သွေးကြောလမ်းကြောင်းများ ပိတ်ဆို့နေခြင်း။
Vol. 2 Ch. 17
One Punch Man ဆိုသည့် anime ကို လူတော်တော်များများ ကြည့်ဖူးကြသည်။ မကြည့်ဖူးသောသူများပင်လျှင် တချက်ထိုးကတုံး (Saitama) ၏အကြောင်းကို ကြားဖူးကြလောက်ပေမည်။
တချက်ထိုးကတုံး သည် ကမ္ဘာကြီးကိုပင် အလယ်တည့်တည့်မှ ခွဲပေးနိုင်စွမ်းရှိသော လူသားတစ်ယောက်ဖြစ်သည်။ ရဲရှင်းဟွေ့သည် တီဗီတွင် One Punch Man ကို ကြည့်ရင်း အလွန်စိတ်လှုပ်ရှားလာခဲ့သည်။
One Punch Man ဇာတ်လမ်းတွင် တိုက်ခိုက်ရေးစွမ်းရည် အမြင့်ဆုံးမှာ တချက်ထိုးကတုံး ဖြစ်သော်လည်း သူမှလွဲ၍ အခြားအားကြီးသောသူများလည်း များစွာရှိသေး၏။
“နတ်ဆိုးပဲဖြစ်ဖြစ်၊ သူရဲကောင်းအသင်းချုပ်က လူပဲဖြစ်ဖြစ်၊ သူတို့ထဲက ဘယ်သူ့ရဲ့စွမ်းရည်မဆို ငါ့ကိုသာ ပေးလိုက်မယ်ဆိုရင် ဘယ်လိုလူသတ်သမားကိုမှ ကြောက်နေစရာ လိုတော့မှာမဟုတ်ဘူး။ လူသတ်သမား တစ်ယောက်လာရင် တစ်ယောက်ရှင်း၊ နှစ်ယောက်လာရင် နှစ်ယောက်ရှင်းပစ်လိုက်ရုံပဲ...”
ထိုသို့ဖြင့် ရဲရှင်းဟွေ့သည် One Punch Man ကို အလေးအနက်ထားပြီး ကြည့်ရှုနေတော့သည်။ လိုင်းကောင်းကောင်းရသည်မှာ မကြာသေးသောကြောင့် One Punch Man ဇာတ်လမ်းတွဲကို အများကြီး ဒေါင်းလုဒ်လုပ်ထားနိုင်ခြင်း မရှိပေ။ သို့သော်လည်း ဇာတ်လမ်းတွဲ အနည်းငယ်သာ ဖြစ်
လင့်ကစား အဓိက ဇာတ်ကောင်များကတော့ ပါဝင်ပြီးဖြစ်သည်။
ရဲရှင်းဟွေ့သည် anime ကို အာရုံစိုက်ကြည့်နေစဉ်မှာပင် အပြင်ဘက်မှ တံခါးဖွင့်သံကို ကြားလိုက်ရသည်။ ယခင်က အပြင်ထွက်သွားသည့် ရဲရှင်းချန်၏ အသံကိုကြားထားခဲ့သောကြောင့် တံခါးဖွင့်သံကြားသည်နှင့် သူ့အစ်ကို ပြန်လာမှန်း ရဲရှင်းဟွေ့ သိလိုက်သည်။ တီဗီကို ခဏရပ်လိုက်ပြီးနောက် ရဲရှင်းဟွေ့ သည် ဧည့်ခန်းဆီသို့ ထွက်လာခဲ့သည်။
"အစ်ကို...ဘယ်တွေသွားနေတာလဲ။"
ရဲရှင်းချန်က လူသတ်သမားကို သွားရှာလိမ့်မည်ဟု သိနေသော်လည်း ရဲရှင်းဟွေ့က ဘာမှမသိသလို နေပြီးဟန်ဆောင်မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။ရဲရှင်းချန်ကလည်း ဘာမှဖုံးကွယ်မထားပေ။
