← Chapters

လက်နက်နဲ့ သူ့သခင် ... ။

Vol. 4 Ch. 50

လက်နက်နဲ့ သူ့သခင် ... ။

Vol. 4 Ch. 50

အဖြူဝတ်အမျိုးသား၏ အလောင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျပြီး မီးခိုးနှင့် ဖုန်မှုန့်များ လွင့်စင်လာခဲ့သည်။

အနက်ရောင်ဝတ် အမျိုးသားက မြေပြင်ပေါ်ရှိ ခေါင်းမပါသောခန္ဓာကိုယ်ကြီးထံ တိတ်ဆိတ်စွာ ငုံ့ကြည့်နေသည်။

( ပြီးပြီလား ... ။)

သူ ဓားပင် မထုတ်ရသေးချေ။ ရုတ်တရက် သွေးကပ်ပါးပိုးအချို့ ကိုက်ခြင်းခံလိုက်ရသဖြင့် အသိစိတ်များ ပြန်ဝင်လာခဲ့သည်။

သွေးကပ်ပါးများ သတ်ပစ်ပြီးနောက် လက်ထဲရှိ ကူယုဓားပေါ်မှ သွေးစက်များကို သုတ်နေသည့် ကူချန်ထံ ကြည့်ကာ၊

“ ငါ့နာမည် ချူဖုန်ချွန်းပါ ... တွေ့ရတာဝမ်းသာပါတယ် တာအိုမိတ်ဆွေ။ ”

-ဟု နှုတ်ဆက်လိုက်လေသည်။

ကူချန်က သူ့ထံလှည့်ကြည့်ပြီး၊

“ တာအိုချန်ရှန့် ... သနားစရာကောင်းတဲ့ တာအိုရှာဖွေသူတစ်ယောက်ပါ ... တာအိုချူကို တွေ့ရတာ ဂုဏ်ယူပါတယ်။ ”

“ ချန်ရှန့်လား ... ။ ”

အနက်ရောင်ဝတ် အမျိုးသားက ထိုစကားလုံးနှစ်လုံးကို မှတ်ထားလိုက်သည်။ တစ်ဖက်တွင် တာအိုဟူသည်ကို ထူးထူးခြားခြား မခံစားရချေ။

လူအများသည် သူတို့ကိုယ်သူတို့ တာအိုရှာဖွေသူအဖြစ် ယူဆကြကာ တာအိုဟု အမည်တပ်ကြသည်။

အဆုံးတွင် ကျင့်ကြံခြင်းလောက၌ တာအိုနှင့်တွဲပြီး အမည်ပေးကာ သေမျိုးဘဝဖြင့် ဖြတ်‌တောက်တတ်ကြ၏။

“ ဝှစ် ... ။ ”

နှစ်ယောက်သား မြေပြင်ပေါ် ဆင်းလိုက်ပြီးနောက် ကူချန်က သီးနှံမိုးဓားကို သိမ်းလိုက်တော့၏။

ထိုအချိန်တွင် တာအိုချင်းရှသည် တည်ငြိမ်သောအမူအရာနှင့် လျှောက်လှမ်းလာ နေသည်။ ချူဖုန်းချွန်းက လှည့်ကြည့်၏။ ကူချန်မှ ချက်ချင်း လှမ်းတက်ကာ၊

“ ဆရာ ... ။ ”

-ဟု ဦးညွှတ်လိုက်လေသည်။

ချူဖုန်းချွန်တစ်ယောက် သူ့အတွေးအမြင်များ မှန်နေသဖြင့် သက်ပြင်းချ လိုက်မိသည်။ အမှန်ပင် ကျင့်ကြံမှုနယ်ပယ်ကို ဖုံးကွယ်ထားခဲ့သော စီနီယာကြီးပေပင်။

တစ်ဆက်တည်းမှာပင် လှမ်းတက်လာပြီး အမြန်ဦးညွှတ်ကာ၊

“ မင်္ဂလာပါ အကြီးအကဲ။ ”

-ဟု နှုတ်ဆက်တော့၏။ တာအိုချင်းရှက အနည်းငယ် ခေါင်းညိတ်ပြပြီး၊

“ ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး ငါတို့တွေက တာအိုမိတ်ဆွေတွေပဲ။ ”

တာအိုချင်းရှအသွင်သည် ရိုးရှင်းပြီး ဟောင်းနွမ်းနေသော တာအိုဝတ်ရုံကြီးကို ၀တ်ဆင်ထားသည်။

