← Chapters

ဦးနှောက်ကြီးထွားဖို့ လိုနေပြီ။

Vol. 4 Ch. 37

ဦးနှောက်ကြီးထွားဖို့ လိုနေပြီ။

Vol. 4 Ch. 37

အစောင့်အကြပ်များဖြင့် ခေါ်ဆောင်လာသော အစေခံများစွာအနက်မှ အချို့သည် တုန်လှုပ်နေကြသည်။

ပါးနပ်သော အစေခံများသည် ဝိုင်၌ ပြဿနာရှိနေမည်ကို နားလည်လိုက်လေသည်။ မည်သူသည် အဆိပ်ခပ်ခဲ့သနည်း။

ထိုသူသည် ဤမျှများပြားလှသော ချီစုစည်းခြင်းနယ်ပယ် ပညာရှင်များလက်မှ လွတ်မြောက်နိုင်မည် ထင်သည်လော။

အစောင့်များသည် အစေခံများကို ကူချန်ရှေ့တွင် ဒူးထောက်ထိုင်ခိုင်းလိုက်သည်။ အစောင့်ခေါင်းဆောင်က၊

“ သခင်ငယ် ဝိုင်ခန်းမှာ တာဝန်ရှိသူတွေအားလုံး ဒီကိုရောက်နေပါပြီ။ ”

-ဟု သတင်းပို့သည်။

ကူဖုန်းမှ ကူချန်ကိုကြည့်၏။ ကူချန်က ခေါင်းညိတ်ကာ စားပွဲပေါ်ရှိ နှစ်နှစ်ဆယ်ဝိုင်ထံ ညွှန်ပြလိုက်ပြီး၊

“ ဒီသက်တမ်းနှစ်ဆယ် ဝိုင်ခန်းကို ဘယ်သူတာဝန်ယူတာလဲ ။ ”

-ဟု မေးမြန်းလိုက်၏။

ဒူးထောက်နေကြသည့် အစေခံများက အဘိုးကြီးတစ်ယောက်ထံ လှည့်ကြည့်ကြသည်။ အဘိုးအိုက အထိတ်တလန့်ဖြင့်၊

“ ငါပါ ... အဲဒါ ငါပါ သခင်ငယ် ... ဒီအဘိုးကြီးက ဝိုင်ခန်းကို နှစ်ပေါင်းဆယ်နဲ့ချီ တာဝန်ယူထားတာပါ အမှားအယွင်း တစ်ခုမှ မလုပ်ဖူးပါဘူး။ ”

မည်သည့်အရာများ ဖြစ်ပျက်သွားမှန်း မသိသော်လည်း ဝိုင်ခွက်များ ကျကွဲနေသည့် ဖြစ်စဉ်ကြောင့် ပြဿနာရှိနေခဲ့မှန်း နားလည်လာ၏။

ကူဖုန်းက အဘိုးအိုကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်လျက် မျက်မှောင်ကြုတ်ပြီး၊

“ မှန်တယ် ... သူ ဝိုင်ခန်းကို တာဝန်ယူထားတာ ဆယ်စုနှစ်နဲ့ချီနေပြီ ဘာမှ အမှားမလုပ်ခဲ့ဘူး။ ”

-ဟု ရေရွတ်လိုက်၏။

ဗီဇအသိအရ ဤအဖိုးအို မဟုတ်ဟု သူယုံကြည်လေသည်။ ကူချန်က ကူဖုန်း၏ စကားကို တုန့်ပြန်ခြင်း မပြုဘဲ၊

“ ဒီနေ့ ... ဝိုင်ခန်းဖွင့်ဖို့ ဘယ်သူ တာဝန်ရှိတာလဲ။ ”

“ ဒီအဖိုးကြီးပါ ... ။ ”

“ မင်းအပြင် ဘယ်သူ တာဝန်ယူသေးလဲ။ ”

ထိုမေးခွန်းကြောင့် အဘိုးကြီးက ပိန်ပိန်ပါးပါးဖြင့် အမျိုးသားထံ လှည့်ကြည့်ကာ၊

“ ဝိုင်တွေထုတ်ယူဖို့ ဝိုင်ခန်းကို ကြီးကြပ်နေချိန်မှာ သူက နှစ်နှစ်ဆယ်ဝိုင်ကို ပုံးထဲက ထုတ်နေတာ ငါတွေ့ပါတယ်။ ”

-ဟု ဖြေကြားလာ၏။

ပိန်ပိန်ပါးပါး အမျိုးသားက ဒူးထောက်နေရာမှ၊

“ သခင်ငယ် ... ငါဝိုင်ကို ထုတ်ယူရုံပါပဲ တခြားဘာမှ မလုပ်ခဲ့ပါဘူး။”

-ဟု ချက်ချင်း ရှင်းပြလာ၏။

အဘိုးအိုက တုံ့ဆိုင်းစွာဖြင့်၊

“ ဒီအဖိုးကြီး မြင်လိုက်တာတော့ သူလည်း တကယ်ဘာမှမလုပ်ခဲ့ပါဘူး ... ။ ”