"မင်းကိုပစ်မှတ်ထားနေတဲ့ လူသတ်သမားကို သွားရှင်းမလို့ပဲ၊ ဒါပေမဲ့ ငါအဲ့ကိုရောက်တော့ သူက ဝတ်စုံပြည့်နဲ့ လူကြီးတစ်ယောက်ရဲ့လက်ချက်နဲ့ သေနှင့်နေပြီ။"
သူ့အစ်ကိုက ဤမျှ တည့်တိုးပြောလိမ့်မည်ဟု ရဲရှင်းဟွေ့ မထင်ထားခဲ့ပေ။
"အမ်... အစ်ကို.. ဒီလူသတ်သမားက ကျွန်တော့်ကို လာရှာနေမှန်း ဘယ်လိုသိတာလဲ။"
"ဟန်မဆောင်နဲ့တော့...မင်းလည်း မတုံးဘူး...ငါလည်း မအဘူး။ မင်းလည်ပင်းပေါ်က အမှတ်အသားက ဟိုလူ့လျှာပေါ်က အမှတ်အသားနဲ့ တစ်ပုံစံတည်းပဲ။ ပြီးတော့ မင်းပုံစံကလည်း ဟိုလူ့လျှာပေါ်က အမှတ်အသားကို မြင်တုန်းက အရမ်းထူးဆန်းနေတယ်"
ရဲရှင်းချန်က ရဲရှင်းဟွေ့ကို ပြုံးစစဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
ရဲရှင်းဟွေ့က ပြုံးကာ
"ဟားဟား...အစ်ကိုက တကယ်ပဲ လေ့လာနိုင်စွမ်း ကောင်းတာပဲ။ အဲ့လူသတ်သမားက ကျွန်တော့်ကို လာရှာနေတာဆိုတာ ကျွန်တော်သိပါတယ်။ဒါပေမဲ့ အစ်ကို... အခု အစ်ကိုက အဲ့လောက်တောင် သတ္တိရှိနေတာလား။ လူသတ်သမားကိုတောင် မကြောက်တဲ့အပြင် သူ့ကိုပါ သတ်
ချင်နေသေးတယ်"
ရဲရှင်းဟွေ့၏ နောက်ဆက်တွဲမေးခွန်းကိုကြားသောအခါ ရဲရှင်းချန်က သူ့ကို တစ်ချက်လှည့်ကြည့်ပြီး ပြောလိုက်သည်။
"မနက်ဖြန် စောစောထ... ငါမင်းကို တစ်ခုခု သင်ပေးမယ်"
ထိုသို့ပြောပြီးနောက် ရဲရှင်းချန်သည် သူ၏ခရီးဆောင်သေတ္တာကို သယ်ကာ အခန်းထဲသို့ ပြန်ဝင်သွားတော့သည်။
"ဘာကြီးလဲ။ အစ်ကိုမဟုတ်မှလွဲရော... ကျွန်တော့်ကို ကျင့်ကြံတာတွေ သင်ပေးတော့မလို့လားမသိဘူး"
ရဲရှင်းဟွေ့လည်း အတိုင်းမသိ ဝမ်းသာသွားသည်။ သူ့အစ်ကိုသည် မသေမျိုးဧကရာဇ်ဖြစ်ကြောင်း သိပြီးနောက် ရဲရှင်းဟွေ့သည် သူ့အစ်ကိုထံမှ ပညာရပ်အချို့ကို သင်ယူနိုင်ရန် အမြဲတမ်း နည်းလမ်းရှာနေခဲ့သည်။
