← Chapters

ရှောင်ထုန်နှင့် ရှောင်လင်ကြားက တိုက်ပွဲ

Vol. 35 Ch. 571

ရှောင်ထုန်နှင့် ရှောင်လင်ကြားက တိုက်ပွဲ

Vol. 35 Ch. 571

"ထူးဆန်းလိုက်တာ၊ ကလေးက သူ့ဘာသာ နေရာလွတ်ထဲ ဝင်လို့ရသတဲ့လား။" ရှောင်လင်းယွီက သံသယတွေနဲ့ ပြည့်နှက်နေသည်။

ရှောင်လင်ကလည်း သံသယဝင်နေသည်။ "တကယ်ဆိုရင် သခင်တစ်ယောက်ပဲ ဒီနေရာကို ဝင်လို့ရတာပါ။ ဒါမှမဟုတ် သခင်က တခြားသူတွေကို ဝင်ခွင့်ပြုထားမှသာ ရမှာ။" နေရာလွတ်၏ဝိညာဉ်ဖြစ်သောကြောာင့် ရှောင်လင်က သူ့သခင်ကလွဲလို့ ဘယ်သူမှ ဒီနေရာလွတ်ထဲကို သူ့သဘောနဲ့သူ ဝင်လို့မရဘူးဆိုတာ သိသည်။ ဒါက သူ့ကို အန္တရာယ်ရှိတယ်လို့ ခံစားရစေသည်။

ဒီတစ်ခေါက် နေရာလွတ်ထဲဝင်လာတာ သခင်လေးဖြစ်နေလို့ တော်သေးတယ်။ လူဆိုးတစ်ယောက်သာဆိုရင် ဘယ်လိုလုပ်မလဲ။

"သခင်!" ရှောင်လင်ရဲ့ ဖြူစင်နူးညံ့တဲ့ မျက်နှာက ရှုပ်ထွေးမှုနဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နေသည်။

ရှောင်လင်းယွီက ခဏစဉ်းစားပြီး "လင်အာ၊ ကလေးက ငါ့သားဖြစ်နေလို့များလား။ သူက ငါနဲ့သွေးသားတော်စပ်နေတာကိုး။"

ရှောင်လင်က ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး။"

အဲ့ဒါသာမှန်ရင် အမေနဲ့အဖေရှောင်လည်း နေရာလွတ်ထဲကို လွတ်လွတ်လပ်လပ်ဝင်လို့ရနေမှာပေါ့။ ဒါပေမဲ့ ရှောင်လင်က အဲ့လိုမဟုတ်ဘူးဆိုတာ သေချာနေသည်။

ရှောင်လင်းယွီက ရှုပ်ထွေးသွားသည်။ "ဒါဆို တကယ်ပဲ ဘာကြောင့်လဲ။"

ရှောင်လင်းယွီက ရှောင်ထုန်ကို ရှုပ်ထွေးတဲ့အမူအရာနဲ့ကြည့်ပြီး စိုးရိမ်တကြီးနဲ့ "ဒါက ဘာမကောင်းတဲ့အရာမှ မဆိုလိုပါစေနဲ့။"

ဝိညာဉ်စွမ်းအင်ကို တတ်နိုင်သလောက်မြန်မြန်စုပ်ယူဖို့ ကြိုးစားနေတဲ့ ရှောင်ထုန်က သူ့အမေရဲ့စကားကိုကြားတော့ သူ့ခန္ဓာကိုယ်က ခဏတာတောင့်တင်းသွားပြီး သူ့မျက်လုံးတွေက မှေးမှိန်သွားသည်။

သူက သူ့အမေကို စိတ်မပူစေချင်ဘူး။

သူခဏစဉ်းစားပြီး သူ့စိတ်အာရုံကို ထုတ်လွှတ်ပြီး ရှောင်လင်ရဲ့ အသိစိတ်နဲ့ ဆက်သွယ်လိုက်သည်။

ရှောင်လင်က အစွမ်းထက်တဲ့ စိတ်အာရုံနဲ့ ဆက်သွယ်မိတာနဲ့ ချက်ချင်းသတိထားလိုက်သည်။

သူက ပတ်ပတ်လည်ကိုကြည့်ပြီး သူ့အမူအရာက ထူးထူးခြားခြား သတိကြီးစွာနဲ့ ဖြစ်သွားသည်။ သူ့ရဲ့နူးညံ့တဲ့အသံကတော့ ထူးထူးခြားခြား စူးရှနေကာအကျယ်ကြီးအော်လိုက်သည် "ဘယ်သူလဲ!"

