← Chapters

အခန်း (၅၁၄-၅၁၆)

Vol. 35 Ch. 514-516

အခန်း (၅၁၄-၅၁၆)

Vol. 35 Ch. 514-516

အခန်း (၅၁၄) ဆယ်ရက်အကြာတွင် သော့လေးခု ထွက်ပေါ်လာခြင်း

ချူးယွင်ဖန်း၏ အသံသည် တည်ငြိမ်အေးစက်နေ၍ ကြားရသူတိုင်း၏ ဆံပင်များကို အဆုံးထိ ထောင်မတ်သွားသကဲ့သို့ ခံစားရစေသည်။ သူ၏စကားများက ခံစားချက်မဲ့နေသော်လည်း တုနှိုင်းမရသော စွမ်းအင်များကို ပေးစွမ်းစေသည်။ လုဖေးယွီက ရပ်တန့်ရဲခြင်းမရှိဘဲ၊ သူ၏ ချီစွမ်းအင်ကို ပြင်းထန်စွာလည်ပတ်၍ ထွက်ပြေးနေသည်။

ဤမြင်ကွင်းကိုမြင်ရသော တခြားလူများက တစ္ဆေတစ်ကောင်ကို မြင်ခဲ့ရသကဲ့သို့ ထိတ်လန့်သွားတော့သည်။ နိုင်ငံရပ်ခြားတွင် ကျော်ကြားသော လုဖေးယွီသည် ချူးယွင်ဖန်း၏ လှုပ်ရှားမှုအနည်းငယ်ဖြင့် ကျရှုံးခဲ့ရရာ၊ သူသည် သွေးများ အန်ထွက်သည်အထိ ဒဏ်ရာရ၍ ထွက်ပြေးနေရသည်။

ချူးယွင်ဖန်းကပင် ထိခိုက်မှု လုံးလုံးလျားလျား ရှိခဲ့ပုံမပေါ်ပေ။ တစ်ချက်တည်း ကြည့်လိုက်ရုံဖြင့် ၎င်းတို့နှစ်ဦးတွင် မည်သူက သန်မာ၍ မည်သူက အားနည်းသည်ကို ရှင်းလင်းစွာ သိနိုင်မည်ဖြစ်သည်။

"ချူးယွင်ဖန်းဆိုတဲ့ နာမည်ကို အရင်က ကြားဖူးပေမယ့် ဒီလောက်ထိ အင်အားကြီးမယ်လို့ မထင်ခဲ့မိဘူး"

ချူးယွင်ဖန်းသည် ဖုန်လုံးကြီးများထဲမှ ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာခြင်းကို မြင်သောအခါ ကျောင်းသားတစ်ယောက် တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်သည်။ လူအုပ်ကြီးသည် ကျောရိုးထဲအထိ အေးစိမ့်သွားမှုကို ခံစားလိုက်ရသည်။ ထိုကဲ့သို့သော ထိပ်တန်းကျွမ်းကျင်သူကို ၎င်းတို့၏ အရေအတွက်ဖြင့် ဆန့်ကျင်မည်ဆိုလျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။ ချူးယွင်ဖန်းကဲ့သို့ ကြောက်မက်ဖွယ် ဖြစ်တည်မှုမျိုး မဆိုနှင့်၊ လုဖေးယွီ တစ်ယောက်တည်းဆိုလျှင်ပင် ၎င်းတို့ကို အနိုင်ယူရန် လုံလောက်နေပြီဖြစ်သည်။

ဤကဲ့သို့ပုဂ္ဂိုလ်မျိုးနှင့် ရင်ဆိုင်ရာတွင် ၎င်းတို့က သေနတ်များ၊ အမြောက်များဖြင့် ပစ်ခတ်၍ ရှိရှိသမျှ အကုန်ထုတ်သုံးခြင်း မပြုလုပ်လျှင်၊ ဤကဲ့သို့ကျွမ်းကျင်သူမျိုးသည် အန္တရာယ်များလွန်းလှသည်။

လုဖေးယွီ ထွက်ပြေးသွားသည်ကို မြင်လိုက်ရသော ချူးယွင်ဖန်းက သူ၏အနောက်သို့ ဆက်လက်၍ လိုက်လံဖမ်းဆီးရန် စိတ်မဝင်စားတော့ပေ။ သူသည် များသောအားဖြင့် သတ်ဖြတ်ရန် တွန့်ဆုတ်နေသူ မဟုတ်သော်လည်း ယခုအချိန်တွင် ဤသို့ပြုလုပ်ရန် မလိုအပ်တော့ပေ။ သူသည်လုဖေးယွီကို ချေမှုန်းပြီးနောက် သူ၏ပန်းတိုင်သို့ အောင်မြင်စွာ ရောက်ရှိခဲ့ပြီဖြစ်သည်။

"ဘာလဲ။ မင်းတို့ကလည်း ရတနာသေတ္တာကို ငါနဲ့ ပြိုင်လုချင်သေးလို့လား" ချူးယွင်ဖန်းက မေးလိုက်သည်။

ဒါဇင်နှင့်ချီသော လူအုပ်ကြီးက တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်နေကြသည်။ ၎င်းတို့က နောက်ဆုတ်ရန် ဝန်လေးနေကြသော်လည်း ချူးယွင်ဖန်းနှင့် ဆက်လက်ယှဉ်ပြိုင်ရန် မဖြစ်နိုင်ကြောင်းကို ၎င်းတို့အားလုံး သိရှိထားကြသည်။

ခွန်အားကွာခြားချက်က အဆင့်တစ်ခုသို့ရောက်ရှိသွားချိန်တွင် အရေအတွက် များပြားခြင်းသည်လည်း အဓိပ္ပါယ်ရှိမည်မဟုတ်ပေ။

၎င်းတို့တွင် မျှော်လင့်ချက် မရှိတော့သည်ကို မြင်သောအခါ ၎င်းတို့အားလုံးက လူစုကွဲသွားကြသည်။ အဆုံးတွင်၊ ဤသော့များကို ရရှိနိုင်သည့် နေရာသည် တစ်ခုထက်မက ရှိနေသည်။ ကျောင်းကောင်စီဝင်များပင် ထွက်ပြေးရန် ရုန်းကန်နေကြသည်ကို တွေ့လိုက်ရသဖြင့် လူတိုင်းထွက်ပြေးသွားကြ‌သောအခါ ချူးယွင်ဖန်းက အဆုံးတွင် သူ၏ခေါင်းကို လှည့်၍ ရတနာသေတ္တာကို ဖွင့်ကြည့်လိုက်သည်။ သို့သော် သေတ္တာထဲတွင် သော့တစ်ချောင်းမဆိုနှင့် မည်သည့် ပစ္စည်းမှရှိမနေခဲ့ပေ။

"သော့မရှိဘူး"

ချူးယွင်ဖန်းက အနည်းငယ် အားယုတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အသေအကြေ တိုက်ပွဲဝင်ခဲ့သော်လည်း အဆုံးတွင် လက်ဆုပ်လက်ကိုင်ပြစရာ ဘာတစ်ခုမှ မရှိခဲ့ပေ။ သူသည် မည်သို့မျှ စိတ်ပျက် အားမလျှော့ဘဲ နေနိုင်မည်နည်း။