သို့သော်လည်း သူ့အစ်ကိုက သူ့ကို တိုက်ရိုက်သင်ပေးရန် စီစဉ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ငါက မသေမျိုးဧကရာဇ် ပြန်လည်မွေးဖွားခြင်း ဝတ္ထုတွေ အရမ်းဖတ်လွန်းလို့ ဦးနှောက်ဆေးခံထားရတာပဲ ဖြစ်ရမယ်။ ငါ့အစ်ကိုက သူ့မိသားစုကို ကျင့်ကြံနည်းတွေ သင်ပေးမှာမဟုတ်ဘဲ အလွန်ဆုံးမှ ဆေးလုံးအနည်းငယ်လောက်ပဲ ပေးလိမ့်မယ်လို့ အမြဲတွေးနေခဲ့တာ"
သူ့စိတ်ထဲတွင် သက်ပြင်းချရင်း ထိုသို့ပြောပြီးနောက် ရဲရှင်းဟွေ့သည် တီဗွီဆက်ကြည့်ရန် သူ၏အခန်းသို့ ပြန်လာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ၊ သူကိုယ်တိုင် ကျင့်ကြံနိုင်တော့မည်ဟူသော အတွေးက ရဲရှင်းဟွေ့ကို အမှန်ပင် စိတ်လှုပ်ရှားစေခဲ့သည်။
ကျင့်ကြံခြင်း၊ ဒါက ကျင့်ကြံခြင်းပဲလေ။ အလယ်တန်းကျောင်းသားလေးတွေ ဘယ်လောက်များများက ကျင့်ကြံနိုင်ဖို့ အိပ်မက်မက်ခဲ့ကြသလဲ။
အခန်းထဲသို့ ပြန်ရောက်ပြီးနောက် ရဲရှင်းဟွေ့သည် ဒေါင်းလုဒ်လုပ်ထားသော One Punch Man ကို တစ်နာရီကျော်ကြာအောင် ကြည့်ခဲ့သည်။
One Punch Man ကြည့်ပြီးနောက် ရဲရှင်းဟွေ့သည် သူ၏ခန္ဓာကိုယ်တွင် ဖြစ်ပေါ်လာမည့် ပြောင်းလဲမှုများကို စောင့်ဆိုင်းနေတော့သည်။
"တချက်ထိုးကတုံးရဲ့ စွမ်းအင်လား....ဒါမှမဟုတ် တော်နဒို (Tornado) ရဲ့ စိတ်စွမ်းအင်လား....ဒါမှမဟုတ် အဘိုးဘန်ရဲ့ ရေစီးကျောက်ခဲခြေဖျက်လက်သီးကွက်လား..."
ဆယ်မိနစ်ကျော် အချိန်ကုန်လွန်သွားသော်လည်း ရဲရှင်းဟွေ့သည် ဘာကိုမှ မခံစားရပေ။ ခန္ဓာကိုယ်ထဲတွင် ဘာမှထူးခြားမလာသလို၊ ခေါင်းထဲတွင်လည်း ဘာပညာမှ ရောက်မလာခဲ့။
"ဘာဖြစ်နေတာလဲ။ မဟုတ်မှလွဲရော... ဒီတစ်ခေါက် တီဗွီက လူသားတွေရဲ့ စွမ်းရည်ကို မပေးနိုင်တော့တာလား။"
ရဲရှင်းဟွေ့ အနည်းငယ် ရှုပ်ထွေးသွားသည်။
သူ၏ တီဗီရွှေလက်ချောင်း က ဒီတစ်ကြိမ်မှာ အလုပ်မလုပ်လောက်အောင် ဖြစ်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူ့ဘေးတွင် အဖြူအမည်းလှိုင်းကျားများသာ ပြနေသော တီဗွီလေးကို ကြည့်ရင်း ရဲရှင်းဟွေ့သည် လှည့်စားခံလိုက်ရသလို ခံစားလိုက်ရသည်။
စောစောက အလွန်စိတ်လှုပ်ရှားခဲ့ရသမျှ အလဟဿဖြစ်သွားပြီ။
"ချီးထဲမှပဲ..."