သူ့နေရာလွတ်ထဲမှာ မမျှော်လင့်ထားတဲ့ဧည့်သည်တစ်ယောက်ရှိနေပြီး သူက တကယ်ပဲမသိခဲ့ဘူး။ ဒါက နေရာလွတ်ရဲ့ဝိညာဉ် တစ်ယောက်အနေနဲ့ သူ့ဂုဏ်သိက္ခာကို စော်ကားတာပဲ။

ရှောင်လင်းယွီက ရှောင်လင်ရဲ့ ပုံမှန်မဟုတ်တဲ့အမူအကျင့်ကိုမြင်တော့ သူမလည်းအလေးအနက်ထားလိုက်သည်။ သူမက "ရှောင်လင်၊ ဘာဖြစ်တာလဲ။"

ရှောင်ထုန်က မျက်လုံးလှန်ချင်စိတ်ပေါက်သွားပေမဲ့ သူက ကလေးငယ်လေးပဲရှိသေးတော့ ဒီလိုထူးဆန်းတဲ့အပြုအမူမျိုး မလုပ်နိုင်ဘူး။ ဖြစ်နိုင်ရင် သူက ရှောင်လင်၊ ငတုံးကြီးကို ကျိန်ဆဲချင်နေတာ! သူက နေရာလွတ်ထဲကို သူ့ဘာသာဝင်နိုင်တာဆိုတော့ သူနဲ့ဆက်သွယ်ဖို့ကြိုးစားနေတာက သူပဲဖြစ်မှာပေါ့။

ရှောင်လင်ရဲ့အပြုအမူနဲ့ဆို ရှောင်လင်းယွီသံသယမဝင်ရင် ထူးဆန်းနေမှာပဲ။

ရှောင်လင်က တစ်ခုခုပြောတော့မယ့်အချိန်မှာ ရှောင်ထုန်က ချက်ချင်းပြတ်သားစွာအော်လိုက်သည် "မင်းတုံးလိုက်တာ! မင်းရဲ့သခင်လေးကလွဲလို့ တခြားဘယ်သူဖြစ်နိုင်မှာလဲ။ ဘယ်သူမဆို ငါ့အမေရဲ့နေရာလွတ်ထဲဝင်လို့ရတယ်လို့ မင်းထင်နေလား!"

အပြည့်အဝသတိထားနေတဲ့ ရှောင်လင်က အရမ်းလန့်သွားပြီး ချက်ချင်းယိုင်နဲ့ပြီး မြေပေါ်လဲကျသွားသည်။

သူက သူ့သခင်လေးက ဒီလောက်အစွမ်းထက်လိမ့်မယ်လို့ ဘယ်တုန်းကမှမမျှော်လင့်ထားခဲ့ဘူး။

ရှောင်လင်းယွီက ဒါကိုသတိထားမိပြီး စိုးရိမ်တကြီးနဲ့ "ရှောင်လင်၊ ဘာဖြစ်တာလဲ။ ဘာလို့ရုတ်တရက်လဲကျသွားတာလဲ။" ဟုမေးလိုက်သည်။ ပြီးတော့ သူမက တစ်ခုခုကိုသတိရသွားပြီး ချက်ချင်းစိုးရိမ်တကြီးနဲ့ "ရှောင်လင်၊ တခြားတစ်ယောက်ယောက် နေရာလွတ်ထဲဝင်လာပြီး မင်းကိုထိခိုက်အောင်လုပ်သွားတာလား။"

ရှောင်လင်းယွီရဲ့အကူအညီနဲ့ ရှောင်လင်က မြေပေါ်ကနေထရပ်လိုက်သည်။ သူပြန်ဖြေတော့မယ့်အချိန်မှာ ရှောင်ထုန်ရဲ့စကားတွေက သူ့နားထဲမှာ ပြင်းထန်တဲ့သတိပေးချက်နဲ့ ပဲ့တင်ထပ်လာသည် "ဒီအကြောင်းကို အမေ့ကိုမပြောနဲ့၊ မဟုတ်ရင်တော့..."

