← Chapters

လေစီးကြောင်းသည် ရပ်တန့်ခြင်းမရှိ ... ။

Vol. 4 Ch. 39

လေစီးကြောင်းသည် ရပ်တန့်ခြင်းမရှိ ... ။

Vol. 4 Ch. 39

“ စီနီယာအစ်ကို ... ။ ”

ချင်းဖန်နှင့်မင်ယွဲ့သည် ထန်လောင်းမြို့မှ ပြန်ရောက်သည်နှင့် ကူချန်ထံ အပြေးရောက်ရှိ လာခဲ့သည်။

ကူချန်တ်စယောက် ဝိညာဉ်ရေး ဓားဆယ့်နှစ်ချောင်းကို ပွတ်တိုက်ပေးနေလျက်မှ မော့မကြည့်ဘဲ၊

“ နတ်နဂါး မြို့တော်မှာ ဘာဖြစ်နေတာလဲ။”

-ဟု မေးမြန်းလိုက်သည်။

ထိုမေးခွန်းကြောင့် ချင်းဖန်က မျက်ခုံးပင့်လျက်၊

“ စီနီယာအစ်ကို၊ မင်းအဲဒါကို သိနေတာပဲလား။ ”

“ အင်း ... ။ ”

“ ထင်သားပဲ ဒါကိုလည်း စီနီယာအစ်ကို တွက်ချက်နိုင်လိမ့်မယ်လို့ ... ။ ”

ချင်းဖန်ခမျာ အနည်းငယ် စိတ်ပျက်သွားပြီးနောက် သက်ပြင်းချလေသည်။ ထိုစဉ် မင်ယွဲ့မှ ရေနွေးကြမ်းပြင်ရန် အခန်းထဲ ဝင်သွားလေသည်။ ကူချန်က ချင်းဖန်ကိုကြည့်ကာ၊

“ ထိုင်ပြီးပြောပါ ... ။ ”

“ ဟုတ်ကဲ့ ... ။ ”

ချင်းဖန်တစ်ယောက် ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်ပြီး စိတ်လှုပ်ရှားနေသော အမူအရာဖြင့် နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ၊

“ အစ်ကို၊ ရှန်လုံမြို့မှာ မီးလောင်နေတယ်။ ”

-ဟု စကားစသည်။

“ ငါမြင်တယ် ဘာလို့လဲ ... ။ ”

“ မသိဘူး ... ငါ့ရပ်ကြည့်ခဲ့တာ ဒါပေမယ့် လူတစ်စုကစနစ်တကျ မီးရှို့ခဲ့တာလို့ ပြောနေသံ ကြားတယ်။ ”

“ ဖမ်းမိပြီလား။ ”

“ တချို့ကို ဖမ်းမိသွားပုံရတယ် ... ရှန်နန်လမ်းမှာ ပြဿနာရှာဖို့အတွက် သူတို့ကို စေလွှတ်လိုက်တာတဲ့ ... ။ ”

“ တစ်ယောက်ယောက်လား ... ။ ”

“ ဟုတ်တယ် ... လူအများကတော့ နွေဦးဓားနန်းတော်ရဲ့ လက်ချက်ဖြစ်နိုင်မယ်လို့ ပြောနေကြတယ် အချို့လည်း အခြားပြည်နယ် သခင်တွေလို့ ပြောနေတယ်။ ”

ကူချန်မှ တိတ်ဆိတ်သွားသည်။ ရှန်နန်လမ်းတစ်လျှောက် ပြည်နယ် (၁၅)ခုရှိ၏။ ကူမိသားစုသည် ပြည်နယ်(၆)ခုကို သိမ်းထားပြီး နွေဦးဓားနန်းတော်သည် ပြည်နယ်(၄)ခုကို သိမ်းပိုက်ထားသည်။ ပြည်နယ် (၅)ခုသည် ယခုအချိန်ထိ မတည်ငြိမ်သေးချေ။

ရှန်နန်တပ်ရင်းများအနက် တပ်မှူးသုံးယောက်သည် ကျန်ပြည်နယ်များမှ (၃)ခုကို သိမ်းပိုက်ထားသည်။ တပ်မှူးသုံးပါးဟု လူသိများ၏။

ကျန်တပ်မှူးလေးပါးသည် ရုံးတော်ကို သစ္စာစောင့်သိနေဆဲဖြစ်သည်။ ၎င်းတို့ပေါင်းပြီး ပြည်နယ်နှစ်ခုကို စောင့်ရှောက်ထား၏။

ရှန်နန်မြောက်ဘက်စွန်းရှိ တောင်တန်းပြည်နယ်ကိုမူ ကိုယ်ခံပညာဂိုဏ်း ဖြစ်သည့် သံနက်စံအိမ်မှ ထိန်းသိမ်းထားသည်။