ချူးယွင်ဖန်းက သူ၏ စာဝင်ပုံးကို စစ်ဆေးလိုက်သည်။ ကျောင်းသားများ စတင် ယှဉ်ပြိုင်လာသည်နှင့်အမျှ ကျောင်းသားများအကြား အဆင့်သတ်မှတ်ချက်များ ပေါ်ပေါက်လာမည်ဖြစ်သည်။ ပထမနေရာတွင်ရှိနေသူမှာ မေ့ဟိုက်ယွင်ဖြစ်၍ သုန်ဖန်ဟောက်က အနောက်မှ ထက်ကြပ်မကွာ လိုက်နေခဲ့သည်။ ထို့အပြင် ထိပ်တန်းနေရာ ၁၀ခုတွင် ရင်းနှီးမှုရှိသော နာမည်အချို့လည်း ရှိနေသေးသည်။

ကျန်းပိုင်ဖေး၊ ဟွမ်ယုနှင့် အခြားသော ထင်ရှားသူများက စာရင်းတွင်ပါဝင်နေ၍ ချူးယွင်ဖန်း ကိုယ်တိုင်က အဆင့် ၅၀ ခန့်သာရှိသေးသည်။ သို့သော် ချူးယွင်ဖန်းက အလျင်လိုဖြစ်ခြင်း မရှိပေ။ ယခုသည် အစပျိုးရုံသာ ရှိသေးရာ၊ အချိန်တစ်လခန့် ကျန်ရှိနေသေးသည်။

သော့ဝှက်ထားနိုင်ခြေရှိသော အခြားတည်နေရာတစ်ခုကို ထပ်မံ စစ်ဆေးပြီးနောက် ချူးယွင်ဖန်းက ထိုနေရာဆီသို့ အမြန်ပြေးသွားခဲ့သည်။ သူသည် စစ်လွန်းပျံပေါ်ရှိ နည်းပြဆရာများစွာ၏ မျက်စိအောက်မှ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဆယ်ရက်ကြာသွားခဲ့ပြီ ဖြစ်ရာ၊ ဂိုဏ်းပေါင်းစုံမှ ထိပ်တန်းတပည့်များသည် ကြယ်တာရာကျွန်းထဲသို့ ပိုမိုနက်နဲစွာ ခရီးဆက်ခဲ့ကြ၍ ကျွန်းတစ်ခုလုံးတွင် တုန်လှုပ်ချောက်ချားဖွယ်ရာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို စတင်ခဲ့ကြသည်။

၎င်းတို့သည် ဂိုဏ်းပေါင်းစုံက ထိပ်တန်းအဆင့်တွင် ရှိနေကြသူများဖြစ်သည်။ ၎င်းတို့အားလုံးတွင် အလွန်အစွမ်းထက်သော အမွေအနှစ်များရှိကြ၍ အလွန် သန်မာကြသူများဖြစ်သည်။ ကျွန်းပေါ်တွင် မွန်းစတားများ အဆုံးမရှိအောင် များပြားကြသော်လည်း ကျောင်းသားများက အင်အားအပြည့်ဖြင့် တိုက်ခိုက်နေကြသည်။ ဤကဲ့သို့ ထိရောက်သော သတ်ဖြတ်မှုအောက်တွင်ပင် အသေအပျောက် အများအပြား ရှိနေဆဲဖြစ်သည်။

ကြယ်တာရာကျွန်းရှိ မြင်ကွင်းသည် ခွန်းလွန်နယ်မြေတစ်ခုလုံးရှိ၊ လူသားများနှင့် မွန်းစတားများကြားက အသေးစား တိုက်ပွဲတစ်ခုကဲ့သို့ဖြစ်နေသည်။ ဤဆယ်ရက်အတွင်းတွင်၊ ကျောင်းသားများသည် အဆက်မပြတ် သတ်ဖြတ်ခြင်းမှ အတွေ့အကြုံများစွာ ရရှိခဲ့ကြသည်။ စွမ်းအင်သန့်စင်မှုအဆင့်၏ အထွတ်အထိပ်ရှိ ကျောင်းသားအများအပြားသည် ဤဆယ်ရက်ကြာ သတ်ဖြတ်မှုအတွင်း မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ ဝင်ရောက်ခဲ့ကြသည်။

မရီးဒျန်သန့်စင်ခြင်း၏ သတ္တမ သို့မဟုတ် အဋ္ဌမအဆင့်ရှိ ကျောင်းသားများသည်လည်း အခြေအနေ အမျိုးမျိုးအထိ တိုးတက်ခဲ့ကြသည်။ ထို့အပြင် စွမ်းအင်သန့်စင်မှုအဆင့်၏ အထွတ်အထိပ်သို့ တက်လှမ်းခဲ့ကြသူများလည်း ရှိနေသေးသည်။

ဤကျောင်းသား အများစုသည် ၎င်းတို့၏ ခွန်အားကို မြှင့်တင်ပေးနိုင်သော ဆေးဖက်ဝင် ဆေးလုံးများ ရှိကြရာ၊ ၎င်းတို့၏ အဆက်မပြတ် သတ်ဖြတ်ခြင်းများနှင့်အတူ လျင်မြန်စွာ တိုးတက်လာကြသည်။ သို့သော် ကြယ်တာရာကျွန်းတွင် မွန်းစတားများ အများအပြားရှိခဲ့သည်။ ၎င်းတို့က ကျောင်းသားများကို အုပ်စုဖွဲ့၍ တန်ပြန်တိုက်ခိုက်နေချိန်တွင်၊ တစ်ချိန်တည်း၌ပင် ဒဏ်ရာ အပြင်းအထန်ရရှိမှုကြောင့် တိုက်ခိုက်နိုင်ခြင်းမရှိတော့ဘဲ ဆိုးရွားစွာ သေဆုံးသွားကြသည့် ရာနှင့်ချီသော ကျောင်းသားများလည်းရှိနေသည်။

ဤရက်စက် ကြမ်းကြုတ်သော လေ့ကျင့်မှုနည်းလမ်းသည် သန်မာသူများကို ပို၍သန်မာလာစေသော်လည်း အားနည်းသူများအတွက်မူ ငရဲကျနေသကဲ့သို့ဖြစ်စေသည်။ ဤထောင်နှင့်ချီသော ကျောင်းသားများသည် ၎င်းတို့အချင်းချင်း ဆယ်ရက်ကြာမျှ ပြင်းထန်စွာ လိုက်လံ သတ်ဖြတ်နေကြသည်။ အဆင့် သတ်မှတ်ချက် စာရင်းရှိ အမှတ်များသည် အချိန်တိုင်းနီးပါး ပြောင်းလဲနေသော်လည်း ထိပ်တန်းအဆင့်နေရာရှိ အမှတ်များက များများစားစား ပြောင်းလဲခြင်းမရှိပေ။

အင်အားကြီးမားသော မွန်းစတားများဖြစ်လေလေ၊ ၎င်းတို့ကို သတ်ဖြတ်ရာတွင် ရရှိနိုင်မည့်ရမှတ်များ ပိုမို များပြားလေဖြစ်သည်။ ကျောင်းသားများက သန်မာလေလေ၊ မွန်းစတားများကို ပို၍များပြားစွာ သတ်ဖြတ်နိုင်လေဖြစ်၍၊ သာမာန်ကျောင်းသားများက ယှဉ်ပြိုင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။

ထို့ကြောင့်၊ ထိပ်တန်းအဆင့် ၁၀၀ တွင် အပြောင်းအလဲ များများစားစား မရှိခဲ့ပေ။ ထိပ်တန်းအဆင့်များ၏ အောက်ပိုင်းအဆင့်များတွင်တော့ ပြင်းထန်စွာ ပြောင်းလဲနေသည်။ အထူးသဖြင့် ထိပ်တန်းအဆင့် ၁၀၀၀ ရှိ အဆင့်သတ်မှတ်ချက်များသည် အဆက်မပြတ်ပြောင်းလဲနေသည်။