ရှောင်လင်က တုန်လှုပ်သွားသည်။ ပြီးနောက် သူက ရှောင်လင်းယွီကိုကြည့်ပြီး "ဘာမှမဟုတ်ပါဘူး။ ကျွန်တော်က ကိုယ့်ဘာသာလန့်သွားတာပါ။"

ရှောင်လင်းယွီက သူ့ကိုသံသယနဲ့ကြည့်ပြီး "တကယ်လား။"

ရှောင်လင်က ဝိညာဉ်တစ်ယောက်ပဲ။ သူဘယ်လိုလုပ် ကိုယ့်ဘာသာလန့်သွားရမှာလဲ။

ရှောင်လင်က အမြန်ခေါင်းညိတ်ပြီး "ဟုတ်တယ် သခင်! ဘာမှမဟုတ်ပါဘူး။ ကျွန်တော်ကြားမှားသွားတာပါ။ ဒါက ကျွန်တော့်နေရာလွတ်ပဲ။ သခင့်ရဲ့ခွင့်ပြုချက်မရှိဘဲ၊ ကျွန်တော့်ခွင့်ပြုချက်မရှိဘဲ ဘယ်သူဝင်နိုင်မှာလဲ။ သခင်လည်း သဘောတူတယ်မလား။"

ရှောင်လင်းယွီက မဆိုင်းမတွသဘောတူလိုက်သည်။

ဒီအချိန်မှာ ရှောင်ထုန်ရဲ့စိတ်ထဲက နောက်ထပ်စာကြောင်းတစ်ကြောင်း ပေါ်လာပြီး ရှောင်လင်ကို သေမလောက်ကြောက်သွားစေသည်။ ရှောင်ထုန်က "ငတုံး၊ ငါ့ကိုနေရာလွတ်ထဲမှာထားဖို့ နည်းလမ်းတစ်ခုစဉ်းစား။ စိတ်မပူနဲ့။ မင်းက ငါ့အမေရဲ့နေရာလွတ်ဝိညာဉ်ပဲ။ ငါမင်းကိုဘာမှလုပ်မှာမဟုတ်ဘူး။"

ရှောင်လင်ရဲ့အမူအရာက ခဏတာတောင့်တင်းသွားသည်။ ပြီးနောက် သူက ရှောင်လင်းယွီရဲ့လက်မောင်းထဲက ကလေးကို တောက်ပတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ပြီး ပြုံးလျက်နဲ့ "သခင်၊ သခင်လေးကို နေရာလွတ်ထဲမှာ ကျွန်တော်နဲ့ဆော့ဖို့ ထားခဲ့လို့ရမလား။"

ရှောင်လင်းယွီက မှင်တက်သွားပြီး ခဏတာဘာမှမတုံ့ပြန်နိုင်ဖြစ်သွားသည်။

ရှောင်လင်က ရှောင်လင်းယွီသဘောမတူတော့ဘူးလို့ထင်ပြီး နည်းနည်းစိုးရိမ်သွားပြီး ခေါင်းကုတ်လိုက်သည်။ သူက "သခင်၊ ကျွန်တော်နေရာလွတ်ထဲမှာ အရမ်းအထီးကျန်တယ်။ အရင်က ကျွန်တော်အိပ်စက်နေတုန်းကတော့ အဆင်ပြေပေမဲ့ အခုကျွန်တော်နိုးလာတော့ ဒီမှာအရမ်းအထီးကျန်တယ်လို့ခံစားရတယ်။ သခင်၊ သခင်လေးကို ကျွန်တော်နဲ့ဆော့ဖို့ ဒီမှာထားခဲ့လို့ရမလား။"

ရှောင်လင်းယွီရဲ့ပါးစပ်က တွန့်သွားသည်။ 'ငါ့ခြောက်လသားအရွယ်ကလေးက အရုပ်လား။'

ဒါပေမဲ့ ရှောင်လင်က နှစ်သောင်းပေါင်းများစွာ တစ်ယောက်တည်းနေခဲ့ရတာကိုစဉ်းစားတော့ ရှောင်လင်းယွီက သူ့အတွက်သနားမိသည်။

သူမခဏစဉ်းစားပြီး ကလေးကိုပွေ့ဖက်ပြီး ထိုင်ချလိုက်ပြီး "ရှောင်လင်၊ ငါ့ကလေးက လူသားတစ်ယောက်ပဲ။ သူက မင်းရဲ့အရုပ်မဟုတ်ဘူး။ ငါသူ့ကိုဒီမှာ မင်းနဲ့ဆော့ဖို့ထားခဲ့လို့မရဘူး။"

