← Chapters

အသက်ပို

Vol. 2 Ch. 18

အသက်ပို

Vol. 2 Ch. 18

ခေါင်မိုးထပ်ပေါ်တွင်။

လောလောဆယ်တွင် သူကျင့်ကြံ၍မရနိုင်မှန်း သိလိုက်ရသောအခါ ရဲရှင်းဟွေ့သည် ဒန်းပေါ်တွင်ထိုင်ရင်း စိတ်ပျက်လက်ပျက်ဖြင့် ဟိုဟိုသည်သည် လွှဲနေခဲ့သည်။

"ရှင်းဟွေ့ ငါပြောပြတဲ့ ကျင့်ကြံခြင်းနဲ့ ဆေးဖော်ခြင်းအကြောင်းတွေကို မင်း အံ့ဩမနေဘူးလား။"

ရဲရှင်းချန်၏မေးခွန်းကို ကြားသောအခါ ရဲရှင်းဟွေ့က ခေါင်းမော့လိုက်ပြီး ချက်ချင်းပင် မေးလိုက်သည်။ "အစ်ကို... အစ်ကိုက ကျွန်တော့်ကို ဒုက္ခပေးမှာလား။"

"ဘယ်ဟုတ်ပါ့မလဲ"

"အစ်ကိုက ကျွန်တော့်ကို ဒုက္ခမပေးဘူးလို့လည်း ပြောခဲ့တယ်။ အစ်ကိုက တခြားကိစ္စတွေမှာ ကျွန်တော့်ကို လိမ်ကောင်းလိမ်နိုင်ပေမဲ့ ကျွန်တော့်ကို ဘယ်တော့မှ ဒုက္ခပေးမှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်။ ဒါကြောင့် ကျွန်တော် အစ်ကို့ကို ယုံတယ်။"

ရဲရှင်းဟွေ့ စကားပြောသောအခါ သူ၏အမူအရာမှာ ခံစားချက်အပြည့်နှင့်ဖြစ်ပြီး သူကိုယ်တိုင်ပင် ယုံကြည်သွားလုနီးပါး ဖြစ်နေသည်။

တကယ်တော့ ရဲရှင်းဟွေ့ ပြောချင်နေသည်က 'ဟားဟား ခင်ဗျားအကြောင်းတွေ ကျွန်တော်အကုန်သိပြီးသားဗျ။ ပြန်လည်မွေးဖွားလာတာ မဟုတ်လား။ မသေမျိုးဧကရာဇ် မဟုတ်လား။ ကျွန်တော့်မှာ Cheat Code ရှိတယ်၊ ဒါကြောင့် ကျွန်တော်မသိတာ ဘာမှမရှိဘူး' ဟူ၍ပင်။

ရဲရှင်းချန်သည် ရဲရှင်းဟွေ့ ဘာတွေတွေးနေသည်ကို မသိပေ။ သူ၏ညီက သူ့အပေါ် ယုံကြည်ကြောင်း ပြောသည်ကိုကြားသောအခါ သူခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "မင်းရဲ့ခန္ဓာကိုယ်ကို ကျင့်ကြံလို့မရပေမဲ့ မင်းရဲ့ဝိညာဉ်ကို ကျင့်ကြံဖို့အတွက် လျှို့ဝှက်နည်းလမ်းတစ်ခု ငါ့မှာရှိတယ်။"

သူလေ့ကျင့်နိုင်သော ကျင့်စဉ်တစ်ခုရှိသည်ဟု ရဲရှင်းချန်ထံမှ ကြားလိုက်ရသောအခါ ရဲရှင်းဟွေ့သည် ချက်ချင်းပင် မတ်တပ်ထရပ်လိုက်သည်။

သို့သော် နောက်ဆက်တွဲစကားကို ကြားလိုက်ရသောအခါ သူ၏မျက်နှာထားသည် ချက်ချင်းပင် ညှိုးကျသွားသည်။

"ဝိညာဉ်လျှို့ဝှက်ကျင့်စဉ်က မင်းရဲ့တိုက်ခိုက်ရေးစွမ်းအားကို မတိုးမြှင့်ပေးနိုင်ပေမဲ့ အာရုံခံနိုင်စွမ်းကိုတော့ ထက်မြက်စေတယ်။ ပြီးတော့... မင်းသာ အဆင့်တစ်ခုအထိ လေ့ကျင့်နိုင်ခဲ့ရင် တစ်နေ့မှာ မင်းသေသွားရင်တောင် မင်းရဲ့ဝိညာဉ်က ကျန်ရှိနေလိမ့်မယ်။ မင်းရဲ့ဝိညာဉ်သာ ငါနဲ့အတူရှိနေသရွေ့ ငါမင်းကို အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းရှာနိုင်တယ်။"