အရှေ့ဘက်ဆုံးသော ပြည်နယ်တွင် ထိန်းချုပ်နိုင်သူ မရှိသေးဘဲ အင်အားစုအသီးသီး အုပ်စိုးနေသည်။

“ စီနီယာအစ်ကို ... သူတို့ဘာလုပ်ဖို့ ကြိုးစားနေတယ်လို့ထင်လဲ ... ဒီလိုဆူပူအောင် လုပ်နေတာက ဘာများထူးခြားမှာလဲ။ ”

ချင်းဖန်မှ စိတ်ရှုပ်နေပုံရ၏။ ကူချန်က ပြုံးသည်။

“ တစ်ခါတလေ ... မင်းပျော်ရွှင်နေတာကို မမြင်ချင်တဲ့ လူတွေရှိတယ် ... တချို့က မင်းကို စော်ကားပြီး သည်းခံနိုင်မှုကို စမ်းကြတယ် ...

... မင်းက မတုံ့ပြန်ဘူးဆိုရင် ... မင်းဟာ သြဇာအရှိဆုံးဖြစ်လာတဲ့အခါ တခြားသူတွေရဲ့ အထင်သေးမှုကို ခံရလိမ့်မယ် ...

... လက်ရှိအခြေအနေအရ ရှင်းရှင်းလင်းလင်းမသိရသေးတာမို့ အင်အားစု အသီးသီးကလည်း ပူးပေါင်းဖို့ စောင့်ကြည့် နေကြတယ် ... မင်းဆိုရင် အားနည်းတဲ့ အင်အားစုနဲ့ ပူးပေါင်းမှာလား။ ”

“ မလုပ်ဘူး ... ။ ”

“ ဒါဆို ... မင်းမပျော့ညံ့ကြောင်း မင်းရဲ့အင်္ကျီတွေလှစ်ဟပြီး ကြွက်သားတွေကို ပြဖို့လိုတယ် သဘာဝအတိုင်းပဲ ကျင့်ကြံသူက သူန်မာသူကိုသာ လေးစားတယ် ...

... ဒါကြောင့် ဒီကိစ္စနောက်ကွယ်မှာ ဘယ်သူပဲဖြစ်နေပါစေ ကူမိသားစုဟာ သူတို့ရဲ့ အင်အားကို ပြသဖို့အတွက်လိုတယ် ... ဒါမှသာ အခြားအင်အားစုတွေကို သိမ်းသွင်းနိုင်မယ်။ ”

ကူမိသားစု၏အုတ်မြစ်သည် အတော်ပင် တည်ငြိမ်၏။ ကြွယ်ဝခြင်းဖြင့် ပြောင်းလဲမှုများ စတင်ရန် လျှောက်လှမ်းလာခြင်းဖြစ်သည်။

လက်ရှိနယ်မြေများကို တည်ငြိမ်အောင် ဆောင်ရွက်ပြီးနောက် နောက်ထပ်ခြေလှမ်းများ ထပ်လှမ်းပေမည်။ ထို့ကြောင့် အသစ်သစ်သော အင်အားစုများကို လိုအပ်ချေ၏။

အထက်ပါ အကြံအစည်နှင့် ရည်ရွယ်ချက်များကို ပြိုင်ဘက်တိုင်းမှ ခန့်မှန်း နိုင်ကြသော်လည်း ကူမိသားစုကို ရန်စရန် မဝံ့ကြသေးချေ။

ထိုပြင် တိုက်ပွဲကြီးတစ်ခု ဆင်နွှဲခြင်းဖြင့် တတိယအင်အားစုတစ်ခုအတွက် အကျိုးရှိသွား မည်ကိုလည်း စိုးရိမ်ကြသည်။

ထို့ကြောင့် ဖူစုမင်းဆက်တစ်ခုလုံး ဆူပူနေချိန်တွင် ရှန်နန်လမ်းသည် ထူးဆန်းစွာ ငြိမ်သက်နေခြင်းပေပင်။

“ ကြည့်ရတာ ... ရှန်နန်လမ်းကို တစ်ယောက်ယောက်က ဒီလိုငြိမ်းချမ်းနေတာ မကြည့်ချင်ဘူး ထင်တယ် ...

