အခန်း (၅၂၆-၅၂၈)
Vol. 36 Ch. 526-528
အခန်း(၅၂၆) ချူးယွင်ဖန်းကို နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေသည့် အကြောက်တရား
ချူးယွင်ဖန်းသည် တောင်ထိပ်ရှိ ရဲတိုက်ဆီသို့ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။ အထွတ်အထိပ်သို့ နီးကပ်လာလေလေ ပို၍ များပြားသော ကျောင်းသားများကို မြင်ရလေလေဖြစ်သည်။ လူတိုင်းသည် ဤနေရာ၌ အစုအဖွဲ့များဖွဲ့၍ နေနေကြကာ လူတိုင်းက နောက်ဆုံးရလဒ်ကို မြင်ချင်နေကြသည်။ ထို့အပြင် နက္ခတ်ဂိုဏ်းက ၎င်းတု့ိကို ဤနည်းဖြင့် သယ်ယူရပါက ပို၍ အဆင်ပြေသည်။
ဤအချိန်တွင် ချူးယွင်ဖန်းသည် လူတိုင်း၏ အာရုံစူးစိုက်မှုကို ထင်ရှားစွာခံလာရသည်။ အထူးသဖြင့် သူရောက်လာသောအချိန်သည် အလွန်နောက်ကျနေလွန်းလှသဖြင့် လူအများက တစ်လတာလုံး၏ အလုပ်များအလဟဿဖြစ်ကုန်သည်ဟုပင် ထင်နေကြသည်ဖြစ်ရာ ဤသို့သော ခံစားချက်များရောထွေးလျက် ချူးယွင်ဖန်းကို ကြည့်နေကြသည်။ သို့သော် ချူးယွင်ဖန်းသည် လူရာနှင့်ချီ၍ ဆက်တိုက်သတ်ပစ်ခဲ့သော ပြင်းထန်သည့် အရှိန်အဝါသည် သူတို့၏ စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်းရှိနေဆဲဖြစ်သောကြောင့် အသတ်ခံခဲ့ရသူများသည် သာမန်လူများမဟုတ်ကြပေ။ ၎င်းတို့နှင့် မတူပေ။ တကယ်တမ်းတွင် ထိုသူများသည် ဤနေရာတွင်ရှိနေသောလူများထက်ပင် ပို၍ သန်မာသည်။ သို့ထိတိုင် ၎င်းတို့သည် ချူးယွင်ဖန်း၏ လက်ထဲတွင် ထိုကဲ့သို့ သေဆုံးခဲ့ကြရသည်။ ချူးယွင်ဖန်းကို သူတို့ မည်သို့ မကြောက်ဘဲနေကြလိမ့်မည်နည်း။
တောင်ပေါ် သစ်တောလမ်းတွင် ချူးယွင်ဖန်းသည် ကျူးချွဲ့ကို နောက်ကျောတွင်ထမ်းလျက် အထက်သို့ လျှောက်သွားသည်။ တောင်ထိပ်မှ ရဲတိုက်ကို သူမြင်နိုင်သည်။ တောလမ်းတစ်လျှောက်တွင် သားရဲများ၏ အလောင်းအချို့လည်းရှိနေသည်။ ၎င်းတို့သည် ပါဝင်သူများ အမှတ်များရနိုင်ခဲ့သည့် မွန်းစတားများဖြစ်သည်။
“ချူးယွင်ဖန်း မင်းက တော်တော် ရဲတာပဲ။ ငါတကယ် လေးစားပါတယ်။ မင်းရှောင်လွှဲလို့မရတဲ့ပိုက်ကွန်တစ်ခု မင်းကို စောင့်နေမှန်းသိတာတောင် အပေါ်ကို ဆက်လျှောက်ဖို့ သတ္တိရှိနေသေးတယ်ပေါ့”
ချူးယွင်ဖန်း၏ နောက်ကွယ်တွင် မထင်ထမှတ်ထားဖွယ်ကြီးမားသော အသွင်အပြင်တစ်ခုပေါ်လာသည်။ ဤလူသည် လက်ထဲတွင် ပုဆိန်ရှည်တစ်လက်ကို ကိုင်ထားကာ ချူးယွင်ဖန်း၏လမ်းကြောင်းကို တားဆီးထားလိုက်သည်။ ချူးယွင်ဖန်းက ထွက်ပြေးဖို့ ကြိုးစားလိမ့်မည်ကို ကြောက်နေသကဲ့သို့ပင်ဖြစ်သည်။
ဤပုဂ္ဂိုလ်သည် သရဖူနန်းတော်မှ လီရွှမ်မှတပါး အခြားသူမဟုတ်ပေ။
“ရှောင်လွှဲလို့မရတဲ့ ပိုက်ကွန်ဟုတ်လား။ မထင်ဘူး။ မင်းမှာရှိသလောက်လူတွေအကုန်လုံးနဲ့ လာတိုက်စမ်းပါ။ ငါအလျင်လိုနေတယ်” ချူးယွင်ဖန်းက ဘာသိဘာသာပြောလိုက်သည်။
“ချူးယွင်ဖန်း မင်းက အရင်လို မာနကြီးနေတုန်းပဲပေါ့” ချက်ချင်းပင် အေးစက်သော အသံတစ်ခုကိုကြားလိုက်ရသည်။ ဤလူသည် ချူးယွင်ဖန်း၏ မိတ်ဆွေဟောင်းဖြစ်သူမှတပါး အခြားသူမဟုတ်ပေ။ ဤသည်ကား ချူးယွင်ဖန်း ယခင်က အနိုင်ယူခဲ့ဖူးသည့် ကျန်းပိုင်ဖေးသာဖြစ်သည်။
ကျန်းပိုင်ဖေးသည် လက်ထဲတွင် ဓားရှည်တစ်လက်ကို ကိုင်ထား၍ ချူးယွင်ဖန်းကို အေးစက်စွာကြည့်နေသည်။ ထိုအချိန်က ချူးယွင်ဖန်းနှင့် တိုက်ခိုက်ခဲ့သည့် သူ၏ အင်အားသည် သိသိသာသာပင် သန်မာအားကောင်းလှသည်ဖြစ်ကာ ချူးယွင်ဖန်းနှင့် ယခင်က တိုက်ပွဲတွင် သူသည် မရီးဒျန်သန့်စင်ခြင်း ဆဌမအဆင့်သို့ မထင်မှတ်ဘဲ ရောက်ရှိလာခဲ့သည်။
ယခုဆိုလျှင် သုံးလနီးပါး ကုန်ဆုံးသွားခဲ့ပြီဖြစ်သဖြင့် ကျန်းပိုင်ဖေး၏ ကြံ့ခိုင်မှုသည်လည်း တိုးတက်လာသည်။ သူသည် မရီးဒျန်သန့်စင်ခြင်း သတ္တမအဆင့်သို့ တက်လှမ်းခဲ့ပြီဖြစ်သည်။ သို့သော် ချူးယွင်ဖန်းက မအံ့သြပေ။ ကျန်းပိုင်ဖေးသည် တက္ကသိုလ်တွင် တတိယအဆင့် ရပ်တည်နေသူဖြစ်သဖြင့် ချူးယွင်ဖန်းက သူ့ကို အနိုင်ယူခဲ့သော်လည်း သူ့တွင် ဤကဲ့သို့ စွမ်းဆောင်မှုမျိုးမရှိလျှင်သာ ထူးဆန်းနေပေလိမ့်မည်။