သူ့အစ်ကိုပြောသည့်စကားက နားဝင်မချိုသော်လည်း ရဲရှင်းဟွေ့အတွက်တော့ ဤဝိညာဉ်လျှို့ဝှက်ကျင့်စဉ်က တကယ်လိုအပ်နေသည်။

လုံလောက်အောင်သာ လေ့ကျင့်နိုင်မည်ဆိုလျှင် အသက်တခု အပိုရထားသလိုပင်ဖြစ်သည်။

ယခုအချိန်တွင် ရဲရှင်းဟွေ့သည် သူ၏ ရွှေလက်ချောင်း နှစ်ခုအပေါ် ယုံကြည်မှုအနည်းငယ် လျော့နည်းလာသည်။

နတ်ဘုရား၏ လက်ထဲမှ အရာအားလုံးကိုမြင်နိုင်သော မျက်လုံးသည် အတိတ်နှင့် အနာဂတ်ကို ထွင်းဖောက်မြင်နိုင်သော်လည်း သူ၏လက်ထဲတွင်မူ လူတစ်ယောက်၏ ကိုယ်ရေးအချက်အလက်နှင့် နောက်ကြောင်းကိုသာ မြင်နိုင်သည်။ အရေးကြီးဆုံးအချက်မှာ ထိုသို့မြင်နိုင်ရန်အတွက် အခြားတစ်ဖက်မှ နှစ်သက်မှု၊ မနှစ်မြို့မှု၊ သို့မဟုတ် သတ်ဖြတ်လိုစိတ်... စသည့်အရာများ လိုအပ်နေသေးသည်။

ပြီးတော့ တီဗီလေးကကော။

အစပိုင်းတွင် ရဲရှင်းဟွေ့က ဤတီဗီလေးသည် တော်တော်မိုက်သည်ဟု ထင်ခဲ့သည်။ တီဗီထဲမှ ဇာတ်လမ်းများကို ကြည့်ရုံဖြင့် ဇာတ်ကောင်များ၏ စွမ်းရည်များကို ရရှိနိုင်ခဲ့သည်။

သို့သော် နောက်ဆုံးတစ်ခေါက် 'One Punch Man' ကြည့်ပြီးနောက် ရဲရှင်းဟွေ့သည် ဘာစွမ်းရည်မှမရခဲ့။ ဤအချက်က သူ့ကို ဤတီဗီလေးအပေါ် ယုံကြည်မှု ပျောက်ဆုံးသွားစေသည်။

ထို့အပြင် ဝိညာဉ်ကိုကျင့်ကြံခြင်း၏ အရေးကြီးဆုံးအချက်မှာ ဝိညာဉ်စွမ်းအားကို မြှင့်တင်ရန်ဖြစ်ပြီး ထိုသို့ဖြင့် မိမိ၏ အထူးစွမ်းရည်များလည်း လိုက်ပါတိုးတက်လာမည်ဖြစ်သည်။

...

ဤသို့ဖြင့် ရဲရှင်းချန်သည် ရဲရှင်းဟွေ့ကို ဝိညာဉ်လျှို့ဝှက်ကျင့်စဉ်ကို စတင်သင်ကြားပေးတော့သည်။ သင်ကြားပေးသည်ဟု ဆိုသော်လည်း ပါးစပ်ဖြင့် ရွတ်ဖတ်သင်ကြားပေးခြင်းမျိုး မဟုတ်ဘဲ ရဲရှင်းချန်က သူ၏နဖူးကို ရဲရှင်းဟွေ့၏နဖူးနှင့် တေ့ဆိုင်ကာ ဝိညာဉ်လျှို့ဝှက်ကျင့်စဉ်၏ ဖော်မြူလာနှင့် ကျင့်ကြံနည်းကို ရဲရှင်းဟွေ့ထံသို့ ပို့လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ဝိညာဉ်လျှို့ဝှက်ကျင့်စဉ်ကို ရရှိပြီးနောက် ရဲရှင်းဟွေ့သည် တင်ပျဉ်ခွေထိုင်ကာ စတင်လေ့ကျင့်တော့သည်။