ကျောင်းသားများကြားက ယှဉ်ပြိုင်မှု မည်မျှပြင်းထန်သည်ကို တွေးကြည့်၍ပင် သိနိုင်သည်။ သန်မာသောကျောင်းသားများသည် အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့အချင်းချင်း တက်ကြွစွာ မရှာဖွေကြသော်လည်း တစ်နေရာရာတွင် ဖြတ်သွားဖြတ်လာ ပြုလုပ်ခြင်းမှ တွေ့ရှိနေကြဆဲဖြစ်သည်။ ဤထိပ်တန်းအဆင့် ကျောင်းသားများသည် ၎င်းတို့အချင်းချင်း ယှဉ်ပြိုင် တိုက်ခိုက်ကြခြင်းမှာ ပထမ သို့မဟုတ် ဒုတိယအကြိမ် မဟုတ်သော်လည်း ယေဘုယျအားဖြင့် ၎င်းတို့၏အဓိက ရည်ရွယ်ချက်မှာ ရဲတိုက်၏ သော့ငါးချောင်းကို ရှာဖွေရန်ဖြစ်သောကြောင့် ကြီးမားသောတိုက်ပွဲတစ်ခုကို ဆင်နွှဲခြင်းမရှိပေ။ တစ်ဖက်လူကို အကြွင်းမဲ့အနိုင်ယူနိုင်မည့် ယုံကြည်ချက်မရှိလျှင် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရန် ရွေးချယ်ခြင်းမရှိကြပေ။

အဆုံးတွင် ပထမဦးဆုံးသော့ ပေါ်ပေါက်လာသည်။ သော့ကို ရရှိခဲ့သောသူမှာ သုန်ဖန်ဟောက်မှလွဲ၍ အခြားသူမဟုတ်ပေ။ သူသည် တောင်ကြောတစ်ခုပေါ်တွင် သော့ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဤသတင်း ပျံ့နှံ့သွားပြီးနောက် ကျောင်းသားများ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ သော့ငါးခုအနက် သော့တစ်ခုကို သိမ်းယူသွားပြီဖြစ်သောကြောင့် သော့လေးချောင်းသာ ကျန်ရှိတော့မည် ဖြစ်သည်။

သုန်ဖန်ဟောက်သည် ပထမသော့ကို အမြန်သိမ်းယူလိုက်သည်။ မကြာခင်မှာပင် ဒုတိယသော့ကိုလည်း ရှာဖွေတွေ့ရှိခဲ့ရာ၊ ၎င်းသည် ထိပ်တန်းကျောင်းသား မေ့ဟိုက်ယွင်ဖြစ်သည်။

မေ့ဟိုက်ယွင်က သော့တစ်ချောင်းရရှိသည့် သတင်းသည် လူအများကို အထူးတလည် အာရုံစိုက်စေခဲ့သည်။ သူမှတစ်ပါး၊ ထိပ်တန်းအဆင့်တွင် သတ်မှတ်ခံရသော အခြားကျွမ်းကျင်သူ သုံးဦးရှိနေသော်လည်း၊ အခြားလူများကို နှိမ်နင်းနိုင်ခဲ့သော အထင်ရှားဆုံးလူမှာ ထိပ်တန်းကျောင်းသားဖြစ်လာသည့် မေ့ဟိုက်ယွင်ဖြစ်သည်။

ထို့နောက် တတိယနှင့် စတုတ္ထမြောက်သော့များ လျင်မြန်စွာ ပေါ်ထွက်လာသည်။ တတိယမြောက်သော့ကို ချင်းဟွာတက္ကသိုလ်မှ စီတု ကျီယင်းမှ ရရှိခဲ့၍ စတုတ္ထမြောက်သော့ကို မေ့ဟိုက်ယွင်နှင့်မတူသော နက္ခတ်ဂိုဏ်း၏ အမည်မသိ တပည့်တစ်ဦးဖြစ်သည့် ဟန်ပင်းမှ သိမ်းဆည်းရရှိခဲ့သည်။ စတုတ္ထမြောက်သော့ကို ဟွမ်မိသားစုမှ ဟွမ်ယုနှင့် ကျန်းမိသားစုမှ ကျန်းပိုင်ဖေးတို့ အပါအဝင် အခြားသော အင်အားကြီး ကျွမ်းကျင်သူများစွာက ပိုင်ဆိုင်ရန် တိုက်ပွဲဝင်ခဲ့ကြသည်။ ဟန်ပင်းဟာ အဆုံးတွင် သူ၏ခွန်အားဖြင့် စတုတ္ထမြောက် သော့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။

အချိန်အနည်းငယ် ကြာသည်အထိ၊ လေပြင်းတိုက်ခတ်မှုနှင့် တိမ်ထူထပ်ခြင်းများ ဖြစ်ပေါ်နေခဲ့ရာ၊ ၎င်းတို့အားလုံးသည် မပေါ်ပေါက်သေးသော်လည်း မကြာမီပေါ်ပေါက်လာတော့မည့် ပဉ္စမမြောက် သော့ဆီသို့ အာရုံရောက်လာကြသည်။

အခန်း (၅၁၅) မရီးဒျန်သန့်စင်ခြင်း ပဉ္စမအဆင့် အထွတ်အထိပ်၊ ပဉ္စမမြောက် သော့ကိုရရှိခြင်း

ကျောင်းသားများသည် သော့အတုများ၏ တည်နေရာများကို တစ်ခုပြီးတစ်ခု စစ်ဆေးပြီးသည်နှင့် ဖြစ်နိုင်ခြေများ တဖြည်းဖြည်း လျော့ပါးလာသည်။ တစ်နည်းဆိုရလျှင် ပဉ္စမြောက်သော့ကို ရှာတွေ့ရန် အချိန်အနည်းငယ်သာ လိုတော့သည်။ သော့တစ်ခုသာ ကျန်ရှိတော့သောကြောင့်၊ သော့ကို ရှာမတွေ့သေးသော လူများက စိတ်ပူစပြုလာကြသည်။ ဤသော့သည် ၎င်းတို့အတွက် နောက်ဆုံးအခွင့်အရေးဖြစ်သည်။

အခြားသော့လေးခု၏ ပိုင်ရှင်များသည် သာမန်လူများ မဟုတ်ကြရာ၊ ၎င်းတို့လက်ထဲက သော့များကို လုယူရန် ခက်ခဲမည်ဖြစ်သည်။

နောက်ထပ် ငါးရက်အကြာတွင် တောထူထပ်သော ရွှံ့နွံထဲ၌ နောက်ကျောတွင် ဓားရှည်ကြီးတစ်ချောင်းကို သိုင်းလွယ်ထားသည့် ပုံရိပ်တစ်ခုသည် သဘာဝ၏ နိယာမတရားများကို ဆန့်ကျင်၍ ရွှံ့နွံ၏မျက်နှာပြင်ပေါ်တွင် ဖြတ်သန်းသွားလာနေသည်။ ဧရာမ မွန်းစတားကြီးများပင် နစ်မြုပ်သွားနိုင်သော ရွှံ့နွံက ၎င်းကို အန္တရာယ်မပေးနိုင်ခဲ့ပေ။

ရွှံ့နွံ၏အလယ်ရှိ သန္တာကျောက်တန်းတစ်ခုပေါ်တွင် ရတနာသေတ္တာတစ်ခုရှိနေသည်။

'ကြည့်ရတာ ဒီကိုရောက်တာ ငါ ပထမဆုံးပဲဖြစ်မယ်'

