← Chapters

ရှောင်ထုန်၏ ပုံမှန်မဟုတ်သော အမူအကျင့်!

Vol. 35 Ch. 570

ရှောင်ထုန်၏ ပုံမှန်မဟုတ်သော အမူအကျင့်!

Vol. 35 Ch. 570

အမေရှောင်က ရှောင်ထုန်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးကြည့်ပေမဲ့ ထူးဆန်းတာဘာမှမတွေ့ဘူး။ သူမက အမေဖြစ်သူကိုပဲ အပြစ်တင်နိုင်တော့သည်။

ရှောင်လင်းယွီ၊ "..." ကျွန်မဘာမှမသိဘူးလေ။

ရှောင်ထုန်၊ "..." ကျွန်တော်တမင်လုပ်တာမဟုတ်ပါဘူး။

"လာ၊ ရှောင်ထုန်၊ လိမ္မာတယ်နော်။ ပါးစပ်ဖွင့်ပြီး အဘွားကိုကြည့်ခိုင်း၊ ဟုတ်ပြီလား။ နာကျင်မှာမဟုတ်ဘူး။" အမေရှောင်က ညင်သာစွာထပ်ပြောသည်။

"..." အဘွားပြောတာမှန်လောက်တယ်။ ရှောင်ထုန်က သူ့လျှာနဲ့ သူ့သွားဖုံးကို တို့ထိကြည့်လိုက်တယ်။ မာပြီးချွန်နေသလိုခံစားရတယ်။

ပြီးနောက်မှာတော့ ရှောင်ထုန်က လိမ်လိမ်မာမာဖြင့် ပါးစပ်ဖွင့်လိုက်သည်။

ရှောင်လင်းယွီ၊ "..." ဒီကလေးက သူ့အမေအပေါ် ဒီလောက်ရိုင်းစိုင်းဖို့လိုလို့လား။

သူမဘယ်လောက်ပဲချော့မော့ပါစေ သူက ပါးစပ်မဖွင့်ဘူး။ ဒါပေမဲ့ သူမအမေအလှည့်ရောက်တော့ နှစ်ခါချော့မော့ပြီးတာနဲ့ သူက လိမ္မာစွာပါးစပ်ဖွင့်လိုက်တယ်။

"အဲ၊ သူတကယ်သွားပေါက်နေတာပဲ။" အမေရှောင်က ကလေးရဲ့သွားဖုံးကိုကြည့်လိုက်တော့ အဖြူရောင်နည်းနည်းလေးရှိနေတာကို တွေ့လိုက်သည်။ သူမလက်နဲ့တို့ထိကြည့်တော့ အရမ်းမာနေလေသည်။ သွားအသစ်တွေပဲ။

အမေရှောင်က "ယွီအာ၊ ကလေးသွားပေါက်တဲ့အခါ အရမ်းမသက်မသာဖြစ်တယ်။ ဒါကြောင့် သူက နင့်ကိုဒီလောက်ကပ်တွယ်နေတာ။ ဒီရက်ပိုင်းတွေမှာ တောင်ပေါ်မတက်နဲ့တော့။ အိမ်မှာနေပြီး ကလေးကိုကောင်းကောင်းဂရုစိုက်။"

သူမရဲ့စကားတွေက ရှင်းရှင်းလင်းလင်းပဲ ညှိနှိုင်းစရာမရှိတဲ့အမိန့်တစ်ခုဖြစ်နေသည်။

ရှောင်လင်းယွီက ခဏတိတ်ဆိတ်နေပြီးမှ ခေါင်းညိတ်ပြီး "ကောင်းပါပြီ။ သမီးဒီရက်ပိုင်းတွေမှာ ကလေးကိုဂရုစိုက်ပါ့မယ်။"

သူမရှောင်ထုန်ကိုမွေးကတည်းက သူမက သူ့ကိုတစ်နေ့မှကောင်းကောင်းဂရုစိုက်ခဲ့ပုံမရဘူး။ အခုသူက သူမကိုဒီလောက်ကပ်တွယ်နေမှတော့ သူမလည်းအနားယူပြီး သူမသားနဲ့အတူရှိနေလိုက်တာကောင်းပါတယ်။