ဝိညာဉ်လျှို့ဝှက်ကျင့်စဉ်ဆိုသည်မှာ နာမည်အတိုင်းပင် ဝိညာဉ်စွမ်းအားကို တိုးမြှင့်ပေးသော ကျင့်စဉ်တစ်ခုဖြစ်သည်။

တကယ်တော့ ရဲရှင်းချန်ထံတွင် ပို၍အံ့ဩဖွယ်ကောင်းသော ဝိညာဉ်ကျင့်ကြံနည်း ရှိသေးသည်။ ထိုကျင့်ကြံနည်းကို ယေဘုယျအားဖြင့် တစ္ဆေကျင့်စဉ်ဟု ခေါ်ကြသည်။

သို့သော် ပိုမိုအားကောင်းသော ဝိညာဉ်ကျင့်စဉ်များသည် ဝိညာဉ်စွမ်းအင် ကြွယ်ဝသောနေရာများတွင်သာ အဓိကသင့်တော်သည်။ ကမ္ဘာပေါ်တွင် ဝိညာဉ်စွမ်းအင်က နည်းပါးလှသဖြင့် ကျင့်ကြံရန်မလွယ်ကူပေ။ အကယ်၍ ရဲရှင်းဟွေ့ကို ပိုမိုအားကောင်းသော ကျင့်စဉ်တစ်ခုပေးလိုက်ပါက သူဘယ်အချိန်မှ အခြေခံကိုရနိုင်မည်ကို မသိနိုင်ပေ။

ရဲရှင်းဟွေ့ ကျင့်ကြံခြင်းအခြေအနေထဲသို့ ဝင်ရောက်သွားသည်ကို မြင်သောအခါ ရဲရှင်းချန်သည် အောက်ထပ်သို့ပြန်ဆင်းလာပြီး အခန်းထဲသို့ဝင်ကာ ကွန်ပျူတာဖွင့်ပြီး ကျွန်းနိုင်ငံနှင့် ယာဆူကူနီနတ်ကွန်းအကြောင်း အချက်အလက်များကို ရှာဖွေတော့သည်။

ယာဆူကူနီနတ်ကွန်းသည် စစ်ရာဇဝတ်ကောင်များ၏ ကိုးကွယ်ရာနေရာတစ်ခုဟု ဆိုနိုင်သည်။ ရဲရှင်းချန်၏ မှတ်ဉာဏ်ထဲတွင် ယာဆူကူနီနတ်ကွန်း မီးလောင်သည့်သတင်း လူပြောများသည့်နေ့၏ နောက်တစ်နေ့တွင် လျှို့ဝှက်ဆန်းကြယ်သော ထိုလူသည် သူ့ထံသို့ ရောက်လာခဲ့သည်။

ရဲရှင်းချန် အနည်းငယ် နားမလည်ဖြစ်သွားသည်။ တရုတ်လူမျိုးများစွာက ယာဆူကူနီနတ်ကွန်းကို မီးရှို့ချင်ကြသော်လည်း တင်းကြပ်စွာစောင့်ကြပ်ထားသော ထိုနေရာကို တကယ်တမ်း မီးရှို့နိုင်ဖို့ဆိုသည်မှာ အခြေခံအားဖြင့် မဖြစ်နိုင်ပေ။ နောက်ဆုံးမေးခွန်းက... ဘာကြောင့် သူ့အဖေက ယာဆူကူနီနတ်ကွန်းကို မီးရှို့ခဲ့ပြီး ကိုယ်တိုင် အဖမ်းခံခဲ့ရတာလဲ။

ဟုတ်သည်... ရဲချန်သည် ယာဆူကူနီနတ်ကွန်းကို မီးရှို့ပြီးနောက် ကျွန်းနိုင်ငံအစိုးရထံ သွားရောက်အဖမ်းခံခဲ့သည်။

ထို့နောက် ဘာဆက်ဖြစ်ခဲ့သည်ကိုတော့ ရဲရှင်းချန် မသိတော့ပေ။

တကယ်တော့ ရဲရှင်းချန်ထက် ရဲရှင်းဟွေ့က အချက်အလက်ပိုသိသည်။

ရဲရှင်းဟွေ့သည် ပျင်းလာသည့်အခါတိုင်း သူ၏အဖေဖြစ်သူ၏ ရာဇဝင်ကို ဝတ္ထုတစ်ပုဒ်ဖတ်သကဲ့သို့ ကြည့်လေ့ရှိသည်။

ထိုအထဲမှ အကြောင်းအရာတစ်ခုတွင် ရဲချန်က ယာဆူကူနီနတ်ကွန်းကို မီးရှို့ခဲ့သည့်အကြောင်း ဖော်ပြထားသည်။