“အတူတူ တိုက်ခိုက်ကြမယ် အလျင်လိုနေတယ်ဟုတ်လား။ ဟားဟားဟား ချူးယွင်ဖန်း မင်းက အရမ်းထူးခြားပြီး မာန်တက်နေလွန်းတယ်”
ဤကြမ်းတမ်းသော လှောင်ရယ်သံနှင့်အတူ တောအုပ်ထဲမှ လူတစ်ယောက်ထွက်လာ၏။
ဤပုဂ္ဂိုလ်သည် အလယ်အလတ်ပုံစံဖြစ်သော်လည်း ထည်ဝါမှုရှိသည်။ ထိုသူသည် ချူးယွင်ဖန်း၏ ကျူးချွဲ့နှင့်ဆင်တူသော လေးလံသည့် ဓားတစ်စင်းကို ကိုင်ဆောင်ထားသည်။ ၎င်းသည် နဂါးသုတ်သင်သူတောင်မှ ဆင်းသက်လာသူ လုရှင်းရှန်ဖြစ်ကာ ဦးဆောင်သူစာရင်းတွင် နံပါတ်တစ်နေရာ၌ရှိနေသူလည်းဖြစ်သည်။
“ငါအစကတော့ အားနည်းတဲ့လူနည်းစုကို အနိုင်မကျင့်ချင်ခဲ့ပေမဘ့် အခုတော့ ဒီလိုမျိုး အရှုံးပေးလိုက်ဖို့ ဆန္ဒမရှိဘူး။ ချူးယွင်ဖန်း သော့ကို လွှဲပေးလိုက်၊ အကုန်အဆင်ပြေသွားလိမ့်မယ်။ မဟုတ်ရင် ငါတို့ကို အနိုင်ကျင့်တယ်ဆိုပြီး အဆိုးမဆိုနဲ့” ထို့နောက်တွင် ချူးယွင်ဖန်း၏ ထွက်ပြေးလွတ်မြောက်နိုင်မည့်လမ်းကြောင်းများအားလုံးကို ပိတ်ပင်တားဆီးထားရာ အခြားတစ်ဖက်တွင်မူ မိန်းကလေးငယ်တစ်ဦး ထပ်ပေါ်လာသည်။
ဤမိန်းကလေးသည် အရပ်ရှည်၍ သွယ်လျလှပသည်။ သူမသည် အလွန်လှသည်မဟုတ်သော်လည်း အလွန်နူးညံ့လှသည်။ သူမ၏ ခွန်အားနှင့်အတူ ထူးခြားသော ဆွဲဆောင်မှုတစ်ခုရှိသည်။ ချူးယွင်ဖန်းက သူမကို ချက်ချင်းမှတ်မိသည်။ ဤသည်မှာ ပီကင်းတက္ကသိုလ်၏ ကျွမ်းကျင်သူတစ်ဦးဖြစ်သည့်၊ ဦးဆောင်သူစာရင်းတွင် ဆယ်ယောက်မြောက်နေရာမှ တစ်ဦးတည်းသော မိန်းကလေးဖြစ်သူ လဲ့ယွီကျူးသာဖြစ်သည်။
“မင်းတို့လေးယောက်ပဲလား။ မင်းတို့ နောက်လိုက်တွေရောဘယ်မှာလဲ” ချူးယွင်ဖန်းက ဂရုမစိုက်ဘဲမေးလိုက်သည်။
“ချူးယွင်ဖန်း၊ ငါတို့ နောက်လိုက်တွေက မင်းကိုဘာမှလုပ်လို့မရဘူး။ သူတို့က မင်းကို အပြင်းအထန်တိုက်ခိုက်ရင်တောင် မင်းရဲ့တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ ငါတို့က ဘာလို့ သူတို့ကို အသားလွတ်အသေခံခိုင်းရမှာလဲ” သရဖူနန်းတော်မှ လီရွှမ်က အမှန်အတိုင်းပြောလိုက်သည်။
ရာနှင့်ချီသော ပါဝင်သူများကို သတ်ဖြတ်ခဲ့သည့် ချူးယွင်ဖန်းအကြောင်းကို ၎င်းတို့ ကြားသိနေကြဆဲဖြစ်သည်။ ၎င်းတို့တွင် လူပမာဏပိုများလျှင် ချူးယွင်ဖန်းကို ခြိမ်းခြောက်နိုင်ကြလိမ့်မည်ဖြစ်သော်လည်း လက်တွေ့တွင်မူ ထိုအဆင့်သို့ အမှန်တကယ်ရောက်နိုင်သူများသာလျှင် နားလည်နိုင်လိမ့်မည်ဖြစ်သည်။ ၎င်းတို့ကြားက ကွာဟချက်က အတိုင်းအတာတစ်ခုသို့ရောက်သွားပါက လက်လေးချောင်းကို လက်သီးနှစ်လုံးဖြင့်မတိုက်နိုင် ဟူသော စည်းမျဥ်းက ထိရောက်တော့မည်မဟုတ်ပေ။
လက်သီးနှစ်လုံးက လက်လေးချောင်းကို မတိုက်နိုင်ရန် လိုအပ်ချက်မှာ ခွန်အားချင်းတူနေရန်ဖြစ်သည်။ ၎င်းတို့လေးဦးသည် ဤညီလာခံတွင် အထူးချွန်ဆုံးပုဂ္ဂိုလ်များထဲမှအချို့ဖြစ်သည်။ အခြားသော့လေးခု၏ ပိုင်ရှင်များသာ တစ်ချိန်တည်းတွင် ပေါ်မလာပါက မည်သူကမျှ ဤအရာကို ကျော်သွားမည်မဟုတ်ပေ။
သို့သော် ဤလူများ၏ လက်ထဲတွင် သော့တစ်ချောင်းရှိနေပြီဖြစ်သဖြင့် ထိုသူတို့က ချူးယွင်ဖန်းကို တမင်သတ်ပစ်ရန် အချိန်မကျသေးကြောင်း သိသာ၏။ ထို့အပြင် ဤလူများသည် ၎င်းတို့၏ နောက်လိုက်များနှင့် ထောက်ခံသူများကို ခိုင်းစေ၍ ချူးယွင်ဖန်းကို ဝန်းရံသတ်ပစ်လိုလျှင်ပင် ၎င်းတို့၏ နောက်လိုက်များက လုပ်ဆောင်ရန် ဆန္ဒရှိကြမည်မဟုတ်ပေ။ မည်သူကမျှ သူတစ်ပါး၏ ကိုယ်ကျိုးအတွက် မိမိကိုယ်မိမိ စတေးလိုစိတ်မရှိကြပေ။ လူများစွာတွင်လည်း ဤသို့သော နှလုံးသားမျိုးမရှိပေ။ အကယ်၍ ဤလေးယောက်ကသာ ချူးယွင်ဖန်းကို စုပေါင်းတိုက်ခိုက်၍ ဖြုတ်ချနိုင်ခဲ့ပါက အခြားသူများကို တိုက်ခိုက်ရန်မလိုတော့ပေ။