ချူးယွင်ဖန်းက ကျေနပ်စွာ ပြုံးလိုက်သည်။ အခြားမည်သူမျှ ဤနေရာတွင် မရှိသောကြောင့် ရတနာသေတ္တာ၏ စစ်မှန်မှုကို လျင်မြန်စွာ အတည်ပြုနိုင်မည်ဖြစ်သည်။

ချူးယွင်ဖန်းသည် လွန်ခဲ့သည့်လဝက်တွင် တိုက်ပွဲများစွာကို ရင်ဆိုင်ခဲ့ရသည်။ သူသည် သော့များ ဝှက်ထားနိုင်သော နေရာမျိုးစုံကို ရှာဖွေခဲ့သည်။ တိုက်ပွဲများစွာကို တွေ့ကြုံခဲ့ရသော်လည်း သော့တစ်ချောင်းကိုမှ ရှာမတွေ့ခဲ့ပုံအရ ကံတရားက မိမိဘက်တွင် မရှိခဲ့ပုံပေါ်သည်။

ဤအရာသည် ခွန်အားနှင့် မသက်ဆိုင်ဘဲ ကံတရားအပေါ်မှာသာ လုံးလုံးလျားလျား မူတည်နေသည်။ ကံကောင်းလျှင် စောစီးစွာ ရှာတွေ့နိုင်မည်ဖြစ်၍ ကံမကောင်းလျှင် နောက်ထပ် တစ်လခွဲကြာ ရှာဖွေပြီးလျှင်ပင် သော့တစ်ချောင်းကိုပင် ရှာတွေ့နိုင်မည်မဟုတ်ပေ။

'တကယ်လို့ သော့ကို ရှာမတွေ့ရင် အင်အားသုံးပြီး လုယူဖို့အပြင် ငါ့မှာ တခြား ရွေးချယ်စရာရှိတော့ဘူး'

ချူးယွင်ဖန်းက တွေးလိုက်သည်။ ဤလုပ်ရပ်သည် အခြားလူများအတွက် မယုံကြည်နိုင်စရာ အတွေးတစ်ခုဖြစ်သော်လည်း၊ ချူးယွင်ဖန်းအတွက်မူ သူမလုပ်နိုင်သည့် အရာဟူ၍ ရှိမည်မဟုတ်ပေ။

ချူးယွင်ဖန်းသည် နတ်အဆင့် မွန်းစတားများ၏ အူတိုင်ကို လက်လျော့လို့ မဖြစ်နိုင်ပေ။ သူသည် မေ့ဟိုက်ယွင် သို့မဟုတ် အခြားလူများနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုလျှင်ပင် ပြုလုပ်ရပေလိမ့်မည်။ အချိန်အတော်အတန် ကြာပြီးနောက်တွင် ထိပ်တန်း ကျွမ်းကျင်သူများ အချင်းချင်း တိုက်ခိုက်နေကြသည်ဟူသော သတင်းမျိုးစုံ ပျံ့နှံ့လာသည်။ ၎င်းတို့ အချင်းချင်း သတ်ဖြတ်ကြသည်အထိ မပြုလုပ်ကြသော်လည်း၊ ၎င်းတို့၏ ခွန်အားကို အနည်းနှင့်အများ စမ်းသပ်နေကြသည်။

ဂုဏ်သတင်းကြီး၍ ၎င်းတို့၏နာမည်များကို ကြားသိရုံဖြင့် မှတ်မိနိုင်ကြသူများသည် အနည်းဆုံးလျှင် မရီးဒျန်သန့်စင်ခြင်း ဆဋ္ဌမအဆင့်တွင် ရှိနေကြသည်။ ဦးဆောင်သူစာရင်းရှိ ထိပ်ဆုံး ၁၀ ဦးတွင် အဆင့်သတ်မှတ်ခံရသူများသည် သတ္တမအဆင့်နှင့် အထက်တွင်ရှိကြ၍၊ ထိပ်တန်း ၃၀ တွင် အဆင့်သတ်မှတ်ခံရသူများမှာ ဆဋ္ဌမအဆင့်တွင် ရှိနေကြသူများဖြစ်သည်။

ဤသည်မှာ မနှစ်ကထက် အနည်းငယ် ပိုမို ကောင်းမွန်လာခြင်းဖြစ်သည်။ လူသားများ၏ အရည်အသွေးများသည် နှစ်စဉ်နှစ်တိုင်း ပိုမိုတိုးတက်လာရာ၊ ဤဖြစ်စဉ်၏ အဓိက အထင်ရှားဆုံးချက်မှာ ထိုထိပ်တန်းကျောင်းသားများ၏ ခွန်အားများ တိုးမြင့်လာခြင်းဖြစ်သည်။

ချူးယွင်ဖန်းသည် ဦးဆောင်သူစာရင်းတွင် ထိပ်ဆုံး ၅၀ တွင်သာ အဆင့်သတ်မှတ်ခံထားရသည်။ တစ်လခွဲကျော်ကြာပြီးနောက် သူသောက်သုံးခဲ့သော သွေးဇစ်မြစ်ဆေးလုံး၏ ဆေးဖက်ဝင်အာနိသင်များကို လုံးလုံးလျားလျား စုပ်ယူနိုင်ခဲ့ပြီဖြစ်၍ သူ၏ကျင့်ကြံခြင်းသည်လည်း မရီးဒျန်သန့်စင်ခြင်း ပဉ္စမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဖြစ်သည်။

သို့သော် ဤသည်မှာ ကျင့်ကြံခြင်းအဆင့်သာဖြစ်သည်။ တိုက်ခိုက်နိုင်စွမ်းအရဆိုလျှင်၊ မရီးဒျန်သန့်စင်ခြင်း အဋ္ဌမအဆင့်သို့ တက်လှမ်းနိုင်ခဲ့သူမဟုတ်လျှင် ၎င်းအောက် နိမ့်သောအဆင့်တွင်ရှိနေသည့် မည်သူ့ကိုမဆို အနိုင်ယူနိုင်မည်ဟု ချူးယွင်ဖန်းက ယုံကြည်မှုရှိသည်။ ယခုမူ၊ ချူးယွင်ဖန်းသည် ပဉ္စမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ အကယ်၍ မိမိသာ အခြားသွေးဇစ်မြစ်ဆေးလုံးများကို သောက်သုံးမည်ဆိုလျှင်၊ အချိန်တိုအတွင်းမှာပင် ဆဋ္ဌမအဆင့်သို့ အဆင့်ဖြတ်သွားနိုင်မည်ဖြစ်သည်။ ထိုအချိန်သို့ရောက်သောအခါ၊ အင်အားကြီးသော ရန်သူများကိုပင် နှိမ်နင်းနိုင်မည်ဟု ယုံကြည်မှုရှိသောကြောင့် သူသည် မည်သည့်အရာကိုမှ ကြောက်ရွံ့ခြင်းမရှိပေ။

ချူးယွင်ဖန်းသာ သော့တစ်ချောင်းကို ရှာမတွေ့နိုင်လျှင် တစ်ခြားလူဆီက လုယူမည်ဖြစ်သည်။ မည်သူကမှ ဤအူတိုင်ကို လက်လွတ်ခံ၍ ကြည့်နေကြမည် မဟုတ်သည်ကို သူသိထားသည်။ နောက်ဆုံး ပဉ္စမမြောက် သော့ကို လူတိုင်းက ကမန်းကတန်း ရှာဖွေနေကြသည်။ နောက်ဆုံးသော့တွင် ပိုင်ရှင်ရှိပြီးသည်နှင့် တိုက်ပွဲ အစစ်အမှန်ကို စတင်မည်ဖြစ်သည်။