ထိုအချိန်က ရဲချန်သည် ကျွန်းနိုင်ငံ၏ တော်ဝင်မင်းသမီးတစ်ပါးကို ကာကွယ်ပေးရသည့် တာဝန်တစ်ခု ထမ်းဆောင်နေခဲ့သည်။

ထိုတာဝန်သည် တစ်လကျော် ကြာမြင့်ခဲ့သည်။

ထိုကာလအတွင်း ကျွန်းနိုင်ငံ၏စိုးရသည် ယာဆူကူနီနတ်ကွန်းသို့ သွားရောက်ပူဇော်ပသရမည်ဖြစ်ပြီး မင်းသမီးကလည်း အတူလိုက်ပါသွားရမည် ဖြစ်သည်။

ကိုယ်ရံတော်တစ်ဦးအနေဖြင့် ရဲချန်နှင့် သူ၏လက်အောက်မှ ကြေးစားစစ်သားအချို့သည်လည်း မင်းသမီး၏လုံခြုံရေးကို အနီးကပ်ကာကွယ်ပေးရမည်ဖြစ်သည်။

ယာဆူကူနီနတ်ကွန်းဆိုသည်မှာ ဘယ်လိုနေရာမျိုးလဲဆိုတာ ကောင်းကောင်းသိသော ရဲချန်အတွက် ထိုနေရာသို့သွားရန် အလွန်ဝန်လေးနေခဲ့သည်။

ယာဆူကူနီနတ်ကွန်း၏ အဝင်ဝတွင် ဆိုင်းဘုတ်တစ်ခုရှိသည်။ ၎င်း၏အဓိပ္ပာယ်အကြမ်းမှာ နတ်ကွန်းထဲသို့ ဝင်လိုက်သည်နှင့် ဘိုးဘေးများကို ဂါရဝပြုခြင်းနှင့် ညီမျှသည် ဟူ၍ဖြစ်သည်။

တရုတ်မြေပေါ်တွင် မီးရှို့၊ သတ်ဖြတ်၊ လုယက်ခဲ့သော နတ်ဆိုးများကို ဂါရဝပြုရန် ရဲချန်အတွက် ဘယ်လိုမှ သဘောတူနိုင်စရာအကြောင်းမရှိပေ။

သို့သော် သူ၏တာဝန်မှာ မင်းသမီးကို ကိုယ်တိုင်ကိုယ်ကျ ကာကွယ်ရန်ဖြစ်သည်။

ဤသို့ဖြင့် ရဲချန်သည် အကြံကောင်းတစ်ခုရလာသည်။ ထိုအကြံမှာ ယာဆူကူနီနတ်ကွန်းကို ခိုးပြီးမီးရှို့လိုက်ရန် ဖြစ်သည်။

ယာဆူကူနီနတ်ကွန်းကိုသာ မီးရှို့လိုက်နိုင်လျှင် သွားရောက်လည်ပတ်ဂါရဝပြုရန် အကြောင်းမရှိတော့ပေ။

ယာဆူကူနီနတ်ကွန်းထဲသို့ မဝင်ချင်သည့်အရေးကို ရှောင်ရှားရန်အတွက် နတ်ကွန်းတစ်ခုလုံးကို မီးရှို့ပစ်ခဲ့သော သူ၏အဖေဖြစ်သူ၏ စိတ်ကူးစိတ်သန်းကို ရဲရှင်းဟွေ့တစ်ယောက် မချီးကျူးဘဲမနေနိုင်တော့ပေ။

အရေးကြီးဆုံးအချက်မှာ ယခုအချိန်အထိ ယာဆူကူနီနတ်ကွန်းကို ဘယ်သူမီးရှို့ခဲ့သည်ကို မည်သူမျှမသိခြင်းပင်။

အကြောင်းအရာက အနည်းငယ်လမ်းလွဲသွားသည်။

ရဲရှင်းချန်သည် ကျွန်းနိုင်ငံအကြောင်း အချက်အလက်များကို ခေတ္တမျှကြည့်ပြီးနောက် ကွန်ပျူတာကို ပိတ်လိုက်သည်။

ထိုအချိန်တွင်ပင် တံခါးဘဲလ် မြည်လာသည်။

ရဲရှင်းချန်က နားမလည်စွာဖြင့် တံခါးဖွင့်လိုက်သောအခါ ကတ်ထူပုံးကြီးများကို သယ်လာသော ပစ္စည်းသယ်သမားအချို့ကို တွေ့လိုက်ရသည်။