အမေရှောင်က ရှောင်လင်းယွီရဲ့ကတိကိုကြားတော့ သက်ပြင်းချလိုက်သည်။ ပြီးတော့ "ဒါဆိုရင်တော့ နင်ကောင်းကောင်းလုပ်ရမယ်။ နင်ငါ့မြေးအကြီးဆုံးကို ညှင်းပန်းနှိပ်စက်တာငါသိရင် နင့်ကိုငါရိုက်မှာ။" ဟု သတိပေးလိုက်သည်။

"..." ရှောင်လင်းယွီက နည်းနည်းစကားမပြောနိုင်ဖြစ်သွားပြီး "အမေ၊ ရှောင်ထုန်က သမီးရဲ့သားလေ၊ ဘာလို့ သူ့ကိုညှင်းပန်းနှိပ်စက်ရမှာလဲ။"

"နင်ပြောရဲသေးတယ်!" အမေရှောင်က သူမကိုစိုက်ကြည့်သည်။ "သူမွေးကတည်းက နင်ရှောင်ထုန်ကိုကောင်းကောင်းဂရုမစိုက်ခဲ့ဘူး။ ဒါကြောင့် သူအခုနင့်ကိုဒီလောက်ကပ်နေတာဖြစ်ရမယ်။" ဒီလိုပြောပြီးနောက် အမေရှောင်က ရှောင်ထုန်ရဲ့နှာခေါင်းသေးသေးလေးကို ညင်သာစွာဆွဲညှစ်ပြီး ပြုံးလျက်နဲ့ "မင်းလူဆိုးလေး၊ အဘွားက မင်းကိုခြောက်လလုံးလုံးဂရုစိုက်ခဲ့တာ၊ ဒါပေမဲ့ မင်းသွားပေါက်တဲ့အခါကျတော့ မင်းအမေကိုပဲကပ်နေတယ်။" သူမရဲ့လေသံက သိသိသာသာ မနာလိုဖြစ်နေသည်။

ရှောင်ထုန်၊ "..."

'တောင်းပန်ပါတယ် အဘွား။'

'အဘွားက ကျွန်တော့်အကြိုက်ဆုံးနဲ့ အချစ်ဆုံးအဘွားပါ။ ကျွန်တော်အဘွားနဲ့နီးနီးကပ်ကပ်နေချင်တာပေါ့။'

'ဒါပေမဲ့ အမေ့ရဲ့စိုက်ပျိုးရေးလုပ်ငန်းက ကြီးသထက်ကြီးလာတာနဲ့အမျှ တခြားသူတွေရဲ့အာရုံစိုက်မှုကို ဆွဲဆောင်မှာသေချာတယ်။'

'ဒါကြောင့် အဘွားနဲ့အဘိုးကိုရော၊ တခြားလူတိုင်းကိုပါ ကောင်းကောင်းကာကွယ်နိုင်ဖို့အတွက် ကျွန်တော်က အမေ့ရဲ့ နေရာလွတ်ထဲဝင်ပြီး ကျင့်ကြံရမယ်။ အနည်းဆုံးတော့ ဘယ်သူမှကျွန်တော်တို့ကို အန္တရာယ်မပေးနိုင်တော့တဲ့အဆင့်ကို ရောက်ဖို့လိုတယ်။'

ရှောင်ထုန်ရဲ့အစီအစဉ်က ရှောင်လင်းယွီကိုကပ်တွယ်နေဖို့ပဲ၊ ဘာလို့လဲဆိုတော့ နောက်ဆုံးမှာ သူမက သူ့ကို စိုက်ပျိုးရေးနေရာလွတ်ထဲခေါ်သွားမှာပဲလေ။ နေရာလွတ်ထဲကအချိန်စီးဆင်းမှုက အပြင်နဲ့မတူဘူး။ သူအဲ့ဒီမှာ ကောင်းကောင်းကျင့်ကြံနိုင်တယ်။

