← Chapters

ထိတ်လန့်သွားသော ဝက်ဝံကန်း

Vol. 2 Ch. 24

ထိတ်လန့်သွားသော ဝက်ဝံကန်း

Vol. 2 Ch. 24

အိမ်ပြန်ရောက်သောအခါ

အိမ်ထဲသို့ ဝင်သည်နှင့် ရဲရှင်းဟွေ့က "အစ်ကို... အစ်ကို... မင်းရဲ့ ချစ်စရာကောင်းတဲ့ညီလေး အနိုင်ကျင့်ခံခဲ့ရပြီ!"

"ကျွန်တော့်ကို အနိုင်ကျင့်တဲ့သူက ဂိုဏ်းဂဏနောက်ခံရှိတယ်၊ သူ့အဖေက ဒီမြို့မှာအချမ်းသာဆုံးပုဂ္ဂိုလ်ပဲတဲ့ အစ်ကို!"

ရဲရှင်းဟွေ့သည် ရဲရှင်းချန်၏ အခန်းထဲသို့ ရောက်ရှိလာစဉ် အော်ဟစ်လိုက်သည်။ သို့သော် ရဲရှင်းချန်သည် အိမ်တွင် လုံးဝမရှိပေ။ ဤသို့မြင်သောအခါ ရဲရှင်းဟွေ့သည် မျက်နှာကျက်ပေါ်သို့ ထပ်မံသွားရောက်ကြည့်ရှုသော်လည်း အစ်ကိုဖြစ်သူကို ရှာမတွေ့ခဲ့ပေ။

"အာ... သူပြန်မလာသေးဘူးလား"

သူ့အစ်ကို အိမ်တွင်မရှိသည်ကို တွေ့သောအခါ ရဲရှင်းဟွေ့သည် သူ့အခန်းသို့ပြန်လာကာ ကွန်ပျူတာကိုဖွင့်ပြီး ဤကမ္ဘာ၏ ယဉ်ကျေးမှုနောက်ခံအကြောင်းကို စတင်ရှာဖွေခဲ့သည်။

ယဉ်ကျေးမှုနောက်ခံသည် အလွန်အရေးကြီးသည်။ အချိန်ခရီးသွားတိုင်းသည် ကမ္ဘာနှစ်ခုကြားရှိ ယဉ်ကျေးမှုကွဲပြားမှုများကို အားကိုးပြီး ထုတ်ဖော်ပြသရမည် ဖြစ်သည်။

သီချင်းများ၊ ကဗျာများ၊ ဝတ္ထုများ၊ animeများ၊ ဂိမ်းများ...

*ငါအချိန်ခရီးသွားတစ်ယောက် ဖြစ်လာပြီဆိုတော့... ငါကူးယူဖော်ပြသူတစ်ယောက် ဖြစ်လာရမယ်*

ဤကမ္ဘာတွင် အမျိုးမျိုးသော anime၊ ဂိမ်းများ၊ ဝတ္ထုများနှင့် သီချင်းများ ရှိနေသော်လည်း သူ့ မူလကမ္ဘာနှင့် အနည်းငယ် ကွဲပြားသည်။

ရဲရှင်းဟွေ့အနှစ်သက်ဆုံးဖြစ်သော League of Legends သည် ဤကမ္ဘာတွင် မရှိပေ။ League of Legends မရှိသော်လည်း အခြားသော ပြိုင်ဆိုင်မှုရှိသည့် ဂိမ်းများစွာ ရှိသည်။

မူလက အချက်အလက်များကို ရှာဖွေရန် စီစဉ်ခဲ့သော ရဲရှင်းဟွေ့သည် ဂိမ်းကိုမြင်သည်နှင့် မူလရည်ရွယ်ချက်ကို ချက်ချင်းမေ့သွားပြီး ဂိမ်းကစားခြင်းတွင် နစ်မြုပ်သွားခဲ့သည်။