ပုံးထဲတွင် အသုံးအဆောင်ပစ္စည်းမျိုးစုံ ပြည့်နေသည်။

"ခင်ဗျားတို့က ဘယ်သူတွေလဲ။"

ရဲရှင်းချန်က သူ့ရှေ့မှလူကိုကြည့်ကာ မေးလိုက်သည်။

"ကျွန်တော်တို့က အိမ်ပြောင်းရွေ့ကုမ္ပဏီကပါ" ခေါင်းဆောင်ဖြစ်ဟန်တူသူက မိတ်ဆက်ပြီးနောက် ပြောလိုက်သည်။ 

"မစ္စကျိုးလင်က ဒီပစ္စည်းတွေကို ဒီကိုရွှေ့ခိုင်းလိုက်တာပါ။ ပစ္စည်းတွေကို အိမ်ပိုင်ရှင်ဆီ ပေးလိုက်ရုံပဲလို့ သူပြောပါတယ်"

ထိုစကားကိုကြားသောအခါ ရဲရှင်းချန်က ရှေ့သို့တိုးကာ ပုံးကိုဖွင့်ကြည့်လိုက်သည်။

အတွင်းထဲမှအရာအားလုံးသည် အိမ်အဟောင်းမှ ပစ္စည်းများဖြစ်နေသည်။

အတွင်းထဲတွင် မိသားစုငါးယောက်ဓာတ်ပုံများ၊ ရဲချန်စုဆောင်းထားသော ဝိုင်ဟောင်းများ၊ ဓာတ်ပုံအယ်လ်ဘမ်ကြီးတစ်ခု၊ ရဲရှင်းဟွေ့၏ ဂိမ်းစက်နှင့် ကွန်ပျူတာ...အသုံးအဆောင်ပစ္စည်းများစွာပင်။

"ကောင်းပြီ အထဲကိုရွှေ့လိုက်ပါ"

၎င်းတို့မှာ ဘာတွေဖြစ်သည်ကို သေချာအောင်ကြည့်ပြီးနောက် ရဲရှင်းချန်က ပစ္စည်းသယ်သမားများကို အရာအားလုံးကို အထဲသို့ရွှေ့ခိုင်းလိုက်သည်။

ပစ္စည်းများရွှေ့ပြီးသောအခါ ပစ္စည်းသယ်သမားများလည်း ပြန်သွားကြသည်။

...

ဝိညာဉ်လျှို့ဝှက်ကျင့်စဉ်နှင့် အကျွမ်းတဝင်ဖြစ်သွားပြီးနောက် ရဲရှင်းဟွေ့သည် ခေါင်မိုးထပ်မှ ဆင်းလာခဲ့ပြီး ပုံးကြီးများကို မြင်သောအခါ အံ့အားသင့်သွားသည်။

"ဒါတွေက ဘာတွေလဲ။"

"ငါတို့ရဲ့ပစ္စည်းတွေလေ... အိမ်ကိုတော့ရောင်းလိုက်လောက်ပြီ" ရဲရှင်းချန်က ပုံးများကို တစ်လုံးချင်းဖွင့်ရင်း ရှင်းပြလိုက်သည်။

ပုံးများအားလုံး ဖွင့်ပြီးသောအခါ ရဲရှင်းဟွေ့သည် အနည်းငယ်ဟောင်းနွမ်းနေသော ဓာတ်ပုံအယ်လ်ဘမ်ကြီးတစ်ခု၏ ဆွဲဆောင်ခြင်းကိုခံလိုက်ရသည်။

အယ်လ်ဘမ်၏အဖုံးကို နွားသားရေဖြင့် ပြုလုပ်ထားပြီး သိပ်မထူလှသဖြင့် အတွင်းထဲတွင် ဓာတ်ပုံများစွာရှိမည်မဟုတ်ဟု သူခန့်မှန်းမိသည်။

အယ်လ်ဘမ်ကို ဖွင့်လိုက်သောအခါ ရဲရှင်းဟွေ့သည် သူ၏အဖေငယ်စဉ်ကဓာတ်ပုံများနှင့် သူ၏ညီနှစ်ယောက်ကို တွေ့လိုက်ရသည်...

ခဏလေး... ညီနှစ်ယောက်

"ဒါမမှန်ဘူးလေ။ ငါ့အဖေမှာ ညီတစ်ယောက်ပဲရှိတာ ငါမှတ်မိနေတယ်"

All Chapters