မည်သူမှ အလွယ်တကူ အရှုံးမပေးချင်ကြရာ၊ ထိုအချိန်ရောက်လျှင် ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲတစ်ခုဖြစ်ပွားမှာ အသေအချာပင်ဖြစ်သည်။ ချူးယွင်ဖန်းသည် ဤသို့တွေးထားသော်လည်း ထိုအဆင့်ကို မရောက်ရှိသေးသည်ဖြစ်ရာ၊ ရောက်သည်အထိလည်း မသွားချင်သေးပေ။ အဆုံးတွင်၊ သူ၏လက်ထဲတွင် သော့တစ်ချောင်းရှိနေမှသာလျှင် လက်ဦးမှုရယူနိုင်မည်ဖြစ်သည်။

ပဏာမခြေလှမ်းမရှိလျှင်၊ မည်သည့်ကိစ္စကိုမဆို အဆင်ပြေအောင် ပြုလုပ်နိုင်မည် မဟုတ်ပေ။

ကျန်းလင်းရှောင်နှင့် မတိုက်ခိုက်မီ လက်ကျန်အချိန်သည် နှစ်ဝက်မျှသာ ကျန်ရှိတော့သည်ဖြစ်သောကြောင့် အချိန်မရှိလှတော့ပေ။ ကျန်းလင်းရှောင်နှင့် ထိပ်တိုက် ရင်ဆိုင်လိုလျှင် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ရောက်ရှိရပေလိမ့်မည်။

ရွှံ့နွံတစ်လျှောက်တွင် အစိမ်းရောင်အဆိပ်ဖားများ ရုတ်တရက် ပေါ်ပေါက်လာသည်။ ဤအဆိပ်ဖားများသည် ရွှံ့နွံများထဲတွင် ပုန်းအောင်း၍ အဆိပ်ပြင်းသော အရည်များကို ထွေးထုတ်နေကြသည်။ ၎င်းတို့သည် မရီးဒျန်သန့်စင်ခြင်းအဆင့် မွန်းစတားများသာဖြစ်သော်လည်း၊ များသောအားဖြင့် အစုလိုက်အပြုံလိုက် နေထိုင်ကြသောကြောင့် ၎င်းတို့ကိုင်တွယ်ရန် အခက်အခဲရှိကြသည်။

၎င်းတို့အားလုံးကို တစ်ပြိုင်နက်တည်း ခုခံကာကွယ်ရန် မဖြစ်နိုင်သလောက် ခက်ခဲသည်ဟုဆိုနိုင်သော်လည်း ချူးယွင်ဖန်းက ကွဲပြားခြားနားသည်။ သူ၏လက်ထဲရှိ ကျူးချွဲ့ကို သွက်လက်စွာ လှုပ်ရှားလိုက်၍ သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် မထိုးဖောက်နိုင်သော အကာအကွယ်တစ်ခုကို ဖန်တီးစေခဲ့သည်။

ချူးယွင်ဖန်းက အဆိပ်ဖားများအားလုံးကို မောင်းထုတ်ပြီးနောက် သိပ်မကြာခင်မှာပင် ၎င်းတို့အားလုံး အစအနပင် မကျန်အောင် ပျောက်ကွယ်သွားတော့သည်။ ချူးယွင်ဖန်း၏ခြေဖဝါးအောက်တွင် ပေါ်ပေါက်လာသော ချီစွမ်းအင်အလွှာတစ်ခုသည် သူ့ကို ရွှံ့နွံပေါ်တွင် ရွေ့လျားသွားလာနိုင်စေခဲ့သည်။

ချူးယွင်ဖန်းသည် ရတနာသေတ္တာဆီသို့ လျှောက်သွားသည်။ သူသည် ရတနာသေတ္တာကို အလျင်အမြန် ဖွင့်ကြည့်လိုက်သောအခါ အနက်ရောင် သော့တစ်ချောင်း ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။

"နောက်ဆုံးတော့ ရှာတွေ့ပြီ"

ချူးယွင်ဖန်းက ရယ်မောလိုက်သည်။ နောက်ဆုံးကျန်ရှိနေသည့် သော့တစ်ချောင်း သူ၏လက်ထဲသို့ အမှန်တကယ် ကျရောက်လာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ သူသည် ၎င်းကို ကောက်ယူ၍ သိမ်းဆည်းလိုက်သည်။

သို့သော် ချူးယွင်ဖန်းက နေရာမှ ထွက်ခွာခါနီးတွင် ပတ်ဝန်းကျင်မှ သူ့ဆီသို့ လျင်မြန်စွာ လျှောက်လှမ်းလာသော ခြေသံများကို ရုတ်တရက် ကြားလိုက်ရသည်။ သူ မသိလိုက်ခင်မှာပင် ရွှံ့နွံ၏နံဘေးတွင် လူဒါဇင်ပေါင်းများစွာ ပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့သည် ချူးယွင်ဖန်းကို ရွှံ့နွံ၏ ဘက်ပေါင်းစုံမှ ပိတ်ဆို့ထားလိုက်သည်။

ချူးယွင်ဖန်းက သူ၏အိတ်ထဲသို့ ထည့်လိုက်သော သော့ကို မြင်လိုက်ရသော ၎င်းတို့က အလွန် စိတ်လှုပ်ရှားနေကြသည်။

ချူးယွင်ဖန်းက ရွှံ့နွံ၏ ကမ်းစပ်သို့ရောက်နှင့် ဝိုင်းရံလိုက်ကြသည်။

"ချူးယွင်ဖန်း၊ သော့ကိုလွှဲပေးရင် ငါတို့ မင်းကိုလွှတ်ပေးမယ်"

ဦးဆောင်သူ လူငယ်က ပြောလိုက်သည်။ ဤလူငယ်သည် ခမ်းနားထည်ဝါသော ရောင်ဝါရှိ၍ သူ၏ခန္ဓာကိုယ်ထဲတွင် စွမ်းအင်များ တင်းကျပ်စွာရှိနေသည်။ သူသည် ချူးယွင်ဖန်းကို အလွန် ရက်စက်ကြမ်းကြုတ်စွာ ကြည့်၍ အထက်စီးဆန်စွာပြောလိုက်သည်။

"မင်းက ဟွမ်ယု မဟုတ်လား"

ချူးယွင်ဖန်းက လူငယ်ကို သတိထားမိလိုက်သည်။ ယခုကာလအတွင်း သတင်းမျိုးစုံ ပျံဝဲနေခဲ့ရာ၊ အချို့သောလူများသည် လျင်လျင်မြန်မြန် ထွက်ပေါ်လာကြသူများသော်လည်း၊ ချူးယွင့်ဖန်းက အချို့လူများ၏ ရုပ်ရည်အသွင်အပြင်ကို သိရှိလာခဲ့သည်။

ကမ္ဘာ၏ထောင့်တိုင်းတွင် ပုံရိပ်ယောင်ကွန်ရက်များ ရောက်ရှိနေ၍ အချက်အလက်များကို အလွယ်တကူ ရှာဖွေနိုင်သည့်ခေတ်ဖြစ်သည့် အလျှောက် ၎င်းတို့၏ ရုပ်ရည်အသွင်အပြင်ကို သိရှိနေခြင်းမှာ ထူးဆန်းသော အရာမဟုတ်ပေ။ နှစ်ဖက်စလုံးက တစ်ယောက်ကို တစ်ယောက် သိရှိထားသော်လည်း ဤသည်မှာ ၎င်းတို့အချင်းချင်း ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။

