယ်ချက်များရှိကြသဖြင့် အတူတကွမလုပ်ဆောင်နိုင်ကြပေ။ မဟုတ်လျှင် လက်သီးနှစ်လုံးက လက်လေးဘက်ကို တိုက်ခိုက်ရန် ခက်ခဲပေလိမ့်မည်ဖြစ်သည်။ ၎င်းတို့က အင်အားအကုန်ထုတ်သုံးပါက ထိုကျောင်းသားကောင်စီဝင်များသည် ၎င်းတို့ကို အကြိမ်ပေါင်းများစွာအနိုင်ယူနိုင်လိမ့်မည်မဟုတ်ပေ။

လူတိုင်းက မျက်နှာချင်းဆိုင်၍ တစ်ယောက်ကိုတစ်‌ယောက်ကြည့်နေကြသောအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် သံသေတ္တာအနားသို့ တည့်တည့်လမ်းလျှောက်သွား၏။

“ရပ်လိုက်စမ်း”

မူလက ထိပ်တိုက်တွေ့နေကြသော အုပ်စုနှစ်ခုသည် စတင်၍ စိုးရိမ်လာကြသည်။ အထူးသဖြင့် ကျောင်းသားကောင်စီဝင်များသည် ချူးယွင်ဖန်းက အခြေအနေကို အခွင့်ကောင်းယူရန်စီစဥ်နေကြောင်း တွေ့လိုက်ရသောအခါ စိုးရိမ်စပြုလာကြသည်။

“ချူးယွင်ဖန်း အဲ့လိုလုပ်ဖို့ စဥ်းတောင် မစဥ်းစားနဲ့”

လူအယောက်နှစ်ဆယ်ထက်ပိုသော လူအုပ်သည် ချူးယွင်ဖန်း၏ ရှေ့တွင် တိုက်ရိုက်ပိတ်ရပ်နေကြသည်။

ဤအခိုက်အတန့်တွင် အခြားတက္ကသိုလ်များနှင့် ဂိုဏ်းခွဲများမှ လူများသည် ချူးယွင်ဖန်းက ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများနှင့် အတူမဟုတ်ကြောင်း နောက်ဆုံးသဘောပေါက်သွားကြသည်။ ပဋိပက္ခများသည် အလွန်ကြီးမားလှသောကြောင့် ပြင်ပလူများရှေ့တွင်ပင် ပူးပေါင်းလိုစိတ်မရှိကြပေ။

တက္ကသိုလ်များစွာနှင့် ဂိုဏ်းခွဲများစွာမှ လူများသည်လည်း အပေါင်းအဖော်များမဟုတ်ကြပေ။ ဤသည်မှာ ယာယီမဟာမိတ်ဖွဲ့ထားကြခြင်းသာဖြစ်သည်။

“မင်းတို့ ငါ့ကို တားဖို့ကြိုးစားနေကြတာလား” ချူးယွင်ဖန်းက ကျောင်းသားကောင်စီအဖွဲ့ဝင်များကိုကြည့်၍ ပြောလိုက်သည်။ သူသည် ကျောင်းသားကောင်စီဝင်များကို အနည်းငယ်မျှပင် အထင်မကြီးပေ။ မည်သူက နောက်ကွယ်မှနေ၍ မီးထဲသို့ လောင်စာထည့်ခဲ့သည်မှာ အလွန်ရှင်းလင်းလှသည်။

“မင်းတို့တွေပဲလား”

ကျောင်းသားကောင်စီဝင်များသည် ရုတ်တရက် ထိတ်လန့်သွားကြသည်။ အခြားသူများသည် ချူးယွင်ဖန်း၏ နာမည်မကျော်ကြားလှသော ကျော်ကြားမှုအကြောင်း မသိလောက်သော်လည်း ၎င်းတို့အားလုံးသည် တစ်နေ့တာကာလလုံး ချူးယွင်ဖန်းကို စောင့်ကြည့်နေခဲ့ကြသည်။ ဤလူမည်မျှ ရက်စက်ကြောင်း ၎င်းတို့ အလိုအလျောက်သိကြသည်။

ကောင်းကင်ဘုံလင်းယုန်အဖွဲ့ကို စိန်ခေါ်ရဲခဲ့သည့် လူတစ်ယောက်၏ကိစ္စသည် ၎င်းတို့၏ မှတ်ဉာဏ်ထဲတွင် အသစ်အဆန်းဖြစ်နေဆဲဖြစ်သည်။ ကျန်းပိုင်ဖေးသည်ပင် အရိုက်ခံခဲ့ကြ၏။