တကယ်တော့ ရှောင်ထုန်မွေးကတည်းက ရှောင်လင်းယွီက သူ့ကို ရံဖန်ရံခါ နေရာလွတ်ထဲဝင်ကြည့်ပြီး အနားယူခိုင်းလေ့ရှိသည်။

ရှောင်လင်က ဒီနေရာလွတ်ထဲက ဝိညာဉ်စွမ်းအင်က ကလေးရဲ့ခန္ဓာကိုယ်ကို သန်မာစေနိုင်တယ်လို့ပြောသည်။ ဒါပေမဲ့ သူမက အကြာကြီးနေရင် ရှောင်ထုန်ရဲ့ခန္ဓာကိုယ်အတွက် မကောင်းမှာစိုးလို့ အချိန်တိုလေးပဲနေပြီး သူ့ကိုပြန်ချီထုတ်လေ့ရှိသည်။

ဒါက ရှောင်ထုန်က ဝိညာဉ်စွမ်းအင်အလုံအလောက်မစုပ်ယူနိုင်ခင် သူ့အမေက အတင်းအကျပ်ထုတ်ပစ်တာကို ဆိုလိုသည်။

ဒါကြောင့် ကလေးက နည်းနည်းစိတ်ဓာတ်ကျသလိုခံစားရသည်။

ဒါပေမဲ့ သူက ကလေးငယ်လေးတစ်ယောက်ပဲဖြစ်ပြီး ဘာမှမလုပ်နိုင်ပေ။

ဒါပေမဲ့ အခုသူ့အဘိုးရဲ့စိုးရိမ်ပူပန်မှုတွေကို ကြားဖြတ်ကြားမိတော့ ရှောင်ထုန်က ကြိုးစားပြီး နေရာလွတ်ထဲမှာကျင့်ကြံပြီး ပိုသန်မာလာဖို့လိုသည်။ ဒါကြောင့် သူက ဂျီကျနေခဲ့တာပင်။ သူ့အမေက သူ့ကိုမချီရင် သူငိုသည်!

သူ့အဘွားကို ဒီလိုလုပ်ရတာ သူ့နှလုံးသားကိုလည်း နာကျင်စေသည်။

…

ရှောင်လင်းယွီက ကလေးကိုကောင်းကောင်းဂရုစိုက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ သူမက လက်ရှိကိစ္စတွေကို အရင်ဆုံးကိုင်တွယ်ရမည်။ သူမဖုန်းတွေအများကြီးခေါ်ခဲ့သည်။ "ဟယ်လို။ ယောင်ကျူ၊ ငါဒီအပတ် Z မြို့ကိုမသွားတော့ဘူး။ အိမ်ကြည့်တာကို နောက်ဆုတ်လိုက်။ အိုး။ ရှောင်ထုန်ကြောင့်လေ။ သူသွားပေါက်နေတယ်၊ သူက ငါ့ကိုမသွားစေချင်ဘူး။ ငါသူနဲ့အတူနေပေးဖို့စီစဉ်ထားတယ်။ ကောင်းပြီ။ ကောင်းတယ်..."

ရှောင်ထုန်က ပုလင်းစို့ရင်း သူ့အမေဖုန်းတစ်callပြီးတစ်callခေါ်နေတာကို နားထောင်နေတယ်။ ရှောင်ထုန်က ကျေနပ်စွာခေါင်းညိတ်လိုက်သည်။

ရှောင်လင်းယွီက ဖုန်းချလိုက်တော့ ရှောင်ထုန်က နို့သောက်ပြီးခါစဖြစ်နေတာကို တွေ့လိုက်သည်။

သူမက ရှောင်ထုန်ကိုင်ထားတဲ့ပုလင်းကို ဖယ်လိုက်ပြီး သူ့နှာခေါင်းသေးသေးလေးကို ဆွဲညှစ်လိုက်သည်။ သူမပြုံးပြီး "မင်းက အရမ်းကပ်တွယ်တာပဲ။ အခုမေမေက မင်းနဲ့အတူကောင်းကောင်းရှိနေပေးမယ်၊ ဟုတ်ပြီလား။"