ဤအခိုက်အတန့်တွင် အခြားတောင်ထိပ်တစ်ခုပေါ်တွင် တော်ဝင်ဓားများဂိုဏ်းမှ ဤမြင်ကွင်းကို ကြည့်နေကြသည်။
“ယွီဖုန်း မင်းဘာလို့ ဒီတိုက်ခိုက်မှုမှာမပါတာလဲ။ ချူးယွင်ဖန်းမှာတောင်ပံတွေရှိနေရင်တောင် လူအများကြီးက တစ်ချိန်တည်းမှာတိုက်ခိုက်ရင် သူလွတ်မြောက်ဖို့ ခက်ခဲမှာပဲ” လူငယ်က အဝေးမှလျှောက်လာပြီးနောက် ယွီဖုန်းကို မေးလိုက်သည်။
ယွီဖုန်းသည် ထိုလူငယ်ကို ကြည့်လိုက်ပြီးနောက် ခေါင်းယမ်းလိုက်သည်။
“မင်းနားမလည်ဘူးပဲ။ မင်းက ချူးယွင်ဖန်းကို တိုက်ခဲ့တာမဟုတ်ဘူး။ အဲ့တာကြောင့် အကြောက်တရားကိုနားမလည်ဘူး။ နောက်ဆုံးအကြိမ်က ငါသူ့ဆီကလွတ်အောင်မနည်းထွက်ပြေးခဲ့ရတာ။ ငါအဲ့လိုမျိုး ခံစားချက်မျိုး ထပ်မခံစားချင်တော့ဘူး”
ဤအချက်ကိုပြောပြပြီးနောက် ယွီဖုန်းသည် ချူးယွင်ဖန်းက သူ့တစ်ယောက်တည်း၏ အားအင်ဖြင့် ထိုးဖောက်ခဲ့ချိန်က ခံစားချက်ကို ပြန်အမှတ်ရမိသည်။ ထို စွမ်းအားမဲ့သော ခံစားချက်သည် ထပ်မံ၍ ပေါ်ပေါက်လာပြန်သည်။
ယွီဖုန်းသည် မရီးဒျန်သန့်စင်ခြင်း ဆဌမအဆင့်တွင်သာရှိနေသော်လည်း သူသည် ဓားဖွဲ့စည်းမှု၏ အကူအညီဖြင့် သတ္တမအဆင့်၏ စွမ်းအားကို ထုတ်သုံးနိုင်ခဲ့သည်။ ဤလူများကို ရင်ဆိုင်ရမည်ကို သူမကြောက်ပေ။ သို့သော်ချူးယွင်ဖန်းသည် သူ၏ စိတ်နှလုံးအောက်ခြေမှ စွမ်းအားမဲ့သောခံစားချက်မျိုးကို ခံစားမိစေခဲ့သည်။ သူ့ကိုယ်သူ ဝန်မခံလိုသည့် ကြောက်စိတ်လည်းဖြစ်သည်။ ချူးယွင်ဖန်းသည် လူအများကို သတ်ဝံ့ကြောင်း သူသိသောကြောင့် သူအသတ်ခံရမည်ကို အမှန်ပင် ကြောက်နေခဲ့သည်။ ချူးယွင်ဖန်းသည် ဟွမ်ယုကို ထိုကဲ့သို့သတ်ပစ်ခဲ့သည်ဖြစ်ရာ ၎င်းသည် ဟွမ်ယုက သူ့ကို သတ်ပစ်လိုခြင်းကြောင့်သာဖြစ်သည်။
ယွီဖုန်းသည်လည်း ချူးယွင်ဖန်းကို သတ်ပစ်ချင်သည်။ သို့သော် သူသည် ၎င်းကို ကျယ်လောင်စွာမပြောခဲ့ပေ။ ထို့ကြောင့် သူက တိုက်ခိုက်မှုမှ လက်ရှောင်ခဲ့ခြင်းဖြစ်သည်။ သူ ထပ်မံမကြိုးစားလိုတော့ပေ။ ထို့အပြင် သူသည် ၎င်းကို စဥ်းစားခဲ့သည်။ သူပဥ္စမသော့ကို ရလျှင်ရော မည်သို့ဖြစ်လိမ့်မည်နည်း။ လုယက်မှုများ၏ ဝေစုကို သူမရလိုပေ။ သော့ကိုင်ထားသူငါးဦးသည် နောက်ဆုံးတွင် ကြီးမားသောတိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲရပေလိမ့်မည်ဖြစ်သည်။
ယွီဖုန်း၏ နိုင်ပွဲရရှိနိုင်သော အခွင့်အလမ်းများသည် အလွန်နည်းပါးလွန်းလှသည်။ ထို့ကြောင့် ယွီဖုန်းက သူ့သေတွင်းသူ မတူးခဲ့ခြင်းဖြစ်သည်။
မှန်သည်။ ယွီဖုန်း သေရမည်မှာ သေချာလှသည်။
အခန်း(၅၂၇) မင်းတို့ပဲလား။ အရည်အချင်းမပြည့်မီဘူး
ယွီဖုန်း၏ ချူးယွင်ဖန်းကို ကြောက်စိတ်များသည် အရိုးထဲအထိ စိမ့်ဝင်နေ၏။ ထိုစဥ်က ယင်းကို သူသဘောမပေါက်သေးသောကြောင့်သာဖြစ်သည်။ နောက်ဆုံးတွင်မူ သူတစ်ကြိမ်တည်းရှုံးနိမ့်ခဲ့ခြင်းဖြစ်ရာ ဤသည်က သူ့ဘဝတွင် တစ်ခုတည်းသော ရှုံးနိမ့်မှုမဟုတ်သော်လည်း ဤရှုံးနိမ့်မှုသည် သူ့နှလု့းသားထဲတွင် လေးလေးနက်နက်စွဲထင်ကျန်ရစ်ခဲ့သည်။
“သူက တကယ်ကြောက်ဖို့ကောင်းတာလား” လူငယ်က သံသယဖြစ်နေသည်မှာ ထင်ရှား၏။ နာမည်ကြီး ဒုတိယနှစ်ကျောင်းသားသို့မဟုတ် အငယ်တန်းကျောင်းသားဖြစ်လျှင် ကိစ္စမရှိပေ။ သို့သော် ၎င်းတို့အားလုံးသည် တစ်နှစ်တည်း၊ အသက်တူသော ကျောင်းသားများဖြစ်ကြသည်။ ချူးယွင်ဖန်းက မည်ကဲ့သို့ အလွန်ကြောက်မက်ဖွယ်ကောင်းနိုင်လိမ့်မည်နည်း။
“ချူးယွင်ဖန်းနဲ့ အကြီးအကျယ် ပဋိပက္ခတွေဖြစ်နေတယ်လို့ ကောလဟာလထွက်နေတဲ့ ကျောင်းကောင်စီက ကျောင်းသား လုဖေးယွီလည်း ပေါ်မလာတာ သတိမထားမိဘူးလား” ယွီဖုန်းက ပြောလိုက်သည်။