မျက်နှာပေါ်ရှိ နူးညံ့သောအပြုံးက နွေဦးလေပြေတွင် ရေချိုးရသကဲ့သို့ လူအများ အပေါ် အေးမြစေ၏။

ချူဖုန်းချွန်းခမျာ တုန်လှုပ်သွားသည်။ ဤစီနီယာသည် မည်မျှ မြင့်မားသော နယ်ပယ် ဖြစ်မည်နည်း။ စိတ်နေစိတ်ထားသည် အံ့မခန်းအေးချမ်းချေပြီ။

ကူချန်က ဘေးမှနေပြီး တိတ်တဆိတ် ခေါင်းညိတ်သည်။ သရုပ်ဆောင်ကောင်းချေ၏။ အသွင်အပြင်သည် အင်မော်တယ်တစ်ပါးနှင့်ပင် တူနေချေပြီ။ ထို့ကြောင့် မုဆိုးမလှလှလေးကို ပိုင်ဆိုင်နိုင်ခဲ့သည်မှာ အံ့သြစရာမရှိတော့ချေ။

ဤမတိုင်မီ လမ်းခရီးတွင် အကြိမ်ကြိမ် လေ့ကျင့်ခဲ့ဖူးသည်။ ကျင့်ကြံလောကဟူသည် အန္တရာယ်များချေ၏။

အဖြူဝတ်အမျိုးသား ပြောသလိုပင် အကောင်း-အဆိုးဟူသည် စကားလုံးများဖြင့် ဖော်ပြ၍မရချေ။ နှစ်ယောက်သား သဘာဝ ကျကျ သရုပ်ဆောင်ရပေမည်။

“ ဒါငါ့ဆရာ ... တာအိုချင်းရှပါ။ ”

“ မင်္ဂလာပါ စီနီယာတာအိုချင်းရှ။ ”

ချူဖုန်းချွန်းမှ တလေးတစား ဦးညွှတ်ပြန်သည်။ တာအိုချင်းရှတစ်ယောက် တုန့်ပြန်ခြင်း မပြုတော့ချေ။ ထိုအစား သူက ငှက်ဥများထံကြည့်လိုက်ပြီး၊

“ မင်း တော်တော်ကံကောင်းတယ် ... ဒီငှက်ဥတွေကို ဥချထားခဲ့တာ မကြာသေးဘူး အသက်ရှိနေသေးတယ်။ ”

-ဟု ပြောကြားလိုက်သည်။

“ တာအိုချူ၊ ဒါကို ဘယ်လိုခွဲဝေသင့်တယ်လို့ မင်းထင်လဲ။ ”

တာအိုချင်းရှသည် ချူဖုန်းချွန်းထံ လှည့်ကြည့်ကာမေးသည်။ ဤမတိုင်မီ တာအို ချန်ရှန့်နှင့်သာ ခွဲဝေလိုသော်လည်း တာအိုချင်းရှ ရောက်ရှိလာပြီးနောက် ချူဖုန်းချွန်းမှ စိတ်မသက်မသာ ခံစားလိုက်ရသည်။

ခဏမျှတုံ့ဆိုင်းသွားပြီးနောက် အဆုံးတွင်၊

“ ငှက်ဥတစ်လုံးပဲ ယူလိုက်မယ် ကျန်တဲ့ဥတွေနဲ့ အရာအားလုံးကို တာအိုချန်ရှန့် ပိုင်တယ်။ ”

-ဟု ဖြေကြားလိုက်သည်။

တာအိုချင်းရှက ပြုံးပြီး၊

“ တာအိုချူ ... ဒီတိုက်ပွဲမှာ မင်းအများကြီး အားစိုက်ထုတ်ထားပါတယ် မင်းမယူတော့တာ သေချာလား။ ”

“ ဒါက ရှက်စရာပဲ။ ”

ဤတစ်ကြိမ်၌ ချူဖုန်းချွန်းခမျာ မျက်နှာနီမြန်းလာပြီး၊

“ ငါဘာမှ မလုပ်ခဲ့ပါဘူး ... ဒီထက်ပိုယူသွားမိရင် အပြစ်ရှိသလို ခံစားရမှာ သေချာပါတယ် ... ။ ”

-ဟု ပြောကြား၏။

“ ဒီလောက်ယဉ်ကျေးနေဖို့ မလိုပါဘူး တာအိုမိတ်ဆွေ။ ”

ကူချန်က မြေပြင်တွင် ပြုတ်ကျနေသော အလံငယ်ကိုဆင့်ခေါ်ပြီး ချူဖုန်းချွန်းထံ ပျံသန်း စေလိုက်သည်။