ရှောင်လင်က စိုးရိမ်သွားသည် "သခင်၊ ကျွန်တော်သခင်လေးကို ကောင်းကောင်းဂရုမစိုက်နိုင်မှာကို စိုးရိမ်နေတာလား။ စိတ်မပူပါနဲ့။ ကျွန်တော်သခင်လေးကို ဘယ်လိုဂရုစိုက်ရမလဲသိပါတယ်။ ကျေးဇူးပြုပြီး သခင်လေးကို ကျွန်တော်နဲ့အတူနေခွင့်ပေးပါ။ ကျွန်တော်သူနဲ့စကားပြောရုံလေးပဲဖြစ်ဖြစ်။"

"..." ရှောင်လင်းယွီက စိတ်ရှည်စွာရှင်းပြသည် "ဒါပေမဲ့ ငါ့ကလေးက ငယ်သေးတယ်။ သူက မင်းနဲ့ဘယ်လိုစကားပြောနိုင်မယ်လို့ မင်းမျှော်လင့်နေတာလဲ။"

ရှောင်လင်၊ "..."

ရှောင်ထုန်၊ "..."

ရှောင်လင်က အရမ်းစိုးရိမ်နေသည်။ သူက သူမကိုအမှန်တရားပြောပြဖို့စဉ်းစားပေမဲ့ သူ့သခင်လေးက သူ့ကိုသတ်ပစ်လောက်သည်။

"ကိုကို!" ရှောင်ထုန်က ရုတ်တရက်အော်လိုက်ပြီး သူ့လက်တွေကို ရှောင်လင်ဘက်ကိုဆန့်တန်းလိုက်ပြီး ပွေ့ဖက်ခိုင်းသလိုလုပ်လိုက်သည်။

ရှောင်လင်းယွီက မှင်တက်သွားသည်။

ကလေးက ရှောင်လင်ကို ကိုကိုလို့ခေါ်လိုက်တာလား။

ရှောင်လင်က လန့်သွားသည်။ ပြီးတော့ သူက ရှောင်ထုန်ကို ရှောင်လင်းယွီရဲ့လက်ထဲကနေ အမြန်ကောက်ချီလိုက်သည်။ ရှောင်ထုန်က ခြောက်လပဲရှိသေးသည်။ သူက ဝတုတ်တုတ်နဲ့ ကီလို ၂၀ လေးလေးသည်။ ရှောင်လင်က သုံးလေးနှစ်ပဲရှိသေးပုံရလေသည်။

ရှောင်လင်က တကယ့်လူတစ်ယောက်သာဆိုရင် ရှောင်လင်က ရှောင်ထုန်ကို ဘယ်လိုမှချီနိုင်မှာမဟုတ်ဘူး။

ဒါပေမဲ့ ရှောင်လင်က လူမဟုတ်ဘူး။

သူက ဝိညာဉ်တစ်ယောက်ပဲ။ ရှောင်ထုန်က ကီလို ၁၀,၀၀၀ လေးရင်တောင် ရှောင်လင်ရဲ့လက်ထဲမှာ သူက ငှက်မွှေးတစ်ပင်လောက်ပေါ့ပါးနေမှာပဲ။

သဘာဝကျစွာပဲ သူ့လက်ထဲက ကီလို ၂၀ လောက်လေးတဲ့ကလေးက လုံးဝမလေးဘူး။

ရှောင်လင်က ကလေးကိုတည်ငြိမ်စွာကိုင်ထားတာကိုမြင်တော့ ရှောင်လင်းယွီက တိတ်တဆိတ်သက်ပြင်းချလိုက်သည်။ ပြီးတော့ "မင်းငါ့ကိုသေမလောက်ကြောက်သွားစေတာပဲ။ ငါက မင်းကလေးကိုကောင်းကောင်းမထိန်းနိုင်ဘူးလို့ထင်နေတာ။"

ရှောင်လင်က ပြုံးပြီး "သခင်၊ သခင်လေးက ဒီလောက်နည်းနည်းလေးပဲလေးတာပါ။ ကီလိုသန်းပေါင်းများစွာကျော်တဲ့အရာတောင် ဒီမှာဆိုရင် ကြက်ဥတစ်လုံးလောက်ပဲလေးမှာပါ။"