ရဲရှင်းဟွေ့သည် စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး ပြတင်းပေါက်ကို မှီကာ လှဲချလိုက်သည်။ သို့သော် ရဲရှင်းဟွေ့ ဘယ်လောက်ပဲ ကျိန်ဆဲနေပါစေ၊ ခံစားချက်က အတူတူပင်ဖြစ်ပြီး ဘာမှပြောင်းလဲမလာခဲ့ပေ။ ရဲရှင်းဟွေ့သည် စဉ်းစားလေလေ ဒေါသထွက်လေလေ၊ ပိုပြီး နာကျည်းလာလေလေဖြစ်သည်။ တီဗွီလေးကို သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် သူလည်းအိပ်ပျော်သွားတော့သည်။
ဒီနေ့တစ်နေ့လုံး သူ အလုပ်များခဲ့၏။
မနက်ပိုင်းတွင် ယောင်တန်နှင့်အတူ အိမ်လာကြည့်၏။ အိမ်ကြည့်ပြီးချိန်တွင် နေ့လယ် နှစ်နာရီ၊ သုံးနာရီပင် ရှိနေပြီဖြစ်သည်။ ခဏနားပြီးနောက် ဈေးဝယ်ထွက်ကာ ညစာစားခဲ့ကြသည်။
ရဲရှင်းဟွေ့ အိမ်ပြန်ရောက်ချိန်တွင် မှောင်နေပြီဖြစ်သည်။
သူသည် သိပ်မအိပ်ချင်သေးသော်လည်း... သူ၏ အသုံးမဝင်သော ရွှေလက်ချောင်းကြောင့် ဒေါသထွက်နေပြီး တန်းအိပ်လိုက်တော့သည်။ ယခု သူ့စိတ်ထဲတွင် သူကိုယ်တိုင် ကျင့်ကြံမည့်အကြောင်း အတွေးများဖြင့်သာ ပြည့်နှက်နေသည်။
ရဲရှင်းဟွေ့ နောက်တစ်ကြိမ် နိုးလာသောအခါ နောက်တစ်နေ့ မနက်စောစောပင် ဖြစ်နေပြီဖြစ်သည်။ မနက်လေးနာရီမထိုးမီတွင် တစ်စုံတစ်ယောက်က ရဲရှင်းဟွေ့၏ အခန်းတံခါးကို လာခေါက်သည်။ ရဲရှင်းဟွေ့သည် အိပ်ချင်မူးတူးဖြင့် တံခါးဖွင့်လိုက်ရာ အဝတ်အစားအသစ်ဝတ်ဆင်ထားသော ရဲရှင်းချန်က တံခါးရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ရဲရှင်းဟွေ့က သမ်းဝေရင်း မေးလိုက်သည်။
"အစ်ကို ဘာလို့ ဒီလောက်စောစောထနေတာလဲ။"
"ငါ ဒီမနက် မင်းကို တစ်ခုခုသင်ပေးမယ်လို့ ပြောထားတယ် မဟုတ်လား။"
ရဲရှင်းချန်၏စကားကိုကြားသောအခါ ရဲရှင်းဟွေ့ ထိတ်လန့်သွားပြီး သူ့အစ်ကိုက သူ့ကို ဒီနေ့ ကျင့်ကြံနည်း သင်ပေးမည်ကို ရုတ်တရက် သတိရသွားသည်။ ထိုသို့တွေးမိသည်နှင့် ရဲရှင်းဟွေ့ ၏အိပ်ချင်စိတ်များ ချက်ချင်းပျောက်ကွယ်သွားပြီး အခန်းထဲပြန်ဝင်ကာ တစ်မိနစ်မပြည့်သောအချိန်အတွင်းတွင် အဝတ်အစားလဲကာ ရဲရှင်းချန်သွားရာ အိမ်ခေါင်မိုးထပ်သို့ လိုက်သွားခဲ့သည်။