ဂိမ်းကစားရင်း အချိန်ကိုမေ့သွားခဲ့သည်။ ထို့အပြင် အကြောင်းရင်းတချို့ကြောင့် ရဲရှင်းဟွေ့သည် သူ၏ဂိမ်းစွမ်းရည်သည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် မြင့်မားနေသည်ဟု ခံစားရပြီး ညနက်ပိုင်းအထိ ဆက်တိုက်အနိုင်ရနေခဲ့သည်။

“ဂလု ဂလု…”

သူ့ဝမ်းဗိုက်မှ ဆန္ဒပြသံသည် ရဲရှင်းဟွေ့၏ ဂိမ်းကစားခြင်းကို ရပ်တန့်စေခဲ့သည်။

"ဘာကြီးလဲ... ဆယ်နာရီတောင် ကျော်နေပြီလား!"အော်ဟစ်ပြီးနောက် ရဲရှင်းဟွေ့သည် ဂိမ်းမှထွက်လိုက်သည်။

"ဒီလောက်ညဉ့်နက်နေပြီဆိုတော့ အစ်ကိုတော့ ပြန်ရောက်နေလောက်ပါပြီ!"

ထိုသို့ပြောပြီး ရဲရှင်းဟွေ့သည် အခန်းအပြင်သို့ ထွက်လာသော်လည်း ပတ်ပတ်လည်တွင် ကြည့်ရှုပြီးနောက် သူ၏အစ်ကိုကို ရှာမတွေ့သေးပေ။

“ဂလု ဂလု…”

သူ့ဝမ်းဗိုက်က နောက်တစ်ကြိမ် ဆန္ဒပြပြန်သည်။ သို့သော် ရဲရှင်းဟွေ့သည် သူ့အစ်ကို ဘယ်ရောက်နေသည်ကို ဂရုမစိုက်တော့ပေ။ သူသည် အောက်ထပ်သို့ ဆင်းပြီး တစ်ခုခုစားရန် စီစဉ်ခဲ့သည်။

သူခုမှ ပြောင်းလာတာဖြစ်သောကြောင့် မီးဖိုချောင်တွင် ချက်ပြုတ်ရေးကိရိယာများ အပြည့်အစုံရှိသော်လည်း... ဆန် သို့မဟုတ် ဟင်းသီးဟင်းရွက်များ မရှိသဖြင့် လုံးဝ ချက်ပြုတ်လို့မရပေ။ အခုတော့ အပြင်ထွက်စားရုံသာ ရှိတော့သည်။

ရဲရှင်းချန်ရဲ့ ဘေးကင်းရေးကိစ္စလား...အပိုတွေမပြောပါနဲ့။ သူဘယ်သူလဲ.... သူက မသေမျိုးဧကရာဇ် တစ်ပါးဖြစ်ပြီး အပြင်ထွက်တဲ့အခါ သူ့ရဲ့ဘေးကင်းရေးကို စိတ်ပူစရာမလိုပါဘူး။

တစ်ချိန်တည်းမှာပင်။

ကူယန်မြို့ ဆင်ခြေဖုံးပန်းခြံတစ်ခုရှိ ရေကန်ဘေးတွင် ရဲရှင်းချန်သည် ရေကန်ဘေးရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင် ခြေချိတ်ထိုင်နေသည်။

ကြယ်ရောင်မျှင်များက သူ့ပတ်လည်တွင် လည်ပတ်နေပြီး နောက်ပိုင်းတွင် သူ့ကိုယ်ခန္ဓာထဲသို့ စုပ်ယူသွားသည်။

ယနေ့ကျောင်းချိန်အတွင်းတွင် သူသည် ကူယန်မြို့၏ မြေပုံကို မိုဘိုင်းဖုန်းဖြင့် ရှာဖွေခဲ့ပြီး ဤစိတ်ဝိညာဥ်စွမ်းအင်းရှိသော ရေကန်ကို တွေ့ရှိခဲ့သည်။

မူလက ရဲရှင်းဟွေ့ကို အတူတူ လာရန် ရှာဖွေချင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူက ရဲရှင်းဟွေ့ကို အကာအကွယ်ပေးရအုံးမှာ ဖြစ်သည်။ သို့သော် အပြင်သို့ ထွက်လာပြီးနောက် ထိုနေ့က လူသတ်သမားကို သတ်ခဲ့သော အနက်ရောင်ဝတ်ထားသည့် လူကြီးကို သူတွေ့ခဲ့သည်။