လူငယ်က ဝေ့ဝုကိ်ကြည့်လိုက်သောအခါ ဤသည်က အမှန်တရားဖြစ်ပုံပေါ်ကြောင်း သိလိုက်ရသည်။ ယခင်က လုဖေးယွီကို သွေးအန်၍ ထွက်ပြေးရသည်အထိ အတင်းအကြပ်ရိုက်နှက်ခဲ့သည်။ ယုတ္တိတန်စွာပြောရလျှင် ဤအချိန်သည် ချူးယွင်ဖန်း၏ ပတ်ဝန်းကျင်ရှိ ကျွမ်းကျင်သူအများနှင့် ပူးပေါင်း၍ ချူးယွင်ဖန်းကို လက်စားချေရန် ထွက်လာသင့်သည်။ လူများလာသောအခါတွင် လက်စားချေခြင်းအောင်မြင်နိုင်သည့်အခွင့်အလမ်းပိုများသည်။ သို့သော် လုဖေးယွီပေါ်မလာပေ။ ချူးယွင်ဖန်းထံတွင် ဖိနှိပ်ခံရမည်မှာကြောက်သောကြောင့်ဖြစ်နိုင်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် အခြားတောင်စောင်းတစ်ခုတွင် လုဖေးယွီနှင့် ကျောင်းသားကောင်စီဝင်များစွာတို့သည် အောက်ဘက်ရှိ စောင့်ကြည့်နေကြသည်။
“လုဖေးယွီ၊ မင်းက ကူဖို့ ထွက်မသွားဘူးလား” ကျောင်းသားကောင်စီဝင်တစ်ယောက်က ပြောသည်။
“ပွဲကြည့်ဖို့ပဲ ငါတို့ကို ခေါ်လာတာလား”
“ငါက အခြားသူတွေအားလုံးနဲ့ ချူးယွင်ဖန်းကို သတ်ဖို့ စီစဥ်နေတာ။ ဒီကောင်က ကျောင်းသားကောင်စီကို အကြိမ်ကြိမ်ဆန့်ကျင်ပြီး ငါတို့ ကောင်စီဥက္ကဌကို အာဏာဖီဆန်ထားတယ်။ ဒါပေမယ့် ဒီတစ်ခါတော့မတူဘူး။ သူအရင်ကထက် ပိုသန်မာလာတယ်လို့ ငါခံစားရတယ်”
“အခုလောလောဆယ် အရမ်းအလျင်စလိုမလုပ်နဲ့ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ကြရအောင်”
နောက်ဆုံးသင်ခန်းစာအပြီးတွင် လုဖေးယွီသည် ယခင်က ကဲ့သို့ ယုံကြည်ချက် မပြင်းထန်တော့ပေ။ ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် ယခင်ကကဲ့သို့ အနိုင်ရရန် ယုံကြည်ချက် မရှိတော့ပေ။ ဤအခိုက်အတန့်တွင် လုဖေးယွီ၏ ခံစားချက်များသည် အလွန်ရှုပ်ထွေးလျက်ရှိသည်။ ချူးယွင်ဖန်း နိုင်မည် ရှုံးမည်ကို သူသေချာမသိပေ။ ချူးယွင်ဖန်း၏ အောင်ပွဲသည် သူ၏ သတိကြီးမှုကို မှန်ကြောင်း သက်သေပြပေးပေလိမ့်မည်။ သို့သော် ချူးယွင်ဖန်းရှုံးနိမ့်လိမ့်မည်ဟု ပို၍ပင် မျှော်လင့်ထားမိ၏။
လုဖေးယွီသည် ချူးယွင်ဖန်းကို အမှန်ပင် မုန်းတီးသည်။
သို့သော် ယခုအချိန်တွင် လုဖေးယွီသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသည့် အန္တရာယ်ရှိသော်လည်း အလွန်အန္တရာယ်များလှသော အငွေ့အသက်များကို ခံစားမိလိုက်ရသည်။ ချူးယွင်ဖန်း၏ အသွင်အပြင်တစ်ခုတည်းကြောင့် ဤပြောင်းလဲမှုသည် မသိသာလှသော်လည်း လုဖေးယွီတွင်ရှိသော ခံစားချက်သည် သိုင်းပညာရှင်တစ်ဦး၏ ပင်ကိုယ်သိစိတ်ကြောင့်သာဖြစ်သည်။
သူ့ကိုဝိုင်းထားသော လူလေးယောက်ကို ရင်ဆိုင်နေသည့် ချူးယွင်ဖန်းသည် အနည်ငငယ်မျှ ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိပေ။
“မင်းတို့လေးယောက်တည်းလား။ မင်းတို့ငါ့ကို အနိုင်မယူနိုင်မှာစိုးတယ်” ချူးယွင်ဖန်းက ဘာသိဘာသာပြောလိုက်ပြီးနောက် တောင်ထိပ်ဆီသို့ မော့ကြည့်လိုက်သည်။
“အချိန်သိပ်မကျန်တော့ဘူး ရဲတိုက်ကြီးဖွင့်တော့မယ်။ မေ့ဟိုက်ယွင်နဲ့ တခြားလူတွေအားလုံး တော်တော်စိုးရိမ်နေကြပြီထင်တယ်။ မင်းတို့ထဲက ဘယ်သူအရင်လာမလဲ။ ဒါမှမဟုတ် အတူတူတိုက်ဖို့ အစီအစဥ်ရှိလား”
ဤသို့ပြော၍ ချူးယွင်ဖန်းသည် မိမိရောက်နေသည်မှာ အန္တရာယ်ရှိသော အခြေအနေဖြစ်ကြောင်း သတိမထားမိဘဲ ပေါ့ပါးစွာဖြင့် ရှေ့သို့ လျှောက်လျမ်းလာသည်။
“အတူတူတိုက်ကြဟုတ်လား။ မင်းကိုယ်မင်း ဘာထင်နေလဲ။ မေ့ဟိုက်ယွင်တို့ သုန်ဖန်ဟောက်တို့ ထင်နေလား” လီရွှမ်က ကြုံးဝါးလိုက်သည်။ ထို့နောက် မမဖာ်ရွေသော အမူအရာမျိုးဖြင့် သူသည် ချူးယွင်ဖန်းကို အနောက်ဘက်မှ ဝိုင်းရံထားလိုက်သည်။
လီရွှမ်သည် ချူးယွင်ဖန်းကို မိမိက မယှဥ်နိုင်ဟူသောအချက်ကို မယုံပေ။ ချူးယွင်ဖန်းမဆိုနှင့် သူသည် မေ့ဟိုက်ယွင်ကိုပင် ထိပ်တိုက်ရင်ဆိုင်ဝံ့သူဖြစ်သည်။ သူက ချူးယွင်ဖန်းဆီသို့ ချီတက်သွားကာ လက်ထဲမှ ပုဆိန်ရှည်ကို တည့်တည့်ချိန်ရွယ်လိုက်သည်။