၎င်းတို့အားလုံးသည် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများဖြစ်ကြသော်လည်း ချူးယွင်ဖန်းနှင့် ယှဥ်နိုင်ကြလိမ့်မည်မဟုတ်ပေ။

“ချူးယွင်ဖန်း သိပ်ပြီး မောက်မာမနေစမ်းနဲ့။ ဒီနှစ်ကျောင်းသားကောင်စီရဲ့ နံပါတ်တစ်ကျွမ်းကျင်သူ လုဖေးယွီကို အကြောင်းကြားထားပြီးပြီ သူမကြာခင်ရောက်လာတော့မှာ” ကျောင်းသားကောင်စီဝင်တစ်ယောက်က ကျယ်လောင်စွာပြောလိုက်သည်။

အခန်း (၅၁၀) နှစ်မိနစ်ကြာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း

လုဖေးယွီ၏ နာမည်ကိုကြားလိုက်သောအခါ အခြားသောဂိုဏ်းများနှင့် တက္ကသိုလ်များမှ တပည့်များ၏ မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။ ယခုအချိန်မှ ပေါ်ပေါက်လာသော ချူးယွင်ဖန်းနှင့် ယှဉ်လျှင် လုဖေးယွီက ပို၍နာမည်ကြီးသူဖြစ်သည်။

ပြည်ထောင်စုတက္ကသိုလ်အတွင်းရှိ လူများက ချူးယွင်ဖန်း၏ဂုဏ်သတင်းကို ကောင်းမွန်စွာ သိရှိထားကြသော်လည်း၊ ပြည်ထောင်စုတက္ကသိုလ်၏ ပြင်ပမှလူများသည် တက္ကသိုလ်၏ ကိစ္စရပ်များနှင့် ပတ်သက်၍ အထူးဂရုပြုရုံမှလွဲ၍ ချူးယွင်ဖန်းအကြောင်းကို ကြားသိရုံမှသာကြားသိခြင်း သို့မဟုတ် သူ၏အမည်နာမကိုပင် မကြားဖူးသူများပင် ရှိပေလိမ့်မည်။ အဆုံးတွင် ပြည်ထောင်စုတက္ကသိုလ်သည် လူပေါင်းများစွာရှိနေသော နေရာဖြစ်သည်။ ချူးယွင်ဖန်းသည် နည်းပြပြိုင်ပွဲတွင် ချန်ပီယံရခဲ့သော်လည်း နောက်ဆုံးတွင် သူသည် အာရုံစူးစိုက်မှုအများဆုံးရရှိသော လူအုပ်စုအတွင်း၌ ရှိမနေခဲ့ပေ။

လုဖေးယွီကမူ ကွဲပြားသည်။ ကျောင်းသားအဆင့်သတ်မှတ်ချက်တွင် လုဖေးယွီသည် ထိပ်တန်း ၁၅ ဦးစာရင်းတွင် ပါ၀င်ခဲ့သည်။ ထိုသို့သောလူသည် သူ၏ရွယ်တူများအားလုံးထဲတွင် ထင်ရှားကျော်ကြားသည့် တည်ရှိမှုတစ်ခုဖြစ်သည်။

“မကောင်းတော့ဘူး။ ပြည်ထောင်စုတက္ကသိုလ်ရဲ့ကျောင်းသားတွေက လုဖေးယွီရောက်လာဖို့ကို စောင့်နေကြတာ”

ဤအခိုက်အတန့်တွင် ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများသည် လုဖေးယွီရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းရန် တိုက်ပွဲကို အချိန်ဆွဲခဲ့ကြောင်း ၎င်းတို့အားလုံး နားလည်ခဲ့ကြသည်။

အခြားကျောင်းသားများနှင့်မတူဘဲ လုဖေးယွီ၏အဆင့်သည် တိုက်ပွဲတစ်ခုလုံးကို သူတစ်ဦးတည်း ပြောင်းလဲပစ်နိုင်မည့် ခွန်အားမျိုးရှိသူဖြစ်သည်။ ပြည်ထောင်စုတက္ကသိုလ်တွင် လူအနည်းငယ်သာရှိသော်လည်း လုဖေးယွီသာ လှုပ်ရှားမည်ဆိုလျှင် မည်သူမျှ သူ့ကို အနိုင်ယူနိုင်မည်မဟုတ်ရာ၊ ၎င်းတို့ထဲတွင် အနိုင်ရသူ တစ်ဦးတစ်ယောက်မှ မရှိမည်မဟုတ်ပေ။

" လုဖေးယွီ ရောက်လာတော့ရော၊ ဘာဖြစ်လဲ"