ပြီးတော့ သူမကိုယ်သူမတီးတိုးပြောလိုက်သည်။ "ငါတို့ဘယ်သွားဆော့ကြမလဲ။" ရုတ်တရက် သူမလည်ပင်းနားမှာ နာကျင်မှုကိုခံစားလိုက်ရသည်။ သူမခေါင်းငုံ့ကြည့်လိုက်တော့ ရှောင်ထုန်က သူမရဲ့ ကျောက်စိမ်းဆွဲသီးကို တင်းတင်းကျပ်ကျပ်ကိုင်ထားတာကို တွေ့လိုက်သည်။

ရှောင်လင်းယွီက "ရှောင်ထုန်၊ လွှတ်လိုက်။ မင်းလည်ဆွဲကို ဒီလောက်ပြင်းပြင်းဆွဲရင် မေမေ့ကိုနာကျင်စေလိမ့်မယ်။"

ဒါပေမဲ့ ရှောင်ထုန်က နားမထောင်ဘူး။ သူပိုပြင်းပြင်းဆွဲတယ်။ သူက ကျောက်စိမ်းဆွဲသီးကို ဆွဲဖြုတ်ချင်နေတာ။

ရှောင်လင်းယွီက "ရှောင်ထုန်၊ လွှတ်လိုက်။ မင်းဆွဲသီးနဲ့ဆော့ချင်လို့လား။ ကောင်းပြီ။ မင်းလွှတ်လိုက်တာနဲ့ မေမေက ဆွဲသီးကိုဖြုတ်ပေးမယ်။"

ရှောင်ထုန်က နားလည်သွားပုံရကာ သူတကယ်လွှတ်လိုက်သည်။

ရှောင်လင်းယွီက တိတ်တဆိတ်သက်ပြင်းချလိုက်သည်။ ရှောင်ထုန်က သူမကိုဒီလိုဆက်ဆွဲနေရင် သူမလည်ပင်းတကယ်ကျိုးသွားလိမ့်မယ်။

သူမက ဒီလောက်ငယ်တဲ့အရွယ်က ကလေးငယ်လေးတစ်ယောက်က ဒီလောက်အားရှိနိုင်တယ်ဆိုတာ မသိခဲ့ဘူး။

ဒါပေမဲ့ သူမလည်ပင်းပေါ်က ကျောက်စိမ်းဆွဲသီးက ပေါ့ပေါ့ဆဆဆော့လို့ရတဲ့အရာမဟုတ်ဘူး။ ကျောက်စိမ်းဆွဲသီးကျိုးသွားရင်ရော။

ဒါပေမဲ့ ရှောင်လင်းယွီက သူမသားရဲ့တောက်ပတဲ့မျက်လုံးကြီးတွေနဲ့ဆုံတော့ သူမက ညင်သာစွာသက်ပြင်းချပြီး "ကောင်းပြီလေ၊ မင်းကိုဆော့ခိုင်းမယ်၊ ဒါပေမဲ့ မင်းဂရုစိုက်ရမယ်။" ဟု ပြောရုံသာတတ်နိုင်တော့သည်။

ရှောင်လင်းယွီက ကျောက်စိမ်းဆွဲသီးကို ဖြုတ်ဖို့လှုပ်ရှားလိုက်သည်။ ဒါပေမဲ့ အဲ့ဒီအချိန်မှာ ရှောင်ထုန်က ရုတ်တရက်စိတ်လှုပ်ရှားစွာနဲ့ ခုန်တက်လိုက်ပြီး သူ့ရဲ့ဝဖောင်းတဲ့လက်နှစ်ဖက်က ကျောက်စိမ်းဆွဲသီးကို လှမ်းဆွဲလိုက်သည်။

