← Chapters

အဆုံးမဲ့စီးဆင်းနေသော ယန်ဇီမြစ်။

Vol. 4 Ch. 42

အဆုံးမဲ့စီးဆင်းနေသော ယန်ဇီမြစ်။

Vol. 4 Ch. 42

သန်းပေါင်းများစွာသော လူများနှင့်အတူ ထာဝရနိုင်ငံဟုခေါ်သည့် ကံကြမ္မာမင်းဆက်ကို စိတ်ကူးယဉ်ရန် အမှန်တကယ်ပင် ခက်ခဲလေသည်။

ထောင်ဂဏန်းသော အရေအတွက်သည် လူတစ်ဦးတစ်ယောက်အမြင်တွင် များပြားခြင်း မရှိသော်လည်း အရေအတွက် သောင်းဂဏန်း ဖြစ်လာသောအခါ များပြားလာပေမည်။

“ ဒီကမ္ဘာက တကယ့်ကို ကျယ်ပြောတာပဲ။ ”

ကူချန်တစ်ယောက် သက်ပြင်းချလိုက်၏။ ထိုကံကြမ္မာမင်းဆက်သည် အလွန်ကြီးမားလှပြီး ကြောက်မက်ဖွယ် ကောင်းချေပြီ။

ဖူစုကိုပင် မသိသော ထိုနိုင်ငံနှင့် မည်မျှ ကွာခြားမည်ကို နားလည်နိုင်မည်။ ထိုသို့သော မင်းဆက်သည် ဂိုဏ်းတစ်ခုထက် သာလွန်သော အုတ်မြစ်ရှိပေမည်။ တာအိုချင်းရှက ခေါင်းညိတ်ပြီး သက်ပြင်းချကာ၊

“ ဒါက တကယ့်ကို ကြီးမားပါပေတယ် ငါတို့က ဒီကမ္ဘာကြီးမှာလွင့်မျောနေတဲ့ ဖုန်မှုန့် တစ်မှုန့်ပါပဲ။ ”

နှစ်ယောက်လုံး၏ စိတ်အာရုံများ ဗလာကျင်းသွားလေသည်။ ဤကမ္ဘာကြီးပေါ်၌ သူတို့မည်မျှ သေးငယ်နေသနည်း။ အိမ်မက် တစ်ခုပင်လော။ ထွက်သွားချိန်၌ မည်သည့် ခြေရာများ ထင်ကျန်ရစ်အောင် လုပ်ယူနိုင်မည်နည်း။

ကူချန်က တာအိုချင်းရှကိုကျော်လွန်ကာ ကျယ်ပြန့်သောမြစ်ကြီးနှင့် တောင်တန်းများထံ ငေးကြည့်နေပြီး၊

“ ငါဆိုတာ ... စကြဝဠာကြီးထဲက အင်းဆက်တစ်ကောင်ပါ ဒီလိုကျယ်ပြောလှတဲ့ သမုဒ္ဒရာကြီးထဲမှာ သဲတစ်မှုန်ပဲ ... ငါ့ဘဝက တိုတောင်းလှပြီး ... ယန်စီမြစ်ရဲ့ အဆုံးမဲ့ တည်ရှိနိုင်မှုအပေါ် မနာလိုဖြစ်မိပါတယ် ”

-ဟု ညည်းတွားရေရွတ်လိုက်သည်။

***

နောက်ရက်အနည်းငယ်အကြာတွင် နတ်နဂါးမြို့တော်၌ ဖြစ်ပျက်ခဲ့သမျှ ရှန်နန်လမ်း တစ်လျှောက် ပျံ့နှံ့သွားချေပြီ။

ရှန်တီမြို့မှ သတင်းများ ပိတ်ဆို့ရန် မဖြစ်နိုင်သကဲ့သို့ ကူမိသားစုသည်လည်း ၎င်းကို ဆန္ဒမရှိချေ။ သွေးဝိညာဉ်ဂိုဏ်း၏ သွေးလုလင် ခေါင်းဆောင်နှင့် ကူဖုန်း၏ တိုက်ပွဲမှာ ပို၍ လူပြောများလာသည်။