ထိုလူကြီးကိုတွေ့သောအခါ သူ့ညီလေးကို ကာကွယ်ပေးမည့်သူ ရှိနေပြီဖြစ်ကြောင်း ရဲရှင်းချန် သဘောပေါက်သွားပြီး ယခုအခါ အရေးအကြီးဆုံးအရာမှာ ကျင့်ကြံခြင်းသာဖြစ်ကြောင်း သိရှိသွားသည်။ ထို့နောက် သူသည် နှုတ်မဆက်ဘဲ ထွက်ခွာခဲ့သည်။

ရဲရှင်းချန်နှင့် မလှမ်းမကမ်းတွင် လေ့ကျင့်ရေးဝတ်စုံဝတ်ထားသည့် အဘိုးအိုတစ်ဦးနှင့် မိန်းကလေးငယ်တစ်ဦး ရှိနေသည်။ သူတို့နှစ်ဦး၏နောက်တွင် လက်နက်ကိုင်ကိုယ်ရံတော်လေးဦး ရှိသည်။

ရဲရှင်းချန်သည် သူ့နောက်မှ တစ်စုံတစ်ယောက်က သူ့ကိုကြည့်နေသည်ကို ကြာပြီကတည်းက သတိထားမိသော်လည်း သူတို့သည် မည်သို့မျှ နားမလည်နိုင်သောကြောင့် ဂရုမစိုက်ခဲ့ပေ။

ဤလူများက သူ့ကျင့်ကြံမှုကို အနှောင့်အယှက်ပေးမည်လားဟု ရဲရှင်းချန် စိတ်မပူခဲ့ပေ။ သူတို့သာ လာရဲပါက ရဲရှင်းချန်သည် သူ့ပတ်လည်ရှိ ကြယ်များ၏ စွမ်းအားကို အသုံးပြု၍ စက္ကန့်ပိုင်းအတွင်း သူတို့ကို ဆန်ခါအပေါက်များ ဖြစ်အောင် လုပ်ပစ်နိုင်သည်ဟု တွေးလိုက်သည်။

"အဘိုး! ဒီလူက ဘာလုပ်နေတာလဲ" မလှမ်းမကမ်းမှ မိန်းကလေးက အဘိုးအိုအား မေးလိုက်သည်။

"သူက ကျင့်ကြံနေတာ!" အဘိုးအိုက မရေမရာ ဖြေလိုက်သည်။

"သူလည်း သိုင်းသမားယောက်လား...ဘာလို့ ကျွန်မတို့ လေ့ကျင့်တဲ့အခါ သူလောက် မမိုက်ရတာလဲ"

မိန်းကလေးသည် ရဲရှင်းချန်ပတ်လည်ရှိ ကြယ်မျှင်များကို ကြည့်ရင်း သူမ၏ မျက်လုံးများ အနည်းငယ် မှုန်ဝါးနေခဲ့သည်။ အဘယ်ဆိုသော် ထိုကြယ်များသည် အလွန်လှပနေသောကြောင့် ဖြစ်သည်။

" အရမ်းမကပ်နဲ့...တခြားသူရဲ့ လေ့ကျင့်မှုကို နှောင့်ယှက်တာဟာ ရိုင်းစိုင်းတယ်!"

ထိုသို့ပြောပြီးနောက် အဘိုးအိုသည် မိန်းကလေးကို ခေါ်ဆောင်သွားသည်။

ရဲရှင်းဟွေ့သည် သူ့အစ်ကိုဘက်မှ  ငွေပေးမည့်အဘိုးနှင့်လည်း အောင်မြင်စွာ တွေ့ဆုံနေပြီဖြစ်ကြောင်း မသိခဲ့ပေ။ ရဲရှင်းဟွေ့သည် မလှမ်းမကမ်းရှိ စားသောက်ဆိုင်ငယ်တစ်ခုဆီသို့ တစ်ယောက်တည်း လျှောက်သွားခဲ့သည်။