... ဖမ်းမိထားတဲ့ လူတွေကို စစ်ဆေး မေးမြန်းရင်တောင် ငါတို့ ဘာမှသိနိုင်မယ်လို့ မထင်ပါဘူး နေဦး ... ။ ”

ကူချန်က တစ်ကိုယ်တည်း ရေရွတ်ပြီး သတိရသွားကာ လက်ချောင်းများကို စတင် ရေတွက်လိုက်၏။

တစ်ချိန်တည်းမှာပင် နတ်နဂါးမြို့ အကျဉ်းထောင်ထဲတွင် တစ်စုံတစ်ယောက်သည် မျက်နှာမည်းမှောင်လျက် အခန်းတစ်ခုထဲသို့ ခပ်မြန်မြန် လှမ်းဝင်သွားသည်။

အသင့်စောင့်ဆိုင်းနေသော ကူဖုန်းနှင့်အကြီးအကဲများက မျှော်လင့်တကြီး မော့ကြည့်ကာ၊

“ ဘယ်လိုလဲ ... ။ ”

-ဟု မေးမြန်းလိုက်သည်။

“ သတိလစ်နေတုန်းပဲ။ ”

“ ဟမ့် ... ။ ”

“ သူတို့ကြည့်ရတာ အသိစိတ်ကင်းမဲ့ နေသလိုပဲ သူတို့လုပ်ခဲ့တာတွေမှန်သမျှ အားလုံး မေ့သွားပုံရတယ် ပြီးတော့ သူတို့မှာ ကျင့်ကြံမှု လုံးဝမရှိဘူး။ ”

ခန်းမအတွင်း တိတ်ဆိတ်သွားချေပြီ။ ကူဖုန်းမှ ခေါင်းညိတ်ကာ၊

“ ဒါပုံမှန်ပဲ ... ရလဒ်တစ်ခုရှိရင်သာ မျှော်လင့်မထားတဲ့ အရာဖြစ်နေလိမ့်မယ်။ ”

-ဟု မှတ်ချက်ပေး၏။

ကူမိသားစုအပေါ် နှိုးဆွရန်အတွက် သဲလွန်စများချန်ထားခဲ့သည်အထိ မည်သူမျှ မိုက်မဲနေမည်မဟုတ်ချေ။

အဖြူဝတ် ဧည့်အကြီးအကဲစုန့်က မျက်မှောင်ကြုတ်ကာ၊

“ အရင်က သူတို့ပဲ ဖြစ်နိုင်မလား။ ”

-ဟု တုံ့ဆိုင်းစွာ ပြောသည်။

မည်သူမျှ တုန့်ပြန်ဆွေးနွေးခြင်း မရှိကြသေးချေ။ လွန်ခဲ့သော လအနည်းငယ်က အဖြစ်အပျက်များ သတိရလာကြသည်။

ထိုစဉ်က အချိန်အတော်ကြာ စုံစမ်းနေသည့်တိုင် သဲလွန်စများ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး သူတို့အပေါ် အနှောက်အယှက်ဖြစ်စေခဲ့သည်။

ကူဖုန်းက အနည်းငယ် စဉ်းစားနေရာမှ၊

“ သူတို့ ဘယ်ကလာလဲ သိပြီလား။ ”

“ ဟုတ်ကဲ့ ... သတင်းရင်းမြစ်က ရှုပ်ထွေးလွန်းပါတယ် မြို့တော်အပြင် မြို့ငယ် လေးတွေကနေ လာကြတာပါ။ ”

နတ်နဂါးမြို့အပြင်တွင် မြို့ငယ်များစွာရှိပြီး ထိုနေရာတွင် နေထိုင်သူများမှာ အခြေခံအားဖြင့် ဒုက္ခသည်များနှင့် ပြစ်မှုတစ်ခုကြောင့် တိမ်းရှောင်သူများသာရှိသည်။

အထင်ရှားဆုံးမှာ ရှန်တီမြို့ဖြစ်၏။ နတ်နဂါးမြို့တော်တစ်ဝိုက် ဇာစ်မြစ်မရှိသော လူများရှင်သန်ရာ ကျူးမြို့တော်ဖြစ်သည်။

နတ်နဂါးမြို့၏ အမှောင်ဘက်ဖြစ်၏။ ရှန်တီမြို့အမည်ကို ကြားသည်နှင့် မည်သူမဆို ခေါင်းကိုက်လာပေလိမ့်မည်။

ထို့မြို့သည် နတ်နဂါးမြို့နှင့် ဆန်ကျင်ဘက်ရှုပ်ထွေးသော နေထိုင်မှုများ ကြီးထွားနေသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူသည် များစွာ ပြင်ဆင်ထားကြောင်း ထင်ရှားချေပြီ။

“ ခေါင်းဆောင် လင်းရင်ဘုံကျောင်းက တစ်ယောက်ယောက် ရောက်လာပါတယ်။ ”

ထိုစဉ် ရုတ်တရက်ဆိုသလို ခန်းမအပြင်ဘက်မှ သင်းထောက်တစ်ယောက် အသံ ထွက်ပေါ်လာသည်။

လင်းရင်ဘုံကျောင်း အမည်ကြောင့် လူတိုင်းမျက်ခုံးပင့်လိုက်ကြသည်။ ကူဖုန်းက ချက်ချင်း ခေါင်းညိတ်ကာ၊