-ဟု ထောက်ခံပေးသည်။

“ တစ်ခါတလေ ... မင်းအမြင်မှာ ဘာမှမလုပ်ပေမယ် မင်း မမြင်နိုင်ချိန် တစ်ခုခု လုပ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ”

ကူချန်စကားကြောင့် အဘိုးအိုခမျာ ချက်ချင်းပါးစပ်ပိတ် သွားတော့၏။ ကူချန်က ဖြည်းညှင်းစွာထရပ်လိုက်ပြီး ထိုအမျိုးသားထံ လျှောက်လှမ်းသွားလေသည်။

“ ဝှစ် ... ။ ”

အမျိုးသားခမျာ ထိတ်လန့်စွာ မော့ကြည့်လျက် ညာလက်ဖြင့် ဝှေ့ရမ်းပြီး အဖြူရောင်အမှုန့်ဖြင့် ပစ်ခတ်၏။

“ တစ္ဆေဦးခေါင်းမြက်အမှုန့် ... ဟမ့် တကယ်အဆင့်မြင့်တယ် ရနံ့မရှိ၊ အရောင်မရှိ၊ ခြေရာမရှိ။ ”

ကူချန်မှ အဖြူငွေ့များထံ ကြည့်ကာ ပြောကြားလိုက်သည်။ အဆိုပါမှတ်ချက်ကြောင့် အကြီးအကဲများစွာသည် ထိတ်လန့်စွာဖြင့် ထိုအမျိုးသားထံ ဝိုင်းရံလိုက်တော့၏။

ကူဖုန်းက မျက်မှောင်ကြုတ်လျက်၊

“ တစ္ဆေဦးခေါင်းမြက်အမှုန့်ရဲ့ အသုံးဝင်ပုံက ဘာလဲ။ ”

-ဟု မေးမြန်းလေသည်။

“ ဒါက ခေါင်းကိုက်စေတယ် ... ဖြေဆေးမရရင် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲ လာလိမ့်မယ် ပြီးတော့ ... ဦးခေါင်းထိပ်ကနေ ခြေဖဝါးအထိ ကြွက်သားတွေနဲ့ အရိုးတွေ တစ်လက်မစီ အရည်ပျော်နိုင်မယ်။ ”

“ ဒါ ... ။ ”

ဤသည်ကိုကြားပြီးနောက် လူတိုင်းဦးရေပြားများ ယားယံခြင်းကို ခံစားလာ ရတော့သည်။

ထိုအမျိုးသားက ကူချန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။ တစ်ဖက်လူသည် မည်သူနည်း။ သူ့ထက်ပို၍ပင် သိနေချေ၏။ သို့သော် ကူချန်၏ တာအိုဝတ်ရုံကို သတိပြုမိလာပြီး၊

“ ချီလင်သားတော် ... ။ ”

-ဟု အော်ဟစ်လိုက်တော့သည်။

သူ့မျက်လုံးများ ပြူးကျယ်လျက် ရုတ်တရက်ခုန်ပေါက်ပြီး ကူချန်ကို ဖမ်းဆီးရန် ကြိုးစားလိုက်၏။

“ ဟမ့် ... ချီစုစည်းခြင်းနယ်ပယ်လား။ ”

“ သခင်ငယ် သတိထား ... ။ ”

“ ..... ။ ”

ကူမိသားစုမှ အကြီးအကဲများနှင့် ဧည့်အကြီးအကဲများအားလုံး စိုးရိမ်သွား၏။ ကူဖုန်းနှင့် ကူချန်ယွင်သည်ပင် အနည်းငယ် စိုးထိတ်လာမိသည်။

ကူချန်သာလျှင် တည်ငြိမ်သော အသွင်အပြင်ဖြင့် ထိုအမျိုးသား ညာလက်ကို ဖမ်းဆုပ်လိုက်၏။ အမျိုးသားခမျာ ချက်ချင်း မြေပြင်ပေါ် ဒူးထောက်ကျသွားသည်။

“ ဘာလို့ ဒူးထောက်နေတာလဲ။ ”

ကူချန်က ငုံ့ကြည့်ပြီး မေးလိုက်သည်။ ထိုအမျိုးသားမှ အကြိမ်ကြိမ်ထရပ်ရန် ကြိုးစား ခဲ့သော်လည်း မအောင်မြင်ချေ။ ပေါင်သန်းပေါင်း များစွာ လေးလံသော သံတောင်ကြီးဖြင့် ဖိခံထားရသလို ဖြစ်လာ၏။

“ ဘယ်လိုဖြစ်နိုင်မှာလဲ ... ။ ”

အကြောက်တရားက ဦးစွာဝင်လာသည်။ ကူမိသားစု အကြီးအကဲများနှင့် ဧည့်အကြီးအကဲ များသည်လည်း ဤမြင်ကွင်းအပေါ် မယုံနိုင်စွာ ကြည့်နေကြသည်။