လမ်းဆုံတစ်ခုသို့ ရောက်သည်နှင့် သူ့ရှေ့ရှိ လမ်းမီးတိုင်မှ အလင်းရောင်သည် ရုတ်တရက် ပိတ်ဆို့သွားသည်။ အပေါ်သို့ကြည့်လိုက်ရာ အရပ်ရှည်သော လူတစ်ဦးသည် သူ့ကို မျက်နှာချင်းဆိုင် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ထိုလူသည် အရပ်အနည်းဆုံး နှစ်မီတာရှိပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ညဉ့်နက်ပိုင်းတွင်ပင် အနက်ရောင်နေကာမျက်မှန်တစ်လက်ကို တပ်ဆင်ထားသဖြင့် အလွန်အထင်ကြီးလောက်စရာ ဖြစ်နေသည်။ ထိုသူကို မြင်သောအခါ ရဲရှင်းဟွေ့လည်း အံ့အားသင့်သွားသည်။

"မင်း ဘယ်သူ့ကိုကြည့်နေတာလဲ..." ဝက်ဝံကန်းက ရဲရှင်းဟွေ့ကို ငုံ့ကြည့်ပြီး မေးလိုက်သည်။

"မင်းကိုလေ..."

"မင်းကိုလေ" ဟု ပြန်ပြောမလိုဖြစ်ပြီး ကံကောင်းစွာဖြင့် ရဲရှင်းဟွေ့က ပါးစပ်ကို ရပ်လိုက်နိုင်ခဲ့သည်။

မြွေကွင်းစွပ်တက်တူးပါသော လူသတ်သမားကို ထိုနေ့က ဆံပင်ဆွဲပြီး လမ်းကြားထဲသို့ ဆွဲခေါ်ကာ သတ်ပစ်ခဲ့သော သူ့ရှေ့မှ လူကို ပြန်တွေးကြည့်ရင်း ရဲရှင်းဟွေ့သည် အနည်းငယ် ထိတ်လန့်သွားသည်။

ထိတ်လန့်တကြားဖြစ်နေသဖြင့် ရဲရှင်းဟွေ့သည် သတိမထားမိဘဲ သူ၏ ဓားလက်ချောင်းကိုလုပ်လိုက်ပြီး သူ၏ အထူးစွမ်းရည်ကို အချိန်မရွေး အသုံးပြုရန် အသင့်ပြင်လိုက်သည်။

သို့သော် ရဲရှင်းဟွေ့သည် ရုတ်တရက် ပြဿနာတစ်ခုကို တွေ့ရှိလိုက်သည်။ သူ့ရှေ့မှ လူသည် နေကာမျက်မှန်ကို ဝတ်ဆင်ထားသည်... ထင်ယောထင်မှား ဖြစ်စေသော စွမ်းအားသည် မျက်လုံးချင်းဆုံမှသာ အလုပ်လုပ်သည်။ တစ်နည်းအားဖြင့် သူ၏ အထူးစွမ်းရည်မှာ လုံးဝ အသုံးမဝင်တော့ပေ။

ဤအကြောင်းကို တွေးမိသောအခါ ရဲရှင်းဟွေ့သည် ပို၍ပင် ထိတ်လန့်သွားခဲ့သည်။ စိတ်လှုပ်ရှားပြီး ထိတ်လန့်နေသဖြင့် ရဲရှင်းဟွေ့သည် သူ့နှလုံးခုန်နှုန်းများ စတင်တုန်ခါလာသည်ကို ခံစားလိုက်ရသည်။

ထိုသို့ ပြင်းထန်သော နှလုံးခုန်ခြင်းသည် သူ့အပေါ်တွင် မည်သည့်သက်ရောက်မှုမှ မရှိခဲ့ပေ။ နှလုံးခုန်သံသည် ပို၍ ပို၍ ကျယ်လောင်လာပြီး မကြာမီပင် သူ့ရှေ့မှ လူက ကြားလိုက်ရသည်။