ရှောင်လင်းယွီရဲ့ပါးစပ်က အံ့ဩတကြီးနဲ့ ဟသွားသည်။

သူမက ရှောင်လင်ရဲ့အစွမ်းက ဒီလောက်ကြီးမှန်းမသိခဲ့ပေ။

"သားလေး၊ ဟုတ်တယ်မလား။" ရှောင်လင်က ရှောင်ထုန်ကိုစနောက်သည်။ ရှောင်ထုန်က ထပ်ရယ်မောသည်။ "သခင်၊ ကြည့်။ သခင်လေးက ကျွန်တော့်ကိုအရမ်းကြိုက်တယ်။ သခင်လေးကိုကျွန်တော်နဲ့အတူနေခိုင်းလိုက်ပါ။" ရှောင်လင်က အခွင့်အရေးယူပြီးပြောလိုက်သည်။

ဒါပေမဲ့ အတွင်းစိတ်ထဲမှာတော့ သူကညည်းညူနေသည်။ သူ့သခင်လေးက ကျင့်ကြံသူ တစ်ယောက်မှန်းသိပြီးနောက်မှာ သူက သူ့ကိုလုံးဝမနေစေချင်တော့ဘူး။ သူက သူ့သခင်လေးက သူ့ကိုသတ်ပစ်မှာကိုကြောက်နေတာ။ ဒါပေမဲ့ သခင်လေးရဲ့ခြိမ်းခြောက်မှုအောက်မှာ ရှောင်လင်က လိုက်နာဖို့ကလွဲလို့ ရွေးချယ်စရာမရှိခဲ့ဘူး။

ဘာပဲဖြစ်ဖြစ် ရှောင်လင်ကလည်း ရှုပ်ထွေးနေသည်။ သခင်လေးက ဘာလို့ အမတေကျင့်ကြံသူ တစ်ယောက်ဖြစ်နေရတာလဲ။ သူက ကျင့်ကြံသူလောကက နတ်ဘုရားတစ်ပါးပါးက ပူးကပ်နေတာလား၊ ဒါမှမဟုတ် သူက သူ့မှတ်ဉာဏ်မပျောက်ဘဲ ဒီကိုရောက်လာတာလား။

အကြောင်းရင်းဘယ်လိုပဲဖြစ်ဖြစ် ရှောင်လင်က ကလေးက သူ့သခင်ကိုထိခိုက်အောင်လုပ်မှာမဟုတ်ဘူးဆိုတာ သေချာအောင်လုပ်ရမယ်။ သူအဲ့လိုရည်ရွယ်ချက်ရှိခဲ့ရင် ရှောင်လင်က သူ့စွမ်းအင်အားလုံးကိုသုံးပြီး ဒီလူကိုသတ်ပြီး သူ့သခင်ကိုကာကွယ်လိမ့်မယ်။

ဒါကြောင့် သခင်လေးရဲ့တောင်းဆိုချက်ကလွဲလို့ ရှောင်လင်က ရှောင်ထုန်ကို လူကိုယ်တိုင်မေးခွန်းထုတ်ဖို့ နေခိုင်းချင်နေတာ။

ရှောင်ထုန်က အရမ်းပူးပေါင်းဆောင်ရွက်ပေးသည်။ သူက ချက်ချင်းရှောင်လင်ရဲ့အင်္ကျီလက်ကိုဆွဲပြီး မလွှတ်တမ်းကိုင်ထားတကာ ပျော်ရွှင်စွာရယ်မော၍တောင်နေသည်။

ရှောင်လင်းယွီက စဉ်းစားလိုက်သည်။ ရှောင်လင်ရဲ့နေရာလွတ်ထဲမှာပဲ၊ အန္တရာယ်မရှိလောက်ဘူး။ ခဏစဉ်းစားပြီးနောက်မှာ ရှောင်လင်းယွီက ခေါင်းညိတ်ပြီးသဘောတူလိုက်သည် "ကောင်းပြီလေ။ လင်အာ၊ ကလေးကိုကောင်းကောင်းဂရုစိုက်။ တစ်ခုခုဆို ငါ့ကိုခေါ်၊ နားလည်လား။"

ရှောင်လင်က ခေါင်းညိတ်ကာ "ဟုတ်၊ ဟုတ်၊ ကျွန်တော်နားလည်ပါတယ်။"

"ကောင်းပြီလေ။ ငါသွားပြီ!"