ကြည်လင်သော နွေဦးဓားနန်းတော်တွင် လီချင်းစုန်သည် သတင်းအချက်အလက်များကို နားထောင်ပြီးနောက်၊

“ ကူဖုန်းက မြေခွေးအိုကြီးတစ်ကောင်ပဲ။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။

မည်သူမဆို ကူဖုန်းတစ်ယောက် ရှန်ရှင်းနယ်ပယ်၌ ရှိနေသည်ဟု ကြားသောအခါ အံ့ဩမည်မှာ သဘာဝပေပင်။ ထို့နောက် လီရွှမ်းကျန့်ထံ ပြန်ကြည့်ကာ၊

“ မင်းဘယ်လိုမြင်လဲ ... ။ ”

-ဟု မေးမြန်းလိုက်၏။

“ ရှန်ရှင်းနယ်ပယ်မှာ တစ်စုံတစ်ယောက် မရှိရင် ကူမိသားစုက ဖူစုနိုင်ငံမှာ သြဇာအရှိဆုံး ကုန်သည်မိသားစု ဖြစ်လာနိုင်ပါ့မလား ဒါပုံမှန်ပါပဲ ဖေဖေ။”

လီရွှမ်းကျန့်က ပြန်ဖြေ၏။

“ ဒါဆို ... အခု သူ့ကိုယ်သူ ဘာလို့ဖော်ထုတ်ပြလာတာလဲ လှည့်ကွက်တချို့ သူ ကစားချင်နေတာလား။ ”

“ ကုန်သည်တွေဟာ အရောင်းအဝယ်မှာ အလျှော့အတင်းလုပ်ကြတယ် တနည်းအားဖြင့် စစ်တုရင်ကစားနေသလိုပဲ ... မြင်သမျှက အမှားတွေပါပဲ ...

... ကြည့်ရတာ ကူဖုန်းတစ်ယောက် သူ့အသွင်ကို ထုတ်ပြလာပြီဆိုတော့ ‌နောက်ထပ် ရှန်ရှင်းနယ်ပယ်မှာ ကျွမ်းကျင်သူ ရှိနေမှာ ကြောက်မိပါတယ်။ ”

လီရွှမ်းကျန့်မှ ပြန်ဖြေ၏။ တစ်ဖက်လူ၏ အပြုအမူသည် အမှန်ပင် သူ့ကိုသတိရှိစေခဲ့ပြီး ခေါင်းကိုက်စေသည်။ အဆုံးတွင် လီချင်းစုန်က သက်ပြင်းပြင်းရှူလိုက်တော့၏။

( ရှန်ရှင်းနယ်ပယ် တစ်ယောက်ထက် ပိုနေပြီလား။ )

ဤသည်သာ အမှန်ဖြစ်သော် သူတို့၏ ဓားစံအိမ်သည် အားနည်းချက် ဖြစ်နေချေပြီ။ လီရွှမ်းကျန့်မှ ခဏမျှတွေးတော့ပြီး၊

“ ဖေဖေ၊ ဒီတစ်ခါ ကူမိသားစုက သွေးဝိညာဉ်ဂိုဏ်းနဲ့ ရန်ငြိုးရှိသွားပြီ ... ဟဲရှမှာ သွေးဝိညာဉ်ဂိုဏ်းက အရမ်းအစွမ်းထက်ပြီး နေရာအနှံ့ အကိုင်းအခက်တွေ ပျံ့နှံ့နေပြီလို့ ငါကြားတယ်။ ”

“ ဖြစ်လာမှာ မဟုတ်ဘူး ... အဲဒီ မြေခွေးကူဖုန်းက သွေးလုလင်ခေါင်းဆောင်ကို လွှတ်ပေးလိုက်တယ် ဒါဆို ဘယ်လိုလုပ် ရန်ငြိုးတစ်ခုဖြစ်လာမှာလဲ ...