ဘွန်း
ချီစွမ်းအင်များ၏ စွမ်းအားကြောင့် ယင်းသည် လေကို ခွင်းကာ ကျယ်လောင်သောအသံနှင့်အတူ ပေါက်ကွဲထွက်လာသည်။ ထို့နောက် ချူးယွင်ဖန်းဆီသို့ ပြင်းထန်စွာ တိုးဝင်လာ၏။
ချူးယွင်ဖန်းက ရုတ်တရက် လှည့်ကြည့်လိုက်သည်။ သူသည် ကျူးချွဲ့ကို ဓားအိမ်မှထုတ်၍ ဝင်လာသော တိုက်ခိုက်မှုကို ချက်ချင်းတားဆီးလိုက်သည်။
လှံရှည်ကြီးသည် ကြီးမားလျသော ဓားကြီးနှင့် ထိပ်တိုက်တွေ့သွားသည်။ ဤလှံရှည်သည် ခုခံမှုနှင့် တိုက်ခိုက်မှုတို့၏ အဓိကအစိတ်အပိုင်းဖြစ်သော ဓားကြီးကို မဖြတ်ကျော်နိုင်ခဲ့ဘဲ ပိတ်မိနေသည်။ သို့သော် လီရွှမ်၏ ဒုတိယမြောက်တိုက်ခိုက်မှုသည်မူ ချူးယွင်ဖန်း၏ ခေါင်းထိပ်သို့ရောက်နေပြီဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် လီရွှမ်သည် ဤအဆင့်အထိ မရောက်နိုင်ခဲ့ပေ။ သူ၏ အရှိန်အဟုန်နှင့် ခွန်အားနှစ်မျိုးလုံးသည် ပြစ်ချက်ကင်းလှသဖြင့် သာမန်လူတစ်ဦးသာဆိုပါက သူ၏ ဤကဲ့သို့ အဆက်မပြတ်တိုက်ခိုက်မှုမျိုးကို ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ပေ။ သူတွင် အသာစီးရနေသရွေ့ သူ့ပြိုင်ဘက်ရှုံးနိမ့်သွားသည်အထိ အဆက်မပြတ်တိုက်ခိုက်ပေလိမ့်မည်။
လီရွှမ်သည် ဤနည်းလမ်းကို အမြဲတစေအသုံးပြုခဲ့ရာ အမြဲတစေလည်း အောင်မြင်ခဲ့သည်။ လီရွှမ်၏ အနည်းလမ်းကို မည်သူမျှ မတွန်းလှန်နိုင်ခဲ့ကြပေ။ သို့သော် ယခုအကြိမ်တွင် သူသည် ချူးယွင်ဖန်းနှင့်တိုက်ခိုက်နေခြင်းဖြစ်သည်။ လီရွှမ်သည် မြန်လှသော်လည်း ချူးယွင်ဖန်းက ပို၍ လျင်မြန်သည်။ သူ့အင်အားက ကြီးသည်ဆိုပါက ချူးယွင်ဖန်း၏ အင်အားသည် ပို၍ပင်ကြီးမား၏။ သူ၏သိုင်းကွက်များသည် လက်ရာမြောက်လှသော်လည်း ချူးယွင်ဖန်းထက် အနည်းငယ်မျှပင် မနိမ့်ကျပေ။ တကယ်တမ်းတွင် ပို၍ပင် ကောင်းမွန်လှ၏။
ဘမ်း
ဘမ်း
ဘမ်း
အချိန်တိုအတွင်း၌ပင် နှစ်ဖက်လုံးမှ သိုင်းကွက်များ ဆယ်ခုထက် မနည်း ဖလှယ်ခဲ့ပြီးကြပြီဖြစ်သည်။ တိုက်ခိုက်မှုအမျိုးမျိုးမှ အသံများအဆက်မပြတ်ထွက်ပေါ်လာ၍ ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ သို့သော် လီရွှမ်၏ မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို ချူးယွင်ဖန်းက အလွယ်တကူတားဆီးနိုင်ခဲ့သည်။
လီရွှမ်သည် တိုက်ခိုက်မှုအမျိုးမျိုးကို အသုံးပြုခဲ့သောကြောင့် သူသည် အသာစီးရနေပုံပေါ်သည်။ ၎င်းတို့သည် ချူးယွင်ဖန်းကို ချေမှုန်းတော့မည့် မုန်တိုင်းတစ်ခုသဖွယ်ပင်ဖြစ်သော်လည်း တစ်ခုခုမှားနေကြောင်း သူသိလိုက်သည်။ အပေါ်ယံတွင် သူက အသာစီးရနေပုံပေါ်သော်လည်း တကယ့် လက်တွေ့တွင်မူ ဤသို့မဟုတ်ပေ။
ချူးယွင်ဖန်းသည် သူ၏တိုက်ခိုက်မှုများကို အဆက်မပြတ် တွန်းလှန်နေခဲ့ရာ လီရွှမ်သည် တစ်ဆက်တည်းမတိုက်ခိုက်နိုင်ခဲ့ပေ။ လီရွှမ်၏ တိုက်ခိုက်မှုများအားလုံးကို ချူးယွင်ဖန်းက ကြားဖြတ်နေသောကြောင့် လီရွှမ်၏ ဓားချက်များသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်၍ မရနိုင်ပေ။
တစ်ကြိမ် နှစ်ကြိမ်သည် အဆင်ပြေသော်လည်း ချူးယွင်ဖန်းသည် တိုက်ခိုက်မှုအနည်းငယ်ကြာပြီးသည့်တိုင် ဆက်လက်ရပ်တည်နိုင်သေးသည်။ ဤအခြေအနေအောက်တွင် တစ်စုံတစ်ခုသည် မှားယွင်းနေ၏။ အမှန်တကယ်မှာ သူတိုက်ခိုက်ခဲ့သော ချူးယွင်ဖန်းသည် ဤတိုက်ပွဲ၏ စည်းချက်ကိုယ်တိုင် ဖြစ်နေကြောင်း လီရွှမ်နားမလည်နိုင်ပေ။