“ ဒီသွေးအလံငယ်ထဲက နာကျည်းမှုတွေ ပျောက်ကွယ်သွားပါပြီ ... အဲဒါကို ပြန်သန့်စင်ပြီး ဒြပ်စင်ငါးပါးအနှစ်သာရနဲ့ ပေါင်းစပ်လိုက်မယ် ဆိုရင် ... ဝိညာဉ်လက်နက် ဖြစ်လာလိမ့်မယ် ယူသွားပါ။ ”

ချူဖုန်းချွန်းခမျာ မျက်ခုံးပင့်လိုက်၏။ ဤသွေးအလံငယ်သည် သွေးဝိညာဉ်ဂိုဏ်းတွင် တန်ဖိုးအရှိဆုံး ရတနာပေပင်။ ထိုကဲ့သို့ လွယ်လွယ်ပေးနိုင်သည်လော။

“ ဒါ ... ။ ”

“ တာအိုမိတ်ဆွေ ... မင်းငြင်းစရာမလိုဘူး ကျန်တာတွေအားလုံး ငါမင်းကို မပေးတော့ဘူး။ ”

“ သဘာဝပါပဲ။ ”

ချူဖုန်းချွန်းမှ ခေါင်းညိတ်သည်။ ကူချန်သည်လည်း ခေါင်းညိတ်လိုက်တော့၏။ ဤသည်မှာ အဆင့်နိမ့်ဝိညာဉ်လက်နက်မျှသာ ဖြစ်သည်။

သူ့အတွက် သန့်စင်ရန် မခက်ချေ။ ထို့နောက်တွင် အဖြူဝတ်အမျိုးသားအနား လျှောက်လှမ်းသွားသည်။

ထူးဆန်းသော အရိုးကြီးကို ကောက်ယူပြီးနောက် သိုလှောင်လက်စွပ်ထံ သတိထားမိသွားကာ ကျေနပ်သွား၏။

၎င်းကိုချွတ်ယူပြီး အတွင်းသို့ စစ်ဆေးလိုက်သည်။ ဤသိုလှောင်လက်စွပ်ကို လေဟာနယ်ကျောက်တုံးနှင့် ရိုးရိုးရှင်းရှင်း ပြုလုပ်ထားသည်။

ဝိညာဉ်အဆင့် မဟုတ်သဖြင့် သဘာဝအတိုင်း ပိုင်ရှင်ကိုအသိအမှတ်ပြုရန် မလိုအပ်ချေ။

အတွင်း၌ အမျိုးမျိုးသော ရတနာများ၊ မှတ်တမ်းများ၊ ဝိညာဉ်ရေး ဆေးဘက်ဝင်အပင် များနှင့် သတ္တုအချို့ပါရှိသည်။

အနက်ရောင် အဝတ်အိတ်အတွင်း ကြက်သွေးရောင် ဆေးပြားအနည်းငယ်လည်း ရှိနေသည်။

“ ဒါ ... ။ ”

ကြက်သွေးရောင် ဆေးပြားသည် သွေးရနံ့များထုံမွှန်းနေကာ ရှူရှိုက်လိုက်ရုံနှင့် စိတ်လက်မအီမသာ ဖြစ်စေသည်။

ထိုစဉ် ချူဖုန်းချွန်းက သူ့လက်ထဲမှ အဝတ်အိတ်ကို ကြည့်ကာ၊

“ အဲဒါ သွေးဝိညာဉ်ဂိုဏ်းရဲ့ နတ်ဆေးပဲ သူ့နာမည်အတိအကျကိုတော့ ငါမသိဘူး ဒီဆေး သောက်ပြီးရင် ချီနဲ့သွေးတွေ လျင်မြန်စွာ အားကောင်းလာတယ် ...

... တစ်စုံတစ်ဦးကို ရှန်ရှင်းနယ်ပယ် အထွတ်အထိပ်ထိ ရောက်ရှိလာစေနိုင်ပါတယ် ဒါပေမယ့် အရမ်းဆိုးတယ် ... သူ့ရဲ့အဓိက ပါဝင်ပစ္စည်းက လူ့သွေးပဲ ...