"ဟုတ်တယ်၊ ငါက ဟွမ်ယုပဲ။ နောက်ဆုံးသော့က မင်း လက်ထဲ ရောက်သွားမယ်လို့ မထင်ထားဘူး။ မင်းက တော်တော်သန်မာတယ်ဆိုတဲ့ အကြောင်းကိုတော့ တချို့တစ်ဝက် ကြားဖူးထားတယ်။ ဒါပေမယ့် မင်း သန်မာတာက ဒါအကုန်ပါပဲ။ မင်း လက်ထဲမှာ သော့ရှိနေတာက ငါ့ကို ဖျောင်းဖျနိုင်မှာ မဟုတ်ဘူး။ အဲ့ဒီ့အစား၊ ပြဿနာကိုပဲ ပိုဖန်တီးစေမှာ”

ဟွမ်ယုက ပေါ့ပါးစွာပြောလိုက်သည်။ သူ၏ခွန်အားသည် ဤလူများ အားလုံးကို အမှန်တကယ် လွှမ်းမိုးထားသည်။ သူသည် ဦးဆောင်သူစာရင်း၏ ထိပ်တန်း ၁၀ နေရာတွင်သာ ရှိနေသော်လည်း၊ ၎င်းသည် အလွန်အထင်ကြီးစရာကောင်းသည်ဟု ယူဆထားနိုင်သည်။

အချက်ကျစွာ ပြောရမည်ဆိုလျှင်၊ ဦးဆောင်သူစာရင်း၏ ထိပ်ဆုံးတွင် ရှိနေကြသူများထဲတွင် မည်သူကမှ တစ်ဦးတစ်ယောက်တည်း တိုက်ခိုက်နေကြခြင်း မဟုတ်ကြပေ။

အခန်း (၅၁၆) လူထုရန်သူ၏ ချူးယွင်ဖန်း

မည်သို့ဆိုသော် မိမိကိုယ်ကိုသာ အားကိုးခြင်းဖြင့် အမှတ်များကိုစုဆောင်းခြင်းသည် အလွန် နှေးကွေးလွန်းသည်။ လူတစ်ဦးက မည်မျှ မြန်ဆန်နေပါစေ၊ ဤသို့ကိစ္စများတွင် မည်သို့မျှ အရှိန်မြှင့်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် အမှတ်များစုစည်းရန် အသင်းအဖွဲ့များစွာကို ဖွဲ့စည်း၍ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြစ်သည်။

ဤကျောင်းသားများသည် ဉာဏ်ကြီးရှင်များဖြစ်သော်လည်း ၎င်းတို့အများစုသည် မတူညီသော ဂိုဏ်းများမှ လာကြသူများသည်။ ၎င်းတို့နောက်ကွယ်ရှိ အင်အားစုများ၏ ဆန္ဒကို ၎င်းတို့က လုံးလုံးလျားလျား လျစ်လျူရှုထား၍ ရမည်မဟုတ်ပေ။ ဟွမ်ယုကို ဥပမာယူရမည်ဆိုလျှင်၊ ကြီးမြတ်သော မိသားစုရှစ်ခုထဲမှ တစ်ခုဖြစ်သော ဟွမ်မိသားစုက သူ၏နောက်ကွယ်တွင်ရှိနေသည်။ ဟွမ်မိသားစုထဲရှိ လူအရေအတွက်သည် မရေတွက်နိုင်လောက်အောင် များပြားလှသည်။ နိုင်ငံရပ်ခြားရှိ အဓိကဂိုဏ်းခွဲများတွင်လည်း ဟွမ်မိသားစု၏ အဖွဲ့ဝင်များပါဝင်ကြသည်။

ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း တာအိုညီလာခံတွင် ဟွမ်မိသားစုသည် ကြီးမားသောအဖွဲ့ခွဲတစ်ခုကို ဖွဲ့စည်းကြသည်။ နှစ်စဉ်နှစ်တိုင်းတွင်၊ ဟွမ်မိသားစု၏ အဓိကအဖွဲ့ဝင်တစ်ဦးသည် မိသားစု၏ထောက်ပံ့မှုကို ထင်ရှားပေါ်လွင်စွာ လက်ခံရရှိမည်ဖြစ်သည်။ သို့ရာတွင်၊ နှစ်စဉ်နှစ်တိုင်း ထောက်ပံ့မှုရရှိမည့်သူသည် အမြဲတစေ တူညီနေမည်မဟုတ်ပေ။ ယခင်ကဆိုလျှင်၊ ၎င်းသည် ပြည်ထောင်စု အတွင်းမှ ဟွမ်မိသားစု၏ တိုက်ရိုက်သားစဉ်မြေးဆက်များကသာ ထောက်ခံမှုပိုမိုရရှိခဲ့သည်။ သို့သော် ယခုနှစ်တွင် ဟွမ်မိသားစု၏ အထူးချွန်ဆုံးတပည့်သည် နိုင်ငံရပ်ခြားတွင် ပေါ်ပေါက်လာခဲ့၍ ၎င်းမှာ ဟွမ်ယုဖြစ်သည်။

ထို့ကြောင့် ဟွမ်ယုသည် ဟွမ်မိသားစုထံမှ အကြီးမားဆုံး ပမာဏရှိသည့် လေ့ကျင့်မှုများကို ရရှိခဲ့သည်။ ဟွမ်မိသားစု၏ သားစဉ်မြေးဆက်များအပြင် ၎င်းတို့နှင့်သက်ဆိုင်သော အင်အားစုများအားလုံးသည် ဟွမ်ယုကို ထင်ရှားပေါ်လွင်စေရန် ကူညီပေးနေကြသည်။ ဤအရာသည် မိသားစုကြီးဖြစ်ရခြင်း၏ အကျိုးကျေးဇူးတစ်ခုပင် ဖြစ်သည်။ ၎င်းတို့နှင့် တူညီသည့် စိတ်ထားနှင့် နှလုံးသားရှိနေသရွေ့ လူတစ်ဦး သို့မဟုတ် နှစ်ဦးကို ထောက်ပံ့ရန် ခက်ခဲမည်မဟုတ်ပေ။

ချူးယွင်ဖန်းက ဤအချက်ကို ကောင်းကောင်းသိနေသည်။ မည်သို့ဆိုသော်၊ ယခုနှစ်တွင် ချူးမိသားစုက ထောက်ပံ့ပေးနေသူမှာ မိမိ၏ဝမ်းကွဲ ချူးယွင်ဖေးမှလွဲ၍ အခြားလူ မဟုတ်ပေ။ ချူးမိသားစုက ချူးယွင်ဖန်းကို အထင်အမြင်ကြီးကြသော်လည်း သူသည် ချူးမိသားစုကို မလိုအပ်သောကြောင့် နက်နက်နဲနဲ ဆက်သွယ်ရန် ရည်ရွယ်ချက်မရှိပေ။

ထို့ကြောင့် ချူးမိသားစုက ဒုတိယအကောင်းဆုံး ရွေးချယ်မှုအနေဖြင့် ချူးယွင်ဖေးကိုသာ ပြုစုပျိုးထောင်ခဲ့ကြသည်။ ချူးယွင်ဖေး၏ အရည်အချင်းသည်လည်း ငြင်းပယ်စရာမရှိပေ။ ယခင်က သူသည် တစ်ဦးတည်း တိုက်ပွဲဝင်၍ ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ရောက်နိုင်ခဲ့ရာ ချူမိသားစု၏ အသက်တူ အရွယ်တူ ပါရမီရှင်များကိုပင် ဖိနှိပ်ခဲ့သည်။ ယခုမူ ချူးမိသားစုတစ်ခုလုံး၏ ပြုစုပျိုးထောင်မှုအောက်တွင် အလွန်အင်အားကြီးမားလာပြီဖြစ်သည်။ ချက်ချင်းဆိုသကဲ့သို့ပင် ချူးယွင်ဖေး၏ နာမည်သည် ဦးဆောင်သူစာရင်း၏ အဆင့် ၁၅ နေရာတွင် ရှိနေပြီဖြစ်သည်။ သူသည် ထိပ်တန်း အဆင့် ၁၀ တွင်မပါဝင်သေးသော်လည်း သူ၏အောင်မြင်မှုသည် တုန်လှုပ်ချောက်ချားဖွယ် ကောင်းနေဆဲဖြစ်သည်။