လီရွှမ်က အတွဲလိုက်မတိုက်ခိုက်နိုင်ခဲ့သောကြောင့် သူ၏တိုက်ခိုက်မှုတိုင်းတွင် ခွန်အားအပြည့်ပါသည်ဟု မယူဆနိုင်ပေ။ ချူးယွင်ဖန်းသည် ကျူးချွဲ့ကို မြှောက်၍ သူ၏သိုင်းကွက်တိုင်းကို ပေါ့ပါးလွယ်ကူစွာတားဆီးခဲ့သည်။ ပို၍ရယ်စဖွယ်ကောင်းသည်မှာ ချူးယွင်ဖန်းက တစ်လက်မမျှပင် ရွေ့လျားခြင်းမရှိဘဲ သူ၏ ခြေထောက်များကို မြေကြီးထဲစိုက်ဝင်နေသော သစ်ပင်၏အမြစ်များကဲ့သို့ မြဲမြံစွာစိုက်ထူထားခြင်းဖြစ်သည်။ ချူးယွင်ဖန်း၏ ရပ်တည်ချက်သည် အမှန်ပင် ပြီးပြည့်စုံအဆင့်သို့ရောက်နေပြီဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ တိုက်ပွဲကို စောင့်ကြည့်နေသူများ တုန်လှုပ်သွားကြသည်။ ၎င်းတို့သည် ၎င်းတို့၏ သက်ဆိုင်ရာ ဂိုဏ်းခွဲများတွင် အကောင်းဆုံးများ ဖြစ်ခဲ့သည်။ သို့မှသာ ယင်းကဲ့သို့ ညီလာခံတွင် ပါဝင်ရန် အရည်အချင်းပြည့်မီမည်ဖြစ်သည်။ ၎င်းတို့၏ ခွန်အားက အနည်းငယ် ညံ့ဖျင်းလှသော်လည်း မျက်စိအားကောင်းကြသေးသည်။ နောက်ဆုံးတွင်မူ ပြဿနာကို နားလည်သွားကြသည်။ ဤအချိန်တွင် လီရွှမ်သည် ၎င်းကို မထိန်းနိုင်တော့ပေ။
“ချူးယွင်ဖန်း ဒါကိုမြေးကြည့်လိုက်။ စကြဝဌာနဂါး” လီရွှမ်က ကြိမ်းဝါး၍ ချူးယွင်ဖန်းဆီသို့ ပြေးလာရာ သူ့လက်ထဲမှ လှံရှည်သည် ကြီးမားသော နဂါးကြီးအဖြစ်ပြောင်းလဲသွားသကဲ့သို့ပင်ထင်ရ၏။
အခန်း(၅၂၈) ရှုံးနိမ့်ကာ ဆုတ်ခွာခြင်း
လီရွှမ်၏ လက်ထဲမှ လှံရှည်သည် ချက်ချင်းပင် ကြီးမားလာကာ နဂါးကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားသည်။
သူသည် အမှန်တကယ်တွင် အရေးနိမ့်နေ၍ ချူးယွင်ဖန်း၏ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရပြီးနောက် လီရွှမ်က ချက်ချင်းပင် သူ့လက်နက်ပေါ်မှ အတားအဆီးကိုဖယ်ပေးလိုက်ကာ သူ၏အကောင်းဆုံးသော သိုင်းကွက်ကို ထုတ်သုံးလိုက်သည်။ လီရွှမ်၏ အရှိန်အဝါမြင့်တက်လာသည်။ ထို့နောက် သူသည် အလွန်ကြောက်မက်ဖွယ်ကောင်းလာကာ လုရှု့ရှန်၊ လဲ့ယွီကျူးနှင့် ကျန်းပိုင်ဖေးတို့၏ အမူအရာများသည်ပင်လျှင် စတင်၍ လေးနက်လာသည်။ ၎င်းတို့ကြားမှပူးပေါင်းမှုသည် ကာလတိုမျှသာဖြစ်ကာ ၎င်းတို့သည်လည်း ပြိုင်ဘက်များဖြစ်ကြသည်။ လီရွှမ်က ပို၍ သန်မာလာလေလေ သူတို့ အကျိုးအမြတ်ပိုရလေလေဖြစ်သော်လည်း ရေရှည်တွင်မူ ၎င်းသည် ကောင်းသောသတင်းတစ်ခုမဟတု်ပေ။ အကယ်၍ ချူးယွင်ဖန်းကို အနိုင်ယူ၍ သတ်နိုင်ခဲ့ပါက သော့ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်လာရဦးပေလိမ့်မည်ဖြစ်သည်။
ဤစွမ်းအင်နဂါးသည် ပတ်ဝန်းကျင်မှ လေအားလုံးကို စုပ်ယူလိုက်သကဲ့သို့ အလွန်ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုကို ဖြစ်ပေါ်လာစေရာ ၎င်းသည် ချူးယွင်ဖန်းကို ချက်ချင်းဖိနှိပ်လိုက်သည်။
“လီရွှမ် မင်းမှာရှိတာ ဒါအကုန်ပဲလား။ ငါစိတ်ပျက်တယ်” ချူးယွင်ဖန်းက ကြိမ်းဝါးလိုက်ပြီးနောက် လက်ထဲမှ ကျူးချွဲ့ဖြင့် ခုတ်ပိုင်းချလိုက်သည်။
“မင်းမြည်းကြည့်ပြီးမှ ဆက်ပြောကြတာပေါ့” လီရွှမ်က ကြုံးဝါးသည်။
ချူးယွင်ဖန်း၏ ဓားနှင့် လီရွှမ်၏ လှံရှည်တို့ပြင်းထန်စွာထိတိုက်မိသွားကြရာ များပြားလှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ ထို့နောက် အရာအားလုံးကို အစိတ်စိတ်အမွှာမွှာပြိုပျက်သွားစေမည့် ကြောက်မက်ဖွယ်ရာ ဆိုင်ကလုန်းမုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ထို့နောက် ချူးယွင်ဖန်း၏ လက်ထဲမှ ဓားသည် ရုတ်တရက် တလက်လက်တောက်ပလာကာ ကောင်းကင်နှင့် မြေကြီး ကွဲထွက်သွားနိုင်ပုံပေါ်သည့် ရောင်ဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၍ အရာအားလုံးကို စိုးမိုးသွားသည်။
ဤဓားသည် ဝင်လာသော တိုက်ခိုက်မှု၏ အင်အားကို တားဆီးပစ်လိုက်သည်။ ကမ္ဘာကြီးသည် လွန်ခဲ့သည့်အခိုက်အတန့်ကပင် လေပြင်းများနှင့် တဟုန်းဟုန်းတောက်လောင်နေခဲ့သော်လည်း ယခုအခါတွင်မူ မည်သည့်အရာမျှမဖြစ်ခဲ့သည့်နှယ် အပြင်းအထန် ဖိနှိပ်ခံလိုက်ရသည်။ သို့သော်လည်း လီရွှမ်သည် လျင်မြန်စွာတုံ့ပြန်ခဲ့သည်။ သူ၏ တိုက်ခိုက်မှု မအောင်မြင်ခဲ့သ်ောလည်း တည်ငြိမ်သောအမူအရာဖြင့် နောက်ထပ်တစ်ကြိမ် ထပ်မံတိုက်ခိုက်ခဲ့သည်။