ချီစုစည်းခြင်း အထွတ်အထိပ် အမျိုးသားသည် သခင်ငယ်ရှေ့၌ ပုရွက်ဆိတ်နှင့် မခြားတော့ချေ။

“ သေစမ်း ... ။ ”

အဆုံးတွင် ထိုအမျိုးသားသည် အံကြိတ်လျက် ဘယ်လက်နှင့် ကူချန်လက်ကို ရိုက်ချလိုက်သည်။ သို့သော် ကူချန်မှ မလှုပ်ချေ။ ကြောက်မက်ဖွယ်ရာ စွမ်းအားသည်သာ သူ့ထံ ပြန်ရောက်လာသည်။

“ ဝေါ့ ... ။ ”

လည်ပင်းဝ၌ ချိုမြိန်လာပြီး ပါးစပ်အပြည့် သွေးအန်သွားလေသည်။ လူတိုင်းက မှင်သပ်စွာ ထိုမြင်ကွင်းကို ကြည့်နေ၏။

“ ..... ။ ”

ဤအခိုက်အတန့်သည် သူတို့သည် ဒေါသဖြစ်သင့်သော်လည်း လုပ်ကြံသူကိုသာ အနည်းငယ် စာနာသနားမိသွားသည်။

“ ဟမ့် ... ။ ”

ထိုစဉ် ကူချန်က ရုတ်တရက် မျက်မှောင်ကြုတ်ကာ အမျိုးသား၏မေးစေ့ကို ကိုင်လျက် ပါးစပ်ကို ဟစေလိုက်၏။ သို့သော် နောက်ကျသွားသည်။

“ ဝေါ့ ... ။ ”

ရုတ်​တရက်​ပင်​ ပါးစပ်​မှ အနက်​​ရောင်​ ​သွေးများ ​အန်ထွက်​လာပြီးနောက် အမျိုးသားက ကူချန်ထံပြန်မော့ကြည့်ကာ၊

“ နန်းတော်သခင်က သေချာပေါက် ... ။ ”

-ဟု စကားပြောရန် ကြိုးစားလိုက်သည်။

သို့သော် သူ့စကားမဆုံးခင် သူ့အသက် ဆုံးပါးသွားတော့၏။ ကူချန်မှ ထိုအမျိုးသား၏ ပါးစပ်ထဲနှိုက်ကာ အနက်ရောင် ဆေးပြား တစ်ပြားကို ထုတ်ယူလိုက်သည်။

“ ဒါအဆိပ်ပဲ ... ဒီကောင် ဒီကိုမလာခင် အဆိပ်ကို ငုံထားတာပဲ။ ”

“ ဘယ်သူဖြစ်မလဲ ... ဒါက နွေဦးဓားနန်းတော်သခင် လီချင်းစုန် ဖြစ်နိုင်မလား။ ”

ကူချန်ယွင်မှ မေးမြန်းလိုက်သည်။ ကူဖုန်းကလက်ဝှေ့ယမ်းပြီး၊

“ သေချာပေါက် မဟုတ်ဘူး ... ဒါက လီချင်းစုန့်ရဲ့လူတွေလို့ ပြောလို့မရသေးပေမယ့် သေချာပေါက် မဖြစ်နိုင်ဘူး ... တကယ်လို့ သူသာ လီချင်းစုန့်ရဲ့လူဆိုရင် ...

... သူ့လိုသေဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ တစ်စုံတစ်ယောက် သူ့သခင်ကို ထုတ်ပြောမှာ မဟုတ်ဘူး ... ဒါက မသေခင်မှာ ပြဿနာကို လမ်းလွှဲထားခဲ့တာပဲ။ ”

-ဟု ငြင်းဆန်လိုက်သည်။

“ ဒါဆို ဘယ်သူဖြစ်မလဲ။ ”

ကူချန်ယွင်က စိတ်ဝင်စားသွားတော့၏။ ကူဖုန်းမှ ပြန်မဖြေနိုင်ချေ။ ကူချန်သည်သာ ပြုံးလျက်၊

“ လီချင်းစုန့်ကို မဖြစ်နိုင်ဘူးလို့လည်း ယတိပြတ်ပြောလို့မရဘူး ... တစ်ခါတလေမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ဒီလိုတွေးအောင် လုပ်နိုင်တယ် ...

... ငါတို့က သူမဟုတ်ဘူးလို့ထင်အောင် ဖန်တီးပြီး နောက်ကွယ်မှာ သူဖြစ်နေတတ်တယ် ကြည့်ရတာ တစ်ဖက်လူက မြေခွေးအိုကြီး တစ်ကောင်ဖြစ်ဖို့များတယ်။ ”

ထိုစကားကိုကြားပြီးနောက် ကူချန်ယွင်တစ်ယောက် မျက်မှောင်ကြုတ်ကာ ငြိမ်သက်သွားသည်။ ဤအခင်းအကျင်းအရ သူ့အတွက် ဦးနှောက်ကြီးထွားလာစေရန် လိုအပ်နေပုံရချေပြီ။

***

All Chapters