ချူးယွင်ဖန်းက အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိခဲ့ပေ။ လုဖေးယွီ၏နာမည်က သူ့ကို ကြောက်ရွံ့စေမည် မဟုတ်ပေ။ သူသည် လုဖေးယွီမဆိုနှင့် ကျန်းလင်းရှောင်ကိုပင် မကြောက်ရွံ့ခဲ့ပေ။

"မင်းတို့အားလုံး အခုဖယ်ရင်ဖယ် မဖယ်ရင်၊ ငါ့ အဆိုးမဆိုနဲ့" ချုူယွင်ဖန်းက အေးစက်စွာပြောလိုက်သည်။

ကျောင်းသား ကောင်စီဝင် အများအပြားက ချက်ချင်း တုံ့ဆိုင်းသွားကြသည်။ ချူးယွင်ဖန်း၏ ဂုဏ်သတင်းသည် ဟာသတစ်ခုမဟုတ်ခဲ့ပေ။

“သူ့ကိုတားမှ ရမယ်။ ငါ လုဖေးယွီဆီက သတင်းရပြီးပြီ။ ခဏလောက်နေရင် သူဒီကိုရောက်လာတော့မှာ။ ငါတို့က လူတွေအများကြီးပဲ၊ သူ့ကို ဘာလို့ မတားနိုင်ရမှာလဲ”

ကျောင်းသားကောင်စီကို ဦးဆောင်နေသည့် ကျောင်းသားတစ်ဦးက အံကြိတ်၍ပြောလိုက်သည်။

ထိုကျောင်းသားများ၏ စိတ်ထဲက ပြိုင်ဆိုင်ချင်စိတ်များ ချက်ချင်း နိုးကြားလာခဲ့သည်။ ၎င်းတို့သည် သူနှင့် မယှဉ်နိုင်သော်လည်း သူ့ကို မိနစ်အနည်းငယ်ကြာအောင် ထိန်းထားနိုင်မည်မှာ အသေအချာပင်ဖြစ်သည်။

ဤလူများသည် ကျောင်းသားကောင်စီတွင် ပါဝင်ရန် အရည်အချင်းပြည့်မီကြသည့်အပြင်၊ ၎င်းတို့သည် မရီးဒျန်သန့်စင်ခြင်းအဆင့်ရှိ ကျွမ်းကျင်သူများဖြစ်သည်။ သူတို့အားလုံးသည် ပြည်ထောင်စုတက္ကသိုလ်၏ ထိပ်တန်းကျောင်းသားများဖြစ်ကြရာ၊ ချူးယွင်ဖန်းကို မိနစ်အနည်းငယ်ကြာအောင် ထိန်းထားနိုင်မည်ဖြစ်သည်။

“ကောင်းပြီ၊ လုပ်ကြတာပေါ့။ သူ ဒီလောက် တော်မယ်လို့ ငါတော့ မယုံဘူး”

"လုဖေးယွီရောက်လာတဲ့အချိန်ထိ သူ့ကို ဆက်ပြီးထိန်းထားနိုင်ရင် ဒီကောင်တော့ အဆုံးသတ်ပြီပဲ"

"ချူးယွင်ဖန်းဆိုတော့ရော ဘာဖြစ်လဲ။ ကျောင်းကောင်စီကို ဆက်တိုက် ရန်ဆွခဲ့တဲ့အတွက် ပြန်ပေးဆပ်စေရမယ်”

ဤကျောင်းကောင်စီဝင်များသည် ဘုံရန်သူကို ဆန့်ကျင်ရန် စတင်စည်းလုံးလာကြသည်။

“မင်းတို့က ကိုယ့်ကိုကိုယ် အထင်ကြီးနေကြတာပဲ။ လုဖေးယွီရောက်လာတော့ရော ဘာဖြစ်မလဲ။ သူရောက်လာရင်လည်း ငါသူ့ကို တိုက်ခိုက်မှာပဲ"

ချူးယွင်ဖန်းက ၎င်းတို့ဆီသို့ တစ်လှမ်းပြီး တစ်လှမ်း လျှောက်လှမ်းလာသည်။

"ချူးယွင်ဖန်း၊ မင်း ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်မနေနဲ့။ မင်းကိုဒီနေ့ အဆုံးသတ်ပြမယ်"

အဖွဲ့ဝင်တစ်ဦး၏ စာပုံးမှ ကျယ်လောင်သော အော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းသည် လုဖေးယွီ၏ အသံဖြစ်သည်။ သူသည် ချူးယွင်ဖန်း၏စကားများကို စာပုံးမှတဆင့် ကြားလိုက်ရသည်။