... ဒါကြောင့် ဆေးကိုချေဖြတ်ပြီးရင် ခန္ဓာကိုယ်ရဲ့ ချီနဲ့သွေးတွေက လူသားအရသာကို စွဲလန်းသွားစေတယ်။ ”

ကူချန်၏မျက်ဝန်းသည် တာအိုချင်းရှထံ အနည်းငယ်ရွေ့လျားသွားသည်။ တာအိုချင်းရှ တစ်ယောက် မျက်ခုံးပင့်လိုက်၏။

( မင်းငါ့ကို ဘာလုပ်စေချင်တာလဲ။)

ထို့နောက် ကူချန်က ချူဖုန်းချွန်းထံ ပြန်လှည့်ကြည့်ကာ၊

“ တာအိုချူ၊ ရိုးရိုးသားသားပြောရရင် ငါ့ဆရာနဲ့ငါက တည်နေရာရွေ့ပြောင်း အစီရင် ကနေ ... ဒီနေရာကို အမှတ်တမဲ့ ရောက်လာတာပါ။ ”

... သွေးဝိညာဉ်ဂိုဏ်းရဲ့ တည်နေရာ ဒါမှမဟုတ် တခြားအကြောင်းအရာတွေကို မသိဘူး ... မင်းဝေမျှ ပေးနိုင်မလား။ ”

-ဟု မေးမြန်းလိုက်၏။

ချူဖုန်းချွန်းမှ အနည်းငယ်အံ့သြသွားပြီး၊

“ ဒါဆို မင်းတို့ ဖူစုနိုင်ငံကမဟုတ်ဘူးပေါ့ မယုံနိုင်စရာပါပဲ ငါဂိုဏ်းမှာ တပည့်ဖြစ်တုန်းက တည်နေရာရွေ့ပြောင်း အစီရင်အကြောင်း ငါကြားဖူးပါတယ် ...

... မင်းတို့ကို ဘယ်လောက်ဝေးဝေး ရွေ့ပြောင်းပေးလိုက်လဲ ငါမသိဘူး အရမ်းဝေး နေရင်တော့ နည်းနည်းဒုက္ခဖြစ်လိမ့်မယ်။ ”

ကူချန်နှင့် တာအိုချင်းရှက အချင်းချင်း ပြန်ကြည့်ကာ ပြုံးလိုက်သည်။ ချူဖုန်းချွန်းမှ သူတို့စကားအပေါ် သံသယမရှိခဲ့ချေ။

ချူဖုန်းချွန်းက ကူချန်ကျောပေါ်ရှိ ဓားကိုကြည့်လိုက်သည်။ ဤကမ္ဘာကြီးပေါ်တွင် ဝိညာဉ်လက်နက်များစွာ ရှိသည်။ ၎င်းတို့အနက် ဓားနှင့်ဓားမော့သည် ပြိုင်ဘက်ကင်း၏။

ဓားသမားနှင့် ဓားမော့သမားတို့၏ ကိုယ်ရည်ကိုယ်သွေးသည် သူတို့အသုံးပြုသည့် လက်နက်များတွင် ထင်ဟပ်နေသည်။

ဥပမာ ဓားတစ်လက်သည် သွေးရောင်ဝါများထွက်နေသော သူ့သခင်သည် လူများစွာကို သတ်ထား၏။

လွှမ်းမိုးချုပ်ကိုင်သော် ထိုသခင်သည် မာနကြီးပြီး ကြီးစိုးသည်။ တာအိုဘုန်းကြီးငယ် ကျောတွင် ပိုးထားသောဓားသည် ငြိမ်သက်ခြင်း၊ လျစ်လျူရှုခြင်းစသည့် ရောင်ဝါများရှိ၏။

ထိုအချက်အပေါ် အခြေခံသော် သူသည် တိုက်ပွဲများကိုမကြိုက်ဟု အဓိပ္ပါယ်ရလေသည်။ ယင်းကြောင့် ချူဖုန်းချွန်မှ သဘောကျစွာ ပြုံးလျက်၊

“ ဒီနေရာက စကားပြောဖို့ နေရာကောင်း မဟုတ်ဘူး ... ။”

-ဟု ပြောကြားလိုက်၏။

ထို့နောက် ကူချန်နှင့် တာအိုချင်းရှသည် အကြည့်ချင်းဆုံကာ ခေါင်းညိတ်ပြုံး​လိုက်ကြပြီး၊

“ ဒါဆို ငါတို့ မင်းကိုဒုက္ခပေးရလိမ့်မယ်။ ”

-ဟု တုန့်ပြန်လိုက်တော့သည်။

***

၁။ ကျင်းကျိဓား- ဆောင်းခိုနေသောအင်းစက်လေး။

၂။ ကူယုဓား- သီးနှံမိုး။

Book-4

All Chapters