နှစ်အနည်းငယ်ကြာမျှ ချူးမိသားစု၏ ပြုစုပျိုးထောင်ပြီးနောက်တွင် ချူးယွင်ဖေးသည် အနာဂတ်တွင် ကျန်းပိုင်ဖေးနှင့် အခြားလူများကို အမီလိုက်နိုင်မည်ဖြစ်သည်။

“ဆုတောင်းလေ” ချူးယွင်ဖန်းက ပြောလိုက်သည်။

“မင်းက အရမ်း မောက်မာတယ်ဆိုတဲ့ အကြောင်းကို ငါကြားဖူးတယ်။ အခု အပြင်မှာ တွေ့တော့မှ မင်းက ကောလဟာလတွေထက်တောင် ပိုပြီး မောက်မာနေတာပဲ။ မင်းမှာ ချူးမိသားစုရဲ့ ပံ့ပိုးမှုရှိရင် ထားပါ။ အခုက ချူးမိသားစုကတောင် မင်းကိုလက်လွှတ်လိုက်ပြီ။ မင်းက ငါတို့နဲ့ ယှဉ်ပြိုင်ဖို့ ဘယ်လိုအရည်အချင်းတွေ ရှိနေလို့လဲ"

ဟွမ်ယုသည် ဟိတ်ဟန်ကြီးသော အမူအရာဖြင့် ပြောလိုက်သည်။ သူသည် ချူးယွင်ဖန်းကို လုံးလုံးလျားလျား အရေးတယူပြုခြင်း မရှိသည့်အပြင်၊ အသိအမှတ်ပြုခြင်းလည်း မရှိပေ။

"ဟားဟားဟား" ချူးယွင်ဖန်းက ခွက်ထိုးခွက်လန် ရယ်မောလိုက်သည်။

"မင်းက ဘာကို ရယ်တာလဲ" ဟွမ်ယုက မျက်မှောင်ကြုတ်လိုက်သည်။

"မင်းကို သနားလို့ ရယ်တာလေ။ ဟွမ်မိသားစုဆိုတဲ့ အရေခွံကြီးမရှိရင် မင်းက ဘာမှအသုံးမဝင်တဲ့လူဘဲလေ မဟုတ်ဘူးလား" ချူးယွင်ဖန်းက ပြန်ဖြေလိုက်သည်။

"မင်းလို နိမ့်ကျတဲ့လူမျိုးက ငါ့လိုလူတစ်ယောက်ရဲ့ ရည်မှန်းချက်တွေကို ဘယ်လိုနားလည်နိုင်မှာလဲ။ လာလေ၊ သော့လိုချင်ရင် လာယူ”

“ဒီမှာ စည်ကားလှချည်လား။ ငါပဲ အထင်မှားနေတာလား။ သော့က မင်းလက်ထဲမှာလား ချူးယွင်ဖန်း"

ရုတ်တရက်ဆိုသလိုပင်၊ အဖွဲ့တစ်ခု ထပ်မံ၍ ရောက်ရှိလာသည်။ ၎င်းအဖွဲ့ဝင်များသည် ကျောတွင် ဓားရှည်တစ်ချောင်းစီကို အသီးသီး သယ်ဆောင်ထားကြ၍ ဓားသမားများကဲ့သို့ အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားကြသည်။

"တော်ဝင်ဓားသမားများ ဂိုဏ်း"

ဤလူများကို မြင်လိုက်ရသောအခါ ဟွမ်ယု၏ မျက်မှောင်ကြုတ်မှု ပို၍နက်နဲလာသည်။ ယူနီဖောင်းများကို ဝတ်ဆင်ထားသည့်၊ ၎င်းတို့သည် နိုင်ငံရပ်ခြားဂိုဏ်းဖြစ်သော တော်ဝင်ဓားသမားများ ဂိုဏ်း၏ တပည့်များမှလွဲ၍ အခြားလူမဟုတ်ပေ။ ဟွမ်မိသားစုနှင့် နှိုင်းယှဉ်၍ မရသော်လည်း တော်ဝင်ဓားသမားများ ဂိုဏ်း၏ အင်အားသညသည် ယခုနှစ်များတွင် လျင်မြန်စွာ တိုးတက်လာသည်။ အချက်ကျစွာ ပြောရမည်ဆိုလျှင်၊ ၎င်းတို့ ဂိုဏ်းနှစ်ခုကို နှိုင်းယှဉ်ရန်ပင် မလိုအပ်ပေ။ သို့သော်၊ လူတစ်ဦးတစ်ယောက်သည် တော်ဝင်ဓားသမားများ ဂိုဏ်း၏ အဖွဲ့ဝင်များနှင့် ရင်ဆိုင်ချိန်တွင် အားသာချက်များစွာ ရှိမည်မဟုတ်ပေ။

“ကဲ လာပြန်ပါပြီ နောက်တစ်ဖွဲ့။ ဒါပေမယ့် စိတ်မရှိနဲ့ကွာ၊ ဒီသော့က ငါ့အပိုင်မို့လို့ မင်းတို့ နောက်ကျသွားပြီ"

ချူးယွင်ဖန်းသည် သော့တစ်ချောင်းကို ပိုင်ဆိုင်ခဲ့သည်ဟူသော အချက်ကို ဖုံးကွယ်ထားခြင်းမရှိပေ။ ဖုံးကွယ်ထားရန်လည်း လိုအပ်မည်မဟုတ်ဟု ထင်မြင်မိသည်။ မိမိတွင် ဤကဲ့သို့သော ယုံကြည်မှုမျိုးမရှိလျှင် ကမ္ဘာပေါ်ရှိ သူရဲကောင်းများအားလုံးနှင့် မည်သို့မျှ ယှဉ်ပြိုင်နိုင်မည်နည်း။

"ဟားဟားဟား၊ ဟွမ်ယုတော့ သော့ကို မလုယူနိုင်သေးပုံရတယ်။ အဲ့ဒါဆိုရင် ဒီသော့က ငါ့အပိုင်ပေါ့”

လက်ထဲတွင် ဓားရှည်ကိုင်ဆောင်ထားသည့် အနက်ရောင်ဝတ်စုံနှင့် လူငယ်က ရှေ့သို့ တစ်လှမ်း လှမ်း၍ ပြောလိုက်သည်။ ချူးယွင်ဖန်းသည် ဤလူငယ်ကို သတိထားမိသည်။ သူသည် တော်ဝင်ဓားသမားများ ဂိုဏ်း၏ ယွီဖုန်းဖြစ်၍၊ လက်ရှိ ဦးဆောင်သူစာရင်းတွင် အဆင့် ၂၀ ၌ရှိနေသည်။

ဟွမ်ယုသော်လည်းကောင်း၊ ယွီဖုန်းသော်လည်းကောင်း၊ ၎င်းတို့နှစ်ဦးစလုံးသည် အန္တရာယ်များသော လူများဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးထဲမှ တစ်ယောက်ယောက်နှင့် ရင်ဆိုင်ချိန်တွင် မေ့ဟိုက်ယွင်ဆိုလျှင်ပင် သတိကြီးကြီးထားရမည်ဖြစ်ရာ၊ အခြားလူများက ဤကဲ့သို့ရန်သူကြီးတစ်ဦးနှင့် ရင်ဆိုင်နေရချိန်တွင် ပို၍ပင် သတိထား၍ ပြုမူရပေလိမ့်မည်။ ၎င်းတို့ နှစ်ဦး ပေါင်းစည်းလိုက်လျှင် အလွန် အင်အားကြီး၍ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်လာပေလိမ့်မည်။