“စကြဝဌာနဂါး တက်လှမ်းခြင်းစုပေါင်းတိုက်ကွက်”
ဤတိုက်ခိုက်မှုသည် အမှန်တကယ်တွင် ယခင်အဆင့်ထက် အဆင့်တစ်ဆင့်မြင့်သောကြောင့် ၎င်း၏ အဆင့်သည် အဆင့်တစ်ဆင့်စာပို၍ မြင့်မားသည်။ ၎င်းသည် ပေါင်းစပ်မှုသိုင်းပညာတစ်ခုဖြစ်ကာ မတူညီသော သိုင်းပညာစွမ်းရည်များအနက်မှ ကြောက်မက်ဖွယ်အကောင်းဆုံးပေါင်းစပ်တိုက်ခိုက်မှုမျိုးဖြစ်သည်။ တိုက်ခိုက်မှုတစ်ခုစီသည် ရှေ့မှတိုက်ခိုက်မှုထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။ ဤစကြဝဌာနဂါးမြင့်တက်ခြင်းစုပေါင်းတိုက်ခိုက်မှုသည် ထိုကဲ့သို့ဖြစ်ကြောင်း သိသာ၏။
သို့သော် ချူးယွင်ဖန်းက ယင်းကို ရင်ဆိုင်တော့မည့်အခိုက်အတန့်၌ပင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ သူသည် နံဘေးသို့ လျင်မြန်စွာရွှေလိုက်သည်။ ဧရာမမြှားကြီးတစ်စင်းသည် သူ့ကို ဖြတ်ကျော်၍ အဝေးမှ သစ်ပင်ကြီးကို ထိမှန်သွားသည်။ သစ်ပင်အကြီးကြီးကို အပိုင်းပိုင်းခွဲပြီးသည့်တိုင် ၎င်း၏ အရှိန်က လျော့ကျမသွားပေ။ နောက်ထပ် သစ်ပင်နှစ်ပင်၊ သုံးပင်ခန့် ဖျက်ဆီးပြီးနောက်မှသာ နောက်ဆုံးတွင် ရပ်တန့်သွားသည်။
လူတိုင်း အံ့သြ၍ ဧရာမမြှားကြီး၏ အရင်းအမြစ်ကို ကြည့်လိုက်သောအခါ ယင်းသည် ကျန်းပိုင်ဖေးဖြစ်နေသည်ကို မြင်လိုက်ကြရသည်။
၎င်းသည် အလွန်အစွမ်းထက်သော ဒူးလေးတစ်ခုဖြစ်ကာ ဤပစ်ချက်က ၎င်းကို အလွန်သိသာစေသည်။ ယင်းနှင့်ထိမှန်ပါက လူတစ်ယောက်သည် မသေချင်လျှင်ပင် သေသွားရပေလိမ့်မည်။ အခြားဖြစ်နိုင်ချေမရှိပေ။
ဤဒူးလေးသည် ရှေးရိုးရာဒီဇိုင်းကို အခြေခံထား၍ ခေတ်မီနည်းပညာများကို အသုံးပြုကာ မွမ်းမံပြုပြင်ထားခြင်းဖြစ်သည်။ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် ပြည်ထောင်စုအစိုးရသည် လူထုကို လက်နက်မကိုင်ဆောင်ရန် တားမြစ်မထားသော်လည်း ၎င်းတို့အားလုံးသည် သာမန်လက်နက်များဖြစ်ကြ၍ သေနတ်ကဲ့သို့ စက်လက်နက်များကိုမူ အများပြည်သူလက်ဝယ်ပိုင်ဆိုင်ခြင်းမှ တားမြစ်ထားသည်။
ထို့ကြောင့် လေးနှင့် ဒူးလေးတို့သည် တပ်သားအုပ်စုများစွာ၏ အနှစ်သက်ဆုံးသော အဝေးပစ်တိုက်ခိုက်မှုနည်းလမ်းဖြစ်လာသည်။ ခေတ်မီနည်းပညာဖြင့် ပြုပြင်ထားသော ဒူးလေးသည် ယခင်ကထက် များစွာသေးငယ်ရုံသာမက စွမ်းအားအရ ၎င်းတို့သည် မျက်မှောက်ခေတ်၏ သာမန်အမြှောက်များထက် မနိမ့်ကျလှပေ။ သို့သော် ထိုလက်နက်များကို အများအားဖြင့် မွန်းစတားများနှင့် ရင်ဆိုင်ရာတွင်အသုံးပြုကြသည်။ ထို့အပြင် ကျောင်းသားအမြားအပြားသည် ထိုကဲ့သို့ လက်နက်များကို အသုံးပြုရန် ရွေးချယ်ခဲကြပေသည်။ လူတိုင်းသာ ထိုကဲ့သို့ ဒူးလေးကို ကိုင်ဆောင်ထားပါက အခြေအနေတစ်ခုလုံး ပြောင်းလဲသွားပေလိမ့်မည်ဖြစ်ရာ အသေအပျောက်နှုန်းသည် ၁၀% သို့မဟုတ် ၂၀%မျှ ရိုးရှင်းတော့မည်မဟုတ်ပေ။ ခေတ်မီစစ်ပွဲများကိုပင် ၎င်းနှင့် အလွယ်တကူတိုက်ခိုက်နိုင်သည်။
ဤသည်မှာ တက္ကသိုလ်များနှင့် ဂိုဏ်းခွဲများစွာမှ တားမြစ်ထားသော လက်နက်တစ်ခုဖြစ်ကြောင်း သိသာထင်ရှားလှသည်။
“အရမ်းကောင်းတယ် မင်းက မင်းရဲ့ဒူးလေးကိုတောင် ငါကိုလာသုံးတယ်ပေါ့။ မင်းငါ့ကို တကယ်သေစေချင်နေတာပဲ” ချူးယွင်ဖန်းက လှောင်ရယ်၍ ပြောလိုက်သည်။
ရှေးခေတ်က စွမ်းအားကြီး မြှားနှင့်လေးများသည် အစိုးရ၏ မြင့်မားကာ စွမ်းအားကြီးသော လူများသာ ကိုင်တွယ်ရန်အသင့်တော်ဆုံးဖြစ်သည်။ မည်သို့သော ပညာရှင်မျိုးဖြစ်နေစေကာမူ ပစ်ခတ်မှုအဆုံးတွင် အားလုံး သေကြရလိမ့်မည်ဖြစ်သည်။