... ပညာရှင်အနည်းငယ် အတွက်နဲ့တော့ သူတို့ဂိုဏ်းက ကူမိသားစုအပေါ် ရူးရူးမိုက်မိုက် လက်တုံ့ပြန်ကြမှာ မဟုတ်ဘူး ... ဒီကူဖုန်းက လူတွေကို တွေဝေလာစေတယ် ... တကယ် စိတ်ရှုပ်စရာလူပဲ။ ”

ထို့နောက် စိတ်မရှည်တော့ဘဲ ချက်ချင်းထရပ်ကာ၊

“ ကောင်းပြီ ... သေခြင်းတရားကိုထိုင်ပြီး စောင့်မနေနိုင်ဘူး ... ရှန်နန်လမ်းမှာ ကူမိသားစု ထိန်းချုပ်ထားတဲ့ ပြည်နယ်ခြောက်ခုရှိတယ် ငါတို့ကတော့ လေးခု ...

... ကျန်ပြည်နယ်နှစ်ခုက ရုံးတော်ကို သစ္စာစောင့်သိနေဆဲဖြစ်ပြီး ပြည်နယ်တစ်ခုကို စစ်သူကြီးသုံးဦးက ဝေမျှထိန်းချုပ်ထားတယ် ...

... နောက်ဆုံး ပြည်နယ်ကိုတော့ သံနက်စံအိမ်နဲ့ ဒုက္ခသည်တွေက သိမ်းပိုက် ထားကြပြီး အဲဒီထဲမှာ သွေးဝိညာဉ်ဂိုဏ်းက ပုန်းအောင်းနေတယ် ...

... အခု မြေခွေးကူဖုန်းကြောင့် သွေးဝိညာဉ်ဂိုဏ်းဟာ အများကြီး ဆုံးရှုံးသွားပြီ ဒါက အကောင်းဆုံး အခွင့်အရေးပဲ။ ”

သူ့အဖေစကားကြောင့် လီရွှမ်းကျန့်တစ်ယောက် ထိတ်လန့်သွားပြီး ချက်ချင်း ပြန်မော့ကြည့်ကာ၊

“ ဖေဖေ၊ နန်ရှန်ပြည်နယ်ကို တိုက်ခိုက်ဖို့ မင်းစီစဉ်နေတာလား။ ”

-ဟု မေးမြန်းလိုက်၏။

“ မှန်တယ် ... ရှန်နန်ပြည်နယ်ကို မတိုက်ရတဲ့ အကြောင်းရင်းက ရေအောက်ကို မမြင်နိုင်လောက်အောင် နက်ရှိုင်းနေခဲ့လို့ပဲ ... အခုတော့ သွေးဝိညာဉ်ဂိုဏ်းကြောင့် ငါတို့ ရှန်နန်ပြည်နယ်ကို သိမ်းပိုက်ချိန်ရောက်ပြီ။ ”

“ ဒါပေမယ့် သံနက်စံအိမ်ကို အရင်သိမ်းပိုက်သင့်တယ် မဟုတ်လား။ ”

လီရွှမ်းကျန့်အမြင်တွင် သံနက်စံအိမ်ကို သိမ်းပိုက်ခြင်းသည် ပို၍သင့်လျော်နေခဲ့သည်။ သို့သော် လီချင်းစုန်က လက်ကိုဝှေ့ယမ်းပြီး၊

“ ဒုတိယဓား ... သံနက်စံအိမ်ကို လျှော့မတွက်နဲ့ ... သူလည်း မလွယ်ဘူး။ ”

လီရွှမ်ကျန့်သည် လီချင်းစုန်၏ ဒုတိယမြောက်သားဖြစ်သည်။ သူ့အထက်တွင် လီရှို့ကျန့် ရှိ၏။

ထိုနှစ်ယောက်အောက်၌ လီစန်ကျန့်နှင့် လီစစ်ကျန့်ရှိသည်။ သူသည် ဓားပညာရပ်များကို အလွန်အမင်း အစွဲအလမ်းကြီးခဲ့ကြောင်း ထိုအမည်များက သက်သေပြနေ၏။