"မင်းရောက်လာမယ့် အချိန်ကို ငါစောင့်နေမယ်"

ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။ သူသည် ပြောပြီးသည်နှင့် ကျောင်းသား ကောင်စီဝင်များ အရှေ့သို့ ရောက်ရှိသွားတော့သည်။

ဤကျောင်းကောင်စီဝင်များ အံ့သြတုန်လှုပ်သွားကြသည်။ ချူးယွင်ဖန်းက ချီတက်သည်ကိုတွေ့သောအခါ၊ သတ်ဖြတ်ရန် ချက်ချင်း ပြေးဝင်လာကြသည်။ လက်နက်မျိုးစုံဖြင့် ချက်ချင်းပင် ခုတ်ထစ်ပစ်လိုက်ရာ၊ ချီစွမ်းအင်များသည်လည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာ၍ ချက်ချင်း ပေါက်ကွဲထွက်လာတော့သည်။ ၎င်းတို့အားလုံးသည် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများဖြစ်ကြသဖြင့် ၎င်းတို့၏ တိုက်ခိုက်မှု မည်မျှအစွမ်းထက်သည်ဆိုတာ တွေးကြည့်ရုံဖြင့်ပင် သိနိုင်သည်။

တစ်ခဏအကြာတွင်၊ လေထုအတွင်ရှိ ပေါက်ကွဲသံကို နေရာအနှံ့တွင် ကြားရနိုင်သည်။

အထူးသဖြင့် ချူးယွင်ဖန်း၏အရှေ့ရှိ ကျောင်းသားတစ်ယောက်သည် ပို၍ပင် ကြားနေရသည်။ သူသည် ချူးယွင်ဖန်းနှင့် အလွန်နီးကပ်နေသောကြောင့် လက်သီးဖြင့်ထိုးနှက်ရုံမှလွဲ၍၊ တုံ့ပြန်ရန် အချိန်မရှိခဲ့ပေ။ သူ၏လက်သီးချက်သည် ချူးယွင်ဖန်း၏မျက်နှာကို ချိန်ရွယ်နေသော လေးလံသည် အမြောက်တစ်ခုနှင့်ပင် ဆင်တူသည်။ သို့သော် ချူးယွင်ဖန်းက ဤတိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် အနည်းငယ်မျှ ပျာယာခတ်ခြင်းမရှိဘဲ သူသည်လည်း လက်သီးဖြင့် ပြန်လည်ခုခံခဲ့သည်။

ဘန်း

ကြီးမားသော ပေါက်ကွဲသံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာသည်။ ချက်ခြင်းပင်၊ ၎င်း၏လက်မောင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွား၍ နာကျင်စွာအော်ဟစ်ပြီးနောက်၊ ခန္ဓာကိုယ်သည်လည်း အရှိန်အဟုန်ဖြင့် လွင့်ပျံထွက်သွားသော ကျောင်းသားကို လူတိုင်းကမြင်လိုက်ရသည်။ သူ၏အနောက်က ကျောင်းသားများထဲက တစ်ယောက်ကိုသည်လည်း လွင့်ထွက်သွား၏။

စက္ကန့်ပိုင်းအတွင်းမှာ လူတစ်ဦးကို အနိုင်ယူခဲ့သည်။

အခြားလူ၏လက်နက်မျိုးစုံသည် ချူးယွင်ဖန်း၏ လမ်းကြောင်းအားလုံးကို တားဆီးထားပုံရသည်။ သို့သော် ချူးယွင်ဖန်းက လက်ထဲတွင်ကိုင်ထားသော ကျူးချွဲ့ဖြင့် ချက်ချင်း ခုတ်ပိုင်းလိုက်သည်။ သတ္တုသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ တိုက်ခိုက်မှုအမျိုးမျိုးကို ခုခံကာကွယ်ပြီးသည့်တိုင် ကျူးချွဲ့က ၎င်း၏အရှိန်အဟုန်ကို မဆုံးရှုံးခဲ့ကြောင်း လူတိုင်းက ချက်ခြင်းသိမြင်လိုက်ရသည်။ တောက်ပသော အလင်းရောင်ဖြင့် သုတ်သင်ခဲ့သည့် လေးလံသောဓားသည် ချူးယွင်ဖန်း၏လက်ထဲတွင် စက္ကူပါးပါးလေး တစ်ခုကဲ့သို့ လေထဲတွင် အလွယ်တကူ ကခုန်နေသည်။