"ဟုတ်!" ရှောင်လင်က အမြန်ခေါင်းညိတ်သည်။ ရှောင်လင်းယွီက ရှောင်ထုန်က သူမကိုလက်ပြနှုတ်ဆက်တာကိုမြင်တော့ စကားမပြောနိုင်ဖြစ်သွားသည်။ ကလေးနှစ်ယောက်က သူမကိုတကယ်ပဲ နှင်ထုတ်ချင်နေကြတာ။

"မင်းတို့နှစ်ယောက် ပျော်ပျော်နေကြ။" ရှောင်လင်းယွီက နည်းနည်းစိုးရိမ်တကြီးနဲ့ "လင်အာ၊ ကလေးဗိုက်ဆာရင်ဖြစ်ဖြစ် တစ်ခုခုဖြစ်ရင်ဖြစ်ဖြစ် ငါ့ကိုခေါ်ရမယ်နော်"

"ဟုတ်၊ ဟုတ်၊ သခင်ရယ်၊ ကျေးဇူးပြုပြီးသွားပါတော့။" ရှောင်လင်က သူမကိုနှင်ထုတ်ဖို့ မစောင့်နိုင်တော့ဘူး။

ရှောင်လင်းယွီ၊ "..."

…

ရှောင်လင်းယွီက နေရာလွတ်ကထွက်သွားပြီးနောက်မှာ ရှောင်လင်က ချက်ချင်းရှောင်ထုန်ကိုမြေပေါ်ချလိုက်ပြီး အလေးအနက်နဲ့သတိထားတဲ့လေသံနဲ့ "မင်းက ငါ့သခင်လေးမဟုတ်ဘူး၊ ဒါဆိုမင်းက ဘယ်သူလဲ။ ဒီဘုံမှာ လူသားတွေမှာ ဝိညာဉ်စွမ်းအင်မရှိဘူး၊ သူတို့ကျင့်ကြံလို့မရဘူး။ ဒါပေမဲ့ မင်းရဲ့စိတ်အာရုံက အစွမ်းထက်တယ်၊ ဒါကြောင့် မင်းက သာမန်လူတစ်ယောက်မဟုတ်ဘူးဆိုတာထင်ရှားတယ်။ မင်းက အမတေကျင့်ကြံသူတစ်ယောက်ပဲ။ မင်းက ဘယ်သူလဲ၊ ငါ့ရဲ့တကယ့်သခင်လေးဘယ်မှာလဲ။"

ရှောင်ထုန်က မျက်လုံးလှန်ပြီး တည့်တည့်ပဲ "ဟွန့်၊ မင်းဘာလုပ်မလို့လဲ။ မင်းငါ့ကိုသတ်မလို့လား။"

ရှောင်လင်က အရမ်းပြတ်သားစွာ "မင်းငါ့သခင်ကိုထိခိုက်အောင်လုပ်ရင် မင်းဘယ်သူပဲဖြစ်ဖြစ် ငါမင်းကိုသတ်မယ်။" မေးလိုက်သည်။

ရှောင်လင်က အခုလေးတင်ပြောပြီးတာနဲ့ အင်အားတစ်ခုက သူ့ခြေထောက်တွေကိုကွေးညွှတ်စေပြီး သူက ဒူးထောက်ခိုင်းခံရသည်။

ရှောင်ထုန်ရဲ့မျက်လုံးတွေမှာ မထီမဲ့မြင်ပြုတဲ့အမူအရာတစ်ခုပေါ်လာသည်။ သူက အေးစက်စက်ဟောက်ပြီး "မင်းက အမွေအနှစ်ဝိညာဉ် သေးသေးလေးတစ်ယောက်ပဲ၊ ဒါပေမဲ့ ငါ့ကိုသတ်ချင်နေသေးတယ်။ မင်းက တကယ်ကို အိမ်မက်မက်နေတာပဲ!"