အချို့သော ကျွမ်းကျင်သူများသည် လေးများကို အသုံးပြုကြပြီးနောက် ၎င်းတို့၏ စွမ်းအားများ အလွန်ကြီးမားလှသဖြင့် ခေတ်မီသေနတ်များနှင့် အမြှောက်များကပင် ၎င်းတို့ကို မခံနိုင်ကြပေ။ ပြည်ထောင်စု၏ စွယ်စုံကျမ်းတွင် လေးတစ်ချက်တည်းဖြင့် မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားသုံးကောင်ကို သတ်ဖြတ်ပစ်ခဲ့သော စွမ်းအားကြီးကျွမ်းကျင်သူများ၏ မှတ်တမ်းများရှိသည်။ ကျောင်းသားများကြားတွင် ပြင်းထန်သော လေးများကို တရားမဝင်လက်နက်များအဖြစ် သတ်မှတ်ထားကြသည်။
“ဘာကြည့်နေတာလဲ ဒီကောင်က ရက်စက်တယ်။ သူနဲ့ပတ်သက်ပြီး အကျင့်စာရိတ္တအကြောင်း ပြောချင်နေတယ်လို့ လာမပြောနဲ့” ကျန်းပိုင်ဖေးက အခြားသူများ သူ့ကို ကြည့်နေကြသည်ကို သတိထားမိသဖြင့် အော်ဟစ်ပစ်လိုက်သည်။ ချူးယွင်ဖန်းအပေါ်သို့ ပြင်းထန်သော အမုန်းတရားများသည် သူ့မျက်လုံးထဲတွင် တောက်ပလျက်ရှိသည်။
ချူးယွင်ဖန်းသည် ကျန်းပိုင်ဖေးကို မြင့်မားသော တိမ်တိုက်များကြားမှ ရက်စက်စွာဆွဲချခဲ့သူဖြစ်ကာ သူ့ကို ဟာသတစ်ခုအဖြစ် ရယ်မောခံရစေခဲ့သည်။ သူသည် ဂုဏ်သိက္ခာရှိသော ထိပ်တန်းတက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်သော်လည်း ချူးယွင်ဖန်းကဲ့သို့သော သေးငယ်သော ပုဂ္ဂိုလ်တစ်ယောက်ကို ရှုံးနိမ့်ခဲ့ရသည်။ ဤသည်က အလွန်ရှက်ဖွယ်ကောင်းလွန်း၏။
ချုးယွင်ဖန်းသည် ကျန်းပိုင်ဖေးကို သတ်ပစ်လိုစိတ်များပြည့်နှက်နေသော မျက်လုံးများဖြင့် လှည့်ကြည့်ကာ အော်ပြောလိုက်သည်။
“ငါ မင်းတို့နဲ့ ကောင်းကောင်းမွန်မွန်ကစားချင်ပေမယ့် မလိုတော့ဘူးထင်တယ်”
ချူးယွင်ဖန်းက ဦးဆောင်၍ လီရွှမ်ဆီသို့ ချီတက်လာသည်။
လီရွှမ်၏ အဆက်မပြတ်သော နဂါးစကြဝဌာမြင့်တက်ခြင်းသိုင်းကွက်များသည် မတွေးနိုင်လောက်သော စွမ်းအားမျိုးဖြင့် ထွက်ပေါ်လာ၏။ သူသည် မတွန့်ဆုတ်နေပေ။ လက်ရှိအခြေအနေက သူ့ကို တုံ့ဆိုင်းနေရန် ခွင့်မပြုသည်မှာ ရှင်းလင်း၏။
“ကမ္ဘာမြေဓားသိုင်း”
ချူးယွင်ဖန်း၏ လက်ထဲမှ ဓားသည် လီရွှမ်ကို ပုဇွန်တစ်ကောင်ကဲ့သို့ ရုတ်တရက် ခုတ်ပိုင်းလိုက်သည်။
ဓားအလင်းသည် နဂါးပုံသဏ္ဍာန်စွင်းအင်ကို ဖောက်ထွင်း၍ လှံရှည်သို့ တိုက်ရိုက်ထိမှန်သွားသည်။
လီရွှမ်သည် ချက်ချင်းဆိုသကဲ့သို့ပင် လက်နှစ်ဖက်သို့ပြင်းထန်သော စွမ်းအင်များ ဝင်လာသည်ကို ခံစားလိုက်ရ၏။ ဤသည်က ချူးယွင်ဖန်း အစောပိုင်းက မထုတ်ပြခဲ့သော အရာပင်ဖြစ်သဖြင့် သူက ချက်ချင်းတုံ့ပြန်လိုက်သည်။ ချူးယွင်ဖန်းသည် သူ၏ ခွန်အားကို ဖုံးကွယ်ထားသဖြင့် လီရွှမ်အလွန်ထိတ်လန့်သွားသည်။ သူအကောင်းဆုံးကြိုးစားခဲ့သည့်တိုင် ချူးယွင်ဖန်းက အရေးမနိမ့်သေးပေ။ တစ်နည်းအားဖြင့် ချူးယွင်ဖန်းသည် အနည်းဆုံး သူနှင့် ယှဥ်နိုင်သော ကျွမ်းကျင်သူဖြစ်သည်။
သို့သော် ၎င်းသည် ချူးယွင်ဖန်း၏ ဖုံးကွယ်ထားသော စွမ်းအင်ပမာဏသာဖြစ်ပါက အစောပိုင်းက လီရွှမ်၏ တိုက်ခိုက်မှုများအားလုံးသည် ဟာသများသဖွယ်ဖြစ်နေပေလိမ့်မည်။ ဤအရာများအားလုံးသည် သူ၏ တစ်ဖက်သတ်ဝေဖန်ချက်များသာဖြစ်၏။
‘ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’ လီရွှမ်က တွေးသည်။
သို့သော် ချူးယွင်ဖန်းက သူ၏ ခွန်အားကို ဖုံးကွယ်ထား၍ ဤမျှ ကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့ပုံကို သူတွေးနေရန် အချိန်မရှိပေ။ မျက်စိတစ်မှိတ်အတွင်း၌ပင် ချူးယွင်ဖန်း၏ လက်ထဲမှဓားရှည်ကြီးသည် သူ့ရှေ့သို့ ရောက်လာသည်။ ဤသည်ကား တည့်တည့်ထိုးလိုက်ခြင်းဖြစ်သော်လည်း ဤဓား၏ စွမ်းအားသည် အမြောက်တစ်စင်းနှင့်ဆင်တူသည်။
လီရွှမ်သည် ဝင်လာသောတိုက်ခိုက်မှုကို တားဆီးရန် သူ၏လှံရှည်ကို မြှောက်လိုက်သည်။ ဓားနှင့်ထိမိသောအခိုက်အတန့်တွင် သူ့လက်များအားလုံး ချက်ချင်းပေါက်ကွဲသွားသည်။ ကြောက်မက်ဖွယ်စွမ်းအားတစ်ခုက သူ့လက်နှစ်ဖက်ကို လွှမ်းခြုံသွားသည်။
လီရွှမ်က ဆက်မထိန်းနိုင်တော့ပေ။ နောက်သို့ ချက်ချင်းလွင့်ထွက်သွားကာ ချက်ချင်းဆိုသကဲ့သို့ပင် သွေးများအန်ထွက်လာသည်။