ခေါင်မိုးထပ်တွင် ရဲရှင်းဟွေ့သည် ရဲရှင်းချန်ကို အလွန်အလေးအနက်ထားကာ ကြည့်နေသည်။ ရဲရှင်းချန်က မျက်လုံးများကိုမှိတ်ကာ သူ၏လက်တစ်ဖက်ကို ရဲရှင်းဟွေ့၏ လက်ကောက်ဝတ်ပေါ်သို့ တင်လိုက်သည်။
အချိန်မည်မျှကြာသွားသည်မသိ နောက်ဆုံးတွင် ရဲရှင်းချန် မျက်လုံးများ ဖွင့်လာပြီး သက်ပြင်းချကာ ပြောလိုက်သည်။
"ဟူးးးး... သွေးကြောလမ်းကြောင်းတွေက ပိတ်ဆို့နေပါလား မင်းလေ့ကျင့်လို့မရဘူးပဲ"
ရဲရှင်းချန်၏စကားကိုကြားသောအခါ ရဲရှင်းဟွေ့သည် မိုးကြိုးပစ်ချလိုက်သလိုဖြစ်ပြီး တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
"အာ... အစ်ကို ကျွန်တော် တကယ်ကြီး လေ့ကျင့်လို့မရတော့ဘူးလား...။"
စိတ်လှုပ်ရှားလွန်းသဖြင့် ရဲရှင်းဟွေ့သည် "ကျင့်ကြံခြင်း" ဆိုသော စကားလုံးကို မပြောမိအောင်ပင် ထိန်းလိုက်ရသည်။
ရဲရှင်းချန်က ခဏစဉ်းစားပြီး
"ရတော့ရတယ်၊ ဒါပေမဲ့ မင်းစောင့်ရလိမ့်မယ်။"
"ဘာကိုစောင့်ရမှာလဲ။"
သူ ကျင့်ကြံနိုင်သေးသည်ဟု ကြားလိုက်ရသောအခါ ရဲရှင်းဟွေ့၏ မျက်နှာတွင် မျှော်လင့်ချက်အရောင်များ ပေါ်လာသည်။
"ဆေးပင်တွေကို ရှာရမယ်။ ဆေးပင်တွေသာ လုံလုံလောက်လောက်ရှိရင် ငါ သွေးကြောဖွင့်ဆေးလုံး ကို ဖော်စပ်နိုင်တယ်။"
အမှန်တကယ်တွင် ရဲရှင်းချန်တွင် နောက်တစ်နည်းရှိသေးသော်လည်း သူ ထုတ်မပြောခဲ့ပေ။ ထိုနည်းလမ်းမှာ သူ၏ကိုယ်ပိုင်ကျင့်ကြံအားကိုသုံးပြီး ရဲရှင်းဟွေ့၏ ခန္ဓာကိုယ်ထဲက သွေးကြောလမ်းကြောင်းများကို ဖြည်းဖြည်းချင်း ဖွင့်ပေးရန်ဖြစ်သည်။
သို့သော် ထိုသို့ သွေးကြောလမ်းကြောင်းများ ဖွင့်ပေးရန် ရက်အနည်းငယ်ထက်မက အချိန်ယူရမည်ဖြစ်ပြီး ရဲရှင်းချန်၏ လက်ရှိကျင့်ကြံအဆင့်ကလည်း မမြင့်သေးပေ။
အရေးကြီးဆုံးအချက်မှာ... ရဲရှင်းချန်သည် သူ၏ကျင့်ကြံခြင်းကို အရှိန်မြှင့်တင်ရန် လိုအပ်နေသည်။ မကြာမီတွင် သူ၏မိဘများသတင်းက နိုင်ငံတွင်းသို့ ရောက်လာတော့မည်ဖြစ်သည်။ ထိုအချိန်ကျမှ သူ့တွင် လုံလောက်သော အစွမ်းမရှိပါက သူ့မိဘများကို ကယ်တင်ဖို့မပြောနှင့်၊ သူကိုယ်တိုင်ပင် အသက်ဆုံးရှုံးသွားနိုင်သည်။