ရှောင်လင်က ထချင်ပေမဲ့ သူမထနိုင်ဘူး။ သူ့မျက်နှာလေးက စက္ကူလိုဖြူဖျော့နေပြီး ချွေးတွေထွက်နေသည်။ ဒါပေမဲ့ သူက သွားကြိတ်ပြီး "ငါမင်းကိုမသတ်နိုင်ရင်တောင် မင်းက ငါ့နေရာလွတ်ထဲမှာပဲ။ ငါပျက်စီးရရင်တောင် ငါမင်းကိုဖျက်ဆီးမယ်။ ငါမင်းကို သခင့်ကို ထိခိုက်အောင်လုပ်ခွင့်လုံးဝပေးမှာမဟုတ်ဘူး။"

ရှောင်ထုန်က ဒါကိုကြားတော့ မျက်မှောင်ကျဉ်းသွားသည်။ ပြီးတော့ သူက ပြုံးရယ်လိုက်ကာ "ဟွန့်။ ငါအလွယ်တကူဝင်လာနိုင်တာဆိုတော့ ငါ့သဘောနဲ့ငါထွက်သွားလို့မရဘူးလို့ မင်းထင်နေလား။ ငါမင်းကိုသတ်ချင်ရင် ငါ့လက်ကိုလှန်လိုက်သလောက်လွယ်လိမ့်မယ်!"

ရှောင်လင်က အရမ်းခေါင်းမာစွာ "ဒါပေမဲ့ ငါတို့အခုငါ့နေရာလွတ်ထဲမှာပဲ။ ငါ့ဝိညာဉ်ကိုခွဲထုတ်ပြီး ငါ့အနှစ်သာရနဲ့မင်းကိုချည်နှောင်လိုက်ရင် မင်းလွတ်မြောက်နိုင်မယ်လို့ထင်နေလား။"

ရှောင်လင်က မြေပေါ်ကကလေးကိုကြည့်ပြီး "ဒါ့အပြင် ငါမှားမပြောဘူးဆိုရင် မင်းရဲ့စိတ်အာရုံက သာမန်ထက်နည်းနည်းပဲပိုအားကောင်းတယ်။ မင်းက ချီကျင့်ကြံခြင်းအဆင့်ရဲ့ ပထမအဆင့်တောင်မရောက်သေးဘူး။ ဒါကြောင့် ငါမင်းကိုသတ်ဖို့က အရမ်းလွယ်သေးတယ်။"

"ရိုင်းစိုင်းလိုက်တာ! ဘယ်သူက မင်းကိုငါ့ကိုအဲ့လိုစကားပြောခွင့်ပြုတာလဲ။"

ရှောင်လင်၊ "..."

ရှောင်ထုန်က ဆက်ပြောသည် "မင်းရဲ့သခင်က အပြင်ကအဲ့ဒီအမျိူးသမီးတကယ်မဟုတ်ဘူးလေ။ မင်းက သူမကိုကာကွယ်ဖို့ ကိုယ့်ကိုယ်ကိုစတေးဖို့ဆန္ဒရှိနေတာ။ အဲ့ဒါမတုံးဘူးလား။"

ရှောင်လင်က "မဟုတ်ဘူး။ သူမဒီနေရာလွတ်ကိုအသက်သွင်းလိုက်တဲ့အချိန်ကစပြီး သူမက ငါ့သခင်မဖြစ်လာတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ငါ့ကိုယ်ငါစတေးရရင်တောင် ငါသူမကိုကာကွယ်ရမယ်!"

"ကောင်းပြီ၊ မင်းပြောတာကို မင်းမှတ်မိမယ်လို့ငါမျှော်လင့်တယ်!" ရှောင်ထုန်က ရုတ်တရက် "မင်းကိုယ်မင်းစတေးရရင်တောင် ငါ့အမေကိုကာကွယ်ရမယ်! မဟုတ်ရင် ငါချီကျင့်ကြံခြင်းအဆင့်ရဲ့ ပထမအဆင့်ကိုမကျင့်ကြံရသေးရင်တောင် ငါမင်းကိုလာသတ်မယ်။"

ရှောင်လင်က မှင်တက်သွားသည်။ သူသူ့နားကိုမယုံနိုင်ဘူး။ သူဘာကိုဆိုလိုတာလဲ။

ရှောင်ထုန်က နှုတ်ခမ်းမဲ့လိုက်သည်။ "ထတော့။ မင်းအဲ့ဒီမှာဘာလုပ်နေတာလဲ။"

ရှောင်လင်က သတိမကပ်ဘဲထရပ်လိုက်သည်။

"မင်း... မင်းခုနကဘာပြောလိုက်တာလဲ။" ရှောင်လင်က စကားထစ်ထစ်ငေါ့ငေါ့နဲ့မေးလိုက်သည်။

ရှောင်ထုန်က "ငါမင်းကိုစမ်းသပ်နေတာပဲ။ ဘာပဲဖြစ်ဖြစ် မင်းပြောသလိုပဲ၊ ငါ့အမေက သာမန်လူတစ်ယောက်ပဲ။ မင်းက အမွေအနှစ်ဝိညာဉ်တစ်ယောက်ဖြစ်ပေမဲ့ ငါ့အမေကို မင်းရဲ့သခင်အဖြစ်အသိအမှတ်ပြုထားတယ်။