“ သူ့ကို ဝင်ခွင့်ပြုလိုက် ... ။ ”

-ဟု တုန့်ပြန်လိုက်၏။

များမကြာခင် ချင်းဖန်သည် အနည်းငယ် ထိတ်လန့်တကြားဖြင့် ခန်းမထဲသို့ဝင်လာကာ အခန်းအတွင်း သတိထားကြည့်သည်။

“ ကလေးတစ်ယောက်လား ... ။ ”

ချင်းဖန်ကို မြင်ချိန်၌ လူတိုင်း အံ့သြသွားကြ၏။ ကူဖုန်းသာလျှင် ချင်းဖန်ထံ ကြည့်လျက်၊

“ မင်းက ... ကူချန်အနားက တာအိုကောင်လေး မဟုတ်လား။”

-ဟု သတိရသွားသည်။

ချင်းဖန်က အလျင်အမြန် ဦးညွှတ်ပြီး၊

“ ကူမိသားစု ခေါင်ဆောင်ကို နှုတ်ဆက်ပါတယ် ... စီနီယာအစ်ကိုချန်က ခေါင်းဆောင်အတွက် စာတစ်စောင် ပေးခိုင်းလိုက်ပါတယ်။ ”

ချင်းဖန်က ထုတ်ယူပြီးပေးလိုက်သည်။ သင်းထောက်တစ်ယောက်က စာကိုယူလျက် ကူဖုန်းထံ ပေးအပ်လိုက်၏။

ကူဖုန်းက စာကိုဖွင့်ပြီး ဖတ်ကြည့်သည်။ စာထဲတွင် ရိုးရှင်းသော စကားလုံးများ ရှိနေ၏။ ဒုက္ခသည်များ။ ယင်းသည် မည်သည့် အဓိပ္ပါယ်နည်း။

အဆုံးတွင် ရှန်တီမြို့ကို သတိရသွားသည်။ ထိုမြို့သည် ကျူးကျော်နေထိုင်သည့် မြို့ဖြစ်ကာ အများစုသည် ဒုက္ခသည်များဖြစ်၏။ သို့သော် ထိုမြို့တစ်ခုလုံးတွင် ဒုက္ခသည်များသာ နေထိုင်သည် မဟုတ်ချေ။

( ဒါဆို … လတ်တလော ဒုက္ခသည်တွေလား။ )

ကူဖုန်းတစ်ယောက် မျက်မှောင်ကြုတ် သွားလေသည်။ တစ်စုံတစ်ယောက်အနေဖြင့် ရှန်တီမြို့ကို ထိန်းချုပ်လိုသော် ဒုက္ခသည်များ အတွင်း ရောနှောနေရပေမည်။

( ဒါ ဖြစ်နိုင်တယ်။)

မကြာသေးမီက ဒုက္ခသည်များသည် ရှန်တီမြို့သို့ အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး အခြေချနေထိုင်ခဲ့သည်။

အကယ်၍သာ တစ်စုံတစ်ယောက်သည် သူတို့အပေါ် ထိန်းချုပ်လိုပါက ဒုက္ခသည်များ အဖြစ် ဟန်ဆောင်လာရပေမည်။

ဆိုလိုသည်မှာ ရာဇ၀တ်မှုကျူးလွန်ရန် ဖြစ်နိုင်ခြေအရှိဆုံးသည် အသစ်ရောက်ရှိလာ ကြသည့် ဒုက္ခသည်များပေပင်။

တစ်ဖက်တွင် ဒုက္ခသည်များအဖြစ် မည်သို့သော ပြိုင်ဘက်အင်အားစုမျိုးသည် ဟန်ဆောင်နိုင်မည်နည်း။

( ဘယ်သူဖြစ်နိုင်မလဲ။ )

ရှန်နန်လမ်းတစ်လျှောက် မည်သည့်အင်အားစုမျှ ထိုသို့ မလုပ်ဆောင်နိုင် ကြချေ။ ဤနည်းလမ်းသည် အတွေ့အကြုံ ကြွယ်ဝပြီး ရင့်ကျက်နေ၏။

“ ဒါဆို ... ။ ”

ရုတ်တရက် ကူဖုန်းတစ်ယောက် အမည်တစ်ခုကို သတိရသွား၏။ သွေးဝိညာဉ်။ ဤသည်မှာ ကြောက်စရာ အကောင်းဆုံးသော အင်အားစုတစ်ခု ဖြစ်ချေပြီ။ ၎င်းအင်အားစု ထွက်ပေါ်လာချိန်တိုင်းတွင် ဖရိုဖရဲဖြင့် သွေးလွှမ်းသွားမည်ဖြစ်သည်။

***

All Chapters