ရဲရှင်းဟွေ့၏ နှလုံးခုန်သံနှင့်အတူ ဝက်ဝံကန်း၏ နှလုံးခုန်သံသည်လည်း ပြင်းထန်စွာ စတင်ခုန်လာခဲ့ပြီး သူသည် စိတ်လှုပ်ရှားကာ ထိတ်လန့်လာခဲ့သည်။ ဝက်ဝံကန်းသည် တစ်ဝက်တစ်ပျက်နောက်သို့ ဆုတ်လိုက်ပြီး အတွင်းစိတ်မှ "ဘာကြီးလဲ... ငါ့ရှေ့က ဒီကလေးက လုံးဝ ရိုးရှင်းတဲ့သူ မဟုတ်ဘူး။ ဒီလို ပြင်းထန်တဲ့ ဖိစီးမှုမျိုးကို ပေးတဲ့သူမျိုး ငါတစ်ခါမှ မမြင်ဖူးသေးဘူး!" 

"အချက်အလက်တွေအရ ရဲရှင်းဟွေ့နဲ့ ရဲရှင်းချန်က သာမန်လူတွေပဲမလား.... ဘာလို့ ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ ဖိစီးမှုကို ငါခံစားနေရတာလဲ?"

ဤအကြောင်းကို တွေးပြီး ဝက်ဝံကန်းသည် သူ့ကတ်များကို ထုတ်ဖော်ရန် ဆုံးဖြတ်ခဲ့ပြီး ကစားခြင်းကို ရပ်လိုက်သည်။ ဝက်ဝံကန်းသည် မူလက ရဲရှင်းဟွေ့ကို ကြောက်အောင်လုပ်ရန် ရည်ရွယ်ခဲ့သော်လည်း ယခုတော့... သူကိုယ်တိုင်ပင် ကြောက်နေရသည်။

"စိတ်ထိန်းလိုက်  ရဲရှင်းဟွေ့......စိတ်ထိန်း!"

ဝက်ဝံကန်း ပြောသည်ကို ကြားသောအခါ ရဲရှင်းဟွေ့သည် အံ့အားသင့်သွားပြီးနောက် ဝက်ဝံကန်း ဆက်ပြောသည်ကို ကြားလိုက်သည်။ "ငါ့ကို မင်းရဲ့အဖေက မင်းကို ကာကွယ်ဖို့ ငှားရမ်းထားတာ! ငါက ရန်သူမဟုတ်ဘူး!"

"ဘာကြီးလဲ...ကျွန်တော့်ကို ကာကွယ်တာလ.... ဒါဆို ဘာလို့ ကျွန်တော့်ကို ဘာတွေကြည့်နေတာလဲ....လို့မေးနေတာလဲ"

"ဟားဟားဟား! ဒါက အထင်ကြီးစရာကောင်းအောင် လုပ်တာမဟုတ်ဘူးလား" ဝက်ဝံကန်းက ရယ်မောလိုက်သည်။

သူ့ရှေ့ကလူသည် သူ့ကိုကာကွယ်ရန် ရှိနေကြောင်း သိရှိသောအခါ ရဲရှင်းဟွေ့သည် စိတ်သက်သာရာရသွားခဲ့သည်။ သူသည် အမှန်ဟုတ်မဟုတ်ကို မသိပေ။ မူလက ပြင်းထန်သော နှလုံးခုန်သံလည်း ပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းမှာပင် ရဲရှင်းဟွေ့ထံမှ လာသော ဖိစီးမှုများလည်း ပျောက်ကွယ်သွားသဖြင့် ဝက်ဝံကန်းလည်း စိတ်သက်သာရာရသွားခဲ့သည်။

ထိုနှလုံးခုန်သံကို ကြားသောအခါ ဝက်ဝံကန်းသည် မဲလိုက်ခံရသော သားကောင်ကဲ့ ပစ်မှတ်ထားသလိုခံစားလိုက်ရသည်။

သူ့နှလုံးသားမှ အသံတစ်ခုက ရဲစွန့်ပြီး လုပ်ဆောင်ပါက သေသွားမည်ဟု သူ့အား ပြောနေခဲ့သည်။ 

All Chapters