ဒါပေမဲ့ တစ်နေ့နေ့မှာ မင်းရုတ်တရက်ထွက်သွားချင်လာရင်ရော။ မင်းသူမကိုသတ်ပြီးထွက်ပြေးမှာလား။ ငါဒါကိုဖြစ်ခွင့်လုံးဝပေးမှာမဟုတ်ဘူး။"

ရှောင်လင်က ချက်ချင်းငြင်းဆန်သည် "ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ ငါသခင့်ကိုအသိအမှတ်ပြုပြီးကတည်းက ငါသူမကိုသစ္စာဖောက်မှာမဟုတ်ဘူး။" သူက ဝိညာဉ်တစ်ယောက်ဖြစ်ပေမဲ့ သူက အရမ်းသစ္စာရှိတယ်။

ရှောင်ထုန်က ခေါင်းညိတ်သည်။ "မင်းရဲ့သစ္စာရှိမှုကိုငါသိပြီဆိုတော့ ငါမင်းကိုထိခိုက်အောင်မလုပ်တော့ဘူး။"

ရှောင်လင်က ရှုပ်ထွေးနေတုန်းပဲ။ ဒါပေမဲ့ အနည်းဆုံးတော့ သူက ကျင့်ကြံသူက သူ့သခင်မကိုကာကွယ်ဖို့ဒီမှာရှိနေတယ်ဆိုတာ အတည်ပြုလိုက်သည်။ ဒါပေမဲ့ သူက ကျင့်ကြံသူတွေအားလုံးရက်စက်တယ်ဆိုတာလည်းသိသည်။ သူက ရှောင်လင်းယွီဆီက ဝိညာဉ်နေရာလွတ်ကိုခိုးဖို့ဒီမှာရှိနေတာမဟုတ်ဘူးလား။

ရှောင်ထုန်က ရှောင်လင်ရဲ့ရှုပ်ထွေးနေတဲ့အမူအရာကိုမြင်ပြီး သူ့အတွေးတွေကိုဖတ်လိုက်တယ်။ ရှောင်ထုန်က သက်ပြင်းချပြီး "စိတ်မပူနဲ့။ ငါက ငါပဲ၊ ငါအမေ့ဆီက မင်းကိုမခိုးသွားဘူး။"

"အာ့?" ရှောင်လင်က ရှုပ်ထွေးသွားသည်။ "မင်းက မင်းပဲ? ဘာကိုဆိုလိုတာလဲ။"

ရှောင်ထုန်က "မင်းက ကျင့်ကြံသူလောကကလာတာဆိုတော့ စကြဝဠာကြီးထဲက ကမ္ဘာအများအပြားအကြောင်း မင်းသိသင့်တယ်မလား။"

ရှောင်လင်က ခေါင်းညိတ်သည်။

"ငါမင်းကိုအမှန်တရားပြောပြမယ်။" ရှောင်ထုန်က ရှောင်လင်ကို "ငါက မူလရှောင်လဲ့ထုန်ပဲ။ ငါ့အမေရဲ့ဗိုက်ထဲမှာ နှစ်ခါမွေးဖွားခဲ့တယ်။ ပထမအကြိမ်..."

ရှောင်ထုန်က ရှောင်လင်ကိုဘာမှမဖုံးကွယ်ခဲ့ဘူး။

နည်းပညာအရဆိုရင် ရှောင်ထုန်နဲ့ရှောင်လင်က ဝိညာဉ်အမျိုးအစားတွေပဲ။ သူတို့နှစ်ယောက်လုံးက လူသားကမ္ဘာမှာပိတ်မိနေတဲ့ ကျင့်ကြံသူတွေပဲ။ ဒါ့အပြင် ရှောင်ထုန်က ရှောင်လင်းယွီနဲ့ရှောင်မိသားစုကိုကာကွယ်ဖို့ ရှောင်လင်ရဲ့အကူအညီလိုအပ်သည်။

ဒါကြောင့် သူက ရှောင်လင်ကိုအရာအားလုံးပြောပြလိုက်လေသည်။

***

All Chapters