ရှောင်လင်းယွီက လန့်သွားပြီး ချက်ချင်းကလေးကို လက်နှစ်ဖက်နဲ့ပွေ့ဖက်လိုက်သည်။ ဒါပေမဲ့ သူမကလေးကို ကောင်းကောင်းမထိန်းနိုင်ခင်မှာ ကလေးရဲ့လက်တွေက ကျောက်စိမ်းဆွဲသီးကို ဝိုင်းပတ်သွားသည်။

ဒါပေမဲ့ သူမဘာမှမတုံ့ပြန်နိုင်ခင်မှာ ရှောင်ထုန်ပျောက်သွားသည်။

ပျောက်သွားတယ်!

ရှောင်လင်းယွီက ထိတ်လန့်ပြီး "သားလေး၊ မင်းဘယ်ရောက်သွားတာလဲ။" ဟု အော်လိုက်သည်။

အော်ပြီးနောက်မှာ သူမလည်ပင်းပေါ်က ကျောက်စိမ်းဆွဲသီးကိုကြည့်ပြီး စိတ်တည်ငြိမ်သွားသည်။

သူမက 'ရှောင်ထုန်က နေရာလွတ်ထဲကို သူ့ဘာသာဝင်နိုင်တာများလား။' ဟု စဉ်းစားလိုက်မိသည်။ မဟုတ်ဘူး၊ ငါဝင်ကြည့်မှဖြစ်မယ်။

ပြီးနောက် ရှောင်လင်းယွီက နေရာလွတ်ထဲကို ဝင်သွားသည်။

နေရာလွတ်ထဲဝင်ပြီးနောက်မှာ သူမက ရှောင်ထုန်က မြက်ခင်းပေါ်မှာလှဲနေတာကို တွေ့လိုက်သည်။ သူက ရှောင်လင်ကိုကြည့်ပြီး ကျယ်လောင်စွာရယ်မောနေသည်။

ရှောင်လင်က မြေပေါ်မှာထိုင်ပြီး ကလေးနဲ့ဆော့နေသည်။ သူက ရှောင်လင်းယွီဝင်လာတာကိုမြင်တော့ "သခင်၊ သခင်လေးက အခုအရမ်းချစ်စရာကောင်းတယ်! သူရယ်တတ်နေပြီ။"

ရှောင်လင်းယွီက ကလေးကိုမြေပေါ်ကနေ ကောက်ချီလိုက်ပြီး "သားလေး၊ မင်းရုတ်တရက်ပျောက်သွားတာ။ တကယ်ပဲ မေမေ့ကို သေမလောက်ကြောက်သွားစေတယ်။ မင်းကိုယ်တိုင်နေရာလွတ်ထဲဝင်လာမယ်လို့ မမျှော်လင့်ထားဘူး။"

ရှောင်လင်က ဒါကိုကြားတော့ မှင်တက်သွားသည်။

ပြီးတော့ သူက အံ့ဩစွာနဲ့ "သခင်၊ အဲ့ဒါဘာကိုဆိုလိုတာလဲ။ သခင်က သခင်လေးကို နေရာလွတ်ထဲပို့လိုက်တာမဟုတ်ဘဲ သူကိုယ်တိုင်ဝင်လာတာကို ဆိုလိုတာလား။"

ရှောင်လင်းယွီက ခေါင်းညိတ်ပြီး "ဟုတ်တယ်လေ!"

ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ ရှောင်လင်က နေရာလွတ်ရဲ့ဝိညာဉ်ဖြစ်ပြီး သူ့သခင်ရဲ့ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှဒီနေရာလွတ်ထဲဝင်လို့မရဘူးဆိုတာ သူသိတယ်။ ဒါဆို သူ့သခင်လေးက ဘယ်လိုလုပ်လိုက်တာလဲ။

ရှောင်လင်က သခင်လေးရဲ့ချစ်စရာကောင်းတဲ့မျက်နှာကို ရှုပ်ထွေးစွာနဲ့ စိုက်ကြည့်နေမိတော့သည်။

***

All Chapters