ဓါး၏ ခုတ်ပိုင်းသံများနှင့်အတူ ဆိုးရွားသော အော်ဟစ်သံများစွာ ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောင်းသားငါးဦး၊ ခြောက်ဦးကို လွင့်ပျံသွားစေခဲ့သည်။ ချူးယွင်ဖန်းသည် ၎င်းတို့၏ အဓိက အချက်အချာနေရာများကို ရှောင်ရှားခဲ့သော်လည်း၊ သူ၏ အလွန်ကြီးမားသော ခွန်အားသည် အလွယ်တကူ ဝှေ့ယမ်းခဲ့သော ကျူးချွဲ့ကို ပေါင် ၁၀၀၀ ကျော်ခွန်အားခန့် ရှိစေသည်။

ကျောင်းကောင်စီဝင်များကို လွင့်ပျံထွက်စေ၍၊ ၎င်းတို့ခန္ဓာကိုယ်ရှိ အရိုးတစ်ဝက်ကျော်ခန့် ကျိုးကြေသွားစေသည်။ ဤအကြောင်းအရာကို ဖော်ပြရန် အချိန်အတော်အတန် ကြာမြင့်ခဲ့သော်လည်း ၎င်းတို့သည် စက္ကန့်အနည်းငယ်အတွင်းမှာပင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကျောင်းကောင်စီဝင်များက ပြင်းထန်သောတိုက်ခိုက်မှုများဖြင့် တိုက်ခိုက်ခဲ့သော် ၎င်းတို့သည် ချူးယွင်ဖန်းကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။ သူသည် လူအချို့ကို ချက်ခြင်းဖြေရှင်းခဲ့သောကြောင့်၊ ၎င်းတို့၏အဖွဲ့ဝင် သုံးပုံတစ်ပုံကိုပင် ချက်ခြင်းဆုံးရှုံးခဲ့ရသည်။ ၎င်းတို့က အနည်းငယ် အံ့အားသင့်သွားကြသည်။ ချူးယွင်ဖန်းသည် အလွန်ကြမ်းတမ်းသူဖြစ်ကြောင်း သိရှိထားသော်လည်း သူသည် ၎င်းတို့ထင်ထားသည်ခက် ပို၍သန်မာနေပုံရသည်။

သို့သော် ဤနေရာသို့ ရောက်နေပြီဖြစ်သော ၎င်းတို့တွင် အခြားလွတ်လမ်းမရှိပေ။

"ငါတို့ အားလုံး တစ်ခါတည်း တိုက်ခိုက်ရအောင်"

အဖွဲ့ဝင်တစ်ဦး၏ ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ကျန်ကျောင်းကောင်စီဝင်များအားလုံး ချူးယွင်ဖန်းဆီသို့ ပြေးဝင်လာကြသည်။ တစ်ဖက်တွင်မူ ချူးယွင်ဖန်းက ထိတ်လန့်ခြင်းမရှိပေ။ သူသည် ကြီးမားလေးလံသော ဓားရှည်ကြီးကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည်။ သာမာန်လှံ သို့မဟုတ် စစ်ပုဆိန်ထက်မနည်းရှည်လျားသော ကျူးချွဲ့သည် ကြောက်မက်ဖွယ် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

ဤတိုက်ခတ်လာသော ဆိုင်ကလုန်းမုန်တိုင်းသည် ချဉ်းကပ်ဝံ့သူတိုင်းကို ဝါးမျိုသွားတော့မည့် တွင်းနက်ကြီးတစ်ခုလိုပင်ဖြစ်နေသည်။ ချဉ်းကပ်ဝံ့သော ကျောင်းသား ကောင်စီဝင်တိုင်း ၎င်း၏သုတ်သင်မှုကို ခံခဲ့ရသည်။ ထိတွေ့မိသူတိုင်းသည်လည်း ချက်ခြင်း ဒဏ်ရာရရှိခြင်း သို့မဟုတ် အရေးနိမ့်ခြင်းတို့ ဖြစ်သွားစေသည်။ ၎င်းတို့အားလုံးသည် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများဖြစ်ကြသော်လည်း ချူးယွင်ဖန်း၏ တိုက်ခိုက်မှုတစ်ခုကိုပင် တားဆီးနိုင်သူ မရှိခဲ့ပေ။

နှစ်မိနစ်ခန့်အကြာတွင် ၎င်းတို့ခန္ဓာကိုယ်ထဲက အရိုးတချို့ ကျိုးကြေသွားသော ကျောင်းသားကောင်စီဝင်များအားလုံး မြေပြင်ပေါ်တွင် လဲလျောင်း၍ အဆက်မပြတ် အော်ဟစ်နေကြတော့သည်။

All Chapters