"ယွီဖုန်း၊ ငါတို့ပူးပေါင်းပြီး ချူးယွင်ဖန်းကို အရင်ဖြုတ်ချကြရင် ဘယ်လိုလဲ။ သူ့ကို အနိုင်ယူပြီးမှ ငါတို့ကြားက အနိုင်ရသူကို ဆုံးဖြတ်ကြမယ်လေ” ဟွမ်ယုက အကြံပြုလိုက်သည်။

လက်ရှိအဖွဲ့ သုံးခုအနက် ချူးယွင်ဖန်းက အင်အားအနည်းဆုံးဖြစ်သည်။ သို့သော်၊ သူသည် လွန်ခဲ့သည့် တစ်လခွဲခန့်တွင် ကျန်းပိုင်ဖေးကို အနိုင်ယူခဲ့ဖူးရုံမက၊ လှုပ်ရှားမှုအနည်းငယ်ဖြင့် လုဖေးယွီကို သွေးအန်ထွက်၍ ထွက်ပြေးရသည်အထိ ပြုလုပ်ခဲ့သောကြောင့် ချူးယွင်ဖန်းကို ၎င်းတို့က လျှော့မတွက်ဝံ့ကြပေ။ ထိုဖြစ်ရပ်ဖြစ်ပွားရာ နေရာမှ လူများ ထွက်ခွာသွားသည်နှင့် ၎င်းသတင်းသည် လျင်မြန်စွာ ပျံ့နှံ့နေခဲ့သည်။ ဟွမ်ယုသည်လည်း ၎င်းတို့ နှစ်ဖွဲ့ တိုက်ခိုက်ရာမှဆုံးရှုံးမှုကြီးကြီးမားမား ကြုံတွေ့ခဲ့ပြီးနောက် ချူးယွင်ဖန်းက အကျိုးအမြတ်ရရှိသွားမည်ကို မလိုလားပေ။ ဤသို့ဖြစ်ပွားခဲ့လျှင်၊ အဆိုးဆုံး အခြေအနေဖြစ်သွားမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

“အဲ့အကြံက ဆိုးတော့ မဆိုးဘူး။ ချူးယွင်ဖန်း၊ မင်းဘက်က နောက်ဆုတ်မှာလား ဒါမှမဟုတ်ရင် ငါတို့ဘက်က တိုက်ခိုက်ရမလား" ယွီဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

မြင်ကွင်းဖြစ်ပွားရာ နေရာတစ်ခုလုံးသို့ အေးစက်မှုများ ဆင်းသက်လာသည်။

တစ်ချိန်တည်းမှာပင်၊ ကြယ်တာရာကျွန်းနှင့် သိပ်မဝေးလှသည့် ကြီးမားသော စစ်လွန်းပျံကြီးပေါ်ရှိ နည်းပြဆရာများက ဤမြင်ကွင်းကို ကြည့်နေကြသည်။ ကြယ်တာရာကျွန်းသည် ကြီးမားသောကြောင့် ဂြိုလ်တုပုံရိပ်များဖြင့် နေရာတစ်ခုလုံးကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နိုင်မည်မဟုတ်ပေ။ ရတနာသေတ္တာများရှိသည့် အချို့သော အဓိကနေရာများ သို့မဟုတ် အဓိကကျောင်းသားများနှင့် တပည့်အချို့၏ အနောက်တွင်သာ အထူးဂြိုလ်တုပုံရိပ်များ ပါရှိမည်ဖြစ်သည်။

ယခုမူ၊ ချူးယွင်ဖန်းက ဟွမ်မိသားစုနှင့် တော်ဝင်ဓားသမားများ ဂိုဏ်း၏ ပစ်မှတ်ထားခြင်းကို တစ်ပြိုင်နက်တည်း ခံနေရသည်ကို လူတိုင်းမြင်တွေ့လိုက်ရသည်။ မည်သည့်ဘက်နှင့် ဖြစ်ပါစေ၊ ချူးယွင်ဖန်းသည် ၎င်းတို့ကို တစ်ဦးချင်း ယှဉ်ပြိုင်တိုက်ခိုက်ရန် လွယ်ကူမည် မဟုတ်ပေ။ လူတိုင်း၏အကြည့်များသည် ကျန်းယွမ်ပင်ဆီသို့ ရောက်ရှိသွားကြသည်။ သူသည် ချူးယွင်ဖန်း၏ နည်းပြဆရာဖြစ်သောကြောင့် ဤနေရာတွင် တာဝန်ရှိသူဖြစ်သည်။

သို့သော် ကျန်းယွမ်ပင်က ငြိမ်သက်နေခဲ့ရာ၊ လူတိုင်းက သူ့ကို စိုက်ကြည့်နေကြသည်ကို မြင်သည့်အခါမှ သူက ခပ်ဖျော့ဖျော့ပြုံး၍ ပြောလိုက်သည်။

“ဒါက ဘာမှမထူးဆန်းပါဘူး။ ချူးယွင်ဖန်းက ဒီကိစ္စလေးကိုတောင် မဖြေရှင်းနိုင်ရင် ကျုပ်တော့ သူ့ကို သေချာပေါက် စိတ်ပျက်မိမှာ"

ကျန်းယွမ်ပင်သည် တာအိုညီလာခံသို့ မရောက်လာခင်တွင် ချူးယွင်ဖန်းကို အထူးစစ်ဆင်ရေးများဖြင့် လေ့ကျင့်ပေးခဲ့သည်။ သူသည် ချူးယွင်ဖန်း၏ ကန့်သတ်ချက်နှင့် ခွန်အား၊ မည်သည့်နေရာတွင် ရှိနေသည်ကို အလွန်ရှင်းလင်းစွာ သိရှိထားသည်။ အခြားတစ်ဖက်တွင် လူအရေအတွက်များ၍ အလွန်သန်မာသူများ ပါဝင်ကြသော်လည်း ကျန်းယွမ်ပင်က ချူးယွင်ဖန်းကို အကြွင်းမဲ့ ယုံကြည်နေဆဲဖြစ်သည်။

ထိုစကားကိုကြားသောအခါ ဟွမ်မိသားစု၊ တော်ဝင်ဓားသမား ဂိုဏ်းနှင့် ၎င်းတို့နှင့် ပတ်သက်နေသော သင်တန်းဆရာများ၏ မျက်နှာအမူအရာများ ချက်ချင်းပင် ချို့ယွင်းသွားသည်။ ကျန်းယွမ်ပင်၏ ဂုဏ်သတင်းသည် ပြည်ထောင်စု တက္ကသိုလ်အတွင်း၌သာ သက်ရောက်သော်လည်း နိုင်ငံရပ်ခြားတွင်လည်း နာမည်ကောင်းများရရှိထားသူဖြစ်သည်။ အဆုံးတွင် ၎င်းတို့က မည်သည့်စကားမှ မပြောနိုင်တော့ဘဲ၊ သရော်ရုံမျှသာ သရော်နိုင်ကြသည်။

"ချူးယွင်ဖန်း ရှုံးသွားတဲ့အခါကျမှ မင်းတို့ ဆရာ၊ တပည့် နှစ်ယောက်လုံး ဒီလောက်မောက်မာနိုင်ဦးမလား ကြည့်ရသေးတာပေါ့"

All Chapters