အကြီးဆုံးသားကို မွေးဖွားလာချိန်တွင် သူသည် ဓားရေးလေ့ကျင့်နေချိန် ဖြစ်လေသည်။ ထို့ကြောင့် လက်ထဲရှိဓားကို ပြန်ကြည့်ကာ ဓားပြားကြီးဟု အမည်ပေးခဲ့သည်။

ဇနီးသည် ထိုအမည်ကို ကြားသောအခါ ဒေါသထွက်နေသဖြင့်၊

“ ဒါက နာမည်တစ်ခုပဲ ... ဘာများ အရေးကြီးလို့လဲ ဓားပြားကြီးလို့ မခေါ်ချင်ရင် ပထမဓားလို့ အမည်ပေးလိုက် ဘယ်လိုလဲ။ ”

-ဟု စိတ်မရှည်စွာ တုန့်ပြန်ခဲ့သည်။

အဆုံးတွင် သူ့ဇနီးမှ သက်ပြင်းချကာ လက်ခံလိုက်ရသည်။ မဟုတ်သော် ဓားမကြီး၊ ဓားမလတ်၊ ဓားမငယ်၊ ဓားမလေးဟု ပေးနေသော် ခက်ရပေလိမ့်မည်။

ထိုအတိုင်းသာဆိုက လီရွှမ်းကျန့်သည် ဓားမလတ်ပေပင်။ လီရွှမ်းကျန့်က ထိုအကြောင်း ပြန်ကြားသောအခါ မိခင်၏ ပညာရှိသော ရွေးချယ်မှုအပေါ် ကျေးဇူးတင်လိုက်ရသည်။ ကူညီနိုင်ဘဲ သက်သာရာရသွားသည်။

“ သံနက်စံအိမ်ဆိုတာ လက်နက် သွန်းလုပ်တဲ့ စံအိမ်တစ်ခုမျှသာ ဖြစ်ပါတယ် သူတို့မှာ ကျွမ်းကျင်သူ မရှိပါဘူး။ ”

လီရွှမ်းကျန့်မှ မျက်ခုံးပင့်ကာ ပြောကြားလိုက်သည်။

“ သံနက်စံအိမ် တည်ရှိနေတာ ဘယ်လောက်ကြာပြီလဲ မင်းသိလား။ ”

လီချင်းစုန်က မေး၏။ လီရွှမ်းကျန့်မှ အချိန်အနည်းငယ်ကြာအောင် တွေးတောလျက် အဆုံးတွင် ခေါင်းယမ်းပြကာ၊

“ မသိဘူး ... ဓားစံအိမ်ထက် စောမယ်ထင်တယ်။”

-ဟု ပြန်ဖြေ၏။

“ နှစ်ပေါင်းသုံးရာကျော်နေပြီ ... ဒီလိုသမိုင်းကြောင်းရှိနေတဲ့ အင်အားစုတစ်ခုက မင်းမြင်တဲ့အတိုင်း သာမန်လောက်ပဲလို့ တကယ်ထင်နေလား ...

... ဒုတိယဓား ... ဖူစုနိုင်ငံရဲ့ရေပြင်က မင်းထင်ထားတာထက် အများကြီး ပိုနက်ရှိုင်း ပါတယ် ... ရှန်ရှင်းနယ်ပယ်ကို အမြန်ဆုံး ဖြတ်ကျော်ဖို့ပဲ ကြိုးစားပါ ...

... မင်းအောင်မြင်မှုရရင် ဒီလိုဖရိုဖရဲကမ္ဘာကြီးမှာ ငါတို့ပိုပြီး ခိုင်ခိုင်မာမာ ရပ်တည်နိုင်လိမ့်မယ်။ ”

ထို့‌နောက် လီရွှမ်းကျန့် ပုခုံးကိုပုတ်ပြီး အခန်းထဲမှ လှမ်းထွက်သွားတော့၏။ ကူမိသားစု အပေါ် ခြေတစ်လှမ်း အကဲစမ်းကြည့်ရန် အချိန်ကျချေပြီ။

***

All Chapters